← Chapters

အခန်း (၈၃၁-၈၃၅)

Vol. 45 Ch. 831-835

အခန်း (၈၃၁-၈၃၅)

Vol. 45 Ch. 831-835

Chapter 831

လက်တစ်ဖက်တည်းဖြင့် သုန်ကျန့်အား ထိခိုက်နာကျင်စေခဲ့သည်ဟု ဆိုသလော။

အမှန်အားဖြင့် နဝမမင်းသားသည် ဤကိစ္စကို ယုံကြည်ခြင်းမရှိပေ။သို့ရာတွင် သူက သုန်ကျန့်၏အလေးအနက်ထားနေသော အမူအယာကိုမြင်တွေ့ချိန်တွင် လိမ်ညာနေခြင်းဟုတ်ပုံမရဟု တွေးတောမိသည်။

ထိုအချိန်မှာပင် အိမ်တော်ထိန်းက အလျှင်စလို ပြေးဝင်လာပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေသောအမူအယာနှင့် ပြောဆိုလေ၏။

"အရှင့်သား...နောက်ဆုံးတော့ ဟိုကောင်စုတ်လေးထွက်သွားပြီ"

"ဘယ်သူထွက်သွားတာလဲ"

အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

အိမ်တော်ထိန်းက အပြုံးနှင့် ပြောဆိုလေ၏။

"အရင်ရက်အနည်းငယ်တုန်းက အမတ်ကြီးဝူလီ ထောက်ခံပေးထားတဲ့ ကောင်လေးလေ....အရှင့်သား နန်းမွေလုပွဲက အရမ်းကိုအန္တရာယ်များပြီး ပါဝင်ယှဥ်ပြိုင်မယ့်လူတိုင်းက အရမ်းအရေးကြီးတယ်...သူ့လိုအမှိုက်ကောင်မျိုးကို မောင်းထုတ်လိုက်တာပဲကောင်းတယ်"

သုန်ကျန့်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"သူက အဖြူရောင်ဝတ်စုံဝတ်ထားပြီး အသက်နှစ်ဆယ်လောက်ပဲရှိတဲ့ လူငယ်လား"

အိမ်တော်ထိန်းက ကြက်သေသေသွားသည်။

"ဂိုဏ်းခေါင်းဆောင်သုန်က အဲ့ကောင်လေးကို မြင်လိုက်လို့လား"

သုန့်ကျန်၏မျက်နှာအမူအယာ ချက်ချင်းပင် ပျက်ယွင်းသွားပေ၏။

"ကျွန်တော် အရှက်ရမိပါတယ်...ကျွန်တော်က ကိုယ်ကိုကိုယ် အရမ်းအထင်ကြီးခဲ့မိပြီး ဒီလိုမျိုးလူငယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့နေရာကို လုယူခဲ့မိတယ်...ကျွန်တော် ကိုယ့်အပြစ်ကိုကိုယ် ပြန်သုံးသပ်လိုက်ပါ့မယ်"

စကားဆုံးသည်နှင့် သုန်ကျန့်သည် ဤနေရာ၌ဆက်နေရန် မဝံ့တော့သဖြင့် ထွက်ခွါသွားရန်ကိုသာ ရွေးချယ်လိုက်တော့သည်။

နဝမင်းသား၏မျက်နှာက ချက်ချင်းသုန်မှုန်သွားသည်။

"ဘာတွေလဲ...ဘာတွေဖြစ်ကုန်တာလဲ"

သူက အံ့တင်းတင်းကြိတ်ပြီး အော်ဟစ်လိုက်၏။

အိမ်တော်ထိန်းက ကြောက်စိတ်မွှန်စွာဖြင့် အလျင်စလို ဦးညွှတ်၍ ပြောဆိုလေသည်။

"အရှင့်သား...ဒါက အရှင့်သား ကောင်းဖို့အတွက် ကျွန်တော်စီစဥ်ခဲ့တာပါ"

နဝမမင်းသားက အိမ်တော်ထိန်းကို လျစ်လျှူရှုထားပြီး တခြားအစေခံတစ်ယောက်ကို ကြည့်လိုက်သည်။

"ဘာတွေဖြစ်သွားတာလဲဆိုတာ...မင်း သိသမျှအားလုံး ငါ့ကိုပြောပြစမ်း"

ထိုအစေခံသည် တုံ့ဆိုင်းမနေဝံ့ဘဲ ဖြစ်ပျက်သွားသောကိစ္စ အစမှအဆုံးတိုင် နဝမမင်းသားကို ပြောပြလေ၏။

"အဲ့ဒီလိုဆိုတော့...မင်းက ငါမရှိချိန်မှာ ငါ့အစားဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့..ဟုတ်လား"

နဝမမင်းသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

အိမ်တော်ထိန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏ခေါင်းကို ကြောက်ကြောက်လန့်လန့်ဖြင့်မော့ကာ ပြောဆိုလေသည်။

"အဲ့ဒီကောင်လေးက ဒီလေါက်ထိသန်မာမယ်ဆိုတာ ကျွန်တော် မသိခဲ့လို့ပါ"

သူ၏အသံတွင် အနည်းငယ်ငိုသံစွက်နေသည်။ကောင်းကင်ဘုံသွေးဂိုဏ်းခေါင်းဆောင်ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ထိခိုက်ဒဏ်ရါရစေသူကို သူ မောင်းထုတ်မိခဲ့သလော။

"အရှင့်သား...ကျွန်တော်ကို ခွင့်လွှက်ပေးပါ...ဒီနိမ့်ကျတဲ့သူက နောင်ဘယ်တော့မှ ဒီလိုအပြစ်မျိုးမကျူးလွန်ဝံ့တော့ပါဘူး"

အိမ်တော်ထိန်းက မြေပြင်ပေါ်၌ ဒူးထောက်ပြီး အဆက်မပြတ်အသနားခံနေလေသည်။

"မင်းက နောက်တစ်ကြိမ် လိုချင်သေးတာလား"

နဝမမင်းသား၏မျက်နှာထက်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထွက်ပေါ်လာသည်။

"ဒီနေ့ကစပြီး မင်းက တတိယတန်းစားအစေခံဖြစ်သွားပြီ...ငါ့ရှေ့ကနေ ခုချက်ချင်းထွက်သွားစမ်း"

အိမ်တော်ထိန်းက အလျင်အမြန် ထွက်ခွါသွားတော့သည်။သူက ဤနေရာ၌ ဆက်၍မနေဝံ့ပေ။ယခုလက်ရှိအချိန်၌ နဝမမင်းသားက သူ့အား သတ်ဖြတ်လိုနေသည်မှာ သိသာထင်ရှားလှ၏။အကယ်၍ သူသာ နဝမမင်းသားနန်းဆောင်၌ နှစ်ပေါင်းကြာရှည်စွာအမှုထမ်းခဲ့သူ မဟုတ်ပါက သူ သေဆုံးပြီးဖြစ်နေပေမည်။

"ဟိုလူငယ်လေးကိုပြန်ခေါ်ဖို့ ခုချက်ချင်း လူတွေ စေလွှက်လိုက်စမ်း"

နဝမမင်းသားက အမိန့်ပေးလိုက်၏။ထိုကောင်လေးသည် အရည်အချင်းရှိသူတစ်ယောက်ဟု အမတ်ကြီးဝူလီပြောဆိုသည်မှာ အမှန်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

နဝမမင်းသား၏လက်အောက်ငယ်သားများသည် လုယွီကိုရှာဖွေရန် နန်းဆောင်မှချက်ချင်း အပြေးထွက်သွားကြ၏။

....

