အခန်း (၉၇၆-၉၈၀)
Vol. 52 Ch. 976-980
အပိုင်း ၉၇၆
လုယွီက ပြောသည်။
"ငါ ပထမဆုံးအကြိမ် လာတာပဲ"
"မင်းက ငယ်သေးတယ်လို့ငါထင်တယ်၊ မင်း နှစ်အနည်းငယ် ကြာမှ ပြန်လာလိုက်ပါလား၊ ဒီနေရာမှာ အန္တရာယ် အရမ်းများတယ်၊ မင်းအသက်ကို ရင်းဖို့ မတန်သေးပါဘူး"
ဒီနေရာတွင် အသက်ကန့်သတ်ချက်က အသက်သုံးဆယ် ဖြစ်သည့်အတွက် အများစုက နှစ်ဆယ့်ငါးနှစ်မှသာ ရောက်လာကြသည်။ ငယ်လွန်းလျှင် အကူအညီမဖြစ်သည့်အပြင် အထပ်အနည်းငယ်တည်းနှင့်ပင် ထုတ်ပယ်ခံရနိုင်၏။
လုယွီက လင်းရှီများကို ကြည့်ပြီးပြောသည်။
"ကိစ္စမရှိဘူး"
လုယွီက ဆန္ဒရှိနေကြောင်း မြင်သောအခါ သူလည်း ဆက်မပြောတော့ပေ။
"မင်းရဲ့ နာမည်ကို ပြောပါ"
"ဝမ်ချန်း"
"ဝမ်ချန်း ဟုတ်လား"
စားပွဲထိုးက လုယွီကို ကြည့်သည်။
"မမျှော်လင့်ထားပဲ တန်ဆေးအစည်းအဝေးပွဲက အဂ္ဂိရက် အရှင်သခင်ရဲ့ နာမည်နဲ့ တူနေတာပဲ"
စားပွဲထိုးက လုယွီအား ခါးတံဆိပ်ပြား တစ်ခုကို ပေးလိုက်သည်။
"ဒီတံဆိပ်ပြားတစ်ခုကို ယူသွား၊ မင်း ဒီဂိတ်ကနေ စပြီး ဖြတ်သွားနိုင်တယ်၊ မှတ်ထား အဲဒိမှာ တစ်ခုခုဖြစ်ရင် မင်းရဲ့ ခါးက တံဆိပ်ပြားကို ဖျက်ဆီးလိုက်နိုင်တယ်။ အဲဒိလိုဆိုရင် တစ်စုံတစ်ယောက်က မင်းကို ကူညီဖို့ ရောက်လာလိမ်မယ့်။ မင်း တစ်ခုခု ဖြစ်သွားခဲ့ရင် ကျင့်ကြံခြင်း မျှော်စင်က ငါတို့က တာဝန်ယူပေးမှာ မဟုတ်ဘူး"
လုယွီက ခေါင်းညိတ်ပြီးနောက် အထဲသို့ ဝင်သွားသည်။
ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်က ဖိနှိပ်ခံလိုက်ရကြောင်း သိလိုက်ရ၏။ ကျင့်ကြံခြင်း မျှော်စင်အတွင်းတွင် ဝင်္ကပါရှိသည်။ ဒါက ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားနိုင်၏။
ဒါကစွမ်းအားကြီးသော်လည်း လုယွီသာ စိတ်ရှိလျှင် အသာလေး ချိုးဖျက် နိုင်လေသည်။
"ပြဿနာမရှိဘူး၊ ငါ အဲဒိလို လုပ်ဖို့ မလိုသေးဘူး၊ ငါ့ရဲ့ ခန္ဓာကိုယ်အား သက်သက်နဲ့ ရင်ဆိုင်ကြည့်ရအောင်"
လုယွီက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားလိုက်သည်။
လုယွီက မည်သည့် မှော်စွမ်းအင်ကိုမှ မထုတ်လွှတ်တော့ပေ။ ပတ်ဝန်းကျင်တွင်မူ ရွှေရောင် မှော်စွမ်းအင်အလင်းတန်းက ခပ်ပါးပါး ထွက်ပေါ်လာလျက် အရေပြားနှင့် ကပ်လျက် တည်ရှိနေခဲ့၏။
ပထမအထပ်.....
သစ်သားဓား ကိုင်ထားသော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ လုယွီက တစ်ချက်ပင် မကြည့်ပေ။ လက်သီးတစ်ချက် အသာအယာ ထိုးလိုက်ရုံမျှဖြင့် ထိုပုံရိပ်က ပျောက်ကွယ်သွား၏။ အရာအားလုံးက မဲမှောင်သွားသည်။ ထို့နောက် လုယွီက သူ့ခါးတွင်ရှိသော တံဆိပ်ပြားတွင် တစ်ဟူ၍ နာမည်ပေါ်လာကြောင်း မြင်လိုက်ရသည်။
"ငါ့ရှေ့က ပြိုင်ပွဲတွေက အားနည်းလွန်းတယ်"
လုယွီက ခေါင်းခါပြီး ဆက်သွားသည်။
ဒုတိယ တတိယ ...
ပုံရိပ်ယောင် အရိပ်တိုင်းက တုံ့ဆိုင်းမနေပဲ အလွယ်တကူ ဖျက်ဆီးခံနေရ၏။ သည်နည်းအားဖြင့် အထပ်သုံးဆယ် ရောက်သွားသည်။
ထိုအချိန်တွင် သစ်သားဓားအစား ဓားရှည်အစစ်ကိုပြောင်းလဲ အသုံးပြုလာသည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက ထွက်ပေါ်လာပြီဖြစ်၏။
ထိုဓားကိုင်ထားသော ပုံရိပ်က မရေမတွက်နိုင်သော ပုံရိပ်များကို ထွက်ပေါ်စေ လျက် လူများကို တိုက်ခိုက်သည်။ လုယွီက လက်သီးဖြင့် ထိုးလိုက်သောအခါ အစစ်အမှန် ပုံရိပ်ယောင် ခန္ဓာကိုယ်ကို ထိမှန်သွားလျက် သေဆုံးသွားရ၏။
"နည်းနည်း စိတ်ဝင်စားဖို့ ကောင်းလာပြီ"
လုယွီ၏ မျက်လုံးက တောက်ပလာသည်။
ရုတ်တရက် လုယွီက တစ်စုံတစ်ရာကိုတွေးမိသွား၏။
ဝုန်း
လုယွီ၏ ရှေ့တွင် ထွက်ပေါ်လာသမျှသော ပုံရိပ်ယောင် အရိပ်တိုင်း နီးပါးဖျက်ဆီးခံနေရသည်။
အထပ်လေးဆယ်...
