← Chapters

အခန်း (၉၃၆-၉၄၀)

Vol. 50 Ch. 936-940

အခန်း (၉၃၆-၉၄၀)

Vol. 50 Ch. 936-940

အပိုင်း ၉၃၆

ဖုန်းရွှင်း၏ အကြည့်က‌ ကြောက်မက်ဖွယ် ကောင်းလာ၏။ ဖုန်းမိသားစုမှ ဘိုးဘေး၏ အစီအစဉ်အတိုင်းဆိုလျှင် ဒီတစ်ကြိမ် ဖုန်းမိသားစုက ဒီပွဲကို နိုင်ရမည်ဖြစ်သည်။ ထိုဆေးကို ရရမည်ဖြစ်သည်။ ဒီပထမပွဲပြီးလျှင် လူအများစုက ယှဉ်ပြိုင်နိုင်စွမ်း မရှိကြလောက်တော့ပေ။ လူအများစုက ဆေးညွှန်းအမှား ရေးသာခဲ့သည့်အတွက် ရက်စက်စွာ အထုတ်ခံရ၏။ လူတစ်ထောင်သာလျှင် ကျန်ရစ်တော့သည်။

ချူရှင်းယွမ်က ချောင်းဟန့်ပြီးနောက် လေးလံစွာပြောသည်။

"ငါ မင်းတို့ကို နာရီဝက်နားချိန်ပေးမယ်၊ ပြီးရင် ဒုတိယပွဲစဉ်ကို စကြတာပေါ့"

အခြားသော အဂ္ဂိရက်ပညာရှင်များက ဒီနေရာတွင် တင်ပလ္လင်ခွေ ထိုင်လျက်မျက်လုံးမှိတ်ကာ အနားယူကြသည်။

နာရီဝက်က လျင်မြန်စွာကုန်ဆုံးသွားသည်။

"ဒုတိယပွဲစတင်ပြီ၊ မင်းတို့ရဲ့ ရှေ့မှာ ပျက်စီးနေတဲ့ ဆေးလုံးရှိတယ်၊ အချိန်တစ်ခုအတွင်းမှာ ဒီဆေးလုံးကို ပြီးပြည့်စုံတဲ့ဆေးလုံးဖြစ်အောင် မင်းတို့ လုပ်နိုင်ရင်အောင်ပြီ"

"ပါဝင်ပစ္စည်းတွေက အဆင်သင့်ပဲ၊ အခြားပါဝင်ပစ္စည်းတွေကို ရွေးလို့ မရဘူး၊ မဟုတ်ရင် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်တယ်"

ယှဉ်ပြိုင်သူ အယောက်တစ်ထောင်၏ ရှေ့တွင် ဆေးလုံးတစ်လုံးစီ ပေါ်လာသည်။ ထိုဆေးလုံးများက မပြီးပြည့်စုံပေ။ အချို့အရာများက လစ်လပ်နေခဲ့၏။ ထို့ကြောင့် အချို့အရာများကို ထည့်သွင်းလျက် ပြန်လည်ဖော်စပ်ရမည်ဖြစ်သည်။

လုယွီ၏ ရှေ့တွင်မူ ခရမ်းညိုရောင်ဆေးလုံးတစ်လုံးက ရုတ်တရက် ပေါ်လာသည်။

"စိတ်ဝင်စားစရာပဲ ဘယ်လိုကောင်ကများ ငါ့ကို လူရှေ့မှာ အရှက်ခွဲချင်နေရတာလဲ"

လုယွီ၏ နှုတ်ခမ်းထောင့်များက ကော့တက်သွားလျက် အထင်တသေးပြုံးသည်။

ထိုဆေးက အောင်မြင်နိုင်ချေနည်းသည်။ အောင်မြင်နိုင်ချေ မရှိဟုပင် ယူဆနိုင်သေး၏။ ဒီလိုဆေးလုံးများက မတော်တဆဖန်တီးထားခြင်း မဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ပျက်စီးအောင် လုပ်ထားခြင်းဖြစ်သည်။

လုယွီက အချို့သော ပစ္စည်းများကို ထည့်လိုက်ရုံမျှဖြင့် အကောင်းအတိုင်းဖြစ်အောင် လုပ်နိုင်၏။ သို့ရာတွင် လုယွီအတွက် ပေးထားသော ဆေးပင် အများစုကမူ အသုံးမဝင်ပေ။ ဒီလိုအရာများဖြင့် သုံးထားလျှင် တန်ဆေးပင် ဖြစ်မလာနိုင်ပေ။

လုယွီက လက်ထဲမှ ဆေးလုံးကို ယူပြီးသက်ပြင်းချသည်။

"မင်းတို့ရဲ့ ဗဟုသုတက အကန့်အသတ်ရှိတာပဲ"

"အသုံးမဝင်ဘူး ဟုတ်လား၊ တကယ်တော့ ပါဝင်ပစ္စည်းတိုင်းမှာ ကိုယ်ပိုင်စွမ်းရည်တွေ ရှိပြီးသား"

ရှေးခေတ်တာအိုပညာရှင် ရှန်းက အပျက်အစီးများထဲ အသုံးဝင်သည့်အရာကို ရှာဖွေနိုင်ခဲ့သည်။

"ပါဝင်ပစ္စည်းတွေက ဒီလိုဖြစ်နေမှတော့လည်း ငါ အဲဒိဈေးပဲ ခေါ်လိုက်ရတော့မှာပေါ့"

လုယွီ၏ စိတ်ထဲတွင်မူ ဆုံးဖြတ်ချက် ပြတ်သားပြီးသား ဖြစ်သည်။ ချက်ချင်းလိုလို လုယွီ၏ လက်ဝါးမှ မီးတောက်ထွက်လာပြီး ထိုပစ္စည်းတစ်ခုချင်းစီ လောင်ကျွမ်းစေတော့၏။

