အခန်း (၉၉၁-၉၉၅)
Vol. 53 Ch. 991-995
အပိုင်း ၉၉၁
"သူ ဆေးလုံးကို ဘယ်လိုများ ဖျက်ဆီးလိုက်တာလဲ။ အနည်းဆုံး ဒါက စိတ်စွမ်းအား ဆေးလုံးပဲလေ"
"သူဘယ်လိုများ ဖျက်ဆီးလိုက်တာလဲ"
ချူရှင်းယွမ်က ချောင်းဟန့်သည်။
"ဆရာသခင်ဝမ်ချန်း ဆေးလုံးကို ဖော်စပ်တဲ့ ပုံစံက ထူးခြားနေလို့ ဖြစ်မှာပါ၊ ငါတို့ စောင့်ကြည့်ရအောင်"
သူက ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
လုယွီက ကျန်ရှိသော ဆေးလုံး အပိုင်းအစများကို ပြန်လည်စုစည်းပြီးနောက် ထပ်မံသန့်စင်ပြန်သည်။
အချိန်အတန်ကြာပြီးနောက် ဆေးလုံး ပြန်ဖြစ်လာ၏။ ဒီတစ်ကြိမ်တွင်လည်း ယခင်ဆေးလုံးထပ် ပို၍ စွမ်းအားကြီးမားသွားလေသည်။ ရွှေရောင်ဆေးလုံးထဲမှ တိရစ္ဆာန်ဟိန်းသံကိုပင် ကြားရသေး၏။ ထိုအသံက အရပ်မျက်နှာအနှံ့ ပြန့်နှံ့သည်။
အဂ္ဂိရက် ပညာရှင်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။
"ဂမ္ဘီရစိတ်စွမ်းအား ဆေးလုံးပဲ"
"ဒါက အထွတ်အထိပ်အဆင့် ဖြစ်မယ်"
ချူရှင်းယွမ်၏ မျက်လုံးတွင်ပင် အလင်းရောင် လက်လာ၏။
အဂ္ဂိရက်ပညာရှင်အများစုက စိတ်ဝိဉာဉ်စိတ်စွမ်းအား ဆေးလုံးမျိုးကို သန့်စင်နိုင်ကြသော်လည်း ဒီလိုအဆင့်မျိုးကိုမူ မလုပ်နိုင်ကြပေ။ ထို့အပြင် ဒီအမြန်နှုန်းက သူတို့ကို အရှက်ရစေသေး၏။
ခရက်
လူတိုင်း၏ အမြင်တွင် လုယွီက ထပ်မံဖျက်ဆီးလိုက်ပြန်သည်။ နောက်ထပ် ဆေးလုံးက ပျက်စီးသွားပြန်၏။
"ဘယ်လိုဖြစ်ပြီး ဖျက်စီးလိုက်ပြန်ပြီလဲ"
သို့သော် လူတိုင်း၏ အံ့ဩနေသည့်မျက်နှာ အောက်တွင်ပင် လုယွီက ထပ်မံ၍ သန့်စင်ပြန်သည်။ ဒီတစ်ကြိမ်တွင်လည်း ဆေးလုံးက ပို၍စွမ်းအားကြီးမား သွား၏။
လေးကြိမ်မြောက် ငါးကြိမ်မြောက်...
လုယွီက ဆေးလုံးကို ဖျက်ဆီးလိုက်ဖြင့် ပြန်လည်ဖော်စပ်လိုက်ဖြင့် တစ်ပတ်လည်နေခဲ့သည်။ သို့သော် စွမ်းအားက ပို၍ ကြီးမားသထက် ကြီးမားလာပြီး အနံ့က မွှေးသထက် မွှေးလာခဲ့၏။
ဘေးနားတွင် ရပ်နေသော အဂ္ဂိရက်ပညာရှင်များအားလုံးက အံ့ဩလွန်းသဖြင့် ထုံထိုင်းကုန်ကြလေပြီ။
ချူရှင်းယူ ကိုယ်တိုင်ပင် အံ့ဩနေ၏။
"ငါ့အဖိုး လာမကြည့်နိုင်တာ နှမြောစရာကောင်းတာပဲ"
ချူရှင်းယူက သက်ပြင်းချသည်။ ချူမိသားစုက ယခုအခါ အပျက်အစီးဖြစ်သွားခဲ့ချေပြီ။ ချူရှောင်းတွင် ယခုအခါ ကိုင်တွယ်ရန် ကိစ္စများစွာ ရှိသွားခဲ့သည့်အတွက် လုယွီဆေးဖော်စပ်ခြင်းအား လာမကြည့်နိုင်ခဲ့ပေ။
သို့ရာတွင် လုယွီ၏ အဂ္ဂိရက်စွမ်းအားက သူတို့လောကတွင် တစ်ခါမှ မမြင်ခဲ့ဖူးသော အဆင့်အထိ ရောက်ရှိနေခဲ့၏။
"ဒီရှေးဟောင်း ဆေးလုံးကို သူကိုယ်တိုင် ဖန်တီးခဲ့တယ်လို့တောင် ဘယ်လိုဖြစ်ပြီး ငါ ခံစားနေရတာလဲ"
ရုတ်တရက် လူတစ်ဦးက မအောင့်နိုင်တော့ပဲ ပြုံးသည်။
ဟုတ်သည်။ လုယွီ၏ လုပ်ဆောင်နိုင်စွမ်းက အရည်အချင်း ပြည့်ဝလွန်း၏။ ဒီနေရာတွင် အချို့သော ကျွမ်းကျင်ပညာရှင်အဆင့် အဂ္ဂိရက်ပညာရှင် ဆရာသခင်များစွာ ရှိနေကြသော်လည်း သူတို့က ဆေးညွှန်းကို ကောင်းစွာဖတ်ရန် တွေးတောရန် လိုအပ်နေသေးသည်။
သို့သော် လုယွီကမူ ဆေးလုံးကို အမျိုးမျိုးပြောင်းလဲကာ လုပ်ဆောင်နိုင်နေပြီး ဆေးလုံးက တစ်စနဲ့တစ်စ စွမ်းအားကြီးမားလာနေခဲ့၏။ သူက သာမန်အကျဆုံး ကိစ္စအတိုင်း လုပ်နေခဲ့ခြင်းဖြစ်သည်။
ခုနှစ်ကြိမ်မြောက်....
ဒီတစ်ကြိမ်တွင် ဆေးလုံးက သာမန် ရွှေရောင်မျှသာ မဟုတ်တော့ပေ။ အပေါ်ယံတွင် ရွှေရောင်ဖြစ်သည့်တိုင်အောင် အထဲတွင် ခပ်ဖျော့ဖျော့ ခရမ်းရောင်အလင်းတန်းက လက်နေ၏။
"ဆေးလုံး အရောင်ပြောင်းသွားပြီ"
အဂ္ဂိရက်ပညာရှင်များ အားလုံး အံ့ဩသွားကြသည်။
"သတင်းအချက်အလက်အရ လုအိမ်တော်မှ နတ်ဘုရားအဆင့် အဂ္ဂိရက်ပညာရှင် ဖန်တီးသော ဆေးလုံးက ရွှေရောင်မျှသာ ဖြစ်သည်။ လုယွီ၏ လက်ထဲတွင်မူ ခရမ်းရောင်ပင် ပြောင်းလာသေး၏။
သူတို့ အတွေးမဆုံးသေးခင်မှာပင် တစ်ဖန်ဖျက်ဆီး လိုက်ပြန်သည်။ ထို့နောက် တစ်ဖန်ဖန်တီးခံရ၏။ ဒီတစ်ကြိမ်တွင် လူတိုင်း၏ မျက်နှာအမူအယာက ပို၍ပြောင်းလဲသွားသည်။
"ငါ ကြောက်ဖို့ကောင်းတဲ့ ဖိအားကို ခံစားနေရပြီ"
အဂ္ဂိရက်ပညာရှင်တစ်ယောက် တုန်ယင်သွားသည်။ ဒီနေရာတွင် ရှိသော လူအများစုက စိတ်ဝိဉာဉ်နှင့် စိတ်စွမ်းအားနယ်ပယ်များတွင် စွမ်းအားကြီးမားသူများ ဖြစ်ကြ၏။ ဒါက စိတ်စွမ်းအားဆေးလုံး ဆိုလျှင်ပင် သူတို့အတွက် ဒီလောက်အထိ မခံစားရစေသင့်ပေ။
ဖြစ်နိုင်ချေရှိသည်မှာ ...
