← Chapters

အခန်း (၉၄၆-၉၅၀)

Vol. 51 Ch. 946-950

အခန်း (၉၄၆-၉၅၀)

Vol. 51 Ch. 946-950

အပိုင်း ၉၄၆

ထိုအချိန်တွင် မြောက်ပိုင်းနယ်မြေ၊ အဂ္ဂိရက်ပညာရှင်တိုင်းအားလုံး ဒေါသထွက် ကုန်ကြလေသည်။ လုယွီက ကိုယ်တိုင်ကိုယ်ကျ ကူညီကာ မြောက်ပိုင်းနယ်မြေမှ အဂ္ဂိရက်ပညာရှင်များကို မျက်နှာရအောင် ပြန်လုပ်ပေးနိုင်ခဲ့သည်။ သို့သော် ချူမိသားစုကမူ ဂရီဖင်းကိုသာလျှင် အနိုင်ပေးလိုနေခဲ့၏။

“ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ၊ တမင်သက်သက် အတွင်းပိုင်းဆိုင်ရာ ပူးပေါင်းကြံစည်ကြတာ မဟုတ်ဘူးလား။”

“ချူမိသားစုက အဂ္ဂိရက်ပညာရှင်ရဲ့ တော်ဝင်နယ်မြေဖြစ်တယ်၊ သူတို့က တကယ်တော့ ယုတ်မာတဲ့လူတွေ ဖြစ်နေတာပဲ၊ ငါက ဆယ်နှစ်ထက်မနည်း တန်ဆေးနယ်ပယ်မှာ လေ့လာလိုက်စားခဲ့ရတာ၊ အနာဂါတ်မှာ ချူမိသားစုက ဘာပွဲပဲ ကျင်းပကျင်းပ ငါတို့မလာတော့ဘူး၊ ချူမိသားစုကဘာလဲ စိတ်မကောင်းပါဘူး။”

ဟန်ကျွယ်က ချူချင်ကို အထင်တသေးကြည့်သည်။

“ခင်ဗျားလိုလူမျိုးက ငါတို့ သွေးအဝတ်ကလန်ထဲကို ရောက်လာမယ်ဆိုရင် ဘယ်တော့မှ အရှင်ထားမှာမဟုတ်ဘူး။”

သူက မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ သို့သော် သည်လောက်ဖြောင့်မတ်သောကိစ္စမျိုးကို မလုပ်ဖူးသေးချေ။ ထိုအချိန်တွင် နှစ်ပေါင်းများစွာ ဆိုးရွားလာခဲ့သော သူ၏နာမည်ကပင် ပိုသန့်သေးသည်ဟု သူ ခံစားလိုက်ရသည်။

ချူချင်က သဘောမတူပေ။

“ဒါက ငါတို့နဲ့ဖုန်းမိသားစုတို့ရဲ့ သွေးစည်းညီညွတ်မှုပဲ၊ ငါတို့က ဖုန်းမိသားစုရဲ့ဘိုးဘေးတွေရဲ့ စောင့်ရှောက်ကာကွယ်မှုသာ မရှိခဲ့ရင် ချူမိသားစုက‌ သေသွားတာကြာလောက်ပြီ၊ ဘာလို့ ငါတို့က နာမည်ပျက်မှာကို စိုးရိမ်နေရမှာလဲ။”

“မင်း မျိုးမစစ်”

ချူချင်းယွမ်က ဖနောင့်ဖြင့်ပေါက်ကာ ထွက်သွား၏။

သူက ချူမိသားစုမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အမိန့်ကိုမနာခံ၍ မရပေ။ သို့ရာတွင် တန်ဆေးနယ်ပယ်မှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အလျောက် သူ့တွင်လည်း ကိုယ်ပိုင်ဆန္ဒရှိသည်။ သည်လိုအခြေအနေမျိုးကို လက်သင့်မခံလိုခဲ့ပေ။ သူ ထွက်သွားသည်နှင့် ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်တစ်အုပ်ကလည်း ထွက်သွားခဲ့၏။

ထိုတစ်ခဏတွင် သည်အစည်းအဝေးပွဲမှ လူတစ်ဝက်ခန့်က ပျောက်ဆုံးသွားပြီဖြစ်သည်။

ချူချင်က အေးစက်စွာပြောသည်။

“အားလုံးသွားကြ၊ အချိန်ကြာသွားတဲ့အခါ ငါ့ရဲ့ကောင်းမွန်တဲ့ဆန္ဒကို နားလည်သွားလိမ့်မယ်။”

“ဟား ဟား ဟား”

