← Chapters

အခန်း (၇၈၁-၇၈၅)

Vol. 42 Ch. 781-785

အခန်း (၇၈၁-၇၈၅)

Vol. 42 Ch. 781-785

Chapter 781

အချိန်အတော်ကြာပြီးနောက် မိုးကောင်းကင်ယံမှ ကောင်းကင်ဘုံမျက်လုံးသည် တဖြည်းဖြည်းပိတ်သွားတော့သည်။

ကမ္ဘာငယ်လေး၏နံဘေးပတ်ဝန်းကျင်ရှိ အတားအဆီးများလည်း ပျောက်ကွယ်စပြုလာပြီး စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုများရှိနေသော ကူးပြောင်းရေးဝင်္ကပါများ ထွက်ပေါ်လာသည်။

ပြင်ပမှ အချိန်အတော်ကြာ စောင့်ဆိုင်းနေရသူများသည် အတွင်းသို့တရကြမ်းပြေးဝင်လာကြ၏။

မူလက လူတိုင်းသည် လုဝူယာနှင့်ယင်လော့သခင်လေးကိုသာ အာရုံစိုက်နေကြသော်လည်း ယခုလက်ရှိအချိန်တွင် လုယွီ၏နံဘေးပတ်လည်၌ လူတစ်စုက ဝိုင်းရံနေသည်။

ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်များက ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပြီးလေပြီ။လုဝူယာနှင့်ယင်လော့သခင်လေးတို့၏အရည်အချင်းကို ထိုအစွမ်းထက်ပုဂ္ဂိုလ်များက အောင့်အည်းသည်းခံ၍ တပည့်အဖြစ် လက်ခံခဲ့ကြခြင်းဖြစ်သည်။

တခြားတစ်ဖက်မှ လုယွီကမူ ကောင်းကင်ဘုံနယ်မြေမှအစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး တပည့်အဖြစ်ခေါ်ယူလိုသူဖြစ်ပေ၏။

ကွာခြားချက်က မိုးနှင့်မြေတမျှ အလွန်ကွာဟသည်။

"သခင်လေးလု...ငါက လေးပင်လယ်ဂိုဏ်းရဲ့မြောက်ပင်လယ်မဟာအကြီးအကဲပါ...တကယ်လို့ မင်းက ငါ့တို့မြောက်ပင်လယ်ဂိုဏ်းနဲ့ပူးပေါင်းချင်တယ်ဆိုရင်...မင်းအတွက် ကျင့်ကြံမှုအရင်းအမြစ်တွေ ထောက်ပံပေးမယ်...မင်း တောင်းဆိုတာမှန်သမျှ ငါတို့အတက်နိုင်ဆုံးဖြည့်ဆည်းပေးမယ်"

"သခင်လေးလု ငါတို့ နဝမမိုးကောင်းကင်နတ်ဘုရားဂိုဏ်းမှာ လျှို့ဝှက်ကျင့်ကြံနည်းစနစ်တွေ အများကြီးရှိပြီးတော့ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်က မင်းကို သင်ကြားပေးမှာပါ...ကောင်းကင်ဘုံလမ်းကြောင်းမပွင့်ခင်အချိန်မှာ မင်း သိုင်းသူတော်စင်အဆင့်ကိုရောက်ဖို့ အာမခံတယ်"

"ကျွန်မတို့ ကြည်လင်ပန်းပွင့်ဂိုဏ်းမှာ လှပတဲ့မိန်းမပျိုလေးတွေ အများကြီးရှိတယ်...သခင်လေးလု ဘယ်လိုသဘောရလဲ"

ဂိုဏ်းကြီးများမှ အကြီးအကဲများသည် အကောင်းဆုံးကြိုးစား၍ လုယွီအား သူတို့အင်အားစုအတွင်းသို့ဝင်ရောက်ရန် ဆွဲဆောင်နေကြသည်။

အကြောင်းအရင်းမှာ သူတို့အင်အားစုအတွင်းသို့ လုယွီဝင်ရောက်လာသည်နှင့် သူ့ထံရှိနေသောတံဆိပ်ပြားကြောင့် သူတို့ဂိုဏ်းများမှအကြီးအကဲများ ကောင်းကင်ဘုံလမ်းကြောင်းသို့ ဝင်ရောက်သောအချိန်တွင် ဖိအားလျော့ကျစေခြင်းကြောင့်ပင်။

လုယွီကို ဂိုဏ်းများမှအကြီးအကဲများ ဆွဲဆောင်နေကြသည်ကိုမြင်သေယ လုဝူယာနှင့်ယင်လော့သခင်လေးတို့၏မျက်နှာများ သုန်မှုန်နေပြီး သူတို့၏မျက်လုံးများက နီမြန်းနေပေ၏။

ဤသည်က သူတို့၏ဂုဏ်ကျက်သရေ ဖြစ်ရမည်ဖြစ်သော်လည်း လုယွီက ယူဆောင်သွားခဲ့သည်။

သူတို့က ရှက်ရွံသကဲ့သို့ ခံစားရသဖြင့် ဤနေရာမှထွက်ခွါရန် ဟန်ပြင်လိုက်တော့သည်။

လူတိုင်းက အတွေးကိုယ်စီရှိနေကြသော်လည်း မုန့်ကျူးယွင်ကတော့ မျက်မှောင်ကြုတ်နေမိသည်။

"ငါက ဝမ်ယွမ်ခန်းမဆောင်မှာ ဒီလိုကောင်စားမျိုးနဲ့အတူ လေ့ကျင့်ရမှာလား...ဒါက မလျော်ကန်လိုက်တာ"

မုန့်ကျုးယွင်က အလွန်ဒေါသထွက်နေပေ၏။သူမက အသွေးအသားထဲမှပင် မာနကြီးသူဖြစ်သည်။သူမ၏အမြင်အရ သူမနှင့်အတူကျင့်ကြံမည့်လူသည် အနည်းဆုံးဖူကျစ်အဆင့်မှသာ အဆင့်အတန်းမီပေမည်။

လုယွီဟူသောကောင်က ဘာအဆင့်ရှိသည့်ကောင်မို့နည်း။

ထိုအချိန်မှာပင် လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ရုတ်တရက် ချောင်းဟန့်လိုက်၏။

"လူကြီးမင်းတို့က အလှမ်းကျယ်လှချည်လား"

သူ ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောအားလှိုင်းတစ်ရပ်ကပါ ဒွန်တွဲပါလာသည်။

တချို့လူများသည် သတိလက်လွတ်နေမိကြသဖြင့် လုယွီ၏နံဘေးမှနေ၍ အဝေးသို့လွင့်စင်သွားကြ၏။ကျင့်ကြံဆင့်မြင့်မားသူတချို့သာလျှင် နေရာ၌ကျန်ရစ်သော်လည်း သူတို့က နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ကြသည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏နောက်၌ မဟာအကြီးအကဲများကလည်း ထပ်ချပ်မကွာလိုက်လာသည်။

