← Chapters

အခန်း (၃၆၇)

Vol. 25 Ch. 367

အခန်း (၃၆၇)

Vol. 25 Ch. 367

သူတို့အဖွဲ့သည် လက်သည်းရှည်မျောက်နောက်သို့ လိုက်နေကြခြင်းဖြစ်သည်။ သို့သော် ပါးနပ်သော မျောက်က သူတို့ကို ထားခဲ့နိုင်သည်။ ၎င်းတို့၏ ပစ်မှတ်ပျောက်ကွယ်သွားသောအခါ သူတို့သည် လူစုခွဲပြီး မျောက်ကို လိုက်ရှာနေကြခြင်း ဖြစ်သည်။ သူတို့၅ယောက်သည် အသံဗလံများကြားရသော နေရာကို ပြေးလာကြခြင်းကြောင့် ရှောက်ရွှမ်နှင့် တွေ့ဆုံမိခြင်းဖြစ်သည်။

လက်သည်းရှည်မျောက်၏ အော်သံကို ကြားလိုက်ရသောအခါ မျောက်ကို တစ်စုံတယောက်က တိုက်ခိုက်နေပြီဆိုတာကို သူတို့သိလိုက်သည်။ ထိုသူများသည် သူတို့၏ ပစ်မှတ်ကို တိုက်ခိုက်သူမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်နေမည်ဟု မမျှော်လင့်ထားပါ။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သူတို့

နောက်သို့ လိုက်မလာစေရန် ခရီးစဉ်အစအဆုံး သတိဝီရိယဖြင့် လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုကို သိသောသူ သိပ်မရှိပါ။ မျိုးနွယ်စုထဲမှ လူများပင် မသိကြပါ။ သို့သော် ကံမကောင်းချင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်နှင့် လာတွေ့နေရသည်။

ထိုမျှဝေးလံသော နေရာတစ်ခုသို့ တိုက်ဆိုင်၍ ရောက်လာခြင်းလား၊ တမင်တကာ လာခြင်းလား သူတို့လည်းမသိပါ။ အခြားမီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ရှိသေးသည်လား။

အခြားလူများမပါဘူးဆိုပါက သူတို့ငါးယောက်၏ အစွမ်းဖြင့် လူငယ်စစ်သည်တော်လေး လက်မှ သားကောင်ကို ပြန်လုနိုင်ပေသည်။

သူတို့ငါးယောက်သည် အတူလက်တွဲပြီး အမဲလိုက်လာသည်မှာ ကြာလှပြီ ဖြစ်သည်။ ထို့ကြောင့် မျက်ရိပ်ပြရုံမျှဖြင့် တစ်ယောက်သဘောကို တစ်ယောက်သိနေကြသည်။ အဖော်

များနှင့် မျက်လုံးချင်းစကားပြောပြီးနောက်၊ အဖွဲ့ခေါင်းဆောင်သည် ရှောက်ရွှမ်ကို ကြည့်နေလေသည်။

“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေနဲ့ လာဆုံမယ်လို့ထင်မထားဘူး…မင်းအမဲလိုက်မထွက်ဘူးလား” ထိုလူက မေးလိုက်သည်။

ရှောက်ရွှမ်က ပြန်မဖြေပါ။ အခြားအဖွဲ့က သူ့ကို အထင်လွဲနေသော်လည်း ရှောက်ရွှမ်သည် မဖြေရှင်းချင်ပါ။ အခြေအနေကို သူရှင်းပြလိုက်လျှင်လည်း ထိုသူများ နားလည်သွားမည် မဟုတ်ပါ။ ထို့ကြောင့် ထိုသူများ ဘာပြောမလဲ နားထောင်နေလိုက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ရှောက်ရွှမ်တွေးလိုက်မိသည်။

သူတို့၅ယောက်၏ သဘောထားများကို သိရသောအခါ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ ပြိုင်ဘက်မျိုးနွယ်စုတစ်ခုခုမှ အဖွဲ့ဝင်များဖြစ်မည်ဟု ရှောက်ရွှမ် တွက်ဆလိုက်မိသည်။ တစ်ဖက်နှင့်တစ်ဖက် ရန်လိုနေကြခြင်း မဟုတ်

