← Chapters

အခန်း (၉၈၆-၉၉၀)

Vol. 53 Ch. 986-990

အခန်း (၉၈၆-၉၉၀)

Vol. 53 Ch. 986-990

အပိုင်း ၉၈၆

အချက်တစ်ခုကမှ လက်ခံနိုင်စရာမရှိပေ။ ချူမိသားစုအတွက် သူတို့ဆေးကိုလည်း ဆုံးရှုံးရပြီး ချူရှောင်း၏အထောက်အပံ့ကိုသာ မရရှိတော့ပါက မိသားစုတစ်ခုလုံးက ပျက်စီးသွားတော့မည်ဖြစ်သည်။

အဂ္ဂိရက်ပညာရှင်များအတွက် သည်လိုအခြေအနေက ဆိုးဝါးလွန်းလှ၏။

တစ်ခါက ချူရှောင်းက တန်ဘုရင်ဘွဲ့ကို ရရှိခဲ့သူဖြစ်ကာ ချူမိသားစုကို ပြိုင်ဘက်ကင်းစေခဲ့သည်။ ချူရှောင်းသာ ထွက်သွားခဲ့ပါက သူတို့ ဒုက္ခရောက်သွားမည် ဖြစ်သည်။

ချူရှောင်းက ပြောသည်။

“ဒီလေးချက်လုံးကို ငါတို့ လက်မခံနိုင်ဘူး။”

“အထူးသဖြင့် နံပါတ် ၄ ချက်ပဲ၊ ဝမ်ချန်းက အစည်းအဝေးပွဲမှာ အနိုင်ရသွားတဲ့သူ၊ သူက ကျော်ကြားတဲ့ရိုးသားတဲ့ တာအိုပညာရှင်တစ်ယောက်လို့ သတ်မှတ်နိုင်တယ်၊ တကယ်လို့ သူက သာမန်လူဆိုရင်တောင်မှ ငါတို့ ချူမိသားစုကို ကြင်နာမှု ပြသခဲ့ကတည်းက ဘယ်တော့မှ သစ္စာမဖောက်နိုင်ဘူး။”

“တတိယအခြေအနေအရတော့ ဟား ဟား မင်းတို့ဘိုးဘေးက ငါ့ထက်တောင် အိုနေသေးတာ ငါတို့ရဲ့ ယွီယူသာ သူ့ကို လက်ထပ်မယ်ဆိုရင်တောင်မှ မင်းအဖေကို မင်း ပြန်မေးစမ်းပါ၊ သူ့အသက်က ခွေးအဆင့်ရောက်နေပြီ။”

ရှဲ့ထူ၏နှုတ်ခမ်းထောင့်စွန်းများက ကွေးတက်သွားသည်။

“အဖိုးကြီး ငါ ခင်ဗျားကို မျက်နှာသာပေးနေတာ။”

ဝုန်း

ရှဲ့ထူက ချူရှင်းယွမ်၏မျက်နှာကို ကန်ထုတ်လိုက်သည်။ ထိုကန်ချက်က ပြင်းထန်သဖြင့် ချူရှင်းယွမ်၏ ခေါင်းက တိုက်ရိုက်ပင် ကြမ်းပြင်ပေါ်သို့ ရိုက်မိလျက် ပြုတ်ကျသွားသည်။

“ငါတို့ဘိုးဘေးက ပြောထားခဲ့လို့သာ ငါ မင်းကို ဘာမှမလုပ်သေးတာ၊ မဟုတ်ရင် ခင်ဗျား ဒီနေရာမှာ ထိုင်နေနိုင်မယ်ထင်လား၊ ဒါဆိုလည်း ထိုင်နေလိုက်လေ၊ ခင်ဗျား မြေးတွေ၊ သားတွေ အားလုံးကို တဖြည်းဖြည်းချင်း နှိပ်စက်ပြမယ်။”

ရှဲ့ထူက နီရဲသောမျက်လုံးများဖြင့် ပြောသည်။

သူက အနောက်သို့လက်ပြလိုက်ချိန်တွင် ရွှမ်ယွဲ့တပည့်ဂိုဏ်းသားများက အမျိုးသမီးတစ်အုပ်ကို ဆွဲခေါ်လာပြသည်။ ထိုအမျိုးသမီးများအားလုံးက ချူမိသားစုမှ ဖြစ်ကြ၏။

ချူရှောင်း၏အမူအရာက ပြောင်းလဲသွား၏။

“မင်း ဘာလုပ်ချင်တာလဲ။”

ရွှမ်ယွဲ့က ပုန်ကန်သည်။ သူတို့ဂိုဏ်းက နဂိုကတည်းက မြောက်ပိုင်းနယ်မြေတွင် ရက်စက်ကြမ်းတမ်းမှုဖြင့် ကျော်ကြား၏။ သို့သော် သူတို့နှိပ်စက်မှုကမူ တစ်လောကလုံးအနှံ့ ဆိုးဝါးသောနာမည်ဖြင့် ကျယ်ပြန့်လေသည်။

ရှဲ့ထူက မိန်ကလေးတစ်ယောက်၏မျက်နှာကို ကောက်ကိုင်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြော၏။

“ချူမိသားစုရဲ့မိန်းကလေးတွေက တကယ်ချောတာပဲ၊ ငါတို့ ရွှမ်ယွဲ့ဂိုဏ်းကတော့ တပည့်ဂိုဏ်းသားတွေ ကောင်းစားတော့မှာပဲ။”

ထို့နောက်ရှဲ့ထူက ချူချင်တို့အဖေနှင့်သားကို ကြည့်သည်။

“မင်းတို့ ချူမိသားစုအဖွဲ့သားတွေအားလုံးကို ဖမ်းထားပြီးပြီလား။”

ချူချင်က ပြောသည်။

“ဟုတ်ကဲ့အကြီးအကဲ ကျွန်တွေတောင် မလွတ်စေရပါဘူး၊ ချူမိသားစုက အမျိုးသမီးတွေအားလုံးက အညံ့ခံကြတယ်၊ အထူးသဖြင့် သူတို့အားလုံးက ထူးချွန်တဲ ့ရုပ်ရည်သွင်ပြင်တွေကြောင့် အကြီးအကဲတွေကိုယ်တိုင် ရွေးချယ်တာကို ခံထားရတာပါ။”

