← Chapters

အခန်း (၈၂၆-၈၃၀)

Vol. 45 Ch. 826-830

အခန်း (၈၂၆-၈၃၀)

Vol. 45 Ch. 826-830

Chapter 826

အမတ်ကြီးဝူလီက အလျင်စလိုမတ်တတ်ထရပ်ပြီး ယဥ်ကျေးစွာ ပြောဆိုလေသည်။

"ဆရာယင်ရဲ့အကြောင်းကို ကျွန်တော်အများကြီး ကြားထားပါတယ်"

ဆရာယင်က ထိုင်ခုံပေါ်၌ မောက်မာဝံ့ကြွားသောအမူအယာနှင့်ထိုင်နေဆဲဖြစ်ပြီး သူ၏မျက်ခွံများ အနည်းငယ်လှုပ်ရှားသွားသော်လည်း ခေါင်းညိမ့်ပြလိုက်၏။

"အော်...ကောင်းပြီလေ"

အမတ်ကြီးဝူလီ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။မည်သို့ပင်ဆိုစေကာမူ သူသည် မိုးကောင်းကင်နဂါးတိုင်းပြည်၏ထိပ်တန်းအရာရှိတစ်ယောက်ဖြစ်ပြီး စစ်တပ်အတွင်း၌လည်း အာဏာရှိသူဖြစ်သည်။

သို့ရာတွင် ဆရာယင်က အခြေခံယဥ်ကျေးမှုပင်မရှိဘဲ သူ့အား ပြောဆိုဆက်ဆံခဲ့သည်။

နဝမမင်းသားက အခြေအနေမကောင်းသည်ကိုမြင်သည်နှင့် ရယ်မောပြီး စကားလမ်းကြောင်းလွှဲလိုက်၏။

"မင်းတို့နှစ်ယောက်လုံးက...နန်းမွေလုပွဲကြီးမှာ ဘယ်လိုအနိုင်ရအောင်လုပ်မလဲဆိုတာကိုပဲ စဥ်းစားကြစမ်းပါ"

ထိုစကားကိုပြောဆိုပြီးနောက် နဝမမင်းသား၏မျက်နှာအမူအယာ ရုတ်တရက် သုန်မှုန်သွားသည်။

"ငါရထားတဲ့ သတင်းအရဆိုရင်...ဒုတိယအကိုတော်နဲ့တတိယအကိုတော်တို့က စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတွေကို ဖိတ်ကြားထားတယ်တဲ့....နန်းမွေလုပွဲနေ့ကျရင် အဲ့ဒီလူတွေကို မင်းတို့သေချာဂရုစိုက်ရမယ်"

စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူဟု ဆိုသလော။

အမတ်ကြီးဝူလီက မျက်မှောင်ကြုတ်လိုက်၏။

"အဲ့ဒီလိုခွန်အားမျိုးက ကျွန်တော်တို့မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ နန်းတွင်းမှာတောင် အရှင်သခင်လို့ သတ်မှတ်နိုင်တယ်...မင်းသားနှစ်ယောက်က နန်းမွေလုပွဲကို တကယ်ကိုအလေးအနက်ထားတာပဲ"

"ဒါက ငါလည်းစိုးရိမ်နေတဲ့ကိစ္စပဲ...ငါက နန်းမွေလုပွဲကို ရှုံးနိမ့်သွားမှာကို အရမ်းကြီးမစိုးရိမ်ပေမယ့် ..အကိုတော်နှစ်ယောက်ရဲ့အားပြိုင်မှုမှာ ငါ ကြားညှပ်နေမှာကို စိတ်ပူမိတယ်"

နဝမမင်းသား၏မျက်နှာထက်၌ စိုးရိမ်ပူပန်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဧကရာဇ်မင်းကြီး၏အလေးထားခံရသော မျိုးဆက်မဟုတ်သဖြင့် သူသာ နန်းမွေလုပွဲ၌ရှုံးနိမ့်ပါက သူ့အား မည်သူကမျှဂရုစိုက်တော့မည်မဟုတ်ချေ။သူ့အတွက် အမတ်ငယ်နေရာတစ်ခုသာလျှင် အမြင့်မားဆုံးရာထူးအဖြစ် မျှော်လင့်နိုင်ပေမည်။

သို့ရာတွင် သူက စည်ကားသိုက်မြိုက်သော မြို့တော်၌အစဥ်အမြဲနေထိုင်လာသူဖြစ်ရာ နယ်မြို့များ၌ အမတ်ငယ်အဖြစ် တာဝန်ယူဆောင်ရွက်လိုခြင်းမရှိချေ။

"အရှင့်သားက စိတ်အေးအေးထားပါ...သူတို့က စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတွေဖြစ်နေရင်တောင်...ကျွန်တော်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

ဆရာယင်က အေးစက်စက်နှာမှုတ်ပြီး...

"အရှင့်သားက ကိစ္စအားလုံး ကျွန်တော်ကိုသာ ပုံအပ်ထားပါ"

"ဆရာယင်...ငါ မင်းကိုတစ်ခုသတိပေးချင်တာက အဲ့ဒီလူတွေက စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတွေနော်...မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က စိတ်ဝိညာဥ်နယ်ပယ်ပဲရှိသေးတာမလား"

အမတ်ကြီးဝူလီက ပြောဆိုလေသည်။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဥ်နယ်ပယ်နှင့်စိတ်ပုံထွင်းနယ်ပယ်ကြား၌ ကျင့်ကြံဆင့်နယ်ပယ်ကြီးတစ်ခုလုံး ကွာခြားနေသည်။

"ဆရာယင်က သရော်တော်တော်ပြောဆိုလိုက်၏။

"ဒါက မင်းရဲ့ကျင့်ကြံဆင့်မှာအကန့်အသတ်ရှိလို ဒီလိုမျိုးထင်နေတာလေ...ငါရဲ့ဝင်္ကပါက သတ်ဖြတ်ခြင်းဝင်္ကပါနှစ်ဆယ့်တစ်မျိုးနဲ့ ဖွဲ့စည်းထားတာ...တကယ်လို့ သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခု ပျက်စီးသွားရင်တောင် တခြားတစ်ခုကအဆင်သင့်ရှိနေတယ်....သတ်ဖြတ်ခြင်းဝင်္ကပါ နှစ်ဆယ့်တစ်မျိုးပေါင်းစပ်ထားမှုက အစွမ်းထက်ကျင့်ကြံသူတွေရဲ့တိုက်ခိုက်မှုကိုလည်း ပျက်ပြယ်စေတယ်...တကယ်လို့ သူတို့က စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတွေဖြစ်နေရင်တောင် ငါ့ရဲ့ဝင်္ကပါအောက်မှာ ရှုံးနိမ့်ရမှာပဲ"