"ဟွန့် ဖြုန်းတီးနေပြန်ပြီ၊ မင်းက ပါဝင်ပစ္စည်းတွေကို မှတ်မိနိုင်မယ်ဆိုရင်တောင်မှ အစစ်အမှန်ဆေး ဖော်နိုင်မှာမဟုတ်ဘူး"

ဖုန်းရွှင်းက နှာခေါင်းရှုံ့နေသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်က မြန်သည်။ အချိန်တိုင်းလိုလို လူအချို့က အောင်မြင်စွာ ဖော်စပ်နိုင်ပြီး အချို့ကမူ တိုက်ရိုက်အဖယ်ခံရသည်။

"ဟုတ်ပြီ"

ရွှယ်ရီကျုံးမှ ဟန်ကျွယ်က ရုတ်တရက် အော်ရယ်သည်။ သူ့လက်ထဲမှ ထိုဆေးတစ်လုံးက တိုက်ရိုက်ပင် လွင့်ထွက်သွားကာ ပြင်းထန်သောစွမ်းအားများကို လွှတ်ထုတ်တော့၏။

"ရှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်တဲ့တန်ဆေးလုံး"

"ငါက မူလဆေးလုံးဖြစ်တဲ့ အပျက်အစီး ဆေးလုံးကနေ ရှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တယ်။ ဟန်ကျွယ်ရဲ့ နည်းလမ်းက ဘယ်လောက်ရက်စက်မလဲတော့ မသိနိုင်ပေမယ့် မှော်ဆန်မယ်ဆိုတာက‌တော့ သေချာနေပြီ"

တစ်ချိန်တည်းတွင်ပင် ဆေးစပ်ရသော အကြီးအကဲသုံးယောက်လုံးကလည်း သူတို့၏ လုပ်ဆောင်မှုကို ပြီးဆုံးသွားကြသည်။ ထိုသုံးယောက်လုံးက ဆရာသခင်ဆိုသော နာမည်နှင့် ထိုက်တန်ကြ၏။ သူတို့၏ လက်က လှုပ်ရှားလိုက်သည်နှင့် ကိုးဆယ်ရာခိုင်နှုန်းအထိ အောင်မြင်နိုင်ချေ ရှိသော ဆေးလုံးက ပေါ်လာသည်။

အားလုံး၏ ကိုးကွယ်စည်းကပ်တော့မည့် စကားများကို နားထောင်ရင်းမှ တင်းကျွင်းစန်းလောင်၏ အမူအယာက ရုတ်တရက် ဂုဏ်ယူဟန် ပြောင်းသွားသည်။ ထိုအချိန်တွင်ပင် ထူးဆန်းသော အသံက ထွက်လာ၏။

"ဒီလောက်စွမ်းအားလောက်နဲ့ ဆေးလုံးလို့ ခေါ်ထိုက်ပါ့မလား"

အပိုင်း (၉၃၇)

အသံက ထွက်ပေါ်လာသည်နှင့် လူတိုင်းက သူ့ကိုတစ်ပြိုင်နက် ကြည့်လာကြသည်။

ပြောလိုက်သူက မီးခိုးရောင်ဝတ်စုံဝတ်ထားသော လူအိုကြီးတစ်ယောက် ဖြစ်သည်။ သူက ပိန်ပါးပြီး အရေးအကြောင်းများ ပြည့်နေ၏။ သူ့မျက်လုံးအကြည့်ကိုလည်း မြင်နိုင်သည်။ သူ၏ နောက်လိုက် အချို့သူများကမူ ချက်ချင်း ဝင်ပြောကြတော့သည်။

"မင်းက ဘာလဲ၊ မင်းကိုယ်တိုင် ဒီဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိမှာလား"

"ဟုတ်တယ် ဒီလိုလူမျိုးက အရှက်မရှိဆုံးပဲ"

မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက နှာခေါင်းရှုံ့သည်။

"သူတို့ အနံ့ခံလို့ရတဲ့ အဲဒိအမှိုက် ပစ္စည်းတွေကို သူတို့ပဲ ရတနာလို သတ်မှတ်လိမ့်မယ်။ အစက အဂ္ဂိရက်ပညာရှင်တိုင်းက တန်ဆေးအစည်းအဝေးပွဲကို ရောက်လာကြတယ်ပေါ့၊ မမျှော်လင့်ထားပဲ အမှိုက်တွေပါနေသေးတာပဲ"

ထိုစကားလုံးများက လူထု၏ ဒေါသကို ထွက်လာစေသည်။ ဒီနေရာသို့ ဝင်ရောက်ခွင့်ရှိလာသူတိုင်းက ထိပ်တန်းအဆင့် အဂ္ဂိရက်ပညာရှင်များ ဖြစ်ကြ၏။ ထို့ကြောင့် ဒီလို အရှက်ခွဲမခံနိုင်ကြပေ။ တစ်ခဏခန့် ကြာပြီးနောက် လူအများစုက ကျိန်ဆိုကြတော့သည်။

မီးခိုးရောင်ဝတ်စုံနဲ့ လူအိုကြီးက နှာခေါင်းရှုံ့ပြီး ခေါင်းခါသည်။

"ကောင်းပြီ ငါက ဒီနေ့ မင်းတို့ကို လွှတ်ပေးလိုက်မယ်၊ ဒီမြေပေါ်က ဖရုံသီးတွေ ကြည့်ချိန်ရသွားတာပေါ့"

ထို့နောက် မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက သူ၏ ကိုယ်ပိုင်မီးဖိုကို ဖွင့်လိုက်သည်။

ပြီးပြည့်စုံပြီး မပျက်စီးသော ဆေးလုံးက အထဲမှ တိုက်ရိုက်ထွက်လာ၏။ ပြင်းထန်သော တန်ရှန်းရနံ့က ချက်ချင်းလိုလို ပတ်ဝန်းကျင်ကို ပြန့်နှံ့သွားတော့သည်။ ဆေးလုံးက ထွက်လာသည်နှင့် မျက်နှာပြင်ပေါ်တွင် လိပ်ပြာတစ်ကောင်က လာနားသည်။ တောင်ပံကို ဖြန့်ကားပြီး ကခုန်နေတော့၏။