ရှဲ့ထူက ချူချင်ကိုကြည့်ပြီး ရုတ်တရက်မေးသည်။

“ငါ ကြားထားတဲ့အတိုင်းဆိုရင် မင်းမှာ လျန်အာလို့ခေါ်တဲ့ တပည့်မတစ်ယောက ်ရှိတယ်ဆို။”

ချူချင် မင်သက်သွားသည်။ သူ နားလည်လိုက်၏။

“အကြီးအကဲ ကျေးဇူးပြုပြီး စိတ်ချထားပါ၊ လျန်အာကို ဒီနေ့ အကြီးအကဲကို ခစားဖို့ လွှတ်လိုက်ပါ့မယ်။”

ချူချင်က ပြုံးသည်။ သူက ချူမိသားစုမှ ခေါင်းဆောင်ရာထူးနှင့် ကျင့်သားရခဲ့၏။ လက်ရှိအချိန်တွင်မူ သက်ရှိကျွန်တစ်ကောင်ဖြစ်သွားသည်။

“အသုံးမကျတဲ့ အရှက်မရှိတဲ့အကောင် ငါ့မှာ မင်းလိုသားမျိုးရှိတာ ရှက်လိုက်တာ။”

ချူရှောင်းက ဒေါသတကြီးအော်သည်။ သူ၏လက်များကပင် တုန်ယင်နေ၏။

ရှဲ့ထူကရယ်လျက် ချူချင်၏မျက်နှာကိုပုတ်သည်။ ထို့နောက် ငိုယိုနေသောမိန်းကလေးများကို ကြည့်၏။ သူတို့အားလုံး စိတ်ပျက်အားငယ်နေကြသည်။ သူတို့ အလွန်ထိတ်လန့်လွန်းလှသဖြင့် အကူအညီပင် မတောင်းရဲကြပေ။

“တော်လောက်ပြီ။”

ချူရှောင်းက ရုတ်တရက် ထသည်။

“ဒီအဖိုးကြီးက မင်းပြောတဲ့အတိုင်း လိုက်ခဲ့မယ်၊ ဆေးလုံးတွေလည်းပေးမယ် အားလုံးယူသွား၊ ဒါပေမယ့် တတိယနဲ့နံပါတ် ၄ အချက်ကိုတော့ လက်မခံနိုင်ဘူး။”

သူ ပြောသည်ကိုပင် မကြားသည့်အလား ရှဲ့ထူက ဂရုပင်မစိုက်ပေ။ သူ လုပ်ချင်သည်ကိုသာ ဆက်လုပ်နေခဲ့၏။သူက သူ ကိုင်ထားသော ကောင်မလေး၏ အဝတ်ကို တစ်ထပ်ချင်း ချွတ်ချနေသည်။

ထိုအချိန်တွင် ရုတ်တရက် အပြင်မှ အသံထွက်လာသည်။

“အကြီးအကဲ တစ်စုံတစ်ယောက်က ဝင်ရောက်လာပြီး သောင်းကျန်းနေပါတယ်။”

ရှဲ့ထူက မျက်မှောင်ကြုတ်သည်။

“အပြင်မှာ ထျန်းမင်ကျုံးတို့အဖွဲ့ ရှိနေတယ်မဟုတ်လား၊ သူတို့ကို မဝင်လာခိုင်းနဲ့။”

“မဟုတ် အား”

ထို့နောက် ထိုအကူအညီတောင်းသံက အော်ဟစ်ငိုယိုသံအဖြစ် ပြောင်းလဲသွားခဲ့၏။

ခန္ဓာကိုယ်ဖြောင့်မတ်ပြီး ချောမောသော ပုံရိပ်တစ်ခုကို ဝင်ပေါက်တွင် မြင်လိုက်ရသည်။ ထို့နောက် ရွှမ်ယွဲ့ဂိုဏ်းမှ ဘုန်းတော်ကြီးအချို့၏ ခေါင်းပြတ်များကလည်း ကပ်ပါလာ၏။

“ငါကြားတဲ့အတိုင်းဆိုရင် မင်းတို့ငါ့ကို ရှာနေတာဆိုပဲ။”

ရှဲ့ထူက မေးသည်။

“မင်းက ဘယ်သူလဲ။”

ရှဲ့ထူက မသိသော်လည်း အခြားသူများကမူ သိလိုက်ကြ၏။

ချူချင်တို့အဖေနှင့်သားက ထိုသူ့ကိုမြင်သည်နှင့် ခြေထောက် များ ဒူးထောက်ကျလျက် ခွေယိုင်သွားသည်။

“ဝမ် ဝမ်ချန်း”

“ဒီကောင် ဒီအိမ်ကနေ ထွက်သွားတာ မဟုတ်ဘူးလား၊ ဘာလို့ပြန်လာတာလဲ။”

သို့ရာတွင် ရွှမ်ယွဲ့ဂိုဏ်းမှ အကြီးအကဲတစ်ယောက်ကမူ ရုတ်တရက် အံ့ဩသွားပြီးနောက် တည်ငြိမ်သွား၏။

“အကြီးအကဲ ဒီလူက အကြီးအကဲရှာနေတဲ့ ဆေးတစ်ဝက်ကို ယူသွားတဲ့သူပါ။”

ချူဖေးဖုန်းက ရုတ်တရက်အော်သည်။

ရှဲ့ထူက မျက်ခုံးပင့်လိုက်၏။

“ငါ့ရဲ့လူတွေ ဒီလောက်သတ်ထားသော မင်း ဘယ်လိုသေချင်လဲ။”

သူက လုယွီအနားသို့ ယုံကြည်မှုအပြည့်ဖြင့် ကပ်သွားလိုက်သည်။ သူ၏မျက်နှာတွင် ဂုဏ်ယူမှုက အပြည့်ရှိနေ၏။ သူ ထင်ထားသည့်အတိုင်းဆိုလျှင် သူက အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ဖက်သူက ဒူးထောက်တောင်းပန်ရ လောက်သည်။

