အခန်း (၈၆၁-၈၆၅)
Vol. 46 Ch. 861-865
Chapter 861
အလယ်ပိုင်းကုန်းမြေ၏မြောက်ဘက်ဒေသကို ကာကွယ်တားဆီးထားသော တောင်တန်းများအကြား၌....
ဤနေရာရှိ တောင်တန်းပရဝုဒ်သည် အလွန်ဆိတ်ငြိမ်ပြီး လူသူကင်းမဲ့ကာ မိုးထိလုမတက်မြင့်မားသော သစ်ပင်ကြီးများနှင့် ပြည့်နှက်နေသည်။
ဤနေရာပတ်ဝန်းကျင်တွင် သေမျိုးမြို့အနည်းစုသာရှိသည်။မြို့များအတွင်း၌နေထိုင်သော မုဆိုးအနည်းစုနှင့် သူတို့၏မျိုးဆက်များမှလွဲ၍ ဤနေရာ၌ မည်သည့်သက်ဝင်လှုပ်ရှားမှုမျှမရှိချေ။
ဝှီး...
ပြင်းထန်သောလေပြင်းတစ်ချက်က တောင်တန်းများ၏အပေါ်မှ ဖြတ်ကျော်၍တိုက်ခတ်သွားသည်။
လုယွီ၏ပုံရိပ်က တောင်တန်းများ၏အထက်လေထုအတွင်း၌ ထွက်ပေါ်လာပေ၏။သူ၏လက်ချောင်းတစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး တောင်တစ်လုံးကွဲအက်ကာ လှိုဏ်ဂူအသွင်ဖြစ်သွားသည်။
"ဒီနေရာက ဝေးလံခေါင်သီတဲ့ နေရာပဲ...လုံဝူကျီး ငါ့ကို ဖမ်းမမိနိုင်တော့ဘူး"
လုယွီက သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်လှည့်ပတ်နေသော မှော်စွမ်းအားများကို တည်ငြိမ်စေရန် ပြန်လည်ထိန်းညှိလိုက်၏။
မိုးကောင်းကင်နဂါးဧကရာဇ်၏လိုက်လံဖမ်းဆီးခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှါ လုယွီသည် မိုင်ပေါင်းတစ်သောင်းကျော် အဝေးသို့ပို့ဆောင်ပေးနိုင်သော ကူးပြောင်းရေးဝင်္ကပါကို ခင်းကျင်းခဲ့သည်။
ဤနေရာသည် အလယ်ပိုင်းကုန်းမြေ၏ မြောက်ဘက်အစွန်အဖျားဒေသဖြစ်ပေ၏။ဤနေရာအနီးအနား၌ မည်သည့်ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းမျှ မရှိချေ။ကျင့်ကြံသူများသည်လည်း ဝေးလံခေါင်သီသောနေရာသို့လာရန် စိတ်ဝင်စားမည်မဟုတ်ချေ။
လုယွီက စိတ်ဝိညာဥ်အမျှင်တစ်မျှင်ဖြင့် ကောင်းကင်ဘုံဧကရာဇ်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး လှိုဏ်ဂူအတွင်းသို့ ဖြည်းဖြည်းချင်းဝင်လိုက်၏။ဤှသည်က ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်၏စိတ်ဝိညာဥ်ကိုဝါးမြိုထားသော လုယွီမှလွဲ၍ တခြားမည်သူမျှ မထိန်းချုပ်နိုင်ချေ။
သို့ရာတွင် လုယွီလည်း တန်ကြေးပေးဆပ်ရသည်။ကောင်းကင်ဘုံဧကရာဇ်၏ခန္ဓာကိုယ်ကို အချိန်တခဏကြာထိန်းချုပ်ပြီးနောက် လုယွီ၏ခန္ဓာကိုယ်မှ မှော်စွမ်းအင်အများအပြား ကုန်ဆုံးခဲ့ရသည်။
"ငါ့ရဲ့လက်ရှိစွမ်းအားနဲ့ဆိုရင်...ဒီရုပ်အလောင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ အရမ်းခက်ခဲတယ်"
"တကယ်လို့ငါသာ စိတ်ဝိညာဥ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်မယ်ဆိုရင်...ငါ့ရဲ့စိတ်ဝိညာဥ်ကို ခွဲထုတ်ပြီး ကိုယ်ပွါးထဲကိုထည့်သွင်းအသုံးပြုနိုင်မယ်....ငါက ကောင်းကင်နဲ့မြေပြင်မှာရှိတဲ့ ရတနာတွေနဲ့ ငါ့ရဲ့ကိုယ်ပွါးကိုဖန်တီးမယ်လို့ တွေးတောထားခဲ့တာ...ဒါပေမယ့် အခုတော့ ငါ စိုးရိမ်စရာမလိုတော့ဘူး....ဒီရုပ်အလောင်းထက် ပိုသင့်တော်တဲ့ရတနာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ"
လုယွီ၏အကြည့်က ကောင်းကင်ဘုံဧကရာဇ်၏ရုပ်အလောင်းထံတွင် မြဲမြံစွာကျရောက်နေသည်။
ဤှရုပ်အလောင်းသည် ကောင်းကင်ဘုံနယ်မြေကို အုပ်စိုးသူ၏ရုပ်အလောင်းပင်။အကယ်၍ လုယွီကသာ ဤရုပ်အလောင်းကိုသန့်စင်ပြီး သူ၏ကိုယ်ပွါးအဖြစ်အသုံးပြုနိုင်ပါက နောင်တစ်ချိန်၌ သူ၏ကျင့်ကြံဆင့်သည် အတိတ်ဘဝထက် လျော့နည်းမည်မဟုတ်ချေ။
မှော်မန္တန်တချို့ ကျရောက်လာပြီးနောက် လုယွီဖန်တီးခဲ့သော လှိုဏ်ဂူကြီးသည် သာမာန်တောင်တစ်လုံးနှင့် ကွာခြားခြင်းမရှိတော့ချေ။
"အခုချိန်မှာ ငါရဲ့သရုပ်မှန်ပေါ်သွားပြီ....လုံဝူကျီးက လင်ရှောင်းဂိုဏ်းရဲ့အနီးအနားမှာ ငါ့ကိုချောင်းမြောင်းနေမှာပဲ...ဒါပေမယ့် ငါက ဝင်္ကပါပညာရှင်တစ်ယောက်ဆိုတာ သူ မသိဘူး"
လုယွီက ညည်းညူပြီး သူ၏မှော်စွမ်းအင်အနည်းငယ် ပြန်လည်ရရှိသည်နှင့် ကူးပြောင်းရေးဝင်္ကပါတစ်ခုကို ခင်းကျင်းလိုက်၏။
ထို့နောက် သူက ခြေတစ်လှမ်းရှေ့တိုးပြီး ကူးပြောင်းရေးဝင်္ကပါအတွင်းသို့ ဝင်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက ကြယ်တာရာတောင်ထိပ်၏အဝင်ဝသို့ ရောက်ရှိသွားသည်။
"ဘယ်သူလဲ"
