← Chapters

အမျိုးအရင်းများ

Vol. 25 Ch. 375

အမျိုးအရင်းများ

Vol. 25 Ch. 375

“မင်းက တကယ်ပဲ ဟိုဘက်ကမ်းက ဘာတာလား” နတ်ဆေးဆရာမ၏ မျက်လုံးများက တစ်နေရာကို စိုက်ကြည့်နေသည်။

ရှောက်ရွှမ်က သူမ ဆိုလိုသည်ကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်ပြီ “ဟုတ်ကဲ့”ဟု ဖြေလိုက်ပါသည်။

“မင်းတို့တွေအကုန်လုံး ဒီကို ရောက်နေတာလား…မင်းဘယ်ကလာတာလဲ…ဘိုးဘေးတွေ အရိုးကို ဘာလို့ဆွဲထားတာလဲ…” သာမန်ဆို နတ်ဆေးဆရာမသည် စကားအလွန်နည်းသူ ဖြစ်သည်။ အခုတော့ မေးခွန်းများကို တရစပ်မေးနေသည်။

ရှောက်ရွှမ်က သူမမေးခွန်းများအားလုံးကို ဖြေပါသည်။ မျိုးနွယ်စု၏ နှစ်တစ်ထောင် ရာဇဝင်ကိုလည်း သူမကို ပြောပြသလို သူလာခဲ့သော နေရာ

က မျိုးနွယ်စု၏ အခြားတစ်ဝက်အကြောင်းကို ပြောပြပါသည်။ အခြားမျိုးနွယ်စုများနှင့် သဲကန္တာရထဲက ကျွန်ပိုင်ရှင်များအကြောင်းကိုလည်း ပြောပြပါသည်။

“သဲကန္တာရထဲက ကျွန်ပိုင်ရှင်တွေက တစ်ယောက်နဲ့တစ်ယောက် အမြဲပြိုင်နေကြတာ…ကျွန်တော်က သူတို့တူးထားတဲ့ ရေအောက် တူးမြောင်းကြီးထဲကို မတော်တဆဝင်မိပြီး ဒီဘက်တိုက်နယ်မြေကြီးကို ရောက်လာတာပါ…ကျန်တဲ့သူတွေကတော့ ပင်လယ်ဟိုဘက်မှာပဲ ရှိပါသေးတယ်” ရှောက်ရွှမ်က ဖြေလိုက်သည်။

ရှောက်ရွှမ်က လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း သူတို့မျိုးနွယ်စု အထီးကျန်စွာ နေခဲ့ရပုံများ၊ ကြုံတွေ့ခဲ့ရသော အခက်အခဲများအကြောင်းကို ပြောပြသောအခါ နတ်ဆေးဆရာမနျင့် အကြီးအကဲတို့ စိတ်မကောင်းဖြစ်သွားကြသည်။

ဘိုးဘေးများ၏ မှတ်တမ်းအရဆိုလျှင် မီးတောက်ဦးချိုမျိုးနွယ်စုမှာ အင်အားတောင့်တင်းသော မျိုးနွယ်စု တစ်ခုဖြစ်ပါသည်။ လွန်ခဲ့သောနှစ်၁၀၀၀က ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်တစ်ခုကြောင့် သူတို့မျိုးနွယ်စုမှ ၂ပိုင်းကွဲသွားပြီး တစ်ဖွဲ့ကို တစ်နေရာစီ ရှင်သန်ခဲ့ကြရသည်။

“ဒီအရိုးစုလေးကတော့ အမဲလိုက်ထွက်ရင်းနဲ့ ကျောက်တုံးတီကောင်ကြီးတစ်ကောင်ရဲ့ ဂူထဲရောက်သွားတုန်းက ရလာတာပါ…ဂူထဲက ဘိုးဘေးတွေရဲ့ ရုပ်အလောင်းမှာ ဒီအရိုးစုလေးကိုဆွဲထားတယ်လေ…နောက်ပိုင်းတော့ နတ်ဆေးဆရာက ဒီအရိုးလေးကို ကျွန်တော့်ကို ပေးလိုက်တာပါ…မျိုးနွယ်စုဆီ ပြန်ရောက်တော့ မီးမျိုးစေ့က အရောင်ပြန်တောက်လာတယ်….တချိန်တည်းမှာ ဒီအရိုးလေးကလည်း အရောင်ပြန်တောက်လာတယ်” ရှောက်ရွှမ်ကသူတို့ကို မီးဘီလူးကြီး အကြောင်းကို ပြောပြလိုက်သည်။

