အခန်း (၉၅၁-၉၅၅)
Vol. 51 Ch. 951-955
အပိုင်း ၉၅၁
သူတို့အားလုံးက အိမ်တော်သခင်၏အမိန့်ကြောင့် သည်နေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် သည်နေရာတွင် စောင့်ဆိုင်းနေသည်မှာ ရေခဲနယ်မြေမှ ဘုန်းတော်ကြီတစ်ပါးဖြစ်နေ၏။ အေးစက်သောအပြုံးဖြင့် လက်ရမ်းလိုက်သောအခါ ထိုအဘွားကြီးက ချူချင်းယွမ်ထံသို့ စွမ်းအားလုံးကို ပစ်လွှတ်လိုက်သည်။ ချူချင်းယွမ်က ခပ်မြန်မြန်ဂါထာကို ထုတ်ဖော်ကာ တားဆီးရ၏။ သို့သော် ထိုအနက်ရောင်အလင်းတန်းက လျင်မြန်လွန်းလှသဖြင့် ချူရှင်းယွမ်၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
တန်ကျူ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ချူးချင်းယွမ်၏ မျက်နှာက မဲနက်သွားသည်မှာ ဝင်သက် အနဘ်းငယ်အတွင်း ဖြစ်၏။သူက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ဒါက သူတို့ တန်ဆေးပညာ အဂ္ဂိရတ် ပညာရှင်နယ်ပယ်တွင် ကျော်ကြားပြီး စွမ်းအား ကြီးသူ ဖြစ်လောက်၏။မမျှော်လင့်ထားစွာပင် သည်အမျိုးသမီး၏ မှော်စွမ်းအားအောက်တွင် တိုက်ခိုက်နိုင်စွမ်းအား လျော့ကျသွားသည်။
သူမက အေးစက်စွာပြုံးသည်။
“ချူမိသားစုက လူတွေအားလုံးက နောက်ခံကောင်းကြတာမဟုတ်လား၊ ငါ နင်တို့ကို ရွေးချယ်စရာတစ်ခုပေးမယ်၊ နင်တို့ အသက်ရှင်ခွင့်ရအောင် ငါ လုပ်ပေးမှာပါ၊ မဟုတ်ရင်တော့ နင်တို့ သွားသေလိုက်တော့။"
ချူရှင်းယွမ်က ဆေးတစ်လုံးကို ဝါးမြိုလိုက်သည်။ သို့သော် ထိုဆေးက အဆိပ်မဖယ်ရှားနိုင်ပေ။ ချူရှင်းယွမ်၏ကိုယ်က ပို၍ပင်တုန်ခါလာခဲ့၏။
ချူချင်က ထိုအဖွားကြီး၏ရှေ့တွင် တိုက်ရိုက်ပင် ဦးညွှတ်လိုက်ပြီး တုန်ယင်သောလေသံဖြင့်ပြောသည်။
“ကျွန်တော် အေးခဲအဆိပ်ဂိုဏ်းကို လက်အောက်ခံဖို့ ဆန္ဒရှိပါတယ်"
“ချူချင် မင်းက ချူမိသားစုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ရေခဲနယ်မြေအောက်ကို ခိုလှုံတာလား။”
“မင်းလိုကောင်မျိုးက ခေါင်းဖြတ်အသတ်ခံရဖို့ပဲတန်တယ်။”
ချူမိသားစုက ဘုန်းတော်ကြီးအချို့က ချူချင်ကို စိုက်ကြည့်ကြသည်။ ချူချင်ကမူ ထိုသို့မတွေးဘဲ နှာခေါင်းရှုံ့လိုက်၏။
“ငါက လက်ရှိကိစ္စကို ဖြေရှင်းနေတာ၊ မင်းတို့ရဲ့စိတ်ဆန္ဒနဲ့ တိုက်ခိုက်ချင်လည်း ကိုယ့်ဒုက္ခကိုယ်ရှာရုံပဲရှိမယ်၊ မင်းတို့အားလုံး သေကြမှာပဲ။”
ချူရှင်းယွမ်ပင် သေတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက် ချူရှင်းယွမ်၏ကျောကို လက်တစ်ဖက်က ပုတ်ပေးလာသည်။
“ငါ့ရဲ့ဆေးကို ခင်ဗျား သုံးပြီးပြီလား။”
ထိုအသံက သည်တစ်ခဏကို ချက်ချင်းဆိုသလို တိတ်ဆိတ်သွားစေခဲ့၏။
ထိုအချိန်တွင် လုယွီက ချူရှင်းယွမ်၏ပုခုံးကို လက်ဖြင့်အသာပုတ်လိုက်သည်။ တစ်ချိန်တည်းလိုလိုပင် သူ့လက်ဝါးပေါ်တွင် ဧကရာဇ်အဆင့်ကောင်းကင်ဆေးလုံးမှ အစစ်အမှန်မီးတောက်များက တောက်လောင်လာပြီး ချူရှင်းယွမ်၏အားနည်းသွားသော ကိုယ်တွင်းအင်္ဂါများသို့ ဝင်ရောက်သွား၏။
ချူရှင်းယွမ်၏ ခန္ဓာကိုယ်မှ စိတ်ဝိဉာဉ်ကပင် ထိုအဆိပ်ပြင်းမြွေ၏ အဆိပ်ဒဏ်ကို မခုခံနိုင်ခဲ့ရာမှ ချက်ချင်းဆိုသလို အဆိပ်ငွေ့များကို ဖယ်ရှားလိုက်နိုင်၏။ သည်အဆိပ်မြွေ၏အဆိပ်က အလွန်ပြင်းထန်သည်။ ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် သေချာပေါက် သေသည်အထိ တမြေ့မြေ့တိုက်စားခံရမည်ဖြစ်၏။
