အခန်း (၈၇၆-၈၈၀)
Vol. 47 Ch. 876-880
Chapter 876
ကောင်းကင်တွင် ပုံရိပ်နှစ်ခု ဖြတ်သန်းသွားသည်။ လုယွီက မှော်လက်နက်ကို ထိန်းချုုပ်ပြီး အလျင်မြန်ဆုံးသော အရှိန်နှုန်းဖြင့် အရှေ့ဆုံးမှ ပျံသန်းနေခဲ့၏။ ထိုအချိန်တွင် လံုဝူကျိက အနောက်မှ လိုက်ဖမ်းသည်။ ထိုနဂါး ဝူကျိ၏ အောက်တွင် အနက်ရောင်နဂါးတစ်ကောင် ရှိသည်။ သူ၏ ဝင်သက်တိုင်းက ကြောက်လန့်ဖွယ် အရှိန်အဝါများကို မှုတ်ထုတ်နေလေသည့်အတွက် အချို့သော မကောင်းသော စိတ်ဆန္ဒဖြင့် လူများ၏ အတွေးများကို လက်လျှော့သွားစေခဲ့သည်။ ရုတ်တရက် လုယွီ၏ ကိုယ်က ရပ်သွားသည်။
လုယွီ၏ အရှေ့တွင် ကောင်းကင်နှင့် မြေပြင်ကြား တသီးတခြား တည်ရှိနေသော ချောက်ကမ်းပါးအစွန်းကို မြင်လာရ၏။ ထိုချောက်ကမ်းပါး၏ အထက်ကောင်းကင်တွင် ခရမ်းရောင်ဝင်သက်အရှိန်အဝါ ချီစွမ်းအင်များက ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ အရှိန်အဝါအားလုံးက အစီအစဉ်မကျ ဖြစ်နေခဲ့ကာ အာကာသပြင်ကပင် အက်ရာများ ပြည့်နှက်နေတော့၏။
ဒါကိုမြင်သောအခါ ဝူကျိက ရယ်သည်။
"ဟားဟား မင်းကို ပါရမီရှင်လို့ ထင်နေတာ၊ မမျှော်လင့်ထားပဲ အရူးဖြစ်နေတာပဲ။ ငါတောင်မှ မင်းကို သေစေချင်သွားပြီ"
လုယွီက တစ်ခဏခန့် ကြောင်သွားပြီးနောက် သူ၏ လက်ချောင်းများဖြင့် ချောက်ကမ်းပါး၏ ကောင်းကင်တစ်နေရာကို ထိတွေဟန် ပြုလိုက်၏။ ချက်ချင်းလိုလို လောင်ကျွမ်းသော အရှိန်အဝါ ဝင်သက်တစ်ခုက သူ၏ လက်ချောင်းများပေါ် ကျဆင်းလာခဲ့၏။ အစိမ်းရောင် မီးခိုးငွေ့များက ဖြေးငြင်းစွာ လှိမ့်ထွက်လာသည်။ လုယွီက လက်ချောင်းများကို ဖြေးငြင်းစွာ ပြန်ရုတ်လိုက်တော့၏။
"မစမ်းကြည့်နဲ့၊ ကန္တာရရှန်းကျိုးလို အရာမျိုး ဒီနေရာမှာ မရှိဘူး၊ မင်း ဒါကို ဖျက်လို့ မရဘူး"
လုံဝူကျိက ခက်ထန်ကြမ်းတမ်းစွာဖြင့် ဆက်ပြောသည်။
"ငါ အစက မင်းကို အချိန်ကောင်းပေးမလို့ စီစဉ်ထားတာပဲ။ ဒါပေမယ့် ငါအခု နောင်တရသွားပြီ၊ မင်း မပြောဘူးဆိုရင်တောင်မှ ငါမင်းရဲ့ အလောင်းနဲ့ စိတ်ဝိဉာဉ်ကို ရှာဖွေနိုင်သေးတယ်။ မင်းငါ့ကို အချိန်သီးသန့် ပေးနေစရာ မလိုအပ်တော့ဘူးပဲ။"
လုံဝူကျိ၏ အမြင်တွင် သံမဏိရောင်အလင်းက လက်သွားပြီးနောက် ဆက်ပြောလာသည်။
"မင်းက တကယ့်ကို ပါရမီရှင်ကောင်းပါ။ နှမြောစရာ ကောင်းတာက ပါရမီရှင်က သေသွားတာနဲ့ အသုံးမဝင်တော့တာပဲ"
"ငါက မင်းရဲ့ ခြေထောက်ကို ချိုးပေးမယ်"
လုံဝူကျိက လက်ညှိုးညွှန်လိုက်သောအခါ ထိုနေရာက ကြယ်အလင်းတန်းလေးများ ထွက်လာပြီး လုယွီထံ တိုးဝင်လာ၏။ ထိုကြယ်အလင်းတန်းများက အားနည်းဟန် ရသည်။ သို့သော် ခမ်းနားကာ မရေမတွက်နိုင်သော စွမ်းအားများ အပြည့်ပါဝင်နေခဲ့၏။ နဂါးစွမ်းအားများက အကန့်အသတ်မဲ့ဟန်ရသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် အနက်ရောင်နဂါး ၉ ကောင်က ဟိန်းဟောက်လျက် လုယွီကို ဝိုင်းရန် ကြိုးစားလေတော့သည်။
အနက်ရောင် နဂါးတစ်ကောင်ချင်းစီတိုင်းက ကောင်းကင်ကို ပိတ်ထားလေရာ နေကပင် ကွယ်သွားသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်၏ အရှိန်အဝါကဲ့သို့သော စွမ်းအားမျိုးကို ထုတ်လွှတ်လေတော့၏။ ကြောက်မက်ဖွယ်သားရဲများ၏ အရှေ့တွင် လုယွီ၏ ပုံရိပ်လေးက အလွန်သေးငယ် နေခဲ့သည်။ ထိုအနက်ရောင် နဂါးများ၏ မျက်ဝန်းများက နီရဲနေသည်။ အစွယ်များက ပါးစပ်မှ ချွန်ထက်နေခဲ့ကာ လုယွီ၏ ခြေထောက်ကိုပင် ထိုးမိတော့မည်ဟု ထင်ရ၏။
"မြေအောက် လောကရဲ့ နတ်ဆိုးဒေါသ"
