အစစ်လော အတုလော
Vol. 25 Ch. 373
လေချွန်သံကြားသောသူများသည် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။။ ထိုကဲ့သို့ အရေးပေါ်အခြေအနေမျိုးကို ကြုံတွေ့နေကျ ဖြစ်သဖြင့် လျင်မြန်စွာ လှုပ်ရှားနိုင်ကြခြင်း ဖြစ်သည်။ စဉ်းစားနေရန် အချိန်မရှိပါ။ တခဏချင်းအတွင်း ထိုနေရာတွင် ကစားနေသော ကလေးများအပါအဝင် ကျန်သူများအားလုံးထွက်ခွာသွားကြသည်။
သို့သော် ပြဿနာမှာ မြန်မြန်ပဲ အဆုံးသတ်သွားသည်။ တခြားလူများ ဘာမှ မလှုပ်ရှားရသေးခင် ပြဿနာမှာ ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။
သူတို့သည် ဒိုင်နိုဆောကြီးကို ကြည့်နေကြသည်။ ဒိုင်နိုဆောကြီး၏ ဦးခေါင်းမှာ မြေကြီးထဲသို့ နစ်ဝင်နေပါသည်။ ထို့နောက် ဒိုင်နိုဆောကြီးရှေ့တွင် မတ်တပ်ရပ်နေသူကို ကြည့်လိုက်ကြ
သည်။ ထိုအခါ သူတို့အားလုံး တစ်ယောက်မျက်တစ်ယောက် လှမ်းကြည့်လိုက်မိကြသည်။
“အဲဒါဘယ်သူလဲဟ”
နောက်ဆုံးတွင် အဆင့်မြင့်သော် စစ်သည်တော်များက ရှေ့သို့ ထွက်လာခဲ့သည်။ သူတို့သည် ရှောက်ရွှမ်နားကို သတိနှင့် ချဉ်းကပ်လာပြီး “မင်း…”
ရှောက်ရွှမ် ဒီဘက်လှည့်လိုက်သောအခါ သူတို့သည် ရှောက်ရွှမ်ကို မသိကြောင်း သေချာသွားသည်။ သို့သော် မနေ့က ကင်းလှည့်ခဲ့သောသူများက ရှောက်ရွှမ်ကို ကြည့်ပြီး “မနေ့က ကွမ်းယီခေါ်လာတဲ့ ကောင်လေးမဟုတ်လား” ဟုပြောလိုက်သည်။
ထိုအချိန်တွင် ခြံစည်းရိုးနားကို လူ၂ယောက် ရောက်လာသည်။
“ဘာဖြစ်တာလဲ” တစ်ယောက်က မေးလိုက်
သည်။
ထို၂ယောက်ကို မြင်သောအခါ လူအုပ်ကြီး၏ အပြုအမူပြောင်းလဲသွားပြီး စကားကို သတိနှင့် ပြောဆိုကြလေသည်။ လူအုပ်ထဲမှ တစ်ယောက်က အဖြစ်အပျက်ကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ထောင်ကျန်း ဒီနေ့စိတ်မကြည်ပေ။ မနေ့က အကြီးအကဲ၏ အိမ်တွင် အလွန်စိတ်ရှုပ်စရာကောင်းသော အစည်းအဝေးတစ်ခုကို တက်ခဲ့ရသည်။ ဒီနေ့တော့ ရွာပြင်ထွက်ပြီး မဲလိုက်မည်ဟု စီစဉ်ထားပြီး ထွက်လာခဲ့သည်။ လမ်းတွင် ကျွေ့နှင့်တွေ့သောအခါ ထောင်ကျန်း တစ်ယောက် စိတ်ပိုညစ်သွားသည်။ ကျွေ့သည် ခန့်မှန်း၍ မရသောသူဖြစ်ပြီး သူနှင့်အတူအမဲလိုက်ထွက်ရပါက ဒုက္ခရောက်သွားမည် ဖြစ်သည်။ သူတို့သည် ရွာပြင်ကို မထွက်မီ လှုပ်ရှားနေသော အသံဗလံများကို ကြားနေရပါသည်။
