အခန်း (၉၅၆-၉၆၀)
Vol. 51 Ch. 956-960
အပိုင်း ၉၅၆
ဘုန်း
ဓမ္မစွမ်းအားများ ဖြန့်ကျက်လိုက်သည်နှင့် နတ်ဘုရားအာရုံကိုပို့လွှတ်ကာ စစ်ဆေးရန်ကြိုးစားသူတိုင်း သွေးအန်လိုက်ရပြီး မေ့မြောသွားကြ၏။ ချူတစ်မြို့လုံးမှလူတိုင်း မော့ကြည့်လိုက်ကြသည်။ နိယာမစွမ်းအားက ပြင်းထန်လွန်သည်။ တစ်ချက်တည်းနှင့်တင် လူတိုင်း မူးမေ့သွားရ၏။
“အဆင့်လွန်အမိန့်တော်လား။”
လုယွီက ပင့်သက်ရှိုက်သည်။ ဒါက လုမိသားစုမှဖြစ်၏။ တိုင်းပြည်အလယ်တွင်ရှိသော ပထမမိသားစု၏ခွန်အားကိုလည်း သူ သိချင်သေးသည်။
ချူ ရှောင်းက မျက်နှာသေဖြင့်ပြောသည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
သို့ရာတွင် သူက သည်ကိစ္စက ပြီးသွားပြီဟု ထင်ထားခဲ့သော်လည်း လူတစ်ယောက်က ထွက်လာသေးသည်။
“ချူမိသားစု၊ တတိယအိမ်တော်
ခွဲရဲ့ခေါင်းဆောင် လုကျန်းဟိုင်က ခေါင်းဆောင်ချူကို နှုတ်ဆက်ပါတယ်။”
ချူရှောင်းက အပြုံးနှင့်ပြောသည်။
“ခေါင်းဆောင်ကျန်းဟိုင်ကိုယ်တိုင် ရောက်လာတာ ဘာကြောင့်များပါလဲ။”
လုကျန်းဟိုင်က ဖျော့တော့စွာပြုံးသည်။
“အရင်က ရေခဲနယ်မြေနဲ့ပတ်သက်ပြီး လုမိသားစုကလည်း ကိစ္စအချို့ကို ရင်ဆိုင်နေခဲ့ရလို့ ချူမိသားစုကို လာရောက်မကယ်တင်ပေးနိုင်ခဲ့ပါဘူး၊ ဒါက ကျွန်တော်တို့ဘက်က အမှားပါ၊ ဒီနေ့မှာ ခေါင်းဆောင်ချူကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့ခဲ့တာပါ။”
“ရေခဲနယ်မြေက ကိစ္စက မြောက်ပိုင်းနယ်မြေတစ်ခုလုံး ရင်ဆိုင်နေရတဲ့ပြဿနာပဲ၊ လုမိသားက ငါတို့ရှေ့မှာရှိနေတယ်ဆိုပေမယ့် ငါတို့ကလည်း သက်ရောက်မှုကို ဝန်ခံပေးရအုံးမှာပေါ့။”
ချူရှောင်းက သက်ပြင်းချသည်။
“ပြောပါ။”
လုကျန်းဟိုင်၏မျက်ဝန်းက လင်းလက်သွားသည်။
“ကျွန်တော်တို့တွေ ဘိုးဘေးအဆင့်ဆေးလုံးကို ဖော်စပ်သန့်စင်ဖို့ လိုအပ်ပါတယ်၊ ဒါပေမယ့် ဒီဆေးလုံးရဲ့ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ဖို့က အရမ်းကိုခက်ခဲနေတယ်၊ ကျွန်တော်တို့လုမိသားစုက အဂ္ဂိရက်ဆရာသခင်ရှစ်ယောက်ကို တိုင်းပြည်အနှံ့အပြားက ဖိတ်ခေါ်ခဲ့ပေမယ့် ဘယ်သူမှ အောင်မြင်အောင် မသန့်စင်နိုင်ကြသေးပါဘူး၊ ဒါကြောင့် တစ်စုံတစ်ယောက်ရဲ့အကူအညီ လိုအပ်နေတုန်းပါပဲ။”
“ခေါင်းဆောင်တို့က မြောက်ပိုင်းနယ်မြေက ပထမအဆင့် အဂ္ဂိရက်ပညာရှင် ဆိုမှတော့ ဦးဆောင်ပြီး ဖော်စပ်ပေးရင် ကျေးဇူးတင်မိမှာပါ။”
ချူရှောင်း၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက ပြော၏။
“ဒီအဖိုးကြီးက အဆင့်တက်ရောက်ဖို့ပြင်ဆင်ဖို့ရှိတယ်။”
ချက်ချင်းဆိုသလို ချူရှောင်းက ခေါင်းခါသည်။
“ထားလိုက်ပါ၊ အရင်ကဆိုရင် ငါ မင်းကို ကတိပေးလိုက်မှာပဲ၊ ဒါပေမယ့် ငါ့အဆိပ်မိပြီးကတည်းက ကိစ္စအားလုံးက ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတယ်၊ မင်းအခြားသူကို မေးသင့်တယ်။”
လုကျန်းဟိုင်က တုံ့ဆိုင်းသွားသည်။
“မြောက်ပိုင်းနယ်မြေတစ်ခုလုံးမှာ ခေါင်းဆောင်ထက်ပိုပြီး သင့်တော်တဲ့သူ ရှိမယ်လို့ ကျွန်တော် မထင်ဘူး။”
ချူရှောင်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ပြီးနောက် ခေါင်းကိုခါကာ ပြုံးသည်။
