အခန်း (၉၆၆-၉၇၀)
Vol. 52 Ch. 966-970
အပိုင်း ၉၆၆
အခြားသော ဆံပင်ဖြူလူအိုကြီးတစ်ယောက်ကလည်း မျက်မှောင်ကြုတ်သည်။
“တတိယအိမ်တော်ခွဲက ခေါင်းဆောင် ဆရာသခင်ဝမ်ချန်းက ဘယ်နေရာမှာ ပါလဲ။”
သူက လုကျန်းဟိုင်၏အနောက်မှ လိုက်လာသော လုယွီကိုသာလျှင် မြင်လိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် လုယွီက ငယ်လွန်းနေသဖြင့် ဆရာသခင်ဝမ်ချန်းဟု မထင်မှတ်ထားကြပေ။
လုကျန်းဟိုင်က ပြုံးသည်။
“ဒါက ဆရာသခင်ဝမ်ချန်းပါပဲ။”
သူက စတင်ပြီးမိတ်ဆက်ပေးသည်။ လုယွီက ဆယ်ကျော်သက် တစ်ယောက်မျှသာ ဖြစ်ကြောင်း မြင်သောအခါ အားလုံးအံ့ဩသွားကြ၏။
“ဘာလို့ အစည်းအဝေးပွဲက အနိုင်ရတဲ့သူက ကလေးတစ်ယောက်ဖြစ်နေတာလဲ။”
ဆံပင်ဖြူနှင့်လူအိုကြီးက အော်ရယ်တော့သည်။
“ငါ ဒီနှစ်အစည်းအဝေးပွဲကို မတက်ခဲ့ဘူး၊ မမျှော်လင့်ထားဘဲ ချူမိသားစုက ဆိုးဝါးသထက်ဆိုးဝါးလာတော့တာပဲ၊ ဘယ်လိုများ ဒီလိုကလေးတစ်ယောက်ကတောင် ခေါင်းဆောင်ဖြစ်သွားရမှာလဲ။”
သူက နှာခေါင်းရှုံ့သည်။
“ပြောကြတာတော့ အဖိုးကြီးချူရှောင်းက နှစ်များစွာ တံခါးပိတ်ကျင့်ကြံနေခဲ့တယ် ဆိုပဲ၊ သူ အဆိပ်မိနေတယ်လို့ ပြောကြတယ်၊ ဒါကြောင့် သူကိုယ်တိုင်တောင် ဒီအဆိပ်ကို မဖြေနိုင်ဘူးတဲ့၊ ဒါကြောင့် မင်းက သူ့ရဲ့မျိုးဆက်ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူနဲ့ဆက်ဆံရေး ကောင်းကောင်းရှိနေလို့ပဲ ချီးကျူးပေးလိုက်တာဖြစ်ရမယ်။”
လုယွီက ထိုအဖိုးကြီးကိုကြည့်သည်။
“ငါ ထင်တာမမှားရင် ချူမိသားစုက မြောက်ပိုင်းနယ်မြေက ခေါင်းဆောင်ဖြစ်သင့်တာ မဟုတ်လား၊ အဂ္ဂိရက်ပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားက ဘယ်လိုများ အဂ္ဂိရက်ပညာရှင်ခေါင်းဆောင်ကို စော်ကားရဲတာလဲ။”
မည်သို့ပင်ဆိုစေ ချူရှောင်းက သူ၏ဖခင်ကို ကယ်ခဲ့ဖူးသည်။ ထို့ကြောင့် သူ ကျေးဇူးကြွေးကို ဆပ်သင့်၏။ အခြားသူများက ချူရှောင်းကို စော်ကားခြင်းကို သူ လက်ခံလိမ့်မည် မဟုတ်ပေ။
ဆံပင်ဖြူနှင့်အဖိုးကြီးက မာနကြီးစွာပြောသည်။
“မင်းက ဘာလဲ၊ ငါက ချူရှောင်းကို အသုံးမကျတဲ့အမှိုက်ကောင်လို့ ပြောတော့ ဘာဖြစ်လဲ ငါ ယွီဝမ်ကျင်းက ယွီဝမ်မိသားစုရဲ့ဒုတိယအကြီးအကဲပဲ ငါ ဒီလိုပြောပိုင်ခွင့် မရှိဘူးလို့ထင်လား။”
ယွီဝမ်မိသားစုက ချူမိသားစုနည်းတူ အဂ္ဂိရက်မိသားစုဖြစ်သည်။
ယွီဝမ်မိသားစုမှ ဒုတိယအကြီးအကဲဖြစ်သည့်အလျောက် ယွီဝမ်ကျင်း၏ အဂ္ဂိရက်အဆင့်အတန်းကလည်း အလွန်မြင့်မားလေသည်။ ထို့ကြောင့် သူက လုမိသားစုကို အမြဲလိုလို ပစ်မှတ်ထားလေ့ရှိ၏။
လုယွီက ပြောသည်။
“ကြည့်ရတာ ယွီဝမ်မိသားစုက အကြီးအကဲပဲ၊ ငါ ကြားထားတဲ့အတိုင်းဆိုရင် ယခင်နှစ်တွေတိုင်းမှာ တန်ဆေးအစည်းအဝေးပွဲကို သူတို့က တက်ကြတယ်တဲ့၊ ဒါပေမယ့် ဘာလို့ ဒီနှစ် ယွီဝမ်မိသားစုကို မမြင်ရတာလဲ၊ ခင်ဗျားတို့ ယွီဝမ်မိသားစုက စစ်ဆေးတာကိုတောင် မအောင်ခဲ့ကြဘူးလား။”
“ဟမ့် ချူမိသားစုလုပ်တဲ့ အစည်းအဝေးပွဲက ဘယ်လိုမျိုးမို့လို့လဲ၊ သဘာဝကျကျပဲ ငါတို့ယွီဝမ်မိသားစုက ဒီလိုမျိုးရှားပါးနေတာမှ မဟုတ်တာ၊ ငါတို့ယွီဝမ်မိသားစုက ဘယ်လိုအဂ္ဂိရက်ပညာရှင်ကမှ မသွားဘူး။”
ယွီဝမ်ကျင်းက အော်သည်။
“ငါ စိုးရိမ်မိတယ်။”
လုယွီက တွေးတောဟန်ပြောသည်။
ယွီဝမ်ကျင်း၏မျက်နှာက ပြောင်းလဲသွား၏။
“ဘာကိုစိုးရိမ်တာလဲ။”
လုယွီက နှာခေါင်းရှုံ့၏။