အထပ်ငါးဆယ်...
လုယွီက ဆက်တိုက် ထိုးတက်သွားနေချိန်တွင် အပြင်ဘက်တွင်ရှိသော အဆင့်သတ်မှတ်ချက် စာရင်းကလည်းမျိုးစုံ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ ရွှေရောင်အလင်းစက်များ လက်လျက် တစ်စုံတစ်ယောက်က ရှေ့သို့ တက်နေကြောင်းကို မြင်နေရပြီ ဖြစ်၏။ ခေါင်းလောင်းသံများက မရပ်မနား မြည်ဟီးနေသည်။
"တစ်စုံတစ်ယောက် ပထမဆုံး အယောက်တစ်ရာစာရင်းထဲကို ဝင်သွားပြီ"
"ဘယ်သူလဲ ကြည့်ရအောင်၊ ဝမ်ချန်းက အထပ်ငါးဆယ်ကျော် ရောက်သွားပြီပဲ
ငါးဆယ့်နှစ် ဆက်တက်နေတုန်းပဲ"
"အထပ် ခြောက်ဆယ်လောက်အထိ သူ ရောက်လောက်တယ်"
ထိုအချိန်တွင် ကျင့်ကြံခြင်းမျှော်စင်ထဲတွင် ကြီးမားသော ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။
အထပ်ခုနှစ်ဆယ်ကျော်...
စာရင်းတွင် တတိယအဆင့်အထိ ရောက်သွားခဲ့ပြီ ဖြစ်သည်။ ဝမ်ချန်း၏ နာမည်က လုမိသားစုမှ ကလေးများ၏ နာမည်ကို ကျော်ဖြတ်သွား၏။ ထိုမျှနှင့်တင် မရပ်တန့်သေးချေ။
ရွှေရောင်အလင်းက ဆက်တိုက်လက်နေခဲ့ကာ ဆက်တိုက် ထိုးတက်နေခဲ့သေး၏။
ခုနှစ်ဆယ့်ကိုးထပ်အထိ ဆက်တိုက် ထိုးတက်သွားတော့မည့်ဟန် ဖြစ်နေသေးသည်။
"သူ တကယ်ပဲ ဒီနေ့မှာ အထပ်ရှစ်ဆယ်ကို တက်သွားမှာလား"
"ဒီဝမ်ချန်းက ဘယ်သူလဲ"
လူအများ၏ အကြည့်အောက်တွင် ဝမ်ချန်း၏ နာမည်က လက်သွားလျက် အထပ်ရှစ်ဆယ်သို့ ရောက်သွားသည်။
ဝေါင်း
ကျင့်ကြံခြင်း မျှော်စင်အထက် ကောင်းကင်တွင် ရုတ်တရက် ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ ဟိန်းဟောက်သံက အလွန်ကျယ်ကာ လူများ၏ နှလုံးသားကပင် တုန်ယင်သွားခဲ့ရ၏။
အပိုင်း ၉၇၇
"အထပ်ရှစ်ဆယ်ကို ရောက်သွားလို့ မျှော်စင်ရဲ့အထက် ကြောက်မက်ဖွယ် သားရဲက ဟိန်းဟောက်တာပဲ။ အထပ်ရှစ်ဆယ်မှာ ကြောက်မက်ဖွယ်သားရဲ ရှိတယ်လို့ ပြောကြတယ်။ အဲဒိသားရဲက အရမ်းကြောက်ဖို့ကောင်းပြီး သူ့ရဲ့ လက်ထဲမှာ မရေမတွက်နိုင်သူတွေ သေသွားကြတယ်လို့ ပြောကြတယ်"
"သူ ဒီမှာပဲ ရပ်သွားလောက်ပြီ။ သူ ဘယ်လောက်ပဲ ပါရမီကြီးကြီး၊ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ ပြိုင်ဘက်က ကြောက်မက်ဖွယ်သားရဲ ဖြစ်နေတယ်လေ"
"ဝမ်ချန်းက အထက်ရှစ်ဆယ်ကို ရောက်သွားတယ်။ သူရဲကောင်းတွေထဲမှာ တောင်မှ သူက ဂုဏ်ယူလို့ရနေပါပြီ။ လုမိသားစုက မျှော်လင့်ထားတဲ့အတိုင်း သူ့ကို စွဲဆောင် သိမ်းသွင်းလိမ့်မယ်"
အထပ်ရှစ်ဆယ်တွင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့၏။
တစ်စုံတစ်ယောက်က ကြောက်မက်ဖွယ် သားရဲကို ရိုက်နှက်နေလေသည်။
ဝုန်း
လုယွီက ခုန်တက်သွားလျက် ထိုကြောက်မက်ဖွယ် သားရဲကို လက်သီးဖြင့် ထိုးသည်။
အက်ကွဲသံနှင့်အတူ ထိုသားရဲ၏ လည်တိုင်က ကျိုးသွားကာ တစ်ဖက်သို့ ကန်ထုတ်ခံလိုက်ရ၏။
"ထိုက်ချူပုံစံက တော်တော်လေး တိုးတက်လာပြီ။ ရှေးဟောင်းရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံတဲ့သိုင်းက အနီးကပ်တိုက်ခိုက်တာ ပိုပြီး တိုးတက်စေတာပဲ"
လုယွီ၏ မျက်ဝန်းက တောက်ပလာသည်။
သူက ရှစ်ဆယ့်တစ်ထပ်မြောက်သို့ တက်သည်။ ဒီတစ်ကြိမ်တွင် ကြောက်မက်ဖွယ်သားရဲတစ်ကောင် ပေါ်လာ၏။ ခွန်အားက ယခင်ထက် သာသွားသည်။
တစ်စုံတစ်ယောက်ကသာ ဒီအဆင့်သို့ တက်လာမည်ဆိုလျှင် ကြောက်မက်ဖွယ် သားရဲနှစ်ကောင်က အလောတကြီး ခုန်ဝင်လာကာ တိုက်ခိုက်တော့မည် ဖြစ်သည်။
"အချိန်ကိုက်ပဲ"
