အခန်း (၉၈၁-၉၈၅)
Vol. 52 Ch. 981-985
အပိုင်း ၉၈၁
ဝူတိ၏ မျက်လုံးထဲတွင် ထူးခြားမှုကို မြင်ရသည်။ လုယွီ၏ တန်မီးတောက်မှ လာသော ဝင်သက်ကိုသူ ခံစားမိ၏။ ဒီလို တန်မီးတောက်မျိုးကပင် သူ့အား သြ၏စေသေးသည်။
လုယွီက လုဝူတိ၏ စကားကို တိုက်ရိုက်မဖြေပေ။ သူက သိုလှောင်အိတ်ထဲမှ ဆေးတစ်ပင်ကို ထုတ်ပြီးနောက် သန့်စင်လိုက်၏။
လုဝူကျိ သိထားသည့်အလွန်အမင်း ကြာညောင်းသင့်သော အဂ္ဂိရက် ဖော်စပ်သည့်ဖြစ်စဉ်က အလွန်လျင်မြန်စွာ ဖြစ်ပေါ်နေသည့် မြင်ကွင်းအား ကြည့်လျက် မင်သက်နေ၏။ တစ်ချိန်တည်းတွင်ပင် လုဝူကျိ၏ စွမ်းအင်ကို ပို၍ပင် သဘောကျ လေးစားလာမိသည်။
"ဒီလို ဖော်စပ်ရတာလား"
လုဝူကျိက လုယွီ၏ လက်ထဲမှ ဆေးလုံးကိုကြည့်သည်။
သူ့မျက်ဝန်းအတွင်း မယုံကြည်နိုင်မှုကို မြင်နိုင်၏။
လုချန်းချုံက ဆေးလုံးကို အပြည့်အဝ ဖော်စပ်မည်ဆိုလျှင်ပင် တစ်ရက်ခန့် အနည်းဆုံး အချိန်ယူရပေမည်။ သို့ရာတွင် လုယွီကမူ အမွှေးတိုင်တစ်တိုင် ကုန်ချိန်ကိုသာလျှင် သုံးလျက် ဆေးဖော်စပ်နိုင်သည်။
ဆေးပင်များ အရည်ပျော်ကျ သွားပြီးနောက် ဆေးလုံးအဖြစ် သိပ်သည်းသည့်ဖြစ်စဉ်တစ်ခုလုံးက ရပ်တန့်ခြင်း မရှိပဲ လျင်မြန်စွာဖြင့် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။
ရေစီးသည်ထက်ပင် မြန်ဆန်နေသေးသည်။
ဆေးလုံးကို ကြည့်ပြီးနောက် ပုံပန်းသွင်ပြင်နှင့် ဖျော့တော့သော ရနံ့နှင့်တွင် လုချန်းချုံ၏ လုပ်နိုင်စွမ်းအားထက် သာမှန်းသိသာပြီးသား ဖြစ်သည်။
လုယွီက ပြောသည်။
"ကိုယ်ထဲမှာ ရှိနေတဲ့ ကျန်ရှိတဲ့အဆိပ်က အခု မသေချာသေးဘူး၊ ဒီဆေးလုံးတွေက အချိန်တစ်ခု ကြာသွားပြီးတဲ့နောက်မှာ အဲဒိ ကျန်ရှိတဲ့ အဆိပ်တွေ အားလုံးကို ဖယ်ရှားပေးလိမ့်မယ်။ သုံးရက်နေရင် တစ်လုံးသောက်ပါ"
ထို့နောက် လုယွီက လုဝူကျိကို ထပ်ကြည့်ပြီးနောက် တည်ငြိမ်စွာပြောသည်။
"ငါ ကြားထားတဲ့အတိုင်းဆိုရင် ဘိုးဘေးက နတ်ဘုရားနယ်မြေကို ကျော်ဖြတ်တော့မယ်လို့ ကြားတယ်"
လုဝူတိ၏ မျက်နှာက ခါးသီးမှုလင်းလက်သွားသည်။
"ဟုတ်တယ် ငါ့ရဲ့ကိုယ်က အခြေအနေ ဆိုးသည်ထက်ဆိုးလာလို့ အဆင့်တက်ဖို့ပဲ ကြိုးစားရတော့မှာလေ
"
လုယွီက တည်ငြိမ်စွာပြောသည်။
"ဒီဒဏ်ရာတွေနဲ့ဆို အဆင့်တက်ဖို့ မသင့်တော်ဘူး၊ လုချန်းချုံနဲ့ သူ့ရဲ့ အဲဒိပျက်စီးနေတဲ့ ကောင်းကင်ဆေးဆိုတာက တကယ်အသုံးမဝင်ဘူး။ ငါ အစက သင့်လျော်တဲ့ ဆေးပင်ကို ရှာတွေ့ခဲ့ပြီးသား၊ ဒီတော့ အဆင့်တက်ဖို့ ဆေးလုံး သန့်စင်ပြီးတဲ့အထိ စောင့်ရင် မနောက်ကျနိုင်ဘူး"
လုယွီက လုဝူတိအကြောင်းကို တွေးမိသည်။ မည်သို့ပင်ဆိုစေ အဆင့်တက်သည့်အခါ ဒီလိုအခြေအနေမျိုးနှင့် မိုးကြိုးဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ထိုလုချန်းချုံတို့ ဖော်စပ်မည်ဖြစ်သော ပျက်စီးနေသည့် ဆေးလုံးနှင့်ဆိုလျှင် ပို၍ ဆိုးသွားပေလိမ့်မည်။ လုဝူတိ အသက်ရှင်ရန်ပင် မဖြစ်နိုင်တော့ချေ။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လုဝူတိက လက်သီးနှစ်ဖက်ကို ဖိကပ်လျက် ပြောသည်။
