← Chapters

အခန်း (၈၈၆-၈၉၀)

Vol. 48 Ch. 886-890

အခန်း (၈၈၆-၈၉၀)

Vol. 48 Ch. 886-890

အပိုင်း ၈၈၆

အခြားတစ်ဖက်တွင် လုယွီကမူ လက်များကို နောက်ပစ်ထားလျက် အေးစက်စွာ ကြည့်သည်။

"ပုရွက်ဆိတ်အုပ်တွေ"

လုယွီက အသာအယာပင် ရှေ့ဆုံးက ဓားပြကို လက်သီးဖြင့် ထိုးသည်။

ခြိမ်း

လက်သီးက ထိုဓားပြ၏ ဝမ်းဗိုက်ကို ပေါက်ထွက်သွား၏။ တစ်ချက်တည်းဖြင့် သေသွားသည်။ ထိုလက်သီးက လျင်မြန်စွာဖြင့် ရွေ့လျားနေခဲ့ကာ အနားရှိ ဝိုင်းနေသော လူတိုင်းနီးပါးကို အပေါက်ဖြစ်လျက်

သေဆုံးသွားစေခဲ့၏။

ခြိမ်း ခြိမ်း ခြိမ်း

ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေသည်။ အခြားသော ဓားပြများက ချက်ချင်းလိုလိုပင် ထွက်ပြေးကြတော့၏။

"ဘုရားရေ သူက လူမဟုတ်ဘူး"

"အားလုံးပဲ ထွက်ပြေးကြစို့"

လုယွီက ထွက်ပြေးသွားသော လူအုပ်ကို ကြည့်ပြီးနောက် အေးစက်စွာ ပြော၏။

"ငါက ပြေးခွင့်ပြုလို့လား"

လုယွီက ရုတ်တရက် မြေပြင်မှ ကျောက်တုံးအနည်းငယ်ကို ကောက်ကိုင်လိုက်ကာ သူတို့ထံသို့ ပစ်သည်။

ခွပ်ခွပ်ခွပ်

ထိုသို့ ပစ်ခတ်လိုက်သည်နှင့် ထိုကျောက်တုံးများက ထွက်ပြေးသွားသော လူများ၏ နှဖူးထံမှ ဖောက်ထွက်ကာ အာလုံးလဲကျ သေဆုံးသွားကြတော့၏။ ဝင်သက်အနည်းငယ်အတွင်း အားလုံးကို သတ်လိုက်ခြင်း

ဖြစ်သည်။

ထို့နောက် လုယွီက နောက်ဆုံး အရှင်ထားပေးထားသော ခေါင်းဆောင်ထံသို့ ရောက်သွားသည်။ ခေါင်းဆောင်ကမူ ဒုက္ခိတဖြစ်နေလေပြီ။ သူ၏ မျက်နှာက ဖြူဖျော့နေ၏။

"သေစမ်း ဒါက သဘာဝအလျောက် မွေးဖွားလာတဲ့ လူသန်မာကြီးပဲ။ ငါ ဘာကြောင့် ဒီလိုလူကို ရန်စခဲ့မိတာလဲ"

ခေါင်းဆောင်က နောင်တများဖြင့် ပြည့်နှက်နေတော့သည်။

ထို့နောက် သူက ပြုံးရန်ကြိုးစားလိုက်ကာ ပြောလိုက်သည်။

"အကြီးအကဲ ကျွန်တော်က သခင်ကြီးမှန်း မသိခဲ့လို့ ကျေးဇူးပြုပြီး ..."

"ငါ မေးမယ်။ မင်းတို့ ဖမ်းထားတဲ့ အဲဒိကလေးတွေ ဘယ်မှာလဲ"

လုယွီ၏ အကြည့်က အေးစက်နေသည်။ ဓားပြခေါင်း ဆောင်က တုန်ယင်သွားသည်။

"ကျွန်တော်တို့က ရှုံးရှန်းရဲ့ လက်အောက်ကပါ။ ဒီကလေးတွေအားလုံးက ရှံးရှန်းမှာ ရှိပါတယ်"

ထိုစကားများ ကြားသောအခါ ဓားပြခေါင်းဆောင်၏ နောက်ဆုံးခွန်အားများက လျော့ကျသွားဟန်ဖြင့် မြေပြင်တွင် လဲကျသွားသည်။

"ကောင်းပြီ"

လုယွီက ခေါင်းညိတ်သည်။

သူ၏ ဖိအားအောက်တွင် ထိုဓားပြခေါင်းဆောင်က မလိမ်ညာရဲပေ။

"အဲဒိအချိန်က မင်း နံပါတ်ခုနှစ် အကြီးအကဲကို ကန်ခဲ့တာ ဘယ်ခြေထောက်နဲ့လဲ"

လုယွီက မေးသည်။

"ဓားပြခေါင်းဆောင်၏ နှလုံးသားထဲ ရှင်သန်လိုသော စိတ်ဆန္ဒများက ပေါက်ဖွားလာခဲ့ပြီး တုန်ယင်စွာဖြင့် ပြောသည်။

"ဒီ ဒီ ဒီငယ်သားက မေ့သွားပါပြီ"

"ထားလိုက်တော့ ခြေထောက်နှစ်ဖက်လုံး မယူသွားနဲ့"

