မီးတောက်ဦးချိုမျိုးနွယ်စု
Vol. 25 Ch. 371
ကွမ်းယီ စိတ်ဆိုးနေ၏။ သူဘယ်လောက်စဉ်းစား စဉ်းစား အဖြေထွက်မလာသော ပြဿနာ တစ်ခုကို ကြုံတွေ့ရသည်။ ထို့ပြင် ညကြီးအချိန်မတော်တွင်လည်း လျှောက်သွားနေသော ချာတိတ်တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု သူမျှော်လင့်မထားပေ။
ကွမ်းယီတွင် မျက်နှာများကို မမှတ်မိသော ရောဂါတစ်မျိုးရှိသည်။ သူမှတ်မိသော လူဟူ၍ လက်ချိုးရေ၍ရမည် ဖြစ်ပြီး ထိုသူများမှာ သူ၏ သူငယ်ချင်းအရင်းများ ဖြစ်သည်။ ခွန်အားနှင့် ရာထူးအနေအထားတို့ကြောင့် သူ၏ရောဂါမှာ ပြောပလောက် သောပြစ်ချက်တစ်ခု မဟုတ်တော့ပါ။ သူကလည်း အမဲလိုက်အဖွဲ့ခေါင်းဆောင် ဖြစ်လာရန် စိတ်မဝင်စားပါ။ သူသည် ရာထောင်ချီနေသော မုဆိုးများ၏ မျက်နှာများကို မှတ်မိမည် မဟုတ်ပါ။
လူများက သူ့ကိုနှုတ်ဆက်သောအခါ သူသည် ထိုသူကိုမမှတ်မိသော်လည်း ပြန်နှုတ်ဆက်လိုက်မည် ဖြစ်ပါသည်။ သို့သော် သူ့မျိုးနွယ်စုမှ လူများကိုတော့ ကောင်းမွန်စွာ သိပါသေးသည်။ အပြင်လူတစ်ယောက် ရုပ်ဖျက်လာသည်ဖြစ်စေ၊ မဖျက်ဘဲ လာသည်ဖြစ်စေ သူ့နားရောက်သွားလျှင် ကွမ်းယီက ထိုသူကို သူ့မျိုးနွယ်စုမှ ဟုတ်၊ မဟုတ် ပြောနိုင်ပေသည်။ မျိုးနွယ်စုများတွင် သူတို့ကိုယ်ပိုင်အနံ့များ ရှိပါသည်။ ထို့ကြောင့် လက်သည်းရှည်မျောက်သည် ရှောက်ရွှမ်ကို အနံ့ခံကြည့်ပြီး မီးတောက်ဦးချို မျိုးနွယ်စုကမှန်း သိသွားခြင်း ဖြစ်ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအကြားတွင် ထူးခြားသော ဆက်နွယ်မှုတစ်ခုရှိသည်။ ရှောက်ရွှမ်သည် နတ်စွမ်းအင်မထုတ်သော်လည်း မီးတောက်ဦးချိုမျိုးနွယ်စုဝင်မှန်း သူတို့အလိုလိုသိကြမည် ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောက်ရွှမ်သည် သူ့မျိုးနွယ်စုကမှန်း ကွမ်းယီသိပါသည်။ သို့သော်
မျက်နှာကိုတော့ မမှတ်မိပါ။ ရှောက်ရွှမ်သည် အမိန့်မနာခံဘဲ ညဘက်တွက် အပြင်ခိုးထွက်လာသည်ဟုသည ထင်သွားသည်။ ထိုချာတိတ်လေးကို အပြစ်ပေးရမည်။ သင်ခန်းစားကောင်းကောင်းမရသေးဘူးဆိုပါက သူ့ကို ကွမ်းယီကိုယ်တိုင် အပြစ်ပေးရမည်။