လုယွီက သူ့ထက် ငယ်ကောင်းငယ်နိုင်သော်လည်း လုဝူတိကမူ အလွန်လေးစားနေမိပြီ ဖြစ်သည်။ လုယွီကသာ ရုတ်တရက်မပေါ်လာခဲ့လျှင် သူ ဒီနေရာတွင် ရှိနေလိမ့်မည် မဟုတ်ပဲ အဆိပ်ကြောင့် သေသွားပေလိမ့်မည်။
လုဝူတိက သူ၏ လက်ထဲသို့ အနီရောင်မီးတောက်ကို ဆင့်ခေါ်လိုက်၏။ ထို့နောက်ဓားတစ်ချောင်း အဖြစ် ပြောင်းလဲသွား ေစသည်။ ဓားကအေးစက်နေပြီး စွမ်းအင်များ ကိန်းဝပ်နေဟန် ရ၏။
"ဒီဓားကို ချူရှောင်းလို့ ခေါ်တယ်၊ ငါ့ရဲ့ ကိုယ်ပိုင်လက်နက်ပေါ့၊ မင်းကသာဒီဓားကို ကိုင်ထားမယ် ဆိုရင် ငါကိုယ်တိုင် အဲဒိကို အချိန်မရွေး ရောက်လာနိုင်တဲ့ အဓိပ္ပါယ်ပဲ"
လုဝူတိက တည်ငြိမ်စွာပြောသည်။
"လေးစားရတဲ့ဝမ်ချန်း ငါ ဒီတစ်ကြိမ် မင်းကိုကျေးဇူးတင်ဖို့ပဲ တတ်နိုင်တော့တယ်၊ မင်း အနာဂတ်မှာ တစ်စုံတစ်ရာ လိုအပ်လာခဲ့ရင် ငါ ချက်ချင်းရောက်လာပါ့မယ်"
လုယွီက တည်ငြိမ်စွာခေါင်းညိတ်လိုက်သည်။ ထို့နောက် လုဝူတိ၏ အရုပ်တစ်ရုပ်က သူ့အား အပြင်သို့ လိုက်ပို့ပေး ေစ၏။
ထိုနေရာမှ ထွက်လာပြီးနောက် ချက်ချင်းလိုလို အနောက်မှ အကာအကွယ်လွှာက ပွင့်သွားကြောင်း ခံစားလိုက်မိသည်။ ကြည့်ရသည်မှာ တိုက်ခိုက်ခံရပြီးနောက်တွင် လုဝူတိက သတိပိုထားသွားဟန် ရ၏။
ထျန်းကျင်းမြို့သို့ ဝင်ပြီးနောက် မြို့ကအလွန်စည်ကားနေကြောင်း မြင်ရ
သည်။ လမ်းတွင် လူများ ပြည့်နေ၏။
"အရှေ့မှာပဲ ရပ်စမ်း"
ရုတ်တရက် အေးစက်ကာ ဂုဏ်ယူမာတင်းသော အသံက လုယွီ၏ နောက်မှထွက်လာ၏။
လုယွီ လှည်ကြည့်လိုက်သောအခါ သံချပ်ကာ ဝတ်ထားသောနတ်မင်း အချို့ကို မြင်လိုက်ရသည်။
"မင်းက ဝမ်ချန်းလား"
"ကိစ္စရှိလား"
ဦးဆောင်လာသော ကျားရှီက လက်ထဲတွင် ကိုင်ထားသော ပုံတူပန်းချီကားကို ကြည့်ပြီးနောက် လုယွီကို ပြန်ကြည့်သည်။
"ငါတို့ရဲ့သခင်လေးက မင်း ကျင့်ကြံခြင်း မျှော်စင်မှာ လိမ်သွားတယ်လို့ သံသယဝင်တယ်၊ ဒါကြောင့် မင်းကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးချင်နေတယ် ဒီမှာပဲ ငြိမ်ငြိမ်လေး စောင့်နေ"
အပိုင်း ၉၈၂
လုယွီက ခေါင်းခါသည်။ သူက အာရုံစိုက်ခြင်းပင် မရှိပေ။ သူက လက်ရှိခွန်အားလောက်ဖြင့် ဒီလူများထက် အပြတ်အသက် သာလေရာ အာရုံစိုက်ရန်ပင် မလိုအပ်ခဲ့ပေ။
လုယွီက ရှေ့ဆက်သွားရန် ဆန္ဒမရှိကြောင်း မြင်သောအခါ ထိုလူများအားလုံး ဒေါသထွက်သွားကြ၏။
"ငါ မင်းကို ပြောပြီးသား အဲဒိမှာ ငါတို့ရဲ့ သခင်လေးစောင့်နေတယ်၊ မင်း ကန်းနေလား"
ဦးဆောင်လာသောသူက ပျူငှာမှု မရှိတော့ပေ။
သူက လုမိသားစု၏ စစ်ဆေးရေး အဖွဲ့မှ ဖြစ်၏။ လုမိသားစုက ထျန်းကျင်းမြို့မှ အာဏာရှင်များသဖွယ် ဖြစ်နေလေရာ သူတို့အဖွဲ့၏ လုပ်ဆောင်မှုက သာမန်ထက် ပိုလေသည်။
အချို့သော ကိစ္စများတွင် ဒီအဖွဲ့ကသာ အမှန်အမှား ဆုံးဖြတ်ပိုင်ခွင့် ရှိ၏။ ဒီလိုနေ့မျိုးတွင် လုမိသားစုမှ မျိုးဆက်က ရောက်လာခဲ့သည်။ ထို့ကြောင့် မည်သူကမှ ထိုလူ၏စကားကို မနာခံပဲ မနေရဲကြပေ။
"ငါတို့နဲ့ လိုက်ခဲ့ရမယ်၊ သခင်လေးက မင်းကို စစ်ဆေးပြီးတာနဲ့ မင်း သွားနိုင်ပြီ"