လုယွီက ခြေထောက်ကို အသာအယာဆန့်ထုတ်လိုက်ပြီး ခြေထောက်နှစ်ဖက်လုံးကို ဆောင့်နင်းလိုက်သည်။

ဒီနည်းအားဖြင့် သူ၏ ခါးမှ ပြုတ်ထွက်သွား၏။

ဓားပြကလည်း ငယ်သံပါအောင် အော်ဟစ်လျက် လဲကျသွားသည်။ သူ၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။

"မင်းငါ့ကို မလိမ်သင့်ဘူး၊ အချို့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့ပြီးတာတောင်မှ ရှင်သန်ချင်သေးတာလား။ ငရဲကိုသွားပြီး ခံစားလိုက်တော့"

လုယွီက ပြောပြီးသည်နှင့် ဓားပြ၏ ခေါင်းကို ရိုက်ချလိုက်သည်။ ဓားပြခေါင်းဆောင်၏ ခေါင်းက ချက်ချင်းလိုလို ပေါက်ကွဲသွားပြီး အသွေးအသားများက ပေါက်ကွဲသွား၏။

ထိုသို့ဖြင့် လုယွီက ဓားပြတစ်ဖွဲ့လုံးကို သတ်လိုက်သည်။ ထို့နောက် ယန်ချန်း၏ အနားသို့သွားလိုက်၏။

"ရှင်းရှင်းလင်းလင်း မြင််လိုက်လား မင်းက သန်မာနေမှ ဘယ်သူကမှ ရန်မစရဲမှာ။ တစ်စုံတစ်ယောက်က ရန်လာစရင် မင်းက သူတို့ကို ကောင်းကောင်း တန်ကြေး ပြန်ပေးဆပ်ခိုင်းနိုင်လိမ့်မယ်"

"မင်းက ဒီနေ့ အားနည်းနေခဲ့လို့ ငါနဲ့ ဆက်စပ်နေလို့ ငါက ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျင့်ကြံ ခြင်းလမ်းစဉ်ကို လိုက်သွားတာနဲ့ ဒီထက်ပိုပြီး အင်အားကြီးတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲဒိအချိန်ကျရင် ငါ မရှိရင် ဘယ်လိုလုပ်မလဲ"

လုယွီက ယန်ချန်း၏ ပုခုံးကို ပုတ်သည်။

"မင်းရဲ့ ဆွေမျိုးတွေကို မင်း ကာကွယ်ရမယ်။ မင်းက အခု အားနည်းနေသေးတယ်၊ အခြားသူတွေက မင်းကို ကြောက်သွားအောင် မင်းကိုရန်လာမစရဲအောင် မင်း နောက်ပိုင်းမှာ ကြိုးစားရလိမ့်မယ်။ ဒါက မင်း ဒီလမ်းကြောင်းကို မဝင်ခင်မှာ ငါ ပေးနိုင်တဲ့ သတိပေးချက်ပဲ"

အပိုင်း ၈၈၇

ယန်ချန်းက ခေါင်းတဆက်ဆက် ညိတ်သည်။ သူ၏ မျက်၀န်းတွင် ထိတ်လန့်မှုများကို မြင်နိုင်သည်။

လုယွီလည်း သက်ပြင်းသာ ချမိသည်။ သူ ပြောသော စကားများက ယန်ချန်းအတွက် ရှည်လျားလွန်းနေသည်။

မည်သို့ပင်ဆိုစေ ယန်ချီက အတွေ့အကြုံ ကျွယ်၀သူဖြစ်သည်။ သူက ယန်ချန်းကို ဆွဲကာ သူနှင့်အတူ လုယွီကို ဦးညွတ်စေသည်။

လုယွီက သူတို့ကို ထူမပေးသည်။

“ နံပါတ်၇ သခင် ဒီလိုမလုပ်ပါနဲ့၊ အဘိုးသာ ကျွန်တော့်ကို မကယ်ခဲ့ရင် ကျွန်တော့်ရဲ့ အလောင်းက တောထဲမှာ ဆွေးနေလောက်ပါပြီ”

ယန်ချီက ပတ်၀န်းကျင်တွင် ဝိုင်းနေသော အလောင်းများကို ကြည့်သည်။ သူ အံ့အားသင့်မှုမှ အသိပြန်မ၀င်သေးပေ။ ရှုံးရှန်းဓားပြများကို အစိုးရကပင် မဖမ်းနိုင်သေးချေ။ထိုဓားပြများက စွမ်းအားကြီးသည်။ သို့သော်လုယွီနှင့် ရင်ဆိုင်ရသည့်အခါ ပြန်မတိုက်နိုင်သော ကလေးများဖြစ်သွားသည်။

“ နံပါတ် ၇ သခင် ရှုံးရှန်းဂိုဏ်းက ဘယ်မှာလဲဆိုတာ သိပါသလား”