"ဒါက စိတ်စွမ်းအား ဆေးလုံးပဲ"

အချို့သော နတ်မင်းအချို့က ဝမ်းသာအားရ အော်ကြသည်။ သူတို့ လေပြင်းများပင် ရှူရှိုက်လိုက်မိကြ၏‌။

တင်းကျွမ်းစန်းလောင်က စာလုံးကို ကြည့်ပြီးနောက် မျက်လုံးထဲတွင် တည်ငြိမ်မှုကို မြင်နိုင်သည်။

ချူရှင်းယွမ်က လေးနက်စွာပြောသည်။

"ဒါက တစ်ဆယ်ရာခိုင်နှုန်း ရှိတဲ့တန်ဆေးလုံးပဲ၊ ဒီလူအိုကြီးက ဆေးလုံးပုံသဏ္ဍာန် အပြည့်အဝပေါ်အောင် လုပ်နိုင်တယ်"

ပတ်ဝန်းကျင်မှ လူများက ထိုစကားကို ကြားသောအခါ ဝရုန်းသုန်းကား ဖြစ်သွားသည်။ အားလုံး ပွက်လောရိုက်သွားတော့၏။ တစ်ဆယ်ရာခိုင်နှုန်း ဆိုခြင်းကပင် သာမန်အဂ္ဂိ ရက် ပညာရှင်အများစု မလုပ်နိုင်သည့်အခြေအနေ ဖြစ်နေခဲ့လေပြီ။

လေးစားရသော ထိုလူအိုကြီး သုံးယောက်ကပင် အမှိုက်စွမ်းရည် ကိုးဆယ်ရာခိုင်နှုန်းအထိ ပျောက်အောင် လုပ်နိုင်ကြ၏။ သို့သော် အခြေအနေက မတူသေးပေ။

"သူ့နာမည်ကို ဂရီဖင်းလို့ ခေါ်တယ်၊ သူ့ကို ဖုန်းမိသားစုက ဖိတ်ခေါ်ထားတာ၊ ကြည့်ရတာ ဖုန်းမိသားစုက ဆေးလုံးအတွက် အများကြီး အားစိုက်ထားတာပဲ"

ချူရှင်းယွမ်က တွေးလိုက်သည်။

လက်ရှိအချိန်တွင် သံသယဝင်ရန် မလိုအပ်တော့ပေ။ ရှစ်ချန်းဆေးလုံးက ဒီလိုနေရာမျိုးတွင် ပေါ်တင်တစ်ခါမှ သန့်စင်ခဲ့ခြင်းမျိုး မရှိခဲ့ဖူးသေးချေ။

"ဟားဟားဟား ကြည့်ရတာ ဆေးလုံးကို ငါ့ရဲ့ ဖုန်းမိသားစုက ရတော့မှာပဲ"

ဖုန်းရွှင်းက အလွန်ပျော်ရွှင်ပြီး အော်ရယ်နေတော့၏။

ထိုအချိန်တွင် အမွှေးတိုင်တစ်တိုင်၏ သုံးပုံတစ်ပုံခန့်သာ ကျန်ရစ်တော့သည်။ လုယွီကမူ ဆေးလုံးသန့်စင်နေသေး၏။

"ဒီဆေးပင်တွေက ငါရှာတွေ့သမျှထဲမှာ အဆိုးရွားဆုံးတွေပဲ။ သာမန်ဆေးလုံးအဖြစ် ဖော်စပ်မယ်ဆိုရင်တောင်မှ အောင်မြင်ဖို့ မဖြစ်နိုင်ဘူး"

ဖုန်းရွှင်းက နှာခေါင်းရှုံ့သည်။

သူက အနိုင်ရမည့်အနေအထားတွင် ရှိနေလေပြီ။ လုယွီ ကျဆုံးသွားသည်နှင့် သူက ဆက်တိုက်တိုက်ခိုက်ကာ ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တော့မည် ဖြစ်၏။

ရုတ်တရက် လုယွီက ရပ်တန့်သွားသည်။ သူ့အရှေ့တွင် ရှိသော ဆေးပါဝင်ပစ္စည်းများတိုင်းက တန်မီးတောက်ဖြင့် လောင်ကျွမ်းပြီးနောက် ပြပုံဖြစ်သွား၏။ အခြားသူများ၏ အမြင်တွင် လုယွီ၏ အပြုအမူက မျှော်လင့်ချက် မဲ့နေသည်နှင့် တူသည်။

"သူ့မှာစွမ်းရည်နည်းနည်း ရှိတယ်ထင်နေတာ၊ မမျှော်လင့်ထားပဲ စာရွက်ပေါ်က အတုယောင်နေတွေပဲ၊ သူက အဂ္ဂိရက်ညာရှင် မဟုတ်လောက်ဘူး၊ ဆေးလုံးတောင် မဖော်နိုင်ဘူးလေ"

လူအများစုက လုယွီကို နှာခေါင်းရှုံ့နေကြပြီး လုယွီအတွက် လေးစားသူများကမူ မသက်မသာဖြစ်နေကြတော့သည်။

ကျန်သော အချိန်ကလည်း ကုန်လွန်သွားသည်။

ထိုအချိန်တွင် လုယွီ၏ လက်က ရုတ်တရက်လျင်မြန်စွာဖြင့် ပြာများကို စုစည်းလိုက်သည်။ ထိုအပျက်အစီး ဆေးလုံးက လေထဲတွင် ရုတ်တရက် မြောက်တက်လာတော့၏။

