← Chapters

ဦးချိုသံ

Vol. 25 Ch. 374

ဦးချိုသံ

Vol. 25 Ch. 374

သုန့်ကန်းသည် သွားလေရာနေရာတိုင်း ထိုဦးချိုကို ယူဆောင်ပါသည်။ လွန်ခဲ့သော နှစ်တစ်ရာလောက်က၊ သေးငယ်သော မျိုးနွယ်စုလေးတစ်ခုသည် ထိုဦးချိုအား သူတို့ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ထိုမျိုးနွယ်စုသည် လက်မှုပညာရပ်ကို အလွန်ကျွမ်းကျင်ပါသည်။ ဦးချိုနှင့် အရိုးများကို အလှဆင်ခြင်းတွင် အထူးကျွမ်းကျင်ကြပါသည်။ ကျွန်ပိုင်ရှင်များတွင်ပင် သောခန်၏ဦးချိုလို ဦးချိုမျိုး မရှိကြပါ။

အမဲလိုက်အဖွဲ့ခေါင်းဆောင်က ထိုဦးချိုကို လက်ဆောင် ရထားခြင်းဖြစ်ပါသည်။ထိုဦးချို၏ အသံမှာ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံနှင့် တူနေသောကြောင့် ထိုဦးချိုကို သူတို့ သိပ်မသုံးကြပါ။ ထိုဦးချိုသံကြားပြီးနောက် သားကောင်များ ရှောင်တိမ်းသွားသည့် အဖြစ်များကို သူတို့ ကြုံတွေ့ခဲ့ရဖူးသည်။

ဦးချိုသည် မကြီးမားသော်လည်း အရည်အသွေး အလွန်ကောင်းပါသည်။ သက်တမ်းမှာ နှစ်၂ရာ ၃ရာလောက်ရှိပြီဖြစ်သော်လည်း အပွန်းအစင်းအနည်းငယ် ရှိသည်မှအပ ကျန်သည့်နေရာများမှာ အကောင်းအတိုင်းပင်။ အမဲလိုက်ခြင်းအတွက် အခြားဝီစီများကိုသာ အသုံးပြုသဖြင့် ထိုဦးချိုကို သိပ်မသုံးမပြုဖြစ်ပါ။ အလွန်အရေးကြီးသော အခြေအနေမျိုးတွင်သာ ထိုဦးချိုကို အသုံးပြုလေ့ရှိပါသည်။

သုန့်ကန်းအမဲလိုက်အဖွဲ့ခေါင်းဆောင် ဖြစ်ပြီးကတည်းက မျိုးနွယ်စုထဲတွင် ပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့ပါ။ ပြဿနာအသေးအမွှားလေးများသာ ဖြစ်ပေါ်လေ့ရှိသဖြင့် ဦးချိုကို မှုတ်ရန် မလိုအပ်ခဲ့ပါ။ အခုတော့ သောခန်သည် ဦးချိုကို လက်ထဲတွင် ကိုင်ထားပါသည်။

“ဝူး…”

လူကြီးလက်ဝါးလောက်ရှိသော ဦးချိုဆီမှ နားကွဲလုမတတ်အော်သံကြီး ထွက်ပေါ်လာပြီး ရွာကလေး၏ ဆိတ်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးလိုက်ပါသည်။

လူအများစုက ရလာသောအမဲများကို ဖျက်ရင်း အလုပ်ရှုပ်နေကြပါသည်။ ဦးချိုမှုတ်သံကြားလိုက်ရသောအခါ အများစုက ဘာဖြစ်မှန်း မသိကြပါ။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို အရင်ခေါင်းဆောင်လက်ထက်က ကြုံဖူးခဲ့ကြသော သက်ကြီးပိုင်း တချို့သာ ဘာဖြစ်မှန်းသိကြပါသည်။

ထိုအသံကို မကြားရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သဖြင့် အများစုက မယုံကြည်ကြဘဲ သူတို့ဘာအမှားများလုပ်မိသလဲ စဉ်းစားနေကြသည်။ သို့သော် အားလုံးကတော့ တည်ငြိမ်လေးနက်သော အသွင်ကို ဆောင်နေကြသည်။ အားလုံး၏ မျက်နှာများမှာ ဖြူဖျော့နေပြီး ခေါ်သံမှာ အထူးဦးချိုမှ ထွက်ပေါ်လာခြင်း ဟုတ်ပါ့မ

