← Chapters

မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ဦး

Vol. 25 Ch. 366

မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ဦး

Vol. 25 Ch. 366

ရှောက်ရွှမ်သည် ဘေးဘက်ကို ခုန်ထွက်လိုက်ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သစ်ပင်ပေါ်မှ ခုန်ချကာ ကွင်းပြင်ဆီသို့ ပြေးထွက်သွားသည်။

ရှောက်ရွှမ်သည် သူ့ပြိုင်ဘက်ကို ရင်ဆိုင်မည်ဆိုလျှင် အနီးကပ်တိုက်ခိုက်၍ မရပါ။ ရန်သူနှင့် အလွန်နီးကပ်နေပါက ရှောက်ရွှမ် ဒုက္ခရောက်သွားမည် ဖြစ်သည်။ ရန်သူက လျင်မြန်သလို လက်တံလည်းရှည်သဖြင့် အားသာနေပေသည်။

ရန်သူသည် အညိုရောင်မျောက်ကြီးတစ်ကောင်နှင့် တူသော ထူးဆန်းသည့် သတ္တဝါတစ်ကောင် ဖြစ်သည်။ သို့သော် မျောက်မဟုတ်ပါ။ ခြေလက်များမှာ ရှည်လျားပြီး ပျော့ပြောင်းသည်။ တံစဉ်နှင့်တူသော လက်သည်းများ

ကို ကြောင်များလက်သည်းဝှက် ထားသကဲ့သို့ ဝှက်ထား၍ရသည်။ လက်မောင်းကို ကြာပွတ်တစ်ချောင်းလို လွှဲနေချိန်တွင် လက်သည်းများကို ထုတ်ထားသည်။ သို့သော် လှုပ်ရှားနေသောအချိန်တွင် လက်သည်းများကို ဖွက်ထားသည်။

ရှောက်ရွှမ်ကို လက်သည်းများဖြင့် တိုက်ခိုက်လိုက်ပြီး သွားဖြဲပြလာသည်။ ထို့နောက် ၎င်းသည် ရှောက်ရွှမ်ကို ကြည့်နေ၏။ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုများနှင့် သွားဖြဲပြခြင်းတို့ကို ကြည့်လျှင် ထိုသားရဲသည် ဒေါသူပုန်ထနေသည် ကို သိရှိနိုင်ပေသည်။ ၎င်း၏တိုက်ခိုက်မှုများမှာ သားကောင်ဖမ်းသည်နှင့်မတူဘဲ ရန်သူတစ်ယောက်ကို တိုက်ခိုက်နေသည်နှင့် တူပေသည်။

ထို့ကြောင့် ရှောက်ရွှမ် နားလည်ရခက်သွားသည်။ ထိုတိရစ္ဆာန်မှာ လွန်စွာပါးနပ်ပါ သည်။ ၎င်းသည် အကောင်ကြီးပြီး ဉာဏ်မရှိသော တိရစ္ဆာန်မဟုတ်ပါ။ ထိုသတ္တဝါသည် ရင်ဆိုင်ရ

ခက်မည့် သားရဲတစ်ကောင်ဖြစ်လေသည်။ ရှောက်ရွှမ်သည် ထိုအကောင်ကို ဒီအတိုင်းလွှတ်ပေးလိုက်ချင်သော်လည်း ၎င်း၏ မျက်လုံးများထဲမှ ခံစားချက်များက အလွန်ပြင်းထန်နေသောကြောင့် ဒီအတိုင်း လွှတ်ပေးလိုက်၍ မရပါ။ ရှောက်ရွှမ်သည် ထိုနေရာကို ယခုမှရောက်ဖူးချင်းဖြစ်သဖြင့် ထိုသတ္တဝါကို တိုက်ခိုက်ကြည့်ချင်နေသည်။

