← Chapters

အခန်း (၉၀၁-၉၀၅)

Vol. 48 Ch. 901-905

အခန်း (၉၀၁-၉၀၅)

Vol. 48 Ch. 901-905

အပိုင်း ၉၀၁

“ရေခဲနယ်မြေက အဓိကတပည့်ဂိုဏ်းသားတွေရဲ့ တံဆိပ်ပြားတွေပဲ။”

သူမက တံဆိပ်ပြားတစ်ခုကို ကြည့်လိုက်ချိန်တွင် ခရမ်းရောင်အလင်းက လက်သည်။ သူမ ရုတ်တရက်ရပ်သွား၏။

ဖူယွဲ့က လက်သီးဆုပ်ကာ ပြောသည်။

“ကျေးဇူးပြုပြီးကြည့်ပေးပါ။”

သူမက နှာခေါင်းရှုံ့ပြီး စားပွဲကိုရိုက်ကာ

အော်သည်။

“ငါ့ရှေ့မှာလာပြီး လိမ်ရဲသေးတယ်လား၊ အခုအချိန်အထိ အမှန်တရား မပြောဘူးလား။”

သူမက ဖူယွဲ့ကို လက်ညှိုးညွှန်ကာ မုန်းတီးစွာပြောသည်။

“လျှိုရှန်းဖုန်းရဲ့အစ်ကိုကြီးကောင်းက ကျန်းကျုံးက အဓိကတပည့်ဂိုဏ်းသားကို အမဲလိုက်ခဲ့တယ်၊ ဒါပေမယ့် မမျှော်လင့်ထားဘဲ သူ့ရဲ့တံဆိပ်ပြားတွေ အခိုးခံခဲ့ရတယ်လို့ ပြောထားတယ်၊ ငါက အခြားအသုံးမကျတဲ့ ကျင့်ကြံသူတွေလို့ ထင်နေခဲ့တာ၊ မမျှော်လင့်ထားဘဲ ငါတို့ဂိုဏ်းကလူ ပြန်ဖြစ်နေတာပဲ၊ နင့်ကိုယ်နင် ဘယ်လောက်လုပ်နိုင်စွမ်းရှိလဲ မသိဘူးလား၊ နင့်ရဲ့စွမ်းအားလောက်နဲ့ သူတို့ကို သတ်နိုင်မှာလား။”

ဖူယွဲ့၏မျက်နှာက နီရဲသွားသည်။

“ငါ့နောက်က အကြီးအကဲက သူ့ကိုသတ်ခဲ့တာပဲ၊ ငါက ဒီအတိုင်း အမှတ်ရအောင် လဲလှယ်ပေးရုံပဲရှိတယ်၊ ဒါက ဂိုဏ်းရဲ့စည်းမျဉ်းကို ဖောက်ဖျက်တာမှ မဟုတ်တာ။”

“ဟမ့် နင်က သေမျိုးတစ်ယောက်ကိုသွားရှာပြီး သူ သတ်သွားတယ်လို့ ငါ့ကို လာပြောနေတာပဲ။”

အမျိုးသမီးက လုယွီကို အထင်တသေးကြည့်သည်။ ရုတ်တရက် သူမ၏လက်ထဲမှ အဆောင်က လောင်ကျွမ်းသွား၏။

“ငါ နင်နဲ့မပြောတော့ဘူး၊ အစ်ကိုကြီးကောင်းလာမှ နင် သူ့ကို ပြောပြလိုက်တော့။”

ထိုအဆောင်က ကြာကြာမလောင်ပေ။ သိပ်မကြာခင်မှာပင် အပြင်မှ လူတစ်ယောက်ဝင်လာ၏။ ထိုလူက အမှန်တရားဆန်သောလေထုကို သယ်ဆောင်ထားလျက် ကောင်းကင်မှ ခုန်ဆင်းလာခြင်းဖြစ်သည်။ သည်ကြမ်းပြင်တွင်ပင် အပေါက်ဖြစ်သွားသေး၏။

“ဘယ်အကောင်က ငါကောင်းချန်းရဲ့ပစ္စည်းကို ခိုးတာလဲ။”

ထိုလူငယ်က ဒေါသထွက်နေဟန်ရပြီး အသံက အရင်ဝင်လာသည်။

ထိုအချိန်တွင်ပင် အကန့်အသတ်မဲ့သော မီးတောက်များက ပေါက်ကွဲဟန်ရသည်။ ဝင်သက်များက တုန်ခါသွား၏။ လူတိုင်း၏အကြည့်က သူ့ထံ ရောက်သွားသည်။

“ကောင်းချန်း သူက လျှိုရှန်းဖုန်းက အဓိကတပည့်ပဲ။”

“ပြောကြတာက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အသေးစားပြီးပြည့်စုံခြင်းအဆင့်ကိုတောင် ရောက်နေပြီး မဟာကျိုးထျန်းအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုပဲ၊ ဘယ်သူကများ သူ့ကို ရန်သွားစလိုက်တာလဲ။”

အားလုံးက ခပ်တိုးတိုးပြောနေကြသည်။

ကောင်တာမှ အမျိုးသမီးက ဖူယွဲ့နှင့်လုယွီကို လက်ညှိုးထိုးကာပြောသည်။

“ဂိုဏ်းတူအစ်ကိုကြီးကောင်း ဒီနှစ်ယောက်က ဒီတံဆိပ်ပြားတွေကို လာလဲပါတယ်။”

“ဟား ဟား ငါ ကောင်းချန်းဆီက တစ်စုံတစ်ရာကို ခိုးသွားပြီး ပြန်လာရဲသေးတယ်ပေါ့၊ မင်းတို့ သေချင်နေတာပဲ။”

ကောင်းချန်းက ရုတ်တရက် လည်ပင်းကို တစ်ချက်စောင်းလျက် တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဝှစ်

ပြင်းထန်သောလေပြင်းက တိုက်ခတ်လာသည်။ ကောင်းချန်းက ဖူယွဲ့၏ရှေ့သို့ ချက်ချင်းရောက်သွား၏။

“မင်းငါ့ပစ္စည်းကို ခိုးရဲတယ်။”

ကောင်းချန်းက လူကောင်ကြီးသည်။ သူက အရပ်လည်းရှည်သည့်အတွက် ဖူယွဲ့ကိုငုံ့ကြည့်နိုင်၏။

ဖူယွဲ့ အလွန်ထိတ်လန့်သွားချိန်တွင် တုန်ယင်စွာပြောသည်။

“ဂိုဏ်းတူအစ်ကိုကြီးကောင်း ကျွန်တော်တို့ ခင်ဗျားရဲ့ပစ္စည်းကို မခိုးခဲ့ပါဘူး။”