မိုးကောင်းကင်နဂါးနန်းတော်၏လမ်းမကြီးပေါ်၌...

လုယွီက တိတ်ဆိတ်ငြိမ်သက်စွာ လမ်းလျှောက်နေပြီး ရှေ့ဆက်၍မည်သို့ပြုလုပ်ရမည်ကို တွေးတောနေသည်။နဝမမင်းသားသည် သူ့အား မောင်းထုတ်လိုက်ပြီဖြစ်သဖြင့် သူ ထိုနေရာ၌ ဆက်၍နေလိုစိတ် မရှိတော့ချေ။

အမှန်အားဖြင့် မိုးကောင်းကင်နဂါးတိုင်းပြည်၌ မင်းသားမင်းသမီး အလွန်ပေါများသည်ဖြစ်ရာ သူ နဝမမင်းသား၏နံဘေး၌ တွယ်ကပ်နေရန်လည်းမလိုအပ်ပေ။

ထိုအချိန်မှာပင် ရထားလုံးတစ်စီးက လုယွီ၏နံဘေးမှ ဖြတ်သန်းသွားသည်။ရထားလုံးကို မီးတောက်သားရဲများ ဆွဲနေပြီး ရထားလုံးတစ်စီးလုံးကို ရှုပ်ထွေးပြီးအနုစိတ်ကျသောပုံသဏ္ဌာန်များ ရေးထွင်းထားပေ၏။တခြားသူများက ဤရထားလုံးပိုင်ရှင်သည် ချမ်းသာကြွယ်ဝသူ သို့မဟုတ် အထက်တန်းလွှာတစ်ယောက်ဟု သိမြင်နိုင်သည်။

"လမ်းဖယ်ကြ...လမ်းဖယ်ပေးကြစမ်း"

ရထားလုံးမောင်းနှင်သူက အော်ဟစ်လိုက်၏။

ထို့နောက် ရထားလုံးက ရုတ်တရက် လုယွီ၏နံဘေး၌ ရပ်တန့်သွားသည်။ခန်းဆီးလိုက်ကာပွင့်သွားပြီး ငယ်ရွယ်သောမိန်းကလေးတစ်ယောက်၏မျက်နှာ ထွက်ပေါ်လာပေ၏။

မိန်းကလေးသည် အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ခန့်သာရှိပုံရပြီး နူးညံသောအဖြူရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏ ရွှန်းလဲ့နေသောမျက်လုံးတစ်စုံမှ စိတ်ဝိညာဥ်စွမ်းအားများ ဖြာထွက်နေပေ၏။

သူမက လုယွီကိုမြင်တွေ့ချိန်တွင် ရုတ်တရက် လက်ညှိုးညွှန်ပြီး အော်ဟစ်လိုက်သည်။

"ဟိတ်...နင်...ခဏရပ်နေဦး"

လုယွီက သူမကို တစ်ချက်သာကြည့်ပြီး လျစ်လျှူရှု ထားလေသည်။သူ ထိုမိန်းကလေးကို သိကျွမ်းခြင်းမရှိပေ။

"ငါ နင်ကိုသိတယ်...နင်က ကောင်းကင်နန်းတော်ပြိုင်ပွဲမှာယှဥ်ပြိုင်ခဲ့တဲ့ မြေအောက်လောကမလား"

Chapter 832

မိန်းကလေးသည် လုယွီကို ဖမ်းဆွဲထားလိုဟန်ဖြင့် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။သို့ရာတွင် လုယွီက ရထားလုံးနှင့်အနည်းငယ်ဝေးကွာသောနေရာတွင် ရှိနေသဖြင့် ဖမ်းမိခြင်းမရှိချေ။

လုယွီက အနည်းငယ်အံ့အားသင့်သွားပေ၏။ထိုမိန်းကလေးက သူ့ကိုမှတ်မိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

သို့ရာတွင် ကောင်းကင်နန်းတော်ပြိုင်ပွဲကို လူအမြောက်အများစောင့်ကြည့်နေသည်ဖြစ်ရာ သူ့၏မျက်နှာကို မှတ်မိနေခြင်းမှာ မထူးဆန်းချေ။

"မင်းက ဘယ်သူလဲ"

လုယွီက မေးမြန်းလိုက်၏။

မိန်းကလေးက စိတ်အားတက်ကြွစွာဖြင့်...

"မြန်မြန်လေး...ရထားမောင်းကြီး...ကျွန်မကို အောက်ချပေးပါ"

ရထားလုံးမောင်းသူက လုယွီကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး အနည်းငယ်ဇဝေဇဝါဖြစ်နေပုံရသော်လည်း သူက နောက်သို့ပြန်လှည့်၍ မိန်းကလေးကို ပွေ့ချီလိုက်သည်။

ခန်းဆီးလိုက်ကာကိုမတင်လိုက်စဥ်တွင် မိန်းကလေး၏ခြေထောက်များကျိုးနေခြင်းကို လုယွီက သတိပြုမိသွား၏။

လုယွီက ရထားမောင်းသည် ကျင့်ကြံသူတစ်ယောက်ဖြစ်ခြင်းကို သတိပြုမိသည်။ကျင့်ကြံသူတစ်ယောက်ကို ရထားမောင်းအဖြစ်ထားနိုင်သော မိန်းကလေး၏အဆင့်အတန်းသည် မြင့်မားမည်ဟု သူ တွေးထင်ထား၏။

"ငါက မင်းသမီးလော့ချီး...ငါ နင့်ကို ကောင်းကင်နန်းတော်ပြိုင်ပွဲမှာတုန်းက တွေ့ဖူးခဲ့တယ်"