ထိုအခိုက် အော်ရယ်သံက ထွက်လာသည်။

အဝေးတွင်ရှိနေသော ဖုန်းရွှင်းက ထိုင်ခုံကို တဖျတ်ဖျတ်ရိုက်လျက် လုယွီကိုကြည့်ကာ ရယ်သည်။

“ကောင်လေး မင်းမှာ ပြင်းထန်တဲ့ခွန်အားတွေနဲ့ အဂ္ဂိရက်ပညာနယ်ပယ်မှာ တော်နေခဲ့မယ်ဆိုရင်တောင်မှ ဘာအသုံးဝင်လဲ၊ ငါတို့က လက်ချောင်းလေး မြှောက်စရာမလိုဘဲနဲ့တင် မင်းကို ချေမွပစ်နိုင်တယ်။”

လုယွီက အနည်းငယ်မျက်မှောင်ကြုတ်သည်။ သည်လိုဖြစ်လာမည်ဟု မထင်ထားမိပေ။ သို့သော် ဒါက ကိစ္စမရှိပေ။ ချူမိသားစုမှ ဆေးလုံးကို ဖော်စပ်ရန် ရောက်လာခဲ့ခြင်းက ချူမိသားစု၏ဘိုးဘေးကို ကူညီရန်အတွက်ဖြစ်၏။ သို့ရာတွင် ချူမိသားစုကမူ စည်းမျဉ်းအတိုင်း မလုပ်ခဲ့သည့်အတွက် လုယွီကိုယ်တိုင်ကလည်း စည်းမျဉ်းကို လိုက်နာရန် မလိုတော့ပေ။

ထိုအချိန်တွင် ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်တစ်အုပ်က ကြီးမားသော ကျောက်စိမ်းသေတ္တာကြီးကို ဝိုင်းပတ်လျက် ဖြေးညှင်းစွာဖြင့် လျှောက်လာသည်။ ကျောက်စိမ်းသေတ္တာ၏အနားတွင် အရှိန်အဝါများကို ကန့်သတ်ထားသော ဝင်္ကပါအခင်းအကျင်းကို မြင်နိုင်၏။

လုယွီက တစ်ချက်ကြည့်ရုံဖြင့်ပင် ဒါက သူလိုချင်သောဆေးဖြစ်ကြောင်း သိလိုက်ရသည်။

အပိုင်း ၉၄၇

“ဒီဆေးကို ဆရာသခင် ဂရီဖင်းက ပိုင်ဆိုင်သင့်တယ်။”

ချူချင်က ရယ်လျက် ဆေးယူလာသောလူများကို ဂရီဖင်းကိုပေးခိုင်းသည်။

ထိုလူများ၏ မုန်းတီးနေသောအကြည့်အောက်တွင် ဂရီဖင်းက ရယ်လျက် ကျောက်စိမ်းသေတ္တာဘူးကို ကောက်ကိုင်လိုက်၏။

“အရမ်းကောင်းတယ်၊ ဒီဆေးက အရင်ကတည်းက ငါ့ရဲ့ဖုန်းမိသားစု ပိုင်ဆိုင်သင့်တာ၊ ဆရာသခင်ချူ ဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ခင်ဗျားရဲ့လုပ်ဆောင်မှုအတွက် ကျွန်တော် တကယ်ပဲ နှစ်ထောင့်အားရဖြစ်မိတယ်၊ ခင်ဗျား ဒီကိစ္စအတွက် ဘိုးဘေးတွေရှေ့မှာ ကောင်းတဲ့စကားတွေ ပြန်ပြောပေးမှာပါ။”

ဖုန်းရွှင်းက ရယ်နေသည်။

ဖုန်းမိသားစုဘိုးဘေးများက အလွန်စွမ်းအားကြီးမားကြလေသည်။ လက်ရှိအချိန်တွင် ချူမိသားစုက ဖုန်းမိသားစုကိုသာ မှီခိုနေရခြင်းဖြစ်၏။

“ကောင်းပြီ၊ အဲဒီဆေးပေးလိုက်တော့။”

ဖုန်းရွှင်းက ဂရီဖင်းထံမှ ယူရန်ကြံစည်၏။

ထိုအချိန်တွင် ဂရီဖင်းက လက်ကို ဆန့်ထုတ်လျက်ပြောသည်။

“ဒီဆေးကို ငါ ပိုင်သင့်တယ်၊ ငါ ဘယ်အချိန်တုန်းက ဖုန်းမိသားစုကို ပေးမယ်လို့ပြောခဲ့လို့လဲ။”

“ခင်ဗျား”