ကောင်တာမှ အမျိုးသမီးက နှာခေါင်းရှုံ့သည်။

“ဒီအချိန်မှာတောင် သူက ငြင်းချင်နေသေးတယ်၊ ခိုးတာက ခိုးတာပဲ၊ ဒီမှာပစ္စည်းလည်းရှိတယ်၊ နင် ဘာထပ်ပြောချင်သေးလဲ။”

ထိုအမျိုးသမီးက ခါးမှ တံဆိပ်ပြားကို လှုပ်ရှားလိုက်လျက် ကောင်းချန်းကို ပေးသည်။ ကောင်းချန်းက တံဆိပ်ပြားကိုကြည့်ပြီးနောက် ထိပ်ပေါ်မှ အပြာရောင်အလင်းကို မြင်သောအခါ မင်သက်သွားသည်။ ထိုနေရာတွင် ရေးထိုးထားသည်က ဓါးတစ်လက်ကလန်ဟူ၍ဖြစ်သည်။

“ဟား ဟား အဓိက တပည့်ဂိုဏ်းသားတွေက သတ်ဖြတ်ခံရမယ့်စာရင်းမှာ ပါပြီးသား ငါက တကယ်အသုံးမကျတာပဲ၊ ဒီနေ့တော့ မင်းတို့တွေ ဒုက္ခရောက်ပြီ။”

ကောင်းချန်းက ရယ်ပြီး ရက်စက်စွာပြုံးသည်။

“အစ်ကိုကြီးကောင်း ကျွန်တော် …”

ဖူယွဲ့က စကားပြောမဆုံးသေးခင်မှာပင် သူ့ကို တိုက်ရိုက်ကျလာသော ပြင်းထန်သော စွမ်းအားများက ရောက်ရှိလာခဲ့၏။

သူ သွေးအန်လိုက်ရသည်။ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ သူ၏အဆင့်က ကောင်းချန်းနှင့် အလွန်ကွာခြားသည်။

“ငါ မမှားဘူး၊ ငါ ဒူးမထောက်နိုင်ဘူး။”

“ဒါဆိုလည်း မင်းရဲ့နံရိုးတွေကိုထုတ်ပြီး အသားပေါင်း လုပ်စားရမှာပေါ့။”

ကောင်းချန်းက ထိုသို့ပြောလျက် တစ်လှမ်းချင်းတိုးဝင်လာသည်။

“ဒီတံဆိပ်ပြားပိုင်ရှင်က မင်း သတ်ခဲ့တာသေချာလား။”

လုယွီက အေးစက်စွာမေးသည်။

ကောင်းချန်းက သူ့ကိုကြည့်ပြီး မျက်မှောင်ကြုတ်၏။

“သေမျိုးလား၊ မင်းက ဘာကောင်လဲ၊ ဒီလိုအချိန်မျိုးမှာ မင်းက စကားပြောပိုင်ခွင့်ရှိတယ်လို့ ထင်လား၊ ဒီက ထွက်သွားလိုက်။”

လုယွီက ကောင်းချန်းကိုကြည့်သည်။

“ဒီဓါးဂိုဏ်းက တပည့်ဂိုဏ်းသားကို မင်း သတ်ခဲ့တယ်လို့ပြောတယ်၊ ဒါဆို ငါ မေးမယ် မင်း သတ်ခဲ့တာတကယ်ပဲ ဘယ်သူလဲ။”

ကောင်းချန်းက လုယွီကိုကြည့်ပြီး ထူးဆန်းစွာပြုံးသည်။

“မင်းမှာ ကျွန်တစ်ယောက်ရှိရမယ့် ကျင့်ကြံခြင်းအဆင့်မျိုးတောင် မရှိဘူး၊ သေမျိုးတစ်ယောက်ဖြစ်နေတာတောင်မှ ငါ့ကို ရန်စရဲသေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သစ္စာရှိတဲ့ခွေးတွေက ရှာဖို့ခက်သွားပြီ၊ မင်း ငါ့နောက်ကို လိုက်နိုင်တယ်။”

“ငါ မင်းကိုမေးနေတယ်။”

လုယွီက အမူအရာမဲ့သည်။

အပိုင်း ၉၀၂

ကောင်းချန်၏မျက်နှာက အေးစက်သွား၏။

“ကြည့်ရတာ ငါ မင်းကို မျက်နှာသာပေးဖို့မလိုဘူးပဲ၊ မင်းက ကောင်းကင်ဘုံကို သွားချင်နေတာလား။”

“ဒီသခင်ကြီးသတ်ခဲ့တာက ဒီဓါးတစ်လက်ဂိုဏ်းက ယဲ့ထန်းပဲ၊ သခင်ကြီးကြောင့်သာ မဟုတ်ရင် ဒီတံဆိပ်ပြားက ဘယ်က ရောက်လာမှာလဲ။”

ကောင်းချန်က နှာခေါင်းရှုံ့လျက်ပြောသည်။

သူ့ခါးမှတံဆိပ်ပြားက အဆင့်မြင့်သည်။ အဓိကတပည့်ဂိုဏ်းသားဖြစ်၏။

ကောင်းချန်က အခြားသော တံဆိပ်ပြားများကို ကြည့်လိုက်၏။ သို့သော် သူ သိသောလူကို ရှာမတွေ့ပေ။ ဒါက သူ သတ်ထားသောသူများ မဟုတ်ပေ။

“ဘာဖြစ်သွားတာလဲ၊ ဒါက ငါ့ရဲ့တံဆိပ်ပြားတွေမှ မဟုတ်တာ။”

ကောင်းချန်းက ကောင်တာနောက်မှ အမျိုးသမီးကို စူးရှစွာကြည့်လိုက်၏။ ထိုကောင်တာနောက်မှအမျိုးသမီးကလည်း ထိုအကြည့်ဖြင့် အကြည့်ခံရသောအခါ အနောက်သို့ဆုတ်လိုက်သည်။ သူမက တုန်ယင်စွာပြော၏။

“ဂိုဏ်း ဂိုဏ်းတူအစ်ကိုကြီးကောင်း ကျွန်မ ကျွန်မ မသိပါဘူး။”

“ခွေးမ”