လားဟု သံသယ ဝင်နေကြသည်။ ခဏကြာသောအခါ ဦးချိုသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

အရင်တုန်းကဆိုလျှင် ကြီးမားသော ပြဿနာ တစ်ခုခု သို့မဟုတ် လူသတ်မှုကဲ့သို့ အမှုအခင်းများ ဖြစ်ပေါ်သောအခါမှ ထိုဦးချိုကို မှုတ်လေ့ရှိသည်။

လူငယ်စစ်သည်တော်များနှင့် ကလေးများမှာ တုန်လှုပ်သွားကြသည်။ သက်ကြီးပိုင်းများကတော့ သူတို့လုပ်လက်စအလုပ်များကို ပစ်ချထားလိုက်ကြသည်။ အခြားလူများကိုလည်း အလုပ်များရပ်ရန် အော်ပြောလိုက်သည်။ မျိုးနွယ်စုအတွင်း ဘေးအန္တရာယ်တစ်ခုခုပေါ်လာပြီ ဖြစ်လိမ့်မည်။ အရေးကြီးသော ကိစ္စများ ဖြစ်ပေါ်သောအခါမှ ဦးချိုကို မှုတ်လေ့ရှိသည် မဟုတ်ပါလား။ အခြားအကြောင်းအရင်းတော့ သူတို့လည်း တွေးမရပါ။

တောင်မှ မျိုးနွယ်စုအကြီးအကဲ၊နတ်ဆေးဆရာ

မနှင့် ကျန်ခေါင်းဆောင်ပိုင်း လူကြီးများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

“ဘာဖြစ်တာလဲ…သုန့်ကန်းက ဦးချိုကို မှုတ်လိုက်တာလား” အကြီးအကဲက အိမ်ထဲက အိမ်ပြင် ပြေးထွက်လာသော ကျန်းလော် ကိုမေးလိုက်သည်။

“ကျွန်တော်လည်းမသိဘူး…အသံကတော့ တောင်ခြေကလာတာပဲ”

“သွား…”

တချို့က ထမင်းပန်းကန်ကို ချထားပြီး ပြေးထွက်သွားကြသည်။ တချို့က အိမ်သာထဲမှ ပြေးထွက်လာပြီး အကြီးအကဲနောက်ကို ပြေးလိုက်ကြသည်။ နတ်ဆေးဆရာမက အကြီးအကဲနှင့် ဆွေးနွေးနေသည်။ သူမသည် အသက်ကြီးနေပြီ ဖြစ်၍ တောင်ကုန်းပေါ်တွင်သာ နေခဲ့ရန် ဆုံးဖြတ်လိုက်သည်။

လူများ တောင်ကုန်းအောက်သို့ ပြေးဆင်းလာကြသည်။ မတိုက်ခိုက်နိုင်သော ကလေးများနှင့် လူကြီးများက အိမ်ထဲတွင် ပုန်းအောင်းနေကြသည်။ ဆိုးပါသည် ဆိုသော ကလေးများပင် အခုအချိန်တွင် လူကြီးများစကားကို နားမထောင်ဘဲ မနေရဲတော့ပါ။ စစ်သည်တော်များက လက်နက်များကို ကိုင်ဆွဲထားကြသည်။ အချိန်ခဏအတွင်း မျိုးနွယ်စု၏ အခြေအနေမှာ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားသော အခြေအနေ ဖြစ်သွားသည်။

ခြံထဲတွင် မွေးမြူထားသော တိရစ္ဆာန်များပင် တုန်လှုပ်နေကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များလည်း ကြောက်ရွံ့နေကြပါသည်။

အကြီးအကဲ၊ ကွမ်းယီနှင့် ကျန်သူများသည် သောခန်ဆီသို့ အချိန်တိုအတွင်း ရောက်သွားကြသည်။

အခြားမျိုးနွယ်စုတစ်ခုခုက သူတို့ရွာထဲသို့ ကျူးကျော်လာခြင်း သို့မဟုတ် သားရဲကြီး တစ်