လုယွီ၏ တိုက်ခိုက်နိုင်စွမ်းက တိုးတက်လာသည်။ သူက ချက်ချင်းလိုလို ခုန်ဝင်သွားပြန်၏။ အမွှေးတိုင်တစ်တိုင်၏ တစ်ဝက်ခန့် လောင်ကျွမ်းပြီးနောက် ထိုနှစ်ကောင်လုံး မြေပြင်တွင် လဲကျသွားသည်။
အထပ်ရှစ်ဆယ့်နှစ်ထပ်တွင် ကြောက်မက်ဖွယ် သားရဲလေးကောင်ဖြစ်သွားသည်။ ခက်ခဲမှုက တိုးတက်လာကာ သာမန်လူများ တိုက်ခိုက်နိုင်စွမ်းအား မရှိအောင်အထိ ဖြစ်လာစေ၏။
လေးကောင်လုံးက အရပ်မျက်နှာအနှံ့မှ ခုန်ဝင်လာခြင်းဖြစ်သည်။ လုယွီ၏ ကိုယ်က ခြစ်ရာအနည်းငယ် ထင်သွား၏။ သူက ထိုက်ချူပုံသဏ္ဍာန် တစ်ခုတည်းနဲ့တင် မူတည်လျက် အားလုံးကို ရင်ဆိုင်နေခဲ့ခြင်းဖြစ်သည်။
အတွင်းအား မရှိသည့်အခါ လုယွီ၏ အတွင်းဒဏ်ရာများက ဝင်သက်အကြိမ်အနည်းငယ် အထိ ကြာအောင် ခံစားရပြီးမှ ပျောက်ကွယ်သွားကြသည်။
ထိုရှာဖွေတွေ့ရှိမှုအရ သူ၏ ခန္ဓာကိုယ်က မည်မျှ သန်မာလာကြောင်း သူ သိလိုက်ရလေသည်။ လုယွီ၏ စိတ်ထဲတွင် ရှေးဟောင်းသင်္ကေတ အချို့ကိုပင် ထုတ်ဖော်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။
အကန့်အသတ်မဲ့ ပင်လယ်ပြင်တွင် ရှေးဟောင်းစစ်နတ်ဘုရားက သားရဲများ အားလုံးကို ဖိနှိပ်လျက် ပင်လယ်ပြင်ကို လက်တစ်ဖက်တည်းဖြင့် ထိန်းချုပ်နေခဲ့သည်။ မိုးကြိုးပစ်ခတ် လာချိန်တွင် ထိုသားရဲ၏ အလောင်းက ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာမည် ဖြစ်သည်။
စစ်နတ်ဘုရားကမူ ရွှေရောင်အလင်းဖြင့် လက်နေပြီဖြစ်၏။
လုယွီက ကျင့်ကြံခြင်းတွင် ပျော်ဝင်သွားလျက် နောက်ထပ် ခြေတစ်လှမ်းထဲနှင့် ဆယ်ဆင့်ခန့် ခုန်တက်လိုက်သည်။
အထပ်ကိုးဆယ်...
မရေမတွက်နိုင်သော သားရဲ ထောင်ပေါင်းများစွာကို ရင်ဆိုင်နေရချိန်တွင် လုယွီ၏ အမူအယာက ပြောင်းလဲလာသည်။
"အဆင့်တက်တော့မှာပဲ"
လုယွီက တုံ့ဆိုင်းမနေပဲ မျှော်စင်မှ ထွက်ခွာလိုက်သည်။
အပြင်ဘက်တွင် လူအုပ်က စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ လုယွီက ကိုးဆယ်အထိ ရောက်သွားခဲ့၏။ ဒီအဆင့်ကို မည်သူကမှ မရောက်နိုင်ခဲ့ဖူးသေးချေ။ လုယွီကမူ ရအောင် လုပ်နိုင်ခဲ့၏။
တံခါးက ပွင့်သွားကာ လုယွီထွက်လာသည်။ လူအများက သူ့အားမချီးကျူး နိုင်ခင်မှာပင် အဝေးသို့ ထွက်သွားကာ ခြေတစ်လှမ်းချင်းစီ ပျောက်ကွယ်သွားခဲ့၏။ ဒီနည်းအားဖြင့် သူပျောက်ကွယ်သွားသည်။
သည်နေရာတွင်ရှိသော သူများအားလုံးထိတ်လန့်သွားကြ၏။
ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ကျင့်ကြံခြင်း မျှော်စင်၏ ပထမအထပ်က ကန်ဖွင့်ခံရသည်။
"ဘယ်သူက ကျင့်ကြံခြင်း မျှော်စင်ကို ပြဿနာလာရှာတာလဲ"
အစေခံတစ်ယောက်က ဒေါသထွက်သွားပြီး ပြောလိုက်သည်။ သို့သော် သူ ကန်ထုတ်ခံလိုက်ရ၏။
အခြားသူများကလည်း ဒူးထောက်လိုက်ကြသည်။
"ဆရာသခင် လုချန်"
ထွက်သွားသော လုချန်က ပြန်ရောက်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူ၏ မှတ်တမ်းကို ချိုးသွားကြောင်းသိသည့်အတွက် လာစစ်ဆေးခြင်းဖြစ်၏။ စာရင်းတွင် သူ့နာမည်အစား ဝမ်ချန်းဆိုသည့် နာမည်ကရှိနေခဲ့ပြီး ရွှေရောင်နံပါတ်က ကိုးဆယ်ကို မျက်စိဖမ်းစားဖွယ် ညွှန်ပြနေခဲ့၏။
"ဒီဝမ်ချန်းကို သွားရှာလာခဲ့၊ သူက တကယ် တော်တာလား၊ လှည့်စားမှုတွေ သုံးသွားတာလား ဆိုတာ ကြည့်ရမယ်"