ကောင်းချန်းက ထိုမိန်းမ၏မျက်နှာကို ဖြတ်ရိုက်သည်။ သူမ၏မျက်နှာက သွေးများစိမ့်ထွက်လာပြီး မြေပြင်သို့လဲကျသွား၏။ ပေါက်ကွဲသံနှင့်အတူ သူမက ကြမ်းတမ်းခက်ထန်စွာဖြင့် လဲကျသွားကာ မျက်နှာတစ်ခုလုံးက နီရဲရောင်ကိုင်းသွား သည်။ သို့ရာတွင် သူမက အထွန့်မတက်ရဲပေ။ ကောင်းချန်းက အားကြီးရုံသာမကလေဘဲ ဂိုဏ်းတွင်အဆင့်အတန်းမြင့်၏။ သည်အရူးကို ရန်စလိုက်လျှင် အဆုံးသတ်ကောင်းမည် မဟုတ်တော့ပေ။

“ကောင်းပြီ၊ ဒါတွေအားလုံးကို ဒီခွေးမ လုပ်ခဲ့တာဆိုတော့ ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်။”

ကောင်းချန်းက အေးစက်စွာနှာခေါင်းရှုံ့လျက် ထိုအမျိုးသမီးကို လက်ညှိုးထိုးသည်။

“ငါ ဒီမိန်းမကို ဒီခန်းမမှာ ဆက်မမြင်ချင်တော့ဘူး။”

ထိုအမျိုးသမီးက မြေပြင်တွင် အလောတကြီး ဒူးထောက်လိုက်လျက် အသနားခံသည်။

သို့သော် ကောင်းချန်းက လှည့်ပင်မကြည့်ဘဲ လှည့်ထွက်သွား၏။ သူက အဓိကတပည့်ဂိုဏ်းသားဖြစ်သည်။ သည်လိုအပြင်ဘက်မှ အမှိုက်များကို သူ ဆုံးဖြတ်နိုင်၏။ သို့သော် သူ ခြေလှမ်းထွက်တော့မည့်အချိန်တွင်ပင် အေးစက်သော အသံက ထွက်လာ၏။

“ငါ မင်းကို သွားခိုင်းလား။”

ပြောလိုက်သူက လုယွီဖြစ်သည်။

ဖူယွဲ့က တုန်ယင်သွားလျက် ခပ်မြန်မြန် ခပ်တိုးတိုးပြော၏။

“ဆရာသခင် သူ့ကို သွားမရှုပ်ပါနဲ့၊ ကောင်းချန်းက လျှိုရှန်းဖုန်းက အဓိကတပည့်ဂိုဏ်းသားပါ၊ သူက ရှောင်ကျိုးထျန်း အထွတ်အထိပ်အဆင့်ကို ရောက်နေတာ နှစ်ပေါင်းများစွာကြာပါပြီ၊ သူက မဟာကျိုးထျန်းနယ်မြေအဆင့်ကို ဝင်ရောက်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။”

ကောင်းချန်းက လင်းရှန်းဂိုဏ်းတွင် မြင့်မားသောအာဏာကို ပိုင်ထားသည်မှာ အချိန်အတန်ကြာလေပြီ၊ ပင်းယွီဂိုဏ်းမှ အဓိကတပည့်ဂိုဏ်းသားကို လုယွီကသာ သတ်နိုင်ကြောင်း သူ သိသည့်တိုင်အောင် ကောင်းချန်းနှင့် မတိုက်ခိုက်စေလိုပေ။ ကောင်းချန်းက လှည့်ကြည့်ပြီး ရက်စက်မှုများ လင်းလက်သွား၏။

“မင်း သေချင်လား။”

လုယွီက မျက်နှာသေဖြင့် ဖျော့တော့စွာပြောသည်။

“ငါ့ပစ္စည်းကိုယူ ငါ့ရဲ့မိတ်ဆွေကို ထိခိုက်အောင်လုပ်ပြီး ဒီအတိုင်း ထွက်သွားချင်တာလား။”

ကောင်းချန်က ဒေါသတကြီးပြောသည်။

“ဒီခါးတံဆိပ်အဆောင်က ငါ့ဟာမဟုတ်ဘူးဆိုပေမယ့် မင်းအပိုင်လည်း မဟုတ်နိုင်ဘူး၊ မင်းလို သေမျိုးကောင်က အဓိကတပည့်ဂိုဏ်းသားကို သတ်နိုင်မှာတဲ့လား၊ ငါ ဒီနေ့ စိတ်အခြေအနေမကောင်းဘူး၊ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်၊ ဒါပေမယ့် ငါ့ကိုသာ ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်း မပြောဘူးဆိုရင် ဒုက္ခရောက်ရစေမယ်လို့ ငါ အာမခံတယ်။”

ရှင်းလင်းစွာဖြင့်ပင် သူက အခြားသူ၏ ခါးတံဆိပ်ကို ခိုးရန်ကြံစည်နေသည်။ သည်တစ်ကြိမ်တွင် သူက ဖြောင့်မတ်မှန်ကန်မှုကို ပြနေသေး၏။ အခြားသူကပင် သူ့ကို ဒူးထောက်ရအုံးမည်ဖြစ်သည်။

လုယွီအကြည့်က အေးစက်သွားသည်။ ရုတ်တရက် လုယွီက ရှေ့တစ်လှမ်းတိုးပြီး ကောင်းချန်းကို လက်သီးဖြင့်ထိုးသည်။

“ဟား ဟား ဒီအရူးကငါ့ကို တိုက်ခိုက်ရဲသားပဲ။”

ကောင်းချန်းက ရယ်သည်။ သူက လက်သီးဖြင့်ပြန်ထိုးလိုက်၏။

လက်သီးနှစ်လုံး ဆုံသွားချိန်တွင် ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ကောင်းချန်း၏မျက်နှာက ပြာသွား၏။ လက်မောင်းမှ အရိုးတိုင်းကျိုးသွားသည်။

ဝုန်းခနဲအသံနှင့်အတူ သူက လွင့်ထွက်သွားပြီး ရတနာနံရံနှင့် ဝင်ဆောင့်၏။

“မင်းက ဒူးထောက်ပြတာ အရမ်းကြိုက်နေတာမဟုတ်လား၊ ဒါဆိုလည်း ဒီနေ့ ဒူးထောက်လိုက်တော့။”

