← Chapters

အခန်း (၇၇၁-၇၇၅)

Vol. 42 Ch. 771-775

အခန်း (၇၇၁-၇၇၅)

Vol. 42 Ch. 771-775

Chapter 771

ဖူကျစ်က ခပ်ဖျော့ဖျော့ပြုံးကာ..."ဂျူနီယာညီမလေး...ဒါက ဆရာသခင်ကိုယ်တိုင်ရေးသားထားတဲ့ အင်ပါယာလမ်းစဥ်အကြောင်းပဲ....ကောင်းကင်ဘုံလမ်းကြောင်းပွင့်မလာခင်အချိန်မှာ မင်း ခက်ခက်ခဲခဲကြိုးစားရလိမ့်မယ်"ဟုဆိုလေသည်။

မုန့်ကျူးယွင်သည် အလွန်စိတ်လှုပ်ရှားနေသော်လည်း သူမ၏စိတ်တည်ငြိမ်စေရန် ပြန်လည်ထိန်းချုပ်ပြီး ပြောဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ်...စီနီယာအကိုကြီး"

သူမသည် ကွန်ဖြူးရှပ်တာအိုကျောင်းတော်တစ်ခုဖြစ်သော နက်နဲသိမ်မွေ့ကျိုးကျောင်းတော်မှကျောင်းအုပ်ကြီး၏သမီးဖြစ်သော်လည်း သူမတို့ကျောင်းတော်သည် အလယ်အလတ်အင်အားစုတစ်ခုသာဖြစ်သည်။မည်သည့်အချိန်စပြီး အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က သူမကို အာရုံစိုက်သွားသနည်း။

ဤအချိန်တခဏတွင် မုန့်ကျူးယွင်၏စိတ်နှလုံးသားတစ်ခုလုံး ဂုဏ်ယူဝမ်းမြောက်ခြင်းများနှင့် ပြည့်နှက်နေပြီး သူမကိုယ်သူမ လေပေါ်မျောလွင့်နေသကဲ့သို့ ခံစားနေရသည်။

ကမ္ဘာငယ်လေး၏ပြင်ပမှ ကြည့်နေကြသူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာ ကြည့်နေကြ၏။

ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံသော အကြီးအကဲတစ်ယောက်က ရုတ်တရက် သက်ပြင်းရှိုက်လိုက်၏။

"ငါ မွေးဖွားလာခဲ့တာ အချိန်ကောင်းမဟုတ်ခဲ့ဘူးပဲ...တကယ်လို့ ငါ့အသက်သာ ငယ်ရွယ်သေးရင်...ငါလည်း ဒီအခွင့်အရေးမျိုးရအောင် ကြိုးစားမိမှာပဲ"

တခြားအကြီးအကဲများကလည်း စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချနေကြ၏။အကယ်၍ ယခင်ကသာ ဤကဲ့သို့အခွင့်အရေးမျိုး ရှိလာမည်ဟု သူတို့ကြိုသိခဲ့ပါက သူတို့လည်ပင်းရိုးများကျိုးကြေသွားလျှင်ပင် သူတို့ အသည်းအသန်ကြိုးစားခဲ့ပေမည်။

ကံဆိုးစွာဖြင့် သူတို့၏အသက်အရွယ်သည် အကန့်အသတ်ကို ကျော်လွန်နေလေပြီ။

ဖူကျစ်၏ခြေလှမ်းနောက်သို့ဆုတ်သွားပြီးနောက် သူနှင့်အတူရောက်ရှိလာသော အမျိုးသမီးကျင့်ကြံသူက ရှေ့တိုးလာသည်။

ထိုအမျိုးသမီးကိုကြည့်ရသည်မှာ ငယ်ရွယ်သေးပုံရပြီး သူမ၏မျက်နှာအား ပြင်ဆင်ခြယ်သထားသည်။သူမ၏ပုံပန်းသွင်ပြင်မှာ နူးညံသိမ်မွေ့ပြီး လှပချောမောပုံရပေ၏။

သူမက နန်းတွင်းအဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ခမ်းနားထည်ဝါပုံမရှိချေ။သို့သော် ထိုသို့ဆိုလျှင်ပင် သူမထွက်ပေါ်လာချိန်တွင် နံဘေးပတ်ဝန်းကျင်ရှိအရှိန်အဝါများအားလုံးကို ဖိနှိပ်ထားနိုင်၏။

"ငါက မြင့်မြတ်တဲ့ကြင်ယာတော်မီဖေးရဲ့သီးသန့်အစေခံ ရုန်လောပဲ...ကြင်ယာတော်မီဖေးရဲ့မျိုးဆက်က ဘယ်သူလဲ...ငါ သူ့ကို မှော်လက်နက်တစ်ခု လက်တင့်ကမ်းပေးအပ်ရမယ်"

ထိုအမျိုးသမီးက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

ဤနေရာပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါးလိုလို သူတို့၏စိတ်နှလုံးသားများအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားမိကြသည်။

ရုန်လေယသည် အစေခံတစ်ယောက်ဖြစ်သည့်အတွက် သီကျန်းနှင့်ဖူကျစ်တို့၏အဆင့်အတန်းအား ယှဥ်ပြိုင်နိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားပေ၏။

သို့ရာတွင် သူမ မတ်တတ်ရပ်ကာ ရယ်ပြုံးပြီးစကားပြောနေစဥ်မှာပင် လူအများသည် ရိုင်းစိုင်းသောသားရဲကြီးတစ်ကောင်က သူတို့အား စိုက်ကြည့်နေသကဲ့သို့ ခံစားမိစေသည်။

"ဒီမိန်းမက...မရိုးရှင်းဘူး"

လူအုပ်ကြီးက တီးတိုးတိုင်ပင်ဆွေးနွေးနေစဥ်တွင် ကျန်းယွမ်က အလွန်စိတ်လှုပ်ရှားနေပြီး ရှေ့သို့တိုးထွက်လိုက်သည်။

"ကျွန်တော်က ကြင်ယာတော်မီဖန်းရဲ့မျိုးဆက်ပါ"

ကျန်းယွမ်က စိတ်ကြီးဝင်နေပြီး သူ၏ခေါင်းကိုမော့ကာ အူရားဖားယား ပြောဆိုလေသည်။

ခပ်ဖျော့ဖျော့အပြုံးနှင့်အတူ ရုန်လောက သူမ၏ခေါင်းကိုခါယမ်းပြလေ၏။

"မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျန်းမိသားစုရဲ့သွေးမျိုးဆက် အရိပ်အယောင်တွေ့ပေမယ့် သန့်စင်မှုမရှိဘူး...ပြီးတော့ ကြင်ယာတော်မီက သူရဲ့မျိုးဆက်က မိန်းကလေးတစ်ယောက်ဆိုတာ ငါ့ကို ပြောထားပြီးသား"