အဂ္ဂိရက်ပညာရှင်တစ်ယောက်က ဆေးဖော်ရုံသာ တတ်နိုင်၏။ စွမ်းအားမရှိလျှင် အလကားဖြစ်သည်။

“ဆူတယ်။”

လုယွီက အေးစက်စွာကြည့်လျက် ရှဲ့ထူကို တစ်ချက်ကန်သည်။

ဝုန်း

ရှဲ့ထူ၏နောက်ထပ်စကားက ထွက်မလာခင်မှာပင် တစ်ကိုယ်လုံးက လွင့်ထွက်သွား၏။ လွင့်ထွက်ရင်း လေပေါ်မြောက်တက်နေခြင်းနှင့်တင် အသွေးနှင့် အသားများက လေထဲတွင် ပြန့်ကျဲသွားသည်။ ထိုအခါ စိတ်ဝိဉာဉ်၏အော်ဟစ်သံကို ကြားလိုက်ရ၏။ စိတ်ဝိဉာဉ်ကပင် မလွတ်မြောက်သွားခဲ့ပေ။

လုယွီက ရှေ့တက်လာပြီး လေထုကို ဖမ်းဆုပ်လိုက်သည့်အခါ အက်ကွဲသွားသော စိတ်ဝိဉာဉ်အပိုင်းအစကို ဖမ်းဆုပ်လိုက်၏။ လက်တစ်ဖက်တည်းနှင့် သူ အားလုံးကို ဖမ်းမိလိုက်သည်။

“နောက်ပြီး မင်း ငါ့ကိုရှာနေတယ်ဆို။”

လုယွီ၏အကြည့်က ချူချင်တို့အဖေနှင့်သားဆီကို ရောက်သွားသည်။

ထိုနှစ်ယောက်က မြေပြင်တွင် ဒူးထောက်ပြီးနောက် တောင်းပန်ငိုယိုတော့သည်။

“ဆရာသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်း ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့အားလုံး ဒီလိုလုပ်ရတာက ရွှမ်ယွဲ့ဂိုဏ်းက လူတွေခိုင်းလို့ပါ။”

သူတို့ကို လျစ်လျူရှုလိုက်သောလုယွီက ချူရှောင်းကို ကြည့်သည်။

“ဒါက ချူမိသားစုရဲ့ကိစ္စပါ၊ ခေါင်းဆောင်ပဲ ဆုံးဖြတ်လိုက်ပါ။”

အပိုင်း ၉၈၇

ချူရှောင်း၏အကြည့်က ကြောက်မက်ဖွယ်ကောင်းအောင် လင်းလက်နေပြီး ချူချင်တို့သားအဖကို လက်ညှိုးထိုးသည်။

“ငါ အမိန့်ပေးတယ်၊ ဒီသားအဖနှစ်ယောက်လုံးကို ဆွဲထုတ်သွားပြီး သတ်လိုက်ကြ၊ စိတ်ဝိဉာဉ်တောင် မချန်နဲ့။”

ရုတ်တရက် ချူမိသားစု၏အကြီးအကဲနှစ်ယောက်က အနားကပ်လာသည်။ သူတို့က သည်နှစ်ယောက်ကို တရွတ်တိုက်ဆွဲခေါ်သွားကြ၏။

ကျန်သောလူများကမူ တိတ်ဆိတ်သွားကြသည်။ ကျန်သောလူများအားလုံး သေရမည်ဖြစ်၏။ သူတို့တွင် ရွှမ်ယွဲ့ဂိုဏ်းမှ အထောက်အပံ့မရှိကြတော့ပေ။

“အဖိုး”

ချူယွီယူက ချူရှောင်းထံ အပြေးသွားသည်။

ချူမိသားစု၏အခြေအနေအကြောင်း သူမ သိထားသည်။ ချူယွီယူက အလွန်ဒေါသထွက်နေ၏။ လက်ရှိအချိန်တွင် သူမ၏အဖိုးက အကောင်းအတိုင်း ရှိနေကြောင်း မြင်ရသောအခါ စိတ်အေးသွားလေသည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ချူရှောင်းက လုယွီကို ဦးညွှတ်လိုက်သည်။

ချူမိသားစုမှ အခြားသော အဂ္ဂိရက်ပညာရှင်များကလည်း လုယွီကို ကိုးကွယ်ဆည်းကပ်မည့်ဟန်ဖြင့်ပင် တရိုတသေဦးညွှတ်လာကြ၏။ သည်တစ်ကြိမ်တွင် ချူမိသားစုက အရေးကြီးသောအခြေအနေဖြစ်ခဲ့သည်။ လုယွီသာမရှိလျှင် ချူမိသားစုဝင်တိုင်း သေနိုင်၏။

လုယွီက လက်ကာပြသည်။

“ကျေးဇူးတင်ဖို့မလိုဘူး၊ အပြန်အလှန်အနေနဲ့ ငါ ခင်ဗျားကို မေးစရာရှိတယ်။”

ကောင်းကင်ကို အန်တုသောဆေးလုံး ဖော်စပ်ရခြင်းက မလွယ်ကူနိုင်ပေ။ သာမန်ဆေးလုံးများကို ဖော်စပ်ရန်က လွယ်ကူသော်လည်း ကောင်းကင်ဘုံကိုးဆင့် ပြောင်းလဲခြင်းအက်ကွဲဆေးကို ဖော်စပ်ရာတွင်မူ လုယွီကိုယ်တိုင်ကပင် အခြေအနေတစ်ခုကို လိုအပ်၏။ သူက သင့်လျော်သော အဂ္ဂိရက်နယ်မြေကို ရှာဖွေလိုနေသည်။ ချူမိသားစုကို ကယ်တင်ခဲ့သည်ကလည်း သည်လိုရည်ရွယ်ချက်ကြောင့်ဖြစ်၏။ သူက မည်သူ့အပေါ်ကိုမျှ အကြွေးမတင်လိုပေ။

ချူမိသားစု .....