မိန်းကလေးက ရထားမောင်း၏နောက်ကျော၌ ကျောပိုးခံထားရရာမှ စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

သူမက မိုးကောင်းကင်နဂါးတိုင်းပြည်၏မင်းသမီး ဖြစ်နေသလော။

ရထားမောင်း၏မျက်နှာအမူအယာက မှုန်တေတေဖြစ်နေပြီး သူက ပြောဆိုလိုက်၏။

"မင်းက သာမာန်ပြည်သူတစ်ယောက်လေ...မင်းသမီးကိုမြင်တွေ့တာတောင် အရိုအသေပြုရမှန်းမသိဘူးလား"

"ထားလိုက်စမ်းပါ လူထွားကြီးရဲ့...နင် သူ့ကို ရိုက်နှက်နိုင်မှာမဟုတ်ဘူး"

မိန်းကလေးက ရထားမောင်း၏ပခုံးကိုပုတ်ပြီးနောက် လုယွီကိုကြည့်ကာ ပြောဆိုလိုက်သည်။

"ငါ့ရဲ့အကိုတော်က နန်းမွေလုပွဲမှာ ပါဝင်ယှဥ်ပြိုင်မှာ...အဲ့ဒီပြိုင်ပွဲကို ထိပ်သီးကျင့်ကြံသူတွေအများကြီးလာမယ်လို့ ငါ ကြားထားတယ်...နင်က ငါ့ရဲ့အကိုတော်ကို ကူညီဖို့စိတ်ဝင်စားလား...တကယ်လို့ ပြိုင်ပွဲမှာ နင် အနိုင်ရရင် ငါ နင့်ကို စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းပေးမယ်"

မင်းသမီးလော့ချီးက သူမ၏လက်ချောင်းများကို ဂရုတစိုက်ချိုး၍ ရေတွက်ပြီး နောက်ဆုံး၌ စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းဟူသောစကားကို တည်ကြည်လေးနက်စွာ ပြောဆိုလေသည်။

လုယွီက မအောင့်မအည်းနိုင် ရယ်မောလိုက်တော့၏။

"စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းလား...ကောင်းပြီလေ....မင်းရဲ့အကိုတော်က ဘယ်သူလဲ"

သူသည် နန်းတော်အတွင်းသို့ဝင်ရန် မင်းသားတစ်ယောက်၏အကူအညီလိုအပ်သည်။ယခုလက်ရှိအချိန်တွင် မင်းသမီးလော့ချီး၏ကမ်းလှမ်းမှုက သူ့ အတွက် ကြီးမားသောအခွင့်အရေးပင်။

မင်းသမီးလော့ချီးက စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

"ငါ့ရဲ့အကိုတော်က ထာဝရဘုရင်ဘွဲ့ရထားတဲ့ တတိယမင်းသားပဲ"

တတိယမင်းသားလော။လုယွီက အနည်းငယ်အံ့အားသင့်သွားပေ၏။ကောလဟာလများအရဆိုလျှင် တတိယမင်းသားသည် နန်းမွေလုပွဲ၌ အနိုင်ရရှိရန် ရေပန်းအစားဆုံးသူဖြစ်သည်။

မိုးကောင်းကင်နဂါးတိုင်းပြည်၏အနာဂတ်ဧကရာဇ်သည် ဒုတိယမင်းသားနှင့်တတိယမင်းသားတို့နှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်မည်ဟု လူအများက ယုံကြည်လက်ခံထားကြသည်။

"နင် ကတိပေးထားပြီးပြီနော်...ပြန်ရုတ်သိမ်းလို့မရဘူး"

မင်းသမီးလော့ချီးက သူမ၏ကျစ်ဆံမြှီးနှစ်ဖက်ကိုဝှေ့ယမ်းပြီး အပြုံးနှင့်ပြောဆိုလိုက်၏။

လုယွီက ခေါင်းညိမ့်ပြလေသည်။

"ကောင်းပြီလေ...တတိယမင်းသားနဲ့တွေ့ဖို့ မင်း ငါ့ကို ခေါ်သွားနိုင်မလား"

ထိုအချိန်မှာပင် ကျင့်ကြံသူတစ်စုက ပျံဝဲ၍ရောက်ရှိလာသည်။သူတို့က လုယွီကို မြင်တွေ့ချိန်တွင် အပျော်လွန်သွားကြ၏။သူတို့က လုယွီအနားသို့ ရောက်ရှိလာပြီး ဝိုင်းရံလိုက်ကြတော့သည်။

"သခင်လေးလု...ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ပြန်လိုက်ခဲ့ပါ...မင်းကိုမောင်းထုတ်ခဲ့တာက အိမ်တော်ထိန်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ...အရှင့်သားက သူ့ကို အပြစ်ပေးပြီးပြီ"

ကျင့်ကြံသူတစ်ယောက်က ပြောဆိုလိုက်၏။

တခြားကျင့်ကြံသူများကလည်း လုယွီကို မျှော်လင့်ချက်များဖြင့် ကြည့်နေလေသည်။

လုယွီက ခေါင်းခါယမ်းပြလိုက်၏။

"မှောက်ကျသွားတဲ့ရေတစ်စက်ကို ပြန်ထည့်ဖို့ခဲယဥ်းတယ်...ငါ ပြန်မလိုက်တော့ဘူး"

လုယွီက အလွန်တည်ငြိမ်အေးဆေးနေသော်လည်း မင်းသမီးလော့ချီးကမူ အလွန်ဒေါသထွက်နေသည်။

"ခွေးကောင်တွေ...ငါ ဒီနေရာမှာရှိနေတာ နင်တို့မမြင်ကြဘူးလား...ငါ့ရှေ့ကလူကိုလုယူဖို့ နင်တို့ကို ဘယ်သူက ခွင့်ပြုထားတာလဲ"

မင်းသမီးလော့ချီးက ဒေါသတကြီးအော်ငေါက်လိုက်သည်။

သို့ရာတွင် သူမ၏အသက်အရွယ်သည် ငယ်ရွယ်သေးသဖြင့် သူမ၏စကားများသည် အရေးမပါသလိုဖြစ်နေပြီး အနည်းငယ်မျှပင် သြဇာအာဏာညောင်းခြင်းမရှိပေ။

"မင်းက ဘယ်နေရာက ရောက်လာတာလဲ...နဝမမင်းသားအိမ်တော်က ကိစ္စကို မင်းကဝင်စွက်ဖက်ရဲတာလား"

ကျင့်ကြံသူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းသမီးက မင်းတို့ကိုထွက်သွားဖို့ ပြောနေတာလေ...မင်းတို့ မကြားကြဘူးလား...ထွက်သွားကြစမ်း"

ရုတ်တရက် မင်းသမီးလော့ချီး၏ရထားမောင်းက အော်ဟစ်ကြုံးဝါးပြီး သူ့ရှေ့၌ လေစုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဘန်း...ဘန်း...ဘန်း...