"မင်းက လုယွီလား...မင်း အရမ်းတော်တာပဲ...နောင်တစ်ချိန်မှာ မင်းက ငါတို့လင်ရှောင်းဂိုဏ်းရဲ့မဟာအကြီးအကဲတစ်ယောက်ဖြစ်ရမယ်...မင်းရဲ့ကိုယ်ပိုင်တောင်ထိပ်ကို တည်ထောင်နိုင်မယ့်အပြင် ရေခဲလှိုဏ်ဂူကိုလည်း အချိန်မရွေးဝင်ရောက်နိုင်တယ်"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က တံဆိပ်ပြားတစ်ခုကို လုယွီထံပေးအပ်လိုက်၏။

ထိုတံဆိပ်ပြားသည် ရွှေရောင်တောက်ပနေပြီး ၎င်းအပေါ်၌ ကြီးမားသောရွှေရောင်စာလုံးကြီးများဖြင့် 'မဟာအကြီးအကဲ'ဟု ရေးထွင်းထားသည်။

လူတိုင်းက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြ၏။

ဤသည်က အစစ်အမှန် အခွင့်အရေးကြီးပင်။

ဂိုဏ်းကြီးများ၏မဟာအကြီးအကဲများအားလုံးနီးပါးသည် ထိပ်တန်းအခွင့်အာဏာများ ပိုင်ဆိုင်ထားကြ၏။သူတို့တွင် ကြီးမားသော အာဏာရှိရုံသာမက ပေါကြွယ်ဝသောကျင့်ကြံမှုအရင်းအမြစ်များကိုလည်း ရရှိနိုင်သည်။

ယခုလက်ရှိအချိန်၌ လုယွီက ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူသာဖြစ်သော်လည်း မဟာအကြီးအကဲရာထူး ခန့်အပ်ခြင်းခံထားရလေပြီ။

သို့ရာတွင် မည်သူကမျှ ဤကိစ္စအား သင့်လျော်ခြင်းမရှိဟု မတွေးတောမိချေ။

မည်သို့ပင်ဆိုစေကာမူ နောင်နှစ်နှစ်ကြာပြီးနောက် ကောင်းကင်ဘုံလမ်းကြောင်းပွင့်လာချိန်တွင် လုယွီက ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်သွားပေမည်။

မဟာအကြီးအကဲအဖြစ် လုယွီပေါ်၌ နှစ်နှစ်ခန့်အရင်းပြုထားခြင်းက လင်ရှောင်းဂိုဏ်းအတွက် အကျိုးကျေးဇူးများ ရရှိနိုင်သည်။

"ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်တွေ အကုန်ပြန်သွားပြီဆိုမှတော့...ဒီတစ်ကြိမ် ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး ပြီးဆုံးသွားပြီလို့ ငါ ကြေငြာတယ်"

ကမ္ဘာငယ်လေးအား ထိန်းချုပ်သည့်အဖွဲ့၌ပါဝင်သော မဟာအကြီးအကဲတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်၏။သို့ရာတွင် သူ၏စကားမဆုံးမီအချိန်၌ အသံတစ်သံ၏ကြားဖြတ်နှောက်ယှက်ခြင်း ခံလိုက်ရသည်။

"ခဏနေဦး"

အချိန်အတော်ကြာ အသံတိတ်နေသော ယန်ကျင်းက ရုတ်တရက်အံ့တင်းတင်းကြိတ်ကာ ပြောဆိုလေသည်။

"ငါရဲ့ဆရာသခင် ခုထိရောက်မလာသေးဘူး...ကောင်းကင်နန်းတော်ပြိုင်ပွဲကြီး အဆုံးသတ်လို့မရသေးဘူး"

Chapter 782

ယန်ကျင်းက အားယူ၍ ပြောဆိုလိုက်၏။

"ငါ့မှာ ငါ့ဆရာသခင်ပေးထားတဲ့ ကောင်းကင်ဘုံအမိန့်တော်ရှိတယ်...တကယ်လို့ သူ ရောက်မလာသေးဘူးဆိုရင် ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးရဲ့အဆုံးသတ်မဟုတ်သေးဘူး"

ဤအချိန်တွင် သူ၏မျက်လုံးများက နီမြန်းနေပြီး နံဘေးပတ်ဝန်းကျင်ရှိလူများအား ရန်လိုသောအမူအယာဖြင့် လှည့်ပတ်ကြည့်နေသည်။

အထူးသဖြင့် လုယွီ....လုယွီ၏နံဘေးနား၌ အကြီးအကဲများ ဝိုင်းအုံနေသည်ကိုကြည့်ပြီး မနာလိုစိတ်ကြောင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး ပူပြင်းလောင်ကျွမ်းနေပေ၏။

မည်သို့ပင်ဆိုစေကာမူ ယန်ကျင်း၏အသံကို အာရုံစိုက်သည့်လူ အများအပြားမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် လူအများစုက လှောင်ပြောင်သရော်နေကြသည်။

"မင်းက ဘယ်လိုအမှိုက်ကောင်မျိုးလဲ...အစတုန်းက မင်းကိုယ်မင်း စိတ်ကြီးဝင်နေတာလေ...ရလဒ်ကတော့ မင်းက လုဝူယာရဲ့အစေခံတစ်ယောက်ကိုတောင် အနိုင်မတိုက်နိုင်ဘူး"

"ဒီနေရာက ထွက်သွားစမ်း...မင်းရဲ့ ဒီအရည်အချင်းနဲ့ ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ချင်တာလား...အိမ်မက်မက်မနေနဲ့"

"လူပြက်တစ်ကောင်ကတော့ ဒီနေရာမှာ အဆက်မပြတ်ကိုဟောင်နေတာပါလား...တကယ်လို့ ငါသာ မင်းနေရာမှာဆို ရှက်လွန်းလို့ ငါကိုယ်ငါမြှုပ်နှံဖို့ကျင်းတူးပြီးနေလောက်ပြီ"

လူအများက ကဲ့ရဲ့လှောင်ပြောင်နေကြပြီး ယန်ကျင်းအား လုံးဝပင် လျစ်လျှူရှုထားသည်။

ယန်ကျင်း၏လက်များ တုန်ရီနေသော်လည်း သူ၏ခေါင်းကိုမော့လိုက်ချိန်တွင် သူ၏မျက်လုံးတစ်ခုလုံး သွေးနီရောင်အဖြစ် ပြောင်းလဲနေသည်။

"ငါ ဒီအရါကိုလုပ်အောင် မင်းတို့ဖိအားပေးခဲ့တာပဲ"

