← Chapters

အခန်း (၇၆၆-၇၇၀)

Vol. 42 Ch. 766-770

အခန်း (၇၆၆-၇၇၀)

Vol. 42 Ch. 766-770

Chapter 766

လုရွှမ်အာ၏စိတ်နှလုံးသားအတွင်း၌ ဟုတ်တိုင်းမှန်ရာဆိုရလျှင် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

ကြိုးကြာဖြူတောင်မှတပည့်မများအားလုံး ရတနာများရရှိထားပေ၏။သူမတို့အနက်မှ အားအနည်းဆုံးချီအာပင်လျှင် အစစ်အမှန်မီးတောက်အား ရရှိသွားသည်။

သူမက မည်သည့်အရာကိုမျှ ဆုလဒ်အဖြစ်ရရှိခြင်း မရှိပေ။

လုရွှမ်အာက ကြောက်စိတ်မွှန်စပြုလာသည်။သူမက သူမ၏ကိုယ်ပိုင်အရည်အချင်းကို ကောင်းစွာသိရှိထားသည်။အကယ်၍သာ လုယွီ၏ကမ္ဘာငယ်လေးအတွင်းရှိ ပိုင်တိုကောင်းကင်ဘုံကျောင်း၏အမွေအနှစ်ကို ဆက်ခံခဲ့ရခြင်းမရှိပါက သူမက ကောင်းကင်နန်းတော်ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်ပင် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။

ယခုလက်ရှိအချိန်တွင် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်က ကိုယ်တိုင်ကိုယ်ကျ တပည့်ရွေးချယ်နေခြင်းဖြစ်သော်လည်း ထိုမိန်းကလေးများက အခွင့်အရေးကို စွန့်လွှက်ခဲ့ကြသည်။

သူမက ဤအခွင့်အရေးအား လက်လွတ်မခံနိုင်ပေ။

ချောမောလှပသောအမျိုးသမီးက အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ရာ လုရွှမ်အာကို တွေ့မြင်သွားသည်။

"ကောင်းပြီလေ...မင်းရဲ့အလှက ဟိုကောင်မလေးတွေကို မမှီပေမယ့်...ရွက်ကြမ်းရည်ကြိုအဆင့်ထက်တော့သာတယ်...အဲ့ဒီကောင်မလေးတွေက သူတို့အတွက်ကောင်းတဲ့အရာကို မသိကြပေမယ့် မင်းကတော့ သူတို့နဲ့မတူဘူး...ငါ မင်းကို ကောင်းကောင်းလေ့ကျင့်ပေးမယ်"

ထိုအမျိုးသမီးက အပြုံးနှင့် လုရွှမ်အာကို ပြောဆိုလိုက်၏။

သို့သော် ထိုအချိန်မှာပင်...

လုယွီက ချောမောလှပသောအမျိုးသမီးရှေ့သို့ ရောက်ရှိလာသည်။

"ခဏနေပါဦး"

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလေ၏။

လုယွီက ဟန့်တားလိုက်သည်ကို မြင်ချိန်တွင် လှပချောမောသောအမျိုးသမီး၏မျက်ခုံးများ ပင့်တက်သွားပြီး နှစ်လိုဖွယ်အပြုံးနှင့် ပြောဆိုလိုက်သည်။

"မင်းက ဒီကောင်မလေးရဲ့ ချစ်သူတော့ မဟုတ်လောက်ပါဘူးနော်...ဘာလဲ...သူ့ကိုပါ မင်းရဲ့မိန်းမ ဖြစ်စေချင်နေတာလား...မင်းက စိတ်ကူးယဥ်လွန်းနေပြီ"

လုယွီက လုရွှမ်အာဘက်သို့လှည့်၍ ပြောဆိုလေ၏။

"သူ့ကို ငြင်းဆန်လိုက်"

"ဘာလို့လဲ"

လုရွှမ်အာ၏မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။

ဤှသည်က သူမ၏အခွင့်အရေးဖြစ်သည်။လုယွီက မည်သည်ကြောင့် ဟန့်တားချင်နေသနည်း။

လှပချောမောသောအမျိုးသမီးက သူမ၏လက်နှစ်ဖက်ဖြင့် သူမရင်ဘက်ကိုပြန်ဖိပြီး ခနဲ့တဲ့တဲ့ပြောဆိုလိုက်၏။

"မင်းက အရမ်းကြီးကျယ်လွန်းရာမကျဘူးလား...ဒီကောင်မလေးက ငါ့နောက်ကို လိုလိုလားလားလိုက်ချင်နေတာလေ...သူက မင်းရဲ့အမိန့်ကိုနာခံဖို့လိုလို့လား"

သူမ၏မျက်လုံးများမှနေ၍ အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ဤနေရာ၌ မိုးကောင်းကင်တာအိုက ဖိနှိပ်ထားသဖြင့် ကောင်းကင်ဘုံနယ်မြေမှသူများသည် သူတို့၏ကိုယ်ပွါးပုံရိပ်ယောင်ကိုသာ စေလွှက်နိုင်ပြီး အစစ်အမှန်ခန္ဓာကိုယ် လိုက်ပါလာနိုင်ခြင်းမရှိပေ။

သို့သော် ထိုသို့ဆိုလျှင်ပင် လှပချောမောသောအမျိုးသမီးက သူမ၏ညှို့ဓာတ်ဖြင့် ဆွဲဆောင်ညှို့ငင်နိုင်စွမ်းအား ထုတ်ဖော်အသုံးပြုနိုင်နေသည်။

သူမ၏ညှို့ဓာတ်အား ကောင်းကင်ဘုံနယ်မြေမှ ထင်ရှားကျော်ကြားသူများပင် တောင့်မခံနိုင်ရာ ကျောက်တုံးစင်မြင့်ပေါ်ရှိ လူငယ်ကျင့်ကြံသူများအဖို့ ဆိုဖွယ်ရာပင်မရှိချေ။

ကြိုးကြာဖြူတောင်မှတပည့်မများပင် အနီရောင်အလင်းတန်းအားမြင်ချိန်တွင် သူမတို့၏စိတ်နှလုံးသား တဒုတ်ဒုတ်ခုန်နေခြင်းကို ခံစားမိသည်။

သို့ရာတွင် လုယွီကမူ အမှုအယာပြောင်းလဲသွားခြင်း မရှိပေ။

သူက လှပချောမောသောအမျိုးသမီးအား အေးစက်စက် တစ်ချက်ကြည့်လိုက်၏။

"ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှာ တခြားသူတွေကိုအတင်းအကျပ်ဖိအားပေးခွင့်မရှိဘူးဆိုတဲ့ စည်းမျဥ်းရှိတယ်မလား...ခင်ဗျားက မဟာမိတ်ရဲ့စည်းမျဥ်းကို ချိုးဖောက်ဖို့ ကြံရွယ်နေတာလား"

လှပချောမောသောအမျိုးသမီး၏မျက်လုံးမှ အနီရောင်အလင်းတန်းများ ချက်ချင်းလွင့်ပြယ်သွားပြီး စူးရှသောအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်း ဘယ်လိုလုပ်ပြီး ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အကြောင်း သိနေတာလဲ...မင်း ဘယ်နေရာက ရောက်လာတာလဲ"

