← Chapters

အခန်း (၈၉၆-၉၀၀)

Vol. 48 Ch. 896-900

အခန်း (၈၉၆-၉၀၀)

Vol. 48 Ch. 896-900

အပိုင်း ၈၉၆

အနက်ရောင်ဝတ်ရုံနှင့်လူ၏ကိုယ်က တုန်ယင်သွားသည်။ သူ့လက်မောင်းကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း မျက်လုံးများကသာ ပြူးထွက်လာခဲ့၏။ သူက ပြောသည်။

“မင်းက ဘယ်နေရာက ရောက်လာတာလဲ၊ သေချင်နေလို့လား။”

လုယွီက ယန်ချန်း၏အနားတွင် အေးစက်သောအကြည့်ဖြင့် ကြည့်လျက်ရပ်နေသည်။ သူက ရှုံးရှန်းမှ ကျင်းရန်မြို့သို့ လာရာလမ်းတစ်လျှောက် သူ ရပ်နားခြင်းပင်မရှိခဲ့ပေ။ သူ မြို့ထဲသို့ဝင်လိုက်သည်နှင့် အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်၏။ ပြောရလျှင် လုယွီက လမ်းတစ်လျှောက်လုံးတွင် လူသေအလောင်းများကို မြင်ခဲ့ပြီးသားဖြစ်သည်။ အားလုံးက‌ အေးခဲနေကြ၏။ သူက ဂရုတစိုက်စစ်ဆေးကြည့်သောအခါ စိတ်ဝိဉာဉ်ကိုပင် အထုတ်ခံထားရကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် ထိုသေမျိုးအားလုံးက ခန္ဓာကိုယ်အလွတ်သာလျှင် ကျန်ရစ်တော့၏။

“မြို့ပြင်က လူတွေကို မင်းသတ်တာလား။”

လုယွီက အေးစက်စွာမေးသည်။

အနက်ရောင်ဝတ်ရုံနှင့်လူက‌ မော့ကြည့်ပြီးနောက် လုယွီကို အထင်တသေးကြည့်ကာ ပြောသည်။

“ဘာအတွင်းအားမှ မရှိတဲ့သေမျိုးတစ်ကောင်က ငါ့ကို ဒီစကားမေးရဲတယ်လား၊ ဟုတ်တယ် ငါ သတ်တာ၊ ဆိုတော့ မင်းက ဘာလုပ်ချင်လဲ။”

ဖူယွဲ့က စိုးရိမ်စိတ်ဝင်သွားပြီးပြောသည်။

“သူတို့က ရေခဲနယ်မြေက နတ်တွေပဲ၊ သူတို့က သွေးဆာရက်စက်တဲ့ သဘောသဘာဝရှိတယ်၊ မင်းက သေမျိုးတစ်ယောက်သက်သက်ပဲ၊ ဒီတော့ အလျင်စလို နောက်ဆုတ်တာကောင်းမယ်။”

အနက်ရောင်ဝတ်ရုံနှင့်လူက ထူးဆန်းစွာအော်ရယ်သည်။

“နောက်ကျသွားပြီ၊ ဒီကောင်က ငါ့ကိုလာတားရဲတယ်၊ သူ နောင်တရသွားအောင် လုပ်ပြရမယ်။”

“ဒီလိုနိမ့်ကျတဲ့သေမျိုးအဆင့်တစ်ယောက်က ကောင်းကင်နဲ့မြေကြီး ဘယ်လောက်မြင့်ပြီး နက်မှန်း မသိသေးတာပဲ၊ ဒါကြောင့် ငါ့ကို တားရဲတာဖြစ်မယ်။”

အနက်ရောင် ဝတ်ရုံနှင့်လူက ထူးဆန်းစွာအော်ရယ်နေသည်။ သူ၏လက်ဝါးထဲတွင် အစစ်အမှန်ချီစွမ်းအင်များက သိပ်သည်းလာလျက် အဖြူရောင်ပင့်ကူတစ်ကောင် ဖြစ်သွားသည်။ သူ၏တစ်ကိုယ်လုံးက ‌ကျောစိမ့်ဖွယ် အရှိန်အဝါကို ထုတ်ဖော်တော့သည်။ ထိုပင့်ကူ၏ကျောဘက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးတစ်ခုက ပါနေခဲ့၏။

“သူ့ကိုသတ်စမ်း။”

အနက်ရောင်ဝတ်ရုံနှင့်လူက လုယွီကို လက်ညှိုးညွှန်သည်။ ထိုပင့်ကူက ချက်ချင်းဆိုသလို အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းကာ လုယွီထံ ခုန်ဝင်လာတော့၏။

လျှပ်စီးအလင်းဖျတ်ခနဲလက်လိုက်ချိန်တွင်ပင် လုယွီက သူ့ထံခုန်ဝင်လာသော ထိုပင့်ကူကို မြင်လိုက်ရလေသည်။ သူ၏ထက်ရှသော လက်တစ်ဖက်ကို ရှေ့သို့ပို့ကာ လုယွီ၏လည်ပင်းကို ထိုးဖောက်ရန် ကြံစည်လိုက်၏။

“သေချင်နေတာပဲ။”

ချဉ်းကပ်လာသော ပင့်ကူကိုကြည့်ပြီးနောက် လုယွီက အေးစက်သောအလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လက်သီးတစ်ဖက်ဖြင့် ရင်ဆိုင်လိုက်၏။

ပေါက်ကွဲသံနှင့်အတူ ဟိန်းသံက ကပ်ပါလာသည်။ လုယွီက ထိုပင့်ကူ အောက်သို့ပြုတ်ကျသွားခြင်းကို ကြည့်လိုက်သည်။ လက်သီးတစ်ချက်တည်းဖြင့် ပင့်ကူက အောက်သို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်၏။ ယခင်က ထိုပင့်ကူ၏ကိုယ်အတွင်းတွင် အစစ်အမှန်စိတ်ဝိဉာဉ်ချီစွမ်းအင်များ အပြည့်ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရချေပြီ။

“ဘာ”

အနက်ရောင်ဝတ်ရုံနှင့်လူသည်လည်း အံ့ဩသွားရလေသည်။

ထိုပင့်ကူက စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်ပြီး သူကိုယ်တိုင် ပျိုးထောင်ထားခြင်းဖြစ်သည်။ သူကဲ့သို့ ကောင်းကင်အဆောင်မှန်ကို ပိုင်ဆိုင်ထားသော နတ်မင်းတစ်ပါးသည်ပင် ထိုပင့်ကူကို ခက်ခဲစွာ ရင်ဆိုင်ရနိုင်၏။

