အခန်း (၉၂၁-၉၂၅)
Vol. 49 Ch. 921-925
အပိုင်း ၉၂၁
ချူမိသားစု၏ခြံဝန်းတစ်နေရာ။
လုယွီက တည်ငြိမ်သောမျက်နှာထားဖြင့် ထိုင်နေသည်။ သူ၏အရေပြားပေါ်တွင် ရွှေရောင်အစင်းကြောင်းများက လင်းလက်တောက်ပနေ၏။ ထိုအစင်းကြောင်းများကို သာမန်နတ်မင်းများက သတိထားမိလိမ့်မည်မဟုတ်ပေ။ ကောင်းကင်ဘုံနယ်မြေမှ ပုံရိပ်ယောင်ထာဝရရှင်သန်သူများပင် သတိထားမိလိမ့်မည်မဟုတ်ပေ။ ရှေးဟောင်း ထာဝရရှင်သန်ခြင်း သင်္ကေတဖြစ်၏။
တစ်ခဏခန့်ကြာပြီးနောက် လုယွီက မျက်လုံးကိုဖွင့်ကာ သက်ပြင်းချသည်။
"ရှေးခေတ်အချိန်က တာအိုထာဝရရှင်သန်သူဆိုပြီး ခေါ်ဆိုထိုက်ပါပေတယ်၊ ဒီထိုက်ချူကိုယ်က ကောင်းကင်ဘုံအဆင့် သာမန်ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းသိုင်းတိုင်းထက် အဆများစွာသာနေပြီ။"
သူက အဆုံးသတ်တော့မည့်အချိန်တွင်ပင် ရုတ်တရက် လုယွီ၏ကိုယ်ပေါ်မှ အစင်းကြောင်းတစ်ခုက လင်းလက်လာသည်။ လုယွီ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်နှင့် သူ၏နတ်ဘုရားအသိစိတ်က ချူမိသားစု၏ အနက်ရှိုင်းဆုံး တစ်နေရာသို့ ရောက်သွား၏။ ထိုနေရာတွင် ဝင်္ကပါအချင်းချင်း ကာကွယ်ထားကြောင်းကိုမြင်ရသည်။ ထို့ကြောင့် လျို့ဝှက်ချက်တစ်ခုရှိနေ၏။ သို့သော် တစ်ဝက်ခန့်ကို ရှေးဟောင်းဆေးလုံးတစ်လုံးက လွှမ်းခြုံထားလေသည်။
“ဒါက ရှေးခေတ်ဆေးပဲ။”
လုယွီက နှစ်သောင်းပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးသည့်တိုင်အောင် ဆေးလုံးကို မြင်ရချိန်တွင် အသက်ရှူရပ်မတတ်ခံစားမိသေးသည်။ ရှေးခေတ်အချိန်က ကောင်းကင်က ပြိုကျခဲ့ပြီး မရေမတွက်နိုင်သော အရင်းအမြစ်များက ဖြတ်တောက်ခံရကာ ရှေးခေတ်တာအိုဆေးလုံးများကလည်း ပြတ်တောက်ခဲ့ရသည်။ ရှေးဟောင်းဒဏ္ဍာရီ အချို့တွင် လူအချို့က သည်ဆေးလုံးကို ဝါးမြိုလိုက်သည်နှင့် ကောင်းကင်သို့ ထိုးတက်နိုင်မည်ဟု ပြောကြသည်။ ဒါက အမှားမဟုတ်ပေ။ ပုန်းကွယ်နေသောနိယာမများနှင့် စွမ်းအားကြီးသော ရှေးဟောင်တန်ဆေးလုံးက လူတစ်ယောက်၏ဘဝကို တားမြစ်နိုင်စွမ်းရှိ၏။ သာမန်လူကပင် ထာဝရရှင်သန်သူ ဖြစ်သွားနိုင်သည်။
“ကြည့်ရတာ ဒါက ခန္ဓာကိုယ်သန့်စင်ခြင်းဆေးလုံးပဲ”
လုယွီ၏နှလုံးခုန်သံများက မြန်ဆန်လာသည်။ သူ၏တည်ရှိမှုက အထောက်အပံ့ပြုထားသည့်တိုင်အောင် သူ၏တိုးတက်မှုက နှေးကွေးသည်ဟု သူ ခံစားရသေးသည်။
သူကသာ ထိုဆေးလုံးကို ဝါးမြိုနိုင်မည်ဆိုလျင် လုယွီ၏ ထိုက်ချူကိုယ်က အဆင့်များစွာ ခုန်တက်သွားနိုင်လေသည်။
လုယွီက နတ်ဘုရားအသိစိတ်ကို ပြန်သိမ်းပြီးနောက် တံခါးအပြင်ဘက်သို့ ရုတ်တရက်ကြည့်သည်။
“မင်းပဲ။”
လုယွီက တံခါးကိုဖွင့်ပြီးနောက် အပြင်တွင်ရပ်နေသော ချူယွီယူကို မြင်လိုက်ရသည်။