ကျန်းယွမ်က မကျေမချမ်း ပြောဆိုလိုက်သည်။

"ဒါက ဘိုးဘေးမီဖေး အလှည့်စားထံလိုက်ရတာ...ကျန်းယုချင်က ဘာကိုမှနားမလည်တဲ့ ကောင်မလေးတစ်ယောက်...သူက မိသားစုခေါင်းဆောင်အဖြစ် တာဝန်ယူတာတောင် ရက်အနည်းငယ်ပဲကြာသေးတယ်...ဘိုးဘေးမီဖန်း ကြွရောက်လာခဲ့တဲ့အချိန်တုန်းက သူက မိသားစုဝင်္ကပါရဲ့အကာအကွယ်ကို ရထားလို့ အစွမ်းထက်သယောင်ဖြစ်နေတာ"

စကားဆုံးသည်နှင့် ကျန်းယွမ်က သူကိုယ်သာ လက်ညှိုးညွှန်ပြီး အသံကျယ်ကျယ် ပြောဆိုလေ၏။

"ကျွန်တော်က ကျန်းမိသားစုရဲ့ပါရမီရှင်ဆိုတာ ခင်ဗျား ရှင်းရှင်းလင်းလင်းမမြင်ဘူးလား...ကျွန်တော်ကဘာ ဘိုးဘေး ရှာနေတဲ့သူဖြစ်သင့်တယ်"

ဤအချိန်တခဏတွင် တအံတသြအော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံအမိန့်တော်အား အယောင်ဆောင်၍ ယူထားဝံ့သူ ရှိနေသေးသလော။

သတ္တိအလွန်ကောင်းသည်ဟူသောသူများပင် ဤကိစ္စအား မပြုလုပ်ဝံ့ချေ။

ရုန်လော၏မျက်လုံးများအတွင်းမှ ရုတ်တရက် အန္တရာယ်အငွေ့အသက်ပါသော အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

ရုန်လော စိတ်မကြည်မသာဖြစ်နေခြင်းကို ဤနေရာရှိ လူတိုင်းနီးပါး သိနားလည်နေကြ၏။

သို့ရာတွင် ကျန်းယွမ်ကမူ သဘောပေါက်နားလည်ခြင်းမရှိပေ။

ကျန်းယွမ်၏ကျန်းတတိယမိသားစုခွဲသည် အစွန်အဖျားဒေသတွင် တည်ရှိသဖြင့် သူက နယ်မြေငယ်လေးအတွင်း၌ အဆင့်နိမ့်ပါးသူများနှင့်သာ ဆက်ဆံခဲ့ရသည်။ပင်မကျန်းအိမ်တော်ကို သူ၏အကြီးအကဲများက လွှမ်းမိုးချုပ်ကိုင်နိုင်သွားသောအချိန်တွင် ကျန်းယွမ်က သူသည်သာ လောကတခွင် ပြိုင်ဘက်ကင်းဖြစ်ပြီး မည်သူကမျှ သူ့အား အနိုင်မယူနိုင်ဟု တွေးတောထားခဲ့သည်။

"အဲ့ဒီကျန်းယုချင်က မိသားစုခေါင်းတောင်တံဆိပ်ပြားကိုခိုးယူထားလို့ အကြီးအကဲတွေက ထိန်းသိမ်းထားတယ်...ဒီလိုမျိုးအပြစ်ကြီးကိုကျူးလွန်ထားတဲ့ ကျန်းယုချင်အတွက် ခုအပြစ်ဒဏ်က ပေါ့တောင်နေ...."

ကျန်းယွမ်၏စကားသံက ရုတ်တရက်ရပ်တန့်သွားသည်။

ရုန်လော၏လက်ချောင်းတစ်ချောင်း လှုပ်ခတ်လိုက်သည်ကိုသာ မြင်တွေ့ရပြီး ကျန်းယွင်၏လည်ပင်း၌ သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်သွားသည်။

"ယုချင်မိန်းကလေးက ကြင်ယာတော်မီရဲ့ မျိုးဆက် ..သူ့ရဲ့သွေးမျိုးဆက်က တော်ဝင်သွေးမျိုးဆက်ပဲ....စည်းမျဥ်းတွေအရ သေဒဏ်ပဲ"

ရုန်လော၏အသံသည် ရေခဲတမျှအေးစက်နေသည်။

Chapter 772

"ခင်ဗျား....."

ကျန်းယွမ်၏မျက်လုံးများ ပြူးကျယ်နေပြီး သူရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်နေသည်။

ဤသည်က မဖြစ်သင့်ပေ။မည်သည်ကြောင့် သူက ကြင်ယာတော်မီဖေး အလိုရှိသူ မဖြစ်ရသနည်း။

သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပင်။နောင်အနာဂတ်၌ သူ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားလျှင် လူအားလုံး၏လေးစားခြင်းကို ခံယူရပေမည်။သူက အင်မော်တယ်တစ်ယောက်ဖြစ်လာပြီး ထာဝရအသက်ရှင်နေထိုင်သွားနိုင်လိမ့်မည်။

ဤနေရာ၌ မည်သည်ကြောင့် သူ သေဆုံးသွားသင့်သနည်း။

ဝှီး....

လေပြင်းတစ်ချက်အဝှေ့တွင် ကျန်းယွင်၏ဦးခေါင်း မြေပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းသွားပြီး သူ အသက်ကင်းမဲ့သွားတော့သည်။

ဤသည်က လက်ချောင်းတစ်ချောင်း လှုပ်ခတ်လိုက်မှုဖြစ်သည်။ကျန်းယွမ်က ပြန်လည်ခုခံရန်ပင် အချိန်မရဘဲ သူ၏စိတ်ဝိညာဥ်ပင် ပြန့်ကျဲသွားသည်။

"တာယွီအင်ပါယာရဲ့တော်ဝင်မျိုးဆက်တွေကို ထိဝံ့တဲ့သတ္တိရှိနေတာ ဘယ်လိုလူတွေလဲဆိုတာ ငါ မြင်ချင်တယ်"

ရုန်လောက နှာတစ်ချက်မှုတ်ပြီး ကမ္ဘာငယ်လေး၏ပြင်ပသို့ ခြေလှမ်းချလိုက်သည်။

ဝီ...ဝီ...