ယန်ချီက လုယွီအား ထိတ်လန့်တကြား ကြည့်ပြီး ခေါင်းကိုခါသည်။

“မင်းအ ဲဒိကို သွားလို့မဖြစ်ဘူး။ ဒီအဘိုးကြီးက မင်းမှာလည်း စွမ်းရည်ရှိမှန်း သိပါတယ် ဒါပေမဲ့ ဓားပြတွေက သာမန်မဟုတ်ဘူး။ သူတို့ရဲ့ခေါင်းဆောင်တွေက မွေးရာပါ ပညာ၇ှုင်တွေ။မင်း ဒီအတိုင်းသွားရင် ကျားပါးစပ်ထဲ ၀င်သွားတဲ့ သိုးတစ်ကောင် မဖြစ်သွားနိုင်ဘူးလား”

“ ကျားပါးစပ်ထဲ၀င်တဲ့ သိုးဟုတ်လား၊ ကျွန်တော်က တစ်ချက် ကြည့်ချင်ရုံပါပဲ”

လုယွီက ပြောသည်။

နောက်ဆုံးတွင် လုယွီက တည်နေရာကို သိလိုက်ရသည်။ ရှုံးရှန်းဓားပြအဖွဲ့က မောက်မာလွန်းသည်။ သူတို့က သူတို့၏ တည်နေရာကို တရား၀င်ပြထား၏။ထိုသို့မောက်မာရဲသည်က သူတို့၏ခေါင်းဆောင်သုံးယောက်က မွေးရာပါ ပညာ၇ှုင်များ ဖြစ်နေသောကြောင့်ဖြစ်သည်။

သူတို့၏ ပထမအဆင့် ခေါင်းဆောင်ဆိုလျင် ကျင့်ကြံခြင်းနယ်ပယ်တွင် မွေးရာပါ ခြောက်ခြားခြင်း အဆင့်ခုနှစ်သို့ပင် ရောက်နေလေပြီ။

စုန့်မင်းဆက်တွင်ပင် လူနည်းစုသာရှိသည်။ထို့ကြောင့် အစိုးရကပင် ဘာမှမလုပ်နိုင်ခြင်းဖြစ်သည်။

ထိုအခိုက် ၀က်ဝံတောင်တန်း၏ နက်ရှိုင်းသော တစ်နေရာ…

တောင်ထိပ်တွင် အနက်ရောင်စံအိမ်တစ်လုံးရှိသည်။ အထဲတွင် ဓားပြခေါင်းဆောင်သုံးယောက်နေသည်။ အပြင်ဘက်တွင် မရေမတွက်နိုင်အောင်များသော အစောင့်များရှိသည်။ သာမန်လူများက အထဲ၀င်ခွင့်မရှိပေ။ အနက် ရောင် စံအိမ်၏ အလယ်တွင် အဓိကခန်းမရှိသည်။တံခါးကို တင်းကျပ်စွာ ပိတ်ထားပြီး အစောင့်များက အပြင်တွင် တင်းကျပ်စွာ စောင့်နေသည်။

“ ရှန်းရှန့် ကျွန်တော်တို့ ရွာတိုင်းကို လိုက်ရှာပြီးပါပြီ၊ အသက်၁၅နှစ်အောက် ကလေးအယောက်၇၀၀ရခဲ့ပါတယ် ၁၀၀၀ပြည့်ချင်ရင်တော့ အချိန်ယူရပါမယ်”

လက်ရှိအချိန်တွင် ဓားပြတိုင်းလေးစားရသော ပထမအဆင့်ခေါင်းဆောင်က တစ်စုံတစ်ယောက်ကို တလေးတစားပြောနေသည်။

အခြားသော ရှုံးရှန်းမှ ဓားပြများသည်လည်း အလားတူဖြစ်သည်။

ပထမအဆင့် ခေါင်းဆောင်၏ နေရာဖြစ်သင့်သော ခန်းမအလယ်ရှိ ထိုင်ခုံတွင် ၀တ်စုံဖြူ၀တ် လူတစ်ယောက်က ထိုင်နေသည်။ သူက ခေါင်းကိုညိတ်ကာ ပြောသည်။

“ ကောင်းပြီ၊ မင်း ငါပြောတာ လုပ်ပြီးသွားပြီလား”

ခေါင်းဆောင်က ခေါင်းကို ဆက်တိုက် ညိတ်သည်။

“ ဟုတ်ကဲ့ ရှန်းရှန့်ရဲ့ အမိန့်ကို ဒီငယ်သား သေချာ လုပ်ပြီးသွားပါပြီ”

ထိုအခိုက် ၀တ်စုံဖြူနှင့်လူက လက်ခုပ်တီးသည်။ တံခါးငယ် တစ်ခု၏ နောက်မှ မိန်းမလှများစွာ ထွက်လာပြီး သူ့ကို ဝိုင်းလိုက်သည်။သူက ပထမအဆင့် ခေါင်းဆောင်အား ဆေးတစ်လုံးပေးသည်။

“ ဒါက မင်းအတွက် ဆုပဲ”

အခြားသော ခေါင်းဆောင်နှစ်ယောကက် မနာလိုကြီးစွာကြည့်သည်။

“ ဟုတ်ကဲ့ ရှန်းရှန့် ကျွန်တော် လူတွေခေါ်ပြီး မြို့ကို သွားတိုက်လို့ ကလေးတိုင်းကို ဖမ်းလာခဲ့ပါ့မယ်”

ပထမအဆင့် ခေါင်းဆောင်က ပြောသည်။ သို့သော် ၀တ်စုံဖြူ၀တ်လူကမူ မိန်းမလှလေးနှင့် မအားလပ်တော့သောကြောင့် သူ ပြောသည်ကို မကြားပေ။