လုယွီက ချက်ချင်းလိုလိုလောင်ကျွမ်းနေသော ကျွယ့်ထောင်ကို ဆွဲထုတ်လိုက်သည်။ ထိုအရောင်က မီးတောက်များဖြင့် လောင်ကျွမ်းရင်းမှ အနက်ရောင်နဂါးများကို ဝါးမြိုသွား၏။
ပုံရိပ်နှစ်ခုက ချက်ချင်းလိုလို ထိပ်တိုက် တွေ့ဆုံသွားကြသည်။ လုယွီ၏ အင်္ကျီလက်များက ရှေ့နောက် ရွေ့လျားနေခဲ့သည်မှာ လေပြင်းများနှင့်အတူ လွင့်နေသည်နှင့် တူ၏။ ဆေဘာချီများကြောင့် အင်္ကျီလက်က လိပ်တက်သွားသည်။ ထိုအခါ ထိုးတက်လာသော ဆေဘာချီများနှင့် ဓားချီများက အရှေ့တွင် ပေါက်ကွဲသွားလျက် ထိုအနက်ရောင်နဂါးများကို ထိမှန်သွား၏။ ချက်ချင်းလိုလို နဂါး ၉ ကောင်လုံး အသတ်ခံလိုက်ရသည်။ သို့ရာတွင် နဂါးများ၏ ထိုမျှလောက်ဖြင့် လျော့ကျသွားလိမ့်မည် မဟုတ်ပေ။
လုယွီ၏ ကိုယ်ကို ကြီးမားသော အာားလှိုင်းက ရိုက်ချလာပြီး လုယွီကိုပင် ခြေလှမ်းများစွာ ဆုတ်လိုက်ရစေ၏။
"ဘယ်လောက်တောင် သန်မာနေလို့ ငါ့ရဲ့ တိုက်ကွက်ကိုတောင် ရင်ဆိုင်နိုင်ရတာလဲ"
လုံဝူကျိ၏ မျက်ဝန်းများတွင် အံ့အားသင့်မှုက လေးနက်သွားတော့၏။
စန်းရှန်းနှင့် ရှန်းဟွမ်းကြားတွင် ခြားနားသော နယ်မြေ ၃ ခုရှိသည်။ သာမန်အဆင့်လွန် နယ်မြေလောက်က နဂါးဝင်သက် လှုပ်ရှားကွက်ကိုတောင့်ခံနိုင်စွမ်း မရှိကြပေ။ လုယွီကမူ ဒါကို တားဆီးနိုင်နေသည်က မဖြစ်နိုင်ဖွယ်ရာပင်။ သို့သော် သူ တားနိုင်ခဲ့၏။
(စန်းရှန်း...ကောင်းကင်ဘုံ
ရှန်းဟွမ်း..ငရဲ)
"သူ့မှာ ဘယ်လိုအသားအရေကို ပိုင်ဆိုင်ထားတာလဲ။ ငါသာ သူ့ကို ရုပ်သေးရုပ်အဖြစ် သန့်စင်လိုက်နိုင်မယ်ဆိုရင် ကောင်းကင်ကို တက်ဖို့ လှေကားရသွားသလိုမျိုး ငါက စွမ်းအားအကြီးမားဆုံးသူ ဖြစ်သွားတော့မှာပဲ"
လုံဝူကျိ၏ မျက်ဝန်းများတွင် လောဘများက ထွက်ပေါ်လာတော့၏။
"လာစမ်းပါ"
လုယွီက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်သည်။
သူက ထိုနဂါးနှင့် ခြေလှမ်းတစ်ရာပင် မဝေးတော့ပေ။ သို့သော် သူ၏ ဝင်သက်ကမူ ကိုယ်ကိုဖြတ်သန်းသွားနေခဲ့၏။ ဒါက စိတ်ဝိဉာဉ်အခြေအနေကို ဖြတ်သန်းသွားပြီးနောက် လုယွီ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများက အဆရာကျော် မြင့်မားသွားတော့သည်။
တော်ဝင်စမ်းရေနှင့် သီးသန့်တည်ရှိနေသော တိုင်းပြည်အပြင် မြို့တိုင်းမြို့တိုင်းတွင် စိတ်ဝိဉာဉ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိနေသည်။ လုံဝူကျိ၏ လှုပ်ရှားကွက်က စွမ်းအားကြီးမားသည်မှာ မှန်ကန်သော်လည်း လုယွီကို ၁ရာခိုင်နှုန်းခန့်ပင် ထိခိုက်အောင် မလုပ်နိုင်သေးပေ။ ပြောရလျှင် သူ၏ ခွန်အား၏ ၁ရာခိုင်နှုန်းခန့်ပင် မရှိသေးခြင်း ဖြစ်၏။
ဝေါင်း
လုယွီ၏ ကိုယ်မှ နဂါးဟိန်းသံက ထွက်လာသည်။ လုယွီ၏ အဝတ်များက ချက်ချင်းလိုလို ပေါက်ကွဲသွားပြီး နဂါး ၉ ကောင်ကို သူ၏ ကြေးနီရောင်အသားအရေတွင် မြင်လိုက်ရ၏။
ပေါက်ကွဲသော ကျွတ်ဆတ်သံများနှ့င်အတူ လုယွီ၏ အရပ်က ချက်ချင်းလိုလို မြင့်မားသွား၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားက တစ်ဖန် သန်မာသွားပြန်သည်။
"သူက ငါ့ရဲ့ အာဏာကို စိန်ခေါ်ပြီး ကောင်းကင်ကို ထောက်ပံ့ပေးဖို့ လုပ်နေတာပဲ"
လုံဝူကျိက ချက်ချင်းလိုလို နားလည်သွားပြီး မျက်မှောင်ကြုတ်တော့၏။
Chapter 877
“ အခုက ေနာက္က်သြားရုံပဲ”
လုယွီက စိုက်ကြည့်ကာ ပြောသည်။
လုယွီက သည်တစ်လလုံးလုံး သေခြင်းအခြေအနေနှင့်နီးကပ်စေရန် ထိုနဂါးနှင့် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။
