အခန်း (၈၉၁-၈၉၅)
Vol. 48 Ch. 891-895
အပိုင်း ၈၉၁
“မင်း ခေါ်ထားတဲ့ အဲဒီကလေးတွေရှိတဲ့နေရာ ငါ့ကိုခေါ်သွားစမ်း။”
လုယွီ၏အသံက ခက်ထန်လာသည်။
ဝတ်စုံအဖြူနှင့်လူလည်း ပြောစရာမရှိတော့ပေ။ လုယွီက ဆက်ပြော၏။
“မင်း စကားတစ်ခွန်း ထပ်ပြောခဲ့မယ်ဆိုရင် မင်း ချက်ချင်းသေအောင် လုပ်ပေးမယ်။”
ချွေးစေးများပြန်လာသော ဝတ်စုံဖြူနှင့်လူလည်း ဘာမှ မပြောရဲတော့ပေ။ သူက ကလေးများကို ပိတ်ထားရာ အနက်ရောင်စံအိမ်၏ အနောက်ဘက်တွင်ရှိသော သစ်လုံးသိုလှောင်အိမ်ငယ်သို့ ခေါ်သွား၏။ ထိုနေရာတွင်ရှိသော အစောင့်များက ဖြေရှင်းထားပြီးသားဖြစ်သည်။
လုယွီက ဂိတ်ကိုခြေထောက်ဖြင့် ကန်ထုတ်လိုက်ချိန်တွင် လေအေးများကို ရှူရှိုက်လိုက်မိသည်။ သည်နေရာတစ်ခုလုံး ကလေးများပြည့်နေ၏။ ထိုကလေးများ၏ခေါင်းတွင် အဆောင်လက်ဖွဲ့များအပြည့်ကပ်ထားသည်။ သူတို့က မျက်နှာသေဖြင့်ရှိနေကြ၏။ သူတို့ထံမှ ထူးဆန်းသောအနံ့ကိုလည်း ရသည်။
ဝတ်စုံဖြူနှင့်လူက ခပ်မြန်မြန်အော်ကာ ရှင်းပြသည်။
“ဒီအဆောင်တွေက သူတို့ ထွက်မပြေးအောင် ကာထားရုံပါပဲ၊ ဒါကိုကလန်က ပို့လိုက်တာ ကျွန်တော် မသိဘူး။”
“လိမ်ချင်တယ်ဟုတ်လား၊ ငါ့ကိုဘာမှမသိဘူးလို့ထင်နေတာပဲ။”
လုယွီက ထိုလူ၏ခေါင်းကို ရိုက်ချလိုက်ကာ ပေါက်ကွဲသွားစေလျက် သေဆုံးသွားစေတော့သည်။ ထို့နောက် မြေပြင်မှ ဖနောင့်ဖြင့်ပေါက်လျက် ထိုအမိုးပေါ်သို့ တက်သည်။ ထို့နောက် အမိုးအကာအားလုံးကို လှန်ချလိုက်တော့၏။
ပေါက်ကွဲသံနှင့်အတူ နေရောင်က အောက်သို့ဖြာကျလာသည်။ ထိုအချိန်တွင် အဆောင်လက်ဖွဲ့များကို ထိမှန်သွားလျက် အရာအားလုံးက လောင်ကျွမ်းကာ ပျော်ကျသွားတော့၏။
နေမင်းက အဆောင်လက်ဖွဲ့များထံသို့ ကျရောက်လာသည်နှင့် မကောင်းသောဓါတ်များအားလုံးက ဖယ်ခွာသွားခြင်းဖြစ်သည်။
လုယွီ၏မျက်နှာက မဲမှောင်နေသည်။ သည်လိုစိတ်ဝိဉာဉ်အဆောင်မျိုးက လူတစ်ယောက်၏ စိတ်ဝိဉာဉ်ကိုစုပ်ယူပြီး မှော်လက်နက်များကို သွန်းလုပ်သည့် နတ်ဆိုးဆန်သော ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်သည်။ သည်ကလေးများက လောက၏ကိစ္စများကို မသိသေးသည့်အတွက် သူတို့၏စိတ်ဝိဉာဉ်က အလွန်သန့်စင်သည်။
တစ်စုံတစ်ယောက်ကသာ ထိုစိတ်ဝိဉာဉ်အဆောင်ကို ချခင်းလိုက်မည်ဆိုလျှင် သည်အဆောင်များက ထိုကလေးများ၏ စိတ်ကို ချက်ချင်းဆိုသလို ဖယ်ရှားနိုင်စွမ်းရှိ၏။ ထို့နောက် ထိုစိတ်ဝိဉာဉ်ကို လက်နက်အတွင်း ထည့်ထားကာ စိတ်ဝိဉာဉ်လက်နက်တစ်လက်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။
အချိန်တစ်ခုကြာမှသာလျှင် ထိုကလေးများ၏ ခေါင်းပေါ်တွင်ရှိနေသော ထိုအဆောင်လက်ဖွဲ့များအားလုံးက ပျောက်ကွယ်သွားကြသည်။ အချို့သောကလေးများက မြေပြင်တွင်လဲကျသည်။ မျက်နှာဖြူဖျော့နေကြ၏။ အချို့ကမူ ငိုကြသည်။
“မင်းတို့အားလုံး လုံခြုံသွားပါပြီ၊ အခု အိမ်ပြန်ရအောင်။”
လုယွီက အနက်ရောင်စံအိမ်ထဲသို့ဝင်ကာ ဓါးပြများ သိုလှောင်ထားရာ စားနပ်ရိက္ခာအခန်းကို ရှာဖွေလိုက်သည်။ ထို့နောက် အသက်အရွယ် အနည်းငယ်ကြီးရင့်သော ကလေးများကို ဝေငှခိုင်းလိုက်၏။ ထို့နောက် သူ ကိုယ်တိုင်ဦးဆောင်ပြီး သူတို့ရွာထံသို့ ပြန်ပို့လိုက်သည်။
ကလေးများအားလုံး နေရာမှ ထွက်ခွာပြီးနောက် လုယွီက သည်နေရာကို မီးရှို့လိုက်ကာ ရှင်းလင်းလိုက်သည်။
“ဟန်ထျန်းကျုံး ငါ သူနဲ့တွေ့ဖို့ဖြစ်လာမှတော့ လျစ်လျူရှုလို့မရတော့ဘူး။”
လုယွီ၏မျက်ဝန်းထဲ အေးစက်သောအလင်းက လက်သွားသည်။