သို့သော် သည်တစ်ကြိမ်တွင်မူ အဆိပ်ပြင်းမြွေက သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား ထွက်ပြေးတော့သည်။
ပွက်
ချူရှင်းယွမ်က မနေနိုင်ဘဲ သွေးအမဲများကို အန်ထုတ်လိုက်ရသည်။ ထိုသွေးမဲများက မြေပြင်သို့ ကျသွားသောအခါ ချက်ချင်းဆိုသလို အငွေ့တထောင်းထောင်းထပြီး တွင်းနက်ကြီးဖြစ်သွားတော့၏။ တစ်ချိန်တည်းတွင်ပင် ချူရှင်းယွမ်၏မျက်နှာက ပြန်လည်ကောင်းမွန်လာပြီး ကိုယ်ကလည်း မတုန်ယင်တော့ပေ။
“ကောင်လေး နင်က ဘယ်သူလဲ။”
ထိုအဖွားအိုကြီး၏မျက်လုံးက အသင့်အနေအထားဖြစ်သွားသည်။ လုယွီက ပေါ်လာသည်နှင့် အဖြစ်အပျက်တိုင်းက ဝင်သက်အနည်းငယ်လောက် ကြာသွားခဲ့၏။
သူမကိုယ်တိုင် ဖော်စပ်ထားသော အဆိပ်က အလွန်စွမ်းအားကြီးမားသော လူများနှင့် ယှဉ်လျင်ပင် အလွန်စွမ်းအားကြီးသေးသည်။
'ဒါပေမယ့် ဘာလို့ ဒီကောင်လေးက ချက်ချင်းဖြေလိုက်နိုင်တာလဲ။'
အပိုင်း ၉၅၂
လုယွီက တည်ငြိမ်စွာပြောသည်။
“ငါ ဘယ်သူလဲ ခင်ဗျား သိဖို့မလိုပါဘူး၊ ဒီဆေးက ငါ ပိုင်တယ်၊ ဆိုတော့ ခင်ဗျား ယူသွားဖို့မဖြစ်နိုင်ဘူး။”
ထိုအဖွားကြီးက မီးခိုးရောင်ဝတ်စုံနှင့်လူကို တစ်ချက်ကြည့်လိုက်သည်။
ဂရီဖင်းက ကြောင်နေပြီးနောက် လုယွီကိုလက်ညှိုးထိုးသည်။
“မြွေမိခင်ဆရာသခင် ဒီလူက မြောက်ပိုင်းနယ်မြေက အဂ္ဂိရက်ဆရာသခင်တွေထဲမှာ အရေးအကြီးဆုံးပဲ သူ့ကို မလွတ်ပေးပါနဲ့။”
သူက ပြောလိုက်သည်နှင့် ဂရီဖင်း၏မျက်နှာတွင် ရန်လိုမှုကိုမြင်နိုင်သည်။
ထိုမြွေ လုယွီအား တိုက်ခိုက်လိုက်လျှင် အကောင်းဆုံးရှိဟု ဆိုလို၍ရသည်။ လုယွီက ဆေးလုံးကို မည်သို့ဖော်စပ်ခဲ့ပြီး သူ့အား နိုင်သွားကြောင်းကို မုန်းတီးစွာ မှတ်မိနေသေးသည်။ ဂရီဖင်းက သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။ သည်လိုအမွှေးတောင်မစုံသေးသည့် လူငယ်လေးက သူ့ကိုယှဉ်နိုင်သည်ကို သူ လက်မခံနိုင်ပေ။
မြွေမိခင်က လုယွီကိုပြုံးကာကြည့်၏။
“ကောင်လေး နင်က တော်သားပဲ၊ နင်ဘာလို့ ငါတို့အအေးအဆိပ်ဂိုဏ်းထဲကို မဝင်တာလဲ။”
“ဘာ”
ဂရီဖင်း၏နှလုံးသားက ခုန်ပေါက်လုမတတ်ဖြစ်သွားသည်။ သူက ထောင်လွှားသော်လည်း လုယွီ၏ပါရမီက သူ့ထက်သာကြောင်းသိ၏။ တစ်ဖက်ကို ရွေးရမည်ဆိုလျှင် မည်သူက တစ်ဖက်ကို ရွေးမည်ဖြစ်ကြောင်းကိုလည်း နားလည်နေ၏။
လုယွီက ဖျော့တော့စွာပြုံးပြီး ခေါင်းခါသည်။
“ကြည့်ရတာ ငါ့စကားကို နားမလည်ဖူးပဲ၊ ငါ့အပိုင်ပစ္စည်းတွေကို ခင်ဗျား ယူလို့တောင် မရဘူး။”
အဆုံးတွင် လုယွီ၏မျက်လုံးမှ အေးစက်သောအလင်းက လက်လာသည်။ သူက ထိုအမျိုးသမီး၏မျက်လုံးကို ထိုးဖောက်တော့မည်ဟု ထင်ရ၏။
“ဟန်ကတော့ကောင်းသားပဲ၊ နှမြောစရာက နင်က လောကအကြောင်း သေချာနားမလည်သေးတာပဲကောင်လေး”
အဖွားကြီးက များများစားစား မတွေးပေ။ သည်လောက်ငယ်ရွယ်သော အသက်အရွယ်နှင့် လုယွီ၏လုပ်ဆောင်နိုင်စွမ်းက အလွန်မြင့်မည်ဆိုလျှင်ပင် သူမကို မယှဉ်နိုင်သေးချေ။
“နင်က သေချင်နေမှတော့လည်း ငါ ကူညီပေးပ့ါမယ်။”
အဖွားကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လျက် အနက်ရောင်မြွေတစ်ကောင်ကို ပျံသန်းသွားစေလိုက်သည်။ ထိုအကောင်က ချက်ချင်းဆိုသလို သွားကိုဖြဲလျက် လုယွီကို ဝါးမြိုရန်ကြံစည်၏။ ထိုသို့ပြင်းထန်သော ဝင်သက်က ချဉ်းကပ်လာသည်နှင့် ချူမိသားစုမှ ဘုန်းတော်ကြီးများက အနောက်ဆုတ်ကြသည်။ ထိုတစ်ခဏတွင် လုယွီ၏ ပတ်ဝန်းကျင်က ပြောင်ရှင်းသွားသည်။
