← Chapters

အခန်း (၉၃၁-၉၃၅)

Vol. 50 Ch. 931-935

အခန်း (၉၃၁-၉၃၅)

Vol. 50 Ch. 931-935

အပိုင်း ၉၃၁

တည်းခိုဆောင်၏အပြင်ဘက်တွင် …

ချူယွီယူက အလျင်စလိုထွက်လာခဲ့ပြီး မှော်လက်နက်ကို အဝေးသို့သွားစေသည်။ သူမ မျက်နှာက နီရဲနေ၏။ သူမ၏ကိုယ်က တုန်ယင်နေသေးသည်။ သူမ ထိုလုပ်ဆောင်မှုတွင် သတ္တိအားလုံးကို ထည့်ခဲ့ရ၏။

ချူယွီယူက လျင်မြန်စွာ ထွက်သွားခဲ့သော်လည်း အခြားသူများက သူမအား လျှို့ဝှက်စွာ စုံစမ်းနေခြင်းကို သတိမထားမိခဲ့ပေ။

ချူယွီယူအနောက်မှ တိတ်ဆိတ်စွာလိုက်ပါခဲ့သော ဘုန်းတော်ကြီးတစ်ပါးက သူမ ခပ်မြန်မြန်အလျင်စလိုထွက်သွားပြီး စံအိမ်သို့ ပြန်ရောက်လာကြောင်းကို မြင်လိုက်ရသည်။

“သခင်လေး ချူယွီယူကသာ တည်ခိုးဆောင်ကို တစ်ယောက်တည်း သွားတယ်ဆိုရင် တစ်စုံတစ်ယောက်နဲ့ တိတ်တဆိတ်တွေ့တာပဲဖြစ်လိမ့်မယ်၊ နောက်ပြီး ကျွန်တော် စုံစမ်းထားတဲ့အတိုင်းဆိုရင် အဲဒီကောင်လေးက နောက်ဆုံးတစ်ကြိမ်က သူနဲ့အတူ ပြန်လာခဲ့တဲ့ကောင်လေးပါပဲ။”

နတ်မင်းတစ်ပါးက ဒူးထောက်၍ပြောသည်။

ဘုန်း

ဖုန်းရွှင်းက စားပွဲကို ပြင်းထန်စွာဖြင့် ကန်ထုတ်လိုက်သည်။

“ဒီခွေးမက သေချင်နေတာပဲ၊ ဒီသခင်ကြီးကို ဖောက်ပြန်လို့ရမယ်လို့ ထင်နေတာလား။”

ဖုန်းရွှင်းက အံကိုကြိတ်သည်။

နတ်မင်းက ပြောသည်။

“သခင်လေး ဘိုးဘေးက ကျွန်တော်ကို အမိန့်ပေးထားပြီးသားပါ၊ တန်တာအိုဆွေးနွေးပွဲမတိုင်ခင်မှာ ကျွန်တော်တို့ ပြဿနာရှာလို့မဖြစ်ပါဘူး။”

ဘိုးဘေးဟုကြားသည်နှင့် ဖုန်းရွှင်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး လက်ကို ပြန်ရုတ်လိုက်၏။

“ကောင်းပြီ၊ အဲဒီကောင်လေးကို နည်းနည်းကြာကြာ အသက်ရှင်ခိုင်း လိုက်ရအောင်၊ အဲဒီခွေးမကတော့ငါ ချူမိသားစုကိုရပြီးတာနဲ့ အသက်ရှင်လျက် နှိပ်စက်ပြမယ်။”

ဖုန်းရွှင်း၏မျက်နှာက ဒေါသကြောင့် တွန့်လိမ်ရှု့တွနေသည်။

အနားတွင်ရှိသော ဘုန်းတော်ကြီး၏မျက်နှာကပင် ထိတ်လန့်သွား၏။ ဖုန်းရွှင်း၏ နည်းလမ်းများကို သူ သိသည်။

တစ်ကြိမ်က မယ်တော်ကြီးတစ်ပါးက ဖုန်းရွှင်းကို အရှက်ခွဲခဲ့ဖူးသည်။ ဖုန်းရွှင်းက သူမကို အရိုးထဲအထိပင် မုန်းတီးခဲ့၏။ ထို့ကြောင့် အမျိုးမျိုးသောနည်းလမ်းများကိုသုံးပြီး သူမက တစ်ဦးတည်း အာသာဖြေ ကျင့်ကြံခဲ့သည်ဟုပြောဆိုကာ သွားပုပ်လေလွင့်ပြောဆိုလျက် အရှက်ကွဲစေခဲ့၏။ သည်နည်းအားဖြင့် သူမကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့သေးသည်။ ထို့နောက်မှသာ ဖုန်းရွှင်းက ကယ်တင်ရှင်အနေအထားဖြင့် ကောင်မလေးကို ကယ်ဆယ်ခဲ့ကာ အိမ်တော်သို့ ခေါ်လာခဲ့၏။ ထို့နောက်တွင်မူ မျိုးစုံနှိပ်စက်တော့သည်။ ဆိုးရွားသော နည်းလမ်းများဖြင့်ပင် နှိပ်စက်ခဲ့ခြင်းဖြစ်၏။