ထိုအကြောင်းအရာများကို ကြားသောအခါ နတ်ဆေးဆရာမနှင့် အကြီးအကဲတို့သည် စိတ်

ထိခိုက်သွားကြသည်။ ထို့နောက် လေးနက်သော အသံများဖြင့်

“တကယ်လား” ဟုမေးလိုက်ကြသည်။

“တကယ်ပါ” ရှောက်ရွှမ်က လည်တွင်ဆွဲထားသော အရိုးလေးကို ဖြုတ်ကာ နတ်ဆေးဆရာမကို လှမ်းပေးလိုက်သည်။

နတ်ဆေးဆရာမသည် လမ်းလျှောက်တုတ်ကို လွှတ်ပစ်လိုက်သည်။ ထို့နောက် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးသော အရာတစ်ခုကို လှမ်းယူသလို အရိုးလေးကို လက်၂ဖက်ဖြင့် တရိုတသေ လှမ်းယူလိုက်သည်။ သူမ မျက်လုံများတွင် ချစ်ကြောက်ရိုသေသည့် အရိပ်အယောင်များ သမ်းနေပါသည်။ ထို့နောက် သူမသည် ဒူးထောက်လိုက်ကာ ဆုတောင်းစာများ ရွတ်ဖတ်နေပါသည်။ ထိုအချိန်တွင် သူမမျက်လုံများမှ မျက်ရည်များစီးကျနေ၏။ သူမဘဝတလျှောက်လုံး အခုလို သူ့စိတ်သူမထိန်းနိုင်သော အခြေအနေမျိုးကို မကြုံတွေ့ခဲ့ဖူးပေ။

အကြီးအကဲ ကျန်းလော် နှင့် နတ်ဆေးဆရာမတို့သည် ဆုတောင်းစာများကို ရွတ်ဖတ်နေကြသည်။ သူတို့တွင် မီးကန်ကြီးတစ်ကန် ရှိသေးသော်လည်း အရင်လို အသက်ဝင်မနေတော့ပါ။ သို့သော် သူတို့သည် ထိုမီးကန်ကြီးရှိရာဘက်ဆီသို့ ဦးတည်ဆုတောင်းလိုက်ကြသည်။ ထိုနေရာသည် သူတို့ဘိုးဘေးများ တစ်ချိန်က နေထိုင်ခဲ့သော နေရာဖြစ်လေသည်။

“ဝုန်း…”

လူတစ်ယောက်က တံခါးကို အားနှင့်တွန်းဖွင့်လိုက်သည်။ ထိုအခါ ဒေါသများ၊စွပ်စွဲလိုမှုများ ပြည့်နှက်နေသော မျက်နှာတစ်ခုပေါ်လာသည်။ သို့သော် သူသည် ဒူးထောက်နေသော အကြီးအကဲနှင့် နတ်ဆေးဆရာမတို့ကို မြင်သောအခါ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

ထိုလူလည်း ထိုနေရာရုတ်တရက်ခုန်ထွက်လာသည်။ ထိုသူ၏ မျက်နှာပေါ်မှ ဒေါသ

အရိပ်အယောင်များ ပျောက်ကွယ်သွားသည်။ထို့နောက် “ဘာဖြစ်တာလဲ…ဘာတွေဖြစ်နေတာလဲ” ဟုမေးလိုက်ပါသည်။

သုန့်ကန်း၊ကွမ်းယီနှင့် အခြားသူများအပါအဝင်၊ တံခါးအပြင်ဘက်တွင် လူများစွာ ရပ်နေပါသည်။ သူတို့သည် ခန်းဆောင်ထဲသို့ မဝင်ရဲကြသဖြင့် အပြင်ဘက်တွင်သာ တီးတိုးပြောဆိုနေကြသည်။ အကြီးအကဲ၏ အဆောင်တံခါးမှာ အသံလုံသော သစ်သားတစ်မျိုးကို အသုံးပြုထားသဖြင့် အထဲက စကားသံများကို အပြင်က မကြားရပါ။ သူတို့အားလုံး သိလိုစိတ်များကို ထိန်းချုပ်ထားကြရသည်။ သူတို့သည် ဒူးထောက်နေသော အကြီးအကဲနှင့် နတ်ဆေးဆရာမတို့ကို မြင်လိုက်သောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အပြင်က လူသံများထွက်ပေါ်လာသောကြောင့် အကြီးအကဲနှင့် နတ်ဆေးဆရာမတို့သည် စိတ်ကို ပြန်ထိန်းလိုက်ကြသည်။ သို့သော် သူတို့သည် စိတ်နှလုံး ထိခိုက်ဆဲပင် ဖြစ်သည်။ သူတို့သိချင်

