အခန်း (၉၄၁-၉၄၅)
Vol. 50 Ch. 941-945
အပိုင်း ၉၄၁
သေခါနီးထိုသားရဲကောင်က လုယွီကြောင့် ပြန်လည်ရှင်သန်လာသည်။ သို့ရာတွင် သည်အခြေအနေက ရှန်းစင်မြင်နှင့်ကွယ်နေသည့်အတွက် အခြားသူများက သတိမထားမိကြပေ။
“ဒါက အဆင့် ၄ ပဲ၊ ငါ လက်ချောင်းလေး လှုပ်လိုက်တာနဲ့ရတယ်။”
ဟန်ကျွယ်၏လက်များမှ တောက်ပသော အနီရောင်မီးတောက်က ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ဆေးပင်များစွာက သူ၏သိုလှောင်အိတ်ထဲမှ ချက်ချင်းပျံသန်းလာလျက် ဖျော့တော့သောအလင်းကို ထုတ်လွှတ်လာတော့၏။ သည်ဆေးအားလုံးက အဖိုးတန်ဆေးများဖြစ်ကြသည်။ သူ၏ကျွမ်းကျင်မှုအောက်တွင် မီးတောက်လောင်နေသော အနီရောင် ဆေးတစ်လုံးက ထွက်ပေါ်လာတော့သည်။
“ဒါက အပြာရောင် သွေးကောင်းကင်မီးတောက်ဆေးလုံးပဲ၊ ဒါက သွေးဝတ်စုံကလန်က အဓိကဆေးမဟုတ်လား။”
“ပြောကြတာက ဒီဆေးလုံးက အရမ်းစွမ်းအားကြီးပြီး လူတွေရဲ့ စိတ်ဝိဉာဉ်ကိုတောင် လောင်ကျွမ်းနိုင်လို့ အဆိပ်ကို စုပ်ထုတ်နိုင်တယ်ဆိုပဲ။”
“ဒီလိုဆေးလုံးမျိုးကို သန့်စင်ရလွယ်မယ်မထင်ဘူး၊ ဟန်ကျွယ်က ဒါကို အသာအယာသန့်စင်နိုင်တဲ့အပြင် ဒီအသက်ငယ်ငယ်လေးနဲ့ လုပ်နိုင်စွမ်းအားရှိနေခဲ့ပြီး သူ့ရဲ့အနာဂါတ်လုပ်ဆောင်နိုင်စွမ်းတွေကတော့ တင်းကျွင်းက စန်းလောင်ထက် နိမ့်ကျမယ်မထင်ဘူး။”
အခြားသူများ၏အမြင်တွင် ဟန်ကျွယ့်လက်ထဲမှ ဆေးလုံးက အလွန်အဖိုးတန်နေပြီဖြစ်သည်။
အခြားတစ်ဖက်တွင် တင်းကျွင်းမှ အကြီးအကဲသုံးယောက်ကလည်း တပ်မက်မှုကို ပြသလာကြ၏။
“ဘာလို့ ဆရာသခင်ဝမ်ချန်းက မစသေးတာလဲ။”
“ရှူး ကြည့်ရအောင်၊ ဆရာသခင်ဝမ်ချန်းက နှစ်ကြိမ်တိုင်တိုင် လှုပ်ရှားပြီးသွားပြီ၊ သူ့အနေနဲ့ ဒီထက်ပိုပြီး အံ့အားသင့်ဖို့ကောင်းတဲ့ ဆေးလုံးကို ဖော်စပ်ဖို့က မဖြစ်နိုင်တော့ဘူး။”
လုယွီက လူအုပ်ကို နှစ်ကြိမ်တိုင်တိုင် အံ့အားသင့်စေခဲ့သည်။ သည်တစ်ကြိမ်တွင် မည်သူမျှ သူ့အား မအော်ရဲကြတော့ပေ။ ထို့အစား ပို၍သာ သိချင်စိတ်ပျင်းပြတော့၏။ လုယွီ ဘာကိုသန့်စင်မည်ဖြစ်ကြောင်း သူတို့ သိလိုကြသည်။
“ဒီအဆိပ်က တရှားနတ်ဆိုးဘိုးဘေးရဲ့ အရိုးကွဲအဆိပ်ပဲ၊ ဒါက အခြားသူတွေရဲ့စိတ်ဝိဉာဉ်ကို နှိပ်စက်ပြီး တဖြည်းဖြည်းချင်း သေစေနိုင်စွမ်းရှိတယ်။”
လုယွီက အသက်ပြင်းပြင်းရှူသည်။
သူ၏မျက်ဝန်းထဲ အေးစက်သောအလင်းက လက်လာခဲ့၏။ မူလက ထိုနတ်ဆိုးစိတ်ဝိဉာဉ်ဘိုးဘေး ပျောက်ကွယ်သွားသည့်အတွက် စိုးရိမ်ရန်မလိုအပ်ဟု ထင်ခဲ့သည်။ သူ ပျောက်နေသမျှကာလပတ်လုံး စိုးရိမ်ရန် မလိုအပ်ပေ။ သို့ရာတွင်မူ သည်စိုးရိမ်မှုက မလိုအပ်တော့ခြင်းဖြစ်သည်။ မြောက်ပိုင်းနယ်မြေတွင် တရှားမာဇူ၏သဲလွန်စများကို ရှာတွေ့နေရသည်။
လုယွီ၏ကျင့်ကြံခြင်းအဆင့်က တိုးတက်ရန် လိုအပ်နေသေးသည်။ သူက ထိုတရှားနတ်ဆိုးဘိုးဘေးကို အပြည့်အဝဝါးမြိုနိုင်မည်ဆိုလျှင် လုယွီအနေဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်က ဆက်တိုက်ခုန်တက်သွားမည်ဟုလည်း ယူဆသည်။
“ငါ ဒါကို ရှာတွေ့သွားပြီဆိုမှတော့ ထွက်ပြေးစေလို့ ဘယ်ဖြစ်ပါတော့မလဲ။”
လုယွီက သူ၏သိုလှောင်အိတ်ထဲမှ ဆေးတစ်ပင်ကိုသာလျှင် ထုတ်သည်။
“ဝမ်ချန်း ဆေးဖော်တော့မယ်။”
“နေအုံး ဘာလို့ သူ့ရဲ့ဆေးပင်က ထူးဆန်းတယ်လို့ ခံစားနေရတာလဲ။”
“ငါ မှတ်မိတာမှန်မယ်ဆိုရင် ဒါက ထန်လုံကန်းပဲ။”
