← Chapters

အခန်း (၉၁၆-၉၂၀)

Vol. 49 Ch. 916-920

အခန်း (၉၁၆-၉၂၀)

Vol. 49 Ch. 916-920

အပိုင်း ၉၁၆

သူတို့ ထိုစကားကိုကြားသောအခါ လူအိုကြီး၏အမူအရာက ပြောင်းလဲသွားသည်။

“သခင်မလေး သွားပါတော့။”

လူအိုကြီးက ရုတ်တရက် သွေးများ အန်ထုတ်လိုက်သည်။ သူက သည်တစ်ကြိမ်တွင် ဂါထာတစ်ပုဒ်ကို ထုတ်ဖော်နေခြင်းဖြစ်ပြီး အလွန်ပြင်းထန်သော ထူးဆန်းသည့်စွမ်းအားများကို ထုတ်ဖော်လိုက်ကာ သူ၏ကိုယ်အတွင်းမှ ထိုအရှိန်အဝါများက ပျံ့လွင့်လာတော့၏။

“အသက်စွမ်းအားကို လောင်ကျွမ်းစေတာက အချိန်ဆွဲဖို့ပဲတတ်နိုင်တယ်။”

ထိုဘုန်းတော်ကြီးများက ရယ်သထက်ရယ်နေကြသည်။ သူတို့က မှော်စွမ်းအင်သိုင်းများကို ထုတ်သုံးလိုက်လျက် ထိုလူအိုကြီးကို ရိုက်ချလိုက်ကြ၏။

ထိုလူအိုကြီးက မီးစာကုန်သောဆီမီးကဲ့သို့ ဖြစ်နေလေပြီ။ သည်လိုမှော်စွမ်းအားများ ရိုက်ချက်အောက်တွင် သူ၏ကိုယ်က ကျိုးပျက်သွားကာ မြေပြင်တွင် လဲကျသွားတော့၏။ အမျိုးသမီးက သည်အခြေအနေကိုမြင်သောအခါ မှော်စွမ်းအင်များကို ထုတ်ဖော်ကာ ထိန်းချုပ်လိုက်လျက် ထိုဘုန်းတော်ကြီးထံသို့ ပြေးဝင်သွားတော့၏။

“ဟင်း ဒီလိုအခြေအနေရောက်နေတာတောင်မှ ငါတို့ကို တိုက်ရိုက်ရဲသေးတယ် ဟုတ်လား။”

ဘုန်းတော်ကြီးများထဲမှ တစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ချောင်းများထိပ်တွင် ဓါးတစ်ချောင်းကို ထုတ်ဖော်လိုက်ကာ ထိုအမျိုးသမီးထံ ပစ်လွှတ်လိုက်သည်။

ထိုအမျိုးသမီးရှေ့သို့ ဓါးက တောက်လျှောက်ရောက်သွားခဲ့ပြီး သူမကို ချက်ချင်းသတ်ဖြတ်လိုက်နိုင်၏။

ခြိမ်း

သို့သော် ထိုအချိန်တွင်ပင် ထိုဓါးက လေထဲတွင်ရှိနေချိန်မှာပင် အစိတ်စိတ်အပိုင်းပိုင်းအဖြစ် ပေါက်ကွဲသွားတော့သည်။

“ဘယ်ကောင်လဲ။”

ထိုဘုန်းတော်ကြီးက အံ့ဩသွားပြီး တစ်ချက်လှည့်ကြည့်သည်။

ကန္တာရတစ်နေရာတွင် ရုတ်တရက် လူငယ်တစ်ယောက်က ဖြေးညှင်းစွာ သဲပြင်ပေါ်လျှောက်လာကြောင်းကို မြင်လိုက်ရသည်။ သူ၏အမူအရာက တည်ငြိမ်သည်။ သို့သော် မျက်ဝန်းများကမူ အေးစက်နေပြီး ဘုန်းတော်ကြီးကို တုန်ယင်သွားစေခဲ့သည်။

“သရဲတစ်ကောင်လို လာဟန်ဆောင်မနေနဲ့၊ သေချင်နေတာလား။”

ထိုဘုန်းတော်ကြီးက ဟိန်းဟောက်လိုက်ကာ အမျိုးမျိုးသောဘက်တိုင်းမှ ဓါးအစင်းပေါင်းများစွာ ထွက်ပေါ်လာလျက် ထိုလူ့ထံ တိုးဝင်သွားစေလိုက်သည်။

လုယွီက ထိုဓါးများကို ပေါ့ပါးစွာကြည့်ပြီး သက်ပြင်းချသည်။ ထိုသက်ပြင်းချမှုက ကန္တာရတစ်ခုလုံး ပွင့်ထွက်သွားအောင် လုပ်နိုင်စွမ်းရှိ၏။ ထိုအသံက ကြီးမားသည်ဟု မထင်ရသော်လည်း ထိုဘုန်းတော်ကြီး၏စိတ်ထဲတွင် လေးလံသွားစေခဲ့သည်။ ဒါက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းနေခဲ့၏။

ထိုဘုန်းတော်ကြီးက သည်ဖိအားကို မခံနိုင်ဘဲ သွေးအန်ထုတ်လိုက်ရသည်။

“မင်းက ဘယ်သူလဲ၊ ငါတို့က ရေခဲနယ်မြေက တစ္ဆေဘုရင်လက်အောက်ကပဲ။”

ထိုဘုန်းတော်ကြီးက အော်သည်။

လုယွီက သူ့ကို တစ်ချက်ကြည့်ပြီးနောက် လက်ကိုရမ်းသည်။

“ဆူလိုက်တာ။”

ဘာမှော်စွမ်းအားလှိုင်းမှ ထွက်မလာခဲ့ပေ။ သို့သော် ယပ်ခတ်လိုက်သလို တစ်ဖက်ကိုသာ ရမ်းခါလိုက်ခြင်းဖြစ်၏။ သို့တိုင်အောင် လေပြင်းက မာကြောသွားပြီး ထိုဘုန်းတော်ကြီးမျက်နှာကို အလိုလိုဖြတ်ရိုက်လာလေသည်။

ထိုဘုန်းတော်ကြီးကလည်း လုယွီက သည်လိုလုပ်လာမည်ဟု မထင်ထားမိသည့်အတွက် မရှောင်နိုင်ခဲ့ချေ။ လေပြင်းက သူ့မျက်နှာကို ဖြန်းခနဲရိုက်လိုက်၏။

