အခန်း (၈၈၁-၈၈၅)
Vol. 47 Ch. 881-885
Chapter 881
“ဘယ်သူလဲ။”
လုံဝူကျီးက ခေါင်းကိုမော့ကာ အဝေးသို့ကြည့်သည်။
ထွက်လာသောအသံက မြင့်မြတ်သော အရှိန်အဝါအပြည့်နှင့်ဖြစ်၏။ သူက ကွဲအက်ခြင်းထာဝရရှင်သန်သူ တစ်ယောက်ဖြစ်နေသည့်တိုင်အောင် ထိတ်လန့်မှုကို ခံစားနေရသေးသည်။ သိပ်မကြာခင်မှာပင် ကောင်းကင်တွင်ပေါ်လာသော ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။ သူ၏မျက်နှာပေါ်တွင် ပြင်းထန်သောဝင်သက်က ရိုက်ခတ်လာ၏။ လက်ထဲတွင် ချိုင်းထောက်ကိုင်ထားသော လူအိုကြီးတစ်ယောက်ဖြစ်သည်။ သူ၏မျက်ဝန်းအတွင်း အလင်းတန်းများလက်နေ၏။
“လီထောင်ရီ မင်း ငါ့ကို တားရဲတယ်လား။”
လုံဝူကျီးက ဓါးချီများဖြင့် လင်းလက်တောက်ပလာသည်။ ဓါးထောင်ကျော်က မရေမတွက်နိုင်အောင် များပြားသော အနက်ရောင်နဂါးနက်များအဖြစ် ပြောင်းလဲလျက် အစွယ်ကိုဖြဲကာ လက်သည်းများကိုထုတ်သွားကြ၏။
လေထဲတွင်ရပ်နေသော လီထောင်ရီက လုံဝူကျီး၏မှော်စွမ်းအင်များနှင့် ရင်ဆိုင်ရချိန်တွင် လက်ဝါးတစ်ချက်သာ ရိုက်ထုတ်လိုက်သည်။
ထိုလက်ဝါးဖြင့် အနက်ရောင်နဂါးသောင်းကျော်က ချုပ်ကိုင်ခံရပြီး ပေါက်ကွဲသွား၏။
လုံဝူကျီးကိုယ်တိုင်ကလည်း သွေးများအန်ထုတ်လိုက်ရသည်။ သူက မင်သက်စွာဖြင့်ပြော၏။
“ခင်ဗျား ခင်ဗျားက နတ်ဘုရားနယ်မြေအဆင့် မဟုတ်တော့ဘူး၊ ထာဝရရှင်သန်ခြင်းတစ်ဝက်အဆင့်ကို ရောက်နေပြီပဲ။”
တတိယအဆင့်က ထာဝရရှင်သန်ခြင်းအဆင့်သို့ ရောက်ရှိလာရာဖြစ်သည်။ ပထမနယ်မြေအဆင့်ကမူ နတ်ဘုရားနယ်မြေဖြစ်၏။ လူသားထာဝရရှင်သန်သူအဆင့် တစ်ဝက်သို့ ရောက်နေလျှင် တာအို၏တတိယအဆင့်အစွန်းနားအထိ ချဉ်းကပ်နိုင်နေပြီဟု ယူဆနိုင်သည်။ သည်ထက်ပိုပျံသန်းသည့်ကာလပတ်လုံး အစစ်အမှန်လူသားထာဝရရှင်သန်သူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။
“နောက်ဆုံးတစ်ကြိမ် မင်းနဲ့ငါနဲ့ ကောင်းကင်ဘုံကို ဆန်တက်တဲ့လမ်းကြောင်းမှာ ပိတ်လှောင်ခံခဲ့ရတုန်းက မင်းက ဒီလိုအခြေအနေမဟုတ်ခဲ့ပါဘူး၊ မင်းက အရင်ဆုံး ထာဝရရှင်သန်ခြင်း ဘာလို့ အဆင့်တစ်ဝက်ဝင်ရောက်တဲ့ အဆင့်အထိ ရောက်ရှိသွားတာလဲ၊ ဒါက မမျှတဘူး။”
လုံဝူကျီး၏ရင်ထဲ မနာလိုမှုများ ပြည့်နှက်လာသည်။
ထာဝရရှင်သူတစ်ယောက်ဖြစ်ရန်အလို့ငှာ သူ အရာအားလုံးကို လုပ်ခဲ့ရသည်။ အမှောင်လောက၊ မြေအောက်နယ်မြေတွင် ရှိချိန်ကပင် ယင်ချီနှင့်ပေါင်းစပ်ကာ ထာဝရရှင်သန်သူ၏ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာရန် ရာစုနှစ်တစ်ခုလုံးနီးပါး သုံးခဲ့ရ၏။
ထိုအချိန်တွင် လုံဝူကျီးက အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူနှင့်လက်ရည်တူ ယှဉ်ပြိုင်နိုင်နေသေးသော ပြိုင်ဘက်က သူ့ကိုပင် ကျော်သွားကြောင်း မြင်လိုက်ရသည်။
သူ သည်အခြေအနေကို လက်မခံနိုင်တော့ပေ။
လီထောင်ရီက လုံဝူကျီးကို အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် သူ၏မျက်ဝန်းထဲ အလင်းရောင်လက်သွားသည်။
“ငါ လင်းရှောင်ကျုံးက စိတ်ဝိဉာဉ်နယ်မြေအဆင့်ကို ခြေလှမ်းစဝင်တဲ့ လူငယ်မျိုးဆက်ထဲက လူတစ်ယောက်က မင်းကို ဒီအခြေအနေအထိ ထိခိုက်နာကျင်သွားအောင် လုပ်နိုင်တယ်၊ ကောင်းကင်ဘုံကို ဆန်တက်တဲ့ လမ်းစဉ်အတွက် တိုက်ခိုက်တာကို ရပ်လိုက်တာက ကောင်းမယ်လို့ မင်း မထင်ဘူးလား၊ မင်းရဲ့မင်းဆက်ခေတ်ကိုပြန်သွားပြီး တိုင်းပြည်တစ်ခုက ဧကရာဇ်ပဲလုပ်နေစမ်းပါ၊ ဒီလိုဆိုရင် တိုင်းပြည်အလယ်မှာ အသတ်ခံရတော့မယ်မထင်ဘူး။”