လုယွီက နတ်ဘုရားစိတ်ဝိဉာဉ်နယ်မြေသို့ အဆင့်တက်ကာစဖြစ်ချိန်တွင် နဂါးကမူ နတ်ဖြစ်နေလေပြီ။ ဧကရာဇ် အလောင်းကို ရှာရန်အတွက်သာ မဟုတ်လျင် သူ လုယွီကို တစ်စဆီ ချေမွလိုက်သည်မှာ ကြာလောက်ချေပြီ။သူ ခြေလှမ်းတစ်ချက် မှားသွားသည်နှင့် သေသွားရမည်ဖြစ်သည်။
သာမန်ကျင့်ကြံခြင်းလမ်းစဉ်တွင် သည်လိုအတွေ့အကြုံရရန် ခက်သည်။
နဂါးက အံကိုကြိတ်ကာ ပြောသည်။
“ ငါ့ကို မင်းရဲ့ ကြိတ်ဆုံကျောက်တုံးလို သုံးချင်တယ်ဟုတ်လား။ ဟားဟား ငါ မင်းရဲ့ ဓားကို ဆွဲဖြဲပစ်မှာကိုပဲ စောင့်စမ်းပါ”
“ ကောင်းပြီ မင်းမှာ တကယ်ကောင်းတဲ့ ကိုယ်ရှိတယ်၊ ငါ သိပါတယ် ငါ မင်းနဲ့ဆက်မကစားနိုင်တော့ဘူး။ ငါ့ကိုသာ ပေးစမ်းပါ”
လုံဝူကျီးက တော်ဝင်အမိန့်တော်ကို ထုတ်လွှတ်လိုက်သည်။
တောာ်ဝင်အမိန့်တော် ထွက်ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးက ရွှေရောင်အလင်းဖြင့် လွှမ်းခြုံခြင်းခံရသည်။သူ့ကို ဝိုင်းပတ်လျက် တိမ်စိုင်များစွာ ထွက်ပေါ်လာသည်။ထိုအချိန်တွင် သူက တိမ်ပေါ်တွင် ရပ်နေလေသည်။နဂါးပုံရိပ်က ပီပြင်သထက် ပီပြင်လာကာ အစစ်အမှန် န၈ါးတစ်ကောင်အလားထင်ရသည်။
“ တော်ဝင်အမိန့်တော် ကောင်းကင်ကို သယ်ဆောင်ခြင်း”
ထို့နောက် သူက လုယွီကို လက်ညိုးညွန်သည်။
“ တော်ဝင်အမိန့်တော် သူခိုးကို သုတ်သင်စမ်း”
ထိုစကားဆုံးသည်နှင့် လောက၏ အခြေအနေက ပြောင်းလဲလာသည်။မြေအောက်လောကမှ ထွက်လာဟန်ရသော ငရဲစိတ်ဝိဉာဉ်စွမ်းအင်များက လေထုအတွင်း ပြည့်နှက်လာကာ လုယွီကို လွှမ်းခြုံသည်။ သူ၏ ကိုယ်က တင်းကြပ်သွားသည်။ စိတ်ဝိဉာဉ်ကပင် ဖိအားပေးခံရ၏။
“ ငါ ဒီလို ခန္ဓာကိုယ်ကောင်းကို သတ်ရမှာက နှမြောစရာပဲ။တော်ဝင်အမိန့်တော် ဆင်းသက်လာတာနဲ့ နဂါးသင်္ကေတက ကျောက်စိမ်းတံဆိပ်လို သူ့ရဲ့ လက်မောင်းမှာ ခပ်နှိပ်လိုက်လိမ့်မယ်။ တော်ဝင်အမိန့်တော်ကို သူ အညံ့ခံလိုက်တာနဲ့ စိတ်ဝိဉာဉ်ကတဆင့် စစ်ဆေးပြီး ထာဝရရှင်သန်သူရဲ့ အလောင်းကို ရှာလို့ရပြီ။
ကျောက်စိမ်းစည်း ခပ်နှိပ်လိုက်တာနဲ့ ရွှေရောင်အလင်းတန်း ကျန်းထောင်ကျော်က ဌက်မွှေးတောင်လေးပေါ် ကျသွားလိမ့်မယ်။ဒီအားက လုယွီရဲ့ စိတ်ဝိဉာဉ်ကို ဖိအားပေးဖို့ စေလွှတ်ခံရပြီး….. သူ့ရဲ့ စိတ်ဝိဉာဉ်ကို သိမ်းသွင်းလိုက်လိမ့်မယ်။
ဒီခန္ဓာကိုယ်က မင်းအပိုင်မဟုတ်ဘူး
ထြက္လာခဲ့
ထြက္လာခဲ့”
ထိုသို့သော ညည်းသံများက လုယွီ၏ နားအတွင်း ပဲ့တင်ထပ်နေသည်။
တော်ဝင်အမိန့်တော်က ယဉ်ကျေးကာ မျှတမှုရှိသည်။ အစစ်အမှန်မဟုတ်သည့်တိုင် အနိမ့်ဆုံးစွမ်းအားများကို ကိုယ်ပိုင်အတွက် သုံးနိုင်၏။လုယွီ၏ ကိုယ်က ရုတ်တရက် ရပ်သွားသည်။ ထိုအားက သူ၏ ကိုယ်မှ ခြောက်ခုသော အပေါက်များမှတဆင့် စိတ်အတွင်းသို့ ဝင်သည်။
တစ်ချိန်တည်းတွင်ပင် ပုံရိပ်ယောင်ကျင့်ကြံခြင်း ကျောင်းတော်နှင့် သိပ်မဝေးသော ကန္တာရတစ်နေရာတွင် ပုံရိပ်တစ်ခုက မျက်လုံးဖွင့်လာသည်။
“ မင်းတစ်ယောက်တည်း ငါ့ရှေ့ရောက်လာတာက တန်တယ်လို့ထင်လား”
ထိုအသံက မကျယ်သော်လည်း ကောင်းကင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ဒါက ဧကရာဇ်တစ်ပါး၏ အသံဖြစ်သည်။
လုယွီကလည်း မျက်လုံးဖွင့်လာသည်။
“ ငါက တစ်လောကလုံးရဲ့ ဘုရင်ပဲ။ ပြန်လည်ဝင်စားခြင်းကို ကြီးကြပ်သူ၊ သေဆုံးခြင်းကို ဆုံးဖြတ်ပေးမယ့်လူ”
နဂါးလည်း ထိတ်လန့်သွားသည်။ သူ သွေးအန်လိုက်ရ၏။
“ ဘယ်လ ိုဖြစ်နိုင်မှာလဲ ငါ သူ့ကို အညံ့ခံအောင်လုပ်နိုင်တော့မှာလော၊ ဘယ်လိုဖြစ်ပြီးတော့လေ”
‘သူ့လို လူက လုယွီနဲ့ ဘယ်လိုများ ယှဉ်နိုင်မှာတဲ့လဲ\