“ငါက အိုနေပါပြီ၊ ဒါ့အပြင် ငါ ဒီလိုပြင်းပြင်းထန်ထန်ရောဂါရပြီး ပြန်လည်သက်သာလာဖို့အတွက် မနည်းရုန်းကန်ခဲ့ရတယ်၊ ဒီတော့ မင်းဖခင်ရဲ့ကိစ္စတွေထက် အခြားတစ်ယောက်ကို ရှာတာက ပိုကောင်းမှာပါ။”
ထို့နောက် ချူရှောင်းက လုယွီကို လက်ညှိုးထိုးပြသည်။
“သူက ဝမ်ချန်းပဲ၊ သူက ဒီတာအိုတန်ဆေးအစည်းအဝေးပွဲမှာ အနိုင်ရသွားတဲ့သူ၊ သူ့ရဲ့စွမ်းရည်က ငါ့ထက် သာတယ်။”
သူတို့နှစ်ယောက်ကြားမှ စကားပြောခန်းက မြို့တစ်မြို့လုံးပျံ့နှံ့သွားသည်။ ယခင်ကဆိုလျှင် တစ်စုံတစ်ယောက်က ဝမ်ချန်း၏နာမည်ကိုကြားလျှင် အထင်သေးလောက်သည်။ သို့သော် ယခုကမူ မတူတော့ပေ။ ဝမ်ချန်းက အဆင့်လွန်ဆေးကို ဖော်စပ်နိုင်ရုံသာမကလေဘဲ ရေခဲနယ်မြေမှ နတ်မင်းများကိုလည်း မောင်းထုတ်နိုင်ခဲ့သေးသည်။ သူ၏ကျော်ကြားမှုက အထွတ်အထိပ်ဖြစ်၏။
ထိုအချိန်တွင် ဝမ်ချန်း၏နာမည်က အလွန်
ကျော်ကြားသွားတော့သည်။ ထိုအခိုက် ချူရှောင်းက ဝမ်ချန်း၏နာမည်ကို ထပ်ပြောလာသောအခါ လူတိုင်းလိုလိုက ထောက်ခံကြတော့၏။
“ချူမိသားစုရဲ့ဘိုးဘေးက ဒီလိုပြောမှတော့ ဝမ်ချန်းက တကယ် သူ့ကို ကျော်သွားတာဖြစ်ရမယ်။”
“ဆရာသခင်ဝမ်ချန်း၊ ဆရာသခင်ဝမ်ချန်း”
ချူမြို့တစ်မြို့လုံးနီးပါးမှ မရေမတွက်နိုင်သောလူများက ဝမ်ချန်း၏နာမည်ကို ရေရွတ်ကြသည်။
လုကျန်းဟိုင်၏အကြည့်များက လုယွီထံရောက်သွားပြီး သတိအနေအထား ဖြစ်သွား၏။
“ငယ်လွန်းမနေဘူးလား။”
အပိုင်း ၉၅၇
ချူမိသားစုမှ ဘိုးဘေးက လုမိသားစုမှ ဘိုးဘေးနှင့်မိတ်ဆွေများဖြစ်ကြသည်။ သူ၏စကားက တာဝန်ကြီး၏။ သို့သော် သူ့ရှေ့ရှိဝမ်ချန်းကမူ ဆယ်ကျော်သက်အရွယ် ဖြစ်နေခဲ့သည်။
လုကျန်းဟိုင်က လက်သီးနှစ်လုံးကို ဖိကပ်လျက်ပြောလိုက်သည်။
“ဆရာသခင်ဝမ်ချနန်း၊ ဆရာသခင်ဝမ်ချန်းက ကျွန်တော်တို့ရဲ့ လုမိသားစုကို ဝင်ရောက်ပြီး အဂ္ဂိရက်ဆေးလုံးကို အတူဖော်စပ်ပေးနိုင်ပါသလား၊ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရမယ့်အကျိုးအမြတ်က မနိမ့်ကျစေရပါဘူး။”
လုကျန်းဟိုင်က ယဉ်ကျေးသည်။ သူလိုအဆင့်လွန်ပုဂ္ဂိုလ်တစ်ယောက်က ငယ်ရွယ်သော လုယွီရှေ့တွင် ရိုကျိုးပြနေ၏။ လောကဝတ်အရ သူက ပြီးပြည့်စုံသည်။
ထိုအချိန်တွင်ပင် လုယွီ၏နားအတွင်း သတင်းစကားအချို့ကို ကြားလိုက်ရသည်။
“ဒါ ငါ မင်းကိုပေးတဲ့အခွင့်အရေးပဲ၊ မင်းမဆုံးဖြတ်နိုင်ရင် ငါ မင်းကိုယ်စား ရှင်းပေးလို့ရတယ်။”
သူ့အား မည်သူလာပြောကြောင်း သူ သိသည်။ ချူမိသားစုမှ ဘိုးဘေးက အကြံပေးနေခြင်းဖြစ်၏။ ထို့အပြင် ကုသရမည့်သူက လုမိသားစုမှ ဘိုးဘေးဖြစ်နိုင်သည်။
သူ၏မျက်ဝန်းက လက်သွား၏။ လုကျန်းဟိုင် မည်သူကိုရည်ညွှန်းကြောင်းသူ သိသည်။ သူက လုမိသားစုမှ ဘိုးဘေး သူ၏အဖိုးဖြစ်သူ လုဝူတိဖြစ်သည်။
သည်နာမည်က ပြိုင်ဘက်ကင်းလှသဖြင့် ကောင်းကင်နှင့်မြေပြင်အောက်ကပင် တောင့်ခံရန်ခက်ခဲလှကာ မည်သူကမျှ သည်နာမည်ကို ဖော်ထုတ်ပြလေ့မရှိပေ။ မည်သူကမျှ မခေါ်ရဲကြခြင်းလည်းဖြစ်၏။ အကြောင်းမူကား လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လုဝူတိက ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်လျက် ဝရုန်းသုန်းကား ဖြစ်နေနိုင်သည့် အခြေအနေတစ်ခုကို ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။
