← Chapters

အခန်း (၉၁၁-၉၁၅)

Vol. 49 Ch. 911-915

အခန်း (၉၁၁-၉၁၅)

Vol. 49 Ch. 911-915

အပိုင်း ၉၁၁

“ကောင်းတယ်၊ သွားစို့။”

အနက်ရောင်ဝတ်စုံနှင့်လူက ရှေ့တက်လာသည်။

ကောင်းချန်းက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်လျက် ဦးညွှတ်သည်။ ထို့နောက် ထိုလူကိုလမ်းပြပေးတော့၏။

“ကောင်းချန်း မင်း သေသင့်တဲ့အကောင်”

“မင်းကို ဒီနေရာမှာ ကျွေးမွေးထားတာမှားတာပဲ၊ မင်းက လင်းရှန်းဂိုဏ်းရဲ့ အဓိကတပည့်ဂိုဏ်းသားဖြစ်နေတာတောင်မှ အရှက်မရှိဘူး။”

လင်းရှန်းဂိုဏ်းမှ တပည့်ဂိုဏ်းသားများက သူ့အား စိုက်ကြည့်ကြသည်။

အနက်ရောင်ဝတ်စုံနှင့်လူက အေးစက်စွာနှာခေါင်းရှုံ့၏။ သူ၏လက်က ရိုက်ချလိုက်ဟန်လုပ်လိုက်သည်နှင့် ထိုတပည့်ဂိုဏ်းသားတိုင်းက သွေးမြူဖြစ်သွားရ သည်။ သည်အကွက်က ကျန်ရှိသော တပည့်ဂိုဏ်းသားတိုင်းကို ထွက်ပြေးသွားစေတော့ သည်။ မည်သူကမျှ ကောင်းချန်းကို မလှောင်ရဲတော့ပေ။

ကောင်းချန်းက သိပ်မကြာခင်မှာ ထိုလူကို ထျန်းချီ၏အစွန်းတစ်နေရာသို့ ခေါ်သွားသည်။

“ဘယ်လောက်တောင်ပြင်းထန်တဲ့ အရှိန်အဝါတွေလဲ၊ ငါ အနံ့ရတယ် ဆေးလုံးအနံ့”

ထိုလူ၏မျက်လုံးက တောက်ပလာသည်။ အလင်းရောင်များ လင်းလက်လာတော့၏။ သူက ချက်ချင်းဆိုသလိုပင် ကောင်းချန်းထံ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။

“ဒီတစ်ချိန်မှာ မင်းက ကောင်းကောင်းလုပ်ပေးခဲ့တယ်၊ ဒီတံဆိပ်ပြားက ငါ့ရဲ့နောက်ခံကို အသိအမှတ်ပြုတဲ့သင်္ကေတပါတယ်၊ ဒီတံဆိပ်ပြားနဲ့ဆိုရင် မင်းက ဒီနေရာက သေခြင်းရှင်ခြင်းတွေကို ထိန်းချုပ်လို့ရပြီ။”

အနက်ရောင်ဝတ်စုံနှင့်လူက ပြောသည်။ သူက သည်တောင်အကြောင်း ဂရုမစိုက်ပေ။

ကောင်းချန်း၏လုပ်ဆောင်နိုင်စွမ်းက နိမ့်ကျသော်လည်း သူ့အတွက် ကိစ္စများစွာ လုပ်ပေးခဲ့၏။ သည်လိုအကျိုးအမြတ်အနည်းငယ်ပေးရုံဖြင့်ပင် သည်လူက သူ့အတွက် တစ်ဘဝလုံး သစ္စာရှိပေလိမ့်မည်။

ကောင်းချန်းက အလွန်စိတ်လှုပ်ရှားသွားပြီး တံဆိပ်ပြားကိုယူသည်။

“ကျေးဇူးတင်ပါတယ် သခင်”

ဒါက သူလိုချင်သောအရာဖြစ်သည်။ ကောင်းချန်း ထွက်သွားသောအခါ အနက်ရောင်ဝတ်စုံနှင့်လူက ထျန်းချီထဲသို့ခြေလှမ်းချ၏။

“ဘယ်လောက်တောင် ပြင်းထန်တဲ့အရှိန်အဝါလဲ၊ ဒီမှာ ရတနာတွေများ ရှိနေတာလား။”

ထိုလူက ခပ်တိုးတိုးရေရွတ်သည်။ သူက ထျန်းချီရေကန်၏အောက်သို့ တိုက်ရိုက်ဆင်းသွားပြီးနောက် အရှိန်အဝါလာရာဘက်သို့ သွားသည့်အခါ ထျန်းချီရေကန်အောက်ခြေမှ အလင်းရောင်ကို ရှာတွေ့လိုက်သည်။ ထိုအလင်းရောင်နေရာက လူတစ်ယောက် တင်ပလ္လင်ခွေထိုင်နေခြင်းဖြစ်၏။

“သူ့ဆီကနေ ဆေးလုံးအနံ့တွေ ထွက်နေတာပဲ။”

သူ၏မျက်ဝန်းထဲ လောဘများလက်လာသည်။ သူက ထိုလူ့အနားသို့ အမြန်ဆုံး နီးကပ်သွားတော့၏။

အကွာအဝေးအလွန်နီးကပ်သွားသောအခါ ရုတ်တရက် ထိုလူကို ရင်းနှီးသလို ခံစားလိုက်ရသည်။

“ဒီလူက မဟုတ်ဘူး၊ ဒါက အရှင်သခင်ဆုကြေးထုတ်ပြီး ကမ်းလှမ်းထားတဲ့ တစ္ဆေကောင်မဟုတ်လား။”

ထိုလူက အံ့တဩဖြစ်သွားပြီး အလွန်အံ့ဩသွားတော့၏။ ထိုအချိန်တွင်ပင် လုယွီက မျက်လုံးဖွင့်လာသည်။ သူက တစ်ချက်ကြည့်ရုံဖြင့် သည်လူကိုမြင်လိုက်ရ၏။

“မြောက်ပိုင်းနယ်မြေမှာ ရှေးဟောင်းနတ်ဆိုးတွေ ရှိနေသေးတာလား။”

လုယွီက ရုတ်တရက်‌ ဒေါသထွက်သွားဟန်ရသည်။

“အား”