ရုတ်တရက် သူက သူ၏အင်္ကျီလက်မောင်းကြားမှ အသက်ကျောက်ပြားများကို အစုလိုက်အပြုံလိုက်ထုတ်ယူလိုက်သည်။ထိုအသက်ကျောက်ပြားများပေါ်တွင် မှိန်ပျပျမီးတောက်များ တောက်ပနေပြီး ဝိညာဥ်အငွေ့အသက်များကို ထုတ်လွှက်ပေးနေ၏။

ထိုအသက်ကျောက်ပြား တစ်ခုခြင်းစီတွင် လူတစ်ယောက်၏စိတ်ဝိညာဥ်တစ်ခု ပါဝင်သည်။

ထိုအသက်ကျောက်ပြားများ၏မျက်နှာပြင်ပေါ်၌ 'အကျဥ်းထောင်'ဟူသော စာလုံးကိုရေးထွင်းထားသည်။

လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏နောက်၌ မတ်တတ်ရပ်နေသော အကျဥ်းထောင်မဟာအကြီးအကဲ၏မျက်ခုံးများ ပင့်တက်သွားပြီး သူက ဒေါသတကြီးအော်ဟစ်လိုက်၏။

"မိုက်မဲတဲ့ သား...မင်း လုပ်ရဲလား"

သူက ယန်ကျင်း၏ဖခင်ဖြစ်သည်။

ယန်ကျင်း၏လက်၌ ကိုင်ဆောင်ထားသော အသက်ကျောက်ပြားများသည် အကျဥ်းသားများ၏စိတ်ဝိညာဥ်များအား ချိတ်ပိတ်ရန်အထူးအသုံးပြုသောအရာများဖြစ်သည်။

အကယ်၍ အသက်ကျောက်ပြားများ အကောင်းပကတိအတိုင်းရှိနေပါက ထိုစိတ်ဝိညာဥ်သည် ပြယ်လွင့်ခြင်းရှိမည်မဟုတ်ချေ။

သို့ရာတွင် အသက်ကျောက်ပြားသာ ကျိုးပဲ့သွားပါက ထိုအကျဥ်းသား သေဆုံးသွားရမည့်အပြင် သူ၏စိတ်ဝိညာဥ်ပင် ပျက်စီးသွားပေလိမ့်မည်။ထိုသူက ပြန်လည်ဝင်စားရန်ပင် အခွင့်အရေးမရှိတော့ချေ။

ထိုကဲ့သို့ အသက်ကျောက်ပြားများကို သာမာန်အားဖြင့် အကျဥ်းထောင်တောင်ထိပ်၏အတွင်းစည်းအကြီးအကဲထံတွင်သာ ထိန်းသိမ်းထားလေ့ရှိသည်။

မဟာအကြီးအကဲကိုကြည့်ရသည်မှာ သူ၏သားလက်အတွင်း၌ အသက်ကျောက်ပြားများရှိနေခြင်းကို ကြိုသိနေပုံပင်။

"သားမိုက်...အသက်ကျောက်ပြားတွေ ငါ့ကိုပေးစမ်း"

အကျဥ်းထောင်မဟာအကြီးအကဲက သူ၏လက်ဖြင့် ယန်ကျင်းအား ဖမ်းဆွဲရန် ဟန်ပြင်လိုက်သည်။

"အဖေ...အဖေတို့အားလုံး ကျွန်တော်ကို ဆုံးဖြတ်တာ မှားနေကြပြီ...ဒီပြိုင်ပွဲကြီးရဲ့အစစ်အမှန်ပါရမီရှင်က ကျွန်တော်ပဲဖြစ်သင့်တယ်"

ယန်ကျင်းသည် နတ်ဆိုးတစ်ကောင်နှင့်တူညီနေပြီး သူက အသက်ကျောက်ပြားများကို မြေပြင်ပေါ်သို့ လွှက်ချလိုက်တော့သည်။

ခရက်....

အက်ကွဲသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပြီးနောက် အသက်ကျောက်ပြားများအားလုံး ကျိုးပဲ့သွားပေ၏။

အနက်ရောင်မီးခိုးငွေ့များက ကောင်းကင်ယံတိုင် ထိုးတက်သွားပြီး ၎င်းအကြားမှ လူများ၏စူးရှနာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။

ဝုန်း....

အကျဥ်းထောင်မဟာအကြီးအကဲက သူ့သား၏အင်္ကျီဂုတ်ကို လက်တစ်ဖက်ဖြင့်ဆွဲကိုင်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"မင်း ဘာလုပ်လိုက်တာလဲ"

ယန်ကျင်း၏မျက်နှာပေါ်၌ ဝေခွဲရခက်သော အပြုံးမျိုးရှိနေသည်။

"အဖေ...ကျွန်တော်ရဲ့ဆရာသခင်က ပြောထားတယ်...ကျွန်တော်က သူ့ရဲ့တပည့်ဖြစ်ဖို့ အလုံအလောက်သန်မာနေရမယ်တဲ့"

"နယ်မြေသခင်ဝူလျန့်နဲ့စစ်ဗိုလ်ချုပ်သီကျန်းတို့က ကျွန်တော်ဆရာသခင်ရှေ့ရောက်ရင် ကျားရှေ့ရောက်တဲ့ကြောင်အဆင့်ပဲရှိမှာ...ကျွန်တော်ဆရာလက်အောက်က ခွေးဖြစ်ဖို့တောင် သူတို့က အဆင့်မမီဘူး"

တခြားသူများက ယန်ကျင်း၏ရူးသွပ်နေသော ပုံပန်းသွင်ပြင်ကိုမြင်ချိန်တွင် သည်းမခံနိုင်ကြတော့ဘဲ တီးတိုးပြောဆိုနေကြ၏။

"အဲ့ဒီကောင် ရူးများသွားတာလား"

"ထွီ...သူက မဟာအကြီးအကဲဖြစ်တဲ့သူအဖေပေါ်မှီခိုနေတဲ့ကောင်လေ...တကယ်တမ်းတော့ အဲ့ကောင်က အမှိုက်ကောင်ပဲ...အစတုန်းက သူ အရမ်းမောက်မာနေတာကိုကြည့်ပါလား...ငါ အဲ့လိုကောင်မျိုးကို တကယ်ကြည့်မရဘူး"

ထိုအချိန်မှာပင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။မူလက ကောင်းကင်ယံရှိ မိုးကောင်းကင်မျက်လုံး ပျောက်ကွယ်သွားပြီးနောက် အနက်ရောင်တိမ်စိုင်များလည်း တဖြည်းဖြည်းလွင့်ပြယ်သွားခဲ့သည်။