သူမက ဤနေရာသို့ရောက်လာချိန်တွင် သူမ၏အရှိန်အဝါများကို အပြည့်အဝဖုံးကွယ်ထားခဲ့သည်။အမှန်အားဖြင့် သူမသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏တမန်တော်တစ်ယောက်ဖြစ်ပေ၏။

သေမျိုးလောကတွင် ပြည့်တန်ဆာအိမ်နှင့်အိမ်နီကြီးများရှိသကဲ့သို့ ကျင့်ကြံခြင်းလောကတွင်လည်းရှိပေ၏။

ဂိုဏ်းတချို့မှကျင့်ကြံသူများသည် ယင်ယန်နှစ်မြွှာကျင့်စဥ်ကို ကျင့်ကြံလေ့ရှိသည်။ထိုဂိုဏ်းများသည် အမျိုးသမီးကျင့်ကြံသူများအား ပျိုးထောင်ပေးပြီး အစွမ်းထက်ပုဂ္ဂိုလ်တချို့နှင့်ဆက်သွယ်မိကာ သူတို့အတွက် အကျိုးကျေးဇူးရရှိပြီး အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ထားသည်။

ထိုကဲ့သို့ဂိုဏ်းများ၏နောက်ကွယ်သည် သေမျိုးလောကရှိ ပြည့်တန်ဆာအိမ်များကဲ့သို့ပင် လွန်စွာညစ်ညမ်းရှုပ်ထွေးပေ၏။တိုက်ပွဲများ၌ ရှုံးနိမ့်သွားသော အမျိုးသမီးကျင့်ကြံသူများသည် ထိုဂိုဏ်းများ၏ အတင်းအကြပ်ဖမ်းဆီးခြင်းကိုခံရပြီး သူမတို့အား အစွမ်းထက်ပုဂ္ဂိုလ်များအား ပြုစုရန် စေလွှက်ခံရလေ့ရှိသည်။

နောက်ပိုင်း၌ ကောင်းကင်းဘုံနယ်မြေတွင် တာယွီအင်ပါယာသာ ထွက်ပေါ်လာခြင်းမရှိပါက နယ်မြေသခင်တချို့နှင့်သူတော်စင်များက ကြယ်နယ်မြေအမြောက်အများကို ထိန်းချုပ်သွားနိုင်မည်ဖြစ်ရာ ထိုဂိုဏ်းများက ပို၍ပင် ထင်ရာစိုင်းနိုင်ပေလိမ့်မည်။

တာယွီအင်ပါယာ ထွန်းတောက်လာချိန်တွင် ထိုဂိုဏ်းများသည် မဟာမိတ်အဖွဲ့အသွင်​ပြောင်းပြီး သူတို့၏စည်းမျဥ်းများကို ပြင်ဆင်လိုက်ပြ၏။

ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သို့ အမျိုးသမီးများသည် သူမတို့၏ကိုယ်ပိုင်သဘောဆန္ဒအလျောက်သာ ဝင်ရောက်နိုင်သည်။သူတို့က အမျိုးသမီးတစ်ယောက်အား ဖိအားပေး၍ သိမ်းသွင်းလိုက်ပါက သူတော်စင်အဆင့်များက သိရှိသွားသည်နှင့် ကြီးမားသောအပြစ်ဒဏ်ခံရပေမည်။

လုယွီသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သို့ လုရွှမ်အာကို ဝင်ရောက်စေလိုခြင်းမရှိပေ။အကြောင်းအရင်းမှာ သူ သူမအား ကူညီလိူခြင်းကြောင့်ပင်။

ကံဆိုးစွာဖြင့် လုရွှမ်အာက ဤကိစ္စအား နားလည်သဘောပေါက်ခြင်းမရှိချေ။

"လုယွီ...နတ်ဘုရားအလင်းတန်းထဲကို ဝင်ခွင့်ပေးခဲ့တဲ့အတွက် နင်ကို ငါ ကျေးဇူးတင်ပါတယ်"

လုရွှမ်အာက မျက်မှောင်ကြုတ်လိုက်၏။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့အခွင့်အရေးပဲလေ...နင်ဘာလို့ ငါ့ဆုံးဖြတ်ချက်ကိုမလေးစားဘဲ ငါ့ကိုနှောက်ယှက်နေတာလဲ"

Chapter 767

လုယွီက လုရွှမ်အာ၏မျက်နှာအမူအယာကို စေ့စေ့စပ်စပ် ကြည့်နေသည်။

"မင်း အဲ့ဒီလမ်းကြောင်းကို လျှောက်မယ်ဆိုရင်...ဘယ်တော့မှ နောက်ပြန်လှည့်လို့မရတော့ဘူး"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သည် မည်ကဲ့သို့နေရာမျိုးဖြစ်သည်အား ရှင်းပြရန်ကြံရွယ်လိုက်သည်။

"နင် ထပ်မပြောနဲ့တော့...နင့်ကိုငါ အရမ်းကျေးဇူးတင်ပေမယ့် ဒါက ငါ့အတွက် အခွင့်အရေးပဲ...နင် ငါ့ကို ထပ်ပြီးမတားဆီးဖို့ ငါ မျှော်လင့်တယ်"

လုရွှမ်အာက လုယွီပြောသောစကားများကို နားထောင်ရန် ဆန္ဒရှိပုံမရဘဲ ငြင်းဆန်လိုက်၏။

လုယွီက အချိန်တခဏကြာခန့် တွေဝေသွားသည်။သူ၏ပါးစပ်ဝသို့ရောက်နေပြီဖြစ်သော စကားလုံးများကို သူ ပြန်မျိုချလိုက်တော့၏။

လုရွှမ်အာကို နတ်ဘုရားအလင်းတန်းနေရာ ပေးခဲ့ခြင်းကပင် သူ များစွာကူညီခဲ့ပြီးလေပြီ။သူမက သူ၏သတိပေးခြင်းအား လက်ခံလိုစိတ်မရှိသဖြင့် သူ ထပ်ပြီးအလုပ်ရှုပ်မခံလိုတော့ချေ။

အေးစက်စက်နှာမှုတ်သံတစ်သံနှင့်အတူ လှပချောမောသော အမျိုးသမီးက လက်သင်္ကေတတစ်ခုဖွဲ့စည်းပြီး လုရွှမ်အာ၏လည်ပင်း၌ စည်းတံဆိပ်ဖိနှိပ်လိုက်သည်။

ဤစည်းတံဆိပ်နှင့်ဆိုလျှင် ကောင်းကင်ဘုံလမ်းကြောင်း ပွင့်ချိန်၌ လုရွှမ်အာသည် ကောင်းကင်ဘုံနယ်မြေသို့ တိုက်ရိုက်ခြေချနိုင်ပေမည်။

လုရွှမ်အာက စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်၏။

"ဆရာသခင်ကို ကျေးဇူးတင်ပါတယ်"