သို့ရာတွင် လုဝူတိက ရုတ်တရက် တံခါးပိတ်ကျင့်ကြံသွားလေရာ လုအိမ်တော်က ပြိုကွဲလုမတတ်ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် အဓိကအိမ်တော်က အားနည်းသွားသလို ဖြစ်သွားခဲ့ပြီး အခြားအိမ်တော်ခွဲများက ဆူပူထကြွလာကြ၏။
လက်ရှိအနေအထားမျိုးဖြင့် လုယွီက သူ၏နောက်ခံကို ဖော်ထုတ်ပြသရန် အဆင်သင့်မဖြစ်သေးပေ။ လုယွီက လက်သီးနှစ်ဖက်ထိကပ်လျက် ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော် သခင်တို့ အကြောင်းကြားဖူးတာကြာပါပြီ၊ ဒီတစ်ကြိမ်မှာ သခင်တို့အတွက် ဆေးဖော်စပ်ပေးရမယ်ဆိုရင် ကျွန်တော်ကပဲ ဂုဏ်ယူရမှာပါ။”
လုယွီ ခန့်မှန်းသည်မှာ မမှားလျှင် လုမိသားစုက အတွင်းရေးပြဿနာများ ရှိနေနိုင်သည်။ သူကိုယ်တိုင်ကလည်း နောက်ခံကို ဖော်ပြရန် အဆင်သင့်မဖြစ်သေးပေ။ သူကသာ လုအိမ်တော်သို့ ပြန်သွားလျှင် ထိုလူများ၏ယုံကြည်မှုကို လက်ခံရရှိမည်ဖြစ်ကြောင်း မသေချာသေးပေ။ ထို့အပြင် အစစ်အမှန်အခြေအနေကိုလည်း သူ သေချာမသိသေးသည့်အတွက် သွားရောက်ရန် မသင့်သေးချေ။
လုကျန်းဟိုင်က သက်ပြင်းချသည်။
“ကောင်းပြီ၊ ဆရာသခင်ဝမ်ချန်းက အမိန့်တံဆိပ်ပြားနဲ့ဆိုရင် လုမိသားထဲကို ဝင်ရောက်နိုင်ပါတယ်၊ တစ်ပါတ်အတွင်းမှာ ရောက်လာနိုင်ရင် အကောင်းဆုံးပါပဲ၊ မဟုတ်ရင် ကျွန်တော်တို့ဘိုးဘေးက အဆင့်တက်ရောက်ဖို့အတွက် အချိန်သိပ်ဆန့်တော့မယ် မထင်ပါဘူး။”
လုကျန်းဟိုင်က ချူရှောင်းကို ဖိတ်ခေါ်ချင်သည်။ ဝမ်ချန်းကိုမူ တစ်ခါမှမကြားဖူးသေးချေ။
ချူမိသားစုမှ ဘိုးဘေး၏ကမ်းလှမ်းမှုကြောင့်သာမဟုတ်လျှင် သူက စိတ်ထဲထားလိမ့်မည် မဟုတ်ပေ။ သို့တိုင်အောင် လက်ရှိအနေအထားနှင့်ပင် လုကျန်းဟိုင် စိတ်ရှုပ်ထွေးနေသေး၏။ သူက လျှို့ဝှက်စွာဖြင့်ဝမ်ချန်းက ရောက်မလာစေရန် မျှော်လင့်မိသေးသည်။
လုကျန်းဟိုင်၏ပုံရိပ်က ဖျတ်ခနဲပျောက်ကွယ်သွားသည်။ ရွှေရောင်အလင်းမျှသာ လက်သွားခဲ့၏။ ထို့နောက် ရုတ်တရက် ရွှေရောင်အမိန့်တော်တစ်ခုက ထွက်ပေါ်လာခဲ့ပြီး လုယွီ၏လက်ထဲသို့ ရောက်လာတော့၏။
“သုံးရက်နေရင် ငါ့ရဲ့ချူမိသားစုက မင်းကို လုမိသားစုအထိ တိုက်ရိုက်ပို့ဆောင်ပေးမယ်။”
ချူရှောင်းက တည်ငြိမ်စွာပြောသည်။
လုယွီက လက်သီးနှစ်ဖက် ဖိကပ်လျက်ကျေးဇူးတင်လိုက်၏။ လက်ရှိအချိန်တွင် သူ ဆေးလုံး သောက်သုံးရန် အချိန်လိုသည်။ သုံးရက်က အကောင်းဆုံးဖြစ်၏။
ထို့အပြင် ချူမိသားစုက ဦးဆောင်ပေးမည်ဖြစ်လေရာ လမ်းတွင်ရှိသမျှ ပြဿနာအားလုံးကို ဖယ်ရှားပေးမည်ဖြစ်သည်။
လုယွီက ချူမိသားစုတွင် အချိန်ပြည့်ရှိနေပြီး သုံးရက်တိုင်တိုင် နေအုံးမည်ဖြစ်သဖြင့် အဂ္ဂိရက်ပညာရှင်များက သူ့ကိုတွေ့ရန်လာရောက်ကြသည်။
သို့ရာတွင် ချူမိသားစုကမူ ထွက်ခွာရန် အမိန့်ထုတ်ထားသည်။ ထို့ကြောင့် မည်သူပင်ဖြစ်စေကာမူ ချူမိသားစုသို့ဝင်ပြီး လုယွီကို မတွေ့နိုင်ကြတော့ပေ။
လုယွီက တံခါးပိတ်ကျင့်ကြံနေချိန်တွင် ချူမိသားစုမှ နတ်မင်းများစွာက အစည်းအဝေးခန်းမထဲတွင် ထိုင်နေကြသည်။ သူတို့က ခုခံအားအကာအကွယ်လွှာကို လွှတ်ထုတ်ထားကြပြီး သည်အစည်းအဝေးတစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။
ချူမိသားစု၏ဘိုးဘေးခန်းမ …
“ချူချင်ရဲ့ကိစ္စကတော့ …”