အခြေအနေကို နားလည်သွားသောအခါ သူ
သိပ်စဉ်းစားမနေတော့ပါ။ ထိုအဖြစ်မျိုးသည် ဖြစ်နေကျပင်ဖြစ်သည်။ ထိုကဲ့သို့ သတ္တဝါမျိုးကို ထိန်းသိမ်းထားရန် လုံလောက်သော စနစ်များရှိပါသည်။ ထို့နောက် ထောင်ကျန်းသည် ဒိုင်နိုဆောကြီးနှင့် လူစိမ်းကို ကြည့်လိုက်ပါသည်။ သူပထမဆုံးစဉ်းမိသည်မှာ “ ငါဒီလူကို မမြင်ဖူးပါဘူး…သူက ငါတို့မျိုးနွယ်စုကပဲဆိုပါလား…အထင်ကြီးစရာပဲ”ဟု ဖြစ်သည်။
ထို့နောက် “အောင်မယ်လေး” ဟုအော်လိုက်မိပါသည်။
ဟုတ်ပါသည် ထောင်ကျန်း စကားစမပြောရသေးမီ သူ့ဘေးတွင် ရပ်နေသော ကျွေ့က ပျောက်ကွယ်သွားသည်။
ကျွေ့သည် ရန်ဖြစ်ရတာကို ကြိုက်နှစ်သက်သော လူစားမျိုးဖြစ်ကြောင်း မျိုးနွယ်စုထဲမှ လူအားလုံးက သိထားကြသည်။ မျိုးနွယ်စုထဲမှ စစ်သည်တော်တစ်ယောက်က ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ပါက ကျွေ့သည် ထိုသူနှင့် စကား
သွးပြောလေ့ရှိသည်။ အခုတော့ ဒိုင်နိုဆောတစ်ကောင်ကို မြေပြင်ပေါ်ကိုင်ပေါက်နိုင်သည့်သူကို တွေ့လိုက်ရသဖြင့် ကျွေ့စိတ်များလှုပ်ရှားနေသည်။
သူ့ကိုယ်ထဲတွင် နတ်စွမ်းအင်များနိုးထလာသောအခါ သူ့ကိုယ်သူ ယုံကြည်မှုများ ပိုမိုတိုးပွားလာခဲ့သည်။ ရှောက်ရွှမ်နှင့်ကျန်သူများသည် အဆင့်မြင်စစ်သည်တော်တစ်ယောက်၏ နတ်စွမ်းအင်များကို ခံစားလိုက်ရသည်။ ကျွေ့သည် သားရဲတစ်ကောင်ကို တွေ့လိုက်သကဲ့သို့ ရှောက်ရွှမ်ဆီကို လျင်မြန်စွာ ပြေးဝင်သွားသည်။ အနားတွင်ရှိသော လူများရှဲသွားပြီး သူနှင့် သူ့ပစ်မှတ်သာ ကျန်ပါတော့သည်။
ထို့ကြောင့် လူအများစုက ကျွေ့နှင့် အမဲမလိုက်ချင်ကြခြင်း ဖြစ်သည်။ အပြောင်းအလဲမြန်လွန်းသော ကျွေ့လိုလူနှင့် အမဲလိုက်ရသည်မှာ မလွယ်ကူပါ။
အခြေအနေကို ရှင်းပြနေသော လူစကားပြော
လို့မပြီးခင်မှာပင် ကျွေ့က ပြေးထွက်သွားခြင်းဖြစ်သည်။
သူတို့နားတွင်ရှိသော စစ်သည်တော်များကတော့ ရပ်ကြည့်နေကြသည်။ တားရန်လည်း နောက်ကျနေပြီ ဖြစ်သဖြင့် ဘာမှ ပြောမနေကြတော့ပါ။
