← Chapters

အခန်း (၉၇၁-၉၇၅)

Vol. 52 Ch. 971-975

အခန်း (၉၇၁-၉၇၅)

Vol. 52 Ch. 971-975

အပိုင်း ၉၇၁

စကားသံကို ကြားလိုက်သော မီးဖီးနစ်က တုန်ယင်သွားရ၏။ အခြားလူများ ဆိုလျှင် မပြောရဲကြတော့ပေ။

"ဝမ်ချန်းရဲ့ ဆေးပညာအစည်းအဝေးပွဲမှာ လုပ်နိုင်စွမ်းအားနဲ့ ပက်သက်ပြီး ငြင်းခုန်နေတယ်လို့ ငါ ကြားခဲ့တာ ကြည့်ရတာ သူက တကယ်ပဲ ဒီလိုလုပ်နိုင်စွမ်းအား ရှိခဲ့တာပဲ။ ငါတို့တွေ တကယ်ပဲမှားခဲ့ပါတယ်"

အဂ္ဂိရက်ပညာရှင်တစ်ယောက်က သက်ပြင်းချသည်။

ထိုမီးဖီးနစ်က မနေနိုင်ပဲ အော်ဟစ်သည်။ ရှေးခေတ် ထူးခြားမျိုးစိတ်ဖြစ်သည့်အပြင် လုမိသားစုမှ ဘိုးဘေးကိုယ်တိုင် ပျိုးထောင်ခဲ့ခြင်းဖြစ်ကာ လုမိသားစုတွင် သူ၏ အဆင့်အတန်းက မြင့်မား၏။

ဒီအပင်တွင် ပိုင်ရှင်ရှိကြောင်း မြင်သောအခါ သူက ယဉ်ကျေးသည်။ သို့ရာတွင် တန်ကြေးမပေးဆပ်လိုခဲ့ပေ။ ဖီးနစ်က မရွေ့လျားပေ။

သို့ရာတွင် ထိုဖီးနစ်ကိုယ်တိုင်ကလည်း လုယွီထံမှ အန္တရာယ်ကို ခံစားမိ၏။ အလွန် အန္တရာယ်များသည်။ သေနိုင်လောက်၏။ ဒီခံစားချက်က လုမိသားစုမှ ဘိုးဘေးထံမှပင် မရခဲ့ဖူးသေးချေ။

အနည်းငယ် တုံ့ဆိုင်းပြီးနောက် ထိုဖီးနစ်က တောင်ပံကို ခတ်လျက် လုယွီ၏ လက်အနားသို့ ပျံသန်းလာသည်။

ဒါကိုမြင်သောအခါ လုကျန်းဟိုင်က မျက်လုံးပြူးသွား၏။ သူ ရင်နာသွားသည်။

"ဒါက ဖီးနစ်ငှက်မွှေးပဲ"

တန်ကြေးဟု ဆိုလာသဖြင့် ငှက်မွှေးကို ပေးလိုက်ခြင်းဖြစ်သည်။ အခြားသော အဂ္ဂိရက် ပညာရှင်များ၏ မျက်လုံးများကပင် နီရဲသွားကြသည်။

ထိုဖီးနစ်မွှေးက သာမန်မဟုတ်ပေ။ အလွန်အဖိုးတန်သော လက်နက်တစ်ခု ဖြစ်သွားနိုင်၏။ ဖီးနစ်အမွှေးကို အသုံးပြုလျက် အချိန်ရွေး နီဗားနစ် မီးတောက်ကို ဆင့်ခေါ်ကာ အရာအားလုံးကို လောင်ကျွမ်းနိုင်သည်။

ကောလဟာလအရဆိုလျှင်ပင် ထိုငရဲမီးက အဆင့်အလွန်ဆုံး အပူပြင်းဆုံးမီး ဖြစ်နေသေး၏။

လူတိုင်းက လိုချင်နေကြသော်လည်း မည်သူကမှ မရွေ့လျားရဲကြပေ။

လုကျန်းဟိုင်က မျက်လုံးကို မှေးကျဉ်းလျက် ထိုဖီးနစ် ငှက်မွှေးကိုကြည့်ကာ ပြောသည်။

"ဆရာသခင် ဝမ်ကျန်းက ကံကောင်းလိုက်တာ"

ထို့နောက် ခပ်ထိုင်းထိုင်း အသက်ရှူသံက ထွက်လာသည်။ ယွီဝမ်ကျင်း၏ မျက်လုံးများက အလွန်အမင်း နီရဲနေကာ ထိုငှက်မွှေးကို လောဘတကြီး ကြည့်နေခဲ့၏။ သူ၏ မျက်ဝန်းတွင် မုန်းတီးမှုများကိုလည်း မြင်နိုင်သည်။

"ဒါက ဒီအဖိုးကြီး ပိုင်တာပဲ။ ငါ့ကို ပေးစမ်း"

ယွီဝမ်ကျင်းက အော်ပြန်ကာ အနားသို့ ခုန်ဝင်လာသည်။

ခြိမ်း

ထိုအခိုက် သည်မြင်ကွင်းကို လူတိုင်းက ရှင်းလင်းစွာ မြင်လိုက်ရ၏။ ထိုမြင်ကွင်းက ယွီဝမ်ကျင်းက တစ်စုံတစ်ရာဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ နံရံဖြင့် ဝင်ဆောင့်ခံလိုက်ရခြင်း ဖြစ်၏။

ခြိမ်း

နံရံကို ဝင်ဆောင့်တိုက် မိသွားသည်နှင့် အားအင်မဲ့စွာ အောက်သို့ပြုတ်ကျသည်။ တစ်ကိုယ်လုံးမှ အရိုးတိုင်း ကျိုးသွား၏။ ထိုမြင်ကွင်းကို မြင်သောအခါ ယွီဝမ်မိသားစုမှ လူအချို့ ရှေ့တက်လာကြသည်။

"မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ"

ယွီဝမ်မိသားစုမှ နတ်မင်းတစ်ပါးက ပြောသည်။

လုယွီက အေးစက်စွာဖြေသည်။

"သူ့သေလမ်း သူ ရှာတာပဲ၊ ငါ့ကို အပြစ်မတင်နဲ့"

"မင်းက ဒီအတိုင်း စွမ်းအင်နည်းနည်းထုတ်နိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကို တော်လှပြီ ထင်နေတာလား"