နတ်မင်းက ထိုအကြောင်းအရာကို တွေးမိသောအခါ ရုတ်တရက်ပြောလိုက်သည်။

“သခင်လေး ကျွန်တော် အဲဒိကောင်လေးရဲ့နာမည်ကို စုံစမ်းထားတဲ့အတိုင်းဆိုရင် သူ့နာမည်က ဝမ်ချန်းပါ၊ သူက တာအိုဆေးအစည်းအဝေးပွဲအတွက် စမ်းသပ်မှုတွေ အားလုံးကို ကျော်ဖြတ်သွားပြီးပါပြီ၊ သူ ဖော်စပ်တဲ့ဆေးလုံးက ချီလင်းကိုယ်တိုင်ကတောင် ရောက်လာရတဲ့အထိ ဆွဲဆောင်မှုပြင်းထန်ပါတယ်။”

“သူ့မှာ စွမ်းရည်တွေရှိမယ်လို့ မထင်ထားဘူး။”

ဖုန်းရွှင်းက နှာခေါင်းရှုံ့ကာ ပြော၏။

“မင်း အဲဒိကောင်လေးဆီကိုသွားပြီး တစ်ခုခုလုပ်လိုက်စမ်းပါ၊ သူ့ရဲ့ဂုဏ်သိက္ခာ ကျသွားပြီး စိတ်ရှုပ်ထွေးစွာနဲ့ ထွက်သွားရရင်အကောင်းဆုံးပဲ၊ အဲဒီနောက်မှာ မင်း အဲဒိကောင်လေးကိုဖမ်းပြီး ငါ့ဆီပို့လိုက်။”

အပိုင်း ၉၃၂

ဆယ်ရက်ကြာပြီးနောက် …

ဆွေးနွေးပွဲက စတင်သည်။

ချူမိသားစု၏ဂိတ်ရှေ့တွင် မြောက်မြားလှစွာသော အဂ္ဂိရက်ပညာရှင်များ စုစည်းနေကြကာ ဝင်ရန်စောင့်ဆိုင်းနေကြ၏။ ဆယ်နှစ်တစ်ကြိမ်ကျင်းပသော အစည်းအဝေးပွဲဖြစ်ကာ အလွန်ခမ်းနားလေ့ရှိသည်။ ချူမိသားစုက ကြိုတင်စောကျင်းပ လိုက်သော်လည်း လူအများစုက ရောက်လာသေး၏။

“အရည်အချင်းပြည့်မှီတဲ့ တန်ဆေးပညာရှင်အားလုံး အိမ်တော်ထဲကိုဝင်ပါ။”

ချူမိသားစု၏ တန်ဆေးနယ်ပယ်မှ အဂ္ဂိရက်ပညာရှင်ခေါင်းဆောင် တန်ဘုရင်က ထိပ်တွင်ထိုင်သည်။

လုယွီကမူ လူအုပ်နှင့်လိုက်လျက် အများနှင့်အတူဝင်ပြီး ခါးမှ တံဆိပ်ပြားကို ပေးအပ်လိုက်သည်။ ထို့နောက် အလယ်ဗဟိုနေရာသို့ ဝင်ရောက်ခဲ့၏။

“ဒါက ဆရာဝမ်ချန်းပဲ၊ ဆရာ့ရဲ့နေရာ ဒီမှာပါ။”

စားပွဲထိုးက လုယွီ၏တံဆိပ်ပြားကိုရသည်နှင့် အမူအရာက အလွန်အမင်း လေးစားဟန်ဖြစ်သွားပြီး ရှေ့ဆုံးသို့ပို့ပေးသည်။

လုယွီက မျက်မှောင်အနည်းငယ်ကြုတ်သည်။ ထိုလူ၏အမူအရာက ထူးဆန်းနေ၏။ သူ မနေ့က စိတ်စွမ်းအားဆေးလုံးကို ဖော်စပ်ခဲ့သည်။ သို့သော် ချူမိသားစုကို ရန်စခဲ့မိသည်။ နိယာမများအရ သည်လူများ၏အမူအရာက သည်လောက် မသိသာနေစေသင့်ပေ။

သို့ရာတွင် လုယွီက ခေါင်းခါသည်။ သူ၏လက်ရှိခွန်အားဖြင့် သည်ကလန်တစ်ခုလုံး သူ၏ပြိုင်ဘက် မဟုတ်တော့ပေ။ အလွန်အမင်းပြင်းထန်သော စွမ်းအား၏မျက်နှာသာ ပေးမှုကြောင့် သည်လိုအခြေအနေမျိုးက သက်ရောက်မခံရပေ။

လုယွီက မြင့်မားသော စင်မြင့်ပေါ်တွင်ရပ်သည်။ မရေမတွက်နိုင်သော အဂ္ဂိရက်ပညာရှင်များက အောက်တွင် ဆူပွက်နေကြ၏။