အမတ်ကြီးဝူလီက ဆရာယင်၏စကားကို ယုံကြည်ပုံမရချေ။သူက မောက်မာဝံ့ကြွားသောကျင့်ကြံသူများကို တွေ့မြင်ဖူးခဲ့သော်လည်း ဤမျှထိမောက်မာဝံ့သူ ရှိနေအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒါဆိုရင်လည်း မင်းရဲ့ဝင်္ကပါ ဘယ်လောက်ထိအားကောင်းတယ်ဆိုတာ ငါ့ကိုစမ်းသပ်ခွင့်ပြုပါလား"

အမတ်ကြီးဝူလီက မတ်တတ်ထရပ်ပြီး ချက်ချင်းပင် သူ၏မှော်စွမ်းအားများကို ထုတ်လွှက်လိုက်၏။

အမတ်ကြီးဝူလီသည်လည်း စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူဖြစ်သည်။

ဆရာယင်က အမတ်ကြီးဝူလီကို အထင်သေးဟန်ဖြင့် စောင်းငဲ့ကြည့်နေလေသည်။

"မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး...ငါ လှုပ်ရှားလိုက်တာနဲ့ မင်း သေသွားလိမ့်မယ်...မင်း ကြိုးစားမကြည့်ဖို့ ငါ အကြံပေးချင်တယ်"

အမတ်ကြီးဝူလီသည် ဒေါသထွက်သွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်နေသည်။

"ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့...ငါတို့နှစ်ယောက် သေဖြင်းရှင်ခြင်းစာချုပ် ချုပ်ဆိုကြမလား...ဘယ်သူသေသေ ပြဿနာမရှိတော့ဘူးပေါ့"

"နှစ်ယောက်လုံး တော်ကြစမ်း"

နဝမမင်းသားက ရုတ်တရက် သူ၏လက်ဝါးဖြင့် စားပွဲခုံကိုရိုက်လိုက်၏။

"အခုချိန်မှာ ငါတို့က နန်းမွေလုပွဲအတွက် ပြင်ဆင်နေရမှာ...အငြင်းပွါးနေရမယ့်အချိန်မဟုတ်ဘူး...မင်းတို့ ငါကိုယ်တော်ကို ရှိတယ်လို့ရော ထင်ကြလား"

"ကျွန်တော်တို့ မလုပ်ဝံ့ပါဘူး"

ထိုသူနှစ်ယောက်က အလျင်စလိုအရိုအသေပြုပြီး ပြောဆိုလေသည်။

နဝမမင်းသားက အမတ်ကြီးဝူလီကို စိတ်ကျေနပ်မှုမရှိဟန်ဖြင့် ကြည့်နေ၏။

"ငါ မင်းကို နန်းမွေလုပွဲမှာတိုက်ခိုက်ဖို့ လူဆယ်ယောက်ရှာခိုင်းထားတာလေ...မင်း ရှာတွေ့ပြီလား"

"ဟုတ်ကဲ့...ဒီငယ်သားက ရှာတွေ့ထားပါတယ်"

အမတ်ကြီးဝူလီက လုယွီကို လက်ညှိုးညွှန်လိုက်သည်။

"သူက ကျွန်တော်ဖိတ်ကြားထားတဲ့ ထိပ်သီးကျင့်ကြံသူပါ"

နဝမမင်းသားနှင့်ဆရာယင်၏အကြည့်က လုယွီထံသို့ တပြိုင်နက်တည်း ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ဆရာယင်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"အမတ်ကြီးဝူလီ...မင်း ရူးများနေတာလား...မင်းက ဒီနေရာကို အရွယ်မရောက်သေးတဲ့ကလေးတစ်ယောက်ကို ခေါ်လာရသလား...အဲ့ဒီကောင်လေးက တာအိုဒုတိယဆင့်ကိုတောင် ရောက်သေးလို့လား...ဟား ဟား ဟား"

Chapter 827

အမတ်ကြီးဝူလီက အလေးအနက်ထားသောလေသံဖြင့် တုံ့ပြန်ပြောဆိုလေသည်။

"မင်း ပေါက်ကရစကားတွေပြောနေတာကို ခုချက်ချင်းရပ်လိုက်စမ်း...သူက မင်းထက်ပိုပြီးသန်မာတယ်"

"ဟား ဟား ဟား...မင်းက ဒီကောင်စုတ်လေးကို ငါ့ထက်သာတယ်လို့ ပြောတယ်ပေါ့...ရယ်စရာကောင်းလိုက်တာ"

ဆရာယင်က မောက်မာစွာပြောဆိုပြီး ရယ်မောနေပေ၏။

နဝမမင်းသားပင်လျှင် သံသယဝင်နေသောအကြည့်ဖြင့် အမတ်ကြီးဝူလီကို ကြည့်နေသည်။မည်သို့ပင်ဆိုစေကာမူ အမတ်ကြီးဝူလီသည် သူ၏အနီးစပ်ဆုံးလက်အောက်ငယ်သားဖြစ်၍ သူ မကောင်းပြောဆိုလိုခြင်းမရှိပေ။

"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

နဝမမင်းသားက လုယွီကိုကြည့်ပြီး စိတ်မရှည်သောအသံဖြင့် မေးမြန်းလေသည်။

"လေလွင့်ကျင့်ကြံသူ လုယွီ"

လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။

နဝမမင်းသား၏မျက်လုံးများအတွင်း၌ အနည်းငယ်စိတ်ပျက်သွားသော အရိပ်အယောင်များက မဖုံးနိုင်မဖိနိုင်ထင်ဟပ်လာသည်။

ဆရာယင်သည် လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ဝင်္ကပါပညာရပ်ထူးချွန်မှုသည် မိုးကောင်းကင်နဂါးတိုင်းပြည်တစ်ပြည်လုံး၌ လူသိများကျော်ကြားပေ၏။

သို့ရာတွင် သူရှေ့ရှိ​လူငယ်သည် အသက်ငယ်ရွယ်သေးသည့်အပြင် ကျင့်ကြံဆင့်နယ်ပယ်လည်းမြင့်မားပုံမရချေ။ဤကဲ့သို့ လူမျိုးသည် လူအင်အားအရေအတွက်ပြည့်မီရန်သာ အသုံးဝင်ပေမည်။

