← Chapters

အခန်း (၉၂၆-၉၃၀)

Vol. 50 Ch. 926-930

အခန်း (၉၂၆-၉၃၀)

Vol. 50 Ch. 926-930

အပိုင်း ၉၂၆

လုယွီက မီးပြင်းဖိုထိပ်မှ အဖုံးကို မတင်လိုက်ပြီး တိုက်ရိုက်ပြောသည်။

"ဒီဆေးလုံးကို လုံယာဆေးလုံးလို့ ခေါ်တယ်"

မီးဖိုးအဖုံးဖွင့်လိုက်သည်နှင့် နဂါးဟိန်းသံက ဖျော့တော့စွာ ထွက်ပေါ်လာသည်။ ဒါက တစ်လောကလုံးကို ပဲ့တင်ထပ်သွားဟန် ရ၏။

မီးပြင်းဖိုထဲတွင် အဖြူရောင်ဆေးလုံးလေးက တိတ်ဆိတ်စွာ ရှိနေသည်။ ထိုဆေးလုံးပေါ်တွင် နဂါးအရိပ်ကိုပင် မြင်နိုင်သေး၏။

"လုံယာဆေးလုံး ဘယ်လို ဘယ်လို ဖြစ်နိုင်မှာလဲ"

အားလုံး မင်သက်သွားကြတော့ကာ သရဲကို မြင်ရသကဲ့သို့ ဖြစ်သွားကြသည်။ ဒါက စိတ်စွမ်းအားဆေးဖြစ်သည်။ အဂ္ဂိရက်ပညာရှင်ပေါင်းများစွာ သူတို့၏ တစ်ဘဝလုံး သန့်စင်ရန်မဖြစ်နိုင်သော ဆေးလုံးလည်း ဖြစ်နေသေး၏။

ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်၏ မျက်လုံးတွင် လောဘများ တောက်လောင်လာသည်။ သူ အော်တော့၏။

"မင်းသာ ဒီဆေးလုံးအတွက် လေလံတင်မယ်ဆိုရင် ငါ မင်းကို ယွမ်သန်းတစ်ရော ကြမ်းခင်းဈေးအနေနဲ့ ပေးနိုင်တယ်။ ငါ ဒီဆေးလုံးကို ဝယ်မယ်"

ထိုအချိန်တွင် ပတ်ဝန်းကျင်မှ သားရဲများ၏ ဟိန်းသံကို ကြားလိုက်ရသည်။ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ဟိန်းဟောက်ကြ၏။ မြေပြင်ကပင် တုန်ဟီးသည်။ ထိုအဂ္ဂိရက်ပညာရှင်ကပင် တုန်ယင်သွားတော့၏။

"ဘာဖြစ်တာလဲ"

ချူမြို့တွင် ဝရုန်းသုန်းကား ဖြစ်နေတော့သည်။ ချူမိသားစု၏ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများက ကောင်းကင်သို့ တက်ပြီး အဝေးသို့ကြည့်၏။

"ဘာဖြစ်တာလဲ"

"ရေခဲနယ်မြေက ကောင်တွေက ဒီတစ်ကြိမ်မှာ စောပြီး စစ်တိုက်ကြတော့မှာလား"

"ကလန်က အကာအကွယ်ဝင်္ကပါကို ချက်ချင်း ဖွင့်လိုက်ကြ"

ဘုန်းတော်ကြီးများ အားလုံးက ထိတ်လန့်သွားကြသည်။ ကြီးမားသော ဝင်္ကပါအခင်းအကျင်းကို စတင်လိုက်သည်နှင့် အလင်းလိုက်ကာက မိသားစုတစ်ခုလုံးကို ဖုံးလွှမ်းတော့သည်။

"ဘာတွေ ဖြစ်နေတာလဲ"

ချူချင်၏ ပုံရိပ်က ရုတ်တရက် ဘုန်းတော်ကြီးများ၏ ရှေ့တွင်ပေါ်လာသည်။ သူ၏ မျက်နှာကမဲမှောင်နေ၏။

"ဆရာသခင် ကျွန်တော်တို့ ဘာတွေဖြစ်နေမှန်း မသိပါဘူး၊ ရုတ်တရက်ကြီး ကျွန်တော်တို့ ချူမိသားစုဆီကို လာနေတဲ့ အလွန်အမင်း စွမ်းအားပြင်းထန်တဲ့ အရှိန်အဝါတွေကို ခံစားမိလိုက်တာပါပဲ။ ရေခဲနယ်မြေကများ ရောက်လာတာလား"

ချူမိသားစုမှ အခြားသော နတ်မင်းတစ်ဖြစ်လည်း ဘုန်းတော်ကြီးများက အလောတကြီး ပြောပြကြသည်။

ချူချင်က လေးနက်သော အမူအယာဖြင့် ပြောသည်။

"နေဦး ရေခဲနယ်မြေက ဒီကို တိုက်ခိုက်ဖို့ လာတယ်ဆိုရင် သူတို့က စွမ်းအားကြီးအမြှောက်တွေနဲ့ အရင်ဆုံး တိုက်ခိုက်တတ်လေ့ ရှိတာပါ"

"လာကြပြီ"

ရုတ်တရက် နတ်မင်းတစ်ပါးက အော်သည်။

အလင်းအကာအကွယ်လွှာ၏ အပြင်ဘက်တွင် ဖုန်မှုန့်များ တဝုန်းဝုန်းထလာပြီးနောက်တွင် မရေမတွက်နိုင်သော ကြီးမားသည့် ပုံသဏ္ဍာန်များ ပေါ်လာကြ၏။ ထိုဖုန်မှုန့်များ လျော့ပါးသွားသောအခါ လူတိုင်း အသက်ရှူ အောင့်မိသွားသည်။ ဒါက မကောင်းဆိုးရွား သားရဲတစ်သိုက်ဖြစ်၏။ သူတို့ မည်သည့်နေရာကလာမှန်း မည်သူမှ မသိကြပေ။ သို့သော် သူတို့၏ အကြည့်များက ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီး စိတ်ဆန္ဒ များစွာလည်း ပါနေခဲ့သည်။ သူတို့က အလင်းအကာအကွယ်လွှာကို ရူးသွပ်စွာ တိုက်ခိုက်နေတော့သည်။

"ဘယ်လိုဖြစ်ပြီး ဒီသားရဲက ဒီလောက် များနေတာလဲ"