လုယွီက လက်ညှိုးလေးဖြင့် တို့လိုက်ချိန်တွင် ပြာများအားလုံးက အောက်သို့ ပြုတ်ကျသွားသည်။

အနက်ရောင်မီးတောက်က ထိုပျက်စီးနေသော ဆေးလုံးကို လှည့်ပတ်ကာ‌ လောင်ကျွမ်းနေသည်။ ထိုအချိန်တွင်ပင် ဆေးလုံးမှ ဝင်သက်အရှိန်အဝါများက ပြန့်လွင့်လာတော့၏။ တိကျသေချာသော ရနံ့ကလည်း ပြန့်လွင့်လာသည်။

နောက်ဆုံးတစ်ခဏတွင်ပင် လုယွီက သူ၏ လက်ဖြင့် ရှန်းစင်မြင့်ပေါ်သို့ ဆေးလုံးကို တင်လိုက်သည်။

ချက်ချင်းလိုလို ထိုစင်မြင့်က လင်းလက်တောက်ပလာတော့၏။

အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အာရုံက ဒီနေရာထံသို့သာ ရောက်လာတော့သည်။ ထိုအလင်းတန်းများက ကောင်းကင်သို့ ပြန်လည်ထိုးတက်သွားခြင်းဖြစ်ပြီး အခြားလူတိုင်းထက် သာသည်။ အထူးသဖြင့် ပထမတစ်ကြိမ်က သူ လုပ်ဆောင်ပြခဲ့သည်ထက် မျက်စိကျိန်းမတတ် တောက်ပနေသေး၏။

"မဖြစ်နိုင်ဘူး"

"သူ လိမ်နေတာ ဖြစ်ရမယ်၊ ဘယ်လိုဖြစ်ပြီး အဲဒိဆေးဟောင်းလုံးက ဒီလောက်ထိ တောက်ပမှာလဲ"

အပိုင်း ၉၃၈

အခြားသူများက မမျှတစွာ အော်ဟစ်နေကြသကဲ့သို့ ဖုန်းရွှင်း ကိုယ်တိုင်ကလည်း စားပွဲခုံကို ရိုက်ချပြီး မတ်တပ်ထရပ်ကာ ပြောသည်။

"သူ ဒီစင်မြင့်ရဲ့ သက်ရောက်မှုကို အာရုံလွဲမှားအောင် လုပ်နေတယ်လို့ ငါ သံသယဝင်တယ်"

လုယွီ၏ လက်ထဲရှိ ဆေးလုံးက အပျက်အစီးဆေးလုံး ဖြစ်ကြောင်း သေချာသည်။ ထို့အပြင် ဆေးလုံးပုံသဏ္ဍာန် အပီအသမပေါ်သေးပေ။ ဒီလိုဆေးလုံးမျိုးက သာမန်လူများ တစ်ချက်ကြည့်ရုံဖြင့်ပင် စွန့်ပစ်သင့်မှန်း သိသာနေ၏။

"ဟားဟားဟား"

ရုတ်တရက် ဆရာသခင် ဂရီဖင်းက အော်ရယ်သည်။

"မြောက်ပိုင်းနယ်မြေက အရမ်းရယ်ရတာပဲ၊ တန်ဆေးအစည်းအဝေးပွဲမှာ မျက်လှည့်ပြတဲ့သူတွေ ရှိနေတာပဲ"

ဂရီဖင်းက နှာခေါင်းရှုံ့ကာ ထူးဆန်းသော အကြည့်ဖြင့် ပြောသည်။

"ဒီကောင်လေးက ဒီစင်မြင့်နဲ့ ပက်သက်ပြီး တစ်ခုခု လိမ်နေတာဖြစ်ရမယ်။ ဒီကောင်လေးကတော့ တကယ်ကို မျှော်လင့်ချက် မရှိတော့ဘူး"

ယခင်ကမူ ထိုလူ၏ စကားကို လူအများက မယုံကြပေ၊ ယခုတွင်မူ ထိုလူ၏ စကားများက လူအများကို ဆွံ့အစေလေပြီ။ ဝမ်ချန်းက စွန့်ပစ်ဆေးလုံးကို သန့်စင်နိုင်မည်ဆိုလျှင်ပင် ဒီစင်မြင့်၏ အသိအမှတ်ပြု ခံရသေး၏။ မည်သူကမှ စင်မြင့်ကို မေးခွန်းမထုတ်ရဲကြပေ။ အကြောင်းမူကား ဒါက ရှေးဟောင်းနတ်ဘုရားမ ဖန်တီးထားခဲ့သောကြောင့် ဖြစ်သည်။ သာမန်လူများက သံသယဝင်လျှင် ကောင်းကင်၏ စွန့်ပစ်ခံရလိမ့်မည်။

လုယွီကမူ ကွာခြားသည်။ သူက စင်မြင့်ကို အရူးလုပ်နေခဲ့၏။

"ဒီလိုအကောင်မျိုးက အပြစ်ပေး ခံရသင့်တယ်"

"ဟုတ်တယ် ထူးဆန်းတဲ့နည်းလမ်းတွေ သုံးပြီး နောက်ဆုံးအကဲဖြတ်မှုကို ပြောင်းလဲအောင်လုပ်နေတာပဲ"

"သူ့ကို တောင်းပန်ခိုင်းရအောင်၊ လူတွေရှေ့မှာ ဒူးထောက်ခိုင်းကြမယ်"

ဖုန်းရွှင်းက ရုတ်တရက် ထွက်လာပြီး လုယွီရှေ့သို့ ရောက်လာကာ ဒေါသတကြီးအော်သည်။

"ဝမ်ချန်း မင်းက ဘာအာဏာမှမရှိပဲ ဒီအစည်းအဝေးပွဲကို ဖျက်းဆီးခဲ့တယ်၊ မင်းအခုချက်ချင်း တောင်းပန်လိုက်စမ်း"