သို့သော် ဤအချိန်တွင် မိုးကောင်းကင်ယံ၌ မျက်လုံးတစ်စုံ ထပ်မံ၍ထွက်ပေါ်လာသည်။

ပြင်းထန်သောဖိအားလှိုင်းတစ်ရပ်က အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ဦးညွှတ်အရိုအသေပြုလိုသော ခံစားချက်မျိုး မွေးဖွားလာပေ၏။

အနက်ရောင်တိမ်စိုင်များအကြားမှနေ၍ အနီရောင်အလင်းတန်းတစ်တန်း တောက်ပလာသည်။

အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ထီးတစ်လက်ကိုကိုင်ဆောင်ပြီး တိမ်စိုင်များအကြားတွင် မတ်တတ်ရပ်နေသည်။

လုယွီက ထိုအမျိုးသမီးကို မြင်တွေ့ချိန်တွင် သူက မျက်မှောင်ကြုတ်လိုက်မိသည်။

သူမက မြေကမ္ဘာနတ်ဆိုးဘိုးဘေးပင်။

Chapter 783

"နတ်ဆိုးဘိုးဘေး ကြွရောက်လာချိန်မှာ...သေမျိုးအမှုန်အမွှားတွေအားလုံး ဒူးထောက်အရိုအသေပြုကြစမ်း"

အေးစက်စက်အသံတစ်သံက အရပ်လေးမျက်နှာအနှံ့ပျံ့နှံ့သွားပြီးနောက် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နောက်မှနေ၍ လူတချို့ထွက်ပေါ်လာသည်။

အကြီးအကဲရှင်းက ရုတ်တရက် လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်၏။

"ဒီအေါ်ရာက အမှားအယွင်းမရှိနိုင်ဘူး...မင်းတို့က ငါတို့လင်ရှောင်းဂိုဏ်းကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့သူတွေပဲ"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က တိတ်ဆိတ်ငြိမ်သက်နေပြီး သူ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။

"တပည့်ယန်ကျင်းက နတ်ဆိုးဘိုးဘေး ကြွရောက်လာတာကို ကြိုဆိုပါတယ်"

ယန်ကျင်းက မြေပြင်ပေါ်၌ဒူးထောက်ပြီး မြေကမ္ဘာနတ်ဆိုးဘိုးဘေးအား အရိုအသေပြုနေသည်။

အကျဥ်းထောင်မဟာအကြီးအကဲသည် ထိတ်လန့်တုန်လှုပ်သွားပြီး အလွန်ဒေါသထွက်နေပေ၏။သူက ယန်ကျင်း၏ဇက်ပိုးကို သူ့လက်ဖြင့်ရိုက်ပြီး ပြောဆိုလိုက်သည်။

"နတ်ဆိုးမျိုးနွယ်တွေနဲ့...မင်း ဘယ်လိုဖြစ်ပြီးပတ်သက်နေတာလဲ"

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံတစ်သံနှင့်အတူ ကြီးမားသောအားလှိုင်းတစ်ရပ်၏ရိုက်ခတ်ခံရမှုကြောင့် အကျဥ်းထောင်မဟာအကြီးအကဲ နောက်သို့လွင့်ထွက်ပြီး မြေပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိပေ၏။

"ငါ့ရဲ့တပည့်ကို...ဘယ်သူတိုက်ခိုက်ရဲလဲ"

သာယာနာပျော်ဖွယ်အသံတစ်သံနှင့်အတူ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် မိုးကောင်းကင်ယံမှနေ၍ ခြေဗလာဖြင့် အောက်သို့ဆင်းသက်လာသည်။သူမ၏လှပသောမျက်နှာလေးသည် အလွန်တောက်ပနေပြီး သူမ၏ပါးပြင်နှစ်ဖက်က အနီရောင်သန်းနေကာ သူမဆံနွယ်ရှည်များက အနီရောင်ဝတ်စုံအောက်နားထိ ဝဲကျနေပြီး မြေပြင်ပေါ်၌ တရွေ့ရွေ့လျှောက်လှမ်းနေပေသည်။

မဟာအကြီးအကဲတစ်ယောက်က တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

"ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်ပါလား...အကြီးအကဲက လင်ရှောင်းဂိုဏ်းကို ဘာကိစ္စရှိလို့ ရောက်လာတာပါလိမ့်"

"ငါ တပည့်လက်ခံဖို့လာတာ"

ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်နှင့်အတူ မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ယန်ကျင်း၏နံဘေးသို့ လျှောက်လှမ်းသွားပြီး သူမ၏လက်တစ်ဖက်ကို သူ၏ပခုံးပေါ်သို့တင်လိုက်သည်။

ယန်ကျင်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီးနောက် မူလက အားပျော့ပြီးပိန်ပါးသော သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းဖောင်းကားလာသည်။

ထို့နောက် သူ၏အရပ်အမြင့်သည် နဂိုထက် မီတာဝက်မျှပို၍မြင့်လာပေ၏။

ယန်ကျင်းသည် လူဘီလူးတစ်ကောင်အလား ကြီးထွားသန်မာလာသည်။

"ငါ ဥာဏ်အလင်းပွင့်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ပြီ"

ယန်ကျင်းက အချိန်တခဏကြာ ကြက်သေသေပြီးနောက် သူက အော်ဟစ်ရယ်မောနေတော့သည်။

သူက ဓမ္မရုပ်ထုနယ်ပယ်နှောင်းပိုင်းအဆင့်၌ တစ်ဆို့နေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေလေပြီ။အစောပိုင်းက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လက်ဖြင့် သူပခုံးအားထိတွေ့လိုက်ရုံဖြင့် သူ ကျင့်ကြံဆင့်နယ်ပယ်အား ချိုးဖျက်နိုင်ခဲ့သည်။

တခြားသူများကလည်း ဤထူးခြားဆန်းကြယ်သောမြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်နေကြ၏။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အပြုံးနှင့်ပြောဆိုလိုက်သည်။

"တခြားသူတွေကလည်း ငါရဲ့တပည့်ဖြစ်ခွင့်ရှိတယ်...ဒါပေမယ့် ငါမှာ တောင်းဆိုချက်တစ်ခုရှိတယ်"

သူမ၏မျက်နှာအမူအယာက အေးစက်တင်းမာစပြုလာပြီး သူမမျက်လုံးအကြည့်က ပိုင်ဆုချင်ထံသို့ ကျရောက်သွားသည်။

"သူ့ကိုသတ်နိုင်တဲ့ ဘယ်သူမဆို..ငါရဲ့စွမ်းအားတွေ လွှဲပြောင်းပေးပြီးတော့ သိုင်းသူတော်စင်အဆင့်ထိ မြှင့်တင်ပေးမယ်...မင်းတို့ သူ့ကိုရှင်းထုတ်လိုက်ရုံနဲ့ ကောင်းကင်ဘုံနယ်မြေကိုအရောက်သွားနိုင်လိမ့်မယ်"