“ဒီအကောင်က ဘယ်ကလာတာလဲ၊ ဘယ်လောက်တောင် ပြင်းထန်တဲ့ခွန်အားတွေကို ပိုင်ဆိုင်ထားတာလဲ။”

သူ၏အံ့အားသင့်မှုမှ မသက်သာသေးခင်မှာပင် လုယွီက သူ့ထံရောက်လာပြီး လက်သီးဖြင့် ထိုးပြန်သည်။

လုယွီက သူ့ထံ ခုန်ဝင်လာကြောင်းမြင်သောအခါ ထိုလူက အနောက်သို့ ချက်ချင်းဆုတ်သည်။ တစ်ချိန်တည်းတွင်ပင် လက်ဝါးမှ ချီစွမ်းအင်များကို လွှတ်ထုတ်လိုက်ကာ ကြီးမားသော ရေခဲငှက်တစ်ကောင်အဖြစ် ပြောင်းလျက် လုယွီထံသို့ ခုန်ဝင်သွားစေပြန်၏။

လုယွီ၏အမူအရာက ပြောင်းလဲခြင်းမရှိပေ။ ထိုရေခဲငှက်ကိုလည်း လက်သီးဖြင့် ထိုးကာ ကွဲကြေစေလျက် အောက်သို့ ကျသွားစေပြန်သည်။

“ငါ့ရဲ့တုတ်တံက မှော်လက်နက်ပဲ၊ ဟီး ဟီး ဒါရဲ့တစ်ချက်ကို ရင်ဆိုင်ကြည့်လိုက်စမ်းပါ။”

အနက်ရောင်ဝတ်စုံနှင့်လူ၏ ကိုယ်မှ အေးစက်သော ချီစွမ်းအင်များက ထွက်ပေါ်လာသည်။ သို့ရာတွင် လုယွီက လက်သီးဖြင့် အသာအယာထိုးခွဲလိုက်ချိန်တွင်မူ သူက ထိတ်လန့်ပြီး ထွက်ပြေးတော့၏။ သူက သူ၏မှော်လက်နက်ကို ထိန်းချုပ်လိုက်ကာ ကောင်းကင်သို့ တိုက်ရိုက်ပျံသန်းသွားစေလျက် အနောက်ကိုပင် လှည့်မကြည့်တော့ပေ။

“ထွက်ပြေးချင်တယ်ဟုတ်လား။”

လုယွီ၏အသံက အနောက်မှ ကပ်ပါလာသည်။

ထိုလူက အနောက်သို့ ပြန်မလှည့်နိုင်ခင်မှာပင် လုယွီက မြေပြင်မှ ကျောက်တုံးတစ်တုံးကို ကောက်ကိုင်လိုက်ချေပြီ။

'သူ ဘာလုပ်မလို့လဲ။'

နောက်ပြန်လှည့်လာသော ထိုအနက်ရောင်ဝတ်ရုံနှင့်လူကလည်း မြင်သွားပြီး တုန်ယင်သွားသည်။ သူ၏ စိတ်ထဲတွင် ဖော်ပြ၍မရ‌သော ကြောက်စိတ်က ထွက်ပေါ်လာတော့၏။

“မဟုတ်ဘူး၊ ငါက သူနဲ့ မိုင်ပေါင်းထောင်ကျော်ဝေးနေပြီ၊ ငါ့မှာ ချီအကာအကွယ်လွှာရှိနေတုန်းပဲ၊ သူက အထွတ်အထိပ်အဆင့်ဆိုရင်တောင်မှ ငါ့ကိုထိအောင် မပစ်နိုင်လောက်ဘူး။”

ထိုလူက စိတ်ထဲတွင် ထိုသို့အတည်ပြုရန်တွေးနေခဲ့၏။

အပိုင်း ၈၉၇

“သေလိုက်တော့။”

လုယွီကမူ လက်ထဲမှ ကျောက်တုံးတစ်တုံးဖြင့် ပစ်လွှတ်လိုက်သည်။ အနက်ရောင်အရိပ်တစ်ခုက ဖြတ်သန်းလာပြီး မီတာထောင်ပေါင်းများစွာကို ကျော်ဖြတ်သွားကာ သူ၏အကာအကွယ်လွှာကို ချိုးဖြတ်သွားတော့၏။

သို့သော် ဒါက အဆုံးမသတ်သေးပေ။ ထိုကျောက်တုံးက တိုက်ရိုက်ပင် ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏နှလုံးသားကို ထိုးခွဲသွားပြီး စွမ်းအားများအားလုံးကို ပေါက်ကွဲသွားစေခဲ့၏။ အနက်ရောင်ဝတ်ရုံနှင့်လူက သွေးမြူအဖြစ် ပြောင်းလဲသွားရသည်။ မရေမတွက်နိုင်သော သွေးစက်များစွာက အောက်သို့ ကျဆင်းလာရ၏။

အောက်တွင်ရှိသော သေမျိုးများစွာပင်ဖြစ်စေ၊ ဖူယွဲ့ကိုယ်တိုင်ပင်ဖြစ်စေ မင်သက်အံ့ဩသွားရသည်။ မည်သို့ပင်ဆိုစေ သေသွားသူက နတ်မင်းအဆင့်ဖြစ်သည်။ သို့သော် လူငယ်တစ်ယောက်က ကျောက်တုံးတစ်တုံးဖြင့် သတ်လိုက်၏။

အချိန်အတန်ကြာပြီးနောက် ဖူယွဲ့က အံ့ဩမှုမှ ပြန်လည်အသိဝင်လာခဲ့ကာ ပြောလိုက်သည်။

“မထင်ထားဘဲ ဒီလောက်စွမ်းအားကြီးတဲ့လူကတောင်မှ ကျောက်တုံး တစ်တုံးတည်းနဲ့ သေသွားရတာပဲ။”

လုယွီက သည်လိုအလွယ်တကူ သတ်ပြလိုက်ကတည်းက သူ၏ခွန်အားက တစ်ဖက်လူထက်သာကြောင်း သက်သေပြပြီးသားဖြစ်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

ဖူယွဲ့က ရိုသေလေးစားစွာပြောသည်။

လုယွီက နောက်လှည့်ပြီးနောက် ဖျော့တော့စွာပြုံးသည်။

“ကိစ္စမရှိဘူး၊ ငါက ဖြတ်သွားရုံပဲ။”

“ကျေးဇူးတင်ပါတယ်အစ်ကိုကြီး”