ယွီဝမ်မိသားစုမှ ဘုန်းတော်ကြီး တစ်ပါးက ပြောသည်။

ရှင်းလင်းစွာဖြင့်ပင် ယွီဝမ်ကျင်းက ဖီးနစ်ငှက်မွှေးကို မြင်သည်နှင့် လောဘကြီးသွားခဲ့ပြီး လုယွီထံမှ ယူလိုခဲ့ခြင်းဖြစ်၏။ လက်ရှိအချိန်တွင် သူတို့ဘက်မှ ပြောသည့်အခါ လုယွီကပဲ မှားသကဲ့သို့ ဖြစ်နေသည်။

လုကျန်းဟိုင်က မျက်မှောင်ကြုတ်သည်။

"မင်းတို့တွေ ယွီဝမ်ကျင်းကို ခေါ်ပြီး လုအိမ်တော်က ထွက်သွားကြတော့"

သူက အဆင့်လွန်အဆင့် ဖြစ်သည်။ သူက ဒီအဂ္ဂိရက်ပညာရှင်များကို ယဉ်ကျေး ပြနေသော်လည်း သူ ဒေါသထွက်လာသည်နှင့် ဘာကိုမှ ဖိနှိပ်ထားရန် မလိုအပ်တော့ချေ။

ယွီဝမ်မိသားစုမှ ထိုဘုန်းတော်ကြီးများ၏ မျက်နှာအမူအယာများက ပြာနှမ်းသွားကြသည်။စကားဆက်မပြောရဲကြတော့ပဲ ယွီဝမ်ကျင်းကို ေခါ်လျက် ထွက်သွားကြတော့၏။ သူတို့ ထွက်သွားသည်နှင့် အခြားသော အဂ္ဂိရက် ပညာရှင်များက လုယွီအား ဂုဏ်ပြုကြသည်။

ထိုအချိန်တွင် ဒီသတင်းက တစ်မြို့လုံးအနှံ့ ပြန့်နှံ့သွားသည်။ ဝမ်ချန်း၏ ကျော်ကြားမှုက မြို့တိုင်းအနှံ့ ပြန့်နှံ့လေတော့၏။

လုယွီက ဖီးနစ်လိုချင်နေသော သစ်ပင်ကို တစ်ချက်ကြည့်ပြီးပြောသည်။

"ဒီမျိုးစေ့က ရင့်မှည့်သွားပြီ ဆိုပေမယ့် အားဖြည့်ဖို့ လိုအပ်နေတုန်းပဲ။ ဖီးနစ်ကလည်း တန်ကြေး ပေးပြီးပြီ ဆိုမှတော့ ဒီအပင်ကို ငရဲနတ်ဘုရား သစ်သားလို့ပဲ ခေါ်ကြရအောင်"

လုယွီက အပင်၏ ဇစ်မြစ်ကို သိထားပြီးသားဖြစ်၏။ ဒါက အဖိုးတန်းသော်လည်း သူ့အတွက် အသုံးမဝင်ချေ။

လုကျန်းဟန်က ချက်ချင်းလိုလို ကိစ္စများကို ကိုင်တွယ်သည်။ ထို့နောက် လုယွီအား လှည့်ကြည့်ကာပြော၏။

"ဆရာသခင် ဝမ်ချန်း ငါ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးညွှန်းကိုတန်နတ်ဘုရားကို သွားပြချင်ပါတယ်။ ကျေးဇူးပြုပြီး ဒီမှာ စောင့်ပေးပါ"

ထို့နောက် သူက အလျင်စလို တောင်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ဝင်ရောက်သွားသည်။

ဒီနေရာက အလွန်ကျယ်ပြောသော တောင်တန်းကြီး ဖြစ်၏။ လုယွီ ပေးထားသော ဆေးစာလိပ်ကို အထဲသို့ ပေးပို့စေပြီးနောက် လုကျန်းဟန်က အပြင်တွင် ‌စောင့်သည်။ တစ်ခဏခန့် ကြာပြီးနောက် ကျယ်ပြောသော အသံက ပဲ့တင်ထွက်လာ၏။

"ပေါက်ကရတွေ ဒီဆေးကို ရေးသားထားတဲ့သူက ဆေးပညာအကြောင်းကို သေချာနားမလည်ဘူးလို့ ငါ သံသယဝင်တယ်၊ အဲဒိကလေးကို ထွက်သွားခိုင်းလိုက်စမ်း၊ ဒီလိုမာနကြီးတဲ့လူမျိုး ငါနဲ့ ပူးပေါင်းဖို့ မလိုဘူး"

ထိုအသံက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့၏။

"တန်နတ်ဘုရား ဝမ်ချန်းက တကယ်ပဲ စွမ်းအင်ရှိပါတယ်။ ဒီအတိုင်း မောင်းထုတ်တာက နှမြောစရာ မကောင်းလွန်းပါဘူးလား"

လုကျန်းဟန်က ပြောသည်။

ယခင်ကဆိုလျှင် သူတန်နတ်ဘုရားကို ယုံမိနိုင်၏။ သို့သော် လုယွီ၏ ထူးခြားမှုများကို မြင်ခဲ့ပြီးချိန်တွင် လုကျန်းဟန်ကိုယ်တိုင်ကပင် လုယွီကို လေးစားနေမိပြီဖြစ်သည်။

"တတိယ အိမ်တော်ခွဲက ခေါင်းဆောင်လု မင်း အဂ္ဂိရက် ပညာကို နားမလည်ပါဘူး။ သူတို့ အဂ္ဂိရက်ပညာရှင်တွေက ဟန်ဆောင်ကောင်းကြတယ်။ တကယ်တော့ သူတို့မှာ ဘာပါရမီမှ ရှိတာမဟုတ်ဘူး"

လုကျန်းဟိုင်၏ အရှေ့တွင် ဝတ်စုံဖြူဝတ် လူအိုကြီးတစ်ယောက် ပေါ်လာသည်။ သူက အဖြူရောင် ဝတ်ထားကတည်းက

သူထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းက သူ့အားဒူးထောက် ဂုဏ်ပြုကြရ၏။

"ဒါပေမယ့် ဝမ်ချန်းက ရှေးဟောင်း ဆေးပင်ကို တကယ်ပဲ ရင့်မှည့်အောင် လုပ်နိုင်ပြီး တောအုပ်တစ်ခုစာ ကြီးထွားလာအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် ကြားထားတဲ့အတိုင်းဆိုရင် သူ ဖော်စပ်ပေးတဲ့ ဆေးလုံးက ဧကရာဇ်အဆင့်ကိုတောင် ကျော်လွန်နေတယ်လို့ ပြောကြပါတယ်။ ဒီတော့ကျွန်တော်တို့ သေချာ တွေးသင့်တယ်လို့ ထင်တယ်"

