အခန်း (၇၅၆-၇၆၀)
Vol. 41 Ch. 756-760
Chapter 756
ပြင်ပမှကြည့်နေကြသောလူများ ထိတ်လန့်တုန်လှုပ်သွားကြ၏။
ယင်လော့သခင်လေးအား ထိပ်တိုက်ရင်ဆိုင်ဝံ့သူ ရှိနေသေးသလော။
"သူက.....အဲ့ဒီမိန်းကလေးရဲ့တာအိုလက်တွဲဖော်ဖြစ်မယ်ထင်တယ်"
လူတချို့က သူတို့၏အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်ကြ၏။
ဤအချိန်တွင် ပြင်ပမှကြည့်နေသောသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။
လုယွီအား မည်သူမည်ဝါမှန်း သူတို့မသိကြသော်လည်း အကယ်၍ သူတို့၏တာအိုလက်တွဲဖော်ကို လူယူခြင်းခံရလျှင် သူတို့လည်း လုယွီကဲ့သို့ အလွန်ဒေါသထွက်မိပေမည်။
"ဒီကောင်လေးက မဆိုးဘူး...တကယ်လို့ သူ သေဆုံးသွားရင်တောင် ငါ သူ့ကို အမြဲတမ်း အမှတ်ရနေမှာ"
လူတစ်ယောက်က သက်ပြင်းရှိုက်ရင်း ပြောဆိုလိုက်၏။
"ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ...ဒီပြိုင်ပွဲက တစ်ဖက်သက်ဆန်လွန်းနေတယ်....ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးရဲ့ကျောက်တုံးစင်မြင့်ကို ယင်လော့သခင်လေးနဲ့လုဝူယာပိုင်ဆိုင်တယ်လို့တောင် ပြောလို့ရတယ်....တခြားသူတွေက သူတို့ကို ဘယ်လိုမှယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး"
တချို့လူများကမူ အလွန်စိတ်ပျက်နေပုံရသည်။
အမျိုးသမီးတပည့်တချို့သည် သူတို့၏တာအိုလက်တွဲဖော်များကို ရှာဖွေ၍ အကယ်၍ သူမ အန္တရာယ်နှင့်ကြုံတွေ့ပါက သူမကိုကယ်တင်မည်လောဟု မေးမြန်းနေကြ၏။ထိုသူများသည် ရုတ်တရက် မေးမြန်းခံရသဖြင့် ကြောင်အသွားကြသော်လည်း သူတို့က မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ သူမတို့အား ကယ်တင်မည်ဖြစ်ကြောင်း ကျိန်ဆိုကြလေသည်။
သို့ရာတွင် ဤကိစ္စ၌ လူအားလုံးနီးပါးသည် လုယွီ သေဆုံးသွားမည်ဟုသာ ယုံကြည်ထားကြ၏။
မျိုးဆက်တူလူငယ်ကျင့်ကြံသူများကြားတွင် လုဝူယာမှလွဲ၍ ယင်လော့သခင်လေးအား ယှဥ်ပြိုင်တိုက်ခိုက်နိုင်သူမရှိပေ။
"ကောင်းတယ်....ကောင်းတယ်..."
ယင်လော့သခင်လေး၏မျက်လုံးများမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
"မင်းက သူ့ရဲ့တာအိုလက်တွဲဖော်လား...ဒါက ပြဿနာမရှိပါဘူး...မင်း သူ့ကို ငါဆီပေးလိုက်...ဒါဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်"
ယင်လော့သခင်လေးက ကျီးချန်ယွီအနီးသို့ ချဥ်းကပ်မိချိန်တွင် သူ၏မှော်စွမ်းအားများ အလျှင်အမြန်လှည့်ပတ်သွားခြင်းကို သူ ခံစားမိ၏။
ဤသည်က ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်၏ အထူးဝိသေသလက္ခဏါဖြစ်လေသည်။
ယင်လော့သခင်လေးကဲ့သို့ ယင်ချီကို အဓိကထား၍ ကျင့်ကြံသူအတွက် သူမက အလွန်းလူသားဆေးပြင်းဖို ဖြစ်ပေ၏။
လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်မှနေ၍ မှော်စွမ်းအားများ ပွင့်အံထွက်သွားသည်။
ယင်လော့သခင်လေးသည် ရုတ်တရက် သူ၏လက်မောင်း ထုံကျင်သွားသည်ကို ခံစားမိပြီးနောက် ချက်ချင်းပင် သူ့လက်အား ပြန်ရုတ်သိမ်းလိုက်ရ၏။
"မင်းက အရည်အချင်းတော့ ရှိသားပဲ...ဒါပေမယ့် ငါ့ကိုမှီဖို့ အဝေးကြီးလိုသေးတယ်"
ယင်လော့သခင်လေးက အော်ငေါက်လိုက်သည်။
"ဒီနေရာက ထွက်သွားစမ်း...ငါ့ကိုလူသတ်ချင်အောင် ဖိအားမပေးနဲ့"
လုယွီက ယင်လော့သခင်လေး၏စကားကို ဂရုမစိုက်ပေ။
"ငါက တူညီတဲ့စကားတစ်ခွန်းကို တစ်ခါပဲပြောတယ်"
ယင်လော့သခင်လေးက မျက်မှောင်ကြုတ်လိုက်သည်။
"ငါက မင်းထက် အရည်အချင်းပိုရှိတယ်...ဒါက အမှန်တရားပဲလေ...သူက ငါနဲ့ပိုပြီး ထိုက်တန်တယ်...မင်း အဆင့်နဲ့ကတော့လား...သူ့ကိုမေ့ပစ်ပြီး ဒီနေရာကထွက်သွားစမ်း"
"နင် သေချင်နေတာလား"
ကျီးချန်ယွီ၏မျက်လုံးများက အေးစက်တင်းမာနေသည်။လုယွီအား စော်ကားခြင်းကို မည်သူကိုမျှ သူမ ခွင့်မပြုနိုင်ချေ။
ယင်လော့သခင်လေးက စိတ်ဝင်စားသွားပေ၏။
"အမှန်ပဲ ..မင်းတို့ ခုခံတာ ပိုကောင်းတယ်...တကယ်လို့ မင်းတို့က အလွယ်တကူ ငါ့စကားကို နာခံလိုက်မယ်ဆိုရင် ငါ့အတွက် အရမ်းပျင်းစရာကောင်းနေမှာ"
ထိုစကားနှင့်အတူ သူက ကျီးချန်ယွီအား ဖမ်းဆီးရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
ကျီးချန်ယွီ၏မျက်လုံးများက အေးစက်နေပြီး သူမ၏လက်ချောင်းများကို လှုပ်ခတ်လိုက်၏။မီးတောက်ဖီးနစ်ဌက်တစ်ကောင်က ယင်လော့သခင်လေးထံသို့ ပျံဝဲ၍ တိုးဝင်သွားသည်။
ကျီ...ကျီ....
