← Chapters

မြွေပါလည်းဆုံး၊သားလည်းဆုံး

Vol. 25 Ch. 369

မြွေပါလည်းဆုံး၊သားလည်းဆုံး

Vol. 25 Ch. 369

လက်သည်းရှည်မျောက်သည် လူသားများ၏ အကျင့်စရိုက်များကို သိရှိနေသဖြင့် အလွန်ပါးနပ်သော မျောက်တစ်ကောင်ဖြစ်သည်။

ရှောက်ရွှမ်က မျောက်ကို စိုက်ကြည့်နေလိုက်သည်။ ရှောက်ရွှမ်၏ အကြည့်များမှာ စူးရှလွန်းသဖြင့် မျောက်ကလေးသည် ထိတ်လန့်သွားပါသည်။ မျောက်သည် ရှောက်ရွှမ်တို့ တိုက်ခိုက်နေစဉ် ထွက်ပြေးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ ရှောက်ရွှမ်၏ လက်ထဲသို့ နောက်တစ်ကြိမ်ကျရောက်မည်ဟု တွေးမထားပါ။ ဟိုလူ၅ယောက် လက်ထဲ ဖမ်းခံလိုက်ရသည်ကာမှ အခုထက် တော်ဦးမည်။ လွတ်မြောက်နိုင်ခြေရှိဦးမည်။ အခုတော့ ရှောက်ရွှမ်လက်ထဲရောက်နေပေပြီ။

အချိန်အတော်ကြာမှ မျောက်ဆီမှ မသဲကွဲ

သော အသံတစ်ခုထွက်ပေါ်လာသည်။

“မပြဘူးလား” ရှောက်ရွှမ်သည် ထိတ်လန့်စွာ ဝပ်နေသော မျောက်ကို ကြည့်လိုက်ပြီး “မင်းကို နတ်ဘုရားတွေဆီကို ပို့လိုက်ရတော့မလား” ဟုပြောလိုက်သည်။

ရှောက်ရွှမ်က သူ့ကိုသတ်ရန် အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ မျောက်ကလေး တုန်လှုပ်သွားသည်။ အော်သံထွက်ပေါ်လာပြီး မျက်လုံးများက သနားစဖွယ် ဖြစ်သွားသည်။ ထိုအချိန်တွင် သူ့မျက်လုံးကို မြင်သူတိုင်း သနားသွားကြမည် ဖြစ်သည်။

ရှောက်ရွှမ်လည်း တခဏလောက် တွေဝေသွားသည်။ သို့သော် မကြာမီတွင် ထိုသို့ပြုမူခြင်းမှာ မျောက်ကလေး၏ ဗျူဟာဖြစ်ကြောင်းတွေးမိသွားသည်။ တော်တော်လည်သည့် အကောင်လေးပါလား။

ရှောက်ရွှမ်က သူ့လှည့်ကွက်ထဲ ဝင်မလာသည်ကို မျောက်ကလေး သိသွားသော အခါ ၎င်း၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်းလာသလို မျက်နှာကလည်း ကြောက်မက်ဖွယ်ကောင်းသွားပါသည်။ မျောက်သည် ထက်မြက်သော အစွယ်လေးချောင်းပါသည့် ပါးစပ်ကို ဖြဲလိုက်သည်။ အခုတော့ သနားစရာကောင်းသည့် နူးညံ့သည့် မျောက်ကလေး မဟုတ်တော့ပါ။ အခုပုံစံမှာ နတ်ဆိုးတစ်ယောက်နှင့်ပင် တူနေပါသည်။

ကြောက်တတ်သူများဆိုလျှင် မျောက်ကလေး၏ ပြောင်းလဲမှုကို ကြည့်ပြီးနောက် စိတ်ဒဏ်ရာပင် ရသွားနိုင်ပါသည်။ သာမန်လူတစ်ယောက်ဆိုလျှင် မျောက်၏ ပြောင်းလဲပုံကို ကြည့်ပြီ ပျာယာခတ်သွားနိုင်သည်။