ထိုစကားလုံးများကလူအများအား အသိစိတ်လွတ်ကင်းသွားစေသည်။

လူအားလုံးနီးပါးသည် ပိုင်ဆုချင်ကို အံ့အားသင့်တုန်လှုပ်သောအကြည့်ဖြင့် စူးစိုက်ကြည့်နေကြ၏။ထိုမိန်းမပျိုသည် ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်နှင့် မည်သည့်ပြဿနာမျိုးရှိခဲ့သနည်း။

သို့ရာတွင် ထိုအံ့အားသင့်တုန်လှုပ်နေသော မျက်လုံးအကြည့်များတွင် အလျှင်အမြန်ပင် လောဘအရိပ်အယောင်များ လွှမ်းမိုးလာသည်။

သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိပြီး ကောင်းကင်ဘုံနယ်မြေသို့သွားရောက်နိုင်မည့် အခွင့်အရေးဟုဆိုသလော။

မည်သည့်ကမ်းလှမ်းမှုဖြစ်နေပါစေ ဤသည်က သူတို့အတွက် သေစေလောက်သော ဆွဲဆောင်မှုကြီးဖြစ်နေသည်။

ပိုင်ဆုချင်သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိ၏။သူမ ထိုအရှိန်အဝါအား မည်သည့်နည်းနှင့်မျှမမေ့နိုင်ချေ။

အဆုံးအစမရှိသော အိမ်မက်ဆိုးကမ္ဘာအတွင်းတွင် သူမ နံဘေးပတ်လည်၌ ရစ်ဝဲနေသည်မှာ ဤအရှိန်အဝါဖြစ်သည်။အကယ်၍ သူမ၏ဖခင်ပေးအပ်ခဲ့သော ရတနာကြောင့်သာမဟုတ်ပါက ထိုအိမ်မက်ဆိုးကမ္ဘာအတွင်း၌ သူမ လှောင်ပိတ်မိနေလေပြီ။

"ရှင်က သေသင့်တယ်!

ပိုင်ဆုချင်က သူမ၏လက်မှ မြင်းမြှီးကျာပွတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး သူမက အံ့တင်းတင်းကြိတ်ထားပေ၏။

သူမ၏မျက်လုံးအကြည့်က မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံ၌သာ အခိုင်အမာကျရောက်နေသည်။ဤလူတစ်စုက သူမအား မိဘများနှင့်ကွဲကွာ၍ ဝေးလံခေါင်သီသော ကြယ်နယ်မြေထံ ရောက်ရှိစေခဲ့သူများဖြစ်သည်။

"ဝုန်း....စစ်သားတွေ...တိုက်ခိုက်စမ်း"

ပိုင်ဆုချင်က အဆောင်လက်ဖွဲ့သုံးခုကို ဆင့်ခေါ်လိုက်၏။သူမ၏ဖြူနုသော နဖူးပြင်တစ်ခုလုံး ချွေးများစိုရွှဲနေသည်။

သူမလက်အတွင်းမှ မြင်းမြှီးကျာပွတ်အား တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အဆောင်လက်ဖွဲ့သုံးခုသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံသို့ တိုးဝင်သွားတော့သည်။

"ခစ်...ခစ်..ခစ်...နင်က တကယ်ကိုပဲ နတ်ဆိုးချိတ်ပိတ်သူရဲ့သွေးသားပဲ...ဒါပေမယ့် နင့်ကိုကြည့်ရတာ နင့်အဖေရဲ့နည်းစနစ်တွေကို အကုန်အစင်သင်ယူခဲ့ရပုံမပေါ်ဘူး...ငါထင်တာတော့ နင်က ဆယ်ပုံတစ်ပုံလောက်ပဲတတ်မြောက်ခဲ့ပုံရတယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက သရော်တော်တော် ပြောဆိုနေပေ၏။သူမ၏နောက်၌ရှိနေသော ရှေးဟောင်းနတ်ဆိုးတစ်ကောင်က ရုတ်တရက် သူမ၏ရှေ့သို့ခုန်ဝင်ပြီး ကာဆီးထားလေသည်။

ဝုန်း...

အဆောင်လက်ဖွဲ့များက ထိုရှေးဟောင်းနတ်ဆိုးအား ထိခတ်မိသည်နှင့် ရှေးဟောင်းနတ်ဆိုးသည် စကားတစ်ခွန်းမျှပင်မဆိုနိုင်ဘဲ ပြာအဖြစ်လောင်ကျွမ်းသွားပေ၏။

"ငါက ဘာလှုပ်ရှားမှုမှ ပြုလုပ်မှာမဟုတ်ဘူး...တကယ်လို့ တစ်ယောက်ယောက်က သူကိုသတ်လိုက်တာနဲ့...ငါက ငါ့ရဲ့ကတိကိုချက်ချင်းဖြည့်ဆည်းပေးမယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သွေးဆောင်ဖြားယောင်းရာတွင် ထူးချွန်သူတစ်ယောက်ဖြစ်သည့်အလျောက် သူမ၏အသံတွင် မြူဆွယ်မှုများဖြင့် ပြည့်နှက်နေသည်။

Chapter 784

ပတ်ဝန်းကျင်မှအသက်ရှုသံများသည် လျှင်မြန်စပြုလာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး မြူဆွယ်သောအကျိုးအမြတ်များသည် သူတို့အား အလွန်ဆွဲဆောင်နိုင်ပေ၏။

ပိုင်ဆုချင်သည် လင်ရှောင်းဂိုဏ်း၏အတွင်းစည်းအကြီးအကဲ ဖြစ်သည်ကိုမဆိုထားနှင့် သူမက လင်ရှောင်းဂိုဏ်းခေါင်းဆောင်ဖြစ်နေလျှင်ပင် သူတို့ သတ်ဖြတ်သင့်သည်။

"သူ့ကိုသတ်ကြ...ပြီးတာနဲ့ ငါတို့ သိုင်းသူတော်စင်အဆင့်ကို ရောက်နိုင်လိမ့်မယ်"

လူအများစုက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ဘဲ ပိုင်ဆုချင်ထံသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

"အတင့်ရဲလှချည်လား"

လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ကျယ်လောင်စွာအော်ငေါက်လိုက်ပြီးနောက် သူ၏အရှိန်အဝါသည် နဂါးတစ်ကောင်အလား မြင့်တက်လာသည်။သူက ပိုင်ဆုချင်ထံပြေးဝင်လာသောလူစုအား ဆီးကြို၍ တိုက်ခိုက်တော့သည်။

လင်ရှောင်းဂိုဏ်းမှတခြားအကြီးအကဲများသည်လည်း ရှေ့တိုး၍ ပိုင်ဆုချင်၏နံဘေး၌ တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြ၏။

ပိုင်ဆုချင်သည် လင်ရှောင်းဂိုဏ်းဝင်တစ်ယောက်ဖြစ်၍ ဤနေရာ၌ သူမ သေဆုံးရမည်ကို မည်သည့်နည်းနှင့်မျှ သူတို့ လက်ပိုက်ကြည့်မနေနိုင်ချေ။

ဝုန်း...ဝုန်း...ဝုန်း...