“ဘာစိုးရိမ်ရမှာလဲ၊ ငါပြောမယ်၊ ရေခဲနယ်မြေက ချူမိသားစုကို ပစ်မှတ်ထားနေတယ်၊ သူလျှိုတွေကိုတောင်စေလွှတ်ပြီး ချူမိသားစုက အဂ္ဂိရက်ပညာရှင် နတ်မင်းတိုင်းကို သတ်ဖို့ကြိုးစားခဲ့ကြတာ၊ ဒီအစည်းအဝေးပွဲက မြောက်ပိုင်းနယ်မြေက အဂ္ဂိရက်ပညာရှင်ရဲ့ ခွန်အားကို ပြသသင့်တဲ့နေရာတစ်ခု ဖြစ်ခဲ့သင့်တာ၊ ဒါပေမယ့် အရင်နှစ်တိုင်းမှာ ဒီအစည်းအဝေးပွဲကို ယွီဝမ်မိသားစုကလူတွေ တက်ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား မတက်ခဲ့ကြဘူး၊ ဒါက ကိုယ်ပိုင်ခွန်အားကို မဖော်ပြရဲလို့ ရှက်ပြီး မလာရဲတာမျိုး ဖြစ်မနေနိုင်ဘူးလား၊ နောက်ပြီး ခင်ဗျားတို့က မကောင်းတဲ့လူတွေလို့ သံသယရှိတယ်၊ ဘာစွမ်းရည်မှမရှိဘဲ လျှာပဲထက်နေရုံနဲ့ သူများနောက်ကွယ်မှာ ပေါက်ကရတွေ ပြောနေတာလေ။”
“ငါ မှတ်မိတာမမှားရင် ယွီဝမ်မိသားစုက အရင်နှစ်တွေက အနိုင်ရတဲ့သူတွေရှိခဲ့ပြီး ချူမိသားစုက ဆေးလုံးများစွာကို ယူသွားခဲ့သေးတာပဲ၊ အခု ချူမိသားစုအကြောင်း မကောင်းတဲ့အဓိပ္ပါယ်တွေနဲ့ ပြောနေပြန်ပြီ၊ ခင်ဗျားတို့ကမှ မဆိုးဝါးရင် ဘယ်သူက ဆိုးဝါးမှာလဲ၊ ခင်ဗျား ငါ့ကို မေးခွန်းပြန် မေး
ဖို့ တန်တယ်ထင်လား။”
“မင်း သေချင်နေတာပဲ။”
ယွီဝမ်ကျင်းက ရုတ်တရက် မတ်တပ်ရပ်လျက် ဒေါသတကြီးအော်သည်။
“အသုံးမကျတဲ့ကလေး ငါ မင်းကို ဒီနေ့သတ်ပြမယ်။”
သူက စိတ်ဝိဉာဉ်နှင့်စိတ်စွမ်းအားအဆင့်တွင် စွမ်းအားကြီးမာသူ တစ်ယောက်ဖြစ်သည်။ သူ ဒေါသထွက်လာသည်နှင့် သူ၏ဝင်သက်ကပင် ထိတ်လန့်ဖွယ်ကောင်း၏။
ဝုန်း
ရုတ်တရက် ယွီဝမ်၏အရှေ့ရှိစားပွဲခုံက ပေါက်ကွဲသွားသည်။ ထို့နောက် လုယွီက သူ၏လည်ပင်းကို လက်တစ်ဖက်တည်းနှင့်ကိုင်လျက် လေပေါ်မြှောက်ထားကြောင်း မြင်လိုက်ရသည်။
“ရေခဲနယ်မြေက နတ်မင်းတွေနဲ့မြွေမိခင်ကိုတောင် ငါ သတ်ခဲ့တယ်ဆိုတာ ခင်ဗျား မေ့သွားပြီလား။”
လုယွီ၏အကြည့်က တည်ငြိမ်သည်။
“ခင်ဗျား ဆက်ပြောရဲရင် သေရမယ်။”
အပိုင်း ၉၆၇
“ဟား ဟား အားလုံးက အဂ္ဂိရက်ပညာရှင်တွေပဲ၊ လုအိမ် ေတာ်ကိုတော့ မျက်နှာသာ ပေးပါအုံး။”
လုကျန်းဟိုင်က ရယ်သည်။ သူက အတွင်းအားများကို စုစည်းလျက် နှစ်ယောက်ကို လူစုခွဲရန်ကြံစည်သည်။
သူက အစွမ်းထက်ဆုံးဖြစ်သည်။ သူက အလွယ်တကူ လူစုခွဲ၍ရသင့်၏။ သို့ရာတွင် သူ၏အတွင်းအားများက လုယွီကိုယ်ပေါ် ကျရောက်သွားချိန်တွင် လုယွီက ရွေ့လျားသွားခြင်းပင် မရှိပေ။
“ဆရာသခင်ဝမ်ချန်း ကျေးဇူးပြုပြီးရပ်တန့်ပေးပါ။”
လုကျန်းဟိုင်၏မျက်ဝန်းအတွင်း အလင်းရောင်လက်သွားသည်။ သူက အတွင်းအားကို ပိုတိုးလိုက်၏။
လုယွီ၏အဝတ်များက အနောက်သို့လွင့်သည်။ သို့သော် သူကမူ သတိထားမိဟန်ပင် မရှိပေ။
“ကောင်းပြီ၊ ဒီတစ်ကြိမ် ခင်ဗျားကို မျက်နှာသာပေးလိုက်မယ်။”
လုယွီက ရပ်တန့်ပြီးနောက် ယွီဝမ်ကျင်းက မြေပြင်သို့ပြုတ်ကျသွားသည်။ သူ့မျက်နှာက မြေပြင်နှင့်ရိုက်မိသွားလေရာ နီရဲသွားတော့၏။
“ယွီဝမ်ကျင်း ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ၊ သူ့ရဲ့မျက်နှာအိုကြီးကို ပြသစရာရှိတော့မယ် မထင်ဘူး ဟား ဟား၊ လူငယ်မျိုးဆက်တစ်ယောက်ကတောင် သူ့ကို အသာလေးနိုင်သွားတယ်၊ သူက တကယ်ကို အသုံးမကျတာပဲ။”
သည်နေရာတွင် ရှိနေသော အဂ္ဂိရက်ပညာရှင်များက ယွီဝမ်ကျင်းနှင့် အဆင့်တူကြသည်။ ထို့ကြောင့် ယွီဝမ်ကျင်း ဒုက္ခရောက်သောအခါ မည်သူကမျှ ထိတ်လန့်နေစရာမလိုဘဲ အော်ဟစ်ရယ်နိုင်ကြလေသည်။
ယွီဝမ်ကျင်းက အလွန်ဒေါသထွက်သွားပြီး အော်တော့သည်။
