အခန်း (၉၉၆-၁၀၀၀)
Vol. 53 Ch. 996-1000
အပိုင်း ၉၉၆
ယွီယူ၏မျက်နှာက အေးစက်သွားသည်။
“အစ်ကိုကြီး အစ်ကိုကြီး ကိုယ့်ညီမကိုယ် ကာကွယ်သင့်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူမက မှော်စွမ်းအင်အနည်းငယ်လောက်ပဲ သုံးနိုင်တာဆိုတော့ နောက်ခံပိုလိုအပ်မှာပဲ။”
သူမက ဉာဏ်ကောင်းသည်။ ဝမ်မင်၏အကြံကို သိ၏။ သို့ရာတွင် သူမကမူ လက်မခံနိုင်ပေ။ သူမ ဝမ်ချန်းနှင့်အတူရှိနိုင်သည့် ရှားပါးသောအခွင့်အရေးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။
“ကောင်းပြီလေ ယွီယူ မင်း သဘောအတိုင်းပေါ့၊ ဒါပေမယ့် ရတနာတွေကိုတော့ ပိုဆောင်သွားပါ။”
မည်သို့ပင်ဆိုစေ ဝမ်မင်က ကြောက်မက်ဖွယ်ကောင်းသော အကြည့်မျိုးဖြင့် ပြော လိုက်သည်။
“ကောင်လေး မင်း ယွီယူကို ဆွဲချရဲမယ်ဆိုရင် ငါ မင်းကို ဘယ်လိုလုပ်မလဲ ကြည့်လိုက်။”
လုယွီကမူ ထိုလူအား ဂရုပင်စိုက်မနေခဲ့ပေ။ သူက မြေပုံကိုသာ ကြည့်၏။ မြေပုံက အစင်းကြောင်းတိုင်း လမ်းကြောင်းတိုင်းက သူ့စိတ်တွင် သတ်မှတ်ထားပြီးသား ဖြစ်သည်။ အခြားသူများလည်း အလားတူလုပ်ကြ၏။ ထို့နောက် သူတို့အားလုံး အလျင်စလို ထွက်ခွာကြတော့သည်။
မှော်လက်နက်ကို ထိန်းချုပ်ပြီးနောက် ထိုအဆောက်အဦများရှိရာနေရာသို့ နီးကပ်သွားသည်အထိ သူတို့ ချဉ်းကပ်သွားလိုက်ကြ၏။ မိုင်အနည်းငယ်ဝေးကွာသော အခါမှသာ သူတို့ လူစုခွဲကြသည်။
ရုန်နင်မြို့ …
သည်မြို့က ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်ခံရလေ့ရှိသော သေမျိုးတိုင်းပြည်၏ ရှေ့တန်းမြို့တစ်မြို့ဖြစ်သည်။
လုယွီနှင့်ချူယွီယူတို့က စုံတွဲအတွဲဟန်ဆောင်လျက် လှည်းယာဉ်တစ်စင်းနှင့်အတူ ဝင်ရောက်လာခဲ့သည်။
“သူတို့ အရင်ရထားတဲ့ သတင်းအချက်အလက်တွေအတိုင်းဆိုရင် ရေကန်အနီးမှာ ကလေးတွေကို လုယက်တယ်လို့ပြောကြတယ်၊ ကြည့်ရတာ ဒီ နေရာ ဖြစ်လောက်တယ်။”
ချူယွီယူက ပြောသည်။
လုယွီက လမ်းကို တစ်ချက်ကြည့်ပြီးနောက် ကလေးများစွာ ဆော့ကစားနေကြောင်း မြင်လိုက်ရသည်။
“ငါတို့ ဒီမှာစောင့်မယ်။”
တည်းခိုဆောင်၏ဒုတိယအထပ်သို့ အမျိုးသားနှစ်ယောက် ချဉ်းကပ်လာသည်။ သူတို့က လူတိုင်း၏လှုပ်ရှားမှုများကို လျှို့ဝှက်စွာစောင့်ကြည့်နေ၏။
ညအချိန်က ရောက်လာသည် …
ကလေးများအားလုံးက သူတို့၏မိဘများအိမ်သို့ သယ်ဆောင်သွားခြင်းကို ခံရသည်။ သို့သော် မိသားစုတိုင်းလိုလို နတ်ဆိုးစိတ်ဝိဉာဉ်များ၏ နှောင့်ယှက်ခံနေရသဖြင့် အမြဲလိုလို ငြိမ်းချမ်းမှုရရန်အတွက် တောင်းပန်ငိုယိုလေ့ရှိကြသည်။
လုယွီနှင့်ယွီယူတို့က အနားမယူကြဘဲ တိတ်ဆိတ်စွာသာ စောင့်ဆိုင်းနေကြသည်။ သို့သော် ထိုအချိန်တွင် ရုန်နင်မြို့ အခြားတစ်ဖက်ခြမ်းမှ ကျယ်လောင်သောအသံကို ကြားလိုက်ရ၏။
“ရေခဲနယ်မြေက သူခိုးကောင် သေစမ်း။”