ချူယွီယူ၏နှလုံးသားက မသက်မသာဖြစ်သွား၏။ လုယွီက အလွန်သန်မာကြောင်း သူမ သိသော်လည်း တစ်ဖက်ကမူ မြွေမိခင်ဖြစ်ပြီး အအေးအဆိပ်ဂိုဏ်းမှ အလွန်ကျော်ကြားသူလည်းဖြစ်သည်။ လုယွီသာဆုံသွားလျှင် သူအနေနှင့် ကံမကောင်းနိုင်တော့ပေ။
မြွေနက်က လုယွီကို အပြည့်အဝဝါးမြိုတော့မည့် အနေအထားအထိ မြင်လိုက်ရသည်။
“ဒါက ခင်ဗျားမှာရှိတာ အကုန်ပဲလား။”
လုယွီက ရုတ်တရက်မြေပြင်ကို ဖနှောင့်ဖြင့်ပေါက်လျက် အော်လိုက်သည်။
ထိုအော်သံက ထိုမြွေ၏တစ်ကိုယ်လုံးကို ထိုးဖောက်သွားလျက် ဖျတ်ခနဲဆိုသလို သန့်စင်သောစွမ်းအားတစ်ခုဖြင့် သန့်စင်ခံလိုက်ရသည်၊
ခြိမ်း။
လုယွီက ဖနှောင့်ပေါက်ရန် မြှောက်လိုက်သောခြေထောက်ကို ပြန်ချလိုက်ချိန်တွင်ပင် ကောင်းကင်ပေါ် ချက်ချင်းဆိုသလို လှမ်းတက်လိုက်သည်။ ထို့နောက် မြွေမိခင်၏အနားသို့ ရောက်သွား၏။ မြွေမိခင်ကိုယ်တိုင်ကလည်း အံ့ဩနေသည်။ သူက ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အဆိပ်သတ္တဝါများကို ဆင့်ခေါ်လိုက်၏။ သို့သော် လုယွီက အားလုံးကို တစ်ကောင်ချင်းဆီ ဖျက်ဆီးလိုက်သည်။
“လာစမ်းပါ။”
လုယွီက တိုက်ရိုက်ပင် ရှေ့တက်လာလျက် မြွေမိခင်၏လည်ပင်းကို လက်သီးဖြင့်ထိုးသည်။
“ကောင်းပြီ၊ ငါ ထပ်မပြောဘူး၊ ငါ ပိုင်တဲ့ပစ္စည်းတွေက ဘယ်သူမှ ယူသွားခွင့်မရှိဘူး။”
လုယွီက ပြောသည်။
အပိုင်း ၉၅၃
မြွေမိခင်၏မျက်နှာက နီရဲသွားပြီး သူမက ထက်ရှသောလေသံဖြင့်အော်သည်။
“မင်း သေလိုက်တော့။”
သူမက အင်္ကျီလက်ကို ရမ်းလိုက်ချိန်တွင် အလွန်ရှည်လျားသော မြွေနှစ်ကောင်က ရုတ်တရက် ပျံသန်းထွက်လာပြီး သူတို့၏ပါးစပ်ကြီးများကိုဖြဲလျက် ဝါးမြိုရန် ကြံစည်လေသည်။ လုယွီက ခေါင်းခါလျက် ခန္ဓာကိုယ်ကိုရမ်းလိုက်ရုံမျှဖြင့် ထိုမြွေနှစ်ကောင်၏ကိုယ်က ပေါက်ထွက်သွားကာ သွေးမြူများ ဖြစ်သွားခဲ့ရသည်။
ထိုမြွေမိခင်၏မျက်နှာကလည်း ပြောင်းလဲသွားတော့သည်။ သူမ၏ကိုယ်က တုန်ယင်သွား၏။
“အစွမ်းအထက်ဆုံးအဆင့်လား။”
အဆင့်လွန်အဆင့်နှင့် အစွမ်းထက်ဆုံးအဆင့်များကသာလျှင် သည်လိုသူမ၏မှော်စွမ်းအင်ကို တစ်ခဏချင်း ဖျက်ဆီးနိုင်စွမ်းရှိလေသည်။ ထို့အပြင် လုယွီက အင်္ကျီလက်ကို ရမ်းလိုက်ရုံမျှသာလုပ်ထားသေး၏။ သူမကိုယ်တိုင်ပင် သူ့ကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်မရှိတော့ပေ။
ထိုမြွေမိခင်၏အသံ ထွက်လာသည်နှင့် ရုတ်တရက် ဆူညံသံက ထွက်ပေါ်လာသည်။
“ဒီလူက အဆင့်လွန်အဆင့်မတိုင်ခင်မှာ စွမ်းအားအကြီးဆုံးများဖြစ်နေမလား။”
လုယွီက ငယ်ရွယ်သေးသည်။ လူငယ်တစ်ယောက်ဖြစ်မှန်းသေချာ၏။ သူ၏ရုပ်ရည်ကိုကြည့်ခြင်းဖြင့် မည်သည့်နည်းနှင့်မျှ သည်လိုစွမ်းအားမျိုးနှင့် ချိတ်ဆက်၍မရပေ။ သူ၏အဂ္ဂိရက်ပညာရ အလွန်စွမ်းအားကြီးမားသည်။ သို့သော် သူ၏ကိုယ်ပိုင်စွမ်းအားကလည်း အလွန်ပြင်းထန်နေ၏။
လူအများစု မယုံကြည်နိုင်ကြတော့ပေ။ လက်ရှိအချိန်တွင် လုယွီက အေးခဲအဆိပ်ဂိုဏ်းမှ မြွေမိခင်ကိုပင် ဖိနှိမ့်နိုင်စွမ်းရှိနေခဲ့၏။ ဒါက လူအများရှေ့တွင် တရားဝင်ဖြစ်နေခဲ့ခြင်းလည်းဖြစ်သည်။