"ဝမ်ချန်းက အစည်းအဝေးပွဲမှာ ဧကရာဇ်အဆင့်ထက် ကျော်တဲ့ဆေးလုံးကိုတောင် ဖန်တီးနိုင်ခဲ့တယ်။ သူကသာ ဆန္ဒရှိရင် ဧကရာဇ်အဆင့် ဆေးလုံးကို ဖန်တီးတာက ပြဿနာမရှိနိုင်ဘူးပဲ"
ဒီနေ့တွင် ဒဏ္ဍာရီတွင်သော ဧကရာဇ်အဆင့်ကို ကျော်လွန်သည့် ဆေးလုံးကို သူတို့မြင်ရတော့မည် ထင်သည်။ ထိုတစ်ခဏတွင် အားလုံး စိတ်လှုပ်ရှား သွားကြ၏။
သေချာစွာပင် ရှစ်ကြိမ်မြောက် ဖျက်ဆီးခံရပြီးနောက် ဖြစ်ပေါ်လာသော ဆေးလုံးက တစ်ဝက်၏ ခရမ်းရောင်အတိ ပြောင်းနေလေပြီ။
ဝုန်း
လူတိုင်း၏ နှလုံးသားတွင် ခေါင်းလောင်းသံကို ကြားလိုက်ရ၏။ ကောင်းကင်သို့ မြောက်တက်သွားသော ထိုဆေးလုံးကို မြင်ရချိန်တွင် လူတိုင်း ကိုးကွယ်ဆည်းကပ်လိုလာသည်။
"ဧကရာဇ်အဆင့် ဆေးလုံးပဲ။"
သို့ရာတွင် လုယွီက မရပ်တန့်နိုင်သေးချေ။ လုယွီ၏ လက်ချောင်းက ဆေးလုံးကို ထပ်မံဖိချေလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ ဖိအားများအားလုံးက ဖြစ်တည်လာခဲ့၏။
"သူ မကျေနပ်သေးဘူး၊ ဝမ်ချန်း ဘာကို လေ့ကျင့်နေတာလဲ"
ချူရှင်းယူကိုယ်တိုင်ပင် ထိတ်လန့်လာသည်။
အခြားသော အဂ္ဂိရက် ပညာရှင်များအားလုံးကလည်း လုယွီ၏ လုပ်ဆောင်မှုကြောင့် ထိတ်လန့်လာကြ၏။ သူတို့သာ ဆိုလျှင် လုယွီ၏ လုပ်ဆောင်နိုင်စွမ်းက မင်သက်ဖွယ် အခြေအနေမှ ကြောက်လန့်ဖွယ်အခြေအနေအထိ ရောက်ရှိခဲ့ပြီး ဖြစ်နေလေသည်။
သို့ရာတွင် ဒီတစ်ကြိမ်တွင်မူ အလွန့်အလွန် အံ့ဩသွားခဲ့ရ၏။ မည်သို့ပင်ဆိုစေ ဒါက ဧကရာဇ်အဆင့်ဆေးလုံးဖြစ်သည်။ သာမန်စိန်ခေါ်သော ဆေးလုံးမျှပင် မဟုတ်သေးပေ။ ဒီလိုဖော်စပ်ရန်ပင် အလွန်အမင်း ရှားပါးကြ၏။ လူအနည်းစုသာလျှင် ဒီလိုလုပ်နိုင်ကြသည်။
ဧကရာဇ်အဆင့်ဆေးလုံးက နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မည်သူမှပင် မသန့်စင်နိုင်ခဲ့သေးပေ။ သို့သော် လုယွီကမူ အသာအယာဖျက်ဆီးလိုက်၏။ ဒီကိစ္စကိုပင် စိတ်ထဲထားဟန်မရပေ။
ချူရှင်းယွမ်ပင် မျက်ခုံးလှုပ်သွား၏။ သူကပင် လုယွီ၏ လုပ်ဆောင်မှုကြောင့် ထိတ်လန့်သွားသည်။ ထို့နောက် သူက သက်ပြင်းချ၏။
"ငါတို့တွေရဲ့ လုပ်နိုင်စွမ်းက လူငယ်တွေကို မယှဉ်နိုင်တော့ဘူးပဲ"
သူတို့နေရာတွင်သာ အစားထိုးရမည်ဆိုလျှင် သူတို့က ဧကရာဇ်ဆေးလုံးကို ဖျက်ဆီးပြီးလျှင် ကိုယ်တိုင်ကိုယ်ကျ ကိုးကွယ်ဆည်းကပ်မိနေလောက်သည်။ ယခုလို ဖျက်ဆီးရန်ပင် မဆိုထားဘိ ခပ်တင်းတင်းပင် မကိုင်ရဲလောက်ချေ။ လုယွီကမူ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သူတို့ကိုပင် အံ့အားသင့်စေလောက်သေး၏။
အပိုင်း ၉၉၂
"သူ နောက်ထပ် ဘယ်လိုအဆင့်ကိုများ လုပ်မှာလဲ"
ရုတ်တရက် လုယွီက ကောင်းကင်ကို မော့ကြည့်သည်။
"လာတော့"
လုယွီက ကောင်းကင်ကို ကြည့်ကာ အော်ဟစ်လိုက်၏။ လက်က ကောင်းကင်ကို လှ့န်ဟန်လုပ်လိုက်သည်။
လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင်ပင် ကောင်းကင်မှ သိပ်သည်းသော တိမ်စိုင်များက ချဉ်းကပ်လာသည်။ ထိုတိမ်စိုင်များ ရွေ့လျားလာသည်နှင့် ပတ်ဝန်းကျင်ရှိ လေထုက ဖိနှိပ်ခံရ၏။ ထိုအချိန်တွင် ချူမြို့ရှိ လူထုက ကောင်းကင်သို့ မော့ကြည့်ကြပြီး ဒီမြင်ကွင်းကို မြင်လိုက်ရသည်။
"ထူးဆန်းလိုက်တာ"
"မြောက်ပိုင်းနယ်မြေက သူတွေက ကောင်းကင်ကို ဖျက်ဆီးတော့မှာလား"
မရေမတွက်နိုင်သော နတ်မင်းများနှင့် ဘုန်းတော်ကြီးများအားလုံးက မြောက်ပိုင်းနယ်မြေတခွင်ကို စစ်ဆေးကြသည်။ သိပ်မကြာခင်မှာပင် ချူစံအိမ်ရှိရာနေရာသို့ ရှာတွေ့သွားကြ၏။
"ချူမိသားစုက တစ်ယောက်ယောက် အဆင့်တက်နေတာများလား"
မည်သို့ပင်ဆိုစေ သိပ်မကြာခင်က ချူမိသားစုတွင် အဆင့်လွန်အဆင့် လျှို့ဝှက် ပုဂ္ဂိုလ်တစ်ယောက် ရှိလာခဲ့သေးသည်။
ထိုသူက ရွှမ်ယွဲ့ဂိုဏ်းနှင့် အခြားသော ဂိုဏ်းများအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ပြီး သည်ဝန်းကျင်ကို ရှင်းလင်းပေးခဲ့၏။
အရှေ့တောင်တန်းထိပ်ဆုံး တစ်နေရာ...