ဖုန်းရွှင်း၏နှလုံးသားထဲ ဒေါသများက တောက်လောင်လာသည်။ သူက လေးနက်စွာပြော၏။

“ငါတို့အစောကတည်းက ဒါကို သဘောတူထားပြီးသား၊ ခင်ဗျားကသာ ငါတို့ကို ဆေးရအောင်ကူညီပေးဖို့ ပြောထားခဲ့ပြီးသား၊ ဒီဆေးက ငါတို့ ဖုန်းမိသားစုအပိုင်ပဲ ဖြစ်သင့်တယ်။”

ဂရီဖင်းက နှာခေါင်းရှုံ့သည်။

“စိတ်မကောင်းပါဘူး၊ ငါ ဒီအချက်ကို သဘောမတူထားခဲ့ပါဘူး။”

ဖုန်းရွှင်း၏မျက်နှာက ပြောင်းလဲသွားပြီး မဲမှောင်လာသည်။

“ခင်ဗျား ဘာမှ မပြောခင်မှာ သေချာစဉ်းစားသင့်တယ်။”

ဖြန်း

ရုတ်တရက် ဂရီဖင်းက ဖုန်းရွှင်း၏မျက်နှာကို ဖြတ်ရိုက်ချသည်။ ဂရီဖင်း၏မျက်နှာက မဲမှောင်လာပြီး ပြော၏။

“ဒီသခင်ကြီးရဲ့ရှေ့မှာ အသုံးမကျတဲ့အကောင်က ခေါင်းမော့ရဲတယ်လား၊ မင်းကသာ ငါ့ကို ခေါ်လာခဲ့တာကြောင့်မဟုတ်ရင် ငါ မင်းကို သတ်လိုက်တာကြာပြီ။”

“မင်းက သခင်လေးကို တိုက်ခိုက်ရဲတယ်။”

ဖုန်းမိသားစုမှ နတ်မင်းများစွာက ဒေါသထွက်လာကြပြီး ဂရီဖင်းကို သူတို့၏မှော်စွမ်းအင်များဖြင့် ဝိုင်းပတ်လိုက်ကြသည်။

ထိုတစ်ခဏတွင် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သောစွမ်းအားများစွာက ဂရီဖင်းထံ ကျရောက်သွားတော့၏။ ဂရီဖင်းက အထင်တသေးခေါင်းကိုခါသည်။

“သေချင်နေကြတာပဲ။”

သူက လက်ကိုရမ်းလျက် ရိုက်ချလိုက်ချိန်တွင် အနက်ရောင်တိမ်စိုင်များက သူ၏လက်ဝါးအထက်တွင် စုစည်းလာခဲ့သည်။ သူက လက်ချောင်းလေးဖြင့် တောက်လိုက်သောအခါ ထိုအနက်ရောင်တိမ်စိုင်က ချက်ချင်းပေါက်ကွဲသွားပြီး မှော်စွမ်းအားတိုင်းကို ပျက်ပျယ်သွားစေလိုက်၏။ ထို့နောက် ဂရီဖင်းက‌ ရှေ့သို့တက်ကာ မြေပြင်ကို ဖနှောင့်ဖြင့်ပေါက်သည်။

အော်ဟစ်သံနှင့်အတူ ပတ်ဝန်းကျင်မှ မြေထုက တုန်ယင်လာသည်။ လူအများစုက သည်မြေပေါ်တွင် ဆက်မရပ်နိုင်ကြတော့ပေ။

အပိုင်း ၉၄၈

“အဆင့်မြင့်စိတ်ဝိဉာဉ်စွမ်းအားရဲ့ဖိအားပဲ။”

တစ်စုံတစ်ယောက်က အော်သည်။

“ခင်ဗျားတော့နာပြီ။”

ဖုန်းရွှင်း၏မျက်နှာက ယောင်ကိုင်းသွားသည်။ သူက ပြော၏။

“ခင်ဗျားက ငါ့ရဲ့ဖုန်းမိသားစုကို ရန်စရဲတယ်၊ ခင်ဗျား ဘာကောင်ပဲဖြစ်နေဖြစ်နေ သေရမယ်၊ ငါ့ရဲ့ဖုန်းမိသားစုက ဘိုးဘေးတွေက ခင်ဗျားကို အလွှတ်ပေးမှာမဟုတ်ဘူး။”

ဂရီဖင်းက ရယ်တော့၏။

“ရေတွင်းအောက်ခြေက ဖားတွေပဲ၊ မင်းရဲ့ဖုန်းမိသားစုက တကယ်စွမ်းအားကြီးတယ်လို့ ထင်နေတာလား။”

သူ၏လက်ကို ရမ်းလိုက်ရုံမျှဖြင့် ရုတ်တရက် လူအုပ်ထဲမှ လူဆယ်ယောက်ထက်မနည်း ထွက်ပေါ်လာခဲ့သည်။ လေထုက ပြင်းထန်သွား၏။