“သရဲတစ်ကောင်လို ဟန်ဆောင်မနေနဲ့၊ ဒီကလေးက အဆင့်လွန်အဆင့် ဖြစ်နိုင်မှာလား။”
ထိုအချိန်တွင် အရိပ်နှစ်ရိပ်က မြေပြင်တွင်ထိခတ်သွားတော့၏။
ယခင်က မြွေမိခင်၏အနောက်တွင်ရှိနေခဲ့သော မောင်နှမနှစ်ယောက်က တစ်ချိန်တည်းတွင်ပင် ပြောလိုက်ခြင်းဖြစ်သည်။ သူမက မရေမတွက်နိုင်သော အနက်ရောင်ဓါးများကို ထုတ်လွှတ်လျက် လုယွီကို ပစ်ခတ်ကြတော့သည်။
“နင်က ငါ့ရဲ့အဆိပ်ဓါးကို ထိမှန်ခံလိုက်ရမယ်ဆိုတာနဲ့ သေသွားမှာပဲ။”
ထိုမောင်နှမနှစ်ယောက်မှ ညီမဖြစ်သူက ယုံကြည်မှုရှိစွာပြောသည်။ လုယွီက မည်မျှပင် စွမ်းအားကြီးမားစေကာမူ ဓါးတိုင်းကို ရှောင်နိုင်မည်ဟုမယုံပေ။
ဝုန်း။
ကောင်းကင်မှ ဓါးက မြေပြင်သို့ထိမှန်သွားသည်။ အနက်ရောင်မြူငွေ့များက မြောက်တက်လာတော့၏။ ဓါးမထိလျှင်ပင် သည်မြူငွေ့များဖြင့်ပင် သေနိုင်သေးလေသည်။ နတ်ဆိုးဆန်သောပင့်ဟိုင်က ရယ်သည်။
“အဆင့်လွန်အဆင့်မတိုင်ခင်မှာ စွမ်းအားအကြီးဆုံးဟုတ်လား၊ မြောက်ပိုင်းနယ်မြေက လုမိသားစုကို ဘေးဖယ်ထားလိုက်ရင် ဘယ်နေရာက အဆင့်လွန်အဆင့်ရှိမှာလဲ၊ နင် ဒီနေရာမှာ သေရလိမ့်မယ်။”
“ဟုတ္လား။”
မည်သည့်အချိန်က ထိုမြောက်ပင်လယ်မှ နတ်ဆိုးကောင်များ၏အနောက်သို့ ရောက်နေမှန်းမသိသော လုယွီက ဖြေလိုက်သည်။
ရုတ်တရက် အနောက်မှ လုယွီ၏အသံကိုကြားသည်နှင့် ထိုမောင်နှမနှစ်ယောက်၏အမူအရာက ပြောင်းလဲသွားတော့ကာ တုန်ယင်သွားလျက် အနောက်သို့ လှည့်ကြည့်ကြသည်။ ထိုအချိန်တွင်ပင် လက်တစ်ဖက်ဖြင့် သူ့ခေါင်းကို ဖိလိုက်ရလေပြီ။
သူက ယုံကြည်မှုရှိစွာ တစ်ဖက်ကို တိုက်ခိုက်နေခဲ့သော်လည်း လုယွီကမူ သူ့အနောက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူ၏ခေါင်းမှ ချွေးစေးများ စီးကျလာသည်။
“အကြီးအကဲ နား နားလည်မှု့လွဲသွားလို့ပါ။”
ပင့်ဟိုင်က ချက်ချင်းဆိုသလို တောင်းပန်တော့သည်။
လုယွီကမူ ခံစားချက်မဲ့ဟန်ဖြင့် မျက်နှာသေဖြင့်ပြောသည်။
“မင်းရဲ့ကိုယ်ပိုင်ဓါးတိုင်းကို ဆွဲထုတ်ခဲ့သင့်တာ။”
ထို့နောက် လုယွီက အခြားလက်တစ်ဖက်ကို မြှောက်လိုက်သည်။
မူလက ထိုမြောက်ပင်လယ်မှ နတ်ဆိုးအရှင်သခင် ပစ်လွှတ်လိုက်သောဓါးက ရုတ်တရက် ထိန်းချုပ်မှုလွတ်ကင်းသွားလေပြီး ကိုယ်ပိုင်သခင်ထံသို့ပြန်လာတော့သည်။
“မဟုတ် မဟုတ်ဘူး၊ ငါ နင့်ကို သစ္စာရှိပေးနိုင်ပါတယ်၊ အကြီးအကဲရယ် အခု ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ။”
သို့သော် ထိုတစ်ခဏတွင်ပင် သူ လွှတ်ခဲ့သော ဓါးတိုင်းက ထိန်းချုပ်မှုပြတ်တောက်သွားပြီး သူ့ထံပြန်ရောက်လာသည်။ သူ၏ကိုယ်အတွင်းသို့ ပြန်လည်ဆောင့်ဝင်သွားတော့၏။
ဓါးသောင်းကျော်က နှလုံးသားတစ်ခုထဲကို ပြုံတိုးကာ ဆောင့်ဝင်သွားခြင်းဖြစ်ကာ မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သူ၏စိတ်ဝိဉာဉ်ကပင် ပြေးလွတ်နိုင်စွမ်း မရှိတော့ပေ။
သူ သေသွားကြောင်းမြင်သောအခါ ကျန်ရှိသောအစ်ကိုဖြစ်သူက နောက်လှည့်ပြီး ပြေးတော့သည်။
“ဟမ့် မင်းက ပြေးချင်တယ်လား။”
လုယွီက လက်ညှိုးလေးကို လေထဲသို့ တစ်ချက်တောက်ဟန်လုပ်လိုက်ချိန်တွင် ဖျတ်ခနဲလင်းလက်လျက် ဓါးတစ်ချောင်းက လွင့်ပျံသွားသည်။ သည်နည်းအားဖြင့် တစ်ကီလိုမီတာခန့်သာ ရောက်သေးသော ထိုလူကို အလယ်မှ ပိုင်းဖြတ်လိုက်တော့၏။
“အကြီးအကဲ အကြီးအကဲညှာတာပေးပါ။”