လုကျန်းဟန်က တုံ့ဆိုင်းသွားသည်။

အပိုင်း ၉၇၂

အရှေ့ရှိ ထိုလူအိုကြီးက လုမိသားစုမှ ခေါင်းဆောင် ဆေးနတ်ဘုရား လုချန်ချုံဖြစ်သည်။

ချူရှောင်းက သူ့ကိုယ်သူ အဂ္ဂိရက်နယ်ပယ်မှ ဘုရင်တစ်ဆူအဖြစ် သတ်မှတ်ထားချိန်တွင် လုချန်ချုံကမူ သူ့ကိုယ်သူ အဂ္ဂိရက်နတ်ဘုရားဟု ခေါ်သည်။ ထို့အပြင် လုချန်ချုံက အဂ္ဂိရက်ပညာနယ်ပယ်တွင် တော်ရုံသာ မကလေပဲ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်၏။ ထို့နောက် လုကျန်းဟန်ကပင် ထိုလူကို ရိုကျိုးစွာ ဆက်ဆံလေသည်။

"သူ ဖော်စပ်တဲ့ ဆေးက ဘယ်လိုမျိုးလဲ။ ငါတော့ မယုံဘူး။ ငါက နှစ်ပေါင်းများစွာ အဂ္ဂိရက်နယ်ပယ်ကို ကျင်လည်စွာ လေ့လာခဲ့တာ။ ဧကရာဇ်အဆင့် ဆေးဆိုတာမျိုးက အနှိုင်းအဆမဲ့ စွမ်းအားကြီးတဲ့ ဆေးလုံးမျိုးပဲ၊ နောက်ပြီး ဧကရာဇ်အဆင့်ထက် မြင့်တဲ့ဆေးလုံးမျိုး ဆိုတာလည်း မရှိဘူး၊ အပြင်ဘက် လောကက ပြောသမျှက အားလုံး သတင်းအမှားတွေချည်းပဲ၊ ယုံချင်စရာမှ မရှိတာ"

လုချန်ချုံက မာနတကြီး ဂုဏ်ယူစွာဖြင့် ပြောသည်။ သူက လုယွီကိုလည်း မမြင်ဖူးသေးသော်လည်း မယုံပေ။ သူ့ထက် ငယ်ပြီး သူ့ထက်တော်နေခြင်းအား သူ လက်မခံနိုင်ပေ။ လုယွီက ဂုဏ်ယူစရာ မရှိဟု သူ ယုံ၏။

လုချန်ချုံ၏ အမြင်အရ ထိုဧကရာဇ်အဆင့်ကို ကျော်လွန်သော ဆေးဆိုသည်မှာ လက်ခံချင်စရာပင် မရှိပေ။ သူ့ထက်ငယ်သော သူတစ်ယောက်က ဒီလိုဆေးမျိုးကို ဖော်စပ်နိုင်ခြင်းက လက်သင့်ခံစရာပင် မရှိတော့ပေ။

လုကျန်းဟိုင်က မသက်မသာ ဖြစ်နေကြောင်း မြင်သောအခါ လုချန်ချုံက လက်ကာပြပြီး ပြောသည်။

"ငါ့မှာလည်း အဂ္ဂိရက်နယ်ပယ်မှာ တော်တဲ့တပည့်ဂိုဏ်းသား အချို့ ရှိပါတယ်။၊ သူတို့နဲ့တင် လုံလောက်ပြီ"

လုကျန်းဟိုင်က ခေါင်းတစ်ချက် ငုံ့လျက် ပြောသည်။

"ဆေးနတ်ဘုရား ပြောတဲ့အတိုင်းပါပဲ"

...

အဓိက ခန်းမအတွင်းတွင်

အခမ်းအနားပွဲက စတင်သည်။ အဂ္ဂိရက်ပညာရှင်များ အားလုံးက ခပ်တိုးတိုးဖြင့် ဆွေးနွေးနေကြ၏။

လက်ရှိအချိန်တွင် လုယွီက လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်သည်။ သူ့ကို ဝိုင်းနေသော လူတစ်အုပ်ကို မြင်ရပြီး အားလုံးက အတွေ့အကြုံ ရှိသူများဖြစ်ကြ၏။

"ဝမ်ချန်း မင်းကို ဆရာသခင်လို့ ထည့်ခေါ်ရမယ်ထင်တယ်"

သူတို့ စကားပြောနေရင်းမှ အချို့သော အဂ္ဂိရက်ပညာရှင် ဆရာသခင်များက သက်ပြင်းချကြသည်။

လုယွီက သူတို့ထက်ငယ်သည်။ ယခင်က လုယွီ၏ လုပ်နိုင်စွမ်းအားကို သူတို့ သံသယဝင်ခဲ့သည်။ ယခုကမူ သူတို့ သံသယဝင်ရန်ပင် မဆိုထားဘိ လေးစားနေကြပြီ ဖြစ်သည်။ အချို့သော နယ်ပယ်များတွင်ပင် လုယွီ၏ လမ်းညွှန်ပြသမှုများကြောင့် သူတို့၏ တိုးတက်မှုများက ပြင်းထန်လာကြ၏။

"ဝမ်ချန်းက အသက်ဘယ်လောက်ရှိသေးလို့လဲ၊ သူက တကယ့်ကို တော်တဲ့

အဂ္ဂိရက်နယ်ပယ်က ပညာရှင်ပဲ"

ခရက်

ရုတ်တရက် ခန်းမတံခါးက ပွင့်သွား၏။ မဲမှောင်သော မျက်နှာထားဖြင့် လုကျန်းဟန်က ဝင်လာသည်။ သူက လုယွီအား ဆေးစာလိပ်ကို ပေးလျက် ပြောသည်။

"ဆရာသခင် ဝမ်ချန်း မင်းရဲ့ ဒီဆေးစာလိပ်ကို ယူပြီး ထွက်သွားပါတော့"

လုကျန်းဟန်က ပြောသည်။

လုယွီက မျက်မှောင်ကြုတ်သည်။ လုကျန်းဟန် မသွားခင်နှင် ့သွားပြီး အမူအယာက ကွာခြားလွန်းသည်။

"ဘာဖြစ်တာလဲ"

