← Chapters

အခန်း (၉၆၁-၉၆၅)

Vol. 51 Ch. 961-965

အခန်း (၉၆၁-၉၆၅)

Vol. 51 Ch. 961-965

အပိုင်း ၉၆၁

ရုတ်တရက် ချူယွီယူက အနောက်သို့ လှည့်ကြည့်လိုက်သောအခါ အလင်းကာက လုယွီ၏အရှေ့တွင် ပိတ်ထားကြောင်း မြင်လိုက်ရသည်။

“စိတ်အေးအေးထားပါ ယွီယူ၊ အဲဒီကောင်လေး ဒီမြင်ကွင်းကို မြင်ပြီး ကြောက်သွားတာဖြစ်ရမယ်၊ ဒါကြောင့် သူ မဝင်လာရဲတော့ဘူး။”

လုချန်း၏မျက်ဝန်းက အေးစက်သောအလင်းရောင် လက်သွားသည်။ သူက လုယွီအတွက် ဝင်ပေါက်ဖွင့်ပေးလိမ့်မည် မဟုတ်ပေ။

လုမိသားစုဝင်များက အခြားသူများအတွက် သည်ခါးမှတံဆိပ်ပြားဖြင့် ဝင်ပေါက်ဖွင့်ပေးနိုင်သော်လည်း ဝင်ပေါက်ပွင့်မနေခဲ့လျှင်မူ သည်အလင်းကာက သူတို့ကိုယ်ပေါ် ကျရောက်သွားခဲ့ပြီး သူတို့၏သွေးကြောနှင့်အရိုးများ၊ ကြွက်သားများကို ထိခိုက်နာကျင်စေပေလိမ့်မည်။ မခံမရပ်နိုင်အောင် နာကျင်စေလာနိုင်၏။

“ကောင်လေး မချဉ်းကပ်သင့်တဲ့လူကို ချဉ်းကပ်မိတဲ့အတွက် အပြစ်တင်လိုက်တော့။”

လုချန်းက စိတ်ထဲတွင် အေးစက်စွာတွေးလျက် မျက်နှာမဲ့နေသည်။

သူက လုယွီကို ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ချူယွီယူ၏အနားသို့ အခြားအမျိုးသားများ ကပ်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

လုချန်းက လုမိသားစုမှ ဒုတိယအိမ်တော်ခွဲမှဖြစ်သည်။ သို့ရာတွင် ချူမိသားစု၏ အထောက်အပံ့ရလျှင် သူက အနာဂါတ်တွင် လုမိသားစု၏ခေါင်းဆောင်နေရာကိုပင် လက်ခံနိုင်မည်ဖြစ်၏။ သည်နေရာတွင်‌ မျှော်လင့်ချက်ရှိလာနိုင်ပေမည်။

ထို့အပြင် ချူယွီယူက မြောက်ပိုင်းနယ်မြေမှ ကျော်ကြားသော အလှလေးဖြစ်သည်။ သူမ၏ဆေးမီးဖိုကဲ့သို့ ခန္ဓာကိုယ်လည်းရှိနေသေး၏။ သည်နည်းအားဖြင့် သူ၏ကျင့်ကြံခြင်းအဆင့်အတွက်လည်း အဆင်ပြေလေသည်။

လုချန်း၏အကြည့်များက အေးစက်စွာဖြင့် ချူယွီယူကိုကြည့်သည်။ သူ၏မျက်ဝန်းအတွင်း နတ်ဆိုးဆန်သောအလင်းများ လက်သွား၏။

“ဒါက ထျန်းကျင်းမြို့လား၊ လုမိသားစုဆီကို ဘယ်လိုသွားရမှာလဲ။”

ရုတ်တရက် အနောက်မှ အသံပြတ်ပြတ်ထွက်လာသည်။

ထိုအသံကိုကြားသည်နှင့် လုချန်း တုန်ယင်သွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ့အနောက်တွင်ရပ်နေသော လုယွီကို မြင်လိုက်ရ၏။

“မင်း မင်း ဘယ်လိုဝင်လာတာလဲ။”

သူ လုယွီအတွက် တံခါးမဖွင့်ပေးခဲ့သည်မှာ သေချာသည်။ လုမိသားစု၏သွေးသား မဟုတ်လျှင် မည်သူမျှ ဝင်လာနိုင်မည်မဟုတ်ကြပေ။

လုယွီက ဖြေ၏။

“ငါ မင်းကို မေးနေတယ်၊ လုမိသားစုဆီကို ဘယ်လိုသွားရမှာလဲ။”

လုယွီက ဝင်နိုင်ခဲ့သည်။ သူ ဝင်ပေါက်သို့ဝင်ကတည်းက ခံစားမိလိုက်၏။ သူက လုမိသားစုဝင်သာမဟုတ်လျှင် သည်လိုဝင်လိုက်သည်နှင့် သူ့ကိုဒဏ်ရာရစေနိုင် လောက်သည်။

သို့ရာတွင် လုယွီက တတိယမျိုးဆက်မှ တိုက်ရိုက်ဆက်ခံသူဖြစ်သည်။ သွေးမျိုးဆက်စစ်မှန်မှုကို ပြသမည်ဆိုလျှင် သူ့ရှေ့မှ လူကပင် လုယွီကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ချူယွီယူက မျက်မှောင်ကြုတ်ပြီးပြောသည်။