လုချန်၏ မျက်နှာက မဲမှောင်နေသည်။ သူ့ကို တစ်စုံတစ်ယောက် ကျော်သွားခြင်းအား သူ မယုံနိုင်ပေ။ သူက ထူးချွန်ကာ ပြိုင်ဘက်ကင်းသော လူငယ်တစ်ဦးဖြစ်သည်။ သူနှင့် မျိုးဆက်တူလျှင် သူ့အား ကျော်နိုင်သူ မရှိပေ။ ဒါကို လက်မခံနိုင်တော့ချေ။
အပိုင်း ၉၇၈
တစ်နေရာတွင် ကောင်းကင်က ထိန်လင်းနေသည်။ အနီးကပ်သွားမည်ဆိုလျှင် ကောင်းကင်က ပေါက်ထွက်လာသော အတွင်းအားများကို ခံစားမိမည် ဖြစ်၏။ တစ်ချိန်တည်းတွင်ပင် လုယွီ၏ မျက်ခုံးကြားထဲတွင် ဖျော့တော့သော နဂါးသင်္ကေတက ထွက်ပေါ်လာသည်။
"ထိုက်ချူပုံစံကို လေ့ကျင့်တာက အခြားသိုင်းတွေကို လေ့ကျင့်တာနဲ့ တကယ်ကွာခြားတာပဲ။ ဒီ ခန္ဓာကိုယ်ကို သန့်စင်တဲ့ ပုံစံကတောင် ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်စေနိုင်သေးတယ်။ တိုးတက်နှုန်းကတော့ မမျှော်လင့်ထားအောင်ပဲ"
ဒီလို လုပ်နိုင်စွမ်းအားက လုယွီ၏ တွေးတောမှုကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အဆင့်မတက်ခင်တွင် သူက အရှိန်အဝါအပြည့်ကို ထုတ်ဖော်နိုင်မည့် လုံခြုံသောနေရာကို ရှာဖွေခဲ့ခြင်းဖြစ်၏။
ယခုအခါ သူ လေ့ကျင့်ရမည့် အချိန်ကောင်းဖြစ်သည်။ လုယွီ၏ နတ်ဘုရား အသိစိတ်က ချက်ချင်းလိုလို သူ၏ အသိစိတ်တွင် ထွက်ပေါ်လာစေလျက် အားလုံးကို စစ်ဆေးလိုက်သည်။ ဒီနေရာက သီးသန့် တည်ရှိနေသော တောင်တန်းတစ်ခု ဖြစ်ကာ တောင်တန်းတွင် သစ်ပင်များက ပြည့်နှက်နေပြီး မြူထုကိုလည်းမြင်ရ၏။
"ဝင်္ကပါလား"
လုယွီက ဝင်လိုက်သည်နှင့် ချက်ချင်းလိုလို ဒီနေရာကို စောင့်ကြပ်နေသော ဝင်္ကပါကို သိလိုက်ရသည်။ သို့ရာတွင် ထိုဝင်္ကပါလောက်က လုယွီအား မတားနိုင်ပေ။
လုယွီ၏ ခြေထောက်များက ဖြတ်ကျော်သွားပြီးနောက် ဝင်္ကပါ တစ်ခုပြီးတစ်ခု ပြိုကျသည်။ ထို့နောက် နေရာကောင်းကို ရှာတွေ့သွား၏။ သူက အထဲသို့ ဝင်သွားသည်။ ထို့နောက် လက်ကိုရမ်းလိုက်လျက် ဂူတစ်ခုကို တူးထုတ်လိုက်၏။
လုယွီက အထဲတွင် ဝင်ထိုင်လိုက်လျက် ရွှေရောင်နဂါးသင်္ကေတကို ထပ်မံထွက်ပေါ်လာစေလိုက်သည်။ သူ၏ စိတ်ဝိဉာဉ် နှင့်စိတ်စွမ်းအား ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ကောင်းကင်နှင့် မြေပြင်မှ စိတ်ဝိဉာဉ်စွမ်းအင်များကို စုစည်းလိုက်လျက် သူ၏ စိတ်ဝိဉာဉ်ကို သန်မာအောင် လုပ်ရသည်။
စိတ်ဝိဉာဉ်က လုံလောက်သော အဆင့်တစ်ခုအထိ ကြီးပြင်းလာပြီးလျှင် အတွင်းအားတိုင်းက အတွင်းအားတုံးအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကာ တော်ဝင်စမ်းရေကန် ထွက်ပေါ်လာပေလိမ့်မည်။ ထိုအချိန်တွင် စိတ်ဝိဉာဉ်စွမ်းအင်တုံးတွင် သင်္ကေတများက ထွက်ပေါ်လာပြီ ဖြစ်၏။ သင်္ကေတများ သိပ်သည်းအားကြောင့် စိတ်ဝိဉာဉ်စွမ်းအင်၏ သိပ်သည်းနှုန်းက ကွာခြားသွားနိုင်၏။
"စိတ်ဝိဉာဉ်က စိတ်ဝိဉာဉ်စွမ်းအားတုံး ကိုးတုံးအထိ တောင့်ခံနိုင်စွမ်း ရှိတယ်။ ဒါပေမယ့် ဒါက အကန့်အသတ်လို့ ပြောလို့မရသေးဘူး၊ "
ရှေးဟောင်းတာအို ထာဝရရှင်သန်သူများက ထိုက်ချူခန္ဓာကိုယ်သိုင်းဟာ အဆောင်လက်ဖွဲ့များဖြင့် ထွင်းထု၍ ရသည်ဟု မှတ်တမ်းတင်ထား၏။ အရေအတွက် ကိုးခုထက် ပိုနိုင်သည်။
"ဒီလိုဆိုရင် ငါ ထိုက်ချူပုံစံအတိုင်း ပြုလုပ်သွားရတော့မှာပဲ"
စိတ်ဆုံးဖြတ် ပြီးနောက် လုယွီ၏ အရှေ့တွင် ကြီးမားသောစိတ်ဝိဉာဉ် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစိတ်ဝိဉာဉ် ပုံရိပ်ကို ရေးသားသော ပုံစံမျိုးအဖြစ် ပြောင်းလျက် သူ၏ စိတ်ဝိဉာဉ်ကို ကိုယ်တိုင် ပြန်လည်ထွင်းထုစေတော့၏။