“ဆေးရပြီဆိုကတည်းက ငါတို့ မင်းနဲ့ဆက်ပြီး ဟန်ဆောင်မနေတော့ဘူး၊ အားလုံးပဲ လုပ်ကြရအောင်၊ ချူမိသားစုက လူတိုင်းသေရမယ်။”

ဂရီဖင်း၏အသံ ထွက်လာသည်နှင့် နတ်မင်းဆယ်ယောက်ကျော်က ပတ်ဝန်းကျင်ရှိ လူတိုင်းကို တိုက်ခိုက်ကြတော့သည်။ ထိုတစ်ခဏတွင် အများစု လဲကျလျက် သွေးအန်ကြရ၏။

“သူတို့က ရေခဲနယ်မြေက နတ်မင်းတွေပဲ။”

“သူတို့က ငါတို့နဲ့ရောနှောနေတယ်။”

မြောက်ပိုင်းနယ်မြေမှ နတ်မင်းများက တစ်ယောက်ပြီးတစ်ယောက် အတိုက်ခိုက်ခံရသည်။ သိပ်မကြာခင်မှာပင် လဲကျကုန်ကြ၏။

လူထောင်ပေါင်းများစွာက လူဆယ်ယောက်ကျော်ကို ဝိုင်းပတ်ထားသည့်တိုင် သူတို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ကြပေ။

“ဒါက ချူမိသားစု မင်းတို့နတ်မင်းတွေ လိုသလိုလုပ်လို့ရမယ့်နေရာ မဟုတ်ဘူး။”

ရုတ်တရက် ချူချင်က မတ်တပ်ထရပ်သည်။

သူ၏မျက်ခုံးအလယ်တွင် ကြီးမားသော တစ္ဆေမျက်နှာကြီးက ထွက်ပေါ်လာ၏။

ဂရီဖင်း၏မျက်နှာက ပြောင်းလဲခြင်းမရှိပေ။ သည်လိုဖြစ်လာမည်မှန်း သူက မျှော်လင့်ထားပြီးသားဖြစ်သည့်အတွက် အထင်တသေးပြောလိုက်၏။

“မင်းကသာ ရူးမနေရင် ငါတို့ ရောနှောဖို့ခက်ခဲအုံးမှာပဲ၊ ဒါပေမယ့် မင်းကို ကျေးဇူးတင်ရမယ်။”

ချူချင်က ဒေါသထွက်သွားသည်။ သူက ထိုနတ်မင်းများကို တိုက်ခိုက်ရန်အတွက် သူ၏စိတ်ဝိဉာဉ်စွမ်းအားကို ထိန်းချုပ်လိုက်တော့၏။

နှစ်ဖက်လုံးက ပြင်းထန်စွာတိုက်ခိုက်နေချိန်တွင် ချူချင်၏နှလုံးသားက တုန်ယင်လာတော့သည်။ ဆိုးရွားသောခံစားချက်မျိုးကို သူ ရနေတော့၏။ သူ၏လက်မောင်းမှ ပြင်းထန်သောအားက ထွက်ပေါ်လာသည်။ သူ၏ခွန်အားအားလုံးက ပေါက်ကွဲလာတော့၏။

ဝုန်း

ချူချင်က ပြင်းထန်သောအားဖြင့် ရိုက်ချခံလိုက်ရသည်။ ထို့နောက် ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရ၏။

“မင်းက စိတ်ဝိဉာဉ်နယ်မြေအဆင့်ပဲ။”

ချူချင်၏မျက်နှာက အလွန်ခက်ထန်သွားတော့သည်။ ချူမိသားစုတွင်ပင် စိတ်ဝိဉာဉ်နှင့်စိတ်စွမ်းအားအဆင့်က အလွန်နည်းပါးလေသည်။ ထပ်ပေါင်းဆိုရသော် ရေခဲနယ်မြေမှလူများ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ကာကွယ်ရန်အလို့ငှာ လူအများစုက ချူမိသားစု၏ လေးဘက်လေးလံတွင် စောင့်ကြပ်နေကြခြင်းဖြစ်၏။ လက်ရှိအချိန်တွင် သည်အစည်းအဝေးပွဲက အလွန်ကြီးမားသော်လည်း ထိုကျွမ်းကျင်ပညာရှင်များက မရောက်လာခဲ့ကြပေ။ ထို့ကြောင့်တစ်စုံတစ်ရာသာ သည်နေရာတွင် ဖြစ်သွားခဲ့မည်ဆိုပါလျှင် ထိုလူများကို အချိန်မှီ မကယ်ဆယ်နိုင်တော့ချေ။

