← Chapters

သီချင်းဆိုသော လက်အိတ်(၃)

Vol. 9 Ch. 126

သီချင်းဆိုသော လက်အိတ်(၃)

Vol. 9 Ch. 126

ခြံဝန်းအတွင်း၌...

စွန်းချန်သည် သူ၏ပုန်းအောင်းရာနေရာမှ ထွက်လာပြီး သူ၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"သခင်လေး...ဒါက ကျွန်တော်တို့ရဲ့ အခွင့်အရေးလား...."

သူ ပုန်းအောင်းနေစဉ် စကားပြောဆိုမှု၏ တစ်စိတ်တစ်ပိုင်းကို ကြားခဲ့ရပြီး အသုံးဝင်သော သတင်းအချက်အလက်အချို့ကို သိရှိခဲ့သည်။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

သူ စုဆောင်းရရှိခဲ့သော အချက်အလက်များအရ ဤရှုရှင်းသည် ကံကြမ္မာအစောင့်အရှောက်တစ်ဦးပင်။ ရှုရှင်းသည် အသေးစိတ်မရှင်းပြခဲ့သော်လည်း အရေးကြီးသောအချက်တစ်ချက်ကို ပြောခဲ့သည်။ ဤှသည်မှာ ကံကြမ္မာအစောင့်အရှောက်တစ်ဦးသည် ကံကြမ္မာဆရာသခင်တစ်ဦး၏ အစောင့်အရှောက်ပင်။

ဤသည်မှာ ပုပ်ရဟန်းမင်းကြီးကို အမှုထမ်းနေသော မြင့်မြတ်သူရဲကောင်းတစ်ယောက်အလားပင်။ သူရဲကောင်းရှိနေလျှင် ပုပ်ရဟန်းမင်းကြီးသည် အဝေးတွင် ရှိနိုင်ပါမည်လော....

ထို့ကြောင့် ကျန်းရွှမ်သည် ရှုရှင်း၏ရှေ့တွင် ကံကြမ္မာဆရာသခင်တစ်ဦးအဖြစ် အောင်မြင်စွာ ဟန်ဆောင်နိုင်ပါက သူ၏အထောက်အထားကို ခိုင်မာစေပေလိမ့်မည်။ ဤသည်က သူ့အတွက် ငွေရှာခြင်းနှင့် ကောင်းကင်ကံကြမ္မာစွမ်းအင်ရှာဖွေခြင်းတို့ကို ပို၍လွယ်ကူစေပေလိမ့်မည်။

ဤသည်မှာ သူ ပါမောက္ခတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့စဉ်နှင့် ထပ်တူထပ်မျှပင်။ ဤအခန်းကဏ္ဍကို အောင်မြင်စွာ သရုပ်ဆောင်နိုင်မှသာ သူ၏အထောက်အထားကို တည်ဆောက်နိုင်ပေမည်။ ထိုသို့မဟုတ်လျှင် သူ မည်မျှထိကောင်းမွန်စွာပြောဆိုနေပါစေ မည်သူကမှ သူ့ကို ယုံကြည်မည်မဟုတ်ချေ။

သို့ရာတွင် ဤသည်မှာလည်း အလွန်အန္တရာယ်များပေ၏။ အကယ်၍ ကျန်းရွှမ်သာ ဖော်ထုတ်ခံရလျှင် အကျိုးဆက်များ ဆိုးရွားသွားပေလိမ့်မည်။

သို့ရာတွင် သူ၏ကျင့်ကြံမှုကို အလျင်အမြန်မြှင့်တင်ရန်နှင့် ခုန်းရှီ မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို ဖော်ထုတ်ရန် လိုအပ်ချက်ကြောင့် သူသည် အန္တရာယ်ကို စွန့်စား၍ ရင်ဆိုင်ရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။

"ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ..."

စွန်းချန်က မေးမြန်းသည်။

"ငါ အဲ့ဒါကို မစဉ်းစားရသေးဘူး"

ကျန်းရွှမ်က ဝန်ခံသည်။

"ငါတို့က တိုက်ရိုက်မပြောဘဲ သူတို့ကို ဒီကောက်ချက်ဆီကို လမ်းညွှန်ပေးရမယ်... အဲ့ဒီလိုမဟုတ်ရင် ကိစ္စတွေ လွဲချော်သွားဖို့ အရမ်းလွယ်သွားလိမ့်မယ်... ပြီးတော့ ငါတို့က ငွေရှာဖို့ နည်းလမ်းတွေကို ဆက်ပြီးစဉ်းစားရမယ်... မင်း မြန်မြန်ကျင့်ကြံနိုင်ဖို့အတွက် ငါတို့က ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ ထပ်ဝယ်ဖို့လိုသေးတယ်....ခွန်အားမရှိရင် ငါတို့လုပ်သမျှ အရာအားလုံးက အန္တရာယ်များလိမ့်မယ်"

"နားလည်ပါပြီ...."