ထိုဘုန်းတော်ကြီးက တိုက်ရိုက်ပင် လွင့်ထွက်သွားကာ သွေးမြူအဖြစ် ပြောင်းလဲသွားတော့သည်။

“ဘာ”

တစ်ချက်ရိုက်ရုံမျှဖြင့် မမျှော်လင့်ထားစွာပင် သူတို့ထဲမှ တစ်ယောက်က သေသွားခဲ့လေပြီ။ လေထုကပင် လူတစ်ယောက်အား သတ်နိုင်၏။

“ဒါ ဒါ လူမှ ဟုတ်ရဲ့လား။”

“သူက အစွမ်းထက်ဆုံး စိတ်ဝိဉာဉ်အဆင့်ဖြစ်ရမယ်၊ ပြေးကြတော့။”

အခြားသူများအားလုံးကလည်း ကြောင်တောင်တောင်ဖြစ်နေရာမှ အသိဝင်လာကြပြီး ထွက်ပြေးကြတော့သည်။ သည်နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ မတိုင်မီက လူအိုကြီး၏အနားတွင် ဆောင့်ကြောင့်ထိုင်ကာ ရှိနေခဲ့သောအမျိုးသမီးက မျက်လုံးဖွင့်ကာ သေဆုံးနေသော လူအိုကြီးကိုကြည့်သည်။ သူမက လူအိုကြီး၏မျက်လုံးများကို မှိတ်ပေးပြီးနောက် မတ်တပ်ထရပ်ကာ လုယွီကို ဦးညွှတ်၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

အပိုင်း ၉၁၇

လုယွီက မေးသည်။

“မင်းက ချူမိသားစုကလား။”

“ကျွန်မက ချူမိသားစုကပါ၊ ကျွန်မကို ချူယွီယူလို့ခေါ်ပါတယ်။”

အမျိုးသမီးက နူးညံ့စွာပြောသည်။ လုယွီက သူမရှေ့တွင်ရပ်လျက် သူမကို ကြည့်သည်။ လက်ရှိသူမက သူနှင့်ရွယ်တူဖြစ်၏။ သို့သော် မသေဆုံးခင်က ထိုလူအိုကြီး ပြောသွားသောစကားများကို လုယွီ ဆက်စပ်တွေးမိသွားသည်။

နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သောအခါ သူမ၏လည်ပင်းမှ ကျောက်စိမ်းသော့ကလောက်ပုံစံ ဆွဲကြိုးကို မြင်လိုက်ရသည်။

သူ လက်ကိုဆန့်တန်းကာ ထိုအရာကို ထိတွေ့လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို ရလိုက်၏။ ထိုခံစားချက်က နှလုံးသားထဲမှ လာသည်။ သည်ကျောက်စိမ်းသော့ကလောက်က သူ့တွင်လည်း ရှိခဲ့၏။

အတိတ်တွင် သူ တာအိုပိုင်းနယ်မြေတွင်ရှိခဲ့ချိန်က လုခိုင်ရှန်းက သူ့ကို တစ်ကြိမ်ပြောခဲ့ဖူးသည်။ ကျုံးတုတွင် သူနှင့်ရွယ်တူငယ်စဉ်ကတည်းက စေ့စပ်ထားသော ဇနီးလောင်းတစ်ယောက်ရှိဖူးသည်ဟု ဆိုသည်။

ချူမိသားစုမှဖြစ်ပြီး ထိုအမျိုးသမီးက ချူမိသားစု၏အကြီးဆုံးသမီးဖြစ်သည်ဟု ပြောသည်။ ဒါက သူ၏တိုက်ရိုက်မျိုးဆက်မှ အကြီးဆုံးသားဟူသော နောက်ခံနှင့်လိုက်ဖက်ညီ၏။

“ကြည့်ရတာ တိုက်ဆိုင်တာပဲ။”

လုယွီက သက်ပြင်းချသည်။

လုယွီ၏လက်က ထိုကျောက်စိမ်းသော့ကလောက်ကို ကိုင်ထားသည်။ သို့သော် ချူယွီယူ၏ လှပသောမျက်နှာက နီရဲလာခြင်းကို သတိမထားမိပေ။

သူမ၏မျက်နှာက ရုတ်တရက် ပူပြင်းလာ၏။

လုယွီ၏လက်က ရင်ဘတ်နှင့် အနည်းငယ်မျှသာဝေးတော့သည်။ ချူယွီက ရှက်ရွံ့သွားသည်။ သို့သော် ဘာစကားမျှ မဆိုရဲပေ။ လုယွီက တစ်စုံတစ်ရာ လုပ်လာလျှင် သူမ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် လုယွီက လက်ကို ချက်ချင်းပြန်ရုတ်သွား၏။

ချူယွီယူ၏မျက်ခုံးများက လှုပ်ခါသွားသည်။ သူမ မနေနိုင်ဘဲမေးလိုက်မိ၏။

“ရှင်က ဒီတံဆိပ်ပြားအကြောင်း သိနေတာပါလား။”

လုယွီ၏မျက်နှာက တည်ငြိမ်နေသည်။

“ချူမိသားစုက ဘိုးဘေးတွေက ငါ့အပေါ် ကူညီခဲ့ဖူးတယ်။"

အတိတ်တွင် လုခိုင်ရှန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ချိန်တွင် သူ့အသက်က သေလုနီးပါးအခြေအနေတွင် ရှိနေခဲ့သည်။ ချူမိသားစု၏ ဘိုးဘေးကသာ ဆေးလုံးများဖော်စပ်ပြီး မတိုက်ခဲ့လျှင် သူ သေသွားလောက်၏။

“ဒီလောက်ကြီးမားတာလား။”

ချူယွီယူ၏ခံစားချက်က ထူးဆန်းခြင်းမရှိပေ။ သူမ၏အဖိုးဖြစ်သူက မြောက်ပိုင်းနယ်မြေမှ တန်အဆင့် အဂ္ဂိရက်ပညာရှင်တစ်ပါးဖြစ်သည်။ မရေမတွက်နိုင်သော လူများစွာကို ကယ်တင်ခဲ့ဖူး၏။ သူမက လုယွီကို အကြိမ်အနည်းငယ်ကြည့်လိုက်မိသည်။ ထိုလူက ကြောက်မက်ဖွယ်ကောင်းသော်လည်း သူမနှင့်သက်တူရွယ်တူမျှသာဖြစ်သေး၏။ သူ၏လက်များရမ်းရုံမျှဖြင့် လူပေါင်းများစွာကို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ သူ မည်သို့ကျင့်ကြံခဲ့ကြောင်းကိုပင် သူမ မသိတော့ပေ။

