← Chapters

အခန်း (၈၁၁-၈၁၅)

Vol. 44 Ch. 811-815

အခန်း (၈၁၁-၈၁၅)

Vol. 44 Ch. 811-815

Chapter 811

ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေသော မိုးခြိမ်းသံတမျှကျယ်လောင်သော စစ်ဗုံသံသည် ရုတ်တရက် ရပ်တန့်သွားပေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး လူအားလုံးက ကြက်သေသေကုန်ကြသည်။မောက်မာပုံရသော ကျင့်ကြံသူများပင်လျှင် ဤအချိန်တခဏတွင် ဆွံအနေလေသည်။

မိုးကောင်းကင်နဂါးတိုင်းပြည်မှ ထိုစစ်သင်္ဘောများကို မြောက်များစွာသော ထိပ်တန်းအဆင့်သလင်းကျောက်များဖြင့် တည်ဆောက်ထားပြီး ကျင့်ကြံသူများ၏တိုက်ပွဲကွင်းပြင်တွင် မဟာလူသတ်လက်နက်ဟုပင် ခေါ်ဝေါ်ကြသည်။

သာမာန်ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်လျှင် စစ်သင်္ဘောတစ်စီးကိုဖျက်ဆီးရန် အချိန်အတော်ယူရပေမည်။

လုယွီကမူ လက်ညှိုးညွှန်လိုက်ရုံဖြင့် စစ်သင်္ဘောတစ်စီးလုံး အပိုင်းပိုင်းအစစကွဲထွက်သွားပေ၏။

လက်ညှိုးတစ်ချောင်းတည်းဖြင့်လော။

ဝူလီက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းမှာ ဒီလေါက်ထိအားကောင်းတဲ့ကျင့်ကြံသူရှိမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါ မှားယွင်းပြီး ခန့်မှန်းခဲ့မိတယ်...ဒါပေမယ့် မင်းက အရမ်းအစွမ်းထက်နေရင်တောင် ငါ့ရဲ့နောက်မှာ မိုးကောင်းကင်နဂါးတိုင်းပြည်က ကျင့်ကြံသူထောင်သောင်းချီပြီး ရှိနေတယ်...မင်းက ဘယ်လောက်ပဲသန်မာနေပါစေ လူတွေအများကြီးကို ခုခံတိုက်ခိုက်နိုင်မှာမဟုတ်ဘူး"

လုယွီက ဝူလီကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောဆိုလေသည်။

"ပထမအချက် ကျုပ်က ကြယ်တာရာသဘာဝလွန်ပုံရိပ်ဂိုဏ်းဝင်မဟုတ်ဘူး...သီဟူတို့သားအဖကို ကျုပ်သတ်ခဲ့တာ သူတို့က သေလမ်းရှာနေလို့ပဲ"

"ဒုတိယအချက်...ခင်ဗျားနဲ့ကျုပ်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနေစရာအကြောင်းမရှိဘူး...ဒါကြောင့်မို့ ခင်ဗျား ဒီမြို့တွေကို လိုချင်တယ်ဆိုရင် ကျုပ်နဲ့ဘာမှမဆိုင်ဘူး"

ဝူလီ၏မျက်နှာပေါ်တွင် ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။လုယွီ၏သက်တောင့်သက်သာရှိသော အမူအယာနှင့် မထီမဲ့မြင်တိုက်ခိုက်မှုက သူ့ကို မဆင်မခြင်မလုပ်ရန် သတိပေးနေသကဲ့သို့ပင်။

ထို့ပြင် သူရရှိသော သတင်းအချက်အလက်များတွင် လုယွီ၏အကြောင်းကို မည်သည့်အချိန်ကမျှမတွေ့ဖူးခဲ့ချေ။

ဤသည်က ဝူလီကို ဆုံးဖြတ်ရခက်ခဲစေသည်။

"နောက်ဆုတ်ကြ"

ဝူလီက ရုတ်တရက် အမိန့်ပေးလိုက်၏။

ထိုအမိန့်သံကိုကြားသည်နှင့် မိုးကောင်းကင်နဂါးတိုင်းပြည်မှ စစ်တပ်ကြီးတစ်ခုလုံးသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ပြန်လည်ဆုတ်ခွါကြတော့သည်။

မူလက ကောင်းကင်ယံကိုပိတ်ဖုံးသွားသည်အထိ များပြားသော စစ်သင်္ဘောများသည် တစ်စီးပြီးတစ်စီး ဆုတ်ခွါသွားကြသဖြင့် နေအလင်းရောင် ပြန်လည်ပေါ်ထွက်လာပေ၏။

လင်းမြို့အရှင်က သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေသကဲ့သို့ ခံစားနေရသည်။သူက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဖက်တွယ်လုနီးပါး အရိုအသေပြုနေပေ၏။

"ကျွန်တော့်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ထိပ်သီးအင်မော်တယ်ကြီးကို ကျေးဇူးတင်ပါတယ်"

လုယွီက လင်းမြို့အရှင်ကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ခင်ဗျားရဲ့ပစ္စည်းတွေကို ထုတ်ပိုးပြီး ဒီနေရာကနေ ခုချက်ချင်းထွက်သွားတော့...ဒီနေရာက ခင်ဗျားတို့လိုသေမျိုးတွေ ထိန်းသိမ်းထားနိုင်မယ့်နေရာမျိုးမဟုတ်ဘူး"

စကားဆုံးသည်နှင့် လုယွီက ခန်းမအတွင်းမှ ထွက်ခွါသွားတော့သည်။

လင်းမြို့အရှင်က သူ့ရှေ့ရှိအရှုပ်အထွေးများကိုကြည့်ပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ နောင်တတရားများကို ခံစားမိသည်။

"တကယ်လို့ သူ ဒီလေါက်ထိသန်မာတယ်ဆိုတာသာ ငါ ကြိုသိခဲ့ရင်...သူ့ကို ငါ လေးလေးစားစားဆက်ဆံခဲ့ပါတယ်"

လင်းမြို့အရှင်က သက်ပြင်းချရင်း မြို့မှထွက်ခွါသွားရန် ပြင်ဆင်လိုက်တော့သည်။

မိုးကောင်းကင်နဂါးတိုင်းပြည်မှလူများ ဤနေရာသို့ ပြန်လာ မလာဟူသည်မှာ မသေချာပေ။လင်းမြို့အရှင်က သူ၏မိသားစုကိုခေါ်ဆောင်၍ လင်းမြို့မှရှောင်တိမ်းသွားတော့သည်။

လုယွီက သူ၏အခန်းသို့ ပြန်သွားလိုက်သည်။သို့ရာတွင် သူ အခန်းနှင့်နီးကပ်လာသော အချိန်တခဏတွင် ကျီးချန်ယွီ၏ခန္ဓာကိုယ်မှထွက်ပေါ်လာသော ယင်ချီအအေးဓာတ်ကို သူ ခံစားမိသည်။

"ဘယ်လိုလုပ်ပြီး....."