ထိုနေရာတွင် အခြားသော အဂ္ဂိရက်ပညာရှင်များ အားလုံးက ထိုမြင်ကွင်းကို မြင်လိုက်ရသော်လည်း အလောတကြီး လက်နက်များဖြင့် ကာကွယ်လိုက်ကြရ၏။
အခြားသူများအားလုံးကလည်း မှော်လက်နက်များဖြင့် အသီးသီး ကာကွယ်ထားကြသည်။
ကောင်းကင်တွင် တိမ်စိုင်များက တစ်လှိမ့်ပြီးတစ်လှိမ့် ဝင်ရောက်လာပြီးနောက် မရေမတွက်နိုင်သော တိမ်စိုင်များက ဒီနေရာတွင် စုစည်းနေကြမည်ဖြစ်သည်။ ဒီလိုစုစည်းလာခြင်းကပင် လူတိုင်း၏ နှလုံးသားကို တုန်ယင်လာစေသေး၏။
"ဒါက သဘာဝဖြစ်စဉ်မဟုတ်ဘူး၊ ဒါက ဆေးလုံးလေးပဲ မဟုတ်ဘူး မဟုတ်ဘူး"
ချူရှင်းယူကိုယ်တိုင်ပင် တွေဝေသွား၏။ ရုတ်တရက် သူ့ကျောက အပုတ်ခံရသည်။ ချူရှင်းယူ လှည့်ကြည့်လိုက်သောအခါ မည်သည့်အချိန်ကမှန်းမသိ ရောက်နေသော ချူရှောင်းကို မြင်လိုက်ရသည်။
"အသံမထွက်ပဲ စောင့်ကြည့်နေ"
ချူရှောင်းက လေးနက်သော မျက်နှာထားဖြင့် ပြောသည်။
ဗလာဖြစ်နေသော ကောင်းကင်ပေါ် ခုန်တက်ပြီး ရပ်နေသောလုယွီက မရေမတွက်နိုင်သော တိမ်စိုင်များ သူ့အား လှည့်ပတ်လာခြင်းကိုကြည့်သည်။
လျှပ်စီးများက သူ့ကို လိမ်ယှက်လာ၏။ သူ၏ အင်္ကျီလက်က လေနှင့်လွင့်သည်။ ချက်ချင်းလိုလိုပင် ထိုအရာက ရမ်းခါသွားပြီး ကောင်းကင်မှ ဆင်းသက်နေသော ထာဝရရှင်သန်သူ တစ်ပါးနှင့်တူသွား၏။
ဝုန်းဝုန်း
ခြိမ်း ခြိမ်း
ကောင်းကင်တွင် မိုးခြိမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အချိန်အတန်ကြာ သံရှည်ဆွဲလျက် ခြိမ်းနေခြင်းဖြစ်၏။ နောက်ဆုံးတွင် မိုးကြိုးက ဆင်းသက်လာပြီး လုယွီကို ထိမှန်သွားသည်။
နားကွဲမတတ် ဆူညံစူးရှသည့်အတွက် လူတိုင်း နားကွဲလုမတတ် ဖြစ်သွားကြ၏။ လုယွီရှိရာ အောက်ခြေတည့်တည့်တွင် ရှိသော မြေပြင်နေရာကပင် ကျွံကျသွားပြီး ပြင်းထန်သည့်ဖိအားက အရပ်မျက်နှာအနှံ့ ပြန့်နှံ့သွား၏။
လုယွီက လက်ထဲရှိ ဆေးလုံးကို ေမြာက်ကာ ကိုင်သည်။ မိုးကြိုးက ဆင်းသက်လာသည်နှင့် ဘုံကိုးဆင့်နတ်ဆေးက ဖြစ်တည်လာတော့မည် ဖြစ်သည်။
သူ့အား အလွန်သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားစေသည့်အတွက် အလွန်ကြောက်လန့်ဖွယ် မိုးကြိုးက သူ့ကို တည်ငြိမ်စေသည်။ နောက်ဆုံးတွင် ကောင်းကင်ဘုံကိုးဆင့် မိုးကြိုးက ကောင်းကင်အဆင့် တန်ဆေးကို ခရမ်းရောင်အတိ ပြောင်းသွားစေခဲ့၏။
ခရက်
ဒီတစ်ကြိမ်တွင်လည်း ကောင်းကင်မှ တစ်စုံတစ်ရာ ပြုတ်ကျလာသံကို ကြားလိုက်ရသည်။ လုယွီက မျက်နှာသေဖြင့် ကောင်းကင်ကိုကြည့်ကာ အော်ဟစ်လိုက်၏။
"ပျက်စီးစမ်း"
ဆေးလုံးက လုယွီထံ တိုက်ရိုက်မကျပဲ ထက်ရှသော ဓားတစ်ချောင်း၏ လှီးဖြတ်ခြင်းမျိုး ခံလိုက်ရ၏။
တစ်ချိန်တည်းတွင်ပင် အလွန်အမင်း စွမ်းအားကြီးမားသူများက လုယွီ ဆေးဖော်စပ်ခြင်းကို လာရောက်ကြည့်ရှုကြ၏။ ထိုအချိန်တွင် လုယွီက ကောင်းကင်ကို မိုးကြိုးဖြင့် ချေနေသည့် မြင်ကွင်းကို မြင်လိုက်ရပြီး အံ့ဩသွားကြ၏။
"သူက ဝမ်ချန်းပဲ။ ပြောကြတာ ရွှမ်ယွဲ့ဂိုဏ်းက ခေါင်းဆောင်က ချူမိသားစုကို လာရောက်တိုက်ခိုက်တော့ ဝမ်ချန်းကြောင့် အားလုံး သေဆုံးသွားတယ်လို့ ပြောကြတယ်"
"ဒီလူငယ်က အဆင့်လွန်အဆင့်လား၊ ကောင်းကင်ကိုသွားတဲ့ လမ်းကြောင်းကိုသာ ဖွင့်နိုင်မယ်ဆိုရင် သူက မိုးကုတ်စက်ဝိုင်းအတွင်းသို့ ပြန်တက်သွားနိုင်တော့မှာပဲ"
လူတိုင်း၏ အကြည့်အောက်တွင် လုယွီ၏ ဆေးလုံးက ခရမ်းရောင်အတိ ပြောင်းသွားခဲ့ပြီဖြစ်သည်။ ဆေးလုံး၏ အပြင်က ခရမ်းရောင် အပြည့် ပြောင်းသွားသောအခါ ဝင်သက်က လေးဘက်လေးတန်လုံးကို ဝင်တိုက်ခတ်လာခဲ့၏။
ကြည့်နေသော အဂ္ဂိရက်ပညာရှင်များပင် သူတို့၏ မှော်လက်နက်များကို သုံးကာ ကို့ကိုယ်ကို ကာကွယ်လိုက်ကြရသည်။
ခြိမ်းခြိမ်းခြိမ်း
ပြင်းထန်သော လေပြင်းက မှော်လက်နက်များအပေါ် တွန်းတိုက်ခတ်လာသည်။ အချို့သော အဂ္ဂိရက်ပညာရှင်များက နောက်သို့ လွင့်ထွက်သွားကြ၏။
"သူ ငါတို့ကို ကြိုတင်ပြင်ဆင် ခိုင်းထားတာ မအံ့ဩတော့ပါဘူး"
ချူရှင်းယူက နောက်ဆုံးတွင် နားလည်သွားသည်။
လေးပြင်းက ပြင်းထန်လွန်းသည်။ မီတာတစ်ရာအခန့်အထိ ထိုလူများ လွင့်ထွက်သွားပြီးမှသာ ရပ်တန့်သွား၏။
