ပျားရည်ထောင်ချောက်လား
Vol. 6 Ch. 51
နှစ်အကုန်တွင် သူမ ခင်ပွန်းဖြစ်သူက ထောင်ရှစ်နှစ် ကျခံရမည်ဖြစ်ကြောင်း လသော်တာ သိသွားခဲ့တော့ သူမ ရှော့ခ်ရသွားခဲ့သည်။
သူမတွင် နှလုံးသား ရောဂါအခံ မရှိခဲ့၍သာ တော်သေး၏။
မဟုတ်ပါက …
နှလုံး ထဖောက်မှုဖြင့် ဆေးရုံရောက်နေလောက်ချေပြီ။
ဒေါက်တာချန်က အနာဂတ်ကို ခန့်မှန်းနေတာလား … ဒါမှမဟုတ် သူမ နှလုံးရဲ့ ခံနိုင်ရည်စွမ်းအားကို စမ်းသပ်နေတာလား ….
“ ဒေါက်တာချန်ကတော့ ထင်ထားတဲ့အတိုင်းပဲ …. သူ့ လိုက်စထွင်းက ဘယ်တော့မှ ပျင်းမသွားရဘူး ….”
“ အချိုးအကွေ့ အလှည့်အပြောင်းတွေက သောက်ရမ်း ကြက်သီးထစရာ ကောင်းလွန်းတယ် …”
“ ဒီလို ဇာတ်လမ်းမျိုးနဲ့ ဆင်တူတဲ့ ဇာတ်လမ်းမျိုး ရှာမတွေ့လို့ ငါ စာအုပ်စင် ဆယ်ခုကို ဖျက်စီးပစ်လိုက်ပြီ ….”
“ ဒေါက်တာချန် …. ငါ မင်းကို အမှတ်ပြည့်ပေးတယ် ….”
“ ကိစ္စရပ်တွေက ကွာရှင်းလောက်ရတဲ့ အခြေအနေထိ ရောက်နေပြီဆိုတာနဲ့တင် ရှုပ်ထွေးလှပြီ မှတ်တယ် ငါလေး တော်တော် ငယ်သေးပါလားနော်….”
“ ထောင် ရှစ်နှစ်ကြီးများ ကျသွားရလောက်အောင် သူဘာတွေများ လုပ်ခဲ့လို့ပါလိမ့် ….”
“ အတော်လေးကို ကြီးလေးတဲ့ ပြစ်မှုပဲ ဖြစ်ရမယ် ….”
အခြားသူများ၏ လိုက်စထွင်းကို ကြည့်ရှုနေခဲ့ကြသည့် ကြည့်ရှုသူများမှာ သူတို့တွေ တခြားသူများ၏ လိုက်စထွင်းကို ထပ်မကြည့်တော့ပါဟု ဦးညွှတ်လာခဲ့ကြ၏။
ဤကဲ့သို့သော စိတ်ဝင်စားစရာ အတင်းအဖျင်း သတင်းများကို ကြည့်ရှုခံစားရသည်က ဆက်ဆီ စထွင်မာလေးများ၏ ကပြဖျော်ဖြေမှုနှင့်ပင် မလဲနိုင်ပေ။
“ ဒေါက်တာချန် ….. သူ ထောင်ရှစ်နှစ် ကျသွားရလောက်အောင် ကျွန်မ ယောက်ျားက ဘာတွေများ ကျူးလွန်ခဲ့လို့လဲဟင် ….”