မီးတောက်ဖီးနစ်ဌက်က စူးရှရှအော်ဟစ်ပြီး ယင်လော့သခင်လေး၏ရှေ့သို့ ရောက်ရှိသွားပေ၏။
"လာတာ ကောင်းတယ်"
တစ်ချိန်တည်းမှာပင် သူက ကျီးချန်ယွီနှင့် နီးကပ်လာပေ၏။
"ဒါက ထိပ်တန်းအဆင့် လူသားဆေးပြင်းဖိုပဲ...မင်း အေးအေးဆေးဆေး ငါ့နောက်လိုက်ခဲ့ပါ...ငါက မင်းကို ငါ့ရဲ့အနီးကပ်ဆုံးမိန်းမအဖြစ်ထားမယ်"
ယင်လော့သခင်လေးက အနည်းငယ် စိတ်လှုပ်ရှားနေသည်။အကယ်၍ သူသာ ဤမိန်းကလေးအား ရရှိပါက သူ၏ကျင့်ကြံဆင့် ခုန်ပျံတိုးတက်သွားမည်မှာ သေချာပေ၏။သူ၏လက်များက ကျီးချန်ယွီအား ထိလုဆဲဆဲဖြစ်သည်။
ဝှစ်...
ခပ်အုပ်အုပ်အသံတစ်သံ မြည်ဟီးလာသည်။
မည်သည့်နေရာမှ ပျံဝဲလာမှန်းမသိရသော ဆေဘာဓားချီတစ်လှိုင်းက ယင်လော့သခင်လေး၏ အကာအကွယ်မှော်စွမ်းအင်အလွှာအား ထိုးဖောက်သွားသည်။
ထိုဆေဘာဓားချီသည် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ဆက်တိုးနေပြီး ယင်လော့သခင်လေး၏ညာဖက်လက်မောင်းအား ဖြတ်တောက်သွားသည်။
"တကယ်လို့ မင်းရဲ့လက်ကိုထပ်ပြီး မဆုံးရှုံးချင်ဘူးဆိုရင်...ဒီနေရာကထွက်သွားတော့"
လုယွိ၏မျက်လုံးများက အေးစက်နေပြီး သူက ရှေ့သို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းတိုးကာ ပြောဆိုလိုက်၏။
Chapter 757
လုယွီ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။အစောပိုင်းက သူ မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ အချိန်တိုအတွင်း၌ ရှေးဟောင်းနတ်ဆိုး၏အော်ရာအရိပ်အယောင်ကို သူ အာရုံခံမိသောကြောင့်ဖြစ်သည်။
ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးကျင်းပရါနေရာ၌ အလွန်အမင်းအစွမ်းထက်သော ရှေးဟောင်းနတ်ဆိုးတစ်ကောင် ပုန်းအောင်းနေသည်။
လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ရှေးဟောင်းနတ်ဆိုး၏တည်နေရာအား ရှာဖွေနေခဲ့သည်။သို့ရာတွင် သူ ရှေးဟောင်းနတ်ဆိုးအား တွေ့ရှိခါနီးဆဲဆဲအချိန်၌ ယင်လော့သခင်လေးက ထွက်ပေါ်လာပေ၏။
"မင်း ငါ့ကို ထိဝံ့တယ်ပေါ့"
ယင်လော့သခင်လေးက အလွန်ဒေါသထွက်သွားပြီးနောက် အကန့်အသတ်ရှိပုံမရသော ယင်ချီများက သူ့ခန္ဓာကိုယ်အနှံ ပျံ့နှံ့သွားပြီး ချက်ချင်းပင် သူ၏ညာဘက်လက်အား အသစ်ပြန်ဖွဲ့စည်းလိုက်သည်။
"ကမ္ဘာခွဲမယ့် တစ္ဆေဓား"
ယင်လော့သခင်လေးက သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် ကြမ်းကြုတ်ရက်စက်သည့်မှော်သားရဲတစ်ကောင်က လေထုအားဆုတ်ဖြဲပြီး ထွက်လာသကဲ့သို့ လေဟာနယ်အတွင်းမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပါဝင်သော အေးစက်စက်လေအေးများ တိုက်ခတ်လာသည်။
ဤအရှိန်အဟုန်သည် ယခုနေရာ၌ရှိနေသောလူတိုင်းအား တစစီဆုတ်ဖြဲပစ်နိုင်ပုံ ပေါ်လွင်နေသည်။
"မင်းကိုကြည့်ရတာ ငါ့စကားကို နားလည်ပုံမရဘူး"
လုယွီက သူ၏အရှိန်အဝါကို ထုတ်လွှက်လိုက်သည်။
ဥာဏ်အလင်းပွင့်နယ်ပယ်...အစောပိုင်းအဆင့်
သို့ရာတွင် ဤသည်က လုယွီ၏ခွန်အား အကုန်အစင်မဟုတ်သေးချေ။
သူ ဥာဏ်အလင်းပွင့်နယ်ပယ်အား ကျင့်ကြံဆင့်ချိုးဖျက်ဝင်ရောက်စဥ်က လုယွီသည် ကိုးကြိမ်တိုင်တိုင် ဖိနှိပ်ပြီးမှသာ အဆင့်ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ကျင့်ကြံဆင့်နယ်ပယ်တူများနှင့် နှိုင်းယှဥ်ပါက လုယွီ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများသည် တခြားသူများထက် ဆယ်ဆမက ပို၍များပြားပေ၏။
ထို့ပြင် သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ ယွီတိုင်းပြည်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်ဘုံလမ်းကြောင်းရှိနေခြင်းဟု ယူဆနိုင်သည်။
ကျင့်ကြံဆင့်နယ်ပယ်တူတွင် သူ ပြိုင်ဘက်ကင်းပေ၏။
"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ"
လုယွီက တည်ငြိမ်စွာ ရေရွတ်လိုက်သည်
ဝှစ်....