“အစ်ကိုလုချန်း ကျွန်မတို့ လုမိသားစုကို တိုက်ရိုက်သွားဖို့ အရေးတကြီးကိစ္စရှိနေလို့ပါ၊ ကျွန်မ ကြားထားတဲ့အတိုင်းဆိုရင် လုအိမ်တော်က နှစ်တိုင်းလိုလို နေရာရွေ့ပြောင်းခြင်းဝင်္ကပါအခင်းအကျင်းကို ပြောင်းလဲတတ်တယ်လို့ ကြားထားတယ်၊ ဒါကြောင့် ဘယ်နေရာကနေ ဘယ်ကိုသွားရမလဲဆိုတာကို ပြောပြပေးပါလား။”

သူမက လုချန်းပြဿနာရှာနေမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းဆိုသလို ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ချူမိသားစုမှ ပေးလိုက်သော သတင်းပို့သံတမန်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ သည်တံဆိပ်ပြားက ချူမိသားစုမှ သံတမန်တံဆိပ်ပြားကို ပြသနေခြင်းဖြစ်လေရာ မည်သူကမျှ မတားနိုင်ကြတော့ပေ။

လုချန်းက စိတ်ထဲတွင် ဝမ်းနည်းသွားသည်။ သည်နည်းအားဖြင့် သူတို့ကို လမ်းညွှန်ပြသလိုက်လျက် လုယွီတို့အား အခြားတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်၏။

လုယွီနှင့်ချူယွီယူတို့ ဝေးကွာသွားသောအခါ လုချန်းက မြေပြင်တွင် ရပ်နေလျက်သား ရှိနေသေးသည်။

“ဒီမိန်းမကတော့ ဟမ့် ငါက ဒီနေရာကို ကျော်ကြားတဲ့ အဂ္ဂိရက်ပညာရှင်ဆရာသခင်ကို လာကြိုဆိုတာကြောင့် မဟုတ်ရင် ဒီလိုဖြစ်လိမ့်မယ်မထင်ဘူး။”

လုချန်းက အေးစက်စွာပြောသည်။

သူ၏တာဝန်က တန်ဆေးအစည်းအဝေးပွဲမှ အနိုင်ရသူ ဆရာသခင်ဝမ်ချန်းကို လာရောက်ကြိုဆိုရခြင်းဖြစ်သည်။ သတင်းများအရ ဆရာသခင်ဝမ်ချန်းက ချူရှောင်းထက်ပင် သာသေးသည်ဟုဆို၏။ ချူရှောင်း ပြန်လည်သက်သာအောင် သူကပင် လုပ်ပေးသည်ဟု ပြောကြသေးသည်။ ထို့ကြောင့် ဆရာသခင်ဝမ်ချန်း ရောက်လာသည့်အခါ ရင်းနှီးမှုရဖို့ ကြိုးစားရန် ဆုံးဖြတ်ထားလေသည်။

အပိုင်း ၉၆၂

ထျန်းကျင်းမြို့ လုစံအိမ်

ထျန်းကျင်းမြို့တစ်မြို့လုံးသည် လုမိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

ထျန်းကျင်းမြို့၏ အခြားတဖက်တွင် လုစံအိမ်သို့ ပို့ပေးနိုင်မည့် နေရာရွေ့ပြောင်း အခင်းအကျင်းရှိသည်။

“ ရပ်စမ်း၊ ဒါက လုမိသားစု အပိုင်နေရာပဲ။ ခွင့်ပြုမိန့်မရှိဘဲ ဘယ်သူမှ မလာရဘူး”

လုမိသားစုမှ အစော င့်များက လုယွီတို့အား တားသည်။

သူတို့၏ အနောက်တွင်လည်း အလွန်သန်မာသူများ ရှိနေကြသေးသည်။

လုယွီက တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

“ အာ ဧည့်သည်တော်တို့ ဖြစ်နေတာပဲ။ ကြွပါ ကြွပါ”

တံဆိပ်ပြားကို မြင်သည်နှင့် လုမိသားစုမှ အစောင့်များနှင့် ဘုန်းတော်ကြီးများ၏ အမူအယာများက ပြောင်းကာ ချိုသာကုန်ကြသည်။ ထို့နောက် သူတို့ကို ကြိုဆို၏။ သူတို့သည် ခန်းမအတွင်း ဝင်ပြီးသည်နှင့် အလင်းတန်းက သူတို့အား လွှမ်းခြုံသွားသည်။ထို့နောက် တဖန် ပြန်ထွက်လိုက်သောအခါ သူတို့ရှေ့ရှိ မြင်ကွင်းက လင်းချင်းနေလေသည်။ နေရာတိုင်းတွင် ဝိဉာဉ်စွမ်းအင်များ အပြည့်ရှိနေ၏။

သူတို့သည် သီးသန့်တည်၇ှိနေသော လုမိသားစု ပိုင်နက်သို့ ရောက်သွားကြသည်။ သူတို့၏ရှေ့တွင် ခမ်းနားသော အဆောက်အဦများစွာကို မြင်ရသည်။