“ဒီလိုအနေအထားမျိုးက အောင်မြင်ခမ်းနားတဲ့ မျိုးဆက်တွေရဲ့ ဦးဆောင်သူတွေကိုပဲ ပေးသင့်တာမဟုတ်လား၊ ဘယ်လိုဖြစ်ပြီး ဆယ်ကျော်သက် တစ်ယောက်က ဝင်ထိုင်နေတာလဲ။”

“ပြောကြတာက အဲဒီကောင်က ဝမ်ချန်းတဲ့ လွန်ခဲ့တဲ့ရက်က မှော်ဆေးတစ်လုံးကို ဖော်စပ်နိုင်ခဲ့တယ်၊ သူ့ရဲ့လုပ်ဆောင်မှုက ဒီနေရာနဲ့ထိုက်တန်ဖို့တော့ လိုအပ်နေသေးတယ်။”

လုယွီက ထိုစကားများကို ကြားသောအခါ မျက်မှောင်ကြုတ်သည်။

“ဟုတ်လား။”

ထိုအချိန်တွင်ပင် စင်မြင့်ပေါ်တွင် လူအိုကြီးတစ်ယောက်က ပေါ်လာသည်။ ထိုလူအိုကြီး၏ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော တန်ချီစွမ်းအင်များ ဖြာထွက်နေ၏။ သူ့ခြေထောက်အောက်မှ စင်မြင့်ကပင် ပေါ့ပါးသွားဟန်ရသည်။

“ဒါက တင်းကျွင်းဂိုဏ်းက ဘိုးဘေးသုံးပါးပဲ၊ ထိပ်ဆုံးနေရာက သူတို့နဲ့ ထိုက်တန်တယ်။”

“သူတို့ တစ်နှစ်ပတ်လုံး ပျောက်နေတာ မအံ့ဩတော့ပါဘူး၊ ပြောကြတာက သူတို့က စိတ်စွမ်းအားဆေးလုံးကို ဖော်စပ်သန့်စင်နိုင်ကြတယ်တဲ့၊ သုံးယောက်လုံးက အဆင့်မြင့်ဆေးလုံးကို အတူတကွ သန့်စင်နိုင်ကြတယ်လေ။”

ပတ်ဝန်းကျင်ရှိ ချီးကျူးသံများကို ကြားရသောအခါ ထိုလူများက ပို၍ဂုဏ်ယူဟန်ဖြစ်သွားသည်။ သို့သော် သိပ်မကြာခင်မှာပင် လုယွီရပ်နေကြောင်းကို မြင်လိုက်ရ၏။

“တိရိစ္ဆာန်တွေအတွက် ဆေးဖော်စပ်ပေးတာလောက်ပဲ၊ ငါတို့နဲ့ယှဉ်လို့ရမလား၊ လူငယ်တွေက တကယ်ကို အနေအထားမသိကြဘူးပဲ။”

တင်းကျွင်းမှ အကြီးအကဲသုံးယောက်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး လုယွီကို အရှက်ခွဲတော့၏။ ထိုသုံးယောက်က မြောက်ပိုင်းနယ်မြေတွင် အဆင့်အတန်းမြင့်မားသည်။ သူတို့က လုယွီကို အထင်သေးလိုက်သည်နှင့် အခြားသူများကလည်း တိုက်ခိုက်ကြတော့၏။

လုယွီက မျက်လုံးကို မှိတ်လိုက်လျက် စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ တရားထိုင်နေလိုက်သည်။ သူက ကန်းနေသလိုမျိုး အားလုံးကို လျစ်လျူရှုထား၏။

“ဟမ့် အရှက်မရှိဘဲ ငါတို့ကို ရင်ဆိုင်ရဲသေးတယ်၊ စောင့်ကြည့်ရအောင်။”

လုယွီ၏အမူအရာကို မြင်သောအခါ အခြားသူများက နှာခေါင်းရှုံ့ကြသည်။

“တိတ်ကြပါ။”

ထိပ်ဆုံးအမြင့်ဆုံး စင်မြင့်တစ်နေရာတွင် ရပ်နေသော ချူရှင်းယွမ်က လက်ရှိချူမိသားစု၏ တန်ဆေးနယ်ပယ်ကို ဦးဆောင်သော ခေါင်းဆောင်ဖြစ်သည်။

သည်တစ်ခဏတွင် အရှင်တန်က ပြောလိုက်သည်နှင့် အားလုံးက တိတ်ဆိတ်သွားကြတော့၏။

ချူရှင်းယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် လုယွီထံ ရောက်သွားသည်။ သူ မျက်မှောင်အနည်းငယ်ကြုတ်၏။

အပိုင်း ၉၃၃

လုယွီ၏သည်နေရာကို ချူမိသားစုက စီစဉ်ပေးထားခြင်းမဟုတ်ပေ။ သို့သော် ဖုန်းမိသားစုက ကောင်းသောဆန္ဒဖြင့်ဟုဆိုသာ အကြံပြုလာခဲ့ခြင်းဖြစ်၏။ လက်ရှိအချိန်တွင် ချူမိသားစုက ဖုန်းမိသားစုအပေါ် မှီခိုနေရသည်။ ချူရှင်းယွမ်က သည်လိုကိစ္စလောက်နှင့် အငြင်းမပွားလိုပေ။