ရုတ်တရက် မိုးကောင်းကင်တာအိုမှနေ၍ ဖိအားလှိုင်းတစ်ရပ် ကျဆင်းလာပြီး ရုန်လောအား မဆင်မခြင်မလုပ်ရန် သတိပေးလေ၏။

"ငါ့ဆီမှာ သွားလေသူကောင်းကင်ဘုံအင်ပါယာ ချီးမြှင့်ထားတဲ့ နတ်ဘုရားအထွတ်အမြတ်ပစ္စည်းရှိတယ်...နင်က ငါ့ကို သတိပေးဝံ့တယ်လား"

ရုန်လောက ချက်ချင်းပင် သူ၏အင်္ကျီလက်မောင်းကြားမှ အဖြူရောင်ကျောက်စိမ်းပိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။

ဤအချိန်တခဏတွင် အပြစ်အနာအဆာကင်းမဲ့သော အဖြူရောင်ကျောက်စိမ်းပိုင်းမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။

လုယွီက ထိုအဖြူရောင်ကျောက်စိမ်းအား ချက်ချင်းပင် သတိပြုမိသွားပြီး မှတ်မိသွားပေ၏။

မီဖေးသည် အင်ပါယာထိုက်ချမ်၏ကြင်ယာတော်တစ်ပါးဖြစ်၍ အဖြူရောင်ကျောက်စိမ်းပိုင်းအား ရရှိထားခြင်းဖြစ်ပေမည်။

ကောင်းကင်ဘုံအင်ပါယာထိုက်ချမ်က အဖြူရောင်ကျောက်စိမ်းပိုင်းကို နှစ်ကာလရှည်ကြာစွာ အမြဲတစေဝတ်ဆင်ထားသဖြင့် ၎င်း၌ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးပါရှိသည်။

ဝုန်း....

ကောင်းကင်ယံ၌ အနက်ရောင်တိမ်စိုင်များ တလိမ့်လိမ့်တက်လာပြီး မိုးကြိုးငွေ့များပင် ရစ်သိုင်းလာသည်။

သို့ရာတွင် မိုးကြိုးငွေ့များသည် အချိန်အတော်ကြာ ရစ်သိုင်းနေသော်လည်း အောက်သို့ကျဆင်းလာဝံ့ခြင်း ရှိပုံမပေါ်ချေ။

ကောင်းကင်ဘုံဧှကရာဇ်ထိုက်ချမ်သည် မည်သို့ပင်ဆိုစေကာမူ ထိပ်တန်းတာအိုသခင်တစ်ယောက်ဖြစ်သည်။သူ၏ပုံရိပ်သည် လွှမ်းမိုးချုပ်ကိုင်နိုင်ပေ၏။

အကယ်၍ သူသည် အားအနည်းဆုံးတာအိုသခင်တစ်ယောက် ဖြစ်နေလျှင်ပင် ဤကြယ်နယ်မြေ၏မိုးကောင်ကင်တာအိုအဆင့်အား လွယ်လင့်တကူ ဝါးမျိုပစ်နိုင်သည်။

မိုးကောင်းကင်တာအိုသည် နောက်ဆုံး၌ သူ၏ခြိမ်းခြောက်နေခြင်းကို ရပ်တန့်ပြီး ရုန်လောအား ထပ်မံ၍ရန်စဝံ့ခြင်းမရှိတော့ချေ။

ထိုအချိန်တွင်...ကျန်းမိသားစု၌..

ကျန်းမိသားစုခန်းမရှေ့တွင် ကျန်းယုချင်သည် မြောက်များစွာသောအကြီးအကဲများ၏ ဝိုင်းရံခြင်းကို ခံနေရသည်။သူမ၏လက်အတွင်း၌ ကြိုးအမြောက်အများ ပြတ်တောက်နေသောကုချင်းကို ကိုင်ဆောင်ထားသည်။

"သစ္စာဖောက်...ခုချက်ချင်း အဖမ်းခံစမ်း"

"ကျန်းမိသားစုဘိုးဘေးက မင်းကို ဘာပေးခဲ့လဲ...တကယ်လို့ အဲ့ဒီပစ္စည်း ငါတို့ကိုလက်လွှဲပေးမယ်ဆိုရင်...မင်းအသက်ကို ချမ်းသာပေးမယ်"

ကျန်းယုချင်၏နံဘေးတွင်ရှိနေသော အကြီးအကဲများက ကျယ်လောင်စွာ အော်ဟစ်ပြောဆိုနေကြ၏။

သူတို့က အတူပူးပေါင်းပြီး ကျန်းယုချင်အား ခြုံခိုတိုက်ခိုက်၍ ဟန့်တားခဲ့ခြင်းပင်။အကယ်၍ ကျန်းယုချင်သာ အခြေအနေမကောင်းသည်ကို သတိမမူဖြစ်ပြီး မိသားစုအကာအကွယ်ဝင်္ကပါအား အသုံးပြုခဲ့ခြင်းမရှိပါက သူမ သေဆုံးနေလေပြီ။

မြေပြင်ပေါ်၌ လူသေလောင်းတချို့ရှိနေသည်။

အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက လူသေလောင်းများသည် ကျန်းမိသားစု၏ကြမ္မာငင်သောအချိန်၌ လွတ်မြောက်လာသော လူငယ်များဖြစ်သည်ကို အမှတ်ရမိပေမည်။

ထိုလူငယ်များသည် သူတော်စင်အုပ်ချုပ်သူ ရှေးဟောင်းနတ်ဆိုးလက်အတွင်းမှလွတ်မြောက်ခဲ့သော်လည်း သွေးရင်းသားရင်းများလက်အတွင်း၌ သေဆုံးရမည်ဟု မျှော်လင့်မိမည်မဟုတ်ချေ။

"ရှင်တို့က လူတွေရောဟုတ်ရဲ့လား...သူတို့အားလုံးက ကျန်းမိသားစုဝင်တွေလေ...ရှင်တို့ ဘယ်လိုနှလုံးသားနဲ့ လုပ်ရက်တာလဲ"

ကျန်းယုချင်၏နူးညံလှပသောမျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ရောယှက်နေပေ၏။သူမက လက်အတွင်းရှိကုချင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး အကြီးအကဲများအား စူးစူးဝါးဝါးစိုက်ကြည့်နေပေသည်။

လူစုအားဦးဆောင်နေသော တတိယအကြီးအကဲက အမူအယာကင်းမဲ့စွာ ပြောဆိုလိုက်၏။

"သူတို့က မင်းဘက်မှာနေဖို့ ရွေးချယ်ခဲ့တယ်လေ...မင်းလို ဘာမှမသိတဲ့ မိန်းကလေးတစ်ယောက်က မိသားစုအကြီးအကဲတွေရဲ့ဆန္ဒကို ဖီဆန်ချင်နေတယ်လေ...ဒီကောင်တွေက သစ္စာဖောက်တွေပဲ...သူတို့သေသင့်တာကြာပြီ"

"မင်းကတော့ ဘိုးဘေးပေးသနားထားတဲ့ ကျင့်ကြံနည်းစနစ် ငါတို့ကို ရိုးရိုးသားသားလက်လွှဲပေးသင့်တယ်...ကျန်းထျန်းရှုံးရဲ့မျက်နှာထောက်ပြီး ငါ မင်းအသက်ကို ချမ်းသာပေးမယ်...နောင်တစ်ချိန်မှာ မင်းက ကျန်းမိသားစုရဲ့အစေခံအနေနဲ့ ယွမ်အာကို ပြုစုရမယ်"

ကျန်းယုချင်က ဒေါသတကြီး အော်ဟစ်နေပေ၏။

"အဲ့ဒီအကြောင်း စဥ်းကိုမစဥ်းစားနဲ့..ရှင်တို့က အရမ်းမိုက်မဲတဲ့လူတွေပဲ...ရှင်တို့ရဲ့အရည်အချင်းနဲ့ ကျန်းဘိုးဘေးရဲ့လက်ခံမှုကို ရမယ်လို့ထင်နေကြတာလား"

တတိယအကြီးအကဲက အေးစက်စက်ရယ်မောလိုက်သည်။

"ကျန်းဘိုးဘေးက ယွမ်အာကို လာရှာတာ...မင်းကို မဟုတ်ဘူး...မင်းက ယွမ်အာရဲ့အစေခံအဆင့်လေ"

ကောင်းကင်ယံ၌....