နဝမမင်းသားသည် ကူရာကယ်ရာမဲ့ဖြစ်သွားသော်လည်း သူက အမတ်ကြီးဝူလီကို အထွန့်တက်ခြင်းမရှိချေ။နန်းမွေလုပွဲကဲ့သို့ အရေးကြီးသော ယှဥ်ပြိုင်တိုက်ခိုက်ပွဲတွင် အမတ်ကြီးဝူလီက မည်သည်ကြောင့် ဤကဲ့သို့လူငယ်မျိုးကို ရွေးချယ်ခဲ့သနည်း။သို့ရာတွင် အမတ်ကြီးဝူလီက သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်နေသည်။အမတ်ကြီးဝူလီ ခေါ်ဆောင်လာသူအား သူ ငြင်းပယ်လိုက်ပါက သူ မျက်နှာပျက်နိုင်သည်။

"ကောင်းပြီလေ...ငါက လူတစ်ယောက်လိုနေတာနဲ့အတော်ပဲ...မင်း နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်နိုင်တယ်"

နဝမမင်းသားက မျက်မှောင်အနည်းငယ်ကြုတ်ထားသော်လည်း သူက တည်ငြိမ်စွာပြောဆိုလိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ လူအင်အားပြည့်မီရန် တစ်ယောက်လိုအပ်နေသည်။သူ့အတွက် ပို၍အရေးကြီးသည်မှာ ဆရာယင်က မင်းသားနှစ်ပါး၏နောက်လိုက်များကို အနိုင်ယူနိုင်ရန်သာဖြစ်ပေ၏။

"ဆရာယင်က ငါ့ရဲ့အိမ်တော်မှာ အရင်ဆုံးအနားယူလိုက်ပါအုံး...နန်းမွေလုပွဲစတင်တာနဲ့ ငါက အရာအားလုံးကို မင်းအပေါ်ပုံအပ်ထားရတော့မယ်"

နဝမမင်းသားက မတ်တတ်ထရပ်ပြီး ဆရာယင်ကို လေးလေးစားစား ပြောဆိုလေသည်။

ဆရာယင်က သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး မျက်လုံးစုံမှိတ်ကာ အနားယူနေပေ၏။သူက ထပ်မံ၍ စကားပြောဆိုခြင်းမရှိတော့ချေ။

"အရှင့်သား...လုယွီက အရမ်းသန်မာတယ်...သူက..."

အမတ်ကြီးဝူလီက စကားပြောဆိုနေစဥ်မှာပင် စိတ်စနိုးစနှောင့်ဖြစ်သွားသည်။သူက နဝမမင်းသား စိတ်မကျေမနပ်ဖြစ်နေသည်ကို သိရှိသွားပေ၏။နဝမမင်းသားက လုယွီ၏ထူးချွန်သောအရည်အချင်းကို သိရှိပုံမရချေ။

"ငါ သိတယ်....မင်း တိုက်ပွဲမှာရှုံးနိမ့်ခဲ့တာက မင်းအတွက်ပြင်းထန်တဲ့ ထိုးနှက်ချက်ကြီးတစ်ခုပဲ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ တန်ဖိုးထားတဲ့သူတစ်ယောက်...မင်းက ရှုံးနိမ့်ခြင်းဆိုတဲ့ အရိပ်မည်းကနေ ထွက်လာနိုင်ဖို့ ငါ မျှော်လင့်တယ်"

နဝမမင်းသားက စကားလုံးတချို့ဖြင့် အမတ်ကြီးဝူလီကို နှစ်သိမ့်လိုက်သည်။

အမတ်ကြီးဝူလီက နေရာမှာပင် တောင့်တင်းသွားသော်လည်း သူက ဦးညွှတ်၍ပြောဆိုလေသည်။

"အရှင့်သားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

တခြားသူများထွက်ခွါသွားချိန်တွင် အမတ်ကြီးဝူလီက လုယွီရှေ့သို့လာပြီး ပြောဆိုလိုက်၏။

"အရှင့်သားက မင်းကို အထင်ကြီးပုံမရဘူး...မင်း အခု ဘာလုပ်ရမယ်ဆိုတာကို နားလည်ရဲ့လား"

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

"စိတ်အေးအေးထားပါ...သူက ကျုပ်ကို နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုတာနဲ့ သူ အိမ်ရှေ့စံမင်းသားဖြစ်စေရမယ်"

ထိုစကားအပြင် လုယွီက ထပ်မံ၍မပြောဆိုတော့့ချေ။သူသည် နဝမမင်းသားကို အိမ်ရှေ့စံမင်းသားဖြစ်စေရန် ထောက်ပံပေးပြီး နန်းတော်အတွင်းသို့ဝင်ကာ ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို ရှာဖွေရပေမည်။

မည်သည့်မင်းသား ဧကရာဇ်မင်းဖြစ်သွားပါစေ သူ စိတ်ဝင်စားခြင်းမရှိပေ။

"မင်း နားလည်တာကောင်းတယ်"

အမတ်ကြီးဝူလီက သက်ပြင်းချပြီး နဝမမင်းသား၏နန်းဆောင်မှ ထွက်ခွါသွားတော့သည်။

လုယွီက အနောက်ဘက်ခြံဝန်း၌ အချိန်အတန်ကြာ စောင့်ဆိုင်းနေရ၏။နောင်ဆယ်ရက်အကြာတွင် ကျင်းပမည့် နန်းမွေလုပွဲတွင်ပါဝင်ယှဥ်ပြိုင်ရန် သူ ဆုံးဖြတ်ပြီးဖြစ်၍ ဤနေရာ၌ တိတ်တဆိတ်ကျင့်ကြံနေလိုက်သည်။

နဝမမင်းသားသည် ကျင်းဘုရင်ရာထူးကို ခန့်အပ်ခြင်းခံထားရသူဖြစ်သည်။အချိန်အတော်ကြာမှသာလျှင် လုယွီထံသို့ နန်းတွင်းမှအိမ်တော်ထိန်းတစ်ယောက်ရောက်လာပြီး သူ့အားတိတ်ဆိတ်ငြိမ်သက်သော ဧည့်သည်ခန်းတစ်ခန်းသို့ပို့ဆောင်ကာ ဂရုစိုက်ခြင်းမရှိတော့ချေ။

ဆရာယင်အတွက် နေ့စဥ်နေ့တိုင်း ဆေးဝါးများနှင့်ကျင့်ကြံမှုအရင်းအမြစ်များကို ထောက်ပံပေးသော်လည်း လုယွီကိုမူ လျစ်လျှူရှုထားကြပေ၏။