ထိုစည်းတံဆိပ်မှလာသော ပြင်းထန်သည့်စိတ်ဝိညာဥ်စွမ်းအင် လှုပ်ခတ်မှုများကို သူမ ခံစားမိပေ၏။

အကယ်၍သာ ထိုစိတ်ဝိညာဥ်စွမ်းအားများကို သူမ စုပ်ယူနိုင်ပါက သူမ၏ကျင့်ကြံဆင့်သည် အဆင့်ကြီးတစ်ဆင့်မျှ တိုးတက်သွားမည်မှာ သေချာပေ၏။

ကမ္ဘာငယ်လေး၏ပြင်ပရှိ လူအမြောက်အများက လုရွှမ်အာကို မနာလိုအားကျခြင်းများနှင့် ကြည့်နေကြ၏။

သူမသည် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်၏ တပည့်အဖြစ် ခံယူရသော ပထမဦးဆုံးလူဖြစ်သည်။နောင်တစ်ချိန် ကောင်းကင်ဘုံလမ်းကြောင်းပွင့်လျှင် ကောင်းကင်ဘုံလမ်းကြောင်းအတွက် နေရာရရှိရန် တိုက်ခိုက်စရာမလိုဘဲ ကောင်းကင်ဘုံနယ်မြေသို့ တိုက်ရိုက်သွားနိုင်ပေမည်။

နောင်လာမည့်နှစ်များတွင် လုရွှမ်အာကို အလယ်ပိုင်းကုန်းမြေရှိ ထိပ်သီးကျင့်ကြံသူများက မြေတောင်မြှောက်ပေးရန် ကြိုးစားကြမည်ဖြစ်ရာ သူမ၏အဆင့်အတန်းသည် လူငယ်ပါရမီရှင်များကိုပင် ဖြတ်ကျော်သွားနိုင်သည်။

"ငါက မင်းရဲ့ဆရာသခင်မဟုတ်ဘူး...တကယ်လို့ အနာဂတ်မှာ မင်း အောင်မြင်မှုတွေရမယ်ဆိုရင် ဒီစီနီယာအမကို မမေ့ပါနဲ့"

လှပချောမောသောအမျိုးသမီးက အပြုံးနှင့် ပြောဆိုလိုက်၏။

ဤစကားလုံးများသည် တစ်နေရာရာ၌ အနည်းငယ်ထူးဆန်းနေသည်။

သို့ရာတွင် လုရွှမ်အာကမူ သူမ ကြုံတွေ့နေရသောအရာရာတိုင်းသည် အိမ်မက်ကဲ့သို့ဖြစ်နေသဖြင့် စိတ်လှုပ်ရှားပြီး တုန်ရီနေပေ၏။ထို့ကြောင့် သူမက လှပချောမောသောအမျိုးသမီး၏ စကားများအတွင်းမှ ဟာကွက်များကို သတိပြုမိခြင်းမရှိပေ။

"ကောင်လေး...ငါ မင်းကို မှတ်ထားမယ်"

လှပချောမောသောအမျိုးသမီးက လုယွီကို နက်ရှိုင်းစွာကြည့်နေလေ၏။

"ကျုပ်ကို ခြိမ်းခြောက်ချင်တာလား"

လုယွီ၏မျက်နှာ ရုတ်တရက် သုန်မှုန်သွားပြီး သူက ပြောဆိုလိုက်သည်။

"ကျုပ် ခင်ဗျားကို တစ်ခုတော့သတိပေးလိုက်မယ်...သူက ကျုပ်နဲ့ ဝမ်းကွဲတော်စပ်နေတယ်...တကယ်လို့ သူ ပြဿနာတစ်စုံတစ်ခုဖြစ်လာမယ်ဆိုရင် ခင်ဗျား နောင်တရစေရမယ်...တကယ်လို့ ယင်လွမ်ဖုန်းကိုယ်တိုင် ဒီနေရာမှာရှိနေရင်တောင် ခင်ဗျားကို ကာကွယ်နိုင်မှာမဟုတ်ဘူး"

"မင်းက....."

ရုတ်ချည်းဆိုသလိုပင် လှပချောမောသောအမျိုးသမီးက ထိတ်လန့်တုန်လှုပ်သွားပြီး မယုံကြည်နိုင်သောမျက်လုံးများဖြင့် လုယွီအား စိုက်ကြည့်နေပေ၏။


"ဟွန့်"

သူမက အေးစက်စက်နှာမှုတ်ပြီး ထွက်ခွါသွားတော့သည်။

သူမထွက်ခွါသွားသောအချိန်မှာပင် ကျောက်တုံးစင်မြင့်ပေါ်သို့ မြောက်များစွာသောအလင်းတန်းများ ကျရောက်လာသည်။

"လာကြပြန်ပြီ...ဒီတစ်ကြိမ် ဘယ်လိုမျိုးအစွမ်းထက်ပုဂ္ဂိုလ်တွေက တပည့်လာရွေးချယ်မလဲမသိဘူး"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က စိတ်လှုပ်ရှားနေသည်။

ဤအချိန်တွင် ကျောက်တုံးစင်မြင့်ပေါ်ရှိ လူအများစုသည် သူတို့၏လင်ရှောင်းဂိုဏ်းမှဖြစ်ပေ၏။

ကောင်းကင်ဘုံနယ်မြေမှ ထောက်ပံမှုကိုသာရရှိပါက သူတို့၏လင်ရှောင်းဂိုဏ်းတပည့်များသည် အကြီးအကျယ်တိုးတက်လာမည်မှာ အသေအချာပင်။

ဝုန်း....

ရုတ်တရက် ကြာပွင့်ပေါ်၌ ခြေထောက်တစ်ဖက်တည်းဖြင့် မတ်တတ်ရပ်နေသော မိန်းကလေးတစ်ယောက်က ချီအာ၏နံဘေးသို့ ဆင်းသက်လာသည်။

"သန့်စင်နှလုံးသားလား...ငါနာမည်က ကျန်းမို...သန့်စင်နှလုံးသားယဇ်ပလ္လင်ရဲ့လက်ဝဲကာကွယ်သူပဲ..မင်း ငါနဲ့အတူလိုက်ပြီးကျင့်ကြံဖို့ ဆန္ဒရှိလား"

သူမ၏အရပ်သည် ချီအာထက် မြင့်မားခြင်းမရှိဘဲ ကလေးတစ်ယောက်နှင့် တူညီနေသော်လည်း သူမ စကားပြောဆိုလိုက်စဥ်တွင် ကျင့်ကြံသူအိုကြီးများကဲ့သို့ လေယူလေသိမ်းရှိသည်။

ချီအာက အချိန်တခဏကြာ ကြက်သေသေပြီး အသိစိတ်လွတ်ကင်းသွားပေ၏။အချိန်တခဏအကြာတွင် ပိုင်ဆုချင်က ချီအာကို ဤအခွင့်အရေးကိုလက်လွတ်မခံသင့်ကြောင့်ပြောဆိုပြီး မြေပြင်ပေါ်၌ဒူးထောက်စေ၏။

"ဒီတပည့်က ဆရာသခင်ကို အရိုအသေပြုပါတယ်"

ချီအာက ဒူးထောက်နေရာမှ ပြောဆိုလိုက်၏။

ကျန်းမိုက အပြုံးနှင့် ပြောဆိုလေသည်။

"မင်းနဲ့ငါက ကံကြမ္မာရေစက်ရှိပုံပဲ...ဒီနေ့ ငါ မင်းကို မြင့်မြတ်ကျင့်စဥ်တစ်ခု ပေးခဲ့မယ်...မင်း ကောင်းကောင်းလေ့ကျင့်နိုင်မယ်လို့ ငါ မျှော်လင့်တယ်"

သူမ၏လက်ချောင်းထိပ်မှ အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ချီအာ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။

ချီအာက လေထုအတွင်း၌ မျောလွင့်နေပြီး အဖြူရောင်အလင်းတန်းအား နားလည်သဘောပေါက်နိုင်ရန် ကြိုးစားနေသည်။

ဝုန်း...