ယန်ချန်းက ဖူယွဲ့ကိုအတုယူကာ လုယွီကို ဦးညွှတ်သည်။

လုယွီက ယန်ချန်းကိုကြည့်သည်။

“မင်းရဲ့လုပ်ဆောင်နိုင်စွမ်းက ကောင်းပေမယ့် မင်း ပြင်းပြင်းထန်ထန် ကြိုးစားဖို့ လိုအပ်နေတုန်းပဲ၊ မင်း အချောင်ခိုရဲရင် မင်းထက်အားနည်းတဲ့သူတွေက မင်းကို အနိုင်ကျင့်သွားကြလိမ့်မယ်၊ မင်းထက်အားကြီးတဲ့သူတွေဆိုရင် မင်းကိုသတ်သွားမှာပဲ။”

ဖူယွဲ့က ပြောသည်။

“ဆရာသခင် ငါက လင်းရှန်းတောင်တိုင်းက တပည့်ဂိုဏ်းသားတစ်ယောက်ပါ၊ ပုံမှန်အားဖြင့် ရေခဲနယ်မြေနဲ့ ရန်ငြိုးတွေ မရှိပါဘူး၊ ငါ အခုချက်ချင်းပြန်ပြီး ဒီကိစ္စကို သတင်းပြန်ပို့ရပါတော့မယ်၊ မင်း ငါနဲ့လိုက်လာချင်လား။”

လုယွီက မေးသည်။

“အဲဒီနေရာမှာ စိတ်ဝိဉာဉ်စွမ်းအင်တွေ စုစည်းလို့ရတဲ့နေရာရှိလား။”

ဖူယွဲ့က တွေးတောပြီးနောက် ပြန်ဖြေသည်။

“ရှိပါတယ်၊ ကျွန်တော်တို့ လင်းရှန်းဂိုဏ်းမှာ ထျန်းချီ(ကောင်းကင်)ဆိုတဲ့ရေကန်ရှိတယ်၊ အဲဒီနေရာက တစ်နှစ်ပတ်လုံးမြူထုတွေ ဖုံးလွှမ်းနေတာပါ၊ အရှိန်အဝါကတော့ အပြင်းထန်ဆုံးပါပဲ။”

လုယွီက တည်ငြိမ်စွာပြောသည်။

“ကောင်းပြီ၊ ငါ့ကို အဲဒီကိုခေါ်သွားပါ။”

ဖူယွဲ့၏တုတ်တံပေါ်တွင် စီးနင်းပြီးနောက် လုယွီက ဆက်တိုက်ကျင့်ကြံသည်။

“အတိတ်မှာငါက ကျိုးလုံပါးထီကျွယ့်ကို ဖန်တီးခဲ့ပြီး ကောင်းကင်နဲ့မြေပြင်က စွမ်းအင်တွေကို ငါ့ရဲ့ကိုယ်ထဲကို စုစည်းတဲ့နည်းလမ်းကို အသုံးပြုခဲ့တယ်၊ ဒီလိုဆိုရင် နဂါးကိုးကောင်ကို ဆင့်ခေါ်နိုင်တယ်၊ ကျိုးလုံရဲ့စွမ်းအား ပေါက်ထွက်သွားတဲ့အချိန်မှာ အထွတ်အထိပ်အဆင့်တစ်ယောက်ဆိုရင်တောင်မှ အလွယ်တကူ သတ်နိုင်လိမ့်မယ်။”

“ငါက ရုပ်ပိုင်းဆိုင်ရာကျင့်ကြံဖို့ကို စိန်ခေါ်ခဲ့ဖူးတယ်၊ ဒါပေမယ့် ဒီနည်းကို အဓိက လျှောက်လှမ်းခဲ့တာမျိုးတော့မဟုတ်ဘူး၊ ငါက အခြားလမ်းကို လျှောက်မယ်။”

လုယွီ၏အမြင်တွင် အဆီအနှစ်များက ပြည့်နှက်လာတော့သည်။

ယခင်ဘဝတွင် သူက သူ၏အရင်းအမြစ်တိုင်းကို ကျင့်ကြံရန်အားထုတ်ခဲ့၏။ ထို့အပြင် သူက ကျင့်ကြံခြင်းအရင်းအမြစ်များကို ဖြုန်းတီးခဲ့မိသေးလေသည်။

သည်တစ်ဘဝတွင်မူ မတူတော့ပေ။ သူက တာအိုဘုရင်ဘဝမှ ပြန်လည်မွေးဖွားလာခြင်းဖြစ်၏။ ကျင့်ကြံခြင်းလမ်းစဉ်၏ အတွေ့အကြုံများနှင့်ဆိုလျှင် သူက ယခင်နှင့် မတူခြားနားသောလမ်းစဉ်သို့ လျှောက်လှမ်းနိုင်သေးသည်။

“အခုလက်ရှိငါ့ရဲ့ကိုယ်က စန်းရှန်း(ကောင်းကင်ဘုံ)၏တိုက်ခိုက်မှုကို ခုခံနိုင်တယ်၊ ငါ ဒီထက်ပိုပြီး မြင့်မြင့်သွားနိုင်မယ်ဆိုရင် ဘယ်အဆင့်အထိ ရောက်နိုင်မလဲဆိုတာ မသိနိုင်သေးဘူး။”

လုယွီ၏မျက်လုံးထဲ အလင်းရောင်များလက်လာသည်။ သိပ်မကြာခင်မှာပင်သူတို့ စီးနင်းလိုက်ပါလာသော ထိုမှော်တုတ်တံက တောင်တန်းတစ်နေရာသို့ ရောက်လာ၏။ ထိုတောင်တန်းကြီးကို တိမ်စိုင်များက လွှမ်းခြုံထားကာ အရှိန်အဝါများစွာက စုစည်းနေကြသည်။

ဖူယွဲ့က ပြောသည်။

“ထူးဆန်းတယ်၊ ဘာလို့ ဂိတ်တံခါး မဖွင့်ထားရတာလဲ။”

သူက လက်မောင်းထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ကာ ကောင်းကင်သို့ပစ်သည်။ တံဆိပ်ပြားက အပြာရောင်အလင်းတန်းများ လင်းလက်တောက်ပလာပြီး အားလှိုင်းများစွာ လွင့်ပျံသွားရ၏။ သို့ရာတွင် ထိုတစ်ခဏတွင်ပင် ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။

ဖူယွဲ့၏မျက်နှာက ပြောင်းလဲသွားသည်။

“ကျုံးမန်မဟာအခင်းအကျင်း ပွင့်နေတယ်၊ ဘာတွေဖြစ်နေတာလဲ။”