ကောင်က ရွာကို ဝင်ဖျက်ဆီးနေခြင်း စသော အဖြစ်မျိုး ဖြစ်နေပြီဟု ထင်သောကြောင့် အားလုံမှာ လျင်မြန်စွာ ရောက်လာြခင်းဖြစ်သည်။ သို့သော် သူတို့ ရောက်သွားသောအခါ ကြောက်စရာသတ္တဝါ တစ်ကောင်မှ မတွေ့ပါ။ မြေကြီးထဲခေါင်းစိုက်နေသော ဒိုင်နိုဆောတစ်ကောင်မှတပါး အခြား သတ္တဝါများကို မတွေ့ရပါ။ဘေးဘီကို ကြည့်လိုက်သောအခါ ကြောက်ရွံ့တုန်လှုပ်ပြီး ဘာဖြစ်နေမှန်းမသိသော လူငယ်လေးများကိုသာ တွေ့လိုက်ရသည်။ ဦးချိုကို အလွန်အရေးကြီးသော ကိစ္စများ ဖြစ်ပေါ်လာမှ မှုတ်ရခြင်းဖြစ်သည်။ အခုတော့ အခြေအနေက သူတို့မျှော်လင့်ထားသလို မဟုတ်ပေ။

“သုန့်ကန်း…ဘာဖြစ်တာလဲ” အကြီးအကဲက ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သုန့်ကန်းကို မေးလိုက်သည်။

အားလုံလည်း ဘာဖြစ်မှန်းမသိ ကြောင်တောင်တောင် ဖြစ်နေကြသည်။ ရွာထဲ ကျူးကျော်ဝင်ရောက်လာ‌သော သားရဲကြီးများ

ကို လိုက်ရှာသော်လည်း ဘာသားရဲမှ မတွေ့ရပါ။ ထို့နောက် အားလုံး၏ အကြည့်များက ကျွေ့နှင့် ထောင်ကျန်းတို့အပေါ် ကျရောက်လာသည်။ သို့သော် သူတို့၂ယောက်ကလဲ ဘာဖြစ်နေမှန်း မသိကြပါ။ သောခန်ဘာလုပ်လိုက်သည်ဆိုတာကို သူတို့မသိသလို သူတို့တစ်သက်တာတွင် ထိုဦးချိုသံကို အခုမှ ကြားဖူးခြင်းဖြစ်သည်။ လူကြီးများပြောပြ၍သာ ဦးချိုရှိမှန်း သိခဲ့ကြခြင်း ဖြစ်ပါသည်။ အမဲလိုက်အဖွဲ့ခေါင်းဆောင် အဖြစ် ထိုဦးချိုကို ဆက်ခံနိုင်ခွင့်ရရေးမှာ သူတို့၏ အိပ်မက် ဖြစ်ပါသည်။ သုန့်ကန်းက ထိုဦးချိုကို မှုတ်လိုက်သည်ကို တွေ့သောအခါ သူတို့၂ယောက်လုံး မျက်လုံးပြူးသွားကြသည်။

သုန့်ကန်းသည် ဦးချိုကိုမှုတ်လိုက်စဉ်က ထိုကဲ့သို့ နားလည်မှုလွဲခြင်းမျိုး ဖြစ်ပေါ်လာမည်ဟု မမျှော်လင့်ထားပါ။ ထိုအချိန်တွင် သူ့စိတ်သည် တခြားအကြောင်းအရင်းများကို မစဉ်းစားနိုင်တော့ပါ။ အကြီးအကဲ၏ အသံကြားမှ သတိပြန်ဝင်လာခြင်းဖြစ်သည်။ သောခန်သည် ဘာစကားမှ မပြောနိုင်ဘဲ မျက်နှာကြီးနီရဲနေကာ တစ်နေရာ

သို့ လက်ညှိုးထိုးပြလေသည်။

အကြီးအကဲ ကျန်းလော်က မျက်မှောင်ကြုံ့ပြီး သောခန် ညွှန်ပြသော နေရာကို ကြည့်လိုက်သောအခါ ထူးခြားသော လူငယ်တစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူငယ်ကို ကြည့်လိုက်ရုံနှင့် မီးတောက်ဦးချိုမျိုးနွယ်စုကမှန်း သူသိလိုက်ပါသည်။ ထိုလူငယ်မှာ သူတို့မျိုးနွယ်စုထဲကပဲ ဖြစ်သည်။ ကျူးကျော်သူမဟုတ်ပါ။ အဖြစ်အပျက်အကြောင်ကို သောခန်ကို မေးမည်ဟု ပြင်လိုက်စဉ်မှာပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်လုံများ ပြူးသွားပြန်သည်။ သူသည် ရှောက်ရွှမ်နားသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး ရှောက်ရွှမ်လည်ပင်းတွင် ဆွဲထားသော အရိုးလည်ဆွဲလေးကို သေချာကြည့်နေပါသည်။