လုယွီက ဆေးစာလိပ်ကို ချက်ချင်း ကောက်မယူပဲ မေးသည်။

လုကျန်းဟန်၏ မျက်လုံးက အေးစက်သွား၏။

"မင်း ဘာလုပ်ထားလဲ မင်း သိမှာပေါ့၊ မင်းက ဆေးလုံးနည်းနည်းဖော်စပ်ပြထားပြီး ငါ့ကို လိမ်ချင်နေတာပဲ ဒါပေမယ့် ဆေးနတ်ဘုရားကိုတော့ မင်း လိမ်လို့ မရဘူး"

သူက လုယွီကို အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်သည်။ သူ၏ မျက်လုံးတွင် လှောင်ပြောင်မှုက အထင်းသားဖြစ်လာ၏။

"ချူမိသားစုရဲ့ ဘိုးဘေးရှေ့မှာ ငါ အရှက်မရစေချင်ဘူး။ ထွက်သွား"

လုယွီက ကူကယ်ရာမဲ့စွာ ခေါင်းကို ခါသည်။

"ငါ့ရဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းမရှိပဲ ခင်ဗျားတို့ ဘယ်လိုဖော်ကြမှာလဲ"

ဒီဆေးလုံးကို သူ ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်၏။ သူ၏ ဆေးဖော်စပ်သည့် နည်းလမ်းက မှားနေလျှင် မည်သူကမှ မှန်ကန်အောင် သန့်စင်နိုင်တော့မည် မဟုတ်ပေ။

လုကျန်းဟန်က တုံ့ဆိုင်းသွားသည်။

"မင်း စိုးရိမ်ဖို့ မလိုပါဘူး။ တန်ဆေးနတ်ဘုရားက လုပ်နိုင်တယ်လို့ ပြောထားပြီးသားပဲ"

အပိုင်း ၉၇၃

"ကောင်းပြီ ငါ မင်းကိုပြမယ်၊ ပြီးရင် မင်း သေလိုက်တော့"

လုကျန်းဟိုင်က ထိုဆေးစာလိပ်ကို ဖြန့်ထုတ်လိုက်ပြီးနောက် လုယွီ၏ အရှေ့တွင် ဖြန့်ပြလာသည်။

လုယွီက တစ်ချက် ကြည့်ပြီးနောက် မပြီးပြည့်စုံသော နေရာကို သူ ထပ်ဖြည့်ထားသော ဆေးတွေအကြောင်းကို သိလိုက်ရ၏။

"ငါကတော့ အကြံကောင်းလို့ ထင်နေတာ၊ ကံဆိုးတာက ခင်ဗျားက ဒါကို မလုပ်နိုင်ခဲ့တာပဲ"

လုယွီက သက်ပြင်းချသည်။

ထိုတန်ဆေးလုံးကို အသုံးပြုလိုက်လျှင် ကိုးကြိမ်ကိုးခါ ပြောင်းလဲမှု ဖြစ်ပေါ်လာပေလိမ့်မည်။

ထို့ကြောင့် အဓိက ဆေးပင်ကိုးမျိုး လိုအပ်၏။

ထိုဒြောင်းလဲမှုက ရှင်းလင်း ပီသရမည်ဖြစ်ကာ ဆေးပင် ရွေးချယ်ရာတွင်လည်း အထူးဂရုထားရန် လိုအပ်လေသည်။လို အပ်နေသည့် နေရာတွင် သူ အဓိကဆေးပင်ကို ထပ်ထည့်လိုက်ခြင်းက အပြည့်အဝ ပြောင်းလဲသွားနိုင်စွမ်း ရှိရန် ယုံကြည်မှုရှိနေခဲ့၍ ဖြစ်သည်။

လုယွီ ခန့်မှန်းသည်မှာ မမှားလျှင် နဂိုဆေးညွှန်းအတိုင်း သန့်စင်လိုက်ပါက ဆေးလုံးက ဒုတိယအဆင့် အလှည့်မဖြစ်ခင်မှာပင် ပေါက်ကွဲသွားမည်ဖြစ်သည်။

"ခင်ဗျားက ပေါက်ကရတွေ လုပ်ချင်နေတာပဲ"

လုယွီက မထူးခြားနားသလို ပြောသည်။

အဆုံးတွင် ဒီဆေးလုံးက လုမိသားစုမှ ဘိုးဘေးသုံးရမည့် ဆေးလုံးဖြစ်နေသေးသည်။ ကိုယ့်ကိုယ်ကို တန်နတ်ဘုရားဟု ခေါ်ရဲသော လူက ဒီလိုဆေးလုံးကိုပင် မဖော်စပ်ရဲချေ။ ဒီလူက အကြောက်အလန့် မဲ့လွန်း၏။

လုကျန်းဟန်က ထိုသို့ မတွေးပေ။

"ငါ ပြောမယ် ဆရာသခင်ဝမ်ကျန်း မင်း သွားလို့ရပြီ"

"ဒါဆိုလည်း ငါ သွားလိုက်ပါဦးမယ်"

လုယွီက ချက်ချင်းလိုလို အင်္ကျီလက်ကို ခါရမ်းလျက် လှည့်ထွက်သွားသည်။

လုကျန်းဟိုင်က သူ့ကို ဒီနေရာတွင် မထောက်ခံကတည်းက သူကလည်း ဆက်နေလိုစိတ် မရှိတော့ပေ။ သူက အခြားသူများနှင့် ဒီနည်းအတိုင်း ဆက်လုပ်မည် ဆိုလျှင်ပင် ဒီအကျိုးအပဲ့ ဆေးလုံးကို ကောင်းမွန်‌အောင် ဖော်စပ်ရန် ခက်ခဲဦးမည် ဖြစ်၏။

လုယွီက ထွက်သွားကြောင်း မြင်သောအခါ လုကျန်းဟိုင်က နှာခေါင်းရှုံ့သည်။

"ဟင်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ"

သူ၏ စိတ်ထဲတွင် တန်နတ်ဘုရားကသာလျှင် သူတို့ မိသားစု၏ အဂ္ဂိရက် လောကတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။

လုယွီအတွက်မူကား ပြပွဲကောင်းကောင်း ပြထားသူဟုသာ ထင်မှတ်ထား၏။ သာမန်ဟုသာ သူက ထင်သည်။ သူ၏ စွမ်းရည်အမှန်အမှားကို မည်သူမှ မသိနိုင်သေးပေ။

"ငါတို့တွေ မနက်ဖြန်မှ ဆေးလုံးကို စဖော်မယ်၊ ခင်ဗျားတို့ အားလုံး အခြေအနေကို နားလည်ထားမယ်လို့ ယုံကြည်တယ်"