သည်တစ်ကြိမ်တွင် ရွှမ်ယွဲ့ဂိုဏ်းနှင့်အခြားသောဂိုဏ်းများ၏ အမည်မသိသော အရှုပ်အထွေးက ချူမြို့တစ်မြို့လုံးကို အရှုပ်အထွေးဖြစ်သွားစေခဲ့၏။

လုယွီက ချီလင်းပေါ်တွင်ထိုင်လျက် အောက်ရှိမြင်ကွင်းကို ကြည့်သည်။ သူက ညင်သာစွာ ညည်းညူသည်။

“ချူမိသားစုကို ငါ ကာကွယ်ထားတယ်၊ အသုံးမဝင်တဲ့ကောင်တွေ ထွက်သွားကြစမ်း။”

နောက်ဆုံး ...... ထွက်သွားကြစမ်းဆိုသည့်စကားက တစ်မြို့လုံးကို မိုးခြိမ်းသကဲ့သို့ ပျံ့နှံ့သွားသည်။ မရေမတွက်နိုင်သော အခြားဂိုဏ်းမှ တပည့်ဂိုဏ်းသားများအားလုံးက မိုးကြိုးပစ်ခံရသကဲ့သို့ ပြင်းထန်သောခံစားချက်ကို ရလိုက်ကြပြီး သွေးများ အန်ထုတ်လိုက်ကြရသည်။ မြေပြင်တွင် သွေးအိုင်က ပြည့်နှက်လာတော့၏။

“ဒါက အဆင့်လွန်အဆင့်က ပုဂ္ဂိုလ်ကြီးပဲ စွမ်းအားကြီးလိုက်တာ။”

“ချူမိသားစုက အဆင့်လွန်အဆင့်တစ်ယောက်ကို ဖိတ်ခေါ်လိုက်တာဖြစ်ရမယ်၊ ငါ ဒီအကြောင်းကို အဖိုးကို သတင်းပို့ရမယ်။”

အလားတူ အင်အားကြီးသောကလန်များမှ လူများကလည်း ထိတ်လန့်ကြပြီး ပြန်ပြေးကြသည်။

“ဒီသောက်ကောင်က ဘယ်လောက်အထိ အဆင့်မြင့်နေလို့လဲ၊ ငါတော့ မယုံဘူး။”

ရွှမ်ယွဲ့ဂိုဏ်းမှ အကြီးအကဲတစ်ယောက်က လုယွီထံ ခုန်တက်လာသည်။

သို့သော် လုယွီအနား မကပ်နိုင်ခင်မှာပင် ည ည်းလိုက်ရလျက် တစ်စုံတစ်ရာက သူ့ကို ထိခတ်မိသွား၏။ ထိုတစ်ခဏတွင် သူ လွင့်ထွက်သွားရတော့သည်။

အပိုင်း ၉၈၈

မြင်ကွင်းက မင်သက်ဖွယ်ကောင်းသည်။ ပြင်းထန်သော သင်္ကေတစွမ်းအားများနှင့် အတူ နံရံကို ကန်ထုတ်လိုက်ခြင်းဖြစ်၏။ အချို့သော ဘုန်းတော်ကြီးများဆိုလျှင် တုံ့ဆိုင်းစွာဖြင့် ထွက်ခွာသွားကြသည်။

ကောင်းကင်တွင် ချီလင်း၏အလင်းရောင်က တောက်ပနေသေးသည်။ နတ်သားရဲ၏ ဖိအားအောက်တွင် လူတိုင်းက ဦးညွှတ်ကြရ၏။ မည်သူကမျှ လုယွီ၏မျက်နှာကို ထင်ရှားစွာ မမြင်ရပေ။

ချူမိသားစု၏ခန်းမ …

လုယွီက မြင့်မြတ်သောဧည့်သည်တော်တစ်ပါးနီးပါး ဆက်ဆံခံရသည်။ ချူရှောင်းနှင့် အဆင့်တူနေရာတွင် ထိုင်ရ၏။

“ဆရာသခင်ဝမ်ချန်း စိတ်မပူပါနဲ့၊ ငါ့ရဲ့ချူမိသားစုက အကောင်းဆုံး မီးပြင်းဖိုကိုပြင်ဆင်ပြီး မင်းဖော်စပ်မယ့် အကောင်းဆုံးဆေးပင်တွေကို ပြင်ဆင်ထားပေးပါ့မယ်။”

ချူရှောင်းက လေးစားစွာပြောသည်။

လုယွီက ချောင်းဟန့်ပြီးပြောသည်။

“ဘိုးဘေး ငါ့ကို ဝမ်ချန်းလို့ပဲခေါ်ပါ။”

ချူရှောင်းက တဟားဟားရယ်သည်။

“ဒီအဖိုးကြီးက မလေးစားရာ ရောက်သွားပါအုံးမယ်။”

ထိုအချိန်တွင် သတင်းပို့ပင်ဂွင်းက အပြင်ဘက်တံခါးမှ ပျံဝင်လာသည်။ ချူရှောင်းက သတင်းကိုဖွင့်ဖတ်ပြီးနောက် အချက်အလက်များကို တစ်ချက်ကြည့်လိုက်သည်။

“လုမိသားစုက လုချန်းချုံက ဘုံကိုးဆင့်အက်ကွဲခြင်း ကောင်းကင်ဆေးလုံးကို ဖော်စပ်တော့မယ်ဆိုပဲ။”

“ဒီဖြစ်စဉ်တစ်ခုလုံးက လုမိသားစုက အဂ္ဂိရက်ပညာရှင်အားလုံး ပူးပေါင်း ဆောင်ရွက်ကြမှာ အပြင်လူ ဝင်ရောက်စွက်ဖက်ခွင့်မပြုဘူးတဲ့။”

ချူရှောင်းက သက်ပြင်းချသည်။

“လုမိသားစုက တကယ်ဆိုးတယ်၊ သူတို့ရဲ့အရှေ့မှာ ထူးချွန်တဲ့သူ ရှိတာတောင်မှ သူတို့ စွန့်ပစ်လိုက်တယ်။”

လုယွီက ပြောသည်။

“ဒီအချိန်တစ်ခုမှာတော့ ငါ ချူမိသားစုမှာပဲနေဖြစ်မယ်၊ ဘိုးဘေးကိုပဲ ဒုက္ခပေးရတော့မှာပဲ။”

“ကြားရတာ ပိုတောင် ကောင်းပါသေးတယ်။”

ချူရှောင်းက ပျော်သွားသည်။

လုယွီက ရွှမ်ယွဲ့ဂိုဏ်းမှ ရောက်လာမည်ကိုပင် ထိတ်လန့်ခြင်းမရှိပေ။ ခေါင်းဆောင်ရောက်လာမည်ဆိုလျှင်ပင် ထိတ်လန့်မည့်ဟန်မရပေ။

ချူမိသားစု၊ အဆင့်မြင့်အိမ်တော်....