ရှောက်ရွှမ်ကတော့ ကြောက်ရွံ့ပုံမပေါ်ဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်မြှောက်ပြီးမျောက်ကလေးဆီသို့ လက်လှမ်းလိုက်သည်။ ထို့နောက်

ရှောက်ရွှမ်၏ လက်ဝါးမှ အပြာရောင်မီးလုံးလေး တစ်လုံးထွက်ပေါ်လာသည်။

မျောက်ကလေး၏ မျက်နှာမှာ ပြောင်းလဲသွားသည်။ ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသော မျက်လုံးများက သေခြင်းတရားကို ထိတ်လန့်နေသော မျက်လုံးများ အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထွက်ပြေးရန် ရှောက်ရွှမ်၏လက်ထဲမှ ရုန်းကန်လေတော့သည်။ သို့သော် နွယ်ကြိုးများဖြည့် ချည်ထားသဖြင့် မလွတ်မြောက်နိုင်ပါ။

“ကဲ…မင်းဆုံးဖြတ်ပြီးပြီလား…သေချာစဉ်းစားနော်…ငါ့အပေါ်ရိုးသာရင် မင်းကိုလွှတ်ပေးလိုက်မယ်…မဟုတ်ရင်တော့ မင်းအသက်ကို အာမမခံနိုင်ဘူး” ရှောက်ရွှမ်က ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ မျောက်ကလေးသည် သူအရင်သုံးနေကျ ဗျူဟာများဖြင့် လွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်သည်။ ရှောက်ရွှမ်လက်ဝါးပေါ်မှ မီးလုံး

လေး၏ အစွမ်းကို ၎င်းနားလည်ထားပါသည်။ သို့သော် ထိုမျှ တောနက်သောနေရာတစ်ခုတွင် ထိုမီးလုံးကို မြင်ရမည်ဟုတော့ မမျှော်လင့်ထားပါ။ မျောက်သည် ထိုမီးလုံးကို သေလုမတတ် ကြောက်ရွံ့သည်။ ဗလုံးဗထွေးအသံများ ထွက်ပေါ်လာပြီးနောက် မျောက်ကလေးသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်တူသည်။ မျောက်ကလေးသည် ခန္ဓာကိုယ်အနေအထားကို ပြင်လိုက်ပြီး ဝမ်းဗိုက် ပိန်လိုက်ဖောင်းလိုက်လုပ်နေပါသည်။ ထို့နောက် ၎င်း၏ပါးစပ်မှ လက်သီးဆုပ်နှင့် တူသော အရာတစ်ခု ထွက်ကျလာပေသည်။

ရှောက်ရွှမ်သည် မျက်မှောင်ကြုံ့လိုက်ပြီး သူ့ဘေးနားမှ သစ်ရွက်များကို ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်မှာ အရာဝတ္ထုကို ကောက်ယူလိုက်ပြီး အကျိအချွဲများကို သုတ်သင်ပစ်လိုက်သည်။

ထိုသစ်သီးကို ထူထဲသော အရေခွံတစ်ထပ်က ဖုံးအုပ်ထားသည်။ မျောက်ကလေးသည် ထိုအသီး

ကို မျိုချထားသော်လည်း အစာချေခြင်း မလုပ်ရသေးပေ။

အညစ်အကြေးများကို ဖယ်ရှားလိုက်သောအခါ အသီးမှာ မွှေးတေးတေးအနံ့တစ်မျိုး ရနေ၏။ အနံ့မှာ မပြင်းထန်သော်လည်း မူးယစ်စေပေသည်။

ရှောက်ရွှမ်သည် ထိုအသီးကို ဘာသီးမှန်းမသိပါ။ သို့သော် ခုနကလူ၅ယောက်၏ အပြုအမူများနှင့် မျောက်၏တွန့်တိုသော မျက်နှာထားကို ကြည့်လျှင် ထိုအသီးသည် အဖိုးတန်သည့် ပစ္စည်းတစ်ခုဖြစ်မည်ဆို သိနိုင်သည်။ လူသားများနှင့် သားရဲကြီးများအတွက် အကျိုးပြုနိုင်မည့် သစ်သီးတစ်လုံး ဖြစ်သည်။