သော်လည်း ပြိုင်ဘက်များ ဖြစ်ကြသဖြင့် ရှောက်ရွှမ်အနေဖြင့် အရမ်းယဉ်ကျေးနေစရာ မလိုပါ။ သို့သော် မျိုးနွယ်စု၂ခု၏ ဆက်ဆံရေးမှာ ရန်သူလို ဆက်ဆံရေးလည်းမဟုတ်သဖြင့် ရှောက်ရွှမ်သည် ၎င်းတို့ကို ဘယ်လိုဆက်ဆံလျှင် ကောင်းမလဲ တွေးနေသည်။

“မင်းတို့မျိုးနွယ်စုဝင်အဖော်တွေမပါဘဲနဲ့ ဘာလို့လျှောက်သွားနေတာလဲ” တစ်ယောက်က ပြောလိုက်သည်။ မျက်နှာကတော့ ဒေါသ၊အလိုမကျမှုများဖြင့် ရှုံ့မဲနေသည်။ အသံကလည်း နည်းနည်းမာသွားသည်။

ထိုသူ၏ အသံမှာ မကျယ်လှသော်လည်း ထိုနားတွင်ရှိသော လူအားလုံး ကြားနိုင်ပါသည်။

အဖွဲ့၂ဖွဲ့ မတည့်သည်ကို တွေ့သောအခါ ရှောက်ရွှမ်လက်ထဲမှ လက်သည်းရှည် မျောက်ထံမှ အော်သံများ ထွက်ပေါ်လာသည်။ အသက်ရှူကျပ်ပြီးသေတော့မည့်ပုံစံမျိုးကို လည်းလုပ်ပြနေပါသည်။

သို့သော် ရှောက်ရွှမ်ကတော့ ၎င်းကို အရေးမလုပ်ပါ။ ၅ယောက်အုပ်စုကလည်း ထိုမျောက်ကို တစ်ချက်သာ ကြည့်လိုက်သည်။ ၎င်းတို့သည် မျောက်၏ သေရေးရှင်ရေးကို စိတ်မဝင်စားပါ။

“အကိုစိတ်မကောင်းပါဘူး မီးတောက်ဦးချိုမျိုးနွယ်စုက ညီလေးရေ…အဲဒီလက်သည်းရှည်မျောက်က အကိုတို့ခြေရာခံလိုက်နေတဲ့ သားကောင်ပါ” အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။

ထိုအချိန်ထိ သူတို့၏ လေသံမှာ အေးဆေးပင်ဖြစ်သည်။ သို့သော် မိတ်ဆွေလို ဆက်ဆံခြင်းတော့မဟုတ်ပါ။ သူတို့၏ မနှစ်မြို့မှုကို ထိန်းချုပ်ထားသော်လည်း ရှောက်ရွှမ်ကတော့ သူတို့သည် အချိန်မရွေးတိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားကြောင်း သိလိုက်ပါသည်။

ရှောက်ရွှမ်သည် စကားပြောလိုက်သော လူကို ကြည့်လိုက်ပြီး “ဆက်ပြောပါ” ဟုပြောလိုက်

သည်။

ဆက်ပြောရမယ်…ဘာကိုဆက်ပြောရမှာလဲ။

အဖွဲ့ခေါင်းဆောင် ခဏနှုတ်ဆိတ်သွားသည်။ ရှောက်ရွှမ်သည် သူပြောနေသော လက်သည်းရှည်မျောက်အကြောင်းကို သိပ်အရေးတယူ မရှိပါ။ “ အဲဒီကောင်နဲ့ အဆင့်တူ သားရဲတစ်ကောင်၊အသားများများ သားရဲတစ်ကောင်နဲ့ လဲချင်ပါတယ်” သူက အဆင့်တူ၊အသား စသော စကားလုံးများကို အလေးပေးပြောလိုက်ခြင်းဖြစ်သည်။ ထိုလူ ဘာကို လိုချင်နေပါသနည်း။