လုယွီက တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ အချိန်တိုင်းလိုလို လုယွီ၏ ပြတင်းပေါက်မှ သတင်းပို့ပင်ဂွင်းများက ဝင်လိုက်ထွက်လိုက်ရှိနေခဲ့၏။

“ဆေးပင်တစ်ဝက်လောက်ကို စုဆောင်းပြီးပြီပဲ၊ သူတို့က မြန်လိုက်တာ။”

လုယွီ အံ့ဩသွားသည်။ ထိုစာများက လုမိသားစုရှေ့တွင် လမ်းခွဲခဲ့သော အဂ္ဂိရက်ပညာရှင်များထံမှ ပို့လိုက်ခြင်းဖြစ်သည်။ အဂ္ဂိရက်ပညာရှင်များက အချိန်အတန်ကြာအောင် ကျော်ကြားသော ဆရာသခင်များဖြစ်ကြ၏။ သူတို့၏ အရင်းအမြစ်နှင့် အဆက်အသွယ်များက လုယွီထက်သာသည်။ ထို့ကြောင့် ထိုလူများကို ဆေးပင်များရှာခိုင်းခြင်းက အကောင်းဆုံးဖြစ်ကြောင်း လုယွီ သိခဲ့၏။

“ကောင်းပြီ၊ ငါ ဆေးဖော်စပ်တဲ့အချိန်မှာ ခင်ဗျားတို့ လာကြည့်နိုင်တယ်။”

လုယွီက ထိုစာကို ပြန်ရေးပို့လိုက်သည်။

တစ်ခဏခန့်ကြာပြီးနောက် ဆရာသခင်ဝမ်ချန်းကလည်း ဘုံကိုးဆင့်အက်ကွဲခြင်း ကောင်းကင်ဆေးကို ဖော်စပ်မည့်သတင်းကလည်း ပျံ့နှံ့သွားသည်။

လုယွီ၏တန်ဆေး အဆင့်အတန်းနှင့် လုပ်နိုင်စွမ်းအားကလည်း သတင်းပျံ့သွား တော့၏။

“ဝမ်ချန်းရဲ့ဆေးနည်းက လုအိမ်တော်က တန်နတ်ဘုရားနဲ့ ကွာခြားနေတယ်ဆိုပဲ။”

“ပြောကြတာက လုအိမ်တော်က သူ့ကို မောင်းထုတ်လိုက်တယ်ဆိုပဲ၊ ဘာလို့လဲဆိုတော့ သူက မဖော်စပ်နိုင်လို့တဲ့လေ။”

“ကောင်းပြီလေ၊ သူက ငယ်လွန်းတာကိုး၊ ဒါပါပဲ။”

အများစုကမူ လုယွီ၏လုပ်နိုင်စွမ်းအားကို မယုံကြည်နိုင်ကြသေးချေ။

လုယွီက မြောက်ပိုင်းနယ်မြေ ဆေးပညာလောကမှ ခေါင်းဆောင် တစ်ယောက်သဖွယ် ဖြစ်လာသော်လည်း သူ ထွက်ပေါ်လာသည်နှင့်လူအများက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရခြင်း မရှိသေးပေ။

သို့သော် လုစံအိမ်ကမူ ကွာခြားသည်။ လုချန်းချုံဆိုလျှင် နတ်ဘုရားဘွဲ့ကိုပင် ယူထားနိုင်သည့်အတွက် သူ၏အဆင့်အတန်းက မြင့်သည်။

ထိုလူများက ကောင်းကင်နှင့်မြေကြီး၏တိမ်နက်ပုံကို လုယွီက မသိဟူ၍ ထင်နေကြခြင်းဖြစ်၏။

လုစံအိမ်တော်

တောင်ထိပ်အောက်တွင် မရေမတွက်နိုင်သော လုမိသားစုမှ ဘုန်းတော်ကြီးများက ရပ်နေကြသည်။ သူတို့အားလုံးထံမှ ရက်စက်မှုများက ဖြာထွက်နေခဲ့ကြသည်။

ထိုလူများအားလုံးက သည်နေရာတွင် စောင့်ကြပ်နေကြခြင်းဖြစ်သည်။

လုမိသားစု၏ သည်လိုအခက်အခဲဆုံး အခြေအနေတွင် မည်သို့သောအခြေအနေဖြစ်စေကာမူ မည်သူက လာစေကာမူ သူတို့က ဝင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

အပိုင်း ၉၈၉

ထိုအချိန် တောင်ထိပ်တွင် …

အဂ္ဂိရက်မီးပြင်းဖိုကိုးခုက အတူတကွကပ်လျက်ရှိနေသည်။ တစ်ခုချင်းစီတိုင်းက မီးများ တောက်လောင်နေ၏။

လုမိသားစုမှ အဂ္ဂိရက်ပညာရှင် ကိုးယောက်က မီးဖိုအသီးသီးကို နေရာယူထားကြလျက် ဆေးပင်များကို သန့်စင်နေခဲ့ကြ၏။

“အချိန်ကျပြီ အခုပဲ `နင်` ဆေးပင်”

လုချန်းကျုံးက လေးနက်သောအမူအရာဖြင့်ပြောသည်။ သူ ပြောသော ပါဝင်ပစ္စည်းများကို မီးဖိုအသီးသီးသို့ ပစ်ထည့်စေ၏။

ထိုတန်ဆေးဆရာကိုးယောက်လုံးက အတွေ့အကြုံရှိပြီးသားသူများဖြစ်ကြသည်။ သူတို့က အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ကြသည့်အတွက် သည်ဖြစ်စဉ်က လွယ်ကူချောမောနေခဲ့၏။