ရှောက်ရွှမ်က သစ်သီးကို ကြည့်ရှုနေသည့်အချိန်တွင် မျောက်ကလေးမှာ ဆောက်တည်ရာမရ ဖြစ်နေသည်။ ၎င်းသည် ရှောက်ရွှမ်ကို ခဏခဏ ကြည့်နေသည်။ သို့သော် မျက်လုံးချင်းဆိုင်၍လည်း မကြည့်ရဲပါ။

လက်သည်းများက မြေပြင်ကို ကုတ်ခြစ်နေသည်။ သို့သော် ရှောက်ရွှမ် ဖြတ်ပစ်ကို ကြောက်သောကြောင့် လက်သည်းများကို အကုန်မထုတ်ရဲပါ။

“ဟိုလူတွေက ဒီအသီးကို ရှာနေတာလား” ရှောက်ရွှမ်သည် သစ်သီးကိုကိုင်ထားရင်း မျောက်ကလေးကို မေးလိုက်သည်။

မျောက်ကလေးက ခေါင်းညိတ်ပြလိုက်သည်။

“အင်း” ရှောက်ရွှမ်က ၎င်း၏အဖြေကို အသိအမှတ်ပြုလိုက်သည်။ ထို့နောက် သစ်သီးကို သန့်ရှင်းသော သစ်ရွက်များဖြင့် ထုပ်ပြီး သားရေအိတ်ထဲသို့ ထည့်လိုက်ပါသည်။ မျောက်ကလေးကတော့ ရှောက်ရွှမ်၏ လှုပ်ရှားမှုများကို ကြည့်နေပေသည်။

ရှောက်ရွှမ်က သူ့ကိုကြည့်နေကြောင်း သိသွားသောအခါ မျောက်ကလေးသည် သစ်သီးကို ကြည့်မနေတော့ပါ။ ထို့နောက် ရှောက်ရွှမ်ကို

မော့ကြည့်လိုက်သည်။ ရှောက်ရွှမ်ထံမှ လွတ်မြောက်ခွင့်တောင်းနေဟန်ပင်။

ရှောက်ရွှမ်သည်လည်း ထိုသတ္တဝါကို ကျွန်ပြုရန် မရည်ရွယ်ပါ။ ထို့ပြင် ဒုတိယမြောက်ကျွန်များကို ကျွန်ပြုရန်လည်း စိတ်ကူးမရှိပါ။ ရှောက်ရွှမ်သည် ထိုကိစ္စများကို မကျွမ်းကျင်ပါ။ လောင်ကျွီပြောသောစကားအရဆိုလျှင် ကျွန်ပြုခြင်းသည် ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးပါသည်။ ကျွန်ကို သေချာမရွေးချယ်ပါက မလိုလားအပ် သောပြဿနာများ ပေါ်ထွက်လာမည် ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် သတိထားရန် ဆုံးဖြတ်လိုက်ပါသည်။ သူသည် ကျွန်ပြုခြင်းလုပ်ငန်းစဉ်ကို မကျွမ်းကျင်ပါ။

ရှောက်ရွှမ်က ဓားမြောင်ကို ကောက်ကိုင်လိုက်ပြီး သူ့ကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေသော မျောက်ကို ဝှေ့ယမ်းပြလိုက်သည်။

မျောက်ကလေးက သူအသတ်ခံရပြီဟု ထင်

သွားသည်။ သူ့ကိုယ်သူ ကံစီမံသမျှပဲဟု တွေးပြီး မျက်လုံများ မှိတ်လိုက်စဉ်မှာပင် သူ့ခြေလက်များမှ ခြေထိပ်လက်ထိပ်များ ပွင့်ထွက်သွားပါသည်။ ၎င်းသည် ပျော်ရွှင်စွာဖြင့် မျက်လုံများကို ဖွင့်လိုက်ပါသည်။ သစ်သီးကို ပြန်ခိုးရန် အကြံပေါ်လာသော်လည်း ထိုအကြံကို တခဏချင်းအတွင်းပဲ စွန့်လွှတ်လိုက်ပါသည်။ ရှောက်ရွှမ်သည် သူတွေ့ဖူးခဲ့သော လူများထက် ပိုမိုအားကြီးသလို၊ ပို၍လည်း ကြောက်ဖို့ကောင်းကြောင်း သူသိသွားပြီ ဖြစ်သည်။ အခုတစ်ကြိမ် ရှောက်ရွှမ်လက်မှ လွတ်မြောက်လာခြင်းမှာ ကံကောင်း၍ ဖြစ်သည်။ နောက်တစ်ကြိမ်ရန်စမည်ဆိုလျှင်တော့ သူ့သေတွင်းသူတူးခြင်းသာ ဖြစ်သည်။