ပိုင်ဆုချင်ထံ ပြေးဝင်တိုက်ခိုက်လာသူအများစုသည် လူငယ်ကျင့်ကြံသူများဖြစ်၍ သူတို့သည် လင်ရှောင်းဂိုဏ်းအကြီးအကဲများ၏ပြိုင်ဘက် မဟုတ်ပေ။

အချိန်တခဏကြာပြီးနောက် မည်သူကမျှ ပိုင်ဆုချင်အား ထပ်မံတိုက်ခိုက်ဝံ့ခြင်းမရှိတော့ချေ။သူမနံဘေးပတ်လည်၌ တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

"မင်းတို့ ဘာတွေကြောက်နေကြတာလဲ....ဒီလိုကြီးမားတဲ့ အခွင့်အရေးကို မင်းတို့လက်လွှက်ခံမယ်လို့ ငါ မထင်ဘူး"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရယ်မောပြီး သူမ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနောက်ရှိ ရှေးဟောင်းနတ်ဆိုးများက အနက်ရောင်အရိပ်များအသွင်ဖြင့် လင်ရှောင်းဂိုဏ်းအကြီးအကဲများ ကာကွယ်ပေးနေသော ပိုင်ဆုချင်ထံ တိုးဝင်သွားပေ၏။

"မင်းတို့က ငါ့ရှေ့မှာ မဆင်မခြင်တိုက်ခိုက်ဝံ့တာလား"

အကြီးအကဲရှင်းက ကျယ်လောင်စွာအော်ငေါက်ပြီးနောက် လေထုအတွင်း၌ စစ်တုရင်ခုံတစ်ခုံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းနတ်ဆိုးငါးကောင်သည် စစ်တုရင်ခုံ၏ထိန်းချုပ်ခြင်းကိုခံရပြီး အရိပ်အယောင်ပင်မကျန်သည်အထိ ပျောက်ကွယ်သွားတော့သည်။

သို့ရာတွင် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော ရှေးဟောင်းနတ်ဆိုးတစ်ရာခန့်သည် အနက်ရောင်အရိပ်များအသွင်ဖြင့် လင်ရှောင်းဂိုဏ်းအကြီးအကဲများထံသို့ ပြေးဝင်သွားကြ၏။

"သူတို့ ချောင်ပိတ်မိနေပြီ...ပိုင်ဆုချင်ကိုသတ်ကြ"

တခြားသူများကမူ အပျော်လွန်နေကြပြီး လူတချို့က ပိဴုင်ဆုချင်ထံ တရကြမ်းပြေးဝင်ပြီး တိုက်ခိုက်ကြတော့သည်။

သူတို့က ပိုင်ဆုချင်အား သတ်ဖြတ်နိုင်သည်နှင့် ကောင်းကင်ဘုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်ချီးမြှင့်သည့် ဆုလာဘ်ကို ရရှိနိုင်ပေမည်။

ဝုန်း...ဝုန်း...

ပိုင်ဆုချင်နှင့်ကြိုးကြာဖြူတောင်မှ တပည့်မများအုပ်စုသည် လူအများအပြား၏တိုက်ခိုက်ခြင်းခံရမှုကြောင့် နောက်သို့အဆက်မပြတ်ဆုတ်ခွါနေရ၏။သူမတို့၏ခန္ဓာကိုယ်များတွင်လည်း ချွေးများစိုရွှဲနေပြီး ထပ်မံ၍တောင့်ခံနိုင်ပုံမရတော့ချေ။

အစောပိုင်းက လုဝူယာတို့နှင့်တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် သူမတို့၏မှော်စွမ်းအင်အများအပြားကုန်ဆုံးခဲ့ရသည်။ယခုလက်ရှိချိန်၌ သူမတို့က လူအမြောက်အများကို တပြိုင်နက်တည်းတိုက်ခိုက်နေရ၏။ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသောတိုက်ပွဲအား သူမတို့ ခုခံတိုက်ခိုက်နိုင်ရန် လွန်စွာခက်ခဲနေသည်။

"နင်တို့အားလုံး အရင်သွားနှင့်ကြတော့....ငါအတွက်က လွတ်မြောက်ဖို့ နည်းလမ်းရှိတယ်"

ပိုင်ဆုချင်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

ဖန်ရှို့ယွင်တို့တပည့်မအုပ်စုသည် ရူးသွပ်မိုက်မဲသူများမဟုတ်ချေ။သူမတို့က ဤအချိန်သည် သူရဲကောင်းလုပ်နေရသည့်အချိန်မဟုတ်သည်ကို နားလည်ကြသဖြင့် ပိုင်ဆုချင်အမိန့်ပေးသည်နှင့် ထွက်ခွါရန်ဆုံးဖြတ်ချက်ချလိုက်ကြတော့သည်။

ပိုင်ဆုချင်က သူမ၏အင်္ကျီလက်မောင်းကြားရှိ အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူပြီး မန္တန်တစ်ပုဒ်ကိုရေရွတ်လိုက်၏။

"အကန့်အသတ်မဲ့ ကောင်းကင်နဲ့မြေကြီးကြားကလမ်း...လွတ်မြောက်စမ်း"

လေဟာနယ်အားလှိုင်းတစ်လှိုင်းက ချက်ချင်းပင် ပိုင်ဆုချင်၏နံဘေးပတ်လည်၌ ဂယက်ထလာသည်။

"သူ ထွက်ပြေးတော့မယ်...သူ့ကို တားဆီးထားကြစမ်း"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

ဤအချိန်တခဏတွင် ပိုင်ဆုချင်ထံသို့ ပြေးဝင်တိုက်ခိုက်ကြသောလူများသည် ရူးသွပ်လုမခမ်းပို၍ကြမ်းတမ်းလာကြသည်။

မြောက်များစွာသောလူများက ပိုင်ဆုချင်ထံ ခုန်အုပ်လိုက်ကြသော်လည်း ဤအချိန်တခဏမှာပင် ဓားချီလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

ဝှစ်....ဝှစ်...ဝှစ်...