"ရေခဲနယ်မြေကများ ဖိတ်ခေါ်ခဲ့တာများလား"

ချူမိသားစုမှ ဘုန်းတော်ကြီးများ အချင်းချင်း သုံးသပ်နေကြသည်။ သို့သော် သူတို့ ကောင်းမွန်စွာ မတွေးတောနိုင်ခဲ့ပေ။ သူတို့ အကောင်းဆုံး လုပ်ရမည်မှာ သည်အခင်းအကျင်းကို ခိုင်မာစွာ တောင့်ထားနိုင်ရန် မျှော်လင့်နေရုံသာ ဖြစ်၏။


"ဒါမင်းရဲ့ ဆေးကြောင့် ဖြစ်တာလား"

လုယွီက မနေနိုင်ပဲ ရယ်သည်။ ကောင်းကင်လောကတွင် သားရိုင်းများကို သာမန်မွေးမြူသော ဆေးတစ်လုံးက ဒီလောကမအထိ ဖြစ်လာစေမည်ဟု မထင်ထားမိပေ။ သို့သော် ဒါက ကျိုးကြောင်းသင့်လျော်သေး၏။ မည်သို့ပင်ဆိုစေ ဒီလိုနယ်မြေမျိုးတွင် ဒီလိုဆေးလုံးမျိုးကို သူတို့ အသုံးမပြုခဲ့ဖူးကြချေ။

"အဆင်ပြေတယ်၊ ငါ ဒီဆေးလုံးရဲ့ အနံ့ကို ဖုံးလိုက်တာနဲ့...."

လုယွီက တစ်စုံတစ်ရာ လှုပ်ရှားတော့မည့်အချိန်တွင်ပင် ရုတ်တရက် သူ၏ အကြည့်က အဝေးသို့ ရောက်သွားသည်။

အရှေ့ဘက်မှ ရောင်စုံအလင်းတန်းများ ဆင်းသက်လာ၏။ အလင်းက မျက်စိကျိန်းမတတ်တောက်ပလွန်းသည်။ ထိုတစ်ခဏတွင် လူတိုင်း၏ မျက်လုံးက ဆွဲဆောင်ခံလိုက်ရတော့သည်။

"ဒါက..."

ချူချင်ပင် အသက်ရှူအောင့်မိသွားသည်။

တောက်ပနေသော နေရောင်အောင်တွင် ယူနီကွန်က ကောင်းကင်က ဆင်းသက်လာသည်။ သူ၏ အနောက်တွင် မရေမတွက်နိုင်သော ခမ်းနားသည့် တိမ်စိုင်များနှင့် ရွှေရောင်အလင်းတန်းများကး တောက်ပနေတော့၏။ ဒါက ဒဏ္ဍာရီလာသားရဲ ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင်ပင် ဒီလိုသားရဲမျိုးက အထွတ်အမြတ်သားရဲဖြစ်ပြီး နှစ်တစ်သောင်းကြာလျှင် တစ်ကောင်တွေ့ရန် ရှားပါးလွန်းသေး၏။ ဒဏ္ဍာရီထဲတွင်သာ ရှိသည်ဟု အားလုံးက ယူဆထားကြသည်။ ယခုအချိန်တွင်မူ ထိုတော်ဝင်သားရဲကို လူတိုင်းမြင်လိုက်ရချေပြီ။

ချူမိသားစုမှ အစောင့်အခင်းအကျင်းက ထိုချီလင်း၏ မျက်လုံးတွင် သက်ရောက်မှုမရှိ‌ပေ။ သူက အလင်းအကာအကွယ်လွှာကို အသာအယာပင် ကျော်ဖြတ်သွား၏။ သို့ရာတွင် အခြားသော မကောင်ဆိုးဝါးများကမူ ဒီအခြေအနေကို မြင်သောအခါ လက်မခံလိုစွာဖြင့် လှုပ်ရှားကြတော့သည်။

သို့တိုင်အောင် ချီလင်း၏ ဖိနှိပ်ခြင်းကိုသာ ခံရ၏။ ချီလင်းက လုယွီထံ ဖြေးညင်းစွာ ချဉ်းကပ်လာသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူ၏ အနားတွင် ရှိသော မီးဖိုထဲမှ ဆေးလုံးကို မြင်သွား၏။ သူက ချက်ချင်းလိုလို ပြေးလာပြီး ဆေးလုံးကို ဝါးမြိုလိုသည်။

ရုတ်တရက် လုယွီက တားသည်။

"ဒါက ငါ့ရဲ့ ပစ္စည်းပဲ၊ ငါ့ရဲ့ခွင့်ပြုချက် မရှိပဲ မင်း မယူသင့်ဘူး"

လုယွီက ပေါ့ပါးစွာ ပြောသည်။

ရပ်ကြည့်နေသူ အားလုံး၏ နှလုံးသားက ဆွဲထုတ်ခံရသလို ခံစားလိုက်ရသည်။

"ဒါက တော်ဝင်သားရဲလေ၊ မင်းသူနဲ့ တွေ့တဲ့အချိန်မှာ ထာဝရရှင်သန်သူတစ်ယောက် အဆင့်အတန်းလိုမျိုး ဆက်ဆံရဦးမှာ။ ဒီကောင်လေး ရူးနေပြီလား"

ချီလင်းက ရပ်တန့်သွားပြီးနောက် လုယွီကို ကြည့်ကာ ဟိန်းဟောက်သည်

"ဟုတ်ပြီလား"

လုယွီက ယူနီကွန်ကို ကြည့်သည်။ သူ၏ မျက်လုံးတွင် စိတ်ဝိဉာဉ်အလင်းက ဖျက်ကနဲ လက်သွား၏။

အပိုင်း ၉၂၇

ရုတ်တရက် ယူနီကွန်က တောင့်တင်းသွားသည်။ သူက မော့ကြည့်ပြီးနောက် သံသယအပြည့်ဖြင့် လုယွီကို စိုက်ကြည့်လာသည်။ လုယွီ၏ ကိုယ်မှတဆင့် အန္တရာယ်ကို သူ ခံစားမိနေသည်။

ချီလင်းက ခေါင်းကိုငုံ့ပြီးနောက် လုယွီထံသို့ သူ၏ ကြီးမားသော ကိုယ်ကြီးဖြင့် ချဉ်းကပ်လာသည်။

"ဒီဆေးလုံးက ငါ့အတွက် အသုံးမဝင်ဘူးဆိုတော့ မင်းကို ပေးလိုက်ပါ့မယ်လေ"