သို့ရာတွင် လုယွီက အရေးမစိုက်သည့်အပြင် လွတ်လွတ်လပ်လပ်နေရသဖြင့် ပျော်ရွှင်နေမိသည်။

"နန်းမွေလုပွဲမစခင်မှာ...ငါ့ရဲ့ကျင့်ကြံဆင့်ကို ကျစ်လစ်သိပ်သည်းအောင်လုပ်ရမယ်"

လုယွီက အခန်းအတွင်း၌ ပလ္လင်ခွေထိုင်ပြီး စတင်၍ကျင့်ကြံလိုက်တော့သည်။

သူသည် ဥာဏ်အလင်းပွင့်နယ်ပယ်နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်၍ သူ၏နတ်ဘုရားစမ်းရေအိုင်သည် မြို့ငါးဆယ်စာပမာဏထိ ကျယ်ပြန့်လာသည်။

နတ်ဘုရားစမ်းရေအိုင်၏အလယ်ဗဟို၌ မြို့ကြီးမြို့ငယ်များက နဂါးသွေးကြောပေါ်၌ တည်ရှိနေသည်။

ထိုမြို့တစ်မြို့၏စွမ်းအားပင်လျှင် အစောပိုင်းစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားနှင့် ညီမျှသည်။

လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ယခုလက်ရှိချိန်တွင် မြို့ပေါင်းငါးဆယ်စာ စွမ်းအားရှိနေသည်။အကယ်၍ ထိုစွမ်းအားများသာ အကုန်အစင်ပွင့်အံထွက်လာပါက စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်လျှင် တောင့်ခံနိုင်မည်မဟုတ်ချေ။

Chapter 828

"ငါ အရင်က အကျဥ်းထောင်မဟာအကြီးအကဲကို သတ်ဖြတ်နိုင်ခဲ့တာ ကံကောင်းလို့သာပဲ...တကယ်လို့ သူကသာ ကိုယ်ပိုင်စွမ်းအားနဲ့ ကျင့်ကြံဆင့်မြင့်တင်လာသူသာဆိုရင်...ငါ အလွယ်တကူအနိုင်ယူနိုင်မှာမဟုတ်ဘူး"

လုယွီက ညည်းညူနေပေ၏။

ထို့နောက် သူ၏စိတ်အာရုံကို နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ အကျဥ်းထောင်နေရာသို့ ပို့ဆောင်လိုက်သည်။

ဤနေရာသည် မှောင်မိုက်သောနေရာတစ်နေရာဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးနေသည်။

ဤသည်က လုယွီသည် သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ ကိုယ်ပိုင်နိုင်ငံအတွက် အထူးသီးသန့်ဖွဲ့စည်းထားသော ငရဲနယ်မြေပင်။

သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်း၌ ဖွဲ့စည်းထားသော ယိုနိုင်ငံသည် ပြည့်စုံသောကမ္ဘာငယ်လေးမဟုတ်သဖြင့် ဥာဏ်ရည်ရှိသောသက်ရှိဟူ၍ မရှိသေးရာ ငရဲနယ်မြေသည်လည်းကဏဦးအဆင့်သာ ရှိသေးသည်။

သို့ရာတွင် သူ၏ကျင့်ကြံဆင့်တိုးတက်လာသည်နှင့်အမျှ ငရဲနယ်မြေသည်လည်း တဖြည်းဖြည်း ပို၍ပြည့်စုံလာမည်ဟု လုယွီက ယုံကြည်ထားသည်။

ငရဲနယ်မြေ၏ချောင်ကျသော နေရာတစ်နေရာမှနေ၍ ညည်းတွားသံတစ်သံထွက်ပေါ်နေသည်။

လုယွီဝါးမြိုထားသော အကျဥ်းထောင်မဟာအကြီးအကဲ၏စိတ်ဝိညာဥ်သည် မြောက်များစွာသော သံကြိုးကြီးများဖြင့် ချည်နှောင်ခြင်းကိုခံထားရသည်။

ထိုသံကြိုးကြီးများသည် အကျဥ်းထောင်မဟာအကြီးအကဲ၏စိတ်ဝိညာဥ်ကို ထိုးဖောက်နေပေရာ လွန်ကဲသောနာကျင်မှုဒဏ်ကို ခံစားနေရ၏။

"ယန်ဖုန်းရှန့်...ခင်ဗျား ဒီနေရာမှာနေရတာ သက်တောင့်သက်သာရှိရဲ့လား"

လုယွီက တည်ငြိမ်စွာပြောဆိုလေသည်။

ဤအချိန်တွင် အကျဥ်းထောင်မဟာအကြီးအကဲ၏အခြေအနေသည် အလွန်ဆိုးရွားနေပြီး သူ၏မျက်နှာကလည်း နာကျင့်မှုကြောင့် ရှုံမဲ့နေသဖြင့် သွေးပျက်ဖွယ်ရာပင်။

"ခွေးမသားလေး...ငါ အပြင်ကိုထွက်နိုင်တာနဲ့ မင်းကို အနှေးနဲ့အမြန်သတ်ပစ်မယ်"

အကျဥ်းထောင်မဟာအကြီးအကဲက လုယွီကိုမြင်သည်နှင့် အော်ဟစ်လိုက်၏။

လုယွီက ခေါင်းခါယမ်းပြလေသည်။

"ကြည့်ရတာတော့ ခင်ဗျားက နောင်တမရသေးပုံပဲ ...ခင်ဗျားက ကျုပ်ရဲ့နတ်ဘုရားစမ်းရေအိုင်ထဲက ​ငရဲဆယ့်ရှစ်ထပ်ရဲ့အရသာကို ခံစားနေပေတော့...တခြားသူတွေကို နှိပ်စက်ညှင်းပန်းရင် ဘယ်လိုနာကျင်ရလဲဆိုတာ ခင်ဗျားလည်း အတွေ့အကြုံရတာပေါ့"

သံကြိုးကြီးများက အကျဥ်းထောင်မဟာအကြီးအကဲပေါ်သို့ ထပ်မံ၍ကျဆင်းလာပြီး သူက စူးရှနာကျင်စွာ စတင်အော်ဟစ်နေတော့သည်။

လုယွီက ထိုစူးရှရှအော်ဟစ်သံကို လျစ်လျှူရှုထားပြီး သူ၏ကျင့်ကြံမှုကိုသာ အာရုံပြန်စူးစိုက်လိုက်၏။ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်တိုးဝင်နေလေသည်။

....

မိုးကောင်းကင်နဂါးတိုင်းပြည်၏တော်ဝင်နန်းတော်...