စွန်းချန်က ခေါင်းညိတ်ပြီးနောက် အကြံပြုလိုက်သည်။

"ကျွန်တော်တို့က ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကိုဝယ်ဖို့ ငွေရှာနေတာဆိုရင် စွမ်းအင်ကို တိုက်ရိုက်ရအောင် လုပ်လိုက်တာက ပိုလွယ်တယ် မဟုတ်ဘူးလား...."

ကျန်းရွှမ်သည် ဤအကြံပြုချက်ကြောင့် အံ့အားသင့်သွားသော်လည်း ခါးသည်းသော အပြုံးဖြင့် ခေါင်းခါလိုက်သည်။

"မင်းက ရင်းမြစ်ကမ္ဘာကို အခုမှရောက်လာတာဆိုတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်က ဘယ်လောက်ထိ တန်ဖိုးရှိလဲဆိုတာ နားလည်မှာမဟုတ်ဘူး.... ဒါက ကံကြမ္မာခန်းမက ထိန်းချုပ်ထားတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီးတော့ ကျောင်းတော်တွေကလွဲရင် သာမန်လူတွေက ဝယ်လို့တောင်မရဘူး....ဒါက မင်းလိုချင်တိုင်း ရှာလို့ရတဲ့အရာ မဟုတ်ဘူး"

သို့ရာတွက် ကျန်းရွှမ်သည် သူ၏ရှင်းပြချက် မဆုံးသေးမီမှာပင် ရုတ်တရက် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခြံဝန်း၏အပြင်ဘက်သို့ ကြည့်လိုက်သည်။

သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင် စီးကြောင်းများ ဖြည်းညှင်းစွာ စီးဝင်လာပြီး သူတို့၏ပတ်လည်တွင် လေဆင်နှာမောင်းငယ်များကဲ့သို့ ဝေ့ဝိုက်ပျံဝဲနေသည်ကို သူ မြင်တွေ့မိလေ၏။

"သခင်လေး...ဒါက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ မဟုတ်လား"

စွန်းချန်က ကျန်းရွှမ်ကို စိုက်ကြည့်ရင်း ထူးဆန်းသော အမူအယာဖြင့် မေးမြန်းလိုက်သည်။

'ခင်ဗျားက အခုလေးတင် ရှာရခက်တယ်လို့ ပြောပြီးတော့ အခုကျတော့ သူ့အလိုလို ခြံထဲကို စီးဝင်လာပါလား...'

"ဒါက..."

ကျန်းရွှမ်က လက်တွေ့ဖြစ်ရပ်မှန်သည် သူ၏စကားများကို ဤမျှထိ လျင်မြန်စွာ ဆန့်ကျင်သွားသည့်အတွက် ရှက်ရွံ့ကာ အချိန်တခဏအတွင်းတွင် စကားမပြောနိုင်ဖြစ်သွားသည်။

"ဒီစွမ်းအင်ကို မြန်မြန်စုပ်ယူပြီးတော့ ငါ မင်းအတွက် ဖန်တီးပေးထားတဲ့ ဟင်းလင်းပြင်ကို တည်ငြိမ်အောင်လုပ်လိုက်တော့...ဘာတွေဖြစ်နေတာလဲဆိုတာ ငါ သွားကြည့်လိုက်မယ်"

"နားလည်ပါပြီ...."

စွန်းချန်က ခေါင်းညိတ်ပြီးနောက် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူရန် ပလ္လင်ခွေထိုင်လိုက်သည်။

ကျန်းရွှမ်သည် စွမ်းအင်များစီးဆင်းရာလမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားပြီး အိမ်ရှေ့တံခါးမှတဆင့် ပြင်ပသို့ ချောင်းကြည့်လိုက်၏။

တံခါးဟနေသော နေရာမှတစ်ဆင့် ကျန်းရွှမ်က ရှုရှင်းသည် ကံကြမ္မာချပ်ပြားတစ်ချပ်ကို ကိုင်ထားပြီး ညင်သာစွာ ပွတ်သပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုကံကြမ္မာချပ်ပြားသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး နက်နဲသိမ်မွေ့သော အလင်းတန်းများကို ထုတ်လွှတ်နေသည်။

"သူတို့လား..."