အခြားလူကို ဘယ်သူမှန်းမသိကြသော်လည်း ကျွေ့ကိုတော့ အားလုံးက သိကြပါသည်။ ကျွေ့ကိုတားဆီးရန် မလွယ်ကူပါ။ ကျွေ့သည် သားရဲတစ်ကောင်၏ သွေးကိုသောက်ထားသော လူတစ်ယောက်လို ဖြစ်နေပါသည်။ အကြီးအကဲနှင့် ခေါင်းဆောင်များ ရောက်လာမှသာ သူ့ကို တားနိုင်မည် ဖြစ်သည်။ အခုတော့ သူတို့အားလုံး ဒီအတိုင်းကြည့်နေရရုံသာ တတ်နိုင်တော့သည်။
တစ်ခုခုတော့ ဖြစ်တော့မည်။
အားလုံး၏ စိတ်ထဲ ထိုသို့တွေးလိုက်မိကြသည်။ ရန်ပွဲတွင် ဘယ်သူ့အိမ် ထိခိုက်ပျက်စီးမလဲ
စဉ်းစားကြည့်နေကြသည်။
လူများသည် လူစိမ်းကို သနားနေကြသည်။ ထိုလူမှာ ဒိုင်နိုဆောလေးတစ်ကောင်ကို တိုက်ခိုက်မိရုံနှင့် ကျွေ့၏ ငြိုးခြင်းကိုခံရရှာသည်။
ရုတ်တရက် တိုက်ခိုက်လာမှုကို ရှောက်ရွှမ်က မရှောင်ပါ။ ကျွေ့လှုပ်ရှားလိုက်သော အချိန်အတွင်းမှာ ရှောက်ရွှမ်ဆီမှ ပြင်းထန်သော အားလှိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။ မနေ့ညက ရှောက်ရွှမ်မျက်နှာပေါ်တွင် အမှတ်အသားများရေးရေးလေးသာ ပေါ်ခြင်းမှာ ရှောက်ရွှမ်က အားနည်းနည်းသာ ထုတ်သုံးသောကြောင့် ဖြစ်သည်။ အခုတော့ အတွင်းအားအကုန်လုံးကို ထုတ်လိုက်သောကြောင့် နတ်စွမ်းအင်များသည် သူ့ကိုယ်ထဲတွင် ချော်ရည်များလို စီးဆင်းနေကြသည်။ သူ့နားတွင် လေကလည်း တဟူးဟူးတိုက်ခတ်နေသည်။ ကျွေ့၏လက်သီးက သူ့ဆီသို့ဝင်လာသောအခါ သူ့လက်ဝါးကို ဆန့်ထုတ်လိုက်သည်။ ရှောက်ရွှမ်အဆင်သင့်ဖြစ်ပါပြီ။
အဆင်မြင့်မျိုးနွယ်စု စစ်သည်တော်တစ်ယောက်လား။
ခြံစည်းရိုးနားတွင်ရှိနေသော ထောင်ကျန်း အံ့ဩသွားသည်။ သူ့ရှေ့တွင်ရောက်နေသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စု နတ်အမှတ်အသားများနှင့် အဆင့်မြင့် စစ်သည်တော်တစ်ယောက် ဖြစ်ပါသည်။ ထိုသူကိုတွေ့သောအခါ မနေ့က အကြီးအကဲက သူတို့ကို ဆင့်ခေါ်သော ကိစ္စကို သူပြန်မှတ်မိသွားသည်။ ထိုလူငယ်သည်…
“ဗုန်း…”
လက်သီးနှင့်လက်ဝါးတို့ ထိခိုက်မိပြီး နားကွဲလုမတတ် အသံကြီးထွက်ပေါ်လာ ပါသည်။ ထိုနားတွင်ရှိသော လူများ၏ ခန္ဓာကိုယ်များပင် တုန်ခါသွားကြသည်။