ထိုဓားချီလှိုင်းသည် အလွန်ပြင်းထန်ပြီး အချိန်မီရှောင်လွှဲနိုင်ခြင်းမရှိသူများ၏ခြေ လက်များကို ဖြတ်တောက်သွားပေ၏။

သွေးများက နေရာအနှံ့ပြန့်ကျဲသွားသည်။

လုယွီက ဓားတစ်လက်ကိုကိုင်မြှောက်၍ ပိုင်ဆုချင်၏ရှေ့၌ မတ်တတ်ရပ်နေပြီး အေးစက်တင်းမာသော လေသံဖြင့် ပြောဆိုလေသည်။

"ဒီနေရာကိုလာဝံ့တဲ့ ဘယ်သူမဆို...သေရမယ်"

"သူက တစ်ယောက်တည်းရှိတာ...သူ့ကို မကြောက်ကြနဲ့"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ယောက်က ပိုင်ဆုချင်ထံသို့ ထပ်မံ၍ တိုးဝင်တိုက်ခိုက်ပြန်၏။

သို့ရာတွင် သူ လမ်းတစ်ဝက်ခန့်အရောက်မှာပင် သူတို့၏ခန္ဓာကိုယ်များ အေးစက်တောင့်တင်းလာပြီး သူတို့လဲကျသေဆုံးမသွားမီ ကမ္ဘာလောကကြီး ချာချာလည်နေခြင်းကိုသာ နောက်ဆုံးအနေဖြင့် ခံစားမိတော့သည်။

လုယွီ၏ဓားသည် ယိမ်းနွဲ့နေပြီး ယမမင်း၏ကောက်ရိတ်တံကဲ့သို့ ပိုင်ဆုချင်ထံတိုးဝင်လာသူများ၏အသက်ကို လွယ်လင့်တကူ ရိတ်သိမ်းနေသည်။

"ဘယ်ကောင် ရှေ့တိုးလာရဲလဲ...ရလဒ်ကတော့ အတူတူပဲ"

လုယွီ၏မျက်နှာအမူအယာသည် အလွန်အမင်း တည်ကြည်လေးနက်နေပေ၏။

တချို့လူများသည် ရှေ့သို့တိုးမလာဝံ့တော့ဘဲ ကူကယ်ရာမဲ့ပုံဖြင့် သက်ပြင်းရှိုက်နေကြသည်။

သူတို့ရှေ့မှလူသည် လူငယ်ပါရမီရှင်များအနက် ထိပ်ဆုံးမှရပ်တည်နေသူတစ်ယောက်ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ သူတို့သည် လုယွီအား အနိုင်တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက်မရှိပေ။

"ထူးဆန်းတယ်...ဘာလို့ ခုထိ ငါ့ရဲ့လွတ်မြောက်မန္တန်က အလုပ်မဖြစ်သေးတာလဲ"

လုယွီ၏နောက်မှနေ၍ ပိုင်ဆုချင်၏ဝေခွဲရခက်နေသောအသံ ထွက်ပေါ်လာသည်။

Chapter 785

ပိုင်ဆုချင်၏မျက်နှာပေါ်၌ ထိတ်ထိတ်ပျာပျာဖြစ်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။ဤအဆောင်လက်ဖွဲ့သည် မည်သည့်မတော်တဆဖြစ်ရပ်မှမရှိပါက သူမအား မိုင်တစ်ရာကျော်အကွာအဝေးသို့ ချက်ချင်းကူးပြောင်းပေးနိုင်ပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ အဆောင်လက်ဖွဲ့က အသက်ဝင်လာခြင်းမရှိပေ။

"နင်က ထွက်သွားချင်တာလား"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက သူမ၏လက်ကို အသာအယာဝှေ့ယမ်းလိုက်ရာတွင် ပိုင်ဆုချင်၏နံဘေးရှိ လေဟာနယ်သည် ချက်ချင်းပင် ကျစ်လျစ်သိပ်သည်းသွားသည်။

ဤအနီးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ပိတ်ဆို့တားဆီးခြင်း ခံထားရ၏။ပိုင်ဆုချင်၏လွတ်မြောက်မန္တန်သည် အလွန်အစွမ်းထက်သော်လည်း တားဆီးပိတ်ဆို့ထားသော လေဟာနယ်အား ချိုးဖျက်နိုင်ရန် မလွယ်ကူပေ။

လူငယ်ကျင့်ကြံသူတစ်စုကမူ လုယွီကို ထိတ်လန့်ကြောက်ရွံမှုကြောင့် တိုက်ခိုက်ဝံ့ခြင်းမရှိချေ။သို့ရာတွင် လုယွီတို့နှင့်အဝေး၌ ပုန်းအောင်းပြီး အော်ဟစ်နေသော လူတစ်စုရှိနေဆဲပင်။

"မင်းတို့ ဘာလို့ သူ့ကို မသတ်ကြသေးတာလဲ ..သူက ကောင်းကင်ဘုံနယ်မြေက အစွမ်းထင်ပုဂ္ဂိုလ်ကိုတောင် ဆန့်ကျင်ဝံ့တာ...တကယ်လို့ ငါတို့က သူ့ကိုမသတ်ရင်တောင် ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်က သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး"

"အမှန်ပဲ...ငါတို့ ကြောက်ရွံနေရင် သူတော်စင်ရဲ့တပည့်ဖြစ်လာမှာ မဟုတ်ဘူး...ငါတို့အတွက် ခက်ခက်ခဲခဲရရှိတဲ့အခွင့်အရေးကို ဘာလို့စွန့်လွှက်ရမှာလဲ"

"မင်းတို့ တစ်ကိုယ်ကောင်းမဆန်ကြနဲ့"

အမျိုးမျိုးသော အင်အားစုများမှ လူငယ်ကျင့်ကြံသူများသည် လုယွီအား တစ်ယောက်ပြီးတစ်ယောက် ပတ်ဝိုင်းလိုက်ကြတော့သည်။

ဝုန်း...