အတိတ်တွင် သူက ကျင့်ကြံရမည်ကိုသာလျှင်သိသည်။ သို့သော် စိတ်ဝိဉာဉ်အဆင့်သို့ တိုးတက်ဝင်ရောက်ပြီးသည်နှင့် အခြေအနေက ကွာခြားသွားမည်ဖြစ်၏။ စိတ်ဝိဉာဉ်အဆင့်တွင် ခန္ဓာကိုယ်မှ စိတ်ဝိဉာဉ်ကို ဖယ်ထုတ်နိုင်ကာ ပတ်ဝန်းကျင်၏နိယာမအားလုံးအပေါ် သက်ရောက်အောင် လုပ်နိုင်စွမ်းရှိသည်။ အမှောင်ထဲတွင်ဖြစ်သမျှနှင့် အလင်းထဲတွင်ဖြစ်သမျှက အတူတူသာလျှင်ဖြစ်သည်။ သူ အရာအားလုံးကို လက်ခံထားရန်လိုအပ်၏။
သူကသာ မမျှတသောကိစ္စများကို လျစ်လျူရှုလိုက်မည်ဆိုလျှင် သူ့ကိုယ်သူ ငြိမ်းချမ်းအောင် ထားနိုင်မည်ဆိုလျှင်ပင် တစ်သက်လုံး အပြစ်ရှိစိတ်က စွဲထင်သွားတော့မည်ဖြစ်သည်။ ဒါက သူ့အတွက် သက်ရောက်မှုရှိလာနိုင်၏။ သာမန်နတ်အဆင့်ကျင့်ကြံသူများအတွက် သည်လိုကိစ္စမျိုးက မလိုအပ်သေးချေ။ သို့ရာတွင် လုယွီကမူ ကွာခြားသည်။ သူက ကိုယ်ပိုင်အသက်၊ ကိုယ်ပိုင်တာအိုကို ဖန်တီးထားသော ဘုရင်အဆင့်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနေသူဖြစ်သည်။ ထို့ကြောင့် သည်စွမ်းအားများအကြောင်း သူက ကောင်းစွာနားလည်နေ၏။
“အဲဒီအချိန်တုန်းက ရှန်းလင်းလုံက ကျောင်းပေါင်းများစွာရဲ့ အလိုက်ခံခဲ့ရတယ်၊ မရေမတွက်နိုင်တဲ့ ကိစ္စအလှည့်အပြောင်းတွေဖြစ်ခဲ့ပြီး တာဝန်ခံရတဲ့ အနေအထားတွေ ရှိခဲ့တယ်၊ ငါက သူမကို ကူညီပြီး ကောင်းကင်မိုးကြိုးကို ရင်ဆိုင်ခဲ့လို့ သေမလိုတောင် ဖြစ်ခဲ့သေးတယ်။”
လုယွီက အတိတ်အကြောင်းများကို ပြန်တွေးပြီးနောက် သက်ပြင်းချမိသည်။
“အရင်ဆုံး အတွင်းအားကိုပဲ ပြန်ဖြည့်ရအောင်၊ ပြီးမှ ကျင်းရန်မြို့ကို သွားလည်း မနောက်ကျပါဘူး၊ ဒီနေရာက နီးသားပဲ။”
ထိုသို့ဖြင့် သူက ကျင်းရန်မြို့ရှိရာသို့ ခုန်ဝင်သွားလိုက်သည်။
…
အပိုင်း ၈၉၂
ကျင်းရန်မြို့၊ စုန့်မင်းဆက် …
သည်နေရာက စုန့်ပြည်နယ်၏ အလွန်ကြီးသောမြို့ကြီးဟု ဆိုနိုင်သည်။ မနက်ခင်းတိုင်းက လူအရှုပ်ဆုံးအချိန်ဖြစ်၏။
သည်တစ်ကြိမ်တွင် သူ့မြေးနှင့်အတူ ယန်ချီက မြို့ထဲသို့ဝင်လာသည်။
“ချန်းအာ အရင်ဆုံး နတ်တစ်ပါးကို သွားတွေ့ရအောင်၊ ဝင်ခွင့်စစ်ဆေးမှာက နေ့လည်မှ ဆိုပေမယ့် ကြိုသွားထားတာက အမြင်ကောင်းရှိနိုင်တယ်။”
ယန်ချီက ပြောသည်။
ယန်ချန်းက ခေါင်းငြိမ့်သည်။ သူက ခေါင်းကိုငုံ့ထားပြီး သူ ဘာတွေးနေမှန်း မသိနိုင်ပေ။ ချန်းအာ၏အမူအရာကို ကြည့်ပြီးနောက် ယန်ချီကလည်း သက်ပြင်းချသည်။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်ကပင် မတိုင်မီက အဖြစ်အပျက်ကြောင့် မင်သက်နေရသေးလေသည်။ ကလေးဆိုလျှင် ပို၍ဆိုး၏။
သူတို့က အဝတ်အစားလဲရန်အတွက် စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြသည်။ ထို့နောက် မြို့အရှင်၏စံအိမ်ထံသို့ အလောတကြီး ထွက်လာခဲ့လိုက်ကြ၏။
ထိုအချိန်တွင် မြို့အရှင်စံအိမ်၏အရှေ့တွင် လူပင်လယ်ကြီးဖြစ်နေချေပြီ။ လူအများစုက သူတို့၏ကလေးများနှင့်အတူ သည်စံအိမ်ရှေ့တွင် ရပ်နေကြကာ အချင်းချင်းစကားပြောနေကြ၏။ တံခါးကမူ ပိတ်ထားသေးသည်။ အကြောင်းမူကား သည်နေရာတွင် ဝင်ခွင့်စစ်ဆေးမည်ဖြစ်သောကြောင့်ဖြစ်သည်။
အောင်သောသူမှသာလျှင် လင်းရှန်းဂိုဏ်းမှ ရှန်းရှန့်၏ခေါ်ဆောင်မှုကိုခံရပြီး ထာဝရဂိတ်အတွင်းသို့ လွတ်မြောက်နိုင်မည်ဖြစ်သည်။
“ချန်းအာ ကောင်းကောင်းလုပ်လာခဲ့၊ မင်း ထာဝရရှင်သန်သူဖြစ်မဖြစ်က ဒီအပေါ် မူတည်နေပြီ။”
ယန်ချီက ခွန်အားပေးသည်။