ရုတ်တရက် ဝမ်မင်၏အော်ဟစ်သံက ထွက်ပေါ်လာသည်။ လုယွီ မျက်မှောင်ကြုတ်လိုက်၏။ သူတို့က ချောင်းတိုက်မည်ဟု ပြောသော်လည်း ကိုယ့်ကိုယ်ကို ဖော်လိုက်သလို ဖြစ်သွားလေပြီ။ ချူယွီယူက စိုးရိမ်စွာပြောသည်။
“ဝမ်မင်ကို ကယ်သင့်လား။”
လုယွီက ခေါင်းခါသည်။
“ရေခဲနယ်မြေကလူတွေက စလှုပ်ရှားနေပြီ၊ ငါတို့ နောက်က လိုက်သွားရမယ်။”
ချူယွီယူကလည်း အလျင်စလိုဖြစ်သွားသည်။
ထိုအချိန်တွင် အနက်ရောင်အရိပ်များစွာ ထွက်ပေါ်လာလျက် လူစုကွဲသွား၏။ သိပ်မကြာခင်မှာပင် လူတစ်ယောက်ထွက်လာသည်။ သူ၏လက်ထဲတွင် ကြိုးတစ်ချောင်းကို ကိုင်ထားသည်။ ကြိုးက ကလေးများချည်ရန်အတွက် လုံလောက်လေသည်။ ထိုကြိုးက မှော်လက်နက်ဖြစ်ပြီး လူအများစုကသာ ချည်ဆွဲခံရပါက အလိုလိုလေထဲတွင် ပျံတက်သွားပြီး လိုက်ပါလာပေလိမ့်မည်။
မြို့၏အခြားတစ်ဖက်ခြမ်းမှ စတင်ပြီး အနက်ရောင်အရိပ်များစွာကို မြင်လိုက်ရ၏။ ထိုသူများအားလုံးက အတူပူးပေါင်းပြီး လျင်မြန်စွာ လှုပ်ရှားကြသည်။
“နောက်က လိုက်ရအောင်။”
လုယွီက တည်းခိုဆောင်ပေါ်မှ ခုန်ချလျက် ပြေးသည်။
သေမျိုးမြို့အတွင်းတွင် ဝမ်မင်တို့အားလုံးက ရေခဲနယ်မြေမှ ဘုန်းတော်ကြီးများကို ရင်ဆိုင်နေခဲ့ကြသည်။
ပုံမှန်အားဖြင့် ရေခဲနယ်မြေမှ အဆင့်မြင့်ဘုန်းတော်ကြီးများကို ရှာဖွေရန်က မဖြစ်နိုင်ခဲ့ပေ။ လုယွီကလည်း သည်သခင်လေးတွေ သည်လိုလုပ်သည့်ကိစ္စကို တားရန် စိတ်ကူးမရှိပေ။
“အကြီးဆုံးအစ်ကိုဝမ်က အချက်ပြ ပို့လွှတ်လိုက်ပြီ။”
ချူယွီယူက ရုတ်တရက် ခါးကပ်အဆောင်ကိုကြည့်သည်။
ခါးကပ်အဆောင်မျက်နှာပြင်ပေါ်တွင် ပူပြင်းကာနီရဲနေသည်။
လုယွီ တစ်ချက်ကြည့်၏။
“မင်းသွားပြီး ကူညီလိုက်ပါ၊ ငါ ဒီမှာရှိမယ်။”
မတော်တဆကိစ္စရှိလာလျှင် ကိုင်တွယ်ရလွယ်ကူလိမ့်မည် မဟုတ်ပေ။ ချူယွီယူကလည်း နားလည်သည့်အတွက်ပြောသည်။
“နင် ပိုပြီးဂရုစိုက်နော်။”
ချူယွီယူကို နှုတ်ဆက်ပြီးနောက် လုယွီက ချက်ချင်းဆိုသလို ထိုရေခဲဘုန်းတော်ကြီးများဆီသို့ တစ်ယောက်တည်း ဝင်သွားသည်။ သူတို့က သေမျိုးမြို့ပေါ်မှ ထွက်လာကြပြီး လက်ထဲတွင် ကြိုးရှည်တစ်ချောင်းကို ကိုင်ထားကြ၏။ ကလေးများကို ခေါင်းအလယ်မှတစ်ဆင့်ပတ်လျက် ခေါ်လာခဲ့ကြခြင်းဖြစ်သည်။
လုယွီက အနောက်မှ တိတ်တဆိတ်လိုက်သွားလျက် အပျက်အဆီးချိုင့်ဝှမ်း တစ်ခုဆီသို့ ရောက်သွားသည်။ သည်ချိုင့်ဝှမ်း၏အပြင်ဘက်တွင် ဘုန်းတော်ကြီးများစွာက စောင့်ဆိုင်းနေကြသည်။
“ဒီတစ်ကြိမ် ဘယ်နှစ်ယောက် ပါလာလဲ။”
ရေခဲနယ်မြေမှ ဘုန်းတော်ကြီးက ပြန်ဖြေသည်။
“တစ်ယောက် နှစ်ယောက်ပဲ၊ အသက်နှစ်ဆယ်အောက်တွေပဲ။”
အစောင့်က ပြောသည်။
“ကောင်းပြီ၊ ဝင်တော့ တော်ဝင်သံတမန်က စောင့်နေတာကြာပြီ။”
အပိုင်း ၉၉၇
