← Chapters

အခန်း (၉၀၆-၉၁၀)

Vol. 49 Ch. 906-910

အခန်း (၉၀၆-၉၁၀)

Vol. 49 Ch. 906-910

အပိုင်း ၉၀၆

ထျန်းချီရေကန်။

လုယွီက လျှိုမူ၏နှောင့်ယှက်ခံထားရသော်လည်း သိပ်မကြာခင်မှာပင် ငြိမ်းအေးသွားပြန်၏။ သည်တစ်ကြိမ်တွင် သူက သူ့ကိုယ်အတွင်းမှ နဂါးသင်္ကေတများကို ပြန်လည်ထွက်ပေါ်လာစေလိုက်သည်။ နဂါးသင်္ကေတမှ နဂါးပုံရိပ်များစွာက သူ့ကို ဝိုင်းပတ်နေသည်။ ထို့နောက် ပါးစပ်ကြီးများကြီးများကိုဟကာ သူ့အတွက် စိတ်ဝိဉာဉ်နှင့် ချီစွမ်းအင်များကို ဝါးမြိုပေးနေခဲ့၏။

“ဒီနေရာက စိတ်ဝိဉာဉ်စွမ်းအားက ဂိုဏ်းငယ်တွေမှာရှိတတ်တဲ့ ပမာဏမျိုး မဟုတ်ဘူးပဲ။”

လုယွီ အံ့ဩနေမိ၏။

သည်နေရာမှ စိတ်ဝိဉာဉ်စွမ်းအားများက လင်းရှောင်း၏ ထျန်းဖုန်းအထက်တွင် ရှိသည်ထက်ပင် များပြားနေသေး၏။

လင်းရှောင်းဆိုသည်မှာ ပထမအဆင့်ဂိုဏ်းကြီးဖြစ်သည်။ သို့ရာတွင် လုယွီက သည်လိုသေးငယ်သောဂိုဏ်းသို့ ရောက်လာချိန်တွင်ပင် စိတ်ဝိဉာဉ်အဆင့် ဘုန်းတော်ကြီနှစ်ယောက်ကို ရှာတွေ့ခဲ့ပြီးလေပြီ။ သည်နေရာတွင် စိတ်ဝိဉာဉ်စွမ်းအင်က အလွန်များပြားနေ၏။ ပုံမှန်အားဖြင့် သည်လိုမြေမျက်နှာသွင်ပြင်အရ နည်းပါးနေသင့်လေသည်။

သည်လိုဂိုဏ်းငယ်မျိုးက သည်လိုများပြားသော စိတ်ဝိဉာဉ်စွမ်းအားများကို ပိုင်ဆိုင်သည့်နယ်မြေကို ပိုင်ဆိုင်ထားခြင်းက သူ့ကိုအံ့ဩစေသည်။

“ဒီအတွက် ငါ သူတို့အတွက် မှော်ဆေးလုံး ပြန်ဖော်စပ်ပေးသင့်တယ်။”

လုယွီကပြုံးသည်။ ထို့နောက် သူ၏မျက်ဝန်းထဲတွင် အလင်းရောင်များက လက်လာသည်။

“ငါက နတ်ဘုရားနယ်မြေ အလယ်အလတ်အဆင့်ကို ချိုးဖျက်တက်ရောက် နိုင်တဲ့အထိ ဒီနေရာမှာပဲ စိတ်ဝိဉာဉ်စွမ်းအင်တွေကို ဖြည့်တင်းတော့မယ်။”

လုယွီက သူ၏ရှေ့ဆက်လမ်းကြောင်းအတွက် တွေးတောလိုက်သည်။

သူ၏အရေပြားပေါ်တွင်ရှိသော ထိုနဂါးကိုးကောင်က ကြည်လင်သထက် ကြည်လင်လာပြီး သူ၏ဝင်သက်ကပင် ထာဝရဆန်လာ၏။

တစ်ရက်။

နှစ်ရက်။

.....

လုယွီက လျှိုမူကို ကန်ထုတ်ပြီးနောက် မည်သူကမျှ လာ၍မနှောင့်ယှက်ရဲ တော့ပေ။

ခုနှစ်ရက်မြောက်နေ့တွင် လုယွီက မျက်လုံးကို ရုတ်တရက်ဖွင့်သည်။ သူ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ထိုဟိန်းသံက သည်ရေကန်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့ပြီး အားလှိုင်းများစွာ မြောက်တက်လာစေသည်။ ထိုအချိန်တွင်လုယွီက ကောင်းကင်မှ ဆင်းသက်လိုက်သည်။ သူ ဆင်းသက်လာရာ လမ်းတစ်လျှောက်တွင် အနီရောင်အလင်းတန်းက ကျန်ရစ်ခဲ့၏။ လုယွီ၏ချီစွမ်းအင်က ပို၍ပင် စွမ်းအားကြီးမားလာခဲ့သည်။

စိတ်ဝိဉာဉ်နယ်မြေ၊ အလယ်အလတ်အဆင့်။

ထိုအချိန်တွင် လုယွီ၏ ရှန်းချွမ်အခြေအနေစွမ်းအားက မြို့ပေါင်း ၁၅၀ အထိ ချိုးဖျက်နိုင်သွားခဲ့လေသည်။

“ငါသာ ငါ့ရဲ့လမ်းစဉ်မှာ တတိယအဆင့်ကို ဝင်ရောက်သွားနိုင်တဲ့အချိန်မှာ ငါ့ရဲ့နတ်စမ်းရေကန်က တိုင်းပြည်ကြီးတစ်ခုလောက်နီးပါး ကြီးမားသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် သက်ရှိစိတ်ဝိဉာဉ်စွမ်းရည်တွေကို မွေးထုတ်ပေးနိုင်ပြီ၊ ဒီလိုဆိုရင် အဆုံးမသတ်နိုင်တဲ့ ခန္ဓာကိုယ်ခွန်အားတွေကို ပိုင်ဆိုင်လာလိမ့်မယ်။”

လုယွီက လက်သီးကိုဆုပ်သည်။

ထိုနေ့ရောက်ရန် သိပ်မကြာတော့ပေ။

လုယွီ၏နတ်ဘုရားအသိဉာဏ်က ဖြန့်ကျက်လိုက်ချိန်တွင် ရုတ်တရက် ထောင့်တစ်နေရာသို့ အကြည့်ရောက်သွားသည်။ ထိုတစ်နေရာတွင် စိတ်ဝိဉာဉ်စွမ်းအင်များ စုစည်းနေ၏။ သည်ရေကန်တွင်ရှိသော စိတ်ဝိဉာဉ်စွမ်းရည်များက ထိုနေရာမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