လုယွီက ညင်သာစွာပြောသည်။ ထို့နောက် ဆေးလုံးကို ချီလင်း၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။

ချီလင်းက ပါးစပ်ကို အသင့်ဖွင့်လျက် ဆေးလုံးကို ဝါးမြိုလိုက်သည် ထိုခဏတွင်ပင် သူ၏ ကိုယ်ထဲတွင် မီးတောက်က တောက်လောင်လာသည်။အလင်းတန်းက သူ၏ ကိုယ်မှ အလွန်ထိန်လင်းကာ မျက်စိကျိန်းမတတ် အထိ တောက်ပလာခဲ့၏။ တယွီမင်းဆက်အကျဉ်းထောင်တွင် အဖမ်းခံလိုက်ရေသော တော်ဝင်မြင်းအတွက် ဒီလိုဆေးလုံးမျိုးက ရိက္ခာဖြစ်သည်။ ဒီလိုအထွတ်အမြတ်သားရဲအတွက်မူ အစာဖြစ်နေသေး၏။ ချီလင်းက ကောင်းကင်နှင့် မြေကြီးမှ အရှိန်အဝါကို မှီခိုကာ ရှင်သန်ခြင်းဖြစ်သည်။ သို့သော် ဒီလိုရိက္ခာမျိုးနှင့် ထိုအရှိန်အဝါက ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

ထိုဆေးလုံးကို စားပြီးနောက် ချီလင်း၏ အင်အားများက ထိုးတက်လာသည်။ သူက ခေါင်းကိုငုံ့လျက် လုယွီ ကျေနပ်အောင် အသနား ခံနေတော့သည်။

"မင်းငါနဲ့ လိုက်ဖို့ အခွင့်အရေး မရှိသေးဘူး၊ မင်းကအဆင့်ခုနှစ် တော်ဝင်သားရဲအဆင့် ရောက်မှငါ့ကို လာရှာလှည့်"

လုယွီက လက်ရမ်းလိုက်လျက် ချီလင်းကို နောက်ဆုတ်စေသည်၊ ချီလင်းက လက်လျှော့ရန် ဆန္ဒမရှိသော်လည်း မတတ်နိုင်တော့သည့်အခါ နောက်ဆုတ်လိုက်ရ၏။သူက တရှုံ့ရှုံ့ ငိုသွားသေးသည်။

ထိုအချိန်တွင် စမ်းသပ်ကွင်းပြင်တွင်မူ လူအများစုက တိတ်ဆိတ်စွာဖြင့်သာ ထိုမြင်ကွင်းကို ကြည့်နေရ၏။ ထိုတော်ဝင်သားရဲမျိုးက နှစ်တစ်သောင်းကြာလျှင်ပင် ထွက်မလာတတ်သော်လည်း ယခုအခါတွင်မူ ထိုကောင်လေး၏ လက်ထဲမှ ဆေးကြောင့် ရောက်လာခဲ့သည်။

"သူ သန့်စင်လိုက်တာက ဘယ်လိုဆေးမျိုးလဲ"

ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်၏ မျက်နှာက နီရဲသွား၏။ သူက ယွမ်သန်းတစ်ရာခန့်ကိုသာ သုံးပြီး လုယွီ၏ လက်ထဲမှ ဆေးလုံးကို ရယူလိုခဲ့၏။ လက်ရှိအချိန်တွင် လုယွီက ဆေးလုံး ဖော်စပ်ပြီးပြီဖြစ်သည်။ တော်ဝင်သားရဲကိုပင် ခေါ်ဆောင်နိုင်သေး၏။ ဒါက ဘီလီယမ်ဆယ်သန်းဆိုလျှင်ပင် ဆေးလုံး၏ လုပ်နိုင်စွမ်းအားကို တိုင်းတာ၍ ရမည်မထင်ပေ။

"အခု ဒီပွဲပြီးပြီ၊ သူတို့ရဲ့ ကတ်အဖြူပေါ်မှာ တိမ်ပုံသဏ္ဍာန် သင်္ကေတရတဲ့သူတွေက ဒီဆွေးနွေးပွဲကို ဝင်ရောက်ခွင့်ရှိတယ်"

ချူမိသားစုမှ အဂ္ဂိရက် ပညာရှင်က အသံလှိုင်းမြှင့်ကာ ပြောသည်။

ရုတ်တရက် အော်ပြေးသံထွက်လာခဲ့သည်။

သည်ပြိုင်ပွဲတွင် လူအယောက်သုံးသောင်း ဝင်ရောက်ခဲ့သော်လည်း လူနှစ်ထောင်သာလျှင် နောက်တွင် ရပ်ကျန်နိုင်ခဲ့၏။

လုယွီ၏ ခါးမှ တံဆိပ်ပြားတွင် တိမ်သင်္ကေတရှိနေခဲ့သည်။

အရည်အချင်း ပြည့်မှီရာတွင်မူ လုယွီက ပြောပြရန်ပင် ခက်ခဲနေသေးသည်။ ထို့နောက် သူက လှည့်ထွက်လိုက်ချိန်တွင် လုယွီ၏ အရှေ့တွင် ခရမ်းရောင်ဝတ်စုံဝတ်စုံ ဝတ်ထားသော နတ်မင်းတစ်ဖွဲ့ ပေါ်လာ၏။

"မင်း သွားလို့ မရဘူး"

ပထမဆုံးတစ်ယောက်က ရန်လိုစွာပြောသည်။

"မင်းအသုံးပြုခဲ့တဲ့ အဲဒိဆေးပစ္စည်က ချူမိသားစုက ပိုင်တယ်၊ ဒါကြောင့် မင်းသန့်စင်နိုင်တဲ့ ဆေးလုံးက ချူမိသားစုကအတွက်ပဲဖြစ်သင့်တယ်၊ မင်းအခု ဆေးလုံးနှစ်လုံး သန့်စင်လိုက်တာ ငါ မြင်လိုက်ရတာပဲ။ တစ်လုံးကို ငါ့လက်ကိုအပ်"

သူက မျက်မှောင်ကြုတ်ကာ ထိုလူကို ကြည့်သည်။

"ချူမိသားစုမှာ ဒီလိုစည်းမျဉ်းရှိလို့လား"