“မင်းတို့ လူငယ်တွေက ကိုယ့်ကိုယ်ကိုယ် တခြားလူတွေထက် သာတယ်လို့ ထင်နေကြတာပဲ…တောအုပ်ထဲမှာ သားရဲတွေ ဘယ်လောက်ရှိလဲ မင်းသိလား…ငါတောင် ကြောက်ရတဲ့ သားရဲတွေရှိနေတာ မင်းသိလား…အမဲလိုက်အဖွဲ့ဆိုတာ ဘာလုပ်ဖို့ ဖွဲ့ထားလဲ မင်းသိရဲ့လား…ဘာလို့လဲဆိုတော့ ဘယ်သူမှ တောထဲမှာ တစ်ယောက်တည်း အမဲလိုက်လို့ မရလို့ပဲကွ…မင်းကိုယ်မင်း သုန့်ကန်း ထက်တော်တယ်လို့ ထင်နေတာလား…မင်းဆိုတာ အဲဒီအဆင့်တောင်မရှိဘူးကွ…ကိုယ့်ကိုယ်ကို ဝူကျဲ့…ထောင်ကျန်း…ကျွေ့တို့ထက် တော်တယ်လို့ထင်နေတာလား…”
ပြောနေရင်းဖြင့် ကွမ်းယီသည် ရှောက်ရွှမ်
မျက်နှာကို ကြည့်လိုက်သည်။ ဦးလေးကြီးက သူ့ကိုကြည့်နေကြောင်းသိသောအခါ ရှောက်ရွှမ်သည် သုန့်ကန်းဆိုတာ ဘယ်သူမှန်း မသိသော်လည်း လေးစားသည့်အမူအရာ လုပ်ပြလိုက်ရသည်။ သူပြောနေသော ဝူကျဲ့…ထောင်ကျန်း…ကျွေ့ ဆိုသူတွေကိုလည်း ရှောက်ရွှမ်မသိပါ။ အတွေ့အကြုံများအရ သင်ခန်းစားပေးနေသည်ကို ကောင်းကောင်း နားထောင်လိုက်ခြင်းက အကောင်းဆုံးဖြစ်မည်ဆိုတာ ရှောက်ရွှမ် သိနေပါသည်။
ကွမ်းယီပြောသော နာမည်များသည် မျိုးနွယ်စုထဲမှ လူများဖြစ်၍သည် ရှောက်ရွှမ်က ထိုနာမည်များကို မှတ်မိနေခြင်းဖြစ်သည်။
ရှောက်ရွှမ်က သူ့စကားများကို တလေးတစားနားထောင်နေသည်ကို တွေ့သောအခါ ကွမ်းယီကျေနပ်သွားသည်။ သို့သော် သင်ခန်းစာပို့ချနေသည်ကိုတော့ မရပ်သေးပေ။
“မင်းတို့ကောင်တွေက ကိုယ့်ကိုယ်ကို အထင်ကြီး
တယ်…ဥာဏ်မရှိဘူး…အမိန့်မနာခံဘူး…သားရဲလေး နည်းနည်းလောက်ဖမ်းပြီး တာနဲ့ မင်းတို့ကို မင်းတို့တောဘုရင်များ မှတ်နေလား…တောင်ခြင်္သေ့ကြီတွေ၊ ဝက်ဝံကြီးတွေနဲ့ တိုးရင် မင်းဘယ်လိုလုပ်မလဲ…အဲဒီလို စွန့်စားရအောင် မင်းမှာ အသက်အပိုပါနေလို့လားကွ…သားရဲလေးတစ်ကောင်တောင် မင်းကို သတ်နိုင်တယ်…ထိုက်ဟယ်မျိုးနွယ်စုကို ဒုက္ခပေးသွားတဲ့ လက်သည်းရှည်မျောက်ကို သိတယ်မဟုတ်လား…အေး…အဲဒီလိုအကောင်လေးတစ်ကောင်လောက်နဲ့ပဲ တွေ့ဦး…မင်းဒုက္ခရောက်သွားမယ်”
ရှောက်ရွှမ်သည် လက်သည်းရှည်မျောက်ဟူသော စကားကို မကြားခင်အချိန်အထိ ကွမ်းယီ၏ သင်ခန်းစာပို့ချချက်များကို ကောင်းစွာ နားထောင်နေပါသည်။ ရှောက်ရွှမ်သည် သူဖမ်းမိခဲ့သော လက်သည်းရှည်မျောက်ကို အမှတ်ရသွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကွမ်းယီက မျက်လုံးသေကြီးများဖြင့်စိုက်ကြည့်ပြီး “မင်းက ငါ့ကိုတောင် ပြန်ခံပြောတော့မလို့လား” ဟုပြောလိုက်သဖြင့် သူပါးစပ်ပိတ်ထားလိုက်ရ
သည်။