သူတို့ လူအုပ်ထဲသို့ ရောက်လာသောအခါ မြို့အရှင်စံအိမ်၏ ချိတ်ပိတ်ထားသော တံခါးကိုကြည့်ပြီး စိုးရိမ်စွာ စောင့်ဆိုင်းနေရ၏။ ထိုအချိန်တွင် သူတို့ကို တွေ့သွားသော တစ်စုံတစ်ယောက်က အော်လျက် အနားသို့ လျင်မြန်စွာလျှောက်လာသည်။
“အဖိုးကြီးယန် ခင်ဗျားရဲ့မြေးကို ခေါ်လာတာလား။”
ပုခုံးကျယ်ကာ ခပ်ဝဝကုန်သည်တစ်ယောက်က အပြုံးနှင့်အနားကပ်လာသည်။
ယန်ချီက အသံကိုကြားသောအခါ မျက်မှောင်ကိုကြုတ်သည်။
“ကြည့်ရတာ လီတစီးပွားရေးလုပ်ငန်းစုကသခင် ဖြစ်နေတာပဲ။”
ယန်ချီက ပြောသည်။
ထိုလူ၏နာမည်က လီဝမ်ခိုင်ဖြစ်ကာ သူက သည်မြို့တွင်ကျော်ကြားသည်။ တစ်ချိန်က ယန်မိသားစု၏ဘိုးဘွားပိုင်မြေများကို မြင်သောအခါ သူက ဖိအားသုံးကာ ဝယ်လိုခဲ့၏။ သို့သော် ယန်ကျေးရွာမှ လူများက လက်မခံခဲ့ပေ။ အဆုံးတွင် လီဝမ်ခိုင်က မကျေနပ်တော့ဘဲ လူမိုက်များကိုငှားကာ အတင်းဖိအားသုံးကာဝယ်ရန် ကြိုးစားခဲ့သေ၏။ သို့ရာတွင် အမဲလိုက်ရန်အသုံးပြုသော လူငယ်ရွာသားများကလည်း သိုင်းပညာကို သိထားကြသည်။ ထို့ကြောင့် အားလုံးကို အနိုင်ယူနိုင်ခဲ့၏။ သည်ကိစ္စက လီဝမ်ခိုင်ကို မြို့တွင် မျက်နှာပျက်သွားစေခဲ့သည်။
လီဝမ်ခိုင်က ယန်ချီ၏အနောက်မှ ယန်ချန်းကိုကြည့်ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောသည်။
“ခင်ဗျားရဲ့မြေးက ဉာဏ်ထိုင်းပြီး ကျင့်ကြံဖို့အန္တရာယ် များလွန်းနေတယ် မဟုတ်လား၊ အိမ်မှာပြန်ပြီး လယ်စိုက်ခိုင်းတာက ပိုမကောင်းဘူးလား၊ အလုပ်ကြမ်းကပဲ သူနဲ့ သင့်တော်ပါတယ်။”
“လီဝမ်ခိုင် ငါတို့ကြားမှာ ရန်ငြှိုးရှိတာမှန်တယ်၊ ဒါပေမယ့် ကလေးတွေကြားမှာ ဘာရန်ငြှိုးရှိနေလို့လဲ၊ မင်း ငါ့ရဲ့မြေးကို ဆက်ပြောရဲပြောကြည့်လိုက်စမ်း။”
ယန်ချီက ဒေါသဖြင့်အော်သည်။
လီဝမ်ခိုင်က ယန်ချီကို အထင်တသေးကြည့်သည်။
“ဒါကမြို့အရှင်ရဲ့စံအိမ်၊ခင်ဗျားလို အဖိုးကြီးကို ငါက ဂရုစိုက်မယ်လို့ထင်လား၊ ငါတို့မိသားစုရဲ့ ရတနာလေးက ပါရမီရှင်တစ်ယောက်ဖြစ်တဲ့အပြင် နတ်မင်းကလည်း ချီးကျူးထားတာ မင်းအတွက်ကတော့ အသုံးကိုမကျဘူး။”
သူ့အနောက်မှလိုက်လာသော လီဖူပေါင်က ယန်ချန်းကိုကြည့်လာသည်။
“အရူး ငါက နတ်မင်းကတောင် ချီးကျူးခံထားရတဲ့သူ၊ မင်း အိမ်ပြန်ပြီး ရိုးသားတဲ့နည်းလမ်းနဲ့ လယ်ပဲ စိုက်နေသင့်တယ်။”
လူနှစ်ယောက်က အရှေ့တိုးလာကြသည်။ ယန်ချီ၏မျက်နှာက နီရဲလာ၏။
“လီအိမ်တော်က လူတွေက လွန်လွန်းတယ်။”
ယန်ချန်းက ပေါ့ပါးစွာ တစ်ချက်ကြည့်သည်။ သူ အတွေးနက်သွား၏။
“အစ်ကိုကြီး ပြောတာမှန်တယ်၊ ငါ့မှာသာ လုံလောက်တဲ့ခွန်အားရှိမှပဲ သူတို့ ငါ့ကို ကြောက်လိမ့်မယ်၊ သူတို့ ငါ့ကို အရှက်မခွဲရဲဘဲ နေကြလိမ့်မယ်။”
ယန်ချန်း၏မျက်ဝန်းထဲ အလင်းကလက်လာသည်။
နာရီဝက်ခန့်ကြာပြီးနောက် …
မြို့အရှင်စံအိမ်မှဂိတ်က ဖြေးညှင်းစွာပွင့်သွားပြီး ဂုဏ်ယူဟန်ရသော ဘုန်းတော်ကြီးတစ်ယောက် ထွက်လာသည်။ မြို့အရှင်နှင့်အခြားသောအဖွဲ့က အနောက်မှ ခပ်ကုတ်ကုတ် လိုက်ပါလာကြ၏။
“ဒါက ထာဝရရှင်သန်သူပဲ။”
“ကျင်းရန်မြို့ရဲ့မြို့အရှင်က အခြားအရာရှိတွေထက် စီနီယာပိုကျတယ်လေ၊ ဒါပေမယ့် သူကတောင်မှ ဦးညွှတ်နေရတာကိုမြင်ကြလား။”
“သေချာပေါက် ဒါက ထာဝရရှင်သန်သူပဲဖြစ်ရမယ်၊ ဒီလိုလူမျိုးက ငါ့ကို ထိတ်လန့်စေတယ်၊ သူကသာ ငါ့ကို ချီးကျူးမယ်ဆိုရင် အဖိုးတော့ ခေါင်းမော့ပြီး နေနိုင်ပြီ။”
ယန်ချန်းက လက်သီးကို ဆုပ်သည်။
ဘုန်းတော်ကြီးက လူအုပ်ကို တစ်ချက်ကြည့်ပြီးနောက် အခြားတွင် ရပ်နေသူများကိုကြည့်ကာ မျက်မှောင်ကြုတ်သည်။