သူက သန့်စင်လိုက်ကတည်းက ဒါက သူ၏ ဆေးလုံးဖြစ်သည်။ ဒါက သည်လောကမှ စည်းမျဉ်းဖြစ်၏။

အထက်တန်းလွှာ မိသားစုများက မရေမတွက်နိုင်သော စွမ်းအင်များနှင့် ပိုက်ဆံများကို သုံးပြီး အဂ္ဂိရက်ပညာရှင်များ ဆေးဖော်စပ်ပေးရန် ဆေးဝါးပစ္စည်းများကို ရှာဖွေပေးရသည်။ သန့်စင်၍ ရလာသမျှက အဂ္ဂိရက်ပညာရှင်၏ နာမည်သာ ဖြစ်သင့်၏။ ထိုအထက်တန်းလွှာ မိသားစုများ၏ အပိုင်မဟုတ်ပေ။

ထိုချီမိသားစုမှ အဂ္ဂိရက်ပညာရှင်၏ မျက်နှာက နီရဲသွားပြီး ပြောသည်။

"မင်းက ဘယ်မိသားစုကလဲ၊ ငါက အဆင့်မြင့်တန်အဆင့်အဂ္ဂိရက်ပညာရှင်ပဲ၊ မရိုင်းနဲ့"

ငယ်ရွယ်သော လူက နှာခေါင်းရှုံ့ကာ ဝင်ပြောလာသည်။

"ငါ့အဖေက ဆရာသခင်အဆင့်ပဲ၊ မင်းရဲ့ တန်ဆေးလုံးနဲ့ဆိုရင် မင်း ယှဥ်နိုင်မယ်ထင်လို့လား"

ထိုအဂ္ဂိရက်ပညာရှင်က ကြောင်သွားသည်။

သူက ခပ်မြန်မြန် ဦးညွတ်ပြီးပြောသည်။

"ဒါဆရာသခင် ဖေးဖုန်းပဲ၊ ကျွန်တော်ရိုင်းပျမိပါတယ်၊ ဒီဆေးလုံးက ဒီလူဖော်စပ်ထားတာပါ။ စည်းမျဉ်းတွေ အရဆိုရင် သူ့အပိုင်ဖြစ်သင့်တာပါ"

လူငယ်က ချူဖေးဖုန်းဟု ခေါ်ပြီး ချူချင်၏ သားဖြစ်သည်။ သူက လက်ရှိအချိန်တွင် ခေါင်းဆောင်၏ သားဖြစ်နေသေးသည်။

လူတိုင်း၏ အကြည့်က ချီလင်းထံတွင် ရောက်နေခဲ့ချိန်တွင် သူက လုယွီသန့်စင်ထားသော ဆေးလုံးက နှစ်လုံးဖြစ်ကြောင်းကိုသာ မြင်ခဲ့ခြင်းဖြစ်၏။

ချူဖေးဖုန်းက စိတ်မရှည်စွာ ပြောသည်။

"ပေါက်ကရပြောဖို့ မလိုတော့ဘူး။ ဒါက လုမိသားစုမှာဆိုရင် ငါက စည်းမျဉ်းပဲ"

လုယွီက ခေါင်းခါပြီး ထိုဆေးလုံးကို လွှင့်ပစ်လိုက်သည်။ လုယွီအတွက်မူ ဒီလိုဆေးလုံးမျိုးက အဆင့်နိမ့်ဆေးဖြစ်ပြီး ဘာမှအသုံးမဝင်ပေ။

"ခုနက တစ်လုံးက သားရဲတစ်ကောင်အတွက်၊ ဒီတစ်လုံးကတော့ မင်းရဲ့ အပြင်ကို ရောက်နေတဲ့ မကောင်းဆိုးဝါးကောင်ကြောင့် ဖြစ်မယ်။ လူတစ်ယောက်အတွက် ဒီလိုဆေးလုံးမျိုးကို သုံးလို့ မဖြစ်နိုင်ဘူး၊ မမျှော်လင့်ထားတဲ့ မတော်တဆဖြစ်မှုတွေ ဖြစ်လာနိုင်တယ်"

လုယွီက သတိပေးသည်။

အပိုင်း ၉၂၈

လုံယာဆေးက ချူဖေးဖုန်းထံ ရောက်သွားသည်။ လုယွီ၏သတိပေးချက်ကိုမူ သူက ဂရုမစိုက်ပေ။ ထိုဆေးလုံးအတွင်းမှ ပြင်းထန်သော ဝင်သက်ခံစားချက်ကိုရသောအခါ ချူဖေးဖုန်း၏မျက်ဝန်းအတွင်း အေးစက်မှုများက တောက်ပလာခဲ့၏။

“ချီလင်းတောင် စားလို့ရတာ၊ ဘာလို့ ငါက စားလို့မရရမှာလဲ။”

သူ့အဖေက ချူချင်ဖြစ်သော်လည်း သူ့တွင် ဆက်ခံသူနေရာအတွက် ယှဉ်ပြိုင်ရန် ညီအစ်ကိုများစွာ ရှိနေခဲ့သေးသည်။ သည်ဆေးလုံး၏အကူအညီနှင့်ဆိုလျှင် အဆင်ပြေသွားနိုင်၏။

ထို့ကြောင့် သူက ချက်ချင်းဆိုသလို ဝါးမြိုလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်မှ နတ်မင်းများကို အမိန့်ပေးလိုက်၏။

“ခင်ဗျားတို့တွေ ငါ့ဘေးမှာ ကာကွယ်နေကြ၊ ဘယ်သူမှ အနားမကပ်လာစေနဲ့။”

“ဟုတ်ကဲ့သခင်လေး”

လုံယာဆေးလုံးက သူ့ပါးစပ်အတွင်း ဝင်ရောက်သွားသည်နှင့် သူ၏တစ်ကိုယ်လုံးတွင် ဆေးစွမ်းအင်များ ပြည့်နှက်သွားကြောင်း ခံစားလိုက်ရသည်။ သူ၏ကြားခံနယ်မြေများတွင် ပြည့်နှက်သွားခြင်းဖြစ်၏ ရုတ်တရက် တစ်စုံတစ်ရာ မှားယွင်းကြောင်း သူ ခံစားလိုက်ရသည်။

ချူဖေးဖုန်း သွေးအပြည့်အန်ထုတ်လိုက်ရပြီး မျက်နှာက ကြောက်မက်ဖွယ်ကောင်းသွား၏။

ပတ်ဝန်းကျင်မှ ဘုန်းတော်ကြီးများကလည်း လန့်သွားပြီး အနားကပ်လာကြသည်။ ထို့နောက် ချူဖေးဖုန်းက အော်ဟစ်သံကို ထုတ်ဖော်လိုက်တော့၏။