ရှောက်ရွှမ်သည် လက်သီးချက်ကို မရှောင်တိမ်းဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ကျောက်တုံးတစ်တုံးကို ကျောက်တုံးတစ်တုံးနှင့်
ပြန်တိုက်ခိုက်သလိုပင်။
ထောင်ကျန်း ၏မျက်လုံးများ အရောင်လက်သွားသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အမဲလိုက်သည့်အခါ၊သူစိမ်းများနှင့် တိုက်ခိုက်သည့်အခါများတွင် အခြားနည်းစနစ်များကို အသုံးပြုကြသော်လည်း အချင်းချင်း ယှဉ်ပြိုင်ကြသည့်အခါ ခွန်အား၊အမြန်နှုန်း၊ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုစသည်တို့ကို အခြေခံ၍ ယှဉ်ပြိုင်လေ့ရှိသည်။ သို့သော် မျိုးနွယ်စုထဲတွင် ကျွေ့ကို ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်ရဲသူ သိပ်မရှိပါ။ ထိုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်နိုင်သူများကို ထောင်ကျန်း သိပါသည်။ သို့သော် အခုလူကိုတော့ မသိပါ။
ရှောက်ရွှမ်၏ ကြွက်သားများ အနည်းငယ် ဒဏ်ရာရသွားသည်။ တခဏချင်းအတွင်း သူ့ကိုယ်ထဲမှ စွမ်းအင်များ ထွက်လာသည်။ ရှောက်ရွှမ်သည် ပြင်းထန်သောတိုက်ခိုက်မှုကို ရှောင်တိမ်း
ရန်မလိုပါ။
ရှောက်ရွှမ်အတွက်တော့ အခုတိုက်ခိုက်မှုသည် သာမန်အမဲလိုက်ခြင်းမဟုတ်ပါ။ အခုတိုက်ခိုက်ခြင်းသည် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ပထမဆုံး ထိတွေ့ဖူးခြင်း ဖြစ်သဖြင့် ရှောက်ရွှမ်သည် စိတ်လှုပ်ရှားခြင်းကို မနည်းဖုံးကွယ်ထားရသည်။ ထိုလူများ၏ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ပုံကို ရှောက်ရွှမ်သိချင်သည်။ မီးမျိုးစေ့မရှိဘဲ စွမ်းအင်ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုများ လုပ်သလဲ။ မေးခွန်းများစွာအတွက် အဖြေမှာ တိုက်ပွဲတစ်ပွဲထဲနှင့် ပေါ်လွင်သွားပါသည်။ သူ့ကိုယ်ထဲမှ ဟိန်းဟောက်နေသော နတ်ရုပ်ကလည်း သူ့လိုပင် စိတ်လှုပ်ရှားနေပါသည်။
နှစ်ပေါင်း ၁၀၀၀လောက်ရှိခဲ့ပြီ ဖြစ်သည်။
ကျန်သူများအမြင်တွင်တော့ သူတို့၏ တိုက်ခိုက်မှုမှာ ကျောက်တုံးကြီး၂တုံး ၁ခုနှင့်၁ခု ဝင်တိုက်မိသလို ဖြစ်နေပါသည်။ ဘယ်သူနိုင်မည် ပြောရန် ခက်ခဲပါသည်။
“ဖောက်…ဖောက်…ဖောက်ဂ