ထိုသို့ ပြောပြီးနောက် ခေါင်းဆောင်က ရှေ့တက်လာလျက် လုယွီ၏ ပုခုံးကို ဖမ်းကိုင်ရန် စဉ်းစား၏။ ရုတ်တရက် သူ၏ အမူအယာက ပြောင်းလဲသွားသည်။ ကြီးမားသော အားတစ်ခုက သူ့လက်မောင်းကို ဖိနှိပ်လာ၏။
ခရက်ဟူသော မြည်သံနှင့်အတူ သူက လွင့်ထွက်သွားသည်။ သူ့နောက်မှ လူဆယ်ယောက်ကျော်က ရပ်တန့်သွားကြ၏။
"ငါ့ကို ရန်မစနဲ့ ဝေးဝေးသွားစမ်း"
လုယွီ၏ အကြည့်က အေးစက်လာသည်။
ကျားရှီက ဒီအခြေအနေကို မြင်သောအခါ ထိတ်လန့်သွားသည်။ အခြားသူများ အားလုံးကလည်း ရှေ့ဆက်မတိုးရဲကြတော့ပေ။
အနှစ်ချုပ် ဆိုရသော် သူ ပို၍ပင် ထိတ်လန့်လာမိ၏။ သူက အော်သည်။
"ငါ့ရဲ့ လုမိသားစုက လူကိုတကယ်ပဲ ရိုက်နှက်ရဲတဲ့သူ ရှိနေတာပဲ။ သေချင်နေတာလား"
အချို့သူများက ကောင်းကင်သို့ အချက်ပြမြှားကို ပစ်လွှတ်လိုက်ကြသည်။ ထိုအရာက ကောင်းကင်တွင် ပေါက်ကွဲသွား၏။
ဝှစ်
အရပ်မျက်နှာအနှံ့မှ လူတစ်ဖွဲ့ ရောက်လာ၏။ သူတို့အားလုံးက လုယွီကို ဝိုင်းလိုက်ကြသည်။ အားလုံးက သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး သံချပ်ကာအပေါ်တွင် လုမိသားစုမှ သင်္ကေတကို ပြထားသည်။ အားလုံးက လုမိသားစုမှ ဖြစ်ကြ၏။
ပတ်ဝန်းကျင်တွင်
ရောက်ရှိနေသူများက မနေနိုင်ဘဲ ဝိုင်းအုံကာ ဆွေးနွေးကြတော့၏။ ထိုကောင်လေး သေသွားမည်ဟု ထင်ကြပြီး ပြောနေကြ၏။
ဒီလိုနေ့မျိုးတွင် လုမိသားစုကို ရန်စရန် ကောင်းသည် မဟုတ်ပေ။ လုယွီက မျက်မှောင်ကြုတ်လိုက်၏။ ထိုလူများအားလုံးက အမိန့်အောက်တွင် လှုပ်ရှားနေကြခြင်း ဖြစ်၏။ သူက ထိုလူများကို ဒုက္ခမပေးချင်ပေ။
သို့ရာတွင် ထိုအဖွဲ့က လွန်ကျူးလာသည့်အခါ သူကလည်း ညင်သာနေတော့မည် မဟုတ်ပေ။
ရုတ်တရက် လုယွီက တစ်စုံတစ်ရာကို အာရုံခံမိဟန်ဖြင့် အခြားတစ်ဖက်သို့ ကြည့်သည်။ သူက ချူယွီယူ၏ ကိုယ်ပေါ်တွင် အကာအကွယ်လွှာကို ထားရစ်ပေးခဲ့သဖြင့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက ထိုအရာကို ဖျက်ဆီးနေကြောင်း သူ ခံစားမိလိုက်၏။
"သူ့ရဲ့မှော်လက်နက်ကို ဖျက်ဆီးနိုင်တာလား"
လုယွီ၏ မျက်နှာက မဲမှောင်သွားပြီး ထွက်သွားရန် ကြံစည်လိုက်၏။
"မသွားနဲ့ ငါတို့ရဲ့သခင်လေး မလာမချင်း စောင့်နေရမယ်"
အခြားတစ်ယောက်က အော်သည်။
သူ အော်၍ပြီးသွားချိန်မှာပင် သူက လွင့်ထွက်သွားရ၏။
"ဝေးဝေးသွားစမ်း"
လုယွီက ဟိန်းဟောက်ပြီးနောက် ညာဘက်ခြေထောက်ကို မြေပြင်ကို ဖနှောင့်ဖြင့် ပေါက်လိုက်၏။ ပြင်းထန်သော အားက ဒီမြေပြင်အနှံ့ ပြန့်လွင့်သွားခဲ့သည်။ ထို့နောက် ဝုန်းကနဲ မြည်သံနှင့်အတူ ဒီမြေပြင်က အောက်သို့ ကျွံကျသွားသည်။ အထူးသဖြင့် လုယွီကို ဗဟိုပြုလျက် ကျွန်ကျသွားခြင်းဖြစ်၏။
ပင့်ကူအိမ်များကဲ့သို့ ဆက်တိုက် အက်ကွဲရာများက ပြန့်နှံ့သွားခဲ့ကာ လုယွီကို ဝိုင်းထားသော ဘုန်းတော်ကြီးများ အားလုံးက ဖိအားကို ခံစားရပြီး တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်ရသည်။
သူတို့အားလုံးက လုယွီ၏ ရှေ့တွင် ကူကယ်ရာမဲ့ကြ၏။ ထိုသူများကို လစ်လျူရှုလိုက်သော လုယွီက ချူယွီယူ ရှိရာဘက်သို့ ပျံသန်းသွားသည်။
လက်ဖက်ရည်တစ်ခွက်စာ ကြာချိန်ပြီးနောက်...