“စီချွမ်သစ်သားစိတ်ဝိဉာဉ်မြက်ပင်ငါးမျိုးနဲ့ အခြားအရာတွေကိုမေ့ထားလိုက်ပါအုံး၊ ဒီထိုက်ဆွေ့ရယ်ချန်း တစ်ခုတည်းနဲ့တင် အံ့ဩဖို့ကောင်းနေပြီ၊ အနည်းဆုံး ဒါက နှစ်ထောင်ကျော် သက်တမ်းရှိနေလိမ့်မယ်။”
လုယွီ၏ဆေးပင်က သူ၏အသေးစားလောကကဲ့သို့ဖြစ်နေသော သိုလှောင်အိတ်ထဲတွင် ရှိနေသည်။ အားလုံးက သဘာဝအလျောက်ပင် ကြီးထွားဖွံ့ဖြိုးနေကြ၏။
လုယွီက နေရာတစ်ခုသို့သွားချိန်တိုင်း အဖိုးတန်ဆေးများနှင့်ရတနာများကို စုစည်းလေ့ရှိသည်။ အချိန်တစ်ခု ကုန်လွန်လာသောအခါ သူ၏သဘာဝရတနာများက တောင်ပုံရာပုံဖြစ်နေခဲ့ချေပြီ။ ထို့အပြင် ကျောက်မြတ်ရတနာများကလည်း ထိုနေရာတွင် အပြည့်ရှိနေခဲ့၏။ ထိုအရာအားလုံးက လုယွီကိုယ်တိုင် သိုလှောင်ထားခဲ့ခြင်းဖြစ်သည်။
သည်အသေးစားလောကက အချိန်နှင့်အမျှ ကြီးထွားလာနေမည်ဆိုလျှင် ဆေးပင်များက ကြီးထွားနှုန်းက နှစ်ဆခန့်ဖြစ်သွားပေလိမ့်မည်။
အပိုင်း ၉၄၂
“ဒီလောက်ခမ်းနားမြင့်မြတ်တဲ့ပစ္စည်းတွေနဲ့ ဘယ်လိုတန်ဆေးကိုများ သူ သန့်စင်မှာလဲ။”
လူတိုင်း၏စိတ်ထဲအကြံတစ်ခုက လက်လာသည်။ သို့ရာတွင် အချို့လူများကမူ လောဘတက်လာခဲ့သည်။
လုယွီက ထိုဆေးပင်များကို ထုတ်လိုက်သည်။ ဒါက အခြားသူများအတွက် သတ်ပွဲဖြစ်ရန်ပင် လုံလောက်နေခဲ့ပြီဖြစ်သည်။
တစ်ရက်ဆိုသည့်ပမာဏက ဘုန်းတော်ကြီးများအတွက် ပြောပလောက်ခြင်းပင် မရှိပေ။
လူအများစု၏ဆေးလုံးများက ပုံသဏ္ဍာန်ပေါ်လာပြီဖြစ်သည်။ မွှေးရနံ့များက ပျံ့လွင့်နေတော့၏။ သည်လိုအရေးကြီးဆုံး တန်ဆေးပေါ်လာတော့မည့်အချိန်တွင် ရုတ်တရက် လေပြင်းက လူတိုင်း၏တန်မီးတောက်ကို တိုက်ခတ်လာသည်။
“ဘာဖြစ်သွားတာလဲ။”
အချို့သော အဂ္ဂိရက်ပညာရှင်များက အမူအရာပြောင်းလဲသွားကြပြီး သူတို့၏ တန်မီးတောက်ကို ထိန်းချုပ်ကြသည်။ သို့ရာတွင် အချို့ မထိန်းချုပ်နိုင်သောသူများကမူ မီးပြင်းဖိုကို ပေါက်ကွဲသွားစေတော့သည်။
ဝုန်း ဝုန်း ဝုန်း။
ထူးဆန်းသောလေပြင်းက တိုက်ခတ်လာချိန်တွင် မီးပြင်းဖိုက ပေါက်ကွဲကုန်လေသည်။ အချို့သောလူများ၏ဆေးလုံးများက သန့်စင်ပြီးတော့မည့် အနေအထားမျိုးမှ ဖျက်ဆီးခံလိုက်ရ၏။
“ဘာဖြစ်တာလဲ။”
“ဒီအဖိုးကြီးရဲ့ဆေးက အကောင်းဆုံး အရည်အသွေးအနည်းဆုံးရတော့မှာ၊ ဘာလို့ ဒီလိုပျက်စီးသွားရတာလဲ၊ ငါ့ဆေးလုံး”
“အဲဒီနတ်ဆိုးက ဘယ်ကောင်လဲ။”
လူတိုင်း အော်ဟစ်ကြသည်။ သည်လိုပေါက်ကွဲသွားမှုက အယောက်တစ်ရာ မကပေ။
“သူလား။”
လုယွီ၏အကြည့်က မီးခိုးရောင်သိန်းငှက်ထံ ရောက်သွားသည်။ လေပြင်းက ထူးဆန်းသော်လည်း လုယွီ၏အကြည့်မှ မလွတ်မြောက်နိုင်ပေ။ လုယွီက ခေါင်းခါပြီး လျစ်လျူရှုလိုက်၏။ သည်လိုထူးဆန်းသော ကိစ္စလောက်က သူ့အပေါ် သက်ရောက်မှုမရှိပေ။
ဝေါင်း။
ထိုအချိန်တွင်ပင် တစ်လောကလုံးကို ဖြန့်ကျက်သောကျယ်လောင်သည့် ကျားဟိန်းသံက ထွက်လာသည်။ လေပြင်းက တုန်ခါလာပြန်ပြီး လူတိုင်း၏ အကြည့်များက ရွေ့လျားသွား၏။
ဟန်ကျွယ်၏အနီရောင် မီးဖိုထဲမှ အနီရောင်အလင်းတန်းက ထွက်လာခဲ့သည်။ ထို့နောက် ကျားတစ်ကောင်ပုံသဏ္ဍာန်မျိုး မီးတောက်က ဖြစ်ပေါ်လာ၏။ ထိုကျားက မီးပြင်းဖိုပေါ်မှ ခုန်ထွက်ကာ ကောင်းကင်သို့ ထိုးတက်လေသည်။
“သွေးဝတ်စုံဂိုဏ်းက အရှင်ငယ်ကတော့ ဒီဆေးလုံးကို အောင်အောင်မြင်မြင်နဲ့ ဖော်စပ်လိုက်နိုင်ပြီ။”