“ကျွန်မက ကျုံးတုကနေ လာပြီး မိသားစုဆီကို ပြန်မလို့ပါ၊ ဒါပေမယ့် မထင်ထားဘဲ ရေခဲနယ်မြေက ဘုန်းတော်ကြီးတွေက ဒီနေရာကိုရောက်နေခဲ့ကြတယ်၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ မိသားစုကိုအလျင်အမြန်ပြန်ပြီး အကြောင်းကြားရပါမယ်၊ ရှင့်ကိုမနှောင့်ယှက်တော့ဘူး။”

ချူယွီယူက လူအိုကြီးနှင့်အခြားသောနောက်လိုက်များကို သည်နေရာတွင် သင်္ဂြိုလ်ရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။

လုယွီက သက်ပြင်းချ၏။

“မင်း မသွားနိုင်မှာ စိုးရိမ်မိတယ်။”

ကောင်းကင်၏အခြားတစ်ဖက်တွင် ကြီးမားသော အရိပ်တစ်ခုက ရုတ်တရက်ပေါ်လာသည်။ ထိုကြီးမားသောအနက်ရောင်နဂါးကြီးက ကောင်းကင်နှင့်မြေပြင်ကြားတွင် ဟိန်းဟောက်လိုက်၏။ ထိုအနက်ရောင် နဂါးကြီးပေါ်တွင် ဘုန်းတော်ကြီးဆယ်ပါးက ရှိနေသည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာဖြင့် ရောက်လာကြ၏။

“သတ္တိရှိလိုက်တာ၊ ငါ့ရဲ့တစ္ဆေဘုရင်ချိုင့်ဝှမ်းက တပည့်ဂိုဏ်းသားကို သတ်ရဲတယ်ပေါ့။”

နဂါးပေါ်တွင်ရှိနေသော လူအိုကြီးတစ်ယောက်က ကျယ်လောင်စွာအော်သည်။

ထိုလူအိုကြီးက မြှားတစ်စင်းကဲ့သို့ အပြေးအလွှားရောက်လာခဲ့ခြင်းဖြစ်သည်။ သူက မြေပြင်ကို ပြင်းထန်စွာဖိနှိမ့်လိုက်ချိန်တွင် အောက်တွင်ခြေရာကြီးက ကျန်ရစ်ခဲ့၏။

ထိုလူအိုကြီး၏မျက်ခုံးများက ကြုတ်သွားသည်။ ရုတ်တရက် ကြီးမားသော အရိပ်တစ်ခုက ထွက်ပေါ်လာ၏။ ထိုအရိပ်တွင် လက်မောင်းများစွာရှိပြီး မျက်လုံးများကလည်း နီရဲလျက်ပွင့်ထွက်နေသည်။ ပါးစပ်တွင် အစွယ်များစွာ ရှိ၏။ အလွန်ခက်ထန်ပြီး ကြောက်မက်ဖွယ်မျက်နှာကြီးဖြစ်၏။ ငရဲမှ တက်လာသော တစ္ဆေကောင်ကြီးနှင့်တူ၏။

“စိတ်ဝိဉာဉ်အဆင့်မှာ အစွမ်းအထက်ဆုံး”

အလွန်ပြင်းထန်သောခံစားချက်ကို ရသောအခါ ချူယွီယူ တုန်ယင်သွားတော့သည်။ သူမက နိယာမနယ်မြေအဆင့်သာလျှင် ဖြစ်ပြီး ထိုမျှပြင်းထန်သော စိတ်ဝိဉာဉ်အဆင့် ကျွမ်းကျင်ပညာရှင်ကို ရင်မဆိုင်ရဲပေ။ ထိုတစ်ယောက်က သူမကို လက်ညှိုးဖြင့်ပင် သတ်ဖြတ်နိုင်စွမ်းရှိ၏။

“ရှင်မြန်မြန်သွားပါတော့၊ ကျွန်မက သူတို့သတ်ချင်နေတဲ့သူပဲ၊ ရှင် ထွက်ပြေးလို့ ရနေသေးတယ်။”

ချူယွီယူက ချက်ချင်းလှည့်ကာ လုယွီကို စိုးရိမ်စွာပြောသည်။

လုယွီက ခေါင်းခါလျက် ချူယွီယူ၏အရှေ့တွင်ရပ်လိုက်၏။

ချူယွီယူက အလျင်စလိုပြောသေးသည်။

“ရှင် ရူးနေလား၊ သူက စိတ်ဝိဉာဉ်အဆင့်မှာ အစွမ်းထက်ဆုံး နယ်မြေအဆင့်ကို ရောက်နေပြီ၊ တစ္ဆေဘုရင်ချိုင့်ဝှမ်းက ဘိုးဘေးတစ်ပါးတောင်ဖြစ်နေနိုင်တယ်၊ ဒီလိုအခြေအနေမျိုးဆိုရင် ဘယ်သူကမှ မနိုင်နိုင်ဘူး။”

“သူက ထိပ်တန်းအဆင့် တည်ရှိမှုတစ်ခုတောင် ဖြစ်နေနိုင်သေးတယ်။”

“ထိပ်တန်းအဆင့်တည်ရှိမှုဟုတ်လား။”

လုယွီ၏အကြည့်က အဝေးသို့ရောက်သွားသည်။ ထိုလူကို သူက တိုက်ရိုက်ကြည့်လိုက်၏။

“စိတ်ဝိဉာဉ်အဆင့် နှောင်းပိုင်းတစ်ယောက်က ငါ့ရှေ့ ရောက်လာခဲ့ရင်တောင်မှ နောက်ပြန်လွင့်ထွက်သွားအောင် ငါ လုပ်ရလိမ့်မယ်။”