ထိုကျင့်ကြံသူများသည် သတိလက်လွတ်နေနေကြသဖြင့် ပြင်းထန်သောလေတိုက်ခတ်မှု၏ရိုက်ခတ်ခြင်းခံရပြီး နောက်သို့လွင့်ထွက်သွားကြတော့သည်။

စကားသံသက်သက်ဖြင့်ပင် နံဘေးပတ်ဝန်းကျင်၌ နဝမင်းသား၏အိမ်တော်မှ မည်သည့်ကျင့်ကြံသူမျှ မတ်တတ်ရပ်လျက်ကျန်ရှိနေခြင်းမရှိတော့ချေ။

Chapter 833

ကျင့်ကြံသူများသည် ရထားမောင်းက ဤမျှထိကြမ်းတမ်းနေသည်ကိုမြင်ချိန်၌ ယခုနေရာ၌ ဆက်လက်၍ မနေဝံ့ကြတော့ချေ။သူတို့က မကျေမချမ်းပြောဆိုပြီး ထွက်ခွါသွားတော့သည်။

"မင်း သတိထားနေ"

မင်းသမီးလော့ချီးက လက်ခုပ်လက်ဝါးတီးပြီး ပြောဆိုလိုက်သည်။

"မြန်မြန် အထဲဝင်...နင် မြန်မြန်လာတော့...နဝမအကိုတော်က နင့်ကိုလုယူချင်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မြန်မြန်သွားကြရအောင်...သူ နင့်ကိုလုယူဖို့ ငါ ခွင့်မပြုနိုင်ဘူး"

လုယွီက မင်းသမီးလော့ချီး၏နောက်သို့လိုက်၍ ရထားလုံးအတွင်းသို့ ဝင်လိုက်၏။ရထားလုံးကိုဆွဲသော မှော်သားရဲများက ကျယ်လောင်စွာဟိန်းဟောက်ပြီး ဤနေရာမှ တရကြမ်းထွက်ခွါသွားတော့သည်။

နဝမမင်းသားအိမ်တော်...

နဝမမင်းသားသည် သူ့ရှေ့၌ဒူးထောက်နေသောလူတစ်စုကို မှုန်တေတေမျက်နှာအမူအယာဖြင့် ကြည့်နေလေ၏။

"အမှိုက်တွေ...မင်းတို့အားလုံးက အမှိုက်တွေပဲ...မင်းတို့က လူကိုတွေ့တာတောင် ပြန်ခေါ်မလာနိုင်မှတော့ ငါက မင်းတို့ကို ဘာသုံးလို့ရအုံးမှာလဲ"

ထိုကျင့်ကြံသူများက တုန်တုန်ရီရီဖြင့် ပြောဆိုလိုက်သည်။

"အဲ့ဒီကောင်လေးရဲ့ဘေးမှာ ထိပ်သီးကျင့်ကြံသူတစ်ယောက်ရှိနေလို့ပါ...သူက မင်းသမီးလော့ချီးရဲ့နောက်ကို လိုက်သွားပုံပဲ...ကျွန်တော်တို့က သူ့ကို မတားဆီးဝံ့ဘူး"

"လော့ချီးလေးလား"

နဝမမင်းသား၏မျက်နှာအမူအယာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။

မင်းသမီးလော့ချီးသည် ငယ်ရွယ်စဥ်ကတည်းက လမ်းမလျှောက်နိုင်သူဖြစ်သည်။သို့ရာတွင် သူမ၏အကိုတော်ဖြစ်သူသည် သူ့၏အကြီးမားဆုံးရန်သူတော် ထာဝရဘုရင်ဘွဲ့ခံ တတိယမင်းသားဖြစ်နေသည်။

"အရှင့်သား...ဘာလို့ စိုးရိမ်ပူပန်နေတာလဲ...ပြောရမယ်ဆိုရင် အဲ့ဒီနေ့တုန်းက ကောင်းကင်ဘုံသွေးဂိုဏ်းခေါင်းဆောင်ကို ကျွန်တော်သာ ရင်ဆိုင်ခဲ့မယ်ဆိုရင် လက်ဝါးရိုက်ချက်တစ်ချက်တောင် လိုမှာမဟုတ်ဘူး....အဲ့ဒီကောင်စုတ်လေးက လျှို့ဝှက်နည်းစနစ်တစ်ခုကိုသာ အသုံးမပြုခဲ့ရင် ဘယ်လိုလုပ်ပြီး ဒီရလဒ်ရလါမှာလဲ....တကယ်လို့ သူက တတိယမင်းသားဆီသွားချင်တယ်ဆိုရင်တောင်...ကျွန်တော်ရဲ့အမြင်အရ သူက ကြက်ကလေး ငှက်ကလေးတစ်ကောင်ထက် ပိုမှာမဟုတ်ဘူး"

နံဘေးရှိ ဆရာယင်က သရော်တော်တော် ဝင်ရောက်ပြောဆိုလေသည်။

နဝမင်းသားက ချက်ချင်းပင် သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်၏။

"ဆရာယင်ရှိနေတာနဲ့ပဲ...ငါ စိတ်သက်သာရာရသွားပါပြီ"

ဆရာယင် သူ့ဘက်၌ရှိနေခြင်းကို တွေးတောမိချိန်တွင် နဝမမင်းသားက စိတ်သက်သာရာရသွားသည်။ဆရာယင်က သူ၏အင်အားအကြီးဆုံး လူသတ်လက်နက်ဖြစ်သည်။မည်သူကမျှ သူ့အား မြင့်မြင့်မားမား တွေးမထားကြချေ။အကယ်၍ ဆရာယင်သာ နန်းမွေလုပွဲ၌ အနိုင်ရရှိပါက သူ ကောင်းကင်ယံတိုင်ပျံဝဲနေသော နဂါးတစ်ကောင်ဖြစ်လာပေမည်။

……

တတိယမင်းသား၏အိမ်တော်...