ကြယ်တာရာတောင်ထပ်မှတပည့်များသည် လုယွီရောက်ရှိလာခြင်းကိုမြင်ချိန်တွင် ဒေါသတကြီး အော်ငေါက်လိုက်၏။
သို့ရာတွင် သူတို့က လုယွီ၏မျက်နှာကိုမြင်ချိန်တွင် အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် သူတို့၏မျက်နှာအမူအယာများက မျက်နှာချိုသွေးသော အမူအယာသို့ ပြောင်းလဲသွားသည်။
"စီနီယာလု...ရောက်လာပြီလား"
တပည့်များက ဦးညွှတ်၍ အရိုအသေပြုလိုက်ကြ၏။
လုယွီက ခေါင်းညိမ့်ပြပြီး ကြယ်တာရာတောင်ထိပ်သို့ တက်သွားသည်။
အကြီးအကဲရှင်းနှင့်နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်တို့သည် ခန်းမအတွင်း၌ ရှိမနေပေ။လုယွီက ကျီးချန်ယွီ၏အရှိန်အဝါနောက်သို့လိုက်၍ ခန်းမနံဘေးရှိ အခန်းတစ်ခုအတွင်းသို့ ဝင်သွားလိုက်၏။
အခန်းအတွင်းရှိခုတင်ပေါ်၌ ကျီးချန်ယွီက လဲလျောင်းနေပြီး သူမ၏မျက်နှာက ဖြူရော်နေသည်။
သူမ၏တင့်တယ်လှပသော ခန္ဓာကိုယ်ပေါ်တွင် ရေခဲစအချို့ ကပ်ညိနေဆဲပင်။ပတ်ဝန်းကျင်တွင်မူ အပူချိန်က လွန်စွာမြင့်မားနေသည်။ကြည့်ရသည်မှာ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်သည် ကျီးချန်ယွီ၏ခန္ဓာကိုယ်မှ ယင်ချီအအေးဓာတ်များကို ဖိနှိပ်နိုင်ရန် ဝင်္ကပါခင်းကျင်းထားပုံရသည်။
"ချန်ယွီ...မင်း မကြာခင်ပြန်ကောင်းလာမှာပါ"
လုယွီက တီးတိုးရေရွတ်ပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ် တစိတ်တဒေသကို သူ၏သိုလှောင်အိတ်အတွင်းရှိကမ္ဘာငယ်လေးမှ ထုတ်ယူလိုက်သည်။
ကျီးချန်ယွီ၏စိတ်ဝိညာဥ်ပေါ်၌ သံကြိုးရှည်ကြီးများ ရှိနေဆဲပင်။လုယွီက ထိုသံကြိုးများကို ဆွဲဖြတ်လိုက်၏။
ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်ပေါက်ကွဲစဥ်တွင် အအေးဓာတ်များက ထိုသူ၏ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက်ဝင်သွားပြီး သေသည်အထိဖြစ်စေသည်။
သို့ရာတွင် လုယွီက ငရဲဥပဒေသကိုမောင်းထုတ်ပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို သူမ၏ခန္ဓာကိုယ်အတွင်း၌ ထိန်းသိမ်းထားခဲ့သည်။
"သရဲတစ္ဆေတို့ရဲ့လမ်းကြောင်း...ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကို ထိန်းချုပ်သူ...မြေအောက်လောကရဲ့အုပ်ချုပ်သူ...မြေအောက်လောကတာအိုသခင်ရဲ့အမိန့်တော်..."
လုယွီက မန္တန်တစ်ပုဒ်ကိုရေရွတ်ပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်၏။
ဤအချိန်တွင် လုယွီက ကျီးချန်ယွီကို ကုသရန်ကိုသာ အာရုံအပြည့်အဝစူးစိုက်ထားသည်။ပြင်ပ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ မတွေးတောတော့ချေ။
Chapter 862
လင်ရှောင်းဂိုဏ်း...
ဤအချိန်တွင် အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးနံပါတ်တစ်ဂိုဏ်းကြီးမှ အကာအကွယ်ဝင်္ကပါများအားလုံးကို အသက်သွင်းထားသည်။မဟာရန်သူတော်ကြီးနှင့်ရင်ဆိုင်ရတော့မည်ကဲ့သို့ ကျင့်ကြံသူများကလည်း တောင်ထိပ်များ၏နေရာတိုင်းလိုလို၌ မတ်တတ်ရပ်နေသည်။
အကြီးအကဲရှင်း နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နှင့် တခြားအကြီးအကဲများသည် မဟာအကြီးအကဲငါးယောက်နှင့်အတူ ဤနေရာ၌ရှိနေကြသည်။
ထိုမဟာအကြီးအကဲများအားလုံးသည် သိုင်းသူတော်စင်အဆင့်ကျင့်ကြံသူများဖြစ်ပေ၏။သူတို့၏အရှိန်အဝါများသည် ပတ်ဝန်းကျင်အဘက်ဘက်သို့ပျံ့နှံ့နေသည်။
ယခင်က ဤကဲ့သို့တိုက်ပွဲကြီးမျိုး ဘယ်သောအခါမှ မဖြစ်ခဲ့ဖူးချေ။
လင်ရှောင်းမြို့အတွင်းမှလူများထံမှ ပြောဆိုဆွေးနွေးနေသံများကလည်း ထွက်ပေါ်လာသည်။
"လင်ရှောင်းဂိုဏ်းမှာ ဘာများဖြစ်နေပါလိမ့်"
"ဘယ်သူကများ လင်ရှောင်းဂိုဏ်းကို ရန်သွားစပါလိမ့်...အဲ့ဒီကောင်တော့ သေချင်နေတာပဲဖြစ်မယ်"
"ဟား ဟား ဟား...အလယ်ပိုင်းကုန်းမြေမှာ သိုသိုသိပ်သိပ်နေတဲ့ ထိပ်သီးကျင့်ကြံသူတွေအများကြီးရှိတယ်...လင်ရှောင်းဂိုဏ်းက သူတို့ထဲကတစ်ယောက်ကို ပြစ်မှားမိတာလားမှမသိတာ"
လူထုကြီး၏ပြောဆိုဆွေးနွေးမှု အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိစဥ်မှာပင် အနက်ရောင်စုပ်ဝဲတစ်ခုက လင်ရှောင်းဂိုဏ်း၏အထက်ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။
"အဲဒါက ဘာကြီးလဲ"