ပရိသတ်သည် အရိပ်၂ခုကို ဘယ်သူရှောက်ရွှမ်၊ ဘယ်သူက ကျွေ့ ကွဲပြားအောင် မနည်းခွဲခြားနေရပါသည်။မြေပြင်ပေါ်တွင် ခြေကန်ရာ၊လက်သီးထိုးရာများ တစ်ခုပြီး တစ်ခု ပေါ်လာပါသည်။ တိုက်ပွဲပြီးသောအခါ မြေပြင်ပေါ်တွင် ဖြစ်ပေါ်သွားသော ကျင်းများ၊ချိုင့်များကို တစ်ယောက်ယောက်က ပြန်ဖို့ပစ်ရမည့်သဘော ဖြစ်နေပါသည်။
မြေပြင်မှာလည်း တုန်ခါနေပါသည်။ ဖုန်များ၊ကျောက်ခဲသလဲများနှင့် မြက်ပင်များမှာ လေထဲတွင် ဖွာလန်ကျဲနေပါသည်။
ဖောင်းဟူသော အသံတစ်သံထွက်ပေါ်လာတိုင်း သူတို့၏ ကိုယ်လုံးများ တုန်လှုပ်သွားကြသည်။ ခြံစည်းရိုးကြားမှ ကြည့်နေသော ကျောက်မင်ကတော့ အဖြစ်အပျက်ကို မြင်ပြီး ဘာစကားမှ မပြောနိုင်တော့ပါ။ သူ့အိမ်တွင် တညအိပ်
သွားသောသူမှာ ကျွေ့နှင့် ယှဉ်ပြိုင်နိုင်သော ဖိုက်တာတစ်ယောက်ဖြစ်နေသည် မဟုတ်ပါလား။
ရှောက်ရွှမ်ဆိုတာဘယ်သူလဲ။ ဘာလို့ သူ့နာမည်ကို မကြားဖူးတာလဲ။ အကြီးအကဲနှင့် ခေါင်းဆောင်များက စစ်သည်တော်တွေ လျှို့ဝှက်ပြီးလေ့ကျင့်ပေးနေတာလား။
ဒိုင်နိုဆောပင် မလှုပ်ရှားရဲတော့။ ဒိုင်နိုဆောသည် သူ့ခေါင်းကို မြေကြီးထဲမှ ပြန်ဆွဲထုတ်နိုင်လိုက်ပြီ ဖြစ်သည်။ သို့သော် ရှောက်ရွှမ်နှင့် ကျွေ့တို့၏ ပြင်းထန်လှသော တိုက်ပွဲကို မြင်သောအခါ ၎င်းသည် တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ ဦးခေါင်းကို မြေကြီးထဲ ပြန်ထိုးထည့်လိုက်တော့သည်။
“ရပ်လိုက်ကြစမ်း” မိုးခြိမ်းသံလို ကျယ်လောင်လှသော အသံကြီးတစ်ခုထွက်ပေါ်လာသည်။
“ဖောက်”
လူ၂ယောက် လူစုကွဲသွားကြသည်။
ရှောက်ရွှမ်က နောက်ကို ခြေ၂လှမ်းလောက် ဆုတ်လိုက်သည်။ ကျွေ့ကတော့ နောက်ကို တော်တော်လေး ဆုတ်ပေးလိုက်ရသည်။ ခြေထောက်နှင့် မြက်ပင်များ ပွတ်တိုက်ခြင်းကြောင့် မြက်များဆီမှ ညှော်နံ့များပင် ထွက်လာပါသည်။ သေချာကြည့်ပါက ကျွေ့၏ နွယ်ကြိးများဖြင့် ယက်လုပ်ထားသော လွှာဖိနပ်မှာ မီးခိုးများထွက်နေသည်ကို တွေ့နိုင်ပါသည်။