လုယွီက ဖုန်းရွှင်းကို ကြည့်သည်။

တစ်ဖက်သူကိုယ်တိုင် ထွက်လာမည်ဟု မထင်ထားသေးပေ။ သို့သော် ဒါကလည်း အဆင်ပြေ၏။ လုယွီရှာရ သက်သာသွားသည်။

"ကြည့်ရတာ နောက်ကွယ်က ကြံစည်နေတာ မင်းပဲ ဖြစ်မယ်၊ ငါ့ကို ပေးသမျှ ဆေးလုံးတိုင်းကို မင်းကပဲ ထိန်းချုပ်နေခဲ့တာ မဟုတ်လား"

လုယွီက ပေါ့ပါးစွာပြောသည်။

ဖုန်းရွှင်း၏ အမူအယာက မပြောင်းပဲ နှာခေါင်းရှုံ့ကာပြောသည်။

"မင်း ဘာတွေလာပြောနေတာလဲ၊ မင်းကသာ လှည့်စားပြီး ဒီရှန်းစင်မြင့်ကို မလေးမစား လုပ်နေခဲ့တာလေ၊ ဒီလိုနဲ့ အလွယ်တကူ လွှတ်ပေးခံရမယ်လို့ ထင်လား"

သူက စင်မြင့်ပေါ်တွင်ရှိသော မီးခိုးရောင် ဆေးလုံးကို တို့လိုက်သည်။ ထို့နောက် ပြော၏။

"မင်းရဲ့လက်ထဲက အမှိုက်ဆေးလုံးကို ကြည့်စမ်းပါဦး၊ ဒါနဲ့ အဲဒါနဲ့ ဘာများ ကွာခြားနေလို့လဲ။ မင်း ဘာတွေကို လှည့်စားချင်နေတာလဲ"

လုယွီက သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်စွာပြော၏။

"ဒါက တန်ဆေးအစည်းအဝေးပဲ၊ မင်းကိုယ်မင်း ဘာထင်လဲ၊ မင်း ဒီနေရာမှာ ‌ပြောပိုင်ခွင့်ရှိတယ် ထင်လား"

"မင်း"

"ချူမိသားစုရဲ့ အဂ္ဂိ ရက်ပညာရှင်တွေက ဘာမှမပြောကြသေးဘူး၊ ငါက မင်းကို မေးမယ်၊ မင်းက တန်ဆေးဆရာလား။ မင်း ဆေးလုံးတွေ လုပ်နိုင်လား"

"ငါ ဆေးလုံးတွေ မလုပ်နိုင်ရင်တောင်မှ မင်းလုပ်ထားတဲ့ ဒါက မှားနေရင် ငါ အကျိုး အကြောင်း ပြောပြခွင့်ရှိတယ်"

လုယွီက အေးစက်စွာပြောသည်။

"ဒါက တန်ဆေးအစည်းအဝေးပွဲ၊ မင်းက တန်အဂ္ဂိရက်ပညာရှင်တစ်ယောက် မဟုတ်ရင် ဆေးလုံးလည်း မလုပ်နိုင်ရင် ဒီမှာ လာဆူမနေနဲ့၊ ထွက်သွားစမ်း"

ထွက်သွားစမ်း ဆိုသည့်စကား ထွက်လာသည်နှင့် ထိုရှန်စင်မြင့်ကို ဝိုင်းပတ်ထားသော အလင်းတန်းများက ရုတ်တရက် တောက်လောင်လာကာ လုယွီပြောသည်ကို ထောက်ခံသည့်အလား ပြုမူသည်။ ချက်ချင်းလိုလိုပင် အလွန်ပြင်းထန်သော ဖိအားက ဖုန်းရွှင်းအပေါ် ကျရောက်လာ၏။ သူ ဒီဖိအားအပေါ် မတောင့်ခံနိုင်တော့ပေ။ သူက အံကြိတ်သည်။ နောက်လှည့်ပြီးအော်၏။

အပိုင်း ၉၃၉

"ဒီလိုဆေးလုံးနဲ့ ဒီလိုအမှိုက်ကို ရှိနေခွင့် ပြုတော့မှာလား၊ ချူမိသားစုက ဂရုမစိုက်တော့ဘူးလား"

သူက ချူမိသားစုကို တမင်သက်သက် အသုံးပြုလိုနေခြင်း ဖြစ်သည်။

ချူရှင်းယွမ်က သက်ပြင်းချပြီး လုယွီ၏ ဆေးလုံးကို လာရောက်စစ်ဆေး၏။

"ဒါက တကယ်ကို အပျက်အစီးဆေးလုံးပဲ"

ချူရှင်းယွမ်လည်း စိတ်ပျက်သွားရသည်။

ဒီဆေးလုံးက သာမန်အကျဆုံး ဆေးလုံးဖြစ်သည်။ ချူရှင်းယွမ်၏ အတွေ့အကြုံနှင့်ပင် ဒီဆေးလုံးကို အသာအယာအကဲဖြတ်နိုင်စွမ်း ရှိ၏။

ဖုန်းရွှင်းက ပြောသည်။

"အရှင်ချူတောင်မှ ဒီလိုပြောနေပြီ မင်း ဘာပြောချင်သေးလဲ"

လုယွီက ဖုန်းရွှင်း၏ မျက်နှာကို ကြည့်ပြီးနှာခေါင်းရှုံ့သည်။

"ဒီဆေးလုံးက အပျက်အစီးဆေးလုံးဆိုတာ မင်း သေချာလား"

လုယွီက လက်ဆန့်တန်းလိုက်လျက် မျက်နှာပြင်ကို အသာအယာ ဖိလိုက်ချိန်တွင် နဂိုက မီးခိုးရောင် သမ်းနေသော ဆေးလုံးက လုယွီ၏ လက်ထိပ်တွင် ကွဲထွက်သွားသည်။ အပြင်ကိုယ်က ကွဲထွက်သွားခြင်း ဖြစ်သည်။