“အဲဒီနေရာမှာ တစ်ခုခုရှိနေတာလား။”

လုယွီက မျက်မှောင်ကြုတ်သည်။

သူ၏စိတ်ဝိဉာဉ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက်ခန္ဓာကိုယ်က တုန်ခါသွားသည်။ သူ၏နှလုံးခုန်နှုန်းကပင် မြန်ဆန်လာ၏။ သူ၏နှလုံးသား ခုန်လာချိန်တိုင်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်လိုက်ပြီး အလွန်ပြင်းထန်ကာ အသက်ရှိနေသော တစ်စုံတစ်ရာကို ခံစားမိသကဲ့သို့ဖြစ်လာ၏။

“ဒါက ရှေးခေတ်က ထာဝရနှလုံးသားပဲ။”

လုယွီ၏မျက်လုံးက လင်းလက်လာတော့သည်။

သည်လောက … ရှေးခေတ်ထာဝရရှင်သန်ခြင်းလောကက ပျောက်ဆုံးသွားသည်မှာ ကြာလှချေပြီ။

လက်ရှိအားလုံး လျှောက်လှမ်းနေကြသော ထာဝရရှင်သန်ခြင်းလမ်းစဉ်က ဝေဝါးနေခဲ့၏။ တိကျသေချာသော အဆင့်တစ်ခုအထိ ရောက်မှသာလျှင် နိယာမများကိုနားလည်နိုင်ပြီး ရှေးဟောင်းစွမ်းအားများကိုအသုံးပြုနိုင်ပြီဖြစ်သည်။ သည်နည်းအားဖြင့် ရှေးခေတ်တာအိုထာဝရရှင်သန်သူများနှင့် သူတို့ကြားမှ ကွာခြားချက်က ကြီးမားနေခဲ့ခြင်းဖြစ်၏

လုယွီက ကောင်းကင်အင်ပါယာစိတ်ဝိဉာဉ်ကို ဝါးမြိုခဲ့သည်။ သူက သည်အခြေအနေကြောင့် ပြောင်းလဲခဲ့ပြီး အခြေအနေတစ်မျိုးကို ပိုင်ဆိုင်ခဲ့ကြောင်းလည်း နားလည်နေခဲ့၏။ သည်လိုနယ်မြေနေရာကို ရောက်လာခဲ့ခြင်းကလည်း ရှေးဟောင်းအမွေအနှစ် ဆက်သွယ်မှုရှိနေခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာမျိုးက ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်၏။ သူက သူ၏ဆရာသခင်ကဲ့သို့ စွမ်းအားကြီးလာမည်ဆိုလျှင်ပင် တစ်ရက်တွင် သေရအုံးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အချိန်၏တိုက်စားမှုဒဏ်ကို ခံရနိုင်၏။

လုယွီက တုံ့ဆိုင်းမနေဘဲ ထိုနေရာသို့ ပျံသန်းသွားလိုက်သည်။ ဒါက မဟာအခွင့်အရေးကြီးဖြစ်၏။ လင်းရှန်းဂိုဏ်းမှ စိတ်ဝိဉာဉ်စွမ်းအားများ၏ သဘောသဘာဝကို အခြားသူများက မမြင်နိုင်သော်လည်း သူက မြင်နိုင်သည်။ ထိုနေရာတွင် ကိုယ်ပိုင်သက်ရှိရှိနေသည်။ လုယွီက တစ်နာရီခန့ ်စစ်ဆေးနေပြီးနောက်တွင် ရုတ်တရက် ထောင့်တစ်နေရာသို့ တိုက်ခိုက်လိုက်၏။ သည်လိုနှင့်အပြင်ဘက်ရှိ အကာအကွယ်က ပြိုကျသွားသည်။ ထိုအချိန်တွင်ပင် ရှေးဟောင်းဆန်သော ဝင်သက်တစ်ခုက ထွက်ပေါ်လာတော့၏။

အပိုင်း ၉၀၇

ထျန်းချီရေကန်အထက် …

“မင်းက ဘယ်သူလဲ။”

လုယွီ၏နားအတွင်း ခပ်တိုးတိုးပြောသံကို ကြားလိုက်ရသည်။

ထို့နောက် အလွန်ပြင်းထန်သော အရှိန်အဝါဖိအားကို ခံစားလိုက်ရသည်။ သူ လှုပ်ရှားရန် မနည်းကြိုးစားလိုက်ရ၏

“ဒါက ကောင်းကင်နယ်မြေပြင်က နိယာမလား။”

လုယွီက အံကိုကြိတ်သည်။ တိုက်ရိုက်ပင် သူ၏စိတ်ဝိဉာဉ်စွမ်းအားများကို လွင့်ပြယ်သွားစေလိုက်၏။

ရုတ်တရက် ဟိန်းသံက အတန်ငယ် ပျက်ပြယ်သွားသည်။ လုယွီ၏မြင်ကွင်းထဲတွင် ပုံရိပ်တစ်ခုပေါ်လာ၏။ သာမန်ရုပ်ရည်ရှိသော သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး လည်ပင်းအထိ ရှည်ကျနေသော သွားများက ချွန်ထက်နေသည်။ ထိုလူက လူရိုင်းတစ်ယောက်နှင့်တူ၏။ သို့သော် ရှေးခေတ်က ရေစွမ်းအင်ဝင်သက်များကို ပိုင်ဆိုင်ထားသည့်အပြင် အထင်သေး၍မရလောက်အောင် ပြင်းထန်သော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။

“ငါ့နာမည်က ချွီ”

“နောက်ပိုင်းမျိုးဆက် မင်းက ငါစောင့်နေတဲ့ အမွေဆက်ခံသူမှမဟုတ်ပဲ၊ ပြန်တော့။”