“ ငါ့ကိုသ တ်ချင်ရင် မလုံလောက်သေးဘူး”
လုယွီက အေးစက်စွာပြောသည်။
“နဂါးထောင်ခြောက်”
လုယွီက ခမ်းနားသော အလင်းကို လွှတ်ထုတ်လာသည်။ အသံများက ဌက်မွှေးထံ ဝင်ရောက်သွားသောအခါ ကောင်းကင်နှင့်မြေပြင်ကပါ တုန်ခါရသည်။
သူ ဖြတ်သန်းခဲ့သော ကလန်တိုင်းက သူ၏ နောက်မှလိုက်ကာ နဂါးတေးကို ဆိုညည်းကြသည်။
Chapter 878
ဟန်ကျူးစီရင်စု၏နယ်မြေတစ်ခုလုံး အနည်းငယ်တုန်ခါသွားသည်။ ထိုအချိန်တွင် ဟန်ကျူးပြည်နယ်မှ ဘုန်းတော်ကြီးတိုင်း ကောင်းကင်သို့မော့ကြည့်ကြသည်။
“ဘာတွေဖြစ်နေတာလဲ။”
“ဒီပတ်ဝန်းကျင်က စိတ်ဝိဉာဉ်စွမ်းအင်တွေက ဘာလို့အစီအစဉ်မကျ ဖြစ်နေတာလဲ။”
အချို့သော ဘုန်းတော်ကြီးများက ကောင်းကင်သို့ ပျံတက်ကြသည်။ ထို့နောက် ပတ်ဝန်းကျင်ကို အခြေအနေကြည့်ကြ၏။ သိပ်မကြာခင်မှာပင် မြင်ကွင်းကိုမြင်သောအခါ အမူအရာက ပြောင်းလဲသွားကြသည်။
“ဒါ ဒါက ”
သူတို့ မြင်လိုက်ရသည်မှာ ကမ္ဘာမြေကြီးထဲမှ မြေနဂါးသွေးကြောများစွာ ဖောင်းပွလာပြီး အပြင်သို့ထိုးထွက်လျက် နဂါးသဏ္ဍာန်များဖြင့် ဟိန်းဟောက်လာကြခြင်း ကိုသာလျှင်ဖြစ်သည်။ ထိုအချိန်တွင် ဟန်ကျူးစီရင်စုမှ ထောင်ပေါင်းများစွာသော ဘုန်းတော်ကြီးများအားလုံးက ထိတ်လန့်သွားကြ၏။ ဂိုဏ်းအသီးသီးမှ နဂါးသွေးကြောတိုင်းက ဝင်္ကပါတစ်ခု၏စီစဉ်မှုခံရသည့်အလား ရွေ့လျားနေကြသည်။ မြေနဂါးသွေးကြော တစ်သောင်းကျော်က လုံဝူကျီးထံသို့ သွားလျက် ဟိန်းဟောက်နေကြခြင်းဖြစ်သည်။
“ဒါနဲ့ ငါ့ကို ရင်ဆိုင်မယ်ဟုတ်လား။”
လုံဝူကျီးက အရှိန်ကိုနှေးလိုက်သည်။
သူက နတ်အဆင့်ဖြစ်သည်။ သည်စိတ်ဝိဉာဉ်စွမ်းအားများက ထိခိုက်ခံထားရလျှင်ပင် ဝင်သက်တစ်ကြိမ်အတွင်း ပြန်ကုစားနိုင်စွမ်းရှိ၏။
“ဒီနယ်မြေက မြေနဂါးသွေးကြောတွေအများကြီး ရှိတယ်လို့ ပြောကြတယ် မဟုတ်လား၊ အဲဒီသွေးကြောတွေအများကြီးသာ စုစည်းလိုက်မယ်ဆိုရင်တောင်မှ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး။”
သူက ဘာကိုမျှ သံသယမဝင်ခဲ့ပေ။ သို့သော် သူ၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းများက လက်နေခဲ့၏။ သည်မြေမှ နဂါးသွေးကြောတိုင်းကို မှော်စွမ်းအားတစ်မျိုးအား ဆင့်ခေါ်ခြင်းဖြင့် ကန့်သတ်ထားလိုက်သည်။
လုယွီနှင့်သူက သည်တစ်လလုံးလုံး တိုက်ခိုက်ခဲ့ကြရသည်။
လုယွီ၏စိတ်ထဲတွင် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ထိုနဂါးသွေးကြောများက ပြည့်နှက်နေပြီဖြစ်ကြောင်း ခံစားမိနေခဲ့၏။
“နဂါးကိုလှောင်ပိတ်၊ သတ်ဖြတ်”
လုယွီက လုံဝူကျီးကို လက်ညှိုးညွှန်လိုက်ကာ အောက်သို့ ဖိချဟန်ပြုလိုက်၏။ ထိုတစ်ခဏတွင် ပတ်ဝန်းကျင်တွင် ရှိသမျှသော ထိုမြေနဂါးသွေးကြောတိုင်းက လုယွီ၏ဖိအားအောက်တွင် ထိုလုံဝူကျီးထံသို့ တိုးဝင်သွားသည်။
“ဒီလိုအသေးစားအခင်းအကျင်းလောက်နဲ့ အဆင်ပြေမယ်ထင်လား၊ မင်းရဲ့ဆရာကိုတောင် ငါက စိတ်ထဲ ထည့်ခဲ့တာမဟုတ်ဘူး၊ မင်းဆိုရင် ပိုဆိုးတယ်။”
လုံဝူကျီးက သွေးလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ချိန်တွင် ရွှေရောင်အလင်း လင်းလက်နေသော ဓါးရှည်တစ်ချောင်းက ထွက်ပေါ်လာခဲ့ကာ အရာရာတိုင်းကို ခုတ်ဖြတ်တော့သည်။
သည်တစ်ကြိမ်တွင် ရွှေရောင်အလင်းက ဝင်သက်အနည်းငယ်ခန့်သာ ခံခဲ့သည်။ သို့သော် ထိုအချိန်အတွင်းတွင်ပင် သုံးကျန်းအထိ ရှည်လျားသွား၏။ သည်အလင်းတန်းများက ဓါးဖြင့် ခုတ်ဖြတ်ခံရသောအခါ မြေနဂါးသွေးကြောများစွာက မြေပြင်သို့ ထိုးစိုက်သွားကြသည်။