ထိုသို့ ကွဲထွက်သွားသည်နှင့် အတွင်းမှ အလွန်ပြင်းထန်သော အပြာရောင်မီးတောက်က တောက်လောင်လာသည်။ ပြင်းထန်သော တန်ဆေးရနံ့က တွင်းထဲမှ ထွက်လာသော ဖီးနစ်ငှက်ကဲ့သို့ ပတ်ဝန်းကျင်တွင် လှည့်ပြန်ကာ ကခုန်နေတော့၏။ ရုတ်တရက် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ ထိုတစ်ခဏတွင် လူတိုင်း မင်သက်သွားသည်။

လုယွီကို လှောင်ခဲ့ကြသူတိုင်းက မျက်လုံးပြူးသွားကြသည်။ မမျှော်လင့်ထားစွာပင် အထဲတွင် ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားမှုက ရှိနေခဲ့၏။

ဖုန်းရွှင်းကိုယ်တိုင်လည်း တုန်ယင်သွားသည်။

"မဟုတ်ဘူး မင်း လိမ်နေပြန်ပြီ၊ မင်းငါ့ကို လိမ်ဖို့ကြိုးစားနေတာ၊ မင်း ဘယ်တော့မှ အရူးလုပ်လို့ရမယ် ထင်မနေနဲ့"

သို့တိုင်‌အောင် သူ၏ မျက်နှာကမူ ဖြူဖျော့နေပြီဖြစ်သည်။ ယခင်က အောင်မြင်အောင် လုပ်နိုင်ခဲ့သောသူက ဆေးသက်ရောက်မှုကို မြှင့်တင်နိုင်ခဲ့သည့်တိုင်အောင် သူက လိပ်ပြာမျှသာ ဖြစ်သည်။ လုယွီ၏ ဆေးကမူ ဖီးနစ်ဖြစ်၏။ အရေးကြီးဆုံးအချက်က ဒီလိုအရာမျိုးက လှည့်စား၍ မရနေခြင်းဖြစ်သည်။

ချူရှင်းယွမ်က သူ၏ လက်ဖဝါးပေါ်သို့ ဆေးလုံးကို ကျလာစေလျက် ဂရုတစိုက်ကြည့်သည်။ သူ၏ ကိုယ်က တုန်ယင်သွား၏။

"ဘာလို့ သာမန်ဆေးလုံးတွေထက် သက်ရောက်မှု ပြင်းထန်တယ်လို့ ငါ ခံစားမိနေတာလဲ"

မှန်ပေသည်။ သာမန်ဆေးလုံးများထက်ပင် ပို၍ သက်ရောက်မှု ပြင်းထန်နေသေး၏။ လုယွီ လုပ်သော ဆေးလုံးက နတ်ဘုရားအဆင့်တန်ဆေးလုံးဖြစ်ပြီး ကောင်းကင်မှ နီဗားနစ်စွမ်းအားများ ပါဝင်နေဟန်ရသည်။

ချော်ရည်ထဲမှ ထွက်လာသော ဒီဖီးနစ်၏ အဓိပ္ပါယ်က ဆေးတိုင်း၏ သက်ရောက်မှုက အဆများစွာ မြင့်မားသည်ဟု သုံးသပ်နိုင်သည်။ ကျန်ရှိသော အဆီအနှစ်များကိုသာ သန့်စင်လိုက်မည်ဆိုလျှင် အလွန်မြင့်မားသော ဆေးလုံး၏ အဆီအနှစ်ကို ရရှိနိုင်၏။

လုယွီ၏ လက်ထဲရှိ ဆေးလုံးကသာ မပြီးပြည့်စုံနေ၍ မဟုတ်လျှင် ထိုဆေးလုံးက ချက်ချင်းလိုလို စိတ်ဝိဉာဉ်ထွက်လာပြီး အင်ပါယာအဆင့်ပင် တက်သွားနိုင်သေးသည်။

"ဆရာသခင် ဝမ်ချွမ် ဒီဆေးလုံးရဲ့ သက်ရောက်မှုက ဘာပါလဲ"

တစ်စုံတစ်ယောက်က မနေနိုင်ပဲ ဝင်မေးတော့သည်။

မည်သူကမဆို ဆေးလုံးကို မမှတ်မိကြပေ။ ကြည့်ရသည်မှာ ဒီဆေးလုံးက လောကတွင် မရှိခဲ့သည့်အလား ထင်ရ၏။ လုယွီက ပြောသည်။

"ဒါကို မီးတောက်ဆေးလုံးလို့ ခေါ်နိုင်တယ်။ ဘယ်လိုဒဏ်ရာ ရထားရထား၊ ဒါကို မျိုလိုက်တာနဲ့ ချက်ချင်း ရှင်နိုင်တယ်"

"ဒီလိုဆေးလုံးက ကျင့်ကြံခြင်းအဆင့် မြင့်တဲ့သူတွေအတွက်ကော အသုံးဝင်ပါသလား"

အခြားတစ်ယောက်က မေးသည်။

လုယွီက တွေးတောပြီးနောက် ပြောသည်။

"အဆင့်လွန်အဆင့်အထိတော့ ရတယ်"

သူက လွန်ကဲစွာပြောလိုက်ခြင်း မဟုတ်ပေ။ ယေဘူယျကျကျပြောရသော် နတ်မင်းအဆင့်တစ်ယောက် ဖြစ်မည်ဆိုလျှင်ပင် ဒီဆေးလုံးမျိုသောက်လိုက်သည်နှင့် ချက်ချင်း အသက်ပြန်ရှင်လာမည်ဖြစ်သည်။ ဒီလိုအသက်စွမ်းအား ပြည့်ဝသော ဆေးလုံးများက လူ့ခန္ဓာကိုယ်အတွင်းမှ သဘောတရားများကို ပြောင်းလဲနိုင်စွမ်း ရှိ၏။ မှေးမှိန်သမျှကို တောက်လောင်လာစေနိုင်သည်။