လုယွီက မျက်မှောင်ကြုတ်ပြီး အခန်းအတွင်းသို့ ပြေးဝင်သွားလိုက်သည်။

သူ အခန်းအတွင်းသို့ ရောက်ရှိသည်နှင့် အေးစိမ့်မှုက ရုတ်တရက် သူ့အား ရိုက်ခတ်လာပေ၏။

ဤှအချိန်တွင် ကျီးချန်ယွီက အိပ်ယာပေါ်၌ လဲလျောင်းနေသည်။သူမ၏နူးညံသောခန္ဓာကိုယ်လေးသည် တသိမ့်သိမ့်တုန်နေပြီး သူမတကိုယ်လုံးလည်း အေးစက်နေပေ၏။

လုယွီက အလျှင်အမြန် ခြေလှမ်းရှေ့တိုးလိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာကာ ကျီးချန်ယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်း လွှမ်းခြုံသွားသည်။

ရွှေရောင်မီးတောက်များက ကျီးချန်ယွီ၏ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်းထိုးဖောက်ဝင်ရောက်သွားပြီး သူမခန္ဓာကိုယ်၏အပေါ်ယံအရေပြားမှ လေအေးများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ အေးစိမ့်မှုများသည် တဖြည်းဖြည်းမြင့်တက်လာပြီး နောက်ဆုံးကျမှသာ ပုံမှန်အခန်းအပူချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။

"လုယွီ....."

ခပ်ဖျော့ဖျော့အသံတစ်သံက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ကျီးချန်ယွီက မျက်လုံးကိုအားယူဖွင့်လိုက်ခြင်းကို သူ တွေ့မြင်လိုက်ရ၏။လုယွီ၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"စကားမပြောနဲ့...ငါ မင်းရဲ့ခန္ဓာကိုယ်ထဲက အအေးဓာတ်တွေကို ဆက်ပြီးဖယ်ထုတ်ပေးမယ်"

ဤအချိန်တွင် အအေးဓာတ်ဖယ်ရှားခြင်းလုပ်ငန်းစဥ်သည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

"ရှင့် ကျွန်မကို တစ်ယောက်တည်းထားခဲ့ပါတော့...ကျွန်မကို လင်ရှောင်းဂိုဏ်းကိုပြန်ပို့ပြီး ရှင် ထွက်သွားတော့...အဲ့ဒီလူတွေက ရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး"

ကျီးချန်ယွီသည် ယခုလက်ရှိချိန်တွင် လွန်စွာအားနည်းနေသဖြင့် သူမ၏အသံမှာ ဖျော့တော့နေသည်။

လုယွီက ခေါင်းခါယမ်းပြီး ကျီးချန်ယွီ၏ခန္ဓာကိုယ်မှ ယင်ချီအအေးဓာတ်များကို ဆက်လက်ဖိနှိပ်နေလေသည်။

Chapter 812

"ကျွန်မက မိုက်မဲလွန်းအားကြီးပြီး ရှင့်ကို အမြဲတမ်းဆွဲချနေသလိုဖြစ်နေတာကို ကျွန်မသိပါတယ်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေကနေစပြီး အခုနေရာထိပဲလေ...ရှင့်အတွက် တစ်ခုခုလုပ်ပေးနိုင်ရင်ကိုပဲ ကျွန်မကျေနပ်ပါပြီ"

ကျီးချန်ယွီ၏မျက်နှာက ဖြူရော်နေသည်။ထိုစကားများကို ပြောဆိုနိုင်ရန်အတွက် သူမ၏ခွန်အားများအားလုံး ကုန်ဆုံးသွားပုံရသည်။

ရုတ်တရက် ကျီးချန်ယွီ၏မျက်လုံးပိတ်သွားပြီး သူမက တဖန်ပြန်၍ သတိလစ်မေ့မျောသွားပြန်သည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

သူ့စိတ်ဝိညာဥ်၏စွမ်းအားဖြင့်ဆိုလျှင် ကျီးချန်ယွီ၏မှော်စွမ်းအားများ ကုန်ဆုံးနေသည်ကိုမဆိုထားနှင့် သူမ သေလုမျောပါး အခြေအနေသို့ရောက်နေလျှင်ပင် သူ သူမအား ရအောင်ကယ်တင်နိုင်သည်။

သူက မြေအောက်လောက၏အရှင်သခင် မဟုတ်လော။သူက တစ်စုံတစ်ယောက်၏ ပြန်လည်ဝင်စားခြင်း ရှင်ခြင်းနှင့်သေခြင်းကို ဆုံးဖြတ်ရသော အရှင်သခင်တစ်ယောက်ပင်။သို့ရာတွင် မည်သည်ကြောင့် ကျီးချန်ယွီက သတိလစ်မေ့မျောနေဆဲဖြစ်သနည်း။

"မဟုတ်သေးဘူး...သူ့ရဲ့စိတ်ဝိညာဥ်...သူ့ရဲ့စိတ်ဝိညာဥ်တစ်ခုပျောက်နေတယ်"

လုယွီက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

လူတစ်ယောက်၌ စိတ်ဝိညာဥ်သုံးခုမှခုနစ်ခုထိရှိသည်။

စိတ်ဝိညာဥ်တစ်ခုပျောက်ဆုံးနေခြင်းကြောင့် ထိုသူသည် အသက်ရှင်နေသည့်တိုင် အားနည်းချက်များရှိနေပေမည်။ကျီးချန်ယွီသည် ဤကဲ့သို့အခြေအနေမျိုးဖြင့် ကြုံတွေ့ထားရမည်ဟု လုယွီ မျှော်လင့်မထားမိချေ။

"ဘယ်လိုလုပ်ပြီး သူက စိတ်ဝိညာဥ်တစ်ခုပျောက်ဆုံးနေရတာလဲ...ငါ ဒါကို အရင်က သတိမထားမိခဲ့ဘူး"

လုယွီ၏စိတ်နှလုံးသားအတွင်းသို့ ရှုပ်ထွေးသောအတွေးများ ဝင်ရောက်လာသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် အတိတ်ဘဝ၌ အလွန်အစွမ်းထက်သော တည်ရှိမှုကြီးဖြစ်ခဲ့သည်။သို့ရာတွင် သူ မည်မျှပင်အစွမ်းထက်နေပါစေ လောကကြီးသည် အလွန်ကျယ်ပြောလှပေရာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို သူ မည်သည့်နေရာ၌သွား၍ ရှာဖွေရမည်နည်း။