“ငါ့ကိုမထိနဲ့ မြန်မြန် ငါ့အဖေကိုသွားခေါ်”

ချူဖေးဖုန်းက အော်သည်။

ကျန်သောဘုန်းတော်ကြီးများက ချူချင်ကို သွားရှာကြပြီး အချို့ကမူ လုယွီကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ချူချင်က အခြားသူများ၏ တင်ပြချက်ကို နားထောင်နေခြင်းဖြစ်သည်။

“ချီလင်းကို ရှာမတွေ့ဘူးလား။”

ချူချင်၏မျက်ဝန်းအတွင်း မသေချာမှုများက လင်းလက်လာသည်။

ယူနီကွန်က တော်ဝင်သားရဲဖြစ်သည်။ သူ့ကိုသာ ဖမ်းနိုင်ပြီး အမြူတေကိုသာ စားသောက်လိုက်မည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားပေလိမ့်မည်။

ချူမိသားစုမှ ဘုန်းတော်ကြီးတစ်ယောက်က မျက်နှာပြာနှမ်းစွာဖြင့်ပြော၏။

“သခင် ချီလင်းက ထွက်သွားတယ်ဆိုတာနဲ့ ချက်ချင်းပျောက်သွားတော့တာပါ၊ သူ ဘယ်နေရာကို ထွက်သွားမှန်း ဘယ်သူမှ မသိပါဘူး။”

ထိုအချိန်တွင် ချူချင်က အမူအရာပြောင်းလဲသွားပြီး သတင်းစကားကို လက်ခံရရှိသည်။ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့၏။ ထို့နောက် တစ်ခဏတွင် ချူဖေးဖုန်း၏အနောက်သို့ ရောက်သွားသည်။

“ဘာဖြစ်နေတာလဲ။”

သူ့သား၏မျက်နှာအမူအရာကို ကြည့်ပြီးနောက် ချူချင်က ဒေါသ ထွက်လာတော့သည်။ ချူဖေးဖုန်းက ချူချင်၏အငယ်ဆုံးသားလည်းဖြစ်သည်။ သူ အချစ်ဆုံးလည်း ဖြစ်၏။

“သခင်လေးက သူ့ဆေးကို သောက်လိုက်ပြီးတာနဲ့ ဒီလိုဖြစ်သွားတာပါပဲ။”

ဘုန်းတော်ကြီးတစ်ယောက်က လုယွီကို လက်ညှိုးထိုးသည်။

အပိုင်း ၉၂၉

ချူချင်က လုယွီအပေါ် အမြင်အချို့ရှိသည့်အတွက် ချက်ချင်း ဒေါသထွက်သွားပြီးပြောသည်။

“မျိုးမစစ်ကောင် မင်း ငါ့သားကို ထိခိုက်အောင် လုပ်ရဲတယ်။”

ချူဖေးဖုန်း၏မျက်နှာက ပူပြင်းနေသည်။ သူက အံကိုကြိတ်ပြီးပြော၏။

“အဖေ သူ့ကို မလွှတ်ပေးနဲ့။”

ရှင်းလင်းစွာဖြင့်ပင် ချူဖေးဖုန်းက လုယွီ၏အကြံပြုချက်ကို နားမထောင်ခဲ့ပေ။ သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် သောက်ခဲ့ခြင်းဖြစ်၏။ ယခုအခါ တစ်စုံတစ်ရာ မှားယွင်းလာသည်နှင့် လုယွီကို ပြဿနာရှာတော့သည်။

လုယွီက အမူအရာ မပြောင်းလဲပေ။

“ဘာလဲ ချူမိသားစုရဲ့ခေါင်းဆောင်က လူရှေ့မှာ ငါ့ကိုသတ်တော့မှာလား၊ ငါ ခင်ဗျားသားကို ဆေးက သားရဲအတွက်ပဲလို့ သတိပေးထားခဲ့ပြီးသား၊ ဒါကို သူက နားမထောင်ခဲ့ဘူး၊ ဒီဆေးက သူ့ကို မသေစေနိုင်ပေမယ့် နှစ်ဝက်လောက်တော့ အိပ်ရာထဲက မထနိုင်မှာသေချာတယ်။”

လုယွီက သည်ချူချင်ကို မကြောက်ပေ။ ကြောက်လန့်ရန်လည်းမလိုအပ်ပေ။ ချူမိသားစုတစ်ခုလုံးကပင် သူ့အပေါ် ဘာမှ လုပ်နိုင်စွမ်းမရှိပေ။ ဆေးလုံးကြောင့်သာ မဟုတ်လျင် သူက ထွက်သွားခဲ့ပြီးသည်မှာ ကြာလှချေပြီ။ သည်နေရာတွင် ဆက်နေရန် အကြောင်းမရှိပေ။

“ဆရာ သူ ပြောတာမှန်ပါတယ်။”

ပွဲကိုစီစဉ်ကျင်းပသည့် အဂ္ဂိရက်ပညာရှင်က ဝင်ပြောပြလာသည်။

ချူချင်က ခေါင်းကိုလှည့်ပြီး ချူဖေးဖုန်းကိုကြည့်၏။ သူ့သားအကြောင်း သူ အသိဆုံးဖြစ်သည်။ ထို့နောက် ချူဖေးဖုန်းက လုယွီ၏ဆေးကိုသောက်ပြီး ခွင့်ပြုချက်မရှိဘဲ ဝါးမြိုခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် ဒါက အစည်းအဝေးပွဲ နေရာဖြစ်၏။ သည်နေရာတွင်သာ အဂ္ဂိရက်ပညာရှင်တစ်ယောက်ကို သတ်လိုက်လျှင် ချူမိသားစု၏ ဂုဏ်သိက္ခာက ကျဆင်းသွားပေလိမ့်မည်။

“အိမ်ပြန်မယ် အရူးကောင်”

ချူချင်က ချူဖေးဖုန်းနှင့်အတူ ပျောက်ကွယ်သွားသည်။

ထိုအချိန်တွင် လုယွီ၏ခါးမှ ချူမိသားစုတံဆိပ်ပြားက ပျက်စီးသွား၏။ သည်တံဆိပ်ပြားက ချူယွီယူ ပေးထားခဲ့ခြင်းဖြစ်ပြီး သည်အိမ်တွင်နေထိုင်မည့် အမှတ်အသားလည်းဖြစ်သည်။ ယခုအခါတွင်မူ ပျက်စီးသွားလေပြီ။