ပြောရလျှင် ကျုံးမန်ဝင်္ကပါက အလွယ်တကူဖွင့်လေ့မရှိပေ။ သို့သော် သေခြင်းရှင်ခြင်းနှင့် အရေးကြီးသောအခြေအနေမျိုးဆိုလျှင် ဖွင့်တတ်၏။ သူတို့လည်း မထွက်နိုင်သလို မည်သူမှလည်း မဝင်နိုင်ပေ။

ဖူယွဲ့က အံကိုကြိတ်သည်။ လက်မောင်းမှ အဆောင်များစွာကိုထုတ်ကာ လောင်ကျွမ်းသွားစေ၏။

“ဆရာသခင် ကျွန်တော် ဆရာ့ကို အကြောင်းကြားပြီးပါပြီ၊ ဒါပေမယ့် ဝင်္ကပါအခင်းအကျင်းက ကာကွယ်ထားလို့ အထဲကိုဝင်ဖို့ခက်ပါတယ်။”

ဖူယွဲ့က လုယွီကိုပြောသည်။ လုယွီ၏မျက်ခုံးများက ကြုတ်သွားသည်။ သူ၏အချိန်က အဖိုးတန်သည်။ ထို့အပြင် သူက သူ၏အတွင်းအားများကို ပြန်လည်ရယူလို၏။ ထို့ကြောင့် အချိန်မဖြုန်းနိုင်ပေ။

“ဒီမှာ လူတွေ ရှိတယ် သူတို့ကို သတ်လိုက်တော့။”

ရုတ်တရက် အေးစက်သောအသံက ထွက်လာသည်။

ဖူယွဲ့က လှည့်ကြည့်လိုက်သောအခါ အနက်ရောင်အရိပ်အချို့က သူ့ထံ ပြေးလာနေကြောင်း မြင်လိုက်ရ၏။

“ရေခဲနယ်မြေက နတ်တွေ”

သူ ပို၍ကြောင်အသွားပြီး ထွက်ပြေးရန်ကြံစည်လိုက်သည်။

“ဆူလိုက်တာ။”

လုယွီက လေထဲသို့ အသာအယာ ပျံသန်းခုန်တက်လိုက်လျက် ပျံသန်းလာသူတိုင်းကို ရိုက်နှက်တော့သည်။ ပေါက်ကွဲသံ၊ ရိုက်နှက်ခံရသံများနှင့်အတူ ထိုဘုန်းတော်ကြီး၏ ကြွက်သားနှင့်အရိုးများက ပေါက်ကွဲသွားသည်။ သူ ချက်ချင်းဆိုသလို သေဆုံးသွား၏။

အပိုင်း ၈၉၈

ခြိမ်း ခြိမ်း ခြိမ်း

လုယွီက ပန်းခြံအတွင်း အသာအယာလမ်းပတ်လျှောက်နေသည်နှင့် တူသည်။ လူပေါင်းများစွာကြားတွင် ရှိနေသည့်တိုင်အောင် သူက ထိုဘုန်းတော်ကြီး၏အသက်ကို အသာအယာယူလိုက်နိုင်သည်။

တစ်ဖက်၏ကျင့်ကြံခြင်းအဆင့်က မည်မျှပင်ဖြစ်နေစေကာမူ သူက လက်သီးတစ်ချက်တည်းနှင့် ထိုးသတ်ရုံမျှနှင့်ပင် သူ၏အစစ်အမှန်ချီက ပေါက်ကွဲသွားစေပြီး သေဆုံးသွားခဲ့ရ၏။ ချက်ချင်းဆိုသလိုပင် ဘုန်းတော်ကြီးများစွာထဲမှ တစ်ယောက်က ခုန်ဝင်လာခဲ့သည်။

“မကောင်းဆိုးဝါး”

ထိုဘုန်းတော်ကြီး၏မျက်လုံးများက မှုန်မှိုင်းသွားပြီး ဦးခေါင်းခွံက ထုံထိုင်းသွားသည်။ သူ လှည့်ပြေးတော့၏။

လုယွီက မတားပေ။ သူတို့ကြားတွင် ဘာရန်ငြိုးမှ မရှိပေ။ ထို့အပြင် တစ်ဖက်သူက သူ့အားသတ်ရန် မကြံစည်လာသမျှ ကာလပတ်လုံး သူကလည်း ဂရုစိုက်ရန်ပင် ပျင်းနေအုံးမည်ဖြစ်သည်။

ဖူယွဲ့က လုယွီ၏သတ်ဖြတ်လိုက်သော သိုင်းကွက်ကို မြင်လိုက်ရသည်။ သူ မင်သက်မှုများထဲ နစ်မြုပ်သွားတော့၏။ မည်သည့်အခါကမျှ သေသပ်စွာ လက်ချောင်းများကို လှုပ်ရှားရရုံမျှနှင့် ထိုမျှ သတ်ဖြတ်နိုင်သော နတ်မင်းအဆင့်မျိုးကို မမြင်ခဲ့ဖူးသေးချေ။

“သူက သူ့ရဲ့အစစ်အမှန်ချီကိုတောင် မသုံးသွားဘူး၊ သူ့ရဲ့ခန္ဓာကိုယ်အား သက်သက်နဲ့ မှော်စွမ်းအားနဲ့လက်နက်တွေကို ဖျက်ဆီးလိုက်နိုင်တယ်။”

ဖူယွဲ့ အသက်ရှူရပ်မတတ်ဖြစ်သွားသည်။

“သူ့ရဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင် သန်မာနေလို့လဲ။”

“ဒါက ဒဏ္ဍာရီလာ ခန္ဓာကိုယ်ကျင့်ကြံခြင်းဆိုတာမျိုးလား။”

ဖူယွဲ့၏နှလုံးသားက ခံစားချက်များ ရှုပ်ထွေးသွားသည်။ သူက ယဉ်ကျေးစွာ ပြောလိုက်၏။

“ဆရာသခင် ဆရာသခင်က တကယ်သတ္တိရှိတာပဲ။”

ထိုအချိန်တွင် တောင်၏အကာအကွယ်လွှာဝင်္ကပါတွင် ရုတ်တရက် လေဝဲတစ်ခု ထွက်ပေါ်လာသည်။ ဖူယွဲ့က ဒါကိုမြင်သောအခါ ချက်ချင်းဆိုသလို ခါးမှ တံဆိပ်ပြားကို လေထဲသို့ပစ်တင်လိုက်ပြီး တုတ်တံကို ထိုလေဝဲထဲသို့ မောင်းနှင်သွားလိုက်တော့၏။