ရုန်လောက အေးစက်စက်နှာမှုတ်ကာ သူမ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းပင် ကျန်းယုချင်၏တည်နေရာကို အာရုံခံမိသွား၏။

ဤအချိန်တွင် ကျန်းမိသားစုတွင် အကာအကွယ်ဝင်္ကပါကိုဖွင့်ထားပြီး အိမ်တော်တံခါးကြီးကိုလည်း ပိတ်ထားသည်။အိမ်တော်အတွင်းရှိလူများ မည်သည့်အရာများပြုလုပ်နေကြသည်ကို မည်သူမျှမသိနိုင်ချေ။

Chapter 773

"ပွင့်စမ်း"

ရုန်လော၏အော်ငေါက်သံတစ်ချက်နှင့်ပင် ကျန်းအိမ်တော်တံခါးမကြီး ပွင့်သွားပေ၏။

ဤအချိန်တွင် အိမ်တော်ရှေ့၌ ကျန်းမိသားစုဝင်လူငယ်တစ်စု စောင့်ကြပ်နေသည်။

"ဘယ်သူလဲ"

ဗလတောင့်တောင့်လူငယ်တစ်ယောက်က အော်ဟစ်ကြုံးဝါးပြီး အသံကြားရာသို့ အပြေးထွက်ခွါလိုက်သည်။

သူက ရုန်လော၏မျက်နှာကို တွေ့မြင်သွားချိန်တွင် အနည်းငယ်အံ့အားသင့်သွားပေ၏။

သူတို့သည် ပင်မကျန်းအိမ်တော်၏အာဏာကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ပင်မကျန်းမိသားစုသည် လင်ရှောင်းမြို့၌မခြေကျနေသည်မှာ နှစ်ပေါင်းများစွာရှည်ကြာနေပြီဖြစ်သဖြင့် ရင်းနှီးသောမိတ်ဆွေအမြောက်အများရှိပေရာ ဤကိစ္စကို ဝင်ရောက်စွက်ဖက်မည်ကိုစိုးရွံသဖြင့် သူတို့လူစု လာရောက်စောင့်ကြပ်နေကြခြင်းဖြစ်သည်။

တံခါးပွင့်သံကို သူကြားချိန်တွင် လူတစ်စုရောက်ရှိလာပြီဟု ထင်ခဲ့သော်လည်း သူ့မျက်လုံးရှေ့၌ လှပချောမောပြီးဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ယောက်သာရှိနေသည်။

"ကောင်မလေး...မင်း အိမ်မှားနေတာလား"

ဗလတောင့်တောင့်လူငယ်က သူ၏နှုတ်ခမ်းကို သူ့လျှာဖြင့်ပြန်ပွတ်သပ်နေပြီး ရုန်လောအား ခြေဆုံးခေါင်းဆုံးကြည့်နေပေ၏။

"ဒါပေမယ့် တကယ်လို့ မင်း ငါနဲ့လက်ထပ်မယ်ဆိုရင်...ငါ မင်းကို လုံလုံခြုံခြုံဖွက်ထားပေးမယ်"

ရုန်လောက ခနဲ့ပြုံးပြုံးနေပြီး ထိုကဲ့သို့လူစားမျိုးနှင့် စကားပြောလိုစိတ် သူမတွင် မရှိချေ။သူမက ခြံဝန်းအတွင်းသို့ လျှောက်လှမ်းဝင်လိုက်သော်လည်း မည်သူကမျှ သူမအား တားဆီးခြင်းမရှိပေ။

"မင်းတို့က ဒီနေရာမှာ ကြောင်တောင်တောင်နဲ့ ဘာလုပ်နေတာလဲ...မြန်မြန်...."

ဗလတောင့်တောင့်လူငယ်က သူ၏နောက်လိုက်များကို အော်ငေါက်ရန်ဟန်ရွယ်လိုက်သော်လည်း သူက နေရာ၌ပင် တောင့်တင်းသွားသည်။

အစောပိုင်းက သူ၏နံဘေးနား၌ မတ်တတ်ရပ်နေသောလူစုသည် မြေပြင်ပေါ်၌လဲကျနေပြီး သူတို့၏ခန္ဓာကိုယ်များပင် မြောက်များစွာသောအပိုင်းအစများ ကွဲထွက်နေသည်။

ဤအချိန်တွင် မြေပြင်တစ်ခုလုံး သွေးများပြန့်ကျဲနေပေ၏။

"မင်း...မင်း...မင်း..."

ဗလတောင့်တောင့်လူငယ်က တုန်တုန်ရီရီဖြင့် မြေပြင်ပေါ်၌ ထိုင်ချလိုက်မိသည်။

"တော်ဝင်နန်းတော်ထဲမှာ ကြင်ယာတော်ရဲ့သြဇာသက်ရောက်မှု အားနည်းတာ သူရဲ့နောက်မှာ မိသားစုအထောက်အပံမရှိလို့ပဲ...တကယ်လို့ သူရဲ့မိသားစုက ဒီလိုမျိုးဆိုတာကိုသာ သူ သိသွားရင်...သူ စိတ်ဓာတ်ကျသွားမှာ သေချာတယ်"

ရုန်လောက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဗလာတောင့်တောင့်လူငယ်၏ အသနားခံတောင်းပန်နေမှုကို လျစ်လျှူရှု၍ ရုန်လော၏လက်က သူ၏ခေါင်းပေါ်သို့ ရောက်သွားခဲ့သည်။

ဘုန်း....