ရှောက်ရွှမ်သည် သူ့အဝတ်အစားများကို ကြည့်လိုက်မိသည်။ ရှောက်ရွှမ်သည် တောအုပ်ထဲတွင် ချောင်းမြောင်းတိုက်ခိုက်မှုများနှင့် အတော်ကြုံတွေ့ခဲ့ရပါသည်။ ယခုလို ကွင်းပြင်ကျယ်ကျယ်တွင် မတိုက်ခိုင်ရသည်မှာ ကြာသည်ဖြစ်၍ ရှောက်ရွှမ်က အစွမ်းကုန် တိုက်ခိုက်လိုက်ခြင်းဖြစ်ပါသည်။ သူ့နားတွင် တိုက်ခတ်နေသော လေစီးကြောင်းများမှာ ထိန်းချုပ်၍ မရပါ။ လေစီးကြောင်းများက ဓားသွားများလို တိုက်ခတ်နေပါသည်။ ထို့ကြောင့် ရှောက်ရွှမ်၏
အဝတ်အစားများ စုတ်ပြဲသွားခြင်းဖြစ်ပါသည်။ အကုန်လုံးစုတ်ပြဲ မသွားခြင်းအတွက် ကျေးဇူးတင်ရမည်။ မဟုတ်လျှင် လူအများရှေ့တွင် ကိုယ်တုံးလုံးဖြစ်နေမည် မဟုတ်ပါလား။
အခြားလူလည်း ရှောက်ရွှမ်လိုပင် ဖြစ်ပါသည်။ ကျွေ့၏အဝတ်အစားများမှာ ရှောက်ရွှမ်ထက်ပင် အခြေအနေဆိုးပါသည်။
ရှောက်ရွှမ်က အနီးကပ်ကြည့်လိုက်ပါသည်။ ထိုလူ၏ အသက်မှာ ကွမ်းယီလောက်ရှိပြီ ဖြစ်မည်။ သူ့ကို တစ်ယောက်က “အကိုကြီး” ဟုခေါ်လိုက်သံကို ကြားလိုက်ရသဖြင့် ထိုလူသည် အမဲလိုက်အဖွဲ့၏ ခေါင်းဆောင်များ ဖြစ်မလား။
သူသည် ကျွေ့နှင့် ကျန်သူများကို ကြည့်နေသလို ရှောက်ရွှမ်ကိုလည်း ကြည့်ရှုအကဲခတ်နေပါသည်။
ကျွေ့ကနောက်ကို ခြေလှမ်းအတော်များများ ဆုတ်ပေးလိုက်ရပြီး ရှောက်ရွှမ်က ခြေ၂လှမ်းသာ
ဆုတ်ပေးလိုက်ရသည်ကို သူတို့တွေ့လိုက်ရပါသည်။ အဖြေက ရှင်းပါသည်။
ကျွေ့ရှုံးနိမ့်သွားပါပြီ။ သတင်းထူးပင်ဖြစ်သည်။
အခုမှ ရောက်လာသော သောခန်ကတော့ ဘာတွေဖြစ်သွားလဲ မသိလိုက်ပါ။ ကျွေ့နှင့် ထောင်ကျန်းတို့ အမဲလိုက်ထွက်ကြမည်ဆိုတာကိုသာ သူသိထားသည်။ တောင်အောက်သို့ဆင်းလာရင်း ဆူဆူညံညံ အသံများကို ကြားလိုက်ရခြင်းဖြစ်ပါသည်။ ကျွေ့တစ်ယောက် ရန်ဖြစ်နေပြန်ပြီဟု တစ်ယောက်က သူ့ကိုလာပြောသောအခါ သောခန် အကြီးအကျယ် ပေါက်ကွဲပါတော့သည်။
ထိုအကြောင်းများကို ပြန်စဉ်းစားမိသောအခါ သောခန် ဒေါသပြန်ထွက်လာပါသည်။ မနေ့ကတင် သူတို့ကို ဆူလိုက်သည်…အခုရန်ဖြစ်ပြန်ပြီ။
ကျွေ့သည် ထောင်ကျန်းနှင့် အတူရှိနေရမည်
ဖြစ်သည်။ သူသည် ဒိုင်နိုဆောကြီးကို ဖမ်းထားသော နေရာအကြောင်းကို ကောင်းကောင်းသိပါသည်။ သူသည် မွေးမြူရေးခြံထဲသို့ဝင်လာပြီး နာကျင်မှုကြောင့် လက်တစ်ဖက်လိမ်နေသော ကျွေ့ကို စတင်ဆူပူပါတော့သည်။