သူက တောင်၏ အကာအကွယ်အခင်းအကျင်း ဝင်္ကပါအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အလွန်ကျယ်ပြောသော မြေပြန့်နေရာတစ်ခုကို မြင်လိုက်ရသည်။ လုယွီနှင့်ဖူယွဲ့တို့က တောင်ဂိတ်ရှေ့သို့ ရောက်သွား၏။

ထိုအချိန်တွင် တောင်ဂိတ်၏ဘေးတွင် ပုံရိပ်အချို့ပေါ်လာကြသည်။ အားလုံးက ဖူယွဲ့ကို အေးစက်စွာ စိုက်ကြည့်နေကြ၏။

“နင်က ဘယ်သူလဲ။”

မေးလိုက်သူက ရေခဲနယ်မြေမှ အမျိုးသမီးတစ်ယောက်ဖြစ်သည်။

ဖူယွဲ့က ခပ်မြန်မြန်အော်သည်။

“ဂိုဏ်းတူအစ်မဖန်း အဲဒီလိုမလုပ်ပါနဲ့၊ ငါ့ဆရာကဝူနျန်ပါ၊ ဒီတပည့်က ရှားယောင်းတောင်ထိပ် အပြင်တပည့်ဂိုဏ်းသားပါ၊ ကျွန်တော်က ဝင်ခွင့်ဖြေဆိုမယ့် တပည့်ဂိုဏ်းသားတွေကို သွားရောက်ခေါ်ဆောင်ခဲ့တာပါ၊ ကျွန်တော် လွန်ခဲ့တဲ့ လဝက်လောက်အတွင်း ပြန်မလာနိုင်ခဲ့ရုံပါပဲ။”

“နင် ငါ့ကိုသိတယ်လား။”

ထိုမိန်းမက မျက်ခုံးကိုပင့်သည်။ ထို့နောက် တစ်ဖက်လှည့်ပြီးမေး၏။

“သွား အဲဒီလိုလူရှိမရှိ သွားစုံစမ်းခဲ့။”

လက်ဖက်ရည်တစ်ခွက် သောက်ချိန်ကြာပြီးနောက်တွင် ဖူယွဲ့အကြောင်း အသေးစိတ် တင်ပြလာသည်။

“မှန်ပါတယ် ဆေးတောင်ထိပ်ကပါ။”

အမျိုးသမီးက သူ့နောက်မှ ကလေးများကို တစ်ချက်ကြည့်ပြီးပြော၏။

“ကလေးနှစ်ယောက်ကို ခေါ်လာခဲ့၊ သူတို့က အရည်အချင်းပြည့်မှီတာလား။”

ဖူယွဲ့က ပြောသည်။

“အရည်အချင်းက အရမ်းမမြင့်မားဘူးဆိုပေမယ့် သူ့ကို ကျွန်တော့်ရဲ့ ဆေးတပည့်ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ချင်ပါတယ်၊ အခြားတစ်ယောက်ကတော့ အခြေပြုစွမ်းအင်ငါးမျိုးကို ပိုင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါ။”

“ဘာ”

ထိုမိန်းမ မျက်လုံးပြူးသွားသည်။

“မဖြစ်နိုင်တာ နင် သေချာလား၊ ဘယ်တစ်ယောက်လဲ။”

ဖူယွဲ့က ယန်ချန်းကို လက်ညှိုးထိုးသည်။

အမျိုးသမီးက ယန်ချန်းကို ကြည့်ပြီးနောက် သူမ၏အင်္ကျီလက်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်လိုက်၏။ ထို့နောက် ယန်ချန်းကိုညွှန်သည်။ တစ်ခဏအကြာမှာပင် မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများက ဖြာထွက်လာခဲ့၏။

“ကောင်းတယ်၊ တကယ်ကို ငါးရောင်ခြယ်အခြေပြုစွမ်းအင်တွေကို ပိုင်ဆိုင်ထားတာပဲ။”

အမျိုးသမီးက စိတ်လှုပ်ရှားသွားပြီး ဖူယွဲ့ကိုကြည့်သည်။

“ဒီကောင်လေးကိုငါ ထျန်းမိုက်ဖုန်းက လိုချင်တယ်၊ နင် ပြောစရာရှိလား။”

ဖူယွဲ့က ကြောင်တောင်တောင်ပြုံးသည်။

“ဒီတပည့်က သူ့ရဲ့အရည်အချင်းတွေနဲ့ဆိုရင် ကျွန်တော်တို့ရဲ့ ဆေးတောင်ထိပ်နဲ့ ပိုပြီးသင့်တော်တယ်လို့ ခံစားမိပါတယ်၊ ဒါပေမယ့် ဒါက သဘာဝဖြစ်ရပ်ပါပဲ။”

“မစိုးရိမ်နဲ့ နင်ရမယ့်အမှတ်က မနည်းစေရပါဘူး။”

အမျိုးသမီးက ယန်ချန်းကို လှည့်ကြည့်သည်။

“ကောင်လေး ငါက ဖန်းကျင်းယွန်ပဲ၊ ထျန်းမိုက်ဖုန်းရဲ့ အကြီးဆုံးတပည့်ပေါ့၊ ငါတို့ ထျန်းမိုက်ဖုန်းက လင်းရှန်းဂိုဏ်းတစ်ခုလုံးရဲ့ အသန်မာဆုံးဂိုဏ်းခွဲတွေထဲက တစ်ခုပဲ၊ ငါတို့ဆီမှာ ကျွမ်းကျင်ပညာရှင်တွေက တိမ်စိုင်တွေလိုပဲများတယ်၊ နင် ငါတို့ရဲ့ ထျန်းမိုက်ဖုန်းကိုဝင်ချင်လား။”

အပိုင်း ၈၉၉

ယန်ချန်းက စကားများ ပျောက်ဆုံးသွားလျက် လုယွီကိုကြည့်သည်။

လုယွီက ဖျော့တော့စွာပြော၏။

“မင်းအသက်နဲ့မင်းဘဝ မင်းကိုယ်တိုင် ဆရာရွေးချယ်တာ ငါ့ကိုမေးဖို့မလိုဘူး။”

ယန်ချန်း၏မျက်ဝန်းတွင် ရုတ်တရက် ခံစားသွားရသောအလင်းတန်းက လက်လာသည်။

“အစ်မကြီး ကျွန်တော် ထျန်းမိုက်ဖုန်းကို ဝင်ချင်ပါတယ်။”