ထိုအခါ ရှောက်ရွှမ်သည် ပါးစပ်ပိတ်ထားပြီ အလေးအနက် နားထောင်နေသည့် အသွင်ဆောင်လိုက်ရသည်။
ကွမ်းယီလည်း စိတ်ကျေနပ်သွားပြီ ရှောက်ရွှမ်၏ တကိုယ်ကောင်းဆန်ပုံ၊ စည်းကမ်းချိုးဖောက်ပုံများနှင့် ပတ်သက်ပြီး သင်ခန်းစာ ဆက်လက်ပို့ချလေသည်။
ရှောက်ရွှမ်သည် ကွမ်းယီနောက် ခြေနှစ်လှမ်းအကွာမှ လိုက်လာပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စု၏ ဒုတိယမြောက်ခံစစ်ကြောင်းမှာ သစ်သား၊ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော တံတိုင်းတစ်ခုဖြစ်ပါသည်။ ဝင်ပေါက်တွင် အစောင့်များက စောင့်ကြပ်နေကြသည်။
ကွမ်းယီနောက်မှ သူစိမ်းတစ်ယောက်ပါလာ
သဖြင့် အစောင့်များက သိချင်ကြသော်လည်း ကွမ်းယီက ဘာမှမပြောသောကြောင့် မမေးရဲကြပါ။
သူတို့သည် ကွမ်းယီနှင့် ရှောက်ရွှမ်တို့ သူတို့ စကားသံများကို မကြားလောက်သော နေရာရောက်မှ ပြောကြသည်။
“ကွမ်းယီခေါ်လာတာ ဘယ်သူလဲ” တစ်ယောက်က မေးလိုက်သည်။
“ငါလည်း သေချာမသိဘူး…ဒါပေမဲ့ ကွမ်းယီခေါ်လာတာဆိုတော့ ငါတို့ စိုးရိမ်နေစရာ မလိုလောက်ပါဘူး…” ကွမ်းယီသည် မျက်နှာများကို မမှတ်မိသည့် ရောဂါဖြစ်နေသော်လည်း မျိုးနွယ်စုကို ဒုက္ခပေးမည့်လူကိုတော့ တစ်ခါမှ ခေါ်မလာခဲ့ဘူးပါ။
ရှောက်ရွှမ်သည် ကွမ်းယီပြောသည်ကို နားထောင်နေသလို ဘေးပတ်ဝန်းကျင်ကိုလည်း ကြည့်ရှု့လေ့လာနေပါသည်။ ရှောက်ရွှမ်သည် မီးတောက်ဦးချိုမျိုးနွယ်စုကို ဤကဲ့သို့ လွယ်လွယ်တွေ့လိမ့်မည်ဟု ထင်မထားပါ။
ယခုမျိုးနွယ်စုနှင့် သူသိထားသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နေရာချထားပုံခြင်း သိပ်မကွာပါ။ မျိုးနွယ်စု၏ အလယ်ဗဟိုသည် တောင်တစ်လုံး ဖြစ်ပါသည်။ ယခုမျိုးနွယ်စု၏ အလယ်ဗဟိုကတော့ တောင်ကုန်းတစ်ခု ဖြစ်ပါသည်။ လယ်ယာမြေကတော့ အနည်းငယ်သာရှိပြီး လယ်ကွင်းများမှာ နယ်စပ်နားတွင် ရှိပါသည်။ ကောက်ပဲသီးနှံလည်း များများစားစားမစိုက်ကြပါ။ သင်ယူရလွယ်ကူသော တိရစ္ဆာန် အနည်းငယ်ကို မွေးထားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမဲလိုက်ခြင်းကိုသာ အားထားလုပ်ကိုင်ကြပါသည်။
သို့သော် ကြေးလက်နက်များနှင့် အဝတ်အစားများကို ကြည့်လျှင် သူတို့သည် ပြင်ကကမ္ဘာနှင့် ကုန်ဖလှယ်မှု ပြုလုပ်ကြောင်း သိနိုင်ပါသည်။