လုချန်က မဲမှောင်သော မျက်နှာထားဖြင့် ရောက်လာသည်။ သူ၏ သခင်လေးက ရောက်လာသောအခါ ဒီတစ်ဖွဲံ့လုံးက ဒူးထောက်လိုက်ကြလျက် တစ်ယောက်ပြီးတစ်ယောက် ပြောကြတော့၏။
"သခင်လေး ရောက်လာပြီလား"
"ဘာတွေဖြစ်သွားတာလဲ"
"အဲဒိကောင်လေးက ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာ ထွက်ပြေးသွားပါတယ်"
လုချန်က မြေပြင်ရှိ အက်ရာကို ကြည့်ပြီးနောက် လဲကျနေသူများကို ကြည့်သည်။ သူက အမှန်တရားကို နားလည်၏။
"အသုံးမကျတဲ့အမှိုက်တွေ၊ လူတစ်ယောက်ကိုတောင် မဖမ်းထားနိုင်ဘူး"
လုချန်က ဒေါသထွက်လာသည်။
လုချန်၏ အနောက်မှ အစောင့်တစ်ယောက်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။
"သူက ကျင့်ကြံခြင်း မျှော်စင်မှာ လှည့်စားခဲ့တယ်လို့ မသေချာဘူး၊ ကြည့်ရတာ သူက သခင်လေးကို ရင်မဆိုင်ရဲလို့ ထွက်ပြေးသွားတာ ဖြစ်ရမယ်"
လုချန်၏ မျက်နှာက မသေချာမှုများ လင်းလက်သွားသည်။
"သူ ထွက်သွားတဲ့ဘက်ကို အမြန်ဆုံးလိုက်"
လုချန်က အေးစက်စွာပြောသည်။
ဒီလိုနာမည်တောင် မကျော်ကြားသော တစ်ယောက်ကို အာရုံစိုက်နေရခြင်းက သူ့အား သိက္ခာကျစေသည်။
အပိုင်း ၉၈၃
"ချူမိသားစုရဲ့ ဘိုးဘေးက အဆင့်တက်သွားတာတောင် ချူယွီယူကို တိုက်ခိုက်ရဲတဲ့သူ ရှိနေတာလား"
လုယွီက ရေရွတ်သည်။ သူ၏ မျက်ဝန်းတွင် သတ်ဖြတ်လိုစိတ်က လင်းလက်လာ၏။
သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးပြီးနောက် အံ့ဩသွားရသည်မှာ ချူယွီယူက ထျန်းကျင်းမြို့အတွင်း မရှိနေပေ။
လုယွီက ထျန်းကျင်းမြို့ဝင်ပေါက်တွင် အခြေအနေကို စုံစမ်းလိုက်၏။
ချူမိသားစုက အဂ္ဂိရက်မိသားစုကြီး ဖြစ်သည်။ ထျန်းကျင်းမြို့တွင်ပင် ချွင်းချက်မရှိပေ။ သူတို့၏ အခြေစိုက်ရုံးခွဲ ရှိနေ၏။
ထျန်းကျင်းမြို့မှ အခြေစိုက် ရုံးခွဲမှ ခေါင်းဆောင်က ချူယွီယူက ဒီမနက်ခင်းတွင် ထွက်သွားသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေ ချူယွီယူက လုယွီကို ပို့ရန် ရောက်လာသည်ဖြစ်၏။
လုယွီကို ပို့ပြီးနောက် သူမက ပြန်သွားခဲ့သည်ကလည်း ပုံမှန်သာလျှင် ဖြစ်သည်။
"ချူမိသားစုမှာ ဘာဖြစ်နေတာလဲ"
သူက မျက်မှောင်ကြုတ်လျက် မေးသည်။
ထိုလူက ပြောသည်။
"ဆရာသခင် ဝမ်ချန်းက အကြီးဆုံး သခင်မလေးကို ရှာချင်နေတာပါလား၊ ဒီလိုဆို ကျွန်တော်တို့ မှော်သားရဲ ငှားပေးလိုက်နိုင်ပါတယ်"
မည်သို့ပင်ဆိုစေ ထျန်းကျင်းမြို့၏ ပတ်ဝန်းကျင်တွင် အထက်တန်းလွှာ မိသားစုများက နေရာရွှေ့ပြောင်း ဝင်္ကပါများ ချခင်းထားလေသည်။ သို့သော် ရေခဲနယ်မြေမှအခြေအနေကြောင့် ကောင်းကင်ရှိ အခြေအနေက မတည်ငြိမ်လေရာ သူတို့အားလုံး သားရဲများဖြင့်သာ ပျံသန်းသွား၍ ရနိုင်လေ၏။
လုယွီက ခေါင်းခါသည်။
"မလိုဘူး"
ထျန်းကျင်းမြို့မှ ထွက်ပြီးနောက် မြို့၏ မိုင်အနည်းငယ် ဝေးကွာသော နေရာတွင် လုယွီက နေရာရွှေ့ပြောင်း အခင်းအကျင်းကို ခင်းကျင်းလိုက်၏။ ဒီလို အခင်းအကျင်းတွင် ပစ္စည်းများစွာ လိုအပ်၏။ အရေးကြီးဆုံး အခြေအနေကြောင့်သာ မဟုတ်လျှင်လုယွီက ထိုသို့ လုပ်လိမ့်မည် မဟုတ်ပေ။
ဒီနေရာ ရွှေပြောင်း အခင်းအကျင်းက ချူမိသားစု အိမ်တော်သို့ ဦးတည်ထားခြင်းမဟုတ်ပဲ ချူယွီယူ ရှိရာနေရာသို့ ဦးတည်ထားခြင်းဖြစ်သည်။ ထိုအရာက ချူမိသားစုနှင့် မီတာရာကျော် ဝေးကွာသော နေရာ သေမျိုးမြို့တစ်မြို့တွင် ဖြစ်၏။
ထိုအချိန်တွင် မြို့တစ်မြို့လုံးက ပြောင်ရှင်းနေပြီး မြေပြင်တွင် သွေးများကသာ စီးဆင်းနေခဲ့၏။
ချူယွီယူ၏ လက်နှစ်ဖက်လုံးက ဘေးတွင် တွဲလောင်းကျနေသည်။ သူမ၏ မျက်ဝန်းက ရှေ့တွင်ရှိသော ဘုန်းတော်ကြီးထံတွင် ရောက်နေ၏။
"ရွှယ်ယွဲ့ဂိုဏ်း နင် မြောက်ပိုင်းနယ်မြေကို သစ္စာဖောက်ရဲတယ်"