ခြိမ်း။
ထိုမြေနဂါးသွေးကြောများက ထိုလုံဝူကျီး၏ရှေ့သို့ ရောက်သွားသောအခါ ၁၅ မိနစ်ခန့်ပင် မခံခဲ့ပေ။ မရေမတွက်နိုင်သော အမှုန်အမွှားများက အောက်သို့ ကျဆင်းလာပြီးနောက်တွင် လုံဝူကျီးက လုယွီထံသို့ တစ်လှမ်းချင်းတိုးဝင်လာခဲ့သည်။
“နိမ့်ကျတဲ့ ဒီလိုပုရွတ်ဆိတ်လိုဟာတွေနဲ့ ငါ့ကို ရင်ဆိုင်လို့ရမယ်လို့ ထင်နေတာလား။”
ထိုလုံဝူကျီး၏မျက်လုံးထဲ လင်းလက်သော အလင်းတန်းများက ဖြာထွက်နေခဲ့သည်။
သောင်းကျော်သော မြေနဂါးသွေးကြောတိုင်း အသတ်ခံလိုက်ရ၏။ လုံဝူကျီးက လေပြင်းနှင့်အတူ အနားသို့ တိုးကပ်လာနေခဲ့သည်။ လုံဝူကျီးက ချဉ်းကပ်လာသည်နှင့် သည်နတ်နယ်မြေတစ်ခုလုံးတွင် ဖြာကျနေသောစွမ်းအင်တိုင်းက မတည်မငြိမ် ဖြစ်လာခဲ့ပြီး လူတိုင်း၏ နှလုံးသားအောက်ခြေမှပင် ဖိအားကိုခံစားလာရစေသည်။
“မပြီးသေးဘူး။”
လုယွီက အံကြိတ်သည်။
သူ၏ခန္ဓာကိုယ်က အနောက်သို့ ရွေ့လျားသွားချိန်တွင် သူတို့ကြား အကွာအဝေးက အလွန်ခြားသွားခဲ့ပြီဖြစ်၏။ သူ၏အရိုးများက ပြင်းထန်သောဖိအားကို ခံစားနေရပြီး တဆစ်ဆစ်မြည်သံများပင် ထွက်ပေါ်လာနေခဲ့၏။ လုယွီအနေဖြင့် လုံဝူကျီးကိုသာ လက်ညှိုး ညွှန်လိုက်ပြန်သည်။
“ပိတ်လှောင်ခြင်းနဂါး ပြန်ထစမ်း”
လုယွီ၏အတွေးအောက်တွင် မြေကြီးထဲတွင် ရှိသော နဂါးသွေးကြောကြီးတစ်ခုက ပိုင်းဖြတ်ခံထားရသည့် အနေအထားမျိုးမှ ဟိန်းဟောက်လာပြန်ကာ ထိုမြေဆီလွှာထဲမှ ဖောက်ထွက်လာပြန်သည်။ သည်တစ်ကြိမ်တွင် မြေနဂါးသွေးကြောနှစ်သောင်းကျော် ထွက်ပေါ်လာခဲ့၏။
"ပမာဏဘယ်လောက်များများ ပုရွတ်ဆိတ်က ပုရွတ်ဆိတ်ပဲ။"
လုံဝူကျီးက အေးစက်စွာ အော်ဟစ်လိုက်ကာ အားလုံးကို ဓါးဖြင့် ခုတ်ပိုင်းပြန်သည်။ သည်တစ်ကြိမ်တွင် အချိန်အတန်ကြာယူမှသာ အားလုံးကို ဖျက်ဆီးလိုက်နိုင်၏။
“ငါက ဒါတွေကို မျက်လုံးထဲကို မထည့်ဘူး။”
လုံဝူကျီးက ချက်ချင်းဆိုသလို မျက်လုံးဖြင့် အခင်းအကျင်းကို ရှာတွေ့သွားသည်။
ဓါးသွားသည့်နေရာတိုင်းတွင်ရှိသော မြေနဂါးသွေးကြောများက ဖောက်ခွဲခံရပြီး အပိုင်းအစများစွာဖြစ်သွား၏။ ထိုအခင်းအကျင်းမှ အဓိကနေရာများက ဖယ်ရှားခံရချိန်တွင် အခင်းအကျင်းတစ်ခုလုံးက ပြိုလဲသွားတော့သည်။
“ မင်း ဘာလုပ်နိုင်မလဲ ငါ ကြည့်မယ်။”
လုံဝူကျီးက ဒေါသထွက်နေသည်။
သူ့ရှေ့တွင်ရှိသော ထိုလူငယ်က လက်ညှိုးများဖြင့်ပင် ဖျက်ဆီးနိုင်သော နိမ့်ကျသော လူတစ်ယောက်ဖြစ်သည်။သို့သော် သူကမူ အချိန်အများကြီး ဖြုန်းပေးနေရသည်။
လုယွီက ပြင်းထန်သောဖိအားအောက်တွင် နောက်ဆုတ်သည်။ ထို့နောက် လုံဝူကျီးကို ခက်ထန်စွာစိုက်ကြည့်၏။
“ငါ့ရဲ့ဝင်္ကပါပျက်စီးသွားပြီလို့ ခင်ဗျားကို ဘယ်သူပြောလဲ။”
လုယွီက ပေါ့ပါးစွာပြောသည်။
လုယွီ၏အသံနှင့်အတူ မြေထဲတွင်ရှိသော ထိုနဂါးသွေးကြောများက ဖျက်ဆီးခံထားရာမှ ပြန်လည်ရှင်သန်လာပြန်သည်။ သည်တစ်ကြိမ်တွင် နဂါးသွေးကြောက အကောင်လေးသောင်း ဖြစ်သွားပြန်၏။ ထိုအကောင်များက မျက်လုံးကိုဖွင့်လာလျက် လုံဝူကျီးထံသို့ အေးစက်စွာ စိုက်ကြည့်လိုက်ကြသည်။
Chapter 879
မြင်ကွင်းက အံ့ဩဖွယ်ကောင်းသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ကောင်းကင်တွင် အပြည့်ဖြစ်သွား၏။
“အခင်းအကျင်းထောင့်တွေမပါဘဲ မင်းဘယ်လိုများ သည်ဝင်္ကပါကို ခင်းကျင်းလိုက်နိုင်တာလဲ။”
ထိုအချိန်တွင် လုံဝူကျီး၏မျက်လုံးထဲတွင် တည်တင်းမှုများကို မြင်ရပြီဖြစ်သည်။