ထိုအချိန်တွင် ကောင်းကင်ရှိ မိုးကြိုးက ပြေလျော့သွားပြီ ဖြစ်သည်။
လုယွီ၏ လက်ထဲတွင် ခရမ်းရောင်ဆေးလုံးကို မြင်နိုင်၏။ ရုတ်တရက် ခရမ်းရောင်ဆေးလုံးက ထက်ရှသော အော်သံကို ပြုလျက် အဝေးသို့ ပြေးသည်။
"ဒါက ပြေးတတ်တယ်လား"
ဒါကို မြင်သောအခါ အဂ္ဂိရက်ပညာရှင် အားလုံးက တားဆီးချင်ကြသည်။ သို့ရာတွင် ခရမ်းရောင်ဆေးလုံးက အသိဉာဏ်ရှိဟန် ရသည်။ ရုတ်တရက် မိုးကြိုး လျှပ်စီးစွမ်းအားကို ထုတ်ဖော်လိုက်၏။
ထိုစွမ်းအားများက ချက်ချင်းလိုလို နီးကပ်လာသော အဂ္ဂိရက်ပညာရှင် တစ်ယောက်ကို ထိမှန်သွားသည်။ ထိုအဂ္ဂိရက်ပညာရှင်က သတိလက်လွတ် ဖြစ်သွားခဲ့ပြီး အဝတ်များက ပေါက်ထွက်သွားကာ မီးသွေးဖြစ်သွား၏။
"ဝိုင်းလိုက်ကြ ဆေးလုံးကို ထွက်မပြေးစေနဲ့"
ချူရှောင်း ကိုယ်တိုင်ကလည်း သွားပြီးဆေးလုံးကို ဖမ်းရန် ကြံစည်သည်။ တစ်ချိန်တည်းတွင်ပင် ကောင်းကင်တွင် အဂ္ဂိရက်ပညာရှင်များစွာ ပျံသန်းလိုက်လျက် တစ်ချိန်တည်းတွင်ပင် ဆေးလုံးကို ဖိနှိပ်ရန် ကြံစည်ကြ၏။
ဆေးလုံးက ရူးသွပ်စွာပင် မီးပြင်းဖို အတွင်းသို့ ဝင်ရောက်တော့သည်။ ဆေးလုံး၏ အရှေ့တွင် လူအယောက် နှစ်ဆယ်ခန့် ရှိနေသော်လည်း ဆေးလုံးကို မည်သူမှ မဖိနှိပ်နိုင်ကြပေ။
ဝုန်း
ရုတ်တရက် ပေါက်ကွဲသံ ထွက်လာပြီး မီးပြင်းဖိုက ပေါက်ကွဲသွား၏။ ခရမ်းရောင် ဆေးလုံးက အတွင်းဘက်မှ ပေါက်ထွက်လာပြန်ပြီး အဝေးသို့ ထွက်ပြေးပြန်သည်။
လုယွီက ထွက်ပြေးနေသော ဆေးလုံးကို ကြည့်သည်။ ထို့နောက် ပြော၏။
"ပြန်လာခဲ့"
တစ်ခွန်းတည်းသာ ဖြစ်သည်။ ထိုတစ်ခွန်းတည်းဖြင့် အဝေးသို့ ရောက်နေပြီဖြစ်သော ဆေးလုံးက ချက်ချင်းလိုလို ရပ်တန့်သွားသည်။ ထို့နောက် သူက နောက်ပြန်လှည့်လာကာ လုယွီ၏ လက်ထဲသို့ ဝင်ရောက်လာ၏။
ချူရှောင်းက အော်သည်။
"ဝမ်ချန်း ဒါက ကောင်းကင်ဘုံကိုးဆင့် ကောင်းကင်ဖျက်ဆီးခြင်း ဆေးလုံးဆိုတာလား"
လုယွီက ခေါင်းညိတ်သည်။ သို့သော်အနည်းငယ် သက်ပြင်းချ၏။
"ဟုတ်တယ် ဒါပေမယ့် ကိုးဆင့်လုံးတော့ မဟုတ်ဘူး၊ အချို့ပစ္စည်းတွေက ပျက်စီးနေလို့ ဒါက ပျက်စီးနေတဲ့ဆေးပဲ"
ချူရှောင်း အသက်ရှူပင် အောင့်လိုက်မိ၏။ ပျက်စီးနေသော ဆေးကပင် ဒီလောက်ရှိသည်။ အစစ်အမှန် ဆေးဆိုလျှင် သူ ခန့်မှန်း၍ပင် မရဲတော့ပေ။
"ငါအရင်က သတိလက်လွတ် ဖြစ်ခဲ့မိပါတယ်၊ ဒါပေမယ့် ရှေးဟောင်းဆေးအကြောင်း ငါဘာမှ မသိခဲ့ဖူးပဲ။ ပြောရရင် ငါ့ကိုယ်ငါ အဂ္ဂိရက်ဘုရင်အဆင့် တစ်ယောက်လို့ သတ်မှတ်ခဲ့တာ ရှက်စရာပါပဲ"
ချူရှောင်းက ကိုယိ့ကိုယ်ကို လှောင်ရယ်သည်။
လုယွီနှင့်ယှဉ်သော် အသက်ပင်ဖြစ်စေ အတွေ့အကြုံပင် ဖြစ်စေ သူကသာသည်။ သို့သော် မည်သည့်ဘက်တွင်မှ အားမသာခဲ့ချေ
လုယွီက သူ့အရှေ့တွင် ဆရာတစ်ပါးကဲ့သို့ ဖြစ်နေ၏။
လုယွီက ဖျော့တော့စွာပြောသည်။
"ဒါက ဒီအတိုင်း လမ်းကြုံသွားရုံပါ။ ငါ သိပ်မကြာခင်က ရှေးဟောင်းဆေးကို လေ့လာခဲ့မိလို့ပါပဲ"
လုယွီက အမှန်ကို ပြောနေခဲ့ခြင်းဖြစ်သည်။ အခြားဆေးများဆိုလျှင် သူ ဒီလောက် ကျွမ်းဝင်နေခဲ့မည် မဟုတ်ပေ။
"ဆရာသခင် ဝမ်ချန်း ဆရာသခင်ဝမ်ချန်းကို ကျွန်တော်တို့ ဂိုဏ်းကိုဆရာသခင် တစ်ယောက်အဖြစ် ဖိတ်ချင်ပါတယ်။ ကျွန်တော် တန်ဆေးတာအိုကို ဖမ်းဆုပ်နိုင်ဖို့ အကြီးအကဲတစ်ယောက် လိုအပ်နေလို့ပါ။ ဆရာသခင်များ စိတ်ဝင်စားပါသလား"
စသဖြင့် အမျိုးမျိုး ဖိတ်ခေါ်လာကြသည်။
အပိုင်း ၉၉၃
ကြည့်ရှုနေသူများ အားလုံးက လုယွီ၏ ခြေသလုံးကိုပင် ဝိုင်းဖက်ချင်နေကြ၏။ ထိုသူများက စွမ်းအားကြီးမားသူများ ဖြစ်ကြသည်။ သို့သော် လုယွီ၏ ခြေသလုံးကိုပင် ဖက်ချင်နေကြ၏။
လုယွီကမူ လက်ကာပြပြီး ပြောသည်။
"ငါ ဘယ်ဂိုဏ်းမှ မဝင်ချင်ဘူး၊ အားလုံးပဲ ပြန်ကြပါ"
"ကိစ္စမရှိပါဘူး၊ ဆရာသခင် ဝမ်ချန်းမလာဘူးဆိုရင်တောင်မှ ကျွန်တော်တို့က အမြဲတမ်း မိတ်ဆွေတွေပါပဲ"
"ဆရာသခင်ဝမ်ချန်း ဆရာသခင်ဝမ်ချန်း အားရင် ကျွန်တော်တို့ လေပြေဂိုဏ်းကို လာရောက်လည်ပတ် လှည့်ပါ"
မည်သို့ပင်ဆိုစေ ထိုသူများ အားလုံးက စကားတစ်ခွန်းနှစ်ခွန်းဖြင့် ဒီပုဂ္ဂိုလ်ကြီးကို ဖိတ်ခေါ်၍ မရမှန်း သိနေခဲ့သည်။ ထို့ကြောင့် ရိုကျိုးစွာဖြင့်သာ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ထားနိုင်ရန် ကြိုးစားကြလေ၏။