“ဒီဆေးလုံးရဲ့သက်ရောက်မှုက တကယ်လွှမ်းမိုးနိုင်စွမ်းပြင်းထန်တယ်၊ တစ်ချက်ကြည့်ရုံနဲ့တင် ပြင်းထန်တဲ့အားတွေကို ထုတ်လွှတ်နိုင်မှန်း သိသာနေပြီ။”
အပြာရောင် သွေးကောင်းကင်မီးတောက်တန်ဆေးလုံးက တင်းကျွင်းမှ လူအိုကြီးသုံးယောက်၏ဆေးလုံးနှင့် တစ်ချိန်တည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အတူတကွ လိမ်ယှက်နေဟန်တူသော မြွေသုံးကောင်က အနီရောင်မီးဖိုပေါ်တွင် လိမ်ယှက်လျက်ရှိနေသည်။ အစိမ်းရောင်ဝင်သက်များကလည်း ဖြာထွက်နေသေး၏။
“အဆိပ်ကိုအဆိပ်နဲ့တိုက်ရမယ်၊ တင်းကျွင်းက အကြီးအကဲသုံးယောက်က ဒီလိုနည်းလမ်းကို စဉ်းစားမယ်လို့ မထင်ထားမိဘူး။”
“ပြောရရင် သူတို့က သူတို့ရဲ့ အဂ္ဂိရက်ပညာလမ်းကြောင်းအတွက် အဆိပ်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို အသုံးပြုခဲ့သေးတယ်လို့ ပြောကြတယ်၊ ဒီတော့ အဆိပ်ကို တိုက်ခိုက်တဲ့နည်းလမ်းက ရင်းရတာမှန်ပေမယ့် သူတို့ရဲ့အဆိပ်နဲ့ဆိုရင် စမ်းကြည့်ဖို့က ဖြစ်နိုင်တာပါပဲ။”
လူအုပ်က သူတို့၏ တန်ဆေးလုံးကို သန့်စင်ပြီးကြောင်းမြင်သောအခါ သက်ပြင်းချကာ ကိုးကွယ်ဆည်းကပ်လိုဟန်ပြကြသည်။
“နေအုံး၊ ဒီဆေးလုံးသုံးလုံးက ဆက်စပ်မှုရှိနေတာပဲ။”
“မော့ဖေးဆိုတာက ဒဏ္ဍာရီလာတန်အခင်းအကျင်းပဲ၊ ဆေးလုံးတစ်လုံးချင်းစီတိုင်းက အခြားဆေးလုံးတွေနဲ့ ချိတ်ဆက်နေတယ်၊ ဒီဆေးလုံးတွေက အချင်းချင်းချိတ်ဆက်နေတယ်ဆိုရင် တန်အခင်းအကျင်းက ဖြစ်တည်လာပြီ၊ ဒီလိုဆိုရင် သုံးခုလုံးကို တွဲပြီးသုံးဆောင်လိုက်တာနဲ့ သက်ရောက်မှုက ပြင်းထန်သွားပြီပဲ။”
အချိန်တစ်ခုကြာပြီးနောက် ထိုသုံးမွှာပူးလူအိုကြီးသုံးယောက်၏ ကျော်ကြားမှုက အထွတ်အထိပ်အထိ ရောက်ရှိသွားတော့သည်။
“ဟား ဟား ဟား ခင်ဗျားတို့အဖိုးကြီးတွေက ကမ္ဘာမြေရဲ့ တစ်ဝက်လောက်ကို ဖြန့်နိုင်စွမ်းရှိကြတာပဲ၊ သူတို့က သုံးယောက်ပေါင်းမှ ဒီလိုသန့်စင်တဲ့ဆေးလုံးတွေကို လုပ်နိုင်တာလေ။”
ဂရီဖင်းက နှာခေါင်းရှုံ့သည်။ သူက ထိုသို့ပြောလိုက်ပြီးနောက် လူတိုင်းက သူ့ကို ကြည့်လိုက်ရပြန်သည်။
“မင်းက ဘာလဲ၊ ဒီနေရာကမြောက်ပိုင်း၊ မင်းလာတဲ့တောရိုင်းနေရာမဟုတ်ဘူး။”
“ဟုတ်တယ်၊ မင်းရဲ့ကိုယ်ပိုင်ဆေးလုံးက ထုတ်ဖော်လာတာမျိုး မရှိသေးဘဲနဲ့တောင် တင်းကျွင်းလူအိုကြီးသုံးယောက်ကို ဒီလိုအရှက်ခွဲရဲတယ်လား။”
သည်လိုအများ၏ အလှောင်ခံရသောအခါ ဂရီဖင်းက လှောင်ပြောင်စွာပြုံးသည်။
“မင်းတို့က အရူးတစ်အုပ်ပဲ။”
ဂရီဖင်းက ပတ်ဝန်းကျင်မှ အဂ္ဂိရက်ပညာရှင်များကို ကြည့်သည်။
“ငါ အမှန်အတိုင်းပြောပြမယ်၊ မင်းတို့က တကယ်ကို မျှော်လင့်ချက်မဲ့နေတဲ့ အရူးတွေ၊ အမှိုက်တွေကို မင်းတို့ကပဲ ဆရာသခင်တွေလို့ သတ်မှတ်နေလိမ့်မယ်၊ ဟား ဟား ဒီလိုအသုံးမကျတဲ့လောကမှာ မြောက်ပိုင်းက အဂ္ဂိရက်နယ်ပယ်ရဲ့ တော်ဝင်နယ်မြေလို့ ပြောကြတာ၊ စိတ်ပျက်စရာပဲ၊ ငါ့အထင် အသုံးမကျတဲ့ အမှိုက်တစ်သိုက်ကို စုဆောင်းထားတာပဲ။”
“ဘာ”
“မင်း ထပ်ပြောလိုက်စမ်း။”
ဟန်ကျွယ်၏အကြည့်က အေးစက်သွားသည်။
“အဖိုးကြီး တန်ဆေးအစည်းအဝေးပွဲပြီးသွားတဲ့ အချိန်ကျရင် ခင်ဗျား သေချာပေါက်သေရမယ်။”
ဂရီဖင်းက လူအုပ်ကို အေးစက်စွာကြည့်သည်။