ရှောက်ရွှမ်က စဉ်းစားလိုက်ပြီး ထိုလူ၅ယောက်ကို လှမ်းပြောလိုက်သည် “မလဲနိုင်ဘူး”။

“မင်း” သူတို့ဘက်မှ လူတစ်ယောက်သည် စိတ်မထိန်းနိုင်တော့ဘဲ ရှောက်ရွှမ်ကို လက်ညှိုးထိုးကာ “ငါတို့က အတင်းအကျပ် လဲခိုင်းမယ်ဆိုရင်ရော မင်းဘာတတ်နိုင်မှာ မလို့လဲ…မင်းက တစ်ယောက်တည်း…ငါတို့က ၅ယောက်

တောင်လေ”။ အမှန်ဆိုလျှင် မီးတောင်ဦးချိုမျိုးနွစုဝင်များသည် ထိုသို့အချိန်မျိုးတွင် တခြားတစ်နေရာရာတွင် အမဲလိုက်နေရမည် ဖြစ်သည်။ အခုတော့ ထိုကောင်လေးက ရောက်နေလေပြီ။ သူတို့ ငါးယောက်နောက်မှ နောက်ယောင်ခံလိုက်လာခြင်းများလား။

ခြိမ်းခြောက်မှုကြောင့်မဟုတ်သော်လည်း ရှောက်ရွှမ်၏ မျက်နှာထားမှာ ပြောင်းလဲသွားပါသည်။ “ခင်ဗျားတို့ငါးယောက်မှ အဲဒီမျောက်ကို ဖမ်းလို့မမိတာ…အခုလက်သည်းရှည်မျောက်က ကျွန်တော် ဖမ်းမိထားတာဆိုတော့ ကျွန်တော့် သားကောင်ပဲပေါ့…ခင်ဗျားတို့က ဘာများတတ်နိုင်ဦးမှာမလို့လဲ” ရှောက်ရွှမ်က ပြောလိုက်သည်။

ထိုလူ၅ယောက်တို့သည် ဒေါသအနည်းငယ်ထွက်သွားသော်လည်း ရှောက်ရွှမ်ကို ရွေးချယ်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ရင်းနှီးသော ဆက်ဆံမှုမျိုးကို ထုတ်ပြသော သူတို့သည် ရှောက်ရွှမ်က ထိုမျှပွင့်လင်းမည်ဟု မမျှော်လင့်ထားပါ။ ရှောက်ရွှမ်

သည် သူတို့၏ စကားများကို အရေးပင်မလုပ်ပါ။

အခြားလူများ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ “ဘာလဲ…ခင်ဗျားတို့က ကျွန်တော့်ဆီက လုမလို့လား”ဟု ရှောက်ရွှမ်က ပြောလိုက်သည်။

“မင်းစိတ်မပြောင်းဘူးဆိုရင်တော့ လုရမှာပဲ” ခေါင်းဆောင်သည် ခုနတုန်းကလို တည်ငြိမ်သော အသွင်မျိုးမဟုတ်တော့ပါ။ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ သန်းသွားသည်။ သူ့ကို ရင်ဆိုင်ရန်မှာ အဆင့်နိမ့်သော စစ်သည်တော် တစ်ယောက်အတွက်တော့ ဖိအားအလွန်များပါသည်။

သို့သော် ရှောက်ရွှမ်ကတော့ ပြုံးလိုက်ပြီး “ခင်ဗျားတစ်ယောက်ပဲလား” ဟုမေးလိုက်သည်။

ရှောက်ရွှမ်၏ သဘောထားကြောင့် ထိုသူ၅ယောက် ဒေါပွသွားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုကို ခြိမ်းခြောက်ပြောဆိုခြင်းက

အလုပ်မဖြစ်ပါ။ သူတို့၅ယောက်သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြလေပြီ။