ကျင့်ကြံသူတချို့သည် သိချင်စိတ်ပြင်းပြစွာဖြင့် ထိုစုပ်ဝဲကြီးထံသို့ ပျံဝဲ၍သွားကြည့်ရန် ကြံရွယ်လိုက်ကြသည်။
သို့ရာတွင် သူတို့ အနက်ရောင်စုပ်ဝဲထံသို့မရောက်မီအချိန်မှာပင် ၎င်းအတွင်းမှ ပြင်းထန်သောအားလှိုင်းတစ်ရပ်ထွက်ပေါ်လာမှုကြောင့် သူတို့အားလုံးလွင့်စင်ကျလာပြီး သွေးများအန်ထုတ်လိုက်ရ၏။
လင်ရှောင်းမြို့၏အထက်ကောင်းကင်ယံသည် မူလက ကြည်လင်နေသော်လည်း အနက်ရောင်စုပ်ဝဲကြီးထွက်ပေါ်လာမှုကြောင့် အလွန်အမင်းမှောင်မည်းသွားသည်။
လေစိမ်းများတိုက်ခတ်လာပြီးနောက် ကျင့်ကြံဆင့်နိမ့်ပါးသူတချို့ လွင့်စင်ထွက်သွားကြ၏။
အနက်ရောင်စုပ်ဝဲအတွင်းမှနေ၍ နဂါးဝတ်ရုံဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ထွက်လာသည်။ဤအချိန်တွင် သူက ရူးသွပ်နေပုံ မပေါတ်တော့ချေ။သူက နဂါးဝတ်ရုံအသစ်ကိုဝတ်ဆင်ထားပြီး တော်ဝင်ဆန်သောအငွေ့အသက်များ ထုတ်လွှက်ထားသည်။
"လင်ရှောင်းဂိုဏ်း...မြေအောက်လောကကို လက်လွှဲပေးစမ်း"
လုံဝူကျီးက စုပ်ဝဲအတွင်းမှထွက်ပေါ်လာသည်နှင့် လင်ရှောင်းဂိုဏ်းဘက်သို့လှည့်၍ အော်ဟစ်ပြောဆိုလိုက်သည်။
ထိုအသံသည် လင်ရှောင်းမြို့တစ်မြို့လုံးအနှံ့ အဆက်မပြတ်ပဲ့တင်ထပ်နေပေ၏။
"ဒါက မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ဧကရာဇ်မင်းမဟုတ်လား"
"ဒဏ္ဍာရီတွေအရဆိုရင်...သိုင်းသူတော်စင်အဆင့်ထိပ်သီးကျင့်ကြံသူတွေတောင် သူ့ကိုမယှဥ်ပြိုင်နိုင်ဘူးဆိုပဲ"
"ကျွတ်...ကျွတ်...မြေအောက်လောကဆိုတာက လျို့ဝှက်နဂါးစာရင်းရဲ့နံပါတ်တစ်နေရာကသူမလား...သူက လူငယ်ပါရမီရှင်နှစ်ယောက်ကိုတောင် အနိုင်ယူနိုင်ခဲ့တာ...ဘယ်လိုလုပ်ပြီး ဒီလိုပုဂ္ဂိုလ်မျိုးကို အပြစ်ကျူးလွန်ထားပါလိမ့်"
မြောက်များစွာသောလူများ၏အကြည့်များအောက်တွင် လုံဝူကျီးသည် လင်ရှောင်းဂိုဏ်းအဝင်ဝသို့ ရောက်ရှိလာသည်။
ဝုန်း...
လင်ရှောင်းဂိုဏ်း၏အကာအကွယ်ဝင်္ကပါကြီး အပြင်းအထန်လှုပ်ခါသွားသည်။
"လုံဝူကျီး....ဒီနေရာက လင်ရှောင်းဂိုဏ်းနော်...မင်းရဲ့မိုးကောင်းကင်နဂါးတိုင်းပြည်မဟုတ်ဘူး...မင်း ရိုင်းရိုင်းစိုင်းစိုင်းပြုမူနေစရာ အကြောင်းမရှိဘူး...ပြန်သွားစမ်း"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်၏မျက်နှာသည် အမျက်ဒေါသထွက်နေမှုကြောင့် နီမြန်းနေပြီး သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာသည်။
တစ်ချိန်တည်းမှာပင် မဟာအကြီးအကဲငါးယောက်ကလည်း တပြိုင်နက်တည်း ခြေတစ်လှမ်းရှေ့တက်လိုက်ကြ၏။ဤအချိန်တခဏတွင် သိုင်းသူတော်စင်ကျင့်ကြံသူခြောက်ယောက်၏အရှိန်အဝါများ ထွက်ပေါ်လာသည်။
လုံဝူကျီးက လင်ရှောင်းဂိုဏ်းခေါင်းဆောင်အား ခြေဆုံးခေါင်းဆုံးကြည့်လိုက်၏။
"မင်းက ခုလက်ရှိ လင်ရှောင်းဂိုဏ်းခေါင်းဆောင်လား..ဟား ဟား ဟား...အဖိုးကြီးလီသောက်ရီက အရည်အချင်းနိမ့်ပါးတဲ့ ဆက်ခံသူကို ရွေးချယ်ထားတာပဲ...ဟိုကောင်လေး အသုံးပြုတာ မင်းပေးလိုက်တဲ့ အဆောင်လက်ဖွဲ့မဟုတ်လား...ငါ့ရဲ့လက်သီးထိုးနှက်ချက်တစ်ချက်ကိုတောင် မခံနိုင်ဘူး"
လုံဝူကျီးက လင်ရှောင်းဂိုဏ်းမှကျင့်ကြံသူများကို အထင်အမြင်သေးစွာဖြင့် စောင်းငဲ့၍ကြည့်လိုက်သည်။
"မင်းတို့က ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...မြေအောက်လောကကိုလက်လွှဲပေးစမ်း...မဟုတ်လို့ကတော့ ငါက မင်းတို့လင်ရှောင်းဂိုဏ်းကို ဖျက်ဆီးပစ်မယ်"
ထိုအချိန်မှာပင် လင်ရှောင်းဂိုဏ်း၏တောင်များအကြား နက်ရှိုင်းသောနေရာတစ်နေရာမှနေ၍ ရှည်လျားသောအော်ဟစ်မြည်တမ်းသံကြီး ထွက်ပေါ်လာပေ၏။
ကြီးမားသောချီလင်တစ်ကောင်သည် တောင်များကြားမှ ခုန်တက်လာပြီး လုံဝူကျီးဘက်သို့လှည့်၍ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
"လုံဝူကျီး..တကယ်လို့ မင်း လင်ရှောင်းဂိုဏ်းထဲကို ခြေချဝံ့တာနဲ့...ငါ မင်းရဲ့မိုးကောင်းကင်နဂါးတိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်...မင်းက ကောင်းကင်ဘုံနယ်မြေကိုတက်လှမ်းဖို့ ကြိုးစားနေတယ်လို့ ငါ ကြားထားတယ်...ကောင်းကင်ဘုံလမ်းကြောင်းမပွင့်ခင် မင်းနဲ့ငါနဲ့ တိုက်ခိုက်ချင်နေတာလား"