ထက်ရှသောဓားချီလှိုင်းက တဖန်ပြန်၍ ထွက်ပေါ်လာပြန်၏။ထိုဓားချီက ယင်လော့သခင်လေးထံဦးတည်၍ ပျံ့လွင့်သွားသည်။
ယင်လော့သခင်လေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။သူက သူထံတိုးဝင်လာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
သူ ထိုဓားချီလှိုင်းအား ဟန့်တားနိုင်စွမ်းမရှိပေ။
"မဖြစ်နိုင်ဘူး...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ....ဘယ်လိုလုပ် မင်းက ငါ့ကို ယှဥ်ပြီးတိုက်ခိုက်နိုင်တာလဲ"
ယင်လော့သခင်လေးက စူးရှရှ အော်ဟစ်နေသည်။
လူနှစ်ယောက်၏မှော်စွမ်းအားများ ဖီလာဆန့်ကျင်ပြီး အပြင်းအထန်ရိုက်ခတ်မိပေ၏။
ထိုထိခတ်မှုဖြစ်ပေါ်သော အချိန်တခဏတွင် ယင်လော့သခင်လေး၏မှော်စွမ်းအားများ ပျက်ပြယ်သွားခဲ့သည်။လုယွီ၏ဆေဘာဓားချီသည် ယင်လော့သခင်လေး၏မှော်နည်းစနစ်အား အကြွင်းမဲ့ဖျက်ဆီးပစ်လိုက်သည်။
ဝုန်း....
ဓားချီက ယင်လော့သခင်လေး၏ရှေ့သို့ ရောက်ရှိလာသည်။
ယင်လော့သခင်လေး၏မျက်ခမ်းများ တဆတ်ဆတ်တုန်ရီသွားကာ သူ၏အင်္ကျီလက်မောင်းကြားမှ ထိပ်တန်းအဆင့်အကာအကွယ်ဒိုင်းကိုထုတ်ယူပြီး သူရှေ့၌ ကာထားလေ၏။
ကျယ်လောင်သောအသံကြီး မြည်ဟီးလာပြီးနောက် ယင်လော့သခင်လေးသည် နောက်သို့ မီတာ လေး ငါးဆယ်ခန့် လွင့်ထွက်သွားတော့သည်။
သူ၏ဒိုင်းပေါ်၌ အက်ကွဲကြောင်းများစွာ ထင်ကျန်ရစ်ခဲ့သည်။
"မင်း ဘာလှည့်ကွက်တွေ သုံးနေတာလဲ"
ယင်လော့သခင်လေးက မတ်တတ်ထရပ်နိုင်ရန် အသည်းအသန်ရုန်းကန်လိုက်၏။
သို့ရာတွင် လုယွီက သူ့အား အခွင့်အရေးမပေးချေ။
ဘုတ်...
ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ လုယွီက ယင်လော့သခင်လေး၏ရှေ့သို့ ရောက်ရှိလာပြီး အကာအကွယ်ဒိုင်းပေါ်သို့ သူ၏ခြေထောက်အား တင်လိုက်၏။
သူ၏ခြေဖဝါးတစ်ချက်ဆောင့်နင်းလိုက်သည်နှင့် ယခင်ကတည်းက ကွဲအက်နေသော အကာအကွယ်ဒိုင်းသည် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။
"ငါ့ကို အချိန်နည်းနည်း ပိုပေးပါလား"
"မင်း အချိန်နည်းနည်း နောက်ကျရင်...ငါ ရှေးဟောင်းနတ်ဆိုးရဲ့ခြေရာကို ရှာတွေ့ပြီကွ"
"အဲ့ဒီအချိန်ကျမှ မင်းက ငါ့ကို ဘာလို့လာရန်စရတာလဲ"
ဘုန်း...ဘုန်း...ဘုန်း...
လုယွီက ယင်လော့သခင်လေး၏ခန္ဓာကိုယ်အား သူ၏ခြေထောက်ဖြင့် တစ်ချက်ပြီးတစ်ချက် ဆောင့်နင်းနေသည်။ဤသည်က ကြီးမားသောတူကြီးနှင့် သံတစ်ချောင်းအား မြေပြင်ပေါ်သို့ ရိုက်သွင်းသည်နှင့် အလားတူနေသည်။
ယင်လော့သခင်လေး၏ပါးစပ်မှ သွေးများအန်ထွက်လာပြီး သူက အော်ဟစ်လိုက်၏။
"ခွေးမသား...ရပ်လိုက်စမ်း"
ဤဖြစ်ရပ်က သူ လူအများရှေ့၌ လုယွီအား ရှုံးနိမ့်သွားခြင်းဖြစ်သည်။သူသည် ထိပ်သီးလူငယ်ပါရမီရှင် ဖြစ်လာစဥ်ကတည်းက မည်သူကိုမျှ မရှုံးနိမ့်ဘူးချေ။
ကြေးမုံမှန်မှတဆင့် ကျောက်တုံးစင်မြင့်ပေါ်ရှိအဖြစ်အပျက်များအား လူအများကတွေ့မြင်နေကြ၏။
လူများက သူတို့မျက်လုံးကိုပင် သူတို့ မယုံချင်ကြတော့ပေ။
ဤှသည်က ယင်လော့သခင်လေး မဟုတ်လော။
လျှို့ဝှက်နဂါးစာရင်း၏ဒုတိယနေရာမှ ထိပ်သီးလူငယ်ပါရမီရှင်သည် မည်သည့်အချိန်ကမျှ မမြင်တွေ့ဖူးသော လူငယ်တစ်ယောက်၏ခြေဖြင့် ဆောင့်နင်းခြင်းကို ခံနေရသည်။
ဤသည်က...မည်သို့ဖြစ်နိုင်မည်နည်း။
Chapter 758
"ဒါ...ဒါက အမှန်တကယ်လား"
"ငါ မြင်တာ မမှားပါဘူးနော်...မြေပြင်မှာလဲနေတာက ယင်လော့သခင်လေးမလား"
ကမ္ဘာငယ်လေး၏ပြင်ပရှိ လူများက အတွင်းရှိမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။သူတို့က သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်တော့ချေ။
ဤှသည်က လျှို့ဝှက်နဂါးစာရင်း၏ထိပ်သီးသုံးယောက်စာရင်းဝင် ယင်လော့သခင်လေး မဟုတ်လော။ထိုထိပ်သီးလူငယ်ပါရမီရှင်သုံးယောက်အား လူငယ်မျိုးဆက်သစ်များကြား၌ ပြိုင်ဘက်ကင်းဟု လူအများက ယုံကြည်လက်ခံထားကြသည်။
ထို့ပြင် ယင်လော့သခင်လေးသည် ဥာဏ်အလင်းပွင့်နယ်ပယ်နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်ပေ၏။တချို့ အကြီးအကဲများပင်လျှင် သူ့အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းမရှိပေ။