ဆေးလုံးက ပုံသဏ္ဍာန် ပေါ်လာကြောင်းမြင်သောအခါ လုချန်းချုံက ပျော်လာတော့သည်။ သေချာစွာပင် သူက ရှေးဟောင်းဆေးကို ဖော်စပ်ရာတွင် အောင်မြင်မည့်ပုံရသည်။

ထိုအချိန်တွင် လုချန်းချုံ၏နားအတွင်း အက်ကွဲသံကို ကြားလိုက်ရ၏။ အသံက ကျယ်လေရာ လူတိုင်းနီးပါး ကြားလိုက်ရခြင်းဖြစ်သည်။ လုချန်းချုံ၏နှလုံးသားက တုန်ယင်သွားတော့၏။

ဆေးလုံးသန့်စင်ရာတွင် မမျှော်လင့်ထားသော အဖြစ်အပျက် ဖြစ်လာမည်ကို လူတိုင်း ထိတ်လန့်ကြသည်။ ထိုအသံက ဖြစ်လာမည်ဟုပင် သူ မထင်ထားပေ။

“ဆေးလုံး ဆေးလုံး ပေါက်ကွဲနေပြီ။”

ရုတ်တရက် လုချန်းချုံအနောက်မှ အဂ္ဂိရက်ပညာရှင်တစ်ယောက်က အော်သည်။

နဂိုက ချောမွေ့ကာ ပုံသဏ္ဍာန်ပေါ်နေသော ဆေးလုံးက ရုတ်တရက် အက်ကွဲရာများ ပေါ်ထွက်လာသည်။ အက်ကွဲရာများ ပျံ့နှံ့လာသည်နှင့် အငွေ့များက ထွက်ပေါ်လာတော့၏။ ကျရှုံးသွားလေပြီ။ အောင်မြင်ချိန်ပင်မရှိခဲ့ပေ။ ကျရှုံးသွားခဲ့ခြင်းဖြစ်၏။

အဂ္ဂိရက်ပညာရှင်များအားလုံး စိတ်အေးသွားကြသည်။ သို့သော် သူတို့အားလုံး ပြင်ဆင်ထားပြီးသားဖြစ်၏။ မည်သို့ပင်ဆို‌စေ ဒါက ရှေးဟောင်းဆေးဖြစ်သည်။ အလွယ်တကူ သန့်စင်နိုင်လိမ့်မည်မဟုတ်ပေ။

“လာ နောက်တစ်ကြိမ်”

လုချန်းချုံက မျက်မှောင်ကြုတ်သည်။

သိပ်မကြာခင်မှာပင် သူတို့ စတင်သန့်စင်ကြပြန်သည်။ သည်တစ်ကြိမ်တွင် လူတိုင်း၏ ခြေလှမ်းများကို ဂရုတစိုက်ထားကြသည်။

“ဒီတစ်ကြိမ်တော့ အဆင်ပြေမှာပါ။”

လုချန်းချုံက ယုံကြည်မှုရှိနေခဲ့၏။

ဖြစ်စဉ်တစ်ခုလုံးကို သူက အသေးစိတ်စစ်ဆေးနေခဲ့ကာ အရာအားလုံး အမှားအယွင်းရှိလိမ့်မည် မဟုတ်ပေ။

"ပြဿနာ မရှိနိုင်လောက်ဘူး။"

သို့ရာတွင် မတော်တဆမှုက ဖြစ်လာပြန်၏။ အက်ကွဲသံနှင့်အတူ ဆေးလုံးက ပျက်စီးသွားပြန်သည်။

နှစ်ကြိမ်။

တန်ဆေးဆရာသခင် တစ်ယောက်က မနေနိုင်ဘဲ မေးသည်။

“တန်နတ်ဘုရား ကျွန်တော့်အထင် အချို့ဆေးပင်တွေက အချင်းချင်း ဒုက္ခပေးနေသလိုပဲ၊ ဒါက ပြဿနာများရှိနေနိုင်မလား၊ ဆေးစာများ မှားနေတာလား။”

“မင်း ဘာပြောလိုက်တယ်။”

လုချန်းချုံ၏မျက်နှာက အေးစက်သွားလျက် ထိုလူကိုကြည့်သည်။

“မင်း ဘာပြောလိုက်လဲ ပြန်ပြောစမ်း။”

“ကျွန်တော် သံသယဝင်တာက”

ထိုလူက အခြေအနေကို မသိသေးဘဲ ဆက်ပြောသည်။

“ဒီဆေးဖော်စပ်နည်းက မှားယွင်းနေတယ်လို့ထင်တယ်။”

“မင်းက ဘာလဲ မင်းက ငါ့ထက်ပိုသိနေမှာလား။”

သူက သူ့ရှေ့ကလူကို လက်ညှိုးထိုးပြီးပြောသည်။

“ဒီကောင့်ကို ဖမ်းခေါ်သွားပြီး ဖမ်းချုပ်နှိပ်စက်ကြစမ်း။”

တစ်ခဏခန့်ကြာပြီးနောက် စစ်သည်တော်များစွာ ထွက်လာကြသည်။ ထိုတန်ဆေးဆရာသခင်ကို ဖမ်းခေါ်သွားကြ၏။

“မင်းဘက်က မှားနေတာ သေချာပဲကို၊ ခင်ဗျား ငါတို့ကို ထပ်ခါတလဲလဲ ခိုင်းစေနေရဲသေးတယ်။”

“သူ့ပါးစပ်ကို ပိတ်ထားကြ။”

သံချပ်ကာဝတ်ထားသောဘ လက်နှစ်ဖက်က ထွက်လာလျက် သူ့ပါးစပ်ကို ပိတ်လိုက်ကာ အဝေးသို့ ဆွဲခေါ်သွားကြ၏။

ထောင်အကြောင်းကို တွေးမိသောအခါ အဂ္ဂိရက်ပညာရှင်တိုင်း တုန်ယင်သွားကြ သည်။ လုမိသားစုမှ ထောင်နေရာက အကြမ်းကြုတ်ဆုံးနေရာဖြစ်ကာ အဆိုးဝါးဆုံးနှိပ်စက်နည်းများကို အသုံးပြုနိုင်ကြ၏။ ထိုထဲသို့ဝင်သွားခြင်းက သေသည်နှင့် မခြားတော့ပေ။