“မင်းတို့က ငါ့ရဲ့မီးတောက်နဲ့တင် သေသွားနိုင်စွမ်းရှိတဲ့အကောင်တွေပဲ၊ ဆိုးရွားတဲ့ တန်မီးတောက်ထိန်းချုပ်နိုင်စွမ်းအားက ဆိုးရွားတဲ့တန်ဆေးလုံးတွေကိုပဲ ထုတ်ဖော်လာစေမှာပေါ့၊ ဒီလောက်နဲ့ငါ့ရှေ့မှာ အော်ပြောနေဖို့ ထိုက်တန်လို့လား။”
သူက ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်ချိန်တွင် မီးတို့ကို ဖြတ်ခနဲရိုက်ချလိုက်တော့သည်။ ထိုအခါ မီးခိုးရောင်မီးတောက်က လက်ဖဝါးမှ တောက်လောင်လာ၏။ မျက်နှာပြင်ပေါ်တွင် ထူးခြားသော သင်္ကေတများရှိသော မီးခိုးရောင်ပုံရိပ်များက လေထဲတွင် မြောက်တက်လာသည်။
“တန်ဆေးလုံးနဲ့လောကကို လွှမ်းခြုံမယ်၊ မီးတောက်ကတော့ ကွေးညွှတ်ရလိမ့်မယ်။”
ထိုအချိန်တွင်ပင် အလွန်ပြင်းထန်သောစွမ်းအားတစ်ရပ်က ထွက်ပေါ်လာသည်။ ထိုတစ်ခဏတွင် သည်နေရာတွင်ရှိသော လူတိုင်းက ထိတ်လန့်သွားကြ၏။ ထိုအရိပ်များကြားတွင် မီးတောက်က တဖျတ်ဖျတ်တောက်လျက် ဂရီဖင်းရှိရာထံသို့ သွားသည်။
အပိုင်း ၉၄၃
“မင်း သေချင်နေတာပဲ။”
ဟန်ကျွယ်က အော်သည်။
သူလုပ်ထားသော အပြာရောင်ကောင်းကင်သွေးဆေးလုံးကို မြင်နိုင်သည်။ ထိုတစ်ခဏတွင် ထွက်ပေါ်နေသော ကျားပုံရိပ်က မီးခိုးရောင်သိန်းငှက်ရှိရာဘက်သို့ ဦးတည်လိုက်ပြီး ကိုးကွယ်လိုဟန်ဖြင့် တစ်ချက်ဦးညွှတ်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် တင်းကျွင်းအကြီးအကဲသုံးယောက်၏ တန်ဆေးလုံးအခင်းအကျင်း ကလည်း အနည်းငယ်ပုံပျက်တော့မတတ် ဖြစ်လာသည်။ ထိုသုံးယောက်လုံး၏အပေါ်တွင် ရှိနေခဲ့သော လိမ်ယှက်နေသည့်မြွေများက ဦးထောင်လာကြသော်လည်း ဂရီဖင်း၏ဆေးလုံးထံ မနီးကပ်ရဲကြပေ။
“သူ ဘာဆေးလုံးကို လုပ်လိုက်တာလဲ။”
“ဒီလိုဆေးလုံးမျိုးကို တစ်ခါမှ မကြားဖူးဘူး၊ ဒါကို တုန်လင်းဦးညွှတ်ဆေးလုံးလို့ ပြောရမယ်ထင်တယ်။”
ဆေးပညာလောကမှ အဂ္ဂိရက်ပညာရှင်များအားလုံး မူးဝေကုန်ကြသည်။ ဒါက သူတို့ လုပ်နိုင်စွမ်းထက်ကျော်လွန်သော ဆေးလုံးမျိုးဖြစ်နေခဲ့၏။
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်များမှာ ချက်ချင်းမတ်တပ်ရပ်လျက် လေးနက်သော အမူအရာဖြစ်သွားကြသည်။
“မိသားစုက မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်တွေထဲကအတိုင်းပဲ၊ တကယ်ကို တုန်လင်းဆေးလုံးဖြစ်နေတာကိုး၊ ဒါကို အင်ပါယာအဆင့်ပစ္စည်းလို့တောင် နာမည်ပေးသင့်သေးတယ်။”
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်များ၏စကားက ပျံ့လွင့်သွားသည်နှင့် တရုန်းသုန်းကားဖြစ်လာတော့သည်။
လူအများစုက ထိုဆေးလုံးအကြောင်းကြားသောအခါ အံ့အားတကြီး ဖြစ်သွားကြတော့သည်။ သည်နေ့မှသာ သူတို့ ကိုယ်တိုင်ကိုယ်ကျမြင်ရ၏။
ဂရီဖင်းက သူ့အား စိုက်ကြည့်နေကြသောလူများကိုကြည့်သည်။ သူက အထင်တသေးပြော၏။
“မြောက်ပိုင်းနယ်မြေက အဂ္ဂိရက်ပညာရှင်တွေ ဘာပဲဖြစ်ဖြစ် မင်းတို့ အဖိုးကြီးသုံးယောက်က ဒီဆေးလုံးတစ်လုံးကို လေးစားဖို့ကောင်းအောင် လုပ်ထားနိုင်တယ်ဆို၊ တကယ်တော့အသုံးမဝင်တာသိပြီမဟုတ်လား၊ ဒါကိုတောင်မှ ကိုယ့်ကိုယ်ကို တော်ဝင်အဂ္ဂိရက်နယ်မြေက လူတွေလို့ ခေါ်ဆိုရဲကြသေးတယ်ပေါ့ ဟား ဟား။”
ဂရီဖင်းက ကျယ်လောင်စွာအော်ရယ်သည်။
မြောက်ပိုင်းနယ်မြေမှ အဂ္ဂိရက်ပညာရှင်များက ဒေါသထွက်လာကြသော်လည်း ဘာမှ မလုပ်နိုင်ကြပေ။ သူတို့အားလုံးက ရှုံးသွားကြပြီဖြစ်၏။
ဖုန်းရွှင်းက ထရပ်ပြီးရယ်သည်။