“မနေ့က ဘာဖြစ်ခဲ့လဲ မေ့သွားတာလား…အကြီးအကဲကို မနေ့က ပေးခဲ့တဲ့ ကတိကို မေ့သွားတာလား…မနေ့က အကြီးအကဲကို ဘာကတိပေးခဲ့လဲ…နောက်ပြီးတော့…”သောခန်၏ တံတွေးများက ကျွေ့မျက်နှာကို စင်သွားသည်။
သောခန်၏ မျက်နှာက တည်တည်ကြီးဖြစ်နေပါသည်။ သူသည်ဆူပူ၍မပြီးသေးပါ။ သူသည် ကျွေ့နှင့် ရန်ဖြစ်သူကို ဆူရန် စလိုက်ပါသည် “ဟေ့ကောင်…မင်း”၊ သို့သော် သူ့ဆူပူသံ ရပ်တန့်သွားပါသည်။
မင်း ဟု တစ်လုံးပြောပြီးသွားသည့်နောက်တွင် အခြားအသံဆက်ထွက်မလာတော့။ သူသည် ရှောက်ရွှမ်ကို ကြည့်ရုံသာ ကြည့်နေလေသည်။ သူ့ကို
ကြည့်ရသည်မှာ အသက်မရှူနိုင်သော လူတစ်ယောက်နှင့် တူနေ၏။ သူ့မျက်နှာကြီးတစ်ခုလုံး နီရဲလာပြီး စကားပင် မပြောနိုင်တော့ပေ။
သူဘာဖြစ်သွားလဲ ဘယ်သူမှ မသိပါ။ ဒေါသထွက်လွန်းသောကြောင့် ထိုကဲ့သို့ ဖြစ်သွားခြင်းလား။
သုန့်ကန်းသည် ရှောက်ရွှမ်ကိုစိုက်ကြည့်နေပါသည်။ ရှောက်ရွှမ်ဆွဲထားသော လည်ဆွဲကို စူးစူးစိုက်စိုက် ကြည့်နေပါသည်။ ခါတိုင်းဆိုလျှင် ထိုဆွဲကြိုးကို အဝတ်များနှင့် ဖုံးအုပ်ထားသောကြောင့် လူမမြင်ပါ။ သို့သော် ကျွေ့နှင့်ဖြစ်ခဲ့သော ရန်ပွဲကြောင့် အဝတ်အစားများ စုတ်ပြဲကုန်ပါသည်။ အလှဆင်ထားသော အရိုးလေးတွင် ပါသော အနီရောင်ဓာတ်လုံးလေးကို သောခန်စိတ်ဝင်စားသွားခြင်း ဖြစ်ပါသည်။
သုန့်ကန်းသည် ထိုဓာတ်လုံးလေးကို မြင်ရမည်ဟု ထင်မထားပါ။ မြင်ရမည့် အရိပ်လက္ခဏာ ဘာမှ မတွေ့ထားသောကြောင့် ဖြစ်ပါသည်။ထို
ဓာတ်လုံးမှာ ဘိုးဘေးများက ကလေးများကို ပြောပြသော ပုံပြင်များထဲတွင်ရှိသည်ဟု သူကြားဖူးခဲ့သည်။ အခုတော့ ထိုဓာတ်လုံးကို သူမြင်နေရပါပြီ။
အတုများလား။
ပုံစံခြင်းတူတာလား။
ဒါမှမဟုတ် အစစ်လား။
ထိုအချိန်တွင် ကျွေ့တို့ရန်ဖြစ်သော ကိစ္စကို သူမေ့သွားပြီဖြစ်သည်။
အခြားလူများအားလုံးကို သတိမရတော့ဘဲ မျက်လုံးများက ရှောက်ရွှမ်ကိုသာ စိုက်ကြည့်နေသည်။ သူ့လက်ကတော့ ခါးတွင် ချိတ်ဆွဲထားသော ဦးချိုတစ်ချောင်းကို ကိုင်ထားသည်။ သောခန်တစ်ယောက် အမဲလိုက်အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးနောက် အခုမှ ထိုဦးချိုကိုစတင်မှုတ်ဖူးခြင်း ဖြစ်သည်။
(ဆက်ရန်…)