နဝမမင်းသားက စာဖတ်ခန်းအတွင်း၌ထိုင်နေပြီး စစ်ရေးဆိုင်ရာသတင်းပို့ချက်များကို တဖျပ်ဖျပ်လှန်လှောကာ အဆက်မပြတ်ဖတ်ရှုနေပေ၏။

တိုက်ပွဲအတွင်း၌ မင်းသားမင်းသမီးများက သူတို့၏ လျှို့ဝှက်အင်အားစုများကို တိတ်တဆိတ်ပို့ဆောင်ထားကြရာ နဝမင်းသားသည်လည်း ချွင်းချက်မရှိပေ။

သူက အင်အားစုကြီးတစ်စုကို တိတ်တဆိတ်ထိန်းချုပ်ထားပေရာ ထိုသူများက သူထံသို့ သတင်းများပို့ဆောင်ပေးနေ၏။

ထိုအချိန်မှာပင် သတင်းတစ်ခုက သူ၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည်။

"ကောင်းကင်ဘုံသွေးဂိုဏ်းက ဂိုဏ်းခေါင်းဆောင်က ငါ့ကိုကူညီဖို့ သဘောတူလိုက်တာလား"

နဝမမင်းသားက ထိုသတင်းကိုမြင်ချိန်တွင် သူက အပျော်လွန်သွားပေ၏။

ကောင်းကင်ဘုံသွေးဂိုဏ်းသည် မိုးကောင်းကင်နဂါးတိုင်းပြည်၏နယ်စပ်ဒေသရှိ နာမည်ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။

နယ်စပ်ဒေသ၌ ဂိုဏ်းပေါင်းများစွာရှိသည့်အနက် ကောင်းကင်ဘုံသွေးဂိုဏ်းသည် အလွန်အားကောင်းသောအင်အားစုဖြစ်သည်။ကောလဟာလများအရ ကောင်းကင်ဘုံသွေးဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်သည် စိတ်ဝိညာဥ်နယ်ပယ်အထွဋ်အထိပ်သို့ရောက်ရှိနေပြီး စိတ်ပုံထွင်းနယ်ပယ်သို့ရောက်ရန် ခြေတစ်လှမ်းစာသာလိုတော့သည်။

"အဲ့ဒီလူရဲ့အကူအညီနဲ့ဆိုရင်ငါက နန်းမွေလုပွဲမှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားလို့ရသွားပြီ"

နဝမမင်းသားက ချက်ချင်းပင် ထိုလူအားဖိတ်ခေါ်လိုက်၏။

သုံးရက်ကြာပြီးနောက်...

ရထားလုံးတစ်စီးက နဝမမင်းသား၏အိပ်ဆောင်ရှေ့သို့ ဆိုက်ရောက်လာသည်။

"ကောင်းကင်ဘုံသွေးဂိုဏ်းခေါင်းဆောင် မွန်းလွဲပိုင်းလောက်မှရောက်မှာလို့ အရှင့်သားက ထင်နေတာ...ကျေးဇူးပြုပြီး ဒီနေရာမှာခဏစောင့်ပါဦး"

အိမ်တော်ထိန်း၏အမူအယာသည် အလွန်လှိုက်လှဲပျူငှါနေပြီး ရထားလုံးအတွင်းမှ လူလတ်ပိုင်းကြီးကို အိမ်တော်အတွင်းသို့ ဦးဆောင်၍ခေါ်ဆောင်သွားတော့သည်။

လူလတ်ပိုင်းကြီးသည် သွေးကဲ့သို့နီရဲသော ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားဟန်များ ထင်ဟပ်နေသည်။သူက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"ငါ့အတွက်နေရာကို အရှင့်သားက ကောင်လေးတစ်ယောက်နဲ့အစားထိုးထားတယ်လို့ ငါကြားထားတယ်"

အိမ်တော်ထိန်းက ခေါင်းကိုက်လာသကဲ့သို့ ခံစားမိသည်။သွေးဂိုဏ်းခေါင်းဆောင်သည် သတင်းအချက်အလက်စုဆောင်းရာ၌ ထူးချွန်မည်ဟု သူ မျှော်လင့်မထားမိချေ။

သူ့ရှေ့ရှိလူလတ်ပိုင်းကြီးက ကောင်းကင်ဘုံသွေးဂိုဏ်းခေါင်းဆောင် သုန်ကျန့်ဖြစ်သည်။ယခင်က သုန်ကျန့်သည် နဝမမင်းသား၏ဖိတ်ခေါ်ခြင်းကို သဘောမတူညီခဲ့သဖြင့် နေရာတစ်နေရာစာကို လုယွီအား ပေးအပ်ခဲ့သည်။

သုန်ကျန့်က ရုတ်တရက်ကြီး သဘောတူလိုက်မည်ဟု မည်သူကထင်မည်နည်း။

"ဒါက...ဂိုဏ်းခေါင်းဆောင်သုန်...ကျွန်တော် အဲ့ဒီကောင်လေးကို ခုပဲသွားမောင်းထုတ်လိုက်ပါမယ်"

အိမ်တော်ထိန်းက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။

သုန်ကျင်းက အေးစက်စက်လေသံဖြင့် မကျေမချမ်းပြောဆိုလေသည်။

"ငါက နဝမမင်းသားကိုကူညီဖို့ ဒီနေရာကိုလာခဲ့တာ...သူ့ကို အထင်ကြီးလေးစားလို့ပဲ...ငါရဲ့နေရာကို တခြားတစ်ယောက်ကယူထားတာ ငါ သဘောမကျဘူး"

"ဟုတ်ကဲ့...ဟုတ်ကဲ့"

အိမ်တော်ထိန်းက အလျှင်စလို သဘောတူညီလိုက်တော့သည်။

Chapter 829

သုန်ကျန့်တို့လူစု အခန်းတစ်ခုအတွင်း၌ အနားယူနေချိန်တွင် အိမ်တော်ထိန်းက လူတစ်စုကိုခေါ်ဆောင်ပြီး လုယွီ၏အခန်းသို့ သွားလိုက်၏။

ဤအချိန်တွင် လုယွီက တိတ်တဆိတ်ကျင့်ကြံနေပြီး သူ၏မရီးဒါန်းများအတွင်း၌ မှော်စွမ်းအားများလှည့်ပတ်နေပြီး အထွဋ်အထိပ်အခြေအနေသို့ ရောက်ရှိနေသည်။

ထိုအချိန်မှာပင်....

ဒေါက်...ဒေါက်...ဒေါက်...