ဝင်ပေါက်၏ အလယ်တွင် အလွန်ခမ်းနားသော ဂိတ်တံခါးပေါက်ရှိပြီး တဖက်ဆီတွင် ခင်္သြေ့ရုပ်ထုကြီးများကို မြင်ရသည်။

“ ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်လား”

သူတို့ကို လမ်းညွန်သော အစောင့်က ပြောသည်။

သည်နေရာက လင်းရှောင်းထက်ပင် ဝိဉာဉ်စွမ်းအင် သိပ်သည်းသည်ဟု သူ ခံစားနေရသည်။

“ လောကရဲ့ ပထမတံခါးပေါက်လို့ ပြောတာ အံ့သြစရာမရှိတော့ဘူးပဲ”

လုယွီက သက်ပြင်းချသည်။

သူ၏ ဖခင် ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီးနောက် သည်နေရာမှ ထွက်ခွာပြီး တောင်ပိုင်းနယ်မြေ အပျက်အစီး ဒေသသို့ ထွက်လာသည်မှာ အံ့သြစရာ မရှိပေ။ သူ၏ ဖခင်ကဲ့သို့ လူမျိုးက သည်လိုနေရာမျိုးတွင်လည်း နေနိုင်မည် မထင်ပေ။

“ ဒါက ငါတို့ရဲ့ လုမိသားစုက အဓိကနယ်မြေပေါ့။ ငါတို့ရဲ့ လုမိသားစုမှာ အဓိက စံအိမ်တော် ငါးခုှရှိတယ်။ ဒီငါးနေရာမှာ သဘာဝစမ်းရေအိုင်နဲ့ အထွတ်အမြတ် သစ်ပင်တွေရှိလို့ ငါတို့ မိသားစုအတွက် အရင်နှစ်တွေမှာ စိတ်ဝိဉာဉ်စွမ်းအင်အပြည့်နဲ့ နေနိုင်ခဲ့တာပဲ”

အစောင့်က ရှင်းပြသည်။ လုယွီက တိတ်နေကြောင်းမြင်သောအခါ သူ ဂုဏ်ယူလာ၇သည်။

မည်သို့ပင်ဆိုစေ သည်နေရာသို့ ပထမဆုံးအကြိမ် ရောက်လာသူတိုင်းက သည်လိုခမ်းနားသော မြင်ကွင်းက အမြဲတစေ မင်သက်ငေးမောနေလေ့ရှိသည်။

ရုတ်တရက် လမ်းတွင် ခရမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက်က လူတစ်အုပ်ကို ကြာပွတ်နှင့် ရိုက်ေနေကြောင်း မြင်လိုက်ရသည်။ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်က အရိုက်ခံနေရသူများထက် နိမ့်သည်။

“ သူတို့က အစေခံတွေလား”

“ ဟုတ်တယ်၊ သူတို့က အဓိက အိမ်တော်ခွဲကလေ။ သိတဲ့အတိုင်း သူတို့မှာ မှီခိုရမယ့်လူ မရှိ၊ အားကိုးရမယ့်သူ မရှိတော့ အနိမ့်ဆုံးအလုပ်တွေပဲ လုပ်ရတယ်။ “

လုယွီ၏ အမူအယာက တည်တင်းသွားသည်။

“ အဓိက အိမ်တော်ခွဲမှာ ဘယ်သူမှ မရှိဘူးလား”

“ မင်းက ဘယ်သိပ့ါမလဲ၊ လက်၇ှိမှာ ဒုတိယနဲ့ တတိယအိမ်တော်ခွဲကပဲ အာဏာရှိနေတာလေ။ ပထမအိမ်တော်ခွဲမှာ အကြီးအကဲတစ်ယောက်ရှိပေမဲ့ သူကလည်း ဂရုမစိုက်ဘူး”

“ အဓိက မိသားစုက မျိုးဆက်တွေရှိကြပေမဲ့ တစ်ယောက်ကမှ ပါရမီမကောင်းကြဘူး၊ သူတို့ကိုယ်ထဲက သွေးက တိုက်ရိုက်ဖြစ်နေလို့သာ မဟုတ်ရင် နှင်ထုတ်ခံရတာ ကြာလောက်ပြီ”

လုယွီ၏ မျက်ဝန်းက အေးစက်သွားသည်။ မည်သို့ပင်ဆိုစေ ထိုလူများက အဓိက အိမ်တော်ခွဲမှ ဖြစ်နေသေးသည်။

“ အဖေက လုမိသားစုက အရှင်ငယ်ဖြစ်ပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့လို့ ဘဝတစ်ဝက်လောက် သဘာဝနယ်မြေအဆင့်မှာ တန့်သွားခဲ့တယ်။ ဒါပေမဲ့ အခု ငါ ပြန်လာပြီ၊ လုစံအိမ်မှာ ပထမစံအိမ်တော်၊ အဓိက အိမ်တော်ခွဲကပဲ အာဏာရှိရမယ်”

အပိုင်း ၉၆၃

သည်နေရာက ပိုင်နက်နယ်မြေတစ်ခုလုံး၏ အရှေ့ဘက်အကျဆုံးဖြစ်သည်။ ဆေးပင်ရနံ့များ သင်းနေသော တောင်တန်းကြီးကိုလည်း မြင်ရသည်။ မရေမတွက်နိုင်သော ရတနာဆေးပင်များက သည်နေရာတွင် ပေါက်သည်။