သူ့ရှေ့ရှိအိပ်ယာထက်၌ သတိလစ်မေ့မျောနေဆဲဖြစ်သော မိန်းမလှလေးကိုကြည့်၍ လုယွီက သက်ပြင်းအကြိမ်ကြိမ်ချနေမိပြီး သူ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်လာသလို ခံစားနေရသည်။

ဤကဲ့သို့ခံစားချက်မျိုးကို သူ အတိတ်ဘဝ၌ပင် မခံစားဘူးချေ။သူအတွက် ဤခံစားချက်က ထာဝရတည်ရှိသွားနိုင်သည်။

"ငါ မင်းကို လင်ရှောင်းဂိုဏ်းဆီ ပြန်ခေါ်သွားမယ်"

လုယွီက ကျီးချန်ယွီကို ပွေ့ချီလိုက်၏။သူ၏မျက်လုံးများအတွင်း၌ ယခင်ကမည်သည့်အချိန်တွင်မျှ မရှိခဲ့ဖူးသော တည်ကြည်လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူက ယဲ့ရွှယ်လန်ကို ဆုံးရှုံးခဲ့ရပြီဖြစ်ရာ သူ၏နံဘေးရှိလူများကို ထပ်မံဆုံးရှုံးမှုမရှိစေရန် သူ ကြိုးစားရပေမည်။

လင်းမြို့၏ပြင်ပ၌ လုယွီက ကူးပြောင်းရေးဝင်္ကပါ၏အရိပ်အယောင်များကို တွေ့ရှိမိသည်။ထိုကူးပြောင်းရေးဝင်္ကပါသည် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က ယာယီခင်းကျင်းခဲ့သော ဝင်္ကပါပင်။ဝင်္ကပါ၏တစ်ဖက်ခြမ်းသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလုနီးပါးဖြစ်နေလေပြီ။

တခြားသူများအတွက် ဤဝင်္ကပါကိုပြုပြင်ရန် ခက်ခဲမည်ဖြစ်သော်လည်း လုယွီအတွက်မူ အခက်အခဲမရှိချေ။

"လေဟာနယ် နိယာမ...ဝင်္ကပါ ပြန်လည်ခင်းကျင်စမ်း"

မြောက်များစွာသော လေဟာနယ်ကွင်းများက လျှင်မြန်စွာ ရွေ့လျားလာပေ၏။လုယွီ၏လက်ချောင်းထိပ်ဖျားမှ အလင်းတန်းတစ်တန်း ကျရောက်သွားသည်နှင့် ဝင်္ကပါကြီးတစ်ခုလုံး တောက်ပသွားသည်။

ထိုဝင်္ကပါမှနေ၍ လေဟာနယ်စွမ်းအားများ ထွက်ပေါ်နေပေ၏။

လုယွီက ဝင်္ကပါအတွင်းသို့ ခြေချလိုက်သည်နှင့် လင်ရှောင်းဂိုဏ်း၏အတွင်းစည်းနေရာသို့ ရောက်ရှိသွားသည်။ဤနေရာ၏နံဘေးပတ်ဝန်းကျင်သည် မိုးကောင်းကင်တောင်ထိပ်မဟုတ်ဘဲ အကြီးအကဲရှင်း၏ကြယ်တာရာတောင်ထိပ်ဖြစ်သည်။

လုယွီက သူ၏ကျင့်ကြံဆင့်ကို ဆုံးရှုံးသွားသော်လည်း သူ၏ဝင်္ကပါပညာရပ်ဆိုင်ရာ အရည်အချင်းများမှာ လျော့နည်းသွားခြင်းမရှိပေ။

ကူးပြောင်းရေးဝင်္ကပါ၏တစ်ဖက်ခြမ်း ပျက်စီးသွားသည့်တိုင် လုယွီက တည်နေရာကို တိတိကျကျချိန်ရွယ်နိုင်ခဲ့သည်။

"ရပ်လိုက်စမ်း...ဒီနေရာက ကြယ်တာရာတောင်ထိပ်ဆိုတာမသိဘူးလား"

ကြယ်တာရာတောင်ထိပ်ကို စောင့်ကြပ်သောတပည့်များက အော်ဟစ်လိုက်ကြ၏။

ထိုအချိန်မှာပင် အော်ဟစ်လိုက်သော တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် တစ်စုံတစ်ယောက်၏ကန်ကျောက်ခြင်းခံလိုက်ရသည်။

"သေ...သေ..အကုန်သေကြစမ်း...မင်းတို့မသိကြဘူးလား...သူက ကြိုးကြာဖြူတောင်က စီနီယာအကိုလုယွီလေ"

ခရမ်းရောင်ဆံပင်နှင့်လူငယ်တစ်ယောက်က တခြားသူများကို ကျယ်လောင်စွာအော်ငေါက်လိုက်သည်။

နံဘေးဘက်သို့ ကန်ထုတ်ခံလိုက်ရသော တပည့်များသည် စိတ်ဆိုးဒေါသထွက်သွားသော်လည်း လုယွီဟူသော အမည်ကိုကြားချိန်တွင် သူတို့၏ခန္ဓာကိုယ်များ တုန်ရီသွားကြသည်။

"ဒါက ယင်လော့သခင်လေးနဲ့လုဝူယာကို အနိုင်ယူခဲ့တဲ့ စီနီယာလုယွီလား"

"သူက လျှို့ဝှက်နဂါးစာရင်းရဲ့နံပါတ်တစ်မလား"

"ဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်ခဲ့တဲ့ စီနီယာအကိုလား"

ကြယ်တာရာတောင်ထိပ်မှတပည့်များက လုယွီကို ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့် ကြည့်နေကြ၏။

ကောင်းကင်နန်းတော်ပြိုင်ပွဲကြီးပြီးဆုံးသွားသော နေ့မှစ၍ လုယွီ၏အမည်သည် လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံးတွင်သာမက အလယ်ပိုင်းကုန်းမြေတခွင်လုံး၌ပါ ကျော်ကြားနေပေသည်။

သို့ရာတွင် ထိုနေ့မှစ၍ လုယွီက ပျောက်ကွယ်နေခဲ့သည်။ယနေ့မှ ဤနေရာ၌ လုယွီ ပြန်လည်ပေါ်ထွက်လာမည်ဟု မည်သူကမျှမျှော်လင့်မထားမိချေ။