သက်ပြင်းရှည်ကြီးချပြီးနောက် ချူရှင်းယွမ်က ပြောသည်။

“တန်ဆေးပညာအစည်းအဝေးပွဲမှာ အရင်နှစ်တွေက လေ့ကျင့်ထားတဲ့အတိုင်း မြောက်ပိုင်းနယ်မြေက အကောင်းဆုံးတစ်ယောက်ကို ရွေးချယ်ရပါမယ်၊ ချူမိသားစုက အဲဒီလူကို သက်ရောက်မှုအရှိဆုံး မှော်ဆေးတစ်ဝက်ကို ကမ်းလှမ်းမှာပါ။”

ထိုမှော်ဆေး၏နာမည်ကို ကြားသည်နှင့် လူတိုင်း၏နှလုံးသားက ဆူပွက်သွားတော့သည်။ ဒါက အဆင့်လွန်ဆေးဖြစ်၏။ ကောင်းကင်မှ ထာဝရရှင်သန်သူများကပင် လိုချင်တပ်မက်လောက်လေသည်။

“ဒီတစ်ကြိမ်မှာ ငါ ဒါကိုရအောင်ယူမယ်လို့ ဆုံးဖြတ်လိုက်ပြီ၊ ဘယ်သူကမှ ငါ့ကို မတားနိုင်စေရဘူး၊ တားတဲ့သူ သေရမယ်။”

ရုတ်တရက် လူငယ်တစ်ယောက်က အော်ဟစ်ခုန်ပေါက်လာသည်။ သူက အနီရောင်ဝတ်စုံဝတ်ထား၏။

သူ့အနားရှိလူတိုင်းက အသံကိုကြားသည်နှင့် ကြောက်လန့်သွားကြကာ ခြေလှမ်းများစွာ ဆုတ်သည်။

“ဒါက သွေးဝတ်စုံဂိုဏ်းက ခေါင်းဆောင်ငယ်ဟန်ကျွယ်ပဲ၊ သူကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး။”

“သူ့ဆီက လုဖို့မကြိုးစားကြနဲ့ ဒီကောင်က စိတ်သဘောထားဆိုးတယ်၊ သူနဲ့သာ စိတ်သဘောထားမတိုက်ဆိုင်ရင် လူတွေကို သတ်လိမ့်မယ်၊ သူက စွမ်းအားကြီးပြီး ရှေးမျိုးဆက်က အဖိုးကြီးတွေတောင် သူ့ပြိုင်ဘက် မဟုတ်ကြဘူး။”

သည်တစ်ကြိမ်တွင် ချူရှင်းယွမ်က အသံကျယ်ကျယ်ပြောသည်။

“ပထမဆုံးကြိုးစားရမှာကတော့ ဝမ်တန်ပါ။”

“ဆေးကိုထိလို့လည်း မရဘူး၊ ဖျက်ဆီးလို့လည်းမရဘူး၊ ဒါပေမယ့် အရှေ့မှာရှိနေတဲ့ ပိုးသားပေါ်မှာ ပါဝင်ပစ္စည်းတွေကို ချရေးနိုင်ရပါမယ်၊ ချရေးထားသမျှအားလုံးက မှန်ကန်နေရင် နောက်တစ်ဆင့်ကို တက်နိုင်ပါပြီ၊ မှားသွားခဲ့ရင်တော့ ဒီတစ်လှည့်မှာပဲ အထုတ်ခံရပါမယ်။”

စင်မြင့်ပေါ်တွင် ရုတ်တရက် လုယွီ၏ရှေ့တွင် ဆေးတစ်လုံး ပေါ်လာသည်။ ထိုတစ်ခဏတွင် ရယ်သံထွက်လာ၏။ ဆေးအနံ့ခံကာ ရေးသားရခြင်းက သာမန်စွမ်းရည်ဖြစ်သည်။ သို့သော် သည်ဆေးကမူ နာမည်ပင် မကြားဖူးသော ဆေးလုံးမျိုးဖြစ်၏။

လုယွီက သူ့ရှေ့မှ ဆေးလုံးကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်သည်။ သည်ဆေးလုံးကို အပြင်ဘက်တွင် မှော်ဆေးရနံ့ဖြင့် ဖုံးလွှမ်းထားသော်လည်း အထဲတွင်မူ သေးငယ်သောဆေးက သက်သက်ရှိနေသည်။ အာရုံသာမစိုက်လျင် သတိထားမိမည် မဟုတ်ပေ။

“ငါ့ကို အရူးလုပ်ချင်တဲ့သူ ရှိနေတာလား။”