သည်အခင်းအကျင်းထောင့်မျက်ဝန်းများက ဝင်္ကပါတစ်ခု၏ အဓိကအုတ်မြစ် ဖြစ်သည်။ ထိုအရာများကသာ မရှိလျှင် ဝင်္ကပါက ချက်ချင်း ပျက်စီးသွားရမည်ဖြစ်သည်။
သို့ရာတွင် လုယွီကမူ ဝင်္ကပါကို ချက်ချင်းအသက်သွင်းနိုင်သည်။ နှစ်ဆခန့်ပင် စွမ်းအားကြီးမားသွားသေး၏။
“မင်းကိုယ်မင်း ထာဝရရှင်သန်သူလို့ ပြောထားတယ်မဟုတ်လား။”
ဖျတ်ခနဲအလင်းရောင်လက်လျက် လုံဝူကျီး၏စိတ်အတွင်း ထိုစကားတစ်ခုက ပေါ်လာခဲ့သည်။
ဒဏ္ဍာရီအတိုင်းဆိုလျှင် အခင်းအကျင်းဆရာသခင်မှသာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနိုင်ပြီး သည်လို အလိုလိုပြန်လည်ပြင်ဆင် ခင်းကျင်းနိုင်စွမ်းရှိနေခဲ့သည်။ အခင်းအကျင်းမျက်ဝန်းထောင့်များက ဖျက်ဆီးခံရလျှင်ပင် အခင်းအကျင်းက ချက်ချင်းပြိုကျသွားလိမ့်မည် မဟုတ်ပေ။ အလိုလိုပြန်လည်ပြုပြင်နိုင်စွမ်း ရှိနေခဲ့ပြီး အခင်းအကျင်း စိတ်ဝိဉာဉ်စွမ်းအားများကို လွှတ်ထုတ်နိုင်စွမ်းရှိနေခဲ့၏။ သို့သော် ထိုကဲ့သို့သော နယ်မြေအဆင့်အထိရောက်ရန်ကား ကောင်းကင်နယ်မြေ အဆင့်အတန်းမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သာမန်လူသားလောကတွင် မဖြစ်နိုင်ပေ။ သို့သော် နောက်ဆုံးတွင် လုံဝူကျီးက သည်အခြေအနေကို မြင်ဖူးလိုက်ချေပြီ။
ပို၍ ထူးခြားသည်မှာ သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ရခြင်းဖြစ်၏။ သူ တောက်လျှောက်လိုက်ကာ သတ်ရန်ကြံစည်သောလုယွီက ခင်းကျင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယခင်ကဆိုလျှင် သည်လိုမှော်ဆန်ပြီး ကြီးမားသော အခင်းအကျင်းကြီးကို သာမန်လူငယ်တစ်ယောက်က ချက်ချင်းပြန်လည်ပြင်ဆင်နိုင်သည်ဆိုလျှင် သူ ထိုလူကို လှောင်လိုက်မိလောက်သည်။ သို့ရာတွင် သူကိုယ်ပိုင်မျက်လုံးဖြင့် မြင်လိုက်ရခြင်းလည်း ဖြစ်လေ၏။
`ဒီကောင်စုတ်ရဲ့ပါရမီက တကယ်ကြောက်ဖို့ကောင်းတာပဲ၊ သူ့ကိုသာ အချိန်ထပ်ပေးလိုက်ရင် သိပ်မကြာခင်မှာ အခင်းအကျင်းလောကမှာ ဆရာတစ်ဆူ ဖြစ်သွားလိမ့်မယ်၊ အဲ့ဒီထက်တောင် ကျော်လွန်သွားနိုင်သေးတယ်။`
လုဝူကျီး၏အမြင်တွင် ရန်စမှုကို ခံစားလာရပြီဖြစ်သည်။
“ဒီဧကရာဇ်ရဲ့အရှိန်အဝါနဲ့ ဒီလုံဝူကျီးက ဆက်တိုက်တိုက်ခိုက်ပြမယ်။”
လုံဝူကျီး၏လက်ဝါးက မျက်စိကျိန်းမတတ်တောက်ပသော ရွှေရောင်အလင်းတန်းများအဖြစ် ပေါက်ဖွားလာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ မြေပြင်တစ်ခုလုံးက တုန်ခါကာ အက်ရာများက ပျံ့နှံ့လျက် နဂါးခြေရင်းထံသို့ ရောက်သွား၏။
“ငါ မင်းအသက်ကို အရင်ယူလိုက်မယ်၊ နောက်မှ မင်းရဲ့စိတ်ဝိဉာဉ်ကို အညံ့ခံခိုင်းတော့မယ်၊ မင်းရဲ့စိတ်ဝိဉာဉ်ထဲမှာ ရှာဖွေလိုက်ရင် ဒီအခင်းအကျင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်နားလည်သဘောပေါက်မှုတွေ ရှိနေအုံးမှာပဲ။”
လုံဝူကျီးက သူ၏ရှေ့တွင်ရှိသောသူထံသို့ အလင်းတန်းများကို တွန်းပို့လိုက်သည်။ ထို့နောက် လုံဝူကျီးက ဒမ္မစွမ်းအင်များကို ထုတ်ဖော်ကာ အလင်းတန်းများကို တိုက်ရိုက်ပေါက်ကွဲသွားစေလိုက်၏။
လေးဘက်လေးလံလုံးလုံး ပြင်းထန်အံ့ဩဖွယ်ကောင်းသော စွမ်းအားလှိုင်းများက ပျံ့နှံ့သွားသည်။ သူက အလယ်ဗဟိုတွင်ရှိနေလျက် အရာရာတိုင်းက ပျံ့နှံ့သွားခြင်းဖြစ်၏။ ထိုအလယ်တည့်တည့်တွင် ကြီးမားသောတွင်းပေါက်ကြီး ပေါ်လာခဲ့သည်။
မြေကြီးထဲမှ နဂါးသွေးကြောလေးသောင်းခန့် ထွက်ပေါ်လာပြီး အလွန်အမင်း စွမ်းအားကြီးမားသောစွမ်းအင်ကို ထုတ်ဖော်ပြသလာ၏။စန်းရှန်း၏ အင်အားစုနှင့် ရင်ဆိုင်ရချိန်တွင် အရာအားလုံးပြိုလဲရတော့သည်။ မည်သူကမျှ သူ့ကိုရှုံးအောင် မလုပ်နိုင်ပေ။