လုကျန်းဟိုင်က လေးလံသော လေသံဖြင့် ပြောသည်။

ရုတ်တရက် အဂ္ဂိရက် ပညာရှင်များ၏ လေသံက ပြောင်းလဲနေကြောင်း သိလိုက်ရ၏။ လူတိုင်းနီးပါးက သူ့အား ဒေါသတကြီး ကြည့်နေကြသည်။

"ဆရာသခင်တို့ တတိယ အိမ်တော်ခွဲက ခေါင်းဆောင် ခင်ဗျားက ဆရာသခင် ဝမ်ချန်းကို မောင်းထုတ်လိုက်ကတည်းက ငါတို့ ဒီမှာ ဆက်နေစရာ အကြောင်းကို မရှိတော့ဘူး"

"ဟုတ်တယ် ဆရာသခင်ဝမ်ချန်းက ဒီလောက်ထူးချွန်ထက်မြက်တဲ့ အဂ္ဂိရက်စွမ်းအင်ကို ပိုင်ဆိုင်ထားတာတောင်မှ မောင်းထုတ်ခံရတယ်။ ခင်ဗျားတို့ လုမိသားစုက ဆေးလုံးက အရမ်းကို မြင့်မြတ်နေမှာ သေချာတယ်။ ငါတို့ ဒီလို မြင့်မြတ်တဲ့ ဆေးလုံးမျိုးကို ဖော်စပ်နိုင်မယ်မထင်ပါဘူး"

"ဆရာသခင် ဝမ်ချန်းကြောင့် ဒီအဖိုးကြီးရဲ့ အဆင့်တက်ရောက်မှုက တိုးတက်လာနိုင်ဖို့ လမ်းစကို တွေ့ခဲ့ရတယ်၊ အခုတော့ အရာအားလုံး သွားပြီ"

ဒီနေရာတွင် ရှိနေသော အဂ္ဂိရက်ပညာရှင်တိုင်းက ချက်ချင်းလိုလို ထကာ ထွက်သွားရန် ကြံစည်ကြသည်။ ဝင်သက်အနည်းငယ် အတွင်းတွင် ခုနက ခန်းမအပြည့်ရှိနေသော လူတိုင်းက ထွက်သွားကြသည်။

အဂ္ဂိရက်ပညာရှင် အားလုံး ထွက်သွားလျှင် သူလုပ်ထားသမျှ အားလုံး ကုန်ဆုံးလေပြီ။

"မဟုတ်ဘူး ဆရာသခင် ဝမ်ချန်းက ငါတို့ အဂ္ဂိရက် ပညာရှင်တွေထက် စွမ်းအားကြီးပါတယ်၊ သူ့ရဲ့ လုပ်နိုင်စွမ်းအားကလည်း ပိုတယ်။ တကယ်လို့ သူသာ မလုပ်နိုင်ဘူးဆိုရင် ငါတို့လည်း မလုပ်နိုင်တာ သေချာသွားပြီ"

နောက်တွင် ကျန်ရစ်နေသူများက ထိုအကြောင်းကို လှည့်ပြောပြပြီးနောက်တွင် ထွက်သွားရန် ကြံစည်ကြသည်။ သူတို့က မြောက်ပိုင်းနယ်မြေတွင် မြင့်မားသော အခြေအနေကို ပိုင်ဆိုင်ထားကောင်း ပိုင်ဆိုင်ထားပေလိမ့်မည်။ သို့သော် သူတို့က လုယွီနှင့် စကားအနည်းငယ် ပြောပြီးကတည်းက သူတို့ကြားရှိ ကွာခြားချက်ကို သူတို့ နားလည်ခဲ့၏။

လက်ရှိအချိန်တွင် သူတို့ နောက်ဆုတ်သင့်ကြောင်းနားလည် နေခဲ့ပြီဖြစ်သည်။

အဂ္ဂိရက် ပညာရှင်များ ထွက်သွားသောအခါ လုကျန်းဟိုင်၏ မျက်နှာက မဲမှောင်လာသည်။

"တန်ဆေးနတ်ဘုရားကို သတင်းပို့လိုက်၊ ငါတို့ ဆေးကို ငါတို့ဘာသာ ဖော်မယ်၊ အခြားသူတွေကို မလိုဘူး"

သူ၏ အသံက ပဲ့တင်ထွက်လာသည်။

အဓိက ခန်းမ၏ အပြင်ဘက်...

လုယွီက တိတ်ဆိတ်နေသည်။ လုမိသားစုက သူ့အား ဒီဆေးဖော်ရာတွင် ပါဝင်ရန် ဆန္ဒမရှိကတည်းက ကိုယ်တိုင်ဆေးလုံး လုပ်ရပေမည်။ မည်သို့ပင်ဆိုစေ ဒါက ကောင်းကင်ကို အံတုသော ဆေးလုံးဖြစ်၏။ နောက်ဆုံးမျိုးဆက် လုယွီကိုယ်တိုင် သန့်စင်လျှင် အောင်မြင်နိုင်ချေ မြင့်မားလေသည်။

ဒီလောကတွင် လုယွီကသာလျှင် ဒါကို သန့်စင်နိုင်စွမ်းရှိသော တစ်ဦးတည်းသော သူဖြစ်၏။ သူက သန့်စင်ပြီးသည်နှင့် လုမိသားစု ဘိုးဘေးကို ပေးရပေမည်။ မည်သို့ပင်ဆို‌စေ ဘိုးဘေးက သူ၏ အဖိုး ဖြစ်နေသေးသည်။

အပိုင်း ၉၇၄

"ဆရာသခင်ဝမ်ချန်း ခနလောက် နေပါဦး"

ရုတ်တရက် အနောက်မှ တစ်စုံတစ်ယောက်က လှမ်းခေါ်သည်။

လုယွီ လှည့်ကြည့်လိုက်သောအခါ မတိုင်မီက သူနှင့် စကားပြောနေခဲ့သော အဂ္ဂိရက်ပညာရှင်များ ဖြစ်ကြောင်း မြင်လိုက်ရ၏။ သူတို့အားလုံး ထွက်လာခဲ့ဟန် ရသည်။

"ခင်ဗျားတို့က လုမိသားစုနဲ့ ပူးပေါင်းခဲ့သင့်တာ မဟုတ်လား၊ ခင်ဗျားတို့ ဆေးလုံး မလုပ်နိုင်ရင်တောင်မှ တစ်ခုခုတော့ ပြန်ရမှာပဲ"