“အရှင်ချူတန် ဒီတစ်ကြိမ်ဆိုရင် အနိုင်အရှုံးက သိသာနေပြီမဟုတ်လား။”
ချူရှင်းယွမ်က သက်ပြင်းချသည်။ သူက ဂရီဖင်းက အနိုင်ရသူအဖြစ် မပေးနိုင်သော်လည်း မြောက်ပိုင်းနယ်မြေက လူများကမူ မတတ်နိုင်ကြပေ။ သို့သော် အင်ပါယာအဆင့်ဆေးလုံးက သည်မြောက်ပိုင်းနယ်မြေမှ အဂ္ဂိရက်ပညာရှင်များကို ယုံကြည်မှုမဲ့ကြစေလေသည်။
“ကောင်းပြီ၊ ဒီလိုဆိုရင် ဒီပွဲရဲ့အနိုင်ရတဲ့သူက …”
သူက သက်ပြင်းရှည်ကြီးချပြီး ကြေညာရရန် ပြင်ဆင်လိုက်သည်။
“နေအုံး။”
ထိုအချိန်တွင်ပင် အသံတစ်သံက ထွက်လာသည်။
ချူယွီယူက စင်မြင့်ပေါ်သို့ တက်လာပြီးအော်၏။
“သန့်စင်လို့မပြီးသေးတဲ့လူတွေရဲ့ ဆေးလုံးတွေလည်းရှိနေတာပဲ၊ အခုမှ တစ်ရက်လည်း ကုန်သေးတာမဟုတ်ဘူး၊ ဒီပွဲကမပြီးသေးဘူး။”
ချူရှင်းယွမ်က ကြေညာတော့မည့်အချိန်တွင် ချူချင်က ဝင်ရောက်ကာ ဒေါသတကြီးပြောသည်။
“ဒီနေရာက မင်းပြောရမယ့်နေရာမဟုတ်ဘူး၊ အခုချက်ချင်း ထွက်သွားစမ်း။”
ချူယွီယူကပြန်ပြောသည်။
“ဦးလေး ၂ ဒီအဂ္ဂိရက်ပညာရှင်တွေ ဒီနေရာကိုရောက်လာကြတယ်ဆိုတာက ကျွန်မတို့ ချူမိသားစုက ယုံကြည်စိတ်ချရတယ်လို့ထင်လို့ပဲ၊ ဒီတော့ စည်းမျဉ်းကို လိုက်နာမှ ဖြစ်မယ်၊ ဒါပေမယ့် ဘယ်အချိန်တုန်းကများ အချိန်ကိုကျော်ပြီး အဆုံးသတ်တာမျိုးရှိနေလို့လဲ။”
ချူချင် ဒေါသထွက်လာသည်။
“ငါက အိမ်ထောင်ဦးစီးပဲ၊ ငါ့ရဲ့စကားက အမိန့်ပဲ၊ လာကြစမ်း၊ ဒီကောင်မလေးကို ခေါ်ထုတ်သွားလိုက်ကြ။”
ချက်ချင်းဆိုသလိုပင် ချူမိသားစုမှ ဘုန်းတော်ကြီးများက ထွက်လာကြပြီး ချူယွီယူကို မောင်းထုတ်သည်။
“နေပါအုံး။”
ဖုန်းရွှင်းက လက်ကာပြလျက် နှာခေါင်းရှုံ့ကာ ပြောသည်။
“သူမက ယုံကြည်မှုရှိနေမှတော့ သူမ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ရအောင်၊ အဲဒီကလေးက ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။”
လက်ရှိအချိန်တွင် သန့်စင်နေဆဲ တစ်ဦးတည်းသောသူမှာ လုယွီသာလျှင်ဖြစ်သည်။
အားလုံး၏အကြည့်က လုယွီထံရောက်သွား၏။ ရုတ်တရက် လုယွီ၏အနီရောင်မီးဖိုက ဆူညံသံထုတ်ဖော်လာသည်။ လုယွီ၏တန်မီးဖိုထဲမှ ဆေးလုံးတစ်လုံး လွင့်ထွက်လာ၏။ အများမမြင်နိုင်ခင်မှာပင် အောက်သို့ ပြန်ကျသွားသည်။
“အခွင့်အရေးမရှိတော့ဘူး၊ ဝမ်ချန်းက နှစ်ကြိမ်နိုင်ထားတယ်ဆိုပေမယ့် နောက်ဆုံးတစ်ကြိမ်ကတော့ အရေးကြီးဆုံးဖြစ်နေပြီလေ။”
“ဒီဆေးလုံးမှာ စိတ်ဝိဉာဉ်ဆက်သွယ်မှုကို ရှိမနေခဲ့ဘူး၊ ဒီတစ်ကြိမ်မှာ သူ လုပ်နိုင်စွမ်းအား မရှိမှာကိုပဲ စိုးရိမ်မိတယ်။”
အပိုင်း ၉၄၄
“လူတွေအများကြီးက ဒီအမွှေးတောင်မစုံတဲ့ကောင်လေးကို စောင့်နေရတယ်၊ မြောက်ပိုင်းနယ်မြေက မျှော်လင့်ချက်မဲ့နေပြီပဲ။”
ဂရီဖင်းက ကူကယ်ရာမဲ့စွာ ခေါင်းကိုခါသည်။ သူ၏မျက်ဝန်းထဲတွင် မကျေနပ်မှုကိုမြင်နိုင်၏။
ဖုန်းရွှင်းကလည်း နှာခေါင်းရှုံ့သည်။
“မင်း ဘယ်လိုနည်းလမ်းတွေသုံးပြီး ဒီရှန်းစင်မြင့်ကို နှစ်ကြိမ်လှည့်စား နိုင်တယ်ဆိုတာ မသိပေမယ့် ဒီတစ်ကြိမ် ငါတို့အားလုံး မင်းကို စောင့်ကြည့်နေတယ်၊ မင်း ဘာလုပ်မလဲကြည့်ရအောင်။”
“ဆူလိုက်တာ။”
လုယွီက ဖုန်းရွှင်းကိုကြည့်ပြီး ပေါ့ပါးစွာပြောသည်။
လုယွီ၏အရှေ့ရှိ ဆေးလုံးက မီးခိုးရောင်ဖျော့ဖျော့ လင်းလက်နေသည်။ သို့သော် ထူးခြားသောအရာ ဖြစ်မလာခဲ့ပေ။ မွှေးရနံ့ပင်ပျံ့လွင့်လာခြင်းမရှိပေ။