လုယွီက ကောင်းချန်းကို အင်္ကျီကော်လံမှကိုင်ကာ မြှောက်တင်လိုက်လျက် မြေပြင်တွင် ဖိချလိုက်သည်။

သူ၏ခြေထောက်နှစ်ဖက်လုံးက လုယွီ၏အားကိုမခံနိုင်ဘဲ ဒူးထောက်ကျသွားသည်။

“မျိုးမစစ်ကောင်”

ကောင်းချန်းက ဒေါသတကြီးအော်သော်လည်း ထိန်းချုပ်မှုမှ မလွတ်နိုင်ပေ။

သည်လိုဖိအားအောက်တွင် ကောင်းချန်း သွေးအန်လိုက်ရပြီး မေ့မြောသွားတော့၏။

မြင်ကွင်းတစ်ခုလုံးက သေလုအောင် ခြောက်ခြားသွားစေသည်။ သည်ရတနာခန်းမအား ရောက်ရှိနေကြသော တပည့်ဂိုဏ်းသားများနှင့် ဖြတ်သွားဖြတ်လာများ အားလုံးက မင်သက်သွားကြ၏။ လျှိုရှန်းဖုန်းမှတပည့်ဂိုဏ်းက လက်သီးတစ်ချက်တည်းနှင့် ရှုံးသွား၏။

လုယွီက ခါးတံဆိပ်အဆောင်များကို ပြန်ကောက်ပြီးနောက် အခြားသော ကောင်တာတစ်ခုထံသို့ သွားသည်။

“အမှတ်တွေ လဲလိုက်”

ထိုတပည့်ဂိုဏ်းသားက တုန်ယင်နေပြီဖြစ်သည်။ သူက ချက်ချင်း မည်သို့ပြန်ဖြေရမည်ပင် မသိတော့ပေ။

“ကောင်းပြီ၊ ငါကပဲ ဒီတံဆိပ်ပြားတွေကို သခင်လေးအတွက် လဲပေးပါရစေ။”

ထိုအချိန်တွင် လိုက်ကာနောက်မှ လူတစ်ယောက် ထွက်လာသည်။ ထိုလူက အဖိုးကြီးဖြစ်၏။ အဖိုးကြီးက ခန်းမတွင် အဆင့်အတန်းမြင့်ဟန်ရသည်။ သူ ထွက်လာသည်နှင့် တပည့်ဂိုဏ်းသားတိုင်းက ယဉ်ကျေးစွာဖြင့် ဦးညွှတ်ကြပြီး နောက်ဆုတ်သွားကြ၏။

“အားလုံးပေါင်းတံဆိပ်ပြား ၁၉ ခု ရှိနေတာပဲ၊ အဓိကတပည့်ဂိုဏ်းသားရဲ့ တံဆိပ်ပြားက တစ်သောင်းတန်တယ်၊ အတွင်းစည်းတပည့်ဂိုဏ်းသားကတော့ တစ်ထောင်တန်တယ်၊ အားလုံးပေါင်း အမှတ်နှစ်သောင်းရှစ်ထောင်ရမယ်၊ တကယ်လို့ ငါက ဆရာသခင်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီး အမှတ်သုံးသောင်း ပေးလိုက်ပါ့မယ်။”

လူအိုကြီးက ပြုံးလိုက်သည်။

အပိုင်း ၉၀၃

“သုံးသောင်း”

ထိုနံပါတ်ကိုကြားသည်နှင့် လူအများစုက အံ့ဩသွားကြသည်။ သာမန်တပည့်ဂိုဏ်းသားများက အမှတ်များရရှိရန် ပြင်းပြင်းထန်ထန်ကြိုးစားလျှင်ပင် အများဆုံး ၁၀ မှတ်သာလျှင်ရရှိနိုင်၏။

လုယွီက တစ်ကြိမ်တည်း သုံးသောင်းရရှိသွားမည်ဖြစ်သည်။

တပည့်ဂိုဏ်းသားတစ်ယောက်က ခါးသီးစွာပြုံးကာ ဝင်ပြောလိုက်သည်။

“အကြီးအကဲဟန် ဒါက စည်းမျဉ်းနဲ့မကိုက်ညီပါဘူး။”

လူအိုကြီးက လက်ရမ်းပြသည်။

“အဆင်ပြေတယ်၊ ငါ့ဆီက အမှတ် နှစ်ထောင် ထည့်ပေးလိုက်မယ်။”

ယခုလေးတင် ထိုလူအိုကြီးက လုယွီ၏လက်ကို စစ်ဆေးခဲ့ပြီးလေပြီ။ လုယွီ၏ခွန်အားက ကောင်းချန်းထက် အလွန်သာ၏။

လုယွီ၏အသက်က ကောင်းချန်းထက် ငယ်နေသေးသည်။ သည်လိုပါရမီရှင်မျိုးနှင့် မိတ်ဆွေဖြစ်ရခြင်းက ပြဿနာမရှိပေ။ လုယွီက ကျေးဇူးတင်ပြီးနောက် သူ၏သိုလှောင်အိတ်ကို ထုတ်လိုက်သည်။

“ဒီနေရာမှာအမှတ်တွေကို လဲလှယ်လို့ရတယ် မဟုတ်လား။”

လူအိုကြီးက ပြောသည်။

“ရတာပေါ့၊ မင်းမှာသာ ရတနာတွေရှိရင် မစိုးရိမ်ဘဲ ထုတ်ပြလိုက်ပါ၊ ငါ နှစ်ပေါင်းများစွာ ရတနာတွေကို ရှာဖွေနေခဲ့တာ၊ ဒီတော့ ငါ့မှာ ထင်မြင်ချက်တော့ ရှိပါတယ်။”

လုယွီ ဆေးတစ်လုံးကို သိုလှောင်အိတ်ထဲမှ ထုတ်ပြီးနောက် ပေးလိုက်သည်။

“ဒီဆေးလုံးက ဘယ်နှစ်မှတ်ရမယ်ထင်လဲ။”

ထိုဆေးလုံးက လုယွီကိုယ်တိုင် ဖော်စပ်ထားသောထျန်းယွမ်ရွှေဆေးဖြစ်သည်။

ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းက လက်နေ၏။ ဆေးလုံး ပေါ်လာသည်နှင့် လူများ၏အာရုံကို ဆွဲဆောင်သွားသည်။

လူအိုကြီး၏အမြင်တွင် အံ့အားသင့်မှုက လင်းလက်လာသည်။

“အကောင်းဆုံးဆေးပဲ။”