ထိုသူများ ပြန်ထွက်သွားကြသည်။
လုယွီက ဒီဆေးကို ကျောက်စိမ်းသေတ္တာအတွင်းသို့ ထည့်ကာ ချူရှောင်းကို ကြည့်၏။
"ခင်ဗျားရဲ့ မီးဖိုနဲ့နေရာကို ငှားတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ချူရှောင်းက လုယွီကိုတားသည်။
"ဝမ်ချန်း မင်းအခုသွားပြီး လုမိသားစုက ဘိုးဘေးကို ဆေးပေးမလို့လား"
ချူရှောင်းက မေးသည်။
"ဟုတ်တယ်"
လုယွီကလည်း မဖုံးကွယ်ပေ။ မည်သို့ပင်ဆိုစေ ဒီဆေးလုံးက တစ်ဖက်လူ အဆင့်တက်ရန်အတွက် ဖြစ်၏။ မြောက်ပိုင်းနယ်မြေ တစ်ခုလုံးက ထိုအကြောင်း သိထားကြသည်။
ချူရှောင်းက ပြောသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထျန်းကျင်းမြို့က လုမိသားစုက တားမြစ်ပိတ်ပင်လိုက်တယ်၊ လုမိသားစုက လူဆိုရင်တောင်မှ ဝင်ထွက်ခွင့်မရှိဘူး၊ မင်း အခုသွားမယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ နည်းနည်းကြာကြာ စောင့်ရလိမ့်မယ်"
လုယွီက မျက်မှောင်ကြုတ်သည်။
"ဘာလို့လဲ"
ထျန်းကျင်းမြို့မှ လုမိသားစုက မြောက်ပိုင်းနယ်မြေ တစ်ခုလုံး၏ အဓိကနေရာဖြစ်သည်။ ထိုနေရာကို ပိတ်လိုက်ခြင်း ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်၏။
ချူရှောင်းက ပြောသည်။
"ရေခဲနယ်မြေက လူတွေက အဆင့်တက်ရောက်ဖို့ ကြိုးစားတဲ့နေရာကို ဝင်ရောက်ဖို့ ကြိုးစားကြတယ်၊ ကံကောင်းစွာနဲ့ လုမိသားစုက သတိဖြင့် ထားရစ်ခဲ့ကြလို့ ကာကွယ်နိုင်ခဲ့တယ်"
"ထျန်းကျင်းမြို့အပြင် လုမိသားစု ပိုင်တဲ့အခြားမြို့တွေကလည်း အတူတကွစုစည်းနေကြပြီ။ အဆင့်တက်ဖို့ကိစ္စနဲ့ ယှဉ်ရင် ဆုံးရှုံးမှုက မပြောပလောက်ဘူးလေ"
ထိုသို့ဆိုလျှင် ဆေးလုံးကို ပို့၍မရပေ။ လုယွီကလည်း အလျင်မလိုပါပေ။ လုဝူတိကလည်း သူ၏ ကိုယ်ထဲရှိ အဆိပ်များကို ဖယ်ရှားရဦးမည် မဟုတ်ပေ။ ထို့ကြောင့် အဆင့်တက်နိုင်ဦးမည် မဟုတ်ပေ။
"ကောင်းပြီ ဒါဆိုရင်ငါ ချူမိသားစု အိမ်တော်မှာပဲနေပြီး ရက်အနည်းငယ်လောက် ဒုက္ခပေးရတော့မယ်"
လုယွီက သူ၏ ကျင့်ကြံခြင်းကို အာရုံစိုက်ချင်သေးသည်။
ချူမိသားစု...
လုယွီက ဒီနေရာတွင် ရှိနေသည်။ တိတ်ဆိတ်စွာသာ ကျင့်ကြံလိုက်၏။ မင်မင်းဆက်အဆင့်သို့ ဝင်ရောက် ချိုးဖျက်လိုက်ခြင်းကြောင့် သူ၏ ဒီနိမ့်ကျသော ကိုယ်က ကြည်လင်သော ချိုးဖျက်တက်ရောက်ခြင်းကို ထုတ်ဖော်လာခဲ့သည်။ လက်ရှိအချိန်တွင် အောင်မြင်မည့် အလားအလာအပြည့်ဖြင့် အဆင့်တက်ရောက် နိုင်တော့မည် ဖြစ်သည်။
ကိုယ်က ပြီးပြည့်စုံသွားမည် ဆိုလျှင် လုယွီက လင်းရှန်းဂိုဏ်းမှ ထျန်းချီရေကန်သို့ ပြန်ပြီး အမွေအနှစ်ကို ဆက်လက်လက်ခံနိုင်ပေလိမ့်မည်။
"တရှားနတ်ဆိုး ဘိုးဘေးက ငါဒီမှာ ရှိနေမှန်းမသိဘူး၊ ငါက မင်မင်းဆက်အဆင့် ရောက်သွားပြီ။ ငါက အမှောင်ထဲကလူ ဒီတော့ အားသာတယ်"
"စည်းမျဉ်းတွေအတိုင်း ကျင့်ကြံကြမယ်ဆိုရင် နယ်မြေအဆင့်ကို ချိုးဖျက်သက်ရောက်ဖို့က ခက်ခဲဦးမှာပဲ။ ဒါပေမယ့် ငါကသာ နတ်ဆိုးဘိုးဘေးကို ဝါးမျိုလိုက်ရင် တစ်ချက်တည်းနှင့် အဆင့်လွန်အဆင့် ဖြစ်သွားလိမ့်မယ်"
လုယွီက တွေးသည်။ လုယွီ၏ နှဖူးတွင် အစင်းသုံးကြောင်း ပေါ်လာ၏။ ထို့နောက် လေးစင်းမြောက် ထွက်ပေါ်လာတော့မည့် သင်္ကေတ ဖြစ်ပေါလာခဲ့သည်။ ရုတ်တရက် လုယွီ၏ တံခါးက အခေါက်ခံရသည်။ တစ်ချက်ကြည့်လိုက်သောအခါ ချူယွီယူကို မြင်လိုက်ရ၏။
ချူမိသားစု ကပ်ဘေးဆိုက်ကတည်းက ချူယွီယူက ဆက်တိုက်ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ ဒီအချိန်တွင် သူမထံမှ ပြင်းထန်သည့် မှော်စွမ်းအားများကို ခံစားမိနေခဲ့၏။
"အရင်တစ်ခေါက် ကိစ္စကြောင့် ငါနင့်ကို ကျေးဇူးတင်ချင်လို့ပါ"
ချူယွီယူက ခပ်တိုးတိုးပြောသည်။
အလှလေး၏ မျက်နှာက နီရဲနေ၏။ သူမက ဒီနေ့ သေချာဝတ်စားလာခဲ့သည်။ သူမ၏ မျက်နှာက တောက်ပပြီး သွားများက ဖြူဖွေးနေ၏။ သူမ၏ ပိုးသားရောင်ဝတ်စုံက အသားအရေနှင့် လိုက်ဖက်နေပြီး ကြည့်ရုံဖြင့်ပင် ငေးနေမိစေလေသည်။
လုယွီက ဖျော့တော့စွာပြုံးသည်။
"မင်း လက်လွှတ်လိုက်ပါ၊ ဒီကိစ္စကို စိတ်ထဲထားနေဖို့ မလိုပါဘူး"
ချူယွီယူက ခပ်တိုးတိုးပြောသည်။