လုယွီက သူ၏လက်ကိုမြှောက်ပြီး ဓားရှည်ဖြင့် မြေပြင်ကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။

ပြန့်ပြူးသောမြေပြင်သည် နက်ရှိုင်းသောမြောင်းတစ်ခုအဖြစ် ဖြတ်တောက်ခြင်းခံလိုက်ရပြီး ထိုမြောင်းအတွင်း၌ အနက်ရောင်မီးတောက်များဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တခဏတွင် ရှေးဟောင်းနတ်ဆိုးတစ်စုသည် ပိုင်ဆုချင်ထံသို့ ရုတ်တရက်တိုးဝင်လာကြ၏။

ထိုရှေးဟောင်းနတ်ဆိုးများအားလုံးသည် သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူများဖြစ်ကြ၏။သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် အလွန်ပြင်းထန်သဖြင့် သူတို့၏အနီးပတ်ဝန်းကျင်ရှိလူများကို လေးလံသောဖိအားလှိုင်းတစ်ရပ် သူတို့ပေါ်ဖိစီးထားသကဲ့သို့ ခံစားမိစေသည်။

"လူသားတွေက တကယ်ကို အမှိုက်ကောင်တွေပဲ...မြင့်မြတ်တဲ့ဘိုးဘေးက ဒီမိန်းမကိုချောင်ပိတ်ထားတာတောင်..သူတို့က မတိုက်ခိုက်ဝံ့ကြဘူး"

ရှေးဟောင်းနတ်ဆိုးများက ပြက်ရယ်ပြုပြောဆိုနေပေ၏။

ရှေးဟောင်းနတ်ဆိုးတချို့၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် ပိုင်ဆုချင်ထံသို့ ရောက်လုဆဲဆဲပင်။

ဖောက်....

ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံက ရှေးဟောင်းနတ်ဆိုးများအကြား၌ ထွက်ပေါ်လာပြီးနောက် ရှေ့ဆုံး၌ရောက်ရှိနေသော ရှေးဟောင်းနတ်ဆိုးများ၏ဦးခေါင်းများ ရုတ်တရက် ပွင့်ထွက်သွားပြီး သွေးမည်းများက လေထုအတွင်း၌ ပြန့်ကျဲသွားပေ၏။

လုယွီက သူ၏ဓားရှည်ဖြင့် ရှေးဟောင်းနတ်ဆိုးသုံးကောင်ကို တခဏချင်း သတ်ဖြတ်လိုက်ခြင်းပင်။

"နင် မြန်မြန်သွားတော့...အဲ့ဒီကောင်တွေက အရမ်းသန်မာတယ်"

ပိုင်ဆုချင်က စိုးရိမ်ပူပန်တကြီး သတိပေးလိုက်၏။

အကယ်၍ လုယွီက ရှေးဟောင်းနတ်ဆိုးတစ်ကောင်တည်းဆိုလျှင် သတ်ဖြတ်နိုင်ကောင်းသတ်ဖြတ်နိုင်ပေမည်။သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများက အလွန်များပြားပေရာ လုယွီ မည်သို့မျှခုခံတိုက်ခိုက်နိုင်မည်မဟုတ်ပေ။

လုယွီက ခေါင်းခါယမ်းလေ၏။

"ငါ မသွားဘူး"

"နင်ရဲ့အရည်အချင်းက အရမ်းကောင်းပြီး သူတော်စင်တစ်ယောက်ရဲ့တပည့်လည်း ဖြစ်နေပြီ...နင့်ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး...နင်နဲ့ငါကြားမှာ ဘာထွေထွေထူးထူးပတ်သက်မှုမှလည်း ရှိတာမဟုတ်ဘူး...နင် ငါ့ကို ကူညီစရာမလိုအပ်ဘူး"

ပိုင်ဆုချင်က လုယွီကို ဤနေရာမှထွက်ခွါသွားရန် တိုက်တွန်းနေသည်။

သူမက မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်ရင်ဆိုင်တွေ့ချိန်တွင် သေသည်အထိတိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။

သို့ရာတွင် လုယွီအား သူမနှင့်အတူသေဆုံးရန် ဆွဲခေါ်မထားနိုင်ချေ။ဤကိစ္စသည် လုယွီနှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပေ။

"ပြဿနာမရှိဘူး...အဲ့ဒီကောင်တွေက ငါ့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး"

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

သူ၏စကားကို အတည်ပြုသည့်အနေဖြင့် ရုတ်တရက် ရွှေရောင်မီးတောက်များထွက်ပေါ်လာပြီး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လေထုအတွင်း၌ ခမ်းနားကြီးကျယ်ပုံရသော ရွှေရောင်မီးတောက်များသည် နေရာတိုင်း၌ တောက်ပနေ၏။။ကောင်းကင်ဘုံဧကရာဇ်၏ရွှေရောင်မီးတောက်သည် သိုင်းသူတော်စင်အဆင့် ရှေးဟောင်းနတ်ဆိုးအား တမဟုတ်ချင်း လွှမ်းခြုံသွားသည်။

စူးရှနာကျင်စွာအော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။မူလက မောက်မာရိုင်းပျနေသော ထိုရှေးဟောင်းနတ်ဆိုးသည် လုယွီ၏သုတ်သင်ခြင်းကို ခံလိုက်ရတော့သည်။

"ပုံရိပ်ယောင်သက်သက်နဲ့များ...ငါရှေ့မှာ ထွက်ပေါ်လာဝံ့တယ်ပေါ့"

လုယွီ၏အေးစက်စက်အသံသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပေ၏။

ဤအချိန်မှာပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက လုယွီကို သတိပြုမိသွားသည်။သူမ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းပင်ကျဥ်းမြောင်းသွားပြီး လုယွီကို မှတ်မိသွားပုံရသည်။

"မြေအောက်လောက"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အံ့တင်းတင်းကြိတ်ကာ ရေရွတ်လိုက်ပြီးနောက် သူမ၏ နဂိုမူလ ချောမောလှပသောမျက်နှာသည် ရုတ်တရက်ရှုံတွသွားပေ၏။

"မိုးကောင်းကင်က ကောင်းချီးပေးနေတာပဲ...ဒီနေတော့ နင်ရော နတ်ဆိုးချိတ်ပိတ်သူရဲ့အကြွင်းအကျန်ရော နှစ်ယောက်လုံး အသက်မရှင်စေရဘူး"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အော်ဟစ်ကြုံးဝါးလိုက်သည်နှင့် မူလက ကြည်လင်တောက်ပနေသော မိုးကောင်းကင်သည် ချက်ချင်းပင် ပိန်းပိတ်သည်အထိ မှောင်မည်းသွားတော့သည်။

အမှောင်ထုကြားမှနေ၍ မြောက်များစွာသောပုံရိပ်များ ထွက်ပေါ်လာပြီး လုယွီထံသို့ တရွေ့ရွေ့ လျှောက်လှမ်းလာကြသည်။

ထိုပုံရိပ်များသည် ပေသုံး လေးရာခန့်မြင့်မားပြီး တောင်ကုန်းများနှင့်တူညီနေကာ သူတို့၏ရှည်လျှားသော လက်မောင်းကြီးများကို ရှေ့နောက်လွှဲယမ်းနေသည်မှာ လွန်စွာအသဲထိတ်ဖွယ်ကောင်းလှ၏။

"သူတော်စင်အဆင့် ရှေးဟောင်းနတ်ဆိုးလား"

လုယွီ၏မျက်နှာပေါ်၌ အနည်းငယ်သတိထားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

Thank for Reading.

All Chapters