လေထဲတွင် ရှေးဟောင်းဆန်သော ဖိအားတစ်ခုက ပျံ့လွင့်သွားကာ အရာအားလုံးကို ဖြည့်တင်းလိုက်လျက် တိုက်ရိုက်ပင် ထိုလူအား ဖိချလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်လူက အလွန်ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြံစည်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးက သူ့ကိုချိတ်ပိတ်ထားပြီး လှုပ်ရှား၍ပင် မရတော့ကြောင်း သိလိုက်ရသည်။

“သေစမ်း၊ ပြောကြတော့ အဆင့်မြင့်နယ်မြေက သူတော်စင်ကြီးတွေ အားလုံး အသတ်ခံလိုက်ရပြီဆို၊ ဒီကောင်က ဘယ်လိုဖြစ်ပြီး ထာဝရရှင်သန်သူတွေကို ဖျက်ဆီးနိုင်စွမ်းရှိနေတာလဲ၊ ငါက သူ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။”

လေပြင်းများ တိုက်ခတ်လာကာ ထိုလူ၏ခေါင်းမှ ဦးထုပ်က မြောက်တက်သွားသည်။ သစ်သားဦးထုပ်ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းဆိုသလို အလွန်ခက်ထန်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးတစ်ခုက ပေါ်လာ၏။ ထိုမျက်နှာကြီးတွင် အစွယ်နှင့်လက်သည်းများပါသည်။

“ကောင်းကင်ဘုံရဲ့မှော်အခင်းအကျင်း”

အနက်ရောင်ဝတ်စုံနှင့်လူက ရုတ်တရက် လျှာကို ကိုက်လိုက်ကာ သွေးကို အန်ထုတ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးက ရမ်းခါသွား၏။ သူ၏ဝင်သက်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာသည်။ အလွန်ထက်ရှသော အစွယ်များနှင့် ချွန်ထက်လာသော လက်သည်းများတွင် အာကာသပြင်ကပင် စုတ်ဖြဲခံလိုက်ရ၏။

အပိုင်း ၉၁၂

“ဟမ့် ငါ မင်းကို တွေ့လိုက်မှတော့ မင်းဒီနေရာမှာပဲနေရင် ကောင်းမယ်။”

လုယွီက အေးစက်စွာပြောသည်။ ရုတ်တရက် သူက လက်ကိုဆန့်တန်းပြီး ထိုလူ၏ ခေါင်းကိုရိုက်ချ၏။ သာမန်လက်တစ်ဖက် ဆန့်ထုတ်လာသည်နှင့် တူသော်လည်း ထိုလူ့ဘက်ကမူ မျက်ဖြူလန်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလေသည်။ သူ၏ ဦးခေါင်းကပင် ထုံထိုင်းသွားရ၏။

“မင်း သေချင်နေတာပဲ။”

ရုတ်တရက် ထိုလူက လုယွီနှင့်အတူ သေရန်ဆုံးဖြတ်လိုက်တော့သည်။

“ချိတ်စည်းတံဆိပ်”

လုယွီက အနက်ရောင်ဝတ်စုံနှင့်လူ၏ ထိုးတက်နေသော အတွင်းအားများကို လက်ခုပ်ရိုက်တီးလျက် ငြိမ်သက်သွားစေလိုက်သည်။

“ဒါက ဘယ်လိုမှော်စွမ်းအားလဲ။”

ထိုလူ အလွန်ထိတ်လန့်သွားတော့သည်။ ထာဝရရှင်သန်သူကို အက်ကွဲစေနိုင်စွမ်း ရှိမည်ဆိုလျှင်ပင် သည်လိုမှော်စွမ်းအင်ကို မလုပ်နိုင်သင့်ပေ။

“ကောင်းပြီ၊ မင်းသိဖို့မလိုဘူး။”

လုယွီက ထိုလူ၏မျက်ခုံးထဲသို့ လက်ညှိုးညွှန်သည်။

“စိတ်ဝိဉာဉ်ရှာဖွေမှု”

လုယွီက စိတ်ဝိဉာဉ်ရှာဖွေသောသိုင်းကို တိုက်ရိုက်သုံး၍ ထိုလူ၏မှတ်ဉာဏ်များကို စစ်ဆေးသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးနှောက်တံခါးက ပွင့်ထွက်သွားပြီး သွေးကြောများက ထောင်ထလာသည်။ သူ၏ပါးစပ်မှ ငယ်သံပါအောင် အော်ဟစ်သံက ထွက်ပေါ်လာတော့၏။ တစ်ခဏခန့်ကြာပြီးနောက် လုယွီက ရပ်တန့်သွားသည်။ သူ ရပ်တန့်လိုက်သည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူ၏ခေါင်းက ပေါက်ကွဲသွားပြီး စိတ်ဝိဉာဉ်ကပင် ပျောက်ဆုံးသွား၏။

“ဒီရေခဲနယ်မြေက နတ်ဆိုးဘိုးဘေးတိရှားရဲ့အသိုက်ဟောင်းဖြစ်နေတာပဲ။”

လုယွီ၏မျက်နှာက မဲမှောင်သွားသည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ မှတ်ဉာဏ်မှတစ်ဆင့် လုယွီက ရေခဲနယ်မြေမှ စေလွှတ်ထားသော နတ်မင်းများစွာ၏အရေအတွက်ကို သိလိုက်ရသည်။ အမျိုးမျိုးသောနေရာများမှ သူတို့ဖမ်းနေကြသော ကလေးများအားလုံးက ရေခဲနယ်မြေသို့ အပို့ခံနေရခြင်းဖြစ်၏။

ထိုကလေးများအားလုံးက မျိုးစေ့အချခံရပြီး ပြန်အပို့ခံမည်ဖြစ်သည်။ ယခင်ကနှင့် ပြောင်းလဲသွားခြင်းမရှိပေ။ သို့သော် တိရှားနတ်ဆိုးဘိုးဘေးကမူ အတွင်းအားများကို စုပ်ယူလိုက်အုံးမည်ဖြစ်၏။ အချိန်တစ်ခုကြာသည့်အခါအရာအားလုံးက ပေါက်ကွဲသွားပြီး ရှေးဟောင်းနတ်ဆိုးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဆိုလိုသည်မှာ ကောင်းကင်နယ်မြေတွင် ရှေးဟောင်းနတ်ဆိုးများ၏ အသုံးချခြင်းကို ခံရမည်ဟုဆိုနေခြင်းဖြစ်၏။