သက်လတ်ပိုင်းလူက ထိုသို့ပြောပြီးသည်နှင့် မြေကြီးတစ်ခုလုံးက တုန်ခါလာသည်။

လုယွီက ထိုလူကိုစိုက်ကြည့်သည်။

“ခင်ဗျား ဒီနေရာမှာ‌ နေနေတာ ဘယ်လောက်ကြာပြီလဲ သိလား၊ ရှေးခေတ်လောကက ပြိုကျသွားပြီ၊ ခင်ဗျားစောင့်နေတဲ့ အမွေဆက်ခံသူကလည်း သေပြီ၊ ခင်ဗျား စိတ်ဝိဉာဉ်ပျောက်ဆုံးသွားတဲ့အထိ စောင့်နေရင်တောင်မှ ခင်ဗျား ရှာတွေ့တော့မယ်မထင်ဘူး။”

ထိုလူက မျက်မှောင်ကြုတ်ပြီးပြောသည်။

“ရှေးခေတ်က ပြိုကျသွားပြီဟုတ်လား၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒါပေမယ့် မင်းနဲ့မဆိုင်ပါဘူး၊ ပြန်တော့။”

ထိုသို့ပြောပြီးနောက် ကြီးမားသောအားက ထိုးထွက်လာကာ သူ့ကို ကန်ထုတ်သည်။

“နေအုံး။”

လုယွီ၏စိတ်ဝိဉာဉ်စွမ်းအားဖြင့် ထိုအရာကို တားဆီးလိုက်သည်။ သည်အခွင့်အရေးက မဟာအခွင့်အရေးကြီးဖြစ်၏။ သူ လက်မလျှော့နိုင်ပေ။ လုယွီက ပြောသည်။

“ငါက နောက်ပိုင်းမျိုးဆက်ဆိုပေမယ့် ငါက နိယာမတွေကို အုပ်ချုပ်နိုင်တဲ့ ဆရာသခင်တစ်ယောက်ပဲ၊ မင်းရဲ့အမွေအနှစ်ကလည်း ဒီနေရာမှာ ရှိတော့တာမှ မဟုတ်ပဲ၊ မင်းက အသုံးမဝင်တော့တာကြာပြီ၊ ဒီတော့ သေသွားတဲ့အချိန်အထိ ဒီဝင်သက်စွမ်းအားတွေကို ထိန်းသိမ်းထားတော့မှာလား။”

“သေတဲ့အထိ တိတ်ဆိတ်စွာနေသွားရမှာထက်စာရင် ခင်ဗျားရဲ့အမွေအနှစ်တွေကို ငါ့ကိုပေးလိုက်တာက မကောင်းဘူးလား၊ အခု ကောင်းကင်ဘုံရဲ့အမွေအနှစ်တွေက ပိုင်းဖြတ်ခံလိုက်ရပြီ၊ ခင်ဗျားရဲ့ရှေးခေတ်က အမွေအနှစ်ကို အခေါင်းထဲ ထည့်ထားတော့မှာလား။”

လုယွီက တစ်လုံးချင်းဆီ ပြောလိုက်သော်လည်း ဒါက မိုးခြိမ်းသံကဲ့သို့ မြည်ဟီးနေသည်။ ထိုသူက နောက်ဆုံးတွင် လုယွီကိုကြည့်လာသည်။

“မင်းရဲ့စိတ်ဝိဉာဉ်က အဆင်ပြေတယ်၊ ခန္ဓာကိုယ်ကတော့ အားနည်းတယ်၊ ငါ မင်းကို အမွေအနှစ်ဆက်ခံအောင် ပေးလိုက်မယ်ဆိုရင်တောင်မှ မတောင့်ခံနိုင်ဘူး။”

“ငါ မင်းကို ခန္ဓာကိုယ်လေ့ကျင့်တဲ့ သိုင်းတစ်ခုပေးနိုင်တယ်၊ မင်း ဒါကိုကျွမ်းကျင်သွားရင် ငါ့ဆီကိုပြန်လာခဲ့။”

ရုတ်တရက် လုယွီ၏စိတ်အသိဉာဏ်ထဲသို့ စာသားများစွာ ပြုံတိုးဝင်လာခဲ့၏။ သူ၏မျက်လုံးက လင်းလက်လာသည်။ သူ၏ အလွန်များပြားသော အတွေ့အကြုံများကြောင့် ဒါက ကောင်းသောအရာဖြစ်ကြောင်းသိ၏။ အလွန်အဖိုးတန်သော ကျမ်းစာဖြစ်သည်။

“ရှေးခေတ် တာအိုထာဝရရှင်သန်သူတစ်ယောက်ရဲ့ သိုင်းကျမ်းပဲ၊ ငါက ဒီနေရာမှာ ဒါကိုကျင့်ကြံတော့မယ်။”

လုယွီက ဘေးတစ်နေရာသို့ လျှောက်သွားသည်။

ရုတ်တရက် သူ့ထံ ရှေးဟောင်းတာအိုထာဝရရှင်သန်ခြင်း စွမ်းအင်များ ကျဆင်းလာသည်။

“ဒီသိုင်းကျမ်းက စွမ်းအားကြီးလေလေ လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် သက်ရောက်မှုအားက ပြင်းထန်လေလေပဲ၊ တက်မြောက်သွားရင်တော့ ပြင်းထန်တဲ့ခန္ဓာကိုယ်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်။”

သူ၏မျက်ဝန်းက တောက်ပသထက်တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်အရိုးနှင့် အရာအားလုံးက ဖိအားအောက်တွင် တခြစ်ခြစ်မြည်သံများ ထွက်ပေါ်လာ၏။

“သိရဖို့စောသေးတယ်၊ အရာအားလုံးက မူလဇစ်မြစ်တစ်ခုဆီကနေ ဖြစ်တည်လာတယ်။”

လုယွီက ခန္ဓာကိုယ်ကျင့်ကြံတဲ့သိုင်းကို ထိုဖိအားအောက်တွင် လေ့ကျင့်နေတော့သည်။

…

တစ်ချိန်တည်းတွင်ပင် လင်းရှန်းဂိုဏ်းတွင် …

လင်းရှန်းဂိတ်ထိုနေရာတွင် လင်းရှန်းတပည့်များစွာ စုစည်းနေကြပြီး မျက်နှာများက တင်းကြပ်နေကြ၏။ သည်ခုနှစ်ရက်အတောအတွင်းတွင် လင်းရှန်းက အမျိုးမျိုးသောခန်းမတိုင်းတွင် ရေခဲနယ်မြေမှ ဘုန်းတော်ကြီးများနှင့် တိုက်ခိုက်ခြင်းကို ခံနေရသည်။ သည်နေ့ရေခဲနယ်မြေမှ ကြီးမားသော ဂိုဏ်းသုံးဂိုဏ်းက လာရောက်သတ်ဖြတ်ပြန်သည်။