ထိုလူငယ်၏ဦးခေါင်း ချက်ချင်းပင် ပေါက်ကွဲသွားပြီး သွေးများက နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။

တစ်ချိန်တည်းမှာပင် ခန်းမရှေ့ရှိ အကြီးအကဲများကလည်း ရုန်လော၏တည်ရှိမှုကို သတိပြုမိသွားသည်။

"ဟား ဟား ဟား....ကျန်းထျန်းရှုံး သေသွားတာတောင်မှ သူ့အတွက် ရှေ့ထွက်ပေးရဲတဲ့လူမျိုး ရှိနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

တတိယအကြီးအကဲက အူလှိုက်သည်းလှိုက် ရယ်မောနေပေ၏။

ကျန်းယုချင်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

"အဖိုးက မသေသေးဘူး...ရှင် ပေါက်ကရစကားတွေမပြောနဲ့"

တတိယအကြီးအကဲက ပို၍ပင် ပြက်ရယ်ပြုနေပေသည်။

"ဟာသပဲ...အသူရာတားမြစ်နယ်မြေကို ဝင်သွားပြီးမှတော့...တကယ်လို့ သူက နတ်ဘုရားဖြစ်နေရင်တောင် သေဆုံးသွားမှာပဲ...ကျန်းထျန်းရှုံးရဲ့အသက်ကျောက်ပြားက ကျိုးပဲ့နေပြီ...သူ မသေသေးဘူးလို့ မင်း ထင်နေတုန်းပဲလား"

"တတိယအကြီးအကဲ...အိမ်တော်ထဲ ကျူးကျော်ဝင်လာတဲ့သူကို ကျွန်တော်တို့ သွားကြည့်ဦးမယ်"

ကျန်းမိသားစုဝင်တပည့်တစ်ယောက်က ပြောဆိုလိုက်၏။

"သွား...ဘာမှသနားငဲ့ညှာနေစရာမလိုဘူး...ဒီတစ်ကြိမ်တော့ ယွမ်အာကိုသာ ကျန်းဘိုးဘေးက တပည့်အဖြစ်လက်ခံလိုက်မယ်ဆိုရင် ငါတို့က လင်ရှောင်းဂိုဏ်းကိုတောင် ဂရုစိုက်စရာမလိုတော့ဘူး"

တတိယအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းရင်း ပြောဆိုလေသည်။

အမိန့်လက်ခံရရှိသော တပည့်များက ယုံကြည်ချက်အပြည့်ဖြင့် အိမ်တော်တံခါးထံ အပြေးသွားကြတော့သည်။

သို့ရာတွင် အချိန်အတော်ကြာသည့်တိုင် သူတို့အားလုံး ပြန်ရောက်လာခြင်းမရှိပေ။

"ဟိုကောင်တွေက...ဘာလို့ ဒီလေါက်ထိ ကြာနေရတာလဲ"

အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။

တတိယအကြီးအကဲက ရယ်မောရင်း ပြောဆိုလေသည်။

"ငါက တံခါးမကြီးမှာ အစောပိုင်းဥာဏ်အလင်းပွင့်နယ်ပယ် တပည့်တွေကို နေရာချထားခဲ့တယ်...သူတို့ အဆင်ပြေမှာပါ"

"ဒါက အဲ့ဒီလိုလား"

အေးစက်စက်အသံတစ်သံက တတိယအကြီးအကဲ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"ဘယ်သူလဲ"

သူက ချက်ချင်းပင် တုံ့ပြန်ပြောဆိုပြီး နံဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်သည်။

ရုန်လော၏ခြေဖဝါးအောက်၌ သွေးများက မြစ်ရေအလား စီးဆင်းနေသည်။

ဤနေရာရှိ ကျန်းမိသားစုဝင်လူငယ်များအားလုံး အသတ်ခံထားရပေပြီ။

"မင်းက ငါတို့ကျန်းမိသားစုဝင်တွေကို သတ်ဝံ့တယ်လား"

တတိယအကြီးအကဲက ဒေါသတကြီးအော်ဟစ်ပြီး တခြားအကြီးအကဲများကလည်း ရုန်လောအား ဝိုင်းရံလိုက်ကြ၏။

ရုန်လော၏မျက်နှာက တည်ငြိမ်အေးဆေးနေပြီး သူမက အကာအကွယ်ဝင်္ကပါအတွင်းရှိ ကျန်းယုချင်အားကြည့်ကာ အပြုံးနှင့် ပြောဆိုလေသည်။

"သခင်မလေး...ကျွန်မ နောက်ဆုံးတော့ သခင်မလေးကိုရှာတွေ့ပြီ"

"စီနီယာက...."

ကျန်းယုချင်က အနည်းငယ်ဇဝေဇဝါ ဖြစ်နေသည်။

"ကြင်ယာတော်မီက သခင်မလေးနဲ့တွေ့ဖို့ ကျွန်မကိုလွှက်လိုက်တာ....သခင်မလေး ဘာမှမဖြစ်တာကိုတွေ့မှပဲ ကျွန်မ စိတ်သက်သာရာရတော့တယ်"

ထိုစကားသံကိုကြားချိန်တွင် တတိယအကြီးအကဲ၏မျက်လုံးသူငယ်အိမ် ရုတ်တရက်ကျုံသွားသည်။

သူမက ကောင်းကင်ဘုံနယ်မြေမှလာသူ ဖြစ်နေသလော။

သို့ရာတွင် မည်သည်​ကြောင့် ကျန်းဘိုးဘေးက ကျန်းယုချင်ကိုသာ မျက်စေ့ကျနေရသနည်း။

သူတို့မိသားစု၏ကျန်းယွမ်ကသာ ပြိုင်ဘက်ကင်းပါရမီရှင်မဟုတ်လော။

"စီနီယာ...ဘိုးဘေးက အမှားလုပ်မိတာများလား...ကျန်းယုချင်ရဲ့ဆိုးရွားတဲ့ပါရမီက အမှိုက်လို့တောင်ဆိုနိုင်တယ်...ကျွန်တော်တို့မိသားစုမှာ ကျန်းယွမ်ကသာ ဘိုးဘေးအလိုရှိတဲ့ အရည်အချင်းရှိသူတစ်ယောက်ပါ"

တတိယအကြီးအကဲက စောဒကတက်လိုက်၏။

Chapter 774

"ကြင်ယာတော်မီရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကို နင်တို့က မေးခွန်းထုတ်ဝံ့တယ်လား"

ရုန်လော၏မျက်လုံးများက ရုတ်တရက် အေးစက်စက်တောက်ပသွားသည်။သူမ၏အရှိန်အဝါများ ထွက်ပေါ်လာပြီးနောက် ဖိအားလှိုင်းတစ်ရပ်က သူမအနီးရှိ အကြီးအကဲများပေါ်သို့ လေးလံသောတောင်ကြီးတစ်လုံးကဲ့သို့ ကျရောက်သွားပြီး သူတို့အားလုံး မြေပြင်ပေါ်သို့ ကွေးညွတ်ကျသွားသည်။

တတိယအကြီးအကဲသည် ထိုဖိအားလှိုင်းအတွင်း၌ ရောယှက်နေသော ထိတ်လန့်တုန်လှုပ်ဖွယ်ခွန်အားကို ခံစားမိပေ၏။သို့ရာတွင် သူက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းက ငါတို့ကျန်းမိသားစုရဲ့ဘိုးဘေးမဟုတ်ဘူး...မင်း ဘယ်သူလဲ"

ရုန်လောက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုလေ၏။

"ငါက ကြင်ယာတော်မီရဲ့သီးသန့်အစေခံပဲ"