သူက ဆေးလုံးကိုယူပြီးနောက် ဂရုတစိုက် စစ်ဆေးကြည့်သည်။

“ဒါက ထိပ်တန်းအဆင့်ဆေးပဲ၊ ဆေးစွမ်းအားသက်ရောက်မှုက ၉၀ ရာခိုင်နှုန်း အထိ ရှိနိုင်တယ်၊ ဒါကို အဂ္ဂိရက်ပညာရှင်တစ်ယောက်က ဖော်စပ်ထားတာဖြစ်ရမယ်၊ ဒါပေမယ့် သက်ရောက်မှုတွေအရဆိုရင် အဆင့်နိမ့် ဘုန်းတော်ကြီးတွေအတွက်ပဲ သက်ရောက်မှုရှိလိမ့်မယ်။”

လူအိုကြီးက မျက်မှောင်ကြုတ်သည်။

“ဒီဆေးလုံးအတွက် ငါ မင်းကို အမှတ်သုံးထောင်ပေးနိုင်တယ်။”

ထျန်းယွမ်ဆေးက သည်နယ်မြေတွင်သာမန်အကျဆုံးဆေးတစ်လုံးဖြစ်သည်။

ကောင်းကင်နယ်မြေအတွင်းရှိ ဘိုးဘေးဂိတ်ငယ်အများစုက သူတို့၏ကလေးများကို လေ့ကျင့်ပေးရန်အတွက် သည်လိုဆေးလုံးများကို ဖော်စပ်လေ့ရှိကြသည်။ ထျန်းယွမ်ကုန်းမြေတွင် ရွှေဆေးက အတွေ့များ၏။ ထို့ကြောင့် သူ့ရှေ့ရှိ ထိုလူအိုကြီးက ဆေးစွမ်းသက်ရောက်မှုကို ချက်ချင်းနားလည်သွားခြင်းဖြစ်၏။

လုယွီက မျက်မှောင်ကြုတ်သည်။ သူ့တွင် ပမာဏအများအပြား မရှိတော့ပေ။ သူက စိတ်ဝိဉာဉ်နှင့် စိတ်စွမ်းအားနယ်မြေအဆင့်တွင်ဖြစ်၏။ ထျန်းယွမ်ရွှေဆေးက သူ့အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိတော့သည်။ သူ့တွင် ရှိနေသမျှက ဂမ္ဘီယဆေးလုံးအဆင့်များသာဖြစ်၏။ သူကသာ ထျန်းချီနယ်မြေအတွင်းသို့ ဝင်ရောက်ချင်လျှင် အနိမ့်ဆုံးအမှတ်တစ်သိန်း လိုအပ်နေလေသည်။

လုယွီ၏ခွန်အားနှင့်လင်းရှန်းဂိုဏ်းက မည်သူကမျှ သူ့အား မတားနိုင်ပေ။ သို့သော်သူက အကြမ်းနည်းကို မသုံးလိုခဲ့ပေ။ ဒါက သူ အနာဂါတ်ကျင့်ကြံရာတွင် အနှောင့်အယှက်ဖြစ်လာနိုင်သေး၏။

“ဒီဆေးလုံးကို ကြည့်ပါ”

လုယွီက အပြာဖျော့ရောင်ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။

ထိုဆေးလုံးပေါ်လာသည်နှင့် အပေါ်တွင် ရေငွေ့များက လင်းလက်လာသည်။ ဆေးလုံးထံမှ နဂါးဟိန်းသံများကို ကြားရ၏။ အများအမြင်တွင် သည်ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သောနဂါးတစ်ကောင်က ဆေးလုံးကို လိမ်ပတ်နေကြောင်း မြင်ရမည်ဖြစ်၏။ ထို့နောက် ဆေးလုံးအတွင်းသို့ ပြန်ဝင်သွားသည်။ ထိုဆေးလုံးကို ထျန်းရွှိန်လုံဝမ်ဆေးဟု ခေါ်သည်။

ဆေးအစွမ်း၏သက်ရောက်မှုက အလွန်ပြင်းထန်ပြီး အလွန်သန်မာသော စိတ်ဝိဉာဉ်ပိုင်ရှင်ပင် ချက်ချင်းဆိုသလို စိတ်စွမ်းအားများကို ပြန်လည်သိုလှောင်နိုင်စွမ်း ရှိလေသည်။

ထိုနဂါးသင်္ကေတများ ပါဝင်နေသော စွမ်းအားက သုံးစွဲလိုက်သူ၏ ကြားခံနယ်မြေများကို ကာကွယ်ပေးနိုင်ပြီး အဆင့်တက်ရောက်ရန် အခွင့်အရေး ရစေနိုင်၏။

“ဒါက ဂန္ဘီယဆေးပဲ။”

လူအိုကြီးက ရုတ်တရက် တုန်ယင်သွားသည်။

အထဲတွင်ပါဝင်သော ပြင်းထန်သော စွမ်းအားများကို သူ ခံစားမိနေခဲ့၏။ သူကိုယ်တိုင်ကပင် ဆေးလုံး၏သက်ရောက်မှုကို ဖောက်မြင်နိုင်စွမ်းမရှိပေ။

ထိုအချိန်တွင် သူ၏နားထဲ အသံတစ်သံကို ကြားလိုက်ရသည်။ လူအိုကြီး၏ အမူအရာက ပြောင်းလဲသွားပြီးနောက် သူက ချက်ချင်းမေးသည်။

“တာအိုမိတ်ဆွေက ဘာကြောင့်များ လင်းရှန်းဂိုဏ်းကို လာတာပါလဲ။”

အပိုင်း ၉၀၄

“ငါ ခင်ဗျားတို့ရဲ့လင်းရှန်းဂိုဏ်းက ထန်းချီနေရာကို ဝင်ချင်တယ်။”

လုယွီကလည်း ထိုလူအိုကြီးကို တစ်စုံတစ်ရာ ပြောလိုက်ခြင်းကိုကြားသည်။ သို့သော် သူက သည်အတိုင်းသာဖြေလိုက်၏။ လုယွီ သည်နေရာသို့ လာရသည့်ရည်ရွယ်ချက်က ထိုနေရာကိုဝင်ရန်ဖြစ်သည်။ သူက တိုက်ရိုက်ကျသော နည်းလမ်းဖြင့် ဝင်နိုင်မည်ဆိုလျှင် အချိန်ကုန်သက်သာနိုင်သေး၏။