Chapter 813

"စီနီယာအကို လုယွီက ကျွန်တော်တို့ ကြယ်တာရာတောင်ထိပ်ကိုလာတာလား...ဒါက အမချန်ယွီလား"

လုယွီ၏လက်မောင်းကြားရှိ မိန်းကလေးကိုမြင်ချိန်တွင် ခရမ်းရောင်ဆံပင်နှင့်လူငယ်က ရုတ်တရက် အံ့အားတသင့်ရေရွတ်လိုက်သည်။

တခြားသူများကလည်း လုယွီ၏ချောမောခန့်ညားသောမျက်နှာသည် သုန်မှုန်နေခြင်းကို သတိပြုမိသွား၏။

ကျီးချန်ယွီက ကြယ်တာရာတောင်ထိပ်သို့ရောက်စဥ်တွင် သူမက ကြိုးစားပမ်းစား ကျင့်ကြံပေ၏။သူမကို တွေ့မြင်မိသော မည်သူမဆို သူမ၏ဆွဲဆောင်နိုင်သော မျက်နှာလေးအား မမေ့နိုင်ကြချေ။

"ငါက အကြီးအကဲရှင်းကိုတွေ့ဖို့ ဒီနေရာကိုလာခဲ့တာ...ကျေးဇူးပြုပြီး အကြောင်းကြားပေးလို့ရမလား"

လုယွီက ပြောဆိုလိုက်၏။

ခရမ်းရောင်ဆံပင်နှင့်လူငယ်၏မျက်နှာပေါ်တွင် အနည်းငယ်အားနာနေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"စီနီယာအကိုလုယွီက နည်းနည်းနောက်ကျသွားတယ်...ဆရာသခင်က နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နဲ့အတူ ဝင်္ကပါပညာရပ်ကို ဆွေးနွေးနေတယ်...တကယ်လို့ ကျွန်တော်တို့ အကြောင်းကြားပေးရင်တောင် ဆရာသခင်က ကြားမှာမဟုတ်ဘူး"

"အကြီးအကဲက ဝင်္ကပါပညာရပ်ကို ဘယ်နေရာမှာ ဆွေးနွေးနေကြတာလဲ"

လုယွီက မျက်မှောင်ကြုတ်နေပေ၏။

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ကြယ်တာရာတောင်ထိပ်၏နေရာတစ်နေရာကို လက်ညှိုးညွှန်လိုက်သည်။

"အဲ့ဒီနေရာက ခုနစ်စင်ကြယ်ခန်းမမှာပါ....သာမာန်အချိန်တွေမှာတော့ ဆရာသခင်က အဲ့ဒီနေရာမှာပဲ လေ့ကျင့်လေ့ရှိတယ်"

"ကျေးဇူးတင်ပါတယ်"

လုယွီက ကျီးချန်ယွီကို ပွေ့ဖက်ထားရင်း ကြယ်တာရာတောင်ထိပ်တပည့်များရှေ့မှ ပျောက်ကွယ်သွားတော့သည်။

"ဘယ်လောက်တောင် နက်နဲသိမ်မွေ့တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်လဲ...စီနီယာက ငါ့နံဘေးကနေ ထွက်ခွါသွားတာတောင် သတိမထားမိဘူး"

ခရမ်းရောင်ဆံပင်နှင့်လူငယ်က အံ့အားသင့်တုန်လှုပ်သွားပြီး လုယွီ၏နောက်ကျောကို မျက်လုံးအပြူးသားဖြင့် ကြည့်နေပေ၏။

ခုနစ်စက်ကြယ်ခန်းမ....

ကြယ်တာရာတောင်ထိပ်တစ်နေရာ၌ ကြီးမားသောခန်းမကြီးတစ်ခုရှိသည်။

တစ်စုံတစ်ယောက်သည် အမြင့်တစ်နေရာမှ ကြည့်ရှုပါက ကြယ်တာရာတောင်ထိပ်တစ်နေရာတွင် မှော်စွမ်းအင်စီးကြောင်းများသည် လှုပ်ခတ်နေပြီး ဧရာမစစ်တုရင်ခုံနှင့်တူညီစွာ ဖွဲ့စည်းနေခြင်းကို တွေ့မြင်ရပေမည်။

ခုနစ်စင်ကြယ်ခန်းမသည် ထိုစစ်တုရင်ခုံပေါ်၌ တည်ရှိပေ၏။

အကယ်၍ ကြယ်တာရာတောင်ထိပ်မှ တပည့်တစ်ယောက် ဤနေရာသို့ရောက်ရှိလာလျှင်ပင် ဝင်္ကပါပညာရပ်၌ မြင့်မားသောအရည်အချင်းမရှိပါက အတွင်းသို့ဝင်လိုက်လျှင် ထိုသူ၏အသိစိတ်ပျောက်ဆုံးသွားနိုင်သည်။

"ချန်ယွီ...နည်းနည်းပိုပြီး တောင့်ခံထားပါအုံး"

လုယွီက သူ၏လက်မောင်းကြားရှိ ကျီးချန်ယွီကိုကြည့်ပြီး လေသံဖျော့ဖျော့နှင့် ပြောဆိုလိုက်သည်။

ထို့နောက် သူက သူ၏ခြေဖဝါးကိုမြှောက်ပြီး ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။သူ၏အမြင်၌ ဤစစ်တုရင်ဝင်္ကပါသည် အသေးအဖွဲပင်။

သူက ဤကဲ့သို့ဝင်္ကပါမျိုးကို လေ့လာဆန်းစစ်နေရန်မလိုအပ်ချေ။သူ့အား ဤဝင်္ကပါက ဟန့်တားခြင်းပြုနိုင်မည်မဟုတ်ချေ။သူက မြေပြန့်ပေါ်၌ လမ်းလျှောက်နေသကဲ့သို့ပင်။

လုယွီက စစ်တုရင်ဝင်္ကပါ၏အလယ်ဗဟိုသို့ ရောက်ရှိလာပြီး ခုနစ်စင်ကြယ်ခန်းမ၏တံခါးကို ခေါက်လိုက်၏။

"ဂျူနီယာလုယွီက အကြီးအကဲရှင်းကို တွေ့လိုပါတယ်"

လုယွီက အသံမြှင့်၍ အော်ဟစ်လေသည်။

ကျွီ....