သူမ၏ ကျောက်စိမ်းလို လက်မောင်းနှစ်ဖက်လုံးက မြှောက်တင်ရန်ပင် ခက်ခဲနေသည်။ သူမ၏ အရှေ့တွင် အနီရောင်ဝတ်စုံဝတ်ထားသော ဘုန်းတော်ကြီးအချို့က မတ်တပ်ရပ်ထားလျက် ချူယွီယူကို နတ်ဆိုးဆန်သော အကြည့်များဖြင့် ကြည့်နေကြသည်။
"မင်းကိုယ်မင်း စိုးရိမ်သင့်တယ်၊ မြောက်ပိုင်းနယ်မြေက အဆုံးသတ်တော့မှာ လက်ရှိကိစ္စကို အာရုံစိုက်ဖို့ အရေးကြီးတယ်"
"ပြောကြတာတော့ ယင်ယန်စွမ်းအားတွေက မိန်းကလေးချူယွဲ့ကိုယ်မှာ အပြည့်ပဲလို့ ပြောကြတယ်။ ဒါကို စမ်းသပ်ချင်နေခဲ့တာ ကြာပြီ"
အချို့သော အနီရောင်ဝတ်စုံဝတ် နတ်မင်းများကလည်း အလားတူပြောဆိုနေကြသည်။ ချူယွီယူ၏ မျက်နှာက ဖြူဖျော့လာပြီး အနောက်သို့ ဆုတ်၏။
ချူမိသားစု တိုက်ခိုက်ခံရသည်ဟု ကြားသဖြင့် သူမ ချက်ချင်း အပြေးပြန်လာခဲ့သည်။ သို့သော် မမျှော်လင့်ထားခဲ့သည်မှာ လမ်းတစ်ဝက်တွင် ရွှမ်ယွဲ့ဂိုဏ်းမှ လူများက ဂိုဏ်းနှင့် ဆုံခဲ့၏။
ရွှမ်ယွဲ့ဂိုဏ်းက ချူမိသားစုနှင့် မဟာမိတ်ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ခြင်း မရှိပဲ လိုက်လာခဲ့ခြင်းလည်း ဖြစ်သည်။ သူမကို တိုက်ခိုက်မည်ဟု မထင်ထားမိပေ။
ချူယွီယူထံတွင် ရောက်နေသော လုယွီပေးထားသော လက်နက်ကြောင့်သာ မဟုတ်လျှင် ဒီလိုအခြေအနေထိ ခံလိမ့်မည်ပင် မဟုတ်ပေ၊ ဒီလက်နက်က စွမ်းအားကြီးလွန်းသည်။
"ငါ့ကို တိုက်ခိုက်ဖို့အတွက်နဲ့ တစ်မြို့လုံးကို နင်တို့ သတ်လိုက်တယ်။ ဒါက ပုန်ကန်နေတာ မဟုတ်ဘူးလား"
ချူယွီယူ၏ အသံက ဟိန်းထွက်လာ၏။
လုယွီ၏ မှော်လက်နက်က စွမ်းအားကြီးလွန်းသည်။ ရွှမ်ယွဲ့ဂိုဏ်းမှ ဘုန်းတော်ကြီးများ အားလုံးက ဒီလက်နက်၏ စွမ်းအားကို ဖြေလျှော့လိုက်ခြင်း ဖြစ်၏။
"ဒါက ပုရွက်ဆိတ်တွေပဲ သူတို့သေရင် သေတယ်ပေါ့၊ ဘာများထူးဆန်းလို့လဲ။ တကယ်လို့ ငါ့ကို ကလဲ့စား ချေချင်ရင် ဟားဟား"
ထိုဘုန်းတော်ကြီးက ရယ်သည်။ သူတို့အားလုံး မကြောက်လန့်ကြပေ။
"ကောင်မလေး လိမ်လိမ်မာမာနဲ့ ပူးပေါင်းလိုက်၊ မဟုတ်ရင် ငါတို့စတင်ပြီး နှိပ်စက်ရလိမ့်မယ်"
ရွှမ်ယွဲ့ဂိုဏ်းမှ ဘုန်းတော်ကြီးက လက်နှစ်ဖက်ကို ပွတ်လျက် မစောင့်စားနိုင်တော့ဟန်ဖြင့် ပြောလာသည်။
ချူယွီယူ၏ ကိုယ်က တည်ငြိမ်သွားသည်။ သူမက အံကိုကြိတ်လျက် ပြော၏။
"နင် တွေးတောင်မတွေးနဲ့"
သူမ၏ လက်ထဲတွင် ကလစ်တစ်ခုရှိနေသည်။ ထိုကလစ်က မည်သည့်နေရာသို့ ရောက်စေကာမူ သူမနှင့်အတူ ပါလာ၏။ ထိုဘုန်းတော်ကြီးကသာ လွန်ကဲလာလျှင် သူမကိုယ်သူမ သတ်သေလိုက်မည် ဖြစ်သည်။
ထိုဘုန်းတော်ကြီးက လျှာသတ်သည်။
"မင်းသေသွားရင်တောင် ကိုယ်ကတော့ ကျန်ခဲ့မှာပဲ ငါ စိတ်ထဲမထားဘူး"
ချူယွီယူ၏ ကိုယ်တွင်း အေးစက်သွားသလို ခံစားလိုက်ရ၏။ သူမ၏ မျက်ဝန်းအတွင် စိတ်ပျက်အားငယ်မှုကို မြင်နိုင်သည်။
"ဒါပေမယ့် ငါတို့နဲ့ ပူးပေါင်းတဲ့အနေအထား မျိုးဆိုရင်တော့ အရှင်ထားပေးရမှာပေါ့။ "ထိုဘုန်းတော်ကြီးက တစ်လှမ်းချင်း ကပ်လာ၏။
ရုတ်တရက် ချူယွီယူ၏ အကြည့်များကို သတိထားမိသွားသည်။ သူ အံ့ဩသွား၏။
"မင်း ဘယ်ကို ကြည့်နေတာလဲ"
ထိုဘုန်းတော်ကြီးက ခေါင်းလှည့်ကြည့်လိုက်သောအခါ ရုတ်တရက် တစ်စုံတစ်ယောက်၏ အထိုးခံလိုက်ရသည်။ လေထဲတွင် သွေးများ ပန်းထွက်သွား၏။ သူ၏ နှာခေါင်းနှင့် ပါးစပ်ကြားအထိုးခံလိုက်ရခြင်းဖြစ်သည်။
အခြားသူများကလည်း မြေပြင်တွင် လဲသွားကြသည်။ သူတို့၏ ကိုယ်များက ပေါက်ကွဲသွား၏။
ကျန်ရှိသော အနီရောင်ဝတ်စုံဝတ် ဘုန်းတော်ကြီးများက အံ့ဩသွားသည်။ သူ၏ အဖွဲ့သားများကို ကြည့်လိုက်၏။ တစ်ဖက်သူက တစ်ချက်တည်းဖြင့် သူ၏ အဖွဲ့သားများကို သတ်လိုက်နိုင်လေသည်။
"ဘိုး ဘိုး ဘိုးဘေး..."