တရကြမ်းမောင်းနှင်လာသော ရထားလုံးတစ်စီးက အိမ်တော်၏တံခါးမကြီးရှေ့၌ ရပ်တန့်သွားသည်။

"မင်းသမီးကို ကြိုဆိုနှုတ်ဆက်ပါတယ်"

အိမ်တော်ထိန်းက ရယ်ပြုံးပြီး လေးလေးစားစား ကြိုဆိုလိုက်၏။တံခါးမကြီး၏ဘေးတစ်ဖက်တစ်ချက်ရှိ မြောက်များစွာသောအစေခံများကလည်း မင်းသမီးလော့ချီးကို အရိုအသေပြုနေပေ၏။

မင်းသမီးလော့ချီးသည် တတိယမင်းသား၏ညီမတော်ဖြစ်သည်။ထို့ပြင် သူမသည် နန်းမွေလုပွဲအတွက် ခြိမ်းခြောက်မှုမပေးနိုင်ဆုံးသူဖြစ်နေသည်သာမက သူမ၏အကိုတော်တတိယမင်းသားကိုလည်း လွန်စွာချစ်မြတ်နိုးသူဖြစ်သည်။

ရထားမောင်းက မင်းသမီးလော့ချီးကို ကျောပိုးလိုက်၏။သူကိုကြည့်ရသည်မှာ ဤကိစ္စကို အကြိမ်များစွာ ပြုလုပ်ပြီးပုံရပြီး အလွန်ကျွမ်းကျင်ပေသည်။

"ဦးလေး...အကိုတော်က ဘယ်နေရာမှာလဲ"

မင်းသမီးလော့ချီးက ယဥ်ကျေးစွာ မေးမြန်းလေသည်။

အိမ်တော်ထိန်းက အပြုံးနှင့် ပြောဆိုလိုက်၏။

"အရှင့်သားက ဒီနေ့ အိမ်တော်မှာရှိပါတယ်...မင်းသမီးရောက်လာကြောင်း ကျွန်တော်အကြောင်းကြားပေးပါ့မယ်"

နန်းမွေလုပွဲ စတင်တော့မည်ဖြစ်ရာ မင်းသားတိုင်းလိုလို ပြင်ဆင်မှုများပြုလုပ်နေကြသည်။ထို့ကြောင့် တတိယမင်းသားသည် မည်သည့်ဧည့်သည်ကိုမျှ လက်ခံတွေ့ဆုံခြင်းမရှိသော်လည်း မင်းသမီးလော့ချီးက ချွင်းချက်ပင်။

လုယွီတို့လူစုသည် အိမ်တော်အတွင်းသို့ ဝင်ခဲ့ကြ၏။လုယွီက အိမ်တော်အတွင်းသို့ ခြေချမိသည်နှင့် အစွမ်းထက်သောအရှိန်အဝါတချို့ရှိနေခြင်းကို ခံစားမိသည်။

ထိုအရှိန်အဝါများသည် နဝမမင်းသား၏နန်းဆောင်ရှိ ဆရာယင်ထက် ပို၍အစွမ်းထက်သည်။

ဤအချင်းအရာမှနေ၍ နဝမမင်းသားနှင့်တတိယမင်းသားကြားမှ ကွာခြားချက်ကြီးမားကြောင်းကို တွေ့မြင်နိုင်သည်။

လုယွီတို့လူစုက နားနေခန်းအတွင်း၌ စောင့်ဆိုင်းနေပြီး အချိန်တခဏအကြာမှာပင် နဝမမင်းသားနှင့်ပုံပန်းသွင်ပြင်တူညီသော လူငယ်တစ်ယောက် ရောက်ရှိလာ၏။

ထိုလူငယ်က မိုးကောင်းကင်နဂါးတိုင်းပြည်၏တတိယမင်းသားပင်။

တတိယမင်းသားသည် အလဟာသနာမည်ကျော်ကြားနေခြင်းမျိုး ဟုတ်ပုံမရချေ။အနည်းဆုံးတော့ သူ့၏အရှိန်အဝါသည် နဝမမင်းသားထက်များစွာပို၍အားကောင်းပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကလည်း ပို၍သန်မာတောင့်တင်းသည်။

"ညီမတော်လေး...ဒီနေ့ ဘာလို့ ငါ့ဆီရောက်လာရတာလဲ"

တတိယမင်းသားက မေးမြန်းလိုက်၏။

ရထားမောင်းက မင်းသမီးလော့ချီးကို ထိုင်ခုံတစ်လုံးပေါ်သို့ ဂရုတစိုက်တင်ပေးပြီး လေးလေးစားစား စောင့်ကြပ်နေပေ၏။

မင်းသမီးလော့ချီးက စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

"အကိုတော်....ငါက ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ခဲ့တယ်...သူက အကိုတော်ကို ကူညီနိုင်လိမ့်မယ်"

စကားဆုံးသည်နှင့် မင်းသမီးလော့ချီးက နံဘေးဘက်၌ မတ်တတ်ရပ်နေသော လုယွီကိုညွှန်ပြပြီး ဆက်လက်ပြောဆိုလိုက်၏။

"အဲ့ဒီပါရမီရှင်က သူပဲ"

"သူ လား"

တတိယမင်းသားက လုယွီကိုကြည့်လိုက်သည်။အကယ်၍ မင်းသမီးလော့ချီးကသာ ထုတ်ဖော်ပြောဆိုခြင်းမရှိပါက လုယွီသည် သူ့ညီမတော်၏အစေခံအသစ်တစ်ယောက်ဟုသာ သူ တွေးမိပေလိမ့်မည်။

Chapter 834

မည်သို့ပင်ဆိုစေကာမူ တတိယမင်းသားသည် လုယွီကိုမြင်သည်နှင့် စိတ်ဝင်စားမှုလျော့နည်းသွားသည်။သူ၏အမြင်အရ လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုမျှရှနမနေသဖြင့် သေမျိုးတစ်ယောက်နှင့်သာ တူညီနေသည်။

တတိယမင်းသားသည် လုယွီက ကျင့်ကြံသူတစ်ယောက်ဟူသောအချက်ကို သံသယရှိနေပေ၏။

"ညီမတော်လေး....ငါ့မှာ ကျင့်ကြံသူတွေအလုံအလောက်ရှိပြီးသားပါ...မင်းရဲ့အကူအညီမလိုအပ်ဘူး....ဟုတ်ပြီလား"

တတိယမင်းသားက ခေါင်းကိုက်လာသကဲ့သို့ ခံစားရသဖြင့် သူ၏မျက်ခုံးနှစ်ခုကြားကို ဖိနှိပ်လိုက်သည်။

သူ၏ညီမတော်သည် သူနှင့်မွေးမိခင်တူညီသဖြင့် သူတို့နှစ်ယောက်ကြား၌ အလွန်ပင်ရင်းနှီးကျွမ်းဝင်ကြသည်။ထို့ပြင် မင်းသမီးလော့ချီးသည် တစ်မူထူးသောအဖျားရောဂါကြောင့် ငယ်စဥ်ကတည်းက လမ်းမလျှောက်နိုင်သူဖြစ်သည်။သမားတော်များပင်လျှင် သူမအား ကုသရန်လက်လျှော့ထားကြသည်။