အားလုံး အလုပ်များနေကြသည်။ လုယွီက အခွင့်အရေးကို စောင့်နေပြီးနောက် ခန္ဓာကိုယ်ရွေ့လျားခြင်းနည်းလမ်းကို သုံးလျက် ထိုလူများထံသို့ ခုန်ဝင်သွားလိုက်သည်။ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် လေပြင်းက ဖြတ်တိုက်သွားကာ လူများ ဖျတ်ခနဲလန့်သွားတော့၏။
“ငါ ဒီနေရာကို အပို့ခံရတာကံဆိုးတာပဲ။”
“ရှူး တိုးတိုးနေစမ်းပါ၊ အဲ့ဒီလူတွေကြားသွားမယ်။”
“သူ ဒီနေရာကိုရောက်လာတာ အရမ်းကြောက်ဖို့ကောင်းတယ်၊ တေဒီလူတွေ ဘာတွေလုပ်နေမှန်း မသိတော့ပါဘူး။”
ဖမ်းရန်တာဝန်ယူထားရသော ဘုန်းတော်ကြီးများက အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့က ကလေးများကိုချလျက် ခပ်မြန်မြန်ထွက်သွားကြ၏။ ကလေးများက မြေပြင်တွင် ပစ်ချခံလိုက်ရသည်။
တစ်နာရီခန့် ကြာသွား၏။
…
သည်မြေပြင်ပတ်ပတ်လည်အတွင်း ဂူများအပြည့် ရှိနေ၏။ ရုတ်တရက် အရိုးစုများ ထွက်လာလျက် ကလေးများထံသို့ ချဉ်းကပ်လာသည်။ သူတို့အားလုံးက ကလေးများကို တရွတ်တိုက်ဆွဲလျက် ဂူအတွင်းသို့ ခေါ်သွား၏။
“ယင်ပင်းအမိန့်”
ရုတ်တရက် လုယွီ၏မျက်ဝန်းက အေးစက်သွားသည်။ ထိုမြေအောက်လောကမှ ဘုန်းတော်ကြီးထိန်းချုပ်ထားသော မှော်စွမ်းအင်က အဆင့်မြင့်လောကမှဖြစ်၏။ အဆင့်မြင့်လောကတွင်ပင် လူတိုင်းက သည်လိုနည်းလမ်းများကို အသုံးမပြုနိုင်ကြပေ။ ထို့ကြောင့် အဆင့်နိမ့်လောကတွင် မပေါ်လာသင့်ပေ။
“ဘယ်သူလဲ။”
လုယွီက ဝင်သက်ကို ဖုံးကွယ်ပြီးနောက် ထိုလူများနောက်မှ လိုက်သွား၏။ ရုတ်တရက် ယင်စစ်သည်တော်က အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူက အသေကောင်အလောင်းများကို ဆင့်ခေါ်လိုက်လျက် ပတ်ဝန်းကျင်တွင် ရှာဖွေစေ၏။
သည်ဂါထာကို လုယွီက ပထမဦးစွာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လုယွီက အနောက်မှလိုက်သွားသောအခါ ထိုလူများက သူ့အား ရှာမတွေ့နိုင်ခဲ့ချေ။
နက်ရှိုင်းသောအပိုင်းသို့ ဝင်ရောက်သွားပြီးနောက် အမှောင်ထုကိုပင် မမြင်ရသေးချေ။
သည်နေရာတွင်ရှိသော ယင်စွမ်းအင်က ပြင်းထန်လာသည်။ သတ်ဖြတ်ခြင်း ချီစွမ်းအင်က မြင့်မားလာ၏။
“အရှင်သခင် အိပ်နေတာကို ဘယ်သူက ဝင်လာရဲတာလဲ။”
ခပ်တင်းတင်းအသံ ထွက်လာသည်။
အလွန်ကြီးမားသော မြင်းခေါင်းအရွယ်အစားရှိသည့် မျက်လုံးနှစ်လုံးကြီးက ပေါ်ထွက်လာသည်။ ဒါက နတ်ဆိုးတစ္ဆေကြီးဖြစ်၏။ သူ ထလာသည်နှင့် ရှည်လျားသောချိန်းကြိုးကြီးက တရွတ်တိုက်ရမ်းလာသည်။
ထိုချိန်းကြိုးကြီးကို သူက လက်ဖြင့် ဒရွတ်တိုက်ဆွဲလာခြင်းဖြစ်၏။
နတ်ဆိုးဝိဉာဉ်များက အလွန်စွမ်းအားကြီးကြသည်။ သူတို့ လမ်းလျှောက်ရုံနှင့်ပင် မြေပြင်က တုန်ခါရ၏။
“ဒီနေရာက ထွက်သွား။”
လုယွီက ထိုနတ်ဆိုးဝိဉာဉ်နှစ်ကောင်ကို အေးစက်စွာကြည့်သည်။ သူက ဖျော့တော့စွာသာရှိနေ၏။
နတ်ဆိုးဝိဉာဉ်များက လုယွီကိုမြင်သောအခါ ရုတ်တရက် မိုးကြိုးပစ်ခံရသကဲ့သို ့ဖြစ်သွားပြီး မြေပြင်တွင် ဒူးထောက်သည်။