ဓာတ်လုံးလေးကို မြင်ရသောအခါ တည်ငြိမ်နေသော အကြီးအကဲ ကျန်းလော်ပင် အသက်ရှူများ မြန်လာပါတော့သည်။

“မင်း…” ကျန်းလော် ၏ အသံများ တုန်ခါနေ

ပါသည်။

“မင်း…”

ရှောက်ရွှမ်က အလွန်စိတ်လှုပ်ရှားနေသော လူကို ပြုံးပြလိုက်ရင်း “သားရဲတို့ပျော်စံရာမြေက မီးတောက်ဦးချိုမျိုးနွယ်စုကို မှတ်မိသေးလား” ဟုမေးလိုက်သည်

လူအများစုမှာ နားမလည်ကြ။ သားရဲတို့ပျော်စံရာမြေဆိုတာ ဘယ်နားမှာလဲ။ သူတို့နေသော တောအုပ်တွင်လည်း သားရဲများစွာရှိသည်။ သူပြောသော နေရာက ဘယ်နားမှာလဲ။

အကြီးအကဲ ကျန်းလော် ကတော့ စိတ်ရှုပ်ထွေးမသွားပါ။ သူ၏ ထင်မြင်ယူဆချက်များမှာ မှန်နေပြန်ပါသည်။

“မင်း…ငါ့နောက်လိုက်ခဲ့…” ကျန်းလော် သည် အခြားစကားများကို ပြောမနေတာ့ဘဲ ထိုလူကို နတ်ဆေးဆရာမဆီသို့ ခေါ်သွားတော့မည်

ဖြစ်သည်။ သူသည် ခန့်မှန်းချက်များထုတ်ထားသော်လည်း နှစ်တစ်ထောင်လောက်ရှိနေပြီ ဖြစ်သည်။ ထိုအဖြစ်အပျက်မျိုးကို မျိုးဆက်အတော်များများက မကြုံဖူးခဲ့ပါ။ အခုတော့ ထိုမျိုးဆက်များထဲမှ လူတစ်ယောက်ပေါ်ထွက်လာပါပြီ။ မယုံကြည်နိုင်ဖွယ် အဖြစ်အပျက်ပင်။

ကျန်းလော်သည် ကျန်သူများကို အရေးလုပ်မနေတော့ဘဲ ရှောက်ရွှမ်ကို ဆွဲကာ တောင်ပေါ်သို့ တက်လာခဲ့သည်။ အချိန်တိုအတွင်း ၂ယောက်လုံးပျောက်ကွယ်သွားကြသည်။ ကျန်ခဲ့သော လူအုပ်ကြီးကတော့ မေးခွန်းပေါင်း သောင်းခြောက်ထောင်နှင့်ပင်။ အကြီးအကဲနှင့် အမဲလိုက်အဖွဲ့ခေါင်းဆောင်တို့၏ အမူအရာများကို ကြည့်ပြီး သူတို့ စိတ်ရှုပ်သွားကြသည်။ ဘာတွေဖြစ်နေတာလဲ…ဘေးအန္တရာယ်ကျရောက်တော့မှာလား…အိမ်ပဲပြန်ရတော့မှာလား”။

သတိပြန်ဝင်လာသော သုန့်ကန်းသည် ကျန်သူများ၏ မေးခွန်းများကို အရေးမလုပ်တော့ဘဲ အကြီးအကဲနောက်သို့ ပြေးလိုက်သွားပါသည်။ သူ့