"ငါ ဒီဆေးလုံးကို လိုချင်တယ်"

"ဆရာသခင်ဝမ်ချန်း ကျွန်တော် သုံးဘီလီယံနဲ့ ဆေးလုံးကို ဝယ်ချင်ပါတယ်"

"ငါ ငါးဘီလီယံပေးမယ်"

"ငါက ဆယ်ဘီလီယံပေးမယ်။ ဒီဆေးလုံးနဲ့ဆိုရင် ငါ ရမှဖြစ်မယ်"

အပိုင်း ၉၄၀

ရုတ်တရက် ဟန်ကျွယ်က အော်ကာ ထပြောသည်။

"ဘယ်သူ ငါ့ဆီက ယူရဲမလဲကြည့်မယ်"

မီးတောက်ဆေးလုံး ထွက်လာသည်နှင့် လူတိုင်းက ရူးသွပ်သွားတော့သည်။ သို့ရာတွင် လုယွီက မရွေ့ပေ။ သူက ချူရှင်းယွမ်ကို ကြည့်သည်။

"ငါကြားထားတာ ခင်ဗျားတို့ ချူမိသားစုမှာ စာရင်းရှိတယ်တဲ့၊ ခင်ဗျားတို့ ပစ္စည်းကို သုံးရင် ခင်ဗျားတို့အပိုင်ဆို"

ချူရှင်းယွမ် ကြောင်သွားသည်။ သူက ဖြောင့်မတ်မှန်ကန်စွာ ပြောသည်။

"မဖြစ်နိုင်တာ ဒီဆေးကို မင်းကိုယ်တိုင် ဖော်ထားတာ၊ မင်းအပိုင်ပေါ့"

သူတို့၏ ချူမိသားစုက အဆင့်နိမ့်ဆေးပင်များဖြင့် ဒီလိုဆေးလုံးမျိုးကို မဖော်နိုင်ပါပေ။ ထို့အပြင် ဒီလိုဖော်နိုင်သူကိုလည်း ရန်မစဝံ့ပေ။

ထိုသို့ဖြင့် သူက လုယွီကို ဆေးလုံးပြန်အပ်လိုက်၏။

"ခဏလေးနေဦး၊ မင်းပြောတာ မှန်တယ်၊ ငါ့မိသားစုကပစ္စည်းနဲ့ ဖော်ထားမှတော့ ဒီဆေးလုံးက ငါ့မိသားစုက ဆေးလုံးပဲ"

ပြောလိုက်သူက ချူမိသားစုမှ ခေါင်းဆောင်ချူချင်ဖြစ်သည်။ ချူချင်က လူတစ်အုပ်နှင့်အတူ ရောက်လာချိန်တွင် ဒီလိုအခြေအနေကို မြင်လိုက်ရခြင်းဖြစ်၏။ သူက ချူရှင်းယွမ်ကဲ့သို့ ယဉ်ကျေးမနေပေ။ သူက မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ခေါင်းဆောင် စည်းမျဉ်းတွေအရဆိုရင် ဒီဆေးလုံးကို တန်ဆေးဆရာက ဖော်စပ်ထားလို့ သူ့အပိုင်ပဲ ဖြစ်သင့်တာပါ၊ ဒီဆေးလုံးက ချူမိသားစုနဲ့ မသက်ဆိုင်ပါဘူး"

ချူချင်က နှာခေါင်းရှုံ့သည်။

"မင်းက သခင်လား ငါက သခင်လား၊ ဒီမှာ ငါက စည်းမျဉ်းပဲ။ ဒီဆေးလုံးက ချူမိသားစုက ပစ္စည်းတွေနဲ့ လုပ်ထားမှတော့ ချူမိသားစုကပဲ ပိုင်ရမယ်"

" မင်း"

ချူချင်းယွမ် ဒေါသထွက်သွားသည်။

အဂ္ဂိရက်ပညာရှင်တစ်ယောက်အနေနှင့် ချူမိသားစုသည် အဆင့်အတန်းမြင့်မားသည်။ သို့သော် ခေါင်းဆောင်အပေါ်တွင်မူ လွှမ်းမိုးမှု မရှိနိုင်ပြန်ပေ။

လုယွီက မရွေ့လျားပဲ ရလဒ်ကို စောင့်ကြည့်နေခဲ့သည်။ သူက သက်ပြင်းချသည်။ထိုဆေးလုံးက သူ့အတွက် အဖိုးမတန်ပေ။ ပြောပြလောက်ခြင်းပင် မရှိပေ။

ချူရှင်းယွမ်က အော်တော့သည်။

"ဒီဆေးလုံးကို သန့်စင်ထားတဲ့လူရဲ့ အပိုင်ပဲ၊ မင်းက ချူမိသားစုရဲ့ ခေါင်းဆောင်ဆိုရင်တောင်မှ ဒါက တန်ဆေးအစည်းအဝေးပွဲပဲ။ မင်းက ခေါင်းဆောင်အာဏာကိုသုံးပြီး ငါ့ကို ဖိနှိပ်ချင်ရင် ငါကလည်း ဒီလိုပြောရဦးမှာပဲ"

ချူရှင်းယွမ်က ရုတ်တရက် တံဆိပ်ပြားကို ထုတ်ပြီး မှော်စွမ်းအားများဖြင့် ရိုက်ချလိုက်သည်။

ရုတ်တရက် ပြင်းထန်သော အားက တံဆိပ်ပြားမှ ထွက်လာ၏။ တိကျသေချာစွာပင် အလင်းရောင်များက ဖြာထွက်လာတော့သည်။

"ဒါက တန်အရှင်သခင်ရဲ့ အမိန့်ပဲ"