လုယွီ၏ ကိုယ်က လှုပ်ရှားခြင်း မရှိပဲ ဆက်တိုက်ကျင့်ကြံနေခဲ့သည်။ လုယွီ၏ စိတ်ဝိဉာဉ်က အလွန်သန်မာလွန်းသောကြောင့် သင်္ကေတထွင်းထုသည့် ဖြစ်စဉ်က လွယ်ကူမနေခဲ့ပေ။ အကြောင်းမူကား ထွင်းထုခြင်းက စုတ်တံဖြင့် ရေးခြင်းဆိုသော်ငြား စိတ်ဝိဉာဉ်ကို လှီးဖြတ်လျက် လိုသလို ပုံဖော်ရသောကြောင့် သူ၏ စိတ်ဝိဉာဉ်ပင် တုန်ခါနေရခြင်းဖြစ်သည်။
တစ်နာရီခန့် ကြာပြီးနောက် အဆောင်လက်ဖွဲ့ သုံးခုက လုယွီ၏ စိတ်ဝိဉာဉ်တွင် ထွက်ပေါ်လာပြီဖြစ်သည်။ ဒါက ရှေးဟောင်းသင်္ကေတများဟု ဆိုနိုင်၏။
ဘုန်းတော်ကြီးများက သင်္ကေတထွင်းထုခြင်း နယ်မြေအဆင့်သို့ ဝင်ရောက်လိုက်လျှင် သူတို့က စွမ်းအင်စိတ်ဝိဉာဉ်တုံး တစ်ခုတည်းတွင်သာလျှင် ထွင်းထုနိုင်မည် ဖြစ်သည်။ လုယွီကမူ တစ်ချိန်တည်းလိုလို သင်္ကေတသုံးခုလုံးကို ထိုးထွင်းနေလျက် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသူများထက် သူက သုံးဆခန့် စွမ်းအင်ပိုယူရလေသည်။
သက်ပြင်းအရှည်ကြီး ချပြီးနောက် လုယွီက မတ်တပ်ထရပ်သည်။
အဆင့်တက်ပြီးကာစ ဖြစ်သည့်အလျောက် လုယွီ၏ အရှိန်အဝါများက မတည်မငြိမ် ဖြစ်နေခဲ့သည်။ လုယွီက အချိန်တစ်ခုယူကာ စိတ်ဝိဉာဉ်စွမ်းအားများကို ထိန်းလိုက်ရ၏။ ထို့နောက် သူက သာမန်လူတစ်ယောက်အပြင် ပြန်ပြောင်းသွားလေသည်။
"ဒါက တကယ်အခွင့်အရေးပဲ၊ ငါကသာ တိရှားဧကရာဇ်ကို ဝါးမျိုနိုင်ရင် ငါ့ရဲ့ အဆင့်ကလည်းဒီထက်ပိုပြီး မြင့်တက်သွားလိမ့်မယ်"
လုယွီ၏ မျက်လုံးတွင် အေးစက်သော အလင်းက လက်လာသည်။ ရုတ်တရက် လုယွီက မျက်မှောင်ကြုတ်၏။ သူ၏ နတ်ဘုရားအသိစိတ်ကလည်း ဟိန်းသံမျိုးကို ကြားနေရသည်။ လေထဲတွင် ဖုန်မှုန့်များက ဝရုန်းသုန်းကားဖြစ်နေသေး၏။
"ရူးသွားပြီလား"
သူက မျက်မှောင်ကြုတ်သည်။
သူလေ့ကျင့်ရာတွင် အမှားများတစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် ဘုန်းတော်ကြီးများကပင် နတ်ဆိုးစိတ်ဝိဉာဉ်၏ အပိုင်စီးခံရပြီး ဒုက္ခရောက်သွားနိုင်သည်။ လမ်းလွှဲရောက်သွားနိုင်၏။ ဒီလိုလူမျိုးကိုလုယွီက ခွင့်မလွှတ်ပေးနိုင်ချေ။
ဂူထဲမှ ထွက်ပြီးနောက် လုယွီက ထွက်သွားတော့မည့် အချိန်တွင်ပင် အသံတစ်သံကို ကြားလိုက်ရ၏။
"လုဘိုးဘေးက ရူးသွားပြီ၊ ဒါကငါ့ရဲ့အခွင့်အရေးပဲ"
"သူက ဒီလိုရူးသွားမယ်လို့ ဘယ်သူသိထားမှာလဲ၊ ငါတို့ ဒီအချိန်ကို စောင့်နေခဲ့ရတာ"
"မဟုတ်ဘူး ဒါက တစ်ဘဝမှာ တစ်ခါပဲ ရနိုင်မယ့်အခွင့်အရေးပဲ အားလုံးပေါင်းပြီး သူ့ကို သတ်ရအောင်"
အပိုင်း ၉၇၉
ထိုအသံများက တိုးသော်လည်း လုယွီ၏ အာရုံခံနိုင်စွမ်းမှ မလွတ်မြောက်သွားခဲ့ပေ။ ထိုစကားများကို ကြားသောအခါ လုယွီ မျက်ခုံးပင့်လိုက်သည်။
"လုမိသားစုရဲ့ ဘိုးဘေး ဟုတ်လား"
သူ တစ်ကြိမ်မှ သူ၏အဖိုးနှင့် မဆုံတွေ့ရသေးချေ။ တစ်ချိန်တည်းတွင်ပင် လုယွီက မော့ကြည့်လိုက်ချိန်တွင် ဒီနေရာတစ်ခုလုံးကို ဝိုင်းပတ်ထားသော အကန့်အသတ်မဲ့ ဝင်္ကပါများကို မြင်လိုက်ရ၏။ ဒီနေရာက လျှို့ဝှက်နေရာတစ်ခု ဖြစ်နိုင်သည်။
မမျှော်လင့်ထားစွာပင် သူက လုမိသားစုပင် သတိမထားမိခဲ့သော လျှို့ဝှက်နေရာ တစ်ခုသို့ ရောက်ရှိခဲ့ဟန် ရ၏။
"လုပ်ရအောင်"