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

ကံကြမ္မာအစောင့်အရှောက်တစ်ဦးအနေဖြင့် ရှုရှင်းသည် ကံကြမ္မာချပ်ပြားတစ်ချပ်ကို အထူးတလည် တန်ဖိုးထားမည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရွှမ်သည် သူ၏ခွန်အားကို အလျင်အမြန် မြှင့်တင်ရန်အတွက် စွမ်းအင်များကို တတ်နိုင်သမျှ များများစုပ်ယူရန် ဆုံးဖြတ်လိုက်၏။

သူသည် စာကြည့်တိုက်အတွင်းတွင် စွမ်းအင်ကုန်ခမ်းသွားမည်ကို စိုးရိမ်နေခဲ့သည်။ ယခုအချိန်တွင်မူ ဤအကူအညီပေးတတ်သော ပုဂ္ဂိုလ်သည် သူ့ကို ကောင်းကင်ကံကြမ္မာစွမ်းအင်များ ထောက်ပံ့ပေးနေသည်။

'လျှူထျန်ကျန်းက တကယ်ကို ကြင်နာတတ်တဲ့လူပဲ'

ဤသို့သဘောပေါက်သည်နှင့် ကျန်းရွှမ်သည် အချိန်မဖြုန်းတော့ချေ။ သူသည် တံခါးဘေးတွင် ထိုင်လိုက်ပြီး စိတ်အာရုံကို စုစည်းကာ လေထုအတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စတင်၍စုပ်ယူလိုက်သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင် သူသည် စုပ်ယူမှုအရှိန်နှုန်းကို ထိန်းချုပ်လိုက်ပြီး အာရုံစိုက်မှုများစွာ မဆွဲဆောင်မိစေရန် သတိထားလိုက်သည်။

ယခင်က သူသည် အာရုံစိုက်ခံရမည်ကို မစိုးရိမ်ခဲ့ချေ။ အကြောင်းအရင်းမှာ လူအမြောက်အများသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များကို တပြိုင်နက်တည်း စုပ်ယူနေခဲ့သောကြောင့် သူ ရောနှောနေနိုင်သောကြောင့်ပင်။ သို့ရာတွင် ယခုအခါ၌မူ သူနှင့် စွန်းချန်သာ စွမ်းအင်စုပ်ယူနေသောကြောင့် အလွန်လျှင်မြန်စွာလုပ်ဆောင်လျှင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်စေနိုင်သည်။

သူသည် သူ၏နောက်တွင် "ကံကြမ္မာဆရာသခင်တစ်ဦး" ရှိကြောင်း သက်သေပြရန် လိုအပ်ပြီး တစ်ချိန်တည်းတွင် အလွန်ထင်ပေါ်မနေရန်လည်း လိုအပ်သည်။

အမှန်အားဖြင့် စွမ်းအင်များကို အလွန်နှေးကွေးစွာ စုပ်ယူခြင်းကိုလည်း သူ ရွေးချယ်လိုခြင်းမရှိချေ။ ကံကြမ္မာချပ်ပြားတစ်ချပ်တွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း တစ်သောင်းကျော် ပါဝင်သဖြင့် သူ အေးအေးဆေးဆေးစုပ်ယူနေလျှင် အခွင့်အရေး လွတ်သွားနိုင်သည်။

"ငါ သိပြီ..."

ကျန်းရွှမ်၏မျက်လုံးများ တောက်ပလာပြီး သူ၏စိတ်အတွင်းတွင် အစီအစဉ်တစ်ခု ထွက်ပေါ်လာသည်။

ကျန်းရွှမ်မှ စွမ်းအင်စုပ်ယူလိုက်သည်နှင့် ရှုရှင်းသည် ကျီဟွေးလက်အိတ်တွင် လှုပ်ရှားမှုတစ်ခု ရှိလာသည်ကို သတိပြုလိုက်မိသည်။ လက်သန်းနေရာသည် ရုတ်တရက် လင်းလက်လာပြီး တောက်ပစွာ ထွန်းလင်းနေသည်။

"နဝမတန်းစား အရည်အချင်းပဲ..."