ထို့ကြောင့် တတိယမင်းသားသည် သူ၏ညီမတော်ကို လွန်စွာချစ်မြတ်နိုးသည်။အကယ်၍ တခြားသူတစ်ယောက်သာ အသုံးမဝင်သောလူကို ထောက်ခံချက်ပေးပါက သူသည် ထိုလူအား ရိုက်ပုတ်၍ အိမ်တော်မှ မောင်းထုတ်ပေမည်။

သို့ရာတွင် သူ၏ညီမတော်မှ ထောက်ခံပေးသူဖြစ်နေခြင်းကြောင့် တတိယမင်းသားသည် သူ စိတ်မကျေမနပ်ဖြစ်နေခြင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

"အကိုတော်က ကျွန်မကိုမယုံဘူးဆိုတာ ကျွန်မသိတယ်...သူ့ရဲ့အစစ်အမှန်အဆင့်အတန်းကို ကျွန်မ ပြောပြမှ အကိုတော် အံ့အားသင့်မသွားနဲ့နော်"

"သူက ဘယ်သူမလို့လဲ"

တတိယမင်းသားက ရယ်မောရင်း မေးမြန်းလိုက်သည်။

မင်းသမီးလော့ချီးက ခေါင်းမော့၍ ပြောဆိုလေသည်။

"သူက အခုနှစ် ကောင်းကင်နန်းတော်ပြိုင်ပွဲကို ဗိုလ်စွဲထားတဲ့သူ...လျှို့ဝှက်နဂါးစာရင်းရဲ့နံပါတ်တစ်နေရာမှာရှိတဲ့ မြေအောက်လောကပဲ"

တတိယမင်းသားက ကြက်သေသေသွားသော်လည်း သူက ရယ်မောလိုက်၏။

"ညီမတော်လေး...မင်း ငါ့ကို တကယ်ပဲ ရယ်စရာလာပြောနေတာလား...မြေအောက်လောကဆိုတဲ့သူက လင်ရှောင်းဂိုဏ်းရဲ့ထိပ်သီးပါရမီရှင်လို့ဆိုကြတယ်...လင်ရှောင်းဂိုဏ်းက သူ့ကို ရတနာတစ်ပါးလို တန်ဖိုးထားနေကြမှာ...သူက ဘာလို့ ဒီနေရာကို ရောက်နေရမှာလဲ"

မင်းသမီးလော့ချီး၏ချစ်စဖွယ်မျက်နှာလေး နီမြန်းသွားပေ၏။

"အကိုတော်....ကျွန်မက ဘယလို့ အကိုတော်ကို လိမ်လည်လှည့်စားနေရမှာလဲ...အော်...အကိုတော်က ဒီနှစ်ကောင်းကင်နန်းတော်ပြိုင်ပွဲကို သွားမှမသွားခဲ့တာ...မြေအောက်လောကရဲ့ပုံပန်းသွင်ပြင်ကို အကိုတော်မသိတာ သေချာတယ်"

သူမက ရထားမောင်းဘက်သို့လှည့်၍ ပြောဆိုလိုက်သည်။

"လူထွားကြီး...ကောင်းကင်နန်းတော်ပြိုင်ပွဲကို နင် ငါနဲ့အတူသွားခဲ့တာလေ....သူက မြေအောက်လောကဆိုတာကို အကိုတော်သိအောင် ပြောပြလိုက်ပါအုံး"

ရထားမောင်းက တတိယမင်းသားကို ဦးညွှတ်၍အရိုအသေပြုပြီး ပြောဆိုလေ၏။

"အရှင့်သားကို လျှောက်တင်ပါတယ်....သူ့ရဲ့မျက်နှာကတော့ တကယ့်ကို မြေအောက်လောကနဲ့ဆင်တယ်...ဒါပေမယ့် ဒီလေါကကြီးမှာ အပေါ်ယံကိုပဲ ကြည့်လို့မရတာတွေက များလွန်းတယ်...ဒီပုဂ္ဂိုလ်က မြေအောက်လောက ဟုတ် မဟုတ်ဆိုတာ ကျွန်တော် အတည်မပြုနိုင်ပါဘူး"

"လူထွားကြီး...နင် ငါ့ကို အရမ်းဒေါသထွက်စေတယ်"

မင်းသမီးလော့ချီးသည် အလွန်ဒေါသထွက်နေသဖြင့် သူမက ရူးသွပ်လုမခမ်းအော်ဟစ်လိုက်သည်။

တတိယမင်းသားက အနည်းငယ်အံ့အားသင့်သွားပုံဖြင့် လုယွီကို ကြည့်နေပေ၏။သူ့ညီမတော်၏နံဘေးရှိ ရထားမောင်းသည် တော်ဝင်မိသားစု၏အသေခံတပ်သားဖြစ်သည်။ထိုသူက အစဥ်အမြဲသစ္စာရှိသူဖြစ်ပြီး မည်သည့်အခါမျှ လိမ်ညာမပြောဖူးချေ။

ထို့ကြောင့် သူရှေ့မှကောင်လေးသည် ကောင်းကင်နန်းတော်ပြိုင်ပွဲမှ မြေအောက်လောကအမှန်တကယ်ဖြစ်နေသလော။

"လျှန်ဖေး....သူရဲ့ခွန်အားကို မင်းသွားပြီးစမ်းသပ်လိုက်စမ်း"

တတိယမင်းသားက အစောင့်စစ်သားတစ်ယောက်ကိုခေါ်၍ အမိန့်ပေးလိုက်၏။

ထိုစစ်သားက လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"အရှင့်သား...ကျွန်တော်မျိုး မတိုက်ခိုက်ပါရစေနဲ့...တကယ်လို့ ကျွန်တော် အင်အားပြည့်တိုက်ခိုက်လိုက်ရင် သူ သေဆုံးသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်"

လျှန်ဖေးက ပြက်ရယ်ပြုနေပေ၏။

"မင်း အားနည်းနည်းလျှော့ပြီးတိုက်ခိုက်လို့ မရဘူးလား"

တတိယမင်းသားက ပြောဆိုလိုက်၏။

"သူ့ရဲ့ခန္ဓာကိုယ်အနေအထားနဲ့ဆိုရင် ကျွန်တော်ရဲ့ခွန်အား နည်းနည်းပဲအသုံးပြုရင်တောင် သူ သေသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်"