“ဟမ့် ဒီအတိုင်း လှည့်စားထားတဲ့မှော်စွမ်းအင် အနည်းငယ်လောက်နဲ့များ မင်းကသာ အဂ္ဂိရက်ပညာရှင်ဆိုရင် ငါနဲ့အဂ္ဂိရက်ပညာချင်း ပြိုင်လိုက်လေ။”
လုယွီက ခေါင်းကိုခါပြီး အေးစက်စွာပြောသည်။
“ခင်ဗျားက ငါနဲ့ပြိုင်ဖို့ အဆင့်မှီမယ်လို့များထင်လို့လား။”
သူ၏အချိန်က အလွန်အဖိုးတန်သည်။ သည်လူမျိုးအပေါ်တွင် မဖြုန်းနိုင်ချေ။
လုကျန်းဟိုင်၏မျက်ဝန်းထဲတွင်လည်း ရွံရှာဟန်က လက်လာသည်။
“အကြီးအကဲယွီဝမ် မနက်ဖြန်ကျရင် ဆေးလုံးစတင်ဖော်စပ်ဖို့ အဆင်ပြေပါတယ်၊ အဲဒီအချိန်ကျမှပဲ ဘယ်သူက ပိုသာတယ်ဆိုတာ ကြည့်ကြရင် မကောင်းဘူးလား။”
“မရဘူး။”
ယွီဝမ်ကျင်းက လက်ခါပြသည်။
“ငါ ဒီကောင်လေးရဲ့အဂ္ဂိရက်စွမ်းအင်ကို သံသယဝင်တယ်၊ငါသာ သူနဲ့အတူ အလုပ်လုပ်ရမယ်ဆိုရင် သဘောမတူနိုင်ဘူး။”
သူက ထိုသို့ပြောသောအခါ အခြားသူများကလည်းမငြင်းကြပေ။ မည်သို့ပင်ဆိုစေ အားလုံးက အလွန်ကျော်ကြားသော အဂ္ဂိရက်ပညာရှင်အိုကြီးများ ဖြစ်ကြလေသည်။ လက်ရှိအချိန်တွင် ဆယ်ကျော်သက်တစ်ယောက်က သူတို့နှင့်ယှဉ်နိုင်သည်ဟု လာပြောနေခြင်းကို သူတို့သည်လည်း လက်မခံနိုင်ကြပေ။
လုယွီက မျက်မှောင်ကြုတ်သည်။
“ခင်ဗျားက ဘယ်လိုပြိုင်ချင်လဲ။”
ယွီဝမ်ကျင်း၏မျက်လုံးက နီရဲသွားသည်။
“ဆေးလုံးဖော်စပ်ချိန်က ကြာပါတယ်၊ ငါတို့ ဒီအတိုင်း တန်ဆေးဆရာ တစ်ယောက်ရဲ့ အခြေခံစွမ်းရည်လောက်ကိုပဲ ပြိုင်ရအောင် ပါဝင်ပစ္စည်းဆေးပင်တွေကို ရင့်မှည့်အောင်လုပ်တဲ့ အရှိန်နှုန်းပြိုင်ကြမယ်၊ စည်းမျဉ်းတွေအရဆိုရင် မင်းနဲ့ငါက အချိန်တိုအတွင်းမှာ ဘယ်လောက်ရင့်မှည့်အောင် လုပ်နိုင်သလဲဆိုတာကို ကြည့်ကြတာပေါ့။”
“မင်းရှုံးရင် ဒီနေရာကနေ ထွက်သွား၊ ကိုယ့်ကိုယ်ကို ဒီမှာ လာအရူးအလုပ်မခံနဲ့။”
လုယွီက ဖျော့တော့စွာပြောသည်။
“ခင်ဗျားရဲ့မျိုးစေ့ကို ထုတ်လိုက်။”
ဒီလူများက အလွယ်တကူအလျှော့မပေးနိုင်မှန်း သူသိသည်။ ထို့အပြင် ဆေးလုံးဖော်စပ်ချိန်ကလည်း အမှန်တကယ်ပင်ကြာနိုင်သေး၏။
ကျိုကျွမ်ရှားထျန်းဆေးလုံးက အလွန်ခက်ခဲသောဆေးလုံးဖြစ်သည်။ မည်သူကမျှ သည်ရှုပ်ထွေးသော ဆေးလုံးဖော်စပ်နည်းကို သူ့ထက်ပိုမသိနိုင်ပေ။ ထို့ကြောင့် သူက အမှားလုပ်နိုင်ခြင်း မရှိနိုင်ပေ။
လုယွီက သူ၏အင်္ကျီလက်ထဲမှ ကျွီလင်းမြက်ပင်မျိုးစေ့ကို ထုတ်လိုက်ပြီးနောက် ယွီဝမ်အရှေ့သို့ ပစ်လိုက်သည်။
“ကောင်လေး မင်း ငါ့ကို အရှက်လာခွဲနေတာလား။”
ယွီဝမ်ကျင်း၏မျက်နှာက မဲမှောင်သွားသည်။
စိတ်ဝိဉာဉ်မြက်ပင်များကို စုစည်းလိုက်လျှင်ပင် ဒါက လက်ထောက်များသာလျှင် သိုလှောင်တတ်သော ဆေးပင်မျိုးဖြစ်နေသေး၏။ သာမန်အဂ္ဂိရက်ပညာရှင်များကပင် ကျွီလင်းမြက်ပင်ကို အသာအယာရင့်မှည့်အောင် လုပ်နိုင်စွမ်းရှိလေသည်။
လုယွီက မထူးခြားနားစွာပြောသည်။
“ငါ့မှာ မျိုးစေ့ဆိုလို့ ဒါပဲရှိတယ်။”
သူ၏မျိုးစေ့များအားလုံးကို သိုလှောင်အိတ်အတွင်းတွင်ရှိသော နေရာလပ်ပြင်ကျယ်တွင် စိုက်ပျိုးထားပြီးသားဖြစ်သည်။ ထို့ကြောင့် ကျွီလင်းမြက်ပင်များကသာလျှင် အသုံးမဝင်သည့်အတွက် ကျန်ရစ်နေခြင်းဖြစ်၏။
သည်လိုကျန်ရစ်နေခြင်းကလည်း သူ တန်ဆေးအစည်းအဝေးပွဲတွင် ရခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ယွီဝမ်ကျင်း၏မျက်နှာက ပို၍ဒေါသတကြီး ခက်ထန်လာသည်။
“ကောင်စုတ်လေး ငါ့ကို အပြစ်မတင်နဲ့တော့။"
ရုတ်တရက် သူက သိုလှောင်အိတ်ထဲသို့ လက်ထည့်ပြီး ပြန်ထုတ်လိုက်ချိန်တွင် အနက်ရောင်အစေ့တစ်စေ့က ပေါ်လာသည်။ သည်မျိုးစေ့က သာမန်မျိုးစေ့များနှင့် မတူစွာပင် လက်သီးတစ်ဆုပ်စာရှိနေခဲ့၏။