မြွေမိခင်ကလည်း ချက်ချင်းဆိုသလို ဒူးထောက်ကာ တောင်းပန်ရတော့သည်။
လုယွီက ပြောသည်။
“ဆေးကိုထားခဲ့ ပြီးရင် ခင်ဗျားသွားလို့ရပြီ။”
မြွေမိခင်က ထိုဆေးလုံးပါသော သေတ္တာဘူးကို လုယွီ၏လက်ထဲသို့ လျင်မြန်စွာ ထိုးထည့်ပြီးနောက် ထွက်ပြေးတော့သည်။
အခြားသောရေခဲနယ်မြေမှ နတ်မင်းများကအတွက်မူကား သူတို့က ထွက်ပြေးသွားခဲ့ကြပြီဖြစ်သည်။ လုယွီကဘူးကို တစ်ချက်ကြည့်သည်။ အထဲတွင် ဆေးတစ်ဝက်က အမှန်ပင်ရှိနေ၏။
အပိုင်း ၉၅၄
မြေပြင်တွင်ထိုင်နေသာ ချူချင်က ရုပ်သေးရုပ်ကဲ့သို့ရှိနေလေသည်။ လူအများ၏ရှေ့တွင် သူက ရေခဲနယ်မြေဘက်သို့ ပြေးထွက်သွားခဲ့၏။
သို့သော် သည်ကောင်လေးက ရုတ်တရက်ပေါ်လာခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်မည်ဟု မထင်ထားမိပေ။ ထို့အပြင် ထိုလူငယ်က အဆင့်လွန်အဆင့်တောင် ဖြစ်နေနိုင်သေး၏။
လုမိသားစုတွင်ပင် အဆင့်လွန်အဆင့်က များပြားလှသည်မဟုတ်ပေ။ သို့သော် သည်လူငယ်၏အဆင့်အမှန်ကို မည်သူကမျှ မသိနိုင်တော့ပေ။ လက်ရှိအချိန်တွင် ချူခေါင်းဆောင်က အခြားအကြောင်းအရာကို မတွေးနိုင်တော့ပေ။ သူ ချူအိမ်တော်တွင် ဆက်နေနိုင်စွမ်း မရှိတော့ကြောင်းကို နားလည်နေခဲ့၏။
နောင်တအချို့နှင့်အတူ ရုတ်တရက် ချူချင်၏နှလုံးသားက မသက်မသာဖြစ်သွားသည်။ သူကသာ ချူယွီယူ၏စကားကို နားထောင်ခဲ့ပြီး သည်လူငယ်ကို ဧည့်သည်အဖြစ် ကောင်းမွန်စွာဆက်ဆံခဲ့မည်ဆိုပါက လက်ရှိအချိန်တွင် ဘာကိုမျှ ကြောက်လန့်ရန်မလိုအပ်တော့ပေ။
“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ အရင်ဆုံး ဒီအမှိုက်ကောင်တွေကိုတော့ ငါတို့ဘာသာ ဖြေရှင်းလိုက်ပါ့မယ်၊ မင်း ပင်ပန်းခံဖို့ မလိုပါဘူး။”
ချူရှင်းယွမ်က လုယွီကို ဂါဝရပြုလျက်ပြောသည်။ သူ လုယွီကြောင့်သာ မဟုတ်လျှင် ထိုမြွေမိခင်၏လက်ထဲတွင် သေသွားလောက်ချေပြီ။ ချူရှင်းယွမ်က ထိုသို့ပြောပြီးသည်နှင့် နောက်သို့လှည့်ကာပြောသည်။
“ချူချင်က ဆိုးရွားတဲ့ပြစ်မှုကို လုပ်ခဲ့တဲ့အတွက် ချူမိသားစုရဲ့ခေါင်းဆောင်ဖြစ်ဖို့ မတန်ဘူး၊ အခု သူ့ကိုခေါင်းဆောင်နေရာက ဖယ်ထုတ်ပြီး ထောင်သွင်းအကျဉ်းချ ထားမယ်။”
ချူမိသားစုမှ ဘုန်းတော်ကြီးတိုင်းက တိတ်ဆိတ်သွားကြသည်။ သူတို့အားလုံးက ချူချင်၏ဆိုးရွားမှုကို မျက်မြင်တွေ့ကြုံခဲ့ကြသည့်အတွက် မည်သူကမျှ မငြင်းကြတော့ချေ။ လူအုပ်ထဲမှ အော်ဟစ်သံ ထွက်လာသည်။ ထို့နောက် တစ်စုံတစ်ယောက်က လှည့်ပြေး၏။
ဒါက ချူချင်၏သား ချူဖေးဖုန်းဖြစ်သည်။ သူ့ဖခင်ကြောင့် ချူဖေးဖုန်းက မိသားစုထဲတွင် အလွန်ရိုင်းစိုင်းကြမ်းတမ်းကာ သောင်းကျန်းပြီး နှိပ်စက်အနိုင်ကျင့်မှုမျိုးကို ပြုလုပ်ခဲ့ဖူး၏။ ထို့ကြောင့် သည်မိသားစုအတွင်းတွင်ပင် ရန်သူက အလွန်များလေသည်။ သည်လိုအခြေအနေမျိုးတွင် သူ့ဖခင်၏ကာကွယ်မှုသာ မရှိပါက သူ့အခြေအနေက ဆိုးရွားသွားနိုင်၏။ ထို့ကြောင့် ထွက်ပြေးသွားသည်က အကောင်းဆုံးဖြစ်သည်။
ချူရှင်းယွမ်က အေးစက်စွာနှာခေါင်းရှုံ့သည်။
“သူ့ကိုဖမ်းပြီး ထောင်ထဲ အတူထည့်ထားလိုက်”
ချူရှင်းယွမ်၏အမိန့်ကိုပင် မစောင့်နေဘဲ ချူမိသားစုဝင် နတ်မင်းအချို့က ချက်ချင်းဆိုသလို ချူဖေးဖုန်းကိုသွား၍ ဖမ်းဆီးကြတော့သည်။ ထိုလူများက သူနှင့် ရန်ငြှိုးရှိကြသူများဖြစ်၏။ ထို့နောက် မြေပြင်တွင် ဖိချထားကြ၏။