လသော်တာ၏ လေသံထဲတွင် စိုးရိမ်ပူပန်မှု၊ ခါးသီးမှုတို့ ပြည့်နှက်နေခဲ့၏။
အသေးစိတ်ကျလှသည့် ရှင်းပြမှုများ အပြီးတွင် သူမသည် ချန်ယွီ့၏ စကားများကို လုံးဝ ယုံကြည်ထားပြီး ဖြစ်သည်။
သူမ ခင်ပွန်းက ဘာကြောင့် ဥပဒေကို ချိုးဖောက်ခဲ့ရတာလဲ …
ပြီးတော့ ဘာကြောင့် အဲ့လို ကြီးလေးတဲ့ ပြစ်ဒဏ်မျိုး စီရင်ချမှတ်ခံရလိုက်လဲဆိုတာကို သိချင်စိတ် ပြင်းပြနေခဲ့သည်။
“ အဲ့တာဆိုရင်တော့ ကျွန်တော်တို့တွေ ခင်များ သူ့ကို ကယ်ဖို့ ရဲဆီ ဖုန်းမဆက်တဲ့ နေရာကနေ စပြောရမယ် …” ချန်ယွီ့ ပြောလိုက်သည်။
“ နှစ်ရက်ဆက်တိုက် အရိုက်နှက်ခံရပြီးတဲ့နောက်မှာ ခင်များယောက်ျားက ကိုယ့်ကိုယ်ကို မာရည်ကျောရည် ရှိတဲ့ ယောက်ျားတစ်ယောက်လို့ ထင်ပြီး ဂုဏ်ယူတယ် …”
“ အဲ့ညမှာ ဆေးဝါးကုမ္ပဏီရဲ့ အမျိုးသမီး အထက်လူကြီးက သူ့ကို လူကိုယ်တိုင် စစ်ဆေးမေးမြန်းဖို့ ရောက်လာခဲ့တယ် ….”
“ နာရီ အနည်းငယ်လောက် ကြာပြီးတဲ့နောက်မှာ ခင်များ ယောက်ျားက သူ့ကိုယ်သူ သတင်းထောက် တစ်ယောက်ပါဆိုတာ ဝန်ခံလိုက်တယ် ..”
“ အဲ့နောက်မှာ ဆေးဝါးအတု ကုမ္ပဏီထဲ စိတ်လိုလက်ရ ပူးပေါင်းသွားခဲ့တော့တာပဲ ….”
“ သတင်းစာတိုက်မှာ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အစွမ်းအစ တစ်ချို့ကို မှီခိုရင်း ခင်များ အမျိုးသားက သူ့အထက်လူကြီး အမျိုးသမီးရဲ့ ယုံကြည်မှုကို ရလာခဲ့တယ် …”
“ လပိုင်းအတွင်းမှာပဲ ဆေးဝါးအတု ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ အမြတ်ငွေကလည်း သိသိသာသာကို ထိုးတက်သွားခဲ့ပြီး ကျေးလက်ဘက်တွေအထိကို သူတို့ရဲ့ ကွန်ယက်တွေ ဖြန့်ကျက်နိုင်ခဲ့တယ် ….”
“ နှစ်ကုန်ပိုင်းမှာ အဲ့ဒီ ဆေးဝါး အတုထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အဖွဲ့ဝင်တစ်ယောက်ရဲ့ မိခင်က သူတို့ထုတ်နေတဲ့ ဆေးဝါးကို သောက်မိပြီး အသက်သေဆုံးသွားခဲ့တယ် … အဲ့ဒီ အချိန်ကျတော့မှပဲ ခင်များ ယောက်ျားလည်း အသိစိတ်ပြန်ဝင်လာခဲ့တယ် ….”
“ သူ ချက်ချင်းပဲ ရဲစခန်းကို ပြေးသွားပြီး သူ့အပြစ်သူ ဝန်ခံတယ် … အဲ့ဒီ ဆေးဝါး အုပ်စုကို ဖျက်စီးဖို့ သူကိုယ်တိုင်ကပဲ ဦးဆောင်ခဲ့တယ် ….”
“ အဲ့တာ တကယ့်အမှုကြီးပဲ … သက်ဆိုင်ရာ ဌာနတွေက တင်းတင်းကြပ်ကြပ်နဲ့ ကိုင်တွယ်ပြီး တရားရုံးတင်၊ စီရင်ချက်ချဖို့ လဝက်လောက် အချိန်ပေးလိုက်ရတယ် ….”
“ ခင်များယောက်ျားက ပူးပေါင်းတာ မကြာသေးဘူးဆိုပေမယ့် သူတို့ အတွက် အရေးကြီး ကိစ္စ တော်တော်များများကို လုပ်ပေးခဲ့တယ် …. သူက ထောင်ရှစ်နှစ် ကျခံရဖို့ တကယ်လည်း တန်တယ် ….”