လုံဝူကျီးက အလွန်အံ့ဩသွားသည်။ သူ၏စိတ်အတွင်း မဆုံးနိုင်သောဒေါသများ ပြည့်နှက်လာသည်။
“အဖိုးကြီး ခင်ဗျား သေချင်နေတာပဲ။”
လုံဝူကျီးက သူ၏ရင်ဘတ်ကို ရုတ်တရက် ရိုက်ချလိုက်သည်။ သည်နည်းအားဖြင့် သူ၏ဝင်သက်က အဆများစွာ ကြောက်မက်ဖွယ်ကောင်းလာခဲ့၏။
ကောင်းကင်သို့ သွေးနဂါးနှစ်ကောင် ထိုးတက်သွားသည်။ တစ်ကောင်ချင်းစီတိုင်းက နတ်ဘုရားနယ်မြေတစ်ခုလုံးကို လွှမ်းခြုံအက်ကွဲသွားစေနိုင်သော စွမ်းအားမျိုးကို ပိုင်ဆိုင်နေခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ပတ်ဝန်းကျင်ရှိလေထုကပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကြောင့် ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။ လုယွီနောက်သို့ တစ်လလုံးနီးပါး လိုက်လာခဲ့ရသည်။ သူ၏တစ်ဖက်သူကို မလိုက်နိုင်ခဲ့သည့်ကျရှုံးမှုက တစ်တိုင်းပြည်လုံးအနှံ့ ပျံ့နှံ့သွားတော့မည်ဖြစ်ကာ မျက်နှာပျက်ရပေမည်။ သည်တစ်ကြိမ်တွင် သူ၏ယခင်ပြိုင်ဘက်ဟောင်းက သူ့ကို အရှက်ခွဲလာပြန်သည်။ ဒါက သူ့ကို အလွန်ဒေါသထွက်ကာ မျက်နှာပြာနှမ်းသွားစေ၏။
“ဒီလိုစိတ်အခြေအနေနဲ့မင်းက ဘယ်တော့မှ ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။”
လီထောင်ရီက လက်ခုပ်တီးလိုက်သည်။ သူ၏လက်ဝါးထဲမှ ပြင်းထန်သော စွမ်းအားများက ပေါက်ထွက်လာကာ သွေးနဂါးနှစ်ကောင်ထံသို့ ကျရောက်သွား၏။
ပေါက်ကွဲသံနှစ်သံနှင့်အတူ လီထောင်ရီက သူ၏လက်ချောင်းအရွယ်အစားမျှသာ ရှိသော ဓါးအသေးစားတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ထိုအခါ သွေးနဂါးနှစ်ကောင်က အသတ်ခံလိုက်ရ၏။
“မင်းက ငါ့တပည့်ကို သွေးအန်အောင် လုပ်တယ်၊ အခု ငါ့အလှည့်ပဲ။”
လီထောင်ရီ၏လက်ချောင်းများက ကြယ်ရောင်လင်းလက်တောက်ပလာချိန်တွင် အနောက်ဘက်တွင် အရိပ်တစ်ခုက ကပ်ပါလာသည်။ ထို့နောက် ထိုအရိပ်က လုံဝူကျီးရှိရာသို့ ညွှန်လာ၏။
“လူတစ်ယောက်နှင့်ထာဝရရှင်သန်သူ နှစ်ယောက်ကြားက စွမ်းအား”
လုံဝူကျီးက သည်မြင်ကွင်းကိုမြင်သောအခါ သူ၏ဆံပင်မွှေးများပင် ထောင်တက်သွားသည်ဟု ခံစားလိုက်ရသည်။ သူ ခပ်မြန်မြန်ပင် သူ၏ စိတ်စွမ်းအားများကိုသုံးကာ ခုခံလိုက်ရ၏။
ခြိမ်း။
ကြယ်အလင်းများက သူ့ကိုပြင်းထန်စွာ ရိုက်ခတ်မိသွားသောအခါ လုံဝူကျီးက သွေးများကို အန်ထုတ်လိုက်ရသည်။ သူ၏ရင်ဘတ်က ချိုင့်ဝင်သွား၏။
“ပြေးရမယ်။”
သူ၏မျက်ဝန်းတွင် ဆုံးဖြတ်ချက်ပြတ်သားသော အသံများက ထွက်ပေါ်လာသည်။ သူ ချက်ချင်းပင် နောက်လှည့်ကာ ပြေးတော့၏။
လီထောင်ရီက သူ့အား မတားပေ။ ထွက်သွားခြင်းကိုသာ ကြည့်နေ၏။
“အရာအားလုံးမှာ သက်ရောက်မှုရဲ့တန်ကြေးရှိတယ်၊ ငါ မင်းကိုမသတ်ရင် သူ ပြန်လာသတ်လိမ့်မယ်။”
လီထောင်ရီ၏မျက်ဝန်းထဲ အလင်းရောင်များက လက်လာသည်။ သူက လုံဝူကျီး ထွက်ပြေးသွားသောဘက်ကို ကြည့်ပြီးနောက်ပြော၏။
“ဟုတ်တယ်၊ အပြစ်ပေးခံရတဲ့အခါမှာ တန်ကြေးကတော့ မနိမ့်နိုင်ဘူး။”
ရုတ်တရက် သူက လက်ကိုမြှောက်ပြီးနောက် ဖျော့တော့စွာပြုံးသည်။
“ငါ့ အမိန့်ကိုထုတ်လိုက် လုံဝူကျီးကို ကောင်းကင်ဘုံနယ်မြေကိုမတက်ဖို့ သုံးနှစ် ပိတ်ပင်တယ်။”
ထွက်ပြေးသွားသော လုံဝူကျီးကသွေးများကို ဆက်တိုက်အန်ထုတ်နေရသည်။
“လီထောင်ရီ”
လုံဝူကျီးက အသားကုန်အော်ဟစ်လိုက်၏။ သို့တိုင်အောင် သူ အလျင်အမြန် ထွက်ပြေးနေရသေးလေသည်။
Chapter 882
မြောက်ပိုင်းပြည်နယ်၊ စုန့်မင်းဆက်။
မြောက်ပိုင်းပြည်နယ်၏ မြောက်မြားလှသော သေမျိုးနယ်မြေထဲမှတစ်ခုဖြစ်ပြီး မြောက်ပိုင်းပြည်နယ်၏အစွန်းတစ်ဖက်နားတွင် တည်ရှိသည်။