တွင် ရှင်းပြရန် အချိန်မရှိပါ။ ထို့ပြင် နတ်ဆေးဆရာမက အတည်မပြုသေးဘဲနှင့် သူရှင်းပြ၍ မဖြစ်ပါ။ အားလုံးကို ပြန်ကြရန်သာ သူပြောနိုင်ပါသည်။ ထို့နောက် သုန့်ကန်းလည်း တောင်ကုန်းပေါ်သို့ ပြေးတက်ခဲ့သည်။

ကျန်သူများက အလှဆင်ထားသော အရိုးလေးကို မသိကြသော်လည်း သောခန်ကတော့ ထိုပစ္စည်းကို ကောင်းကောင်းမှတ်မိနေပါသည်။ သောခန် အမဲလိုက် အဖွဲ့ခေါင်းဆောင် ဖြစ်လာသည့်နေ့က အခမ်းအနားတစ်ခု ပြုလုပ်ပါသည်။ အလှဆင်ထားသော အရိုးများထည့်ထားသည့် သေတ္တာတစ်ခုပေါ်သို့ လက်တစ်ဖက်တင်ကာ သစ္စာဆိုခဲ့ရပါသည်။ ထိုအရိုးများမှာ သူတို့ ဘိုးဘေးများ၏ အရိုးများဖြစ်ကြသည်။ ထိုနှစ်က ထိုအရိုးများအကြောင်းကို သူသိခဲ့ရခြင်း ဖြစ်သည်။

တောင်ကုန်းပေါ်မှ နတ်ဆေးဆရာမက စိတ်ပူနေပါသည်။ အရေးကြီးသော ကိစ္စတစ်ခုခုဖြစ်ပေါ်သလို ခံစားနေရသဖြင့် တခြားလူများကို ကြည့်လိုက်တော့လည်း အားလုံးဘာမှမဖြစ်ကြပါ။

ဘယ်လိုများဖြစ်ကြတာလဲ။

ခြေသံများ ကြားသောအခါ နတ်ဆေးဆရာမသည် မော့ကြည့်လိုက်သည်။ ထိုအခါ ရှောက်ရွှမ်ကို ဆွဲခေါ်လာသော ကျန်းလော်ကိုတွေ့လိုက်ပါသည်။ ကျန်းလော်ကို ထိုကဲ့သို့ စိတ်ပူနေသည့်ပုံစံမျိုးနှင့် သူတစ်ခါမှ မမြင်ဖူးချေ။

“ဘာတွေဖြစ်လာ…” နတ်ဆေးဆရာမသည် သူ့မေးခွန်းကို ဆုံးအောင် မမေးလိုက်ရပါ။ သူ့စကားသံသည် အလှဆင်ထားသောအရိုးကိုမြင်သွားသောအခါ ရပ်တန့်သွားသည်။ ထို့နောက် အံ့ဩစွာဖြင့် “ဘိုးဘေးတွေရဲ့အရိုးလား” ဟုမေးလိုက်သည်။

ကြည့်ရသည်မှာ ဘိုးဘေးတို့ အရိုးနှင့် တူပါသည်။

သူမထိန်းသိမ်းထားသော ဘိုးဘေးအရိုးသုံးချောင်း ရှိပါသည်။ သို့သော် ထိုအရိုးများမှာ အရောင်အဆင်းမရှိတော့ပါ။ ဘိုးဘေးများက သူ

တို့၏ အမူအကျင့်များကို စိတ်ပျက်လာသဖြင့် ထိုအရိုးများကို ထားခဲ့သည်ဟု အရင်တုန်းက နတ်ဆေးဆရာ၊နတ်ဆေးဆရာမများက ဆိုခဲ့ကြသည်။ ထို့ကြောင့်ပင် မနှစ်တုန်းက နတ်ဆေးဆရာ အတော်များများ ထွက်ခွာသွားခဲ့ကြရသည်။ အခုတော့ လိမ္မော်ရောင် ပုတီးစေ့များဆွဲထားသည့် အလှဆင်ထားသည့် အရိုးလေးတစ်ချောင်းကို လည်ပင်းတွင် ဝတ်ဆင်ထားသည်ကိုတွေ့လိုက်ရသည်။ ဒဏ္ဍာရီများထဲတွင် ဖော်ပြထားသော မျိုးနွယ်စုမီးတောက်လို နီရဲနေသည့် မီးလျှံပုတီးစေ့လေးများဖြစ်သည်။

(ဆက်ရန်…)

All Chapters