ငါး‌ယောက်လုံးသည် အတွင်းအားများကို ထုတ်လိုက်သောအခါ ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ကြောင်နှင့်တူသော နတ်အမှတ်အသားများပေါ်လာသည်။ အကြီးတန်း စစ်သည်တော် ၂ယောက်ပါပြီး အလတ်တန်းစစ်သည်တော်က သုံးယောက် ဖြစ်လေသည်။ သူတို့သည် အင်အားတောင့်တင်းမှုမရှိပါက ဤလျှို့ဝှက် အမဲလိုက်ခရီးစဉ်ကို လိုက်ပါလာမည် မဟုတ်ပါ။

မီးတောက်ဦးချိုမျိုးနွယ်စု၏ အားသာချက်မှာ ခွန်အားဗလတောင့်တင်းခြင်း ဖြစ်ကြောင်း သူတို့၅ယောက်သိထားကြသည်။ မီးတောင်ဦးချိုမျိုးနွယ်စုဝင် တစ်ယောက်နှင့် ခွန်အားချင်းယှဉ်တိုက်လျှင် နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သူတို့သည် အမြန်နှုန်းချင်းယှဉ်တိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့က လူအရေအတွက်လည်း ပိုများပါသည်။ မုဆိုးများသည် အများအားဖြင့် ကောင်းမွန်သော အမြန်နှုန်းနှင့် ပြောင်းလဲလွယ်

နိုင်စွမ်းတို့ ကို မပိုင်ဆိုင်ထားသော်လည်း ခွန်အားကတော့ အခြားလူများထက် သာလွန်ပေသည်။

ထိုလူ၅ယောက် စလှုပ်ရှားသည်ဆိုသည်နှင့် တပြိုင်နက် ရှောက်ရွှမ်သည် ၎င်းတို့၏ ဗျုဟာကို စဉ်းစားကြည့်မိသည်။

အကြီးတန်းစစ်သည်တော် ၂ယောက်သည် ရှောက်ရွှမ်၏ ဘယ်၊ညာ၂ဖက်ကို ရောက်လာသည်။

ဘယ်မျိုးနွယ်စုဝင်မှန်းမသိသော မျိုးနွယ်စုစစ်သည်တော် ၅ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း ရှောက်ရွှမ် စိတ်ထဲတွင် ဘယ်လိုမှ မနေပါ။ တိုက်ခိုက်ရ လွယ်ကူသွားစေရန် ဖမ်းထားသော မျောက်ကို သစ်ပင်တစ်ပင်ဆီသို့ လွှတ်ပစ်လိုက်သည်။

ရှောက်ရွှမ်က လက်သည်းရှည်မျောက်ကို လွှတ်ပစ်လိုက်သည်ကို မြင်သောအခါ နောက်တွင် ကျန်ခဲ့သော စစ်သည်တော် သုံးယောက်က ပျော်ရွှင်သွားကြသည်။ သူတို့သည် ရှောက်ရွှမ်ကို ဖြတ်

ကျော်၍ လက်သည်းရှည်မျောက် ပြုတ်ကျသွားသော နေရာသို့ ခြေဦးလှည့်လိုက်ကြသည်။

ခြေထောက်နှင့်လက်များကို ကြိုးများနှင့် တုပ်ထားသော်လည်း မျောက်၏ကိုယ်သည် ထင်ထားသည်ထက် ပိုပျော့ပြောင်းနေပါသည်။ ခုနတုန်းက ရှောက်ရွှမ်၏လက်များသည် သူ့လည်ပင်းပေါ်ရောက်နေပါသည်။ နည်းနည်းလေးလှုပ်ရှားရုံနှင့် ခေါင်းပြတ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဉာဏ်နီဥာဏ်နက် မထုတ်ရဲဘဲ အားနည်းနေသည့် အသွင်ကို‌ဆောင်ထားခြင်းဖြစ်သည်။ အခုတော့ တစ်ဘက်နှင့် တစ်ဘက်တိုက်ခိုက်နေသည်ကို မြင်သောအခါ ၎င်း၏ ဦးနှောက်သည် လွတ်မြောက်ရန် အကြံထုတ်ပါတော့သည်။