လျှန်ဖေးက လုယွီကိုတစ်ချက်ကြည့်ပြီး မောက်မာစွာပြောဆိုလေသည်။

"မင်းရဲ့အင်အားအကုန်အစင်ကိုအသုံးပြုပြီး ငါ့ကိုတိုက်ခိုက်ဖို့ကြိုးစား ..မင်းရဲ့ခွန်အား ဘယ်လောက်ထိရှိလဲဆိုတာ ငါ ကြည့်ကြည့်တာပေါ့"

လုယွီက လျှန်ဖေးကို စောင်းငဲ့ကြည့်လိုက်ရာ အစောပိုင်းဥာဏ်အလင်းပွင့်နယ်ပယ်ကျင့်ကြံသူဖြစ်ကြောင်းကို တွေ့မြင်မိသည်။ထိုကဲ့သို့ခွန်အားမျိုးသည် ပြင်ပလောက၌ ထိပ်တန်းအဆင့်ဟုဆိုနိုင်သော်လည်း လုယွီ၏ရှေ့တွင်မူ အရာမဝင်ချေ။

"မင်း အလေးအနက်ထားပြီးတိုက်ခိုက်ရင် ပိုကောင်းလိမ့်မယ်"

လုယွီက သူ၏လက်ဝါးအတွင်း၌ ဓားချီအနည်းငယ်ကို တဖြည်းဖြည်းသိပ်သည်းလိုက်သည်။

လျှန်ဖေးက ရယ်မောနေပေ၏။

"စိတ်အေးအေးထားစမ်းပါ...တကယ်လို့ မင်း အကောင်းဆုံးကြိုးစားရင်တောင် ငါ့ကိုနာကျင်အောင်လုပ်နိုင်မှာမဟုတ်ဘူး"

"ကောင်းပြီလေ...ဒါဆိုလည်း မင်း ခုခံကာကွယ်ပေတော့"

စကားဆုံးသည်နှင့် လုယွီ၏လက်ဖဝါးအတွင်းမှ ဓားချီသည် တဟုန်ထိုးပွင့်အံထွက်လာတော့သည်။

Chapter 835

"မင်း ဘာလို့ ပေါက်ကရစကားတွေ အများကြီးပြောနေတာလဲ...တိုက်မှာသာတိုက်စမ်းပါ"

လျှန်ဖေးက စိတ်မရှည်စွာ ပြောဆိုလေသည်။

လုယွီက ခေါင်းညိတ်ပြပြီး လျှန်ဖေးထံ လက်ညှိုးညွှန်လိုက်၏။ရုတ်ချည်းဆိုသလိုပင် တစ်မီတာကျော်ရှည်လျှားသော ဓားချီတစ်လှိုင်းက သူ၏လက်ချောင်းထိပ်မှ တရှိန်ထိုးပြေးထွက်သွားသည်။

ဤလှုပ်ရှားမှုသည် လူတိုင်း၏ထင်မြင်ယူဆချက်ထက်ကျော်လွန်နေပြီး လျှန်ဖေးပင်လျှင် လုယွီထံမှ ဤကဲ့သို့ပြင်းထန်သောစွမ်းအားလှိုင်း ထွက်ပေါ်လာမည်ဟု မျှော်လင့်မထားမိချေ။

လျှန်ဖေးက ထိတ်လန့်ကြောက်ရွံစွာ ခုခံကာကွယ်လိုက်သည်။

လုယွီ၏ဓားချီလှိုင်းသည် လျှန်ဖေး၏မှော်စွမ်းအင်အကာအကွယ်ကို ထွင်းဖောက်သွားပြီး သူ့အား နောက်သို့ လွင့်ထွက်သွားစေသည်။

ဘုန်း...လျှန်ဖေးသည် အရှိန်ပြင်းပြင်းလွင့်ထွက်သွားပြီး ခန်းမ၏ပြင်ပသို့ ကျရောက်သွားပေ၏။သူ ဝတ်ဆင်ထားသော သံချပ်ကာအင်္ကျီပင်လျှင် ထိုဓားချီကြောင့် ကျိုးပဲ့ပျက်စီးသွားသည်။

"မင်း ဘယ်လိုမှော်နည်းစနစ်ကို အသုံးပြုတာလဲ"

လျှန်ဖေးက လဲကျနေရာမှ ခုန်ထပြီး သူ၏မျက်နှာတစ်ခုလုံး အနီရောင်သို့ ပြောင်းလဲနေပေ၏။သူက လုယွီ၏လှုပ်ရှားမှုကိုပင် သဲသဲကွဲကွဲ မမြင်လိုက်ရချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုလေသည်။

"ဒါက လက်ရည်စမ်းပွဲမလို့သာ...မင်း အသက်ရှင်ရက်ရှိနေတာ...ထပ်ပြီး မတိုက်ခိုက်နဲ့တော့...မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

အစောပိုင်းက တိုက်ခိုက်မှုတွင် လုယွီသည် သူ့ခွန်အား၏ဆယ်ပုံတစ်ပုံကိုပင် ထည့်သွင်းအသုံးပြုထားခြင်းမရှိပေ။သူ၏လက်ချောင်းတစ်ချက် လှုပ်ခတ်လိုက်ရုံဖြင့် လျှန်ဖေး လွင့်ထွက်သွားခြင်းပင်။

"ဟမ့်...ငါ ဘာမှမပြင်ဆင်ရသေးချိန်မှာ မင်းက အလစ်ဖမ်းပြီး တိုက်ခိုက်တာကိုး"

လျှန်ဖေးက ခနဲ့တဲ့တဲ့ပြောဆိုပြီးနောက် သူ၏လက်သီးများကို ကြမ်းကြုတ်ရက်စက်သောမှော်သားရဲတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းလိုက်သည်။

သူ၏လက်သီးချက်တွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပါ ရောယှက်ပါဝင်နေပြီး လွန်စွာအားကောင်းပေ၏။

လုယွီက လှုပ်ရှားခြင်းမရှိချေ။သူက လျှန်ဖေးရှိနေရာဘက်သို့ လက်ဝါးတစ်ချက်ကိုသာ သာမာန်ကာလျှံကာ ရိုက်ထုတ်လိုက်သည်။

ဘုန်း ...