လင်းရှန်းဂိုဏ်းမှ အကာအကွယ်ဝင်္ကပါ၏ အပြင်ဘက်တွင် ပုံရိပ်သုံးခု ပေါ်လာ၏။ အားလုံးက ဆိုးရွားသောအမူအရာ ဖြစ်နေကြသည်။ အားလုံးက အလွန်ပြင်းထန်သော စိတ်ဝိဉာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။

“လင်းကျန်းရန် ထွက်လာပြီး အသေခံလိုက်။”

နတ်ဘုရားအဆင့်သုံးယောက်ထဲမှ တစ်ယောက်က ဟိန်းဟောက်ကာ အော်ဟစ်သည်။

တပည့်ဂိုဏ်းသားများအားလုံး၏မျက်နှာက အထိတ်တလန့်ဖြစ်သွားကြတော့၏။ ထိုအချိန်တွင် အတွင်းဘက်မှ အားနည်းသောအသံ ထွက်လာသည်။

“မင်းက လင်းရှန်းဂိုဏ်းကိုလာပြီး ဘာလာရှာတာလဲ။”

အပိုင်း ၉၀၈

လင်းရှန်းတောင်ဂိတ်မှ ဘုန်းတော်ကြီးတစ်ပါး ထွက်လာသည်။ ထိုဘုန်းတော်ကြီးက အပြာရောင်ဝတ်စုံဝတ်ထားပြီး အလွန်ကြော့ရှင်းကြည့်ကောင်း၏။

“ဆရာမော့ကို ဂါဝရပြုပါတယ်။”

လင်းရှန်းဂိုဏ်းမှ တပည့်ဂိုဏ်းသားအားလုံးက ဂါဝရပြုလိုက်ကြသည်။

လင်းရှန်းဂိုဏ်းမှ စွမ်းအားကြီးစိတ်ဝိဉာဉ်ပိုင်ရှင်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် မော့တုန်းချင်ရောက်လာခြင်းဖြစ်၏။ မော့တုန်းချင်က စွမ်းအားကြီးသော ကျွမ်းကျင်ပညာရှင်သုံးယောက်ကို မြင်သောအခါ မျက်မှောင်ကြုတ်သည်။

“ငါ့ရဲ့ဂိုဏ်းတူအစ်ကိုက တံခါးပိတ်ကျင့်ကြံနေတယ်၊ မင်းတို့တွေ ဘာကြောင့် အလောတကြီး လာရှာကြတာလဲ။”

ထို့နောက် မော့တုန်းချင်က နေရောင်ခြည်အလင်းတန်းများကို လွှတ်ထုတ်လိုက်သည်။ ထိုနေရောင်ခြည်အောက်တွင် သူက နတ်တစ်ပါးအလား ရပ်နေ၏။ အလင်းတန်းက အလွန်ပြင်းထန်လွန်းသည်။

ထိုရေခဲနယ်မြေမှ ရောက်လာကြသူတိုင်းက အနည်းငယ် နောက်ဆုတ်လိုက်ကြရ၏။ ထိုသုံးယောက်က မော့တုန်းချင်ကို အေးစက်စွာကြည့်ပြီးပြောလာသည်။

“မင်းရဲ့အစ်ကိုကြီးကိုသာ ထွက်လာခိုင်းလိုက်ပါ၊ မင်းက ငါတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။”

ထိုသုံးယောက်ထဲမှ တစ်ယောက်က နှာခေါင်းရှုံ့သည်။

“မင်းရဲ့ဂိုဏ်းတူအစ်ကိုက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ မင်းလို စိတ်ဝိဉာဉ်နယ်မြေကိုတောင် ခြေလှမ်းဝင်ကာစ လူတစ်ယောက်က ငါတို့ကို တားနိုင်မယ်ထင်လို့လား။”

ထို့နောက် လူထွားကြီးတစ်ယောက်က လက်ကိုဆုပ်ပြီးကြီးမားသော မှော်လက်သီးကြီးအဖြစ် ပြောင်းလဲလိုက်ကာ မော့တုန်းချင်ကို ပြင်းထန်စွာထိုးလာသည်။

“စိမ်းလန်းတဲ့တောင်တန်းကလည်း ဓါးအဖြစ် ပြောင်းနိုင်တာပဲ။”

မော့တုန်းချင်က မျက်လုံးကိုမှိတ်ကာ အရှေ့သို့ လက်ညှိုးညွှန်လိုက်၏။ ရုတ်တရက် လေးလံသော ဓါးပေါင်းများစွာက ကျောမှ ထွက်လာတော့သည်။ ထို့နောက် လက်သီးထံသို့ ပြေးဝင်သွားတော့၏။

ခြိမ်း

လက်သီးနှင့်များပြားလှသော ဓါးတို့လေထဲတွင် ထိပ်တိုက်ရင်ဆိုင်မိသွားကြသည်။ လေးလံသောဓါးများစွာက အလွန်ပြင်းထန်သော ဟန်ချက်ညီမှုအားကိုပါ ပိုင်ဆိုင်ထားကြပြီး အရှိန်နှုန်းက မြန်သည်။ သူတို့က လက်သီး၏ဖိအားအောက်တွင် အောင်အောင်မြင်မြင် ကွဲကြေခံလိုက်ရ၏။ သို့ရာတွင် ထိုလက်သီးမှ အတွင်းအားများကလည်း သက်ရောက်ခံရလေသည်။

မော့တုန်းချင်က ထိုလူထွားကြီး၏တိုက်ခိုက်မှုကို ခုခံနေသည်။ သို့သော် သူ၏မျက်နှာကမူ စက္ကူတစ်စကဲ့သို့ ဖြူဖျော့လာပြီဖြစ်သည်။ သူ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။

“မင်းက ဒီသခင်ကြီးကို တားရဲတယ်လား၊ ငါတို့သုံးယောက်ကို မင်းက တားနိုင်မယ်ထင်လို့လား။”