၎င်း၏ ခန္ဓာကိုယ်မှာ ပြောင်းပြန်လန်သွားပြီး ကြိုးတုပ်ခံထားရသော ခြေထောက်များကလည်း တစ်ပတ်လည်သွားလေသည်။ ပင်စည်နှင့် ဝင်မတိုက်မိခင်တွင် ခြေထောက်နှင့် ပင်စည်ကို ထောက်လိုက်သဖြင့် ဒဏ်ရာရမသွားပါ။

ထို့နောက် ပင်စည်ကို ခြေထောက်နှင့် ထောက်ကန်ပြီး ကွင်းပြင်ထဲသို့ ခုန်ထွက်သွားကာ ဤအရှုပ်ထုတ်ထဲမှ ထွက်ပြေးရန် ကြိုးစားပါတော့သည်။ ၎င်းသည် လူများကို ရွံ့ရှာခြင်းတော့ မရှိပေ။ သူ၏ စွမ်းရည်နှင့်ဆိုလျှင် ကြိုးများကို ဖြည်ပြီး ထိုနေရာမှ လွတ်မြောက်နိုင်သည်ဖြစ်သည်။ ကြိုးမှ လွတ်မြောက်သွားလျှင် သူ့နောက်သို့ လိုက်ရန်ကြိုးစားသူများကို ထပ်မံထားခဲ့နိုင်ဦးမည် ဖြစ်ပါသည်။

သို့သော် ထိုမျောက်မှာ သနားစရာကောင်းပါသည်။ ကြိုးမှ ရုန်းသော်လည်း မလွတ်မြောက်ပါ။

ထိုနွယ်ပင်သည် အလွန်တရာ ခိုင်ခံ့လှသဖြင့် အလွယ်တကူဖြတ်တောက်ပစ်၍ မရပါ။ လက်သည်းရှည်မျောက်သည် ထိုအကြောင်းကို ထည့်မစဉ်းစားမိလိုက်ပါ။ တစ်ခါတုန်းက သူသည် ထိုသို့ ကြိုးမျိုးနှင့် တုပ်နှောင်ခံရဖူးသည်။ ထိုစဉ်က လွယ်ကူစွာ လွတ်မြောက်လာသဖြင့် ၎င်းသည် ထိုသို့နွယ်ကြိုးများကို ဖြတ်တောက်ရာတွင်

အတွေ့အကြုံရှိပါသည်။ သူ့ကို ဖမ်းမိသောအခါတွင် ၎င်းသည် သေမလိုလုပ်ပြတတ်သည်။ ပြီးနောက် အမှောင်ထဲရောက်မှ လွတ်ရာလွတ်ကြောင်းကို ရှာဖွေနေတတ်သည်။

သို့သော် ထိုမျောက်မှားသွားသည်။ ရှောက်ရွှမ်လက်မှ လွတ်လျှင် နွယ်ကြိုးများမှ လွတ်မြောက်အောင် ကြိုးစားရမည်မှာ လွယ်ကူသွားမည်ဟု ထင်ထားသော်လည်း သူထင်ထားသလို ဖြစ်မလာပါ။

သူမည်မျှ ကြိုးစား ကြိုးစား၊ သူ့လက်သည်းများသည် နွယ်ပင်များနှင့် ငြိကုန်သည်။ သူ့လက်သည်းများသည် နွယ်ပင်များကို မဖြတ်တောက်နိင်သဖြင့် သူသည် ထိုကြိုးများမှ လွတ်မြောက်တော့မည် မဟုတ်ပါ။

ကြိုးဖြင့်တုပ်ခံထားရသဖြင့် လက်သည်းရှည်မျောက်၏ အမြန်နှုန်းမှာ လျှော့ကျ သွားသည်။ သူသည် ဘယ်လောက်ဝေးဝေးထိ ပြေးနိုင်မလဲ သူမသိပါ။ နောက်တွင်လည်း လူသုံးယောက်က