လူအိုကြီးက တိတ်ဆိတ်သွားသည်။ သူက ထိုအသံပိုင်ရှင်နှင့် ဆွေးနွေးနေဟန်ရ၏။ တစ်ခဏခန့်ကြာပြီးနောက် လူအိုကြီးက ပြုံးကာပြောသည်။

“တာအိုမိတ်ဆွေ လင်းရှန်းတောင်ရဲ့ ကောင်းကင်ရေကန်မှာ ကျင့်ကြံလို့ရပါတယ်၊ ဒါပေမယ့် …”

“ဒီဆေးလုံးကို ယူနိုင်တယ်။”

လုယွီက ပြောသည်။ သည်ဆေးလုံးက အခြားသူများ၏အမြင်တွင် အလွန်အဖိုးတန်သည်။ သို့‌သော် သူ့အမြင်တွင်မူ အဖိုးတန်ခြင်းမရှိပေ။ သူ့အတွက် အဖိုးတန်ပစ္စည်း အနည်းငယ်ရှိရုံမျှဖြင့် ဒါကိုဖော်စပ်နိုင်၏။

လူအိုကြီးက အံ့ဩသွားပြီးနောက် တပည့်ဂိုဏ်းသားအချို့ကို ခေါ်ကာ အဖိုးတန်ကျောက်စိမ်းသေတ္တာထဲသို့ ထည့်သိမ်းထားလိုက်၏။

သူတို့၏ လှုပ်ရှားမှုများက ဂရုတစိုက်နိုင်သည်။ သည်ဆေးလုံး ပျက်စီးသွားမည်ကို ထိတ်လန့်နေ၏။

“သူ့ကို ငါ ရထားတဲ့အမှတ်တွေ ပေးလိုက်ပါ၊ ငါ မလိုဘူး။”

လုယွီက ဖူယွဲ့ကို လက်ညှိုးထိုးပြကာပြောသည်။

လူအိုကြီးက ပြုံးလိုက်၏။

“ဒါဆိုရင် ကောင်းတာပေါ့။”

ထို့နောက် လူအိုကြီးက လက်တစ်ချက် ရမ်းလိုက်သည်။ ဖူယွဲ့၏ခါးတံဆိပ်ပြားက လင်းလက်သွားပြီး အမှတ်သုံးသောင်းသုံးထောင်ကျော် ရောက်သွား၏။

ထိုအချိန်တွင် ဖူယွဲ့က ထိတ်လန့်နေဆဲရှိနေသေးသည်။ အဓိက တပည့်ဂိုဏ်းသားများကပင် ထိုမျှအမှတ်များများ ရလိမ့်မည်မဟုတ်ပေ။ သူက သည်အမှတ်များဖြင့် သိုင်းများ၊ မှော်လက်နက်များနှင့်အချို့သော ကောင်းမွန်သည့် အရာများကို လဲလှယ်နိုင်၏။ ထိုသို့ဆိုလျှင် သူက အဆင့်များ ခုန်ပျံကျော်လွှားကာ တက်သွားတော့မည်ဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်။”

ဖူယွဲ့က ဒူးထောက်ချလျက် လုယွီကို ဦးညွှတ်သည်။

လုယွီက လက်ကာပြသည်။ ထို့နောက် ထိုလူအိုကြီး၏အနောက်မှ ထျန်းချီသို့ လိုက်သွား၏။

မျှော်လင့်ထားသည့်အတိုင်း သည်နေရာက ဖူယွဲ့ညွှန်ပြထားသည့်အတိုင်း ဖြစ်သည်။ သည်နေရာတွင် ဖျော့တော့သော တိမ်စိုင်များက ပြည့်နှက်နေပြီး အရှိန်အဝါတစ်မျိုးက ပြန့်လွင့််နေ၏။

“တာအိုမိတ်ဆွေ ဒီနေရာမှာ ကျင့်ကြံနိုင်ပါတယ်၊ မင်းလိုချင်တာရှိရင် ငါ့ကိုခေါ်လိုက်ပါ။”

လူအိုကြီးက ခါးတံဆိပ်ပြားအဆောင်တစ်ခုကို လုယွီလက်ထဲသို့ ထည့်ပြီး ချက်ချင်းထွက်သွား၏။

လူအိုကြီး ထွက်သွားပြီးနောက် လုယွီ၏အကြည့်က လင်းလက်သွားသည်။

“ငါ့ကိုစောင့်ကြည့်ဖို့လား။”

လုယွီက ထိုတံဆိပ်ပြားကိုကြည့်သည်။ ဒါက သာမန်ဆက်သွယ်သည့် တံဆိပ်ပြားတစ်ခုဟု ထင်ရသော်လည်း အထဲတွင် စောင့်ကြည့်နိုင်စွမ်းရှိသော ဝင်္ကပါအခင်းအကျင်းက ရှိနေ၏။

သို့သော် သူက စိတ်ထဲမထားပေ။ မည်သို့ပင်ဆိုစေ ဒါက သူများပိုင်နက်ဖြစ်သည်။ သည်လိုစိုက်ကြည့်ခြင်းက ပုံမှန်သာလျှင်ဖြစ်သည်။

လုယွီက ချက်ချင်းဆိုသလို မှော်ဝင်္ကပါကို ထုတ်ဖော်လိုက်ပြီး ခါးတံဆိပ်ပြားကို ပစ်လွှတ်လိုက်၏။ သည်နည်းအားဖြင့် အထဲတွင်ရှိနေသော ထိုစောင့်ကြည့်သည့် အခင်းအကျင်းကို သူက တစ်ဖန် ဖုံးလွှမ်းလိုက်သည်။

“ဒီနေရာမှာ အရှ်ိန်အဝါတွေ အပြည့်ပဲ၊ ဒီလိုဆိုရင်ငါ့ရဲ့အတွင်းအားတွေအားလုံး ပြန်ရနိုင်တယ်။”

လုယွီက ထျန်းချီ၏အထက်ကာင်းကင်ထဲသို့ ခြေလှမ်းလိုက်၏။ ဖျတ်ခနဲလက်သွားသည်နှင့် လုယွီ၏ကိုယ်ပေါ်တွင် နဂါးကိုးကောင်၏သင်္ကေတများက ထွက်ပေါ်လာသည်။ ထို့နောက် ရှင်းလင်းစွာပီသလာတော့၏။