“ဒီနေ့ ချူမိသားစု ဖျက်ဆီးခံရမယ်။”

ဂရီဖင်းက နှာခေါင်းရှုံ့ပြီး လက်ကိုရမ်းသည်။ နတ်မင်း ၁၁ ယောက်ခန့်က ထွက်ပေါ်လာလျက် ပြင်းထန်သောအရှိန်အဝါများကို ထုတ်လွှတ်ကြတော့၏။

မမျှော်လင့်ထားစွာပင် သူတို့အားလုံးက သန်မာသော စိတ်ဝိဉာဉ်အဆင့်များ ဖြစ်နေကြသည်။

ချူချင် ကြောင်သွားသည်။ ထိုတစ်ခဏတွင် သူက ဖုန်းရွှင်းကို လှည့်ကြည့်ပြီးအော်၏။

“မင်းရဲ့ဘိုးဘေးတွေကို အကူအညီတောင်းလိုက်တော့။”

သူ့အနေဖြင့် သည်လိုလူအများကြီးကို တစ်ယောက်တည်းမယှဉ်နိုင်ပေ။

ဖုန်းရွှင်းက အံကြိတ်သည်။ ထို့နောက် သူ၏လက်ထဲတွင် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို အက်ကွဲလိုက်စေ၏။

သို့သော် ထိုအချိန်တွင် သူတို့ကို ဖြတ်တိုက်သွားသော လေပြင်းကို ခံစားလိုက်ရသည်။ အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ကောင်းကင်မှ ဆင်းသက်လာပြီး ဖုန်းရွှင်း၏လက်ကို လာရောက်ဆုပ်ကိုင်၏။

“အဖေ သူ ကျွန်တော့်ကို မျက်နှာရိုက်ရဲတယ်၊ သူ့ကို မလွှတ်ပေးနဲ့။”

သူ့အဖေ ရောက်လာကြောင်း မြင်လိုက်သည်နှင့် ဖုန်းရွှင်း၏မျက်နှာက တောက်ပသွားပြီး ဂရီဖင်းကို လက်ညှိုးထိုးလျက် ကျယ်လောင်စွာအော်တော့သည်။

ထိုအနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက မျက်မှောင်ကြုတ်ကာအော်သည်။ သူက ဒေါသထွက်နေ၏။

“ပါးစပ်ကို ပိတ်စမ်း။”

ဖုန်းရွှင်း ကြောက်လန့်သွားသည်။

သူက ဖုန်းမိသားစုမှ တိုက်ရိုက်သားဖြစ်သည်။ ဘိုးဘေးက အမြဲလိုလို သူ့ဘက်မှ ပါခဲ့၏။ သူ့တွင် မမျှော်လင့်ထားစွာပင် သည်လိုဆူပူသည့်အတွက် သူ၏အမူအရာက ဆိုးရွားသွားတော့၏။

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက ဖုန်းမိသားစုမှ ဘိုးဘေးဖြစ်သည်။ သူက ချူမိသားစုတွင်လည်း လက်ရှိရှိနေသူဖြစ်၏။ သူက ဂရီဖင်းကိုကြည့်ပြီး ထိတ်လန့်မှုက ဖြတ်သန်းသွားသည်။

အပိုင်း ၉၄၉

“မင်းက ငါ့မိသားစုက နတ်မင်းအဆင့်တန်ဆေးလုံးကို ယူသွားနိုင်တယ်၊ မင်းရဲ့နောက်ကွယ်က ဘယ်သူပဲရှိနေရှိနေ ထုတ်ပြန်ချက်တစ်ခုကိုတော့ ငါ့ရဲ့မိသားစုကို ပေးရမယ်။”

ဖုန်းမိသားစုမှ ဘိုးဘေးက အလွန်စွမ်းအားကြီးမားသော မြေသင်္ကေတကို ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူ၏အရှိန်အဝါကို ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်တွင် စိတ်ဓါတ်ကျဖွယ်ခံစားချက်များက ပျံ့လွင့်လာတော့၏။

ဂရီဖင်းက သည်လိုပြင်းထန်သောအားကို မခုခံပေ။ ထို့အစား တစ်ခဏခန့် နောက်ဆုတ်လိုက်၏။ ဂရီဖင်းက နှုတ်ခမ်းမှ သွေးကိုသုတ်ပြီးပြောသည်။

“ငါက သာမန်လူတစ်ယောက်ပါပဲ၊ မင်း ငါ့ကို သတ်လိုက်မယ်ဆိုရင် ဒီဆေးက မင်းတို့ဖုန်းမိသားစု ပိုင်သွားမယ်လို့ထင်လား။”