မျောက်ကလေးသည် သစ်သီးကိုလိုချင်သောစိတ်တို့ကို ချိုးနှိမ်ရင်း အတွေးများကို ရပ်လိုက်ပါသည်။ ထွက်သွားရန်လုပ်နေချိန်မှာပင် ရှောက်ရွှမ် ဆီမှ အော်ခေါ်သံကို ကြားလိုက်ရသည် “နေဦး”။

မျောက်ကလေး၏ ကိုယ်မှာ တောင့်တင်းသွားပြီး ရှောက်ရွှမ်ဘက်သို့ လှည့်လာသည်။ ဘာဖြစ်

ပြန်ပြီလဲ။

“မီးတောက်ဦးချိုမျိုးနွယ်စု ဘယ်မှာနေလဲ မင်းသိလား” ရှောက်ရွှမ်ကမေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ မျောက်ကလေး အံ့ဩသွားသည်။ မျောက်ကလေးသည် ဗလုံးဗထွေး အသံပြုရင်း အရပ်မျက်နှာတစ်ခုဘက်သို့ ညွှန်ပြလိုက်သည်။ ၎င်းသည် ရှောက်ရွှမ် ဘာကြောင့် ထိုသို့မေးရသလဲ နားမလည်ပါ။ ထို့ကြောင့် ရှောက်ရွှမ်ပြောသည်မှာ သူညွှန်ပြသောဘက်တွင် နေကြသော မီးတောင်ဦးချိုမျိုးနွယ်စုကို ပြောခြင်းလားဟု အသံပြုပြီး ပြန်မေးလေသည်။ မျောက်ကလေးသည် ထိုမျိုးနွယ်စုမှ လူများနှင့်တွေ့ဖူးပါသည်။ ထိုလူများသည် ရှောက်ရွှမ်နှင့် အတော်တူပါသည်။ ထို့ကြောင့် မျောက်ကလေးသည် ရှောက်ရွှမ်၏ မေးခွန်းကို ကြားသောအခါ စိတ်ရှုပ်ထွေးသွားခြင်းဖြစ်သည်။

“အဲဒီဘက်မှာလား” ရှောက်ရွှမ်က မျောက်ကလေး ညွှန်ပြသော အရပ်သို့ ကြည့်လိုက်သည်။

ထိုအရပ်မျက်နှာသည် သူဦးတည်သွားနေသောအရပ်မျက်နှာနှင့် အတူတူပင် ဖြစ်ပါသည်။

“ကျွီ” ရှောက်ရွှမ်၏မေးခွန်းကို ကြားသောအခါ မျောက်ကလေးဆီမှ အော်သံထွက်ပေါ် လာပြန်သည်။ ၎င်းသည် ရှောက်ရွှမ်ဘာကိုဆိုလိုသလဲ မသိသော်လည်း ခေါင်းတော့ညိတ်ပြလာသည်။

“ကောင်းပြီ…မင်းသွားလို့ရပြီ” ရှောက်ရွှမ်က မျောက်ကလေးကို လက်ဝှေ့ယမ်းပြလိုက် သည်။

တခဏချင်းအတွင်း မျောက်ကလေးသည် ရှောက်ရွှမ်၏ မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားပါသည်။ ၎င်းသည် ယခင်တစ်ခေါက်ကလို ခြေတစ်လှမ်းချင်းလှမ်း၍ မသွားတော့ပါ။ ၎င်းသည် နောက်တစ်ခေါက်ရှောက်ရွှမ်ကိုတွေ့လျှင် ဝေးဝေးက ရှောင်ရန် တွေးနေပါသည်။

ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ရှောက်ရွှမ်သည် သူဦးတည်ထားသော အရပ် ဘက်သို့ ထွက်ခွာလာပါသည်။

ခုနကလူ၅ယောက်သည် ရှောက်ရွှမ်ကို တောထဲတွင် လိုက်ရှာနေကြသည်။ သို့သော် ရှာမတွေ့ကြပါ။ နောက်ဆုံးတွင် ၎င်းတို့သည် နောင်တကြီးစွာဖြင့် ပြန်သွားကြသည်

သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုနေထိုင်ရာနေရာနှင့် ဘေးချင်းကပ်နေကြသော ထိုက်ဟယ်မျိုးနွယ်စုမှ ဖြစ်ကြသည်။မျိုးနွယ်စုများကြား ရန်ပွဲများက တချိန်လုံးဖြစ်နေသည်။ သူတို့မျက်စိကျနေသော အရာဝတ္ထုတစ်ခုကို အခြားမျိုးနွယ်စုမှ ဖြတ်လုသွားခြင်းမှာလည်း ပုံမှန်ပင်ဖြစ်သည်။ သို့သော် အခုတစ်ခေါက် လုသွားသူမှာ သူတို့ရွံ့ရှာမုန်းတီးသော မီးတောက်ဦးချိုမျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေပါသည်။ ထို့ကြောင့် သူတို့ စိတ်ထဲအတော်ခံရခက်နေ၏။

မျိုးနွယ်စု၏ ပိုင်နက်ထဲသို့ ပြန်ရောက်သောအခါ သူတို့သည် ပေးအပ်လိုက်သော တာဝန် ကျေပွန်အောင် ထမ်းဆောင်ခြင်းမပြုနိုင်ခဲ့ကြောင်း အကြီးအကဲနှင့် ဝါစဉ်ကြီး ပုဂ္ဂိုလ်များ

ကို အစီရင်ခံရပါသည်။ သူတို့ ပစ်မှတ်ကို မီးတောက်ဦးချိုမျိုးနွယ်စုမှ လူတစ်ယောက် ဖြတ်လုသွားကြောင်း ပြောပြလိုက်သည်။ ထိုစကားကိုကြားသောအခါ ခေါင်းဆောင်အားလုံး၏ မျက်နှာများ သုန်မှုန်သွားကြသည်။

ထိုသစ်သီးကို မွန်မြတ်သစ်သီးဟုခေါ်ဆိုကြပြီး ထိုက်ဟယ်မျိုးနွယ်စုမှ စစ်သည်တော်တစ်ယောက်က အမဲလိုက်ရင်း ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုအခေါက်တုန်းက သစ်သီးနားတွင် သားရဲကြီးများ ရှိနေသဖြင့် သစ်သီးကို မခူးခဲ့ရပါ။ သူ့အစွမ်းနှင့် ထိုသစ်သီးကို ရအောင် မယူနိုင်ပါ။ ထို့ကြောင့် သူသည် မျိုးနွယ်စုဆီပြန်လာပြီး အကြီးအကဲကို အစီရင်ခံခဲ့ခြင်းဖြစ်သည်။

မွန်မြတ်သစ်သီးသည် စစ်သည်တော်တစ်ယောက်၏ ခွန်အားများကို တိုးပွားစေနိုင်စွမ်းရှိပြီး အလွန်ရှားပါးသော သစ်သီးဖြစ်ပါသည်။ တောထဲမှ သားရဲတိရစ္ဆာန်များကိုလည်း ခွန်အားတိုးစေသဖြင့် သားရဲတိရစ္ဆာန်များကလည်း ထိုသစ်သီးကို အလွန်နှစ်ခြိုက်ကြသည်။မွန်မြတ်