ဤကဲ့သို့အဆင့်အတန်းရှိသူက မည်သည်ကြောင့် ခြေဖဝါးတစ်ဖက်အောက်၌ မလှုပ်မယှက်ရှိနေရသနည်း။
"ငါ အဲ့ဒီကောင်လေးအကြောင်းကို သိချင်တယ်"
"ဂိုဏ်းရဲ့ကင်းထောက်တွေအားလုံးကိုအကြောင်းကြားလိုက်...သူ ဘယ်သူလဲဆိုတာ ငါ ချက်ချင်းသိချင်တယ်"
ထိပ်သီးအင်အားစုများမှ အကြီးအကဲများက လုယွီကို အာရုံစိုက်နေကြ၏။
ထိုကောင်လေးသည် ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နေပြီး သူ၏အသက်အရွယ်မှာ အလွန်ငယ်ရွယ်သေးသည်။သူသည် ယင်လော့သခင်လေးကိုပင် လွယ်လင့်တကူအနိုင်ယူနိုင်သဖြင့် သူ၏ခွန်အားကို ခန့်မှန်း၍မရနိုင်ချေ။အကယ်၍ ထိုကောင်လေးကိုသာ သူတို့၏အင်အားစုအတွင်း ဆွဲသွင်းနိုင်ပါက အနာဂတ်၌ ကြီးမားသောအထောက်အပံဖြစ်လာပေမည်။
အမှန်အားဖြင့် လူတိုင်းတွင် ထိုကဲ့သို့အတွေးများ မရှိကြချေ။
စုန့်ဟန်က သူ၏ရှေ့ရှိမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။
"ဘာလို့ သူက ဒီလေါက်ထိသန်မာနေတာလဲ...ဒါက မဖြစ်နိုင်ဘူး"
သူသည် အပြင်စည်းတပည့်ရွေးချယ်ပွဲ၌ လုယွီက သူအား မြေကြီးအတွင်းကျွံဝင်သွားသည်အထိ ထိုးနှက်ခဲ့ခြင်းကို အမှတ်ရနေဆဲပင်။
ထိုအချိန်တုန်းက သူ၏ကြွက်သားများနှင့်အရိုးအရွတ်များ ကျိုးပဲ့သွားရာ သူ့ဖခင်ပေးသောဆေးကြောင့်သာမဟုတ်ပါက သူ သာမာန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်မဟုတ်ချေ။
သူက လုယွီအား ရန်ပြုမိသည်ကို တွေးတောကြည့်ရင်းနှင့် စုန့်ဟန်၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံစိတ်များ မြင့်တက်လာသည်။
"ဟွန့်...အဲ့ဒီကောင်က သဘာဝလွန်စွမ်းအင်နယ်ပယ်ပဲရှိသေးတာမလား...ငါထင်တာတော့ ယင်လော့သခင်လေးက လုဝူယာနဲ့တိုက်ခိုက်တုန်းက အပြင်းအထန်ဒဏ်ရါရထားတာပဲဖြစ်မယ်...သူက အဲ့ဒါကို အခွင့်ကောင်းယူသွားတာ"
ဝူရွှင်းယွင်က အထင်အမြင်သေးစွာ ပြောဆိုလိုက်၏။
သူမက လုယွီသည် ဤမျှထိသန်မာနေခြင်းကို ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။
စုန့်ဟန်က ထိတ်လန့်ကြောက်ရွံနေသည်ကိုကြည့်ပြီး ဝူရွှင်းယွင်၏မျက်လုံးများအတွင်း၌ သရော်ရိပ်များ ထင်ဟပ်လာပေ၏။
"နင်က ဘာလို့ ဒီလေါက်ထိ ကြောက်နေရတာလဲ...ငါတို့နောက်မှာ စီနီယာအကိုယန် ရှိနေတယ်လေ...လင်ရှောင်းဂိုဏ်းက သူ့ရဲ့အဆင့်အတန်းကို ထည့်မတွက်ရင်တောင် သူက ကောင်းကင်ဘုံနယ်မြေကထိပ်သီးကျင့်ကြံသူရဲ့ တပည့်တစ်ယောက်လေ...သူ့ရဲ့အဆင့်အတန်းက ဂိုဏ်းထဲကလူအားလုံးထက် ပိုမြင့်တယ်...စီနီယာအကိုယန်ရဲ့အကာအကွယ်နဲ့ဆိုရင် လုယွီက ဘာကောင်မှမဟုတ်ဘူး"
ဝူရွှင်းယွင်သည် သူမ၏ချောမောလှပမှုအပေါ် ယုံကြည်မှုရှိသည်။သူမက ယန်ကျင်းအား ဆွဲဆောင်နိုင်ပေမည်။
ထိုအချိန်ရောက်လျှင် သူမ၏အဆင့်အတန်း မြင့်မားလာမည်ဖြစ်ပြီး ယန်ကျင်းက သူမအား ကောင်းကင်ဘုံနယ်မြေသို့ပင် ခေါ်ဆောင်သွားကောင်းသွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ စုန့်ဟန်ကမူ သူ ပို၍တွေးတောလေလေ ပို၍ထိတ်လန့်ကြောက်ရွံလာလေလေပင်။
အပြင်စည်းတပည့်ရွေးချယ်ပွဲ၏ နဂါးတံခါးရှေ့မှမြင်ကွင်းအား သူ ကွက်ကွက်ကွင်းကွင်း အမှတ်ရနေပေ၏။
လုယွီက သူအား လက်သီးဖြင့်ထိုးနှက်လိုက်ရာတွင် သူ မြေပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိပြီး ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်မရခဲ့ချေ။
စုန့်ဟန်က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။
"ငါ အရင်သွားနှင့်တော့မယ်...မင်းပဲ ဆက်ကြည့်နေခဲ့တော့"
သူက စကားတစ်ခွန်းဆိုပြီးနောက် အလျှင်စလိုထွက်ခွါသွားတော့သည်။
ဝေးကွာသွားသော စုန့်ဟန်၏နောက်ကျောပြင်ကိုကြည့်ပြီး ဝူရွှင်းယွင်က အထင်အမြင်သေးစွာ ရေရွတ်လိုက်၏။
"သူရဲဘောကြောင်တဲ့ကောင်...သူက သဘာဝလွန်စွမ်းအင်နယ်ပယ်အမှိုက်ကောင်ကိုတောင် ကြောက်နေတယ် ..တကယ်လို့ ယင်လော့သခင်လေးက လုဝူယာကြောင့် ဒဏ်ရါရထားတာသာမဟုတ်ရင်...လုယွီအနိုင်ရဖို့ ဘယ်လိုလုပ်ပြီးအခွင့်အရေးရမှာလဲ"
ကမ္ဘာငယ်လေးအတွင်းရှိ ကျောက်တုံးစင်မြင့်ပေါ်၌..