ချီလင်၏ပါးစပ်မှနေ၍ တိုးညှင်းပြီးအက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
လင်ရှောင်းဂိုဏ်းခေါင်းဆောင်နှင့်တခြားအကြီးအကဲများက အလျင်စလို ပြောဆိုလိုက်ကြသည်။
"ဆရာသခင်"
လုံဝူကျီး၏မျက်လုံးများ အေးစက်သွားသည်။
"လီသောက်ရီ...မင်းက ငါနဲ့တွေ့ဖို့ မှော်သားရဲတစ်ကောင် ပို့လိုက်တယ်ပေါ့...ငါ မင်းရဲ့လင်ရှောင်းဂိုဏ်းကို အမှန်တကယ်ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ မင်း မယုံဘူးလား"
ချီလင်က ပြောဆိုလိုက်၏။
"မင်း ကြိုးစားကြည့်နိုင်တယ်"
လုံဝူကျီး၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထွက်ပေါ်လာသည်။သူကဟအချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးမှပြောဆိုလေသည်။
"မင်း အဲ့ဒီကောင်လေးကို တသက်လုံးမကာကွယ်နိုင်ပါဘူး"
Chapter 863
ချီလင်က မောက်မာစွာပြောဆိုလိုက်၏။
"သူက ငါ့ရဲ့လင်ရှောင်းဂိုဏ်းထဲမှာ ရှိနေသမျှတော့...မင်း သူကိုထိပါးဖို့မကြိုးစားနဲ့"
လုံဝူကျီးက အော်ဟစ်ကြုံးဝါးလေသည်။
"ငါက မင်းကို ဂရုစိုက်နေရမှာလား...ဒီနေ့ အဲ့ဒီကောင်စုတ်လေးကို မင်း ငါ့ဆီလက်လွှဲပေးကိုပေးရမယ်"
သူက ချီလင်ထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။လုံဝူကျီး၏လက်လှုပ်ရှားလိုက်သော အချိန်တခဏတွင် သူ၏လက်ဖဝါးကြီးသည် ပေတစ်သောင်းခန့်ကြီးမားသွားပြီး လေးလံသောဖိအားလှိုင်းတစ်ရပ်က တောင်ကြီးတစ်လုံးကဲ့သို့ ကျဆင်းလာသည်။
"မင်း လုပ်ရဲလား"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်နှင့်အကြီးအကဲများက လုံဝူကျီး၏လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ဟန့်တားလိုက်ကြ၏။
အလင်းရောင်တန်းခြောက်တန်းသည် ကောင်းကင်ယံတိုင်ထိုးတက်သွားပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကောင်းကင်ယံမှကျဆင်းလာသော လက်ဝါးရိုက်ချက်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ပြင်းထန်သောအင်အားလှိုင်းနှစ်ရပ် ဖီလာဆန့်ကျင်ထိတွေ့မှုကြောင့် ကျယ်လောင်သောမြည်ဟီးသံကြီးက အဘက်ဘက်သို့ပျံ့နှံ့သွားပေ၏။ပတ်ဝန်းကျင်ရှိရာသီဥတုအခြေအနေပင် ပြောင်းလဲသွားပြီး အလွန်အမင်းမှုန်မှိုင်းနေသည်။
"ဖူး...."
လင်ရှောင်းဂိုဏ်းခေါင်းဆောင်နှင့်အကြီးအကဲများသည် ပြင်းထန်သောဖိအားလှိုင်းအောက်တွင် ဒဏ်ရါရရှိသွားပြီး သွေးများအန်ထုတ်နေရ၏။
သိုင်းသူတော်စင်အဆင့်နှင့် လေလွင့်အင်မော်တယ်အဆင့်သည် ခြေတစ်လှမ်းစာသာ ကွာဟသော်လည်း အင်အားခြင်းမှာအလွန်အမင်းကွဲပြားခြားနားသည်။
နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နှင့်အကြီးအကဲရှင်းတို့သည် အလျင်စလို လှုပ်ရှားလိုက်ကြ၏။သူတို့နှစ်ယောက်လုံးသည် ဝင်္ကပါပညာရှင်များဖြစ်သဖြင့် မြောက်များစွာသော သတ်ဖြတ်ခြင်းဝင်္ကပါများကိုထိန်းချုပ်ကာ လုံဝူကျီးကို လှောင်ပိတ်နိုင်ရန် ကြိုးပမ်းနေကြသည်။
သို့ရာတွင် ထိုဝင်္ကပါများသည် အသက်ရှုချိန်အနည်းငယ်သာ တောင့်ခံနိုင်သည်။လုံဝူကျီး၏အင်္ကျီလက် ခါယမ်းလိုက်မှုနှင့်အတူ ဓားချီတစ်လှိုင်းက သတ်ဖြတ်ခြင်းဝင်္ကပါများထံ တိုးဝင်သွားသည်။
ထိုဓားချီဖြတ်သန်းသွားသော နေရာတိုင်းရှိ ဧရာမသတ်ဖြတ်ခြင်းဝင်္ကပါများအားလုံး ချက်ချင်းပြိုလဲသွားပေ၏။
အကျိုးဆက်အနေဖြင့် နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်နှင့် အကြီးအကဲရှင်းတို့၏ ပါးစပ်ထောင့်များမှ သွေးများယိုစီးကျလာသည်။သူတို့နှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရါရရှိသွားသည်မှာ သိသာထင်ရှားလှ၏။
ဟင်း.....
ရုတ်တရက် သက်ပြင်းချသံတစ်သံက လင်ရှောင်းဂိုဏ်း၏အဆုံးမရှိသောတောင်တန်းများအကြား နက်ရှိုင်းသောတစ်နေရာမှ ထွက်ပေါ်လာသည်။
ထိုသက်ပြင်းချသံသည် ရှေးဦးအချိန်မှထွက်ပေါ်လာပုံရပြီး ၎င်းအသံနှင့်အတူ လူရိပ်တစ်ရိပ်က လုံဝူကျီး၏ရှေ့သို့ ရောက်ရှိလာပေ၏။
ထိုလူရိပ်က ဆံပင်များမီးခိုးရောင်သန်းနေသော ပိန်ပါးပါးအဖိုးအိုတစ်ယောက်ဖြစ်နေသည်။သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ အရေးအကြောင်းများပြည့်နှက်နေပြီး သူ့ကိုကြည့်ရသည်မှာ အချိန်မရွေးသေဆုံးတော့မည့်ပုံပင်။