ထို့ကြောင့် သူတို့က အလိုက်တသိ ထွက်ခွာလာလိုက်ကြသည်။ သူတို့ တံခါးပိတ်ပြီး အ​ပြင်ရောက်သည်နှင့် အလောတကြီး ပြေးလာသော ဓားပြကိုမြင်ရသည်။

“ ခေါင်းဆောင်ကြီး ခေါင်းဆောင်ကြီး တစ်စုံတစ်ယောက် တောင်ထဲ ၀င်လာပါတယ်”

အပိုင်း (၈၈၈)

ခေါင်းဆောင်၏ မျက်နှာက ပျက်သွားသည်။

"တောင်တက်လမ်းကို ပိတ်ထားတာပဲ။ သူက ဘယ်နေရာက ဝင်လာတာလဲ"

ထိုအပြေးလာသော တပည့်ဂိုဏ်းသား ဓားပြကဖြေသည်။

"ချောက်ကမ်းပါးပေါ်ကနေ ခုန်တက်လာခဲ့တာပါ။ ကျွန်တော်တို့တွေလည်း မတားနိုင်ခဲ့ပါဘူး"

"ချောက်ကမ်းပါးပေါ်ကနေ ခုန်တက်တယ် ဟုတ်လား"

ပထမအဆင့် ခေါင်းဆောင်၏ မျက်ဝန်းတွင် အေးစက်သော အလင်းများစွာ လက်သွားသည်။

"စုန့်မင်းဆက်မှာ သဘာဝဆရာသခင်တွေ ဒီလောက်တောင် များနေလို့လား၊ မဟုတ်သေးဘူး။ အဲဒိအဖိုးကြီးတွေက သူတို့ရဲ့ အသက်အတွက်တောင် အာမမခံနိုင်တာ၊ ဘာကြောင့်များ ငါ့ဆီလာပြီး ပြဿနာရှာမှာလဲ"

"နံပါတ်သုံး မင်း သွားကြည့်လိုက်"

ပထမအဆင့် ခေါင်းဆောင်က ပြောသည်။

နံပါတ်သုံးခေါင်းဆောင်က အမိန့်ကို ရသည်နှင့် သူက ချက်ချင်းလိုလို ဖနှောင့်ဖြင့် ပေါက်သည်။ သူက ထိုနေရာမှ ပေါက်ကွယ်သွားတော့၏။

ရှုံးရှန်းမှ နံပါတ်သုံး၏ ကျင့်ကြံခြင်းအဆင့်က မွေးရာပါ ဒုတိယအဆင့်နယ်မြေသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး သာမန်သိုင်းပညာရှင်များကို လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်စွမ်း ရှိသည်။ သို့သော် ထိုလူ ထွက်သွားသည်မှာ အချိန်အတော် ကြာသွားသည့်တိုင်‌အောင် အပြင်ဘက်မှ ပေါက်ကွဲသံကို ကြားနေရသေး၏။

"နံပါတ်သုံး ဘာတွေ လုပ်တွေဖြစ်နေတာလဲ။ ဒီလို အရာလေးတောင် မရှင်းနိုင်ဘူးလား"

နံပါတ်နှစ် ခေါင်းဆောင်က အထွန့်တက်သည်။

ခြိမ်း

သူတို့ပြောနေချိန်မှာပင် အပြင်ဘက်မှ ဂိတ်တံခါးပေါက်ကို ကန်ဖွင့်လိုက်ခြင်းကို မြင်လိုက်ရ၏။ မရေမတွက်နိုင်‌သော ဖုန်မှုန့်များစွာက မြောက်တက်လာသည်။ အလွန်ကြီးမားသည့် အနက်ရောင်စံအိမ်၏ ကြီးမားသည့် ဝင်ပေါက်ကြီးက အပိုင်းပိုင်းအစစဖြစ်သွား၏။ ဖုန်မှုန့်များက လွင့်ပြယ်သွားသောအခါ လုယွီ၏ ပုံရိပ်ကို မြင်လိုက်ရသည်။

"သူ့ကို ရှာတာလား"

လုယွီက မြေပြင်သို့ ခေါင်းတစ်ခေါင်းကို ပစ်ချလိုက်သည်။

ထိုခေါင်း၏ မျက်ဝန်းများက ထိတ်လန့်မှုဖြင့် ပြည့်နက်နေသေးသည် သူ ဘာကြောင့် သေသွားမှန်းပင် သိဟန်မရပေ။ နံပါတ်နှစ် ခေါင်းဆောင်က ဒေါသထွက်သွားသည်။

"မင်း နံပါတ်သုံးကို သတ်ရဲတယ်လား"

ဟိန်းဟောက်သံနှင့်အတူ နံပါတ်နှစ်က ကိုယ်မှချီစွမ်းအင်များကို ထုတ်ဖော်လိုက်လျက် လုယွီကို လက်သီးဖြင့် ထိုးသည်။