စုန့်မင်းဆက်၏တောင်ပိုင်းတွင် ရှည်လျားကာ အစွန်းအဆမဲ့သော ချောက်နက်ကြီးရှိ၏။ ထိုနေရာက ရာသီဥတုအလွန်ဆိုးရွားသည်။ ရာသီဥတု ဆိုးရွားသော်လည်း လူနေသောဝန်းကျင်များ ရှိနေသေး၏။ ယန်ကျေးရွာက ထိုနေရာများထဲမှ တစ်နေရာဖြစ်သည်။ ထိုနေရာတွင် လူဦးရေတစ်ရာခန့်သာလျှင်ရှိ၏။ အားလုံးက သေမျိုးများဖြစ်ကြပြီး အမဲလိုက်ကာ မျိုးရိုးအစဉ်အဆက် အသက်မွေးကြသည်။
တစ်ရက်တွင် ရွာ၏လမ်းကြောင်းတစ်နေရာတွင် လှည်းတစ်စီးကိုမြင်နိုင်သည်။ မောင်းနှင်လာသူက လူအိုကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ဖြစ်၏။ သူတို့နှစ်ယောက်လုံး အံ့ဩသွားကြသည်။
“လင်းနင်ရှန်းရဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နောက်ဆုံးတော့ မြေး အခွင့်အရေးရသွားပြီပဲ၊ ဒါကိုကောင်းကောင်းအသုံးချရမယ်နော်၊ တကယ်လို့သာ လင်းရှန်းဂိုဏ်းထဲကို ဝင်နိုင်သွားပြီဆိုရင် နတ်တစ်ပါးဖြစ်လာလိမ့်မယ်။”
ကလေး၏နဖူးကို ထိတွေ့နေသော အဖိုးကြီးက ကြင်နာစွာပြောသည်။ ကလေးကလည်း ပျော်ရွှင်နေဟန်ရသော်လည်း စိုးရိမ်နေသေး၏။
“လီဖူပေါင် ပြောတဲ့အတိုင်းဆိုရင် ကျွန်တော်က အရည်အချင်းမပြည့်မှီဘူးတဲ့၊ လင်းရှန်းအဖွဲ့ရဲ့ပြိုင်ပွဲကို ကျော်ဖြတ်နိုင်ဖို့က ခက်ခဲနိုင်ပါတယ်။”
အဖိုးကြီးက သူ့အားစိုက်ကြည့်သည်။
“လီခိုင်ရဲ့အရူးသားက ဘာသိမှာလဲ၊ သူက အရည်အချင်းပြည့်မှီတယ်၊ ဒါမှမဟုတ် သူ့အဖေက ထာဝရရှင်သန်ခြင်းအဆင့်ပါရမီရဖို့ ဘယ်လောက်တောင် အဖိုးတန်ဆေးဝါးတွေ ပေးဆပ်ခဲ့သလဲဆိုတာ မသိတာမှမဟုတ်တာ၊ သားက ကွားခြားတယ်၊ သားက ပါရမီရှင်ပဲ၊ သားက ထာဝရရှင်သန်သူဖြစ်ဖို့ ကံကြမ္မာပါလာတဲ့သူ၊ သူ ပြောတာကို နားမထောင်နဲ့။”
ကလေးက ခေါင်းငြိမ့်သည်။ သို့သော် မျက်နှာတွင် စိုးရိမ်မှုများက ရှိနေသေး၏။ ရုတ်တရက် လှည်းက တစ်စုံတစ်ရာကို ပြင်းပြင်းထန်ထန်တိုက်မိသွားသည်။ ဘီးကိုဆွဲလာသော အစိမ်းရောင်နွားက ပြင်းထန်စွာအော်ဟစ်သည်။ လူတစ်ယောက်ကို တက်နင်းမိ သို့မဟုတ် တက်ကြိတ်မိသွားသည့်အလား ထင်ရ၏။
ကလေးက ခေါင်းလေးထွက်ကာကြည့်ပြီးနောက် အလန့်တကြားအော်တော့သည်။
“အဖိုး အဖိုး လမ်းမှာ လူတစ်ယောက်လဲနေတယ်။”
နှစ်ယောက်လုံးက အပြေးအလွှားနှင့်ရထားလုံးထဲမှ ထွက်လိုက်ချိန်တွင် လဲကျနေသူက အသိမေ့နေသော လူငယ်တစ်ယောက်ဖြစ်ကြောင်း မြင်လိုက်ရသည်။ ထိုလူငယ်၏ပုံပန်းသွင်ပြင်က စုတ်ပြတ်နေသည်။ ဘာဖြစ်နေမှန်း မသိရပေ။ သို့သော်သူ၏ပုံပန်းသွင်ပြင်နှင့် နေရာအနှံ့ရှိနေသော ဒဏ်ရာများအရ သူတောင်းစားနှင့် တူသည်။
“သူ ဘာကြောင့်များ ဒီလိုဖြစ်နေရတာလဲ။”
ကလေးက စိုးရိမ်သွားသည်။
လူအိုကြီး၏မျက်နှာက လေးနက်သွားပြီးနောက်တွင် တစ်စုံတစ်ရာကိုတွေးမိကာ ထိုလူငယ်၏ဝင်သက်ကို စစ်ဆေးလိုက်သည်။
“ကံကောင်းတာက သူ မသေသေးတာပဲ၊ ရွာကို ပြန်ခေါ်သွားရအောင်။”
အဖိုးကြီးက ထိုလူငယ်ကိုသယ်ကာ ရထားလုံးထဲထည့်သည်။ ထို့နောက် ရွာသို့အပြေးပြန်၏။
ထိုလူအိုကြီး၏နာမည်က ယန်ချီဖြစ်သည်။ တစ်ရွာလုံးက မျိုးရိုးနာမည်ယန်ဟုသာ ခေါ်ကြ၏။ သူက ရွာလူကြီးဖြစ်ရုံသာမကလေဘဲ မိသားစုမှ အရေးကိစ္စတိုင်းကို ဦးစီးဦးဆောင်ပြုရသည့်အကြီးအကဲဖြစ်သည်။ ကလေး၏နာမည်ကမူ ယန်ချန်းဖြစ်ပြီး ယန်ချီ၏သားဖြစ်သည်။ မိဘများက စောစီးစွာ သေဆုံးသွားသည့်အခါ သည်အဖိုးကသာ သည်မြေးကို စောင့်ရှောက်ကာကွယ်ပေးခဲ့ရ၏။
“နံပါတ် ၇ သခင်ပြန်လာပြီ။”
"အစောပိုင်းကတည်းက
“ကျင်းယန်မြို့က အခြေအနေဘယ်လိုရှိပါသလဲ။”