“ပါဝင်ယှဉ်ပြိုင်မယ့်ကလေးတွေက နေခဲ့၊ ကျန်တဲ့သူတွေ ပြန်ကြတော့။”
သူ့အသံက ခပ်တိုးတိုးဖြစ်သော်လည်း လူတိုင်းက ကြားလိုက်ရသည်။ ထို့အပြင် အသံက အလွန်ခမ်းနားနေသေး၏။ တစ်ခဏခန့်ကြာပြီးနောက် ကလေးများသာ သည်နေရာတွင် ကျန်ရစ်တော့သည်။
ယန်ချန်းက အခြားကလေးများနည်းတူ အထဲသို့ ဝင်လိုက်သွားကြသည်။ အထဲသို့ရောက်သောအခါ မြေကွက်လပ်ကွင်းပြင်တစ်နေရာသို့ ရောက်သွား၏။ ထိုနေရာသို့ ရောက်သောအခါ နတ်မင်းဆိုသူက သိုလှောင်အိတ်အတွင်းမှ သလင်းလုံးတစ်လုံးကို ထုတ်ပြလာသည်။
“ကျင့်ကြံဖို့အရေးကြီးဆုံးအချက်က အရည်အချင်းပြည့်မှီဖို့ပဲ၊ အဲ့ဒါမတိုင်ခင်မှာ မင်းတို့ရဲ့စိတ်ဝိဉာဉ်နဲ့ချီစွမ်းအင်ကို စစ်ဆေးရမယ်၊ မင်းတို့ အရည်အချင်း ပြည့်မှီတယ်ဆိုရင် ဆက်ကြိုးစားလို့ရပြီ၊ ဒါပေမယ့် ဒီသလင်းလုံးက အလင်းရောင် တောက်ပလာမှပဲ မင်းတို့ အရည်အချင်းပြည့်မှီတယ်။”
ထိုဘုန်းတော်ကြီးက ပြော၏။
အပိုင်း ၈၉၃
သိပ်မကြာခင်မှာပင် ပထမဆုံးတစ်ယောက်က ထိုအပေါ် လက်တင်လိုက်သည်။ အားလုံးကလည်း သည်နေရာကို အာရုံစိုက်နေကြ၏။ သို့သော် ဘာမှ တုန့်ပြန်လာခဲ့ခြင်း မရှိပေ။ ထိုကလေးက မယုံကြည်နိုင်တော့ပေ။ သလင်းလုံးက သူ့အားမတုန့်ပြန်ခဲ့ပေ။
“အရည်အချင်း မပြည့်မှီဘူး ပြန်တော့။”
“နောက်တစ်ယောက်”
ဘုန်းတော်ကြီးက မျက်နှာသေဖြင့်ပြောသည်။
ကလေးက အော်ငိုတော့သည်။ ဒုတိယတစ်ယောက်ကလည်း အလားတူသာလျှင်ဖြစ်သည်။
“အရည်အချင်း မပြည့်မှီဘူး။”
ဘုန်းတော်ကြီးက ရေရွတ်သည်။
“ကျင့်ကြံတာက ဘယ်လောက်တောင် ခက်ခဲလဲ၊ ဒီလိုရိုးရှင်းတဲ့ အခြေအနေမှာတောင်မှ အသုံးမဝင်ဖြစ်နေရပြီ၊ အားလုံးပဲ အရည်အချင်းမပြည့်မှီတဲ့ သူတွေ နောက်ဆုတ်ကြပါ။”
“နောက်တစ်ယောက် လီဖူပေါင်”
လီဖူပေါင်က သူ၏နာမည်ကိုကြားသောအခါ တစ်စုံတစ်ရာဖြင့် ရိုက်ခတ်လိုက်သကဲ့သို့ ပျော်ရွှင်သွားဟန်ရသည်။ သူက ရှေ့ဆက်လာပြီး လက်ကို သလင်းလုံးပေါ်တင်၏။
သလင်းလုံးက အလင်းရောင်အနည်းငယ် တောက်ပလာသည်။ လီဖူပေါင်၏မျက်နှာက ရုတ်တရက် ပျော်ရွှင်သွားတော့၏။ သို့ရာတွင် အလင်းက ချက်ချင်းဆိုသလို ပြန်ပျောက်ကွယ်သွားသည်။
“မင်းက အရည်အချင်း မပြည့်မှီဘူး၊ မင်းလိုလူမျိုးက မင်းရဲ့စစ်မှန်တဲ့ချီကိုတောင် သိပ်သည်းအောင်လုပ်ဖို့ ခက်မှာစိုးရိမ်ရတယ်။”
ထိုနတ်မင်းက ခေါင်းကိုခါသည်။
သလင်းလုံးက အသက်ဝင်လာသော်လည်း သူ၏အမြင်တွင်မူ အရည်အချင်း ပြည့်မှီမှုက နိမ့်ကျလွန်းနေခဲ့၏။ လီဖူပေါင်က ခပ်မြန်မြန်အော်၏။
“ရှန်းရှန့် ကျွန်တော့်အဖေက ခင်ဗျားကို နှစ်တစ်ထောင်ကျော်သက်တမ်းရှိတဲ့ ဆေးတစ်လုံး လက်ဆောင်ပေးထားခဲ့ပါတယ်။”
ထိုလူ၏အမူအရာက ပြောင်းလဲသွားပြီး လီဖူပေါင်ကို တစ်ချက်ကြည့်သည်။
“မင်းက အရည်အချင်း မပြည့်မှီပေမယ့် ငါ့ရဲ့ပတ်ဝန်းကျင်မှာ ဆေးပေးမီးယူလုပ်ဖို့ ကောင်လေးတစ်ယောက် လစ်လပ်နေတုန်းပဲ၊ မင်းလုပ်ပေးနိုင်မလား။"
“အဆင်ပြေပါတယ်ဆရာ”
လီဖူပေါင်က ချက်ချင်း ဒူးထောက်လိုက်သည်။ သုံးကြိမ်ပင် ဦးညွှတ်သေး၏။
ထိုလူက ခေါင်းငြိမ့်သည်။
“မင်း အရင်ထပါ၊ တစ်ခဏနေရင် ငါ မင်းကို စမ်းသပ်စစ်ဆေးမှုကိစ္စတွေအားလုံး ဆောင်ရွက်ဖို့ တောင်အနောက်ဘက်ကို ခေါ်သွားပေးမယ်။”
လီဖူပေါင်က ထိုလူ၏အနောက်ဘက်သို့ ပြေးသွားသည်။ အခြားကလေးများကို ဂုဏ်ယူစွာကြည့်လိုက်၏။
အပိုင်း ၈၉၄
ယောင်တုံး၏လင်းရှန်းဂိုဏ်းအတွင်းမှ အဆင့်အတန်းက မမြင့်မားသော်လည်း သူက တောင်ဂိတ်အတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိနေသေးသည်။ အပြင်တွင်ရပ်နေသော သူများအားလုံးက ထိုလူကိုမနာလိုကြီးစွာကြည့်ကြ၏။