လုယွီက အေးစက်တင်းမာသော အမူအယာဖြင့် ယင်လော့သခင်လေး၏ခန္ဓာကိုယ်ပေါ်သို့ ခြေဆောင့်နင်းနေပေသည်။
ထိုအချိန်မှာပင် လေထုအားထွင်းဖောက်လာသော အသံများ ထွက်ပေါ်လာပေ၏။
ယင်လော့ဂိုဏ်းသားများထံမှ မြောက်များစွာသော သံကြိုးကြီးများက လုယွီထံသို့ တိုးဝင်လာကြ၏။ယင်လော့ဂိုဏ်းသားများ၏မှော်နည်းစနစ်အများစုသည် စိတ်ဝိညာဥ်အား ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။ထိုသံကြိုးများသည် လုယွီ၏မှော်စွမ်းအင်အကာအကွယ်ကို ဖြတ်သန်း၍ သူ၏စိတ်ဝိညာဥ်ထံသို့ တိုးဝင်လာကြ၏။
"သေချင်နေကြတာလား"
လုယွီ၏အကြည့်က ရေခဲတမျှ အေးစက်တင်းမာနေသည်။အေးစက်စက်အော်ငေါက်သံနှင့်အတူ သူ့စိတ်ဝိညာဥ်၏စွမ်းအားများ ပွင့်အံထွက်လာ၏။
ဘန်း...ဘန်း...ဘန်း...
သံကြိုးကြီးများ ကျိုးပဲ့သွားသည့်အသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး လုယွီထံတိုးဝင်လာသော ယင်လော့ဂိုဏ်းသားများအားလုံး လျှပ်စီးဖြင့်ရိုက်ခတ်ခံလိုက်ရသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားကြသည်။
ပြင်ပမှကြည့်နေသူများ၏အမြင်တွင် လုယွီက ကျယ်လောင်စွာအော်ငေါက်လိုက်ရုံဖြင့် ယင်လော့ဂိုဏ်းသားများ လွင့်ထွက်သွားသည်ကိုသာ တွေ့မြင်မိကြ၏။
"ကောင်လေး...မင်း ငါ့ဒေါသကိုဆွနေတာလား"
ယင်လော့သခင်လေးက ရုန်းကန်နေဆဲပင်။
လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေသည်။
"မင်းကိုငါ စကားပြောခိုင်းလို့လား"
လုယွီ၏အကြည့်က ရုတ်တရက် တခြားတစ်နေရာသို့ ရွေ့လျားသွားသည်။ပိုင်ဆုချင်နှင့်တိုက်ခိုက်နေဆဲဖြစ်သော လုဝူယာအား မြင်တွေ့ချိန်တွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"လုဝူယာ...ဒီနေရာကိုလာခဲ့စမ်း"
Chapter 759
သူက လုဝူယာအား စိန်ခေါ်နေသလော...။
ကမ္ဘာငယ်လေးပြင်ပရှိလူများ၏မျက်လုံးအကြည့်များက လုယွီထံသို့သာ စူးစိုက်၍ကျရောက်နေသည်။
အမှန်အားဖြင့် ကျောက်တုံးစင်မြင့်ပေါ်ရှိလူများသည် ပို၍ပင်ထိတ်လန့်တုန်လှုပ်နေပေ၏။
ဖန်ရှို့ယွင်နှင့်ကြိုးကြာဖြူတောင်မှတပည့်မအုပ်စုသည် သူမတို့၏ဂျူနီယာမောင်လေးအား အံ့အားသင့်နေသောမျက်လုံးများဖြင့် ကြည့်နေကြသည်။
သူတို့၏စိတ်အတွင်း၌ ယခင်ကတွေးတောထားသည်မှာ ထိုဂျူနီယာမောင်လေးသည် လင်ရှောင်းဂိုဏ်းသို့ဝင်ခွင့်ရရခြင်းမှာ သူမတို့၏ဆရာသခင်နှင့်ပတ်သက်မှုတစ်စုံတစ်ရာရှိနေခြင်းကြောင့် ကြိုးကြာဖြူတောင်သို့ဝင်ရောက်နိုင်ပြီး ပင်မတပည့်ဖြစ်လာသည်ဟု တွေးထင်ထားကြ၏။
မည်သို့ပင်ဆိုစေကာမူ သဘာဝလွန်စွမ်းအင်နယ်ပယ်ကျင့်ကြံသူသည် အတွင်းစည်းတပည့်များအကြားတွင်ပင် အားနည်းသူဖြစ်သည်။
မည်သူကမျှ ဂျူနီယာမောင်ငယ်လေးသည် ယခုလက်ရှိအခြေအနေအား ပြောင်းပြန်လှန်ပစ်နိုင်မည်ဟု တွေးထင်မထားမိကြချေ။
သူမတို့က တစ်ယောက်ကိုတစ်ယောက် ကြောင်အစွာ ကြည့်လိုက်မိသည်။
မည်သည့်အချိန်ကစ၍ ဂျူနီယာမောင်လေးက ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသွားသနည်း။
ကျန်းယွမ်က အံ့တင်းတင်းကြိတ်ပြီး ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး...ငါက သူ့ထက်ပိုပြီး အရည်အချင်းရှိတယ်...ငါတောင် လုဝူယာကို အနိုင်ယူနိုင်ဖို့မလွယ်ဘူး...သူက ဘာကောင်မို့ လုပ်ရဲတာလဲ"