“နှမြောစရာကောင်းတာက ငါ အခု နိယာမတွေကို အသုံးမပြုနိုင်သေးတာပဲ၊ အချို့လူတွေက ထာဝရရှင်သန်ကြမယ်ဆိုရင်တောင်မှ ငါက ဒီနတ်ဆိုးတွေကို တိုက်ရိုက်နှင်ထုတ်လို့ရတယ်။”

လုယွီက နောင်တရစွာ သက်ပြင်းချသည်။

အချိန်တစ်ခုကြာပြီးနောက် သူပို၍ဂရုစိုက်သင့်ကြောင်း တွေးလိုက်၏။ ထိုလူ၏မှတ်ဉာဏ်ထဲတွင် သူနှင့်ပတ်သက်သော ဖမ်းဝရမ်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုတိရှားဘိုးဘေးက သူ့ကိုလိုချင်နေ၏။

လုယွီက သဲလွန်စကိုရှာတွေ့ပြီးကတည်းက ထိုရှေးဟောင်းနတ်ဆိုးများက ဘိုးဘေးထံ သတင်းစကား ပေးပို့လောက်ပြီးလေပြီ။ လက်ရှိလုယွီက အရင်ထက် စွမ်းအားကြီးမားနေသော်လည်း ထိုဘိုးဘေးထက် အားနည်းနေသေး၏။

“ကြည့်ရတာ ငါ သူတို့ကို ရှောင်ဖို့နည်းလမ်းရှာရတော့မယ်။”

လုယွီက ရေရွတ်သည်။

…

လင်းရှန်းဂိုဏ်း

ရေခဲနယ်မြေမှ နတ်မင်းများနှင့်ပြည့်နှက်နေသည် လင်းရှန်းဂိုဏ်းမှ လူများအားလုံးက ရှုံးနိမ့်သွားပြီး နောက်ဆုတ်ကြရသည်။

သို့ရာတွင် လင်းရှန်းဂိုဏ်းက နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ခြင်းဖြစ်ကာ အကွာအကွယ်အခင်းအကျင်းများစွာ ရှိနေ၏။ ထို့ကြောင့် အချိန်အတန်ကြာ ခုခံနိုင်သေးလေသည်။

“ဒါက လျှိုရှန်းဖုန်းပဲ။”

ကောင်းချန်းက လျှိုရှန်းဖုန်းထံ အဆင့်မြင့် စိတ်ဝိဉာဉ်ကျွမ်းကျင်ပညာရှင်နှစ်ပါးနှင့် သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူပေးလိုက်သော တံဆိပ်ပြားကြောင့် သူက ယာယီအားဖြင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်အလား ဆက်ဆံခံရလေသည်။ ထိုအချိန်တွင် လျှိုရှန်းဖုန်းမှ ကျန်ရှိသော တပည့်ဂိုဏ်းသားများက အကာအကွယ်လွှာကို ဖွင့်ထားသည်။ သို့သော် အကာအကွယ်လွှာက တောင်၏အကာအကွယ်လွှာကို မယှဉ်နိုင်ပေ။ ကောင်းချန်းက လျှိုရှန်းဖုန်းကို လက်ညှိုးညွှန်လျက်အော်၏။

“လင်းရှန်းဂိုဏ်းက ကျန်ရှိနေတဲ့နတ်ဆိုးကောင်တွေ အထဲမှာရှိတယ်၊ အကြီးအကဲနှစ်ယောက် သူတို့ထဲက တစ်ယောက်ကိုမှ မလွှတ်ပေးသင့်ပါဘူး။”

“ဒါက အခင်းအကျင်းလေးပါပဲ။”

ရေခဲနယ်မြေမှ စွမ်းအားကြီးလူတစ်ယောက်က ဂါထာတစ်ခုကို မန်းမှုတ်လိုက်သည်။

ဟိန်းဟောက်သံနှင့်အတူ လျှိုရှန်းဖုန်းမှ တပည့်ဂိုဏ်းသားများ အားလုံးက မည်မျှပင်ကြိုးစားစေကာမူ သွေးအန်လိုက်ရလျက် ကြမ်းပြင်တွင် လဲသွားသည်။ အလွန်ကြီးမားသော ဝင်္ကပါအခင်းအကျင်းတွင် အက်ရာများ ပေါ်ထွက်လာတော့၏။

“ကောင်းချန်း ငါတို့ကြားမှာ ဘာမုန်းတီးမှုမှမရှိဘူး၊ မင်းဘာကြောင့် ငါတို့ကို ဒုက္ခပေးရတာလဲ။”

လျှိုရှန်းဖုန်းမှ တပည့်ဂိုဏ်းသားတစ်ယောက်က အော်သည်။

ကောင်းချန်းက ရယ်၏။

“ဟား ဟား မင်း အပြစ်တင်ချင်ရင် မင်းတို့ရဲ့စီနီယာအစ်ကိုကိုပဲ အပြစ်တင်တော့။”

ရုတ်တရက် လျှိုရှန်းဖုန်းထံမှ အလင်းများ ထွက်ပေါ်လာပြီး အဝေးသို့ပြေးသည်။ ဒါက လျှိုမူဖြစ်၏။

“ဆရာသခင် အဲဒီထွက်ပြေးသွားတဲ့တစ်ယောက်က လင်းရှန်းဂိုဏ်းက တပည့်ဂိုဏ်းသားတစ်ယောက်ပါ၊ သူ့ကို လွှတ်ပေးလို့မဖြစ်ဘူး။”

ကောင်းချန်းက အလောတကြီးအော်သည်

ရေခဲနယ်မြေမှ သန်မာသောလူက နှာခေါင်းရှုံ့လျက် လက်ကို ဆန့်တန်းလိုက်ချိန်တွင် လျှိုမူက ဖမ်းဆုပ်ခံလိုက်ရသည်။ ပေါက်ကွဲသံနှင့်အတူ လျှိုမူ၏တစ်ကိုယ်လုံးက လဲပြိုကျသွားလျက် ချက်ချင်းဆိုသလို ဒရွတ်တိုက်ဆွဲခံရ၏။

“မင်းက စွမ်းအားကြီးတယ်မဟုတ်လား၊ ငါ့ကိုတောင် တိုက်ခိုက်ရဲတယ်။ ငါ မင်းကို သေတဲ့အထိ နှိပ်စက်ပြမယ်။”