သည်နေရာကလည်း ချူမိသားစုတွင်ကဲ့သို့ လုမိသားစုမှ တန် အဂ္ဂိရက်ပညာရှင်များအတွက် သုခဘုံဖြစ်သည်။

“ ဧည့်သည်တော် အထဲကိုတော့ ငါ ၀င်လို့မရဘူး၊ ဒါပေမဲ့ တံဆိပ်ပြားနဲ့ဆိုရင် မင်းအတွက် ပြဿနာ မရှိနိုင်ပါဘူး”

အစောင့်က ပြောသည်။

လုယွီက ခေါင်းညိတ်ပြီး အထဲသို့ ၀င်သည်။

ချူယွီရူအတွက်မူ လုမိသားစုက ဧည့်သည်ခန်း ပြင်ထားပေးသည်။ သူမက တန်ဆေးတောင်သို့ လာရန် အဆင့်မမီပေ။


လုယွီကပင် သူ့ကိုယ်သူ တန်နတ်ဘုရားဟု မခေါ်သေးပေ။ ပြောရလျင် ကောင်းကင်အောက်တွင် သူ့ကို ယှဉ်နိုင်သူမရှိပေ။ သူက သည်ဘွဲ့နှင့် ထိုက်တန်လေသည်။

“ ဒါပေမဲ့ သူနဲ့ ပက်သတ်ပြီး တစ်ခုခု ထူးခြားနေတာလည်း ဖြစ်နိုင်တာပဲ”

သူက တန်ဆေးတောင်တန်း အစပ်နားသို့ ရောက်သွားသည်နှင့် တန်ဆေးဝတ်စုံ ၀တ်ထားသော မိန်းမတစ်ယောက်က ထွက်လာသည်။

“ ငါက အဂ္ဂိရက်ပညာရှင် လုဝေဝေပဲ။ နင်က ဆရာသခင် ၀မ်ချန်းရဲ့ အကူကောင်လေးလား။ ဆရာသခင် ၀မ်းချန်းပဲ ဒီနေရာကို ၀င်နိုင်တယ်”

ထိုအမျိုးသမီးက အေးစက်စွာ ပြောသည်။

လုမိသားစုက ကြိုတင်ပြောထားသဖြင့် သူတို့ကြားဖူးထားသည်မှာ ကြာလှလေပြီ။ လုဝေဝေ နားလည်ထားသည့်အတိုင်းဆိုလျင် ချူမိသားစု ဘိုးဘေးကပင် တိုက်ရိုက် ထောက်ခံပေးလိုက်ကတည်းက သူက ရှေးမျိုးဆက်မှ ဖြစ်ရပေမည်။

လုယွီက ေ ခါင်းသာ ခါလျက် ရှေ့ဆက်သွားသည်။

လုယွီက ရှေ့ဆက်သွားနေကြောင်းမြင်သော လုဝေဝေ၏ အကြည့်က အေးစက်သွားသည်။

“ ဆရာသခင် ၀မ်ချန်းရဲ့ အကူက စည်းကမ်းနားမလည်မှန်း မထင်ထားမိဘူး”

“ မင်းတို့ ဖိတ်လို့ ငါ လာတယ်။ ဒါပေမဲ့ အခု မင်းက ငါ့ကို မောင်းထုတ်ချင်တာလား”

“ ငါတို့ ဖိတ်ထားတာက ဆရာသခင် ၀မ်ချန်းလေ။ အကူကောင်လေးမှ မဟုတ်တာ။ နင့်ကိုယ်နင် ဘယ်သူထင်နေလဲ”

“ နင် အသိစိတ် နည်းနည်းရှိဖို့ အကြံပေးချင်တယ်။ ငါက ဆရာသခင် ၀မ်ချန်းကို တွေ့ရင် နင့်အတွက် စကားကောင်းလေးတွေ ပြောပေးမယ်။ “

လုဝေဝေက နှာခေါင်းရှုံ့သည်။

လုယွီလည်း မျက်မှောင်ကြုတ်သည်။ သူ့တွင် တံဆိပ်ပြားပါလာသဖြင့် ပြဿနာ မရှုပ်လောက်ဟု ထင်ခဲ့သော်လည်း ပြဿနာက မရပ်တော့ပေ။

လုယွီက ပြောသည်။

“ အဂ္ဂိရက်နယ်မြေကိုပဲ ပြောလိုက် ငါ ဘာသာ သွားမယ်”

သူ သည်မိန်းမနှင့် စကားဆက်မပြောချင်ပေ။ တဖက်လူက လူမှား စွပ်စွဲနေသည်။ သူ့တွင် သည်လို ကိစ္စအတွက် အချိန်မရှိပေ။


“ နင် တကယ်ကို ကို်ယ့်အဆင့်ကို မသိတာပဲ။ ငါ့ကိုယ်ငါ မိတ်ဆက်ရဦးမယ်။ ငါက တန်ဘုရားကျောင်းက အသိအမှတ် ပြုခံထားရတဲ့သူပဲ။ ငါ့ဆရာက တန်ဆေးနယ်ပယ်က ကျော်ကြားတဲ့ လုချန်ကျန်း…. “

“ အရေးကြီးလား”