ချူဖေးဖုန်းက အလွန်မာနကြီးသူဖြစ်သည်။ သို့သော် သူ၏ကိုယ်ပိုင်ခွန်အားကမူ နိမ့်ကျသည့်အတွက် သည်နတ်မင်းများကို မည်သို့မျှ မယှဉ်နိုင်ကြပေ။ ထိုသို့ဖြင့် သူ့ကို ဖမ်းလိုက်နိုင်၏။
ချူရှင်းယွမ်က လုယွီကို လှည့်ကြည့်ကာပြောသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
ချူမိသားစုမှ အခြားသော အဂ္ဂိရက်ပညာရှင်များကလည်း ဦးညွှတ်လာကြသည်။ သူတို့က ပြောကြ၏။
“ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။”
သူတို့က လုယွီထက် အသက်ကြီးကောင်းကြီးလိမ့်မည်။ သို့သော် ကျင့်ကြံခြင်းအရာတွင်ဖြစ်စေ၊ အဂ္ဂိရက်ပညာတွင်ဖြစ်စေ လုယွီက သာလေသည်။ ထို့ကြောင့် အကြီးအကဲတစ်ယောက်အဖြစ် ဆက်ဆံခံရရန် တန်၏။
လုယွီကလည်း ပေါ့ပါးစွာသာပြောသည်။
“ခင်ဗျားတို့ ယဉ်ကျေးနေဖို့မလိုပါဘူး၊ ငါ့ကိုသာ ခင်ဗျားတို့ရဲ့ဘိုးဘေးကို ကြည့်ဖို့ခေါ်သွားပေးပါ။”
လုယွီက သည်နေရာသို့ ကြင်နာမှုကိုပေးဆပ်ရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်၏။
ချူမိသားစုမှ ဘိုးဘေးကို ကယ်တင်ပြီးလျှင် သူ သည်နေရာမှ ထွက်သွားတော့မည်ဖြစ်သည်။
“ဟုတ်ကဲ့လူကြီးမင်း ကျေးဇူးပြုပြီး ဒီလမ်းပါ။”
ချူရှင်းယွမ်က ပြောလျက် ချက်ချင်းဆိုသလို အတွင်းပိုင်းနယ်မြေသို့ခေါ်သွားရန် ကြံစည်လေသည်။ သည်နေရာက ချူမိသားစုမှ တားမြစ်နယ်မြေဖြစ်သည်။ ချူမိသားစုမှ လူတိုင်းကပင် ခွင့်ပြုမိန့်မရှိဘဲ မဝင်ရောက်နိုင်ပေ။
သိပ်မကြာခင်မှာပင် ချူရှင်းယွမ်က မှော်တုတ်တံကို မြေပြင်သို့ ဆင်းသက်သွားစေလျက် သီးသန့်တည်ရှိနေသော ခြံဝန်းတစ်နေရာသို့ ခေါ်သွားခဲ့တော့၏။ သည်ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ထားသည်။ တားမြစ်တောင်တန်းတစ်ခုမှလွဲပြီး မည်သည့်နေရာမှ ရှိမနေခဲ့ပေ။ ထို့ကြောင့် တိရိစ္ဆာန်များကိုပင် ရှာတွေ့ရန် ခက်ခဲနေ၏။
ထိုတောင်တန်း၏ နက်ရှိုင်းသောအပိုင်းတစ်နေရာတွင် သစ်သားအိမ်ငယ်လေး တစ်ခုရှိသည်။ လုယွီက နီးကပ်သွားခြင်းမတိုင်ခင်မှာပင် အေးစက်သောခံစားချက်ကို ရလိုက်၏။
“အဖိုး အဖိုးကို ကယ်တင်မယ့်လူကို ခေါ်လာပါပြီ။”
ချူရှင်းယွမ်က တံခါးဝတွင်စောင့်လျက် အဖြေကိုစောင့်ဆိုင်းသည်။ လုယွီက အထဲသို့ဝင်လိုက်ချိန်တွင် ချက်ချင်းဆိုသလို ကုတင်ပေါ်တွင် ထိုင်နေသောပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ခံစားချက်မဲ့နေသော လူအိုကြီးတစ်ယောက်ဖြစ်၏။ ပတ်ဝန်းကျင်တွင်မူ အနက်ရောင်အငွေ့များက ပျံ့လွင့်နေသည်။
အပိုင်း ၉၅၅
လူအိုကြီး၏အနားတွင် သူ ရေးဆွဲထားဟန်တူသော အနီရောင်မင်သားဖြင့် ရေးထားသောသင်္ကေတများကို မြင်နိုင်၏။ ထို့နောက် စက်ဝိုင်းပုံစံရှိသော အခင်းအကျင်းတစ်ခုကိုလည်း ရေးဆွဲထားသည်။ လူအိုကြီးက ထိုနေရာတွင် ပိတ်မိနေသလိုမျိုး ရှိနေခဲ့ခြင်းဖြစ်၏။
“ချုပ်နှောင်ခြင်းနတ်ဘုရားအခင်းအကျင်း၊ ကောင်းလိုက်တဲ့စိတ်ကူးပဲ၊ ဒါက နာကျင်ပေမယ့် အနည်းဆုံး မသေတော့ဘူးပေါ့။”
လုယွီက အနားသို့ရောက်သွားပြီး လက်ညှိုးလေးဖြင့် တို့လိုက်ပြီးနောက် ထိုအခင်းအကျင်းကို ဖယ်လိုက်သည်။ လုယွီက ထိုနေရာသို့ ရောက်သွားသည်နှင့် လုယွီ၏စိတ်ထဲ အသံတစ်ခုက ရောက်လာ၏။
“မင်းက ဘယ်သူလဲ။”
“ခင်ဗျားကို ကယ်မယ့်သူ။”