“ကောင်စုတ်လေး ငါ မင်းသိအောင် ပြောလိုက်မယ်၊ ငါ မင်းကို တမင်အရှက်ခွဲချင်တာတော့ မဟုတ်ဘူး၊ ဒီအတိုင်း ဒီမျိုးစေ့ကို ပုံသဏ္ဍာန် အနည်းငယ်ပြောင်းအောင် လုပ်နိုင်ရုံနဲ့တင် ငါ မင်းကို အနိုင်ပေးမယ်။”
ယွီဝမ်ကျင်းက နှာခေါင်းရှုံ့သည်။
အပိုင်း ၉၆၈
ခန်းမထဲတွင်ရှိသော လူတိုင်းက သည်မျိုးစေ့ကို ကြည့်လာကြသည်။
“ယွီဝမ်ကျင်း ဒါက လူငယ်မျိုးဆက်ကို မင်းက ခက်ခဲတဲ့ ရှေးဟောင်းမျိုးစေ့ကို သုံးပြီး ရင့်မှည့်အောင် လုပ်ခိုင်းနေတာလား။”
“သူ့ကို ထည့်မပြောပါနဲ့၊ မြောက်ပိုင်းနယ်မြေတစ်ခုလုံးက ဘယ်လိုလူကမှ ရှေးဟောင်းမျိုးစေ့ကို ရင့်မှည့်အောင် မလုပ်နိုင်ကြဘူး။”
“ဟုတ်တယ် အရှက်မရှိလိုက်တာ။”
ကျန်သောလူများက မနေနိုင်တော့ဘဲ ယွီဝမ်ကျင်းကို အထင်တသေးလှောင်ပြောင် အပြစ်တင်ကြသည်။ လုကျန်းဟိုင်ကပင် မျက်မှောင်ကြုတ်လာ၏။
ရှေးဟောင်းမျိုးစေ့များအကြောင်းကို သူ ကြားခဲ့ဖူးသည်။ ထိုကဲ့သို့သော မျိုးစေ့များက တစ်နှစ်ပတ်လုံးနီးပါး လူအများအပြားဝိုင်းကာ ရင့်မှည့်အောင် လုပ်ရခြင်းဖြစ်၏။ သို့တိုင်အောင် နှစ်ထောင်ကျော် သူတို့ စုစည်းလာသမျှ အဆီအနှစ်များကို ကုန်ဆုံးရစေနိုင်သေးသည်။
ရှေးဟောင်းအဂ္ဂိရက်ပညာရှင်များက ပျောက်ဆုံးသွားသည်မှာ ကြာလှချေပြီ။ ထို့ကြောင့် သာမန်အဂ္ဂိရက်ပညာရှင်များက ဒါကိုရင့်မှည့်အောင် မလုပ်နိုင်လောက်တော့ချေ။
ယွီဝမ်၏မျက်နှာက အမူအရာပြောင်းဟန်ပင်မရှိပေ။
“ငါက စည်းမျဉ်းတွေအတိုင်းပဲ လုပ်ထားတာ၊ အခွင့်အရေးကို မဖမ်းဆုပ်နိုင်တော့ သူ့ကိုယ်သူပဲ အပြစ်တင်သင့်တယ်။”
“စည်းမျဉ်းတွေအတိုင်း ဟုတ်လား။”
လုယွီက ဖျော့တော့စွာပြောသည်။
“ခင်ဗျားက စည်းမျဉ်းအကြောင်း ထည့်ပြောလာရင် ငါက ဒါကိုရင့်မှည့်အောင် လုပ်နိုင်ရင် ငါ့အပိုင် ဖြစ်မယ်မဟုတ်လား။”
မည်သို့ပင်ဆိုစေ ဒါက အဂ္ဂိရက်ပညာရှင်တိုင်း သိကြသော အခြေခံစည်းမျဉ်းဖြစ်လေသည်။
ယွီဝမ်ကျင်းကလည်း များများစားစားမတွေးဘဲ နှာခေါင်းရှုံ့သည်။
“မင်းက ရင့်မှည့်အောင် လုပ်နိုင်မှတော့ မင်းအပိုင်ပေါ့၊ ငါ မင်းအရှေ့မှာ ပြောလိုက်မယ်၊ မင်း ဒါကိုရင့်မှည့်အောင် မလုပ်နိုင်ရင် ငါ့အရှေ့မှာ ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ဦးညွှတ်ရမယ်၊ ပြီးရင် ဒီနေရာကနေ ချက်ချင်းထွက်သွားလိုက်တော့။”
ဒါက တမင်တကာအရှက်ခွဲနေခြင်းဖြစ်သည်။ အဂ္ဂိရက်ပညာရှင်တစ်ယောက်က ချောင်းဟန့်လာ၏။
“အကြီးအကဲယွီဝမ် ခင်ဗျားဒါတော့ များသွားပြီ။”
“ငါ့ကို ဘယ်သူတားတား အဲဒီအကောင်က ငါ့တို့ ယွီဝမ်မိသားစုက ရန်သူပဲ။”
သည်တစ်ကြိမ်တွင် ယွီဝမ်ကျင်း၏မျက်နှာက နတ်ဆိုးတစ်ကောင်သဖွယ်ဖြစ်လာသည်။ မျက်လုံးများက နီရဲနေ၏။ ဒေါသက သူ၏စိတ်ကိုသိမ်းကြုံးယူသွားပြီဖြစ်သည်။
မြောက်ပိုင်းနယ်မြေမှ ကျော်ကြားသော အဂ္ဂိရက်ပညာရှင်တစ်ယောက် ဖြစ်သည့်အလျောက် ယွီဝမ်ကျင်းက သူ၏ဂုဏ်သိက္ခာကို အလွန်လေးစားသည်။ သူ၏ကျော်ကြားမှုကိုလည်း ဂရုစိုက်၏။ ထို့ကြောင့် ဒီနေရာတွင် မျက်နှာ အပျက်မခံနိုင်ခဲ့ပေ။ သည်ကလေးက ပေးဆပ်ရမည်ဖြစ်သည်။
“သွား လုပ်လိုက်တော့ ငါ့အချိန်က အဖိုးတန်တယ်။”
လုယွီက လက်ထဲတွင် ရှေးဟောင်းမျိုးစေ့ကို တင်လိုက်လျက် ဂရုတစိုက် အကဲခတ်သည်။ ယွီဝမ်ကျင်းက နှာခေါင်းရှုံ့လျက် သူ့ရှေ့တွင်ရှိသော စိတ်ဝိဉာဉ်စုစည်းခြင်းမြက်ပင်ကို ကြည့်လိုက်တော့၏။