ချူယွီယူက အလွန်ထိတ်လန့်နေသည်။ လုယွီကိုကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူကာ အထဲသို့ဝင်လာ၏။
“ငါ့ရဲ့ဒုတိယဦးလေးက နင်နဲ့တွေ့ချင်နေတယ်၊ ငါနဲ့လိုက်ခဲ့ပါ။”
လုယွီ အနည်းငယ်စိတ်ရှုပ်သွားသည်။ စကားပြောရခြင်းက အကောင်းဆုံးဖြစ်သည်။ သို့သော် သူက ချူယွီယူကို ကယ်ခဲ့သောကြောင့် သည်လိုပြန်တုန့်ပြန်ခြင်းလည်း ဖြစ်လောက်သည်။ လုယွီ၏အရှေ့တွင်ရှိသော ချူယွီယူက ထိတ်လန့်နေဟန်ရ၏။ ဒါကို လုယွီထံမှ ဖုံးကွယ်မထားနိုင်ပေ။
သူက ချူမိသားစု၏ခြံအနောက်ဘက်သို့ ရောက်လာသောအခါ မိသားစုမှ လက်ရှိခေါင်းဆောင် ဟန်ဆောင်နေသော ချူချင်ကိုတွေ့ရသည်။ သက်လတ်ပိုင်းလူက စိတ်ဝိဉာဉ်အလယ်အလတ်အဆင့်ဖြစ်သည်။ သူ့မျက်နှာတွင် မောပန်းနွမ်းနယ်မှုများကို မြင်ရ၏။
“မင်းက ယွီယူကို ကယ်ခဲ့တာလား။”
ချူချင်က မေးသည်။
လုယွီက ပြော၏။
“ငါ ခင်ဗျားတို့ရဲ့ဆေးတစ်ဝက်ကို ကြည့်ချင်တယ်။”
“ငါတို့ နတ်မင်းအဆင့်ဆေးကို မတွေးစမ်းနဲ့၊ မင်းက ယွီယူကို ကယ်ခဲ့တယ်လို့တောင် မပြောစမ်းပါနဲ့၊ ငါတို့လူတစ်ဝက်ကိုကယ်ခဲ့မယ်ဆိုရင်တောင်မှ မလုံလောက်ဘူး။”
ချူချင်က ခေါင်းခါသည်။
“ငါက ဆရာသခင် ချူမိသားစုမှာ ငါ့ရဲ့အဆင့်မြင့်အဆင့်အတန်းကို မင်းကို ပေးမယ်ဆိုရင်တောင်မှ မင်းအနေနဲ့ ဒီဆေးလုံးကို ရဖို့မဖြစ်နိုင်ဘူး။ဒါပေမယ့် ယွီယူကို ကယ်ခဲ့တဲ့အတွက်ကြောင့် ဆေးဖော်စပ်နည်းကို ပေးချင်တယ်၊ အခြားသူတွေကို တောင်းဆိုကြည့်ပေါ့။"
ထိုသို့ဖြင့် သူက လက်ကောက်ဝတ်မှ တံဆိပ်ပြားတစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအရာမှ ရောင်စုံအလင်းလက်လာ၏။
လုယွီ၏အမူအရာက ပြောင်းသွားသည်။
“ငါသာ ခင်ဗျားတို့ရဲ့ဘိုဘေးကို ကုသပေးနိုင်ရင် ဒီဆေးလုံးပေးမှာ သေချာလား။”
“ငယ်ရွယ်ပြီး ခေါင်းမာတယ်။”
ချူချင်က ပြုံးသည်။ သူက ခေါင်းခါပြီး မယုံကြည်ဟန်ပြု၏။ သူ မြင်ခဲ့ဖူးသမျှလူတိုင်းက အသက်အရွယ် အလွန်အိုမင်းနေကြပြီဖြစ်သည်။ သို့တိုင်အောင် ထိုလူများကပင် မတတ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သည်လူငယ်တစ်ယောက်က လုပ်ကိုင်နိုင်သည်ဟု မထင်ပေ။
အပိုင်း ၉၂၂
ချူချင်က လုယွီက ထိုတစ္ဆေဘုရင်၏ဘုန်းတော်ကြီးများကို နောက်ဆုတ်အောင် လုပ်လိုက်ခြင်းမဟုတ်ဘဲ ထိုလူများကသာ ကိုယ့်စိတ်ဆန္ဒနှင့်နောက်ဆုတ်သွားပြီဟုပင် ခံစားလာရပြီဖြစ်သည်။
ချူချင်၏အမူအရာကို မြင်သောအခါ လုယွီက ဆက်မပြောတော့ဘဲ နောက်လှည့် ထွက်သွားလိုက်သည်။ လုယွီက ထိုဆေးကို လိုချင်သော်လည်း အတင်းယူ၍မရပေ။
ချူယွီယူက မနေနိုင်ဘဲ ပြောလိုက်သည်။
“ဒုတိယဦးလေး သူက တကယ်စွမ်းအားကြီးတာပါ၊ အဲဒီလူတွေကို သူ တကယ်ပဲ အနိုင်ပိုင်းလိုက်နိုင်တာ။”