သို့ရာတွင် လုယွီက ဂရုမစိုက်ပေ။ ချူတစ်မြို့လုံးတွင် သူ ကြိုက်သည့်နေရာ နေနိုင်၏။

လုယွီက တိတ်ဆိတ်သော တည်းခိုဆောင်တစ်ခုကို ရှာပြီးနောက် အဆင့်မြင့်ခန်းတစ်ခုကို ငှားသည်။ ထို့နောက် ထိုနေရာတွင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်၏။ လုယွီ၏အခန်းက တိတ်ဆတ်နေသည်။ သူက ခန္ဓာကိုယ်သိုင်းကို ကျင့်ကြံရန် ဆုံးဖြတ်လိုက်သေး၏။

“ရှေးဟောင်းတာအိုပညာရှင် ထာဝရရှင်သန်သူအများစုက ခန္ဓာကိုယ် သန်မာလာဖို့အတွက် ကွန်ဖူးကို လေ့ကျင့်ကြတယ်၊ အဲဒီကျန်ရစ်နေသေးတဲ့ စိတ်ဝိဉာဉ်က ငါ့ကို ခန္ဓာကိုယ်ကို လေ့ကျင့်ခိုင်းတယ်ဆိုတာကလည်း သူ ဆက်ခံဖို့ပေးမယ့် သိုင်းရဲ့ဒဏ်ကို ငါ့ရဲ့ခန္ဓာကိုယ်က မခံနိုင်လောက်အောင် အားနည်းတယ်လို့ ခံစားမိလို့ပဲ ဖြစ်မယ်။”

လုယွီက အချိန်အတန်ကြာ တွေးတောကြည့်သည်။ ရုတ်တရက် သူ၏မျက်ဝန်းထဲ အလင်းရောင်က လက်သွား၏။

“ငါ့အထင် ဒါက ပြီးပြည့်စုံလွန်းတယ်၊ ငါ အရင်လောကမှာ ကျင့်ကြံခဲ့သမျှက ဒီလောက်မကောင်းဘူးလို့တောင် ခံစားနေရတယ်၊ ပိုပြီးဆိုးတာက ဒါက ပြီးပြည့်စုံနေသေးတာပဲ။”

"ရှေးဟောင်းတာအိုပညာရှင် ထာဝရရှင်သန်သူတွေက ပျောက်ကွယ်သွားနိုင်တာပဲ၊ ဒါက သူတို့လျှောက်တဲ့လမ်းကြောင်းကလည်း ပြီးပြည့်စုံနေတာ မဟုတ်ဘူးလို့ ဖော်ညွှန်းနေတယ်၊ ငါကသာ ဒါကို စောစောစီးစီး ငါ့ရဲ့ကျူးလုံပါးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ငါကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနိုင်လောက်တယ်။"

ဒါက ပြောရလွယ်ကူသော်လည်း လုပ်ဆောင်ရန်ခက်ခဲသည်။

အဓိကအဆင့််သို့ ရောက်ရှိနေကြသော အင်အားကြီးလူအများစုပင် ကိုယ်ပိုင်သိုင်းများကို ပေါင်းစပ်ရန်ကြိုးစားသည်နှင့် အားက လျော့ကျသွားလေ့ရှိသည်။ သို့မဟုတ် ဆိုးရွားစွာ သေဆုံးသွားရခြင်းမျိုးလည်းရှိ၏။ ထို့ကြောင့် လူအများစုက တူညီသည့်သိုင်းများကို လေ့ကျင့်လေ့မရှိကြပေ။

လုယွီကမူ ဒါကို မစိုးရိမ်ပေ။ သူ့တွင် အတိတ်မှ နှစ်ပေါင်းထောင်ကျော် အတွေ့အကြုံရှိနေ၏။ သည်ကိုယ်က ရှုပ်ထွေးပြီး နိမ့်ကျနေကာ ပြောင်းလဲရလွယ်သည့်တိုင်အောင် သူ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု နားလည်နေသေး၏။

“စမ်းကြည့်ရတာပေါ့။”

လုယွီက အခွင့်အရေးကိုရသည်နှင့် ချက်ချင်းဆုပ်ကိုင်လိုက်သည်။

သူ၏ကိုယ်မှ ရွှေရောင်အလင်းတန်းက ဖြာထွက်လာပြီး လေထဲတွင် တောက်ပလာသည်။ ထိုအချိန်တွင် လုယွီ၏အရေပြားနှင့် ထိုပေါ်တွင်ရှိနေသော အနက်ရောင်နဂါးများ၏ သင်္ကေတများက ရွေ့လျားလာပြီး ကူးခတ်လာတော့ကာ ပါးစပ်ကြီးကိုဖြဲလျက် စွမ်းအင်များကို ဝါးမြိုတော့၏။ စွမ်းအင်များက ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ထိုနဂါးကိုးကောင်၏ပုံသဏ္ဍာန်က ပြောင်းလဲသွားသည်။

“ဒီနည်းလမ်းက မှန်သားပဲ။”

လုယွီက ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

ကိုယ်မှထက်ရှသောနာကျင်မှုကို သူ ခံစားနေရ၏။ သူ၏ကြွက်သားများနှင့် အရိုးများက ဆွဲထုတ်ခံရသည်ဟု ခံစားရသည်။

“ကြားခံနယ်မြေတွေကို ဆေးကြောတာက လှီးဖြတ်ဖို့အထိ လိုအပ်လို့လား၊ ဒီလိုဖြစ်လာမယ်လို့တော့ မထင်ထားမိဘူး။”

အံ့ဩသွားပြီးနောက် လုယွီက နာကျင်မှုကို တောင့်ခံကာ ဆက်လုပ်သည်။ သည်သက်ရောက်မှုက တစ်ကိုယ်လုံးမှ အရိုးတိုင်းကို အရေခွံဆုတ်ပြီး ပြန်ထုဆစ်နေသည်နှင့်တူ၏။ လက်ခံနိုင်ရန်ပင် ခက်ခဲသည်။ ထိုသို့ဖြင့် တစ်နေ့တာလုံး ကုန်ဆုံးသွားတော့၏။

လုယွီက မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်တွင် တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနေပြီဖြစ်သည်။ အပေါ်တွင်လည်း အညစ်အကြေးများက အလွှာအထပ်ထပ် ဖုံးလွှမ်းနေ၏။