ေမှာ်စွမ်းအင်များဖြင့် အားဖြည့်မှုကြောင့် ထိုကျွီလင်းမြက်ပင်က ရုတ်တရက် မရေမတွက်နိုင်သော အက်ရာများကို ထုတ်ဖော်လာခဲ့သည်။ အက်ကွဲသံ ကြားလိုက်ရပြီးနောက် ကိုင်းလက်တံနှင့်အရွက်များက ရှည်ထွက်လာကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် စတင်လင်းလက်တောက်ပလာခဲ့ကာ မီတာဝက်ခန့် ကြီးမားလာခဲ့သည်။
“ငါ့ရဲ့လုပ်ဆောင်နိုင်စွမ်းအားနဲ့ဆိုရင် ဒီအပင် ၁၀ မီတာလောက်အထိ ကြီးမားအောင်လုပ်ဖို့က ပြဿနာမရှိဘူး။”
“ဒါပေမယ့် မင်းအတွက်ကြောင့် မျက်နှာသာပေးတဲ့အနေနဲ့ မီတာဝက်လောက်နဲ့ ရပ်လိုက်ရင်ကောင်းမယ်။”
ယွီဝမ်ကျင်းက ရယ်လျက်ပြောသည်။
လုယွီက မထူးခြားနားစွာပြောသည်။
“ခင်ဗျား ပိုပြီးလေးနက်ဖို့ အကြံပြုလိုက်မယ်။”
ယွီဝမ်ကျင်းကမူ ထိုစကားကို စိတ်ထဲမထားပေ။
“မှတ်ထားစမ်းပါ၊ မင်းရှုံးတာနဲ့ ဒူးထောက်ပြီး ငါ့ရှေ့မှာ ဦးသုံးကြိမ်ချရမယ်။”
လုကျန်းဟိုင်က မနေနိုင်ဘဲ ဝင်ပြောလာ၏။
“ဆရာသခင်ဝမ်ချန်းက ငါ့ရဲ့ဧည့်သည်တော်ပဲ၊ အကြီးအကဲယွီဝမ် ခင်ဗျား ငါ့ရဲ့ဧည့်သည်တော်ကို ဒူးထောက်တောင်းပန်ခိုင်းတာက လွန်ကြူးလွန်းမနေဘူးလား။”
လုကျန်းဟိုင်ကလည်း စွမ်းအားကြီးမားသူဖြစ်သည်။ သူက စကားပြောလိုက်သည်နှင့် ပြင်းထန်သောအရှိန်အဝါများက ထွက်ပေါ်လာ ေစလျက် ယွီဝမ်ကျင်း၏မျက်နှာကို ရိုက်ခတ်သွားသည်။
ယွီဝမ်ကျင်း၏မျက်နှာအမူအရာက ပြောင်းလဲသွား၏။
“ကောင်းပြီလေ သူ့ကို လွှတ်ပေးလိုက်မယ်။”
သူ့ကို သတ္တိဆယ်ဆတိုးပေးလိုက်မည်ဆိုလျှင်ပင် သူ သည်အဆင့်လွန်အဆင့်နှင့် မတိုက်ခိုက်ရဲချေ။ မည်သို့ပင်ဆိုစေ ဒါက လုမိသားစုဖြစ်နေသေး၏။
လုကျန်းဟိုင်က သက်ပြင်းချသည်။
“ဆရာသခင်ဝမ်ချန်း ကြိုးစားဖို့မလိုတော့ပါဘူး၊ ဆရာသခင်ဝမ်ချန်းက ဘယ်လောက်ကျော်ကြားမှန်း ကျွန်တော်တို့ နားလည်ထားပြီးသားပါ၊ အဂ္ဂိရက် နယ်ပယ်မှာလည်း ဆရာသခင်ဝမ်ချန်းရဲ့စွမ်းအားက ဘယ်လောက်ပါရမီပြည့်စုံမှန်း ကျွန်တော်တို့ နားလည်ထားကြပါတယ်၊ အကြီးအကဲယွီဝမ်က အဂ္ဂိရက်နယ်ပယ်မှာ ဆရာသခင်ဝမ်ချန်းထက် အတွေ့အကြုံရှိနေတာတော့ အမှန်ပဲ၊ ဒါကြောင့် သူ့ကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို လွှတ်ပေးထားလိုက်ပါ။”
လုကျန်းဟိုင်၏ စကားဆုံးသွားပြီးနောက် သူက လုယွီကို ခေါ်သွားရန် ပြင်ဆင်လိုက်သည်။
“နေအုံး။”
လုယွီက ပြောသည်။
“ငါ ဒီမျိုးစေ့ကို ရင့်မှည့်အောင် မလုပ်နိုင်ဘူးလို့ ခင်ဗျားထင်လို့လား။”
“ဟား ဟား ဟား မင်းကို မျက်နှာသာပေးချင်ပေမယ့် မင်းက အသုံးမဝင်ဘဲကိုး၊ မင်းကို ဆယ်နှစ်အချိန်ပေးလိုက်မယ်ဆိုရင်တောင်မှ မင်း ဒါကိုရင့်မှည့်အောင် မလုပ်နိုင်ဘူး။”
ယွီဝမ်ကျင်းကရယ်သည်။
အပိုင်း ၉၆၉
လုယွီက ခေါင်းခါသည်။ သူ၏လက်ချောင်းလေးဖြင့် ထိုအပင်ကို တို့လိုက်ချိန်တွင် ရွှေရောင်အလင်းက အထဲသို့ဝင်သွား၏။
ခရက်
ရုတ်တရက် အက်ကွဲသံက ထွက်ပေါ်လာပြီး ထိုရှေးဟောင်းမျိုးစေ့ပေါ် ရွှေရောင်အလင်းတန်း ကျသွားသည်နှင့် မျက်နှာပြင်က အက်ရာများ ပြည့်နှက်လာတော့၏။
သည်အတိုင်း ဆက်တိုက်ဖြစ်ပျက်လာနေပြီးနောက် အက်ရာများက တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ယွီဝမ်ကျင်းက အော်သည်။
“ငါ မင်းကို အချိန်တစ်နှစ် ပေးမယ်ဆိုရင်တောင်မှ မင်း ဒါကိုရင့်မှည့်အောင် မလုပ်နိုင်ဘူး။”
သေချာစွာပင် ထိုသို့ပြောလိုက်ချိန်တွင်ပင် အားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။
စောင့်ကြည့်နေသော အဂ္ဂိရက်ပညာရှင်တစ်ယောက်က ရုတ်တရက်ပြောသည်။