သစ်ပင်ပေါ်မှ ဆင်းလာသောအခါ အောက်တွင်ရှိသော နေရာသည် ထင်သလောက်မကျယ်ပါ။ ထိုသားရဲကတော့ သတ်ဖြတ်လိုသော အရိပ်အယောင် အပြည့်ဖြင့် တံစဉ်နှင့်တူသော လက်သည်းများကို ဝှေ့ယမ်းကာ အသက်ဇီဝိန်များကို ခြွေပစ်ဖို့ အသင့်ရှိနေ၏။

လက်သည်းများသည် အလွန်လျင်မြန်သဖြင့် ရှောက်ရွှမ်သည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမရပေ။

ရှောက်ရွှမ်သည် မူလရပ်နေရာနေရာမှ တခြား

တစ်နေရာသို့ ခုန်ထွက်သွားသည်။ ဖွာလန်ကြဲထွက်သွားသော သစ်ရွက်များကို ထိုသတ္တဝါက လက်သည်းများဖြင့် ပုတ်ချလိုက်သည်။

ရှောက်ရွှမ်သည် ထူထပ်သော တောအုပ်ထဲတွင် လျင်မြန်စွာ ပြေးပါတော့သည်။ အနောက်က သားရဲကလည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လိုက်လာလေသည်။ ထိုသတ္တဝါသည် ဖြစ်နိုင်လျှင် အတောင်ပံ ပေါက်ချင်စိတ်ပင် ပေါက်နေဟန်တူပေသည်။

ရှောက်ရွှမ် ပြေးလာသည်မှာ တော်တော်မြန်ပါသည်။ သို့သော် ရန်သူကလည်း ရှောက်ရွှမ်နောက်မှ ပါလာဆဲဖြစ်သည်။ ရှောက်ရွှမ်သည် ရန်သူကို မျက်ခြည်မဖြတ်နိုင်ပါ။

ရှောက်ရွှမ်သည် လက်သည်းချက်များကို ကာရန် ကြိုးစားသော်လည်း လက်သည်းချက်များက အလွန်လျင်မြန်နေသည်။ ရှည်လျား ချွန်ထက်သော လက်သည်းများ၏ လက်သည်းချက်တိုင်းသည် ပြင်းထန်လှပါသည်။ ဥာဏ်ရည်လည်း

မြင့်သဖြင့် လူသားများကိုလည်း ရှိန်မနေပါ။ ထိုကဲ့သို့ ကြောက်မက်ဖွယ် သားရဲတစ်ကောင်ကို ဘယ်လို ရင်ဆိုင်တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်မည်နည်း။

ရှောက်ရွှမ်တို့၏ တိုက်ခိုက်မှုကြောင့် တောအုပ်ထဲက အခြေအနေမှာ တင်းမာလာပါသည်။ အခြားသားရဲများက သူတို့၂ယောက်ကြားထဲကို ဝင်မပါချင်ကြပါ။ ဝင်ပါမည်ဆိုလည်း ရှောက်ရွှမ်တို့ကို မီအောင် လိုက်နိုင်မည် မဟုတ်ပါ။

ပင်စည်ကျိုးသံတစ်ခု ထွက်ပေါ်လာပါသည်။ ကြောက်မက်ဖွယ်သားရဲသည် သစ်ပင်ကို ခြေနှင့်ကန်ပြီး အရှိန်တင်လိုက်ခြင်းဖြစ်ပါသည်။ ပင်စည်ကျိုးသည့်အသံကျယ်လေ ထိုသားရဲ ထုတ်လိုက်သောအားမှာ ပိုပြင်းထန်လေဖြစ်ပြီး ၎င်း၏အရှိန်မှာလည်း ပိုမိုမြန်ဆန်လာသည်။ ရှောက်ရွှမ်က ၎င်းကို ပြန်မတိုက်ခိုက်ဘဲ နေသည်ကို သည်းမခံနိုင်တော့ဘဲ ၊ ထိုသားရဲသည် ယခုအခြေအနေကို အမြန်အဆုံးသတ်ချင်နေပြီ ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုသားရဲ ပင်စည်များကို အသုံးချသွားပုံကို စဉ်းစားကြည့်နေ သည်။ ပင်စည်များသာ ပိုသေးငယ်ပါက ချိုးရပိုလွယ်သွားမည် ဖြစ်သည်။ ရှောက်ရွှမ်၏ ကိုယ်ထဲမှ နတ်စွမ်းအင်များ ရုတ်တရက် တိုးပွားလာသည်။ မီးတောက်နှင့် တူသော နတ်အမှတ်အသားများက ရှောက်ရွှမ်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပါသည်။ ကိုယ်ထဲမှ နတ်စွမ်းအင်များက ခြေထောက်သို့ စီးဆင်းသွားသဖြင့် ခြေထောက်မှ ကြွက်သားများ ဖုထစ်လာသည်။