ရုတ်တရက် အသံတစ်သံက ချီအာ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

Chapter 768

ထိုအသံနှင့်အတူ နံရံတစ်ခုအား ထွင်းဖောက်သွားသည်နှင့်တူသော အသံတစ်သံကလည်း ဆက်လက်မြည်ဟီးလာပေ၏။

ချီအာက မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ဖုံးကွယ်မရသည်အထိ အပျော်လွန်နေသောအရိပ်အယောင်များကို သူမ၏မျက်လုံးအတွင်း၌ တွေ့မြင်နေရသည်။

သူမ ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်လေပြီ။

တစ်ခုသိထားရမည်မှာ ဤကျင့်ကြံဆင့်နယ်ပယ်သည် ကြိုးကြာဖြူတောင်ရှိတပည့်မများတွင် ဖန်ရှို့ယွင်နှင့်တပည့်မအနည်းငယ်သာ ရောက်ရှိသေးသော အဆင့်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

ချီအာက ကျေးဇူးတင်စကားပြောဆိုလိုက်၏။

ရုတ်တရက် ကျောက်တုံးစင်မြင့်အနီး၌ လူရိပ်အမြောက်အများထွက်ပေါ်လာသည်။

ထိုသူများသည် သူတို့၏သက်ဆိုင်ရာ ကောင်းကင်ဘုံအမိန့်တော်လက်ခံရရှိထားသူများထံသို့သွားပြီး ကျင့်ကြံခြင်းနည်းစနစ်များကို ပေးအပ်လေသည်။

ကြိုးကြာဖြူတောင်မှတပည့်မတချို့ပင်လျှင် ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များ၏ တပည့်အဖြစ်ရွေးချယ်ခြင်းကိုခံရသည်။

ရုတ်ချည်းဆိုသလိုပင် ဤနေရာပတ်ဝန်းကျင်တစ်ခုလုံး ပျော်ရွှင်မှုအငွေ့အသက်များ လွှမ်းခြုံသွားသည်။နှစ်တစ်ထောင်ကျော်ကြာသည်အထိ တည်ငြိမ်အေးဆေးစွာနေခဲ့သော လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်နှာပေါ်တွင်ပင် အပြုံးများဝေဆာနေပေ၏။

ဤသည်က လင်ရှောင်းဂိုဏ်းမှတပည့်များအား ကောင်းကင်ဘုံနယ်မြေမှလူများ၏ တပည့်အဖြစ် အမြောက်အများရွေးချယ်ခံရသော ပထမဆုံးအကြိမ်ဖြစ်သည်။

"ငါ တကယ့်ကို အမှားတစ်ခု ကျူးလွန်ခဲ့မိတာပဲ...ရေခဲလှိုဏ်ဂူမှာတုန်းက ဒီကောင်စုတ်လေးကို မတော်တဆကူညီပေးခဲ့တာက ဒီလေါက်ထိကြီးမားတဲ့အကျိုးကျေးဇူးရမယ်လို့ ငါ ထင်မထားခဲ့ဘူး"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

လူတိုင်းက ဤကိစ္စကို အသည်းအသန်တိုင်ပင်ဆွေးနွေးနေစဥ်မှာပင် ပိုင်ဆုချင်၏နံဘေးသို့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ရောက်ရှိလာသည်။

ထိုအမျိုးသမီး၏ဝတ်စုံသည် ပိုင်ဆုချင်နှင့်တူညီသော်လည်း သူမ၏အရှိန်အဝါက ပို၍အားကောင်းပေ၏။သူမ၏မျက်နှာအမူအယာက တည်ကြည်လေးနက်ပြီး မြင့်မြတ်ပုံရသည်။

ထိုအမျိုးသမီးကျင့်ကြံသူ ထွက်ပေါ်လာချိန်တွင် ယခင်ကရောက်ရှိနေသော ကောင်းကင်ဘုံနယ်မြေမှလူများ၏ပုံရိပ်ယောင်များ ဝေဝါးသွား၏။

"ရွှယ်အင်မော်တယ် တစ်ယောက်လား"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က အာရုံစူးစိုက်၍ ကြည့်လိုက်သည်။

တခြားထိပ်သီးကျင့်ကြံသူများကလည်း သက်ပြင်းရှိုက်နေကြသည်။

ယခုရောက်ရှိလာသူသည် လောကီအင်မော်တယ်သူတော်စင်အဆင့်ဖြစ်ပြီး ကြယ်နယ်မြေများကိုပင် ဖျက်ဆီးပစ်နိုင်သူဖြစ်သည်။သူတို့က အင်မော်တယ်နယ်မြေသို့ရောက်နိုင်သည့် အနီးစပ်ဆုံးသူများလည်း ဖြစ်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ကျင့်ကြံဆင့်မြင့်မားသော ထိပ်သီးကျင့်ကြံသူမျိုးသည် ကောင်းကင်နန်းတော်ပြိုင်ပွဲသမိုင်းစဥ်တလျှောက်တွင်ပင် ထွက်ပေါ်လာခြင်းမှာ အလွန်ရှားပါးသည်။

ရွှယ်အင်မော်တယ်က ပိုင်ဆုချင်၏ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူမ၏နှုတ်မှနေ၍ တာအိုမန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်၏။

ထိုတာအိုမန္တန်သည် အလွန်အမင်းခက်ခဲပြီး သာမာန်ကျင့်ကြံသူများ နားလည်သဘောနိုင်ရန် မလွယ်ကူပေ။

ပိုင်ဆုချင်၏မျက်နှာအမူအယာသည် တည်ငြိမ်အေးဆေးနေပြီး သူမ၏တုံပြန်ပြောဆိုမှုသည် ရေစီးဆင်းသည့်အလား ချောမွေ့နေသည်။

ရွှယ်အင်မော်တယ်၏မျက်နှာထက်မှအပြုံးသည် ပို၍ ပို၍ပီပြင်ထင်ရှားလာပြီး သူမက ပြောဆိုလိုက်၏။

"ငါ့နာမည်က ရွှယ်ချင်...မိုးကောင်းကင်တောင်ထိပ်တာအိုဘုရားကျောင်းရဲ့ ကျောင်းတော်အရှင်သခင်ပဲ...မင်း ငါနဲ့အတူလိုက်ပြီး ကောင်းကင်ဘုံနယ်မြေမှာကျင့်ကြံဖို့ ဆန္ဒရှိလား"