“ငါကြားဖူးတာတော့ ထျန်းကျင်းမြို့မှာ ရှေးဟောင်းဆေးပင်တစ်ပင် ရှိတယ်လို့ကြားတယ်၊ လူများစွာကြိုးစားပြီး အဓိပ္ပါယ်ဖော်ထုတ်ဖို့ ကြိုးစားပြီးတဲ့နောက်မှာ တန်နတ်ဘုရားကတောင်မှ သူ ဒါကိုရင့်မှည့်အောင် မလုပ်နိုင်ဘူးလို့ ပြောသွားခဲ့တယ်။”
“ယွီဝမ်ကျင်း မင်း ဒီသေဆုံးနေတဲ့မျိုးစေ့ကို ထုတ်ယူလာပြတာပဲ။”
“ဟုတ်တယ်၊ လူငယ်မျိုးဆက်ကို သက်သက်မဲ့အရှက်ခွဲနေတာ။”
ပတ်ဝန်းကျင်မှ အဂ္ဂိရက်ပညာရှင်များက လက်မခံနိုင်ကြတော့ဘဲ ယွီဝမ်ကျင်းကို ဝိုင်းဆူကြသည်။ သို့သော် ယွီဝမ်ကျင်းကမူ ရှက်ရွံ့ဟန်မရပေ။
“ငါက စည်းမျဉ်းတွေအတိုင်းပဲလုပ်တာ၊ သူက အဆင့်မြင့်အဆင့်ဆေးပင်ကို ထုတ်မလာတာက ငါ့ကို အပြစ်တင်စရာလား၊ သူ့မှာသာ အရည်အချင်းရှိရင် သူ လုပ်နိုင်ရမှာပေါ့ မဟုတ်ဘူးလား။”
ယွီဝမ်ကျင်းက အော်သည်။
“ဘယ်မျိုးစေ့က သေနေတယ်လို့ပြောတာလဲ။”
လုယွီက ဖျော့တော့စွာဝင်ပြောလာ၏။
မတိုင်မီက ရွှေရောင်အလင်းတန်းများက မျိုးစေ့ကိုဖုံးလွှမ်းနေခဲ့သဖြင့် အက်ရာများကို အခြားသူများက မမြင်နိုင်ခဲ့ကြခြင်းဖြစ်၏။
သို့သော် လုယွီကမူ မတူပေ။
ယွီဝမ်ကျင်းက နှာခေါင်းရှုံ့သည်။
“မဟုတ်လို့လား၊ လုအိမ်တော်က အဂ္ဂိရက်နတ်ဘုရားကတောင်မှ ဒီမျိုးစေ့က အသုံးမဝင်တော့ဘဲ သေဆုံးသွားပြီလို့ ပြောခဲ့တာလေ။”
လုယွီက ခေါင်းခါသည်။
“လုမိသားစုမှာ အဂ္ဂိရက်နတ်ဘုရားရှိမရှိ ငါ မသိဘူး၊ ငါ့အထင် ကိုယ့်ကိုယ်ကို တန်နယ်ပယ်က နတ်ဘုရားလို့ ခေါ်ရဲကတည်းက အဲဒီလူက မာနကြီးလွန်းတယ်လို့ပဲ ဆိုချင်တယ်။”
ရုတ်တရက် လုယွီက လက်ဝါးထဲတွင် စွမ်းအင်တစ်ချို့ ထည့်လိုက်လျက် ထိုမျိုးစေ့ကို ရိုက်ချလိုက်သည်။ နဂိုက သည်မျိုးစေ့တစ်ခုလုံး အက်ရာများ ပြည့်နှက်နေခဲ့ပြီးသားဖြစ်သည်။ လုယွီက သည်လိုရိုက်လိုက်သောအခါ ပေါက်ကွဲထွက်သွား၏။ မျက်စိကျိန်းမတတ်တောက်ပသော အလင်းတန်းများက ထွန်းထွက်လာသည်။
လုယွီက သူ၏နှုတ်မှ ရှေးဟောင်းဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လျက် လေထဲတွင် စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းပတ်လိုက်သည်။
“ကြီးထွားစမ်း။”
ဝုန်း
ထိုသို့ပြောလိုက်ချိန်မှာပင် သည်ရှေးဟောင်းမျိုးစေ့က အကိုင်းအခက်အလက်တစ်ခုကို ထုတ်ပေးလာသည်။ လူအများ မတုန့်ပြန်နိုင်ခင်မှာပင် ရူးသွပ်လောက်အောင် ကိုင်းလက်တက်များက ရှည်လျားလာ၏။
ဝင်သက်တစ်ကြိမ်အတွင်းတွင်ပင် အလွန်အမင်းရှည်လျားလာသည်။ သို့သော် မရပ်တန့်သေးချေ။
သည်ရှေးဟောင်းဆေးပင်က အသည်းအသန်ကြီးထွားရန် ကြိုးစားနေဟန်ရ၏။ မီတာတစ်ဝက်၊ ၁ မီတာ၊ ၂ မီတာ …
ဆက်တိုက်ရှည်လျားလာပြီးနောက်တွင် ရွှေရောင်အလင်းတန်းများက အပြည့်တည်ရှိနေခဲ့ကာ မျက်နှာပြင်တစ်ခုလုံးက အားအင်အပြည့်ရှိနေခဲ့၏။ ထင်ရှားသော ရှေးဟောင်းဝင်သက်အရှိန်အဝါတစ်ခုက ပျံ့လွင့်လာသည်။ အချိန်တိုအတွင်းတွင်ပင် ထိုအပင်က ၁၀ မီတာအထိ မြင့်သွားခဲ့ပြီဖြစ်သည်။
ကိုင်းလက်တက်များတွင်လည်း အရွက်များက အပြည့်ရှိနေသေး၏။
လူတိုင်းက တုန်ယင်သွားကြသည်။ သူတို့ မျက်လုံးပြူးလျက် ကြည့်နေကြ၏။
ဝုန်း
ခြိမ်း
ရုတ်တရက် ကြည်လင်သောခေါင်းလောင်းသံက လူတိုင်း၏စိတ်အတွင်းတွင် ပဲ့တင်ထပ်လာသည်။
“ခေါင်းလောင်းနဲ့ဗုံသံပဲ၊ ရှေးဟောင်းဆေးပင်တွေ ပေါ်ထွက်လာမှ အထွတ်အမြတ်ပစ္စည်းတ ွေပေါ်ထွက်လာမှ ဒီလိုပေါ်ထွက်လာတတ်တာ မဟုတ်လား။”