“ ငါ ပြောပြတာလေ၊ ဒီအတိုင်း ပြောပြတာ၊ ဘာလို့ အဆင့်အတန်းတွေ ကွာခြားလဲ သိလား၊ ငါတို့ချင်း ပါရမီကွာလို့ပဲ။ နင်ကတော့ အကူပဲ ဖြစ်နိုင်တယ်”

“ ငါ ပြောမယ်၊ ဆရာသခင် ၀မ်ချန်းကိုပဲ တောင်ပေါ်တက်ခွင့် ပြုနိုင်မယ်”

လုယွီလည်း သက်ပြင်းချသည်။ သူ စိတ်ညစ်နေလေပြီ။ သူ၏ နောက်ခံကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်လျင် အခြေအနေက ပိုဆိုးလာတော့မည်။

“ မပြောနဲ့။ နင် ဘာပြောမလဲ ငါ သိတယ်။ နင့်နောက်မှာ ဆရာသခင် ၀မ်ချန်းရှိမှန်း ငါ သိပါတယ်။ ဒါပေမဲ့ စည်းမျဉ်းကိုတော့ ပြောင်းလို့မရဘူး”

ထို့နောက် သူမက အစောင့်များကို ခေါ်လိုက်သည်။

“ သူက ဆရာသခင် ၀မ်ချန်းကိုယ်စား ရောက်လာတဲ့သူဖြစ်မယ်။ ဟမ့် ငါ့ရဲ့ လုမိသားစုက ကျွန်တွေ လက်မခံဘူး”

သူမက အေးစက်စွာ ပြောသည်။

အပိုင်း ၉၆၄

လုယွီ၏အကြည့်များက အေးစက်သွားသည်။

“မင်းကိုယ်တိုင်နားလည်ပြီး ဘေးဖယိ ေနလိုက်ရင် ကောင်းမယ်ထင်တယ်၊ ကိုယ့်ကိုယ်ကို ပြဿနာမရှာနဲ့။”

လုဝေဝေက လုယွီ၏စကားကို လျစ်လျူရှုထားသည်။ သူမက မိသားစုတွင် ပါရမီရှိသည်ဟု ထင်သည်။ သည်ဆေးပညာနယ်ပယ်တွင် သူမနှင့်တန်းတူမျိုးဆက်များ တွင်ပင် စီနီယာအဆင့် အဂ္ဂိရက်ပညာရှင်အဆင့်သို့ ရောက်ရန်ခက်ခဲလှ၏။ သူမ၏လူအနည်းငယ်စုကသာလျှင် အဂ္ဂိရက်အလယ်အလတ်အဆင့် အဂ္ဂိရက်ပညာရှင်များအဖြစ် အဆင့်မြှင့်တင်ခံရသည်။

လုမိသားစုအတွင်းမှ အလယ်အလတ်အဆင့် အဂ္ဂိရက်ပညာရှင်များတွင်ပင် သူမက ထိပ်ဆုံးတွင် ပါဝင်နေသေး၏။ ထို့ကြောင့် လုဝေဝေက သူမ၏အပေါင်းအဖော်များကပင် သူမကို ယှဉ်နိုင်သည်ဟုမထင်ပေ။

“ဒီလိုပဲလုပ်ရအောင်၊ ဒီဆေးအကူကောင်လေးကို မသတ်မိစေနဲ့အုံး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဆရာသခင်ဝမ်ချန်းကို မျက်နှာသာပေးရမယ်လေ။”

လုဝေဝေက ပျင်းရိစွာပြောသည်။

ထိုအချိန်တွင် တန်ဆေးတောင်တန်း ဂိတ်ပေါက်မှ နေရောင်အလင်းများ ထုတ်လွှတ်လာသည်။ အလင်းတန်းပျောက်သွားသည်နှင့် ကြည်လင်ကာကြွပ်ဆတ်သော အသံမျိုးက ထွက်လာခဲ့၏။ ဂိတ်ပေါက်ကိုအဝေးမှ ကြည့်မည်ဆိုလျှင် အဝေးမှရောက်လာနေသော လူတစ်အုပ်ကို မြင်ရမည်ဖြစ်သည်။ လူတစ်အုပ်က ရွှေရောင်အထမ်းယာဉ်ကို သယ်ဆောင်လျက် လာနေခဲ့ခြင်းဖြစ်၏။ ထိုအထမ်းယာဉ်တွင် အလံငယ်ကိုမြင်နိုင်သည်။

“ဒါက တတိယအိမ်တော်ခွဲက ဆရာသခင်ကျန်းဟိုင်ပဲ။”

“သခင်ကျန်းဟိုင်လာပြီ။”

ဖြတ်သွားဖြတ်လာ ဘုန်းတော်ကြီးများအားလုံးက ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြသည်။ လုဝေဝေတို့အဖွဲ့က ချက်ချင်းဒူးထောက်လိုက်ကြ၏။

သူတို့က ဒူးထောက်လိုက်သော်လည်း လုယွီကမူ ထင်ရှားစွာရပ်နေသေးသည်။ ထို့ကြောင့် လူတိုင်း တန်းမြင်လိုက်ကြရ၏။

“သူကိုယ်တိုင်မှ သေချင်နေမှတော့လည်း ထားလိုက်တော့။”