မုန့်ကျူးယွင်၏မျက်လုံးများအတွင်း၌ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေပြီး သူမ မည့်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။
ယန်ကျင်းက အေးစက်စက် နှာမှုတ်လိုက်၏။
"ငါက ယင်လော့သခင်လေးကို လက်ချောင်းတစ်ချောင်းတောက်ထုတ်လိုက်ရုံနဲ့ သတ်ပစ်နိုင်တယ်...သူက ငါ့ထက်အများကြီး အားနည်းတယ်"
ယန်ကျင်းက လောကတခွင်၌ သူသာလျှင်ပြိုင်ဘက်ကင်းဟု တွေးတောနေဆဲဖြစ်ပြီး တခြားသူများအား အထင်သေးနေဆဲပင်။
ယန်ကျင်း၏နံဘေးပတ်ဝန်းကျင်ရှိလူများက နှာခေါင်းရှုံလိုက်ကြသော်လည်း သူနှင့် အငြင်းအခုံလုပ်၍ ပြောဆိုခြင်းမရှိပေ။
စိတ်ရှုပ်ထွေးမှုအများဆုံး လူတစ်ယောက်အား ညွှန်ပြရပါက လုရွှမ်အာ ဖြစ်ပေ၏။သူမ၏အသိစိတ် လွတ်ကင်းနေပြီး သူမ၏မျက်လုံးများကလည်း ကြောင်စီစီဖြစ်နေသည်။
မူလက သူမ၏အစီအစဥ်သည် ယင်လော့သခင်လေးအား အသနားခံတောင်းပန်၍ နတ်ဘုရားအလင်းတန်းနေရာအား တောင်းဆိုရန်ဖြစ်သည်။
ယင်လော့သခင်လေးသည် အလယ်ပိုင်းကုန်းမြေတစ်ခုလုံးရှိ လူငယ်ပါရမီရှင်များ၏ထိပ်ဆုံး၌ ရပ်တည်နေသူဖြစ်ပေ၏။
သူမ၏ဝမ်းကွဲသည် ယင်လော့သခင်လေးထက်ပင် ပို၍သန်မာနေမည်ဟု လုရွှမ်အာက မျှော်လင့်မထားမိချေ။
"အရင်တုန်းက သူ ဟန်ဆောင်နေတာလား"
လုရွှမ်အာက နှုတ်ခမ်းကိုက်ပြီး ဤကိစ္စအား လက်ခံယုံကြည်ရန် ငြင်းပယ်နေမိသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင်ရှိစဥ်တုန်းက လုယွီသည် သူမ၏မိခင်နှင့် ဆွေမျိုးတော်စပ်နေခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့သည်ဟု လုရွှမ်အာက တွေးတောခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်တွင်မူ....
သူမ မှီခိုရန်ကြံရွယ်နေသော အမျိုးသားသည် လုယွီ၏ခြေဖြင့် ဆောင့်နင်းခြင်းခံထားရပြီး ရုန်းကန်ရန်ပင် ခွန်အားမရှိတော့ချေ။
လုရွှမ်အာက မိန်းမောတွေဝေနေပြီး မည်သို့ရှေ့ဆက်ရမည်ကိုပင် လမ်းပျောက်သွားပေ၏။
မည်သို့ပင်ဆိုစေကာမူ ကျောက်တုံးစင်မြင့်ပေါ်ရှိလူတစ်ယောက်ကိုသာ လုယွီက အာရုံစိုက်နေသည်။
ထိုသူက လုဝူယာဖြစ်သည်။
ဘန်း...
လုဝူယာက ပိုင်ဆုချင်ထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ထိုလက်ဝါးရိုက်ချက်တွင် သူ၏ခွန်အား အကုန်အစင်ခန့် ထည့်သွင်းအသုံးပြုထားသည်။ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် အနည်းငယ်တွန့်လိမ်သွားသည်။လက်ဝါးရိုက်ချက်၏အားလှိုင်းက ပိုင်ဆုချင်ထံသို့ ကျရောက်လုဆဲဆဲဖြစ်နေသည်ကို သူ တွေ့မြင်မိ၏။
ပိုင်ဆုချင်၏မှော်စွမ်းအားများ ကုန်ခမ်းနေပြီး သူမ၏မျက်နှာတစ်ခုလုံး ဖြူရော်နေသည်။
သူမက မြင်းမြှီးကျာပွတ်ကို ဝှေ့ယမ်းပြီး မူလဘူတယင်ယန်အမှတ်အသားတစ်ခုရေးဆွဲကာ ထိုလက်ဝါးရိုက်ချက်အား တားဆီးရန် ကြိုးစားလိုက်သည်။
ဝှစ်....
ထိုအချိန်မှာပင် လူရိပ်တစ်ရိပ်က ပိုင်ဆုချင်၏ရှေ့၌ ထွက်ပေါ်လာသည်။
"မင်းရဲ့တိုက်ခိုက်မှုက အရမ်းပြင်းထန်လွန်းတယ်"
လုယွီက သူ၏အင်္ကျီလက်ကို လွှဲယမ်းပြီး လုဝူယာ၏လက်ဝါးရိုက်ချက်အား ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ဝုန်း....