တတိယအကြီးအကဲက အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်၏။

"ငါကတော့ မင်း မှားနေပြီလို့ထင်တယ်...မင်းလို အစေခံတစ်ယောက်က ငါတို့ကျန်းမိသားစုရဲ့အရေးကိစ္စကို ဆုံးဖြတ်ချက်ချဖို့ အရည်အချင်းရှိလို့လား...ဘိုးဘေးက ကျန်းယွမ်လိုပါရမီရှင်တစ်ယောက်ကို ရှာတယ်ဆိုတာ သိသာထင်ရှားနေတာကို"

ကျန်းယွမ်သည် လျှို့ဝှက်နဂါးစာရင်း၌ အဆင့်တစ်ရာကျော်၌ ရှိနေရခြင်းမှာ သူ၏ခွန်အားအကုန်အစင်ကို ချပြခဲ့ခြင်းမရှိသောကြောင့်ပင်။အကယ်၍ ကျန်းယွမ်၏ခွန်အားကိုသာ အကုန်အစင်ချပြပါက လောကတခွင်တုန်ခါသွားပေမည်။

"ငါ တောင်းပန်ပါတယ်...နင်တို့ပြောနေတဲ့ ကျန်းယွမ်က ငါ့အမြင်မှာ အမှိုက်ကောင်ပဲ"

ရုန်လော၏အသံသည် ရုတ်တရက် အလွန်အမင်းအေးစက်သွားသည်။

သူမက တတိယအကြီးအကဲကို စူးစူးဝါးဝါးကြည့်ပြီး ပြောဆိုလိုက်၏။

"ကိုယ်ကိုကိုယ်အရမ်း အထင်ကြီးနေတဲ့ နင်တို့လိုလူစားမျိုးတွေကို ငါ အများကြီးတွေ့မြင်ခဲ့ဖူးတယ်"

ဝှစ်...

အဖြူရောင်အလင်းတန်းတစ်တန်း ဖျက်ခနဲလက်သွားခြင်းနှင့်အတူ တတိယအကြီးအကဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

သူ မသေဆုံးမီအချိန်တွင် သူ့မျက်နှာထက်၌ မယုံကြည်နိုင်သောအမူအယာ ထင်ဟပ်နေဆဲပင်။တတိယအကြီးအကဲ၏ဦးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခြင်းနှင့်အတူ သူ၏စိတ်ဝိညာဥ်လည်း ပျောက်ကွယ်သွားတော့သည်။

ရုန်လော သာမာန်ကာလျှံကာပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုသည် တတိယအကြီးအကဲအား အသက်နှင့်ခန္ဓာကင်းကွာသွားစေသည်။

ရုန်လောအား ဝိုင်းရံထားသော အကြီးအကဲများသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့က မြေပြင်ပေါ်၌ အလျှင်အမြန်ဒူးထောက်လိုက်ကြ၏။

ရုန်လောက တည်ငြိမ်စွာ ပြောဆိုလေသည်။

"ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့လူတွေအားလုံး သေရမယ်"

သူမက ယခုလက်ရှိနေရာ၌ရှိနေသော လူများအားလုံးအား သတ်ဖြတ်လိုပေ၏။

"စီနီယာ...ခဏနေပါဦး"

ထိုအချိန်မှာပင် ကျန်းယုချင်က ရုတ်တရက် ပြောဆိုလိုက်သည်။

"စီနီယာ....သူတို့ကို အခွင့်အရေးတစ်ခုလောက်ပေးလို့ရမလား...အခုလက်ရှိချိန်မှာ ကျွန်မတို့ကျန်းမိသားစုက အင်အားအရမ်းနည်းနေတယ်...တကယ်လို့ သူတို့အကုန်လုံးသာ သေသွားမယ်ဆိုရင် ကျွန်မတို့ကျန်းမိသားစုက တတိယတန်းစားမိသားစုဖြစ်သွားလိမ့်မယ်"

ရုန်လောက တည်ငြိမ်စွာ ပြောဆိုလေ၏။

"ကြင်ယာမီရဲ့မျိုးဆက်က ဒီလိုမပြတ်မသားလုပ်တက်တဲ့လူမျိုး မဖြစ်သင့်ဘူး"

ကျန်းယုချင်က ရုန်လောကို ကြည့်လိုက်သည်။

"ကျွန်မက တွေဝေတက်တဲ့လူစားမျိုးမဟုတ်ပါဘူး...ဒါပေမယ့် ကျန်းမိသားစုမှာ သူတို့တွေမရှိလို့ တကယ်မဖြစ်တာပါ"

ရုန်လောက ကျန်းယုချင်ကို အချိန်တခဏကြာ စိုက်ကြည့်ပြီးနောက် သူမက ဦးညွတ်အရိုအသေပြုကာ ပြောဆိုလေ၏။

"သခင်မလေးသဘောအတိုင်းပဲ ဖြစ်ရစေပါ့မယ်"

ကျန်းယုချင်က မိသားစုအကာအကွယ်ဝင်္ကပါကြီးအောက်မှထွက်လာပြီး အကြီးအကဲများကို တစ်ချက်ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

"ရှင်တို့ ဘာတွေးနေသလဲဆိုတာ ကျွန်မသိတယ်...ကျွန်မက မိသားစုခေါင်းဆောင်မဖြစ်သင့်ဘူးလို့ ရှင်တို့ တွေးနေကြတာမလား"

"ဒါပေမယ့် ရှင်တို့ကို ကျွန်မ ပြောရအုံးမယ်...မိသားစုခေါင်းဆောင်စည်းတံဆိပ် ကျွန်မရဲ့လက်ထဲကို ရောက်လာကတည်းက ကျန်းမိသားစုဝင်တွေအားလုံး ကျွန်မရဲ့စကားကို နားထောင်ရမယ်"

"အခု ကျွန်မ ရှင်တို့ကို အခွင့်အရေးတစ်ခုထပ်ပေးမယ်....ရှင်တို့က စိတ်ဝိညာဥ်ပဋိညာဥ်စာချုပ်မှာ လက်မှတ်ခတ်နှိပ်ပေးပြီး....ကျွန်မအပေါ်သစ္စာစောင့်သိပါ့မယ်လို့ ကျွန်ဆိုမယ်ဆိုရင်...အခုကိစ္စကို မေ့ထားပေးမယ်"

"ရှင်တို့ ဘယ်လမ်းကြောင်းကိုရွေးမလဲဆိုတာတော့ ကိုယ့်ဟာကိုယ်ဆုံးဖြတ်နိုင်တယ်"