လုယွီ၏ အမူအယာအရ သူက လောကကိစ္စရေးရာများကိုပင် မသိသော လူငယ်တစ်ယောက်နှင့်သာ တူသည်။ ထို့ကြောင့် နံပါတ်နှစ်ခေါင်းဆောင်က သတိလက်လွတ်ဖြင့် အနားသို့ ချက်ချင်းရောက်သွား၏။ သို့သော် သူ၏ လက်သီးက လုယွီကို ထိလိုက်ချိန်တွင် လုယွီ ရုတ်တရက် ကိုယ်ကို ခါလိုက်သည်။ ဒီအတိုင်း အထိုးခံလိုက်ခြင်းဖြစ်၏။

ခြိမ်း

ဖုန်မှုန့်သံများက ပေါက်ကွဲသွားသည်။

ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားက တွန်းကန်ထွက်လာလျက် နံပါတ်နှစ်ခေါင်းဆောင်၏ ကိုယ်ကို ထိမှန်လာသည်။ နံပါတ်နှစ်ခေါင်းဆောင်က သူ၏ လက်မောင်းတစ်ခုလုံး စုတ်ပြဲသွားသည်ဟု ခံစားလိုက်ရသည်။ လက်မောင်းတစ်ခုလုံး ကျိုးကျေသွားသည်ဟု ခံစားလိုက်ရ၏။ သို့သော် သူ၏ တုံ့ပြန်မှုကို တစ်ဖက်သူက မစောင့်နေပေ။ လုယွီက အခြားလက်တစ်ဖက်ဖြင့် ထိုသူ၏ ခေါင်းကို ရိုက်ချလိုက်၏၊။

"သွားသေလိုက်"

ထိုစကားက ထိုနံပါတ်နှစ် ခေါင်းဆောင် နောက်ဆုံး ကြားလိုက်ရသေား စကားဖြစ်သည်။

နံပါတ်နှစ်ခေါင်းဆောင်၏ ခေါင်းက ပေါက်ကွဲသံဖြင့် ဆူညံသွားသည်။ သူ၏ ဒွာရခုနှစ်ပေါက်လုံးမှ သွေးများစီးကျလာပြီး မြေပြင်တွင် လဲပြိုကျသွား၏။ တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးသွားလေသည်။

"မဟုတ်ဘူး"

ပထမအဆင့် ခေါင်းဆောင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများကို မြင်ရသည်။ သူ၏ ကိုယ်က တုန်ယင်စွာဖြင့် အနောက်သို့ လျင်မြန်စွာဆုတ်၏။ တစ်ချိန်တည်းတွင်ပင် သူက အော်သည်။

"ငါနဲ့ မင်းနဲ့ ကြားမှာ ဘာရန်ညှိုးမှ မရှိဘူး။ ကလဲ့စားချေဖို့လည်း မရှိဘူး။ ဘာကြောင့် ငါ့ဆီ လာတာလဲ"

သူ စုန့်မင်းဆက်မှ သဘာဝသိုင်းပညာရှင်တိုင်းကို သိနေသည်။ သို့သော် မည်သူကမှ ဒီလောက်ငယ်ရွယ်ပြီး ချောမောကြည့်ကောင်းနေခြင်း မရှိပေ။ ဒါက ထူးဆန်းနေ၏။၊

"ဘာရန်ညှိုးမှ မရှိတဲ့အတွက် ကလဲ့စားမချေရတော့ဘူးလား၊ ခင်ဗျိား ဘာလုပ်ခဲ့လဲ ခင်ဗျား မသိဘူးလား"

လုယွီက မြေပြင်ရှိ ကျောက်တုံးကို ခြေထောက်ဖြင့် ကန်သည်။

ဆွစ်

တစ်စုံတစ်ရာ လှီးဖြတ်ခံရသံနှင့်အတူ ထိုသူ၏ ခြေထောက်တစ်ဖက် ပြတ်ကျသွား၏။ သူက ငယ်သံပါအောင် အော်ဟစ်လိုက်ရကာ တစ်ကိုယ်လုံး လဲကျသွားသည်။

"ခန္ဓာကိုယ်ကို ချီနဲ့ကာကွယ်ထားလည်း အရေးမကြီးဘူး။ ဒါက ဒီလူက လောကရဲ့ ထိပ်တန်းအဆင့် ကိုးဖြစ်နေတာပဲ"

ထိုခေါင်းဆောင်၏ နှလုံးသားထဲ ထိတ်လန့်မှုများက ပြည့်နှက်နေ ပြီဖြစ်သည်။ ထို့နောက် နောက်သို့ လှည့်ပြီးအော်လိုက်၏။

'ကယ်ကြပါကယ်ကြပါ"

ခင်ဗျားကို ဘယ်သူမှ မကယ်နိုင်ဘူး"

လုယွီက ခြေတစ်လှမ်းချင်းစီ လှမ်းလိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို နင်းချေလိုက်၏။ ထိုသို့ဖြင့် သူ၏ အရိုးများက ကျိုပဲ့သွားရသည်။

"ထာဝရရှင်သန်သူ ကယ်ပါ"

ခေါင်းဆောင်က နာကျင်မှုကို တောင့်မခံနိုင်တော့ပဲ အသားကုန် အော်တော့သည်။

အပိုင်း ၈၈၉

ရုတ်တရက် လေပြေများက ဆင်းသက်လာသည်။

"သူ့ကို ဘယ်သူမှ မကယ်နိုင်ဘူးလို့ မင်းပြောလိုက်သလား"