သစ်သီးမှာ အနံ့သိပ်မရှိသဖြင့် လူများအနံ့ခံ၍ မရပါ။

တိရစ္ဆာန်များကတော့ လူများထက် အနံ့ခံအာရုံပိုမိုကောင်းမွန်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် လူသားများထက် ဦးအောင် မွန်မြတ်သစ်သီးကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ အမြဲလိုလိုပင် လူများက အပင်ကို တွေ့သောအခါ တိရစ္ဆာန်များက အသီးကို စားသောက်ပြီးနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ထိုအသီးသည် အလွန်ရှားပါးသော အသီးဖြစ်သည်။

အတွေ့အကြုံများနှင့် သမိုင်းပေးအတွေ့အကြုံများကြောင့် ထိုက်ဟယ်မျိုးနွယ်စုသည် တန်ဖိုးရှိသော ပစ္စည်းတစ်ခုကို ရှာတွေ့သောအခါ သားရဲများလက်မှ လွတ်ရန် အစောင့်အကြပ်ချထားခြင်းမျိုးမပြုလုပ်ပါ။ ထိုပစ္စည်းအကြောင်းကို သူတို့၏ အိမ်နီးချင်းမျိုးနွယ်စုဖြစ်သော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သိမသွားရန်သာ ဂရုစိုက်ကြပါသည်။ မွန်မြတ်သစ်သီးကို ရရှိရန် ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် အစီအစဉ်

တစ်ခုကို ဆွဲခဲ့ကြသည်။

ဆွေးနွေးပြီနောက် သူတို့သည် ထိုအစီအစဉ်ကို လျှို့ဝှက် အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ သစ်သီးကို ရယူရန် လျှို့ဝှက် အဖွဲ့တစ်ဖွဲ့ကို လွှတ်လိုက်သည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ သတိမထားမိစေရန် သိုသိပ်စွာ လှုပ်ရှားကပါသည်။ ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် မီးတောက်ဦးချို မျိုးနွယ်စုဝင်များက အမဲလိုက်ခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် ထိုက်ဟယ်မျိုးနွယ်စု၏ လှုပ်ရှားမှုများကို အာရုံမစိုက်မိပါ။ ထို့ကြောင့် ထိုက်ဟယ်မျိုးနွယ်စု၏ သစ်သီးကို ရနိုင်ခြေ ပိုမိုမြင့်တက်လာခဲ့သည်။

ကံမကောင်းချင်တော့ သစ်သီးကို ရယူရန် ကြိုးစားနေစဉ်၊ အလွန်လျင်မြန်သော လက်သည်းရှည်မျောက်တစ်ကောင်သည် သစ်သီးကို ဖြတ်လုသွားခဲ့ပါသည်။ ထို့နောက် မျောက်သည် အသီးကို ရသောအခါ မျိုချလိုက်ပါသည်။ ထို့ကြောင့် အဖွဲ့ဝင်၂ယောက်ကို ထိုအဖြစ်အပျက်အား မျိုးနွယ်စုထဲ အစီရင်ခံရန် ပြန်လွတ်လိုက်ခုင်း

ဖြစ်သည်။ ကျန်သူများကတော့ မျောက်နောက်ကို ဆက်လိုက်ကြပါသည်။ သို့သော် မျောက်ကလေးမှာ အလွန်လျင်မြန်ပါသည်။ လိုက်ရင်းနှင့် မျောက်ကလေးကို မျက်ခြည်ပြတ်သွားကြပါသည်။ ထို့နောက်သူတို့သည် အဖွဲ့ကြီးအဖြစ်မှ အဖွဲ့ငယ်လေးများအဖြစ် လူစုခွဲလိုက်ပြီး မျောက်ကလေးကို လူခွဲကာ လိုက်ရှာကြသည်။

မျောက်နောက်မှ လိုက်ရခြင်းသည် ခက်ခဲပါသည်။ တောကြီးမှာလည်း အလွန်ကျယ်ပြန့်သလို သူတို့သည် ယခုရောက်နေသော မြေပြင်အနေအထားနှင့် မရင်းနှီးပါ။ နောက်ဆုံးတွင်တော့ ငါးယောက်အဖွဲ့သည် မျောက်ကလေးကို ရှာတွေ့ခဲ့ပါသည်။ သို့သော် မွန်မြတ်သစ်သီးကို ရအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါ။