လုယွီက ခက်ထန်ကြမ်းတမ်းစွာဖြင့် အော်ဟစ်လိုက်သည်။ ထိုအသံက ကောင်းကင်နှင့်မြေပြင်ကို ပဲ့တင်ထပ်သွား၏။ သူ၏အသံထွက်သွားသည်နှင့် တစ်လောကလုံး၏ ရောင်စဉ်က ပြောင်းလဲသွားသည်။

ထိုလူအိုကြီး၏အောက်ခြေမှ အနက်ရောင်နဂါးက ရုတ်တရက်ဟိန်းဟောက်ကာ မြေပြင်သို့ ပြင်းထန်စွာပြုတ်ကျသည်။ ခေါင်းကမြေပြင်တွင် နစ်မြှုပ်သွား၏။

ထိုလူအိုကြီးက သည်အခြေအနေကို မြင်သောအခါ ထိတ်လန့်သွားပြီးပြောသည်

“ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ။”

ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်သော ဝင်သက်ကို သူ ခံစားရသည်။ ကမ္ဘာမြေကြီးကိုလည်း ဖျက်ဆီးနိုင်ဟန်ရ၏။

ထိုလူအိုကြီးက လုယွီကို သံသယမဝင်တော့ပေ။ သူ နီးကပ်သွားသည်နှင့် ထိုလုယွီ၏လက်တွင် ချက်ချင်းသေသွားနိုင်၏။

“ပြန်ကြစို့။”

ထိုလူအိုကြီးက နောက်လှည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးတော့သည်။

အပိုင်း ၉၁၈

“ခင်ဗျားတို့ စီးလာတဲ့သားရဲက ကောင်းသားပဲ ငါ့ကို ပေးစမ်းပါ။”

လုယွီက လက်ချောင်းလေးကို ရှေ့ကို တို့လိုက်သောအခါ ပြင်းထန်သော စွမ်းအင်တစ်ခုက စီးဆင်းသွားလျက် အနက်ရောင်နဂါး၏ နဖူးအတွင်း ဝင်ရောက်သွားသည်။

လူအိုကြီး၏ကိုယ်က လှုပ်ခါသွားပြီး တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူနှင့်အနက်ရောင်နဂါး၏ဆက်သွယ်မှုက ပြတ်တောက်သွားသည်။

နဂါးက သူ ဆယ်စုနှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ရခြင်းဖြစ်သည်။ သို့သော် တစ်ခဏတွင်ပင် တစ်ဖက်နဂါးက သူ၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားခဲ့၏။

“သွားစို့ သွားစို့”

ထိုလူအိုကြီးနှင့် ထိုတပည့်ဂိုဏ်းသားတစ်ဖွဲ့လုံးက နောက်ပင် လှည့်မကြည့်တော့ဘဲ ထွက်ပြေးတော့သည်။

ထိုအချိန်တွင် လုယွီက အနက်ရောင်နဂါးကို ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။ သူက ချူယွီယူကိုပြော၏။

“တက်လာခဲ့။”

လုယွီက နဂါးအပေါ်တွင်ဖြစ်သည်။ ချူယွီယူက အံ့ဩသွား၏။ သူမက မေးသည်။

“ရှင်က ဒီလောက်အထိ စွမ်းအားကြီးတာလား။”

“စွမ်းအားအကြီးဆုံးများ ဖြစ်နေမလား။”

လုယွီက ခေါင်းခါသည်။

“ငါက အဆင့်လွန်နယ်မြေတောင် မဟုတ်သေးပါဘူး။”

ချူယွီယူက သံသယဝင်နေပြီး နဂါးကို စိုက်ကြည့်သည်။ သူမက လုယွီပြောသည်ကို မယုံပေ။ တစ္ဆေဘုရင်ချိုင့်ဝှမ်းမှ ဘိုးဘေး သူ့အား စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဟု ခေါ်ဆိုမယောင်ဖြစ်သွားသေး၏။ ချူယွီယူ၏ ထင်မြင်ချက်အရလုယွီက သိုသိပ်စွာနေလိုခြင်းမျှသာဖြစ်နိုင်ပေသည်။

"နင် နင့်နာမည်တောင် မပြောသေးဘူး။"

ချူယွီယွန်က‌ မေးသည်။

လုယွီက တုံ့ဆိုင်းသွား၏။

“ငါ့နာမည်က ဝမ်ချန်းပါ။”

ဒါက လုယွီ ဖုံးကွယ်လိုနေသည့်အတွက်ကြောင့် မဟုတ်ပေ။ တိရှားဘုရင်က တစ်လောကလုံးအနှံ့ သူ့အား ရှာဖွေနေလျှင် လုယွီက နာမည်အစစ်ကိုမသုံးသင့်တော့ပေ။

လုယွီ၏ပုံပန်းသွင်ပြင်ကလည်း အနည်းငယ်ပြောင်းလဲသွားပြီးသားဖြစ်သည်။ ရုပ်ရည်ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ထိုက်ချူပုံစံ၏ သက်ရောက်မှုအတွက်ကြောင့် ပြောင်းလဲသွားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် မည်သူကမျှ သဲလွန်စကို မြင်ရမည်မဟုတ်ပေ။

“ဝမ်ချန်း ဟုတ်လား။”

ချူယွီယူက မျက်မှောင်ကြုတ်သွားသည်။

အလွန်စွမ်းအားကြီးသောသူများထဲတွင် သည်လိုနာမည်ကို သူမ မကြားဖူးပေ။

ထိုအနက်ရောင်နဂါးက ချူမိသားစုထံသို့ ပျံသန်းသည်။ လမ်းတစ်လျှောက်လုံးတွင် လုယွီက ချူမိသားစု၏အကြောင်းအရာများကို သိလာရသည်။ အထူးသဖြင့် လုမိသားစု အကြောင်းအရာလည်းပါ၏။

ချူမိသားစုမှ ဘိုးဘေးချူယွီယူ၏အဖိုးက သန်မာသောစိတ်ဝိဉာဉ် ပိုင်ဆိုင်ထားသော လူတစ်ယောက်ဖြစ်ပြီး စိတ်ဝိဉာဉ်အဆင့်တွင် ရောက်နေပြီဖြစ်သည်။ သူ၏လုပ်ဆောင်နိုင်စွမ်းက ထိပ်တန်းအဆင့် မဟုတ်သော်လည်း သူ၏အဂ္ဂိရက်ပညာကမူ လောကတွင်ပြိုင်ဘက်ကင်း၏။ မြောက်ပိုင်းနယ်မြေတွင် သူ့ကိုယှဉ်နိုင်သော အဂ္ဂိရက်ပညာရှင် အနည်းငယ်သာလျှင်ရှိသည်။ ထို့ကြောင့် သူ့ကို တန်ဘုရင်ဟုသိကြ၏။