လုယွီက ပေါ့ပါးစွာ ပြောသည်။

ဆံပင်ဖြူနှင့် အဖိုးကြီးတစ်ယောက်က ရယ်သည်။

"ငါတို့ ဘယ်လိုများလုမိသားစုဆီက ကြင်နာမှုကို ဂရုစိုက်နေရမှာလဲ၊ ငါ နဂိုကတည်းက လုမိသားစုရဲ့ ပုံစံကို မကြိုက်ပါဘူး။ ပြောရရင် ဆရာသခင် ချူရှောင်းက မြောက်ပိုင်းနယ်မြေရဲ့ ထိပ်တန်းအဆင့် အဂ္ဂိရက်ပညာရှင်လို့ အသိအမှတ် ပြုထိုက်တဲ့သူပဲ။ အဲဒိအဖိုးကြီးတောင်မှ ဒီလောက်မမောက်မာရဲဘူး၊ ဒီကအဖိုးကြီးက သူ့ကိုယ်သူ နတ်ဘုရားလို့တောင် ခေါ်ဆိုနေသေးတယ်"

အခြားသူများကလည်း ခေါင်းညိတ်ကြသည်။

"ဆရာသခင် ဝမ်ချန်း ငါတို့တွေ အရင်ကတကယ်ပဲ မာနကြီးခဲ့မိပါတယ်"

ဆံပင်ဖြူနှင့် လူအိုကြီးတစ်ယောက်က ဝင်ပြောပြန်သည်။

သူက အကြောင်းပြချက်ကို ရှင်းပြသည်။ ဒီလူများအားလုံးက အချိန်အတန်ကြာ နဂိုနေရာတွင် ပိတ်မိနေခဲ့ကြ၏။ သူတို့အားလုံးက အဆင့်တက်ရောက်ရန် လမ်းစကို ရှာမတွေ့ခဲ့ကြပေ။ အကြောင်းမူကား သူတို့ ဒီနယ်ပယ်တွင် လိုအပ်ချက် ရှိနေခဲ့သောကြောင့် ဖြစ်၏။

သူတို့၏ အတွေ့အကြုံက လုံလောက်နေသည့်တိုင်အောင် လမ်းညွှန်ပြသမှု လစ်လပ်နေခဲ့သည်။ ထို့ကြောင့် သူတို့အဆင့်မတက်နိုင်ခဲ့ပေ။

ယခုမူ မတူတော့ပေ။ လုယွီထံမှ စကားအနည်းငယ်ကို နားထောင်လိုက်ရုံမျှဖြင့် သူတို့၏ ဝင်ပေါက်များက ပွင့်သွားသည်ဟုပင် ခံစားနေရ၏။

လုယွီက အဂ္ဂိရက်နယ်ပယ်မှ ဆရာသခင်ဟု သူတို့ သတ်မှတ်ပြီးကြလေပြီ။ လုယွီကိုသာလျှင် တန်ဆေးနယ်ပယ်မှ အဂ္ဂိရက်နတ်ဘုရားဟု ခေါ်ဆိုသင့်သည်ဟု ထင်ကြ၏။

လုယွီကိုယ်တိုင်က ဆေးလုံး မဖော်စပ်နိုင်ဟု သတ်မှတ်ခံရပြီး မောင်းထုတ်ခံလိုက်ရကတည်းက သူတို့ ဆက်နေစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ထွက်လာခဲ့ကြခြင်း ဖြစ်၏။

လုယွီက တွေးတောပြီးနောက် ပြောသည်။

"ကောင်းပြီ ခင်ဗျားတို့ ငါ့အကြံကို လိုရင် ငါ့ကို လာရှာနိုင်တယ်။ ဒါပေမယ့် တစ်ခုခုတော့ လုပ်ပေးရမယ်"

သူတို့ကလည်း မအံ့ဩကြပေ။ လုမိသားစုမှ ဘိုးဘေးကပင် တစ်စုံတစ်ရာကို လိုအပ်လျှင် တစ်စုံတစ်ရာကို ပြန်ပေးရမည် ဆိုသည့်အကြောင်း အားလုံးကို တရားဝင်ထုတ်ပြန်ထားခဲ့ပြီးသား ဖြစ်၏။ ထို့နောက် လုယွီက စာရွက်နှင့် ဘောပင်ထုတ်ပြီးနောက် ဆေးပင် အမျိုးအစား အချို့ကို ချရေးကာပြောသည်။

"ခင်ဗျားတို့ ဒီဆေးပင်တွေ ငါ့ကို ရှာပေးစေချင်တယ်။ ခင်ဗျားတို့ တစ်ပင် ရှာနိုင်ရင် ခင်ဗျားတို့ရဲ့ လိုအပ်တဲ့အကြံဉာဏ်တစ်ခုပေးမယ်။ ကုသတာဖြစ်ဖြစ် အားလုံး အဆင်ပြေတယ်။"

ထိုအဂ္ဂိရက် ပညာရှင်များအားလုံး ပျော်သွားကြ၏။

"ကျေးဇူးတင်ပါတယ်၊ ဆရာသခင်ဝမ်ကျန်း ငါတို့ ချက်ချင်းလုပ်လိုက်ပါ့မယ်"

အခြားသော အဂ္ဂိရက် ပညာရှင်များ၏ မျက်ဝန်းများက ပျော်ရွှင်မှုများဖြင့် တောက်ပသွားတော့သည်။

လုယွီထံမှ လမ်းညွှန်ပြသမှု ရရှိရန်အတွက် ဒီဆေးပင်များနှင့် လဲရမည်ဆိုလျှင် တန်သည်ဟု ဆိုရမည်ဖြစ်သည်။

လုအိမ်တော်၏ ဝင်ပေါက်တွင် သူတို့ လူစု ခွဲလိုက်၏။ လုယွီကမူ ထျန်းကျင်းမြို့သို့ သွားသည်။

ထျန်းကျင်းတစ်မြို့လုံးက လင်းရှောင်းမြို့နှင့် တူသည်။ မြောက်ပိုင်းနယ်မြေမှ တိုက်ခိုက်မှုများကြောင့် ဖြစ်လောက်၏။ အပြင်ဘက်တွင် အကာအကွယ်လွှာကို ခင်းကျင်းထားသည်။ မရေမတွက်နိုင်သော ဘုန်းတော်ကြီးများက မြို့ရိုးပေါ်တွင် ကင်းလှည့်နေကြ၏။ သူတို့ထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါများက ဖြာထွက်နေသည်။