ချူချင်က မျက်မှောင်ကြုတ်ကာအော်သည်။
“ငါ မင်းကို ဘယ်နှစ်ကြိမ်ပြောပြီးပြီလဲ၊ မြင်ရသမျှက အမှန်မဟုတ်ဘူး၊ သူ့ရဲ့ပုံစံကိုကြည့်စမ်းပါ၊ ဒီက လူငယ်တွေက မတော်တဆထိလိုက်မိရင်တောင် သူ ဒုက္ခရောက်သွားမှာကို စိုးရိမ်ရလောက်တဲ့အနေအထားမျိုးပဲ၊ ဒီလိုလူတွေအပေါ်မှာ အချိန်မဖြုန်းနဲ့ မင်းနဲ့ဖုန်းရွှင်းရဲ့ဆက်ဆံရေးအခြေအနေ ကောင်းမွန်အောင်ပဲ လုပ်စမ်းပါ။”
“ရှင့်ကို မပြောတော့ဘူး။”
ချူယွီယူက ခြေဆောင့်ပြီးနောက် ဒေါသတကြီးထွက်သွားသည်။ ထိုအချိန်တွင် လုယွီက သိပ်မဝေးသောနေရာတွင်ရှိနေသေး၏။ ထို့ကြောင့် ချူယွီယူက အလျင်စလိုလိုက်ပြီးပြောသည်။
“ရှင် အဲဒီဆေးကိုယူသင့်တယ်။”
လုယွီက လှည့်ကြည့်သည်။
“အင်း”
ချူယွီယူက နောက်သို့လှည့်ကြည့်ကာ ပြောသည်။
“ရက်အနည်းငယ်နေရင် ငါတို့ ချူမိသားစုက တန်ဆေးအစည်းအဝေးပွဲ ကျင်းပလိမ့်မယ်၊ အနိုင်ရတဲ့သူက အဲဒီဆေးကို ယူနိုင်တယ်။”
“ရှင်က အားမနည်းပါဘူး၊ ရှင်က စွမ်းရည်မြင့်တဲ့ အဂ္ဂိရက်ပညာရှင်တွေကို ယှဉ်နိုင်တယ်မဟုတ်လား၊ ဒါမှမဟုတ် သူတို့ကို ရှာဖွေနိုင်တယ်ဆိုရင် သူတို့ဖိတ်ခေါ်ပြီး ရှင် ဆေးရအောင် ယူသင့်တယ်။”
'တန်ဆေးအစည်အဝေးပွဲလား။'
ချူယွီယူ ထွက်သွားချိန်တွင် လုယွီ၏မျက်ဝန်းများက တောက်ပသွားသည်။ သူက ချူမိသားစုသို့ ကြင်နာမှုများ ပြန်ပေးဆပ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဆေးလုံးက ပိုပြီးအရေးကြီးသွားပြီဖြစ်သည်။ လုယွီက ထိုပွဲသို့ တက်ကိုတက်သင့်၏။
“အရင်ဆုံး ဒီပွဲကိုတက်ဖို့ အရည်အချင်းပြည့်မှီအောင် အရင်လုပ်ရအောင်။”
လုယွီက သူ၏ရွေ့လျားမှုသိုင်းကို ချက်ချင်းထုတ်ဖော်လိုက်ပြီးသည်နှင့် ချူမိသားစုမှ ပျံသန်းထွက်လိုက်သည်။
ချူမိသားစု၏ပိုင်နက်နယ်မြေက အလွန်ကြီးသည်။ သည်မြို့ကိုပင် ချူမြို့ဟု အမည်ခေါ်တွင်စေ၏။ ဒါက ဘုန်းတော်ကြီးများ လွတ်လပ်စွာ ဝင်ရောက်နိုင်စွမ်းရှိသော်လည်း ချူမိသားစုမှ တန်ဘုရင်အဆင့် မိသားစုကြီး ဖြစ်နေသည့်အတွက် အဂ္ဂိရက်ပညာရှင်အများစု သည်မြို့တွင် နေနေကြခြင်းလည်း ဖြစ်သည်။
ချူမိသားစုက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက တန်ဆေးအစည်းအဝေးပွဲ အကြောင်း ကြေညာချက်ထုတ်ထားသည်။ ထို့ကြောင့် သည်နေရာ၏နေရာတိုင်းတွင် ကျွမ်းကျင်ပညာရှင်အများအပြားကို မြင်နိုင်လေသည်။
“တန်ဆေးအစည်းအဝေးပွဲက စာရင်းသွင်းတာ စတော့မယ်၊ တန်ဆေးပညာရှင်တွေ အားလုံး ဒီနေရာကိုလာပြီး စာရင်းသွင်းကြပါ။”
ရုတ်တရက် အော်ဟစ်သံက ထွက်လာသည်။ လုယွီက လူအုပ်နောက်သို့လိုက်ပြီး ရှေ့ဆုံးသို့ ဝင်ရောက်သွားလိုက်၏။