တံခါးက ဖြည်းဖြည်းချင်းပွင့်သွားပြီးနောက် ခန်းမအတွင်းရှိမြင်ကွင်းများအားလုံး လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။

ခုနစ်စင်ကြယ်ခန်းမတွင် လေထုအတွင်းမျောလွင့်နေသော ဝင်္ကပါတစ်ခုမှလွဲ၍ ဗလာဟင်းလင်းဖြစ်နေသည်။

ဝင်္ကပါ၏အလယ်ဗဟို၌ အကြီးအကဲရှင်းနှင့်နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်တို့က ပလ္လင်ခွေထိုင်နေပြီး လုယွီကို စောင့်ဆိုင်းနေကြပုံရသည်။

"မင်း လင်ရှောင်းဂိုဏ်းကနေ ထွက်မသွားဘူးဆိုတာ ငါသိတယ်...ငါ ရက်တွေအများကြီးကြာအောင် စောင့်ဆိုင်းနေခဲ့တာ...နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပေါ့"

လုယွီကိုမြင်သည်နှင့် အကြီးအကဲရှင်းက ဝမ်းသာအားရ ပြောဆိုလေ၏။

လုယွီက သူပွေ့ချီလာသော ကျီးချန်ယွီကို ညင်သာစွာအောက်သို့ချထားလိုက်သည်။

ရုတ်တရက် အကြီးအကဲရှင်း၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက ကျီးချန်ယွီရှေ့သို့ ချက်ချင်းရောက်ရှိလာကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"သူ ဘာဖြစ်လာတာလဲ...ဘာလို့ သူဆီကနေ ပြင်းထန်တဲ့အအေးဓာတ်တွေ ထွက်ပေါ်နေတာလဲ"

လုယွီက ပြောဆိုလေသည်။

"သူက ယင်ချီဘေးကပ်ဆိုးခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်ပဲ...သူ မွေးဖွားလာချိန်ကတည်းက သူရဲ့ခန္ဓာကိုယ်ထဲမှာ ယင်ချီအအေးဓာတ်တွေ ရှိနေတယ်...အဲ့ဒီအအေးဓာတ်က ပျောက်ကွယ်မသွားတဲ့အပြင် သူ အသက်ကြီးပြင်းလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာတယ်"

လုယွီက အကြီးအကဲရှင်းကို စူးစိုက်၍ကြည့်နေပေ၏။

"သူ့က လက်ချောင်းတိုက်ကွက်ကို ကျွန်တော်အတွက် ပိတ်ဆို့ဟန့်တားပေးခဲ့တယ်...ကျွန်တော် သူ့ကို ကယ်တင်ရလိမ့်မယ်...ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဥ်က မပြည့်စုံဘူးဆိုတာ ကျွန်တော် အခုမှသိခဲ့ရတယ်...ဒီတိုင်းသာဆိုရင် သူရဲ့စိတ်ဝိညာဥ်ဟာ ဘယ်တော့မှဖြည့်လို့မရတဲ့ အပေါက်ကြီးဖြစ်နေပြီး အမြဲတမ်းဒဏ်ရါရနေမှာပဲ"

"အကြီးအကဲရှင်းက ချန်ယွီရဲ့ဘဝအကြောင်းကိုသိမယ်လို့ ကျွန်တော်ထင်တယ်...ဒါကြောင့်မို့ သူ့ရဲ့တခြားစိတ်ဝိညာဥ် ဘယ်နေရာမှာရှိနေလဲဆိုတာ ကျေးဇူးပြုပြီး ကျွန်တော်ကို ပြောပြပါ"

လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"မင်းက သူ့ရဲ့ပျောက်ဆုံးနေတဲ့ စိတ်ဝိညာဥ်ကို ပြန်ရမှာမဟုတ်ဘူး"

ဤအချိန်တွင် တစ်ချိန်လုံးနှုတ်ပိတ်နေနေသော နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏ပါးစပ်က ရုတ်တရက်ပွင့်ဟလာသည်။

သူက လုယွီထံလျှောက်လှမ်းလာပြီး သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"ငါ ဝန်ခံတယ်...မင်းက ဝင်္ကပါပညာရပ်ကို အရမ်းထူးချွန်တယ်ဆိုတာကို ....ဒါပေမယ့် မင်း သူ့ရဲ့တခြားစိတ်ဝိညာဥ်ကို ပြန်လိုချင်တယ်ဆိုရင်တော့ မင်းရဲ့ခွန်အားက အဝေးကြီးလိုသေးတယ်"

လုယွီက သရော်တော်တော် ပြောဆိုလေသည်။

"ဘာလို့ မရရမှာလဲ"

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏မျက်နှာပေါ်၌ စိတ်ပျက်လက်ပျက်အမူအယာများ ထင်ဟပ်နေသည်။

"သိုင်းသူတော်စင်နယ်ပယ်ရဲ့အထက်မှာ ဘာရှိတယ်ဆိုတာ မင်းသိလား"

Chapter 814

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

"အကြီးအကဲဆိုလိုတာက...လေလွင့်အင်မော်တယ်နယ်ပယ်လား"

"မင်း သိနေတာလား...ကောင်လေး...ငါ မျှော်လင့်မထားမိဘူး...ကြည့်ရတာ မင်းရဲ့နောက်ခံက ငါ ထင်ထားတာထက် နက်ရှိုင်းပုံပဲ"

"မင်း ဘယ်လိုလုပ်ပြီးသိနေလဲဆိုတာ ငါ အံ့အားသင့်မိပေမယ့်...မင်းက လေလွင့်အင်မော်တယ်နယ်ပယ်ကိုသိနေမှတော့ အဲ့ဒီနယ်ပယ်ကျင့်ကြံသူရဲ့စွမ်းအားကိုလည်း သိသင့်တယ်"

သာမာန်အားဖြင့် တာအိုဒုတိယဆင့်၏အထွတ်အထိပ်သည် သိုင်းသူတော်စင်အဆင့်ဟုလာ လူတိုင်းက တွေးထင်ထားကြသည်။

သို့ရာတွင် သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူအဆင့်တွင် ကြီးမားသောကွာဟချက်ကြီးရှိနေသည်။တာအိုတတိယဆင့်သို့ချိုးဖျက်ဝင်ရောက်ရာ၌ ရှေးတာအိုသခင်များသည် မသေမျိုးနယ်ပယ်သို့ချဥ်းနင်းဝင်ရောက်သွားပြီဖြစ်၍ အင်မော်တယ်များဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ထိုအင်မော်တယ်များကြား၌ ကြီးမားသောကွာဟချက်ကြီးရှိသည်။

ပထမဆုံးအဆင့်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်ရန်ပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအဆင့်ကိုမရောက်ရှိပါက ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် အဆုံးသတ်၌ သာမာန်သေမျိုးပုရွတ်ဆိတ်သာဖြစ်နေပေမည်။