တစ်ခဏခန့်ကြာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားတော့၏။

“ငါ့ရဲ့ဆေးစာက အမှားအယွင်းရှိတာ မဖြစ်နိုင်ဘူး။”

လုချန်းချုံက အဂ္ဂိရက်ပညာရှင်တစ်ယောက်ကို လက်ညှိုးထိုးပြန်သည်။

“မင်းလာ မင်း ငါတို့နဲ့အတူ ပေါင်းပြီး ဆေးဖော်။”

ထိုလူက တုန်ယင်သွားသည်။ မငြင်းဆန်ရဲဘဲ ချက်ချင်း ရှေ့တိုးလာ၏။ တတိယတစ်ကြိမ်သည်လည်း ကျရှုံးသွားပြန်သည်။ သည်တစ်ကြိမ်တွင် လုရှန်းချုံက ရုတ်တရက် ထွက်လိုက်လျက် လက်နှစ်ဖက်လုံးမှ မီးတောက်များကို ထုတ်ဖော်ကာ သည်ဆေးလုံးကို ပြန်ဆက်သွားစေခဲ့၏။ သူက ဆေးလုံးကိုအားဖြင့် ပြန်ပေါင်းနေခဲ့ခြင်းဖြစ်သည်။

အခြားသူများက သည်မြင်ကွင်းကို အံ့အားကြီးစွာ ကြည့်ကြသည်။ မည်သို့ကိုင်တွယ်ရမည်ပင် မသိတော့ပေ။

အချိန်တစ်ခုကြာပြီးနောက် လုချန်းချုံက ပါဝင်ပစ္စည်းများအားလုံးကို ဖိအားပြင်းထန်စွာဖြင့် ရွှေရောင်ဆေးလုံးတစ်လုံးအဖြစ် ပြန်ပေါ်သွားစေလိုက်သည်။ ထိုဆေးလုံးက ရွှေရောင်ရှိ၏။ သို့သော် အနံ့ကမူ ဖျော့လွန်းသည်။ ရနံ့ကပင် အလိုလိုကွဲအက်နေခြင်းဖြစ်၏။ ဒါက ဆေးလုံး အပြည့်အဝဖော်စပ်နိုင်ခြင်း ရှိမရှိ မည်သူကပင် မသေချာကြပေ။

မည်သို့ပင်ဆိုစေ သည်လိုဖိအားပေးကာ ဖော်စပ်ခြင်းနည်းမျိုးကို မည်သူကမျှ မကြုံခဲ့ဖူးသောကြောင့်လည်းဖြစ်သည်။

“ဒါက ဘုံကိုးဆင့်အက်ကွဲခြင်း ကောင်းကင်ဆေးပဲ၊ ဘိုးဘေးဆီကို ပို့လိုက်တော့။”

လုချန်းချုံက လက်ရှိအဂ္ဂိရက်ပညာရှင်များကို ကြည့်သည်။

“ငါ လုချန်းချုံက ရှေးဟောင်းဆေးကို ဖော်စပ်နိုင်တဲ့သတင်းကို အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားစေမယ်။”

လုချန်းချုံ ဆိုလိုသည်ကို နားလည်သောအခါ မည်သူကမျှ မလိုက်နာဘဲ မနေရဲကြပေ။

တစ်ခဏခန့်ကြာပြီးနောက် အောင်မြင်စွာ ဖော်စပ်နိုင်ပြီဆိုသော သတင်းက မြောက်ပိုင်းကုန်းမြေတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

“လုမိသားစုဘိုးဘေး ဒီဆေး သောက်လို့မရဘူး။”

လုယွီက သက်ပြင်းချသည်။ ထိုဆေးက သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်၏။ လုချန်းချုံက မည်သည့်နည်းနှင့်မျှ မဖန်တီးနိုင်ချေ။ ထိုသို့ဆိုလျှင် သည်ဆေးက မပြီးပြည့်စုံနေခြင်းမျှသာ ဖြစ်နေပေလိမ့်မည်။လုဝူတိက သူ့ကိုအဆိပ်ခတ်ခဲ့သူက သည်လူဖြစ်ကြောင်း သိသည့်အတွက် ဆေးသောက်လိမ့်မည်မဟုတ်ပေ။

အပိုင်း ၉၉၀

"အခု ဒီဆေးကို ဖော်စပ်ရမယ့်အချိန်ပဲ။”

လုယွီက မတ်တပ်ထရပ်ပြီးနောက် ခြံဝန်းထဲမှ ထွက်သည်။

အပြင်ဘက်တွင် အဂ္ဂိရက်ပညာရှင်များစွာ ရှိနေကြပြီး ယုံကြည်စွာ စောင့်ဆိုင်းနေကြ၏။

“ဆရာသခင်ဝမ်ချန်း”

တန်တောင်တန်းတွင် တွေ့ခဲ့သောလူများမှလွဲပြီး အခြားသူများက ချူမိသားစုမှဖြစ်၏။ လုယွီ၏ လုပ်နိုင်စွမ်းအား ကျယ်ပြန့်သွားသည်နှင့် လူတိုင်းက လာရောက်ကြည့်ရှုကြသည်။

“ဆရာသခင်ဝမ်ချန်း အားလုံး ရောက်နေကြပါပြီ။”

လုယွီက တစ်ပတ်လည်ကြည့်ပြီးနောက် ပြောသည်။

“ကောင်းပြီ၊ မစောင့်တော့ဘူး။”

သူ၏ယခင်ဘဝတွင် လုယွီက အဂ္ဂိရက်ဆေးများကို သန့်စင်ရန်အတွက် ယစ်ပလ္လင်ကိုပင် ဖွင့်လှစ်ခဲ့သေးသည်။ ကောင်းကင်တွင် အစွမ်းထက်ဆုံးလူကပင် ချောင်းကြည့်လိုခဲ့၏။ သူတို့က သည်လိုအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။