“နာမည် ကျုံးမန်၊ စာရင်းသွင်းဖို့အတွက် ထိပ်တန်းအဆင့် လင်းရှီတစ်သောင်း ပေးဖို့လိုအပ်တယ်။”
“ဝမ်ချန်း”
အပိုင်း ၉၂၃
လုယွီက ဖြေသည်။ လင်းရှီကို သူ တတ်နိုင်သမျှ များများပေးလိုက်၏။
သူ ပေးသော လင်းရှီများ၏အရည်အသွေးက အခြားဘုန်းတော်ကြီးများထက် သာသည်။ သို့သော် အဂ္ဂိရက်ပညာရှင်များအတွက် ဒါက ကျောက်တုံးများသာလျှင် ဖြစ်သည်။
“ငါ ရှန်းဆေးလိုအပ်နေတယ်၊ ဒီတစ်ကြိမ်မှာတော့ သဘာဝကို လွန်ဆန်လို့ မရတော့ဘူးပဲ။”
လုယွီ၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းက လက်လာသည်။ ထို့နောက် သူက သူနှင့်အတူရှိနေသော အဂ္ဂိရက်ပညာရှင်သုံးသောင်းနှင့်အတူ အလွန်ခမ်းနားကြီးကျယ်သော ဆေးဥယျာဉ်အတွင်းသို့ အပို့ခံရသည်။
“ပထမဆုံးအကြိမ်အနေနဲ့ ဒီစစ်ဆေးမှုကို လက်ခံရပါမယ်၊ မီးတောက်ကိုတောင် သိပ်သည်းအောင်မလုပ်နိုင်ရင် အဂ္ဂိရက်ပညာရှင်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီပါဘူး၊ ဒီလိုဆိုရင် ကြိုးစားထားသမျှက အလကားပါပဲ။”
ထိုလူက ချူမိသားစု၏ တန်အဆင့် အဂ္ဂိရက်ပညာရှင်တစ်ယောက်ဖြစ်သည်။ အဂ္ဂိရက်ပညာရှင်တံဆိပ်ကလည်း သူ၏ရင်ဘတ်တွင်ရှိနေခဲ့ကာ သူ၏အထက်တန်းဆန်မှုကို ပြသနေ၏။ သူ၏အသံထွက်လာသည်နှင့် ချက်ချင်းဆိုသလို အများစုက လက်ဝါးပေါ်တွင် မီးတောက်ကို ထုတ်ဖော်လိုက်ကြသည်။
လုယွီ၏အမူအရာက မပြောင်းလဲပေ။ သူ၏လက်ဝါးပေါ်တွင် အနက်ရောင်မီးတောက်က တောက်လောင်လာ၏။
“ဒီတစ်ကြိမ်မှာ တံခါးပိတ်ကျင့်ကြံနေတဲ့ လူအများစု ထွက်လာကြတာပဲ။”
ချူမိသားစု၏ အဂ္ဂိရက်ပညာရှင်က တစ်ချက်ကြည့်ပြီးနောက် လုယွီ၏ လက်ဝါးထံသို့ ရောက်သွားသည်။
“တန်မီးတောက်က အေးခဲပြီး အက်ကွဲသွားတာမျိုး မရှိဘူး၊ အတွင်းမှာပူပြီး အပြင်မှာအေးတယ်၊ တကယ်ကို အုတ်မြစ်နက်ရှိုင်းတာပဲ။”
ထိုလူ၏အကြည့်က တောက်ပသွားပြီး လုယွီ၏နာမည်ကို အဓိက မှတ်သားထားလိုက်သည်။ သိပ်မကြာခင်မှာပင် မီးတောက်လုပ်နိုင်စွမ်းမရှိသော လူအများစုက မောင်းထုတ်ခံရသည်။ လူသုံးသောင်းတွင် တစ်သောင်းသာလျှင် ကျန်ရစ်တော့၏။
“ဒုတိယအဆင့်အနေနဲ့ စမ်းသပ်ကြည့်ကြပါ၊ မင်းတို့ရဲ့အရှေ့က သေတ္တာထဲမှာ မျိုးစေ့တစ်ခုရှိတယ်၊ အဲဒီမျိုးစေ့ကို အောင်အောင်မြင်မြင် ခွဲခြားစိတ်ဖြာနိုင်ရမယ်၊ နောက်တော့ အမျိုးအစားသတ်မှတ်ချက်နဲ့ အားလုံးကို ပြောပြနိုင်ရင် အောင်မြင်ပါပြီ။”
ထိုစကားထွက်လာသည်နှင့် လုယွီက သူ့အရှေ့မှ သေတ္တာတစ်ခုကို ကြည့်လိုက်သည်။ သေတ္တာကို ဖွင့်လိုက်ချိန်တွင် မျိုးစေ့က ပေါ်လာ၏။
“စိတ်ဝိဉာဉ်မြက်ပင်လား။”
လုယွီ အံ့ဩသွားသည်။ သည်ဆေးပင်က မူလဆေးပင်ဖြစ်သည်။ အခြားသာမန်လူများစွာကပင် ဒါကို ခွဲခြားနိုင်စွမ်းရှိ၏။ ထို့ကြောင့် သည်မြက်ပင်အကြောင်း ဖော်ပြရာတွင် မခက်ခဲပေ။ လူအများစု လုပ်နိုင်ကြ၏။