ရှေးအချိန်များမှစ၍ ကျင့်ကြံသူ မည်မျှများများ ရှေ့သို့ဆက်၍မတိုးတက်နိုင်ဘဲ ဤအဆင့်တွင်ချောင်ပိတ်မိပြီး စိတ်ပျက်ညှိုးငယ်စွာဖြင့် သေဆုံးသွားကြရသည်ကို မည်သူမျှမသိနိုင်ချေ။

တချို့လူများသည် သိုင်းသူတော်စင်အဆင့်တွင် နှစ်ပေါင်းများစွာကြာသည်အထိ တစ်ဆို့နေပြီး အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိချေ။

ထိုကဲ့သို့ ကျင့်ကြံသူမျိုးကို 'လေလွင့်အင်မော်တယ်'များဟု ခေါ်ဝေါ်ကြသည်။

သူတို့ကို အင်မော်တယ်တစ်ဝက်ဟု ယူဆနိုင်ပေရာ သာမာန်သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူများထက် အဆများစွာပို၍ အစွမ်းထက်ပေသည်။သို့ရာတွင် သူတို့သည် အစစ်အမှန်အင်မော်တယ်များနှင့်မူ အဆင့်ကွာဟပေသည်။

လုယွီက အတိတ်ဘဝတွင် လောကီအင်မော်တယ်အဆင့်သို့ တစ်ချက်တည်းဖြင့် ချိုးဖျက်ဝင်ရောင်နိုင်ခဲ့ပြီး လေလွင့်အင်မော်တယ်အဆင့်၌ တစ်ဆို့နေခြင်းမရှိချေ။သို့ရာတွင် လေလွင့်အင်မော်တယ်များသည် သာမာန်ထက်ပို၍ အစွမ်းထက်သည်ကိုတော့ သူ သိရှိထားပေ၏။

တာအိုဒုတိယဆင့်ကျင့်ကြံသူများတွင် လေလွင့်အင်မော်တယ်များသည် ပြိုင်ဘက်ကင်းလုနီးပါးပင်။

"ကျီးချန်ယွီရဲ့စိတ်ဝိညာဥ်က လေလွင့်အင်မော်တယ်တစ်ယောက်ရဲ့လက်ထဲမှာလား"

လုယွီက မေးမြန်းလိုက်၏။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က ဖြောင့်ဖျပြောဆိုလေသည်။

"မင်း စိတ်လိုက်မာန်ပါမလုပ်ဖို့ ငါ အကြံပေးချင်တယ်...မင်းရဲ့ခွန်အားက လူငယ်တွေကြားမှာ အထွတ်အထိပ်လို့ဆိုနိုင်တယ်...ဒါပေမယ့် လေလွင့်အင်မော်တယ်တစ်ယောက်နဲ့တွေ့ရင်တော့ မင်း သေရမှာသေချာတယ်"

အကြီးအကဲရှင်းက သက်ပြင်းရှိုက်နေပေ၏။

"ကျီးလုံထျန်း...ကျီးချန်ယွီရဲ့အဖေက ငါ့ရဲ့မိတ်ဆွေဟောင်းပဲ...ငါက လင်ရှောင်းဂိုဏ်းကိုဝင်ခဲ့ပေမယ့် လွတ်လွတ်လပ်လပ်နေရတာကို နှစ်သက်တယ်...ဒါပေမယ့် သူကတော့ ငါနဲ့မတူဘူး...သူက စွမ်းအားနဲ့အာဏာကို ထိန်းချုပ်ရတာကြိုက်နှစ်သက်ပြီးတော့ သတ်ဖြတ်ရတာကိုပျော်မွေ့တယ်"

"ကျီးလုံထျန်းရဲ့အရည်အချင်းက မဆိုးလှဘူး...သူက မိုးကောင်းကင်နဂါးတိုင်းပြည်ကဧကရာဇ်မင်းရဲ့ အသိအမှတ်ပြုမှုကို မြန်မြန်ရရှိခဲ့တယ်...သူ့ရဲ့လက်အောက်မှာ သံချပ်ကာစစ်သားတွေရှိတယ်...အဲ့ဒီကျင့်ကြံသူတွေက သေမျိုးတွေမဟုတ်ဘဲနဲ့ ကျင့်ကြံသူတွေပဲ....ဧကရာဇ်မင်းက အဲ့ဒီစစ်သားတွေ သူ့ကိုပုန်ကန်မှာကို ကြောက်လန့်ပြီးတော့ ကြိုတင်ကာကွယ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်"

"ဒါကြောင့် ဧကရာဇ်မင်းက အရမ်းကြီးမားတဲ့အကြံအစည်တစ်ခုကို ပြုလုပ်ခဲ့တယ်...သူက လူတစ်ယောက်ကိုစေလွှက်ပြီးတော့ ကျီးလုံထျန်းရဲ့မွေးခါစသမီးငယ်ဆီက စိတ်ဝိညာဥ်တစ်ခုကို တိတ်တဆိတ်ယူဆောင်စေခဲ့တယ်"

လုယွီက ပြောဆိုလိုက်၏။

"စိတ်ဝိညာဥ်တစ်ခုကိုယူဆောင်တာက သွေးသားရင်းတွေရဲ့စိတ်ခြင်းဆက်နွယ်မှုကို အရမ်းပြင်းပြင်းထန်ထန် အကျိုးသက်ရောက်တယ်...ကျီးလုံထျန်းက ဒါကို သတိမပြုမိဘူးလား"

"သူ သိသွားခဲ့တယ်"

အကြီးအကဲရှင်း၏မျက်နှာပေါ်၌ ဝမ်းနည်းကြေကွဲသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သူက စစ်တပ်ကိုဦးဆောင်ပြီးတော့ မြို့တော်ကို အမြန်ပြန်လာခဲ့တယ်...မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ဧကရာဇ်မင်းကို သူ အသနားခံတောင်းပန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့"

"ဒါပေမယ့် ဒီကိစ္စဟာလည်း ဧကရာဇ်မင်းရဲ့အကြံအစည်တွေထဲကတစ်ခုဆိုတာ သူ ကြိုမသိခဲ့ဘူး...ကျီးလုံထျန်း မြို့တော်ကိုပြန်ရောက်တာနဲ့ သူ့ကိုစောင့်ဆိုင်းနေတာက ဧကရာဇ်မင်းအချိန်အတော်ကြာယူပြီး ပြင်ဆင်ထားခဲ့တဲ့ ထောင်ချောက်တစ်ခုပဲ"