အဖိုးအိုကိုကြည့်ရသည်မှာ အလွန်အမင်းအားနည်းနေပုံပေါက်သော်လည်း သူထွက်ပေါ်လာချိန်တွင် လင်ရှောင်းဂိုဏ်းခေါင်းဆောင်နှင့်အကြီးအကဲများအားလုံးက ရိုသေလေးစားစွာ ဂါရဝပြုလိုက်ကြ၏။
သူက လင်ရှောင်းဂိုဏ်း၏နောက်ဆုံးဘိုးဘေး လီသောက်ရီဖြစ်သည်။
"လုံဝူကျီး...ဒီနှစ်တွေအတွင်းမှာ ငါက တံခါးပိတ်ကျင့်ကြံနေတော့...ကြည့်ရတာ အဲ့ဒီနှစ်တုန်းက ကောင်းကင်ဘုံလမ်းကြောင်းပွင့်တဲ့အချိန်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ မင်း မေ့သွားပုံပဲ"
ရှည်လျားသောသက်ပြင်းချသံနှင့်အတူ လီသောက်ရီက သူ၏လက်အတွင်းမှတောင်ဝှေးဖြင့် လုံဝူကျီအား ညွှန်ပြလိုက်သည်။
လီသောက်ရီ၏တောင်ဝှေးညွှန်ရာနောက်မှနေ၍ မီးတောက်များက ကောင်းကင်ယံတခွင်လုံး ပြည့်နှက်သွားပြီး လုံဝူကျီးထံ တိုးဝင်သွားပေ၏။
ကောင်းကင်ယံတခြမ်းလုံးသည် မီးတောက်များကြောင့် နီမြန်းနေသည်။ဂရုတစိုက်ကြည့်ရှုပါက လုံဝူကျီး၏ဓားချီလှိုင်းသည် မီးတောက်များ၏လွှမ်းခြုံခြင်းခံလိုက်ရပြီး မူလက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဆုံးရှုံးသွားခြင်းကို တွေ့မြင်နိုင်သည်။
လုံဝူကျီး၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။
"ဒါက...လောကီအင်မော်တယ်နယ်ပယ်ရဲ့စွမ်းအားပဲ...မင်းရဲ့ကျင့်ကြံဆင့်က တိုးတက်သွားပြီလား"
လီသောက်ရီက အမူအယာကင်းမဲ့စွာ ပြောဆိုလေသည်။
"မင်း ဘယ်လိုထင်လဲ...ဒီနှစ်တွေမှာ မင်းရဲ့ကျင့်ကြံခြင်းကို စွန့်ပစ်ထားပုံရတယ်...နည်းနည်းလေးမှ တိုးတက်မှုမရှိဘူး...အရင်တုန်းကတောင် မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်တာ...အခုချိန်မှာ မင်းက ငါ့ကိုတိုက်ခိုက်နိုင်ဖို့ ပိုဝေးသွားပြီ"
လုံဝူကျီး၏မျက်နှာ ရှုံတွသွားပေ၏။အကယ်၍ သူသာ အင်မော်တယ်၏ရုပ်ခန္ဓာကို အရယူနိုင်ပါက မည်သည်ကြောင့် သူ လီသောက်ရီကို ကြောက်ရွံနေရမည်နည်း။
"လီသောက်ရီ...ဒီကိစ္စကို ငါ မှတ်ထားမယ်"
လုံဝူကျီးက လီသောက်ရီကို စူးစူးဝါးဝါးကြည့်ပြီး နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။
လင်ရှောင်းမြို့အထက်ကောင်းကင်ယံရှိ အနက်ရောင်စုပ်ဝဲကြီး ပျောက်ကွယ်သွားပြီး လုံဝူကျီးနှင့်အတူပါလာသော ပြင်းထန်သောဖိအားလှိုင်းလည်း ပျက်ပြယ်သွားပေ၏။
"လင်ရှောင်းဂိုဏ်းရဲ့ အရင်ဂိုဏ်းခေါင်းဆောင်က အသက်ရှင်နေသေးတာပဲ"
"သူက အရင်မျိုးဆက်ရဲ့ကြီးမားတဲ့ပါရမီရှင်တစ်ယောက်လေ...သူနဲ့မျိုးဆက်တူမှာမွေးလာတဲ့ ဂိုဏ်းအသီးသီးက လူငယ်ပါရမီရှင်တွေဆို သူ့ရှေ့မှာ ခေါင်းကိုမမော့နိုင်ဘူး....သူက ဒီနှစ်တွေအတောအတွင်းမှာ တံခါးပိတ်ကျင့်ကြံနေတော့ အခုသူ့ကိုကြည့်ရတာ ပိုတောင်မှထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေတယ်"
"မိုးကောင်းကင်နဂါးတိုင်းပြည်ရဲ့ဧကရာဇ်မင်းကလည်း လေလွင့်အင်မော်တယ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ...သူ့ရဲ့လှုပ်ရှားမှုတစ်ခုတည်းနဲ့ လင်ရှောင်းဂိုဏ်းကအကြီးအကဲတွေအားလုံးကို ဒဏ်ရါရရှိသွားစေတယ်...သူရဲ့ကျင့်ကြံဆင့်နယ်ပယ်ကလည်း လောကီအင်မော်တယ်အဆင့်နဲ့ နီးကပ်နေမှာ ငါ စိုးရိမ်မိတယ်"
မြောက်မြားစွာသော ပြောဆိုဆွေးနွေးနေသံများက လင်ရှောင်းမြို့အတွင်း ပြည့်နှက်နေပြီး လူများအားလုံးသည် လင်ရှောင်းဂိုဏ်းရှိရာနေရာသို့ အံသြမှင်သက်စွာ ကြည့်ရှုနေကြ၏။
လင်ရှောင်းဂိုဏ်း၏တံခါးမကြီးရှေ့၌...
လီသောက်ရီက အမူအယာကင်းမဲ့စွာ လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။
"ဆရာသခင်...လုံဝူကျီးက ဒီနေရာကို ရောက်လာခဲ့တယ်...ကျွန်တော်တို့ ဘာလုပ်သင့်လဲ......"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ဝေခဲရခက်နေပုံဖြင့် ပြောဆိုလိုက်၏။
လီသောက်ရီက သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
"အဲ့ဒီကလေး ဘာကိစ္စတွေပဲ လုပ်ထားပါစေ...ကိစ္စမရှိဘူး...သူက ငါတို့ရဲ့တပည့်ဖြစ်နေမှတော့...တကယ်လို့ သူ မိုးကောင်းကင်ကြီးကို ဖြိုချလိုက်ရင်တောင်...ငါတို့ သူ့ကို ကာကွယ်ရမယ်"
Chapter 864
ကြယ်တာရာတောင်ထိပ်ခန်းမ...