ချူမိသားစုက လုမိသားစုနှင့် နက်ရှိုင်းသောဆက်ဆံရေး ရှိနေခဲ့ခြင်းက လုမိသားစုတွင်လည်း တန်နယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။ ကောလဟာလများစွာအရ ချူမိသားစုတွင် နတ်မင်းတစ်ဝက်ဆေးလုံး ရှိသည်ဟုဆိုသည်။ ဒါက မရေမတွက်နိုင်သော အဂ္ဂိရက်ပညာရှင်များကို ချူမိသားစုထံသို့ ဝင်ရောက်စေလိုခဲ့၏။ သည်နည်းအားဖြင့် သူတို့က သည်ဆေးလုံးကို မြင်လိုကြသည်။

ချူမိသားစုက မြောက်ပိုင်းနယ်မြေတွင် တော်ဝင်ဆေးလုံးများကို ဖော်စပ်နိုင်သော နယ်မြေတစ်ခုဖြစ်လာခဲ့သည်။ သို့သော် သည်နှစ်အတောအတွင်းတွင် မိသားစုဘိုးဘေးက ရုတ်တရက်ဖျားနာသွားပြီး အားနည်းသထက် အားနည်းလာခဲ့သည်။ အဖိုးတန်သော မရေမတွက်နိုင်သောဆေးလုံးများကို ဖော်စပ်နိုင်နေသည့်တိုင်အောင် သူ့ကိုယ်သူ မကုနိုင်ခဲ့ချေ။ သူမည်မျှသောဆေးလုံးတွေကို ဝါးမြိုစေကာမူ သူ၏ဖျားနာမှုများကို မတိုက်ထုတ်နိုင်ခဲ့ချေ။

ချူမိသားစုဘိုးဘေးက ချူမိသားစုအား အခြားသော သန်မာသော အင်အားစုများထံမှ ကာကွယ်နိုင်သောလူတစ်ယောက်ဖြစ်သည်။

သည်ဘိုးဘေး ကျဆင်းသွားသည်နှင့် မရေမတွက်နိုင်သော အင်အားစုများက သည်ချူမိသားစုထံသို့ လာရောက်ကာ ဆေးလုံးကို တောင်းဆိုလာနိုင်ကြသေးလေ၏။ သည်နည်းအားဖြင့် ချူမိသားစု ပျက်စီးသွားနိုင်လေသည်။

အပိုင်း ၉၁၉

“ကျွန်မ ကျိုးတုကိုသွားခဲ့တာက ကျော်ကြားတဲ့အဂ္ဂိရက်ပညာရှင်တွေ သွားရှာချင်လို့ပဲ၊ ဒါပေမယ့် ကျွန်မအဖိုးရဲ့အခြေအနေကိုကြားတာနဲ့ အားလုံး ခေါင်းခါပြီး သက်ပြင်းချကြတယ်၊ ဘယ်သူကမှ မကူညီချင်ကြဘူး။”

ချူယွီယူက မျက်တောင်ကို တဖျတ်ဖျတ်ခတ်သည်။ မျက်ရည်စက်များ ကျဆင်းလာခဲ့၏။ သူမ စိတ်ဓါတ်ကျနေဟန်ရသည်။

လုယွီက မျက်မှောင်ကြုတ်ကာမေးသည်။

“မင်းအဖိုးရဲ့အခြေအနေက ဘယ်လိုဖြစ်နေလို့လဲ။”

ချူမိသားစုမှ ဘိုးဘေးက လုယွီ၏အဖိုးဖြစ်သူ လုခိုင်ရှန်းကို ကယ်ခဲ့ဖူးသည်။ လုယွီက သဘာဝကျကျပင် သည်ကြင်နာမှုကို ပြန်ပေးဆပ်လို၏။

ချူယွီယူက ခါးသီးစွာရယ်ပြီး ခေါင်းခါသည်။

“ရှင်က အဂ္ဂိရက်ပညာရှင်မှ မဟုတ်တာ၊ ရှင့်ကိုပြောလည်း အသုံးမဝင်ဘူး။”

ထိုအချိန်တွင် လုယွီတို့အရှေ့တွင် အဖွဲ့တစ်ဖွဲ့ပေါ်လာသည်။ အများစုက လူငယ်များဖြစ်ကြပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကြကာ အဝေးမှ မှော်လက်နက်ဖြင့် ပျံသန်းလာကြခြင်းဖြစ်၏။ ဦးဆောင်လာသောလူငယ်က ချီယွီယူကိုမြင်သည်နှင့် ပျော်သွားသည်။

“ဝမ်းကွဲပြန်လာပြီ၊ ဝမ်းကွဲအဆင်ပြေသားပဲ၊ ကောင်းလိုက်တာ။”

အခြားသောပညာရှင်များကလည်း ချီးကျူးကြပြီး ချူယွီယူကို ဝိုင်းလိုက်ကြသည်။

ချူယွီယူက မျက်မှောင်အနည်းငယ်ကြုတ်ကာ မနှစ်မြို့ဟန်ဖြင့် အေးစက်စွာပြောလိုက်သည်။

“ကျေးဇူးပါပဲ ဖုန်းရွှင်း ကျွန်မ ဘာမှမဖြစ်ပါဘူး။”

ဖုန်းရွှင်း၏မျက်နှာက ရုတ်တရက်ရှက်ရွံ့ဟန်လက်သွားသည်။ သူ မူလက ချူယွီယူနှင့်သွားလိုခဲ့၏။ သို့သော် သူတို့ကိုလိုက်ဖမ်းသော ထိုစွမ်းအားကြီးပုဂ္ဂိုလ်များကို မြင်သည်နှင့် သူက အထိတ်တလန့်ပြန်ပြေးလာခဲ့ပြီး အကူအညီတောင်းမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် သူက ထွက်ပြေးခဲ့ခြင်းမျှသာဖြစ်၏။