ဒါကို သူက သက်သေပြလိုက်၏။ လုယွီက သွေးအပြည့်အန်ထုတ်လိုက်ရသည်။ ဆံပင်များအားလုံးကလည်း သူရူးကဲ့သို့ လန်ထွက်နေ၏။
"နတ်ဘုရားနယ်မြေ အဆင့် ၃ဟုတ်လား၊ မင်းက ကောင်းကင်ဘုံက တစ်ဦးတည်းသော ဖြစ်တည်တဲ့လူသားဆိုရင်တောင်မှ ငါ့ကိုသတ်ဖို့ လုပ်နိုင်စွမ်းအား မရှိသေးဘူး။”
“အရင်ဘဝမှာ ငါက အဆင့်လွန်ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို စိန်ခေါ်ရဲခဲ့တယ်၊ ဒီဘဝမှာလည်း ထာဝရရှင်သန်သူတွေကို စိန်ခေါ်မယ်။”
လုယွီက လျှာကိုကိုက်သည်။ အကောင်းဆုံးကြိုးစားကာ ကျိုလုံပါးထီကျွမ့်ထံသို့ ပြေး၏။ သူ၏လျှို့ဝှက်သိုင်းကိုသုံးကာ ခန္ဓာကိုယ်ကို ပို၍စွမ်းအားကြီးမားသွား စေလိုက်၏။
တစ်ချိန်တည်းတွင်ပင် လုယွီ၏ကျင့်ကြံခြင်းအဆင့်က ဆက်တိုက်တိုးတက်လာပြီး နတ်ဘုရားနယ်မြေ အဆင့်၃၏ လွှမ်းမိုးမှုအောက်တွင် သက်ရောက်မှုအား ပြင်းထန်လာခဲ့၏။ သူ၏ကိုယ်မှ ဟိန်းဟောက်သံများနှင့်အတူ လုယွီ၏မျက်ဝန်းများက တောက်ပလာသည်။ ထိုအချိန်တွင် သူ၏ကိုယ်အတွင်းတွင်ရှိသော တော်ဝင်စမ်းရေကန်က တရုတ်ပြည်၏မြို့ပေါင်းများစွာကို လွှမ်းခြုံနိုင်သည်အထိ ကြီးမားလာခဲ့သည်။
မြို့ တစ်ရာ့တစ်မြို့
မြို့တစ်ရာ့နှစ်မြို့
…
မြို့တစ်ရာ့တစ်ဆယ်ကို လွှမ်းခြုံနိုင်သည်အထိ ကြီးမားလာတော့၏။ သည်စွမ်းအားများက စိတ်ဝိဉာဉ်နှင့် စိတ်ဝိဉာဉ်စွမ်းအားအခြေအနေတွင် ထူးချွန်ထက်မြက်လှသော စွမ်းအားကြီး လူအယောက်တစ်ရာ့တစ်ဆယ်၏ စွမ်းအားတိုင်းနှင့် ညီမျှသည်။ ထိုစွမ်းအားတိုင်းက သည်အခြေအနေတွင် ပေါက်ကွဲထွက်လာခဲ့၏။
“နဂါးကို ပိတ်လှောင်တဲ့အစီအမံ … ထပ်မံမြင့်တက်စမ်း။”
လုယွီက မြေကိုညွှန်လိုက်ချိန်တွင် ကမ္ဘာမြေကြီးက ဟက်တက်ကွဲကာ တုန်ခါလာသည်။ မြေနဂါးသွေးကြောများစွာက ဖောက်ခွဲထွက်လာလျက် အရာအားလုံးကို သိပ်သည်းသွားစေပြီး တစ်ဖန်ရှင်သန်လာပြန်သည်။ သည်နည်းအားဖြင့် လုံဝူကျီးထံသို့ တိုးဝင်သွားပြန်၏။
မြေနဂါးရှစ်သောင်းစွမ်းအားများက ထိုးထွက်လာပြီး အကောင်ရေရှစ်သောင်း ဖြစ်သွားသည်။ သည်တစ်ကြိမ်တွင် အကန့်အသတ်မရှိတော့ဟန်ရ၏။
မြေပြင်က ဆက်တိုက်တုန်ခါနေပြီး နဂါးသွေးကြောများက ဆက်တိုက်ထိုးထွက်နေသည်။
အကောင် တစ်သိန်းခြောက်သောင်း
အကောင် သုံးသိန်းနှစ်သောင်း
အကောင် ခြောက်သိန်းလေးသောင်း
အကောင် တစ်ဒဿမနှစ်ရှစ် သန်း
နောက်ဆုံးတွင် အရေအတွက်က ထိုအထိရောက်သွားပြီးနောက် ရပ်တန့်သွားသည်။ နေရာတိုင်းလိုလို ထိုပျံသန်းနေသော နဂါးပုံရိပ်များကိုသာ မြင်နေရ၏။
“ခင်ဗျားရဲ့စွမ်းအားကို ငါ့ကိုပြစမ်းပါ၊ ခင်ဗျားလိုမျိုး နတ်ဘုရားနယ်မြေက အစွမ်းထက်ဆုံးလူဆိုတာ ထိုက်တန်မှုရှိမရှိကြည့်ကြရအောင်။”
လုယွီက အေးစက်စွာပြောသည်။
Chapter 880
မြေနဂါးသွေးကြော တစ်ခုချင်းစီတိုင်းက လောကမှ မြေစိတ်စွမ်းအင်များကို ကိုယ်စားပြုသည်။
လုယွီက ဟန်ကျူးတွင် တစ်လခန့်နေကာ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သူ သဲလွန်စကို ရှာတွေ့သွားသည်။ထို့ကြောင့် ကောင်းမွန်စွာ ချိတ်ဆက်သွားနိုင်သည်။
ထိုအချိန်တွင် ၁.၂၈ သန်းခန့်ရှိသော မြေန*ါးများက လေထဲတွင် မျောလွင့်နေကာ ပြင်းထန်သော မြေသား ဝင်သက်စွမ်းအားများကို လွှတ်ထုတ်နေကြသည်။ထို ဝင်သက်များက လုံဝူကျီးကို ဝိုင်းပါတ်နေသည်။ထို ဝင်သက်များက သူ့အပိုင် မဟုတ်ချေ။
“ ငါက ပြန်လည်မွေးဖွားခြင်းကို ကျော်လွန်သွားတဲ့ ထာ၀ရရှင်သန်သူပဲ။ ဒီသိုင်းလောက်နဲ့ ငါ့ကို တားလို့ရမယ်ထင်လား”