“ခွင့်လွှတ်ပေးပါအရှင်”
“ဘယ်သူ့အမိန့်နဲ့လဲ။”
လုယွီက မေးသည်။
ထိုနှစ်ယောက်က မတုံ့ဆိုင်းရဲကြပေ။ သူတို့က ပါးစပ်ဖွင့်တော့မည့်အချိန်တွင်ပင် ရုတ်တရက်ကိုယ်က တောင့်တင်းသွားကြပြီး ခေါင်းများက ပေါက်ကွဲသွားကြ၏။
“တားမြစ်စကား ဟုတ်လား။”
လုယွီ၏မျက်ဝန်းအတွင်း အေးစက်မှုက လက်သွားသည်။ သူက ချက်ချင်းဆိုသလို သည်ဂူမှ လေထဲသို့ မြောက်တက်လိုက်၏။
အပိုင်း (၉၉၈)
ဂူအတွင်းတွင် မရေမတွက်နိုင်သော ယင်စစ်သည်တော်များက အသိစိတ်မဲ့နေသော ကလေးများကို ယဇ်ပလ္လင်ထံသို့ ပို့နေကြသည်။
ယဇ်ပလ္လင်ကို ကြည့်ရုံဖြင့်ပင်အေးစက်စွာ နတ်ဆိုးဆန်သော ခံစားချက်ကို ရနေမည်ဖြစ်သည်။
ယဇ်ပလ္လင်၏ အောက်တွင် မရေမတွက်နိုင်သော အရိုးများ ပေါ်နေသည်။ အစွန်းတစ်နေရာတွင် သွေးများ စီးနေ၏။
"နိမ့်ကျတဲ့ ပုရွက်ဆိတ်လိုကောင် ဒီနေရာက မင်းလာသင့်တဲ့ နေရာမဟုတ်ဘူး၊ ထွက်သွားစမ်း"
လုယွီ၏ နားအတွင်းထိုစကားသံက မြည်ဟီးလာသည်။ သူ၏ ပတ်ဝန်းကျင်တွင် ယင်စစ်သည်တော်များအားလုံးက ခက်ထန်သော အလင်းများကို လွှတ်ထုတ်ကာ သူ့ထံ ခုန်ဝင်လာကြသည်။
"သေချင်နေကြတာပဲ"
လုယွီက နှာခေါင်းရှုံ့ပြီး တစ်ချက်ရမ်းလိုက်ရုံမျှဖြင့် ထိုယင်စစ်သည်တော်တိုင်းက အရိုက်အနှက်ခံရသည်။ သို့ရာတွင်ထိုယင်စစ်သည်တော်များက အဆုံးမသတ်နိုင်ဟု ထင်ရလောက်အောင် တိုးဝင်လာနေကြ၏။
"မင်း ဘယ်သူလဲ၊ ငါ ကြည့်မယ်"
လုယွီက ရှေ့ဆက်တိုးသည်။ စင်နားသို့ ရောက်သွားချိန်တွင် စင်၏ အလယ်တည့်တည့်ကို ရိုက်ချလိုက်၏။
စင်၏ အက်ကွဲရာထဲမှ အနက်ရောင်အငွေ့များက ထွက်လာပြီး ဂူတစ်ခုလုံး တုန်ခါသွားတော့သည်။
"ပုရွက်ဆိတ်ကောင် မင်းငါ့ကို စိတ်ပျက်စေတာပဲ"
ယဇ်ပလ္လင်၏ အောက်မှ ပုံရိပ်တစ်ခုက တွဲလောင်းထွက်လာသည်။
သွမ့်ရန်ကိုယ်ပိုင်စစ်သူကြီး၏ ကိုယ်ကြီးဖြစ်၏။
အနက်ရောင်အငွေ့များက တစ်လှိမ့်ပြီးတစ်လှိမ့် တက်လာလျက် မရေမတွက်နိုင်သော လက်များဖြစ်လာသည်။
ထို့နောက် လုယွီ၏ ခြေထောက်များ လက်များထံသို့ တိုးဝင်လာလျက် တရွတ်တိုက်ဆွဲက တွင်းများထံသို့ ဆွဲခေါ်သည်။
"သွေးနတ်ဘုရားက ဒေါသထွက်နေပြီ"
ယခင်က တစ္ဆေအရိပ်များအားလုံးက ထွက်ပေါ်လာကြပြန်သည်။ ထိုအနက်ရောင်အရိပ်များ အားလုံးက မြေအောက်လောကမှ တက်လာခဲ့ခြင်းဖြစ်ကာ လုယွီကို ထိကပ်ရန် ကြံစည်လိုက်သည်နှင့် ရုတ်တရက် အော်ဟစ်သံကိုသာ ထုတ်လွှတ်ရလေ၏။
သူ၏ မျက်ဝန်းများက သတိအနေအထားဖြစ်သွားသည်။ ဒီလို မှော်စွမ်းအင်ကို သူ သုံးလိုက်လျှင် သာမန်လူများက သတိလက်လွတ်ဖြစ်ပြီး အောက်သို့ ဆွဲချခံရသင့်၏။ ထိုသို့ဆိုလျှင် စိတ်ဝိဉာဉ်ကိုဖျက်ဆီးပြီးသား ဖြစ်ပေလိမ့်မည်။
သို့သော် လုယွီ၏အရှေ့တွင်မူ ထိုမှော်စွမ်းအင်က အသုံးမဝင်ခဲ့ပေ။ ချက်ချင်းလိုလို ပျက်စီးသွားခဲ့ရ၏။ လုယွီက မျက်နှာသေဖြင့် ပြောသည်။