ဖုန်းရွှင်းက ချူယွီယူကို လိုက်ပိုးခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ၏ယခင်အပြုအမူက ချူယွီယူ၏စိတ်ထဲမှ ခံစားချက်ကို လျော့ကျစေနိုင်စွမ်းရှိ၏။

“ကိစ္စမရှိပါဘူး၊ အချိန်ကုန်လာတာနဲ့အမျှ ဝမ်းကွဲက ငါ ဆိုလိုတာကို နားလည်လာလိမ့်မယ်။”

ဖုန်းရွှင်းက တွေးသည်။

ရုတ်တရက် အနားတွင်ရပ်နေသော လုယွီကိုမြင်လိုက်ပြီး အမူအရာက ပြောင်းလဲသွားသည်။

“ဝမ်းကွဲ သူက ဘယ်သူလဲ။”

ချူယွီယူက ပြောသည်။

“ဒါက ငါ့အသက်ကို ကယ်ထားတဲ့ကျေးဇူးရှင်ပဲ မရိုင်းနဲ့။”

“ကျေးဇူးရှင် သူကလား။”

ဖုန်းရွှင်းက လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီး အထင်တသေးဟန်က ပေါ်ထွက်နေတော့၏။ သူက မဟာပါရမီရှင်ကြီးဟုတွေးခဲ့သည်။ သို့တိုင်အောင် သူကပင် ထိုဘုန်းတော်ကြီးများကို မြင်သည်နှင့်ထိတ်လန့်တုန်လှုပ်လာပြီး ထွက်ပြေးခဲ့ရ၏။ သူ့ရှေ့မှ လူငယ်ဆိုလျှင် ပြောပရန်ပင် မလိုအပ်တော့ပေ။ ထို့အပြင် ထိုလူငယ်က သူ့ထက်များစွာ ငယ်နေသေးဟန်ရသည်။

ဖုန်းရွှင်းက အလွန်သိချင်စိတ်ပြင်းပြသွားပြီး မနာလိုလည်းဖြစ်သွား၏။ သူက ပြောသည်။

“ဝမ်းကွဲ ဝမ်းကွဲမှားနေတာလား၊ သူ့အသက်အရွယ်နဲ့ သူက ဘယ်လိုများ ကယ်နိုင်မှာလဲ။”

ချူယွီယူ၏အကြည့်က အေးစက်သွားသည်။

“နင် ဘာပြောချင်တာလဲ။”

သူမက ဖုန်းရွှင်းကို စိုက်ကြည့်သည်။

“ငါ နင့်ကို သတိပေးထားမယ်၊ ဒါက ငါ့ရဲ့အသက်သခင်ကျေးဇူးရှင်၊ ကျန်တဲ့ကိစ္စတွေက ငါ နင့်ကို ပြောပြဖို့လိုမယ်မထင်ဘူး။”

ချူယွီယူက ခေါင်းလှည့်ပြီးနောက် လုယွီကိုဦးညွှတ်သည်။

“ကျွန်မ ကိုင်တွယ်ရမယ့်ကိစ္စတွေ အများကြီးရှိနေသေးတယ်၊ အရှင်သခင်ကို ဧည့်ခံဖို့အတွက် လူတွေကို သေချာစီစဉ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး အနားယူလိုက်ပါ။”

လုယွီက ဖျော့တော့စွာပြုံးသည်။

“ကိစ္စမရှိဘူး။”

ချူယွီယူ ထွက်သွားသောအခါ ခရမ်းရောင်ဝတ်စုံနှင့် ကျန်သောလူငယ်များက လုယွီကို ဝိုင်းလိုက်ကြသည်။

“ကောင်လေး မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား၊ ဒီသခင်ကြီး ဖုန်းရွှင်းရဲ့အမျိုးသမီးကိုတောင် လုရဲတယ်ပေါ့။”

သူ့အကြည့်က အေးစက်နေသည်။ အခြားသောလူငယ်များကလည်း ကြည့်ကောင်းကြခြင်း မရှိပေ။ တစ်ယောက်ချင်းစီက လုယွီကို စူးစိုက်ကြည့်နေကြ၏။

“မင်းရဲ့အမျိုးသမီးဟုတ်လား။”

သူတို့ကိုယ်သူတို့ ပါရမီရှင်ဟုခေါ်နေကြသောသူများကို လုယွီက လှည့်ကြည့်ချင်စိတ်ပင် ရှိမနေခဲ့ပေ။ သို့ရာတွင် တစ်စုံတစ်ယောက်က သူ့ကို ရန်လာစကတည်းက သူက နောက်ဆုတ်တော့မည်မဟုတ်ပေ။

“ငါ ပြောမယ်၊ ငါ့ကို ရန်လာမစနဲ့။”

လုယွီက ဖျော့တော့စွာပြုံးသည်။

သူ၏ခြေထောက်အောက်မှ အနက်ရောင်နဂါးက ရုတ်တရက်ဟိန်းဟောက်၏။

အပိုင်း ၉၂၀

ဝေါင်း

သည်ကျယ်လောင်သောဟိန်းသံက ကောင်းကင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တိုင်း၏မျက်နှာက ပျက်သွားပြီး နောက်ဆုတ်ကြတော့၏။

“သေစမ်း၊ ဒါက နတ်ဆိုးနယ်မြေကကောင်ပဲ။”

ဖုန်းရွှင်းက အံကိုကြိတ်သည်။ သို့သော် သူက အလောတကြီး မခုန်ဝင်လာရဲပေ။

“အခြားလူတွေကိုရန်စပြီးရင် ကိုယ်ပိုင်ခွန်အားကို အရင်ဆုံးနားလည်သင့်တယ်။”

လုယွီက ခေါင်းခါသည်။ သူက အနက်ရောင်နဂါး၏ခေါင်းကိုပုတ်၏။

“မင်း သွားနိုင်ပြီ။”

အနက်ရောင်နဂါးက လုယွီကိုကြည့်သည်။ သို့တိုင်အောင် သူက သဘောမတူလိုသော်လည်း ဟိန်းဟောက်ကာ ထွက်သွားရတော့၏။ သူက လုယွီ၏ မိစ္ဆာသားရဲဖြစ်လာလိုသော်လည်း သူက အရည်အချင်းမပြည့်မှီခဲ့ပေ။