အားလုံးအဆင်ပြေသည်ကို မြင်ရသောအခါ ရှောက်ရွှမ် စိတ်သက်သာရာရသွားသည်။
မကြာခင်တွင် နေဝင်တော့မည် ဖြစ်ပြီး
မိသားစု အတော်များများသည် ညစာစားနေ ကြသည်။ အပြင်တွင် လျှောက်သွားနေသော လူသိပ်မရှိတော့ပါ။ အပြင်တွင် ရှိနေသော လူများသည် ရွာထဲရောက်လာသော လူသစ်အကြောင်းကို သိချင်ကြသော်လည်း ကွမ်းယီကိုတွေ့သဖြင့် မေးခွန်းများကို မျိုသိပ်ထားလိုက်ရသည်။ ရှောက်ရွှမ်ကို တောင်ကုန်းပေါ်မှ မိသားစုတစ်စုစုမှ လူဟု ထင်လိုက်ကသည်။ မျိုးနွယ်စုထဲတွင် လူပေါင်းများစွာ ရှိသဖြင့် သူတို့သည် ကိုယ့်နေသော နေရာနားလောက်မှ လူများကိုသာ သိကြပါသည်။
ရှည်လျားစွာ သင်ခန်းစာ ပို့ချပြီးမှ ကွမ်းယီသည် ရှောက်ရွှမ်ကို နာမည်မေးရန် သတိရသွားသည် “မင်းနာမည် ဘယ်လိုခေါ်လဲ”။
ရှောက်ရွှမ်အနည်းငယ်တုန်လှုပ်သွားသော်လည်း လေးစားစွာဖြင့် “ကျွန်တော့်နာမည် ရှောက်ရွှမ်ပါ” ဟုဖြေလိုက်သည်။
ကွမ်းယီသည် တစ်စုံတယောက်နာမည်ကို ပြန်စဉ်းစားနေဟန်ဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်
သည်။ ထို့နောက် “မင်းကို” ဟုပြောလိုက်လေသည်။
ရှောက်ရွှမ် နှုတ်ဆိတ်သွားသည်။ “ခင်ဗျားဘယ်သူ့ကိုပြောနေတာလဲ…လူမှားနေပြီထင်တယ်”
“တကယ်တော့…ကျွန်တော်က…” ရှောက်ရွှမ် စကားမဆုံးမီ ကွမ်းယီက ဖြတ်ပြောလိုက်သည်။
“ကောင်းပြီ…ပြန်လို့ရပြီ…နောက်တစ်ခါ ပြန်ထွက်မယ်စိတ်မကူးနဲ့နော်…ငါမင်းကို စောင့်ကြည့်နေမှာ…” ကွမ်းယီသည် စိတ်သိပ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။ သူ့ပုံစံကို ကြည့်ရသည်မှာ “တော်တော်အဓိပ္ပါယ်မရှိတဲ့ ကိစ္စတွေပဲ” ဟုပြောနေသယောင်ယောင်။
ကွမ်းယီ၏ နားလည်မှုလွဲခြင်းသည် ကြာလျှင် ပိုဆိုးလာလေ ဖြစ်လာသည်။ ရှောက်ရွှမ်လည်း ဘာပြောရမှန်းမသိ ဖြစ်နေပါသည်။ ထိုသို့နားလည်မှုလွဲပြီးနောက် ဘာတွေဆက်ဖြစ်လာမလဲ ရှောက်ရွှမ်သိချင်နေသည်။
ကွမ်းယီသည် သူ့ကို ဘယ်သူနှင့်မှားသွားလဲတော့ ရှောက်ရွှမ်မသိပါ။ သို့သော် အခြားလူများ၏ ကွမ်းယီအပေါ်ဆက်ဆံပုံကို ကြည့်လျှင် ထိုလူကြီးမှာ မျိုးနွယ်စုထဲတွင် အရေးပါသော လူဖြစ်ရမည်ဆိုတာ သူသိလိုက်သည်။
ကွမ်းယီက ရှောက်ရွှမ်ကို အိမ်တစ်လုံးဆီသို့ ခေါ်လာသည်။ သူသည် လူများ၏ မျက်နှာများကို မမှတ်မိသော်လည်း ထိုသူများ၏ နေအိမ်များကိုတော့ မှတ်မိပါသည်။