အဂ္ဂိရက်ပညာရှင်အများစုက အံ့အားတကြီးပြောဆိုကြသည်။ ဒါက ရှေးဟောင်းဆေးပင် အစစ်အမှန်ဖြစ်နေခဲ့၏။ မည်သူကမျှ သံသယမဝင်ကြတော့ချေ။
ရုတ်တရက် သွေးအန်သံထွက်လာသည်။ ယွီဝမ်ကျင်းက သွေးအန်လိုက်ရ၏။ သူ၏ဆံပင်များက စုတ်ပြတ်သတ်နေပြီး မျက်လုံးများက နီရဲနေသည်။
“ဒါက ငါ့ရဲ့ဆေးပင်၊ ဒါက ငါ့ရဲ့ဆေးပင်ပဲ။”
လုယွီက တိတ်ဆိတ်စွာ ငြိမ်သက်နေပြီးနောက် ဝင်ပြောလိုက်သည်။
“စည်းမျဉ်းတွေအရ ဒါက ငါ့အပိုင်ဖြစ်သင့်တာ၊ ခင်ဗျား ဘယ်လို ကတိမတည်တာလဲ။”
လူတိုင်းကလည်း သည်စကားကို ကြားခဲ့ပြီးသားဖြစ်သည်။ စည်းမျဉ်းများအရ လုယွီကသာ သည်ဆေးပင်ပိုင်ဆိုင်သင့်၏။
“ဒီအပင်က ငါ့အပိုင်ပဲ၊ မင်း ငါ့ဆီက ယူသွားလို့မရဘူး။”
လုဝမ်ကျင်းက အော်လျက် ထိုဆေးပင်ကို ဖမ်းဆုပ်ယူရန်ကြံစည်လေသည်။
ချက်ချင်းဆိုသလို သူ့အရှေ့တွင်ရှိသော ကျွီလင်းမြက်ပင်က ရူးသွပ်လောက်အောင် ကြီးထွားလာလျက် ၁၀ မီတာအထိ ရောက်လာခဲ့သည်။ ထိုအပင်တွင် အရှိန်အဝါက အပြည့်ရှိနေခဲ့သည်။ ရင့်သန်လာဟန်ရ၏။
“ငါနိုင်တယ်၊ ငါ့ကို အဲ့ဒီအပင်ပေး။”
ယွီဝမ်ကျင်းက အော်သည်။
လုယွီက မထူးခြားနားစွာပြောသည်။
“ငါ ပြီးပြီလို့ပြောသေးလား။”
လုယွီက သူ၏ အရှေ့မှ ထိုအပင်ကို လက်ညှိုးနှင့်တို့လိုက်ကာ ပြောသည်။
“ဒီတစ်ပင်က တောအုပ်ဖြစ်လာနိုင်တယ်။”
အပိုင်း ၉၇၀
လုယွီ၏ အသံထွက်လာသည်နှင့် ဆယ်မီတာခန့် ရှိသော ထိုသစ်ပင်က ကြီးမားသည်ထက် ကြီးမားလာပြန်သည်။ ဒီတစ်ကြိမ်တွင်ဂိုဏ်းတစ်ခုချင်းစီတိုင်းက ပန်းဖူးများ ပွင့်လာခဲ့၏။
"ဒါ ဘာအနံ့လဲ၊ မွှေးလိုက်တာ အရသာလည်း ရှိမယ့်ပုံပဲ"
"ဟုတ်တယ် အနံ့ခံရုံနဲ့တင် ငါ့ရဲ့ နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တဲ့ ကျင့်ကြံခြင်းအဆင့်တန့်နေမှုက ပြေလျော့လာပြီလို့ ခံစားနေရပြီ။ "
အဂ္ဂိရက် ပညာရှင်များ၏ မျက်ဝန်းများက တောက်ပလာပြီး သိပ်မကြာခင်မှာပင် ဂိုဏ်းအခက်အလက်များကို ကြည့်ကြသည်။
လုယွီ၏ ထိန်းချုပ်မှုအောက်တွင် ဂိုဏ်းတစ်ခုချင်းစီတိုင်းတွင် ရွှေရောင်အလင်းတန်းက ဝိုင်းပတ်လာလျက် အရှေ့အနောက် ဆက်တိုက်ဆန့်ကား လာတော့သည်။ ရှေးဟောင်း သစ်ပင်ကြီးကြီးထွားလာသည်နှင့် တူ၏။
ရှေးဟောင်း ကောင်းကင်ဘုံပြိုလဲကျသွားသောအခါ ရှေးဟောင်း ထာဝရရှင်သန်သူများ၏ အမွေအနှစ်များက ပျက်စီးကုန်သည်။ အရာအားလုံးက ကောင်းကင်အောက်တွင် ချိတ်ပိတ်ခံရ၏။
လက်ရှိခေတ်တွင် တစ်လောကလုံးမှ လူအနည်းစုကသာလျှင် ရှေးဟောင်းကျမ်းစာများကို ဖတ်ရှုခွင့်ရပြီး ရှေးဟောင်းသိုင်းများကို ကျင့်ကြံနိုင်ကြသည်။ ထိုလူများက အလွန်စွမ်းအားကြီးမားကြ၏။
လုယွီကမူ ကွာခြားသည်။
သူက ရှေးဟောင်းတာအို ထာဝရရှင်သန်သူ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့ပြီး ထိုက်ချူခန္ဓာကိုယ်သိုင်းကို ကျင့်ကြံခဲ့သည့်အတွက် သူ၏ ကိုယ်တွင်ပင် ရှေးဟောင်း အဆီအနှစ် စွမ်းအင်တစ်မျိုးက ရှိနေခဲ့ပြီဖြစ်သည်။ ထိုအရာကို ရှေးဟောင်းအသက်စွမ်းအားဟုလည်း ခေါ်နိုင်၏။
လက်ရှိအချိန်တွင် နတ်မင်းတစ်ယောက်ဆိုလျှင်ပင် သူက ထိုစွမ်းအားကို အသုံးပြုလိုက်သည်နှင့် တောင့်ခံနိုင်စွမ်းအား ရှိလိမ့်မည် မဟုတ်ပေ။
လုယွီ၏ ကိုယ်အတွင်းတွင် ရှေးဟောင်း အသက်စွမ်းအားရှိနေသည့်အတွက် ဒီဆေးပင်ကို ရင့်မှည့်အောင် လုပ်နိုင်ခြင်းလည်း ဖြစ်၏။
ဝုန်းကနဲ အသံနှင့်အတူ တစ်ဂိုဏ်းချင်းစီတိုင်းတွင် ပန်းရာကျော် ပွင့်လာခဲ့၏။ အချိန်တိုင်းလိုလို ပြင်းထန်သော မွှေးရနံ့က ခန်းမတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ သို့ရာတွင် ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။