လုယွီက ပတ်ဝန်းကျင်ကိုကြည့်သည်။

တင်းကျွင်းမှ ဆရာသခင်များက ရေးနေခဲ့ပြီဖြစ်သည်။ လုယွီကသာလျှင် မလှုပ်သေးခြင်းဖြစ်၏။

“ကဲကောင်းပြီ၊ ငါ ပြောမယ်၊ မင်းက အဲဒီနေ့က ဆေးဖော်စပ်တာတော်တယ်ဆို၊ အခု ဘာကြောင့်များ ဆေးသေးသေးလေးကိုတောင် အနံ့ခံပြီး မရေးနိုင်တာလဲ။”

ရုတ်တရက် တစ်စုံတစ်ယောက်က ပြုံးပြီးပြောသည်။

လုယွီ၏မျက်လုံးမှ အေးစက်သောအလင်းက လက်လာ၏။ အချို့သူများက အကောက်ကြံကာ နောက်ကွယ်တွင် ကြိုတင်ကြံစည်ထားလေ့ရှိသည်။

“ငါ့ကို လူအရှေ့မှာ အရူးဖြစ်စေချင်တာလား၊ သွားပြီ၊ ပစ်မှတ်ရွေးတာ မှားသွားပြီ။”

အပိုင်း (၉၃၄)

လုယွီက ဘောပင်ကို ကောက်ကိုင်ပြီးနောက် ဆေးညွှန်းများကို ချရေးတော့သည်။

"သူက အနံ့တောင်မခံနိုင်တာ ဟုတ်ရောဟုတ်ရဲ့လား"

"အဂ္ဂိရက်ပညာရှင်တွေက တစ်ချက်ကြည့်ရုံနဲ့ အကြောင်းအရာကို သိရမှာပဲ။ ဒီဝမ်တန်ဆိုတာက လုပ်ဆောင်ပုံ အဆင့်ဆင့် ရှိတယ်၊ သူ သေချာ မလုပ်နိုင်လောက်ဘူး၊ နောက်ပြီး သူ့ကြည့်ရတာ ဘာမှနားလည်ထားတဲ့ ပုံစံလည်း မရှိပါဘူး"

အောက်ခြေရှိ လူများက အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့၏ အကြည့်များက လုယွီထံတွင်သာ ရှိနေခဲ့၏။ လူအုပ်ထဲတွင် ချူယွီယူက လုယွီက အမြင့်ဆုံးထိ ရပ်နေကြောင်း မြင်သောအခါ တုန်ယင်သွားသည်။ အခြားသူများက သူ့အား လှောင်နေကြောင်းလည်း သိ၏။

" ဒီကောင်တကယ်ပဲ ကြွားနေတာလား"

ချူယွီယူ၏ လက်ချောင်းများက အကျည်းတန်သွားသည်။

လုယွီ၏ ခွန်အားက ကြီးမားသည့်တိုင်အောင် အဂ္ဂိရက်ပညာတွင်ဆိုလျှင် သူက ထိုအဖိုးကြီးများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ချူယွီယူက ဆေးလုံးများကို မလုပ်နိုင်သော်လည်း သူမက ဆေးလုံးအနံ့ခံသည့် အဆင့်ကိုမူ အနည်းငယ် သိထားသည်။ လုယွီယူက ဆေးလုံးကို တစ်ချက်ကြည့်ရုံဖြင့်ပင် ချရေးနေခြင်းဖြစ်၏။ သေချာအနံ့ခံခြင်းပင် မပြုပေ။

"မဟုတ်သေးဘူး၊ သူက အဂ္ဂိရက်ပညာရှင်မဟုတ်ရင် ဘယ်လိုများ အဲဒိနေရာကို စီစဉ်ပေးခံရတာလဲ"

ရုတ်တရက် ချူယွီယူက တစ်စုံတစ်ရာကို သတိထားမိသွားသည်။ သူမက ဉာဏ်ကောင်းသည်။ သိပ်မကြာခင်မှာပင် အကြောင်းပြချက်ကို သိသွား၏။

"ဖုန်းရွှင်းပဲ ဖြစ်ရမယ်"

ချူယွီယူက အံကြိတ်သည်။ သူမ၏ မျက်ဝန်းတွင် ဒေါသကို မြင်နိုင်၏။ ဖုန်းရွှင်းကသာလျှင် ဒီလိုလုပ်နိုင်စွမ်းအား ရှိသည်။

တစ်ချိန်တည်းတွင်ပင် ဖုန်းရွှငကလည်း စင်မြင့်ပေါ်မှာ ရှိလျက် အခြားချူမိသားစုမှ အဂ္ဂိရက်ပညာရှင်များကို ကြည့်သည်။ သူက ချူယွီယူ၏ အမူအယာကို ကြည့်ပြီး နှာခေါင်းရှုံ့၏။

"လူရှေ့မှာ ဒီကောင် အရူးလုပ်ခံရတာကို မင်း မျက်လုံးနဲ့ ကြည့်လိုက်စမ်းပါ၊ ငါက အခြားတစ်ဖက်မှာ ချူမိသားစုက အဂ္ဂိရက်ပညာရှင်တွေနဲ့ အဆင့်တူထိုင်နိုင်စွမ်း ရှိတဲ့လူပဲ"