သူက ပြောသည်။

ဖန်းကျင်းယွန် ပျော်သွားတော့သည်။

“ကောင်းပြီ၊ ဒီနေ့ကစပြီး နင်က ငါ့ရဲ့ ဂျူနီယာမောင်လေးပဲ၊ ငါတို့အားလုံး ဆရာသခင်ကို စောင့်နေကြတာ၊ မနက်ဖြန်ကျမှ နင့်အတွက် အခမ်းအနားလုပ်ပေးမယ်။”

ထို့နောက် ဖန်းကျင်းယွန်က လုယွီကိုကြည့်သည်။

“နင်က အသက်ကြီးနေပြီပဲ၊ နင့်ကြည့်ရတာ လူသစ်နဲ့လည်းမတူပါဘူး။”

ဖန်းကျင်းယွန်က လုယွီကို အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်သည်။

ဖူယွဲ့က ချက်ချင်းရှေ့တိုးကာ ပြော၏။

“ဂိုဏ်းတူအစ်မဖန်း ဒီအကြီးအကဲက ကျွန်တော့်ကို ကူညီခဲ့တာပါ၊ သူသာ မရှိရင် အခု ကျွန်တော် သေနေလောက်ပြီ၊ အခုလေးတင် အပြင်ဘက်မှာ ရေခဲနယ်မြေက ရောက်လာတဲ့ နတ်မင်း ဆယ်ယောက်ကျော်တောင် ရှိနေပါတယ်၊ သူတို့အားလုံးက အကြီးအကဲ သတ်တာကိုခံခဲ့ရတာပါ။”

“သူ တစ်ယောက်တည်းကလား။”

ဖန်းကျင်းယွန်၏မျက်လုံးတွင် သံသယများကို မြင်ရသည်။ သူမက လုယွီကို အပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်ပြန်၏။

“သူက ငါ့ထက်ငယ်မယ့်ပုံပါပဲ၊ သူ့ဆီက ဘာအစစ်အမှန်ချီကိုမှလည်း ငါ မခံစားရဘူး၊ မနောက်နဲ့။”

ဖူယွဲ့က အလျင်စလိုဖြင့် ခါးက တံဆိပ်ပြားကိုထုတ်ကာပြသည်။

“ဒါက မြောက်ပိုင်းနယ်မြေက နတ်မင်းတွေရဲ့ခါးက တံဆိပ်ပြားတစ်ခုပါ၊ သက်သေခံပါ။”

ဖန်းကျင်းယွန်က မျက်မှောင်ကြုတ်ပြီး ဖူယွဲ့ကိုခေါ်သည်။ သူမ၏အကြည့်က ထိုတံဆိပ်ပြားထံသို့ ရောက်သွားချိန်တွင် ကြောင်သွား၏။

“ဟန်ရုန် ဒါက အေးခဲအဆိပ်ဂိုဏ်းက တပည့်ဂိုဏ်းသားမဟုတ်လား။”

“လျန်ချန်းရှင်း ဒါက ပင့်ရှန်းဂိုဏ်းက တပည့်ဂိုဏ်းသားမဟုတ်လား။”

ဖန်းကျင်းယွန်က ထိုခါးမှ တံဆိပ်ပြားကိုကြည့်ပြီးနောက် အားလုံး ၁၉ ခုရှိကြောင်း မြင်လိုက်ရသည်။ ၁၈ ခုက အတွင်းစည်းတပည့်ဂိုဏ်းသားဖြစ်ပြီး တစ်ခုဆိုလျှင် အဓိကတပည့်ဂိုဏ်းသားဖြစ်နေသေးသည်။

“ဝမ်ချန်း ဒါက ပေ့ယွီရဲ့အဓိကတပည့်ဂိုဏ်းသားပဲ။”

ထိုတံဆိပ်ကိုကြည့်ပြီး ဖန်းကျင်းယွန်၏မျက်ဝန်းထဲအလင်းရောင်က လက်လာသည်။

ထိုအဓိက တပည့်ဂိုဏ်းသားက သူမနှင့်အဆင့်တူသည်။

“နင် ဒီခါးတံဆိပ်တွေ ဘယ်နေရာက‌ ကောက်လာသလဲ ငါ မသိပေမယ့် ဒါတွေနဲ့ဆိုရင် နင် အမှတ်တွေ အများကြီးရလိမ့်မယ်။”

ဖန်းကျင်းယွန်က ပေါ့ပါးစွာပြောသည်။

သူမရှေ့က ထိုလူငယ်လေးက သည်လိုခွန်အားရှိမည်ဟု သူမ မယုံပေ။ သူမ ရိကျန်းကျုံးမှ အဓိကတပည့်ဂိုဏ်းသားနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် လက်လျှော့ရမည်ဖြစ်သည်။ သူမထက်ပင် ငယ်အုံးမည့် ထိုအစစ်အမှန်ချီပင်မရှိသော လူငယ်လေးတစ်ယောက်က ထိုသို့လုပ်နိုင်မည်ဟု မထင်ပါပေ။

ဖူယွဲ့က အံကိုကြိတ်ကာပြောသည်။

“ဂိုဏ်းတူအစ်မဖန်း ဒီလူတွေက တကယ်ပဲ ကျွန်တော်တို့ကိုသတ်ဖို့ ကြိုးစားခဲ့တဲ့လူတွေပါ၊ ဂိုဏ်းတူအစ်မဖန်း ကြိုက်တာပြောလို့ရတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ဒီအကြီးအကဲကိုတော့ မစော်ကားပါနဲ့။”

“ပေါက်ကရတွေ၊ နင်က ဘာလဲ၊ ဂိုဏ်းတူအစ်မဖန်းကို ဒီလိုပြောရဲစရာလား။”

အနောက်မှ အချို့တပည့်ဂိုဏ်းသားများက ဝိုင်းအော်ကြသည်။

ဖန်းကျင်းယွန်က လက်ကိုကာပြသည်။

“ရပါတယ်၊ ထျန်းမိုက်ဖုန်းအတွက် ငါးရောင်ခြယ်အခြေပြုစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ တပည့်ဂိုဏ်းသားကို သူ ရှာလာခဲ့ပေးတာပဲ၊ ဒါက ကြီးမားတဲ့တိုးတက်မှုလို့ ပြောလို့ရတယ်၊ ဒီတော့ ခက်ခဲအောင် မလုပ်နဲ့။”

ထိုတပည့်ဂိုဏ်းသားများက ဒေါသများကို ရပ်တန့်လိုက်ကြသည်။

“ဘယ်လောက်တောင် ပျင်းလိုက်တဲ့ကောင်လဲ၊ မင်း ပေါက်ကရတွေ ဆက်ပြောရဲရင် မင်းဒီနေရာကနေ ထွက်သွားရလိမ့်မယ်။”