သည်လိုသားရဲက ထွက်သွားကြောင်းမြင်သောအခါ ဖုန်းရွှင်း၏အကြည့်ထဲတွင် မသက်မသာဖြစ်ဟန်က ပေါ်ထွက်လာသည်။

“ကောင်လေး မင်း ချူမိသားစုထဲကို ဝင်တဲ့အချိန်မှာ အေးအေးဆေးဆေး နေလို့ရပြီလို့ထင်လား၊ ချူမိသားစုတစ်ခုလုံးက ငါတို့ဖုန်းမိသားစုကို မှီခိုနေရတာ၊ ငါ မင်းကို သတ်ဖို့မရေမတွက်နိုင်တဲ့ နည်းလမ်းတွေရှိနေတယ်။”

ဖုန်းရွှင်းက ရေရွတ်သည်။

“…”

ချူမိသားစု ခြံဝန်းတစ်ခု …

လုယွီကို အစေခံတစ်ယောက်က သည်နေရာတွင် အနားယူရန်စီစဉ်ပေးထားသည်။

ဆယ်ရက်ခန့် တောက်လျှောက်ပျံသန်းလာခဲ့ပြီးနောက်တွင် လုယွီ၏ အတွင်းအားများက နဂိုအတိုင်း အပြည့်ရှိသေးသည့်တိုင်အောင် အနားယူရန် လိုအပ်လေသည်။ သူ ကျင့်ကြံကာ တရားထိုင်ရအုံးမည်ဖြစ်၏။

“ချူမိသားစုရဲ့ဘိုးဘေးက ဘယ်လိုရောဂါမျိုးဖြစ်နေလဲဆိုတာ ငါ မသိထားဘူး၊ ငါ့ကို ကြည့်ခိုင်းရင်တော့ အဆင်ပြေတယ်၊ ကံဆိုးတာက ငါ့ရဲ့လက်ရှိအဆင့်အတန်းအရ ချူမိသားစုရဲ့အဓိကနေရာကိုဝင်ဖို့ ခက်ခဲလိမ့်မယ်။”

“လုမိသားစုက ငါ့အဖေပြောထားတဲ့အတိုင်းဆိုရင် ငါ့အဖိုးနဲ့ချူမိသားစုရဲ့ ဘိုးဘေးတွေက မိတ်ဆွေတွေတဲ့ ဒီလိုဆိုရင် ချူမိသားစုက ဒီအဆင့်အတန်းအထိ နိမ့်ကျသွားရတာလဲ။”

လုယွီက သက်ပြင်းချပြီးနောက်တွင် အတွေးများကို ဖယ်ခွာလိုက်သည်။ ချူမိသားစု၏အခြားသော ခြံဝန်းတစ်နေရာ၊ ခန်းမတစ်ခုတွင် ချူမိသားစုမှ အကြီးအကဲတစ်ယောက်ချင်းစီတိုင်းက တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ ချူယွီယူက နောက်ဆုံးခုံတွင်ထိုင်၏။

အဓိကခုံကမူ လစ်လပ်နေသည်။ ဒုတိယမြောက်ခုံတွင်ထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်က လေးနက်သောလေသံဖြင့်ပြောသည်။

“သတင်းစကားအရဆိုရင် ရေခဲနယ်မြေက မဟာဂိုဏ်းငါးဂိုဏ်းလုံးက ထွက်လာကြပြီ၊ သူတို့ ဒီတစ်ကြိမ်တိုက်ခိုက်မှတော့ နောက်ထပ်တိုက်ခိုက်ဖို့လည်း ဖြစ်နိုင်သေးတယ်။”

အခြားအကြီးအကဲတစ်ယောက်က လေးနက်စွာပြောသည်။

“လုမိသားစုကိုကူညီဖို့ အကြောင်းကြားထားတဲ့စာကို ပို့လွှတ်ခဲ့ပြီးပြီ၊ ဒါပေမယ့်အ ခုအချိန်အထိ ဘာပြန်စာမှမရောက်လာသေးဘူး၊ တကယ်ပဲ ချူမိသားစုကို လက်လွှတ်လိုက်ကြပြီထင်တယ်။"

အားလုံး တိတ်ဆိတ်သွားကြတော့သည်။

လုမိသားစုက သူတို့၏ယုံကြည်ရဆုံးနောက်ခံဖြစ်သည်။ သို့သော် သည်လိုအရေးကြီးသော အချိန်တွင်မှ လုမိသားစုက သူတို့အား လျစ်လျူရှုထားသည်။ သက်လတ်ပိုင်းလူက လေးနက်စွာပြောသည်။

“ငါတို့ သူများကို အားကိုးနေလို့မရဘူး။ သေခြင်းရှင်ခြင်းကိစ္စကို ငါတို့ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်။”

သူက ရုတ်တရက် အသံကိုမြင့်ပြီးပြောသည်။

“အလယ်အလတ်မြေကမ္ဘာအဆင့် အဂ္ဂိရက်ပညာရှင်တိုင်းက မကူညီချင်ဘူး ဆိုမှတော့ အဂ္ဂိရက်ပညာရှင်ဆရာတစ်ယောက်ကို သွားရှာဖို့ပဲရှိတော့တယ်။”

အားလုံး၏အကြည့်များက သတိအနေအထားဟန်ဖြစ်သွားသည်။

“ငါ့ရဲ့ချူမိသားစု ရေခဲနယ်မြေကနေ ပစ်မှတ်ထားခံရပြီး၊ အန္တရာယ်များနေတယ်၊ အရင်ကသာဆိုရင် ချူမိသားစုက တန်တာအိုအစည်းအဝေးပွဲကို ကျင်းပလိုက်တာနဲ့ အဂ္ဂိရက်ပညာရှင်တိုင်းက စုဝေးရောက်လာကြမှာပဲ၊ ဒါပေမယ့် အခု သူ့ကိုယ်သူ ကယ်ဖို့လိုအပ်တဲ့အချိန်မှာ ဘာလို့ဘယ်သူမှ မရောက်လာရဲကြတော့တာလဲ။”

အကြီးအကဲတစ်ယောက်က သက်ပြင်းချသည်။

သက်လတ်ပိုင်းလူက အံကြိတ်ပြီးပြောသည။

“ချူမိသားစုက ဆေးကို ဂရုမစိုက်တော့တာပဲ၊ ဒီတစ်ကြိမ်မှာ ငါတို့အားလုံး ဒီဆေးကို ဆုလာဘ်အဖြစ်ပေးမယ်လို့ ကြေညာထားရင် အခြေအနေကောင်းနိုင်တယ်။”