အခန်းတံခါးကို တစ်စုံတစ်ယောက်က ခေါက်လိုက်၏။

လုယွီက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။သူက အခန်းပတ်လည်၌ အကာအကွယ်ဝင်္ကပါတစ်ခုကို တပ်ဆင်ထားသည်။သူက တံခါးခေါက်သံကိုမကြားရသော်လည်း ပြင်ပ၌ တစ်စုံတစ်ယောက်ရှိနေခြင်းကို အာရုံခံစားမိသည်။

လုယွီက အခန်းအပြင်သို့ထွက်လိုက်ရာ အိမ်တော်ထိန်းကို အစေခံတစ်စုနှင့်အတူ တွေ့မြင်မိသည်။သူတို့၏မျက်နှာအမူအယာများက တင်းမာခက်ထန်နေပေ၏။

"နန်းမွေလုပွဲအတွက် မင်းရဲ့နေရာကို ပြန်ရုတ်သိမ်းလိုက်ပြီ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...နန်းဆောင်ကနေ ကိုယ်ဟာကိုယ်ထွက်သွားလိုက်...မင်းကို လျော်ကြေးအနေနဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ငါ ပေးလိုက်မယ်"

စကားဆုံးသည်နှင့် အိမ်တော်ထိန်းက စိတ်ဝိညာဥ်ကျောက်တုံးများထည့်ထားသောအိတ်တစ်အိတ်ကို လုယွီ၏ခြေထောက်နားသို့ ပစ်ပေးလိုက်၏။

လုယွီက အိမ်တော်ထိန်းကိုကြည့်ပြီး ပြောဆိုလေသည်။

"ဒါက နဝမမင်းသား အမိန့်ပေးထားတာလား"

သူရွေးချယ်ထားသော အဆင့်အတန်းမြင့်မားခြင်းမရှိသည့် မင်းသားထံ၌ပင် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

အိမ်တော်ထိန်းက သရော်တော်တော်ပြောဆိုလိုက်သည်။

"ဒီလိုမျိုး ကိစ္စငယ်လေးတွေကို အရှင့်သားက ဘာလို့ဂရုစိုက်နေမှာလဲ...မင်း နေရာ မင်းမသိဘူးလား"

အိမ်တော်ထိန်းက လုယွီကို အထင်အမြင်သေးဟန်ဖြင့် စောင်းငဲ့၍ ကြည့်နေ၏။

"ဒီစိတ်ဝိညာဥ်ကျောက်တုံးတွေကိုယူပြီး ထွက်သွားတော့"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေသည်။

"ငါ မင်းကို အကြံပေးမယ်...မင်းရဲ့အရှင်သခင်ကိုယ်စား အလျင်စလိုဆုံးဖြတ်ချက်မချတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်လာနိုင်တယ်"

"ဘာဖြစ်လာနိုင်မှာမလို့လဲ...မင်းက နဝမမင်းသားရဲ့နန်းဆောင်မှာ ငါ့ကိုထိရဲလို့လား"

အိမ်တော်ထိန်းက ပြက်ရယ်ပြုလိုက်၏။

သူသည် နဝမမင်းသားနန်းဆောင်၏အိမ်တော်ထိန်းဖြစ်သည်။နန်းဆောင်ရှိ ထိပ်သီးကျင့်ကြံသူများပင်လျှင် သူ့အားမြင်တွေ့ပါက လေးလေးစားစားဆက်ဆံရပေသည်။

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"ကောင်းပြီလေ...နှုတ်ဆက်ခဲ့ပါတယ်"

သူက နဝမမင်းသားကို ပံပိုးပေးပြီး မိုးကောင်းကင်နဂါးနန်းတော်၏အတွင်းနန်းဆောင်သို့ ဝင်လိုခဲ့သည်။သို့ရာတွင် လမ်းခုလတ်၌ အပြောင်းအလဲတစ်ခုဖြစ်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။

လုယွီ ထွက်ခွါသွားသည်ကိုကြည့်ပြီး အိမ်တော်ထိန်းက မကျေမချမ်းပြောဆိုနေသည်။

"သူက ဘာကောင်မလို့လဲ...ဘာမှမဟုတ်တဲ့ကောင်ဆိုတာ ထင်ရှားနေတာကို...သူကိုယ်သူ လူအထင်ကြီးအောင် ဟန်ဆောင်နေသေးတယ်"

လုယွီက နဝမမင်းသားနန်းဆောင်၏ အရှေ့ခြံဝန်းသို့ရောက်ရှိနေပြီး မည်သည့်နည်းဖြင့် နန်းတော်သို့ဝင်ရမည်ကို တွေးတောနေသည်။

ထိုအချိန်မှာပင် မှုန်တေတေအသံတစ်သံ ထွက်ပေါ်လာသည်။

"ဟိတ်ကောင်လေး....နန်းဆောင်ခန်းမကို ဘယ်လိုသွားရမလဲဆိုတာ မင်းသိလား"

လုယွီက စောင်းငဲ့၍ကြည့်လိုက်ရာ သွေးနီရောင်ဝတ်စုံများဝတ်ဆင်ထားသော လူငယ်တချို့ကို တွေ့မြင်မိသည်။

လုယွီက သူတို့ကို တစ်ချက်သာကြည့်ပြီး လျစ်လျှူရှုထားပေ၏။

"ငါတို့ မင်းကို ပြောနေတာလေ...မင်း နားမကြားဘူးလား"

လူငယ်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူတို့အားလုံးသည် ကောင်းကင်ဘုံသွေးဂိုဏ်းမှ လက်ရွေးစင်လူငယ်များ ဖြစ်ပေ၏။သာမာန်အားဖြင့် တခြားသူများသည် သူတို့အား မြင်တွေ့ချိန်တွင် လေးလေးစားစား ဆက်ဆံလေ့ရှိသည်။မည်သည်ကြောင့် သူတို့ကို ထိုကောင်လေးက လျစ်လျှူရှုထားသနည်း။

"အစေခံတစ်ယောက်ကများ...ဘာလဲ...မင်းက အရိုက်ခံချင်နေတာလား"

လူငယ်တစ်ယောက်က သူ၏လက်ကိုဆန့်တန်းပြီး လုယွီ၏ပခုံးကို ဖိနှိပ်လိုက်၏။

လုယွီက နောက်သို့ပြန်လှည့်ကြည့်ခြင်းမရှိချေ။သူ၏မှော်စွမ်းအင်များ လှည့်ပတ်လိုက်သည်နှင့် ထိုလူငယ်သည် လက်ထုံကျင်သွားခြင်းကိုခံစားရပြီး နောက်သို့ပြန်ရုတ်လိုက်ရသည်။

"ခွေးလိုကျွန်ကောင်ကများ...မင်းက ပြန်ပြီးတိုက်ခိုက်ရဲတယ်ပေါ့"

"မင်းက ငါတို့ကောင်းကင်ဘုံသွေးဂိုဏ်းကလူကို ထိပါးရဲတယ်ပေါ့...မင်း သေချင်နေတာလား"

လူငယ်များက အလွန်စိတ်ဆိုးဒေါသထွက်စွာဖြင့် လုယွီထံသို့ တဟုန်ထိုးတိုးဝင်လာကြသည်။

"ထွက်သွားကြစမ်း"

လုယွီက အေးစက်စက်အော်ငေါက်လိုက်ရာ မှော်စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာပြီး လူငယ်များကို လွင့်စင်သွားစေသည်။

ဘုန်း...ဘုန်း...