"ပြောရမယ်ဆိုရင် မင်းလို အဆင့်လေးတစ္ဆေဗိုလ်ချုပ်လောက်က ဒီလောက်ထိ နိမ့်ကျသွားပြီလား"
အဆင့်မြင့်လောကတွင် နယ်မြေဆယ့်ရှစ်ခုရှိပြီး အဆင့်တိုက်ရိုက်ပိုင်းခြား နိုင်သည်။ အဆင့်မြင့်လေလေ စီနီယာပိုမြင့်လေလေ ဖြစ်၏။
အဆင့်ကိုးမှ ခုနှစ်က တစ္ဆေစစ်သည်တော်များဖြစ်သည်။ အဆင့်ခြောက်မှ လေးကမူ တစ္ဆေဗိုလ်ချုပ် ဖြစ်၏။ အဆင့်သုံးအထက်ကမူ တစ္ဆေဘုရင်အဆင့်ဖြစ်သည်။
တစ္ဆေဘုရင်၏ ရှေ့တွင် တည်နေရာအရှင်သခင်၊ နယ်မြေအရှင်သခင်နှင့် အဆင့်မြင့်တာအိုဘုရင်ဟူ၍ အမျိုးမျိုး ရှိကြ၏။
အဆင့်လေး တစ္ဆေဗိုလ်ချုပ်ဆိုသည်မှာ ယခင်ဘဝတွင်ပင် လုယွီ၏ရှေ့တွင် ပေါ်ရဲလောက်အောင် မတန်သော နိမ့်ကျသည့် အဆင့်မျိုးဖြစ်၏။ လက်ရှိအချိန်တွင်မူ ဒီလိုအကောင်က နိမ့်ကျသော လောကသို့ လာပြီး ပြဿနာရှာနေလေသည်။ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းသည်ဟု ထင်နေဟန်ရ၏။
စကားလုံး တစ်လုံးတည်းဖြင့် နောက်ခံ အဖော်ခံလိုက်ရသော ထိုတစ္ဆေဗိုလ်ချုပ်က အလွန်ထိတ်လန့် သွားသည်။ သူ၏ မျက်နှာက ခက်ထန်သွား၏။
"အသုံးမကျတဲ့ သေမျိုးကောင်က ငါ့ရှေ့မှာ လာပြီး မောက်မာရဲတယ်လား"
သူ၏ ကြီးမားသော လက်နှစ်ဖက်က ဆန့်တန်းလာပြီး လုယွီကို ရိုက်ချရန် ကြံစည်လာသည်။ လုယွီ၏ အကြည့်က အေးစက်သွားသည်။ သူ၏ စိတ်ဝိဉာဉ်ဝင်သက်က ပြင်းထန်သွား၏။ တစ်ချိန်တည်းတွင်ပင် ထိုတစ္ဆေဗိုလ်ချုပ်၏ လက်သီးများက လက်နက်များဖြင့် ထိမှန်ခံလိုက်ရသည့်အလား လွင့်ထွက်သွား၏။ မဆုံးနိုင်သော စွမ်းအင်များက နေရာအနှံ့ လွင့်ထွက်သွားသည်။
ဂူ၏ထိပ်ကပင် ပွင့်ထွက်သွားသည်။
အပိုင်း ၉၉၉
တဝုန်းဝုန်း မြည်သံများက ထွက်ပေါ်လာခဲ့၏။
"မင်း မင်းက ရွှမ်မင်ပဲ"
ထိုတစ္ဆေဗိုလ်ချုပ်က ထိတ်လန့်စွာဖြင့် အော်ဟစ်တော့သည်။ ထိတ်လန့်မှုကြောင့် သူ၏ တစ်ကိုယ်လုံးက တွန့်လိမ်ရှုံ့တွလျက်နောက်သို့ ဆုတ်သည်။ မရေမတွက်နိုင်သော ကျောက်တုံးများဖြင့် ထိကပ်မိသွားသည်။
ဂူက အလွန်ကြီးသော်လည်း နေရာက အကန့်အသတ်ရှိနေသေး၏။ ထို့ကြောင့် သူက နံရံကို ရိုက်မိသော်လည်း မလှုပ်ရှားနိုင်တော့ချေ။
လုယွီက ဖျော့တော့စွာ ပြောသည်။
"မင်းလိုကောင်က ငါ့လက်နဲ့ခေါ်ဖို့ တန်တယ်ထင်လား"
နောက်ဆုတ်ရန် လမ်းမရှိ ကြောင်း မြင်သောအခါ ထိုတစ္ဆေဗိုလ်ချုပ်က ဒူးထောက်လိုက်တော့သည်။
"ဒီနိမ့်ကျတဲ့လူက တောင်တန်းတွေ ဘယ်လောက်မြင့်မားတယ်ဆိုတာ မသိခဲ့ပါဘူး၊ ခွင့်လွှတ်ပေးပါ"
အတိတ်တွင် မည်သူကမှ ယို့မင်ထောင်ကျွမ်းအရှင်သခင်၏ စွမ်းအားကို သံသယဝင်ရဲကြချေ။ သူက ခေါင်းကို မြေပြင်တွင် ဖိကပ်လျက် ခါးသီးစွာ အော်ဟစ်တော့၏။
"အရှင်သခင်မရှိတော့ အဆင့်မြင့်လောကက ဝရုန်းသုန်းကား ဖြစ်နေခဲ့ပြီး ကျွန်တော် အဆင့်နိမ့်လောကကို လာပြီး အရှင်သခင်ကို လာရှာတာပါ"