တူညီသောလမ်းစဥ်အတိုင်းပင် လျှန်ဖေးသည် လုယွီ၏အနီးသို့ပင် ရောက်ရှိလာနိုင်ခြင်းမရှိဘဲ ထပ်မံ၍လွင့်ထွက်သွားပြန်၏။

ဤတစ်ကြိမ်တွင် လျှန်ဖေးသည် မြေပြင်နှင့်အပြင်းအထန်ရိုက်ခတ်မိပြီး ပြန်၍ပင်မထနိုင်တော့ချေ။

တတိယမင်းသား၏မျက်လုံးတစ်စုံက လင်းလက်တောက်ပသွားသည်။

"မင်းက တကယ့်ကိုပဲ မြေအောက်လောကလား"

လုယွီက အမှုမထားသောလေသံဖြင့် ပြောဆိုလေ၏။

"လျှို့ဝှက်နဂါးစာရင်းမှာ မြေအောက်လောကဆိုတဲ့ နာမည်တူမရှိရင်တော့ အဲ့ဒါက ငါပဲ"

စကားအရပြောရလျှင် လျှန်ဖေးသည် အားနည်းသူမဟုတ်ချေ။ကံအကြောင်းမလှစွာဖြင့် သူ လုယွီကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသဖြင့် သူ ကံမကောင်းဟုသာဆိုနိုင်သည်။

"ကျွန်တော် ဒါကို လက်မခံနိုင်ဘူး...အရှင့်သား...ကျွန်တော်ကို သူနဲ့ ထပ်ပြီးတိုက်ခိုက်ခွင့်ပြုပါ"

လျှန်ဖေးက မတ်တတ်ထရပ်ပြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏အရှင်သခင်ရှေ့တွင် လုယွီအား ရှုံးနိမ့်ခဲ့ရသည်ဖြစ်ရာ သူ့အား မျက်နှာပျက်စေသည်။

"မရိုင်းပျစမ်းနဲ့"

တတိယမင်းသားက လုယွီဘက်သို့လှည့်၍ ဂါရဝပြုပြီး ပြောဆိုလိုက်၏။

"ဒါဆိုရင် စီနီယာက ကောင်းကင်နန်းတော်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ စီနီယာမြေအောက်လောကပေါ့....ကျွန်တော် မလေးမစားဆက်ဆံခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်"

လုယွီနှင့်တတိယမင်းသားသည် မျိုးဆက်တူလူငယ်များဖြစ်သည်။တတိယမင်းသားကပင် လုယွီထက်ပို၍ အသက်ကြီးနေနိုင်သည်။

သို့ရာတွင် တတိယမင်းသားသည် ယဥ်ကျေးသိမ်မွေ့ပြီး တော်ဝင်မိသားစု၏အပြုအမူကို ပိုင်ဆိုင်ထားသည်။သူက ဧကရာဇ်မင်းတစ်ယောက်၏အပြုအမူမျိုး ရှိနေပေ၏။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေသည်။

"ငါ ဒီနေရာကိုလာခဲ့တာ အရှင့်သားကို ကူညီပေးးဖို့ပဲ...အမှန်တော့ ငါ အရှင့်သားကို တောင်းဆိုစရာတစ်ခုလည်းရှိနေတယ်....အရှင့်သားက ငါ့ကို အရမ်းကြီး ယဥ်ယဥ်ကျေးကျေးဆက်ဆံနေစရာ မလိုပါဘူး"

"ဒါက အမှန်ပဲ...အကိုတော်က သူ့ကိုအရမ်းကြီး ယဥ်ကျေးပြနေစရာ မလိုပါဘူး...ကျွန်မက သူ့ကို စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းပေးမယ်လို့ ကတိပေးထားပြီးပြီ"

မင်းသမီးလော့ချီးက ခေါင်းညိတ်ပြီး လုယွီ၏စကားကို ထောက်ခံနေပေသည်။

စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းဟု ဆိုသလော။

တတိယမင်းသားက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။မြေအောက်လောကကဲ့သို့ ထိပ်သီးကျင့်ကြံသူတစ်ယောက်အတွက် စိတ်ဝိညာဥ်ကျောက်တုံးတစ်သန်းသည် အသေးအဖွဲသာဖြစ်ပေ၏။

လုယွီက ပြောဆိုလေသည်။

"လိုရင်းကိုပြောရရင်...ငါ့တို့လင်ရှောင်းဂိုဏ်းကို ကောင်းကင်ဘုံနယ်မြေက အစွမ်းထက်ပုဂ္ဂိုလ်က ငါ့အတွက်နဲ့တိုက်ခိုက်ခဲ့တာကို အရှင့်သား ကြားပြီးဖြစ်မှာပါ"

တတိယမင်းသားက ခေါင်းညိမ့်လိုက်၏။သူသည် ကောင်းကင်နန်းတော်ပြိုင်ပွဲသို့ သွားရောက်ခြင်းမရှိသော်လည်း လုယွီပြောသောကိစ္စကို သူ ကြားသိပြီးဖြစ်သည်။

လုယွီက ဆက်လက်၍ ပြောဆိုလေသည်။

"အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်က ခုချိန်ထိလက်မလျှော့သေးဘူး...ငါက လင်ရှောင်းဂိုဏ်းကို အရှုပ်အထွေးတွေကြားထဲ မပါဝင်စေချင်ဘူး...ဒါကြောင့် ငါ ဂိုဏ်းကနေထွက်ခွါခဲ့တာ"

"မိုးကောင်းကင်နဂါးတိုင်းပြည်မှာ နဂါးကိုးကောင်စုစည်းတဲ့နေရာရှိတယ်လို့ ငါ ကြားထားတယ်...အဲ့ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ ထူထပ်သိပ်သည်းပြီး တော်ဝင်မိသားစုတွေပဲဝင်ရောက်နိုင်တာလို့ ဆိုကြတယ်...ငါက အဲ့ဒီနေရာကိုဝင်ပြီး ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ချင်တယ်"

ဤှသည်က လုယွီ အမှတ်တမဲ့ ရှာတွေ့ခဲ့သောကိစ္စဖြစ်ပြီး အတုအယောင်အကြောင်းပြချက်ပင်။

တတိယမင်းသားက ရယ်မောလိုက်၏။

"တကယ်လို့ စီနီယာကသာ ကျွန်တော်ကိုကူညီမယ်ဆိုရင်....အဲ့ဒီနေရာကိုဝင်ရောက်ခွင့် ရစေရမယ်"

သူက လုယွီကိုကြည့်ပြီး ဆက်လက်ပြောဆိုလေသည်။

"စီနီယာ...ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အိမ်တော်မှာ အရင်ဆုံးအနားယူလိုက်ပါအုံး...လင်ရှောင်းဂိုဏ်းရဲ့ထောက်ပံမှုမရှိတော့ စီနီယာမှာ စိတ်ဝိညာဥ်ကျောက်တုံးတွေ ပြတ်လပ်နေမှာသေချာတယ်....ကျွန်တော်က စီနီယာ ကျင့်ကြံဖို့အတွက် စိတ်ဝိညာဥ်ကျောက်တုံးတွေ အလုံအလောက်ထောက်ပံပေးပါ့မယ်"

All Chapters