တစ်ဖက်ကလူက ပြောသည်။

“ငါ သူ့ကို အချိန်ဆွဲထားပေးမယ်၊ မင်းရဲ့ခွန်အားနဲ့ဝင်္ကပါအခင်းအကျင်းကို ဖျက်ဆီးပြီး လင်းရှန်းဂိုဏ်းတစ်ခုလုံးကို ဒီနေ့ သွေးမြေကျအောင် လုပ်ကြရအောင်။”

မော့တုန်းချင်က မျက်မှောင်ကြုတ်ပြီး ဒေါသတကြီးပြောသည်။

“ငါ ရှိနေသမျှကာလပတ်လုံး မင်းတို့တွေ လင်းရှန်းဂိုဏ်းထဲကို မဝင်နိုင်စေရဘူး။”

“ဒါက မင်းအပေါ် မူတည်တယ်။”

ထိုလူက အေးစက်စွာပြုံးသည်။ သူက လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်ပြန်၏။

သူတို့နှစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ မျက်စိဖမ်းစားဖွယ် အကောင်းဆုံးမှာ မော့တုန်းချင်ကသာ ခံနေရခြင်းဖြစ်၏။ သူက ထိုလူကိုမယှဉ်နိုင်ပေ။ အခြားတစ်ဖက်တွင် သည်အတိုင်းရပ်ကြည့်နေကြသော စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က သူတို့၏ အစွမ်းအထက်ဆုံးဂါထာများကို ဆင့်ခေါ်ကာ သည်တောင်တန်းများကို ကာကွယ်ထားသည့်ဝင်္ကပါကို ဖျက်ဆီးနေကြသည်။

တစ်တောင်လုံး၏ အကာအကွယ်က တုန်ခါနေတော့၏။

“ဝင်္ကပါအခင်းအကျင်း၊ ဖျက်ဆီးစမ်း။”

“သေစမ်း၊ ဝင်္ကပါကြီး ပျက်စီးတော့မယ်။”

“ဆရာမော့တောင်မှ ရေခဲနယ်မြေရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုရင် ငါတို့လင်းရှန်းဂိုဏ်းကို ဘယ်သူကများ ကယ်တော့မှာလဲ။”

“ရေခဲနယ်မြေက ဘုန်းတော်ကြီးတွေ ပြောတဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကျင်းကျန်းဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ၊ မည်သူကမှ အသက်မရှင်ခဲ့ဘူးလို့ပြောတယ်၊ ဘိုးဘေးကစပြီး အစေခံတွေအထိ အသတ်ခံခဲ့ရတာတဲ့။”

တောင်ထိပ်တွင် လင်းရှန်းဂိုဏ်း၏ တပည့်ဂိုဏ်းသားများက ဝင်္ကပါကိုထောက်ပံ့ရန် ကြိုးစားနေရင်းမှ အလွန်ထိတ်လန့်နေကြလေပြီ။ လင်းရှန်းဂိုဏ်းကို ရေခဲနယ်မြေမှ ဘုန်းတော်ကြီးများက ဝိုင်းပတ်ထားသည်။ သူတို့ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။

နောက်ထပ်တစ်နာရီကြာပြီးနောက် လင်းရှန်းဂိုဏ်းတစ်ခုလုံးမှ တောင်အကာအကွယ်လွှာက ရုတ်တရက် အဟကွဲကြောင်းပေါ်ကာ အက်ကွဲသွားသည်။

“လင်းရှန်းဂိုဏ်း ဖျက်ဆီးခံရတော့မယ်။”

ရေခဲနယ်မြေမှ စွမ်းအားကြီးမားသူတစ်ယောက်က အော်ရယ်ကာ ထိုအဟကွဲကြောင်းထဲကို ဝင်ရန်ကြံစည်သည်။ ထိုသို့အရေးကြီးဆုံးအချိန်တွင်ပင် အော်သံတိုးတိုး ထွက်လာ၏။

“ငါ့ရဲ့လင်းရှန်းဂိုဏ်းကို ဘယ်အကောင် ဖျက်ဆီးချင်တာလဲ။”

အသံက လှိုဏ်ဂူအတွင်းမှ ထွက်လာသကဲ့သို့ ပဲ့တင်ထပ်နေခဲ့သည်။ သို့သော် ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ဟီးသွားလောက်အောင် ပဲ့တင်ထပ်သွားသေးသည်။

ရေခဲနယ်မြေမှ လူသန်မာများ၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို နောက်ဆုတ်လိုက်ကြသည်။ မီတာနှစ်ရာသုံးရာခန့်အထိ ဆုတ်လိုက်ကြရ၏။

“လင်းကျန်းယန် မင်း အသက်ရှင်နေသေးတာပဲ။”

ရေခဲနယ်မြေမှ လူသန်မာကြီးတစ်ယောက်က ရေရွတ်သည်။

အပိုင်း ၉၀၉

သူ၏အရှေ့တွင် အာကာသပြင်ထဲရပ်နေသည်ဟု ထင်ရသော လူအိုကြီးတစ်ယောက်ရှိနေသည်။ သူ့ထံမှ အလွန်ကြောက်လန့်ဖွယ်စွမ်းအားများ ဖြာထွက်နေခဲ့၏။ ထိုတစ်ခဏတွင် မတိုင်မီက မှော်ဝင်္ကပါအခင်းအကျင်းကို ဖျက်ဆီးရန်ကြိုးစားခဲ့သော ရေခဲနယ်မြေမှ စွမ်းအားကြီးလူနှစ်ယောက်၏ တုန်ယင်နေမှုကို မြင်ရသည်။ ထို နှစ်ယောက်လုံးက ဖိအားအောက်ရောက်သွား၏။

ထိုလူအိုကြီးက လင်းရှန်းဂိုဏ်းမှ ခေါင်းဆောင် လင်းကျန်းယန်ဖြစ်သည်။

သူက သည်တစ်ကြိမ်တွင် လေဟာနယ်တစ်နေရာတွင်ရပ်လျက် ဖျော့တော့သော ရေငွေ့စွမ်းအင်များဖြင့် ဝိုင်းပတ်ထားကာ နဂါးဟိန်းသံတိုးတိုးကို အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေစေသည်။

“မဖြစ်နိုင်ဘူး၊ မင်းက အဆင့်တက်သွားဖို့မဖြစ်နိုင်ဘူး၊ ဒါပေမယ့် မသေသွားတဲ့အပြင် အဆင့်တောင် တက်သွားသေးတယ်လား။”