တပည့်ဂိုဏ်းသားတစ်ယောက်က ဆူသည်။

ဖူယွဲ့က ဒေါသထွက်နေသေးသည်။ သို့သော် ဖန်းကျင်းယွန်နှင့် မငြင်းနိုင်မှန်း သိလိုက်၏။

“အကြီးအကဲ ကျွန်‌တော် တောင်းပန်ပါတယ်။”

ဖူယွဲ့က လှည့်ကာ လုယွီကိုတောင်းပန်သည်။

လုယွီက လက်ကာပြသည်။

“မလိုဘူး၊ ငါ့ကို မင်းပြောတဲ့လင်းရှန်းဂိုဏ်းရဲ့ ထိုက်ချီနေရာကိုသာ ခေါ်သွားပေးပါ။”

ထိုနေရာသို့သွားပြီး သူ၏အတွင်းအားများကို ပြန်လည်ဖြည့်တင်းရမည်ဖြစ်သည်။ အရာအားလုံးကို သူ လျစ်လျူရှုနိုင်၏။

ယန်ချန်းကို ဖန်းကျင်းယွန်က ခေါ်သွားပြီး တပည့်ဂိုဏ်းသားအများစုက သူ့အား ဆက်တိုက်​ ဟန် ပြနေကြ၏။ ငါးရောင်ခြယ်အခြေပြုစွမ်းအင်ကို ပိုင်ဆိုင်ထားသူက ထျန်းမိုက်ဖုန်း၏ အဓိကအရင်းအမြစ်ကြီး ဖြစ်လာနိုင်သည်။ အနာဂါတ်တွင် သူတို့ရရှိမည့် အကျိုးအမြတ်များက အကန့်အသတ်မရှိနိုင်ပေ။ ထို့ကြောင့် အားလုံးက သူနှင့်ရင်းနှီးလိုကြသည်။

“အစ်မကြီး အဲဒီလူတွေကို အစ်ကိုကြီး တကယ်သတ်ခဲ့တာပါ။”

ယန်ချန်းကမ နေနိုင်ဘဲ ပြောလိုက်မိသည်။

ဖန်းကျင်းယွန်က ခေါင်းခါပြသည်။

“ဂျူနီယာမောင်လေး နင်က ကျင့်ကြံဖို့ ခြေလှမ်းဝင်ရောက်ခဲ့တာမျိုးတောင် မရှိသေးဘူး၊ ကျင့်ကြံခြင်းလောကက ဘယ်လောက်ကြောက်ဖို့ကောင်းသလဲနင်သိလား၊ နင် မြင်နေရသမျှတိုင်းက အစစ်အမှန်မဟုတ်ဘူး၊ ယောင်ဖုန်းဂိုဏ်းတပည့်က လူတစ်ယောက်ကိုရှာပြီး လာနေပြီ၊ ရိကျန်းဂိုဏ်းရဲ့ အဓိကတပည့်ဂိုဏ်းသားကို သတ်တဲ့လူက အဲဒီလူ ဟုတ်မဟုတ်ပြောပြလိမ့်မယ်။”

အပိုင်း ၉၀၀

“အဲဒီအပြင်က လူတွေက ဘာမှ ထူးခြားတာမျိုးမရှိဘူး၊ အဲဒီကောင်လေးမှာ သိုင်းပညာတော်ချင်တော်နေလိမ့်မယ်၊ ဒါပေမယ့် သူက အရမ်းစွမ်းအားကြီးတယ်လို့ နင် တွေးချင်နေပေမယ့် နင်ကသာ အစစ်အမှန်ကျင့်ကြံလိုက်မယ်ဆိုရင် သူက ဘာမှမဟုတ်တာကို သိလာရလိမ့်မယ်။”

“ရေရှည်ကိုကြည့်ပါ။”

ယန်ချန်းက တိတ်ဆိတ်သွားသည်။ သူ၏စိတ်ထဲတွင်မူ …

“မင်းတို့အားလုံး အခုမယုံရင် တစ်ချိန်မှာသိလာလိမ့်မယ်၊ ငါ့ရဲ့အစ်ကိုကြီးကသာ စွမ်းအားအကြီးဆုံးပဲ။”

ဖူယွဲ့က လီဖူပေါင်ကို နေရာချပေးပြီးသည်နှင့် လုယွီကိုပြောသည်။

“ဆရာသခင် ဆရာသခင် ထိုက်ချီကိုသုံးချင်ရင် ဆရာသခင်အနေနဲ့ အမှတ်တွေအများကြီး လိုလိမ့်မယ်၊ ကျွန်တော် ဒီခါးတံဆိပ်တွေကို အမှတ်တွေအဖြစ် သွားပြောင်းလိုက်ပါအုံးမယ်။”

လုယွီက မျက်မှောင်ကြုတ်သည်။

“ဒီထိုက်ချီအတွက် အမှတ်တွေ အများကြီးလိုအပ်မှာလား။”

“ထိုက်ချီထဲကို ဝင်ခွင့်ရဖို့ဆိုရင် အနည်းဆုံး အမှတ်တစ်သိန်း လိုအပ်ပါတယ်၊ တစ်နေ့ချင်းဆီတိုင်းအတွက် အမှတ်တစ်သိန်းစီ ပေးနေရမှဖြစ်မှာပါ။”

“ကျွန်တော်က တောင်အောက်ကိုဆင်းပြီး လူသစ်တွေကို သွားခေါ်ပေးတဲ့အတွက် အမှတ် ၅ မှတ်ပဲ ရနိုင်မှာ၊ ကျွန်တော် နှစ်သုံးဆယ်ကျော် စုဆောင်းထားတာတွေနဲ့ ဆိုရင်တောင်မှ အခုအချိန်အထိ အမှတ်ငါးရာပဲရှိပါသေးတယ်။”

ဖူယွဲ့က သက်ပြင်းချသည်။

“အပြင်ဘက်မှာ ကျွန်တော်တို့လို ဂိုဏ်းတပည့်တွေအများကြီးပါပဲ၊ ဒါပေမယ့် ဘယ်သူကမှ သေသွားတဲ့အထိ ထိုက်ချီထဲကို မဝင်နိုင်ကြဘူး၊ ဒါပေမယ့် အရင်မျိုးဆက်က လူတွေကိုပဲဖြစ်ဖြစ်၊ ပင်းယွီဂိုဏ်းက တပည့်ဂိုဏ်းသားတွေကြောင့် အသတ်ခံရတဲ့သူတွေက အများကြီးပဲ၊ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကြောင့် ကျွန်တော်တို့ အမှတ်တွေအများကြီး ရနိုင်ပါတယ်။”