လေပြင်းနှင့်အတူ အဖြူရောင်ဝတ်ထားသော လူတစ်ယောက်က အော်ဟစ်လိုက်သည်။

လုယွီက သူ့အား လစ်လျူရှုပြီး ထိုသူ၏ ခေါင်းကိုသာ ရိုက်ချလိုက်၏။ ဒီနည်းအားဖြင့် ထိုသူလည်း သေသွားသည်။

"ခင်ဗျား သူ့ကို မကယ်နိုင်ဘူးလို့ ငါပြောသားပဲ"

ခေါင်းဆောင်၏ ခေါင်းက ရိုက်ချခံရပြီး သူ သေဆုံးသွားသည်။ လုယွီကအဖြူရောင် ဝတ်စုံနှင့်လူကို တိုက်ခိုက်ရဲမည်ဟုပင် မထင်ထားခဲ့မိပေ။

"မင်းက သေချင်နေတာပဲ"

အဖြူရောင်ဝတ်စုံနှင့် လူက အေးစက်စွာ နှာခေါင်းရှုံ့သည်။ ရုတ်တရက် စွမ်းအားများကို ထုတ်ဖော်လိုက်ကာ လက်ချိတ်စည်း သဏ္ဍာန်တစ်ခုကို ထုတ်ဖော်သည်။ ဓမ္မစွမ်းအားများက လေထဲတွင် သိပ်သည်းလာလျက် ရေခဲမြှားများ ဖြစ်ပေါ်လာကာ လုယွီထံသို့ ချဉ်းကပ်သွားသည်။

"ငါ့ရဲ့ ရေခဲမြှားနဲ့ အပစ်ခံရရင် မင်းရဲ့ တစ်ကိုယ်လုံးက အေးခဲသွားလိမ့်မယ်။ မင်းရဲ့ကိုယ်ကို ထိသွားတာနဲ့ တစ်ကိုယ်လုံး ကျိုးပဲ့ပျက်စီး သွားရမှာပဲ။ ဘာပဲသုံသုံး အသုံးမဝင်ဘူး ဖြစ်လိမ့်မယ်။ သူတို့က အသုံးမကျတဲ့ ကောင်တွေဆိုပေမယ့် ငါ့ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နေုတုန်းပဲ၊ မင်းက သူတို့ကို သတ်ရဲမှ‌တော့ သေချင်လို့ပဲ ဖြစ်ရမယ်"

အဖြူရောင်ဝတ်စုံနှင့်လူက အေးစက်စွာ ပြောသည်။ သူက ဘုန်းတော်ကြီးအဆင့် ဖြစ်၏။

စုန့်ပြည်နယ်တစ်ခုလုံးတွင်ပင် ဧကရာဇ်ပင်ဖြစ်စေ မွေးရာပါ ကျွမ်းကျင်မညာရှင်များပင် ဖြစ်စေ၊ အားလုံးက သူ၏ အမြင်တွင်ပုရွက်ဆိတ်များနှင့် မခြားနားပေ။

"ကျဲထန်နယ်မြေ"

လုယွီက ဖျော့တော့စွာ ပြုံးသည်။

သူ အလယ်အလတ်မြေကမ္ဘာအဆင့်သို့ ရောက်လာချိန်က ဒါမျိုးနှင့် ကြုံခဲသည်။ သူတောင်ပိုင်း ကန္တာရပြင်သို့ ရောက်ခဲ့သောအခါ ဘုန်းတော်ကြီးတစ်ပါး၏ လိုက်သတ်ခံခဲ့ရသေး၏။ ထို့နောက် တောအုပ်ထဲသို့ ဝင်ပြေးခဲ့ရသည်။ ယခုအခါတွင်မူ ဒီလူများကို မြင်သောအခါ သူ၏ စိတ်အခြေအနေက ပြောင်းလဲသွားရတော့သည်။

"ဖျက်ဆီးလိုက်စမ်း"

လုယွီက ရေခဲမြှားကို လက်သီးဖြင့်ထိုးသည်။ပေါက်ကွဲသံနှင့်အတူ ရေခဲများက ကွဲအက်သွားပြီး ထက်၇ှသော ရေခဲမှုံများက လုယွီ၏ လက်သီးပေါ် ဖြာကျလာသည်။သူ၏ အရေပြားကပင် မပြတ်သွားပေ။

"ဒါက ခင်ဗျား လုပ်နိုင်တာလား"

လုယွီက ဖျော့တော့စွာ ပြောပြီး ထိုလူထံ တစ်လှမ်းချင်းစီ လျှောက်သွား၏။

"ဘာ"

ထိုလူ အံ့ဩသွားသည်။

လုယွီကို ရှင်းပစ်ရ လွယ်မည်ဟု သူ ထင်ခဲ့ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာပင် လုယွီက မှော်စွမ်းအားကို လက်သီးဖြင့် ဖျက်ဆီးလိုက်၏။

သူထင်သည်မှာ မမှားပေ။ လုယွီ၏ ကိုယ်တွင် ဘာအတွင်းအားမှ ရှိမနေခဲ့ပေ။ ဒီအတိုင်း ခန္ဓာကိုယ် အားသက်သက်ဖြင့်သာ ရင်ဆိုင်လိုက်ခြင်းဖြစ်သည်။