သိပ်မဝေးသော နေရာတွင် ပုန်းကွယ်နေသော ပုဂ္ဂိုလ် ဆယ်ယောက်ကျော် ရှိနေကြသည်။ သူတို့အားလုံးက အဝေးတစ်နေရာတွင် ရှိနေသော ပုံရိပ်တစ်ခုထံသို့ ခုန်ဝင်လာကြ၏။ ထိုသူများက ရိုင်းစိုင်းကြမ်းတမ်းသည်။
သူတို့ရောက်လာသည်နှင့် လေပြင်းများက အရပ်မျက်နှာအနှံ့ ပြန့်လွင့်သွားရ၏။ အားလုံး ဆယ်ယောက်ကျော်သည်။
ကြည့်ရသည်မှာ ထိုလူများက အချင်းချင်း ပူးပေါင်းထားခဲ့ဟန် ရသည်။
သူတို့က လှုပ်ရှားမည်ဟု ဆုံးဖြတ်လိုက်သည်နှင့် သူတို့၏ စွမ်းအားများက အချင်းချင်း ချိတ်ဆက်သွားကာ သတ်ဖြတ်ခြင်း အခင်းအကျင်းဝင်္ကပါတစ်ခု ဖြစ်သွားလျက် လူအိုကြီးတစ်ယောက်၏ ပုံရိပ်ထံသို့ ခုန်ဝင်သွားကြသည်။
"အရမ်း လွန်ကဲနေကြတာပဲ"
လုယွီက ခေါင်းခါသည်။
သူ မလှုပ်ရှားသည်မှာ အခြားသူများ မမြင်နိုင်သောအရာကို သူ မြင်နိုင်နေ၍ဖြစ်၏။ သေချာစွာပင် ထိုလူသတ်သမားများက ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိနေခဲ့ပေ။
ထိုလူအိုကြီးက ရူးသွပ်နေဟန် ရသည်။ သို့သော် လူသတ်သမားများ ချဉ်းကပ်လာသည်နှင့် ချက်ချင်းလိုလို နောက်လှည့်လိုက်ပြီး လူသတ်သမားများကို တိုက်ခိုက်လေတော့သည်။
လူသတ်သမားများ၏ ပေါင်းစပ်ထားသော စိတ်စွမ်းအား အခင်းအကျင်းက ပြီးပြည့်စုံနေလောက်သော်လည်း အလွန်ပြင်းထန်သော အကန့်အသတ်မဲ့ စွမ်းအားများနှင့် ရင်ဆိုင်ရချိန်တွင် အားအင်မဲ့ရသည်။ ထိုလူများ အားလုံးက အမွှေးတိုင်တစ်တိုင် မကြာခင် အချိန်အတွင်းမှာပင် သေဆုံးသွားခဲ့ကြ၏။
ထိုလူအိုကြီး၏ ခြေထောက်များက အလောင်းများပေါ် တက်နင်းသည်။ ထိုလူအိုကြီး၏ ခြေထောက်များက ခက်ထန်ကြမ်းတမ်းပြီး တစ်ကိုယ်လုံးက ရက်စက်ကြမ်းတမ်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။ သူက လက်ရှိ လုမိသားစုမှ ခေါင်းဆောင် လုဝူတိဖြစ်သည်။
လုဝူတိက လုယွီရှိရာဘက်သို့ တစ်ချက်ကြည့်သည်။
"ထွက်လာခဲ့၊ ပုန်းမနေနဲ့တော့"
လုယွီကလည်း တမင်တကာ သူ၏ ပုံရိပ်ကို မဖုန်းကွယ်ခဲ့ခြင်းဖြစ်သည်။
သူက ခြေလှမ်း ထွက်လိုက်သည်နှင့် သူ့ရှေ့မှ လူအိုကြီးကို မြင်လိုက်ရသည်။
ပုံပန်းသွင်ပြင်အရ ထိုလူအိုကြီးနှင့် သူက အကြမ်းအားဖြင့် ဆင်သည်။ ထိုက်ချူ၏ ခန္ဓာကိုယ် သဏ္ဍာန်ပြောင်းလဲခဲ့ခြင်းကြောင့် လုဝူတိက လုယွီကို သတိမထားမိပေ။
"မင်းရဲ့ နောက်ကွယ်က ဘယ်သူလဲ ငါ့ကိုပြော၊ ငါ မင်းရဲ့စိတ်ဝိဉာဉ်ကို ထားပြီး ပြန်လည် ဝင်စားလို့ရအောင် ခွင့်ပြုပေးမယ်"
လုဝူတိက လေးနက်စွာ ပြောသည်။
လုယွီက ဖျော့တော့စွာ ပြုံး၏။
"ခင်ဗျားရဲ့ ကျန်တဲ့ခွန်အားတွေကို ဒီလူတွေကို သတ်ဖို့ သုံးမိမှာကိုပဲ ငါ စိုးရိမ်တယ်၊ ခင်ဗျားရဲ့ တစ်ကိုယ်လုံးမှာ နာကျင်မှုအနှံ့ ခံစားနေရပြီ မဟုတ်လား၊ ငါ့ကို သတ်ဖို့ မပြောနဲ့။ ခင်ဗျား ခြေတစ်လှမ်းတောင် မလှမ်းနိုင်တော့ဘူး"
လုဝူတိ၏ မျက်နှာက ပျက်ယွင်းသွားသည်။
လုယွီပြောသည်မှာ မမှားပေ။ သူက နတ်ဆိုးတစ်ကောင် ဝင်ပူးထားသကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်၏။ သို့သော် သူ ပြောသောစကား ခုနှစ်ခွန်းဆိုလျှင် သုံးခွန်းက မှားနေခဲ့ပြီဖြစ်သည်။ လုယွီက ချက်ချင်းအသတ်မခံ ရသည်မှာ သူ၏ ခန္ဓာကိုယ်အခြေအနေကြောင့် ဖြစ်၏။
"ဒီသခင်ကြီးက ဝမ်ချန်းပဲ ချူမိသားစုက ထောက်ခံပေးထားတဲ့ တန်ဆေးအဂ္ဂိရက် ပညာရှင်လို့ ပြောနိုင်တယ်"
လုယွီက ချူရှောင်းပေးလိုက်သော တံဆိပ်ပြားကို ထုတ်ပြသည်။ လုဝူကျိက တံဆိပ်ပြားကို ကြည့်ပြီးနောက် သက်ပြင်းချကာပြော၏။