ချူရှင်းယွမ်က သည်လိုစကားကိုပြောဖို့ကြိုးစားပြီးမှ ရပ်တန့်သွားသည်။ ချူရှောင်းက ပျော်ရွှင်ဟန်လည်းမရှိ၊ ဒေါသထွက်နေဟန်လည်း မရသောအမူအရာမျိုးဖြင့် ပြောသည်။
“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကိုဖြတ်ပြီး သေမျိုးမြို့ကို လွှဲပေးလိုက်၊ အဲဒီမှာပဲ မြို့အရှင်လုပ်ပါစေ။”
“နောက်ပြီး သူနဲ့အပေါင်းအပါကလန်အဖွဲ့သားတွေ အားလုံးကို ကိုယ်ပိုင်မိသားစုတွေဆီကို ပြန်ခိုင်းပြီး ဘယ်တော့မှ မလာခိုင်းနဲ့တော့။”
ချူချင်းယွမ်အံ့ဩသွားသည်။ ထိုသို့ဆိုလျှင် ချူချင်၏တစ်မိသားစုလုံးကို ဖယ်ရှားပြီးသားဖြစ်၏ သို့ရာတွင် သူကလည်း အရူးလို အသနားခံပေးလိမ့်မည် မဟုတ်ပေ။ ချူချင်အာဏာရှိစဉ်က သူ့ကိုပင်သတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူး၏။ ထို့ကြောင့် သူတို့က ရန်သူဟုဆိုနိုင်လေရာ အသနားခံပေးလိမ့်မည်မဟုတ်ပေ။
အပိုင်း ၉၅၈
“ဝမ်ချန်းရဲ့နောက်ခံဇစ်မြစ်ကို စုံစမ်းပြီးပြီလား။”
ချူရှောင်းက မေးသည်။
ချူရှင်းယွမ်က ခေါင်းခါသည်။
“ကျွန်တော် မိသားစုက လူတွေအများကြီး စေလွှတ်ခဲ့ပေမယ့် ဘယ်သူကမှ ဘာသတင်းမှ မရခဲ့ကြပါဘူး။”
“လျှို့ဝှက်ဆန်းကြယ်နေတာပဲ။”
လုယွီက မည်သည့်အတွက် သည်လောက်ငယ်ရွယ်နေပြီး ခွန်အားအလွန် ပြင်းထန်နေကြောင်း သူတို့တွေးမိကြသည်။ ထို့အပြင် လုယွီက ကျော်ကြားခြင်းလည်း မရှိသေးပေ။
ချူရှင်းယွမ်က မေးသည်။
“ဘိုးဘေး ကျွန်တော်တို့ဆက်ပြီး သူ့အကြောင်း စုံစမ်းကြမှာလာ။”
ချူရှောင်းက ခေါင်းခါသည်။
“လူတွေကို ပြန်ခေါ်လိုက်ပါ၊ မင်းဝမ်ချန်းကို ဘယ်လိုမြင်လဲလို့ ငါ မေးချင်တယ်။”
ချူရှင်းယွမ် တိတ်ဆိတ်သွားသည်။ သူက လုယွီကိုပြန်တွေးမိ၏။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့်တိုင်အောင် ထိုကောင်လေး၏ ရက်စက်သော သွင်ပြင်ရှေ့တွင် ကြောက်လန့်မှုကို ခံစားရသေးသည်။ မြွေမိခင်က အထိတ်တလန့် ထွက်ပြေးသွားခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ ချူရှင်းယွမ်ကပင် သူကိုယ်တိုင်ဆိုလျှင်လည်း လုယွီကို တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ဟု တွေးတောမိ၏။
“သူ့ရဲ့ပါရမီက သာမန်ထက်ပိုတယ်၊ အရမ်းအရမ်းကို ပြင်းထန်လွန်းတယ်။”
ချူရှင်းယွမ်က မှတ်ချက်ချသည်။
ချူရှောင်းက ပြုံးသည်။
“ငါကသာ အဲဒီကောင်မလေးကို ဒီဝမ်ချန်းနဲ့လက်ထပ်ပေးမယ်ဆိုရင် မင်းတို့ ဘယ်လိုထင်လဲ။”
ချူရှင်းယွမ်က မျက်လုံးပြူးသွားသည်။
“ဘိုးဘေး ကျွန်တော်တို့အစက လုမိသားစုက တိုက်ရိုက်သားနဲ့ လက်ထပ်ပေးဖို့ သဘောတူထားတာမဟုတ်ပါလား။”
ချူရှောင်းက ခေါင်းခါသည်။
“ဒါက အရင်က ပြောခဲ့တာတွေပါပဲ၊ အဖိုးကြီးလုရဲ့သားက ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးခံရပြီး အိမ်ကနေ ထွက်သွားခဲ့တာ၊ သူ ဘယ်တုန်းကမှ ပြန်မလာခဲ့ဘူး၊ ငါ့မြေးက အသက်ကြီးနေတာမှန်ပေမယ့် ဝမ်ချန်းထက် အနည်းငယ်လောက်ပဲ ပိုကြီးမှာပါ၊ ဒါမှမဟုတ် မင်းက ယွီယူကို တစ်ခါမှမမြင်ခဲ့ဖူးတဲ့ အိမ်ကထွက်သွားတဲ့လူရဲ့သားနဲ့ လက်ဆက်ပေးချင်လို့လား။”
ချူရှင်းယွမ်က တိတ်သွားသည်။ ချူရှောင်းနှင့် လုမိသားစုမှ ခေါင်းဆောင်၏ကြားမှ သဘောတူညီမှုအရ လူငယ်မျိုးဆက်များက လိုက်နာခဲ့ရခြင်းဖြစ်၏။