“မအံ့ဩတော့ဘူး၊ ဒီလိုဆေးပစ္စည်းမျိုးက အရမ်းရှားပါးတာကိုး။”
“ငါကြားထားတဲ့အတိုင်းဆိုရင် အဲဒီလူချမ်းသာလီက သူ့မိသားစုက လုပ်ငန်းအများစုကိုတောင်ရောင်းချပြီး အဲဒီဆေးကို ဝယ်ခဲ့ရတာဆိုပဲ။”
“ဒါပေမယ့် သူ့သားကသာ နတ်အဆင့်ရောက်လာခဲ့ရင် အရာအားလုံးက တန်သွားပြီလေ။”
အခြားသောလူများက မနာလိုကြီးစွာပြောနေကြသည်။ သို့သော် လီဝမ်ခိုင်၏ အမူအရာကမူ ဂုဏ်ယူနေဟန်ရ၏။ ထို့နောက် အခြားသောကလေးများ၏နာမည်ကို အခေါ်ခံရသည်။ သူတို့အရည်အချင်းပြည့်မှီသူများ မရှိကြသေးပေ။ ကျင်းရန်မြို့အရှင်၏မျက်နှာက ပြောင်းလဲသွားသည်။
“ထာဝရရှင်သန်သူ ဒါက မှားနေတာလား။"
ကလေးမိဘများ၏မျက်နှာကလည်း မဲမှောင်နေကြ၏။
ဘုန်းတော်ကြီးက အေးစက်စွာပြောသည်။
“ဒါက ပုံမှန်ပါပဲ၊ ကျင့်ကြံဖို့ အရေးကြီးဆုံးအချက်က အခွင့်အရေးပဲ၊ လူအနည်းစုပဲ ဒီလိုအခွင့်အရေးရဖို့ရှိတယ်။”
ကျင်းရန်မြို့အရှင်က သက်ပြင်းချသည်။ သူ့မြို့မှ ကလေးအများစုကသာ ထိုဂိုဏ်းသို့ ဝင်ရောက်ခွင့်ရမည်ဆိုလျှင် သူ့အတွက်လည်း အခွင့်အရေးကောင်း ရရှိမည်ဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ ဖြစ်လာနိုင်ခြင်း မရှိလောက်တော့ပေ။
“စစ်ဆေးမှုပြီးပြီဆိုရင် ငါ …”
နတ်မင်းက ပြောသည်။
ရုတ်တရက် ကလေးတစ်ယောက်၏အသံက ထွက်လာသည်။
“ထာဝရရှင်သန်သူ ကျွန်တော့်နာမည်ကို မခေါ်သွားခဲ့ပါဘူး။”
ဘုန်းတော်ကြီးက သူ့ကိုကြည့်သည်။ သို့သော် အသက် ၁၀ နှစ် အရွယ်ကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုကောင်လေးက လက်ကိုမြှောက်ပြီး အော်လိုက်ခြင်းဖြစ်သည်။
မရေမတွက်နိုင်သော အကြည့်များ၏အောက်တွင် ယန်ချန်း၏ နှလုံးခုန်နှုန်းက မြန်ဆန်လာသည်။ သို့ရာတွင် ယန်ချန်းက အံကိုကြိတ်ပြီးပြောသည်။
“ကျွန်တော် ဒီနှစ်မှ ဆယ်နှစ်ပြည့်တာပါ၊ ကျွန်တော် အစောပိုင်းအဆင့်ကိုလည်း အောင်မြင်ပြီးပါပြီ၊ ကျွန်တော့်နာမည် အဲဒီမှာရှိနေသင့်ပါတယ်။”
စာအုပ်ကိုကြည့်နေသော အရာရှိငယ်တစ်ယောက်က လက်ကမ်းပေးလာပြီးနောက် ရုတ်တရက် ဒူးထောက်ချသည်။
“ကျွန်တော် နာမည်တစ်ခု ကျန်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။”
လီဖူပေါင်က မျက်မှောင်ကြုတ်သည်။
“ဆရာ အချိန်က အရေးကြီးတယ်၊ ဘာလို့ ဒီမှာဖြုန်းနေမှာလဲ၊ သူတစ်ယောက်မရှိတော့ရော ဘာများ ထူးခြားမှာမို့လို့လဲ၊ သူ့ကြည့်ရတာ ကံကောင်းမယ့်ပုံလည်း မရှိပါဘူး။”
ဘုန်းတော်ကြီး၏အမြင်ကမူ မတူပေ။
“ကောင်းပြီ၊ လာပြီး စမ်းသပ်ကြည့်လိုက်။”
သူက ထိုသို့ပြောသောအခါ အခြားသူများက ငြင်း၍မရတော့ပေ။
ယန်ချန်းက အလွန်ထိတ်လန့်နေသည်။ ဒါက သူ၏ကံကြမ္မာ အဆုံးအဖြတ်ဖြစ်ကြောင်း သိလိုက်၏။
“ငါသာ ငါ့ကို အနိုင်ကျင့်တဲ့သူတွေကို ကြောက်စေချင်ရင်၊ ငါ့အဖိုးကို ဘဝကောင်းမှာ နေစေချင်ရင် ငါ အောင်မြင်ရမယ်။”
ယန်ချန်းက သူ၏လက်ကို သလင်းလုံးပေါ် တင်လိုက်သည်။ လူတိုင်း၏ အကြည့်အောက်တွင် သလင်းလုံးက ရုတ်တရက် ကွဲအက်သွားကာ အက်ရာများ ပြည့်နှက်သွားတော့၏။
ရုတ်တရက် ကျွတ်ဆတ်သံထွက်ပေါ်လာသည်။ သလင်းလုံးအပေါ်တွင် အက်ကွဲရာများ ထွက်ပေါ်လာပြီး ပို၍ များပြားလာခဲ့၏။ နောက်ဆုံးတွင် ကွဲအက်သွားသည်။ ယန်ချန်းက မင်သက်သွားသည်။ သည်လိုဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“မင်းက ငါ့ဆရာရဲ့ရတနာကို ဖျက်ဆီးလိုက်ပြီ၊ မြန်မြန် ပြန်မလျော်ပေးသေးဘူးလား။”