လုဝေဝေကလည်း လုယွီကို အမြင်ကပ်နေလေရာ သတိမပေးပေ။

မိသားစု စည်းမျဉ်းများအရ အရေးပါသော ထူးခြားသည့်အဆင့်အတန်းနှင့် နောက်ခံသာ မရှိလျှင် မည်သူမဆို အိမ်တော်ခေါင်းဆောင်ကို မြင်သည်နှင့် ဒူးထောက်ရမည်ဖြစ်သည်။

ထိုကောင်လေးက လုမိသားစုမှ မဟုတ်သော်လည်း သာမန်ဆေးအကူ ကောင်လေးမျှသာဖြစ်သည်။ ထို့ကြောင့် သူက ဒူးမထောက်ကတည်းက သေချင်ခြင်းဖြစ်ရပေမည်။

ထိုအထမ်းယာဉ်က လုယွီ၏အရှေ့တွင် ရပ်သွားသည်။

ဒါကို လုဝေဝေမြင်သောအခါ သူမ၏မျက်ဝန်းက တောက်ပလာ၏။ အိမ်တော်သခင်၏ အထမ်းယာဉ်က သည်အရှေ့တွင် ရပ်သွားကတည်းက တစ်ခုခုကို အလိုမကျ၍ဖြစ်ရပေမည်။

“ဆရာသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်းဝင်လာခဲ့တာ ငါ့ကိုတောင် အကြောင်းမကြားဘူးပဲ။”

ထိုအထမ်းယာဉ်မှ တံခါးက ပွင့်သွားလျက် လုကျန်းဟိုင်၏မျက်နှာက ထွက်လာသည်။ သူ့မျက်နှာကို ပြတင်းပေါက်မှ မြင်လိုက်ရခြင်းဖြစ်၏။

အသံကိုကြားသည်နှင့် လုဝေဝေ တုန်ယင်သွားသည်။ သူမက နားကြားမှားသည်ဟုထင်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သောအခါ ကိုယ်ရံတော်များက လမ်းဖယ်ပေးလျက် လုယွီအတွက် အနားသို့ကပ်လာစေရန် လမ်းခင်းပေးနေကြောင်း မြင်လိုက်ရသည်။

လုယွီက ပြောသည်။

“ကျန်းဟိုင် ခင်များကိုပဲ ဒုက္ခပေးရတော့မယ်၊ ဒါပေမယ့် ခင်ဗျားတို့ လုမိသားစုက တစ်စုံတစ်ယောက်က ငါ့ကို မဝင်ခိုင်းခဲ့ဘူး။”

လုကျန်းဟိုင်က မျက်မှောင်ကြုတ်သည်။

“ဆရာသခင်ဝမ်ချန်းမှာ ငါကိုယ်တိုင်ပေးထားတဲ့ တံဆိပ်ပြားရှိနေတာ ဘယ်သူက တားရဲတာလဲ။”

ရုတ်တရက် လုကျန်းဟိုင်၏အကြည့်များက အစောင့်များထံသို့ ရောက်သွားသည်။

“ဆရာသခင်ဝမ်ချန်းကို တားတာ မင်းတို့လား။”

သက်တော်စောင့်များအားလုံး တုန်ယင်သွားကြသည်။ သူတို့က ချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြပြီး လုဝေဝေကိုသာ ညွှန်ပြလိုက်ကြ၏။

“သခင်ကျန်းဟိုင် နားလည်မှုလွဲတာပါ၊ ကျွန်မက စည်းမျဉ်းတွေကို လိုက်နာရုံပါပဲ။”

လုဝေဝေက သူမကိုယ်သူမ ကျယ်လောင်စွာ ခုခံပေသည်။ သို့သော် လုကျန်းဟိုင်ကမူ ဂရုမစိုက်ပေ။

“ငါ့တံဆိပ်ပြားကို ကိုင်ထားတဲ့သူက အရှက်ခွဲခံရတယ်၊ သိပ်ကောင်းတယ်၊ ဒီမိန်းမရဲ့အဂ္ဂိရက်ပညာရှင်အဆင့်အတန်းကို ဖယ်ရှားပြီး တောင်ပေါ်က ဆွဲချပြီး နှင်ထုတ်လိုက်စမ်း။”

လုကျန်းဟိုင်က လက်ရမ်းပြလျက် တစ်စုံတစ်ယောက်က ချက်ချင်းဆိုသလို လုဝေဝေကို ဆွဲထုတ်သွားသည်။

လုယွီကမူ တည်ငြိမ်နေသည်။ သည်အခြေအနေကို မမြင်သည့်အလား လျစ်လျူရှုထား၏။ ထို့နောက် သူက တည်ငြိမ်စွာဖြင့် ထိုအထမ်းယာဉ်ပေါ်သို့ တက်သွားသည်။

အထဲရှိနေရာက ကျယ်သည်။ လုကျန်းဟိုင်က ပြတင်းပေါက်တစ်ဖက်တွင် ထိုင်နေခြင်းဖြစ်၏။

“ဆရာသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်း ဒီနေရာကို ရောက်နေမှတော့ ဆေးဖော်ဖို့ ပြင်ဆင်ကြရအောင်။”

လုကျန်းဟိုင်က ရုတ်တရက် ကျောက်စိမ်းနှင့်ပိုးသားရောစပ်ထားသော စာလိပ်တစ်လိပ်ကို လုယွီအား ပေးသည်။