ရှုရှင်းက ခေါင်းညိတ်လိုက်သည်။

"သူ့မှာ ကံကြမ္မာဆရာသခင်တစ်ယောက်ရဲ့ အရည်အချင်းရှိပုံရတယ်၊ ဒါပေမဲ့ သာမန်အဆင့်ပဲ"

"ဒါဆိုရင် သူက အနာဂတ်မှာ ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ဆိုလိုတာလား "

လျှူထျန်ကျန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

ယခုအချိန်၌ လျှူထျန်ကျန်းက မြို့အရှင်ယုသည် ယုရှောင်ယွီကို ကျန်းရွှမ်၏တပည့်ဖြစ်စေရန် မည်သည်ကြောင့် ဤမျှထိ စိတ်ပိုင်းဖြတ်ထားသည်ကို နားလည်သွားသည်။

ယုလုံချင်းသည် ဤကိစ္စကို ယခင်ကတည်းက သိနှင့်နေသလော....

ထို့ပြင် ရှုရှင်းသည် မည်သည်ကြောင့် စစ်ဆေးမေးမြန်းမှုကို ဆက်မလုပ်ခဲ့သနည်း ဆိုသည်မှာလည်း အဓိပ္ပာယ်ရှိသွားလေပြီ။

ကျန်းရွှမ်ကို စစ်ဆေးမေးမြန်းခြင်းသည် အမှန်ပြောနေခြင်းဟုတ်မဟုတ် အတည်ပြုနိုင်သော်လည်း သူ့ကို စိတ်ခုစေပေလိမ့်မည်။ အကယ်၍ ကျန်းရွှမ်သာ အစစ်အမှန် ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာခဲ့ပါက လျှူထျန်ကျန်းနှင့်ရှုရှင်းသည် အကျိုးဆက်ကို တောင့်ခံနိုင်မည်မဟုတ်ချေ။

"အမှန်ပဲ....ဒါပေမဲ့ သူက ကံကြမ္မာဆရာသခင် ဖြစ်လာခဲ့ရင်တောင် သူ့ရဲအဆင့်က သိပ်မြင့်မှာမဟုတ်ဘူး... ကောင်းပြီလေ အခု စမ်းသပ်မှုပြီးသွားပြီဆိုတော့ ငါ ကံကြမ္မာချပ်ပြားကို မင်းဆီ ပြန်ပေးလိုက်တော့မယ်..."

ရှုရှင်းက ကံကြမ္မာချပ်ပြားကို ပြန်ပေးတော့မည်အပြုတွင် လက်အိတ်မှ လက်သူကြွယ်သည်လည်း လင်းလက်လာသည်ကို သတိပြုမိသွားသည်။

"အဋ္ဌမတန်းစား အရည်အချင်းလား...ဘာတွေဖြစ်နေတာလဲ..."

ရှုရှင်းသည် နေရာမှာပင် တောင့်တင်းသွားလေ၏။

လက်သန်းနှင့် လက်သူကြွယ်နှစ်ခုလုံး လင်းနေသည်မှတဆင့် ခြံဝန်းအတွင်းမှ လူငယ်လေးတွင် အဋ္ဌမတန်းစား အရည်အချင်းရှိကြောင်း ညွှန်ပြနေသည်။

သို့ရာတွင် စမ်းသပ်မှုသည် သူ့ကို နဝမတန်းစား အရည်အချင်းဟု ပြသခဲ့သည် မဟုတ်လော...

သူ၏အရည်အချင်းသည် မည်သည်ကြောင့် ရုတ်တရက်ကြီး တိုးတက်လာသနည်း...

ကဏဦးစစ်ဆေးမှုသည် မတိကျခဲ့သလော....

"ကျီဟွေးလက်အိတ်က တုံ့ပြန်မှုနှေးကွေးနေတာဖြစ်နိုင်တယ်...ခဏလောက် စောင့်ကြည့်ရအောင်..."