"ငါ ဒီနေရာကိုတောင် ရောက်နေပြီ၊ ငါ ဒီနေ့ တကယ်တော့ နင့်ကို မေးစရာရှိတယ်"
"ဘာများလဲ"
ချူယွီယူက သတ္တိထားပြီးနောက် နီရဲသော မျက်နှာဖြင့်ပြောလာသည်။
"ရေခဲနယ်မြေက လာပြီး တိုက်ခိုက်ခဲ့တုန်းက မြောက်ပိုင်းနယ်မြေက အင်အားစုတွေက မဟာဂိုဏ်းအဖြစ် ဖွဲ့လိုက်ကြတယ်။ ဘုန်းတော်ကြီးအများအပြားလည်း ပါတယ်။ ငါက အဲဒိထဲက တစ်ယောက်ပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေခဲနယ်မြေက စွမ်းအားကြီးမားတဲ့ ဘုန်းတော်ကြီး တစ်ယောက်ကို ငါတို့ ရှာတွေ့ခဲ့တယ်။ သူတို့က တကယ်ထူးဆန်းတယ်၊ သူတို့က အနီးအနား လူသားမြို့တွေက ကလေးတွေကို ဖမ်းနေတယ်၊ ဘယ်သူမှ ဘာတွေဖြစ်နေမှန်း မသိကြဘူး။ ဒါကြောင့် ငါတို့ နှစ်ဖွဲ့ကို စေလွှတ်ခဲ့ပေမယ့် အဆက်အသွယ် ပြတ်သွားတယ်။ အဲဒိသူတွေကို အစွမ်းထက်ဆုံးပုဂ္ဂိုလ်က စောင့်ရှောက် ပေးနေတယ်"
လင်းရှန်းဂိုဏ်းက ဖြစ်စဉ်ကဲ့သို့ ဖြစ်နိုင်၏။
ချူယွီယူက ခေါင်းခါသည်။
"အသေးစိတ် အခြေအနေကို ငါတို့ မသိဘူး။ ဒါပေမယ့် အဆောက်အဦးရဲ့ ဝန်းကျင်မှာ ယဇ်ပလ္လင်တစ်ခု ရှိပြီး အရိုးတွေပြန့်ကျဲနေတာကိုတော့ မြင်ခဲ့ရတယ်။ သေချာပေါက် ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပဲ"
အပိုင်း ၉၉၄
“အဲဒီနေရာကပုံစံက ဘယ်လိုရှိလဲ။”
လုယွီက မေးသည်။
ချူယွီယူက စာလိပ်တစ်လိပ်ကို ထုတ်ပြလာပြီးပြော၏။
“ဒါက အဲဒီနေရာကိုဖြတ်သွားတဲ့ ငါတို့လူတွေ ဆွဲထားတာပဲ၊ ဒီပုံစံအတိုင်းပဲ ဖြစ်လိမ့်မယ်၊ ဒါကြောင့် အဲ့ဒီနေရာကို ဘယ်သူမှ မကပ်ရဲကြဘူးလေ။”
လုယွီက ပုံကိုတစ်ချက်ကြည့်သည်။ ထိုအရာက သင်္ကေတပုံသဏ္ဍာန်တစ်ခု ဖြစ်နေ၏။ သူက သက်ပြင်းချသည်။
“ဘယ်အချိန်က စတာလဲ။”
“အဲ့ဒါတော့ သေချာမသိဘူး၊ ဒါပေမယ့် ငါတို့ ဒီနေ့စပြီး စုံစမ်းကြမှာ။”
ချူယွီယူ၏မျက်နှာက ပျော်ရွှင်မှုဖြင့် ဝင်းလက်သွားသည်။
“နင်သွားမယ်ဆိုရင် အခုစလည်းရတယ်။”
အမှန်အတိုင်းဆိုရသော် တာဝန်ကို လက်ခံရရှိစဉ်က သူမတွင် စိတ်ကူးမရှိခဲ့ပေ။ သို့သော် မဟာမိတ်အဖွဲ့မှ စည်းမျဉ်းများက တင်းကြပ်လေသည်။ ချူရှောင်း၏သမီးဖြစ်သူ သူမက ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ရန်လိုအပ်လေ၏။ သို့ရာတွင် ဝမ်ချန်းပါလျှင်မူ ပြဿနာမရှိတော့ပေ။
လုယွီက တွေးတောပြီးနောက် ချူယွီယူနှင့်အတူသွားရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ ဒါက သူ ယခုမြင်လိုက်ရသော သင်္ကေတကြောင့်ဖြစ်နိုင်သေး၏။
ထိုယစ်ပလ္လင်ကို မြေအောက်လောကမှ ယစ်ပလ္လင်ဟုခေါ်သည်။ ယမမင်း စွမ်းအားကြီးမားလာရန်အတွက် သန့်စင်သော စိတ်ဝိဉာဉ်များကို စတေးလျက် အလဲအလှယ်လုပ်ရခြင်းဖြစ်သည်။
လုယွီကမူ အဆင့်မြင့်ဘုံမှ နတ်ဘုရားဖြစ်သည်။ ယုံကြည်သက်ဝင်သူတိုင်း၏ စိတ်ဝိဉာဉ်စွမ်းအင်များက သူ စုပ်ယူနိုင်သောအရာဖြစ်၏။ သို့သော် သည်လိုစုပ်ယူသော အခမ်းအနားမျိုးကို သူတို့ကဲ့သို့ အမြင့်ဘုံများမှ လူများကပင် အသုံးပြုတတ်ကြ၏။
သည်လိုအဆင့်နိမ့်ဘုံက မည်သည့်အတွက်ကြောင့် သည်လိုလုပ်နိုင်နေကြောင်း သူ နားမလည်တော့ပေ။
“လာသွားကြည့်ရအောင်။”
လုယွီ၏မျက်ဝန်းထဲ အေးစက်သောအကြည့်က လက်သွားသည်။
အဆင့်မြင့်ဘုံမှ လူတစ်ယောက်သာဆိုလျှင် သည်နေရာတွင် ပြဿနာရှာရဲကတည်းက လုယွီက ကိုင်တွယ်ရတော့ပေမည်။
ချူမြို့ …
ချူယွီယူက ပစ္စည်းများကိုယူလျက် ခမ်းနားသော စားသောက်ဆိုင်သို့ ဆင်းသက်လိုက်သည်။ ထိုစားသောက်ဆိုင်၏အမြင့်ဆုံးအထပ်က အလွန်းခမ်းနားစွာ ပြင်ဆင်ထား၏။ ချူယွီယူ သိထားသည့်အတိုင်းဆိုလျှင် အမျိုးမျိုးသော အင်အားစုများမှ ထိပ်တန်းအဆင့် လူငယ်ပါရမီရှင်များအားလုံးက တာဝန်လက်ခံရယူကြမည်ဖြစ်သည်။
အစေခံများ ဝိုင်းလျက် ဝင်သွားပြီးနောက် ချူယွီယူနှင့်လုယွီတို့က ထိပ်ဆုံးအထပ်သို့ ရောက်သွား၏။
“ယွီယူ ရောက်လာပြီလား။”
ချူယွီယူ ရောက်လာကြောင်းမြင်သောအခါ ခန့်ညားချောမောသော လူငယ်တစ်ယောက်က ကြိုဆိုသည်။
ချူယွီယူကလည်း ယဉ်ကျေးစွာခေါင်းငြိမ့်ပြ၏။
“အစ်ကိုဝမ် ကျွန်မတို့ရောက်ပြီ။”
ထို့နောက် ချူယွီယူက လုယွီနှင့်မိတ်ဆက်ပေးသည်။
“ဒါက ကျစ်လန်ကလန်က ဝမ်မင်ပဲ၊ သူ့ရဲ့အဖေကတော့ ကလန်ခေါင်းဆောင်ပေါ့။”