ထိုလူက တုန်ယင်စွာဖြင့် နောက်သို့ ဆုတ်သည်။
လုယွီက ထိုလူ၏ စကားဆုံးအောင် မစောင့်နေတော့ပဲ ခေါင်းကိုလက်သီးဖြင့် ထိုးလိုက်လျက် ပေါက်ကွဲသွားစေတော့၏။
အပိုင်း ၉၈၄
"ဟင့်"
လုယွီကို မြင်သောအခါ ချူယွီယူ၏ မျက်ဝန်းအတွင်း အံ့အားသင့်မှုက ပြည့်နှက်လာသည်။ သူမက မတ်တပ်ထလိုသော်လည်း မတိုင်မီက ဘုန်းတော်ကြီးများနှင့် တိုက်ခိုက်ထားရသောကြောင့် ချူယွီယူတစ်ကိုယ်လုံး ပင်ပန်းနေပြီဖြစ်သည်။
"ဒီဆေးကို သောက်လိုက်"
လုယွီက ချူယွီယူအား ဆေးလုံးတစ်လုံး ပေးသည်။
ချူယွီယူက တုံ့ဆိုင်းမနေပဲ ဆေးလုံးကို ချက်ချင်းမျိုသောက်လိုက်သည်။
နွေးထွေးသောခံစားချက်ကို ရလိုက်လျက် ဝင်သက်တစ်ကြိမ်အတွင်းတွင်ပင် စွမ်းအားများကို ပြန်လည်ရရှိလာသည်။ သူမက မျက်မှောင်ကြုတ်သည်။
"ချူမိသားစုက အခြေအနေက ပြောင်းလဲနေလောက်ပြီ။ ဒီရွှမ်ယွဲ့ဂိုဏ်းက အရင်က ငါ့အဖိုးအပေါ် မှီခိုနေရတာ သူတို့ ဒီလိုလုပ်ရဲမယ်လို့ မထင်ထားဘူး"
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊။ ဆရာသခင်ဝမ်ချန်း ချူမိသားစုအခြေအနေကြောင့် ငါ အမြန်ပြန်ရတော့မယ်"
လုယွီက ချူယွီယူကို တားသည်။
"မင်းဒီအတိုင်း ပြန်ရင် နှေးနေလိမ့်မယ်"
မှော်လက်နက်ကို ထိန်းချုပ်ရန်အတွက် စွမ်းအားများစွာ လိုအပ်လေသည်။ အနိမ့်ဆုံး ငါးရက်ခြောက်ရက်ခန့်အထိ ကြာညောင်းနိုင်၏။ ချူယွီယူက တုံ့ဆိုင်းသွား၏။
"ဒါပေမယ့် ငါ့ရဲ့သားရဲက အသတ်ခံလိုက်ရပြီ"
ရွှမ်ယွဲ့ဂိုဏ်းမှလူများက ချူယွီယူ မထွက်ပြေးစေရန်အတွက် သားရဲကို ဦးစွာ သတ်လိုက်ကြသည်။
လုယွီက အရပ်လေးမျက်နှာအနှံ့ ကြည့်ပြီးနောက် ပြောသည်။
"မင်း ငါ့နောက်ကို အကြာကြီးလိုက်နေခဲ့တာပဲ ဘာကြောင့် ထွက်မလာခဲ့တာလဲ"
တိတ်ဆိတ်နေသည်။ ဘာအသံမှ ထွက်မလာခဲ့ပေ။
လုယွီက သက်ပြင်းချ၏။
"ငါ့ရဲ့ စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်
ဒီတစ်ကြိမ်က နောက်ဆုံးအခွင့်အရေးပဲ"
ခြိမ်း
ရုတ်တရက် သူတို့နှစ်ယောက် အနားတွင် တစ်စုံတစ်ယောက် ကျလာသံကြား၏။ ပုံရိပ်ကြီးတစ်ခုက ခုန်ဝင်လာခြင်းဖြစ်သည်။ အမှန်စင်စစ်ဆိုရသော် အစည်းအဝေးပွဲကတည်းက ထိုချီလင်းက ရှိနေခဲ့ခြင်းဖြစ်သည်။ လုယွီအနောက်သို့ တောက်လျှောက် လိုက်နေခဲ့ခြင်းလည်း ဖြစ်၏။
ဒါက ဒဏ္ဍာရီလာသားရဲဖြစ်သည်။ ရှေးဟောင်း ကျမ်းစာအတွင်းတွင် မကြာခဏတွေ့ရသော်လည်း အပြင်တွင် မြင်ရရန်က ခက်ခဲသည်။ ယခုတွင်မူ အမြှီးကိုခါလျက် တောင်ပံကို ခတ်ကာ လုယွီထံ ခုန်ပြေးလာနေသည်။
"သူ သူ ဘယ်လိုပေါ်လာတာလဲ"
ချူယွီယူလည်း အလွန်အံ့ဩသွားသည်။ သူမက ထိတ်လန့်စွာ အနောက်သို့ ဆုတ်သည်။
လုယွီက ထိုအကောင်ကိုကြည့်လျက် ခေါင်းကို တစ်ချက်ရိုက်သည်။
"ကောင်းပြီ ငါ့မှာ နောက်ထပ် ဘာဆေးလုံးမှ မရှိတော့ဘူး"
ချီလင်း၏ မျက်နှာက မသက်မသာဖြစ်သွားပြီး ခေါင်းကိုငုံ့သွား၏။
လုယွီက ပြောသည်။
"မင်းငါတို့ကို ချူအိမ်တော်ကို ပို့ပေးရင် ငါ့နောက်ကို လိုက်ခွင့်ပြုမယ်"
ချီလင်းက ချက်ချင်းလိုလို ပျော်သွားပြီး လုယွီ၏ ရှေ့တွင် ပျော်ရွှင်သော အမူအယာမျိုးဖြင့် တိုးကပ်လာသည်။ လုယွီ၏ အရှေ့သို့ အလင်းရောင်လင်းလက်နေသော အလုံးတစ်လုံးက ချဉ်းကပ်လာ၏။ ထိုအလုံးကို လက်ခံလိုက်သည်နှင့် ထိုသတ္တဝါက ပိုင်ရှင်အဖြစ် အသိအမှတ်ပြုသည်ဟု သတ်မှတ်သည်။