ကောင်းချန်း၏မျက်နှာက ရှုံ့တွသွားလျက် လျှိုမူ၏မျက်နှာကို ဖြတ်ရိုက်သည်။

အပိုင်း ၉၁၃

လျှိုမူက ရေခဲနယ်မြေမှ လူ၏ပြင်းထန်သောအားကြောင့် ဖိနှိမ့်ခံထားရကာ မလှုပ်ရှားနိုင်ပေ။ ထို့ကြောင့် ကောင်းချန်း၏အကန်အကြောက်ကို ခံရသော်လည်း မတိုက်ခိုက်နိုင်ပေ။

ထိုလူများက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ထျန်းချီရေကန်ရှိရာဘက်သို့ ကြည့်ကြ၏။

“တစ်ခုခုတော့ မှားနေပြီ။”

သူတို့ ခံစားချက်ဆိုးရွားနေကြ၏။ ထျန်းချီရေကန်ရှိရာဘက်ကို ကြည့်ပြီးနောက် ထိတ်လန့်မှုကို ခံစားရသည်။

“သံတမန်နဲ့ မြန်မြန်ဆက်သွယ်လိုက်”

ရေခဲနယ်မြေမှ ထိုလူကြီးက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူကို ဆက်သွယ်ရန်ကြိုးစားသည်။ သို့ရာတွင် ကြိမ်ဖန်များစွာ ဆက်သွယ်သော်လည်း မည်သူမျှ ပြန်မဖြေလာကြပေ။

“မင်းတို့ ဘယ်သူ့ကိုရှာနေကြတာလဲ။”

အနောက်ဘက်မှ အေးစက်သောအသံက ထွက်လာသည်။

သူ နောက်လှည့်ကာ ကြည့်လိုက်သည်။ တစ်စုံတစ်ယောက်က အနောက်တွင်ရပ်နေ၏။ ဒါက သူ၏ဘဝတွင် နောက်ဆုံးမြင်လိုက်ရသောအ ရာဖြစ်သည်။

လုယွီက သူ့အနောက်တွင်ပေါ်လာသည်နှင့် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်ကာ ထိုလူ၏စိတ်ဝိဉာဉ်ကို ရှာဖွေလိုက်ခြင်းဖြစ်၏။ အတိတ်မှ မှတ်ဉာဏ်များကို သူ ဖမ်းဆုပ်မိသွားသည်။

“သူတို့က ဘယ်လိုများ ရှေးဟောင်းနတ်ဆိုးတွေကို ကူညီပြီး သေမျိုးတွေရဲ့ဘဝကို ရင်းနေရတာလဲ၊ သေချင်နေကြတာကိုး။”

လုယွီ၏မျက်ဝန်းထဲ အေးစက်သောအလင်းများက လက်လာသည်။ ဝိဉာဉ်လောကတွင် သတ်ဖြတ်ခြင်းက သာမန်အရာဖြစ်၏။ သို့သော် သူတို့ ဘာမှ မလုပ်နိုင်သော သေမျိုးများကို သတ်ဖြတ်ခြင်းကမူ ပြစ်မှုဖြစ်သည်။

လုယွီက မှတ်ဉာဏ်ထဲမှ နတ်မင်းများစွာကို မြင်လိုက်ရသည်။ သူတို့က မှော်စွမ်းအားများဖြင့် သေမျိုးများ၏နေထိုင်ရာမြို့များကို တစ်မြို့ပြီးတစ်မြို့ သတ်ဖြတ်နေခဲ့၏။ သူတို့က စိတ်ဝိဉာဉ်များကို ရိတ်သိမ်းကာ စိတ်ဝိဉာဉ်လက်နက်အဖြစ် ပြောင်းသည်။ နောက်ဆုံးတွင် လုယွီက သည်လူများက ထိုအရာများကို ရှေးဟောင်းနတ်ဆိုးများထံသို့ ဆက်သခြင်းကို မြင်လိုက်ရသည်။

ရေခဲနယ်မြေတစ်ခုလုံးတွင် ဂိုဏ်းပေါင်းများစွာရှိသော်လည်း ရှေးဟောင်းနတ်ဆိုးများကို ပူဇော်ပသနေကြ၏။

“သေကြစမ်း။”

လုယွီ၏လက်ဖဝါးမှ ပြင်းထန်သောအားကို ရိုက်ထုတ်လိုက်လျက် ထိုလူ၏ကြားခံနယ်မြေများကို တိုက်ရိုက်ဖျက်ဆီးလိုက်ပြီး အသက်စွမ်းအားတိုင်းကို လှီးဖြတ်လိုက်တော့၏။ ထိုလူက သည်လိုဖြင့် နေရာတွင်ပင် သေသွားလေပြီ။

အခြားသော သန်မာသောလူကလည်း ချက်ချင်းဆိုသလို ထွက်ပြေးတော့၏။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ သူ ထွက်ပြေးရမည်ဖြစ်၏။

“သွားချင်တယ်ဟုတ်လား။”

လုယွီက‌ အေးစက်စွာအော်လျက် ထိုလူထွက်သွားရာဘက်သို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ခြိမ်း

ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သောအားက ကောင်းကင်တွင် ပြည့်နှက်သွားကာ ဖြတ်သန်းသွားလျက် ထိုလူ၏လမ်းကို တားသည်။ သည်နည်းအားဖြင့် တိုက်ရိုက် သူ့ကို ပိတ်ဆို့ခံလိုက်ရ၏။

ထိုလူက အော်ပင်မအော်နိုင်ခဲ့ချေ။ အကြောင်းမူကား သည်ဖိအား၏အောက်တွင် သွေးမြူများအဖြစ် ပြောင်းလဲသွားရသောကြောင့်ဖြစ်သည်။ ရေခဲနယ်မြေမှ နတ်မင်းတိုင်းက နေရာတွင်ပင် အေးခဲသွားကြပြီး စကားများ ပျောက်ဆုံးသွားကြသည်။

“တကယ်ပဲ သူတို့ရှေ့မှာ ဘယ်သူရောက်လာတာလဲ။”

“ထွက်သွားကြစမ်း။”

လုယွီ၏မှော်စွမ်းအားက လူတိုင်းအား မျက်လုံးနှင့်ပင် အသံပို့လွှတ်နိုင်သည်။

ပြင်းထန်သောဖိအားက ရေခဲနယ်မြေမှ နတ်မင်းများထံသို့ ရောက်လာချိန်တွင် သူတို့အားလုံးက ‌သွေးများအန်ထုတ်လိုက်ရသည်။ တစ်ယောက်ချင်းစီ လဲကျကုန်ကြ၏။