သူတို့နှစ်ယောက်၏အောက်ခြေရှိ မြေပြင်သည် တစ်ချိန်တည်းမှာပင် ပင့်ကူအိမ်သဖွယ် ကွဲအက်သွားသည်။
မြေပြင်တစ်ခုလုံး ကျွံဝင်သွားပြီးနောက် လုဝူယာ၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူက နောက်သို့ခြေလှမ်းအတော်များများ ဆုတ်လိုက်ရ၏။
တခြားတစ်ဖက်မှ လုယွီကမူ နေရာ၌သာ မတ်တတ်ရပ်နေပြီး မည်သည့်အရာမျှ ဖြစ်ပျက်မသွားသကဲ့သို့ တည်ငြိမ်အေးဆေးနေသည်။
ဤတိုက်ခိုက်မှုတွင် မည်သူကပို၍အားကောင်းသည်ကို တွေ့မြင်နိုင်ပေ၏။
"ဘာလဲ...လုဝူယာကတောင် သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလား"
"ဖျက်မြင်းတစ်ကောင်ပဲ....ဒီကောင်လေးက ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးမှာ အကြီးမားဆုံးဖျက်မြင်းပဲ"
ကမ္ဘာငယ်လေး၏ပြင်ပမှ အင်အားစုများသည် လုယွီ၏သရုပ်မှန်အား သိလိုစိတ်ပြင်းပြနေသည်။
"ကောင်းတယ်...အရမ်းကောင်းတယ်"
လုဝူယာ၏မျက်လုံးများအတွင်း၌ တိုက်ပွဲဆာလောင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"နောက်ဆုံးတော့...ငါနဲ့ယှဥ်ပြီးတိုက်ခိုက်နိုင်တဲ့သူတစ်ယောက် ရှိလာပြီ"
လုယွီက လုဝူယာကို တည်ငြိမ်စွာကြည့်ပြီး ပြောဆိုလိုက်၏။
"မင်းက မဆိုးဘူး...ယင်လော့သခင်လေးထက်တော့ ပိုအစွမ်းထက်တယ်...ဒါပေမယ့် မင်းက မလုပ်သင့်တဲ့ကိစ္စကို လုပ်ဆောင်ခဲ့တယ်"
လုယွီက လုဝူယာအား စူးစူးဝါးဝါးကြည့်လိုက်သည်။
"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...တကယ်လို့ ငါ့ရဲ့တိုက်ခိုက်မှုသုံးခုကို မင်း ခုခံနိုင်မယ်ဆိုရင်...ငါ မင်းကို အလွတ်ပေးမယ်"
Chapter 760
လုဝူယာ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
လုယွီ၏စကားများသည် ယခင်က သူ တခြားသူများအား ပြောလေ့ရှိသောစကားများဖြစ်သည်။
မည်သည်ကြောင့် ဤစကားလုံးများက သူထံတဖန်ပြန်လှည့်လာသနည်း။
လုယွီက လုဝူယာနှင့် စကားစမြည်ပြောပြီး အချိန်ဖြုန်းလိုစိတ်မရှိပေ။သူ၏လက်ဖြင့် လေထုအားဖမ်းဆုပ်လိုက်ရာ ရုတ်တရက် သူ့လက်အတွင်း၌ အနက်ရောင်ဓားတစ်ချောင်း ထွက်ပေါ်လာသည်။
"ပထမတိုက်ခိုက်မှု...ကမ္ဘာလောက လောင်ကျွမ်းခြင်း"
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်အတွင်းမှ အနက်ရောင်ဓားရှည်ဖြင့် လုဝူယာထံချိန်ရွယ်၍ ခုတ်ပိုင်းလိုက်သည်။
ထိုဓားချက်သည် အလွန်အမင်း မြန်ဆန်ပေ၏။
ကြေးမုံမှန်မှကြည့်နေကြသော ထိပ်သီးအင်အားစုများမှ အကြီးအကဲများပင်လျှင် ဓားချီ၏အရိပ်အယောင်ကို ရိပ်ခနဲသာတွေ့မြင်ရပြီး ဓားအားမြင်တွေ့ရခြင်းမရှိချေ။
ဓားချီသည် လေထုအားဖြတ်တောက်သွားပြီးနောက် ချက်ချင်းပင် မီးတောက်များအဖြစ်လောင်ကျွမ်းသွားသည်။အဝေးတစ်နေရာမှကြည့်လျှင် မီးတောက်စီးကြောင်းကြီးက လုဝူယာအား ရိုက်ခတ်မိတော့မည့်ပုံနှင့် တူညီနေပေ၏။
"ပျော်ရွှင်ခြင်းနတ်ဆိုး နတ်ဘုရား"
လုဝူယာ၏စိတ်နှလုံးသားတစ်ခုလုံး တုန်ခါသွားပြီး သူ၏ဓမ္မပုံရိပ်ကို အလျှင်အမြန်ဆင့်ခေါ်လိုက်၏။
ဝှစ်....