"မဖြစ်နိုင်ဘူး မြှားတစ်သောင်း"

ထိုလူက နောက်ထပ် မြှားအစင်းတစ်သောင်းကို ဆင့်ခေါ်ကာ လုယွီထံ ပစ်လွှတ်လိုက်ပြန်၏။

ဝှစ်ဝှစ်

မရေမတွက်နိုင်အောင် များပြားသော ရေခဲမြှားပေါင်းများစွာက ရေခဲလေပြင်းများကို သယ်ဆောင်လျက် သူ့ထံ ချဉ်းကပ်လာသည်။ လုယွီ၏ အမူအယာက မပြောင်းလဲပေ။ သူက တစ်လှမ်းချင်းစီ ရှေ့တက်လာပြီး လက်သီးဖြင့် အားလုံးကို ထိုးခွဲနေခဲ့၏၊ ချက်ချင်းလိုလို ထိုလူအနား‌ ရောက်သွားသည်။

"မင်း မင်း ဘယ်လို၊ မင်းက သေမျိုးပဲ ဒါကိုဘယ်လို..."

အဖြူရောင်ဝတ်စုံနှင့် လူကကြက်သီးထနေလေပြီ။ လုယွီချဉ်းကပ်လာကြောင်း မြင်သောအခါ သူ ခပ်မြန်မြန် မှော်စွမ်းအင်များကို ဆင့်ခေါ်ရန် ကြံစည်တော့၏။

ရုတ်တရက် လုယွီက ထိုသူ၏ လက်မောင်းကို ဖမ်းဆုပ်သည်။

"လာစမ်းပါ"

ထိုသူ၏ လက်မောင်းက ကျိုးသွားသည်။ သူ ငယ်သံပါအောင် အော်ဟစ်လိုက်ရ၏။

"ငါ ခင်ဗျားကို မေးမယ်၊ မလိမ်နဲ့"

လုယွီက ပေါ့ပါးစွာ ပြောသည်။

ထိုလူ၏ နှလုံသားထဲမှ ခုခံ အားကဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သူက တုန်ယင်စွာ ပြော၏။

"မင်း မင်း ဘာမေးချင်လို့လဲ"

လုယွီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်သည်။

"ခင်ဗျားက ကျဲထန်ပြည်နယ်ရဲ့ ဘုန်းတော်ကြီးတစ်ပါးပဲ။ ဘာလို့ ဒီဓားပြတွေနဲ့ ရောနေတာလဲ၊ ခင်ဗျားရဲ့ ဒီကလေးတွေကို ဖမ်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

ထိုသူက ဖြေသည်။

"ဒါ ငါမဟုတ်ဘူး၊ ငါက ဖြတ်သွားဖြတ်လာပါ။ ငါ ဒီနေရာမှာ ခဏနားတာက ရှန်းကျိုင်ကို တာဝန်ယူစောင့်ရှောက်ရလို့ပဲ"

"ငါ့ကို လိမ်ချင်တယ်ဟုတ်လား"

လုယွီက ရက်စက်စွာ ပြုံးသည်။ ထိုသူ၏ အခြားလက်မောင်းတစ်ဖက်ကအချိုးခံရပြန်၏။ လုယွီက လူကို ဆံပင်မှ ဆောင့်ဆွဲကာ ကိုင်လိုက်လျက် ချောက်ကမ်းပါး အစွန်းထံသို့ တိုက်ရိုက်ဆွဲခေါ်လာလိုက်သည်။

"ခင်ဗျား ငါ့ကို ထပ်လိမ်ရင် ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်ဆီးပြီး ဒီပေါ်က ပစ်ချမယ်၊ ခင်ဗျား ဆေးတွေ မျိုနေရင်တောင်မှ အသုံးမဝင်ဘူးဆိုတာ ယုံလား။ အဲဒိ စွမ်းအားတွေသာ မရှိရင် ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားက အသုံးမကျတဲ့အဆင့်အထိ‌ ရောက်သွားမှာပဲ၊ ခင်ဗျား ဒီပေါ်က ကျသွားရင် ဘာဖြစ်မယ်ထင်လဲ"

လုယွီကပေါ့ပါးစွာ ပြောသည်။ ထိုလူ၏ နှဖူးတွင် ချွေးစေးများ ပြန်လာလေပြီ။

"သေစမ်း ဒီလူက ဒဏ္ဍာရီလာ ခန္ဓာကိုယ် ကျင့်ကြံ ထားတဲ့ကောင် ဖြစ်ရမယ်။ ငါ ဘယ်လိုများ ဒီလိုမကောင်းဆိုးဝါးကောင်ကို ရန်စမိတာလဲ။ ဒီလိုမှန်းသိရင် ငါ မထွက်လာခဲ့မိပါဘူး"

ထိုလူက ထိတ်လန့်နေသည်။

"ငါပြောမယ် ငါ ပြောမယ်၊ ငါ အားလုံးကို ထျန်းဟန်ကျုံးက အမိန့်ပေးခဲ့တာပါ။ ငါက ဒီသေးငယ်တဲ့ ကိစ္စတွေကို တာဝန်ယူပေးရတဲ့သူပါပဲ။ သခင်ကြီး ကျေးဇူးပြုပြီး ငါ့ရဲ့ နိမ့်ကျတဲ့အသက်ကို ထားရစ်ပေးပါ"