ချူရှောင်းက ဆက်ပြောသည်။
“အဲဒါအပြင် ငါ နိုးထလာတဲ့အချိန်မှာ ယွီယူရဲ့အကြည့်က ဝမ်ချန်းဆီမှာပဲ ရှိနေတာကို ငါတွေ့ခဲ့ရတယ်၊ ငါ ထင်တာမမှားဘူးဆိုရင် ဒီလူငယ်တွေက တိုးတက်မှုရှိနေပါလိမ့်မယ်၊ အထူးသဖြင့် ယွီယူ ဝမ်ချန်းကိုကြိုက်နေတယ်။”
ချူရှင်းယွမ်၏ခေါင်းက ပိုငုံ့သွားသည်။ သူ၏စိတ်ထဲတွင်မူ ဘိုးဘေးက လူငယ်မျိုးဆက်များကြားမှ ခံစားချက်များကိုပင် လိုက်လံကြည့်ရှုနေခဲ့သည့်အတွက် မသက်မသာပင်ဖြစ်သွားခဲ့သေး၏။
“ဝမ်ချန်းရဲ့ခွန်အားက အဲဒီအဖိုးကြီးထက်တောင် မဆိုးဘူး၊ သူ့ရဲ့အဆင့်မှာဆိုရင် ငါ ခန့်မှန်းတာမှန်ရင် မင်မင်းဆက်အဆင့်အထွတ်အထိပ်ကိုတောင် ရောက်ကောင်း ရောက်နေလောက်ပြီ၊ ဒါမှမဟုတ် အဆင့်လွန်အဆင့်တောင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်၊ ဒီလိုစွမ်းအားကြီးတဲ့သူမျိုးက ငါ့တို့ချူမိသားစုရဲ့ မြေးသမက်ဖြစ်လာမှာလေ၊ ဘယ်လိုပဲတွေးကြည့်တွေးကြည့် ချူမိသားစုက အင်အားစုတွေ လိုအပ်နေခဲ့တာ မဟုတ်လား။”
သည်တစ်ကြိမ်တွင် ချူရှောင်းက သူ၏အကြံအစည်ကို တိုက်ရိုက်ပြောသည်။
ချူရှင်းယွမ်က ခေါင်းမော့သည်။ သူ၏မျက်ဝန်းထဲအလင်းရောင်က လက်သွား၏။ ဟုတ်သည်၊ ဝမ်ချန်းက အလွန်လုပ်နိုင်စွမ်းရှိ၏။ မြောက်ပိုင်းနယ်မြေတွင်လည်း အလွန်စွမ်းအားကြီးမားသွားပြီဖြစ်ပြီး ရေခဲနယ်မြေမှ လူများကိုလည်း ရှင်းပစ်နိုင်စွမ်းရှိသည်။
ဝမ်ချန်းကသာ ချူမိသားစုမှ မြေးတပည့်ဖြစ်လာမည်ဆိုလျှင် သူတို့ချူမိသားစုက ကြီးမားသော နောက်ခံအင်အားကို ပိုင်ဆိုင်သွားပြီဖြစ်သည်။ သူစိမ်းများကို အားကိုးနေရန ်မလိုအပ်တော့ပေ။ ထို့အပြင် ဝမ်ချန်းက ချူမိသားစု၏ယွီယူထက်ပင် ငယ်နေသေး၏။သည်ကိစ္စကလည်း အဆင်ပြေသည်။
“ကျွန်တော် စိုးရိမ်တာက လုမိသားစုက ကိစ္စပဲ။”
ချူရှင်းယွမ်က တုံ့ဆိုင်းသွားသည်။
ချူရှောင်းက လက်ကာပြ၏။
“စိတ်အေးအေးထား၊ ဒီကိစ္စက သူတို့ဘက်ကတောင် ဘာမှ ပြောလာခဲ့တာ မဟုတ်ဘူး၊ သုံးနှစ်ကြာသွားတဲ့နောက်မှာ ဒီကိစ္စက ပျက်ပြယ်သွားလိမ့်မယ်။”
ချူမိသားစု၏ဇိမ်ခံခြံဝန်းတစ်ခု …
လေပြည်များတိုက်ခတ်သွားချိန်တွင် သည်နေရာတွင် စောင့်ကြပ်နေသော အစောင့်ဘုန်းတော်ကြီးတစ်ပါးက တုန်ခါသွားသည်။ လွတ်မြောက်လိုသော ခံစားချက်ဖြစ်လာ၏။ သို့သော် သူတို့ မထွက်ပြေးရဲကြပေ။
သည်ခြံဝန်းအတွင်း၊ စံအိမ်အတွင်းတွင် လုယွီက ရုတ်တရက် မျက်လုံးကိုဖွင့်လိုက်သည်။ သူ၏မျက်ဝန်းက အေးစက်သောအလင်းတန်းများ ထက်ရှနေ၏။ သူ၏ကိုယ်အတွင်းမှ ရွှေရောင်အလင်းက လင်းလက်လာသည်။
“မြို့ပေါင်း ၂၈၀ ကို ဖြန့်ကျက်နိုင်တဲ့နတ်ဘုရားအာရုံ၊ ရှေးဟောင်းနတ်မင်းဆေး တစ်ဝက်၊ တကယ်ကိုကျော်ကြားမှုနဲ့ ထိုက်တန်တာပဲ။”
လုယွီက ရေရွတ်သည်။
သူ၏ကိုယ်မှ စွမ်းအားက ပို၍ သန်မာလာကြောင်း သူ ခံစားမိနေ၏။
ရုတ်တရက် မတ်တပ်ရပ်လိုက်ချိန်တွင် အက်ကွဲသံက ထွက်လာသည်။ တစ်ကိုယ်လုံးတွင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။
အပိုင်း ၉၅၉
သူ၏ကျင့်ကြံခြင်းအဆင့်က စိတ်ဝိဉာဉ်အဆင့်အထွတ်အထိပ်ဖြစ်သည်။ သည်ဆေးတစ်ဝက်နှင့်ဆိုလျှင် အကျိုးသက်ရောက်မှု များပြားသွားမည်ဖြစ်၏။ သူက အဆင့်တက်သွားခြင်း မရှိသေးသည့်တိုင်အောင် ဒါကို ဝါးမြိုလိုက်ပြီးသည်နှင့် တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသော စွမ်းအားများကို ခံစားမိသည်။
“ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့တဲ့ရတနာတွေ ဘယ်လောက်များ နေအုံးမလဲ မသိနိုင်သေးဘူး၊ ငါလုမိသားစုကိစ္စတွေ အရင်ဖြေရှင်းပြီးလို့ လင်းရှန်းကျုံးကိုပြန်ပြီးရင် အမွေအနှစ်တွေအကြောင်းကို လေ့လာရမယ်။”
ထိုသို့တွေးလိုက်သည်နှင့် လုယွီ၏နှလုံးသားက ပူပြင်းလာသည်။ လက်ရှိခေတ်တွင် ကောင်းကင်ဘုံအရှင်များကိုပင် ရူးသွပ်စေလောက်သော မရေမတွက်နိုင်သည့် အဖိုးတန်ပစ္စည်းများစွာ ရှိနိုင်သေး၏။ ထိုအရာများထဲမှ တစ်ခုနှင့်အတူ ရင်ဆိုင်ရမည်ဟုပင် မထင်သေးမိပေ။
သူ၏ကျင့်ကြံခြင်းက သုံးရက်ခန့်ကြာသည်။ သုံးရက်ပြည့်သွားပြီဖြစ်သည့်အတွက် လုမိသားစုသို့ ထွက်ခွာရတော့မည်ဖြစ်သည်။
တံခါးကိုဖွင့်လိုက်ချိန်တွင် ခြံဝန်း၏တစ်ဖက်တွင် ဝင်ရောက်လာနေသော အလှလေးကို မြင်လိုက်ရ၏။
“နင် ထွက်လာပြီပဲ၊ ငါ နင့်ကို လာခေါ်တော့မလို့။”
ချူယွီယူက လုယွီကို မြင်လိုက်သည်နှင့် သူမ၏ပါးပြင်များက နီရဲလာသည်။
လုယွီ ချူမိသားစုကို ကယ်ပြီးကတည်းက လုယွီ၏ပုံရိပ်က ချူယွီယူ၏စိတ်အတွင်း မြင့်မားသွားခဲ့သည်။ သူမကို လုယွီကယ်ဆယ်ခဲ့သည့်အချိန်ကို ပြန်တွေးမိတိုင်း သူမ၏နှလုံးသားက တုန်ယင်လာရ၏။
“ငါ ဘာလို့ သူ့ကိုပဲ တွေးနေမိတာလဲ၊ နောက်ပြီး ဘာလို့ ဘိုးဘေးကလည်း ငါ သူနဲ့အတူ လုမိသားစုဆီကိုသွားရင် ပျော်မယ်လို့ထင်နေတာလဲ။”
ထိုမေးခွန်းများက ချူယွီယူ၏စိတ်အတွင်း ထင်ရှားလာသည်။ သူမ ဝန်မခံချင်သော်လည်း လက်ရှိအချိန်တွင်မူ သူမ လုယွီအား သဘောကျနေသည်မှာ သေချာသွားလေပြီ။
လုယွီက ပြောသည်။
“ကျေးဇူးတင်ပါတယ်၊ ချူမိသားစုက စိုးရိမ်မှု လွန်ကဲနေတာပဲ၊ ငါ ဒီနေ့ပဲ လုမိသားစုဆီကို ထွက်သွားတော့မှာ၊ နှုတ်ဆက်ပါတယ်။”
“အင်း”
ချူယွီယူက ကြောင်သွားသည်။ လုယွီ အဝေးသို့ ရောက်သွားပြီးမှသာလျှင် ချူယွီယူ ခြေဆောင့်တော့၏။
“ဘာလဲ၊ ငါလဲ သူနဲ့အတူ သွားရမှာပဲလေ။”
…
မြောက်ပိုင်းနယ်မြေ၊ ထျန်းကျင်းမြို့ …
လုပိုင်နက်
မြောက်ပိုင်းနယ်မြေတွင် နတ်မင်းများအများအပြားရှိသော အစည်ကားဆုံးမြို့က လင်းရှောင်မြို့နည်းတူ ကျော်ကြားသည့်ထျန်းကျင်းမြို့ဖြစ်သည်။ ဒါကို လုအိမ်တော်မှ မြို့ဟုလည်း သတ်မှတ်နိုင်၏။
မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံးမိသားစုဖြစ်သော လုမိသားစုက သည်မြို့ကို ဌာနချုပ်အဖြစ်သတ်မှတ်ကာ အပိုင်သိမ်းထားခြင်းအား မည်သူကမျှ အထွန့်တက်ရဲလိမ့်မည် မဟုတ်ပေ။
သည်တစ်ကြိမ်တွင်လည်း ထျန်းကျင်၏အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက တန်းစီနေကြရသည်။ သူတို့အားလုံးက မြို့ထဲသို့ဝင်ရန် ကြိုးစားနေကြခြင်းဖြစ်၏။ သည်ထဲတွင် နတ်မင်းများစွာပါဝင်သကဲ့သို့ ဓမ္မအဆင့်များစွာလည်းရှိသည်။ ထိုလူများက သူတို့၏ကိုယ်ပိုင်နယ်မြေအသီးသီးတွင် ကျော်ကြားသူများ ဖြစ်လောက်သော်လည်း သည်နေရာတွင်မူ ဘာမှ မဟုတ်ပေ။
အကြောင်းမူကား သည်နေရာကို စောင့်ကြပ်နေသည်က လုမိသားစုဖြစ်သောကြောင့်ဖြစ်၏။ ထိုတစ်ယောက်၏ လုပ်ဆောင်နိုင်စွမ်းနှင့်ခွန်အားက မည်မျှပင် ပြင်းထန်နေစေကာမူ လုမိသားစု၏အရှေ့တွင် ထုတ်ဖော်မပြောရဲကြပေ။