“ကဲ…သွားတော့…ပြန်ထွက်မယ် စိတ်မကူးနဲ့နော်” ကွမ်းယီက အိမ်တစ်လုံးကို မေးငေါ့ပြလိုက်ရင်း ပြောလိုက်သည်။
အိမ်တံခါးပေါက်မှာ ပွင့်နေပါသည်။ ရှောက်ရွှမ်သည် ခေါင်းကုတ်ရင်း အိမ်တံခါးဝသို့ လျှောက်သွားသည်။ ပိုင်ရှင်များကို နှုတ်ဆက်လိုက်လျှင် ကောင်းမလား သူတွေးနေသည်။
ရှောက်ရွှမ်သည် တံခါးပွင့်လာသံ ကိုကြားလိုက်ရပါသည်။
ပြတင်းပေါက်တစ်ခု ပွင့်လာပြီး အထဲတွင်ရှိသော လူများသည် ကွမ်းယီကို တွေ့သွားသည်။ တံခါးနောက်တွင်ရပ်နေသော ရှောက်ရွှမ်ကို သူတို့မတွေ့ရပါ။
ကွမ်းယီသည် ပြတင်းပေါက်တွင် ပေါ်လာသူကို လက်ညှိုးထိုးရင်း ထိုသူ၏ နာမည်ကို စဉ်းစားနေသည် “မင်းက…”။
“ကျွန်တော် ကျောက်မင်လေ ဦးလေး ကွမ်းယီ…ဦးလေး ဒီကို ဘာလာလုပ်တာလဲ” ထိုသူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ ကွမ်းယီကို မျိုးနွယ်စု ထဲမှ လူများအားလုံးက သိထားကြသည်။ တချို့လူငယ်များက ကွမ်းယီကို စံနမူနာထား၍ အားကျကြသည်။ ကျောက်မင်သည် ပြတင်းပေါက်မှ ခုန်ထွက်ရန် လုပ်လိုက်ပြီးမှ ရွှံ့များပေနေသာ သူ့အဝတ်အစားများကို သတိရသွားသည်။ သူဒီလိုပုံစံနှင့် အပြင်ထွက်သွားပါက
ကျိန်းသေပေါက် အဆူခံရမည် ဖြစ်သည်။
“အာ…ဟုတ်တယ်…ကျောက်မင်…ကဲ…ကျောက်မင်…မင်းအကိုကို ငါပြန်ခေါ်လာတယ်…ဒီကောင့်ကို သေချာ ဂရုစိုက်ဦး…အပြင်တွေ လျှောက်မသွားစေနဲ့…” ကွမ်းယီက ထိုကဲ့သို့ ပြောပြီး တောင်ကုန်းပေါ်သို့ တက်သွားပါသည်။
ကျောက်မင်သည် ကွမ်းယီပြောသွားသောစကားများကို နားမလည်နိုင်ဖြစ်သွားသည်။ သူ့အကိုသည် အမဲလိုက်ထွက်ရာမှ ပြန်လာတာ မကြာသေးပါ။ အခုဆိုလျှင် သူ့အဖော်များနှင့် အောင်ပွဲခံနေလောက်ပြီ။ ဘာကြောင့် လျှောက်သွားနေရမည်နည်း။
ကျောက်မင်သည် သူကိုင်ထားသော ပစ္စည်းများကို အောက်ချလိုက်ပြီး အခန်းအပြင်ထွက်သွားသည်။ ကွမ်းယီခေါ်ဆောင်လာသည့် သူ့အကိုဆိုသောသူကို မေးခွန်းထုတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“အကို…မင်းသူငယ်ချင်းတွေနဲ…”
ကျောက်မင်သည် အခန်းထဲမှ ထွက်သွားသောအခါ လူစိမ်းတစ်ယောက်က သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မင်းဘယ်သူလဲ…” ကျောက်မင်လည်း သတိဝင်သွားပြီး ရှောက်ရွှမ်ကို မေးလိုက်သည်။
“ကျွန်တော်လား…ကျွန်တော်က မီးတောက်ဦးချိုမျိုးနွယ်စုကပါ”
(ဆက်ရန်…)