သူမ ယောက်ျား မည်သို့မည်ပုံ ထောင်ကျသွားမလဲဆိုတာကို ချန်ယွီ့ ချောချောမွေ့မွေ့ပဲ ပြောပြသွားခဲ့သည်။
ထို့နောက် လိုက်စထွင်း ကွန်းမန့်ခန်းထဲသို့ ကြည့်လိုက်၏။
“ ဖက်ခ်ပဲ … BBC တောင် ဒီလို ဇာတ်လမ်းမျိုး ဖန်တီးနိုင်မှာ မဟုတ်ဘူး ….”
“ အပေါ်ကကောင် … မင်း ဘာတွေလာပြောနေတာ … ဒါကို ပုံပြင်ဇာတ်လမ်းလို့ ထင်နေတာလား … ဒါ တကယ့်လက်တွေ့ အမှန်တွေကွ …..”
“ သူ့ယောက်ျားခေါင်းကို မြည်းကန်သွားလို့လားဟယ် …..”
“ အလှလေးက သူ့ကို မြှူဆွယ်လိုက်တာပဲ ဖြစ်မယ် …..”
“ ယုတ္တိရှိတယ် … ယောက်ျားကောင်း အများစုက နှိပ်စက်တာကို ခံနိုင်တယ် … ဒါပေမယ့်လည်း နောက်ဆုံးကျတော့ မိန်းမ စကတ်အောက်မှာ ကျရှုံးသွားရတာချည်းပါပဲ ….”
“ ဒီအမျိုးသမီးရဲ့ ယောက်ျားကို ဒီလောက်ထိ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ရအောင် ဟိုက ဘယ်လောက်တောင်များ ဆိုးရွားတဲ့ကိစ္စတွေ လုပ်ခဲ့လို့ပါလိမ့် ….”
“ အလှတရားရဲ့ စွဲဆောင်မှုကို မခံနိုင်တဲ့ ယောက်ျားမျိုး … အဲ့လို ယောက်ျားမျိုးကို လမ်းခွဲပစ်လိုက် … အနွံတာခံပြီး ပေါင်းမနေနဲ့ ငါ့အစ်မ …..”
“ ငါလည်း ကွာရှင်းတာကို ထောက်ခံတယ် … တို့အမျိုးသမီးတွေဆိုတာ အမှီခိုကင်းသင့်တယ် ….”
အမျိုးသမီး ကြည့်ရှုသူ အများအပြားက လသော်တာ၏ ခင်ပွန်းအပေါ် ရှုမြင်ပုံတို့ ပြောင်းလဲသွားခဲ့ကြသည်။
ချန်ယွီ့က သတင်းအပိုင်းအစ အသစ်တစ်ခုကို ထုတ်ဖော်ပြောလိုက်သည်နှင့် သူမတို့ အားလုံး တညီတညွှတ်တည်း ပေါင်းစည်းသွားခဲ့ကြကာ ဘုံရန်သူကို ဆန့်ကျင်တိုက်ခိုက်ကြတော့၏။
အကယ်၍ သူသာ နှိပ်စက် မခံနိုင်တော့၍ သူ၏ အထောက်အထားကို ထုတ်ဖော်လိုက်သည်က ရှက်စရာ မဟုတ်။
မည်သို့ပင်ဆိုစေ ကိုယ့်အသား နာကျင်တာကို မည်သူကရော ထိုမျှ အကြာကြီး သည်းခံနိုင်လိမ့်မည်နည်း။
သို့သော်လည်းပဲ …..
အမျိုးသမီး အထက်လူကြီးကို တွေ့ဆုံပြီးနောက်တွင် လသော်တာ၏ ခင်ပွန်းက သူ့အထောက်အထားကို ဝန်ခံခဲ့ရုံမျှမက စိတ်လိုလက်ရပင် ထို အုပ်စုထဲသို့ ပူးပေါင်းသွားခဲ့လိုက်သေး၏။
ဟက် ...
ဘယ်လောက်တောင် ရယ်စရာ ကောင်းထားလိုက်လဲ …
တကယ်လို့ အဲ့အမျိုးသမီးက မမြှူဆွယ်ဘူးဆိုရင်တောင် သူ့မှာ တခြား အတွေးတွေ ရှိကိုရှိရမယ် …
ပြီးတော့ သူ့အတွေးတွေက အတော်လေးလည်း ကြောက်စရာ ကောင်းလောက်တယ် …
မဟုတ်ရင် ဘာလို့ ထောင်ဒဏ်ရှစ်နှစ် ကျခံရမှာလဲ ဟုတ်တယ်မလား ….