လုယွီက မျက်နှာသေဖြင့် ဖြစ်သည်။ သူက ထိုငကြောက် တစ္ဆေဗိုလ်ချုပ်ကို ကြည့်လိုက်၏။
"ဟန်ဆောင်မနေစမ်းပါနဲ့ ပြောစမ်းပါ၊ မင်းကို ဘယ်ကောင်လွှတ်လိုက်တာလဲ"
ထိုသရဲက စိတ်ရှုပ်ထွေးသွားဟန် ရသည်။
"အရှင်ဘာပြောတာလဲ ကျွန်တော် နားမလည်ပါဘူး"
လုယွီက ထိုလူ၏ စကားကို လစ်လျူရှုထားလိုက်သည်။
"မင်း မပြောချင်ရင် မင်းရဲ့ စိတ်ဝိဉာဉ်ကိုသုံးပြီး ငါ ရှာရမှာပေါ့"
ထိုသရဲက ခက်ထန်စွာဖြင့် လုယွီအား ကြည့်သည်။ သူ၏ အမူအယာက ပြောင်းလဲသွားတော့၏။
"တစ်လောကလုံးက မင်းသေမသေ စစ်ဆေးနေကြတာ၊ အခုအချိန်မှာ ကောင်းကင်ဘုံ ဧကရာဇ်ကတောင် မင်းရဲ့ ပြိုင်ဘက်မဟုတ်တော့တဲ့ပုံပဲ"
ထိုသရဲက မတ်တပ်ထရပ်ပြီး ရွေ့လျားသည်။
"ငါ အဆင့်နိမ့်လောကကို လာခဲ့တယ်၊ ဒါက မင်းကိုရှာဖို့ပဲ၊ မမျှော်လင့်ထားပဲ ငါ့ရဲ့ကံကောင်းမှုက ဒီလောက်အထိ ရောက်နေခဲ့တယ်"
ထိုသရဲ၏ မျက်ဝန်းထဲတွင် လောဘများက ယှက်တန်းလာသည်။
"မင်းကိုယ်မင်း အရင်ကလို တာအိုဘုရင်လို့ ထင်နေတုန်းပဲလား၊ ကောင်းကင်ဘုံ ဧကရာဇ်ကိုတောင် စိန်ခေါ်နိုင်တယ်လို့ မင်း ဘယ်လိုတွေးမှန်း နားမလည်နိုင်ဘူး၊ ဒါပေမယ့် မင်းက ဒီနေ့အချိန်အထိ ကျဆင်းသွားခဲ့ပြီ။ မင်းရဲ့ ခွန်အားတွေကိုယူပြီး ငါက အဆင့်မြင့်လောကမှာ ဆရာသခင်တစ်ပါး သွားလုပ်ရတော့မှာပေါ့"
ထိုသရဲက တစ်ကိုယ်လုံးမှ စွမ်းအားများကို ဖောက်ထုတ်လိုက်လျက် သူ၏ ကိုယ်မှ စတင်ကြီးထွားလာသည်။ လေထဲတွင် ထိုသရဲရှူရှိုက်လိုက်သော အငွေ့များက မှုတ်ထုတ်လျက် လုယွီကို ဝိုင်းပတ်လာ၏။
လုယွီက အေးစက်စွာပြောသည်။
"သရဲတစ်ကောင်လောက်က ငါ့ရဲ့စွမ်းအားကို ယူလို့ရမယ်ဟုတ်လား။ သွားသေလိုက်တော့"
ထိုတစ္ဆေဗိုလ်ချုပ်ကလည်း ခုန်ဝင်လာသည်။ သူ၏ စိတ်စွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်ပြီးနောက်တွင် သူ၏ တစ်ကိုယ်လုံးက ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာလာတော့၏။ ဒါက နတ်ဘုရားနယ်မြေမှ စွမ်းအင်ဖြစ် ေလသည်။ သူ၏ ဝင်သက်ကို ထုတ်ဖော်လိုက်သည်နှင့် ဒီနေရာတစ်ခုလုံးကပင် လဲပြိုကျရ၏။
"သားရိုင်း ချိတ်ပိတ်ခြင်း"
ထိုတစ္ဆေဗိုလ်ချုပ်က အော်ဟစ်လိုက်သည်။
ထိုတစ်ခဏတွင် ဂူတစ်ခုလုံးက ပိတ်ဆို့ခံလိုက်ရသည်။ နတ်ဘုရားနယ်မြေမှ တစ်စုံတစ်ရာက ချိတ်ပိတ်ခံရသကဲ့သို့ ဖြစ်လာ၏။ ဒါက နိယာမနှင့်လည်း တူသည်။
လုယွီက လုံဝူကျိလိုက်သတ်ခြင်းမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် ဒီနည်းလမ်းကို အသုံးပြုကာ လွတ်မြောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ သူ မျက်မှောင်ကြုတ်လိုက်၏။ သူ့ရှေ့ရှိ တစ္ဆေဗိုလ်ချုပ်က သူ၏ ကျင့်ကြံခြင်းအဆင့် အားနည်းသွားအောင် လုပ်ပြီး အောက်သို့လာခဲ့ဟန်ရသည်။