ပိုင်ဆုချင်က ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။

"ဆရာသခင်ကို အရိုအသေပြုပါတယ်"

ရွှယ်အင်မော်တယ်က ဖန်ရှို့ယွင်နှင့်ကြိုးကြာဖြူတောင်မှ တပည့်မတချို့ဘက်သို့လှည့်ပြီး မေးခွန်းအနည်းငယ် မေးမြန်းလေသည်။

ဖန်ရှို့ယွင်က မေးခွန်း၏သဘောတရားကို အတော်အသင့် လွှမ်းခြုံ၍ဖြေဆိုနိုင်သော်လည်း တခြားသူများကမူ ခေါင်းညိမ့်ခေါင်းခါလောက်သာ ပြုလုပ်နိုင်သည်။

အဆုံးသတ်၌ ရွှယ်အင်မော်တယ်သည် ကြိုးကြာဖြူတောင်မှတပည့်မတစ်ဆယ့်နှစ်ယောက်ကို သူမ၏တပည့်အဖြစ် လက်ခံလိုက်၏။

ထိုတပည့်မများ၏လက်အတွင်းသို့ ရှေးဟောင်းသင်္ကေတအဆောင်လက်ဖွဲ့တချို့ ကျဆင်းလာသည်။ကောင်းကင်ဘုံလမ်းကြောင်းပွင့်သော အချိန်သို့ရောက်လျှင် ထိုအဆောင်လက်ဖွဲ့များကိုအသုံးပြု၍ သူမတို့က ကောင်းကင်ဘုံနယ်မြေသို့ တိုက်ရိုက်သွားနိုင်ပေမည်။

"ဘယ်လောက်တောင် ကြီးမားတဲ့ကံကောင်းမှုမျိုးလဲ"

အကြီးအကဲရှင်းက လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။

လင်ရှောင်းဂိုဏ်းသည် ယခင်ကောင်းကင်နန်းတော်ပြိုင်ပွဲများ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း မည်သည့်အချိန်ကမျှ ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များ၏ တပည့်အဖြစ် ဤမျှများများ လက်ခံခြင်းမခံရဘူးချေ။

ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များ ချန်ထားခဲ့သော ပစ္စည်းများတွင် သူတို့၏စိတ်ဆန္ဒတစိုးတစိပါဝင်သည်။သူတို့ရွေးချယ်ထားသော တပည့်များသည် ဤပစ္စည်းများကို အသုံးပြု၍ မိုးကောင်းကင်တာအို၏အတားအဆီးအား အချိန်ကျရောက်လာလျှင် ကျော်ဖြတ်နိုင်ပေမည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်သည် ယခင်က ဤကဲ့သို့ဖြစ်ရပ်မျိုး မကြုံတွေ့ဘူးသဖြင့် အလွန်အမင်းပျော်ရွှင်နေသည်။

"ပိုင်ဆုချင်က ရွှယ်အင်မော်တယ်ရဲ့တပည့်ဖြစ်ထိုက်ပါတယ်...သူက သူကိုယ်သူ ယုံကြည်မှုမြင့်မားရုံသာမကဘူး..သူ့ရဲ့ပါရမီကလည်း ထိပ်တန်းအဆင့်ပဲ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ပိုင်ဆုချင်အား ချီးမွမ်းပြောဆိုလိုက်သည်။

ယခုလက်ရှိချိန်၌ သူ၏လင်ရှောင်းဂိုဏ်းရှိ ကြိုးကြာဖြူတောင်မှတပည့်မအများစုသည် ရွှယ်အင်မော်တယ်၏တပည့်များအဖြစ်လက်ခံခြင်းကို ခံယူပြီးလေပြီ။

တပည့်မအနည်းစုသာလျှင် သူမတို့၏ခွန်အားနှင့်အရည်အချင်း နည်းပါးသဖြင့် မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်၏တပည့်အဖြစ် လက်ခံခြင်းမခံရပေ။

ရွှယ်အင်မော်တယ်၏ပုံရိပ် အပြည့်အဝပျောက်ကွယ်ခြင်း မရှိသေးမီမှာပင် မိုးကောင်းကင်ယံ၌ ခမ်းနာထည်ဝါသော အရှိန်အဝါများက ထွက်ပေါ်လာသည်။

Chapter 769

ဒုံး...ဒုံး...ဒုံး...

စစ်ဗုံတီးသံများက ကောင်းကင်ယံမှနေ၍ စတင်မြည်ဟီးလာသည်။

ထိုစစ်ဗုံသံနှင့်အတူ ခရုသင်းမှုတ်သံများပါ အတွဲလိုက်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဂလု....

တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသော မဟာအကြီးအကဲတစ်ယောက်က တံတွေးမျိုချပြီး တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။

"ခုလာတဲ့အစွမ်းထက်ပုဂ္ဂိုလ်က ရွှယ်အင်မော်တယ်ထက်တောင် အားကောင်းတာလား"

အို...နတ်ဘုရားများ..

ဤနေရာက ဝေးလံခေါင်သီသော ကြယ်နယ်မြေတစ်ခုဖြစ်သည်။ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များ ဤနေရာသို့ ရောက်လာလျှင်ပင် လောကီအင်မော်တယ်သူတော်စင်အဆင့်က အမြင့်ဆုံးဖြစ်သည်။

မည်သူကမျှ ဤမျှခမ်းနားကြီးကျယ်သော မြင်ကွင်းမျိုးဖြင့် ရောက်ရှိလာခြင်းမရှိပေ။

မိုးကောင်းကင်ရှိအက်ကွဲကြောင်းကြီးမှနေ၍ လူရိပ်များအတန်းလိုက် ထွက်ပေါ်လာသည်။

ထိုလူရိပ်များသည် အခြွေအရံဝတ်စုံကိုဝတ်ဆင်ထားပြီး သူတို့၏လက်အတွင်း၌ ယပ်တောင်များကို ကိုင်ဆောင်ထားကြ၏။သူတို့က နံဘေးဝဲယာ၌ အတန်းလိုက်နေရာယူလိုက်ကြပြီး မြင့်မြတ်သူတစ်ယောက်အား ကြိုဆိုမည့်သကဲ့သို့ သူတို့၏လက်အတွင်းရှိ ယပ်တောင်များကိုကိုင်မြှောက်လိုက်ကြသည်။

ရုတ်တရက် လေထုအတွင်း၌ မြောက်များစွာသောအလံများ တဖျပ်ဖျပ်လူးလွန့်နေပြီး မြင်းရထားလုံးသုံးစီးက အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။

ရထားလုံးကိုဆွဲသောမြင်းများသည် သာမာန်မြင်းများ မဟုတ်ချေ။

ထိုမြင်းများ၏အရပ်သည် အစွမ်းထက်သောသန္ဓေပြောင်းနတ်ဆိုးမှော်သားရဲများထက်ပင် ပို၍မြင့်မားသည်။