ရွာလူကြီးက ပြန်လာသည်နှင့်အားလုံးက အလောတကြီး ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ ယန်ချီက ချက်ချင်းရယ်ကာပြော၏။
“ယန်ချန်းက ယန်ချီဂိုဏ်းရဲ့ နတ်နယ်မြေကတောင် ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံရမယ့်သူပဲ၊ သေချာပေါက် ရက်အနည်းငယ်နေရင် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာပေါ့။”
ရွာသားများအားလုံး ပျော်သွားကြသည်။
လင်းရှန်းဂိုဏ်းသည် ရှန်းမန်ဖြစ်သည်။ စုန့်မင်းဆက်မှ ဧကရာဇ်က လင်းရှန်းဂိုဏ်းမှ တပည့်ဂိုဏ်းသားများကို မြင်သည့်အခါတွင်ပင် ဦးညွှတ်ကာ အရိုအသေပြုရ၏။ မင်းကသာ လင်းရှန်းဂိုဏ်းမှ တပည့်ဂိုဏ်းသားဖြစ်လာမည်ဆိုလျှင် ကြီးမားသောအောင်မြင်မှုများနှင့် အကန့်အသတ်မဲ့သောအနာဂါတ်ကို ပိုင်ဆိုင်ရမည် ဖြစ်သည်။
“ငါ ကြည့်နေတာ ကြာပြီ၊ ယန်ချန်း အဆင်မပြေတဲ့ပုံပဲ။”
“မဟုတ်ဘူး၊ ဒီကောင်လေးက ငယ်စဉ်ကတည်းက ဉာဏ်အရမ်းကောင်းတာ၊ သေချာပေါက် သူက အရမ်းထူးခြားတဲ့လူလို့ ငါ ထင်တယ်။”
ကောင်လေးက ရှက်သွားသည်။ သူက ယန်ချီ၏အနောက်တွင် ပုန်းလိုက်၏။
“ဟား ဟား ဒီကောင်လေးက ရှက်နေတာပဲ။”
လူအုပ်က ရယ်ကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က လှည်းပေါ်တွင်လဲနေသော လူငယ်ကို ရှာတွေ့သွားသည်။ လူငယ်က ဒဏ်ရာများ အပြည့်ဖြစ်၏။ အချို့သူများက အံ့ဩသွားပြီးပြောကြ၏။
“ဘာလို့ နံပါတ် ၇ သခင်က ဒီလူကို ပြန်ခေါ်လာတာလဲ၊ သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတဲ့ပုံပဲ။”
ယန်ချီက အလွန်မင်သက်
“သမားတော်ကို သွားခေါ်လိုက်ပါ၊ သူ့ကို မြန်မြန်ကုသပေးမှဖြစ်တော့မယ်။”
Chapter 883
ပြင်းထန်သော ဆေးရနံ့ကြောင့် လုယွီက မျက်လုံးကို ဖွင့်လိုက်သည်။သူ အိပ်ယာထဲ လဲနေရုံနှင့်တင် တစ်ကိုယ်လုံးမှ လာသော ပြင်းထန်သည့် နာကျင်မှုက သူ၏ ဒဏ်ရာက မသေးကြောင်း ပြောပြနေလေသည်။
“ ငါ အကြိမ်ထောင်ကျော် တွက်ချက်ခဲ့ပေမဲ့ အာကာသ မုန်တိုင်းတော့ မပါခဲ့ဘူးပဲ”
သူ ကြောင်တောင်တောင် ပြုံးလိုက်သည်။
သူ ခန့်မှန်းသည်မှာ မှန်ကန်လျင် သူ အာကာသ အက်ကွဲကြောင်းထဲ ၀င်လိုက်သည်နှင့် ၀င်္ကပါကြောင့် အခြားချောက်ကမ်းပါး တဖက်သို့သာ ရောက်သွားသင့်လေသည်။သို့ရာတွင် သူ မမျှော်လင့်ထားသည်မှာ သူ နေရာသို့ ခြေလှမ်းချလိုက်သည်နှင့် အာကာသမုန်တိုင်းနှင့် ကြုံရခြင်းဖြစ်သည်။
အာကာသ မုန်တိုင်းက အ လွန်ပြင်းထန်သည်။. မည်သည့်အရာနှင့် ဆုံဆုံ ဖုန်ဖြစ်သွားစေလျက် ဖယ်ရှားရှင်းလင်းသွားစေမည်ဖြစ်သည်။ လုယွီ၏ ကိုယ်ကသာ လုံလောက်အောင် သန်မာခြင်းမရှိလျင် သို့မဟုတ် ယခင်ဘ၀မှ အတွေ့အကြုံမရှိလျင် သူ ပြန်ထွက်လာနိုင်မည် မထင်ပေ။
“ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အပြောင်းအလဲတွေ ရှိနေတာပဲ။ ရွံစရာကောင်းတဲ့ ဖြစ်စဉ်ကနေ ရတဲ့ ကံကောင်းခြင်းပေါ့လေ”
လုယွီက သူ၏ ကိုယ်အတွင်းမှ မှော်စွမ်းအားများကို စစ်ဆေးပြီးနောက် ရေရွတ်လိုက်သည်။ သူ ပျော်သွား၏။
လုံဝူကျီးနှင့် တိုက်ခိုက်ခဲ့ကတည်းက သူ၏ခွန်အားက မြို့ပေါင်း ၁၁၀ ခန့်ကို ဖျက်ဆီးနိုင်သော အဆင့်ထိ ရောက်ခဲ့သည်။သူ့ကိုသာ ကုစားချိန် အနည်းငယ်ပေးလိုက်မည် ဆိုလျှင် ယခင်ကထက် ပိုသာသွားလိမ့်မည်။
“ ဒါနဲ့ ငါက ပတ်တီးကြီးနဲ့လား”
သူ ကြောင်သွားသည်။ သူ၏ ဒဏ်ရာများက ပတ်တီးမလိုပေ။ သူ ကုန်ဆုံးသွားသည်က စွမ်းအင်များဖြစ်သည်။ထိုအရာများ ပြန်ပြည့်ရန် အချိန်တစ်ခုသာ လိုလေသည်။
“ နိုးလာပြီလား”