လုယွီက တွေးပြီးပြောသည်။

“မင်း ဒါတွေကိုအမှတ်တွေနဲ့ လဲလှယ်လို့ရလား၊ အခြားကိစ္စတွေရောရှိလား။”

“ရှိပါတယ်၊ မှော်စွမ်းအား၊သိုင်း၊ ဆေးပညာတွေကိုလည်း ရတနာခန်းမမှာ အမှတ်တွေနဲ့ လဲလှယ်လို့ရပါတယ်။”

ဖူယွဲ့က ရှင်းပြသည်။

လုယွီက တွေးတောပြီးနောက်ပြောသည်။

“ကောင်းပြီ၊ မင်း ငါ့ကို အဲဒီကိုခေါ်သွား၊ စကားမစပ် ရေခဲနယ်မြေက ဘုန်းတော်ကြီးတွေရဲ့ကိစ္စကို ငါ့ကိုပြောပြပါဦး။”

လမ်းတစ်လျှောက်တွင် ဖူယွဲ့က သူသိထားသမျှကို ပြောပြသည်။

မြောက်ပိုင်းအကျဆုံးတည်နေရာ မြောက်ဘက်ပိုင်းဒေသတွင် အဆုံးအစမဲ့သော ပျက်သုဉ်းခြင်းနယ်မြေကြီးရှိသည်။ ထိုနေရာတစ်ခုလုံးနှင်းများက မရေမတွက်နိုင်အောင် ဖုံးလွှမ်းနေပြီး ရေခဲတောင်များစွာလည်းရှိသည်။ တစ်နှစ်ပတ်လုံး နှင်းများ လွှမ်းနေလေ့ရှိ၏။ အေးစက်သောလေပြင်းများကလည်း မနှစ်မြို့ဖွယ် တိုက်ခိုက်နေသေးသည်။ အလွန်ဆိုးရွားသော ဥတုဝန်းကျင်ဖြစ်သည့်အတွက် သာမန်လူများ ရှင်သန်ရန်ခက်ခဲသည်။ သို့သော် သည်လွှမ်းမိုးမှုက ဘုန်းတော်ကြီးများ အတွက် သက်ရောက်မှုမရှိပေ။

ထိုနေရာတွင် ရေခဲနယ်မြေဟူ၍ သီးသန့်ခေါ်သော နေရာကျယ်တစ်ခု ရှိနေသေးသည်။ ရေခဲနယ်မြေက နဂိုက အချို့သောအင်အားစုများနှင့် မျိုးနွယ်ကြီးများက နေထိုင်ခဲ့သောနေရာဖြစ်သည်။ နောက်ပိုင်းတွင်မူ သူတို့ သည်နေရာကို စွန့်ပစ်ခဲ့ကြ၏။

ထိုအင်အားစုများက သည်နေရာတွင် အမြစ်တွယ်ကာ အုတ်မြစ်ချထားပြီး ဂိုဏ်းကြီးနှင့် ဂိုဏ်းငယ်များကို တည်ထောင်ထားကြသည်။

“ရေခဲနယ်မြေရဲ့အရင်းအမြစ်က အထွတ်အမြတ်ဆန်တယ်၊ ကျွန်တော်တို့ မြောက်ပိုင်းနယ်မြေကို ကုန်သွယ်ဖို့ပဲ အသုံးပြုလေ့ရှိတယ်၊ နှစ်ဖက်လုံးက ဖန်းမြို့မှာ အခြေစိုက်ထားကြတယ်၊ ဒီနှစ်အတွင်းမှာ ရေခဲနယ်မြေက ပိုပိုပြီးရူးသွပ်ဖို့ ကောင်းလောက်အောင် ဖြန့်ကျက်လာလို့ မြောက်ပိုင်းနယ်မြေက ကလန်အများစုက စေလွှတ်ပြီး တိုက်ခိုက်ခိုင်းရတယ်၊ မြို့ကို လုစံအိမ်ကလူတွေ အခြေချထားတာမျိုးသာမရှိရင် မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို အဲဒီရေခဲနယ်‌မြေက အင်အားစုတွေက ဖျက်ဆီးလောက်ကြပြီ။”

ဖူယွဲ့ကပြောသည်။

လုယွီက ရေရွတ်၏။

“လုစံအိမ်ဟုတ်လား။”

သိပ်မကြာခင်မှာပင် ရတနာခန်းမသို့ သူတို့နှစ်ယောက် ရောက်သွားသည်။ အထဲသို့ ဝင်လိုက်သောအခါ အထပ်ပေါင်းများစွာကိုမြင်ရ၏။

“ပထမအထပ်ကတော့ အပြင်ဂိုဏ်းတပည့်ဂိုဏ်းသားတွေ အလဲအလှယ်လုပ်နိုင်တဲ့ နေရာပေါ့၊ ဒုတိယထပ်ကတော့ အတွင်းစည်းတပည့်ဂိုဏ်းသားတွေပဲ၊ ဒီလိုနဲ့ အထပ်ထပ်ရှိသွားပါတယ်။”

ဖူယွဲ့က ရှင်းပြသည်။

ပထမထပ်၏ကောင်တာအနားတွင် လူတစ်ယောက် ရပ်နေ၏။ သူကလည်း သူတို့ကဲ့သို့ အပြင်စည်းတပည့်ဂိုဏ်းသားဖြစ်သည်။ ထိုနေရာတွင်ရှိနေသော အကဲဖြတ်သူ၏အဆင့်က မြင့်သွားလေလေ အထပ်က မြင့်လေလေဖြစ်သည်။

ထို့နောက် ဖူယွဲ့က သူ၏သိုလှောင်အိတ်ကို ကောင်တာကို ပေးလိုက်သည်။

“အစ်မကြီး ကျေးဇူးပြုပြီး ဒီကဒ်တွေရဲ့တန်ဖိုးကိုသတ်မှတ်ပေးပါအုံး။”

ဖူယွဲ့က လက်သီးဆုပ်ကာ ပြောလိုက်၏။

ထိုကောင်တာမှ အမျိုးသမီးက တံဆိပ်ပြားကို တစ်ချက်ကြည့်ပြီးနောက် မျက်ဝန်းက အလင်းရောင်လက်သွား၏။ ထို့နောက် လက်နှစ်ဖက်လုံးဖြင့် သိုလှောင်အိတ်ကိုဖွင့်သည်။ ရုတ်တရက် တံဆိပ်ပြားဆယ်ပြား ထွက်လာ၏။

All Chapters