"ကျီးလုံထျန်းက နောက်ကွယ်ကနေခြုံခိုတိုက်ခိုက်တာခံရပြီးတော့ နေရာမှာပဲသေဆုံးသွားခဲ့တယ်...သူ့ရဲ့စိတ်ဝိညာဥ်လည်း ဖျက်ဆီးခံလိုက်ရတဲ့အပြင် ကျီးမိသားစုဝင်တွေအားလုံးလည်း ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရတယ်"

"ဒါပေမယ့် ခေါင်းဖြတ်ကွပ်မျက်မယ့်နေ့မှာ ကျီးမိသားစုဝင်လူတွေအားလုံးက သူတို့တသက်လုံးစုဆောင်းထားတဲ့မှော်စွမ်းအားတွေကို ကျီးချန်ယွီရဲ့ခန္ဓာကိုယ်ထဲကိုသွန်းလောင်းပြီး သူ့အတွက် အတုအယောင်စိတ်ဝိညာဥ်တစ်ခုကို ဖန်တီးပေးခဲ့တယ်...ဒါကြောင့် သူက သာမာန်လူတစ်ယောက်လို အသက်ရှင်နိုင်တာ"

အကြီးအကဲရှင်းက လုယွီကိုစိုက်ကြည့်ပြီး ဆက်လက်ပြောဆိုလိုက်သည်။

"ကျီးချန်ယွီက အသတ်ခံရမယ့်ဘေးကနေ လွတ်ကင်းသွားပေမယ့် သူ့ရဲ့စိတ်ဝိညာဥ်တစ်ခုက ဧကရာဇ်မင်းရဲ့လက်ထဲမှာ ကျန်ခဲ့တယ်...ပြီးတော့ မိုးကောင်းကင်နဂါးဧကရာဇ်မင်းက လေလွင့်အင်မော်တယ်တစ်ယောက်ပဲ"

"အစွမ်းထက်လှပါတယ်ဆိုတဲ့ သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူတွေတောင် လေလွင့်အင်မော်တယ်နဲ့ရန်သူဖြစ်မှာကို ရှောင်ကြဥ်ကြတယ်...လုယွီ မင်းမှာ အကန့်အသတ်မရှိတဲ့အနာဂတ်ရှိတယ်...ဒီကိစ္စကို ခဏဘေးဖယ်ထားသင့်တယ်"

Chapter 815

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုလိုက်သည်။

"ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်မှာ အကြံအစည်ရှိပြီးသားပါ"

အကြီးအကဲရှင်းနှင့်နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်တို့နှစ်ယောက်သည် တဖြည်းဖြည်း စိတ်ပြန်လည်တည်ငြိမ်သွားကြ၏။သူတို့က လုယွီ မဆင်မခြင်လုပ်မည်ကို အမှန်တကယ်ပင် စိုးရိမ်ပူပန်နေသည်။

"မင်း ဆင်ခြင်တုံတရားရှိတာ ကောင်းပါတယ်...အဲ့ဒီနေ့တုန်းက ကောင်းကင်ဘုံနယ်မြေကလာတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကတော့ မိုးကောင်းကင်တာအိုရဲ့ငြင်းပယ်ခံရမှုကြောင့် အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားတယ်"

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က လုယွီကို သတိပေးလိုက်၏။

လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။

"မိုးကောင်းကင်တာအိုကလား"

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က ဆက်လက်၍ပြောဆိုလေသည်။

"အဲ့ဒါက အကြောင်းပြချက်တစ်ခုပဲ...တကယ်လို့ ငါတို့သေမျိုးတွေသာ မိုးကောင်းကင်တာအိုရဲ့အကာအကွယ်မရဘူးဆိုရင်...ကောင်းကင်ဘုံနယ်မြေကလူတွေ ငါတို့နယ်မြေကို အလွယ်တကူကျူးကျော်နိုင်လိမ့်မယ်...အဲ့ဒီလူရဲ့လုပ်ရပ်တွေ အရမ်းလွန်ကျူးလာလို့ မိုးကောင်းကင်တာအိုက သူ့ကိုပြစ်ဒဏ်ပေးပြီး နောက်ပြန်ဆုတ်ခိုင်းလိုက်တာပဲ"

လုယွီက ထိုအကြောင်းကို တွေးတောလိုက်မိသည်။ဤကြယ်နယ်မြေ၌ မိုးကောင်းကင်တာအိုသည် ပြိုင်ဘက်ကင်းဖြစ်တည်မှုဟုဆိုနိုင်သော်လည်း မြေကမ္ဘာနတ်ဆိုးဘိုးဘေးကဲ့သို့အစွမ်းထက်သူများရှေ့၌ အရာမဝင်ချေ။

အစောပိုင်းအဆင့် တာအိုသခင်တစ်ယောက်ပင်လျှင် အနည်းငယ်အလေးအနက်ထားပါက ဤမိုးကောင်းကင်တာအိုအဆင့်လောက်ကို လွယ်လင့်တကူ ဝါးမြိုနိုင်သည်။

သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ကောင်းကင်ဘုံမိုးကြိုးကြောင့် နောက်ပြန်ဆုတ်သွားခဲ့သလော။

လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏အတိတ်ဘဝကကျင့်ကြံဆင့်နှင့် အဆင့်တူခန့်ရှိမည်ဟု မှန်းဆထားသည်။ယခုလက်ရှိအချိန်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည်လည်း အကြွင်းအကျန်စိတ်ဝိညာဥ်အဖြစ်သာရှိတော့ရာ သူ၏အထွတ်အထိပ်အခြေအနေမှခွန်အားကို ပြသနိုင်မည်မဟုတ်ချေ။

"မြေကမ္ဘာနတ်ဆိုးဘိုးဘေး...တကယ်လို့ မင်း အပြစ်တင်ချင်တယ်ဆိုရင်...မင်းရဲ့လောဘကြီးမှုကိုပဲ အပြစ်တင်ပေတော့"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။

လုယွီ၏ကျင့်ကြံမှုအတွက်လိုအပ်သော စိတ်ဝိညာဥ်စွမ်းအားများသည် ကြောက်ခမန်းလိလိများပြားပေ၏။သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်အမင်းမြန်ဆန်သော်လည်း သူ နောက်ထပ်နယ်ပယ်ကိုချိုးဖျက်နိုင်ရန် အတန်ငယ်ဝေးကွာနေသေးသည်။

အကယ်၍ သူ၏ခွန်အားကို အလျှင်အမြန်မြှင့်တင်လိုပါက ရှေးဟောင်းနတ်ဆိုးများကို ပို၍ဝါးမြိူရန်လိုအပ်သည်။ယခုလက်ရှိအချိန်တွင် ဤကြယ်နယ်မြေပေါ်၌ လုယွီနှင့်မြေကမ္ဘာနတ်ဆိုးဘိုးဘေးတို့သည် အကြွင်းအကျန်စိတ်ဝိညာဥ်အနေဖြင့် တည်ရှိနေကြခြင်းဖြစ်သည်။