“ ဘယ်လိုလုပ်ပြီး … ဘယ်လိုလုပ်ပြီး သူအဲ့ဒီလို ဖြစ်သွားခဲ့ရတာလဲ ….” လသော်တာ ငိုရှိုက်နေခဲ့၏။
“ လောကကြီးထဲ အဆန်းကြယ်ဆုံးနဲ့ အရှုပ်ထွေးဆုံးက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ …”
“ ခင်များ ယောက်ျားက နှိပ်စက်ညှင်းပန်းတာကို တောင့်ခံနိုင်တယ် … ဒါပေမယ့် ငွေရဲ့ ဆွဲဆောင်မှုကိုတော့ မတောင်ခံနိုင်ဘူး ….”
ချန်ယွီ့၏ အဖြေက ကြည့်ရှုသူများ မှန်းဆထားသည်နှင့် အများကြီး ဝေးလံနေခဲ့သည်။
ဆိုတော့ ပျားရည်ထောင်ချောက် မဟုတ်ဘူးပေါ့ …
အဲ့ဒီ အစား ယွမ်သန်းနဲ့ချီတဲ့ ပိုက်ဆံတွေ ဖြစ်နေခဲ့တာပေါ့ …
“ ခင်များ ယောက်ျားရဲ့ အထက်လူကြီး အမျိုးသမီးက သူ ဘယ်သူ ဘယ်ဝါ၊ သူ့သမိုင်းနောက်ခံ၊ သူ့ တက္ကသိုလ်ကနေ လက်ရှိထိ အချက်အလက်တွေ အကုန်လုံးကို စစ်ဆေးထားခဲ့ပြီးပြီ …”
“ ခင်များ ယောက်ျား အခုချိန် သူ့အထောက်အထားကို ဝန်မခံလည်း အရေးမပါဘူး ….”
ချန်ယွီ့ ဩရှသံနက်နက်ဖြင့် အထက်လူကြီး အမျိုးသမီး၏ ရက်စက်မှုကို ရှင်းပြလိုက်သည်။
အခြား ခေါင်းဆောင်များက သူတို့ထဲတွင် သူလျှိုတစ်ယောက် ရှိနေတာကို သိပြီး သူလျှိုကို ဖယ်ရှားပစ်ရမည်ဟု တစ်စုတစ်စည်းတည်း ယုံကြည်ကြသည်။
သို့သော် သူမကတော့ ဆန့်ကျင်ဘက်ပင်။
သူမက ထိုလူမိုက်များကို လသော်တာ၏ ခင်ပွန်းအား ကြိုးဖြေခိုင်းရုံမျှမက သူ့အတွက် အစားအသောက်နှင့် ဆေးဝါးတစ်ချို့ပင် ပြင်ဆင်ပေးဖို့ရာ တောင်းဆိုလိုက်သည်။
ထို့နောက် ယွမ်ငွေများ ပြည့်နှက်နေသည့် ပိုက်ဆံ သေတ္တာများအား ယူဆောင်လာခိုင်းသည်။
“ သူ့ ဘဝတစ်သက်တာမှာ အဲ့လောက်များတဲ့ ငွေပမာဏမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးဘူး ….”
“ ဆေးဝါး အတု ထုတ်လုပ်တဲ့ အုပ်စုက တစ်နှစ်ကို ယွမ် သန်း ရာနဲ့ချီ အမြတ်ဝင်နေတာကို သိလိုက်ရတော့ ခင်များ ယောက်ျားရဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်တဲ့ အမြင်လည်း ကျွမ်းထိုးမှောက်ခုံ ပက်လက်လန်ကုန်တယ် …”
“ သူ့အထက်လူကြီးက နှိပ်စက်တာကို တောင့်ခံနိုင်ခဲ့တဲ့ ခင်များ ယောက်ျားရဲ့ သတ္တိကို လေးစားတယ် ၊ ချီးမွမ်းတယ် … အဲ့ဒါနဲ့ သူတို့ အုပ်စုထဲ ဝင်ရောက်ပူးပေါင်းပြီး အတူတူ ငွေရှာကြဖို့ ဖိတ်ခေါ်တယ် ….”