အလွန်ပြင်းထန်သော အတွင်းအားအရှိန်အဝါများက သည်ရေများအလား လုယွီ၏ကိုယ်ထဲသို့ ဆက်တိုက်တိုးဝင်တော့သည်။

…

အခြားတစ်ဖက် ရတနာခန်းမတွင် …

တစ်နာရီခန့်ကြာပြီးနောက် ကောင်းချန်းက နိုးလာသည်။ လုယွီ၏ခွန်အား ၁၀ ရာခိုင်နှုန်းခန့်ကိုပင် မသုံးခဲ့ပေ။ မဟုတ်လျှင် သူ သေသွားနိုင်၏။ ထိုအချိန်တွင် လူအုပ်က သူ့ကို လက်ညှိုးထိုးကာ ဆွေးနွေးနေကြသည်။

“သေစမ်း”

သူက ဟိန်းဟောက်ပြီးနောက် ထိုနေရာမှ အလောတကြီး ထွက်သွားခဲ့လိုက်သည်။

ကောင်းချန်း လျှိုထျန်းဖုန်းသို့ ရောက်လာပြီးနောက် တစ်ခဏခန့်တွေးတောကာ အလွန်ခမ်းနားသော ခြံဝန်းထံသို့သွားသည်။

“ကျွန်တော့်အတွက် တရားမျှတမှုလုပ်ပေးပါ ဂိုဏ်းတူအစ်ကိုကြီးလျှို”

ကောင်းချန်းက ချက်ချင်းဒူးထောက်ချသည်။

“မင်းလား။”

အထဲမှ အေးစက်သောအသံက ထွက်လာသည်။

“ငါ တံခါးပိတ်ကျင့်ကြံဖို့ပြင်နေတာ အရေးမကြီးရင် ငါ့ကိုလာမရှာနဲ့”

ကောင်းချန်းက မော့ကြည့်ပြီးနောက် ကျယ်လောင်စွာအော်သည်။

“ဂိုဏ်းတူအစ်ကိုကြီးလျှို ဒီနေ့ ကောင်လေးတစ်ယောက် ရောက်လာခဲ့တယ်၊ သူ့မှာ မှော်ဆေးလုံးရှိတယ်။”

ခြိမ်း

တံခါးက ပွင့်သွားသည်။ အလွန်ပြင်းထန်သောဖိအားနှင့် အနက်ရောင်အရိပ်တစ်ခုက ထွက်လာ၏။

“သူ ဘယ်နေရာမှာလဲ။”

သူ၏မျက်နှာကို ပြင်းထန်သောဖိအားများကို ရိုက်ခတ်လာသောအခါ ကောင်းချန်း အံ့ဩသွားသည်။ သူ့အရှေ့ရှိ ထိုလူငယ်က အလွန်ထူးခြားသော ရုပ်ရည်သွင်ပြင်ရှိသည်။ သို့သော် ပြင်းထန်သောဖိအားကမူ ဆန့်ကျင်ဘက်ရှိနေခဲ့၏။ ထိုလူငယ်လျှိုမူက လင်းရှန်းဂိုဏ်းမှ တပည့်ဂိုဏ်းသားတစ်ယောက်ဖြစ်သည်။ ကောင်းချန်းနည်းတူ သူက အဆင့်အတန်းမြင့်မားပြီး သူတို့က တစ်ဆင့်ခန့်သာ ကွာဝေးလောက်၏။ သည်လိုအဆင့်တပည့်ဂိုဏ်းသားများက အလွန်သန်မာကြသူများဖြစ်ပြီး တာအိုသို့ လက်လှမ်းမှီနိုင်ရန် ခြေနှစ်လှမ်းခန့်သာ ဝေးကွာတော့သူများဖြစ်ကြသည်။

ကောင်းချန်းက ရင်ထဲတွင် အံ့ဩမှုကို ဘေးဖယ်ထားလျက် ခပ်တိုးတိုးပြောသည်။

“သူက ဂန္ဘီယဆေးလုံးတစ်လုံးကိုသုံးပြီး ထျန်းချီရေကန်ကို ဝင်နိုင်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် သူ့ကို မြင်လိုက်တဲ့လူပြောတဲ့အတိုင်းဆိုရင် သူ့ရဲ့ သိုလှောင်အိတ်ထဲမှာ ဒီလိုဆေးလုံးတွေ အများကြီး ရှိတယ်လို့ဆိုပါတယ်။”

“ဂန္ဘီယဆေးလုံးတွေ အများကြီးဟုတ်လား။”

လျှိုမူ၏မျက်နှာက လောဘရောင်လက်လာသည်။

“သွားမယ်၊ သူ့ကို သွားတွေ့ကြစို့။”

ထိုသို့ဖြင့် လျှိုမူက လေထဲသို့ တိုက်ရိုက်ခုန်တက်သည်။ သူ၏ပုံရိပ်ယောင်များကသာ အနောက်တွင်ကျန်ရစ်ခဲ့တော့၏။ သူက သည်အဆင့်တွင် တစ်နေခဲ့သည်မှာ ကြာလှချေပြီ။ သူ အဆင့်မတက်နိုင်ခဲ့သေးချေ။ သူကသာ ထိုဂန္ဘီယဆေးလုံးကိုရလျှင် အဆင့်တက်ရန် အခွင့်အရေးရှိလာနိုင်သည်။

အပိုင်း ၉၀၅

ထျန်းချီရေကန်၏အပြင်ဘက်။

လျှိုမူနှင့်ကောင်းချန်းတို့ ရောက်လာသည်နှင့် အလွန်ပြင်းထန်သောဖိအားက သည်နေရာမှ ဖြာထွက်လာကြောင်းမြင်လိုက်ရသည်။ ကောင်းချန်း အံ့ဩသွား၏။

“ထျန်းချီမှာ ဘာတွေဖြစ်နေတာလဲ၊ ဖိအားက ပြင်းလိုက်တာ။”

လျှိုမူပင် မသက်မသာဖြစ်သွားသည်။ သည်လိုဖြစ်နေကတည်းက ဖြစ်နိုင်ခြေတစ်ခုသာလျှင်ရှိ၏။ တစ်စုံတစ်ယောက်က သည်နေရာရှိစွမ်းအားများကို ရူးသွပ်စွာ ဝါးမြိုနေသည်။ သို့ရာတွင် ဒါက တစ်စုံတစ်ရာ မှားယွင်းနေသေးပြန်၏။ သူကိုယ်တိုင်ကပင် သည်လိုဝါးမြိုနိုင်စွမ်းမရှိပေ။