ထိုအချိန်မှာပင် သုန်ကျန့်က နားနေခန်းအတွင်းမှ ထွက်လာသည်။

သူ၏တပည့်များအားလုံး မြေပြင်ပေါ်၌ လဲကျနေသည်ကိုကြည့်ပြီး သုန်ကျန့်က ခက်ထန်စွာ ပြောဆိုလိုက်သည်။

"ဘာလဲ...နဝမမင်းသားရဲ့အိမ်တော်ကလူတွေက ဧည့်သည်တွေကို ဒီလိုနည်းလမ်းနဲ့ဆက်ဆံတာလား"

စကားဆုံးသည်နှင့် သုန်ကျန့်၏လက်ဖဝါးအတွင်းမှ သွေးချီများ ထွက်ပေါ်လာကာ လေထုအတွင်း၌ ဧရာမသွေးလက်ဝါးပုံရိပ်ကြီးဖြစ်တည်လာပြီး လုယွီထံ တိုးဝင်သွားသည်။

လုယွီက ထိုသွေးလက်ဝါးကြီးကို တစ်ချက်သာကြည့်ပြီး ရေရွတ်လိုက်၏။

"ပြိုကွဲစမ်း"

ဝုန်း...

လုယွီ၏ရှေ့ လေထုအတွင်း၌ပင် သွေးလက်ဝါးကြီးက ပေါက်ကွဲသွားပြီး သူ့နားသို့ပင် နီးကပ်လာခြင်းမရှိချေ။

"ကျုပ်ကို ရန်မစဖို့...ခင်ဗျားကိုအကြံပေးချင်တယ်"

Chapter 830

သုန်ကျန့်က အံ့အားသင့်သွားသည်။

"နဝမမင်းသားနန်းဆောင်မှာ...အရည်အချင်းရှိတဲ့လူတချို့ ရှိနေအုံးမယ်လို့ ငါ ထင်မထားမိဘူး"

သို့ရာတွင် သူက ပြက်ရယ်ပြုလိုက်၏။

"မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို ခံယူနိုင်မှတော့ အရည်အချင်းနည်းနည်းရှိတဲ့သူတစ်ယောက်ဆိုတာ သက်သေပြနေတယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက နဝမမင်းသားနန်းဆောင်...မင်းက ငါ့ရဲ့တပည့်တွေကို တောင်းပန်ပြီးရင် မင်း ထွက်သွားနိုင်တယ်"

မြေပြင်ပေါ်၌ လဲကျနေသောလူငယ်များသည် ရုန်းကန်၍မတ်တတ်ထရပ်ပြီး လုယွီ ဒုက္ခရောက်မည်ကို ကြည့်နေကြသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"တကယ်လို့ ကျုပ် အမှတ်မမှားဘူးဆိုရင်...ခင်ဗျားရဲ့တပည့်တွေက ကျုပ်ကို အရင်ရန်လာစတာ...ခင်ဗျားတို့က ကျုပ်ကိုပြန်တောင်းပန်ရမှာ မဟုတ်ဘူးလား"

သုန်ကျန့်က မကျေမနပ်ပြောဆိုလေသည်။

"ငါ့ရဲ့တပည့်တွေကိုတောင်းပန်ခိုင်းတာက မင်းကို မျက်နှာသာပေးထားတာပဲ...မင်းက နေရာမှာပဲ မတ်တတ်ရပ်ပြီး သူတို့ရိုက်နှက်တာကို ခံယူသင့်တယ်"

"ကောင်းပြီလေ...ကိစ္စက ဒီလိုဆိုမှတော့ ခင်ဗျား အဲ့ဒီနေရာမှာမတ်တတ်ရပ်ပြီး ကျုပ်ရဲ့လက်ဝါးရိုက်ချက်တစ်ချက်ကို ခံယူလိုက်"

လုယွီ၏အကြည့်များက အေးစက်သွားသည်။ရုတ်ချည်းဆိုသလိုပင် သုန်ကျန့်ထံသို့ သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ထိုလက်ဝါးရိုက်ချက်တွင် သူ၏နတ်ဘုရားစမ်းရေအိုင်အတွင်းရှိ မြို့ငါးဆယ်စာစုစည်းမှုစွမ်းအားက ပွင့်အံထွက်လာသည်။

ဝုန်း.....

မြေပြင်က အပြင်းအထန်တုန်ခါသွားပြီး ဖုန်မှုန့်များက အဘက်ဘက်သို့ပျံ့နှံ့သွားသည်။

သုန်ကျန့်က ထိုလက်ဝါးရိုက်ချက်ကို ခုခံတားဆီးလိုက်သော်လည်း သူ၏အရည်အချင်းဖြင့် လုယွီ၏စွမ်းအားကို ဟန့်တားနိုင်စွမ်းမရှိချေ။

ဖုန်မှုန့်များ လွင့်ပြယ်သွားလေပြီ။

ကောင်းကင်ဘုံသွေးဂိုဏ်းမှတပည့်များသည် သူတို့ရှေ့မှမြင်ကွင်းကိုမြင်ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ဆီ ရှိုက်သွင်းလိုက်ကြ၏။

သုန်ကျန့်သည် မြေပြင်၌သံမှိုရိုက်ခံထားရသကဲ့သို့ စွဲကပ်နေပြီး သူ၏ခန္ဓာကိုယ်ကို ဗဟိုပြု၍ အက်ကွဲကြောင်းများက မြေပြင်အဘက်ဘက်သို့ ပျံ့နှံ့နေသည်။

သုန်ကျန့်၏ခန္ဓာကိုယ်တစ်ဝက်သည် မြေကြီးအတွင်း၌ နစ်ဝင်နေပေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေပြီး သူ၏မှော်စွမ်းအားအကာအကွယ်လည်း ပျက်ဆီးသွားခဲ့သည်။သူက အလွန်စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိနေလေပြီ။