လုယွီ၏ နားအတွင်း အလွန် နူးညံ့သော အသံလေး ၀င်လာသည်။ သူ ခေါင်းမော့ကာ ကြည့်လိုက်သောအခါ အသက်ဆယ်နှစ်အစောပိုင်းအရွယ်ရှိ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရလေည်။
ထိုကလေးက လက်ထဲတွင် ဆေးစွပ်ပြုတ် တစ်ပန်းကန်ကို သယ်လာပေးသည်။ သူက လုယွီကို ပေးကာ ပြောသည်။
“ သမားတော်က မင်း ဒီဆေးသောက်ရမယ်လို့ ပြောတယ်။ ဒါမှ မင်း အမြန်သက်သာလိမ့်မယ်။ ခါးတယ်ဆိုပြီး တွေးမနေနဲ့ သမားတော်က ငါတို့ဆီမှာ အတော်ဆုံးပဲ”
“ ဒါက ဘယ်နေရာလဲ”
ထိုကောင်လေး၏ မျက်၀န်းက လင်းလက်သွားသည်။
“ ဒါက ယန်ကျေးရွာလေ။ မင်းက အခြားနေရာကလား”
“ ယန်ချန်း”
အပြင်မှ ခေါ်သံနှင့်အတူ ယန်ချီ၀င်လာသည်။
ယန်ချီက သူ့မြေး၏ ခေါင်းကို ပုတ်သည်။
“ ဒီမှာ ဘာလုပ်နေတာလဲ ကျောင်းမသွားသေးဘူးလား”
“ သားက ယန်ရှန်းဂိုဏ်းရဲ့ ၀င်ခွင့်ဖြေရမှာ မဟုတ်လား ဘာလို့ ကျောင်းသွားရမှာလဲ”
“ ကောင်စုတ်လေး ငါ့မှာ အတွေ့အကြုံမရှိရင်တောင် ထာ၀ရရှင်သန်သူတွေလည်း စာဖတ်တာကိုတော့ ဒီအဘိုးက သိပါသေးတယ်။ ဒါမှ သူတို့က မိသားစုရဲ့ အမွေအနှစ်ကျမ်းတွေ ပေးရင် သားဖတ်တတ်မှာလေ”
ယန်ချန်းက ခရမ်းသီးပုပ်နဲ့ ပစ်ပေါက်ခံရသကဲ့သို့ အလျင်အမြန်ပြေးတော့သည်။
ဒါကို မြင်သောအခါ ယန်ချီက လုယွီကို ကြည့်လာသည်။
“ လူငယ်လေး ငါက ယန်ကျေးရွာရဲ့ ရွာလူကြီးပဲ၊ မင်းကို ကယ်ခဲ့တဲ့သူပေါ့”
လုယွီက ချက်ချင်းထကာ ဦးညွတ်သည်။ထို့နောက် ယန်ချန်းကို တချက် လှမ်းကြည့်ကာ ပြောသည်။
“ အဘိုးရဲ့ ကလေးကို သင်ကြားပုံက ထူးခြားပါပေတယ်”
ယန်ချီက ခေါင်းခါသည်။
“ ဒီမြေးက တအားဆိုးတယ်။ သူ့ကို ထိန်းနိုင်ပြီး စိတ်၀င်စားစေဖို့ပဲ ဖိအားပေးရတော့တာပေါ့”
ယန်ချီက လုယွီကို ကြည့်လာသည်။
“ မင်း ဘယ်လိုကြောင့်များ ဒဏ်ရာတွေ ဒီလောက်တောင် ရလာတာလဲ၊ သမားတော်က မင်းကိုမ ရှင်နိုင်ဘူးလို့ ပြောထားတာ မထင်ထားဘဲ မင်းက တစ်ညထဲနဲ့ ပြန်သတိရလာခဲ့တယ်”
လုယွီက ပြောသည်။
“ ဒါက ကျွန်တော် မကောင်းတဲ့လူတစ်ယောက်နဲ့ ဆုံခဲ့ပြီး သူ လိုက်သတ်တာခံရလို့ ထွက်ပြေးရင်းနဲ့ ဒီနေရာကို ရောက်လာခဲ့တာပါ”
“ ငါ နားလည်ပြီ။ ငါကလည်း တစ်ဘ၀လုံး မတရားမှုတွေကို သဘောမကျတဲ့သူပဲ။ ကဲ မင်း ဒီမှာ ဒဏ်ရာတေ ပျောက်တဲ့အထိ နားနေလိုက်တော့။ ပြီးမှပဲ သွားလိုရာကို သွားပေါ့”
လုယွီက ကျေးဇူးထပ်တင်လိုက်သည်။ ယန်ချီ ထွက်သွားသောအခါ သူက စိတ်စွမ်းအင် ဖြန့်ကျက်ကာ ခြုံကြည့်လိုက်သည်။ သူ၏ မျက်၀န်းက လင်းလက်လာ၏။
“ ဒါက မြောက်ပိုင်းနယ်မြေပဲ”
သူ၏ အသက်သွေးကြောက မြောက်ပိုင်းနယ်မြေတွင်ရှိသည်။
Chapter 884
လုယွီက ထိုရွာတွင် ခုနှစ်ရက် အချိန်ဖြုန်းခဲ့သည်။ ခုနှစ်ရက်မြောက်နေ့တွင် လုယွီက သူ ရှိရာ အိပ်ခန်းတစ်ခုထဲသို့ နဂါးဝင်သက်စွမ်းအားများ ပြည့်နှက်နေကြောင်း ခံစားလိုက်ရသည်။ သူ၏ မျက်လုံးထဲတွင် ဖုံးကွယ်နေသော အလင်းတန်း ဖျော့ဖျော့ တောက်ပနေ၏။ လုယွီက မျက်လုံးကို ဖွင့်လိုက်သည်။ ထက်ရှနေသော အလင်းက ပျောက်ကွယ်သွားကာ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်သွားသည်။
"ဒီခန္ဓာကိုယ်ကို ပုံမှန်အားဖြင့်တော့ သက်သာသွားပြီ၊ အရင်အတိုင်း နှစ်ဆလောက် အနည်းဆုံး ခွန်အားကြီး သွားပြီ။ ငါ့ရဲ့ အတွင်းအားတွေ ပြန်ရဖို့ကတော့ အချိန်တစ်ခု ယူရလိမ့်မယ်။ ဒီတစ်ကြိမ် အပျက်အစီးက လေးနက်တယ်ဆိုပေယ့် ငါ့ရဲ့ အတွင်းအားတွေက ပိုပြီးတော့တောင် သန့်စင်သွားသေးတယ်။ ငါသာ ဒီတစ်ကြိမ် အဆင့်တက်သွားမယ်ဆိုရင် ငါ စိတ်ဝိဉာဉ်အဆင့်က အလယ်အလတ်အဆင့်ကို တိုက်ရိုက် ကျော်ဖြတ်လိုက်လို့ ရလောက်တယ်။ ဒီလိုဆိုရင် ရွံစရာကောင်းတဲ့ထဲက ကံကောင်းမှုကို ရှာတွေ့လိုက်သလိုပေါ့"