လိုက်နေပါသည်။ ထိုသူများသည် ၎င်းကို အသေရရ၊ အရှင်ရရ လိုချင်နေကြသည်။

ထို့ကြောင့် နောက်တစ်ကြိမ် ဖမ်းမမိခင်အချိန်အတွင်း၊ လက်သည်းရှည်မျောက်သည် လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး လွတ်လမ်းကို ရှာဖွေပါတော့သည်။

ဘယ်၊ညာ၂ဖက်မှ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်ခံရသော ရှောက်ရွှမ်သည် ထိုတိုက်ခိုက်မှုမှ လွတ်မြောက်ရန် နောက်ကို အနည်းငယ်ဆုတ်လိုက်သည်။ ဓားများဖြင့်တိုက်ခိုက်လိုက်သောကြောင့် ရှောက်ရွှမ်လှုပ်ရှားနိုင်သော နေရာကျဉ်းသွားသော်လည်း ရှောက်ရွှမ်ကတော့ လှုပ်ရှားမှုကို မရပ်တန့်လိုက်ပါ။ သူ့ဆီသို့ ဓားတစ်ချောင်းဝင်လာသောအခါ နောက်သို့ ဆုတ်သွားသည်။ နောက်ဓားတစ်ချောင်းဝင် လာသောအခါ ခန္ဓာကိုယ်ကို တိမ်းစောင်းလိုက်ပြီး ရှောင်တိမ်းလိုက်သည်။ ထို့နောက် ပထမလူကို ပုခုံးဖြင့် ဝင်တိုက်ချလိုက်သည်။

ဓားနှင့် ခုတ်လိုက်သောသူသည် ရှောက်ရွှမ်၏ လက်သီးကို အံကြိတ်၍ ခံလိုက်သည်။ ထိုမျှ ကြောက်ရွံ့တတ်သော လူတစ်ယောက်သည် ဘာကြောင့် သူ့ကိုယ်သူ အကြီးတန်း မျိုးနွယ်စု စစ်သည်တော် ဟုပြောပါသနည်း။ ထိုလက်သီးချက်မှာ သူ့ထက်ငယ်ရွယ်သော၊အင်အားနည်းသော လူငယ်လေးတစ်ယောက်၏ လက်သီးဖြစ်ပါသည်။ ထို့ပြင် ထိုချာတိတ်သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ အတော်ဆုံး စစ်သည်တော် တစ်ယောက်လည်း မဟုတ်ပါ။

လှုပ်ရှားနေသော ခန္ဓာကိုယ်နှစ်ခု ဝင်တိုက်မိကြပြီး အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ အခြားဘက်မှလူ တိုက်ခိုက်မှုသည် လှိုင်းလုံးကြီးများနှင့် တူသည်ဆိုလျှင် ရှောက်ရွှမ်၏လှုပ်ရှားမှုသည် မြေပြင်တွင် မြဲမြံစွာ ရပ်တည်နေသော တောင်တစ်လုံးနှင့် တူပါသည်။

ဝင်တိုက်မိပြီးနောက်တွင် တစ်ဘက်လူသည် လွင့်စင်ထွက်သွားသည်။ အံ့ဩလွန်းသဖြင့် မျက်တောင်များ ပုတ်ခတ်၊ပုတ်ခတ်ဖြစ်သွား

သည်။ ဝင်တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသော တွန်းကန်အားကို ဖြေဖျောက်ပစ်ရန် နောက်သို့ ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရသည်။ သူ့ကိုဝင်တိုက်လိုက်သောသူကတော့ ခြေလှမ်းတစ်ဝက်လောက်သာ နောက်ဆုတ်သွားသည်။ ထိုအဖြစ်အပျက်ကို ကြည့်လျှင် သူသည် အသာစီးရသူမဟုတ်ကြောင်း သိနိုင်ပါသည်။

သူသည် ရှောက်ရွှမ်ကို မနိုင်လောက်သည်ကို သိထားသော်လည်း စွမ်းအင်ခြင်း ထိုမျှ ကွာခြားမည်ဟု မမျှော်မှန်းထားပါ။

All Chapters