သည်များကို သိခွင့်ရလိုက်ပြီ ဖြစ်သည်။ ကျန်အကြောင်းအရာများကိုတော့ နောက်မှမေးလည်း ရပါသည်။

အကြီးအကဲနှင့် နတ်ဆေးဆရာမသည် အချို့လူများကို နာမည်ခေါ်ပြီး အထဲဝင်လာခိုင်းလိုက်သည်။ အခန်းထဲသို့ ဇွတ်တိုးဝင်လာသောသူကို ကျန်းလော်က မနှစ်မြို့သော မျက်လုံးမျိုးဖြင့်ကြည့်လိုက်သည်။ ထိုလူသည်လည်း သူ့အပြုအမူမှာ မလျော်ကန်သော အပြုအမူမျိုးဖြစ်ကြောင်း သဘောပေါက်သွားပြီး ခေါင်းကိုသာ ကုတ်နေပါတော့သည်။

အခန်းထဲတွင်ရှိနေသူများမှာ မျိုးနွယ်စုထဲမှ အဆင့်အမြင့်ဆုံးသူများ ဖြစ်ကြသည်။ လူကြီး၊လူငယ် အစုံပါဝင်ပါသည်။

နတ်ဆေးဆရာမသည် ရှောက်ရွှမ် ပြောသည်ကို ထပ်ပြောပြလိုက်ပြီးနောက် ရှောက်ရွှမ်ကို မိတ်ဆက်ပေးလိုက်သည်။

သူမစကားဆုံးသောအခါ အားလုံး မျက်လုံးပြူးသွားကြသည်။ ထိုသမိုင်းကြောင်းကို တချို့လူများသာ သိထားကြပြီး ကျန်လူများမှာ စိတ်ရှုပ်သွားကြသည်။ တုန်လှုပ်စရာကောင်းသော သတင်းပင်။ သူတို့မျိုးနွယ်စုမှ ကွဲထွက်သွားသော အစိတ်အပိုင်းတစ်ခု ရှိနေသေးသည် မဟုတ်ပါလား။

“ရှောက်ရွှမ်…မင်းကအသက်ငယ်သေးတယ်…ဒီကိုလာတဲ့ခရီးက မင်းအတွက် တော်တော်ခက်ခဲမှာပဲ” ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်က ရှောက်ရွှမ်ကို ကြင်နာနွေးထွေးစွာကြည့်ရင်း ပြောလိုက်သည်။ ခဏလောက်စဉ်းစားပြီးနောက် သူကပင် ဆက်၍ “အားလုံးပဲ…ရှောက်ရွှမ်ကို ကောင်းကောင်းစောင့်ရှောက်လိုက်ကြပါ” ဟုပြောလိုက်လေသည်။

သုန့်ကန်းမပြုံးချင်ပြုံးချင်ဖြင့် ပြုံးလိုက်သည်။ “ရှောက်ရွှမ်က ကျွေ့ထက်တောင် အတွင်းအားကောင်းနေတာပဲ”။ အခုရောက်နေသော‌ ကျွေ့ကို အနိုင်ယူနိုင်သူများထဲက ဘယ်နှယောက်

လောက်က ရှောက်ရွှမ်ကို အနိုင်ယူနိုင်မည် ထင်သနည်း။ သူတို့အနေနှင့် ထိုလူကို စောင့်ရှောက်ရန် မလိုပါ။ထို့ပြင် ထိုသူကို ရန်မစမိရန်ပင် သတိထားရမည်ဖြစ်သည်။

“ဟုတ်တယ်…ရှောက်ရွှမ်…မျိုးနွယ်စုနေတဲ့ရွာကို မင်းဘယ်လိုရောက်လာတာလဲ” သုန့်ကန်းက မေးလိုက်သည်။ အစောင့်များသည် အမိန့်မရဘဲ အစောင့်ကျရာနေရာမှ ထွက်ခွာလာကြတာများလား။