“ နာရီအနည်းငယ်ကြာအောင် စဉ်းစားဆုံးဖြတ်ချက် ချပြီးတဲ့နောက်မှာ ခင်များယောက်ျားလည်း အဲ့ဒီ ဓားပြသင်္ဘောကြီးပေါ် ခုန်တက်လိုက်တော့တာပဲ …..”
“ ခင်များယောက်ျားရဲ့ ကျေးဇူးနဲ့ လအနည်းငယ်အတွင်းမှာပဲ သူတို့ အုပ်စုရဲ့ အရောင်း ကွန်ယက်ကို မြို့ပေါ်ကနေ နယ်ဘက်တွေ အထိ ဖြန့်ကျက်နိုင်သွားတယ် ….”
“ လအနည်းငယ် အတွင်းမှာပဲ ခင်များယောက်ျားက ဆေးဝါး အတုထုတ်တဲ့ ကုမ္ပဏီအတွက် ယွမ် သန်း ၁၀၀ ကျော် ရှာပေးနိုင်ခဲ့တယ် ….”
“ သူ့ကို ထောင်ရှစ်နှစ် ချလိုက်တာက များတယ်လို့ ခင်များထင်သေးလား ….”
ချန်ယွီ့ သူ့စကားဆုံးတော့ လသော်တာကို သိမ်မွေ့နက်နဲသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
လသော်တာ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်တို့ဖြင့် သူမခေါင်းကို ခါယမ်းလိုက်၏။
“ ဒီရဲ့ လူနာ … ကျွန်တော့်ဘက်က ရွေးချယ်မှု နှစ်ခုရဲ့ အကျိုးရလဒ်တွေကို ပြောပြပေးပြီးပြီ ….”
“ အခု ခင်များရွေးချယ်ရမယ့် အလှည့်ရောက်ပြီ ….”
ဤသည်ကို ကြားတော့ လသော်တာ အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
“ ဒေါက်တာချန် … ကျွန်မ တစ်ခုလောက် ထပ်ပြီး မေးချင်တယ် … သူ ရှစ်နှစ်ကြာပြီးလို့ ထောင်ထဲက ထွက်လာရင် ဘာဖြစ်မှာလဲ ….” လသော်တာ မေးမြန်းလိုက်၏။
“ ငါ့အစ်မ … နင် ဒီလို အခြေအနေ ရောက်နေတာကိုတောင် အဲ့လူအကြောင်း စဉ်းစားနေတုန်းလား ….”
“ အခုချိန် မဖြတ်နိုင်ရင် နောင်ကျ ပိုပြီး ဒုက္ခရောက်ရမှာနော်….”
“ မင်းတို့ အဲ့လိုတော့ ပြောလို့ ဘယ်ရမှာ … တစ်နေ့ လင်မယား ဖြစ်ဖူးရင် တစ်သက်လုံး လင်မယားပဲလေ ….”