ချူရှင်းယွမ်က သက်ပြင်းချ၏။
“ကောင်းပြီ၊ မင်းရဲ့ဆေးလုံးလည်း သန့်စင်ပြီးသွားပြီဆိုတော့ ရလဒ်ကို ကြေညာလို့ရပြီ။”
“ခဏလောက်စောင့်လိုက်အုံး။”
လုယွီက ရုတ်တရက်ပြောသည်။
ဖုန်းရွှင်းက နှာခေါင်းရှုံ့၏။
“မင်း ဘာတွေများ လုပ်နိုင်မှာမို့လို့ ငါတို့က စောင့်ပေးရမှာလဲ။”
လုယွီက သူ့အား လျစ်လျူရှုပြီးကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုတစ်ခဏတွင် ချူမိသားစု၏အထက်တွင် တိမ်စိုင်များက စုစည်းလာသည်။
အနက်ရောင်တိမ်စိုင်များက လိမ့်တက်လာပြီး ဖျော့တော့သောလျှပ်စီးက လင်းလက်လာတော့ကာ စိတ်ဓါတ်ကျဖွယ်လေထုက ပျံ့လွင့်လာ၏။
“ဘာလို့ ငါ့ရဲ့အတွင်းအားတွေ ပိတ်ဆို့ခံရတာလဲ။”
“ငါ့ရဲ့စိတ်ထဲက ထိတ်လန့်မှုကို ခံစားနေရပြီ။”
လူအများစုက ထူးဆန်းမှုကို သတိထားမိကြပြီး မျက်နှာများက ဖြူဖျော့သွားတော့၏။
လုယွီက ကောင်းကင်ကိုကြည့်ပြီး အော်သည်။
“လာတော့”
ခြိမ်း
ကောင်းကင်ဘုံကိုးဆင့်မှ မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ အလွန်ပြင်းထန်သော ထိုမိုးခြိမ်းသံကို အဖော်ပြုလျက် လျှပ်စီးများက လင်းလက်လာကာ လေပြင်းများက တိုက်ခတ်လာ၏။
လူတိုင်းက ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်နေကြသည်။ သူတို့ရှေ့ရှိသည်မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှကာ သူတို့ လေအေးများပင် ရှူရှိုက်လိုက်မိကြ၏။ ရုတ်တရက် ထိုတိမ်စိုင်များထဲတွင် လေဝဲတစ်ခုက ဖြစ်တည်လာသည်။ ထိုလေဝဲ၏အနက်ရှိုင်းဆုံးအပိုင်းမှ မိုးကြိုးဆင်းသက်လာ၏။
ခြိမ်း
ကောင်းကင်မှ မိုးခြိမ်းသံက ပြင်းထန်လာပြီး ထိုမိုးကြိုးက လုယွီ၏ ဆေးလုံးထံသို့ကျသည်။ ထို့အပြင် ဆေးလုံး၏ပတ်ဝန်းကျင်ရှိ မြေပြင်ကပင် ပေါက်ကွဲသွားကာ တွင်းနက်ကြီးဖြစ်သွား၏။ သို့သော် လုယွီ၏ဆေးလုံးကမူ မရွေ့သွားပေ။
မိုးကြိုးတစ်ချက်ပြီး တစ်ချက်ပစ်ခတ်လာခဲ့ကာ ဆေးလုံးကို ထိမှန်နေခဲ့၏။ လေးကြိမ်ဆက်တိုက်ဖြစ်ပျက်ပြီး ရပ်သွားချိန်တွင် လုယွီ၏ဆေးလုံးက ရွှေရောင်လင်းလက်လာကြောင်း မြင်လိုက်ရသည်။
ချူရှင်းယွမ်၏မျက်တောင်က တုန်သွားသည်။ သူက တောင့်တင်းစွာပြော၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ၊ နေအုံး၊ ဒီမြင်ကွင်းက ဘယ်လောက်တောင် ရင်းနှီးနေလိုက်သလဲ …”
တင်းကျွင်းမှ အကြီးအကဲသုံးယောက်ကလည်း တုန်ယင်သွားပြီး ထပြောမိကြ၏။
“ဒါက တန်ကျဲအဆင့်ပဲ။”
“ကောင်းကင်နဲ့မြေပြင်ကတောင် လုယက်လောက်အောင် သူက ဘယ်လိုဆေးလုံးကို ဖော်စပ်လိုက်လို့လဲ။”
မျိုးစုံသောမှတ်ချက်များနှင့်အတူ ကောင်းကင်မှ မိုးခြိမ်းသံများက ပျံ့နှံ့သွားတော့၏။
သည်ပတ်ဝန်းကျင်တွင် မီးပုံနှင့်ဖုန်မှုန့်များက တထောင်းထောင်းထနေသည်။ သို့သော် အထဲတွင် ရွှေရောင်ဆေးက ရှိနေ၏။
ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင်သင်္ကေတများစွာကို မြင်နိုင်သည်။ အလွန်ပြင်းထန်ကာ သိပ်သည်းသောမွှေးရနံ့က ပျံ့နှံ့သွားတော့၏။ တစ်ခဏတွင် သည်ဝန်းကျင်တွင်ရှိနေသော ဆေးလုံးများစွာက တုန်ရင်လာလျက် သဲလွန်စပင်မရှိဘဲ ပျောက်ကွယ်သွားကြသည်။ သူတို့အားလုံးက စိတ်စွမ်းအားဆေးလုံးများဖြစ်ကြ၏။ သို့သော် ထိုပေါ်တွင်ရှိနေသော ပုံရိပ်များက လုယွီ၏ဆေးလုံးပေါ်တွင် ပေါ်ရလောက်အောင် မထိုက်တန်ခဲ့ပေ။