မော့တုန်းချင်နှင့်တိုက်ခိုက်နေသော လူက ပေါက်ကွဲသံ တစ်စုံတစ်ရာကို ကြားလိုက်ရဟန်ဖြင့် မြေပြင်တွင်လဲသွားသည်။

“ဘုန်းတော်ကြီးအဆင့်ထက် စွမ်းအားကြီးနေတာပဲ၊ မဟုတ်ဘူး၊ သူတော်စင်ထက် စွမ်းအားကြီးနေတယ်၊ မဟုတ်ဘူး သံတမန်အဆင့်ထက်တောင် စွမ်းအားကြီးနေနိုင်သေးတယ်၊ ဒီလိုလူမျိုးက ဘယ်လိုများ ပေါ်လာရတာလဲ။”

ထိုလူက အလွန်တုန်ယင်သွားပြီး ချက်ချင်းဆိုသလို လှည့်ပြေးတော့သည်။ သို့သော် သူ ဝေးဝေးမပြေးနိုင်ခင်မှာပင် နောက်ထပ်ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ဒါက သူ၏ကိုယ်အတွင်းမှဖြစ်၏။ ထိုအသံနှင့်အတူ သူ၏နှလုံးသားက ဖျက်ဆီးခံရပြီး အတွင်းအားများက ပျောက်ကွယ်သွား၏။

“ငါ့ကိုခွင့်လွှတ်ပါ။”

ထိုလူက ဒူးထောက်လျက် အော်ဟစ်တော့သည်။ သူ၏အသံက ဩရှနေ၏။ သို့သော် သူ၏ပါးစပ်မှ အနက်ရောင်အငွေ့များ ထွက်လာပြီး မြေပြင်တွင် လဲကျသွားသည်။ နောက်ဆုံးဝင်သက်အချိန်တွင် ကောင်းကင်တွင် ပြာရောင်အလင်းတန်းကို မြင်လိုက်ရသည်။ သည်နည်းအားဖြင့် သူ၏ကိုယ်က‌ ပျောက်ကွယ်သွားပြီး အရိုးစုသာကျန်ရစ်တော့၏။

ရေခဲနယ်မြေမှ ကျန်သောနတ်မင်းများအားလုံးက ဘာမှ မလုပ်ရဲကြတော့ပေ။ နေရာတွင်သာ ကျန်နေရစ်ကြသည်။ ချက်ချင်းဆိုသလို လင်းရှန်းဂိုဏ်းတစ်ခုလုံးက တည်ငြိမ်သွားတော့၏။

လက်ရှိလင်းရှန်းဂိုဏ်းတွင် အပျက်အစီးနှင့် လူသေအလောင်းများက ပြည့်နှက်နေသည်။ ယခင်ကကဲသို့ ခမ်းနားခြင်းပင်မရှိတော့ပေ။

လုယွီက မော့တုန်းချင်ထံသို့ လျှောက်သွားသည်။ ထိုလူက အနက်ရောင်တွင်းထဲတွင် ပျောက်ဆုံးနေပြီဖြစ်၏။

“အဟွတ် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

သူ အနားသို့ရောက်သွားမှသာ သေလုနီးပါးဖြစ်နေကြောင်းသာ မြင်လိုက်ရ၏။ မော့တုန်းချင်က ချောင်းဆိုးပြီးနောက် မောပန်းပင်ပန်းစွာပြောသည်။

လုယွီက ဖျော့တော့စွာပြောသည်။

“ငါ့ကိုကျေးဇူးတင်ဖို့ မလိုဘူး၊ ငါက ခင်ဗျားတို့ရဲ့ ထျန်းချီကန်ကိုသုံးပြီး အတွင်းအားဖြည့်တင်းခဲ့တာပဲ။"

လုယွီက ဆေးတစ်လုံး ထုတ်ပေးသည်။ ထိုလူ၏ပါးစပ်ထဲ ထည့်ပေး၏။

“ဒါက ခင်ဗျားအတွက်ဆုလာဘ်”

မော့တုန်းချင်၏မျက်လုံးများက‌ မှေးမှိန်နေခဲ့ပြီးသားဖြစ်သည်။ သို့သော် ထိုဆေးလုံးက ကိုယ်အတွင်း ဝင်သွားသည်နှင့်မျက်လုံးက တောက်ပသွားသည်။

“ဂမ္ဘီရဆေးလုံး”

အပိုင်း ၉၁၄

ထိုထူးချွန်ပြောင်မြောက်သောဆေးက ကုန်ဆုံးသွား‌သော စွမ်းအားတိုင်းကို ပြန်ပြည့်သွားစေခဲ့သည်။

“ခင်ဗျားရဲ့နှလုံးသားနဲ့ စိတ်ဝိဉာဉ်ကို ပြေလျော့ထားလိုက်၊ ကျွန်တော် ခင်ဗျားကို သိုင်းစွမ်းရည်တစ်ခုပေးခဲ့မယ်။”

လုယွီက မော့တုန်းချင်၏မျက်ခုံးကြားကို တို့လိုက်သည်။ ထိုတစ်ခဏတွင် သိုင်းအပိုင်းအစတစ်ခုက မော့တုန်းချင်၏စိတ်အတွင်း ဝင်ရောက်လာသည်။ အချိန်တစ်ခုကြာပြီးနောက် လုယွီက သိုင်းကို လက်ဆင့်ကမ်းပေးခြင်းပြီးသွားပြီး လက်ပြန်ရုတ်သည်။

မော့တုန်းချင်က ခေါင်းကိုမော့ပြီး အလင်းရောင်ဖျတ်ခနဲ လက်သွားလျက် ချက်ချင်းဆိုသလို ဦးညွှတ်လိုက်ကာပြောသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ"

“အလယ်အလတ်အဆင့်တစ်ယောက်ကို သတ်နိုင်ပြီး ရေခဲနယ်မြေက တော်ဝင်သံတမန်ကိုတောင် သေခြင်းရှင်းခြင်းဆုံးဖြတ်ပေးနိုင်တဲ့ ဒီလူငယ်က တကယ်ကို အဆင့်လွန်ဖြစ်တည်မှုကြီးပဲဖြစ်ရမယ်။”