ရှောက်ရွှမ်သည် ပါးစပ်ပိတ်ထားသော ကွမ်းယီကို ကြည့်လိုက်ပြီး “ကျွန်တော့်ကို ဦးလေးကွမ်းယီခေါ်လာတာပါ” ဟုဖြေလိုက်သည်။

ကွမ်းယီသည် သူ့နာမည်ကို ကြားသောအခါ ခေါင်းမော့လာသည်။ ထိုအခါ အားလုံးက သူ့ကို မယုံကြည်သော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ “ငါကမင်းကို ခေါ်လာတယ် ဟုတ်လား” သူသည် ရှောက်ရွှမ်ကို မမှတ်မိပါ။ သူသာ ရှောက်ရွှမ်နှင့် အချိန်ကြာကြာနေခဲ့လျှင်တော့

မှတ်မိချင်မှတ်မိလိမ့်မည် အခုတော့ ကွမ်းယီသည် ရှောက်ရွှမ်ကို မမှတ်မိပါ။

“မနေ့က ညနေ နေဝင်ခါနီးတုန်းက ကျွန်တော့်ကို ကျောက်မင်တို့အိမ်အထိ ခေါ်လာတာလေ” ရှောက်ရွှမ်က အစဖော်ပေးလိုက်သည်။

ခဏလောက်တွေးပြီးသောအခါ ကွမ်းယီက “အဲဒါမင်းလား” ။

အကြီးအကဲနှင့် ကျန်သူများမှာ နှုတ်ဆိတ်နေကြသည်။ သောခန်ကတော့ ကြိတ်ပြီး ကျိန်ဆဲနေသည် “ကွမ်းယီ…အရူးကောင်…ငါ့မှာတော့ ဦးချိုတောင် အနိုင်နိုင်မှုတ်လိုက်ရတယ်”။

နတ်ဆေးဆရာမက ရေအနည်းငယ်သောက်လိုက်ပြီးနောက် ဖြည်းညှင်းစွာဖြင့် “ ရှောက်ရွှမ်…မင်းက ဟိုဘက်မီးတောက်ဦးချိုမျိုးနွယ်စုမှာ ဝါစဉ်ကြီးပုဂ္ဂိုလ်ဆိုတော့ ဒီမှာလည်း ဝါစဉ်ကြီးပုဂ္ဂိုလ်ပဲပေါ့” ဟုပြောလိုက်သည်။

ကျန်သူများအားလုံး နတ်ဆေးဆရာမကို လှမ်းကြည့်လိုက်ကြသည်။ ဝါစဉ်ကြီးပုဂ္ဂိုလ်နေရာ လစ်လပ်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ထိုစကားကို မပြောရန်ပင် တားမြစ်ထားသည်။ ထိုစကားကို နည်းနည်းပြောမိရုံနှင့် နတ်ဆေးဆရာများက စိတ်မကောင်းဖြစ်ကြသည်။ အခုတော့ တားမြစ်ထားသည်ကို ပယ်ဖျက်ပေးလိုက်ပြီလား။ သူ့မြေးလောက်ရှိသော ကောင်လေးကို ဝါစဉ်ကြီးပုဂ္ဂိုလ်နေရာ ပေးလိုက်ခြင်း ဖြစ်သည်။

သိပ်သဘောမတူကြသော်လည်း ထုတ်တော့မပြောရဲကြပါ။ ရှောက်ရွှမ်ပေါ်ထွက်လာခြင်းမှာ မျိုးနွယ်စုအတွက် အရေးပါသော ကိစ္စတစ်ခုဖြစ်နေသည်။ ထို့ပြင် ရှောက်ရွှမ်က ဘိုးဘေးတို့အရိုးကို လည်ပင်းတွင် ဆွဲထားပေသည်။

သူတို့ဘာကို သဘောတူသလဲက အရေးမကြီးပါ။ နတ်ဆေးဆရာမက တုတ်ကောက်ကို ကြမ်းပြင်ပေါ်ဆောင့်လိုက်ပြီး အားလုံးကို တိတ်ဆိတ်ရန် အချက်ပြလိုက်သည်။ ရှောက်ရွှမ်