တံတောင်ဆစ်ချိုး ကွေ့ချလိုက်ပြီးနောက် ရှောက်ရွှမ်သည် အပင်တစ်ပင်ကို ကွေ့ပတ်ပြီး ပြေးနေသည်။ ထို့နောက် ခြေထောက်ကိုမကာ ကန်လိုက်၏။

“ဖြောင်း…”

လူကြီးသုံးယောက်စာလောက်ရှိသော ပင်စည်ကြီးမှာ ကျိုးထွက်သွားတော့သည်။ ကျိုးထွက်သွားသော ပင်စည်ကြီးသည် နောက်ကလိုက်လာ

သော အညိုရောင်သားရဲဆီသို့ ပြေးဝင်သွားလေသည်။

ရှောက်ရွှမ်နောက်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် လိုက်နေသော သားရဲသည် ရှောက်ရွှမ်ထိုကဲ့သို့ တုန့်ပြန်လာမည်ဟု မထင်ထားပါ။ ရှောက်ရွှမ်က အရှိန်ကို လျှော့ချလိုက်သောအခါ ၎င်းသည် ရှောက်ရွှမ်ကို မီတော့မည်ဟု တွေးလိုက်မိသည်။ သူ၏ သွေးဆာနေသော လက်သည်းများ သွေးသောက်ရတော့မည်ဟု တွေးနေသည့်အချိန်မှာပင် သူ့ကိုယ်ကို တစ်စုံတရာက ပြင်းထန်စွာ ဝင်ဆောင့်ပါတော့သည်။

“ဖောင်း…”

ရှောက်ရွှမ်ကန်လိုက်၍ ကျိုးသွားသော ပင်စည်ကြီးသည် အညိုရောင် သားရဲကြီးကို ထိမှန်သွားသည်။ သားရဲကြီးသည် လွင့်စင်ထွက်သွားပြီး အခြားအပင် ပင်စည်တစ်ခုနှင့် ဝင်တိုက်မိသည်။ ထို့နောက် ၎င်းသည် စူးရှစွာ အော်လိုက်သည်။

သို့သော် ထိုကဲ့သို့သော သားရဲမျိုးကို လျှော့မတွက်သင့်ပါ။ ဘာပဲဖြစ်ဖြစ် ၎င်းသည် ကြောက်မက်ဖွယ်သားရဲတစ်ကောင်ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ကြံ့ခိုင်သန်စွမ်းပါသည်။ ပင်စည်က သူ့ကိုယ်ကို ဝင်ဆောင့်မိသောအခါ မသေလောက်သော်လည်း ပြင်းထန်သည့် ဒဏ်ရာရသွားသည်။

ရှောက်ရွှမ်သည် နောက်တစ်ကြိမ်တိုက်ခိုက်လိုသော်လည်း ထိုသားရဲက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ပင်စည်ကြီးလဲကျလာသောအခါ ထိုသားရဲသည် ရှေ့လက်များဖြင့် ပင်စည်ကို ခိုစီးပြီး ရှောက်ရွှမ်ကို ဝင်မတိုက်မီအောင် ရှောင်လိုက်သည်။

သားရဲသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။ ထို့နောက် ၎င်းသည် မြေပြင်ပေါ်တွင် ဝပ်နေပြီး ရှောက်ရွှမ်ကို အနက်ရောင်မျက်လုံးများဖြင့် ကြည့်နေသည်။ ၎င်း၏မျက်လုံးများက အခြေအနေကို စဉ်းစားသုံးသပ်ကြည့်နေသယောင်ပင်။