မွန်မြတ်သစ်သီးကို ပထမအခေါက်တွေ့တုန်းက မျောက်တစ်ကောင်က လူသွားသည်။ ထိုမျောက်နှင့် ဒုတိယအကြိမ်တွေ့သောအခါ မျောက်ကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တစ်ယောက်က လုသွားပြန်ပါသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်ထံမှ မျောက်ကို ပြန်ရရန် ကြိုးစားရာတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါသည်။

သစ်သီးကိုလည်း မရနိုင်၊ ရန်သူကိုလည်း အနိုင်မတိုက်နိုင်။

မွန်မြတ်သစ်သီးရရှိရေးအတွက် သူတို့သည် အလွန်အားထုတ်ကြိုးစားထးရခြင်းဖြစ် ပါသည်။ အခုတော့ အကုန် အလကားဖြစ်ကုန်ပြီ ဖြစ်သည်။

ထိုက်ဟယ်မျိုးနွယ်စုမှ ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်က ဒေါသူပုန်ထနေပြီ ဖြစ်သည်။ လက်ဗလာဖြင့် ပြန်လာသူများကို ဆူပူကြိမ်းမောင်းနေပါသည် “မီးတောက်ဦးချိုမျိုးနွယ်စုက လူတစ်ယောက်ကိုတောင် မနိုင်ဘူးဆိုရင် မင်းတို့ကို ဘယ်နေရာမှာ သွားသုံးစားရမလဲ”။

ဆူခံရသူများအားလုံး ခေါင်းငုံ့ထားကြသည်။

“မီးတောက်ဦးချိုမျိုးနွယ်စုက လူတစ်ယောက်တောင် မနိုင်ဘူးဟုတ်လား…အဲဒီတစ်ယောက်က ရင်ဆိုင်ရလွယ်မယ်ထင်နေတာလား…အဲဒီလိုဆိုရင် မီးတောက်ဦးချိုမျိုးနွယ်စုက အဖိုးကြီးနဲ့ တိုက်တိုင်း ခင်ဗျားဘာလို့ ရှုံးနေတာလဲ”။

သို့သော် ထိုစကားများကို သူတို့သည် အပြင်သို့ ထုတ်၍တော့ မပြောပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို မနိုင်ခြင်းသည် သူတို့အတွက် ကျေနပ်စရာ ကိစ္စတော့ မဟုတ်ပါ။ အမှန်ဆို သူတို့ကပင် လူအင်အားသာသေးသည်။ အဘယ်ကြောင့် ရှုံးနိမ့်သူမှာ သူတို့သာ ဖြစ်နေရသနည်။

မီးတောက်ဦးချိုမျိုးနွယ်စုအတွက်တော့ ထိုနေ့သည် အမဲလိုက်ရာတွင် ကံကောင်းသော နေ့တစ်နေ့ဖြစ်ခဲ့သည်။ အမဲလိုက်ရာမှ ရလာသော သားကောင်များကို ထမ်းပြီး ပြန်လာကြချိန်တွင် ပြိုင်ဘက်ထိုက်ဟယ်မျိုးနွယ်စုဝင်များနှင့် ရင်ဆိုင်မိကြသည်။ ထိုက်ဟယ်မျိုးနွယ်စုမှ လူများသည် သူတို့ကို စောင်းမြောင်းမဲ့ရွဲ့နေသည်ကို

တွေ့သောအခါ အမဲလိုက်အဖွဲ့ခေါင်းဆောင်သည် စိတ်ရှုပ်ထွေးသွားပါသည် “ဒီကောင်တွေပြောသမျှ စကားလုံးတိုင်းကို ငါသိတယ်…ဒါပေမဲ့ အဓိပ္ပါယ်ကို ငါဘာလို့ နားမလည်တာလဲ…ငါဘာများ မကြားလိုက်လို့လဲ…ဒါမှမဟုတ် ဒီကောင်တွေ ရူးနေပြီလား” ဟု အဖွဲ့ခေါင်းဆောင်တွေးလိုက်မိတော့သည်။

(ဆက်ရန်…)

All Chapters