အပိုင်း ၉၆၅

လုယွီက ကျောက်စိမ်းစာလိပ်ကိုကြည့်ပြီးနောက် ရုတ်တရက် အထဲရှိ အချက်အလက်များကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက …”

လုယွီ၏နှလုံးသားက တုန်ယင်သွားသည်။ အားလှိုင်းကိုပင် သူ ခံစားလိုက်မိ၏။

သည်ထဲတွင် မှတ်တမ်းတင်ထားသော ဆေးဖော်စပ်နည်းက ကျိုကျွမ်ရှားထျန်းဆေးလုံး ဖော်စပ်နည်းဖြစ်၏။ သည်ဆေးလုံးက ဒုတိယအဆင့်သို့ ရောက်နေသော ဘုန်းတော်ကြီးများကို တတိယအဆင့်ကို ကျော်ဖြတ်လျက် နတ်နယ်မြေအတွင်းသို့ ဝင်ရောက်စေနိုင်စွမ်းရှိသည့် ဖော်စပ်နည်းလည်းဖြစ်သည်။

သည်ဆေးဖော်စပ်နည်းကို လုယွီက ရှန်းလင်းလုံကို အဆင့်တက်အောင် ကူညီပေးရန်အတွက် ဖန်တီးခဲ့ခြင်းဖြစ်၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် သည်ဖော်စပ်နည်းက မပြီးပြည့်စုံမှန်း သိနေသည်။

သည်လိုဆေးလုံးဖော်စပ်နည်းက ပါဝင်ပစ္စည်းများစွာ လိုအပ်သည်။ အစပိုင်းတွင် လုယွီက တုံ့ဆိုင်းမနေဘဲ အင်အားစုများစွာကို ရန်စလျက် ဆေးလုံးဖော်စပ်ရန် လိုအပ်သည့်ပစ္စည်းများစွာကို စုဆောင်းခဲ့၏။

နတ်နယ်မြေတွင်ဖြစ်စေ၊ လူသားနယ်မြေတွင်ဖြစ်စေ အဆင့်တက်ရောက်ရန်အတွက် ခက်ခဲမှုက စိတ်ကူးယဉ်ကြည့်၍ပင်ရနိုင်သည်။

သည်လိုခက်ခဲသောဆေးလုံးကို ဖော်စပ်ရန်အတွက် ကောင်းကင်ကို အန်တုခြင်းဖြစ်နေလေရာ တန်မိုးကြိုးဆင်းသက်လေ့ရှိသည်။ ထို့ကြောင့် သည်ဆေးလုံးက လုယွီ ဖော်စပ်သောဆေးလုံးကဲ့သို့ နတ်ဘုရားဆင့်ဆေးတွေလည်း ပါဝင်သည် မဟုတ်သည့်အတွက် ကပ်ဘေးကမူ လျော့ကျသွားနိုင်၏။ သို့ရာတွင် သည်ဆေးဖော်စပ်နည်းက မပြီးပြည့်စုံသေးပေ။

“တတိယအိမ်တော်ခွဲက ခေါင်းဆောင် ငါ့အထင် မဖြစ်နိုင်ဘူး”

လုယွီ၏အသံက လေးနက်လာသည်။

လုကျန်းဟိုင်၏မျက်ဝန်းက တောက်ပသွား၏။

“ဆရာသခင်ဝမ်ချန်းက ဘာလို့ ဒီလိုပြောတာပါလဲ။”

လုယွီက ဖျော့တော့စွာပြောသည်။

“ဒီဆေးနည်းထဲမှာ လိုနေသေးတဲ့ဆေးပင် ၂၁ မျိုးရှိနေသေးတယ်၊ အခြားဆေးပင်တွေက အဆင်ပြေနေသေးပေမယ့် အဓိကဆေးပင်သုံးမျိုးကတော့ လိုအပ်နေတုန်းပဲ၊ အဲဒီသုံးမျိုးမရှိရင် ဆေးဖော်စပ်ဖို့ မဖြစ်နိုင်ဘူး။”

ဝုန်း ဝုန်း

လုကျန်းဟိုင်၏လက်က တုန်ယင်သွားသည်။ သူ အံ့ဩသွား၏။ သူတို့ လုမိသားစုများမှ သူလျှိုများက တိုင်းပြည်အနှံ့ လှည့်လည်ဖြန့်ကျက်ထားသည့်အတွက် လုယွီနှင့်ချူယွီယွန်တို့ ရောက်လာကတည်းက သိခဲ့ပြီးသားဖြစ်သည်။

မူလအားဖြင့် လုကျန်းဟိုင်က လုယွီ၏ ခွန်အားကို သံသယဝင်သည်။ လက်ရှိအချိန်တွင်မူ ထိုသို့ သံသယမဝင်တော့ပေ။ သူ တုန်လှုပ်မိသွား၏။