ရှောက်ရွှမ်သည် နောက်တစ်ကြိမ်တိုက်ခိုက်ရန် စဉ်းစားလိုက်သောအခါ ထိုသားရဲ သည် နောက်ပြန်လှည့်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် အခြေအနေများကို သုံးသပ်လိုက်ပြီးသောအခါ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ဟန်တူသည်။ ရှောက်ရွှမ်သည် ရင်ဆိုင်ရလွယ်ကူသော လူတစ်ယောက် မဟုတ်ကြောင်း ၎င်းသိသွား၏။

သို့သော် ၎င်းထွက်ခွာသွားချင်သည်ဆိုလျှင်တောင် နောက်ကျသွားပြီ ဖြစ်သည်။ ရှောက်ရွှမ်သည် သူ့ကို တိုက်ခိုက်ရဲသော သားရဲတစ်ကောင်ကို လွှတ်ပေးတော့မည် မဟုတ်ပါ။

အခုတစ်ခေါက်တွင်တော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ။ ခုနတုန်းက နောက်က အသည်းအသန်လိုက်နေသာ သားရဲသည် ဆက်လက်မတိုက်ခိုက်ချင်တော့ဘဲ၊ ခုနတုန်းက သားကောင်ဖြစ်နေသော ရှောက်ရွှမ်သည် မုဆိုး ပြန်ဖြစ်ခဲ့လေပြီ။

“ဖောင်း…ဖောင်း…ဖောင်း”

တောအုပ်ထဲမှ ပင်စည်များကို ခြေထောက်နှင့် ကန်သံများ ထွက်ပေါ်လာပါသည်။ သစ်ပင်များပေါ်တွင်ရှိသော ငှက်များသည် လန့်ပြီး ပျံကုန်ကြသည်။ တိတ်ဆိတ်နေသော တောအုပ်မှာလည်း ဆူညံသွားပါသည်။ ထိုနားတွင်ရှိသော သားရဲများသည် နားရွက်များကို လှုပ်ခါလိုက်ပြီး ထိုနေရာမှ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် ရက်စက်ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ဝင်မပါချင်ကြပါ။ ကံမကောင်းလျှင် သားကောင်က သူတို့ဖြစ်သွားနိုင်သောကြောင့် ရန်ပွဲတွင် ဝင်မပါကြပါ။

ပင်စည်များကို ခြေထောက်နှင့်ကန်သံများ တောက်လျှောက်ထွက်ပေါ်နေသည်။ အချက်တိုင်းသည် ပစ်မှတ်ကို ထိချင်မှ ထိလိမ့်မည် ဖြစ်သော်လည်း အညိုရောင်သားရဲကြီးကိုတော့ အတော်ထိခိုက်မိလိမ့်မည် ဖြစ်သည်။

အခုအချိန်လောက်တွင် ထိုသားရဲကြီးသည်

ရှောက်ရွှမ်ကို ရန်စမိခြင်းအတွက် နောင်တရနေလောက်ပြီ ဖြစ်သည်။ နဂိုတုန်းကတော့ ထိုသတ္တဝါသည် သူ၏ဒေါသကို ရှောက်ရွှမ်အပေါ်တွင် ဖောက်ခွဲပစ်လိုခြင်းသာဖြစ်ပြီး ရှောက်ရွှမ်ကို အသေသတ်လိုခြင်း မဟုတ်ပါ။ပုံမှန်ဆိုလျှင် ထိုသားရဲသည် လူသားများကို တိုက်ခိုက်ရဲမည် မဟုတ်ပါ။ အခုလူသားသည် ငယ်ရွယ်ပြီး တစ်ယောက်တည်းဖြစ်နေသဖြင့် တိုက်ခိုက်ရလွယ်ကူ မည်ဟု ၎င်းကထင်သွားခြင်းဖြစ်သည်။ သို့သော် ထိုလူသားသည် သစ်ပင်ပင်စည်များကို အသုံးချနိုင်သည်ကိုတွေ့သောအခါ ၎င်းသည် ပင်စည်ကြီးများကြားတွင် ညပ်သွားမည့် အဖြစ်ကိုတွေးမိသွားသည်ထက်သည်။