သည်လိုသန့်စင်ပြီးနောက် လုယွီက သူ၏နတ်ဘုရားအသိဉာဏ်ဖြင့် ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်သည်။ ထိုအချိန်တွင် အရိုးတစ်ဝက်ခန့်က ရွှေသားရောင် ပြောင်းနေကြောင်း မြင်လိုက်ရ၏။ အရိုးများ၏မျက်နှာပြင်ပေါ်တွင် ရွှေရောင်ချိတ်စည်း သင်္ကေတများက ထူထဲစွာ လွှမ်းအုပ်နေပြီး ထွင်းထုထားသည်နှင့်ပင် တူနေသေးသည်။ နတ်ဘုရားရွှေရောင်အလင်းတန်းများက ဖြာထွက်နေသေး၏။

လုယွီက လက်မောင်းကို ရမ်းလိုက်ချိန်တွင် အက်ကွဲသံက ထွက်ပေါ်လာသည်။

“ဒီလောက် အစောကြီးခြေလှမ်းတစ်ဝက်လောက် အောင်မြင်သွားတာကလည်း အဆင်ပြေတာပဲ။”

လုယွီ၏မျက်နှာက အနည်းငယ်ဖြူဖျော့နေသည်။ သို့သော် နှုတ်ခမ်းထောင့်စွန်းကမူ ကော့တက်နေ၏။

ထိုက်ချူသိုင်းကို လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော ကျူးလုံသိုင်းနှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။ လုယွီက နတ်ဘုရားနယ်မြေသို့ ခြေလှမ်းဝင်ရောက်ပြီးမှ သာလျှင် သည်သိုင်းနှစ်ခုကို အပြည့်အဝပေါင်းစပ်နိုင်လောက်၏။

ထိုအချိန်တွင် လုယွီ၏အခန်းတံခါးက အခေါက်ခံရသည်။ လုယွီက မျက်မှောင်ကြုတ်လျက် တံခါးကို ကြည့်လိုက်ချိန်တွင် ချူယွီယူကို မြင်လိုက်ရသည်။

အပိုင်း ၉၃၀

“နင် လေ့ကျင့်နေတာလား။”

လုယွီ၏မျက်နှာက ဖြူဖျော့နေကြောင်း မြင်နေသောအခါ ချူယွီယူက စိုးရိမ်စိတ်ဝင်သွားတော့၏။

သူမ၏အမြင်တွင် လုယွီ၏အဆင့်တက်မှုက ကျရှုံးသွားခဲ့ပြီး သည်လိုဖြစ်သွားသည် ဟု ထင်လိုက်လေသည်။

“နင် အဆင်ပြေတဲ့ အဂ္ဂိရက်ပညာရှင် ရှာတွေ့ပြီလားလို့ ငါ ငါ လာမေးတာပါ။”

ချူယွီယူက မေးသည်။

“အဂ္ဂိရက်ပညာရှင် ရှာဖို့မလိုပါဘူး။”

လုယွီက ခေါင်းခါသည်။

သူက ယခင်ဘဝတွင် အဂ္ဂိရက်နယ်ပယ်တွင် ဆရာတစ်ဆူဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုက်ချန်မှ ကောင်းကင်အင်ပါယာ၏စိတ်ဝိဉာဉ်ကိုပင် ဆွဲထုတ်ကာ ဝါးမြိုနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် သူက တန်နတ်ဘုရားအဆင့် တည်ရှိမှုမျိုးဖြစ်သည်။ ကောင်းကင်အပြင်ဘက်မှ တန်ဆရာသခင် မည်သူ့ကိုမဆို လက်ညှိုးထိုးလိုက်လျှင်ပင် သူက ဖြေရှင်းနိုင်သေး၏။ ထိုလူတိုင်းထက် သူက သာသည်။ ထို့ကြောင့် အခြားသူကို ဖိတ်ခေါ်ရန်မလိုအပ်ပေ။

လုယွီက ငြင်းသောအခါ ချူယွီယူက ဘာပြောရမည်ပင် မသိတော့ပေ။

သူမက စိုးရိမ်စွာပြောသည်။

“မြောက်ပိုင်းနယ်မြေက အဂ္ဂိရက်ဂိုဏ်းက အဂ္ဂိရက်ဆရာသခင်အစည်းအဝေးပွဲကို စုစည်းဖို့ရောက်လာလိမ့်မယ်၊ နင်က စွမ်းအားကြီးတာမှန်ပေမယ့် နင့်ရဲ့အဂ္ဂိရက်နယ်ပယ်က အတွေ့အကြုံကတော့ အများကြီး လိုအပ်လိမ့်အုံးမယ်၊ နင် သူတို့နဲ့ မယှဉ်နိုင်ဘူး။”

သူမက လုယွီ၏လက်ကို ကိုင်သည်။

“ငါ နင့်အတွက် မြို့ထဲက အဂ္ဂိရက်ပညာရှင်တစ်ယောက် ဖိတ်ခေါ်ထားတယ်၊ နင် သူ့ကို သွားတွေ့လိုက်ပါလား၊ ငါ နင့်အတွက် ပေးပေးနိုင်ပါတယ်၊ နင် လိုအပ်တာက ဆေးကို ရအောင် ယူပေးဖို့ပဲ။”

လုယွီက တည်ငြိမ်စွာပြောသည်။

“မလိုဘူး၊ မင်း ဘာလို့ ငါ့ကို ဒီလောက်အထိ ကူညီချင်နေရတာလဲ။”

ချူယွီယူက သူ၏နောက်ခံအစစ်အမှန်ကို သိသည်ဟု လုယွီကတော့ မထင်ပေ။ လုယွီ၏ပုံပန်းသွင်ပြင်ကို ထိုက်ချူသိုင်းက ပြီးပြည့်စုံစွာ ပြောင်းလဲနိုင်စွမ်းရှိသည်။ ပိုဆိုးသည်မှာ သူက ချူယွီယူနှင့် စေ့စပ်ထားသော်လည်း တစ်ကြိမ်မှပင် သူတို့ ဆုံဖူးကြခြင်းမဟုတ်ပေ။

ချူယွီယူ၏မျက်နှာက နီရဲသွားသည်။ သူမ၏မျက်လုံးများက တောက်ပသွား၏။ ထို့နောက် နှုတ်ခမ်းကို ကိုက်သည်။ အချိန်အတန်ကြာမှသာ ပြောလာ၏။