"ချူရှောင်းက မင်းကို လာခိုင်းတာ ဆိုရင်တော့ ငါ စိတ်အေးပါပြီ"
သူ၏ ခန္ဓာကိုယ်က ပြိုလဲသွားပြီး မြေပြင်သို့ လဲကျသည်။
လုယွီက ချက်ချင်းလိုလိုကူညီ ပေးလိုက်သည်။
တစ်ချိန်တည်းတွင်ပင် လုဝူတိ၏ ကိုယ်ဝန်းကျင်ကို မှော်စွမ်းအင်တစ်ချို့ ဝိုင်းပတ်စေရန် အသုံးပြုပေးလိုက်၏။
လုဝူတိ၏ အခြေအနေက သူ ထင်ထားသည်ထက် ဆိုးရွားနေခဲ့သည်။
ကောလဟာလအရ ဒီလောကမှ ပထမအဆင့် အထက်တန်းလွှာ မိသားစု၏ ခေါင်းဆောင်က နတ်ဘုရားနယ်မြေကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်ဟု ဆိုကြသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကမူ ဆိုးရွားသော အခြေအနေအဖြစ် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လုယွီက မဟာနဂါးမင်းဆက် လုံဝူကျိကတင် သူ၏လက်ရှိရှေ့ရှိ အဖိုးကြီးထက်သာကြောင်း ခံစားမိသည်။
"ဒီဆေးကို သောက်လိုက်"
လုယွီက ဧကရာဇ်ချန်ကွမ်ဆေးကို ထုတ်ပေးလိုက်သည်။ လုဝူကျိကလည်း တုံ့ဆိုင်းမနေပဲ ချက်ချင်းလိုလို ဝါးမြိုလိုက်သည်။ သူ၏ မျက်နှာက နီရဲလာ၏။
"ဒါက ဘယ်လိုဆေးများလဲ လူကြီးမင်း"
သူ၏ မျက်ဝန်းထဲ အလင်းရောင်များ လက်လာသည်။
လုယွီက လက်ကာပြပြီး လေးနက်စွာပြောသည်။
"ငါ့ကို ဒီအကြောင်း ပြောမနေနဲ့၊ နောက်ပြီး ဘိုးဘေး ခင်ဗျား ငါ့ကို အမှန်အတိုင်း ပြောသင့်တယ်။ ငါ မတိုင်ခင် ခင်ဗျားကို ဘယ်သူက ဆေးဖော်စပ် ပေးခဲ့သေးလဲ"
အပိုင်း ၉၈၀
ဝူတိ၏ မျက်နှာက နီရဲသွားသည်။ သူက အံကိုကြိတ်ကာပြော၏။
"မင်း ဆိုလိုတာက တစ်ယောက်ယောက်က ငါ့ကို အဆိပ်ခတ်ခဲ့တာလား"
လုယွီက မပြောသော်လည်း ဒီလူက သိသည်။
ထာဝရရှင်သန်ခြင်းအဆင့်..... တစ်လောကလုံးက သူ့အား ဒုက္ခပေးချင်နေလောက်၏။ ထို့အပြင် ဒီလိုပြိုင်ဘက်ကင်းသာ ပုဂ္ဂိုလ်တစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့သည်။
နှစ်ပေါင်းများစွာ မကြာခင်မှာပင် လုမိသားစု တစ်ခုလုံးက ပြိုကွဲပျက်စီးသွားပေလိမ့်မည်။ လက်ရှိအချိန်တွင်မူ လုဝူကျိက ချက်ချင်း မတ်တပ်ထရပ်သည်။
"ငါ အရင်က ရေခဲနယ်မြေကြောင့် ဒဏ်ရာရထားခဲ့တယ်၊ နောက်တော့ လုချန်းချုံ ဖော်စပ်တဲ့ ဆေးကိုငါ သောက်ခဲ့တာပဲ"
လုချန်းချုံက လုမိသားစုမှ အဂ္ဂိရက်နတ်ဘုရားဖြစ်၏။ သူက သူ့ဘိုးဘေးအတွက် ဆေးဖော်စပ်ရသည်။ ဒါက ပုံမှန်စည်းမျဉ်းသာလျှင် ဖြစ်သည်။
လုယွီက ပြောသည်။
"ငါ့ကိုပြပါ"
လက်ရှိအချိန်တွင် သူတို့က တစ်နေရာသို့ ရွေ့လျားလာခဲ့ကြသည်။ ထိုနေရာက ချိုင့်ဝှမ်းအတွင်း နက်ရှိုင်းသော တောင်တန်းတစ်နေရာတွင် ရှိ၏။
တောင်တန်းနံရံ ပတ်ပတ်လည်တွင် သင်္ကေတတိုင်းကို ရေးထိုးထားသည်။ ဓားခုတ်ရာများကိုလည်း မြင်ရ၏။ ဒါက ထိုပုဂ္ဂိုလ် ချန်ထားရစ်ခဲ့မှန်း သိသာလေသည်။
ချို့င်ဝှမ်းကို ကျော်ဖြတ်ပြီးနောက် လုယွီနှင့် လုဝူတိတို့က ခမ်းနားသော အိမ်တော်သို့ ရောက်လာသည်။ အိမ်တော်ကို အလွန်ခမ်းနားသော လမ်းစဉ်များဖြင့် တည်ဆောက်ထားပြီး ရုပ်သေးရုပ်များကိုလည်း မြင်နိုင်၏။ ထိုရုပ်သေးရုပ်များက ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေကြသည်။
"ဒါက ကျန်တဲ့ဆေးတွေပဲ"
လုဝူကျိက ချက်ချင်းလိုလို ဆေးများကိုပြသည်။ လုယွီက တစ်လုံးကို ကောက်ကိုင်ပြီးနောက် မွှေးရနံ့ကို ခံစားလိုက်ရ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဘာက ပုံမှန် မဟုတ်ကြောင်း သိနိုင်သည်။