လီဖူပေါင်က အော်သည်။
“ပြန်လျော်ပေးရမယ်ဟုတ်လား။”
“သူက ဘာလို့လျော်ပေးရမှာလဲ။”
ထိုအချိန်တွင် ယန်ချန်းက ထိတ်လန့်နေခဲ့ပြီဖြစ်သည်။
“ဒါက စမ်းသပ်စစ်ဆေးတဲ့ တံဆိပ်သက်သက်ပဲ၊ မှော်လက်နက်မှ မဟုတ်တာ။”
ဘုန်းတော်ကြီး၏မျက်နှာက အလေးအနက်ဖြစ်သွားပြီးနောက် လက်မောင်းကို ဆန့်ထုတ်ကာ သလင်းတုံးကိုကြည့်သည်။ သလင်းတုံး၏အရည်အသွေးက သလင်းလုံးထက် ကောင်း၏။
“မင်း ဒါကိုယူပြီး စမ်းကြည့်။”
ဘုန်းတော်ကြီးက သလင်းတုံးကို ယန်ချန်း၏ရှေ့သို့ပြပေးသည်။ သည်အချိန်တွင် ယန်ချန်းက သတိထား၏။ သူက သူ၏လက်ဖြင့် သလင်းတုံး၏မျက်နှာပြင်ကို ဂရုတစိုက်နှင့် ထိတွေ့လိုက်သည်။ သည်တစ်ကြိမ်တွင် နွေးထွေးသောခံစားချက်ကို ရလိုက်သည်။ သလင်းတုံးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော အားတစ်ခုရှိနေဟန်ဖြင့် ယန်ချန်း၏ပိုင်ဆိုင်သော စွမ်းအားများကို မြောက်တက်လာစေသည်။
ထိုအချိန်တွင် သလင်းတုံးတစ်ခုလုံးက စွမ်းအားကြီးမားသော ငါးရောင်ခြယ်အလင်းဖြင့် တောက်ပလာပြီး ဝင်သက်အကြိမ်အနည်းငယ်အထိ လင်းလက်နေခဲ့သည်။ ထို့နောက် ချက်ချင်း ကွဲအက်သွားပြန်သည်။
“ကျွန်တော် သေချာမကြိုးစားနိုင်ခဲ့ဘူး၊ ကျွန်တော့်အမှားပါ။”
ယန်ချန်းက ထိတ်လန့်ပြီး ဖြူဖျော့သွားတော့၏။ ဒါက နတ်ပစ္စည်းဖြစ်သည်။ သူသာ ဒါကို ဖျက်ဆီးလိုက်လျှင် သူ၏မိသားစုက မတတ်နိုင်ပေ။
“နေအုံး။”
ဘုန်းတော်ကြီး၏မျက်ဝန်းများက လင်းလက်သွားသည်။ သူက တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် လက်မောင်းကိုဆန့်ကာ သံလိုက်အိမ်မြှောင်တစ်ခုကိုထုတ်ပြီး ယန်ချန်း ရှေ့သို့သွားသည်။
“မင်းရဲ့လက်ကို တင်လိုက်။”
အသံက အနည်းငယ်တုန်ယင်နေသည်။
ယန်ချန်းက မတုန့်ဆိုင်းရဲဘဲ လက်ကို တင်လိုက်ရသည်။
ယန်ချန်း၏ကိုယ်ပေါ်သို့ ထူးဆန်းသောစွမ်းအားတစ်မျိုးက ကျရောက်လာသည်။ တစ်ခဏတွင် သူ၏ကိုယ်မှ လျှို့ဝှက်ချက်များအားလုံးကို တစ်ဖက်က ဖောက်ထွင်းမြင်နေရသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်တွင် သံလိုက်အိမ်မြှောင်က အရပ်မျက်နှာအနှံ့ လည်ပတ်နေရာမှာ ရုတ်တရက် မျက်စိကျိန်းမတတ်တောက်ပသော အလင်းကို လွှတ်ထုတ်လာသည်။
“ငါးရောင်ခြယ်အလင်းတန်း၊ အခြေပြုစွမ်းအင်ငါးမျိုးလုံးကို သုံးနိုင်နေတာပဲ။”
စစ်ဆေးအကဲဖြတ်သူက စိတ်လှုပ်ရှားစွာအော်တော့သည်။
ခန္ဓာကိုယ်တွင် အခြေပြုစွမ်းအင်ငါးမျိုးရှိခြင်းက ဒဏ္ဍာရီသဖွယ်ဖြစ်သည်။ မည်သို့သော အခြေပြုစွမ်းအင်ပါသည့်သိုင်းကို ကျင့်ကြံစေကာမူ ထိုသူ၏ လုပ်နိုင်စွမ်းအားက အလွန်မြင့်မားသွားမည်ဖြစ်သည်။ ထို့အပြင် မည်သည့်အရှုပ်အထွေးမှ မရှိဘဲ အခြေပြုစွမ်းအားငါးမျိုးလုံးကိုကျင့်ကြံနိုင်ခြင်းဖြစ်သည်။
တူညီစွာကျင့်ကြံလျှင်ပင် အချို့သော ဘုန်းတော်ကြီးများက အခြေပြုစွမ်းအင် တစ်မျိုး၊ နှစ်မျိုးကို ကျွမ်းကျင်သွားနိုင်သော်လည်း သည်လိုလူမျိုးကမူ အခြေပြုစွမ်းအားငါးမျိုးလုံးကို ကျွမ်းကျင်သွားနိုင်သည်။ ကောင်းကင်ဘုံ၏ ပါရမီရှင်ဆိုသောစကားလုံးက ဘုန်းတော်ကြီး၏စိတ်အတွင်း ထင်ဟပ်လာတော့၏။
“ဟား ဟား ဟား ဒီလိုတိုင်းပြည်မျိုးမှာ ဒီလိုထိပ်တန်းအဆင့်ပါရမီရှင်ကို ကြုံရမယ်လို့မထင်ထားဘူး။”
အပိုင်း ၈၉၅
ဘုန်းတော်ကြီးက ရယ်သည်။
“ဘာ သူ့ရှေ့က လူက ပါရမီရှင်လား၊ ဒီလိုခပ်ထိုင်းထိုင်းကောင်လေးက ဘယ်လိုများ ပါရမီရှင်ဖြစ်ရမှာလဲ၊ သူက ရွာငယ်က ကလေးတစ်ယောက်ပဲလေ၊ ဘာလို့ ထာဝရရှင်သန်သူရဲ့ချီးကျူးတာကို ခံရတာလဲ။”