ဖုန်းမိသားစု၏ ဘိုးဘေးက တိတ်ဆိတ်စွာပြောသည်။

“ဒါဆိုလည်း ငါ စမ်းကြည့်ရတာပေါ့။”

ထို့နောက် ဖုန်းမိသားစုမှ ဘိုးဘေးက လက်ကိုဆန့်တန်းလျက် ဆေးလုံးကို ယူရန်ကြံစည်သည်။ ဂရီဖင်း၏လက်ထဲမှ ကျောက်စိမ်းသေတ္တာက ဖုန်းမိသားစု၏ ဘိုးဘေးလက်ထဲသို့ ရောက်သွား၏။

“ဟား ဟား ဖုန်းထောင်ယို့ အခုအချိန်အထိ စိုးရိမ်နေတုန်းပဲလား။”

ထိုအချိန်တွင်ပင် ရုတ်တရက် လေထဲတွင် လက်တစ်ဖက် ထွက်လာလေပြီး သူ၏ကျောက်စိမ်းသေတ္တာကို ယူသွားပြန်သည်။

ဂရီဖင်း၏ပတ်ဝန်းကျင်တွင် လူနှစ်ယောက် ပေါ်လာသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အမျိုးသားက အလွန်ချောမောကာ အမျိုးသမီးက အလွန်လှပကာ ဆွဲဆောင်မှုပြင်းထန်၏။

အမျိုးသားက ကျောက်စိမ်းသေတ္တာကို ယူလိုက်သည်လည်းဖြစ်သည်။ ဖုန်းမိသားစုဘိုးဘေးက ထိုနှစ်ယောက်ကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ် သွားတော့၏။

“မြောက်ပင်လယ်က နတ်ဆိုးနှစ်ကောင်၊ မင်းတို့မောင်နှမက ဒီအဖိုးကြီးကို တားချင်တာလား။”

ထိုမောင်နှမနှစ်ယောက်က ရေခဲနယ်မြေမှ စွမ်းအားကြီးမားသူများဖြစ်ကြသည်။ သို့ရာတွင်နှစ်ယောက်လုံးက အစောပိုင်းမင်မင်းဆက်အဆင့်များ ဖြစ်ကြသည်။ သို့ရာတွင် ဘိုးဘေးကမူ အလယ်အလတ်မင်မင်းဆက်အဆင့်ဖြစ်နေ၏။

သူတို့ ရင်ဆိုင်မည်ဆိုလျှင် ဖုန်းမိသားစုမှ ဘိုးဘေးအနေနှင့် စိုးရိမ်ရန်မလိုအပ်ပေ။

ခန့်ညားချောမောသောလူက ဖုန်းမိသားစု၏ ဘိုးဘေးအနောက်သို့ လက်ညှိုးညွှန်သည်။

“မင်းကို တားဖို့အတွက် ငါတို့ပဲတော့ ဘယ်ဟုတ်ပါ့မလဲ။”

ရုတ်တရက် ဖုန်းမိသားစုဘိုးဘေးက ထိတ်လန့်သွားသည်။ သူ လှည့်ကြည့်လိုက်၏။

ပြင်းထန်သော သွေးရနံ့က သူ့ကိုပွတ်တိုက်သွားသည်။ ဖုန်းမိသားစုဘိုးဘေးက အံ့ဩသွားပြီး အလျင်စလိုရှောင်လိုက်တော့၏။

ကလစ်

ရုတ်တရက် အလွန်ကြီးမားသော အနက်ရောင်မြွေတစ်ကောင်က အာကာသပြင်ထဲမှ ထွက်လာပြီး ဖုန်းဘိုးဘေးရှိရာနေရာကို ဝါးမြိုရန်ကြိုးစားလေသည်။

သို့သော် မမျှော်လင့်ထားစွာပင် ဖုန်းထောင်ယို့၏နောက်ဆုတ်မှုက နောက်ကျသွားခဲ့ပြီး ဝါးမြိုခံလိုက်ရ၏။

မြေပြင်တွင် လဲကျသွားသော ဖုန်းရွှင်းကမူ ထိတ်လန့်တုန်လှုပ်နေသည်။ သူတို့၏ဘိုးဘေးက အလွန်စွမ်းအားကြီးမားသူဖြစ်သော်လည်း နောက်ဆုံးတွင်မူ သားရဲတစ်ကောင်၏ ဝါးမြိုခံလိုက်ရ၏။ ထိုသားရဲ မည်သည့်နေရာက ထွက်လာကြောင်း မည်သူမျှ မသိကြတော့ပေ။