ဂရီဖင်း၏လက်ထဲတွင်ရှိသော အနက်ရောင်ဆေးလုံးက ရုတ်တရက် တုန်ယင်လာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် ရွှေဆေးလုံး၏ရှေ့သို့ တိုးကပ်ချင်နေဟန်ရ၏။
“ဒါက အင်ပါယာအဆင့်ဆေးလုံးလား။”
သည်တစ်ခန်းလုံး တိတ်ဆိတ်သွားတော့၏။ ဂရီဖင်း ဖော်စပ်ခဲ့သောဆေးလုံးက အင်ပါယာအဆင့်ဆေးလုံးနှင့် ယှဉ်နိုင်သည်ဟု သူတို့ ပြောခဲ့ကြသော်လည်း လုယွီ ဖော်စပ်သောဆေးလုံးက ထို့ထက်များစွာ မြင့်နေသည်မှာ သေချာနေခဲ့၏။ ထိုအဆင့်ကိုပင် ကျော်လွန်နေဟန်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ဂရီဖင်း၏မျက်လုံးများက နီရဲသွားသည်။ သူက ဒေါသတကြီးပြော၏။
“ငါ မယုံဘူး၊ မင်း ဘယ်လိုဆေးကို ဖော်လိုက်တာလဲ။”
လုယွီက တည်ငြိမ်စွာပြောသည်။
“ဒီဆေးကို ဟွမ်ကျီချန်ခွန်းတန်ဆေးလုံးလို့ခေါ်တယ်၊ အင်ပါယာရဲ့ အရှိန်အဝါတွေနဲ့ ကြီးကျယ်ခမ်းနားမှုတွေက မြင့်တက်လွန်းလို့ ကောင်းကင်နဲ့မြေကြီးက ရှင်းလင်းနိုင်စွမ်းရှိတယ်၊ ဒီဆေးလုံး ထွက်ပေါ်လာတာနဲ့ အဆိပ်တိုင်းက ဖယ်ရှားခံရလိမ့်မယ်။”
အပိုင်း ၉၄၅
လုယွီအသံက ကျယ်သည်။ ကောင်းကင်တွင်ရှိသော အနက်ရောင်တိမ်စိုင်များက ချက်ချင်းဆိုသလို မမြင်ရသောအားလှိုင်းကြောင့် လွင့်ပျယ်သွားပြီး မျက်စိကျိန်းမတတ် တောက်ပသော ကောင်းကင်တစ်ခုဖြစ်လာခဲ့၏။ မြေပြင်ကပင် ထိန်လင်းလာသေးသည်။ ထိုတစ်ခဏတွင် ဟွမ်ချီချန်ခွန်းဆေးလုံးက ထုတ်ပြလာပြီဖြစ်သည်။ မီးခိုးရောင်သိန်းငှက်ကလည်း သည်ဖိအားကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်လဲကျ၏။ အမျိုးမျိုးသော စွမ်းအားများကို ထုတ်သုံးကာ တန်ဆေးလုံးများကို လွင့်ပျံစေရန် ကြိုးစားစေကာမူ အသုံးမဝင်တော့ပေ။
“မင်း ဘယ်လို ထူးဆန်းတဲ့နည်းလမ်းတွေကို သုံးလိုက်တာလဲ၊ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ဆေးလုံးက အင်ပါယာအဆင့်ဆေးလုံးပဲ၊ မင်းက ဘာကြောင့် ပိုသာရမှာလဲ။”
ဂရီဖင်းက မျက်နှာနီရဲလျက်အော်သည်။
လုယွီက စိတ်ထဲတွင် နှာခေါင်းရှုံ့သည်။ ဂရီဖင်းဖော်စပ်သောဆေးလုံးက အင်ပါယာအဆင့်ဆေးလုံးဟု ဆို၍မရသေးပေ။ သည်အတိုင်း ကောင်းမွန်သော စိတ်စွမ်းအားဆေးလုံး တစ်လုံးမျှသာဖြစ်၏။ အင်ပါယာအဆင့်ဆေးလုံးဆိုလျှင် အင်ပါယာဟုခေါ်ဆိုရလောက်အောင် ထူးခြားသောဖြစ်စဉ်များ ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုတန်ဆေးလုံး ထွက်လာသည်နှင့် သူက ဘုရင်အဆင့်တန်ဆေးလုံးမှန်း လူတိုင်းနီးပါးက လက်ခံကြမည်ဖြစ်သည်။ သို့သော် အခြေအနေက မတူတော့ပေ။
လုယွီက တယွီမင်းဆက်မှ အဆုံအစမဲ့လောက်အောင် အဆင့်ပိုင်းခြားနိုင်စွမ်းမဲ့သည့် အဆိပ်ဖြေဆေးတစ်မျိုးကို သန့်စင်ပြလိုက်ခြင်းဖြစ်၏။ ထိုဆေးလုံး၏ အဆိပ်ဖြေနိုင်စွမ်းက ထိပ်တန်းဒုတိယအဆင့်ဟုပင် သတ်မှတ်နိုင်စွမ်းရှိသည်။ အရေးကြီးဆုံးအချက်က အင်ပါယာအဆင့်ထက် ကျော်လွန်သော လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် စွမ်းအားများကို အသုံးပြုထားခြင်း ဖြစ်သည့်အတွက် အခြားဆေးလုံးများကို မဆိုထားဘိ လူသားများ၏ စိတ်စွမ်းအားများကိုပင် ဝါးမြိုနိုင်စွမ်းရှိလေသည်။ အတိတ်တွင် သည်လိုဆေးလုံးမျိုးကို တယွီမင်းဆက်မှ တော်ဝင်မိသားစုအတွက်သာ အထူးတလည်အသုံးပြုကြလေသည်။ ကောင်းကင်အဆင့် စွမ်းအားကြီးသောလူများကပင် သည်လိုဆေးလုံးမျိုးကို တတ်နိုင်စွမ်းအားမဲ့ကြရ၏။