ဓားချီလှိုင်းက သူ၏ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားသောအသံ ထွက်ပေါ်လာသည်။မီးတောက်များငြိတွယ်နေဆဲဖြစ်သော ဓားချီသည် ပျော်ရွှင်ခြင်းနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးအား ချက်ချင်းပင် ထွင်းဖောက်သွားပေ၏။
ပျော်ရွှင်ခြင်းနတ်ဆိုးနတ်ဘုရားသည် အလွန်အမင်းထူးဆန်းသော နတ်ဆိုးနတ်ဘုရားရုပ်ထုဖြစ်သည်။သူတွင်ခေါင်းနှစ်လုံးပါရှိပြီး ယော်ကျားတစ်ယောက်နှင့်မိန်းမတစ်ယောက်၏ခန္ဓာကိုယ်ခြင်း ရောနှောနေကာ ကိုရိုးကားရားနိုင်သော ပုံသဏ္ဌာန်ရှိသည်။
ထိုအချိန်မှာပင် မီးတောက်များမြင့်တက်လာပြီး ချက်ချင်းပင် ပျော်ရွှင်ခြင်းနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးအား ဝါးမြိုသွားတော့သည်။
ဤသည်က အသက်ရှုချိန်သုံးကြိမ်စာသာ ကြာမြင့်ပေ၏။
လုဝူယာသည် ထိတ်လန့်တကြားဖြင့် မီးတောက်များကြားမှ တိုးထွက်လာပြီး သူ၏ခန္ဓာကိုယ်မှနေ၍ ညှော်နံများ ထွက်ပေါ်နေသည်။
သူ၏ဓမ္မပုံရိပ်ကြီးလည်း ပျောက်ကွယ်သွားလေပြီ။ကံကောင်းထောက်မစွာဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိဝတ်စုံသည် မှော်ရတနာတစ်ခုဖြစ်သောကြောင့် သူ အရှက်ရမည့်ဘေးမှ ကင်းဝေးသွားသည်။
"ဒုတိယတိုက်ခိုက်မှု....မိုးကောင်းကင်ဥပဒေသ"
လုယွီက ကောင်းကင်ယံအား လက်ညှိုးညွှန်လိုက်ရာ တဝေါဝေါအသံများ ထွက်ပေါ်လာသည်။ရုတ်တရက် တိမ်မည်းများက ကောင်းကင်ယံအနှံ့ ဖုံးလွှမ်းသွားသည်။တလိမ့်လိမ့်တက်နေသော တိမ်မည်းများမှနေ၍ လျှပ်စီးနှင့်မိုးကြိုးများ ပစ်လွှက်လိုက်ရာ နားအူလုမတက်အသံကြီး မြည်ဟီးလာပေ၏။
"သူက ဘာလုပ်ချင်နေတာလဲ"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်လုံးများအတွင်း၌ တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူသာမက အကြီးအကဲရှင်းသည်လည်း အာရုံစိုက်နေပေ၏။
အစောပိုင်းက လုယွီ၏ဓားချက်အား သူတို့ အတော်အသင့် သဘောပေါက်နားလည်သည်။
"အဲ့ဒီဓားချက်ကို အသုံးပြုဖို့က သူကိုယ်သူ ဓားတွေကြားထဲမှာ အချိန်အကြာကြီး နစ်မြှုပ်ထားရမယ်...သူက ဒီအသက်အရွယ်လေးနဲ့ ဓားတာအိုကို နက်နက်ရှိုင်းရှိုင်းနားလည်နေတာ တကယ်ကိုအံ့အားသင့်စရာပဲ"
ယခု တိုက်ခိုက်မှုကိုကား....
အကြီးအကဲရှင်းက မိုးကောင်းကင်ကို မော့ကြည့်နေရာမှ ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရသွားပုံဖြင့် လုယွီအား စူးစိုက်ကြည့်လိုက်၏။
"သူ...သူ လုပ်ချင်နေတာက...."
အကြီးအကဲရှင်း၏စကားသံနှင့်အတူ အထက်ကိုးကောင်းကင်မှ ကောင်းကင်ဘုံမိုးကြိုးက ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ကျဆင်းလာသည်။
ဘုန်း....
ကမ္ဘာငယ်လေးတစ်ခုလုံး တုန်ခါသွားပေ၏။
မြေပြင်သည် ပြင်းပြင်းထန်ထန်တုန်ခါနေပြီး ကောင်းကင်ဘုံမိုးကြိုးက လုဝူယာထံဦးတည်၍ ကျဆင်းသွားသည်။
ကောင်းကင်ဘုံမိုးကြိုးသည် စိတ်ပုံထွင်းနယ်ပယ်နှင့်သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများ အဆင့်ချိုးဖျက်နေသောအချိန်မှပင် ဆင့်ခေါ်နိုင်သောအရာမျိုးဖြစ်သည်။မည်သည်ကြောင့် လုယွီက ဆင့်ခေါ်နိုင်ရသနည်း။
"လာကြစမ်း"
လုဝူယာက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် သူ၏ကျွန်များက မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ တဟုန်ထိုးပြေးဝင်လာကြပြီး လုဝူယာ၏ရှေ့၌ ကာကွယ်ပေးလိုက်ကြ၏။
ခရက်....
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ကောင်းကင်ဘုံမိုးကြိုး၏ထိခတ်ခြင်းခံရမှုကြောင့် လုဝူယာ၏ကျွန်တချို့ သွေးမြူများအဖြစ် တစစီပေါက်ကွဲသွားလေ၏။
သို့ရာတွင် ကောင်းကင်ဘုံမိုးကြိုးသည် အားပျော့သွားခြင်းမရှိဘဲ ပို၍ပင်ပြင်းထန်လာပုံရပြီး လုဝူယာထံ တိုးဝင်လာသည်။
"ခန္ဓာကိုယ်အစားထိုး ပုလဲ"
လုဝူယာက အံ့တင်းတင်းကြိတ်ပြီး ချက်ချင်းပင် သူ၏အင်္ကျီလက်မောင်းကြားမှ သွေးနီရောင်ပုလဲတစ်လုံးကို ထုတ်ယူပြီး သူ၏မှော်စွမ်းအားများ ထည့်သွင်းလိုက်၏။
သွေးနီရောင်ပုလဲသည် လေထုအတွင်းမျောလွင့်နေပြီး အနီရောင်မြူခိုးများကိုထုတ်လွှက်ပေးနေသည်။လုဝူယာအား ထိုအနီရောင်မြူခိုးများက လွှမ်းခြုံသွားပေ၏။
ဘုန်း...ဘုန်း...ဘုန်း...
ကောင်းကင်ဘုံမိုးကြိုးသည် အနီရောင်မြူခိုးများကိုသာ ရိုက်ခတ်မိပြီး လုဝူယာထံသို့ သက်ရောက်မှုမရှိတော့ချေ။
အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းပြီးချိန်ခန့်တွင် ကောင်းကင်ဘုံမိုးကြိုးက တိတ်တဆိတ် ပျက်ပြယ်သွားတော့သည်။
လုဝူယာ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားသော အနီရောင်မြူခိုးများပင် အလွန်အမင်းကျဲပါးသွားသည်။ထိုမြူခိုးများက လုဝူယာ၏ခန္ဓာကိုယ်တစ်ခုလုံးကိုပင် အပြည့်အဝ ဖုံးလွှမ်းထားခြင်းမရှိတော့ပေ။
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။
"မင်းက ငါ့ရဲ့တိုက်ခိုက်မှုနှစ်ခုကို ခုခံနိုင်တယ်...မင်းက မဆိုးဘူး"
"နောက်ဆုံးတိုက်ခိုက်မှု....ဖျက်ဆီးခြင်း"