စိတ်ဝိညာဥ်ပဋိညာဥ်စာချုပ်၌ လက်မှတ်ခတ်နှိပ်ပြီးသူသည် သူ၏ကတိစကားကို ချိုးဖျက်၍မရချေ။သို့မဟုတ်ပါက ထိုသူ၏စိတ်ဝိညာဥ် ထိခိုက်ဒဏ်ရါရပြီးအရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားနိုင်သည့်အပြင် ဆိုးရွားသောအခြေအနေ၌ သေဆုံးသွားနိုင်ပေသည်။အကယ်၍ သူ၏စိတ်ဝိညာဥ်သာ ပျက်စီးသွားပါက ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ဝင်ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် စိတ်ဝိညာဥ်ပဋိညာဥ်စာချုပ်ကို အလွန်အရေးကြီးသောကိစ္စမျိုးမှသာ အသုံးပြုလေ့ရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကျန်းမိသားစုအကြီးအကဲများတွင် ရွေးချယ်ခွင့်မရှိသည်မှာ သိသာထင်ရှားလှ၏။

"ငါ လက်မှတ်ထိုးပေးမယ်"

"ကျွန်တော်က မိသားစုခေါင်းဆောင်ကို သေတဲ့အထိ သစ္စာစောင့်သိပါ့မယ်"

ရုန်လော၏လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားလှိုင်းအောက်တွင် ထိုအကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် စိတ်ဝိညာဥ်ပဋိညာဥ်စာချုပ်၌ လက်မှတ်ခတ်နှိပ်လိုက်ကြပြီး မည်သည့်အမှားမျှ မကျူးလွန်ဝံ့ကြချေ။

အကြီးအကဲများ လက်မှတ်ခတ်နှိပ်ပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် ကျန်းယုချင်က အကြီးအကဲများ၏လှုပ်ရှားမှုအားလုံးကို အာရုံခံနိုင်သွားသည်။သူတို့၏သေခြင်းရှင်ခြင်းကို သူမ၏အတွေးတစ်ချက်ဖြင့်ပင် ဆုံးဖြတ်နိုင်ပေ၏။

အကြီးအကဲများ၏မျက်နှာပေါ်၌ ခါးသည်းမှုအရိပ်အယောင်များ ပြည့်နှက်နေသည်။ဤကဲ့သို့အဆုံးသတ်ရမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"ရှင်တို့လုပ်တာ ကောင်းတယ်...နောင်တစ်ချိန် ကျွန်မ ကောင်းကင်ဘုံနယ်မြေကိုသွားတဲ့အခါကျရင် ရှင်တို့အတွက် အကျိုးအမြတ်တွေ ရစေရမယ်...တကယ်လို့ ကျွန်မကိုဆန့်ကျင်ဖို့ ထပ်ပြီးကြံစည်မယ်ဆိုရင်တော့...ကျွန်မရဲ့ရိုင်းပျမှုအတွက် အပြစ်မတင်ကြနဲ့"

ကျန်းယုချင်၏အသံက အေးစက်တင်းမာနေသည်။

Chapter 775

"အမိန့်အတိုင်းပါ...မိသားစုခေါင်းဆောင်"

အကြီးအကဲများသည် တုံ့ဆိုင်းနေဝံ့ခြင်းမရှိဘဲ အလျှင်အမြန် တုံ့ပြန်ပြောဆိုလိုက်ကြ၏။

ဤမြင်ကွင်းကိုစောင့်ကြည့်နေသော ရုန်လောသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ အပြုံးနှင့်ပြောဆိုလေသည်။

"သခင်မလေးကို ကြည့်ရတာတော့...မြင့်မြတ်တဲ့တော်ဝင်အငွေ့အသက်တွေ ရှိနေသားပဲ"

ထို့နောက် သူမက အင်္ကျီလက်မောင်းကြားမှ သိုလှောင်အိတ်တစ်အိတ်ကိုထုတ်ယူပြီး ကျန်းယုချင်ထံ ပေးလိုက်သည်။

"စီနီယာ...ဒါက...."

ကျန်းယုချင်က သိုလှောင်အိတ်ကိုယူလိုက်ရာ အနည်းငယ်လေးလံနေခြင်းကို ခံစားမိ၏။

သာမာန်သိုလှောင်အိတ်များတွင် လေဟာနယ်ကန့်သတ်ချက်များ ပါဝင်သည့်အတွက် အကယ်၍ လေးလံသောပစ္စည်းများ ထည့်ထားလျှင်ပင် ၎င်း၏အလေးချိန်စီးမှုက သိသာခြင်းမရှိပေ။

ကျန်းယုချင်သည် ကံကောင်းထောက်မစွာဖြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၍သာ သာမာန်လူများထက် ခွန်အားသာလွန်နေသဖြင့် ထိုသိုလှောင်အိတ်ကို ဆုပ်ကိုင်ထားနိုင်ခြင်းဖြစ်သည်။

"အနောက်နန်းဆောင်မှာ ကြင်ယာတော်မီရဲ့အာဏာက အရမ်းအားနည်းတယ်...သူက မိသားစုကျောထောက်နောက်ခံမရှိဘဲ တစ်ယောက်တည်း ကျင့်ကြံခဲ့ရတာ...ဒီသိုလှောင်အိတ်ထဲမှာ သခင်မလေးကျင့်ကြံဖို့ ကျင့်ကြံနည်းစနစ်တွေပါတဲ့အပြင်...ကြင်ယာတော်မီကိုယ်တိုင် ရွေးချယ်ပေးလိုက်တဲ့ တခြားကျင့်ကြံနည်းစနစ်တွေလည်းပါတယ်"

"သခင်မလေးက ကျန်းမိသားစုခေါင်းဆောင်ဖြစ်လာပြီဆိုမှတော့...ကျန်းမိသားစုရဲ့မျိုးဆက်သစ်တွေကို မြှင့်တင်နိုင်အောင် အကောင်းဆုံးကြိုးစားပြီး ပြုစုပျိုးထောင်ရမယ်...အချိန်ကျလာရင် ကြင်ယာတော်မီ ကိုယ်တိုင်ကိုယ်ကျလာပြီး သခင်မလေးတို့အားလုံးကို ကောင်းကင်ဘုံနယ်မြေဆီ သူနဲ့အတူခေါ်ဆောင်သွားလိမ့်မယ်"

ကျန်းယုချင်၏လက် ရုတ်တရက် တုန်ရီသွားသည်။မိသားစုတစ်စုလုံးအား ကောင်းကင်ဘုံနယ်မြေသို့ မြှင့်တင်ရမည်ဟူသည်မှာ ဒဏ္ဍာရီများအတွင်း၌သာ သူမ ကြားဖူးခဲ့သည်။ကောင်းကင်ဘုံနယ်မြေရှိ သာမာန်အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် အများဆုံး လူတစ်ယောက် နှစ်ယောက်ကိုသာ ဆင့်ခေါ်နိုင်ပြီး အနည်းငယ်အာဏာရှိသူမှသာလျှင် လူဆယ်ယောက်ခန့်ကို ဆင့်ခေါ်နိုင်သည်။