"အရင်က နတ်ဆေးတစ်ဝက်ကို ငါ ဝါးမြိုခဲ့ပြီးပြီ၊ ဒီတော့ ငါ့ရဲ့ ခွန်အားကလည်း ဒီထက်ပိုပြီး တိုးတက်လာဦးမှာပဲ"

လုယွီက တိတ်ဆိတ်စွာ တွေးတောသည်။

သူက ခန္ဓာကိုယ်သီးသန့် ကျင့်ကြံရုံဖြင့် မလုံလောက်ကြောင်း နားလည်နေခဲ့၏။ သူ၏ အတွင်းအားနှင့် တိုက်ပွဲဝင်အားကလည်း လိုအပ်နေသေးသည်။ သူ၏ ယခင်ဘဝတွင်ပင် ရှေးဟောင်းသိုင်းကို မထိတွေ့နိုင်ခဲ့ချေ။ ထို့ကြောင့် လုယွီက သူ၏ စွမ်းအား မည်မျှတိုးတက်လာမည် ဖြစ်ကြောင်းကို သိလိုလှလေ၏။

"အရင်က လုကျန်းဟိုင်က ငါ့ကို လူစုခွဲချင်တော့ အတွင်းအားတွေ ငါ့ဆီပို့ခဲ့တယ်၊ ငါသာ အားနည်းရင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရမှာပဲ။ ဒါပေမယ့် ငါ့ရဲ့ ခိုင်မာတဲ့ ခန္ဓာကိုယ်စွမ်းအားကြောင့် ပြဿနာမရှိခဲ့ဘူး"

"အခု လက်ရှိ အနေအထားနဲ့ အဆင့်လွန်အဆင့်တွေကို ခုခံရာမှာ ပြဿနာမရှိနိုင်တော့ဘူး"

လုယွီ၏ မျက်ဝန်းထဲ အလင်းရောင်ကလက်လာသည်‌။

"ငါ လျှောက်တဲ့လမ်းက မမှားဘူးပဲ"

ဖြတ်သွားဖြတ်လာများကို ကြည့်ပြီးနောက် လုယွီက အဆင့်မြင့်မျှော်စင်ထံသို့ သွားသည်။ မျှော်စင်က အလွန်မြင့်ပြီး အထပ်ထပ်ခွဲထားသည်။

"ပြောကြတာက ထျန်းကျင်းမြို့က ဘုန်းတော်ကြီးတွေက ဒီနေရာကို လာပြီး ကျင့်ကြံကြတယ်၊ လုမိသားစုက ကလေးတွေကလည်းဒီနေရာကို လာကြလိမ့်မယ်"

လုယွီက အဆင့်မြင့် မျှော်စင်ကို ကြည့်သည်။

မျှော်စင်ဘေးတွင် အဆင့်သတ်မှတ်ချက် ကျောက်တုံးကိုလည်း မြင်နိုင်သည်။

ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ထူးချွန်သော ငယ်ရွယ်သည့်ကလေးများ အားလုံးက ဒီအဆင့်သတ်မှတ်ချက် ကျောက်တုံးတွင် မှတ်တမ်းတင်ခံရသည်။ နဂါးအဆင့်သတ်မှတ်ချက် မှတ်တမ်းကဲ့သို့ ကျင့်ကြံခြင်း မျှော်စင်တွင်လည်း လူငယ်ပါရမီရှင်များ ရှိ၏။ အားလုံးက အသက်သုံးဆယ်အောက် ဖြစ်ကြသည်။

အကြီးအကဲများ အတွက်မူ အခြားလျှို့ဝှက်နေရာတစ်ခုတွင် ဖော်ပြထားပေလိမ့်မည်။ ဒီနေရာတွင်တော့ မရှိပေ။

"ပထမနေရာ လုချန်"

"ဒုတိယ လုဟန်ရှန်း"

...

အပိုင်း ၉၇၅

လုယွီက စာရင်းကို ကြည့်ပြီးနောက်ထိပ်ဆုံး ဆယ်ယောက်ကို မြင်လိုက်ရသည်။ အားလုံးက လုမိသားစုမှ ဖြစ်ကြ၏။

ထို့နောက် ထျန်းကျင်းမြို့သို့ လာချိန်က သူ တွေ့ခဲ့ရသော လုချန်းကိုလည်းမြင်နေရသည်။ ထိုလူက အဆင့်ဆယ့်ကိုးဖြစ်၏။

"ဒီနေရာမှာ လုမိသားစုက လူငယ်တပည့်ဂိုဏ်းသားတွေ ရှိကြတာ ဖြစ်ရမယ်"

လုယွီက ဒီမျိုးဆက်မှ လူငယ်များ မည်မျှသန်မာကြောင်း သိလိုလှသေးသည်။

သူက အထဲသို့ ဝင်လိုက်ချိန်တွင် ပထမထပ် မျှော်စင်ကို မြင်လိုက်ရ၏။ ထိုအချိန်တွင် အပြင်ဘက်တွင် လူအများကြီး စောင့်နေကြောင်း မြင်လိုက်ရသည်။ အားလုံးက ဝင်ပေါက်တွင်စောင့်ကြိုနေသော စားပွဲထိုးများ ဖြစ်ကြ၏။

"ရပ်စမ်း အခုတော့ ဝင်လို့ မရဘူး၊ နောက်ပြန်ဆုတ်"

စားပွဲထိုးတစ်ယောက်က မထူးခြားနားစွာ ပြောသည်။

လုယွီက မျက်မှောင်ကြုတ်၏။

"ဒါက ကျင့်ကြံခြင်းမျှော်စင် ဖွင့်ထားတဲ့အချိန်ပဲ ဘာလို့ ဝင်လို့မရတာလဲ"

မျှော်စင်၏ အပြင်ဘက်တွင် စည်းမျဉ်းများအရ ဒီအချိန်က ဖွင့်ချိန်ဖြစ်ကြောင်း လူတိုင်း သိကြသည်။ မျှော်စင်က ဖွင့်ချိန်ဖြစ်သင့်၏။

"ရယ်ရလိုက်တာ"

စားပွဲထိုးက သူ့အား ကြည့်သည်။

"ဆရာသခင်လုချန်က ကျင့်ကြံခြင်းမျှော်စင်ကို သုံးနေတယ်၊ ဒီတော့ အခြားလူတိုင်း ရှောင်ပေးရမယ်၊ မင်း ဆရာသခင် လုချန် သုံးပြီးတဲ့ အချိန်အထိ စောင့်ပေါ့"