ဘက်သို့လှည့်သောအခါ သူမ၏အကြည့်တို့က ပျော့ပြောင်းသွားသည်။ “ရှောက်ရွှမ်…ရေအောက်တူးမြောင်းကြီးကို မင်းနောက်တခါ ဖြတ်ဦးမလို့လား…ဒီမှာ ဘာလို့ခဏမနေတာလဲ…ငါတို့ အတူတူပေါင်းပြီး ပိုကောင်းတဲ့ အစီအစဉ်ကို စဉ်းစားကြတာပေါ့…ငါတို့ရဲ့ အမျိုးရင်းတွေက ပင်လယ်တစ်ဖက်ကမ်းမှာ ရှိနေပြီပဲ”

ထိုစကားကိုတော့ အားလုံးက ထောက်ခံကြသည်။ သူတို့သည် ပင်လယ်တစ်ဖက်ကမ်းကို အရမ်းကူးချင်နေကြပြီဖြစ်ပြီး သူတို့ ညီအစ်ကိုများကို တွေ့ချင်နေကြပြီ ဖြစ်သည်။

ရှောက်ရွှမ်က ခေါင်းညိတ်လိုက်ရင်း “ဟုတ်ကဲ့…”ဟုပြောလိုက်သည်။ ကျန်သူများပါလိုက်လို့ရရန် ဘေးကင်းသောနည်းလမ်းတစ်ခုကို စဉ်းစားရမည်။ ဒီလူများပါလိုက်လာမည်ဆိုပါက သူတို့မျိုးနွယ်စု၏ အနာဂတ်သည် ယခင် ရွှေရောင်နေ့ရက်များလို ပြန်လည် တောက်ပလာမည်လား။

ခဏလောက် စဉ်းစားပြီးနောက် နတ်ဆေးဆရာမက “ နောက်၂ရက်နေရင် ဝါစဉ်ကြီးပုဂ္ဂိုလ်ရှောက်ရွှမ်အတွက် ကြိုဆိုပွဲတစ်ခုကို လုပ်မယ်…အားလုံးပဲ…လိုအပ်တာတွေ ပြင်ဆင်ထားကြပါ” ဟုပြောလိုက်လေသည်။

အရေးကြီးသော ကိစ္စများကို ပြောဆိုပြီးပြီ ဖြစ်သဖြင့် နတ်ဆေးဆရာမသည် အားလုံးကို ပြန်ခိုင်းလိုက်သည်။ အားလုံးထွက်ခွာသွားသောအခါ နတ်ဆေးဆရာမသည် ရှောက်ရွှမ်ကို ဘိုးဘေးများ၏ မှတ်တမ်းများကို ပြပါသည်။ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သဖြင့် ထိုမှတ်တမ်းများကို ကြည့်ခွင့်ရှိပါသည်။ ထိုမှတ်တမ်းများတွင် သူတို့၏ အတွေ့အကြုံများနှင့် မီးမျိုးစေ့၏ အပြောင်းအလဲများကို မှတ်တမ်းတင်ထားပါသည်။

အခြားလူများကတော့ ထိုအဆောင်ထဲသို့ ဝင်ခွင့်မရှိပါ။

ရှောက်ရွှမ်လည်း အထူးအဆောင်ထဲတွင်

မှတ်တမ်းများကို ဖတ်နေလိုက်သည်။ ဘေးမှ အိမ်ထဲတွင်တော့ နတ်ဆေးဆရာမသည် ဘိုးဘေးများ၏ အရိုးများ ထည့်ထားသော သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်သည်။ အထဲတွင် အရိုးလေး သုံးချောင်းရှိပြီး အရောင်မှိန်နေသာ ပုတီးစေ့လေးများ ဖြင့် အလှဆင်ထားပါသည်။ ရှောက်ရွှမ်၏ အရိုးနှင့်တော့ အတော်ကွာခြားပါသည်။ သံချေးတက်နေသောဓားနှင့် ဓားအသစ်တစ်ချောင်း ကွာခြားသလို ကွာခြားပါသည်။ ထိုအရိုးများကို ကြည့်ရသည်မှာ အိပ်စက်နေသော အသွင်ကို ဆောင်နေပါသည်။

အခမ်းအနားအတွင် ထိုအရိုးများကို ထုတ်ပြရန် နတ်ဆေးဆရာမ ဆုံးဖြတ်လိုက်သည်။ အရိုးလေးများက သူတို့သူငယ်ချင်းကို တွေ့ရသည့်အခါ ပျော်နေကြမှာလား။

(ဆက်ရန်…)

All Chapters