"သခင်လေး သခင်ဖင်းက စင်မြင့်ပေါ်မှာ ရှိနေပါတယ်"

အစေခံတစ်ယောက်က သတိပေးသည်။

ဖုန်းရွှင်း၏ မျက်ဝန်းက တောက်ပသွားပြီး သူ၏ အကြည့်က မီးခိုးရောင်ဝတ်စုံနှင့် လူထံသို့ ရောက်သွားသည်။ ထိုလူ၏ ခြေထောက်အောက်က တောက်ပနေ၏။ ဆေးလုံးမှ ပါဝင်ပစ္စည်းများကို ပိုးသားပေါ်တွင် မှန်ကန်အောင် ရေးထားနိုင်မှသာလျှင် ထိုစင်မြင့်က တောက်ပလာမည်ဖြစ်သည်။

ဖုန်းရွှင်းက လုယွီ ရေးသားနေသော စာသားများကိုကြည့်ပြီး မဲမှောင်စွာ ပြောသည်။

"ဒီကောင် ဘာများ ရေးနိုင်မှာလဲ၊ ငါတို့တွေ သေချာပြင်ဆင်ထားတယ် မဟုတ်လား"

အနားမှလက်ထောက်က ချက်ချင်းပြောသည်။

"စိတ်ချရပါတယ် သခင်လေး၊ အဲဒိဆေးလုံးကို ဆရာသခင် ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ထားတာပါ၊ နောက်ပြီး ကျွန်တော်တို့ဖုန်းမိသားစုက မှော်ဆေးတွေ အားလုံးကို အသုံပြုထားတာပါပဲ။ အဲ့ဒိကောင်လေးက အဂ္ဂိရက်ပညာရဲ့ ဆရာသခင် ဖြစ်နေမယ်ဆိုရင်တောင်မှ မှတ်မိဖို့က မဖြစ်နိုင်ပါဘူး"

ဖုန်းရွှင်းက ကျေနပ်စွာ ခေါင်းညိတ်သည်။

သည်အစည်းအဝေးပွဲ၏ ပထမတစ်သုတ်က ဂျူနီယာအဂ္ဂိရက် ပညာရှင်များကို ဖယ်ထုတ်ရန်ဖြစ်သည်။ အတွေ့အကြုံရှိသူ များကမူ ဒီအတွက် မခက်ခဲနိုင်ပေ။

အဆင့်အတန်းမြင့်မားသော တစ်စုံတစ်ယောက်ကသာ ထွက်ရပ်ပြလိမ့်မည် ဆိုလျှင် အခြားသူများအားလုံးက နိမ့်ကျသွားပေလိမ့်မည်။

"ဒီမိန်းမက ဒီသခင်ကြီးကို လှည့်စားရဲမှတော့ မေ့မရတဲ့ သင်ခန်းစာ ပေးရမှာပေါ့"

ဖုန်းရွှင်း၏ အကြည့်က စိတ်မရှည်ရောင် လက်လာ၏။

အချိန်က လျင်မြန်စွာကုန်ဆုံးသွားသည်။ လူအများစုက ရေးသားပြီးသွားပြီဖြစ်သည်။ သို့သော်လုယွီကမူ ဆက်ရေးနေသေးသည်။ မရပ်တန့်ပေ။

အပိုင်း ၉၃၅

"သူ ဘာတွေရေးနေတာလဲ၊သူ ပေါက်ကရတွေ လျှောက်ရေးနေတာတော့ မဟုတ်ပါဘူးနော်"

အချို့အဂ္ဂိရက် ပညာရှင်များက လုယွီကို အထင်တသေးကြည့်ကြသည်။ လုယွီ အစီရင်ခံရမည့် အချိန်ကို စောင့်နေကြ၏။

အလွန်ကျော်ကြားသော ဆရာသခင်တစ်ယောက်က ဒီအဆင့်ကိုတောင် မကျော်ဖြတ်နိုင်လျှင် လုယွီ၏ ဂုဏ်သိက္ခာက ကျဆင်းသွားမည်ဖြစ်သည်။ အမွေးတိုင်တစ်တိုင်ကုန်စာ ကျော်လွန်သွား၏။

ပထမစစ်ဆေးပွဲအတွက် ကြာချိန်က အမွှေးတိုင်တစ်တိုင်ဖြစ်သည်။ အချိန်က ကုန်ဆုံးသွားသော် နောက်ပိုင်း မှန်ခြင်းမှားခြင်းရှိသည်က အသုံးမဝင်တော့ပေ။ လုယွီကလည်း ဆေးလုံးကို တိတ်ဆိတ်စွာ ခံစားလျက် ပါဝင်ပစ္စည်းများ အားလုံးကို ကြည့်ပြီးနောက် ပိုးသားပေါ်တွင် စတင်ချရေးပြီးလေပြီ။