လုကျန်းဟိုင်ကလည်း သည်ဆေးက မပြီးပြည့်စုံသေးမှန်းသိသည်။ လုမိသားစုမှ ဖိတ်ခေါ်ထားသော အဂ္ဂိရက်ပညာရှင်များက သည်ဆေးဖော်စပ်နည်းများကို ပြီးပြည့်စုံအောင် ဖန်တီးရန်ကြိုးစားခဲ့ကြ၏။ လက်ရှိအချိန်အထိ ဆေးလုံးက မပြီးပြည့်စုံသေးပေ။ သို့သော် လုမိသားစုမှ အိမ်တော်အရှင်က အဆင့်တက်ရောက်ရတော့မည် ဖြစ်လေရာ သူတို့အားလုံးက စွန့်စားလိုကြသည်။

နီရဲနေသော မျက်လုံးများဖြင့် လုကျန်းဟိုင်က မေးသည်။

“ဆရာသခင်ဝမ်ချန်း ပါဝင်ပစ္စည်းများက ဘာတွေလဲဆိုတာ သိပါသလား။”

လုယွီက ခေါင်းငြိမ့်သည်။

“စာရွက်နဲ့ဘောပင်”

လုကျန်းဟိုင်က ချက်ချင်းဆိုသလို အပြင်ဘက်ကို အမိန့်ပေးလိုက်ရာ တစ်စုံတစ်ယောက်က ပစ္စည်းများကို လာပေးသည်။

လုယွီက တွေးတောပြီးသည်နှင့် ဆေးပင်များကို ချရေးသည်။ သူ ယခင်က အသုံးပြုခဲ့သော ဆေးပင်များကမူ သည်နေရာတွင်မရှိနိုင်ပေ။ ထို့ကြောင့် အခြားအစားထိုးမည့် ဆေးပင်များကိုသာ ချရေးခဲ့ခြင်းဖြစ်၏။ သူက နားလည်လွယ်အောင် ပုံပန်းသွင်ပြင် ဆွဲပြလိုက်သေးသည်။

အားလုံးကို‌ ရေးဆွဲပြီးနောက် လုကျန်းဟိုင်က တစ်ချက်ကြည့်ရုံဖြင့် မျက်ဝန်းက တောက်ပသွားသည်။ သူ၏ မသိစိတ်အရ လုယွီ မလိမ်ကြောင်းပြောနေ၏။ ဒါက အစစ်အမှန်ဖြစ်နိုင်သည်။

“ဒီလိုဆိုရင် အဂ္ဂိရက်နယ်မြေကို သွားရအောင်။”

လုကျန်းဟိုင် စိတ်လှုပ်ရှားသွားသည်။

နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ အစောင့်များက အထမ်းယာဉ်ကိုမလျက် တောင်အတွင်းသို့ ဝင်ရောက်လေတော့သည်။

သူတို့ ဝင်ရောက်လိုက်သည်နှင့် အထဲတွင်ရှိသော အရှိန်အဝါစိတ်စွမ်းအင် များက အပြင်ထက်ပို၍ သိပ်သည်းကြောင်း သိလိုက်ရလေတော့သည်။

“ဆရာသခင်ကျန်းဟိုင်”

“ခေါင်းဆောင်ကျန်းဟိုင်”

လုကျန်းဟိုင် ရောက်လာကြောင်း မြင်သည်နှင့် လုမိသားစုမှ ဘုန်းတော်ကြီးများက အရိုအသေပေးကြသည်။ သို့သော် လုကျန်းဟိုင်ကမူ ဂရုမစိုက်ဘဲ အထဲသို့သာဝင်စေ၏။

ခန်းမအတွင်းတွင် ထိုင်ခုံတိုင်း ပြည့်နေပြီဖြစ်သည်။ အလွန်စည်ကားနေ၏။ အများစုကမူ ဆံပင်အဖြူနှင့် လူအိုကြီးများဖြစ်ကြသည်။ သူတို့၏နောက်တွင် လက်ထောက်သုံးယောက်၊ လေးယောက်ခန့်ပါကြ၏။

“ခင်ဗျားတို့ကို အကြာကြီးစောင့်ခိုင်းမိသွားတယ်၊ ငါ ဆရာသခင်ဝမ်ချန်းကို ကိုယ်တိုင်သွားကြိုနေခဲ့တာပါ၊ အားလုံးပဲ တောင်းပန်ပါတယ်။”

လုကျန်းဟိုင်က ယဉ်ကျေးစွာဖြင့် တောင်းပန်သည်။

သူက ယဉ်ကျေးလွန်းသည်။ သို့သော် အချို့သောသူများကမူ လက်မခံနိုင်ကြပေ။ အဂ္ဂိရက်ပညာရှင်များအားလုံး မတ်တပ်ထရပ်လိုက်ကြလျက် ဂါဝရပြုကြသည်။

“ဟမ့် ငါ ဒီဆရာသခင်ဝမ်ချန်းကို ခြောက်ရက်တောင် စောင့်လိုက်ရတယ်၊ ပြောကြတာတော့ ချူမိသားစု ဘိုးဘေးက ဝမ်ချန်းကို အရမ်းချီးကျူးထားတယ်ဆိုပဲ၊ သူကိုယ်တိုင်ကတောင် ဆရာသခင်ဝမ်ချန်းလို့ ခေါ်ခဲ့သေးတာတဲ့၊ သူ ဘယ်လောက်စွမ်းအားကြီးမလဲ သိချင်ပါသေးတယ်။”

တန်ဝတ်စုံကို ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်က နှာခေါင်းရှုံ့လျက်ပြောသည်။

Thank For Reading.

All Chapters