ထို့နောက် အနက်ရောင်မြွေနှင့်လူတစ်ယောက်က ထွက်ပေါ်လာခဲ့၏။ ဒါက သားရဲသားရေကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်ကာ လက်ထဲတွင် မှော်တုတ်တံကို ကိုင်ထားသည်။ သူမ၏ကိုယ်တွင် အေးစက်သောချီစွမ်းအင်က ဝိုင်းပတ်နေ၏။

“မြောက်ပိုင်းနယ်မြေက မင်မင်းဆက်အဆင့်တွေက ဒီလောက်ပဲ တတ်နိုင်တယ်လား။”

ထိုအဖွားကြီးက ရယ်ကာ ပြောသည်။

သူမ၏အသံက ဩရှနေ၏။ ရုတ်တရက် အနက်ရောင်မြွေက နာကျင်စွာ ရုန်းကန်နေရဟန်ရသည်။ ထို့နောက် ရမ်းခါနေတော့၏။

ပွက်

သူ၏ဝမ်းဗိုက်ထဲမှ တစ်စုံတစ်ရာက ထိုးထွက်လာနေချင်ဟန်ရသည်။ ပါးစပ်က ပွင့်ထွက်သွားပြီးနောက် ဖုန်းမိသားစု ဘိုးဘေးက ပြန်ခုန်ထွက်လာ၏။ သူ၏ပုံစံက စုတ်ပြတ်သတ်နေပြီး တည်ငြိမ်မှုမရှိသလို အားလည်းမရှိတော့ပေ။ ထိုအဖွားကြီးကို မြင်သောအခါ ဖုန်းမိသားစုမှ ဘိုးဘေးက ထိတ်လန့်သွားသည်။

“အအေးအဆိပ်ဂိုဏ်းက မြွေမိခင်”

ဖုန်းမိသားစု၏ဘိုးဘေးအသံက တုန်လှုပ်စွာ ထွက်ပေါ်လာခဲ့တော့၏။

ထိုအဖွားအိုကြီးက ပြောသည်။

“မင်းက ဒီဆေးကို ဒီအဖွားကြီးဆီက လာယူချင်တယ်လို့ကြားတယ်၊ မင်းက ရှင်းပြချက်တောင် လိုချင်နေသေးတာလား၊ ဒီလိုဆိုရင် ငါ ရှင်းပြချက်ပေးရမလား။”

“မဟုတ်ဘူး နားလည်မှု့ လွဲတာပါ။”

ဖုန်းမိသားစုမှ ဘိုးဘေးက ဆက်မပြောရဲတော့ပေ။ ဖုန်းရွှင်းကိုခေါ်လျက် ချက်ချင်းလှည့်မကြည့်တော့ဘဲ ထွက်သွားတော့၏။ ချူမိသားစုအတွက်မူ သူက ဂရုမစိုက်တော့ပေ။

ထိုအဖွားကြီးက ထိုလူများကို မတားဆီးပေ။ အထူးသဖြင့် သည်အဖွားအိုကြီး ဆိုလျှင် ရေခဲနယ်မြေမှ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပြီး အဆင့်လွန်အဆင့်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းခန့်သာလျှင် ဝေးကွာတော့သူလည်း ဖြစ်၏။

အပိုင်း ၉၅၀

ထွက်ပြေးသွား‌သော ဖုန်းမျိုးနွယ်မှ ဘိုးဘေးကိုမြင်သောအခါ ချူချင်က နောက်ပြန်ဆုတ်လိုက်လျက် ထိုင်ခုံတွင် လဲကျသွားတော့၏။ ချူမိသားစုက အဆုံးသတ်လေပြီ။ ဖုန်းမိသားစု၏အကာအကွယ်မရှိလျှင် ကျန်ရှိသော ချူမိသားစုမှ ဘုန်းတော်ကြီးများက ဒီရေခဲနယ်မြေကို မတားဆီးနိုင်တော့ပေ။

“မင်းက လက်ရှိချူမိသားစုရဲ့ ခေါင်းဆောင်ဆိုတာလား။”

အဖွားကြီးက ချူချင်ကိုကြည့်၏။

သည်လိုအကြည့်မျိုးဖြင့် စိုက်ကြည့်ခံရသည့်အခါ ချူချင် တုန်ယင်သွားတော့၏။

သူက သန်မာသော စိတ်ဝိဉာဉ်စွမ်းအား ဖြစ်နေသည့်တိုင်အောင် သူ၏မျက်လုံးထဲမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ပေါက်ထွက်လာသည်။ သည်အဖွားကြီးက သူ့ကို သတ်နိုင်သည်မှာ သံသယမဝင်ပေ။ သူမသာ သတ်လိုလျှင် သူ မယှဉ်နိုင်တော့ပေ။