အေးစက်စက်အရှိန်အဝါက ပတ်ဝန်းကျင်နေရာအနှံ့ ပျံ့နှံ့နေသည်။
ကုတင်တစ်လုံးမှနေ၍ ရေခဲလွှာများကွာကျနေပြီး လေထုသည်လည်း အလွန်အမင်းအေးစက်နေပေ၏။အကယ်၍ နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင်ကသာ ဤနေရာ၌ ဝင်္ကပါတစ်ခုခင်းကျင်းမထားပါက ပတ်ဝန်းကျင်နေရာတစ်ခုလုံး ရေခဲလွှာများ ဖုံးလွှမ်းသွားပေမည်။
"ဘာလို့ ခုချိန်ထိ မနိုးထသေးတာပါလိမ့်"
လုယွီက အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေသည်။သူသည် ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကို သူမ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ထည့်သွင်းပြီးလေပြီ။ဤအချိန်တွင် ကျီးချန်ယွီ၏စိတ်ဝိညာဥ်သည် နဂိုမူလအခြေအနေသို့ အပြည့်အဝပြန်လည်ရောက်ရှိပြီးဖြစ်သည်။
လုယွီက ထိပ်တန်းအဆင့်ဆေးဝါးများကိုအသုံးပြု၍ သူမ၏ဒဏ်ရါများကိုလည်း ကုသပေးပြီးဖြစ်ပေ၏။
သာမာန်အခြေအနေအရဆိုလျှင် ကျီးချန်ယွီ ပြန်လည်နိုးထနေသင့်ပြီ။သို့ရာတွင် ယခုလက်ရှိချိန်၌ ကျီးချန်ယွီ၏ခန္ဓာကိုယ်မှ အအေးဓာတ်များသည် လျော့ပါးသွားမည့် အရိပ်အရောင်မရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပြင်းထန်လာသည်။
"ဒါက ထူးဆန်းနေပြီ"
လုယွီက ညည်းညူလိုက်ရင်းမှ သူ၏လက်ကို ကျီးချန်ယွီ၏နဖူးပေါ်သို့ တင်လိုက်၏။သူ မည်မျှပင်အတွေ့အကြုံကြွယ်ဝနေပါစေ ပြဿနာတိုင်းကို သူ အကြည့်တစ်ချက်ဖြင့် မဆုံးဖြတ်နိုင်ချေ။
ကျီးချန်ယွီ၏စိတ်ဝိညာဥ်အတွင်း၌ တစ်စုံတစ်ယောက်ရှိနေပေ၏။
"မင်း ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး...မင်းက သူ့ကိုပစ်မှတ်ထားရဲမှတော့ မင်း သေကိုသေရမယ်"
လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
အချိန်တခဏအကြာမှာပင် လုယွီက ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်းသို့ ဝင်ရောက်လိုက်၏။
သူ၏ရှေ့၌ ဝိုးတိုးဝါးတားအမှောင်ထုကြီးရှိနေသည်။အမှောင်ထုကြီးကြားမှနေ၍ အလင်းတန်းတချို့ထွက်ပေါ်လာပြီး ကျီးချန်ယွီ၏စိတ်ဝိညာဥ်များက မူလတည်နေရာသို့ ပြန်လည်ရောက်ရှိနေလေပြီ။
လုယွီက သူ ပြန်လည်ထားရှိခဲ့သော စိတ်ဝိညာဥ်၏နောက်၌ အရိပ်တစ်ရိပ်ရှိနေခြင်းကို သတိပြုမိသွားသည်။
လူသားတစ်ယောက်၏အစစ်အမှန်ယန်ဝိညာဥ်သည် မည်သည့်နည်းဖြင့် အရိပ်ထင်ဟပ်နိုင်မည်နည်း။
"ပုန်းလျှိုးကွယ်လျှိုးဝင်လာတယ်ပေါ့...ထွက်သွားစမ်း"
လုယွီက အရိပ်ရှိရာနေရာသို့ကြည့်၍ အော်ဟစ်လိုက်၏။
သို့သော် ဤအချိန်တခဏမှာပင် အရိပ်မှနေ၍ အေးစက်စက်အရှိန်အဝါကို ရုတ်တရက်ထုတ်လွှက်လိုက်သည်။
"ဂျူနီယာ...ဒီနေရာက မင်း လာပြီးထောက်လှမ်းလို့ရမယ့် နေရာမျိုးမဟုတ်ဘူး...ဒီနေရာက ထွက်သွားစမ်း"
အေးစက်စက်အမျိုးသမီးသံတစ်သံ ထွက်ပေါ်လာသည်။
ဝုန်း..
ပြင်းထန်သောစွမ်းအားလှိုင်းတစ်ရပ်က လုယွီထံသို့ ဒီရေအလား တိုးဝင်လာပေ၏။ထိုစွမ်းအားလှိုင်းသည် ရုတ်တရက်ထွက်ပေါ်လာခြင်းဖြစ်ရာ အကယ်၍ လုယွီသာသတိလက်လွတ်နေမိပါက သူ၏စိတ်ဝိညာဥ် ပျောက်ဆုံးသွားပေမည်။
သို့ရာတွင် လုယွီသည် နဂိုမူလရှိနေရာမှ တစ်လက်မခန့်ပင် ရွေ့လျားသွားခြင်းမရှိချေ။
"ဒါတွေအားလုံးက ငါ့အပြစ်ပဲ...ငါက အလျင်လိုနေတော့ မင်း တိတ်တဆိတ်ခိုးလိုက်ခွင့် ပြုလိုက်သလိုဖြစ်သွားတယ်"
လုယွီက သရော်တော်တော် ပြောဆိုလိုက်၏။
သူက လုံဝူကျီး၏ယဇ်ပလ္လင်ကို ဓားချီဖြင့် ပိုင်းဖြတ်လိုက်သောအချိန်တွင် မြောက်များစွာသော သရဲတစ္ဆေဝိညာဥ်များ လွတ်ထွက်သွားသည်။၎င်းတို့အနက်မှ တစ်စုံတစ်ယောက်က ကျီးချန်ယွီ၏စိတ်ဝိညာဥ်နောက်သို့ လိုက်ပါလာမည်ဟု သူ မျှော်လင့်မထားမိချေ။
ကျီးချန်ယွီသည် ယင်ဘေးကပ်ဆိုးခန္ဓာကိုယ်အမျိုးအစားပိုင်ရှင်ဖြစ်သည်။သရဲတစ္တေစိတ်ဝိညာဥ်များအဖို့ ဤသည်ကခန္ဓာကိုယ်အပိုင်စီးရန် အလွန်အမင်းဆွဲဆောင်နိုင်သောအရာဖြစ်ပေ၏။
"ဂျူနီယာ...နင် သေချင်နေတာလား"
ကျီးချန်ယွီ၏စိတ်ဝိညာဥ် နောက်ကျောမှနေ၍ ဆံပင်ဖားလျားချထားသောအမျိုးသမီးပုံရိပ်ထွက်ပေါ်လာပြီး စူးရှရှအော်ငေါက်လိုက်၏။
လုယွီ၏နှုတ်ခမ်းထောင့်၌ ကြမ်းကြုတ်ရက်စက်သောအပြုံးက တွဲလွဲခိုနေသည်။
သရဲတစ္ဆေစိတ်ဝိညာဥ်တစ်ကောင်က သူ့ရှေ့၌လာ၍ မောက်မာနေဝံ့သလော။လုယွီ၏မျက်လုံးများစူးရဲသွားပြီး သူ့စိတ်ဝိညာဥ်၏စွမ်းအားများက ကျီးချန်ယွီ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်းသို့ သက်ဆင်းလာသည်။
"အား...နင်က ဘယ်သူလဲ"
အမျိုးသမီးပုံရိပ်က စူးရှနာကျင်စွာအော်ဟစ်ပြီး ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။
လုယွီက သူမအား အခွင့်အရေးပေးရန် ရည်ရွယ်ချက်မရှိပေ။သူ၏စိတ်ဝိညာဥ် လှုပ်ရှားလိုက်သော အချိန်တခဏမှာပင် ထိုအမျိုးသမီးသရဲတစ္ဆေစိတ်ဝိညာဥ်ကို သုတ်သင်ပြီးဖြစ်သည်။
ထိုသရဲတစ္ဆေစိတ်ဝိညာဥ်၏ ကြားဖြတ်နှောက်ယှက်မှု ပျက်ပြယ်သွားသည်နှင့် ကျီးချန်ယွီ၏စိတ်ဝိညာဥ်များအားလုံး သူမ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
လုယွီက ဤအခြေအနေကို အခွင့်ကောင်းယူ၍ မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုကာ ကျီးချန်ယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ယင်ချီအအေးဓာတ်များကို ထိန်းချုပ်ဟန့်တား၍ သူမ၏စိတ်ဝိညာဥ်များကို အပြည့်အဝရောယှက်စေသည်။
ခရက်...