ဒီဆေးကို ပြင်ဆင်ခဲ့သူက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဒီလိုဆေးငယ်လေး အတွင်းတွင်ပင် ဆေးအခွံလွှာ သုံးထပ် ထပ်ထား၏။ လုယွီ၏ အလွန်ပြောင်မြောက်သော မှော်ဆေးပညာကြောင့်သာ မဟုတ်လျှင် မှန်ကန်စွာ ရေးနိုင်လိမ့်မည် မဟုတ်ပေ။

"မင်း ဆက်မရေးနိုင်တော့ဘူးဆိုရင် ထွက်သွားဖို့ အချိန်ကျပြီ"

တစ်စုံတစ်ယောက်က ထူးဆန်းသော နည်းလမ်းဖြင့် လာအော်သည်။

ဖျော့တော့စွာ ပြုံးလိုက်သော လုယွီက လက်ထဲမှ ပိုးသားကို သူ့ရှေ့ရှိ စင်မြင့်ပေါ်သို့ တင်လိုက်၏။

"ဟာသပဲ"

ဖုန်းရွှင်းက လုယွီကို အရှက်ခွဲရန် လွှတ်ထားသော ဘုန်းတော်ကြီးက နှာခေါင်းရှုံ့ကာ လှောင်နေသည်။

ထိုဆေးကို လုယွီအတွက် ဆရာသခင်ဂရီဖင်းကိုယ်တိုင်က အထူးပြင်ဆင်ထားခြင်းဖြစ်သည်။ မြောက်ပိုင်းနယ်မြေမှ ကျော်ကြားလှသော အဂ္ဂိရက်ပညာရှင်များကပင် ဒီဆေးလုံး ပါဝင်ပစ္စည်းများကို သတ်မှတ်နိုင်မည် မဟုတ်ပေ။

"မင်းက အချိန်ဖြုန်းနေတာပဲ၊ ဒါကို ရိုးရိုးရှင်းရှင်းလေး မလုပ်နိုင်ဘူးလား။ ငါ မင်းကို ပြောပြမယ်..."

ထိုဘုန်းတော်ကြီး၏ စကားတစ်ဝက်မှာတင် မျက်လုံးကို မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်များက ဖုံးလွှမ်းသွား၏။

လုယွီ၏ ခြေထောက်အောက် ရှန်းစင်မြင့်က မျက်စိကျိန်းမတတ်တောက်ပလာသည်။ ဒီစင်မြင့်က အခြားသူတိုင်းထက် ပို၍ တောက်ပသည်။ နေ့ကောင်းကင်ထက်ပင် လင်းချင်းမည့်ဟန် ရနေသေး၏။

"ဘာ"

ထိုဘုန်းတော်ကြီး ထိတ်လန့်သွားကာ မင်သက်သွားတော့၏။ အခြားအဂ္ဂိရက် ပညာရှင်များကလည်း ထိုအလင်းရောင်၏ စွဲဆောင်ခြင်းကို ခံလိုက်ရသည်။ ဒီနေရာက အဂ္ဂိရက် ပညာရှင်များ၏ အဆင့်ကို ဖော်ပြခြင်းဖြစ်၏။မှော်လက်နက်က ကောင်းကင်နှင့် မြေပြင်မှ နတ်ဘုရားအဆင့်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်ကာ မည်သည့်အချိန်တွင်မှ မှားယွင်းလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ပုံမှန်အားဖြင့် အလင်းတန်းက အတူတူသာလျှင်ဖြစ်သည်။ ထိုမျှ တောက်ပသော အလင်းမျိုးကို သူတို့ မမြင်ခဲ့ဖူးကြပေ။

တစ်ဖက်မှတင်းကျွင်းမှ ဆရာသခင်များကလည်း မျက်လုံးများကို ဖွင့်လျက် အလင်းများကို ကြည့်သည်။ စန်းလောင်က မျက်မှောင်ကို ကြုတ်သည်။ ရုတ်တရတ် ချူရှင်းယွမ်က လုယွီရှေ့သို့ ရောက်လာ၏။ လုယွီ၏ ပိုးသားကို ကောက်ကိုင်ပြီး‌နောက် တစ်ချက်ကြည့်သည်။ ရုတ်တရက် သူ၏ မျက်နှာက မဲမှောင်သွားတော့၏။ ထို့နောက် လုယွီ၏ ရှေ့မှဆေးကို ကြည့်သည်။ သူ၏ စွမ်းရည်ဖြင့်ပင် ဆေးလုံးကို ဖောက်မမြင်နိုင်ပေ။

"ဒါက နိုင်ကျုံးဆေးလုံးမဟုတ်လား"

ချူရှင်းယွမ်က အံ့ဩသွားသည်။

သူ၏ စွမ်းအင်ဖြင့်ပင် ဒီဆေးလုံးမျိုးနှစ်လုံးကိုသာ မြင်ခဲ့ဖူးသည်။ သို့သော် အထဲတွင် ဖုံးကွယ်နေသော ဆေးလုံးတစ်လုံးကို သူ ထပ်မမြင်နိုင်ပေ။