"ထျန်းဟန်ကျုံး ဟုတ်လား၊ ဒီကလေးတွေကို ဘာလုပ်မလို့လဲ"

လုယွီက မေးသည်။ ဒီအချိန်တွင် လေအေးများက တိုက်ခတ်လာသည်။ ဝတ်စုံဖြူနှင့်လူက တုန်ယင်သွားတော့သည်။

"ငါ မသိပါဘူး"

အပိုင်း ၈၉၀

“ ကျွန်တော်က သာမန်ကျင့်ကြံသူပါ။ ထျန်းဟန်ကျုံးက အသက်၁၅နှစ်အောက်က ကလေးတွေကို ဖမ်းလာခဲ့ရင် သူတို့ဆီကနေ ထိပ်တန်းအဆင့ စိတ်ဝိဉာဉ်ကျောက်တုံး၁၀၀ရမယ်လို့ ပြောပါတယ်။ ကျွန်တော်က ပိုက်ဆံရှာရုံပါပဲ”

လုယွီက ပြောသည်။

“ မင်းက အခေါင်းကို မမြင်ရမချင်း နားမလည်ဘူးပဲ”

လုယွီ၏ ကျင့်ကြံခြင်းအဆင့်သာ ရှိနေလျင် သူက စိတ်ဝိဉာဉ်ကို တိုက်ရိုက်ရှာနိုင်လိမ့်မည်။ သို့ရာတွင် လက်ရှိအနေအထားကြောင့် မလုပ်နိုင်ပေ။ သူ၏ အတွေ့အကြုံကြောင့်သာ တဖက်က လိမ်နေကြောင်း ပြောနိုင်နေခြင်းဖြစ်သည်။

“ သူ ငါ့ကို သတ်တော့မယ်”

အဖြူရောင်ဝတ်စုံနှင့်လူလည်း အလွန်ထိတ်လန့်နေသည်။ထို့ကြောင့် လက်မောင်းအောက်မှ အဆောင်ကို ထုတ်ကာ အဝေးသို့ ပစ်လိုက်သည်။

အဆောင်က လေထဲတွင်ပင် ပေါက်ကွဲသွားသည်။ထို့နောက် မီးဌက်တစ်ကောင်အဖြစ်ပြောင်းကာ အဝေးသို့ပျံသည်။

အဖြူရောင်ဝတ်စုံနှင့် လူက ပြောသည်။

“ ငါ့ဆရာက ထျန်းမန်ဂိုဏ်းက အကြီးအကဲပဲ။ မင်းငါ့ကို ထိရဲလား”

‘ခြိမ်းခြောက်တာလား’

လုယွီက အဝေးရှိ မီးဌက်ကိုကြည့်ကာ အေးစက်သော အလင်းရောင်များ လက်လာသည်။

“ အဆောင်က သွားပြီ။ မင်း ဘာမှလုပ်လို့မရတော့ဘူး”

၀တ်စုံဖြူနှင့်လူက အေ ာ်ရယ်နေသည်။

“ အင်း”

လုယွီက မြေပြင်မှ ခဲလုံးကို ငုံ့ကောက်လိုက်သည်။

“ ဖျက်ဆီးစမ်း”

ထို့နောက် ထိုမီးဌက်ကို လှမ်းပစ်လိုက်၏။ခဲလုံးက အရာအားလုံးကို ကျော်ဖြတ်သွားလျက် မီးဌက်ထံ ရောက်သွားသည်။ထို့နောက် မီးဌက်က ပေါက်ကွဲသွားကာ အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။

“ ဘာ မဟုတ္ဘူး……”

၀တ်စုံဖြူနှင့်လူက မယုံနိုင်သလိုဖြစ်သွားကာ အော်ဟစ်သည်။ထိုအဆောင်ကို သူ့ဆရာလုပ်ထားခြင်းဖြစ်သည်။

သူ၏ အရှေ့မှ လူငယ်က ရုပ်ပိုင်းဆိုင်ရာ ခွန်အားပြင်းထန်နေလျင်ပင် ထိုမျှ မလုပ်နိုင်သင့်ပေ။ သူ အလွန်ထိတ်လန့်ပြီး ချက်ချင်း ထွက်ပြေးတော့သည်။

“ ငါက သွားခွင့်ပြုလား”

လုယွီက ကော်လံမှ လှမ်းဆွဲကာ ဗိုက်ကို လက်သီးဖြင့်ထိုးသည်။

ခြိမ်း

ပေါက်ကွဲသံနှင့်အတူ ထိုလူ၏ ချီပင်လယ်က ပေါက်ကွဲသွားပြီး ကျင့်ကြံထားသမျှ ဖျက်ဆီးခံလိုက်ရသည်။

“ မင်း…. မင်း ငါ ကြိုးစားထားသမျှကို ဖျက်ဆီးလိုက်ပြီ”

၀-တ်စုံဖြူနှင့်လူက ထိတ်လန့်စွာ ပြောသည်။သူ၏ မျက်နှာက ဖြူဖျော့နေ၏။

All Chapters