လုယွီက လက်ဝါးပေါ်သို့ ရောက်လာစေလိုက်ချိန်တွင်ပင် အလင်းတန်းများက လင်းလက်လာ၏။ ထိုအချိန်တွင် ချီလင်းက သခင်ကို အသိအမှတ် ပြုလိုက်ပြီဖြစ်သည်။
ချူယွီယူက ထိုမြင်ကွင်းကို ကြည့်နေသည်။ ဒါက ဒဏ္ဍာရီတွင်သည့် သားရဲဖြစ်၏။ မမျှော်လင့်ထားစွာပင် ဤလူငယ်၏ အလွယ်တကူလက်ခံခြင်းကို ခံလိုက်ရသည်။ ထိုအချိန်တွင် လုယွီက ချူယွီယူ၏ အမြင်တွင် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်သွားတော့လေသည်။
အပိုင်း ၉၈၅
ချူမိသားစု အဓိကခန်းမ။
ထိုအချိန်တွင် ခန်းမတစ်ခုလုံး လူအပြည့်ရှိနေ၏။ ခန်းမ၏အလယ်တွင် ပလ္လင်ပေါ်တွင် ထိုင်နေသော ချူရှောင်းရှိပြီး သူ၏ဝန်းကျင်တွင် မီးခိုးရောင်ဝတ်စုံနှင့်လူများ ရှိနေကြသည်။ ထိုလူများက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေကြပြီး ရပ်နိုင်ရုံမျှသာဖြစ်ကြ၏။ တစ်ယောက်ချင်းစီတိုင်းက အသက်မနည်း ရှူနေကြရသည်။
“အဖေ အဖေတစ်ယောက်တည်းနေတာက ခက်ခဲမှာပဲ၊ အသုံးမဝင်ဘူး၊ ကျွန်တော်တို့ ရေခဲနယ်မြေနဲ့ ပူးပေါင်းလိုက်ပါ၊ အဖေက အဂ္ဂိရက်နယ်ပယ်က ဆရာသခင်ဘုရင်အဆင့် ဖြစ်နေလိမ့်မယ်၊ အကျိုးအမြတ်ကတော့ မနည်းနိုင်စေရပါဘူး။”
ပြောလိုက်သူက ချူချင်ဖြစ်သည်။ သူက လက်ရှိတွင် ခမ်းနားသောအမူအရာမျိုးဖြင့် ရှိနေခဲ့၏။ ချူရှောင်းက သူ့ကို နှင်ထုတ်လိုက်သော်လည်း ချူချင်က ချူမိသားစုနှင့်လူများနှင့် ပြန်တွေ့ခဲ့သည်။ သည်နည်းအားဖြင့် သူက ပုန်ကန်ခဲ့၏။
ချူချင်၏အနားတွင် ချူမိသားစုမှ သူနှင့်အတူ ပုန်ကန်သော ဘုန်းတော်ကြီးများ ရှိနေကြသည်။
ချူရှောင်း၏အကြည့်က အေးစက်နေသည်။ ထိုလူများကိုကြည့်ပြီး အေးစက်စွာပြော၏။
“ပြောစမ်းပါအုံး၊ မင်းတို့အားလုံးက မြောက်ပိုင်းနယ်မြေကို သစ္စာဖောက်လိုက်ပြီပေါ့။”
အချို့ဘုန်းတော်ကြီးများက ခေါင်းငုံ့သွားကြသည်။ ချူရှောင်း၏အရှေ့ ရောက်သောအခါ သူတို့က ချူရှောင်းထံမှ ဖိအားကို မခံစားနိုင်ကြသေးချေ။
ရုတ်တရက် အလောတကြီးရောက်လာသော အသံများကို ကြားလိုက်ရသည်။
ကျန်းဖေးဖုန်းဖြစ်သည်။ ထိုလူက ချူချင်၏သားဖြစ်သည်။ သူ၏နောက်တွင်လည်း လူတစ်အုပ်ပါလာသေး၏။
“အဖေ ဒီကိစ္စပြီးသွားရင် ချူရှင်းယွမ်ကို ကျွန်တော်တို့နောက်ကို မလိုက်စေနဲ့၊ ဒီမှာ သူ့သားရဲ့ခေါင်း ဟီး ဟီး၊ သူက ကျွန်တော်တို့နဲ့ တိုက်ခိုက်ရဲမှတော့ အဆုံးသတ် မကောင်းတာက ပုံမှန်ပါပဲ။”
ကျန်းဖေးဖုန်းက ပြောလိုက်ပြီးနောက် ခေါင်းတစ်ခေါင်းကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။
ထိုခေါင်းက လူငယ်တစ်ယောက်အပိုင်ဖြစ်သည်။ သူက မျက်လုံးပြူးကျယ်နေပြီး ပါးစပ်ကပင် မပိတ်သေးချေ။
“ငါ့သား”
ချူရှောင်း၏အနားတွင် ရပ်နေသော ချူရှင်းယွမ်က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများက နီရဲသွား၏။ သူက နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သော်လည်း မိသားစုဟူ၍ သူ့သားတစ်ယောက်သာရှိသည်။ လက်ရှိအချိန်တွင် သူ့သားက သူ့ရှေ့တွင် သေသွားခဲ့လေပြီ။