ဘုန်းတော်ကြီးက ယန်ချန်း၏ပုခုံးကို ပုတ်လိုက်သည်။
“သိုင်းညီငယ်လေး သွားစို့။"
သူ၏စိတ်ထဲတွင် အလွန်အံ့ဩနေသည်။ သူကသာ ငါးရောင်ခြယ်စွမ်းအားရှိသော လူကို ခေါ်သွားလိုက်လျှင် အမှတ်များကိုမဆိုထားဘိ မမျှော်လင့်ထားသော ဆုလာဘ်များပင် ရရှိပေလိမ့်မည်။
လီဖူပေါင်က မျက်လုံးကိုဖွင့်ပြီး ယန်ချန်းကို မယုံနိုင်သလိုကြည့်လိုက်သည်။ သူ ယန်ချန်းကို အကြိမ်အနည်းငယ် အသုံးချဖူးသော်လည်း မမျှော်လင့်ထားစွာပင် သူတို့နှစ်ယောက်ကြားရှိ ကွာခြားချက်က ကြီးမားနေခဲ့၏။ သူတို့နှစ်ယောက်၏ ကွာခြားချက်က မိုးနှင့်မြေလိုကွာခြားချက်ဖြစ်သည်။
“သိုင်းအစ်ကိုကြီး အရင်ကိစ္စတွေကို စိတ်ထဲမထားပါနဲ့။”
လီဖူပေါင်းက ရုတ်တရက် ရှေ့တိုးလျက် ခပ်တိုးတိုးပြောသည်။
ယန်ချန်းက လီဖူပေါင်ကိုကြည့်ပြီး ဘာစကားမျှမဆိုပေ၊ သူ့ရင်ထဲရှိ စိတ်လှုပ်ရှားမှုများကို ခက်ခက်ခဲခဲဖိနှိမ့်နေရ၏။
“ဒါက ခွန်အားပဲ၊ ငါ့မှာ ခွန်အားရှိတယ်၊ လီဖူပေါင်တောင် ငါ့ကို အနိုင်မကျင့်ရဲတေ့ဘူ။”
ယန်ချန်း၏မျက်ဝန်းက တောက်ပထက်တောက်ပလာသည်
ဘုန်းတော်ကြီးက ရယ်လျက် ကောင်းကင်သို့ ပျံတက်သွားပြီး သူတို့ကို အဝေးသို့ခေါ်သွားသည်။ ထိုအချိန်တွင် ရုတ်တရက် ကောင်းကင်တွင် မိုးခြိမ်းသ ံထွက်ပေါ်လာသည်။
“မင်းရဲ့လက်ထဲက ကလေးကိုထားခဲ့စမ်း။”
“ဘယ်သူလဲ။”
ထိုအသံက နတ်ဆိုးဆန်ပြီး ထူးဆန်းသာလေသံမျိုးဖြစ်သည်။ ထိုလူ၏တစ်ကိုယ်လုံးရှိ သွေးကြောများက ခြောက်ခြားသွားရ၏။ ထိုအသံက နိမ့်ကာဝင်လာကြောင်း ခံစားရသည်။ ထိုခံစားချက်မျိုးက သာမန်ဘုန်းတော်ကြီးများ မထုတ်လွှတ်နိုင်ပေ။
“ကြည့်လိုက် တစ်ယောက်ယောက် ကောင်းကင်မှာပျံနေတယ်။”
အောက်ဖက်ရှိလူများက အော်ကြသည်။
သူတို့ ကောင်းကင်ပြာကိုတောင်မြင်ခဲ့ရာမှ ရုတ်တရက် လူတစ်ယောက်အသံကို ကြားလိုက်ရသည်။ ထိုအရိပ်က နီးသထက်နီးလာပြီး ချဉ်းကပ်လာ၏။
ထိုသူ၏အပေါ်ကို အနက်ရောင်ဝတ်ရုံနှင့်အုပ်ထားပြီး လက်တွင် တစ်စုံတစ်ရာကို ကိုင်ထားသည်။ သူ၏ခေါင်းမှာ သေးငယ်ကာ မျက်လုံးများက နက်ဆိုးဆန်သော အလင်းဖြင့် တောက်ပနေ၏။
“ဒီလောက်ကလေးတွေအများကြီးကို ဖြုန်းတီးပြီး ဒီအဖိုးအိုကြီးလက်ထဲကို ထည့်ပေးလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ”
အနက်ရောင်ဝတ်ရုံနှင့်လူက ရယ်သည်။
ဘုန်းတော်ကြီးက မျက်မှောင်ကြုတ်ပြီး ကောင်းကင်သို့ပျံတက်သွားကာ ပြော၏။
“တာအိုမိတ်ဆွေလေး၊ မင်းက လင်းရှန်းကျုံးဖူယွဲ့အနိမ့်ပိုင်းက လင်းရှန်းဂိုဏ်းရဲ့ နယ်မြေကို ပြောချင်တာလား၊ ကျေးဇူးပြုပြီး အဲဒီအတွက် မစိုးရိမ်ပါနဲ့။”
“ငါက တကယ်အလုပ်များတယ်နော် ဟား ဟား”
အနက်ရောင်ဝတ်ရုံနှင့်လူက ရယ်သည်။
“လင်းရှန်းကလန်ဆိုတာ လိပ်ကလန်မဟုတ်ဘူးလား၊ ဒီလို ကျဲထန်ပိုင်နက် နယ်မြေငယ်လေးထဲမှာတောင် ငါ့ကို တိုက်ရဲတယ်တဲ့လား၊ မင်း အသက်မရှင် ချင်တော့ဘူးလား။”
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် အေးစက်သောအလင်းများကို လွှတ်ထုတ်လာသည်။ လေအေးများက ရေခဲနဂါးများအဖြစ် ပြောင်းလဲလိုက်လျက် ဟိန်းဟောက်တော့သည်။
“သန်မာသောကောင်းကင်”
ဘုန်းတော်ကြီးက သူ၏ခြေလက်များက ထုံထိုင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူနှင့်ကောင်းကင်ရှိထိုလူက အလွန်ဝေးကွာနေသေးသော်လည်း သူတို့က လက်ချောင်းများဖြင့်ပင် သူ့ကိုသတ်နိုင်သည်ဟု ခံစားနေရသည်။ သူက အံကြိတ်ပြီးပြောသည်။