မြင်းများ၏ခန္ဓာကိုယ်မှ အမွှေးများသည် ဆွတ်ဆွတ်ဖြူနေပြီး တခြားအရောင်ဟူ၍ တစ်မွှေးတစ်မျှင်ပင် ရောယှက်နေခြင်းမရှိပေ။ထိုမြင်းများ၏နှုတ်ခမ်းမွှေးများကြားတွင် ရှည်လျားသောအဖြူရောင်မုတ်ဆိတ်မွှေးများရှိနေသည်။၎င်းတို့၏ဦးခေါင်းများကို အကြေးခွံများကသံချပ်ကာသဖွယ် ဖုံးအုပ်ထားသည်။

"ဒါက ဒဏ္ဍာရီလာနဂါးမြင်း မဟုတ်လား...အဲ့ဒီမြင်းတွေက လောကီအင်မော်တယ်အဆင့်ခွန်အားရှိတယ်...ဒီလိုအစွမ်းထက်တဲ့ နတ်ဆိုးမှော်သားရဲကတောင် ရထားလုံးကိုဆွဲနေရတယ်လား"

အကြီးအကဲရှင်းသည် အကြီးအကဲများကြား၌ အသိပညာဗဟုသုတ အကြွယ်ဝဆုံးသူဖြစ်၍ သူက သက်ပြင်းတစ်ချက် ရှိုက်နေပေ၏။

"ဒီလေါက်ထိ ခမ်းနားကြီးကျယ်တဲ့မြင်ကွင်းနဲ့ အတူလာတဲ့ပုဂ္ဂိုလ်က ဘယ်လိုတည်ရှိမှုကြီးများ ဖြစ်နေမလဲ"

လူတိုင်းက ခမ်းနားကြီးကျယ်သောမြင်ကွင်းကို အံ့အားသင့်စွာ ငေးကြည့်နေကြ၏။

သို့ရာတွင် လုယွီက ယခုရောက်ရှိလာသောပုဂ္ဂိုလ်အား ခန့်မှန်းမိပြီးဖြစ်သည်။

ထိုလူများသည် တာယွီအင်ပါယာမှဖြစ်ပေ၏။

ရှေ့တန်း၌လူးလွန့်နေသော အလံများ၌ ရေးထိုးထားသည်မှာ 'တာယွီအင်ပါယာတောင်ပိုင်းနယ်မြေ၏ စစ်ရေးဆိုင်ရာအမတ်ကြီး မဟာဗိုလ်ချုပ် သီ'ဟုဖြစ်သည်။

တာယွီအင်ပါယာသည် ကြယ်နယ်မြေသန်းပေါင်းများစွာကို ထိန်းချုပ်ထားသော မဟာအင်အားစုနိုင်ငံကြီးဖြစ်ပေ၏။တောင်ပိုင်းမဟာစစ်ဗိုလ်ချုပ်သည် တာယွီအင်ပါယာ၏ နယ်စပ်ဒေသတမန်တော်လည်းဖြစ်သည်။သူ၏လက်အောက်၌ ကြယ်နယ်မြေထောင်သောင်းများစွာရှိပြီး မရေမတွက်နိုင်သော သက်ရှိမျိုးနွယ်များသည် သူ၏စီမံမှုကို နာခံကြရသည်။

ထို့ပြင် လုယွီက သူ့အား သိကျွမ်းပေ၏။

ထိုလူ၏နာမည်က သီကျန်းဖြစ်သည်။ယခင်က တာယွီအင်ပါယာနှင့်မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေတို့သည် သဘောထားကွဲလွဲမှုကြောင့် မကြာခဏ ပဋိပက္ခဖြစ်ပွါးလေ့ရှိသည်။လုယွီ၏လက်အောက်မှ နယ်မြေသခင်တစ်ယောက်သည် သီကျင်း၏ဓားချက်အောက်၌ သေဆုံးခဲ့ရ၏။

နောက်ပိုင်းတွင် လုယွီ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိသွားချိန်၌ သူ၏လက်ချောင်းတစ်ချောင်းဖြင့်ပင် သီကျန်းအား အပြင်းအထန်ဒဏ်ရါရရှိသွားစေပြီး ပြင်ပသို့ထွက်မလာတော့ဘဲ ပျောက်ကွယ်သွားသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သီကျန်း ရောက်ရှိလာပုံကို ကြည့်ခြင်းဖြင့် သူ၏ဒဏ်ရါများ ပြန်လည်ကောင်းမွန်သွားပုံရပြီး စစ်ရေးဆိုင်ရာအမတ်ကြီးအဖြစ်ပင် ရာထူးအဆင့်တိုးမြှင့်သွားပေသည်။

"ရှန်လင်းလုံ...ဒီလိုမျိုးလူရမ်းကားကို အဆင့်မြင့်အရာရှိအဖြစ်ခန့်အပ်ထားတာ...မင်း ဘာတွေများ ကြံစည်နေတာလဲ"

လုယွီက သူ၏စိတ်အတွင်းမှနေ၍ တွေးတောနေမိ၏။

ယခုလက်ရှိချိန်၌ တာယွီအင်ပါယာကို ရှန်လင်းလုံက အုပ်ချုပ်နေသည်။

သီကျန်းသည် ပုန်ကန်တက်သော စရိုက်သဘာဝနှင့် မွေးဖွားလာသူဖြစ်သည်။သူသည် အပေါ်ယံ၌ တာယွီကောင်းကင်ဘုံအင်ပါယာအား သစ္စာစောင့်သိပုံရသော်လည်း အမှန်အားဖြင့် သူသည် ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်အား သစ္စာဖောက်ရန် အချိန်မရွေး လျှို့ဝှက်ကြံစည်နေသူဖြစ်ပေ။။

လုယွီသည် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဥ်ကို ဝါးမြိုထားသဖြင့် သီကျန်း၏အကြံအစည်များကို သိရှိသည်။

ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်၏ မှတ်ဥာဏ်များအရ သီကျန်းအား သူ အနှေးနှင့်အမြန် ဖယ်ရှားရှင်းလင်းပစ်ရန် လိုအပ်သည်။

မြင်းရထားလုံး၏လိုက်ကာက ရုတ်တရက် ပွင့်သွားသည်။လူလတ်ပိုင်းကြီးတစ်ယောက်၏ပုံရိပ်က လေထုအတွင်း၌ ထွက်ပေါ်လာပေ၏။

"လုဝူယာက ဘယ်သူလဲ"

လူလတ်ပိုင်းကြီး၏နှုတ်မှ ထွက်ပေါ်လာသောစကားသံသည် အက်ရှပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေသည်။

ဤနေရာရှိ လူအများစုက တုန်တုန်ရီရီဖြင့် သူတို့ရှေ့မှမြင်ကွင်းအားကြည့်နေကြ၏။ကောင်းကင်ဘုံနယ်မြေမှ ရောက်ရှိနေသူများပင်လျှင် မြင်းရထားဘက်သို့လှည့်၍ ဦးညွှတ်အရိုအသေပြုနေသည်။