ချူမိသားစု၏ တန်ဆေးအစည်းအဝေးပွဲတွင် စစ်ဆေးအကဲဖြတ်သည့် ဆေးလုံးများ အားလုံးက သူ့လက်ထဲမှ ဖြစ်သည်။ ထိုဆေးလုံးကိုမူ သူမမြင်ဖူးသေးပေ။ ဒါက ဖုန်းမိသားစုမှသာ ဖြစ်ပေလိမ့်မည်။

လက်ရှိအချိန်တွင် ချူမိသားစုက ဖုန်းမိသားစု၏ အထောက်အပံ့ကို လိုအပ်နေလေရာ မျက်ကွယ်သာ ပြုထားရတော့၏။

"ဝမ်ချန်း အောင်တယ်"

ချူရှင်းယွမ်က ချောင်းဟန့်လျက် အဓိကခုံသို့ ပြန်သွားသည်။

ဒီလိုပြောလိုက်ပြီးသည်နှင့် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။

"ဒါက မမျှတဘူး၊ သူ လှည့်စားထားတယ်လို့ ငါတော့ သံသယရှိတယ်"

"သူက အနံ့ခံတဲ့ဖြစ်စဉ်တောင် မှန်အောင်မလုပ်နိုင်ပဲနဲ့ ဒါကို ဘယ်လိုရေးနိုင်မှာလဲ"

အချို့သူများက အော်ဟစ်ကြသည်။ အထူးသဖြင့် အထုတ်ခံရသူများ ဖြစ်ကြ၏။သူတို့က ဖယ်ထုတ်ခံရသည်၊ သို့သော် အခြားသူများကို မနာလိုဖြစ်ကြသည့်အတွက် အတူဆွဲချလိုကြ၏။

"သူ ရေးထားတာကို ငါ ကြည့်မယ်"

တစ်စုံတစ်ယောက်က ချက်ချင်းခုန်တက်လာပြီး လုယွီအရှေ့သို့ သွားသည်။ ထို့နောက် သူတို့၏ မျက်နှာများက အေးခဲသွားတော့၏။

"ဒါက ဘာဆေးလဲ၊ ပါဝင်ပစ္စည်းတွေ များလိုက်တာ"

"ငါကိုယ်တိုင်တောင် မကြားဖူးတဲ့ဆေးတွေ ပါနေသေးတယ်။ ဒါမျိုးက လိမ်လို့မရဘူး၊ သူတကယ့် ပါဝင်ပစ္စည်း အစစ်အမှန်ကို ရေးထားခဲ့တာပဲ"

ပိုးသားမှ စာရွက်ကို မြင်ရသူတိုင်း အေးခဲသွားကြကာ ပါးစပ်အဟောင်းသား ဖြစ်ကြသည်။ သူတို့ဆိုလျှင်ပင်အများဆုံး ဆယ်မျိုးခန့်သာ ရေးနိုင်လောက်၏။ သို့ရာတွင် လုယွီကမူ အားလုံးကို မှန်ကန်စွာ ရေးနိုင်သည်။ အမျိုးအစား တစ်ရာကျော်နိုင်၏။

အချို့သူများကမူ လုယွီ၏ ရှေ့မှ ဆေးလုံးကို မြင်ရရန် ကြည့်ကြသော်လည်း ဖောက်မြင်နိုင်ခြင်း မရှိကြပေ။ ထိုဆေးလုံးထဲတွင် အမျိုးအစား စုံလင်သော ဆေးပင်များက ပြည့်နှက်နေခဲ့ကာ သူတို့ကပင် ဖောက်မြင်နိုင်စွမ်း မရှိခဲ့ပဲ မှန်ကန်စွာ ပြောနိုင်ခြင်း မရှိကြပေ။

"မင်းမှာ တကယ်ပဲ ဒီလိုစွမ်းအားတွေမျိုး ရှိနေခဲ့တာပဲ။ ငါ ရိုင်းပျခဲ့မယ်ပါတယ်"

ထိုလူများက ချက်ချင်းလိုလို ဦးညွတ်ကာ တောင်းပန်ကြသည်။

ဝုန်း

ဖုန်းရွှင်း၏ မျက်နှာက ပြာနှမ်းသွားပြီး သူ့ဘေးမှ လက်ထောက်ကို ရိုက်ချလိုက်သည်။

"မင်းဒီလို ရိုးရှင်းတာလေးကိုမှ မလုပ်နိုင်ရင် ဘာလို့ ဆက်ပြီး ငါ့အနားမှာ နေနေဦးမှာလဲ"

ဖုန်းရွှင်း၏ မျက်နှာက ပျက်ယွင်းနေသည်။သူက လုယွီကို အရှက်ခွဲလိုသော်လည်း ပို၍ပင် ကျော်ကြားသွားသေးသည်။ သူကပင် ကူညီလိုက်သလို ဖြစ်သွားသေး၏။

"ဒါပေမယ့် နောက်တစ်ကြိမ်တော့ မင်း ကံ ထပ်မကောင်းနိုင်တော့ပါဘူး"

All Chapters