“ဒီနေရာမှာ တစ်ယောက်တည်းရှိတာ သေချာလား။”

လျှိုမူက မေးသည်။

ကောင်းချန်းက အလောတကြီးဖြေ၏။

“ကျွန်တော် စုံစမ်းပြီးပါပြီ၊ သူ တစ်ယောက်တည်းပဲရှိတာပါ။”

လျှိုမူ အံ့ဩသွားသည်။ထို့နောက် နှာခေါင်းရှုံ့၏။

“သူက အပြင်လူပဲ၊ ဘယ်လိုအရည်အချင်းနဲ့ ဒီနေရာကို ဝင်နေနိုင်တာလဲ၊ ငါ အဲဒီအကောင်ရဲ့ မျက်နှာအစစ်အမှန်ကို ကြည့်မယ်။”

ထျန်းချီရေကန်၏အပြင်ဘက်တွင် အကာအကွယ်လွှာရှိသည်။ လျှိုမူက ခါးမှ တံဆိပ်ပြားကိုထုတ်ကာ လှုပ်ခါလိုက်ပြီး အထဲသို့ဝင်၏။

တိုက်ရိုက်တပည့်တစ်ယောက်အနေနှင့် သည်နေရာသို့ အချိန်မရွေး ဝင်ပိုင်ခွင့်ရှိသည်။

“ဘယ်လောက်တောင် ပြင်းထန်တဲ့အရှိန်အဝါတွေလဲ၊ ထျန်းချီမှာ ဘာတွေများ ဖြစ်နေတာလဲ။”

လျှိုမူ၏မျက်ဝန်းများက တောက်ပသွားသည်။

ထိုအချိန်တွင် ထျန်းချီ၏အလယ်တွင် လွင့်မြောနေသောလူပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

လုယွီက လေထဲတွင် တင်ပလ္လင်ခွေထိုင်နေခြင်းဖြစ်သည်။ သူ၏တစ်ကိုယ်လုံးတွင် နဂါးသင်္ကေတများက တောက်ပနေခဲ့ကာ အရှိန်အဝါအားလုံးကို ဝါးမြိုနေခဲ့၏။

“နတ်ဆိုးဆော့ကစားခြင်း၊ ဒီကောင့်ကိုဆွဲချစမ်း။”

လျှိုမူက သူ၏စွမ်းအားများကို ထုတ်သုံးလိုက်လျက် ဖမ်းဆွဲဟန်ပြုသည်။

ဘုန်းတော်ကြီးတစ်ပါးကပင် ကျင့်ကြံနေချိန်တွင် ထိခိုက်ဒဏ်ရာရ၍မဖြစ်ပေ။ အနှောင့်အယှက်လည်း ရ၍မဖြစ်ပေ။ ထိုသို့ အသေးစားဒဏ်ရာရသွားလျှင်ပင် ကြီးကြီးမားမား သက်ရောက်ခံရမည်ဖြစ်၏။ ကျင့်ကြံခြင်းအဆင့်ပင် ကျသွားနိုင်သေးသည်။

လျှိုမူ၏လုပ်ဆောင်မှုက အလွန်ပြင်းထန်လွန်းသည်။ ထိုအချိန်တွင် လုယွီက တစ်စုံတစ်ရာကို ခံစားမိပြီး မျက်လုံးကို ရုတ်တရက်ဖွင့်သည်။

“ထွက်သွားစမ်း။”

ထိုအသံက လျှိုမူ၏စိတ်ထဲ ပြင်းထန်စွာ ထွက်ပေါ်ကာ ပေါက်ကွဲသွားသည်။

“ဘာ”

သူ၏ဦးနှောက်တစ်ခုလုံးက လှုပ်ခါသွားသည်ဟု ခံစားလိုက်ရပြီး ဝိဉာဉ်ကပင် ကိုယ်မှထွက်မတတ် ဖြစ်သွား၏။ သူ မနေနိုင်တော့ဘဲ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သည်နည်းအားဖြင့် ထျန်းချီအပြင်သို့ ရောက်သွား၏။

“စီနီယာအစ်ကိုလျှို”

ကောင်းချန်းကိုယ်တိုင်ကလည်း အံ့ဩသွားပြီး အပြေးလာကူသည်။

လျှိုမူ၏မျက်နှာက ပျက်ယွင်းနေသည်။ သူ မသေချာတော့ပေ။ သူ သွေးအန်လိုက်ရပြီးနောက် သူ့အနောက်တွင်ရှိသော ပုံရိပ်ယောင်များကလည်း ပျောက်ကွယ်သွားတော့၏။

“သေစမ်း၊ ဒီကောင်က ဘာကောင်လဲ၊ သူ ငါ့ကိုကြည့်ရုံနဲ့တင် ငါ သေတော့မယ်လို့ ခံစားနေရတယ်။”

လျှိုမူ၏မျက်နှာက ဖြူဖျော့သွားသည်။ သူ အလွန်စိတ်ဓါတ်ကျသွား၏။

“စီနီယာအစ်ကိုလျှို”

ကောင်းချန်းက အနားတွင်ရပ်လျက် စိုးရိမ်စွာမေးသည်။

ဖြန်း

လျှိုမူက ကောင်းချန်း၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ကောင်းချန်း၏ မျက်နှာတစ်ဝက်က ချက်ချင်းရောင်ကိုင်းတက်လာ၏။ လျှိုမူက ဒေါသမငြိမ်းသေးသည့် အလား ကောင်းချန်းကို ကန်ပြန်သည်။

“အမှိုက်ကောင် မင်း ငါ့ကို သတ်ချင်နေတာလား။”

လျှိုမူ အလွန်ဒေါသထွက်လာသည်။ သို့သော် သူ သည်နေရာတွင် ခပ်ကြာကြာဆက်မနေရဲတော့ပေ။ ထို့ကြောင့် လျှိုမူက သိပ်မကြာခင်မှာပင် ထွက်သွားတော့၏။

မြေပြင်တွင် လဲနေသော ကောင်းချန်းကမူ ယောင်ကိုင်းနေသော မျက်နှာကို လက်ဖြင့်အုပ်ထားသည်။ သူ၏မျက်နှာတွင် မုန်းတီးမှုများကိုမြင်နိုင်၏။

“မင်း နောင်တရလိမ့်မယ်။”

Thank For Reading.

ကျန်းမာပျော်ရွှင်ကြပါစေ။

All Chapters