လုယွီက နတ်အသိစိတ်ကို သိမ်းလိုက်ပြီးနောက် တံခါးအပြင်သို့ ထွက်သည်။ အပြင်တွင် အော်ဟစ်သံများ ရှိနေခဲ့၏။ လုယွီက တံခါးကို ဖွင့်လိုက်ချိန်တွင် ယန်ချန်းက ကျောပိုးအိတ် တစ်လုံးနှင့် နွားထီးဆွဲသော ရထားလုံးပေါ်သို့တက်ရန် ပြင်နေကြောင်း မြင်လိုက်ရသည်။
ရထားလုံးပေါ်သို့ သားရေအိတ်များစွာကို တင်နေသည်။ ဒါက သားရေများဖြစ်၏။ မြောက်ပိုင်း နယ်မြေတွင် ဆောင်းတွင်းက အလွန်အေးစက်သောကြောင့် ဒီသားရေများက ရောင်းချရန်မဟုတ်ပဲ သူတို့အနွေးဓာတ်ရရန် ဝတ်ဆင်ရန်အတွက် ဖြစ်လာသည်။ သူတို့ ကျင်းယန်မြို့သို့ သွားပြီး ရောင်းချလျှင်လည်းဈေးကောင်း ရနိုင်မည်ဖြစ်၏။
"နံပါတ်ခုနှစ်သခင် ကျွန်တော် ကူသယ်ပေးပါရစေ"
လုယွီက ငါးအိတ်ခြောက်အိတ်ခန့်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်လျက် ရထားလုံးပေါ်သို့ တင်ပေးသည်။
သူက အတွင်းအားကို အသုံးမပြုနိုင်သေးသော်လည်း သူ၏ ခန္ဓာကိုယ်က အလွန်သန်မာနေသေးသည်။
"ကျေးဇူးပြုလို့ ညီငယ်လုယွီ"
ယန်ချီက ပြောသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် လုယွီက ဒီမိသားစုက အရာရာကူညီပေးခဲ့သည်။ ထင်းခွဲခြင်း စသော လုပ်သားအင်အား လိုအပ်သည့် အလုပ်တိုင်းကို ကူညီပေးခဲ့သည်။
လုယွီက အာကာသအက်ကွဲကြောင်းထဲမှ ထွက်လာခဲ့ချိန်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေခဲ့သည်။ သာမန်ဝံပုလွေကပင် သူ့ကို သတ်နိုင်၏။ ဒီမြေးအဖိုးကြောင့်သာ မဟုတ်လျှင် သူ သေဆုံးသွားလောက်ချေပြီ။ ပြောရလျှင် ကြင်နာမှုကို ကြင်နာမှုဖြင့် ပြန်ပေးဆပ်သေး၏။
"ငါတို့တွေ ကျင်းရန်မြို့ကို သွားကြမလို့ပဲ။ မင်း ငါတို့နဲံ လိုက်ချင်လား။ ဒီမနက် ငါ့မြေးက လင်းရှန်းဂိုဏ်းရဲ့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှာလေ"
ရန်ချီက သူ့မြေ၏ ခေါင်းကို ပုတ်လျက်အပြုံးနှင့် ပြောသည်။
ဒီမြေးက သူ ဂုဏ်ယူရသောသူဖြစ်သည်။
လုယွီက ပြုံးလိုက်သည်။
"ကောင်းပြီ ကျွန်တော်လည်း လိုက်ခဲ့မှာပေါ့။ ကျွန်တော်လည်း ကျင်းရန်မြို့ကို ရောက်ချင်နေတာ ကြာပါပြီ"
ဒီတောင်တန်းမှ စွမ်းအားအရှိန်အဝါက သေးငယ်သည်။ ဒီနည်းအားဖြင့် သူ အတွင်းအားများ ပြန်ရရန် မဖြစ်နိုင်ပေ။
ဘုန်းတော်ကြီးတစ်ပါး ရှိသော ဂိုဏ်းသို့ သွားမည်ဆိုလျှင် အတွင်းအား ပြန်ရမည့်နှုန်းက ပိုမြန်သွားပေလိမ့်မည်။
သူတို့သုံးယောက်က ယန်ကျးရွာမှ ထွက်ပြီး ကျင်းယန်မြို့သို့ ဦးတည်ကြသည်။
"လင်းရှန်းဂိုဏ်းက စုန့်မင်းဆက်ထက် သက်တမ်းကြာရှည်တဲ့ ဂိုဏ်းလို့ ပြောရမှာပဲ။ အဲဒိမှာ မရေမတွက်နိုင်တဲ့ ထာဝရရှင်သူတွေ ရှိတယ်၊ ဒီတစ်ကြိမ်မှာ လူအများစုက သူတို့ရဲ့ ဆက်ခံသူတွေကို ကျောင်းတော်ကို ခေါ်လာကြလိမ့်မယ်။ အရည်အချင်း ပြည့်မှီတဲ့သူတွေ ရှိမရှိ ဝင်ခွင့် စစ်ဆေးပြီး ဆုံးဖြတ်ကြလိမ့်မယ်"
လမ်းတစ်လျှောက်တွင် ယန်ချီက လင်းရှန်းဂိုဏ်းအကြောင်းကို ပြောပြသည်။ သေမျိုးများအတွက် လင်းရှန်းဂိုဏ်းက လက်လှမ်းမမှီနိုင်သော ထာဝရရှင်သန်ခြင်း ဂိတ်ပေါက်ဖြစ်နေသည်။ ယန်ချီက ချောင်းအနည်းငယ် ဆိုးကာ သက်ပြင်းချသည်။
"ငါ့ကိုယ်က တစ်နေ့နဲ့ တစ်နေ့ အခြေအနေ ဆိုးလာပြီ။ ချန်းအာကသာ လင်းရှန်းဂိုဏ်းကို ဝင်နိုင်ရင် ငါ စိတ်အေးပါပြီ"
လုယွီက ပြောသည်။
"ယန်ချန်းက လင်းရှန်းဂိုဏ်းရဲ့ တပည့်ဂိုဏ်းသား ဖြစ်လာမှာပါ"