သူ၏ ငကြောက်ပုံသဏ္ဍာန်ဖြစ်နေသော အမူအရာက မြင့်မြတ်သော ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ်မှ ကွာခြားလွန်းနေခဲ့၏။

ထိုအဖွားကြီးက ချူချင်ကို ရွံရှာသလိုကြည့်ပြီးပြောသည်။

“အတိတ်မှာ ချူမိသားစုက ကျော်ကြားတဲ့အဂ္ဂိရက်ပညာရှင်တွေရဲ့ ဒဏ္ဍာရီတစ်ခုဖြစ်ခဲ့တယ်၊ ချူရှောင်းက ဒီနောက်ပိုင်းမျိုးဆက်ရဲ့ ခေါင်းဆောင်မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ဒီလိုငကြောက်တွေရဲ့လက်ထဲ အဆုံးသတ်သွားတာလဲ။”

သူမက ချူချင်ကိုပြောနေသည့်အချိန်တွင် ချူမိသားစုမှ ဘုန်းတော်ကြီးများ အားလုံးက တိတ်ဆိတ်သွားတော့၏။

ဖုန်းမိသားစုမှ ဘိုးဘေးကပင် ရှုံးသွားခဲ့လေသည်။ ထို့ကြောင့် သည်လိုအခြေအနေမျိုးတွင် အသေခံသည်နှင့်ပင် မခြားတော့ပေ။ ချူချင်က ပြုံးရန် မနည်းကြိုးစားလိုက်ရသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်က အားနည်းတယ်၊ ချူမိသားစုရဲ့ခေါင်းဆောင် ဖြစ်ဖို့မတန်ပါဘူး။”

ထိုအဖွားကြီးက ပျင်းရိဟန်ဖြင့် ခေါင်းကိုခါသည်။

“တစ်ဖက်မှာ ဒူးထောက်နေလိုက်၊ ချူမိသားစုက လူတွေအားလုံးကို ဒီနေရာကို ပြန်လာခိုင်းလိုက်၊ ငါ တစ်ယောက်ချင်းစီ လိုက်ရှာရမှာပျင်းတယ်။”

တစ်ဖက်ကမူ ရေခဲနယ်မြေမှ လူထက်ပင် ပို၍ ရန်လိုနိုင်စွမ်းပြင်းထန်လွန်းနေခဲ့၏။ သည်လိုပြင်းထန်သော ဖိအားအောက်တွင် ချူမိသားစုကို သည်နေရာသို့ခေါ်သော ရည်ရွယ်ချက်က တစ်ခုတည်းသာရှိတော့သည်။

ချူချင်က စိတ်ထဲတွင် ခန့်မှန်းလိုက်သော်လည်း မငြင်းရဲပေ။

“ဟုတ္ကဲ့ ဟုတ္ကဲ့”

ထိုအချိန်တွင် ချူချင်က ရင်ထဲတွင် အရှက်ကွဲခံရသလို ခံစားနေရသည်။ သို့သော် ပြန်အထွန့်မတက်ရဲပေ။

မိသားစု၏ခေါင်းဆောင်၏ အမိန့်ရသောအခါ ချူမိသားစုဝင်များက နေရာသို့ ပြန်လာကြတော့၏။ ထိုအခါ မြေပြင်ရှိအလောင်းများကို မြင်ရသည်။ သူတို့အားလုံး တုန်ယင်သွားကြပြီး မယုံကြည်နိုင်ကြတော့ပေ။

သေသွားသူအများစုက မြောက်ပိုင်းနယ်မြေမှ အဂ္ဂိရက်ပညာရှင်များဖြစ်ကြသည်။

သည်ပွဲသို့ တက်လာသူအများစုထဲတွင် အလွန်ကျော်ကြားသူများပါဝင်ကြ၏။ သို့သော် ထိုလူများက ယခုအခါ သည်အစည်းအဝေးပွဲတွင်ပင် သေသွားခဲ့ကြချေပြီ။

ထို့အပြင် သူတို့၏ဆရာသခင်ချူချင်က တစ်ဖက်အဖွားအို၏အနားတွင် ဒူးထောက်နေကြောင်းကိုလည်း မြင်ရ၏။

ချူရှင်းယွမ်က အလောတကြီး ရောက်လာပြီးနောက် အခြေအနေကို နားလည်သွားကာ ဒေါသတကြီးအော်သည်။

“ချူချင် မင်း ရေခဲနယ်မြေဘက်ကို သွားရဲတယ်လား။”

All Chapters