"တန်အရှင်သခင်ရဲ့အမိန့်ပဲ၊ ဒါက အရှင်သခင်က အမိန့်တွေကို ဖောက်ဖျက်တဲ့သူအတွက် ကျရောက်လာတဲ့အလင်းတန်းပဲ။ ဒီလိုအရာမျိုးကို တစ်နှစ်မှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်။ မမျှော်လင့်ထားပဲ တန်အရှင်သခင်က ဝမ်ချွမ်းအပေါ် အသုံးပြုလိုက်တယ်"

ချူချင်၏ မျက်နှာက ပြောင်းလဲသွားသည်။

"မင်းငါ့ကို အပြင်လူတစ်ယောက်အတွက်ကြောင့် မနာခံပဲ နေမယ်လို့ မထင်ထားမိဘူး"

"စည်းမျဉ်းတွေကို မလိုက်နာတာက မင်းပဲ၊ ငါ့ကို အပြစ်တင်လို့ မရဘူး"

ချူရှင်းယွမ်က ခေါင်းလှည့်ပြီးပြောသည်။

"ဒီဆေးလုံးက မင်းအပိုင်ပါပဲ၊ ငါ့ရဲ့အဂ္ဂိရက်ပညာရှင် ဂုဏ်သိက္ခာကိုတော့ အစွန်းအထင်း မခံနိုင်ဘူး"

လုယွီက အံ့ဩသွားသည်။ ချူမိသားစုတွင် ဒီလိုဖြောင့်မတ်မှန်ကန်သူများ ရှိမည်ဟု မထင်ထားမိပေ။ လုယွီက ကျေးဇူးတင်လိုက်၏။

ဖုန်းရွှင်း၏ မျက်နှာက အနည်းငယ်ကြည့်ရ ဆိုးသွားသည်။ မူလက ချူမိသားစုကို သူတို့၏ ဖုန်းမိသားစုက ထိန်းချုပ်ထားသည်။ မမျှော်လင့်ထားစွာပင် သည်အချိန်တွင် တန်အရှင်သခင်က ခေါင်းဆောင်၏ အမိန့်ကို မနာခံခဲ့ပေ။

"ဒီအစည်းအဝေးပွဲမှာ ပါဝင်ပစ္စည်းတွေ ကန့်သတ်ချက် မရှိဘူး၊ ဒါက တတိယအကြိမ်မြောက်လည်း ဖြစ်နေတယ်ဆိုတော့ မင်းတို့က မင်းတို့တတ်နိုင်သလောက် ကုစားနိုင်စွမ်း ရှိတဲ့ဆေးလုံးတွေကို အသုံးပြုနိုင်တယ်။ မင်းတို့ကသာ ငါတို့ရဲ့ အရှင်သခင်အိုကြီးကို သက်သာလာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ချူမိသားစုရဲ့ အထက်တန်းလွှာ ဧည့်သည်တော်အဖြစ် သတ်မှတ်ခံရပြီး ဆေးလုံးကို ရမယ်"

ချူရှင်းယွမ်က ရုတ်တရက် ထိုသို့ ပြောလိုက်သည်။ ရှန်းစင်မြင့်ပေါ်တွင် မွန်းစတားတစ်ကောင် ပေါ်လာ၏။ ထိုမွန်းစတားက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည်။ လှောင်အိမ်ထဲတွင် သေလုနီးပါးဖြစ်နေခဲ့၏။

လုယွီက အခြေအနေကို နားလည်လိုက်သည်။ ဒါက သူတို့၏ ခေါင်းဆောင်အတွက် ဖြစ်နိုင်သည်။

အခြေအနေကို စမ်းသပ်ပြီးနောက်သင့်လျော်သော ဆေးလုံးများကို ဖော်စပ်နိုင်မည် ဖြစ်သည်။

" အချိန်က တစ်ရက်ပဲ။ အခုကစရအောင်"

ချူရှင်းယွမ်က အော်သည်။

အစည်းအဝေးပွဲက အချိန်ကြာ၍မရပေ။ သို့ရာတွင် ဒီတစ်ကြိမ်ကမူ ချူမိသားစုမှ ဘိုးဘေး၏ အသက်နှင့် သက်ဆိုင်လေသည်။ ထို့ကြောင့် အလွန်အရေးကြီးလှသည့်အတွက် ဒီအချိန်အထိ ဆွဲဆန့်လိုက်ရခြင်းလည်းဖြစ်၏။

တင်းကျွင်းမှ အကြီးအကဲသုံးယောက်က ဒါကို အချိန်မှန် ပြင်ဆင်ထားခဲ့ကြလေသည်။ သူတို့က ပါဝင်ပစ္စည်းများကို ပြင်ဆင်ပြီးသည်နှင့် စတင်ကာ ဆေးများကို သန့်စင်တော့၏။ အချိန်တစ်ခု ကြာသည်အထိ လူတိုင်းက အဂ္ဂိရက်ပညာကို သုံးကာ ဆေးများကို သန့်စင်နေကြသည်။

လုယွီကမျက်မှောင်အနည်းငယ် ကြုတ်သည်။ သူ့ရှေ့ရှိ ထိုမွန်းစတား၏ အခြေအနေက ရင်းနှီးသည်ဟု ခံစားနေရသည်။

"ဖြစ်နိုင်တာက"

လုယွီက အခြေအနေကို တွေးတောကြည့်ပြီးနောက်တွင် သူ၏ လက်ချောင်းများက တုန်ခါသွားကာ ရုတ်တရက် ရွှေရောင်မီးတောက်က ထွက်ပေါ်လာသည်။

ရွှေရောင်မီးတောက်က မွန်းစတားထံချဉ်းကပ်သွားသည်နှင့် မွန်းစတား၏ ကိုယ်က ရုတ်တရက် အနက်ရောင်အငွေ့များကို ထုတ်လိုက်သည်။ သူက သဘာဝရန်သူကို တွေ့ရသည့်အလား တုန်ယင်နေတော့၏။

All Chapters