လုံဝူကြီးက အော်သည်။
သူ၏ မျက်၀န်းများတွင် ထိတ်လန့်ရိုကျိုးစေလောက်သော အလင်းမျိုး လက်လာပြီး လောကအနှံ့ပျံ့သည်။သူက မြေနဂါးများအား ကြည့်လိုက်လေရာ ထိုနဂါးများ၏ ၀င်သက်များကပင် ပြင်းထန်စွာ ရိုက်ချခံရတော့သည်။ထာ၀ရရှင်သန်သူတစ်ပါး၏ အကြည့်ကတင် တစ်လောကလုံးအား မင်သက်သွားစေရန် လုံလောက်နေခဲ့သည်။
မြေနဂါးများက အရေအတွက်များနေသော်လည်း နတ်ဘုရားနယ်မြေ အဆင့်သုံးမှ ထာ၀ရရှင်သန်သူတစ်ယောက်၏ ဒဏ်ကိုမ ခံနိုင်ချေ။
“ မင်း ဘယ်လောက်ပဲ နဂါးတွေ ထပ်ခေါ်ခေါ် အသုံးမ၀င်ဘူး။”
လုံဝူကြီး၏ မကြျဝနျးထဲ ဂုဏျယူမှုကသာ ပွညျ့နှကျနသေညျ။
နှုတ်ခမ်းမှ သွေးထွက်နေသော လုယွီကို မြင်သောအခါ သူ ပျော်သွားသည်။ လုယွီကသာ စိတ်ဓာတ်ကျသွားလျင် သူ စွမ်းအင်မကုန်ဆုံးဘဲ လုယွီ၏ စိတ်ဝိဥာဉ်ကို ရယူနိုင်ပေလိမ့်မည်။
လုယွီကလည်း တဖက်သူ၏ အကြည့်ကို မြင်သည်။သို့သော် သူက ပြုံးလိုက်၏။
“ ခင်များ ပြောတာ မှန်တယ်။ဒါပေမဲ့ ဒီနဂါးတွေက ခင်များကို တားဖို့အတွက်တော့ မဟုတ်ဘူး”
လုယွီက ထိုသို့ပြောလိုက်ကာ သူ၏ ၀င်္ကပါကို ရုတ်တရက် ပြောင်းလိုက်သည်။
လုံဝူကြီးကို ဝိုင်းပါတ်ရန် နီးကပ်နေပြီဖြစ်သော မြေနဂါးတိုင်း ပေါက်ကွဲသွားရသည်။ထိုပေါက်ကွဲမှု့ကို ဗဟိုပြုကာ ကမ္ဘာမြေကြီးက တုန်ခါလာသည်။ထို့နောက် ပြင်းထန်သော အားလှိုင်းများက ပျံ့နှံ့၏။
“ အား…အား.. ကောင်စုတ်လေး ငါ မင်းကို သတ်မယ်”
ပေါက်ကွဲမှု့တိမ်ဆိုင်များကြားတွင် ယိုင်နဲ့နေသော လုံဝူကျီး ထွက်လာသည်။သူ၏ မူလက ခမ်းနားသော ဝတ်စုံက စုတ်ပြတ်သတ်နေပြီး ဆံပင်များကလဲ ထောင်နေကာ အသားကလဲ မည်းတူးကုန်သည်။သူက ထာဝရ ရှင်သန်သူ ဖြစ်သည်။သို့သော် လုယွီကဲ့သို့ စိတ်ဝိဉာဉ်အဆင့်က သူ့အား ဒုက္ခပေးလိုက်နိုင်သည်။
“ နှုတ်ဆက်ပါတယ် နဂါးဧကရာဇ်”
လုယွီက သူ၏ ကျောဘက်သို့ ကျော်ကြည့်သည်။
စန်းရှန်း၏ လက်ရှိနယ်မြေက ထာ၀ရရှင်သန်ခြင်းအဆင့်ဖြစ်သည်။
လုံဝူကြီး၏ နောက်တွင် ဝင်္ကဘာက အလင်းမှုံများအဖြစ် ပြောင်းလာသည်။တဖြေးဖြေး ကျင့်ကြံခြင်းလောကမှ တံဆိပ်သင်္ကေတက ပေါ်လာသည်။ထိုအထဲသို့ ဘုန်းတော်ကြီးအဆင့် တစ်ယောက်က ခြေချလိုက်သည်နှင့် သေခြင်းရှင်ခြင်းကို သူမပိုင်တော့ပေ။
မင်းက ကောင်းကင်ဘုံဖြစ်တည်မှုထက် သာလွန်ပြီး ထိုအာကာသပြင်ထဲ ၀င်လိုက်မည်ဆိုလျင် ကံကောင်းပြီး အခြားနေရာများသို့ ရောက်သွားနိုင်သည်။သို့သော် အခြားလောကသို့ အပို့ခံရပြီးသည်နှင့် ပြန်မလာနိုင်လောက်တော့ချေ။
သို့သော် အကြီးမားဆုံးဖြစ်နိုင်ချေမှာ ချက်ချင်း သေသွားခြင်းဖြစ်သည်။
လုယွီက အနောက်ဘက်၇ှိ ချောက်ထဲသို့ ချက်ချင်း ခုန်ချလိုက်သည်။ သူက ၀င်္ကပါကို အမြန်ဆုံးနေရာပြောင်းရလေရာ ချောက်၏ အခြားတဖက်သို့သာ ရောက်နိုင်သွားသည်။ ထိုဖြစ်စဉ်က ၀င်သက်အကြိမ်အနည်းငယ်သာ ကြာသည်။
ထိုသို့ဖြင့် သူက ပျောက်သွားသည်။
“ မလုပ်နဲ့”
လုံဝူကျီးက လှမ်းအော်သည်။လုယွီက အက်ကွဲကြောင်းများ၏ တဖက်ကို ကျော်လွန်ကာ အပြင်ဘက်သို့ ထွက်သွားသည်။သူက လုယွီ၏ သေခြင်းရှင်ခြင်းကို ၈ရုမစိုက်ပေ ။ သို့သော် ဒါက လုယွီ ထာဝရရှင်သန်သူ ဖြစ်သွားနိုင်ခြေလဲ ရှိနေသည်။ထို့ကြောင့် နောက်မှ ချက်ခြင်း လိုက်ဖမ်းရန် ကြံစည်လိုက်သည်။
ထိုအချိန်တွင်ပင် ဖိအားတစ်ရပ်က သူ့ကို ဖိနှိပ်လာသည်။
“ လုံဝူကျီး ကြည့်ရတာ မင်း ငါရဲ့ သတိပေးချက်ကို နားမထောင်ဘူးပဲ ‘’
ရုတ်တရက် သူ၏ အနောက်မှ အော်ဟစ်သံ ထွက်လာသည်။