တစ်ဖက်မှ ကျွမ်းကျင်ပညာရှင်များအားလုံးက အံ့ဩကုန်ကြသည်။

ထိုသို့စိတ်ပျက်အားငယ်နေချိန်တွင် မော့တုန်းချင်က လူသန်မာတစ်ယောက်၏ တိုက်ကွက်များမှ ခုခံနိုင်စွမ်းရှိပြီး ချိုးဖျက်ကာ ပုခုံးကို လှီးဖြတ်သည်။

ခပ်ထိုင်းထိုင်းဆူညံသံ ထွက်ပေါ်လာသည်နှင့် ထိုလူ၏ပုခုံးကို ထိုးခွဲသွားသော ဓါးတစ်လက်ကိုမြင်ရသည်။

“သေချင်နေတာပဲ။”

ထိုလူက အော်ကာ တစ်ကိုယ်လုံးမှ စွမ်းအားများကို လွှတ်ထုတ်လိုက်ပြီး မော့တုန်းချင်ကို လက်သီးဖြင့် ထိုးပြန်သည်။

ထိုလူ၏လက်က ရွေ့လျားလိုက်သည့်တစ်ခဏတွင် လင်းကျန်းယန်က လက်ကို အသာမြှောက်လိုက်သည်။ ဓါးတစ်ချောင်းက လွင့်ပျံလာ၏။ သို့သော် ထိုအရာက ဓါးချီဖြစ်နေသည်။ ဓါးချီက အလွန်အားနည်းသည်ဟု ထင်ရသော်လည်း ချက်ချင်းဆိုသလို သူ့အရှေ့ရောက်လာ၏။

“သေစမ်း၊ ဒါက နတ်ဘုရားအဆင့် နောက်ပိုင်းစွမ်းအားပဲ။”

ထိုလူက အလျင်စလိုနောက်ဆုတ်တော့သည်။

ဓါးချီက သူနှင့်တစ်မီတာခန့်အထိ ရောက်လာပြီးနောက်တွင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ထိုးခွဲသွားလျက် အောက်ဖက်သို့ တိုးဝင်သွားသည်။ ပေါက်ကွဲသံက ဖြစ်ပေါ်လာပြီး မိုင်ပေါင်းများစွာကို ဖျက်ဆီးလိုက်၏။

ကျန်သော ရေခဲနယ်မြေမှ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်း မျက်နှာပျက်ကုန်ကြသည်။ သူတို့က စိတ်ဝိဉာဉ်အဆင့်အလယ်အလတ်အဆင့်များ ဖြစ်ကြသည်။ သို့သော် စိတ်ဝိဉာဉ်အဆင့်နှောင်းပိုင်းအဆင့် ဘုန်းတော်ကြီးများနှင့် တွေ့ဆုံကြသောအခါ သူတို့ကသာ ဒုက္ခရောက်ကြမည်ဖြစ်သည်။ မည်သူကမျှ မသေချင်ကြပေ။

လင်းကျန်းယန်က သူတို့ အကြံကိုမြင်ဟန်ဖြင့်ပြောသည်

“အားလုံး ကိုယ့်နေရာကိုယ်ပြန်ကြတော့၊ မဟုတ်ရင် မင်းတို့ကို အခြားနေရာမှာ သေခွင့်ပြုတော့မှာမဟုတ်ဘူး။”

လူအိုကြီးတစ်ယောက်က အံကြိတ်ကာပြောသည်။

“မင်း ဘယ်လို အဆင့်တက်လိုက်တာလဲ၊ ငါတို့မှာ သတင်းအတိအကျ ရထားပြီးသား၊ မင်းက သေသွားသင့်တာကြာပြီ၊ ဘယ်လိုများ စိတ်ဝိဉာဉ်နှောင်းပိုင်းအဆင့်ကို တက်လိုက်တာလဲ။”

အခြားသော လူအိုကြီးတစ်ယောက်က ပြောလာပြန်သည်။

“ငါ သူ့ဆီက ဆေးအနံ့ရတယ်၊ ကြည့်ရတာ သူက ဆေးတစ်လုံးကို ဝါးမြိုခဲ့လို့ အဆင့်တက်ခဲ့တာဖြစ်ရမယ်၊ လင်းရှန်းဂိုဏ်းမှာ ဒီလိုဆေးတွေ ရှိနေတာလား။”

…

သုံးယောက်လုံးက အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့၏မျက်ဝန်းထဲတွင် ပြတ်သားမှုများကိုမြင်ရ၏။ သူတို့အမိန့်အရ လင်းရှန်းဂိုဏ်းကို ဖျက်ဆီးရမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေအရ သူတို့မျှော်လင့်ထားမှုမှ ကျော်လွန်သွား၏။ ရုတ်တရက် သူတို့သုံးယောက်က အဆောင်လက်ဖွဲ့ကို ရိုက်ချလိုက်ကြသည်။

အားလုံးက သွေးများအန်ထုတ်လိုက်ရပြီး အဆောင်လက်ဖွဲ့များအပေါ် ပက်ဖြန်းလိုက်ကြ၏။ ထိုအခါ အဆောင်လက်ဖွဲ့များက ဖြေးညှင်းစွာဖြင့် မြောက်တက်ကာ ပေါင်းစပ်သွားကြသည်။

သည်လိုပေါင်းစပ်သွားချိန်တွင် အလွန်ကြီးမားသော နေရာရွှေ့ပြောင်း အခင်းအကျင်းက ဖြစ်ပေါ်လာတော့၏။ ထိုအခင်းအကျင်းမှ အလင်းတန်းများက ကျဆင်းလာချိန်တွင် ပုံရိပ်ယောင်ဟုထင်ရသော အရိပ်မဲကြီးတစ်ခုက ထွက်ပေါ်လာလေသည်။

“မင်းတို့ ဘာလုပ်ချင်တာလဲ။”

လင်းကျန်းယန်ကလည်း စိတ်အခြေအနေ မကောင်းတော့ပေ။ သူက ဓါးချီတစ်ခုဖြင့် ထိုအခင်းအကျင်းကို ဖျက်ဆီးရန်ကြံစည်၏။