“ငါ ကံကောင်းတာဖြစ်မယ်။”
လုယွီက သူ၏လက်ကို ထိုမြက်ပင်ပေါ်သို့ ဖိလိုက်သည်။ ထိုအခါ အတွင်းမှ ဟိန်းဟောက်သံမျိုး ထွက်လာခဲ့သည်။ လူအများစုက ရှားပါးသော မြက်ပင်မျိုးစေ့များကို ရရှိကြကာ အချို့ကမူ သူတို့၏ဦးနှောက်ကို အလုပ်ပေးခြင်းဖြင့် အလုပ်များနေကြသည်။
ချူမိသားစုမှ ကျွမ်းကျင်ပညာရှင်၏အာရုံက လုယွီထံတွင် ရှိနေခဲ့သည်။
“ကြည့်ရတာ ဒီမြက်ပင်အတွက် ဘာမှထူးခြားတာမရှိဘူးပဲ။”
ထို့နောက် ထိုအဂ္ဂိရက်ပညာရှင်က လုယွီ၏လက်ထဲမှ ဆေးပင်ကို ကြည့်ပြီးနောက် မျက်လုံးကို လှည့်လိုက်ချိန်တွင် ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွားတော့၏။
“ဘာ ဘယ်လိုဖြစ်နိုင်မှာလဲ။”
ထိုလူ၏အကြည့်အောက်တွင်ပင် လုယွီ၏လက်ထဲတွင် ရှိနေခဲ့သော ထိုမျိုးစေ့လေးက ကြီးမားလာခဲ့ကာ အက်ကွဲသွားပြီး အနီရောင်ပန်းပွင့် ထွက်လာသည်။ ဝင်သက်အနည်းငယ်အတွင်းတွင်ပင် ထိုအနီရောင်ပန်းဖူးလေးက ဆက်တိုက် ကြီးထွားလာခဲ့ပြီး ရူးသွပ်စွာဖြင့် ကြီးပြင်းလာတော့၏။
“ဒီကောင် ကံကောင်းလိုက်တာ။”
“မဟုတ်သေးဘူး၊ ဒီအပင်က မီးခိုးဖျော့ရောင်ဖြစ်သင့်တာလေ၊ ဘယ်လိုကြောင့်များ နီနေတာလဲ။”
အပိုင်း ၉၂၄
ပတ်ဝန်းကျင်ရှိလူအများစုက လုယွီလက်ထဲတွင်ရှိသော ထိုမြက်ပင်ကို မြင်သောအခါ ဆွေးနွေးကြတော့သည်။
အနီရောင်ကျူးလင်မြက်ပင်အကြောင်း သူတို့ မကြားဖူးကြပေ။ လူအများစု နှလုံးသားထဲတွင် အနားမရနိုင်ကြတော့ပေ။ သို့သော် လူအနည်းစုကသာ အံ့ဩမှုနှင့်အတူ လင်းလက်တောက်ပလာခဲ့တော့၏။
အမှန်အတိုင်းဆိုရသော် ချူမိသားစုမှ စင်မြင့်ပေါ်ရှိ အဂ္ဂိရက်ပညာရှင်များက ထိုအနီရောင်စိတ်ဝိဉာဉ်စုစည်းခြင်းမြက်ပင်ကို ကြည့်နေခဲ့ပြီး အသက်ရှူပင် ရပ်မတတ်ဖြစ်နေခဲ့၏။
“ဒါက ဆင့်ကဲပြောင်းလဲသွားတဲ့ မှော်ဆေးပင်ပဲ၊ ဒီဆေးပင်ရဲ့ သက်ရောက်မှုတွေက ဘယ်တော့မှ မပြောင်းနိုင်ဘူး၊ ထူးခြားတဲ့ကံကောင်းမှုကို ရရှိထားလို့ ဒီဆေးပင်က အံ့ဩစွာနဲ့ ဆင့်ကဲပြောင်းလဲသွားခဲ့တာ။”
ထိုအဂ္ဂိရက်ပညာရှင်က လုယွီကို စုန်ချည်ဆန်ချည်ကြည့်သည်။
“ဒီလူရဲ့ပညာက တကယ်ထူးခြားတာပဲ၊ ငါတောင် သူ ဘယ်ကျောင်းတော်က လေ့လာခဲ့မှန်း မသိနိုင်ဘူး။”
ထိုသို့ဖြင့် ထိုလူက လုယွီ၏နာမည်ကို ထပ်မှတ်လိုက်ပြန်သည်။
သူနှင့်ပထမတစ်ယောက်က လုယွီ၏နာမည်ဘေးတွင် အမှတ်အသားများကို ချန်ရစ်ထားခဲ့ကြ၏။ သည်နှစ်မှတ်တည်းနှင့်ပင် အစည်းအဝေးပွဲ ဖွင့်လိုက်သည်နှင့် လူအများစုက လုယွီကိုသာ အာရုံစိုက်ကြတော့မည်ဖြစ်သည်။ သည်နည်းအားဖြင့် သူ အောင်နိုင်ခြေများလာ၏။