“ချူမိသားစုက အန္တရာယ်ထဲ ရောက်နေပြီ၊ နင် ချူမိသားစုကို ကယ်ဖို့ မျှော်လင့်တယ်။”

လုယွီက မျက်မှောင်ကြုတ်သည်။

“ချူမိသားစုက‌ ကျော်ကြားတဲ့မြောက်ပိုင်းနယ်မြေက တန်ဘုရင်မိသားစုပဲ၊ သူတို့က ဒုက္ခရောက်ရင်တောင်မှ ငါ့လိုအပြင်လူရဲ့ အကူအညီလိုမယ်လို့ မထင်ဘူး။”

ချူယွီယူက ခါးသီးစွာပြောသည်။

“ချူမိသားစုက တကယ်တော့ နာမည်ပဲ ရှိတော့တာပါ၊ မိသားစုရဲ့ ကျွမ်းကျင်ပညာရှင်တွေ အားလုံးက အဖိုးတန်ဆေးလုံးတွေကိုသုံးပြီး အင်အားကြီးတဲ့ မိတ်ဆွေတွေနဲ့ပေါင်းပြီး ဒီအဆင့်အတန်းကို ထိန်းသိမ်းထားကြတာ၊ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးတဲ့နောက်မှာ အဲဒီလူတွေရဲ့လိုချင်စိတ်က ပိုပြင်းထန်လာတယ်၊ မိသားစုမှာ အဂ္ဂိရက်ပညာရှင်တွေ ရှိတယ်ဆိုပေမယ့် အဆုံးသတ်မှာ သူတို့လိုချင်လောက်အောင် ပြင်းထန်တဲ့ဆေးလုံးမျိုးကို မထုတ်ပေးနိုင်တော့ဘူး။”

ချူယွီယူက ခေါင်းကိုငုံ့ပြီး ခပ်တိုးတိုးပြောသည်။

“ဖုန်းမိသားစုက ရည်မှန်းချက်ကြီးတယ်၊ သူတို့က ချူမိသားစုကို ဝါးမြိုချင်နေတာ ကြာပြီ၊ ငါကလည်း မိသားစုကို ကူညီဖို့အတွက် ဖုန်းရွှင်းနဲ့ လက်ထပ်ရတော့မယ်။”

လုယွီက ချူယွီယူကို အနီးကပ်ကြည့်သည်။ ထို့နောက် သူမအား အထဲသို့ ဝင်လာစေကာ တံခါးကို ပိတ်လိုက်ပြီးပြော၏။

“ငါက ချူမိသားစုကို ကယ်နိုင်မယ်လို့ မင်း ထင်တယ်ပေါ့။”

“ငါ့ရဲ့ဦးလေးက မယုံကြည်ဘူး၊ ဒါပေမယ့် ငါကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့ရတာလေ၊ တစ္ဆေဘုရင်ချိုင့်ဝှမ်းက ဘုန်းတော်ကြီးတွေက ငါ့ရဲ့ဒုတိယဦးလေးထက် အားမနည်းနိုင်ဘူး၊ ဒါပေမယ့်နင်က သူတို့အားလုံးကို ခြောက်လွှတ်နိုင်တယ်၊ နင့်ရဲ့ကျင့်ကြံခြင်းအဆင့်က သူတို့ထက် အများကြီးသာမှာသေချာတယ်။”

ချူယွီယူ၏မျက်လုံးများက တောက်ပနေသည်။ သည်တစ်ကြိမ်တွင် လုယွီက သူမကိုကယ်ခဲ့သည်။ သူမနှလုံးသားထဲတွင် လုယွီ၏ပုံရိပ်က နက်ရှိုင်းစွာ ထွင်းထုထားပြီးသားဖြစ်၏။

လုယွီက ရုတ်တရက် နှုတ်ခမ်းကို ကော့တက်စွာပြုံးလိုက်သည်။

“ငါက အလကားမကူညီဘူး၊ မင်းရဲ့ချူမိသားစုကို ကူညီရမယ်ဆိုရင် မင်းက တန်ကြေးကို ပေးရလိမ့်မယ်။”

ချူယွီယူ၏မျက်နှာက နီရဲသွားပြန်သည်။ သူမက ခေါင်းကိုရှက်ရွံ့စွာငုံ့၏။ ထို့နောက် သူမ၏ကိုယ်ပေါ်မှ အဝတ်များက ကွာကျသွားသည်။ ရှုပ်ထွေးသော သင်္ကေတများက ထွက်ပေါ်လာပြီး အနည်းငယ်ပင် အရောင်တောက်ပလာနေသေး၏။

“ငါ့မှာ အခြားနည်းလမ်းနဲ့ ပေးဆပ်ဖို့မရှိတော့ပါဘူး၊ ငါ့မှာ နေမင်းလိုပူပြင်းတဲ့ ခန္ဓာကိုယ်ရှိတယ်၊ ဒါနဲ့ နင် ကျင့်ကြံဖို့ ကူညီပေးနိုင်ပါတယ်။”

ချူယွီယူက ထိုစကားများကို ပြောပြီးနောက် ခေါင်းက ငုံ့သထက်ငုံ့သွားသေးသည်။ သူမ၏ကိုယ်ကပင် တုန်ယင်နေ၏။ သူမက ဆုံးဖြတ်ချက်ချပြီးဟန်ရသည်။ သို့သော် ထိုအချိန်တွင်ပင် သက်ပြင်းချသံကို ကြားလိုက်ရသည်။

လုယွီက အဝတ်များကို ပြန်ကောက်ကာ ချူယွီယူ၏ကိုယ်ပေါ် တင်ပေးသည်။ သူက ပေါ့ပါးစွာပြော၏။

“မင်းရဲ့ကံကြမ္မာကို မင်းကိုယ်တိုင် ထိန်းချုပ်ထားသင့်တယ်၊ အမျိုးသမီးတစ်ယောက်က မိသားစုရဲ့တာဝန်ကို ထမ်းထားဖို့မလိုပါဘူး။”

ချူယွီယူက ခေါင်းကိုမော့သည်။ သူမက မယုံကြည်နိုင်သလိုဖြစ်နေသေး၏။ တစ်ချိန်တည်းတွင်ပင် နားမလည်ဟန် ဖြစ်နေပြန်သည်။

“ငါ့ကိုမမေးနဲ့ ချူမိသားစုနဲ့ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်။”

All Chapters