လုယွီက ထိုစကားကိုသာ ပြောသည်။ ထို့နောက် ကောင်းကင်နှင့်မြေပြင်မှ အလွန်အမင်းမြင့််မြတ်သော ဧကရာဇ်တန်ဆေးကို ထိုလူအိုကြီးအား မြိုချခိုင်းလိုက်သည်။
ထိုဆေးလုံးက လူအိုကြီး၏ကိုယ်အတွင်း ရောက်သွားသည်နှင့် သူ၏မျက်ဝန်းများက တောက်ပလာသည်။ သူက အဆုံးအစမဲ့သော စွမ်းအားများကို ခံစားရလိုက်ဟန်ရ၏။
သူ၏ကိုယ်အတွင်းမှ အဆိပ်များက ကိုယ်အပြင်သို့ တွန်းထုတ်ခံရလေသည်။ သည်လိုပြင်းထန်သော ဆေးစွမ်းသက်ရောက်မှုက ကြားခံနယ်မြေများအတွင်း အပြည့်အနှက်ဖြစ်သွားလေပြီး ထိုလူအိုကြီး မနေနိုင်ဘဲ အော်ဟစ်လိုက်မိတော့၏။
တံခါးအပြင်ဘက်တွင် ချူရှင်းယွမ်တို့ အဂ္ဂိရက်ပညာရှင်တစ်ဖွဲ့က စိုးရိမ်စွာ စောင့်ဆိုင်းနေကြသည်။
“သူက ငါတို့ဘိုးဘေးရဲ့ကိုယ်အတွင်းက အဆိပ်တွေ ထုတ်ပေးနိုင်ပါ့မလား မသိဘူး။”
“အခက်အခဲတော့ရှိမယ်လို့ ငါ ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့တတ်နိုင်တာထက် ကျော်လွန်သွားပြီလေ၊ မင်းသိတဲ့အတိုင်း တန်ဆေးနည်းလမ်းစဉ်အရဆိုရင် ဘိုးဘေးကို ကယ်တင်နိုင်ဖို့က ခက်ခဲနေအုံးမှာပဲ။”
“ဒါပေမယ့် ဝမ်ချန်းဖော်စပ်ထားတဲ့ ဆေးလုံးရှိတယ်လေ၊ အဲဒီဆေးလုံးက ဧကရာဇ်အဆင့် ဆေးလုံးထက်တောင် မြင့်တယ်လို့ပြောနေကြတာ မဟုတ်လား၊ ဧကရာဇ်အဆင့် ဆေးလုံးကတောင် ဦးညွှတ်ရတဲ့ဆေးလုံးဆိုတော့ ဘိုးဘေးကို သက်သာအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။”
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်များက အချင်းချင်းငြင်းခုန်နေကြသည်။ ရုတ်တရက် အထဲမှ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် သူတို့အသံများက တိတ်ကျသွားတော့၏။ ထို့နောက် အလွန်ပြင်းထန်သော ဝင်သက်က ထွက်ပေါ်လာသည်။ ထိုဝင်သက်က ဘိုးဘေး၏ဝင်သက်ဖြစ်၏။
သူတို့ လျင်မြန်စွာဖြင့် ခေါင်းမော့ကာ အခြေအနေကို ကြည့်လိုက်ကြချိန်တွင် လေပြင်းက တိုက်ခိုက်လာကြောင်း သိလိုက်ရသည်။ ကွဲကြေသွားသောသင်္ဘောကဲ့သို့ တစ်စုံတစ်ရာမျိုးမှ အနက်ရောင် အရိပ်တစ်ခုက ထွက်ပေါ်လာပြီး ကောင်းကင်တွင်ရပ်သည်။ ထိုအချိန်တွင်ပင် အလွန်အမင်း တောက်လောင်စွာ ထိန်လင်းနေသောနေမင်းကပင် သူ၏ နောက်ကောက်ကျသွားသကဲ့သို့ အရောင်က မှေးမှိန်ဖျော့တော့သွားရ၏။
“ဘိုးဘေးကို ဂါဝရပြုပါတယ်။”
“ဘိုးဘေးကို ဂါဝရပြုပါတယ်။”
ချူမိသားစုမှ အဂ္ဂိရက်ပညာရှင်တိုင်းက အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့က ထိုပုံရိပ်ကိုကြည့်ကြ၏။ သည်တစ်ကြိမ်တွင် အားလုံးက အရိုးမရှိသကဲ့သို့ အသားကုန်ကွေးကာ ဦးညွှတ်လိုက်ကြ၏။
ချူမိသားစု၏ဘိုးဘေးတည်ရှိနေသမျှ ကာလပတ်လုံး ချူမိသားစုက ကျရှုံးသွားလိမ့်မည် မဟုတ်ပေ။
ချူရှောင်းက လူအုပ်ကို ပေါ့ပါးစွာတစ်ချက်ကြည့်ပြီး အကြည့်က လုယွီထံ ရောက်သွားသည်။ သူက လက်သီးနှစ်လုံးကို ပူးကပ်လိုက်လျက် ခေါင်းကိုငုံ့ကာ ဂါဝရပြုလိုက်သည်။
“မင်းရဲ့ဆေးအတွက် ကျေးဇူးတင်ပါတယ်၊ ငါ အရင်ကလည်းအပြင်မှာ ဖြစ်ခဲ့သမျှ အရာအားလုံးကို မြင်ခဲ့ပြီးပါပြီ။”
လုယွီက လျင်မြန်စွာပြန်ဖြေသည်။
“ကျွန်တော်က ပြန်ပေးဆပ်ရုံပါပဲ။”