“ကျစ်လန်ကလန် ဟုတ်လား။”
လုယွီက သူ့ရှေ့မှလူကို တစ်ချက်ကြည့်သည်။ မှတ်မိသည်မှာ မှန်ကန်လျှင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျစ်လန်ကလန်မှ ခေါင်းဆောင်က သူ့အား ဂိုဏ်းသို့ဝင်ရန် ဖိတ်ကြားခဲ့ဖူးသည်။ သို့ရာတွင် လုယွီက စိတ်ထဲမထားခဲ့ပေ။
`သူ ဘယ်လိုများ ကျစ်လန်ကလန်ကိုဝင်မှာလဲ။`
“ယွီယူ သူက ဘယ်သူလဲ။”
ဝမ်မင်က လုယွီကိုကြည့်လျက် ထပ်ပြောသည်။ သူက မျက်မှောင်ကြုတ်ထား၏။ ချူယွီယူက လုယွီနှင့်မိတ်ဆက်ပေးသည်။ သို့သော် အသံတစ်သံက နှောင့်ယှက်လိုက်သဖြင့် မိတ်ဆက်ခြင်းက မပြီးဆုံးသွားခဲ့ပေ။
“ယွီယူ ဘာလို့ အခုမှ ရောက်လာတာလဲ၊ ငါတို့တွေ နင့်ကိုစောင့်နေတာ ကြာပြီ။”
ခမ်းနားကြော့ရှင်းသောဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ထွက်လာသည်။ ထို့နောက် ချူယွီယူကို ဘေးသို့ဆွဲခေါ်၏။ ချူယွီယူက တုံ့ဆိုင်းသွားသည်။
“ကျွန်မမှာ မိတ်ဆွေ ပါတယ်။”
ထိုအမျိုးသမီးက မျက်မှောင်ကြုတ်ပြီး လုယွီကို ကြည့်၏။
“မဟုတ်သေးပါဘူး၊ ဒီတာဝန်က မြင့်တယ်၊ သာမန်လူတိုင်း ဝင်ပါလို့ရတာ မဟုတ်ဘူး။”
ချူယွီယူက လုယွီ၏နောက်ခံကို ရှင်းပြရန်ပြင်ဆင်လိုက်၏။ သို့သော် သည်တစ်ကြိမ်တွင် ဝမ်မင်က ပြောလာပြန်သည်။
“ကိစ္စမရှိဘူး၊ ယွီယူရဲ့မိတ်ဆွေဆိုမှတော့ ဝင်ခွင့်ပေးလိုက်ပါ၊ သူ့ကို ငါ ထောက်ခံပေးမယ်၊ တစ်စုံတစ်ရာဖြစ်လာရင် မင်းကိုမသတ်ဘူး။”
ထိုစကားကိုကြားသောအခါ ထိုမိန်းမက စိတ်အေးသွားဟန်ဖြစ်သွားသည်။
“လာလေ ဒါဆိုလည်း ဝင်ကြတာပေါ့။”
ထိုဆွဲဆောင်မှုပြင်းသောအမျိုးသမီးက သူ့တို့ကို အခန်းအတွင်းသို့ခေါ်သွားသည်။ အခန်းက အလွန်ကျယ်သည်။ မည်သို့ပင်ဆိုစေ သည်နေရာက ထိပ်တန်းအဆင့် စားသောက်ဆိုင် ဖြစ်နေသေးလေ၏။
သည်တစ်ကြိမ်တွင် ငယ်ရွယ်သော ဘုန်းတော်ကြီးအဆင့် ဆယ်ယောက်ကျော် ရှိနေခဲ့သည်။ သူတို့အားလုံးက တစ်စုံတစ်ရာကို ဆွေးနွေးနေဟန်ရ၏။
လုယွီတို့ ဝင်သွားသည်နှင့်လူတိုင်းက ကြည့်လာကြသည်။
“ယွီယူ ရောက်လာပြီ။”
“ယွီယူ ဒီတစ်ကြိမ် မင်းတို့ချူမိသားစုဆီက ဆေးလုံးတွေကိုပဲ ကျေးဇူးတင်ရမယ်။”
ချူယွီယူ ဝင်လာသည်နှင့်အားလုံးက ဝိုင်းလာလျက် ချီးကျူးကြသည်။ ထိုလူငယ်ပါရမီရှင်များအားလုံးကို အင်အားကြီးအင်အားစုများက ပံ့ပိုးပေးထားကြ၏။ ချူမိသားစုကမူ ကွာခြားသည်။
အပိုင်း ၉၉၅
ရွှမ်ယွဲ့ဂိုဏ်းနှင့်ထျန်းမင်ဂိုဏ်းတို့က မကောင်းကြံရန် ကျရှုံးသွားရုံသာမကလေဘဲ ဆရာသခင်ဝမ်ချန်းကလည်း ချူမိသားစုအတွင်းတွင် ဝင်ရောက်ခဲ့၏။
ထို့ကြောင့် သည်နေ့က ချူမိသားစုက အမြင့်ဆုံးဟု ဆိုနိုင်သည်။
သူတို့က ချူယွီယူကို ချီးကျူးစကားဆိုနေကြ၏။ မိတ်ဆွေဖြစ်ချင်နေကြ၏။ မည်သို့ပင်ဆိုစေ ချူယွီယူက တိုက်ရိုက်မျိုးဆက်ဖြစ်သည်။
ချူယွီယူက ဖျော့တော့စွာပြုံးသည်။
“အားလုံးက မြောက်ပိုင်းနယ်မြေအတွက် လုပ်ခဲ့ရတာပါပဲ၊ ငါတို့ချူမိသားစုက လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ။”
ယဉ်ကျေးမှုစကားအနည်းငယ် ဖလှယ်ပြီးနောက် လူတိုင်းက အကြံအစည်ကို ပြောကြသည်။ သူတို့အားလုံးက လုယွီကို လျစ်လျူရှုထားကြ၏။ သူတို့က မသိလိုက်မသိဘာသာ ချူယွီယူ၏လက်ထောက်ဟုသာ သတ်မှတ်လိုက်တော့သည်။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက အဆင့်မြင့်သခင်လေးများဖြစ်ကြသည်။ သက်တော်စောင့်တစ်ယောက်နှင့် စကားပြောမနေတော့ပေ။
သိပ်မကြာခင်မှာပင် ဝမ်မင်က အကြံအစည်ကို ထုတ်ပြောလာ၏။ ထို့နောက် သူတို့အားလုံး မျက်မှောင်ကြုတ်ကြသည်။
သူတို့၏အကြံအစည်က သေမျိုးများအဖြစ် ရုပ်ဖျက်လျက် သေမျိုးမြို့အတွင်းသို့ ခိုးဝင်ရန်ဖြစ်သည်။ ထို့နောက် အဖမ်းခံရသည်ဟု ဟန်ဆောင်ပြီး တိုက်ရိုက်ပင် သူတို့အသိုက်ထဲသို့ ဝင်ကာ တစ်ချက်တည်းဖြင့် အမြစ်ဖြတ်သုတ်သင်မည်ဟု ဆိုထား၏။
ချူယွီယူ၏ မူလအကြံအစည်ကမူ အကူရောက်လာသည်အထိ စောင့်ဆိုင်း တိုက်ခိုက်ပြီးမှသာလျှင် ကိုင်တွယ်ရန် ဆုံးဖြတ်ထားခြင်းဖြစ်၏။
ဝမ်မင်က လက်ကာပြ၏။