ကျန်ရှိသော လူနှစ်သောင်းတွင် တစ်သောင်းခွဲကသာ ဖယ်ထုတ်ခံလိုက်ရပြီး တစ်ဝက်ကျော်ကျော်ခန့်က ကျန်ရစ်ခဲ့တော့၏။ အဆုံးတွင် လူငါးထောင်ခန့်သာလျှင် ကျန်ရစ်တော့သည်။ သည်ငါးထောင်ခန့်ကသာ ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်၏။
“တတိယအဆင့်ကတော့ အဂ္ဂိရက်ပညာပဲ။”
ချူမိသားစု၏အဂ္ဂိရက်ပညာရှင်က ကျယ်လောင်စွာအော်သည်။
“မင်းတို့ရဲ့လက်ထဲမှာရှိတဲ့ ဒီမှော်ဆေးပစ္စည်းတွေကိုသုံးပြီး ဆေးတစ်လုံး ဖော်စပ်ရမယ်၊ မင်းတို့က ဆေးတစ်လုံး ဖော်စပ်နိုင်ရင် ဒီအစည်းအဝေးပွဲကို တက်ဖို့အဆင့်မှီတယ်လို့ သတ်မှတ်တယ်။”
ထိုစကားထွက်လာသည်နှင့် ဝရုန်းသုန်းကားဖြစ်သွားသည်။ မည်သို့သော နည်းလမ်းများဖြင့် သူတို့ ဆေးဖော်စပ်ရမည်ကို သေချာစွာပြောထားခြင်း မရှိခဲ့ပေ။ အရိုးရှင်းဆုံး ကျွီချီဆေးကပင် ဆေးပင်အမျိုးအစားဆယ်မျိုးခန့် လိုအပ်နေသေး၏။
“တိတ်တိတ်နေကြပါ၊ အားလုံးပဲ ထပ်ပြီးဆူညံနေမယ်ဆိုရင် အကုန်လုံးကို မောင်းထုတ်လိုက်ရလိမ့်မယ်။”
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်က လေးနက်စွာထပ်အော်သည်။
ထိုတစ်ခဏတွင် လူတိုင်းက စတင်တွေးတောကြရတော့၏။
“ဟမ့် အရူးတစ်သိုက် သူတို့က ဒီအတိုင်းဆေးဖော်ရုံပဲ၊ ဘာဆေးပင် အမျိုးအစားဖြစ်အောင် လုပ်နိုင်မယ်လို့မှ မပြောထားတာ။”
အဖြူရောင်ဝတ်စုံဝတ်ထားသော လူအိုကြီးက နှာခေါင်းရှုံ့ပြီးနောက် လက်ဝါးထဲမှ ဆေးပင်ကို သူ၏တန်မီးတောက်ဖြင့် လောင်ကျွမ်းစေတော့သည်။
ထိုအခါ ထိုဆေးပင်က တဖြည်းဖြည်း အရည်စက်အဖြစ် ပြောင်းလဲသွားသည်။ ထိုအဖြူရောင်ဝတ်စုံနှင့်လူက ချက်ချင်းဆိုသလို လက်ကိုဆန့်ထုတ်လိုက်ပြီး ရုတ်တရက် မြောက်တက်လာသော ဆေးလုံးပုံသဏ္ဍာန်ဖြစ်လာသည့် တစ်စုံတစ်ရာကို ဖမ်းဆွဲလိုက်သည်။
“ငါ လုပ်ပြီးပြီ။”
ထိုလူက အော်ရယ်သည်။
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်က ဆေးလုံးကို တစ်ချက်ကြည့်ပြီးနောက် နှာခေါင်းရှုံ့သည်။
“ဒါကို တန်ဆေးလုံးလို့ ခေါ်လို့ရလို့လား။”
ရုတ်တရက် သူက ပြင်းထန်သော အားတစ်ခုအတွင်း ကျသွားသကဲ့သို့ ထိုအဖြူရောင်ဝတ်စုံနှင့်လူ၏ လက်ထဲမှ ဆေးလုံးက ပြာဖြစ်သွားသည်။
“မင်းက အဂ္ဂိရက်ပညာရှင်ဖြစ်ဖို့ မတန်ဘူး၊ ငါ့ကို အရူးလာလုပ်ချင်နေတာလား၊ အဆင့်မမှီဘဲ ဒီပွဲကိုလာယှဉ်ပြိုင်ချင်နေသေးတယ်။”
ထိုသို့ဖြင့် ထိုလူ၏ခါးတံဆိပ်ပြားက အက်ကွဲသွားတော့သည်။
တစ်ချိန်တည်းတွင်ပင် စာရင်းမှ ထိုလူအိုကြီး၏နာမည်ကလည်း ပျောက်ကွယ်သွားတော့သည်။
အဖြူရောင်ဝတ်စုံနှင့်လူအိုကြီးက ပါးစပ်ဟလိုက်သည်။ သူ၏မျက်နှာက နီရဲသွား၏။ သူ ပြန်ငြင်းလိုသော်လည်း မငြင်းနိုင်တော့ပေ။ ထို့ကြောင့် စိတ်ပျက်အားငယ်စွာဖြင့် ထွက်သွားရတော့၏။
သည်အဖြစ်အပျက်ကြောင့် လူအများစု၏ မျက်နှာက ပျက်ယွင်းသွားကြသည်။ သူတို့ သေချာစွာ တွေးတောကြတော့၏။