သေချာစွာပင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံခြင်းအဆင့်လောက်ကို သူက ကြောက်လိမ့်မည် မဟုတ်ပေ။ သို့သော် ထိုတစ္ဆေဗိုလ်ချုပ်၏ စကားများအရ အဆင့်နိမ့်နယ်မြေများကို လာရောက်သူ များစွာရှိနေနိုင်သေးသည်။
လုယွီက ပြောသည်။
"ကောင်းပြီ မင်းက သေချင်နေတော့လည်း ငါက ဖြည့်စည်းပေးရမှာပေါ့"
"ဟားဟားဟား မင်းသေသွားတာ နှစ်နှစ်ဆယ်ပဲ ကြာသေးတယ်၊ မင်းက နောက်ဆုံးမျိုးဆက်က ပါရမီရှိရုံလောက်နဲ့ ငါ့ကို ယှဉ်နိုင်မယ်ထင်လို့လား"
ထိုတစ္ဆေဗိုလ်ချုပ်က အော်ရယ်တော့သည်။ ထို့နောက်တစ်ခဏတွင် သူ၏ မျက်နှာက ပြောင်းလဲသွား ေတာ့၏။
အပိုင်း ၁၀၀၀
လုယွီ၏ လက်ဝါးထဲမှ ထွက်လာသော သန့်စင်ဖြူဖွေးနေသည့် အလင်းတန်းကို သူ မြင်လိုက်ရသည်။ ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော ကျမ်းစာဖတ်သံများကို ကြားလိုက်ရ၏။
လုယွီ၏ ပတ်ပတ်လည်တွင် အလွန်မြင့်မားသော စိတ်ဝိဉာဉ်အရှိန်အဝါတစ်ခုက ထွက်ပေါ်လာလျက် ထိုအကောင်ထံ တိုးဝင်သွားသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းက အဆင့်နိမ့်လောကက ဆရာသခင်တစ်ယောက် ဒါကို တာအိုစွမ်းအင်တွေကို ဘယ်လိုလေ့ကျင့်နိုင်မှာလဲ"
ထိုအကောင်က အော်သည်။
"မဖြစ်နိုင်ဘူး"
ထိုသိုင်းက သူတို့အမှောင်လောကမှ ဘုန်းတော်ကြီးများ ထိန်းချုပ်ရန် အသုံးပြုခြင်းဖြစ်သည်။ လုယွီက ဒါကို တတ်မြောက်ရန် မသင့်ပေ။
"မင်းသိဖို့ မလိုဘူး"
လုယွီ၏ အကြည့်ထဲ သတ်ဖြတ်လိုစိတ်က ပြည့်နှက်လာသည်။
"တာအိုနိယာမ ထုတ်လွှတ်စမ်း".
အလွန်စွမ်းအားကြီးသော အဖြူရောင်အလင်းတန်းများက ထွက်ပေါ်လာပြီး သူ၏ ကိုယ်မှတဆင့် အငွေ့များက ပျက်ပြယ်သွားသည်။ ထို့နောက် မရပ်တန့်မည့်ဟန်ဖြင့် ထိုတစ္ဆေတစ်ကိုယ်လုံးက ရမ်းခါသွား၏။
လုယွီ၏ အဖြူရောင်အငွေ့များ၏ အကူအညီနှင့်အတူ ထိုတစ္ဆေဗိုလ်ချုပ်က မရုန်းကန်နိုင်ပဲ လဲပြိုခံလိုက်ရ၏။
"စိတ်ဝိဉာဉ်ရှာဖွေစမ်း"
ထို့နောက်တစ်ခဏတွင် များစွာသော မှတ်ဉာဏ်များက လုယွီ၏ စိတ်ထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ထိုအကောင်ကလည်း နာကျင်စွာ ညီးညူနေတော့၏။ စိတ်ဝိဉာဉ်ရှာဖွေခြင်း ခံရသောအပေါ် အလွန်အမင်းနာကျင်ပေသည်။
"မင်းတို့အားလုံး ငါ့ကို သစ္စာဖော်ကြတာပဲ"
လုယွီ၏ အကြည့်က အေးစက်သည်ထက် အေးစက်လာသည်။
မှတ်ဉာဏ်မှတဆင့် ရင်းနှီးသော ပုံရိပ်များစွာကို မြင်ရ၏။ ထိုသူများက တစ်ချိန်က သူ ယုံကြည်ခဲ့ဖူးသူများဖြစ်ကြသည်။ သို့သော် သူ သေသွားသည့်အချိန်မှ စ၍ သူ့အား သစ္စာဖောက်ကြ၏။
"မင်းတို့ကို ဘယ်ကောင် အမိန့်ပေးလဲ ငါကြည့်မယ်"
လုယွီက မှတ်ဉာဏ်၏ အနက်ရှိုင်းဆုံးအပိုင်းအထိ သွားရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် တစ်ခဏတွင်ပင် ရုတ်တရက် ဂူအပြင်မှ အသံထွက်လာသည်။
"ဒီနေရာက သူတို့ရဲ့အသိုက်ဟောင်း ဖြစ်ရမယ်၊ ငါတို့ဆက်ဝင်သွားရင် သေချာပေါက် သူတို့ကို သတ်နိုင်မှာပဲ"