“ငါ ဆေးဖော်စပ်တဲ့အခါ အန္တရာယ်ရှိနိုင်တယ်၊ ခင်ဗျားတို့ မှော်လက်နက်တွေနဲ့ အကာအကွယ်လွှာတွေ ပြင်ဆင်ထားတာက အကောင်းဆုံးပဲ။”

လုယွီက သတိပေးသည်။ အားလုံး အချင်းချင်းကြည့်လိုက်ကြ၏။

“ဘာလို့ ဆေးဖော်တာက အန္တရာယ်ရှိမှာလဲ။”

သို့ရာတွင် သူတို့က လုယွီ၏စကားကို သံသယမဝင်ကြပေ။ ဒါက ဆရာသခင်ဝမ်ချန်း ပြောနေကတည်းက အန္တရာယ်ရှိ၍ဖြစ်ရပေမည်။ ထို့ကြောင့် အားလုံးက ကြိုတင်ပြင်ဆင်ရန် ဆုံးဖြတ်ထားလိုက်ကြ၏။

ချူမိသားစု၏အရှေ့ဘက်တောင်တန်း၊ နေ့လည်ခင်း …

သည်နေရာတွင် အရှိန်အဝါများအပြည့်ရှိနေပြီး စိမ်းလန်းသော မြေမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ အဂ္ဂိရက်၏ရတနာနယ်မြေဖြစ်၏။

လုယွီက သူ့အရှေ့တွင်ရှိသော ရှေးဟောင်းကြေးနီရောင် မီးပြင်းဖိုကြီးကို ကြည့်သည်။ အပေါ်ကို သားရဲနတ်ဘုရားလေးကောင် ပုံသဏ္ဍာန်များ ထွင်းထုထားပြီး အလွန်ကြော့ရှင်းခမ်းနားလှ၏။ ဒါက ထိပ်တန်းအဆင့် မီးပြင်းဖိုဖြစ်သည်။ နဂိုကဆိုလျှင် ချူရှောင်းကသာ သည်မီးပြင်းဖိုကို အသုံးပြု၏။

“ဆရာသခင်ဝမ်ချန်း လုအိမ်တော်က ဆေးလုံး သန့်စင်နိုင်တယ်လို့ပြောကြတယ်၊ ဒါပေမယ့် အဲဒီအချိန်တုန်းက လူကိုးယောက်က ပေါင်းလုပ်ရတာပါ၊ အခုဆရာသခင်က တစ်ယောက်တည်း လုပ်မှာပါလား။”

အဂ္ဂိရက်ပညာရှင်တစ်ယောက်က မေးသည်။

လုယွီ၏လက်ဝါးက မီးတောက်ထွက်လာ၏။ ထိုအချိန်တွင် လူတိုင်းက စကားပြောခြင်းကို ရပ်တန့်လိုက်ကြပြီး လုယွီ၏လုပ်ဆောင်မှုကိုသာ ကြည့်ကြသည်။ သူတို့ အသက်ရှူပင် အောင့်ထားမိကြ၏။

လုယွီ၏လက်ချောင်းများက လှုပ်ရှားသွားချိန်တွင် မီးတောက်က မီးပြင်းဖိုထံသို့ ကျသည်။ ရွှေရောင်မီးတောက်က မီးပြင်းဖိုတစ်လျှောက် ဖုံးလွှမ်းသွား၏။

လုယွီ၏လမ်းညွှန်မှုအောက်တွင် ဆေးပင်များအားလုံးက မီးပြင်းဖိုအတွင်းသို့ ခုန်ဝင်ကြသည်။ ချက်ချင်းဆိုသလို အရည်ပျော်ကျ၏။

“သူ အားလုံးကို တစ်ခါတည်း သန့်စင်မှာတော့ မဟုတ်ပါဘူးနော်။”

သည်ဆေးပင်အမျိုးအစား ရာကျော်လုံးတွင် သန်မာသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် တစ်ခါတည်း သန့်စင်ရန်က ခက်ခဲနိုင်လောက်၏။

လုယွီအတွက်မူ အားလုံးကို တစ်ခါတည်းသန့်စင်နိုင်သွားမည့်ဟန်ရသည်။ ပုံမှန်ဆိုလျှင် မည်သူကမျှ ဆယ်ပင်ထက်ပို၍ မသန့်စင်နိုင်ကြပေ။

“ဆေးလုံးပုံသဏ္ဍာန် ပြောင်းတော့မယ်။”

အဂ္ဂိရက်ပညာရှင် တစ်ယောက်က အော်သည်။

အငွေ့က တစ်တိုင်စာပင် မကြာသေးချေ။

အခြားသောအဂ္ဂိရက်ပညာရှင်များကိုသာ ဆေးဖော်ခိုင်းမည်ဆိုလျှင် ဆေးပင်များ သန့်စင်၍ပင် မပြီးသေး နိုင်ချေ။

မရေမတွက်နိုင်သော အကြည့်များ၏အောက်တွင် လုယွီ၏လက်များက လျင်မြန်စွာဖြင့် လှုပ်ရှားနေခဲ့ပြီး ဆေးလုံးပုံသဏ္ဍာန် ပြောင်းလဲနေခဲ့၏။

တန်မီးတောက်များက လောင်ကျွမ်းသည်။ ပေါ့ပါးသော အသံတစ်ချက် ထွက်လာပြီးနောက် လေထဲသို့ ရွှေရောင်ဆေးလုံးက မြောက်တက်လာ၏။ ထိုတစ်ခဏတွင် ဆေးလုံးမှ ဖိအားက ဖြန့်ကျက်သွားသည်။

"ဒါက ဘာလဲ။ "

လူတိုင်း ကြောင်သွားကြ၏။

“ကြည့်ရတာ ဆေးလုံးကို သန့်စင်နိုင်ပြီထင်တယ်။”

တစ်စုံတစ်ယောက်က အော်သည်။

လုယွီက သူ၏လက်များကိုရုတ်တရက် လှုပ်ရှားလိုက်ပြီး ဆေးလုံးကို တစ်ချက်ပုတ်လိုက်၏။ ထိုတစ်ခဏတွင် သည်ဆေးလုံးက ကွဲကြေသွားသည်။

All Chapters