“ဆေးပါဝင်ပစ္စည်းတစ်မျိုးတည်းနဲ့ လုပ်ဖို့ဆိုရင် အဆိပ်ဆေးပဲဖြစ်နိုင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အခြားသူတွေ စားလို့မရဘူးလေ။”
တစ်စုံတစ်ယောက်က တုန့်ပြန်ပြီးနောက် ဆေးကို တိုက်ရိုက်ဖော်စပ်တော့သည်။ သည်နည်းလမ်းတစ်မျိုးတည်းသာ ရှိတော့၏။ သူသာ ဒါကို လူအများသို့ပေးလိုက်လျှင် မမျှော်လင့်ထားသောအရာများ ဖြစ်လာနိုင်လေသည်။ သို့သော် အဆိပ်ဆေးကို ဖော်စပ်ခြင်းက လွယ်ကူလွန်းနေခဲ့၏။
“ငါက မီးအဆိပ်နွယ်ပင်ကို ရထားတာဆိုတော့ အပူမီးကို တိုးမြှင့်နိုင်တယ်၊ ဒီအတိုင်းဆိုရင် ဒါကို ဘယ်သူဝါးမြို ဝါးမြို ချက်ချင်းသေသွားမှာပဲ။”
၈
အခြားတစ်ယောက်ကလည်း အဆိပ်ဆေးကို ဖော်စပ်ပြန်သည်။ ဆေးလုံးပြီးဆုံးသွားသည်နှင့် ထိုလူ၏ခါးမှ တံဆိပ်ပြားက တောက်ပလာသည်။ သူက အဆင့်သတ်မှတ်ချက်မှီသည့် စာရင်းထဲသို့ ဝင်ရောက်သွားတော့၏။
အစပိုင်းတွင် လူအများစုက ချက်ချင်းဆိုသလို ဆေးလုံးများကို သန့်စင်နိုင်သွားကြသည်။
“မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာကြတာပဲ၊ ဒါပေမယ့် ထင်သလောက် မျှော်မှန်းထားတာမျိုး မဖြစ်လာတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။”
ချူမိသားစုမှ ဆရာသခင်က သက်ပြင်းချပြီး ခေါင်းခါသည်။
အပိုင်း (၉၂၅)
လုယွီ၏ ဝန်းကျင်တွင် သန့်စင်ပြီးသော ဆေးလုံးများစွာ ရှိနေသည်။ အချို့လူများ၏ ကံဆိုးမှုကို ထည့်ပေါင်းလိုက်သော် သူတို့က ဆေးလုံးသန့်စင်ရန် အလွန်ခက်ခဲနေကြတော့၏။ အခြားသူများကမူ တစ်လုံးပြီးတစ်လုံး အဆိပ်ဆေးလုံးများကို ဖော်စပ်နိုင်သည်။ လုယွီကမူ မရွေ့လျားသေးပေ။
အချို့သူများက နောက်ဆုံးတစ်ကြိမ်က လုယွီ၏ လုပ်ဆောင်မှုကို မနာလိုဖြစ်ခဲ့ကြ သည့်အတွက် ယခုအချိန်မှာ နှာခေါင်းရှုံ့ကြတော့၏
"ကျွီလင်းမြက်ပင်က အရာအားလုံးကို အရည်ဖျော်နိုင်စွမ်း ရှိတယ်၊ သူ ဒါကို ဘယ်လိုများ သန့်စင်မှာလဲ။ အဆိပ်ဆေးလုံးတော့ မဖြစ်နိုင်ဘူး၊ ဒီထက်ဆိုးတာက ဒီလိုဆေးပစ္စည်းမျိုးကို အဓိကဆေးလုံးအဖြစ် အသုံးမပြုနိုင်တာပဲ"
လူအုပ်က ရယ်သည်။ ယုယွီက မရွေ့လျားပေ။ သူ၏ လက်ပေါ်တွင် စိတ်ဝိဉာဉ်စုစည်းခြင်း မြက်ပင်က ရှိနေသေးသည်။
"အခြားသူတွေက ကျွီလင်းမြက်ပင်က အရံပစ္စည်းလို့ပဲ သိထားကြတယ်၊ ဒါပေမယ့် သူတို့မသိတာက ကောင်းကင်ဘုံရဲ့ လုံယာမြက်ပင်ကနေ ခွဲထွက်လာတယ်ဆိုတာပဲ"
"ငါ ဒါကို အခုချက်ချင်း ရင့်မှည့်အောင် လုပ်လိုက်လို့ မရဘူး။ "
လုံရာမြက်ပင်က နတ်ဘုရားတွေအတွက် အဓိကအစားအစာဖြစ်သည်။ ကောင်းကင်ဘုံကသားရဲတွေအတွက် အဓိက အစာအရင်းမြစ်လည်း ဖြစ်နေသေးတယ်။