“မင်း မသိပါဘူး၊ မဟာမိတ်အဖွဲ့က တိုက်ရိုက်တိုက်ခိုက်ချင်တာမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လတ်တလောမှာတော့ ရေခဲနယ်မြေနဲ့ ပေါ်တင် မတိုက်ခိုက်နိုင် ကြဘူးလေ၊ ပြောရမယ်ဆိုရင် ဒီတာဝန်ကို အမြန်ဆုံးပြီးအောင် လုပ်ချင်တယ်ဆိုရင် မဟာမိတ်အဖွဲ့ကိုတော့ စောင့်နေလို့မရဘူး။”
ချူယွီယူက မျက်မှောင်ကြုတ်လျက် ပြောသည်။
“ငါတို့ သတိထားပြီး လုပ်သင့်တယ်၊ ဘာပဲဖြစ်ဖြစ် လီယွီတို့သွားပြီး ဘယ်တော့မှ ပြန်မလာခဲ့ကြဘူးလေ။”
နတ်မင်းလီက မြောက်ပိုင်းနယ်မြေ၏ ထိုကန့်သတ်နယ်မြေသို့ ဝင်ရောက်သွားခဲ့သည်။ သို့ရာတွင် ဘယ်တော့မှ ပြန်မလာခဲ့ပေ။
ဝမ်မင်က နှာခေါင်းရှုံ့ပြီးပြောသည်။
“လီယွီက အသုံးမကျတဲ့အမှိုက်ပါပဲ၊ သူ့ရဲ့ နောက်လိုက် ပမာဏတွေဆိုတာကလည်း စစ်သည်တော်တွေနဲ့ အသုံးမကျတဲ့ကောင်တွေချည်းပဲ၊ သူ ဝင်သွားတာက သူ သေချင်နေတာပဲဖြစ်ရမယ်။”
“ဒါပေမယ့် ငါတို့က ကွာခြားတယ်၊ ငါကိုပဲ ကြည့်စမ်းပါအုံး၊ လီယွီက ဓမ္မအဆင့်နှောင်းပိုင်းအဆင့်ပဲ ကျင့်ကြံနိုင်သေးတာ၊ ငါက ခန္ဓာကိုယ်ပြင်ပကို ထုတ်လွှတ်နိုင်တဲ့ အဆင့်အထိရောက်နေပြီ။”
သူ၏စကားများကြားတွင် ဝမ်မင်က သူ၏အနောက်မှ ဖျော့တော့သော တစ္ဆေပုံရိပ်ကို ထုတ်လွှတ်လိုက်သည်။ အခြားသော ပါရမီရှင်များအားလုံးက မနာလို ဖြစ်သွားကြသည်။ သူတို့ တွေးပင်မတွေးရဲသေးချေ။
“သူ ပြောသလိုလုပ်လိုက်။”
လုယွီက ပေါ့ပါးစွာပြောသည်။
သူသာဆိုလျှင်လည်း သည်နည်းလမ်းကို သုံးပေလိမ့်မည်။ မည်သို့ပင်ဆိုစေ မြွေကို ကြောက်နေရန်မလိုအပ်ပေ။
လုယွီက ပြောလာကတည်းက ချူယွီယူ မစိုးရိမ်တော့ပေ။ အခက်အခဲရှိနေလျှင်ပင် လုယွီရှိနေသေးသည်။ ထို့ကြောင့် အပြောင်းအလဲဖြစ်သွားမည်ဖြစ်သည်။
ဝမ်မင်က လုယွီကို ကြည့်ကာပြော၏။
“ဟုတ်တယ်၊ ငါတို့ သေမျိုးမြို့ထဲကိုဝင်မယ်၊ အကောင်းဆုံးကြိုးစားပြီး ကိုယ့်ကိုယ်ကို ရုပ်ဖျက်ထားရမယ်၊ ဒီတော့ လူခွဲတာကအကောင်းဆုံးပဲ၊ ဒီလိုမှပဲ ရှာတွေ့သွားတဲ့ကိစ္စကနေ ဖြေရှင်းနိုင်လိမ့်မယ်။”
“နှစ်ဖွဲ့ခွဲထားမယ်၊ တကယ်လို့အန္တရာယ်ရှိရင် အချင်းချင်းဆက်သွယ်ကြတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ ခါးကပ်အဆောင်တွေ ရှိနေတာပဲ။”
ထို့နောက် ခါးကပ်အဆောင်များကို ဖြန့်ပေးသည်။
လုယွီအလှည့်တွင်မူ မရှိတော့ပေ။ ဝမ်မင်က ပြုံးသည်။
“စိတ်မရှိပါနဲ့ယွီယူ လူတစ်ယောက် အပိုပါလာမယ်လို့ ငါ မထင်ထားတော့ ပိုယူလာခဲ့ဖို့ မေ့သွားတယ်။”
သို့ရာတွင် သူ့တွင် အပိုရှိနေသေးသည်။ သို့သော် ချူယွီယူပတ်ဝန်းကျင်မှ လူများအတွက် သူ မပြင်ဆင်ပေးနိုင်ပေ။
ချူယွီယူက လုမိသားစုနှင့်စေ့စပ်ထားသည်။ သူ သူမအား လက်ထပ်ရလိမ့်မည် မဟုတ်ပေ။
သည်တစ်ကြိမ်တွင်မူ သူ၏လုပ်နိုင်စွမ်းအားကို ပြသလျက် ချူယွီယူ သူ့အား သဘောကျသွားအောင် သူ လုပ်နိုင်သေး၏။
ချူယွီယူ၏ ယင်ယန်ခန္ဓာကိုယ်က ဝမ်မင် အလိုအပ်ဆုံးအရာလည်း ဖြစ်နေသေးသည်။
လုယွီက ပြောသည်။
“မလိုဘူး၊ ငါ ဒီလိုအရာတွေ မလိုဘူး။”
သည်တစ်ကြိမ်တွင် သူက မြေအောက်လောကမှ ယစ်ပလ္လင်ကို ဖျက်ဆီးလိုခြင်းဖြစ်သည်။ သူ မဖြေရှင်းနိုင်သော ပြဿနာများရှိနေလျှင် သည်လူများလည်း ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။
ချူယွီယူက နှုတ်ခမ်းကိုက်သည်။
“ငါ သူနဲ့သွားမယ်၊ အန္တရာယ်တစ်ခုခုရှိလာရင် ငါ့နဲ့ခါးကပ်အဆောင်ကို သုံးနိုင်တယ်။”
ဝမ်မင်က အလောတကြီးပြောသည်။
“ယွီယူ ဒီတာဝန်က အရေးကြီးတယ်၊ မင်းက ပိုပြီးစွမ်းအားကြီးတဲ့လူနဲ့အတူ ရှိနေသင့်တာ၊ ဒါမှပဲ မင်းကို ကာကွယ်နိုင်မှာလေ။”
သူက အဓိပ္ပါယ်အပြည့်အဝဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သည်နေရာတွင် သူ့ထက် စွမ်းအားကြီးများသူ မရှိတော့ပေ။
ချူယွီယူက ငြင်းသည်။
“မလိုပါဘူး အစ်ကိုကြီးရဲ့ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်ပါတယ်။”
ဝမ်မင်က ခြေဆောင့်သည်။
“ငါ အများကြီးပြောပြီးပြီ၊ မင်း နားမလည်သေးဘူးလား၊ မင်းက နူးညံ့တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အန္တရာယ်ရှိလာတဲ့အခါ တစ်ခုခုဖြစ်သွားရင် ငါ အကြီးအကဲချူကို ဘယ်လိုများ ရှင်းပြရတော့မှာလဲ။”
သူက စိုးရိမ်နေဟန်ရသည်။ သူသာ လုယွီကို ခါးကပ်အဆောင်ပေးလိုက်လျှင် သည်လိုဖြစ်လာလိမ့်မည် မဟုတ်ပေ။