လုဝူကျိက ချက်ချင်းပြောသည်။
"ငါ အရင်ကတည်းက သံသယဝင်နေခဲ့တာ၊ ဒါပေမယ့် ငါ စစ်ဆေးကြည့်တော့ ဘာမှမတွေ့ခဲ့ဘူး"
လုယွီက ခေါင်းခါသည်။
"ခင်ဗျားက ဒီနယ်မြေမှာ အရမ်းစွမ်းအားကြီးမားတဲ့ လူတစ်ယောက်ပဲ။ ဒီတော့ အဆင့်လွန်အဆင့်တွေက စိတ်ဝိဉာဉ်မီးတောက်ကို ကျင့်ကြံနိုင်မှန်း သူသိထားလိမ့်မယ်၊ ဒီမီးတောက်ကိုသာ မဖယ်ရှားနိုင်ရင် စိတ်ဝိဉာဉ်က ပြိုကွဲသွားမှာ မဟုတ်ဘူး"
လုဝူကျိက အံ့ဩသွားသည်။
"ငါ မင်းကို ငယ်မယ်လို့ ထင်ထားတာ၊ မမျှော်လင့်ထားပဲ မင်းဒါကိုတောင် သိနေတာပဲ"
ထိုအချိန်တွင် သူ လေးစားမှုကို ခံစားလိုက်ရ၏။ သူ လုယွီက ငယ်ကြောင်းမြင်ရသည်။ သို့သော် လုယွီ၏ ကျင့်ကြံခြင်းအဆင့်ကမူ မြင့်မားလွန်းနေမည်ဟု မထင်ထားမိပေ။
လုယွီက ပြောသည်။
"ဒီဆေးက စိတ်ဝိဉာဉ် မီးတောက်ကြောင့် ပြောင်းလဲသွားတာပဲ"
သူက လုယွီကို ကြည့်သည်။
"ငါ့အဖေက တစ်ချိန်က ငါ့ရဲ့စိတ်ဝိဉာဉ်မီးတောက်ကို အသုံးပြုခဲ့ဖူးတယ်"
တစ်ခဏ ကြာပြီးနောက် မီးတောက်က လေထဲတွင် တောက်လောင်လာသည်။ လုယွီက လက်ထဲမှ ဆေးလုံးကို ထိုမီးတောက်ထဲသို့ ပစ်လွှတ်လိုက်၏။
ဘုန်းကနဲအသံနှင့်အတူ ထိုကျောက်စိမ်း ဆေးလုံးက အနက်ရောင်မီးတောက်၏ ဝါးမျိုခံရပြီးနောက် အရည်ပျော်ကျသွား၏။
ထိုအခါ ဝင်သက်တစ်ကြိမ် အတွင်းတွင် မွှေးရနံ့က ထွက်ပေါ်လာသည်။ ထို့နောက် တစ်ခဏတွင်မူ အလွန်အမင်း သည်းမခံနိုင်သော ညှီနံ့က ထွက်ပေါ်လာခဲ့တော့၏။ အနီရောင်ဆေးက အရည်စက်အဖြစ် ပြောင်းလဲသွားပြီး ကြမ်းပြင်သို့ ကျသည်။
ကြမ်းပြင်တစ်ခုလုံးက ဆေးရောင်အောက်တွင် တွင်းချိုင့်ကြီး ဖြစ်သွားစေတော့၏။ လုယွီက ပြောသည်။
"ဒီဆေးကို အဆင့်လွန်အဆင့် တစ်ယောက်က ဝါးမြိုလိုက်မယ်ဆိုရင် သာမန်အခြေအနေမှာ ဘာမှမဖြစ်နိုင်ပေမယ့် ခင်ဗျားကတော့ ဒီလောကအဆင့်မြင့်တဲ့ ဆေးမျိုးကို အသုံးမပြုဖူးတာ ဖြစ်နိုင်တယ်"
ပေါက်ကွဲသံနှင့်အတူ လုဝူကျိက စားပွဲခုံကို ကန်ထုတ်လိုက်သည်။ သူ၏ မျက်နှာက အေးစက်လာ၏။
"ဒီကောင်တွေ တကယ်ကို နှလုံးသား မရှိတာပဲ"
လုဝူတိက ပြောသည်။
"ဘိုးဘေးရဲ့ အခုဒဏ်ရာတွေရဲ့ သော့ချက်က ဒါပဲ။ ဒီမှာ ဆေးလုံးတွေ ရှိနေတယ်။ ငါ ခင်ဗျားအတွက် ဆေးဖော်ပေးနိုင်တယ်"
လုယွီကို လုယွီဟု ထိုသူများ မသိကြပေ။ ထိုသူများ ရှေ့တွင် အဖိုးဟု တပ်ခေါ်နေ၍လည်း မဖြစ်သေးချေ။ သူ့ဖခင် လုခိုင်ရှန်းက အဓိက အိမ်တော်ခွဲမှ ပထမသားဖြစ်သည်။
တိုက်ခိုက်ခံရပြီးနောက်တွင် တောင်ပိုင်းနယ်မြေအတွင်းသို့ ကန်ထုတ်ခံခဲ့ရ၏။ လုမိသားစုကမူ လက်ရှိအချိန်အထိ အင်အားကြီး မိသားစုဖြစ်နေသေးသည်။
"ဒီဆေးလုံးက ငါ့အဖေ မစားနိုင်တဲ့ ဆေးလုံးတွေပဲ၊ ခင်ဗျားကို ပေးလိုက်မယ်။ ဒါတွေနဲ့ဆိုရင် ခင်ဗျားရဲ့ ဒဏ်ရာတွေကို တစ်ခဏချင်း ကုသနိုင်လိမ့်မယ်"
လုဝူကျိက တည်ငြိမ်စွာပြောသည်။
"ငါ့မှာ အဂ္ဂိရက်အခန်းရှိတယ်၊ အဲဒိမှာ အမျိုးအစားမျိုးစုံ ဆေးပင်တွေ အကုန်ရှိနေတယ် မင်း ကြိုက်သလို သုံးနိုင်တယ်"
လုယွီက ခေါင်းခါသည်။
"ငါ အခန်းမလိုပါဘူး၊ ဒီနေရာမှာတင် ဖြစ်တယ်"
လုယွီ၏ လက်ချောင်းထိပ်များမှ ရွှေရောင်မီးတောက်များက တောက်လောင်လာသည်။ မီးတောက် ထွက်ပေါ်လာသည်နှင့် အခန်း၏ အပူချိန်က မြင့်တက်သွား၏။ လေးဘက်လေးတန်လုံး မြင်ရသည့်ဖိအားက ပြန့်လွင့်သွားသည်။
"မင်းရဲ့ တန်မီးတောက်က ထူးခြားလိုက်တာ"