ကောင်းကင်မှ ကြီးမားသော သားရဲကြီးဆင်းသက်လာသည်။ ထို့နောက် လုယွီနှင့်ချူယွီတို့ ဆင်းသက်လာကြ၏။ သူတို့နှစ်ယောက်အနေနှင့် ချူမိသားစုမှ လုမိသားစုထံသို့ ရောက်လာရန် သုံးရက်ခန့်အချိန်ယူခဲ့ရသည်။ သူတို့ အချိန်မှန် ရောက်လာသည်ဟုပင် ဆိုရမည်ဖြစ်၏။
“ဒါက ထျန်းကျင်းမြို့ပဲ၊ ငါတို့တွေ လုအိမ်တော်ကိုသွားချင်ရင် အရင်ဆုံး ထျန်းကျင်းမြို့ကနေ ဖြတ်သွားရလိမ့်မယ်၊ သေချာပေါက် လုစံအိမ်တော်ကိုဝင်ဖို့ ခွင့်ပြုမိန့် အရင်ယူရမှာပေါ့။”
ချူယွီယူက လုယွီကို ရှင်းပြသည်။ သူမက ဆက်ပြော၏။
“ဒါပေမယ့် နင့်ဆီမှာ လုကျန်းဟိုင်ခေါင်းဆောင်ရဲ့တံဆိပ်ပြား ရှိနေမှတော့ နင် ဝင်လို့ရမှာပါ။”
လုယွီက ခေါင်းငြိမ့်ပြီး အခြားတံခါးသို့ကြည့်သည်။ ထိုတံခါးက ပြောင်ရှင်းနေ၏။ တန်းစီနေသူများလည်း မရှိပေ။
ချူယွီယူကလည်း ရှင်းပြသည်။
“ဒီလမ်းကြောင်းက လုမိသားစုဝင်တွေအတွက် သီးသန့်ပြင်ထားတာလေ၊ အခြားသူတွေ ခွင့်ပြုမိန့်မရှိဘဲ ဒီနေရာကနေ မဖြတ်ရဲကြဘူး။”
“ဒါဆို အဲ့ဒီကိုပဲ သွားရအောင်။”
လုယွီက ပြောသည်။
သူက သည်လိုနေရာမျိုးတွင် အချိန်ထပ်ဖြုန်းမနေချင်တော့ပေ။
အပိုင်း ၉၆၀
ချူယွီယူကလည်း ခေါင်းငြိမ့်သည်။ လုမိသားစုထံမှ အစောင့်ထံသို့ သွားတော့မည့်အချိန်တွင်ပင် ဂိတ်မှ ရွှေရောင်အလင်းက လက်လာ၏။
“လုမိသားစုဝင်တစ်ယောက်ယောက် ထွက်လာတာဖြစ်ရမယ်။”
“လုမိသားစုရဲ့သွေးမျိုးဆက်တွေ ထွက်လာမှပဲ ဒီလိုမြင်ကွင်းမျိုးဖြစ်တာပဲ၊ ဘယ်သူ ထွက်လာတာလဲမသိဘူး။”
ထျန်းကျင်းမြို့သို့ ဝင်ချင်ကြသော လုမိသားစုဝင်အချို့က သည်အခြေအနေကို မြင်သောအခါ ဝိုင်းအုံကြည့်လာကြ၏။ မည်သို့ပင်ဆိုစေ မြောက်ပိုင်းနယ်မြေ သူတို့မိသားစုက ပထမအဆင့်မြို့တော်ဖြစ်သည်။
ကျော်ကြားသော ဂုဏ်သိက္ခာကိုလည်း ပိုင်ဆိုင်ထားကြသည့်အတွက် အားလုံးက မည်သူထွက်လာကြောင်း သိလိုကြလေ၏။
ရွှေရောင်အလင်းက ဖြတ်သန်းသွားပြီးနောက်တွင် ဂိတ်မှ ငယ်ရွယ်ချောမောသော လူတစ်ယောက် ထွက်လာသည်။ သူ ထွက်လာသည်နှင့် လူအများစု၏အာရုံကို ဆွဲဆောင်သွား၏။
“လက်စသတ်တော့ ဒုတိယအိမ်တော်ခွဲက သခင်လေးလုချန်း ဖြစ်နေတာကိုး။”
“သခင်လေးလုချန်းကအသက် ၃၀ ပဲရှိသေးပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်တဲ့အဆင့်အထိတောင် ရောက်နေပြီ၊ သူကသာ အလယ်ပိုင်းဒေသမှာဆိုရင် ပုန်းကွယ်နေသော နဂါးအဆင့်သတ်မှတ်ချက်က ထိပ်ဆုံးငါးယောက်အတွင်းတောင် ဝင်နိုင်တယ်။”
အခြားသူများက ပြောနေကြသည်။
အများစုက လုချန်းအား ချီးကျူးနေကြခြင်း ဖြစ်၏။ ဒါက လုချန်း၏မျက်နှာကို ပို၍ တောက်ပသွားစေခဲ့သည်။ သည်လိုစကားမျိုးက နားထောင်၍လည်းကောင်းသည်။ သူ နှစ်သက်သဘောကျမိ၏။
ထိုအချိန်တွင် လူအုပ်ထဲမှ အလှလေးကို လုချန်း မြင်လိုက်ရသည်။ ချက်ချင်းဆိုသလို သူက ချူယွီယူအနားသို့သွား၏။
“ယွီယူ ငါ့ရဲ့လုမိသားစုဆီကိုလာတာလား၊ မင်း ငါ့ကိုကြိုပြောသင့်တယ်၊ ဒီလိုဆိုရင် ငါကိုယ်တိုင်လာခေါ်မှာပေါ့။”
လုချန်း၏မျက်နှာက တောက်ပသွားသည်။
ချူယွီယူက ပြုံးလိုက်၏။