သူက တွေးသည်

လုယွီက ပြောသည်။

“ဒီသိုင်းကို ခင်ဗျား ကောင်းကောင်းကျင့်ကြံပါ၊ ဒီလိုဆိုရင် ခင်ဗျားရဲ့အနာဂါတ်အတွက် အဆင်ပြေလာလိမ့်မယ်။”

သည်ဓါးသိုင်းကို ထျန်းဖုန်းဓါးသိုင်းဟုခေါ်သည်။ သို့သော် တယွီသိုင်းများထဲတွင် ထိပ်တန်းအဆင့်တစ်ခုဖြစ်နေသေး၏။ ကောင်းကင်ဘုံနယ်မြေတွင်ပင် သည်သိုင်း တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် သွေးမုန်တိုင်းတိုက်လေ့ရှိသည်။

မော့တုန်းချင်က အနည်းငယ်ကြောင်တောင်တောင်ဖြစ်သလို ခံစားရသည်။ သည်သိုင်းက အလွန်အဖိုးတန်လွန်းသည်ဟု သူ သိ၏။ ထို့ကြောင့် သူ၏တစ်ကိုယ်လုံးက စိတ်လှုပ်ရှားလာပြီး တုန်ယင်လာတော့သည်။

“အကြီးအကဲ ကျွန်တော်ဒီကျေးဇူးကို မမေ့ပါဘူး။”

မော့တုန်ချင်က တစ်ဖန်ကျေးဇူးတင်သည်။

လုယွီက လက်ကာပြလျက် ပြောသည်။

“ကိစ္စမရှိဘူး၊ ခင်ဗျားရဲ့ လင်းရှန်းဂိုဏ်းက ငါ့ကိုအတွင်းအားတွေ ပြန်ရအောင် ကူညီပေးနိုင်ခဲ့တယ်။”

လုယွီက ထျန်းချီထံမှ ရခဲ့သော အမွေအနှစ်နှင့်နှိုင်းယှဉ်သော် သည်သိုင်းက ပြောပြလောက်ခြင်းမရှိပေ။

ခရက်

ရုတ်တရက် အက်ကွဲသံ ထွက်ပေါ်လာသည်။ မူလက လျှိုမူက ကောင်းချန်းကို ဖမ်းချုပ်ထားခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန် မျက်နှာကို ဖြတ်ရိုက်ခံနေရ၏။

ကောင်းချန်း၏မျက်နှာက ရောင်ကိုင်းလာသည်။ သူကိုယ်ကလည်း ကျိုးကြေနေသကဲ့သို့ ရောင်ကိုင်းဖူးယောင်နေတော့၏။

“ဆရာ ဒီသစ္စာဖောက် ခေါ်လာခဲ့ပါပြီ။”

လျှိုမူက ကောင်းချန်း၏ခေါင်းကို ကိုင်ထားလျက် မြေပြင်နှင့်မျက်နှာ အပ်သွားစေသည်။

ကောင်းချန်း၏တစ်ကိုယ်လုံးက စုတ်ပြတ်သတ်နေခဲ့၏။ မော့တုန်းချင်ကို မြင်သောအခါ သူက ကျောချမ်းသွားသလိုခံစားရသည်။

“ဆရာ ကျွန်တော့်ကို ခွင့်လွှတ်ပါ။”

မော့တုန်းချင်က သူ့အားမကြည့်ပေ။

“သူ့ရဲ့စိတ်အခြေအနေက မသန့်စင်ဘူး၊ သုတ်သင်လိုက်တော့။”

“ဟုတ်ကဲ့”

လျှိုမူ၏မှော်စွမ်းအင်များက လက်ဖဝါးတွင်း စုစည်းလာပြီးနောက်တွင် ကောင်းချန်းကို တစ်ချက်ရိုက်ချလိုက်သည်။ သည်နည်းအားဖြင့် တိုက်ရိုက်သေသွားတော့၏။

ကောင်းချန်းကို သတ်ပြီးနောက် လျှိုမူက လုယွီ၏အရှေ့တွင် ဒူးထောက်ကာ ခေါင်းကိုငုံ့လိုက်သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော် ထျန်းချီရေကန်ကိုလာပြီး အကြီးအကဲကို နှောင့်ယှက်မိသလိုဖြစ်ခဲ့ပါသေးတယ်၊ အဲဒီအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

သူ၏အမြင်တွင် ရက်စက်မှုက ဖျတ်ခနဲလက်သွားသည်။ ရုတ်တရက် ဘယ်ဘက်လက်က ဓါးတစ်ချောင်းအဖြစ် ပြောင်းသွားကာ သူ၏ညာဘက်လက်ကို ခုတ်ဖြတ်တော့၏။ လျှိုမူ၏ညာဘက်လက်က ပြတ်တောက်သွားပြီး သွေးများက ပန်းထွက်လာတော့သည်။ လျှိုမူက ပြင်းထန်သောနာကျင်မှုကို ခံစားရပြီး တစ်ကိုယ်လုံးက တုန်ခါသွား၏။ သို့တိုင်အောင် သူက ရပ်နေသေးသည်။

လုယွီက သူ့အား တစ်ချက်ကြည့်သည်။

“ငါက အဲဒီကိစ္စကို ဂရုမစိုက်ဘူး၊ မင်းဘာသာ လုပ်လိုက်တာပဲ။”

လျှိုမူ ချွေးပြန်နေသည်။ သို့ရာတွင် သူက လုယွီကို အလွန်လေးစားနေ၏။

လုယွီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက်ပြောသည်။

“ငါ ခင်ဗျားတို့အတွက် တောင်ကို အကာအကွယ်လွှာခင်းကျင်းပေးခဲ့မယ်၊ လင်းရှန်းဂိုဏ်းက ဒီနေ့ကစပြီး ဒီနေရာကိုစောင့်ကြပ်လိုက်တော့။”

ထို့နောက် လုယွီက လက်ချောင်းကို လှုပ်ရှားလိုက်ချိန်တွင် အလွန်ပြင်းထန်သော မှော်စွမ်းအားများက သူ၏လက်ဖဝါးမှ ပေါက်ထွက်လာသည်။ ထို့နောက် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွား၏။ မရေမတွက်နိုင်သော နဂါးပေါင်းများစွာ၏ အော်ဟစ်သံက မြေကမ္ဘာထဲမှ တုန်ဟီးထွက်လာသည်။ နဂါးချီများစွာက လင်းရှန်းဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားကာ ကောင်းကင်သို့ ထိုးတက်သွား၏။