ရှုရှင်းက မှန်းဆလိုက်သည်။

သူ၏ စကားမဆုံးခင်မှာပင် လက်ခလယ် တောက်ပလာကာ ထို့နောက် လက်ညှိုးနေရာလည်း တောက်ပလာသည်။

ယခုအချိန်၌ လက်အိတ်မှလက်ချောင်းလေးချောင်း တောက်ပနေပြီး ဆဋ္ဌမတန်းစား အရည်အချင်းကို ညွှန်ပြနေသည်။

"ဆဋ္ဌမတန်းစား အရည်အချင်းက ဟန်ယွမ်အင်ပါယာရဲ့ ကံကြမ္မာခန်းမမှာတောင် ထူးချွန်တယ်လို့ သတ်မှတ်တယ်....ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်ပဲ ထွက်ပေါ်တဲ့ အရည်အချင်းအဆင့်ပဲ...အရှင်လင်ထက်တောင် ပိုပြီးအားကောင်းတယ်..."

ရှုရှင်း၏မျက်လုံးများ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။

ကျန်းရွှမ်၏ဆရာသည် သူ့ကို ကံကြမ္မာခန်းမသို့ မပို့ဘဲ ဤမြို့ငယ်လေးတွင် ဖုံးကွယ်ထားရသည့်အကြောင်းအရင်းမှာ ကျန်းရွှမ်၏ အရည်အချင်း မည်မျှထိထူးခြားသည်ကို သူ သိနေသောကြောင့် ဖြစ်ပေမည်။

ရှုရှင်း ထိတ်လန့်တုန်လှုပ်နေစဥ်မှာပင် လျှူထျန်ကျန်းသည် ရုတ်တရက် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလေ၏။

"ခဏလေး... အရှင်ရှူ...ဘာလို့ သတ္တမတန်းစားကို ပြန်ကျသွားတာလဲ...."

ရှုရှင်းက သေချာပြန်ကြည့်လိုက်ရာ လက်ခလယ်နှင့်လက်ညှိုးတို့ မှိန်သွားပြီး လက်သူကြွယ်နှင့် လက်သန်းသာ တောက်ပနေသည်ကို တွေ့လိုက်ရသည်။

"ဒါက အဋ္ဌမတန်းစား အရည်အချင်းပဲ..."

လက်နှစ်ချောင်းသာ လင်းနေသည်မှာ အဋ္ဌမတန်းစား အရည်အချင်းကို ညွှန်ပြနေသည်။

"ဒါပေမဲ့ ကျွန်တော် ခုဏက လက်သုံးချောင်းလင်းနေတာကို တွေ့လိုက်တယ်..."

လျှူထျန်ကျန်းက ကန့်ကွက်လိုက်သော်လည်း သူ၏စကားမဆုံးခင်မှာပင် လက်ခလယ်နှင့် လက်ညှိုးတို့ ထပ်မံတောက်ပလာပြီးနောက် လက်မကလည်း လင်းလက်လာသည်။

သို့ရာတွင် ထိုအလင်းရောင်သည် အသက်ရှုအနည်းငယ်ကြာမျှသာ တည်ရှိပြီးနောက် မှိန်ဖျော့သွားကာ လက်သန်းတစ်ခုတည်းသာ တောက်ပပြီး ကျန်ရစ်ခဲ့သည်။

လျှူထျန်ကျန်းနှင့်ရှုရှင်းတို့သည် မျက်လုံးအပြူးသားဖြင့် အကြည့်ခြင်း ဖလှယ်လိုက်ကြ၏။

အရည်အချင်းအဆင့်သည် တသမတ်တည်းဖြစ်သင့်သည်။ လက်အိတ်မှလက်ချောင်းများသည် လင်းသင့်လျှင် လင်းနေကာ မှောင်သင့်လျှင် မှောင်နေရပေမည်။ ဤကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်က မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။

သူတို့ စိတ်ရှုပ်ထွေးနေစဉ်မှာပင် ကျီဟွေးလက်အိတ်သည် အကြိမ်ကြိမ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေ၏။

မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော လက်အိတ်ကို ကြည့်ရင်း လျှူထျန်ကျန်း၏နှုတ်ခမ်းများ တုန်ရီလာပြီး ဂဏန်းစဉ်များကို ရွတ်ဆိုလိုက်သည်။ "နှစ်ရှစ်နှစ်ငါးခြောက်....နှစ်ရှစ်နှစ်ငါးခုနစ်...နှစ်ရှစ်နှစ်ကိုး....သုံးဆယ့်တစ်... သုံးရှစ်သုံးငါးခြောက်...သုံးရှစ်သုံးငါးခုနစ်... သုံးရှစ်သုံးကိုး...လေးဆယ့်တစ်..."

"ဒီလက်အိတ်က... သီချင်းဆိုနေတာလား...."

All Chapters