“မင်းက ငါ့ရဲ့လင်းရှန်းဂိုဏ်းထဲမှာ ဒီလိုလှုပ်ရှားရဲရင် ငါ့ရဲ့လင်းရှန်းဂိုဏ်းက ဘိုးဘေးတွေ ငါ့ကိုလာရှာမှာ မကြောက်ဘူးလား။”
“ဟမ့်”
ထိုအချိန်တွင် ရုတ်တရက်အနက်ရောင်လူ၏မျက်ဝန်းထဲ သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။ သူ၏မှော်တုတ်သံက အောက်သို့ကျသွားပြီး ချုံခိုတိုက်ခိုက်ခံလိုက်ရ၏။
ဝေါင်း။
ရေခဲနဂါးများက ကောင်းကင်တွင်ရှိနေရာမှာ ကြောင်အသွားပြီး ရုတ်တရက် ခန္ဓာကိုယ်ရှေ့သို့ရောက်လာသည်။
“မီးဓါး”
ဖူယွဲ့က သူ၏နှုတ်မှ ဓါးဂါထာကို မန်းမှုတ်လိုက်ကာ ရေခဲဓါးများကို ထိုးခွဲတော့သည်။
ခေါင်းလောင်းသံမြည်ဟီးလာပြီး မီးဓါးများက ပြင်းထန်သောအရှိန်အဝါကို လွှတ်ထုတ်လာကာ ဓါးကို ကွဲအက်သွားစေသည်။ သူ ကိုယ်တိုင်ဝင်ပါလိုက်ရသော်လည်း သွေးအန်လိုက်ရ၏။
ဖူယွဲ့၏မျက်ဝန်းထဲ စိတ်ပျက်အားငယ်မှုများ လင်းလက်လာသည်။ ကျောက်စိမ်းတံဆိပ်ကို သူက ဟက်တက်ခွဲလိုက်၏။ ထိုမတိုင်မီက သူက ထွက်ပြေးနိုင်သည်။ သို့သော် လက်ရှိအချိန်တွင်မူ ငါးရောင်ခြယ်ခန္ဓာကိုယ်ပိုင်ရှင်က သည်နေရာတွင်ရှိနေသည့်အတွက် သူ ယန်ချန်းကို လင်းရှန်းသို့ ပြန်ခေါ်သွားရပေမည်။
“အချိန်တွေ ဖြုန်းမနေနဲ့ မင်းရဲ့လင်းရှန်းကျုံးက ငါတို့ဝိုင်းတာကို ခံထားရပြီ၊ အဲဒီအဖိုးကြီးတွေ ဒုက္ခများနေတယ်၊ သူတို့ မင်းကို လာကယ်နိုင်မယ်လို့ ထင်နေတာလား ဟား ဟား။”
အနက်ရောင်ဝတ်စုံလူက အော်ရယ်တော့သည်။ သူက အေးစက်သော အရှိန်အဝါများကို ခံစားလိုက်ရသည်။ ထိုအရာက မြင့်တက်လာလျက် ကောင်းကင်ကို လွှမ်းခြုံလိုက်တော့၏။
“မင်း မင်းက ရေခဲစွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။”
ထိုလူ၏နဖူးတွင် ချွေးစေးများပြည့်နှက်လာတော့၏။
သူက ခေါင်းကို ချက်ချင်းဆိုသလိုလှည့်ကာ လူအုပ်ကိုအော်သည်။
“ပြေးကြတော့။”
ရုတ်တရက် အောက်တွင်မူ ဝရုန်းသုန်းကားဖြစ်နေသည်။ သေမျိုးများက ထာဝရရှင်သန်သူများ၏ တိုက်ပွဲများကို မမြင်ဖူးကြပေမယ့်ကြားဖူးကြသည်။ သို့သော် သည်အရာတွေဖြစ်လာခဲ့၏၊
ထိုအချိန်တွင် သူတို့အားလုံး ပြေးကြသောအခါ လူအုပ်က ဖရိုဖရဲဖြစ်ကြတော့၏။
ယန်ချန်းက ထိုနေရာတွင်ရှိနေသည်။ မြင်ကွင်းကို သူက မင်သက်တကြီး ကြည့်နေခဲ့၏။ လင်းရှန်းဂိုဏ်းမှ ထာဝရရှင်သန်သူများက အလွန်စွမ်းအားကြီးသည်ဟုသူ ထင်ခဲ့သည်။ သို့သော် ထိုလူ၏ရှေ့တွင် သူက ရှုံးမယ့်ပုံရ၏။
“ကျဲကျဲ ဒါက ငါးရောင်ခြယ် အခြေပြုစွမ်းအားပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်မဟုတ်လား၊ ကောင်းလိုက်တာ မင်းက ဒီအဖိုးကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအားလောက် လုပ်ထားမယ်ဆိုရင်တောင်မှ ငါက မင်းကို ဒီထက်ပိုပြီး အဆင့်မြင့်အောင် လုပ်ပေးနိုင်သေးတယ်။”
အနက်ရောင်ဝတ်စုံနှင့်လူများက ယန်ချန်းကိုကြည့်ကြသည်။ သူ့ကိုဖားရန် ကြံစည်ကြ၏။ သို့ရာတွင် လူတစ်ယောက်၏လက်က ယန်ချန်းကို မထိနိုင်ခင်မှာပင် အခြားလက်တစ်ဖက်က သူ့ကို ရိုက်ချလာသည်။
“ဘယ်က အကောင်လဲ။”
အနက်ရောင်ဝတ်စုံနှင့်လူက ဒေါသထွက်သွားသည်။ အနက်ရောင်လေပြင်းကဲ့သို့ ထင်ရသော တစ်စုံတစ်ရာ အခိုးအငွေ့များက သူ၏လက်ဝါးမှ ထွက်လာလျက် သူ့ကို ဖမ်းချုပ်လာသောလက်ကို ရိုက်ချရန်ကြံစည်သည်။ သို့သော် နီးကပ်သွားသည့်အချိန်မှာပင် သဘာဝရန်သူကဲ့သို့ အလိုလိုပေါက်ကွဲသွားသည်။
“ထွက်သွား”
နက်ရှိုင်းကာအေးစက်သော အသံတစ်မျိုးကို သူ ကြားလိုက်ရသည်။