သူတို့နှစ်ယောက်အနက် ရန်ဘက်၏စိတ်ဝိညာဥ်ကို ဦးစွာဝါးမြိုနိုင်သူက ဤကြယ်နယ်မြေတွင် ပြိုင်ဘက်ကင်းဖြစ်ပြီး အင်အားအဆမတန်တိုးပွါးလာပေမည်။

လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို သူ၏သားကောင်အဖြစ် သတ်မှတ်ပြီးလေပြီ။

"ကျီးချန်ယွီရဲ့ဒဏ်ရါတွေက တည်ငြိမ်မှုမရှိတဲ့အပြင် သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ယင်ချီအအေးဓာတ်တွေက အချိန်မရွေးပွင့်အံထွက်လာနိုင်တယ်...ဒါက အကြီးအကဲနှစ်ယောက်ရဲ့ကူညီပေးနိုင်မှုအပေါ် မူတည်တယ်"

လုယွီက ရိုလေလေးစားစွာ ပြောဆိုလိုက်၏။

"တကယ်လို့ မင်း ငါကို ဘာမှမပြောဘူးဆိုရင်တောင် ငါက သူ့ကို ဂရုစိုက်စောင့်ရှောက်မှာပါပဲ...သူက ငါ့မိတ်ဆွေဟောင်းကြီးရဲ့နောက်ဆုံးကျန်ရစ်တဲ့ မျိုးဆက်လေ...ငါက သူ့ကို ကာကွယ်ပေးချင်တယ်"

အကြီးအကဲရှင်းက လေးနက်တည်ကြည်စွာ ပြောဆိုလေသည်။

လုယွီ၏အကြည့်က နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ထံ ရောက်ရှိသွားသည်။

"ကျွန်တော်သိချင်တာ တစ်ခုရှိသေးတယ်...အဲ့ဒီနေ့က ရှေးဟောင်းနတ်ဆိုးတွေကို လမ်းပြခေါ်ဆောင်ခဲ့တဲ့ ယန်ကျင်းဆိုတဲ့ကောင် ဘယ်နေရာမှာလဲ"

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"သူက အကျဥ်းထောင်တောင်ထိပ်မှာ"

ရုတ်တရက် အကြီးအကဲရှင်းက တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် သူက အလေးအနက်ထား၍ ပြောဆိုလိုက်သည်။

"လုယွီ....ဂိုဏ်းတူအချင်းချင်းကို သတ်ဖြတ်တာက အရမ်းကြီးလေးတဲ့ပြစ်မှုနော်"

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်က ချက်ချင်းပင် လက်ကာပြပြီး အကြီးအကဲရှင်းကို ရပ်တန့်စေ၏။သူက ခေါင်းခါယမ်းပြရင်းမှ ပြောဆိုလိုက်သည်။

"အဲ့ဒီလိုလူစားမျိုးတွေက စည်းမျဥ်းအတိုင်းဆက်ဆံဖို့ မထိုက်တန်ဘူး"

ထိုစကားကိုပြောနေရင်းနှင့် သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ​ဆက်လက်ပြောဆိုလေ၏။

"ငါက ဒီလိုဆုံးဖြတ်ချက်ခိုင်မာတဲ့တပည့်မျိုးကို အရမ်းသဘောကျတယ်...တကယ်လို့ သူ့ရဲ့ဝင်္ကပါပညာရပ်ကသာ အရမ်းထူးချွန်မနေဘူးဆိုရင် ငါ သူ့ကို ငါ့ရဲ့နောက်ဆုံးတံခါးပိတ်တပည့်အဖြစ် လက်ခံလိုက်ပြီ"

....

အကျဥ်းထောင်တောင်ထိပ်...

ဤနေရာသည် တိမ်စိုင်များအတွင်းထိုးဖောက်ဝင်နေသည်အထိ လွန်စွာမြင့်မားပြီး တောင်တစ်တောင်လုံးကို မြောက်များစွာသောသံကြိုးကြီးများဖြင့် ရစ်ပတ်ထားသည်။အကျဥ်းထောင်တောင်ထိပ်၏နေရာအနှံ့အပြား၌ တားမြစ်ဝင်္ကပါနှင့်မန္တန်များရှိပြီး အစောင့်အကြပ်လည်းထူပြောသည်။

လင်ရှောင်းဂိုဏ်းတည်ထောင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ပြီး ပိုင်နက်နယ်မြေမှာလည်း အလွန်ကျယ်ဝန်းသည်။ထို့ကြောင့် ဂိုဏ်းပိုင်နက်နယ်မြေအတွင်းရှိ ပြစ်မှုကျူးလွန်သော ကျင့်ကြံသူများကို လင်ရှောင်းဂိုဏ်းမှတရားစီရင်ပိုင်ခွင့်ရှိသည်။

သေမျိုးအများအပြားကို မဆင်မခြင်သတ်ဖြတ်ခဲ့သော သွေးဆာသူများနှင့် ဂိုဏ်းစည်းကမ်းဖောက်ဖျက်သော ကျင့်ကြံသူတချို့ကို အကျဥ်းထောင်တောင်ထိပ်၌ ချုပ်နှောင်ထားသည်။အကျဥ်းထောင်တောင်ထိပ်၏နှိပ်စက်ညှင်းပန်းမှုနည်းလမ်းများကို တွေးတောမိချိန်တွင် လူတော်တော်များများ ကြောက်ရွံသွားကြသည်။

ရလဒ်အနေဖြင့် အကျဥ်းထောင်တောင်ထိပ်သည် အလွန်တိတ်ဆိတ်ငြိမ်သက်ပြီး လူသူအရောက်အပေါက်နည်းသောနေရာဖြစ်သွားခဲ့သည်။

လုယွီက အကျဥ်းထောင်တောင်ထိပ်ရှေ့အရောက်တွင် တောင်ထိပ်နှင့်ဆက်သွယ်ထားသော ရှည်လျားသည့်တံတားတစ်စင်းကို တွေ့မြင်မိသည်။

လုယွီက တံတားပေါ်သို့ခြေချပြီးသည်နှင့် ပြင်းထန်သောခွန်အားတစ်ရပ်ကို ထုတ်လွှက်လိုက်ရာ အကျဥ်းထောင်တောင်ထိပ်တစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ရမ်းစပြုလာသည်။

"ယန်ကျင်း...ဒီနေရာကိုထွက်လာခဲ့စမ်း"

All Chapters