ထိုလူအိုကြီးက သည်အခြေအနေကိုမြင်သောအခါ မရှောင်ပေ။ ထို့အစား အော်၏။

“တော်ဝင်သံတမန်ကို သတင်းပို့လွှတ်ရအောင်၊ သူတို့ကို နှိမ်နှင်းလိုက်စမ်း။”

လေပြင်းများက တိုက်ခိုက်လာပြီး အခင်းအကျင်း၏အလယ်ဗဟိုသို့ ပျံ့လွင့်သွားသည်။ ထိုပုံရိပ်ယောင်ကြီးက ပို၍ပြတ်သားကြည်လင်လာပြီး ထူးဆန်းသောဖြစ်စဉ်များက ဖြစ်ပေါ်လာကာ ဓါးချီကိုဖိနှိမ့်တော့၏။ ကလစ်ဟူသောမြည်သံနှင့်အတူ ပုံရိပ်ယောင်အရိပ်ထံမှ လက်များက ဓါးချီကို ဖျက်ဆီးပစ်လိုက်သည်။

“အသုံးမကျတဲ့အမှိုက်တစ်သိုက် ဒီလိုကိစ္စလေးကိုတောင် မလုပ်နိုင်ဘူး။”

အရိပ်က ပီပြင်လာသည်နှင့် အနက်ရောင်ဝတ်ထားသော လူတစ်ယောက်က လမ်းလျောက်ထွက်လာသည်။ထိုလူက ခေါင်းတွင် ကြီးမားသော ဦးထုပ်ကို ဆောင်းထားသည့်အတွက် ရုပ်ကို မမြင်နိုင်ပေ။သို့သော် ရေခဲနယ်မြေမှ စွမ်းအားကြီးသူများက ထိုသူကို မြင်သည်နှင့် ရိုကျိုးစွာ ဦးညွှတ်ကြသည်။

“မင်းက ဘယ်သူလဲ။”

လင်းကျန်းယန်က လေးလံသောမျက်နှာထားဖြင့်ပြောသည်။ ရန်သူကြီး တစ်ယောက်ကို သူ တွေ့နေရသကဲ့သို့ ခံစားနေရ၏။ စိတ်ဝိဉာဉ်အဆင့် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ပြီးသည့်တိုင်အောင် ထိုလူ့ထံမှအန္တရာယ်ကို သူ ခံစားနေရသည်။

“မင်းကို သတ်မယ့်လူ”

ထိုလူက ပေါက်ကရစကားများ ပြောမနေပေ။ မရေမတွက်နိုင်အောင် ပုံရိပ်ယောင်များ ပြောင်းလဲနေသော လက်ကြီးတစ်ဖက်ကို ထုတ်ဖော်လိုက်လျက် အလွန်တင်းမာသော မျက်နှာထားဖြင့် လင်းကျန်းယန်ကို ရိုက်ချရန်ကြံစည်သည်။

လင်းကျန်းယန်က အလွန်အံ့ဩသွားသည်။ သူ အလျင်စလို ဓါးဝိဉာဉ်ကိုသုံးကာ တားဆီးရန်ကြံစည်၏။

မမျှော်လင့်ထားစွာပင် နှစ်ဖက်ထိပ်တိုက်တွေ့ဆုံသည်နှင့် လင်းကျန်းယန်က ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ သူ၏မျက်ဝန်းထဲတွင် မှင်သက်မှုများကိုမြင်နိုင်၏။

“မင်းက မင်ခေတ်အဆင့် စွမ်းအားကြီးမားတဲ့လူပဲ။”

လင်းကျန်းယန်က အလွန်နောင်တရနေသည်။ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှုများကို မြင်နိုင်၏။

“သွားသေစမ်း။”

ထိုလူက ရုတ်တရက် လင်းကျန်းယန်၏ ပတ်ဝန်းကျင်ကို မရေမတွက်နိုင်သော တစ္ဆေအရိပ်မဲကြီးများကို ဝိုင်းပတ်စေလိုက်သည်။

လင်းကျန်းယန်၏ဓါးက ထက်ရှသော်လည်း အကောင်အထည်မရှိသည့် တစ္ဆေများကို မဖောက်ဖျက်နိုင်ပေ။ ထို့ကြောင့် ချက်ချင်းဆိုသလို အေးစက်မှုကို ခံစားရပြီး သွေးနှင့်ချီက ကပြောင်းကပြန်ဖြစ်ကာ သွေးအန်ထုတ်လျက် နောက်ဆုတ်ရတော့၏။

လင်းကျန်းယန်က အနောက်ဘက်ရှိဂိတ်ကို ပြေးပြီးအော်သည်။

“ပြေးကြတော့။”

ခြိမ်း

အပိုင်း ၉၁၀

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူက လင်းကျန်းယန်၏အနောက်တွင် ချက်ချင်းပေါ်လာသည်။

ထိုသို့ဖြင့် လင်းကျန်းယန်ကို လက်ဖြင့်ရိုက်ချ၏။ ထိုလက်ဝါးတစ်ဖက်တည်းနှင့်ပင် လင်းကျန်းယန်တစ်ကိုယ်လုံးကို ဝါးမြိုနိုင်သည်ဟု ခံစားနေရသည်။ သူ၏ဆံပင်မွှေးများ ကပင် ထောင်တက်သွားပြီး ဦးရေပြားပါသည်အထိ ဆွဲနှုတ်ခံရမတတ်ဖြစ်လာ၏။

“အစ်ကိုကြီး”

မော့တုန်းချင်၏ မျက်လုံးများက နီရဲလာကာ ကူညီရန်အသင့်ပြင်သည်။

လင်းကျန်းယန်က သွေးအန်ထုတ်လိုက်လျက် အော်သည်။

“သူ့မှာ အစွမ်းထက်ဂါထာစွမ်းအားတွေရှိတယ်၊ မင်း ဒီနေရာကိုလာရင် မင်းလည်းသေမှာပဲ၊ ထွက်ပြေးတော့။”

အနက်ရောင်ဝတ်စုံနှင့်လူများက မော့တုန်းချင်ကို ကြည့်ကာဖျော့တော့စွာ ပြုံးသည်။

“စိတ်အေးအေးထားစမ်းပါ၊ ဘယ်ကောင်မှ မလွတ်စေရဘူး။”

မော့တုန်းချင်က သည်မြင်ကွင်းကိုမြင်သောအခါ အလွန်ထိတ်လန့်သွားပြီး နေရာတွင်ပင် တောင့်တင်းနေတော့၏။