လုယွီက ဖျော့တော့စွာပြောသည်။
“ရှုံးတာက ရှုံးတာပဲ၊ အရှုံးကို လက်မခံနိုင်ဘူးလား။”
သည်စကားတစ်လုံးတည်းကပင် ဂရီဖင်းက နောက်ပြန်လွင့်သွားစေပြီး မျက်နှာဖြူဖျော့သွားစေ၏။ ထိုတစ်ခဏတွင် လူအုပ်က အော်ဟစ်ကြသည်။
ယခင်က ဂရီဖင်းက သူတို့ကို ရက်စက်စွာလှောင်ပြောင်ခဲ့ပြီး ချိုးနှိမ်စွာ အနိုင်ယူရန်ကြိုးစားခဲ့၏။ ထို့ကြောင့် လူအများစုက မကျေမနပ်ဖြစ်နေကြသည်။ သူ့ကို ပြန်မပြောနိုင်ရုံမျှသာဖြစ်၏။ ယခုအခါတွင်မူ အခြေအနေက မတူတော့ပေ။ လုယွီ ဖော်စပ်လိုက်သောဆေးလုံးက ဂရီဖင်းကို အလဲထိုးလိုက်နိုင်သည်။
“ဆရာသခင်ဝမ်ချန်း”
“ဝမ်ချန်းကွ”
မရေမတွက်နိုင်သောလူများက အော်ဟစ်ခုန်ပေါက်လျက် ဂုဏ်ပြုကြသည်။
ချူယွီယူက သည်အခြေအနေကို စိုက်ကြည့်နေသည်။ လုယွီ၏အဂ္ဂိရက်ပညာက ထိုမျှထူးချွန်မည်ဟု သူသည်လည်း မထင်ထားမိပေ။
ယခင်က သူမက သေချာမသိဘဲ လုယွီကိုပင် စိုးရိမ်ခဲ့မိသေး၏။ သူမကသာ မိုက်ရူးရဲဆန်သူဖြစ်ခဲ့သည်။
“သူက ဘယ်လိုကြောင့်များ ဒီလောက်အထိ စွမ်းအားကြီးနေတာလဲ၊ သူက ငါနဲ့အသက်တူတူပါပဲ။”
ချူယွီယွန်က လူထောင်ပေါင်းများစွာမှ လေးစားခံရသောလူအား စိုက်ကြည့်နေမိလေသည်။ ရုတ်တရက် သူမ၏နှလုံးသားများက တုန်ယင်သွားပြီး ခပ်မြန်မြန်လှည့်ထွက်သွားတော့၏။
လူအုပ်ထဲတွင် ချူရှင်းယွမ်က ဝိုင်းအော်လိုက်မိပြီးမှ ရုတ်တရက် ချောင်းဟန့်လိုက်သည်။
“ဒီနေ့ပွဲကို အနိုင်ရတဲ့သူက ဝမ်ချန်းပဲ။”
“ခဏလောက်နေပါအုံး။”
ရုတ်တရက် အသံတစ်သံက ထပ်ထွက်လာပြန်သည်။
ချူချင်က မတ်တပ်ထရပ်လာပြီး အေးစက်စွာပြော၏။
“အနိုင်ရတဲ့သူက ဆရာသခင် ဂရီဖင်းပဲဖြစ်ရမယ်၊ ဝမ်ချန်းရဲ့မူလဇစ်မြစ်က သိရတာမှ မဟုတ်တာ၊ သူ့ကို ဒီဆေးပေးလို့မဖြစ်ဘူး။”
“ဘာ”
ဝရုန်းသုန်းကားဖြစ်ကြပြန်သည်။ လုယွီ သန့်စင်သောဆေးလုံးက အကောင်းဆုံးမှန်း လူတိုင်းနီးပါးသိ၏။ လူတိုင်းနီးပါးလည်းမြင်ကြ၏။ သို့သော် ဝမ်ချန်း၏မူလဇစ်မြစ်က အမည်မသိရဟုပြောပြီး ပယ်ချလိုနေခဲ့သည်။
“ဂရီဖင်းက ငါတို့ရဲ့မြောက်ပိုင်းနယ်မြေက မဟုတ်ဘူး၊ သူ့ကိုရော ဘာကြောင့် ဆေးလုံးပေးရမှာလဲ။”
အခြားတစ်ယောက်က ဝင်အော်သည်။
ချူရှင်းယွမ်ကလည်း ခေါင်းကိုလှည့်ပြီး ချူချင်ကိုကြည့်၏။
“ခေါင်းဆောင် ငါ့ကို စကားဆုံးအောင် ပြောခွင့်ပြုဖို့မျှော်လင့်တယ်။”
“ဘာပြောမှာလဲ။”
ချူချင်က အေးစက်စွာပြုံးသည်။
“ငါက ဒီမျိုးနွယ်ရဲ့ခေါင်းဆောင်ပဲ၊ မင်းပြောတဲ့အတိုင်း ငါ လုပ်ဖို့လိုလား။”
“ဝမ်ချန်းရဲ့ဇစ်မြစ်က မသေချာဘူးဆိုရင် သူ့ရဲ့အဂ္ဂိရက်ပညာက ဒီလောက် မြင့်နေတာ၊ သူကသာ တကယ်ကျော်ကြားချင်တယ်ဆိုရင် မြောက်ပိုင်းနယ်မြေတင် မကဘူး တစ်လောကလုံးမှာပါ သူ့ရဲ့နာမည်က တောက်ပနေမှာပဲ၊ ဒါပေမယ့် ဘယ်သူကမှ ဘာလို့မကြားဖူးကြတာလဲ၊ နောက်ပြီး ဆရာသခင်ဂရီဖင်းကို ဖုန်းမိသားစုက ထောက်ခံပေးထားတာ၊ ဖုန်းမိသားစုက ငါတို့ရဲ့ချူမိသားစုနဲ့မဟာမိတ် ဒီတော့ ဘာလို့ ဖုန်းမိသားစုကို မယုံရမှာလဲ။”
ချူချင်က ဆက်အော်သည်။
“ငါ့အမိန့်ကိုထုတ်လိုက်၊ ဆရာသခင်ဂရီဖင်းကပဲ မြောက်ပိုင်းနယ်မြေတစ်ခုလုံးရဲ့ ထိပ်တန်းတန်အဆင့် အဂ္ဂိရက်ပညာရှင်ဖြစ်ရမယ်။”
Thank For Reading.