လုဝူယာ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။သူက ရှေ့သို့ထွက်ပြီး လူလတ်ပိုင်းကြီးကို ဦးညွှတ်ကာ လေးလေးစားစား ပြောဆိုလေ၏။

"ဆရာသခင်...ဒီတပည့်က လုဝူယာပါ"

လုဝူယာ၏ကောင်းကင်ဘုံအမိန့်တော်ကို သီကျင်းမှ ရေးသားထားခြင်းဖြစ်သည်။

လုယွီက လုဝူယာကို အနည်းငယ်အာရုံစိုက်လိုက်မိသည်။လုဝူယာ၏အရည်အချင်းသည် မဆိုးလှသော်လည်း ကောင်းကင်ဘုံနယ်မြေမှပါရမီရှင်များနှင့် နှိုင်းယှဥ်ပါက အဆင့်ကွာဟသည်။

သို့မဟုတ်ပါက သူ၏တိုက်ခိုက်မှုသုံးခုအား လုဝူယာ အသည်းအသန်ခံယူနေရမည်မဟုတ်ချေ။

"ဒါဆို မင်းက လုချင်ရဲ့မျိုးဆက်ပေါ့"

သီချင်း၏အသံက တည်ကြည်လေးနက်နေသည်။

"လုချင်က ဒီဗိုလ်ချုပ်ရဲ့နောက်ကို နှစ်တွေအများကြီး လိုက်ပါခဲ့တာ...သူက စစ်ပွဲတစ်ခုအတွင်းမှာ သေဆုံးခဲ့ရတယ်...ဒီကိစ္စက သူ့အတွက် အရမ်းဝမ်းနည်းစရာကောင်းတယ်...ငါက သူ့ရဲ့မျိုးဆက်ကို ထောက်ပံပေးမယ်လို့ လုချင်ကို ကတိပေးထားတယ်....မင်းရဲ့အရည်အချင်းက အဆင့်မမီပေမယ့် ငါ နောက်လိုက်ဟောင်းရဲ့မျက်နှာကြောင့် ငါ့ရဲ့တိုက်ရိုက်တပည့်အဖြစ် မင်းကိုလက်ခံလိုက်မယ်"

သီကျင်းက ရုတ်တရက် သူ၏သိုလှောင်အိတ်အတွင်းမှ လှံရှည်တစ်ချောင်းကို ဆွဲထုတ်ပြီး လုဝူယာထံ ပစ်ပေးလိုက်၏။

Chapter 770

သီကျင်းက လုဝူယာထံပေးလိုက်သော လှံရှည်တစ်ခုလုံး သွေးနီရောင်တောက်ပနေသည်။ထိုလှံမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကိုလည်း ထုတ်လွှက်ပေးနေသည်။

သာမာန်ကျင့်ကြံသူများအဖို့ ထိုလှံအားတစ်ချက်ကြည့်မိလျှင်ပင် ငရဲကျသွားသကဲ့သို့ ခံစားမိစေသည်။

လုဝူယာက လှံရှည်ကိုယူဆောင်လိုက်ရာ ၎င်း၏အလေးချိန်ကို ခံစားမိသည်။သူက လှံရှည်အား သူ၏လက်အတွင်း၌ ဆက်လက်ကိုင်ဆောင်ထားနိုင်ရန် မှော်စွမ်းအင်များကို လှည့်ပတ်လိုက်ရသည်။

သူသည် ဥာဏ်အလင်းပွင့်နယ်ပယ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပေ၏။

"ဒါက လုချင်ရဲ့မှော်လက်နက်ပဲ...အခု ဒီလှံရှည်ရဲ့မူလပိုင်ရှင်မျိုးဆက်ဆီကို ပြန်ရောက်သွားပြီ...ငါ မင်းကို နောက်ထပ်မှော်နည်းစနစ်တစ်ခု ပေးအပ်ခဲ့မယ်...ဒီနည်းစနစ်က ငါ့အသစ်ဖန်တီးထားတဲ့ စစ်တပ်သေနင်္ဂဗျူဟာပဲ..မင်း ဒါကို သဘောပေါက်နားလည်အောင် တက်နိုင်သမျှမြန်မြန်ကြိုးစားသင့်တယ်"

သီကျင်း၏လက်ချောင်း အနည်းငယ်လှုပ်ခတ်သွားပြီး အလင်းတန်းတစ်တန်းက လုဝူယာ၏မျက်ခုံးနှစ်ခုကြားသို့ တိုးဝင်သွားသည်။

လုဝူယာ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး ရုတ်တရက်ဆိုသလို သူထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက ပိုပြီးပီပြင်ထင်ရှားလာသည်။

သတ်ဖြတ်ရန်အော်ဟစ်နေသော ခပ်သဲ့သဲ့အသံများက နေရာအနှံ့မှ သူ ကြားနေရပြီး သူ၏စိတ်နှလုံးသားပင် တုန်ခါနေသည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ဒါက ကြီးမားတဲ့ကံကောင်းမှုကြီးပဲ...လုမိသားစုက ကောင်းကင်ဘုံနယ်မြေမှာ ဒီလိုအခွင့်အရေးမျိုး ရယူသွားနိုင်မယ်လို့ ငါ ထင်မထားမိဘူး...ဒီလိုမျိုးအစွမ်းထက်တဲ့ဆရာသခင်နဲ့ဆိုရင် နောင်အနာဂတ်ကျရင် လုမိသားစုကို ဘယ်အင်အားစုမှယှဥ်ပြိုင်နိုင်မှာမဟုတ်တော့ဘူး"

မြောက်များစွာသောလူများ၏အကြည့်များအောက်တွင် လုဝူယာက မှော်နည်းစနစ်အား လက်ခံရယူလိုက်သည်။သူ၏မျက်လုံးများအတွင်း၌ ဂုဏ်ယူဝင့်ကြွားနေသော အရိပ်အယောင်များ ထင်ဟပ်နေပြီး သူက ခေါင်းမော့ရင်ကော့နေပေသည်။

ထိုအချိန်မှာပင် တခြားမြင်းရထားလုံးနှစ်စီး၏ခန်းဆီးလိုက်ကာများ တပြိုင်နက်တည်း ပွင့်လာကြ၏။

သီကျင်း စီးနင်းလာသော မြင်းရထားလုံး၏ဘေးတွင် လူနှစ်ယောက်က ထွက်ပေါ်လာသည်။သူတို့နှစ်ယောက်သည် သီကျင်း၏နောက်တွင်သာ မတ်တတ်ရပ်နေသည်ဖြစ်၍ သူတို့၏အဆင့်အတန်းသည် သီကျင်းလောက်မြင့်မားခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

သူတို့နှစ်ယောက်သည် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ရုပ်ရည်ချောမောကြကာ သာမာန်မဟုတ်သောအရှိန်အဝါများရှိသည်။

အမျိုးသားကြီးက အရင်ဆုံးပြောဆိုလိုက်၏။

"နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က မုန့်ကျူးယွင်က ဘယ်သူလဲ"

သူ၏အသံသည် အလွန်ကြည်လင်သန့်စင်ပြီး နားထောင်ရသူများအဖို့ အလွန်ပင် စိတ်အားတက်ကြွစေသည်။