ထိုအချိန်တွင်ပင် သူ သေရတော့မည်ဖြစ်မှန်း သိလိုက်သည်။ မော့တုန်းချင်က လှည့်ကာပြေး၏။ သို့သော် ရေခဲနယ်မြေမှ လူသုံးယောက်က သူ့ကိုဝိုင်းထားပြီးလေပြီ။

“သတ်စမ်း၊ တစ်ယောက်မှ မကျန်စေနဲ့။”

အစွမ်းထက် စိတ်ဝိဉာဉ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်လုံးက လင်းရှန်းဂိုဏ်း၏ တောင်တန်းများရှိရာနေရာသို့ အပြေးလာတော့၏။

ဘိုးဘေးနှစ်ယောက်လုံးက ဖိနှိမ့်ခံထားရသောအခါ အခြားသော လင်းရန်းဂိုဏ်းမှ ဘုန်းတော်ကြီးများကလည်း အရှုံးပေးလိုက်ရတော့သည်။

တောင်ထိပ်တွင် ဖန်းကျင်းယွန်က နောက်လှည့်လာသည့် တပည့်ဂိုဏ်သားများကို ပြောသည်။

“မြန်မြန် အခု ဂိုဏ်းထဲကိုဝင်လာကာစ ယန်ချန်းကိုခေါ်ပြီး ထွက်ပြေးကြတော့။”

ထိုအချိန်တွင် လင်းရှန်းဂိုဏ်းက ပတ်ပတ်လည်ကို ထွက်ပြေးနေရပြီဖြစ်လေရာ မြင်ကွင်းက ဝရုန်းသုန်းကားဆန်နေသည်။

လင်းကျန်းယန်၏ ခေါင်းကိုဖိချထားသော အနက်ရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် မျက်မှောင်ကြုတ်သည်။

“တကယ်ကိုအဆင့်တက်အောင် လုပ်ပေးနိုင်တဲ့ဆေးတစ်လုံး ရှိနေတာပဲ၊ ဒီအကောင်းဆုံးဆေးက ထင်သလောက် မရိုးရှင်းမှာကို စိုးရိမ်မိတယ်။”

“မင်း ဆေးကိုဘယ်လိုရလဲ၊ ငါ့ကိုပြောစမ်း၊ အနည်းဆုံး ငါ့လက်အောက်မှာ ခွေးတစ်ကောင်မွေးထားဖို့တော့ ငါ ဆန္ဒရှိသေးတယ်၊ ဒီလိုဆိုရင် မင်းကို ငါ့ခွေးအဖြစ်ခံခိုင်းပြီး မင်းရဲ့ဘဝကို ရှင်သန်အောင် ချန်ထားပေးနိုင်တယ်။”

လင်းကျန်းယန်က စိတ်ရှုပ်ထွေးနေပြီဖြစ်သည်။ သူက သည်လူ၏ဖိနှိမ့်ခြင်းကို ခံခဲ့ရကာ တုန့်ပြန်နိုင်စွမ်းအားမရှိပေ။

ထိုလူက အနည်းဆုံး မင်ခေတ်အလယ်အလတ်အဆင့် ဖြစ်နေသေး၏။

လင်းကျန်းယန်က သွေးအန်လိုက်ရပြီး နှာခေါင်းရှုံ့သည်။

“အိပ်မက်မက်နေလိုက်၊ ဒီအဖိုးကြီး အကြိမ်ပေါင်းများစွာ သေသွားမယ်ဆိုရင်တောင်မှ အခြားလူကို အညံ့မခံနိုင်ဘူး။”

“ဒါဆိုလည်း သေလိုက်တော့”

ထိုသူက လက်ကိုရမ်းကာ လင်းကျန်းယန်၏ခေါင်းကို ရုတ်တရက် ဖိချလိုက်သည်။ ထိုအခါ သူ၏ခေါင်းက အက်ကွဲသွားပြီး သွေးများအဖြစ် ပေါက်ကွဲသွားတော့၏။ လင်းကျန်းယန်၏စိတ်ဝိဉာဉ်ကို အနက်ရောင်ဝတ်ရုံနှင့်လူက ဖမ်းစားလျက် တိုက်ရိုက်မြိုချလိုက်သည်။

လင်းရှန်းဂိုဏ်းက ဘုန်းတော်ကြီးများက သည်မြင်ကွင်းကို မြင်သောအခါ ကြက်သီးထသွားကြသည်။ သူတို့၏ဘိုးဘေးက လက်ရှိအချိန်တွင် ခုခံနိုင်စွမ်းမရှိတော့ဘဲ စိတ်ဝိဉာဉ်ပါဝါးမြိုခံရသည်။ ထိုအချိန်တွင်ပင် အသံတစ်သံ ထွက်လာသည်။

“အဲဒီဆေး ဘယ်ကရလဲ ကျွန်တော် သိပါတယ်။”

လူအုပ်က အလျင်စလိုကြည့်လိုက်သောအခါ လျင်မြန်စွာပြေးလာသော ကောင်းချန်းကို မြင်လိုက်ရသည်။ ထိုအချိန်တွင် သူက အနက်ရောင်ဝတ်ရုံနှင့် လူအရှေ့တွင် ဒူးထောက်ထားသည်။

“ကျွန်တော်က ဘိုးဘေးရဲ့ခွေးတစ်ကောင်ဖြစ်နိုင်ပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။”

ကောင်းချန်းက ဦးညွှတ်သည်။

အခြားတပည့်ဂိုဏ်းသားများက ဒေါသတကြီး အော်တော့သည်။

“ကောင်းချန်း မင်း ငါတို့ဂိုဏ်းကို သစ္စာဖောက်လိုက်တာပဲ။”

အနက်ရောင်ဝတ်ရုံနှင့်လူက ထိုသို့ဒေါသတကြီးအော်လိုက်သူ၏ ခေါင်းကို ပေါက်ကွဲသွားစေလိုက်သည်။ ထို့နောက် ထိုလူက ရယ်၏။

“မင်း ဒီလိုနားလည်မှတော့ ငါ့ကို ခေါ်သွားတော့။”

ကောင်းချန်းက ရှင်းပြသည်။

“အဲဒီလူက အခုအချိန်မှာ ထျန်းချီရေကန်မှာ ရှိနေပါတယ်။”

All Chapters