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လုယွီက ယန်ချန်းကို ထျန်းယွမ်ရွှေဆေးကို ပေးခဲ့သည်။ ဒါက သူ၏ ကိုယ်အတွင်းမှ မသန့်စင်မှုများ အားလုံးကို ဖယ်ရှားနိုင်ပြီး အရိုးနှင့် ကြွက်သားများကို ပြန်လည်ပုံသဏ္ဍာန်ပေါ်လာစေသည်။
ယန်ချန်းက ငယ်သေးသည်။ သာမန်လူများက အခြေအနေ ပြောင်းလဲမှုကို မမြင်နိုင်သော်လည်း ဘုန်းတော်ကြီးများဆိုလျှင် ချက်ချင်း သိသာသွားပေလိမ့်မည်။
"ငါ့ရဲ့ အတွင်းအားတွေ ပြန်ရရင် ငါ ဒီနံပါတ်ခုနှစ် သခင်အတွက် ဆေးဖော်စပ်ပေးရမယ်"
လုယွီက တွေးလိုက်သည်။
ထိုအချိန်တွင် လုယွီက တစ်စုံတစ်ရာကို ခံစားမိပြီး ယန်ချန်းကို ဘေးဘက်သို့ ဆွဲခေါ်လိုက်သည်။
ဝှစ်
ထိုအချန်တွင် အလွန်ထက်ရှသော မြှားတစ်စင်းက လေထုကို ထိုးခွဲသွားကာ ယန်ချန်းနဂိုရပ်နေရာ နေရာသို့ ထိုးစိုက်သွားသည်။ တောင်ဘေး လမ်းငယ်ထဲမှာ ခက်ထန်ကြမ်းတမ်းသော အမူအယာရှိသည့် လူအအနည်းငယ်ခန့် ထွက်လာကြ၏။ သူတို့၏ အကြည့်များက အေးစက်နေလျက် ယန်ချီကို ကြည့်သည်။
"ဓားပြတွေ"
ယန်ချီက အလန့်တကြား အော်သည်။ သူက ရထားလုံးကို ရပ်တန့်လိုက်၏။
Chapter 885
"မကြောက်နဲ့"
ယန်ချီက လုယွီကို ကြည့်လျက် တည်ငြိမ်စွာ ထိန်းသည်။
လုယွီကဲ့သို့ လူငယ်များက ဒေါသကြီးလွန်းသည်။ ယန်ချီက ဒီလောကတွင် ကျင်လည်ခဲ့သည်မှာ သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့သည့်အတွက် ဓားပြများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်နေသည်။
"သူရဲကောင်းတို့ မလုပ်ကြပါနဲ့။ ဒီအဖိုးကြီးက မြို့မှာ တစ်စုံတစ်ရာ သွားရောင်းဖို့ သွားရုံပါပဲ။ ငါ စည်းမျဉ်းကို သိပါတယ်"
ယန်ချီက ခါးကကြိုးကို ဖြည်လိုက်ချိန်တွင် ငွေတစ်စက ထွက်လာသည်။ သူက အရှေ့ဆုံးမှ လူတစ်ယောက်လက်ထဲကို ထည့်ပေးလိုက်၏။
ထိုသူက ခေါင်းဆောင်ဟု ထင်ရသည်။ သူက ငွေ၏ အလေးချိန်ကို ချိန်ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"မလောက်ဘူး ငါပိုက်ဆံတွေ အားလုံး လိုချင်တယ်"
ယန်ချီ၏ ကိုယ်က တုန်ခါသွားသည်။
"သူရဲကောင်းတို့ ဒါက ဒီအဖိုးကြီးမှာ ရှိတဲ့ ပိုက်ဆံအကုန်ပါပဲ"
"ပေါက်ကရတွေ"
ဓားပြခေါင်းဆောင်က ယန်ချီ၏ လက်မှအိတ်ကို ဆွဲကြည့်လိုက်သည်။ အကြိမ်အနည်းငယ် ခါကြည့်၏။ သို့သော် ဘာပိုက်ဆံမှ ထွက်မလာခဲ့ပေ။ သူက ယန်ချီကို စုန်ချည်ဆန်ချည် ကြည့်ပြီးနောက် တည်တင်းစွာပြော၏။
"အဖိုးကြီး ခင်ဗျားကငါ့ကို ဒီအတိုင်း မောင်းထုတ်လို့ရမယ် ထင်နေတာလား"
"ဒါပေမယ့် ဒါပေမယ့် ငါ့မှာ ပိုက်ဆံမရှိတော့ပါဘူး"
အခြားသူများက နွားထီး ရထားလုံးထံသို့ တိုက်ရိုက်သွားကြသည်။ ထို့နောက် အိတ်အချို့ကို ဆွဲချကြကာ ဖြဲကြည့်လိုက်ချိန်တွင် အထဲမှ အရာများကို မြင်လိုက်ရ၏။
ထိုလူက အော်တော့သည်။
"ဟားဟား ဒါက တိရစ္ဆာန်သားရေတွေပဲ။ ဒါတွေက အခုအချိန်မှာ အရမ်းအဖိုးတန်နေတာ၊ သူတို့အားလုံးကို ရွှေ့လိုက်"
ခေါင်းဆောင်က လေးလံသော လေသံဖြင့် ပြောသည်။
ယန်ချီက စိတ်ဝိဉာဉ်ပျောက်ဆုံးသွားသကဲ့သို့ စိတ်ပျက်သွားပြီး မြေပြင်တွင် ဒူးထောက်ချလိုက်ကာ တောင်းပန်တော့သည်။
"အရှင်သခင်သူရဲကောင်းတို့ ဒါကငါတို့တစ်ရွာလုံး နှစ်ဝက်လောက်နီးပါး၊ အမဲလိုက်ထားပြီးမှ ရလာတဲ့အရာတွေပါ။ မင်းတို့ အားလုံး ယူသွားမယ်ဆိုရင် ငါတို့ရွာက ရှင်သန်ဖို့ ရှိတော့မယ် မထင်ပါဘူး"
"ထွက်သွားစမ်းပါ"
ခေါင်းဆောင်က ဒေါသထွက်လာဟန် ရပြီး အော်တော့မည့် အချိန်တွင်ပင် တစ်စုံတစ်ယောက်၏ အော်သံကို ကြားလိုက်ရသည်။