အက်ကွဲသံတစ်သံနှင့်အတူယှဥ်တွဲ၍ ကျီးချန်ယွီ၏စိတ်ဝိညာဥ်များအားလုံး နေရာတကျဖြစ်သွားပြီးနောက် သူမ၏အသက်ရှုနှုန်းသည်လည်း တဖြည်းဖြည်း တည်ငြိမ်လာပေ၏။
"ကောင်းကောင်း အိပ်စက်တော့"
လုယွီက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူက ကျီးချန်ယွီကို အနှောက်အယှက်မပြုတော့ဘဲ တိတ်တဆိတ်မတ်တတ်ထရပ်ကာ အခန်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။
အခန်းတံခါးပွင့်လိုက်သည်နှင့် အကြီးအကဲရှင်းနှင့်လင်ရှောင်းဂိုဏ်းခေါင်းဆောင်တို့ ပြင်ပ၌မတ်တတ်ရပ်နေခြင်းကို တွေ့မြင်ရမည်ဟု သူ မျှော်လင့်မထားမိချေ။
သူတို့က လုယွီကိုမြင်ချိန်တွင် ကျီးချန်ယွီ၏အခန်းသို့ရောက်နေခြင်းကို အံ့အားသင့်သွားပုံမပေါ်ချေ။
အကြီးအကဲရှင်းက အခန်းအတွင်း၌ တဖြည်းဖြည်းတည်ငြိမ်လာသော ယင်ချီအအေးဓာတ်များကိုကြည့်ပြီး သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ကြည့်ရတာတော့ ဒီကောင်မလေး အသက်အန္တရာယ်ကနေ ကင်းလွတ်သွားပုံပဲ"
လုယွီက အကြီးအကဲနှစ်ယောက်ကိုကြည့်ပြီး ပြောဆိုလေသည်။
"စီနီယာတို့က ကျွန်တော်ကို ဘာအတွက်လာရှာကြတာလဲ"
လင်ရှောင်းဂိုဏ်းခေါင်းဆောင်က ပြောဆိုလိုက်၏။
"လုယွီ...ဘိုးဘေးက မင်းကို တွေ့ချင်နေတယ်"
Chapter 865
အကြီးအကဲနှစ်ယောက်က လုယွီကို လင်ရှောင်းဂိုဏ်း၏ပင်မခန်းမသို့ ခေါ်ဆောင်သွားပေ၏။
ထိုနေရာသည် လင်ရှောင်းဂိုဏ်း၏ကြယ်တာရာတောင်ထိပ်တွင် တည်ရှိသည်။ကြယ်တာရာတောင်ကို လင်ရှောင်းဂိုဏ်းရှိ မြောက်များစွာသောတောင်များ ဝန်းရံထားသည်။
လင်ရှောင်းဂိုဏ်းစတင်တည်ထောင်စဥ်မှစ၍ ဂိုဏ်းခေါင်းဆောင်တစ်ဦးတည်းကသာလျှင် ပင်မခန်းမအတွင်းသို့ဝင်ရောက်ပြီး ဘိုးဘေးရုပ်ထုကို အရိုအသေပြုခွင့်ရှိသည်။
"ဘိုးဘေးက ခန်းမထဲမှာစောင့်နေတယ်...မင်း ဝင်သွားလိုက်တော့"
အကြီးအကဲရှင်းနှင့်လင်ရှောင်းဂိုဏ်းခေါင်းဆောင်တို့က ခန်းမပြင်ပသို့ရောက်သည်နှင့် ရပ်တန့်ကာ လုယွီအား ပြောဆိုလေ၏။
ကြည့်ရသည်မှာ လင်ရှောင်းဂိုဏ်းဘိုးဘေးက လုယွီတစ်ယောက်တည်းကို သီးသန့်တွေ့ဆုံလိုပုံရသည်။
လုယွီက ခန်းမအတွင်းသို့ ခြေချမိသည်နှင့် မြင့်မားသောနတ်ဘုရားရုပ်ထုကြီး၏အောက်၌ ထိုင်နေသော အဖိုးအိုတစ်ယောက်ကို တွေ့မြင်မိသည်။
အဖိုးအိုသည် ဆံပင်တစ်ခေါင်းလုံး ဖြူဖွေးနေသော်လည်း သူ၏အရှိန်အဝါမှာမူ ပြင်းထန်လှသည်။သူက လုယွီ ခန်းမအတွင်းသို့ဝင်လာသည်ကိုမြင်ချိန်တွင် သူရှေ့ရှိထိုင်ခုံကို လက်ညှိုးညွှန်၍ လုယွီအား ထိုင်စေသည်။
သူသည် အစောပိုင်းက လင်ရှောင်းဂိုဏ်းအဝင်ဝ၌ တိုက်ခိုက်ခဲ့သော လီသောက်ရီဖြစ်ပေ၏။
လုယွီက ထိုင်ခုံ၌ထိုင်ချပြီး လီသောက်ရီကို ဂါရဝပြုလိုက်သည်။
"စီနီယာရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်"
လီသောက်ရီ၏မျက်လုံးအတွင်း၌ အနည်းငယ်အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အဲ့ဒါက ငါမှန်း မင်းသိတယ်ပေါ့"
လုယွီက ကြည်လင်သောအသံဖြင့် ပြောဆိုလေသည်။
"မိုးကောင်းကင်နဂါးဧကရာဇ်က လေလွင့်အင်မော်တယ်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်လေ....တကယ်လို့ စီနီယာကြောင့်သာမဟုတ်ရင် သူက လင်ရှောင်းဂိုဏ်းကိုကျူးကျော်ဝင်ရောက်ပြီး ကျွန်တော်ရဲ့အသက်ကိုယူပြီးနေလောက်ပြီ"
သူက ကျီးချန်ယွီအားကုသပေးနေစဥ် သူ၏နတ်ဘုရားစိတ်အာရုံမှနေ၍ မိုးကောင်းကင်နဂါးဧကရာဇ်၏ ပြင်းထန်သောအရှိန်အဝါကို အာရုံခံမိသည်။
သို့သော် လုံဝူကျီးသည် လင်ရှောင်းဂိုဏ်းအဝင်ဝ၌ပင် ပြဿနာတချို့နှင့်ကြုံတွေ့ရပြီး နောက်ပြန်ဆုတ်သွားရသည်မှာ သိသာထင်ရှားပေ၏။
လီသောက်ရီက လုယွီကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြောဆိုလေသည်။
"အမှန်ပဲ...ဒါက ငါလုပ်ခဲ့တာ...လုံဝူကျီးက အားကောင်းပေမယ့် သူ ငါ့ကို ဘာမှမလုပ်နိုင်ဘူး"
လုယွီက သူ့ရှေ့ရှိအဖိုးအိုကို ကြည့်လိုက်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤအဖိုးအို၏ပုံပန်းသွင်ပြင်သက်သက်ကိုသာကြည့်ပြီး သူ၏ခွန်အားကိုဆုံးဖြတ်ပါက အကြီးအကျယ်မှားယွင်းသွားပေမည်။