ချူရှောင်းက မျက်မှောင်ကြုတ်သည်။ သူ လုယွီအား မသိပေ။ သူ၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများအရ လုယွီက ပုံသဏ္ဍာန်ပြောင်းလဲခြင်းမရှိဘဲ အသက် နှစ်ဆယ်တွင် ရပ်တန့်နေခြင်း မဖြစ်နိုင်ပေ။ သည်လိုပါရမီရှင်မျိုးကိုသာ သူ မြင်ခဲ့ဖူးလျှင် ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။
“ငါ့ရဲ့မိတ်ဆွေဟောင်းများလား။”
ချူရှောင်းက ခပ်တိုးတိုးရေရွတ်သည်။
“ပြောရရင် မင်းက အနာဂါတ်မှာ ငါတို့ရဲ့အထူးဧည့်သည်တော် ဖြစ်လာပါမယ်၊ တာဝန်အမိန့်တစ်ခုခု ပြောလိုက်တာနဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ငါ့ရဲ့ချူမိသားစုက အကောင်းဆုံး ကြိုးစားပြီး ကူညီမှာပါ။”
သည်တစ်ကြိမ်တွင် ချူမိသားစု၏ အထက်တားမြစ်နယ်မြေမှ ချိတ်စည်းတံဆိပ်က ရုတ်တရက် ပွင့်ထွက်သွားသည်။ မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများက ဝင်ရောက်လာပြီး ချူရှောင်းအပေါ် ရောက်၏။
တစ်နာရီ၏လေးပုံတစ်ပုံခန့် ကုန်လွန်ပြီးနောက် ထိုအသီးသီးသော နတ်ဘုရားအမိန့်တော်များက ချူမိသားစု၏အထက်တွင် ထွက်ပေါ်လာတော့သည်။
“မြောက်ပိုင်းနယ်မြေ ရွှမ်ယွဲ့ဂိုဏ်းက ချူမိသားစုရဲ့ ဘိုးဘေး တွေ့ခွင့်ပြုဖို့ တောင်းဆိုပါတယ်။”
“မြောက်ပိုင်းနယ်မြေရဲ့ထျန်းမင်ဂိုဏ်းက ချူမိသားစုရဲ့ဘိုးဘေး တွေ့ခွငိ့ပြုဖို့ တောင်းဆိုပါတယ်။”
…
မြောက်ပိုင်းနယ်မြေ၏ တိုင်းပြည်အသီးသီးမှ စေလွှတ်ကြသော အင်အားစုတိုင်းက ချူမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်တည်ထောင်ထားလို ကြလေသည်။
ချူရှောင်းက မြောက်ပိုင်းနယ်မြေမှ ပထမအဆင့်အဂ္ဂိရက်ပညာရှင်ဖြစ်ပြီး မရေမတွက်နိုင်သော နတ်မင်းများစွာ၏အသက်ကို ကယ်တင်ခဲ့ဖူးသည်။ သူက လူအများ၏ ကျေးဇူးကြွေးများကို ပိုင်ဆိုင်ထားနိုင်စွမ်းရှိလေသည်။ ထို့ကြောင့် သည်လိုဆက်ဆံရေးမျိုးက အထိမခံနိုင်ပေ။
သည်အကြောင်းပြချက်များကြောင့်လည်း ချူမိသားစုတွင် သန်မာသော နတ်မင်းများမရှိကြသော်လည်း တော်တန်ရုံ ရန်မစရဲကြခြင်းဖြစ်၏။
ယခင်ကဆိုလျှင် ထိုလူများက ချူရှောင်းသေပြီဟု သတ်မှတ်ထားကြသည်။
လက်ရှိအချိန်တွင်မူ အခြေအနေက ကွာခြားသွားချေပြီ။ ချူရှောင်းက သေရာမှ ပြန်ရှင်လာသကဲ့သို့ ပြန်ထွက်ပေါ်လာပြီဖြစ်သည်။ ထို့ကြောင့် သူ့အပေါ် ကျေးဇူးကြွေး တင်ထားသော ဘိုးဘေးအိုကြီးတိုင်းက ချက်ချင်းဆိုသလို တုန့်ပြန်ကြရတော့သည်။
“ငါ့ရဲ့ချူမိသားစုက ခက်ခဲတဲ့အခြေအနေကိုရောက်နေလို့ အချို့ကိစ္စတွေကို စောင့်ကြပ်ဖို့ လိုအပ်နေတယ်၊ မင်းတို့တစ်ယောက်ချင်းစီတိုင်းက ငါ့အပေါ် ဆိုးရွားတာတွေ မလုပ်ခဲ့သေးတော့ မင်းတို့ချူမိသားစုမှာ ခုနှစ်ရက်နေနိုင်တယ်၊ ခုနှစ်ရက်အတွင်းမှာ ငါ မင်းတို့အတွက် စိတ်စွမ်းအား ဆယ်လုံးဖော်စပ်ပေးမယ်။”
ချူရှောင်းက ပြောသည်။
“အဆင်ပြေပါတယ်။”
“အရှင်သခင်က အသိအမှတ်ပြုလိုက်ပြီ။”
ထိုသို့ဖြင့် အင်အားစုများစွာက ချက်ချင်းဆိုသလို တုန့်ပြန်လာကြတော့သည်။
ထိုအချိန်တွင်ပင် ချူမိသားစု၏ အိမ်အထက်ကောင်းကင်တွင် ရုတ်တရက် တစ်စုံတစ်ရာက ထွက်ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းလာပြီး အလွန်စွမ်းအားကြီးမားသော အင်အားစုကြီးကဲ့သို့ဖြစ်၏။ ဒါက တံဆိပ်သင်္ကေတကြီးလည်းဖြစ်သည်။
“လုမိသားစုက ချူမိသားစုရဲ့ဘိုးဘေး လုံလုံခြုံခြုံနဲ့ ပြန်လည်အသက်ရှင်လာတဲ့ အပြင် မိသားစုက သည်အတိုင်းရှိနေတဲ့အတွက် ဂုဏ်ယူပါတယ်။”