အပိုင်း ၉၁၅

“ဘာဖြစ်တာလဲ။”

“မြေကြီးက ရွေ့နေတယ်။”

ဘုန်းတော်ကြီးများအားလုံး ထိတ်လန့်သွားကြသည်။ သူတို့၏အမြင်တွင် လင်းရှန်းဂိုဏ်းတောင်တစ်ခုလုံးကို ဝိုင်းပတ်နေသော နေရာတစ်လျှောက်ရှိ မြေပြင်တိုင်းမှ အလွန်မြင့်မားသော ကျောက်တုံးရုပ်ထုများ ထွက်လာကြောင်းမြင်လိုက်ရ၏။ ထိုရုပ်ထုများ၏အရှိန်အဝါဖြင့် အလွန်ပြင်းထန်သော စိတ်ဝိဉာဉ်စွမ်းအားများက ပျံ့လွင့်လာတော့သည်။

မော့တုန်းချင်က အလွန်အံ့ဩသွားသည်။ အခြားသော တပည့်ဂိုဏ်းသားများကလည်း သည်လိုအခြေအနေကို ရှင်းလင်းစွာ မမြင်လိုက်ကြသော်လည်း သူကမူ ထောင့်တိုင်းနေရာတိုင်းတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို မြင်နိုင်၏။

“ဒီအခင်းအကျင်းက စွမ်းအားအကြီးဆုံးပဲ၊ ဒါကို ခင်ဗျားကို ပေးခဲ့မယ်၊ လင်းရှန်းဂိုဏ်းကို ထိန်းသိမ်းပေးထားပါ။”

လုယွီက ပြောသည်။

မြောက်ပိုင်း အပျက်အစီးနယ်မြေ …

လုယွီ၏ပုံရိပ်က ထိုနေရာတွင် ဖျတ်ခနဲပေါ်လာသည်။ သူက လင်းရှန်းဂိုဏ်းမှ သည်နေရာသို့ ဆက်တိုက်လာခဲ့ခြင်းဖြစ်၏။ ဆယ်ရက်ခန့်ပင်ကြာသွားသည်။ မြောက်ပိုင်းနယ်မြေက အလွန်ကျယ်သည်။ ကလန်ပေါင်းများစွာ၊ ဂိုဏ်းပေါင်းများစွာနှင့် သေမျိုးနယ်မြေများစွာရှိ၏။ သူက လက်ရှိအချိန်တွင် နတ်ဘုရားအဆင့်၏ အလယ်အလတ်အဆင့်တွင်ရှိနေသည်။ သို့တိုင်အောင် သည်နေရာသို့ အချိန်အတန်သုံးကာ ဖြတ်သန်းလာရသေးသည်။

လုယွီက လမ်းတစ်လျှောက်လုံးတွင် မရေမတွက်နိုင်သောတိုက်ပွဲများကို မြင်ခဲ့သည်။

ရှေးဟောင်းနတ်ဆိုးများ၏ ထိန်းချုပ်မှုအောက်တွင် ရေခဲနယ်မြေက နေရာတိုင်းကို သိမ်းယူရန်ကြိုးစားနေခဲ့၏။ မြောက်ပိုင်းနယ်မြေ၊ဘုန်းတော်ကြီးများ၏ ဂိုဏ်းများပင်ဖြစ်စေ၊ သေမျိုးများ၏တိုင်းပြည်များပင်ဖြစ်စေ အားလုံးက ဖျက်ဆီးခံနေရသည်။

“ငါ လင်းရှန်းဂိုဏ်းမှာ ချခင်းပေးထားခဲ့တဲ့ အခင်းအကျင်းက သူတို့ကို အသက်ရှင်အောင် ထိန်းပေးထားနိုင်မှာပါလေ၊ လင်းရှန်းဂိုဏ်းက အဲဒီနေရာမှာ ရှိနေသမျှကာလပတ်လုံး ငါ ဒီခန္ဓာကိုယ်ကို တည်ဆောက်ပြီးတာနဲ့ အမွေအနှစ်ကို သွားပြန်ယူနိုင်ပြီ။”

ထိုသို့တွေးပြီးနောက် လုယွီက သူ့နှလုံးသားထဲတွင် ထောင်ပေါင်းများစွာ ဖြစ်တည်နေခဲ့သော ဆန္ဒတစ်ခုကို ခံစားလိုက်မိသည်။ သူကသာ နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့မည်ဆိုလျှင်ပင် အားလှိုင်းများစွာကို ဖန်တီးနိုင်မည်မထင်ပေ။

ဒါက ရှေးဟောင်းတာအိုပညာရှင် ထာဝရရှင်သန်သူ၏အမွေအနှစ်ဖြစ်သည်။ သူက အစစ်အမှန်ထာဝရရှင်သန်သူများဖြစ်ပြီး လက်ရှိကဲ့သို့ ပုံရိပ်ယောင်ထာဝရရှင်သန်သူများ မဟုတ်ပေ။

နောက်ဆုံးမျိုးဆက်တွင်ဆိုလျင် လုယွီက ထောင်ကျွင်းနယ်မြေအဆင့်သို့ ရောက်ရှိခဲ့သော်လည်း အသက်ရှည်ရှည်မနေခဲ့ရပေ။

“ရှေးဟောင်းတာအိုပညာရှင်တွေနဲ့ ထာဝရရှင်သန်သူတွေရဲ့အမွေအနှစ်ကိုသာ ရသွားခဲ့မယ်ဆိုရင် အနာဂါတ်မှာ ကောင်းကင်ဘုံအဆင့်ကို ရောက်နိုင်ပြီ၊ မဟာယွီမင်းဆက်ကတောင်မှ ငါ့ကို သတ်နိုင်တော့မယ်မထင်ဘူး။”

“ဒါပေမယ့် အခုစောပါသေးတယ်၊ ငါက မြို့ပေါင်း ၁၇၀ လောက်ကို ဖြန့်ကျက်နိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နှင့်နေပြီးပြီ၊ ငါ့ရဲ့အောင်မြင်မှုကိုရရှိဖို့အတွက် ဘယ်လိုအခြေအနေကို ကျော်ဖြတ်ရအုံးမလဲဆိုတာ မသိနိုင်သေးဘူး။”