အဖိုးအိုသည် လုံဝူကျီးထက် များစွာပို၍ သန်မာမည်ဟု လုယွီ အတိအကျပြောနိုင်သည်။အဖိုးအိုက လောကီအင်မော်တယ်အဆင့်ကိုပင် ရောက်ရှိကောင်း ရောက်ရှိနေနိုင်သည်။
"စီနီယာက ကျွန်တော်ကို ဘာလို့ရှာတာလဲဆိုတာ သိလို့ရမလား"
လုယွီက မေးမြန်းလိုက်၏။
လီသောက်ရီက ရယ်မောနေလေသည်။
"ငါက မင်းလိုတပည့်ကောင်းလေးမျိုး အတိတ်တုန်းက နှစ်တွေအကြာကြီးအတွင်းမှာတောင် မမြင်တွေ့ဖူးဘူး...မင်းက လုဝူယာနဲ့ယင်လော့သခင်လေးတို့ကိုလည်း အနိုင်ရထားတာလို့ ငါကြားထားတယ်...ဟား ဟား ဟား....ဒါက ငါ ငယ်ငယ်တုန်းကပုံရိပ်ကို ပြန်မြင်ယောင်စေတယ်"
သူက လုယွီကို စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
"မင်းက အရမ်းထူးချွန်တဲ့သူလို့ ငါ သေချာပြောနိုင်တယ်....ငါ လင်ရှောင်းဂိုဏ်းထဲမှာတွေ့ဖူးသမျှ တပည့်တွေအားလုံးထဲမှာ အထူးချွန်ဆုံးလို့တောင်ပြောနိုင်တယ်...တကယ်လို့ ငါမှာသာအချိန်အလုံအလောက်ရှိရင် ငါ မင်းကိုတပည့်အဖြစ်တောင် လက်ခံချင်တာ"
"လင်ရှောင်းကျီက သိပ်မဆိုးလှပေမယ့် မင်းနဲ့ယှဥ်ရင်တော့ အရည်အချင်းနည်းနည်းလိုသေးတယ်...မင်းက လုံဝူကျီးကို ဘယ်လိုရန်စခဲ့မိလဲဆိုတာတော့ ငါ မသိဘူး...ငါက မင်းကို အချိန်အကြာကြီး ကာကွယ်ပေးမထားနိုင်ဘူးဆိုတာကိုတော့ မင်း သိထားရမယ်"
လုယွီက ခေါင်းညိတ်ပြလိုက်၏။
"ဒီတစ်ခါစီနီယာရဲ့ကူညီမှုကကို ကျွန်တော်အပေါ် ကြင်နာလွန်းရာကျနေပါပြီ"
လုယွီက ရေရှည်ကိုမျှော်တွေးပြီးဖြစ်သည်။လီသောက်ရီသည် လောကီအင်မော်တယ်ဖြစ်သော်လည်း ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းမသွားရသည့်အကြောင်းအရင်းမှာ သူ၏အသိပညာဗဟုသုတများကို စုဆောင်းလိုသေးသောကြောင့်ပင်။
လူတိုင်းသည် ကောင်ကင်ဘုံနယ်မြေသို့ တက်လှမ်းခြင်းမှာ လွန်စွာကောင်းမွန်သည်ဟု တွေးတောကြ၏။သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသည် အန္တရာယ်များပြည့်နှက်နေသောနေရာဖြစ်ခြင်းကို ထိုသူများ မသိရှိကြချေ။တစ်ခြားတစ်ဖက်မှကြည့်လျှင် အဆင့်နိမ့်ကြယ်နယ်မြေများမှ ကျင့်ကြံသူများသည် မိုးကောင်းကင်တာအို၏ကာကွယ်စောင့်ရှောက်မှုကို ရရှိကြ၏။
လီသောက်ရီသည် လောကီအင်မော်တယ်အဆင့်ထက်မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် ပြင်ဆင်ထားပုံရသည်။
ထို့ကြောင့် ယခုလက်ရှိချိန်၌ သူ အကောင်းဆုံးကြိုးစား၍ သူ၏မှော်စွမ်းအားများကိုစုစည်းကာ တက်လှမ်းရန်အချိန်အား စောင့်ဆိုင်းနေခြင်းပင်။
"ငါက လင်ရှောင်းဂိုဏ်းကနေ အချိန်တခဏကြာ ထွက်ခွါသွားရအုံးမယ်...လုံဝူကျီးက အရူးတစ်ယောက်လိုပြုမူတက်ပြီး စည်းမျဥ်းတွေနဲ့ပြောမရတဲ့လူတစ်ယောက်...တကယ်လို့ ငါ လင်ရှောင်းဂိုဏ်းမှာမရှိတာကို သူ သိသွားရင် မင်းကိုလာရှာမှာ သေချာတယ်....မင်းက ဒီနေရာကနေထွက်ခွါဖို့ လမ်းကြောင်းတစ်ခုရှာထားသင့်တယ်...တကယ်လို့မင်းက ဂိုဏ်းထဲမှာပဲနေချင်တယ်ဆိုရင်လည်း...ငါက တက်နိုင်သမျှကာကွယ်ပေးမယ်"
လီသောက်ရီက လုယွီကို သတိပေးလေသည်။
လုယွီက သူ၏လက်သီးကိုပူးဆုပ်ပြီး လီသောက်ရီကို ဂါရဝပြုလိုက်၏။လီသောက်ရီကိုကြည့်ရသည်မှာ သူ့အား ဂိုဏ်းမှထွက်ခွါသွားစေလိုဟန်ရှိသော်လည်း အမှန်အားဖြင့် သူ့အားကာကွယ်ပေးလိုခြင်းပင်။
လီသောက်ရီ၏ကာကွယ်ပေးမှုသာမရှိပါက လင်ရှောင်းဂိုဏ်းတစ်ဂိုဏ်းလုံးတွင် မည်သူကမျှ လီသောက်ရီ၏ပြိုင်ဘက်မဟုတ်ချေ။
"စီနီယာရဲ့ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်"
လုယွီက ထပ်မံ၍အရိုအသေပြုပြီး နောက်ပြန်လှည့်၍ ထွက်ခွါခဲ့တော့သည်။သူ ထွက်ခွါလာခဲ့သော အချိန်တခဏတွင် သူက တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။
"ကောင်းကင်နဲ့မြေပြင်ကို အရိုအသေပြု...မှော်စွမ်းအားတွေကို စုစည်းပြီး...တာအိုရဲ့စိတ်ဝိညာဥ်ကို ကျင့်ကြံရမယ်"
ထိုစကားလုံးများသည် လီသောက်ရီ၏နားအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။
Thank For Reading.