" ငါကသာ ဒါကို နဂါးဖူးဆေးလုံးဖြစ် သန့်စင်လိုက်ပြီး တယွီကောင်းကင်တိုင်းပြည်ရဲ့အစောင့် တော်ဝင်မြင်းကို ပေးလိုက်နိုင်တယ်"
လုယွီ၏ လက်က ရွေ့လျားသွားသည်နှင့် လုံရာမြက်ပင်က ရူးသွပ်စွာဖြင့် ကြီးပြင်းလာသည်။ တစ်ချိန်တည်းတွင်ပင် လုယွီ၏ လက်ဝါးမှ မီးတောက်များ တောက်လောင်လာပြီး အနက်ရောင်မီးတောက်က ချက်ချင်းလိုလို မြက်ပင်ကို ဝါးမြိုသွား၏။ အစမှအဆုံးအထိ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းချိန်မျှသာ ကြာသည်။
"အသုံးမကျပဲ ရုန်းကန်နေတာပဲ"
အခြားသူများက လုယွီကို ဟာသမြင်နေရသကဲ့သို့ ကြည်သည်။
ချူအာ့ခိယက်ပညာရှင်၏ မျက်လုံးများက မှေးကျဉ်းသွားသည်။ ရုတ်တရက် လုယွီ၏ ဆေးဖော်စပ်သည့် နည်းလမ်းက မှန်ကန်ကြောင်း သိလိုက်ရ၏။
]" ကျွီလင်းမြက်ပင်က ဘယ်လိုဆေးမျိုးကို သန့်စင်နိုင်မှာလဲ"
လူတိုင်းက ခန့်မှန်းနေကြချိန်တွင် လုယွီက လုံရာမြက်ပင်၏ ပထမဆုံး သန့်စင်သည့်အဆင့်ကို ပြီးသွားခဲ့ချေပြီ။ ဒီအဆင့် ပြီးမှသာလျှင် လုံယာမြက်ပင်၏ သန့်စင်မှုက ကိုးဆယ်ရာခိုင်နှုန်းအထိ စစ်ထုတ်နိုင်မည်ဖြစ်၏။
အလယ်အလတ်အဆင့်တွင် အဂ္ဂိရက်ပညာရှင်များ များစွာရှိနေသည့်တိုင်အောင် သုံးကြိမ်လေးကြိမ်ခန့် စစ်ထုတ်လိုက်မည်ဆိုလျှင်ပင် ခုနှစ်ဆယ်ရာခိုင်နှုန်းထိသာလျှင် သန့်စင်နိုင်ကြသည်။
"ဆေးလုံး သန့်စင်တာ အချိန်အကြာကြီး မလိုဘူး၊ မရင်းနှီးတဲ့ နယ်မြေတွေကို ဦးဆောင်ဖို့လည်း မလိုဘူး"
လုယွီ၏ မျက်မှောင်ကကြုတ်သွာသည်။ သူ မကျေနပ်သေးပေ။
"တော်လောက်ပြီ၊ ဒီအတိုင်း လုံယာမြက်ကို သိပ်သည်းအောင်ပဲ လုပ်လိုက်ကြရအောင်"
လုယွီက ကျန်ရှိနေသော လုံယာမြက်ပင်များကို ချက်ချင်းလိုလို သန့်စင်တော့သည်။
လုယွီက မရေမတွက်နိုင်အောင် ဒီလိုသန့်စင်သည့်နည်းလမ်းများကို အသုံးပြုပြီးသော်လည်း အခြာသူများ၏ အမြင်တွင်မူ စိတ်မရှည်သလို ဖြစ်နေကြသေးသည်။
"စိုးရိမ်စိတ်ဝင်နေတယ်၊ ဒီလိုစိတ်အခြေနေနဲ့ သူ့ကိုမြင်မြင့်မှန်းဖို့ မလိုအပ်တော့ဘူးပဲ"
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်က ခေါင်းကို ခါနေသည်။ အဂ္ဂိရက်ပညာရှင်တစ်ယောက်အနေနှင့် စိတ်အခြေအနေက အရေးကြီးသည်။ထိုအချိန်တွင်ပင် အလွန်ပြင်းထန်သော မွှေးရနံ့က ပြန့်လွင့်လာပြီး သူ ရှူရှိုက်မိသွား၏
"ဘာအနံ့လဲ"
သူ အံ့ဩသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း ဒီအနံ့ကို ရကြ၏။ ထိုအချိန်တွင် တစ်နာရီ ကုန်လွန်သွားပြီဖြစ်သည်။ လုယွီ၏ ဆေးလုံးက ပြီးဆုံးသွားပြီဖြစ်၏။
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်က ချက်ချင်း ထရပ်သည်။ သူက လုယွီ၏ အနားသို့လာကာ လေးနက်စွာပြော၏။
"မင်း ဘာကို သန့်စင်လိုက်တာလဲ"
Thank For Reading.