လူတစ်ယောက်၏ စိတ်များရှုပ်ထွေးနေလျှင် မှန်ကန်သော နည်းလမ်းဖြင့် တုန့်ပြင်နိုင်မည် မဟုတ်ပါ။ စိတ်များ ပိုရှုပ်ထွေးလေ တုန့်ပြန်မှုများကလည်း ပိုရှုပ်ထွေး လေဖြစ်သည်။

တောထဲတွင် ရှောက်ရွှမ်သည် ထိုသားရဲနောက်သို့ မည်မျှကြာမှန်းမသိသည်အထိ လိုက်နေ

ပါသည်။

“ဖြောင်း”

နောက်ပင်စည်တစ်ခုကို ခြေထောက်နှင့် ကန်လိုက်ပြန်သည်။ချိန်သားကိုက်ဖြစ် သွားသဖြင့် ပင်စည်သည် သားရဲကို တိုက်ရိုက်ထိမှန်သွားသည်။ ထို့နောက် ရေညှိများတက်နေသော ပင်စည်ကြီးမှာ နောက်ကို ပြန်ကန်ထွက်လာသည်။ သားရဲသည် စူးရှစွာအော်လိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ပင်စည်ကြီးနှင့် ၂ကြိမ်ဝင်တိုက်မိသောကြောင့် သားရဲသည် တော်တော်နှင့် မြေကြီးပေါ်မှ ထမလာနိုင်ပါ။ ရန်သူသည် ထွက်ပြေးရန် ကြိုးစားနေသေးသည်ကို တွေ့ရသောအခါ ရှောက်ရွှမ်သည် လဲကျနေသော ပင်စည်တစ်ခုကို တုတ်တစ်ချောင်းဆွဲ ကိုင်သလို ကိုင်သွားလိုက်သည်။

“ဖောင်း…”

အခုမှ ထလာသော သားရဲသည် နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်သည်။ သားရဲဆီမှ အော်သံထွက်ပေါ်လာသော်လည်း အရင်အခေါက်များလို ရှည်လျားစူးရှစွာ မအော်နိုင်တော့ပါ။ ၎င်း၏မျက်လုံးများသည် သနားဖွယ်ဖြစ်သွားပြီး ရှောက်ရွှမ်ကို အသနားခံနေသလို ဖြစ်နေသည်။ထို့နောက် လက်သည်းများကို သိမ်းလိုက်ပြီး လက်မောင်းထဲတွင် ခေါင်းလျှိုးကာ ရှောက်ရွှမ်ကို ဦးညွှတ်နေပေသည်။

ထိုအဖြစ်ကို မြင်သောအခါ ရှောက်ရွှမ်သည် ပင်စည်ကြီးကို လွှတ်ပစ်လိုက်သည်။ ထို့နောက် သစ်ပင်တစ်ပင်မှ နွယ်ကြိုးရှည်ရှည်တစ်ချောင်းကို ယူလိုက်ပြီး ထိုသားရဲကို ချည်လိုက်ပါသည်။ ကြာပွတ်နှင့် တူသော ခြေလက်များကို ကြိုးတုပ်လိုက်သည် ဖြစ်သဖြင့် လက်သည်းများထုတ်ပြီး နွယ်ကြိုးများကို ဖြတ်နိုင်တော့မည် မဟုတ်ပါ။

ကြိုးနှင့်တုပ်ပြီးသောအခါ ရှောက်ရွှမ်သည် ၎င်းကို လည်ပင်းမှ ဆွဲမလိုက်ပါသည်။ ရှောက်ရွှမ်၏ လက်များက ၎င်း၏လည်ပင်းကို တင်းကျပ်