လုယွီက လက်ကိုရမ်းလိုက်ပြီးနောက် ပြင်းထန်သောအားကို ထုတ်ဖော်လိုက်သည်။ ရှန်းချွမ်နယ်မြေတွင် မြို့ပေါင်း ၁၇၀ စာမျှ ကြီးမားသောရေကန်က အလွန်တောက်ပသထက် တောက်ပလာသည်။ ထိုစွမ်းအားများက သည်နယ်မြေမှသူ၏စိတ်ဝိဉာဉ်ကို သန့်စင်ပေး၏။ သာမန်ဘုန်းတော်ကြီးများကပင် သူ့ကို မယှဉ်နိုင်ကြပေ။

ထိုအချိန်တွင် လုယွီ၏စိတ်ဝိဉာဉ်စွမ်းအင်က တစ်စုံတစ်ရာကို သတိထားမိသွားသည်။ အဝေးတွင် လူတစ်စု တိုက်ခိုက်နေ၏။ ကြည့်ရသည်မှာ ရေခဲနယ်မြေမှ ဘုန်းတော်ကြီးများက သတ်ဖြတ်နေဟန်ရသည်။ အလောင်းများနှင့် သွေးများက နေရာအနှံ့ပြန့်ကျဲနေ၏။ ထိုသွေးများက မခြောက်ကပ်သေးပေ။ ထိုလူများက သေကာစဖြစ်လောက်၏။

“ကြည့်ရတာ မြောက်ပိုင်းနယ်မြေက လုစံအိမ်နယ်မြေအကန့်အသတ်အထိ ရောက်လာတာပဲ၊ ဘာလို့မြောက်ပိုင်းနယ်မြေက အစီအစဉ်မကျဖြစ်လာတာလဲ၊ လုစံအိမ်က ကွာခြားသွားတာလား။”

လုယွီက တစ်စုံတစ်ရာကို ခံစားလိုက်မိသည်။

သူက သူတော်စင်တစ်ပါးမဟုတ်ပေ။

ရှေးဟောင်းနတ်ဆိုးများက သာမန်ဘုန်းတော်ကြီးများကို သိမ်းသွင်းနိုင်သော်လည်း သူကရည်ရွယ်ချက်မရှိ လိုက်မမေးနိုင်သေးပေ။

သို့သော် ရုတ်တရက် လုယွီ၏စိတ်ဝိဉာဉ်က တုန်ခါသွားသည်။ ထိုတစ်ခဏတွင် ထွက်ပြေးသွားသော ဘုန်းတော်ကြီးများအဖွဲ့ထဲတွင် အလွန်ရင်းနှီးသောခံစားချက်ကို ရလိုက်သည်။

“ဒါက …”

လုယွီက ထိုနေရာသို့ တုံ့ဆိုင်းမနေဘဲ ပျံသန်းသွားလိုက်သည်။

…

ကန္တာရနှင့် သိပ်မဝေးသောနေရာတွင် လူသေအလောင်းများက မြေပြင်တွင် ပျံ့နှံ့နေသည်။ ထိုနေရာက တိတ်ဆိတ်နေ၏။ မှော်စွမ်းအင်များကို ရုန်းကန်တိုက်ခိုက်နေရသော လူအိုကြီးတစ်ယောက်၏ကိုယ်တွင် ဒဏ်ရာများက ပြည့်နှက်နေသည်။ ထိုလူအိုကြီး၏အနောက်တွင် အမျိုးသမီးတစ်ယောက်ရှိသည်။

ထိုအမျိုးသမီးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဆံထုံးထုံးထား၏။ သူမက ကြော့ရှင်းကြည့်ကောင်းသည်။

လက်ကောက်ဝတ်ကမူ သွေးထွက်နေပြီး မျက်နှာက ဖြူဖျော့နေသည်။

“ငါတို့ချူမိသားစုရဲ့သခင်မလေးနောက်ကို လိုက်ရဲတယ်လား၊ မင်းတို့ ငါ့ရဲ့ဘိုးဘေးတွေကို ဒေါသထွက်စေမှာ မကြောက်ဘူးလား။”

လူအိုကြီးက သွေးအန်လျက်အော်သည်။

သူ၏အရှေ့တွင် ဘုန်းတော်ကြီး၇၈ ပါးရှိနေကြ၏။ အားလုံးက ထုတ်ဖော်နေသော အရှိန်အဝါဖြင့်ပင် ထိုလူအိုကြီးကို အေးစက်စွာကြည့်နေကြ၏။

“ကျွန်အိုကြီး အချိန်ဖြုန်းမနေနဲ့ မင်းရဲ့ချူမိသားစုက ထန်မိသားစုက ဘုရင်ကို ယှဉ်နိုင်မယ်လို့ထင်နေလား ဟား ဟား ခင်ဗျားတို့အဖိုးကြီးက သေခါနီးအခြေအနေ ရောက်နေပြီ၊ ဘယ်သူက လာကယ်မှာလဲ။”

ဘုန်းတော်ကြီးက ရိုင်းစိုင်းစွာရယ်သည်။

ထိုလူအိုကြီးက ဒေါသတကြီးအော်တော့၏။

“လုမိသားစု ရှိတယ်၊ငါ့ရဲ့အကြီးဆုံးသခင်မလေးက လုမိသားစုရဲ့ အဓိက အသက်သွေးကြောနဲ့ စေ့စပ်ထားတဲ့သူပဲ၊အထူးသဖြင့် သူတို့ရဲ့ အကြီးဆုံးသားပေါ့ ၊ မင်းတို့ သူမကို လှုပ်ရှားရဲတယ်လား။

“လုမိသားစုဟုတ်လား။”

ဘုန်းတော်ကြီးများက အချင်းချင်းကြည့်လိုက်ပြီး တုံ့ဆိုင်းသွားကြ၏။ သို့ရာတွင် တုံ့ဆိုင်းမှုက ကြာရှည်မခံပေ။

“ဟား ဟား မင်းကို သတ်လိုက်ရင် လုမိသားစုက ဘယ်လိုသိသွားမှာလဲ၊ အဖိုးကြီး ပေါက်ကရတွေ ပြောမနေနဲ့တော့ လုမိသားစုရဲ့ချွေးမဖြစ်တယ်ဆိုကတည်းက ပါးစပ်ပိတ်အောင် သတ်သင့်နေပြီ။”

All Chapters