ကိုင်းတစ်ခုချင်းစီတိုင်းက ဆက်တိုက်ဆန့်တန်းလာလျက် သစ်ကိုင်းအသစ်များကို မွေးထုတ်ပြန်၏။ အားလုံး၏ အကြည့်အောက်တွင်ပင် ဒီအပင်က နှစ်ပင်ပြောင်းသွားသည်။ ထို့နောက် ဆက်ကြီးထွားပြန်၏။
လက်ဖက်ရည်တစ်ခွက် သောက်စာကုန်ချိန်ပြီးနောက် လုယွီ၏ အရှေ့တွင် တောအုပ်တစ်ခုက စိမ်းစိုစွာ ရှိနေခဲ့ပြီဖြစ်သည်။
ကံကောင်းသည်မှာ ဒီခန်းမက အလွန်ကျယ်သည်။ လုယွီ၏ တောအုပ်အသေးစား ဖန်တီးလိုက်ခြင်းကပင် အတန်ငယ် ပြည့်နှက်သွားရုံမျှသာ လုပ်နိုင်သေး၏။
"အံ့ဩဖို့ ကောင်းလိုက်တာ"
အဂ္ဂိရက် ပညာရှင်တိုင်း တုန်ယင်သွားကြသည်။ ဒါက မျိုးစေ့တစ်စေ့မျှသာ ဖြစ်၏။ ရှေးဟောင်း မျိုးစေ့ပင်လျှင် တောအုပ်မဖြစ်နိုင်သင့်ချေ။ ထို့ကြောင့် ဒီလို လုပ်နိုင်စွမ်းအားက မှော်ဆန်လွန်း အားကြီးနေခဲ့ပြီဖြစ်သည်။
"ငါ လက်မခံနိုင်ဘူး။ ဒါက ငါ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ဆေးပင်တွေထဲက ရှေးဟောင်းမျိုးစေ့ပဲ။ ဘယ်လိုများ မင်းကိုပေးရမှာလဲ"
ယွီဝမ်ကျင်းက အော်ဟစ်လိုက်လျက် ပြင်းထန်သော အတွင်းအားများကို လွှတ်ထုတ်ကာ သူ၏ မြက်ပင်ကို ကြီးထွားအောင် ကြိုးစားပြန်၏။
သို့ရာတွင် ကျွီလင်းမြက်ပင်က မီတာဝက်ခန့်သာ ထပ်မံကြီးထွားပြီးနောက် ရပ်တန့်သွားခဲ့၏။ ဒါက စုစည်းခြင်း စိတ်ဝိဉာဉ်မြက်ပင်၏ ရှည်ထွက်နိုင်သော အမြင့်ဆုံးအဆင့်မျှသာ ဖြစ်သည်။ ဘာမှ ထူးခြားမှု ရှိမနေခဲ့ပေ။
ယွီဝမ်ကျင်း၏ ခွန်အားက ပြင်းထန်လျှင်ပင် ဒီထက်ပိုမြင့်အောင် မလုပ်နိုင်တော့ချေ။
"ငါတို့အတွက် စိတ်ဝိဉာဉ်မြက်ပင်ကို ဒီလောက်ကြီးထွားအောင် လုပ်နိုင်နေတာက လူတိုင်းလုပ်နိုင်နေတာပဲ။ ဘာများ ထူးခြားနေလို့လဲ"
"ဟားဟား အဖိုးကြီး ယွီဝမ် မင်း ဒီတစ်ကြိမ်တော့ အုတ်နံရံကို ခေါင်းနဲ့ဆောင့်မိသွားပြီ၊ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ "
အခြား အဂ္ဂိရက် ပညာရှင်များက အော်ကြသည်။
ပွက်
ယွီဝမ်ကျင်းက သွေးအန်လိုက်ရသည်။ သူ၏ မျက်နှာက နီရဲလာပြန်၏။ ထိုအခိုက် ခန်းမထဲတွင် အော်ဟစ်သံ ထွက်လာသည်။
"ဘယ်သူလဲ"
လူတိုင်း လှည့်ကြည့်လိုက်ချိန်တွင် မီးတောက်တစ်ခုက ဖြတ်သန်းသွားပြီး သစ်ပင်ရှေ့ ကျသွားကြောင်း မြင်လိုက်ရ၏။ ဒါက ဖီးနစ်ဖြစ်သည်။ လိပ်တစ်ကောင်အလား ရှိနေသေး၏။
"ဒါက ဘိုးဘေးတွေ ပြောကြတဲ့ ဟောင်ဖုန်းဆိုတာလား၊ ဒါက အလေ့အထအရ ဒီလိုဖြစ်တယ်တဲ့"
"ပြောရရင်ရှေးဟောင်း ငှက်တွေက သူတို့ နေထိုင်မယ့်အပင်ကို ရွေးချယ်လေ့ ရှိကြတယ်။ ဒီဖီးနစ်က ရှေးဟောင်း မျိုးဆက်ဖြစ်ပြီး ဘိုးဘေး ပျိုးထောင်ထားခဲ့တာ။ မမျှော်လင့်ထားပဲ ရှေးဟောင်းဆေးပင်ကို တွေ့သွားလို့ လာရောက်ခဲ့တာပဲ"
ခန်းမရှိ လူတိုင်း၏ အကြည့်အောက်တွင် ဖီးနစ်က အကြိမ်အနည်းငယ်အော်သည်။ ထို့နောက် အပင်ပေါ်သို့ ဖြေးညင်းစွာဖြင့် ဆင်းသက်လာခဲ့၏။ အပင်ပေါ်မှတဆင့် ထိုဖီးနစ်က လုယွီအား ကြည့်သည်။
သို့သော် လုယွီက ဖျော့တော့စွာ ပြော၏။
"ဒီရှေးဟောင်း ဆေးပင်က ငါ့အပင် မင်းလိုချင်ရင်တန်ကြေး ပေးရမယ်"
ကျန်သောသူများက ဒီစကားကို ကြားလိုက်ရသည်။ သို့သော် ဒီအသံက ငရဲမှတက်လာသံနှင့် တူ၏။ ရှေးခေတ် အချိန်ကတည်းက ထူးခြားသော မျိုးစိတ်များရှိသည်။ သူ၏ အသံက ရှေးဟောင်း သားရဲမျိုးစိတ်အသံနှင့် တူနေခဲ့၏။ သားရဲစကားသံနှင့် တူလာသည်။