“အစ်ကိုလုချန်းဖြစ်နေတာကိုး၊ ကျွန်မက ဘိုးဘေးကပေးလိုက်တဲ့ အဓိက အရေးတကြီးတာဝန်တစ်ခုကြောင့် ရောက်လာခဲ့တာပါ။”
ချူရှောင်း၏အမိန့်က လုယွီကို လမ်းညွှန်ပေးရန်ဖြစ်သည်။ သူမ လုမိသားစုသို့ မလာချင်ပေ။သည်တစ်ကြိမ်က သူမအဖိုး၏တောင်းဆိုမှုကြောင့်ဖြစ်၏။
လုချန်း၏မျက်ဝန်းက တောက်ပသွားသည်။
“ပြောရရင် မင်း ချူမိသားစုက ကျော်ကြားတဲ့အဂ္ဂိရက်ပညာရှင်မိသားစုပဲ၊ ယွီယူ ဘာလို့ ငါ့ကို ကြိုမပြောတာလဲ။”
ထို့နောက် လုချန်း၏လက်က မသိလိုက်မသိဘာသာပင် ချူယွီယူ၏ပုခုံးပေါ်သို့ ရောက်မတတ်ဖြစ်သွားသည်။ ချူယွီယူက မျက်မှောင်ကြုတ်ပြီး လုချန်း၏လက်ကို ရှောင်သည်။ ထို့နောက် ပြော၏။
“ကျွန်မမှာ လုပ်စရာရှိနေသေးလို့ အစ်ကိုလုချန်းကို မနှောင့်ယှက်တော့ပါဘူး။”
“မဟုတ်တာ၊ မင်းနဲ့ဆုံဖို့ဒီလောက်ခက်တာ၊ ထျန်းကျင်းမြို့မှာ လူတွေ ဒီလောက်များနေတာ၊ ငါ ကိုယ်တိုင် မင်းကို ဒီဂိတ်ကနေ ခေါ်သွားပေးမယ်။”
လုချန်းက အနောက်မှ ဂိတ်ကိုလမ်းညွှန်သည်။ ချူယွီယူ အံ့ဩသွားကာ ပြော၏။
“ဒီဝင်ပေါက်က လုမိသားစု မျိုးဆက်တွေအတွက်ပဲ မဟုတ်လား။”
လုချန်းက ရယ်သည်။
“သာမန်လူတွေအတွက်ဆိုရင်တော့ ဟုတ်တာပေါ့၊ ဒါပေမယ့် မင်းကတော့ ဒါကို ဂရုစိုက်နေဖို့မလိုဘူး။”
ထိုသို့ပြောပြီးနောက် လုချန်းက အနောက်သို့ ကျော်ကြည့်သည်။ ထိုနေရာတွင် လုယွီရှိနေ၏။
“မင်းရဲ့အစောင့်ကို အခြားလမ်းကနေ ဝင်သွားခိုင်းလိုက်ပါ၊ ယွီယူကိုတော့ ငါ ခေါ်သွားပေးမယ်။”
သူက လုယွီကို ချူယွီယူ၏အစောင့်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ ချူယွီယူက အေးစက်စွာပြော၏။
“ဆရာသခင်လုချန်း ဒါက ကျွန်မမိတ်ဆွေပါ၊ ကျေးဇူးပြုပြီး လေးစားမှုထားပါ။”
“မင်းရဲ့မိတ်ဆွေလား။”
လုချန်းက လုယွီကို အေးစက်သောမျက်ဝန်းများဖြင့်ကြည့်သည်။ ချူယွီယူက သူ ကြိုက်သော အမျိုးသမီးဖြစ်၏။ ချူယွီယူကို အကြီးဆုံးမြေးနှင့် စေ့စပ်ထားသော်လည်း သူ ဂရုမစိုက်ပေ။ သို့သော် သည်လူကမူ ချူယွီယူ၏မိတ်ဆွေဟုခေါ်လာသည်။ ဒါက သူ့ကို ဝမ်းနည်းစေ၏။
“မမျှော်လင့်ထားဘဲ ယွီယူမှာ ဒီလိုအားနည်းတဲ့ မိတ်ဆွေတစ်ယောက်ရှိနေတာပဲ၊ သူ့ရဲ့အရှိန်အဝါကိုတောင် မခံစားရဘူး ဟီးဟီး၊ ဒါပေမယ့် ယွီယူရဲ့မိတ်ဆွေ ဆိုမှတော့လည်း ခေါ်သွားလိုက်ပါ့မယ်။”
လုချန်းက အပြုံးနှင့်ပြောသည်။
လုယွီက တစ်ခဏခန့်တွေးတောနေပြီးနောက် ဂိတ်မှ ဖြတ်သွားရန်သာ ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေ သူ့တွင် တံဆိပ်ရှိသော်လည်း အချိန်ယူရနိုင်သေးသည်။ ထို့ကြောင့် အခြားဝင်ပေါက်မှ သွားခြင်းက အကောင်းဆုံး ဖြစ်နိုင်၏။
“သွားကြစို့။”
လုချန်းက ချူယွီယူနှင့်လုယွီကိုခေါ်ကာ ဂိတ်ပေါက်သို့ရောက်သည်။ ထိုနေရာတွင် ဂိတ်ပေါက်ကို လွှမ်းခြုံထားသော အလင်းကာတစ်ခုရှိသည်။ လုချန်းက သူ၏ခါးမှ တံဆိပ်ပြားကို တစ်နေရာသို့ ထိတွေ့လိုက်၏။ ထိုအခါ တဆစ်ဆစ်အသံများ ထွက်ပေါ်လာသည်။ အလင်းကာက ခွာသွား၏။
“ဒီအလင်းကာက ကိုယ်အတွင်းက သွေးကြောတွေကို စစ်ဆေးတာပဲ၊ ဒါပေမယ့် ဒီတံဆိပ်ပြားနဲ့ဆိုရင် ယွီယူ ဝင်လို့ရတာပေါ့။”
လုချန်းက ပြောသည်။ သူက သည်အလင်းတန်းချူယွီယူကို မထိတွေ့အောင် လုပ်လိုက်ပေးသည်။ သည်နည်းအားဖြင့် ချူယွီယူ၏မျက်နှာက မသက်မသာဖြစ်တော့မည် မဟုတ်ပေ။