သူ၏အနက်ရောင်ဆံပင်များက အဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့၏။
“ငါ မင်းကိုသတ်မယ်။”
ချူရှင်းယွမ်၏မျက်လုံးများက နီရဲသွားလျက် ခေါင်းကိုမော့ကာ ကောင်းကင်ကိုကြည့်ပြီး အော်ဟစ်သည်။ ခန်းမတစ်ခုလုံးကပင် လှုပ်ခါသွားခဲ့ရ၏။ ချူရှင်းယွမ်က အဆင့်မြင့်စိတ်ဝိဉာဉ်နယ်မြေအဆင့်ဖြစ်သည်။ သူက ဒေါသ ထွက်လာသောအခါ ခန်းမတစ်ခုလုံးက လှုပ်ခါရ၏။
ချူဖေးဖုန်း၏မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက မည်သည့်နည်းနှင့်မျှ ချူရှင်းယွမ်၏ပြိုင်ဘက် မဟုတ်ပေ။ သူက လှည့်ကြည့်ပြီး အော်၏။
“အကြီးအကဲ ကူညီပါ။”
ချူဖေးဖုန်း၏အနောက်တွင်ရှိသော ဝင်ပေါက်ကို တစ်စုံတစ်ယောက်က ကန်ဖွင့်လာ၏။ ထို့နောက် ပုံရိပ်တစ်ခုနှင့်ချူရှင်းယွမ်တို့က ထိပ်တိုက်ဆုံသွားကြသည်။
ချူရှင်းယွမ်က မြေပြင်သို့ လဲကျသွားပြီး ရုတ်တရက် ထွက်လာသောပုံရိပ်ကြောင့် တိုက်ခိုက်ခံလိုက်ရ၏။
ချူရှင်းယွမ်၏ရှေ့တွင် အနီရောင်ဝတ်စုံဝတ်ထားသော လူအိုကြီးတစ်ယောက် ရှိနေသည်။ ထိုလူအိုကြီးက ချူရှင်းယွမ်ကိုကြည့်လျက် လှောင်ပြောင်သလိုပြောသည်။
“ချူမိသားစုက အခုအချိန်အထိ သဘောမတူသေးဘူးလား။”
အနီရောင်ဝတ်စုံနှင့် ထိုလူအိုကြီးက ရွှမ်ယွဲ့ဂိုဏ်းမှ ရှဲ့ထူဖြစ်သည်။
ချူဖေးဖုန်းက လျင်မြန်စွာပြန်ပြော၏။
“သူတို့က ခေါင်းမာတဲ့အဖိုးကြီးတွေပဲ၊ အကြီးအကဲကိုပဲ လှုပ်ရှားခိုင်းလိုက် တော့မယ်၊ အကြီးအကဲအတွက်တော့ ဒုက္ခပေးရပါအုံးမယ်။”
“ကိစ္စမရှိဘူး သူတို့အားလုံးကို သတ်လိုက်၊ သူတို့ မပူးပေါင်းဘူးဆိုမှတော့ အတူမြှုပ်နှံလိုက်တာပေါ့။”
ရှဲ့ထူ၏မျက်နှာတွင် ရက်စက်မှုက ထွက်ပေါ်လာခဲ့သည်။
“ရှဲ့ထူ ချူမိသားစုက လူတွေအားလုံးကို မင်း လှုပ်ရှားလို့ရမယ်လို့ ထင်နေတာလား။”
ချူရှောင်းက အော်သည်။
သူ အလွန်ဒေါသထွက်နေသော်လည်း ချူရှောင်းက မစတင်သေးချေ။ အကြောင်းမူကား ရှဲ့ထူက သင်္ကေတထွင်းထုခြင်းနယ်မြေတွင် အဆင့်မြင့် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်၏။ သူကပင် အသားစီးရမည်ဟု မထင်ပေ။
“ချူရှောင်း ငါ ရောက်လာတာနဲ့ ငါ့ရဲ့ဘိုးဘေးအမိန့်က ရပြီးသားပဲ။”
ရှဲ့ထူက နှာခေါင်းရှုံ့သည်။
“ငါ့အဖိုးက နှစ်ပေါင်းများစွာ မင်း အဂ္ဂိရက်ပညာနယ်ပယ် ကျင်လည်လာခဲ့တဲ့အတွက် အခြေအနေလေးခု ပေးနိုင်တယ်၊ အဲဒီလေးခုကို လက်ခံပေးရင် အခုချက်ချင်း ထွက်သွားပေးမယ်။”
“ပထမတစ်ခုအနေနဲ့ ချူမိသားစုက ဆေးလုံးတွေအားလုံးကို ရွှမ်ယွဲ့ဂိုဏ်းကို ပေးရမယ်။”
“ဒုတိယတစ်ခုအနေနဲ့ ချူရှောင်း မင်း ငါတို့နဲ့လိုက်ခဲ့ပြီး ရွှမ်ယွဲ့ဂိုဏ်းမှာ ဆယ်နှစ်တိုင်တိုင် အလုပ်အကျွေးပြုရမယ်။”
“တတိယအချက်အနေနဲ့ မင်းရဲ့မြေးချူယွီယူက ငါတို့ဘိုးဘေးနဲ့ လက်ထပ်ရမယ်။”
“စတုတ္ထအချက်ကတော့ ဟမ့် ငါ ကြားထားတဲ့အတိုင်းဆိုရင် မင်းတို့ရဲ့ နတ်ဆေးတစ်ဝက်ဆေးလုံးက ဝမ်ချန်းလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ဆီကို ရောက်သွားတယ်ဆိုပဲ၊ အဲဒီဝမ်ချန်းကို ပြန်ခေါ်လိုက်၊ အဲဒီဆေးလုံးက ငါတို့အပိုင်ပဲ ဖြစ်ရမယ်။”
Thank For Reading.