"ဒီမှာ ကလေးတစ်ယောက် ရှိနေတာပဲ"
"ဘာ"
ခေါင်းဆောင်၏ မျက်ဝန်းက ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။ သူက ယန်ချီကို ကန်ထုတ်ပြီးနောက် ချက်ချင်းထွက်လာခဲ့၏။ ထိုအခါ ထောင့်တစ်နေရာတွင် ပုန်းနေသော ယန်ချန်းကို မြင်လိုက်ရသည်။ ယန်ချန်းက တုန်နေ၏။ ခေါင်းဆောင်က အော်ရယ်နေသည်။
"ငါ ရွာတွေအများကြီးကို ရှာခဲ့ပြီးပြီ။ သင့်တော်တဲ့ ကလေး လုံးဝ မတွေ့ခဲ့ဘူး။ နောက်ဆုံးတော့ တွေ့ပြီပဲ"
ထို့နောက် ခေါင်းဆောင်က ယန်ချန်းကို လက်ညှိုးထိုးကာ ပြောသည်။
"သူ့ကို ကြိုးချည်ပြီး ခေါ်လာခဲ့လိုက်"
"ချန်းအာ ပြေးတော့"
မြေပြင်တွင် လဲကျနေသော ယန်ချီက ယန်ချန်းကို အော်သည်။
"အဖိုးကြီး ခင်ဗျားစကားပြောရမယ့် အချိန်လား"
ထိုသို့ဖြင့် ခေါင်းဆောင်က ယန်ချီကို ကန်တော့သည်။
ဓားပြများက ချက်ချင်းလိုလိုယန်ချန်းအား ချီနှောင်ရန် အနားကပ်သွားကြသည်။ ယန်ချန်း၏ အနားတွင် ထိုင်နေသော လုယွီကို မည်သူကမှ ဂရုမစိုက်ကြပေ။ သူကဲ့သို့ ဖြူဖျော့ကာ သေးသွယ်ပိန်ပါးသော သူက အသုံးဝင်မည်ဟု မထင်ထားကြပေ။ သို့သော် သူတို့၏ လက်များက ယန်ချန်းကို ထိတွေ့တော့မည့် အချိန်တွင် သူတို့၏ လက်ကို တစ်စုံတစ်ရာက ဖမ်းဆုပ်လာ၏။
"မင်း သေချင်လို့လား"
ဓားပြက အော်သည်။ လှုပ်ရှားလိုက်သူက လုယွီဖြစ်၏။ လုယွီက တည်ငြိမ်စွာဖြင့် သူ့အားကြည့်သည်။
"ငါ့ကို ပြောစမ်းပါ။ ဒီမတိုင်ခင်မှာ မင်းတို့ ကလေးဘယ်နှယောက်လောက် ဖမ်းထားလဲ"
ဓားပြက ဒေါသထွက်သွားသည်။
"မင်း အဖွားကိုသာ သွားမေးလိုက်"
ထိုသို့ဖြင့် ဓားပြကာ ဓားကိုရမ်းကာ လုယွီအား အလယ်မှခြမ်းပစ်ရန် ကြံစည်သည်။
"ငါ မေးနေရင် ဖြေရမယ်"
လုယွီ၏ အသံက ရုတ်တရက် မြင့်သွားသည်။ သူ ခန္ဓာကိုယ်က မလှုပ်ပေ။ သို့သော် လက်က ရုတ်တရက် ရှေ့သို့ ဆန့်တန်းသွားပြီး ဓားပြလက်ထဲမှ ဓားကို ရိုက်ချလိုက်၏။ ချက်ချင်းလိုလိုပင် လုယွီက အသာအယာကိုင်ထားဟန် ပေါက်နေသော လက်က ဓားပြ၏ လက်မောင်းကို တင်းကြပ်စွာဖမ်းဆုပ်လိုက်ကာ ထူးဆန်းသော ပုံသဏ္ဍာန်ဖြင့် ကွေးကောက်သွားစေသည်။
"အားအား"
ဓားပြက ငယ်သံပါအောင်အော်ပြီး မြေပြင်တွင် လဲကျသည်။
လုယွီက ထိုဓားပြ၏ လက်မောင်းတစ်ဖက်ကို အသာအယာပင် ဆွဲဖြုတ်လိုက်ခြင်း ဖြစ်သည်။ သွေးများက ဆက်တိုက်ပန်းထွက်လာ၏။ ဓားပြက ဆက်တိုက် အော်ဟစ်နေတော့သည်။ သို့သော် လုယွီက မရပ်ပေ။ သူက မတ်တပ်ထရပ်ပြီး ဓားပြ၏ လည်ပင်းကို တက်နင်းထား၏။
"ငါ မေးနေရင် ဖြေလိုက်သင့်တယ်"
လုယွီက အရေးမကြီးသော အရာတစ်ခုကို လုပ်နေရသည့်အလား ထင်ရသည်။ သို့သော် သူ၏ ဖိနပ်ကမူ ဓားပြ၏ လည်ပင်းကို ဖိနင်းထားသည့်အတွက် ထိုဓားပြကို တိုက်ရိုက်ပင် သေဆုံးသွားစေခဲ့သည်။
အခြားသော ဓားပြများအားလုံးက ထိတ်လန့်သွားကြ၏။ ဒီလိုအားနည်းဟန် ပေါက်နေသော ဆယ်ကျော်သက်လေးက ထိုမျှအထိ စွမ်းအား ကြီးမားမည်ဟု မထင်ထားကြပေ။
"ဘာတွေကို ကြောက်နေတာလဲ။ သူက တစ်ယောက်တည်းလေ၊ ငါတို့ အားလုံး ပေါင်းသတ်ကြမယ်"
ချက်ချင်းလိုလိုပင် ဓားပြများ အားလုံးက အော်ဟစ်ကာ လက်နက်များကို လွှဲရမ်းလျက် ဝင်သွားကြသည်။ လုယွီက တစ်ယောက်တည်းဖြစ်သည်။ သူက စွမ်းအားကြီးမားလျှင်ပင် သူတို့က အများဖြစ်၏။
"သေစမ်း"
ဓားပြတစ်ယောက်က ပုဆိန်ကို လွှဲရမ်းကာ လုယွီ၏ လည်ပင်းကို ခုတ်ပိုင်းရန် ကြံစည်သည်။ ထိုနေရာက သေကွင်းသေကွက်ဖြစ်၏။ တစ်ချက်တည်းဖြင့် အပြီးဖြစ်သည်။
Thank For Reading.
စာရေးသူ ပြောင်းလိုက်ရလို့ အဆင်မပြေတာရှိ တောင်းပန်ပါတယ်။