စွာ ကိုင်ထားခြင်းကြောင့် ထိုသားရဲသည် အသက်ရှူကျပ်လာ၏။ ၎င်းသည် ဒဏ်ရာရထားသလို ရှောက်ရွှမ်ကလည်း လည်ပင်းကို ညှစ်ထားပါသည်။ ခြေလက်များမှာလည်း ကြိုးတုပ်ခံထားရသဖြင့် လှုပ်ရှား၍မရပေ။

ရှောက်ရွှမ်သည် ထိုသားရဲသည် ဘာကြောင့် ထိုမျှရန်လို‌နေသည်ကို သိချင်နေသည်။ ထိုစဉ် ရှောက်ရွှမ်၏နားရွက် တစ်ချက်ခတ်သွားသည်။ ခြေသံများကို ကြားလိုက်ရသောကြောင့် ဖြစ်ပါသည်။ သူတို့၏ လှုပ်ရှားမှုများကြောင့် လူများရောက်လာခြင်းများလား။ ထိုနားတွင်နေသော မျိုးနွယ်စုတစ်ခုခုမှ လူများလား၊ သို့မဟုတ် အခြားတစ်စုံတရာလား။

ထိုလူများသည် လျင်မြန်စွာ ရောက်လာကြသည်။ အားလုံးသည် ကြံ့ခိုင်သန်စွမ်းကြပြီး စိတ်ဓာတ်မာကြောမည့်ပုံများဖြစ်သည်။

သူတို့သည် အခြားမျိုးနွယ်စုဝင်တစ်ယောက်ကို တွေ့ရမည်ဟု မမျှော်လင့်ထားပါ။ ထိုနေရာသို့

ရောက်လာသော လူ၅ယောက်သည် ရှောက်ရွှမ်လက်ထဲမှ ကြောက်မက်ဖွယ် သားရဲကို မြင်လိုက်ရသောအခါ သွားနေရာမှ ရပ်လိုက်ကြသည်။ တစ်ယောက်က တစ်စုံတခုပြောရန် ပြင်လိုက်သော်လည်း သူ့အဖော်က လှမ်းတားလိုက်သည်။ ရှောက်ရွှမ်က သူတို့၅ယောက်ကို ကျောပေးထားသဖြင့် ထိုသူများသည် ရှောက်ရွှမ်မျက်နှာ ကိုမမြင်ရပါ။ ရှောက်ရွှမ်ကလည်း တောထဲတွင် အဆိပ်မိခြင်းမှ ကာကွယ်ရန် အဝတ်အစားများကို ခါတိုင်းထက် ပိုဝတ်ထားလေသည်။ ရှောက်ရွှမ်၏ သားရေအင်္ကျီမှာ အနည်းငယ်စုတ်ပြဲနေသော်လည်း သူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများကိုတော့ ဖုံးကွယ်ထားနိုင်ပါသေးသည်။ ထို့ကြောင့် လူ၅ယောက်သည် နတ်အမှတ်အသားများကို တွေ့မသွားပေ။

ထိုလူ၅ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ထို့နောက် အတည်ငြိမ်ဆုံးသော လူတစ်ယောက်ထွက်လာသည်။ သူသည် စကားပြောရန် ပြင်လိုက်သော်လည်း ရှောက်ရွှမ်က သူတို့ဖက်သို့ လှည့်လာသည်။

နတ်အမှတ်အသားများ ထင်ကျန်နေဆဲဖြစ်သော ရှောက်ရွှမ်မျက်နှာကို မြင်ရသော အခါ ထိုလူပြောမည့်စကားများ ပျောက်ကွယ်သွားသည်။ ကျန်သူများလည်း သူ့လိုပင် မျက်လုံးများပြူးလာကြပြီး ရင်ခုန်သံများ မြန်ဆန်လာကြသည်။

ဘယ်လိုဖြစ်တာလဲ။ မီးတောက်ဦးချိုမျိုးနွယ်စုကလူ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။

(ဆက်ရန်…)

All Chapters