“မရဘူး။”

“ဒီဆေးက ချူမိသားစုရဲ့ အဓိကဘိုးဘွားပိုင်အမွေအနှစ်ပဲ။ ဒါကိုသူများတွေကို အလယ်တကူပေးလို့ ရပါ့မလား။”

သက်လတ်ပိုင်းလူက ခေါင်းခါသည်။

“တကယ်တော့ ဒီဘိုးဘွားပိုင်အမွေဆိုတာက ဒီနတ်မင်းအဆင့် ဆေးလုံးမဟုတ်ဘူး၊ အဲ့ဒါက ဘိုးဘေးကိုယ်တိုင်ပဲ၊ ဘိုးဘေးကသာ မမျော်လင့်ထားတဲ့ ကိစ္စတစ်ခုဖြစ်သွားခဲ့ရင် ဒီဆေးကို မကာကွယ်ထားနိုင်တဲ့အပြင် အလကား လုယက်တာကို ခံရလိမ့်မယ်၊ ဘိုးဘေးကိုယ်တိုင်ကလည်း သေဆုံးသွားရလိမ့်မယ်။”

အားလုံးက မျက်နှာအမူအရာက ပြောင်းလဲသွားကြသည်။ သက်ပြင်းချပြီး ခေါင်းခါကြ၏။ သူတို့တွင်လည်း အခြားနည်းလမ်းမရှိတော့ပေ။ အသေခံနေရမည့်အစား ချူမိသားစုက အခြားနည်းလမ်းတစ်ခုကိုသာ ဆောင်ရွက်ရမည်ဖြစ်၏။

“တန်တာအိုအစည်းအဝေးပွဲ ကျင်းပြပြီးတဲ့နောက်မှာ ငါတို့ကသာ ဖုန်းကလန်နဲ့ လက်ထပ်တဲ့ဆက်နွယ်မှုတစ်မျိုးကို လုပ်လိုက်မယ်ဆိုရင် အခြားရေခဲနယ်မြေကလည်း အတန်ငယ်စဉ်းစားလိမ့်မယ်။”

သတ်လတ်ပိုင်းလူက ပြောသည်။

ချူယွီယူက ရုတ်တရက် တုန်ယင်သွားပြီး ထပြော၏။

“ဒုတိယဦးလေး ဒီသတင်းကို ကျွန်မ ဘာလို့မကြားထားတာလဲ။”

ချူယွီယူက မယုံကြည်နိုင်သလိုပြုံးသည်။

သက်လတ်ပိုင်းလူက အေးစက်စွာပြောသည်။

“မိသားစုက ဖုန်းကလန်နဲ့လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ချူမိသားစုမှာ သန်မာတဲ့သူတွေ လစ်လပ်နေတာမဟုတ်လား၊ ဒါပေမယ့် ဖုန်းမိသားစုကတော့ အာဏာကြီးတယ်၊ အခုအချိန်မှာ ဖုန်းကလန်နဲ့လက်ထပ်တာက အကောင်းဆုံး နည်းလမ်းပဲ။”

ချူယွီယူက အံကိုကြိတ်သည်။

“ကျွန်မက လုမိသားစုက တိုက်ရိုက်ဆက်ခံသူ မြေးတစ်ယောက်နဲ့ လက်ထပ်ရမှာလေ၊ ရှင်တို့ ဘယ်တုန်းက လုမိသားစုကို မကြောက်တော့တာလဲ။”

သက်လတ်ပိုင်းလူက အမူအရာမပြောင်းပေ။

“လုမိသားစုရဲ့အဓိကသွေးကြောက အားနည်းသွားပြီး အခုအချိန်မှာ အားလုံးက လုမိသားစုက ဂိုဏ်းခွဲတွေကိုပဲဖြစ်ဖြစ် မှီခိုအားထားနေကြရတာ၊ ဒီအဓိကမျိုးဆက်မှာ သန်မာတဲ့လူအချို့ ရှိနေအုံးမယ်ဆိုရင်တောင်မှ အခုလိုမကူညီနိုင်ကတည်းက ဒီဆက်ဆံရေးကို ဖြတ်ပစ်သင့်နေပြီ။”

ထို့နောက် သက်လတ်ပိုင်းလူက လက်ကာပြသည်။

“မင်းရဲ့ထင်မြင်ချက်ကို မေးစရာမရှိဘူး၊ အရေးကြီးဆုံးက ဖုန်းမိသားစုရဲ့ ထောက်ပံ့မှုကိုရရှိဖို့ပဲ၊ အရေးကြီးဆုံးက ဖုန်းမိသားစုက စွမ်းအားကြီးမားတဲ့သူတွေကို စေလွှတ်ပြီး ရင်ဆိုင်ကာကွယ်ပေးနိုင်မှပဲ အဆင်ပြေနိုင်လိမ့်မယ်၊ ဒါမှပဲ ငါတို့အတွက် လုံခြုံမယ်။”

ချူယွီယူက မနေနိုင်ဘဲ နေရာတွင် ပြန်ထိုင်လိုက်ရသည်။ သူမ အားနည်းသွားသလို ခံစားနေရ၏။ အရေးကြီးသောအခြေအနေတွင် စေ့စပ်ထားသူက စွန့်ပစ်ခံလိုက်ရသည့်အခါ သူမ မည်သို့မျှ မတတ်နိုင်တော့ပေ။ သူမတွင် ရွေးချယ်စရာလည်း ရှိမနေခဲ့ပေ။

ရုတ်တရက် သူမ၏စိတ်အတွင်းတွင် အလွန်ငယ်ရွယ်ပြီး ခန့်ညားချောမောကြည့်ကောင်းသော လူတစ်ယောက်က ပေါ်လာသည်။

“မိသားစုကို ကာကွယ်နိုင်ရင် အဆင်ပြေပါတယ်။”

ချူယွီယူက အံကိုကြိတ်သည်။ သူမက လက်သီးကိုဆုပ်၏။ သူမ၏စိတ်ထဲတွင် အရေးကြီးသောဆုံးဖြတ်ချက်ကို ချလိုက်ဟန်ရသည်။

All Chapters