မိသားစုမျိုးနွယ်တစ်စုလုံးအား ကောင်းကင်ဘုံနယ်မြေသို့ ဆင့်ခေါ်ရန်မှာ ကောင်းကင်ဘုံနယ်မြေရှိသာန်အစွမ်းထက်ပုဂ္ဂုလ်တစ်ယောက် ဆောင်ရွက်နိုင်သောအရာမဟုတ်ချေ။ကြင်ယာတော်မီသည် ဤကိစ္စအား ဆောင်ရွက်နိုင်သော အစွမ်းအာဏာရှိသည်မှာ သိသာထင်ရှားလှ၏။

"စီနီယာကို ကျေးဇူးတင်ပါတယ်...ဒီဂျူနီယာက ဘိုးဘေးစိတ်ပျက်မသွားအောင် အကောင်းဆုံးကြိုးစားပါ့မယ်"

ရုန်လောက စိတ်ကျေနပ်မှုရသွားပုံဖြင့် ခေါင်းညိမ့်ပြပြီး ကျန်းအိမ်တော်မှ ပြန်လည်ထွက်ခွါသွားတော့သည်။

သူမထွက်ခွါသွားပြီး အချိန်အတော်ကြာသည့်တိုင် ကျန်းမိသားစုမှလူများသည် ထိတ်လန့်တုန်လှုပ်နေခြင်းမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။

"ပင်မမိသားစုကို ဖြုတ်ချဖို့လား...ငါ အဲ့ဒီကိစ္စကို လက်လျှော့လိုက်ပြီ...ပင်မမိသားစုကို ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်ကိုယ်တိုင် စောင့်ရှောက်နေတာပါလား"

အကြီးအကဲတစ်ယောက် သူ၏စိတ်အတွင်းမှနေ၍ ရေရွတ်နေမိ၏။

ဤတစ်ကြိမ်တွင် ကျန်းမိသားစုမှအကြီးအကဲများအားလုံးတွင် တခြားအတွေးများ မရှိကြတော့ချေ။သူတို့က ရုန်လော၏ခြိမ်းခြောက်မှုကို ထိတ်လန့်ကြောက်ရွံရုံသာမက ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ရန်ကိုလည်း မျှော်လင့်နေကြသည်။

ဤကဲ့သို့ကိစ္စက အမှန်ကိုပင် သူတို့အတွက် အမြင့်သို့တက်လှမ်းနိုင်မည့်ကိစ္စဖြစ်သည်။သူတို့လူစုသည် ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး၌ ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းမပြည့်မီသည်သာမက ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာချိန်တွင်လည်း တခြားအင်အားစုများနှင့် ယှဥ်ပြိုင်နေရာလုနိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့အတွက် ကြီးမားသောအခွင့်အရေးရောက်ရှိလာပေပြီ။

အကယ်၍ သူတို့ကသာ ကျန်းမိသားစုဟူသော အရိပ်အာဝါသအောက်တွင် လေ့ကျင့်ပါက ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရရှိနိုင်သည်။

တတိယအကြီးအကဲ၏ရုပ်ပျက်ဆင်းပျက် ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်၌ လဲကျနေသော်လည်း မည်သူကမျှသူ့အား အာရုံမစိုက်ကြချေ။

"ဒီနေရာကို သန့်ရှင်းထားလိုက်...ပြီးတော့ ရှင်တို့ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား...မနက်ဖြန်ကစပြီး ကျန်းအိမ်တော်မှာ ဘာအတင်းအဖျင်းစကားမှ မကြားချင်ဘူး"

ကျန်းယုချင်၏အသံက အေးစက်တင်းမာနေသည်။

"အမိန့်အတိုင်းပါ မိသားစုခေါင်းဆောင်"

ဤတစ်ကြိမ် အကြီးအကဲများ၏လေသံတွင် ဦးကျိုးနာခံသောအရိပ်အယောင်များ အပြည့်အဝပါဝင်နေပေ၏။

……

ရုန်လောသည် ကမ္ဘာငယ်လေးအတွင်းသို့ ပြန်လည်ရောက်ရှိလာချိန်၌ သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အနည်းငယ်ထွက်ပေါ်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက ရုန်လော၏ဝတ်စုံထောင့်တစ်နေရာ၌ သွေးစက်တချို့ရှိနေခြင်းကို တွေ့မြင်မိပေမည်။

သူမ မည်သည့်နေရာသို့သွားရောက်ခဲ့ခြင်းကိုမူ မည်သူမျှမသိနိုင်ပေ။

"ပညာရှင်ဖူ...ရုန်လော...ငါ တပည့်အသစ်လက်ခံတာ ပြီးဆုံးသွားပြီမို့ အရင်ပြန်နှင့်တော့မယ်"

ရုတ်ချည်းဆိုသလိုပင် တချိန်လုံးတိတ်ဆိတ်နေသော သီကျန်း၏နှုတ်မှ အသံထွက်လာသည်။

ကြည့်ရသည်မှာ သူတို့လူစုသည် ဤနေရာသို့ အတူတကွလာခဲ့ကြပုံပင်။

ယခုလက်ရှိအချိန်၌ ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး ပြီးဆုံးခါနီးလေပြီ။လူငယ်ပါရမီတချို့သည် သူတို့၏ဆရာသခင်များထံမှ မြင့်မြတ်ကျင့်စဥ်များနှင့်မှော်လက်နကများကို ရရှိခဲ့ကြသည်။

ကောင်းကင်ဘုံနယ်မြေမှလူများပင် ပြန်လည်ထွက်ခွါရန် ဟန်ပြင်နေပေ၏။

"ထူးဆန်းတယ်...ယင်လော့သခင်လေးရဲ့ဆရာသခင် ဘာလို့မလာသေးတာပါလိမ့်"

"ငါလည်း တစ်ခုခုထူးဆန်းနေတယ်လို့ တွေးနေမိတာ...မြေအောက်လောကကနေပြီး ဘယ်သူမ တပည့်ရွေးချယ်ဖို့မလာကြဘူးနော်"

"ဟား ဟား ဟား...ကြည့်ရတာတော့ ယင်လော့သခင်လေးရဲ့ဆရာသခင်က သူ့ဆုံးဖြတ်ချက်ကို နောင်တရပြီး မလာတာနေမှာပေါ့"

လူအများတီးတိုးပြောဆိုနေစဥ်မှာပင် ကြည်လင်နေသောမိုးကောင်းကင်မှနေ၍ ကျယ်လောင်သောမိုးကြိုးထစ်ချုန်းသံများ မြည်ဟီးလာသည်။

"မင်းတို့က ဒီနေရာကိုရောက်လာပြီဆိုမှတော့...ငါနဲ့မတွေ့ရသေးဘဲ ပြန်ထွက်သွားတော့မလို့လား"

အနက်ရောင်တိမ်စိုင်များသည် သာမာန်မျက်လုံးဖြင့်မြင်နိုင်သောအရှိန်ဖြင့် ရွေ့လျားလာရာမှ လေထုအတွင်း၌ လူတစ်ယောက်၏မျက်နှာအသွင် သိပ်သည်းသွားသည်။

All Chapters