"ဒီတစ်ကြိမ်တော့ ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးလိုက်မယ်...တကယ်လို့ နောက်တစ်ကြိမ်သာဆိုရင် ကျုပ် ခင်ဗျားကိုသတ်မယ်"

လုယွီက သုန်ကျန့်ကိုအေးစက်စက်ကြည့်ပြီး ထွက်ခွါသွားတော့သည်။

ကောင်းကင်ဘုံသွေးဂိုဏ်းမှတပည့်များသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နေရာ၌ ကြက်သေသေနေကြ၏။သူတို့က လုယွီထွက်ခွါသွားသည်ကို မြင်တွေ့နေသော်လည်း ရှေ့သို့တစ်လက်မမျှပင် မတိုးဝံ့ချေ။

လုယွီ အဝေးသို့ရောက်ရှိသွားခြင်းကိုမြင်မှသာ သူတို့က သုန်ကျန့်ကို မြေကြီးအတွင်းမှဆွဲထုတ်ပြီး ထူမလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်...အဆင်ပြေရဲ့လား"

"ဂိုဏ်းခေါင်းဆောင် အဲ့ဒီကောင်လေးက အရမ်းမောက်မာတာပဲ...နဝမမင်းသား ရောက်လာတဲ့အချိန်ကျရင် သူ့ကို သင်ခန်းစာပေးခိုင်းရမယ်"

လူငယ်များက ဒေါသတကြီး အော်ဟစ်နေကြ၏။

"မင်းတို့ပါးစပ်တွေ ပိတ်ထားကြစမ်း"

သုန်ကျန့်က ရုတ်တရက် ဒေါသတကြီးအော်ငေါက်လိုက်ရာ သူ၏တပည့်များအားလုံး အသံမထွက်ဝံ့ကြတော့ချေ။

သုန်ကျန့်က ဆက်လက်၍ ပြောဆိုလိုက်၏။

"မင်းတို့ကို သေချာကျင့်ကြံ...ကိုယ်ကိုကိုယ်တော်လှပြီထင်မနေနဲ့လို့ ငါ မပြောဘူးလား...အခု မင်းတို့မြင်ပြီမလား...သူက မင်းတို့ထက်တောင် အသက်ငယ်လောက်တယ်...ဒါတေါင်မှ သူမှာ ဒီလိုခွန်အားမျိုးရှိနေတယ်...မင်းတို့က မင်းတို့ရဲ့စုတ်ပြတ်သတ်နေတဲ့ကျင့်ကြံခြင်းနယ်ပယ်တွေနဲ့ မင်းတို့ကိုယ် မင်းတို့ ပြိုင်ဘက်ကင်းလှပြီထင်နေပြီး ရောက်လေရာပြဿနာရှာနေကြတယ်"

သီကျန်းက ရုတ်တရက်မတ်တတ်ထရပ်ပြီး ခြံဝန်းပြင်ပသို့ထွက်ခွါရန် ပြင်ဆင်လိုက်သည်။

"သွားကြမယ်...နဝမမင်းသားရဲ့အိမ်တော်က လက်သည်းဝှက်ထားတဲ့ကျားနဲ့ ဖုံးကွယ်ထားတဲ့နဂါးတွေ ပြည့်နေတဲ့နေရာပဲ...ငါတို့က နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်ရင် အရှက်ရစရာပဲဖြစ်လာလိမ့်မယ်"

သူက ထွက်ခွါရန်ပြင်ဆင်နေစဥ်မှာပင် ခြံဝန်းတံခါး၏ပြင်ပ၌ မြင်းခွါသံများ ထွက်ပေါ်လာသည်။

"နဝမမင်းသား ကြွချီလာပါပြီ"

အရာရှိတစ်ယောက်၏ ကျယ်လောင်စွာအော်ဟစ်လိုက်သံနှင့်အတူ နဝမမင်းသားက ခြံဝန်းအတွင်းသို့ အလျင်စလို ပြေးဝင်လာပေ၏။

"ဂိုဏ်းခေါင်းဆောင်သုန်...မင်းကို စောင့်ဆိုင်းနေစေရတဲ့အတွက် ငါ တောင်းပန်ပါတယ်"

နဝမမင်းသားက သုန်ကျန့်ကိုတွေ့သည်နှင့် စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။သူ၏အမြင်အရ သူရှေ့မှလူသည် သူ အိမ်ရှေ့စံမင်းသားဖြစ်စေရန်အတွက် အရေးပါသော သော့ချက်ဖြစ်နိုင်သည်။

ရုတ်တရက် နဝမမင်းသားက တစ်စုံတစ်ခုလွဲမှားနေခြင်းကို ခံစားမိသွားသည်။သူရှေ့ရှိ ကောင်းကင်ဘုံသွေးဂိုဏ်းခေါင်းဆောင်သည် စုတ်ပြတ်သတ်နေပြီး ပါးစပ်ထောင့်၌ပင် သွေးစအနည်းငယ်ယိုစီးကျနေသည်။ဤသည်က တစ်စုံတစ်ယောက်၏ရိုက်နှက်ခြင်းခံထားရပုံပင်။

သုန်ကျန့်က လက်သီးပူးဆုပ်၍ အရိုအသေပြုလိုက်၏။

"အရှင့်သားရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်တော်ရဲ့နိမ့်ပါးတဲ့အရည်အချင်းက အရှင့်သားရဲ့ကိစ္စကြီးကို နှောင့်နှေးစေမိပြီ"

နဝမမင်းသားက အံ့အားသင့်စွာ ပြောဆိုလေသည်။

"ဂိုဏ်းခေါင်းဆောင်သုန်က ဘာပြောချင်တာလဲ...မင်းက မိုးကောင်းကင်နဂါးတိုင်းပြည်တစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့သူတစ်ယောက်လေ...ငါက မင်းပေါ်ကို အများကြီးအားထားနေတာ"

သုန်ကျန့်က အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

"အရှင့်သားရဲ့နန်းဆောင်မှာရှိတဲ့ လူငယ်တစ်ယောက်က လက်တစ်ဖက်တည်းနဲ့တောင် ကျွန်တော်ကို ထိခိုက်ဒဏ်ရါရစေခဲ့တယ်...ဒီလို ထိပ်သီးကျင့်ကြံသူမျိုးရှိနေမှတော့ အရှင့်သားက ဘာမှစိုးရိမ်စရာမလိုတော့ဘူး...ဘာလို့ ကျွန်တော်ကို လာခိုင်းရတာလဲ"

All Chapters