မုန့်ကျူးယွင်က အချိန်တခဏကြာ ကြက်သေသေနေပြီးမှ အလျှင်အမြန် ပြောဆိုလိုက်၏။

"ကျွန်မက မုန့်ကျူးယွင်ပါ"

ထိုအမျိုးသားကြီးက အပြုံးနှင့် ပြောဆိုလေသည်။

"ငါ့နာမည်က ဖူကျစ်...ငါ ဒီနေရာကို ဆရာသခင်ရဲ့အမိန့်နဲ့လာခဲ့တာ...ငါက ဝမ်ရှန်းသူတော်စင်အဖြစ် ချီးမြှောက်ခံထားရပြီးတော့ တာယွီအင်ပါယာရဲ့မဟာဆရာသခင်ရာထူးကိုလည်း တာဝန်ထမ်းဆောင်နေတယ်...မင်းက ဆရာသခင်ရဲ့ကောင်းကင်ဘုံအမိန့်တော်ကို ရရှိထားတာကြောင့် ငါ့ရဲ့ဂျူနီယာညီမလေးပဲ...ငါ့ရဲ့ဆရာသခင်က တံခါးပိတ်ကျင့်ကြံနေလို့ မင်းဆီကို ငါလာခဲ့တာ"

မုန့်ကျူးယွင်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောဆိုလိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ်...စီနီယာအကိုကြီး"

ဖူကျစ်က မြင့်မြတ်ကျင့်စဥ်အား အလျှင်စလိုပေးအပ်ခြင်းမရှိဘဲ အပြုံးနှင့်ပြောဆိုသည်။

"ငါ ဒီနေရာကို ထွက်ခွါမလာခင်က...ဆရာသခင်က ငါ့ကို ဂျူနီယာညီမလေးရဲ့အရည်အချင်းကို စမ်းသပ်စစ်ဆေးဖို့ အမိန့်ပေးထားတယ်...ကြည့်ရတာတော့ ဂျူနီယာညီမလေးက ကွန်ဖြူးရှပ်တာအိုကိုလေ့လာလိုက်စားပုံပဲ...ဒါကြောင့်မို့ ငါ မင်းရဲ့သမာဓိချီကို စမ်းသပ်ချင်တယ်...မင်းရဲ့အခြေခံ ဘယ်လောက်ထိခိုင်မာလဲဆိုတာ ကြည့်ကြရအောင်"

မုန့်ကျူးယွင်က ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်မှ သမာဓိချီစွမ်းအားများကို ထုတ်လွှက်လိုက်သည်။

ကွန်ဖြူးရှပ်ကျောင်းတော်သားများသည် ကဗျာစာပေနှင့်ကျမ်းစာအမြောက်အများကို ဖတ်ရှုပြီး တာအိုကိုလေ့ကျင့်ရုံသာမက ဂန္ထဝင်နှင့်သမိုင်းစာပေများကိုပင် လေ့လာလိုက်စားကြသည်။

စာအုပ်စာပေများ ထောင်သောင်းချီ၍ဖတ်ရှုပြီးနောက် ထိုကွန်ဖြူးရှပ်ကျောင်းတော်သားများ၏ခန္ဓာကိုယ်တွင် မြင့်မြတ်သော သမာဓိချီများ စုဝေးလာသည်။

ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်၏ခွန်အားကို သမာဓိချီစွမ်းအားဖြင့် တိုင်းတာဆုံးဖြတ်နိုင်ပေ၏။

မုန့်ကျူးယွင် ထုတ်လွှက်လိုက်သော သမာဓိချီစွမ်းအားများသည် မီတာတစ်ရာအဝန်းအဝိုင်းကို ချက်ချင်းလွှမ်းခြုံသွားသည်။

ထို့ပြင် သူမ၏စွမ်းအားများအတွင်း၌ အင်ပါယာတစ်ပါး၏လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများလည်း ရောယှက်နေသည်။တစ်စုံတစ်ယောက်က သူမအား တစ်ချက်ကြည့်မိရုံဖြင့်ပင် သူ၏နှလုံးသားအောက်ခြေမှလာသော အောက်ကျို့ခယလိုမှုအား ခံစားမိပေမည်။

ဖူကျစ်က အံ့အားတသင့် ချီးမွမ်းပြောဆိုလိုက်၏။

"ဂျုနီယာညီမလေးက ကြည့်ရတာတော့ အင်ပါယာတစ်ပါးရဲ့လမ်းစဥ်ကို ကျင့်ကြံပုံပဲ...ဆရာသခင်က အင်ပါယာလမ်းစဥ်ကို အများကြီးရှာဖွေလေ့လာမှုတွေ ပြုလုပ်ခဲ့တယ်...သူက မင်းကို တပည့်အဖြစ်လက်ခံတာ အံ့အားသင့်စရာမရှိတော့ဘူး"

မုန့်ကျူးယွင်သည် အချိန်တခဏကြာ ကြက်သေသေသွားပြီးမှ သူမက တအံ့တသြပြောဆိုလေသည်။

"စီနီယာအကို...ကျွန်မက အင်ပါယာလမ်းစဥ်ကို အများကြီးမလေ့လာခဲ့ဖူးဘူး"

နက်နဲသိမ်မွေ့ကျိုးကျောင်းတော်သည် ကဗျာစာပေများကို အဓိကလေ့လာသောကျောင်းတော်ဖြစ်ပေ၏။ထိုကျောင်းတော်တွင် ကဗျာစာပေများ၏ခမ်းနားကြီးကျယ်မှုကိုသာ အထူးလေ့လာလိုက်စားကြပြီး အင်ပါယာလမ်းစဥ်လေ့လာခြင်းကို အမှန်တကယ်ကို စွန့်လွှက်ထားသည်။

ဖူကျစ်၏မျက်နှာပေါ်တွင် ချီးမွမ်းလိုသောအရိပ်အယောင်မှာ ပို၍ပီပြင်ထင်ရှားလာသည်။

"ကြည့်ရတာတော့ ဂျူနီယာညီမလေးက တကယ့်ကို ရိုးရိုးကုပ်ကုပ်နေတက်တာပဲ...ဒီမြင့်မြတ်ကျင့်စဥ်က ဂျူနီယာညီမလေးအတွက်ပဲ"

သူက အင်္ကျီလက်မောင်းကြားမှ ဝါးစာလိပ်တစ်လိပ်ကိုထုတ်ယူပြီး မုန့်ကျူးယွင်ထံ ပေးအပ်လိုက်၏။

မုန့်ကျူးယွင်က ဝါးစာလိပ်ကို ညင်သာစွာဖွင့်ကြည်လိုက်ရာ အဖြူရောင်အလင်းတန်းများတောက်ပလာပြီး ကြီးမားသောစွမ်းအင်လှိုင်းများက တလိမ့်လိမ့် ထွက်ပေါ်လာသည်။သူမက ထိတ်လန့်ကြောက်ရွံသွားပြီး ဝါးစာလိပ်ကို အလျှင်အမြန်ပြန်ပိတ်လိုက်တော့သည်။

All Chapters