“ လက်တွေ့ဘဝက ဒရာမာဇာတ်လမ်းတွေထက်ကို အမြဲတမ်း ပိုပြီး ရယ်ချင်စရာကောင်းတယ် …”
လူ့နှလုံးသား၏ ခန့်မှန်းမရအောင် နက်နဲလွန်းသည့် သဘောသဘာဝကို ကြည့်ရှုသူတို့ သက်ပြင်းချမိလိုက်ကြသည်။
တစ်ချိန်တည်းတွင် လသော်တာကို သူမ၏ စိတ်ကူးယဉ်အတွေးများအားလုံး လွင့်ပစ်လိုက်သင့်သည်ဟု စည်းရုံးနေခဲ့ကြ၏။
ထိုလူက ဆေးဝါး အတုထုတ်လုပ်သည့် ကုမ္ပဏီ၏ ယုတ်မာမှုများကို ဖော်ထုတ်မည်ဆိုသည့် အတွေးနှင့် ထိုအထဲ သူလျှိုဝင်လုပ်သည်။
အံ့အားသင့်ဖို့ကောင်းစွာဖြင့် … တရားမျှတမှုဘက်က ရပ်တည်ပေးရမည့် စာနယ်ဇင်းသမားသည် ငွေ၏ ရှေ့မှောက်တွင် ဝပ်တွားလိုက်ရလေသည်။
ယင်းတစ်ချက်နှင့်တင် ဤလူက ငွေမက်သည့် လူစားမျိုးဖြစ်ကြောင်း ပြောပြနေလျက် ရှိသည်။
ငွေက ငွေမည်းဖြစ်နေပါစေ သူဂရုမစိုက်။ သူ့ကို ထိုငွေပုံကြီးထဲ နစ်မွန်းသွားစေဖို့ လုံလောက်၏။
အကယ်၍ ထိုသို့သော လူစားမျိုးနှင့် အတူဆက်နေမည်ဆိုပါက တစ်နေ့ ကိုယ့်မိန်းမကိုယ် ရောင်းမစားသွားပါဘူးဟု မည်သူကမျှ တပ်အပ်မပြောနိုင်ချေ။
“ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် နေတဲ့အတွက် သူ ခုနစ်နှစ်မှာတင် ထောင်ထဲက လွတ်လာခဲ့တယ် … “
“ လွတ်လာခဲ့ပြီးတဲ့နောက်မှာ သူ ခင်များရှေ့မှာ ဒူးထောက်ပြီး ခါးခါးသီးသီး ငိုကြွေးပြတယ် … ခင်များကလည်း သူ့ကို ခွင့်လွှတ်ပေးဖို့ ရွေးချယ်လိုက်ပြီး သူနဲ့ အတူ ဆက်ပြီး ရှင်သန်သွားဖို့ ရွေးချယ်လိုက်တယ် …”
“ ထောင်ထဲမှာ ကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့အတွက် သူ ခင်များကို အရင်ကထက်ပိုပြီး တန်ဖိုးထားလာတယ်….”
“ ခင်များတို့နှစ်ယောက်ရဲ့ ရှေ့ဆက် နေ့ရက်တွေက ပျင်းရိပြီး ငြီးငွေ့စရာ ကောင်းတယ်ဆိုပေမယ့် ကျန်တဲ့ ဘဝတစ်လျှောက်လုံးမှာ ခင်များတို့နှစ်ယောက် အတူ နေထိုင်သွားကြလိမ့်မယ် ….”
ချန်ယွီ့ အကြံပေးသည့် ရွေးချယ်စရာ လမ်းနှစ်ခုလုံးတွင် သူ့ ကောင်းကျိုးဆိုးကျိုးများနှင့်သူ ရှိသည်။
လသော်တာ တစ်ဖန်ထပ်ပြီး ငြိမ်ကျသွားခဲ့၏။
သူမ တိတ်ဆိတ်နေခဲ့သည်။ သို့သော် ကြည့်ရှုသူများကတော့ ကွန်းမန့်ခန်းထဲတွင် တိုက်ဝင်ဖြစ်နေသလား အောက်မေ့ရလောက်အောင် ဆူညံနေခဲ့ကြသည်။
“ ငါ့အစ်မ … နင် နှစ်ခါစဉ်းစားနော်….”
“ ဒုတိယ တစ်ခုကို ရွေးလိုက် …..”
“ အိမ်ထောင်တစ်ခုကို ဖျက်စီးလိုက်မှာထက် စာရင် ဘုရားကျောင်း ဆယ်ခုကို ဖျက်စီးလိုက်တာကမှ ဟုတ်ဦးမယ် …”
“ သူ့ လုပ်ရပ်တွေက မှားခဲ့တယ်ဆိုတာကို သူ့ကိုယ်သူ သိသရွေ့ သူ့ကို ခွင့်လွှတ်ပေးလို့ ရပါတယ် ….”
“ နင်တို့ အရိပ်သုံးပါး နားမလည်ကြတဲ့ဟာတွေ … ဒါက ခွင့်လွှတ်တာ မလွှတ်တာနဲ့ မဆိုင်ဘူး … ဒီဆုံးဖြတ်ချက်က သူ့ဘဝတစ်သက်လုံးအပေါ် အကျိုးသက်ရောက်မှု ရှိသွားမှာ …”
“ ဟော … အဖြူရောင် သူရဲကောင်းမယ်ကြီးတွေ လာပါပြီ ….”