"အဲဒိတစ်ယောက်က အဆင့်တစ်မဟုတ်လား"

ကျင့်ကြံခြင်း မျှော်စင်တွင် မရေမတွက်နိုင်သော ဝင်ပေါက်များစွာ ရှိသည်။ ထို့နောက် တစ်ချိန်တည်းတွင် လူရာပေါင်းများစွာ ကျင့်ကြံနိုင်ကြ၏။ မမျှော်လင့်ထားစွာပင် လုချန်က လွန်ကဲလွန်းသည်။ သူ ကျင့်ကြံချိန်တွင် အခြားသူများ ကျင့်ကြံခြင်း မပြုထားပေ။

ထိုအချိန်တွင် အော်ဟစ်သံက ထွက်လာ၏။ စာရင်းတွင် လုချန်၏နာမည်က လင်းလက်သွားသည်။

"ဆရာသခင် လုချန် အဆင့်တက်သွားပြီ"

"သူ အရင်တစ်ခေါက်က အဆင့်ခုနှစ်ဆယ်ကျော်သွားတာ။ သူ ဒီတစ်ကြိမ် အထပ်ရှစ်ဆယ်ကို ရောက်သွားမလား မသိနိုင်ဘူး"

"ကြည့်လိုက် ခုနှစ်ဆယ့်နှစ် ဖြစ်နေပြီ"

လုချန်၏ နာမည်ပြီးနောက် မျက်စိကျိန်းမတတ် တောက်ပသော ရွှေရောင်အလင်းတန်းများနှင့် နံပါတ်များကို မြင်လိုက်ရသည်။ ခုနှစ်ဆယ့်နှစ်မှ ခုနှစ်ဆယ့်သုံးအထိ ပြောင်းသွား၏။

အချို့သူများက အော်သည်။

"ကျင့်ကြံခြင်း မျှော်စင်မှာ တစ်ထပ်ချင်းစီကို ချိုးဖျက်တက်ဖို့က ဘယ်လောက် ခက်လိုက်သလဲ။ ငါဆိုရင် အထပ်သုံးဆယ်အထိပဲ ဝင်နိုင်သေးတယ်၊ ဆရာသခင် လုချန် ဘယ်လိုများလေ့ကျင့်ထားသလဲ မသိပါဘူး"

"တကယ်တော့ ကျင့်ကြံခြင်း မျှော်စင်က ကျင့်ကြံတာနဲ့ ဆက်စပ်နေတာတော့ မဟုတ်ဘူး၊ မင်း အထဲကို ဝင်တာနဲ့ ဖိနှိပ်ခံရမှာပဲ၊ ဒီတော့ အရည်အချင်း ပြည့်မှီအောင် စစ်ဆေးခံရတဲ့ နည်းလမ်းမျိုးပဲ ရှိတယ်"

"ကြည့်လိုက် ခုနှစ်ဆယ့်ရှစ်အထိ ရောက်သွားပြီ"

အဆုံးတွင်ခုနှစ်ဆယ့်ကိုးတွင် ရပ်တန့်သွားသည်။ ထို့နောက် အလင်းရောင်အနည်းငယ် လက်ပြီးသည်နှင့် အလင်းတန်းများ ပြန်ထွက်လာ၏။

ကျင့်ကြံခြင်းအခန်းမှ တံခါးတစ်ချက်က ပွင့်သွားပြီးနောက် အသက်နှစ်ဆယ် အရွယ်ရှိမည့်လူငယ် တစ်ယောက်က ထွက်လာသည်။

"အရှင်လုချန်ကို ဂုဏ်ပြုပါတယ်"

"မိသားစုရဲ့ အလေးစားရဆုံး လူငယ်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ အထပ်ခုနှစ်ဆယ်ကျော်ပြီး အထပ်ရှစ်ဆယ်နားတောင် ကပ်သွားခဲ့ပြီ"

"အရှင်သခင်လုချန်က အထပ်ရှစ်ဆယ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ ဝေးကွာတော့တယ်။ သူ့ရဲ့ အနာဂတ် လုပ်ဆောင်မှုတွေကတော့ အဆင့်လွန်အဆင့်တွေထက် နိမ့်ကျမယ် မထင်ဘူး"

လူအုပ်က ချီးကျူးသည်။

လုချန်က လူအုပ်ကို ကြည့်ပြီး ဂုဏ်ယူစွာပြောသည်။

"ဒါက ကျင့်ကြံခြင်း‌ မျှော်စင်လေးပါပဲ။ ဘာတွေများ ဂုဏ်ယူနေစရာ ရှိလဲ"

သူက ကောင်းကင်ကို မော့ကြည့်သည်။

"ငါ့ရဲ့ ရည်မှန်းချက်က ထျန်းဟောင်တောင်ကို တက်နိုင်ဖို့ပဲ၊ ဒီမျှော်စင်လောက်ကတော့ ငါ့ရဲ့ အနင်းခံ ကျောက်တုံးပဲဖြစ်ရမယ်"

ထျန်းဟောင်တောင်တန်းဆိုသည်မှာ အကြီးအကဲများ ကျင့်ကြံရာနေရာ ဖြစ်သည်။ ပုံမှန်အားဖြင့် စိတ်ဝိဉာဉ်နယ်မြေ အဆင့်များးကသာလျှင် ထိုနေရာတွင် ကျင့်ကြံနိုင်ကြ၏။

လုချန်းယက လူအများ၏ လေးစားခြင်းကို ခံယူပြီးနောက် ကျင့်ကြံခြင်းမျှော်စင်မှ တံခါးများက ပြန်ဖွင့်သွားသည်။

"မင်းတို့ မဝင်ခင်မှာ ထိပ်တန်းအဆင့် လင်းချီတစ်သောင်းပေးရမယ်၊ ပြီးရင် ဝင်နိုင်ပြီ"

စားပွဲထိုးက ပြောသည်။

လုယွီက ခေါင်းညိတ်ပြီးနောက် သူ့လက်ကို သလင်းတုံးပေါ် တင်လိုက်၏။ ရုတ်တရက် နံပါတ်များက ပေါ်ထွက်လာသည်။

"နှစ်ဆယ့်တစ်နှစ်လား မင်းဒီနေရာကို ပထမဆုံးအကြိမ် လာတာမဟုတ်ဘူးလား"

စားပွဲထိုးကလုယွီကို ထပ်ကြည့်လာသည်။

All Chapters