အသံက ဝမ်မင်၏ အသံဖြစ်သည်။ လုယွီက မျက်မှောင်ကြုတ်၏။ သူက အော်လိုက်သည်။
"မဝင်လာခဲ့နဲ့"
ထိုသူများအားလုံး ကြောင်သွားကြသည်။ လူအယောက်နှစ်ဆယ် ကျော်နိုင်၏။ သူတို့အားလုံးက ပထမအဆင့် ဘုန်းတော်ကြီးများဖြစ်ကြသည်။
ဝမ်မင်က သေမျိုးမြို့တွင် ရေခဲနယ်မြေများ နတ်မင်းများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အမြစ်ဖြတ် အသတ်ခံရလုမတတ် ဖြစ်ခဲ့သေး၏။ ထို့နောက် ကံကောင်းစွာဖြင့်ပင် အခြားသော နတ်မင်းအချို့က ရောက်လာခဲ့ပြီး ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့ လွတ်မြောက်နိုင်ခဲ့၏။
ဝမ်မင်ကလည်း အကျဉ်းသားတစ်ယောက်အဖြစ် ဖမ်းစည်းခံခဲ့ရပြီး နှိပ်စက်ခံခဲ့ရခြင်းဖြစ်ခဲ့သေးသည်။ ထို့ကြောင့် ဒီနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။
ချူယွီယူ ရှိနေသောကြောင့် ဝမ်မင်က ရေခဲနယ်မြေမှနတ်မင်းများစွာကို သတ်ဖြတ်နိုင်ခဲ့လေသည်။ ထို့ကြောင့် သူက ယုံကြည်မှု ရှိနေခဲ့၏။
လုယွီ၏အသံကို ကြားသောအခါ ချူယွီယူ၏ မျက်ဝန်းက တောက်ပသွားသည်။
"သူ့အသံပဲ သူက ရေခဲနယ်မြေက နတ်မင်းအားလုံးကို သတ်ပြီးလောက်ပြီ၊ အထဲဝင်ပြီး သူ့ကို မနှောက်ယှက်ကြရအောင်"
ချူယွီယူ၏ ပျော်ရွှင်သည့်အမူအယာကို မြင်သောအခါ ဝင်မင်က မဲမှောင်သွားသည်။ ချူယွီယူ မည်သူ့ကို ရွေးမှန်း သိလိုက်၏။
"အဲဒိကောင်လေးလား၊ လမ်းတစ်လျှောက်လုံးမှာ ငါသတ်ခဲ့တဲ့ နတ်မင်းတွေ ဘယ်လောက်များလိုက်သလဲ၊ ဒါတောင်မှ ငါ့ကို ကြည့်တောင်မကြည့်ဘူး၊ ဒါပေမယ့်အခု ဒီကောင်ရဲ့အသံကို ကြားလိုက်တာနဲ့ ဒီလောက်ပျော်နေပြီ"
ဝမ်မင် ဝမ်းနည်းသွားသည်။ သူက လုယွီ၏ သတိပေးချက်ကို နားမထောင်ပဲ အော်လိုက်၏။
"သူပြောတာ ဘာကိုနားထောင်ရမှာလဲ၊ ဝင်ပြီး လမ်းတစ်လျှောက်က နတ်မင်းအားလုံးကို သတ်ရမယ်"
ချူယွီယူက တားသည်။
"သူသတိပေးထားပြီးကတည်းက ငါတို့ မရင်းသင့်တော့ဘူး"
"ဘာအန္တရာယ်ရှိမှာလဲ ဟားဟား။ ငါ ဘာမှမဖြစ်နိုင်ဘူး"
ဝမ်မင်က နှာခေါင်းရှုံ့သည်
"အဲဒိကောင် အထဲမှာ ရှိနေနိုင်တာပဲ သူ အန္တရာယ်တောင် ရှိနေနိုင်သေးတယ်။ ငါ သူ့မျက်နှာကို မထောက်ဘူးဆိုရင်တောင်မှ သွားကယ်သင့်သေးတယ်"
သူက တိုက်ရိုက်ဝင်သွားသည်။ အခြားသူများကလည်း လိုက်ဝင်ကြ၏။
ရုတ်တရက် လေပြင်းက ဖြတ်တိုက်လာသည်။
"ဒီနေရာမှာ တစ်ခုခုမှားနေတယ်လို့ ငါထင်တယ်"
စွဲဆောင်မှုပြင်းသော မိန်းကလေးက ပြောသည်။ ဝမ်မင်ကလည်း အေးစက်စွာနှာခေါင်းရှုံ့သည်။
"ရေခဲနယ်မြေက နတ်မင်းတွေ လှည့်ကွက်တွေ ထုတ်နေတာဖြစ်မှာပေါ့။ ငါတို့အရေအတွက် ဘယ်လောက်များလဲ ကြောက်ဖို့မလိုဘူး"
ထို့နောက် သူတို့က ယဇ်ပလ္လင်ထံသို့ ရောက်သွားသည်။ ထို့နောက် ဝမ်မင်က လုယွီက တစ္ဆေဗိုလ်ချုပ်၏ ရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူ၏ လက်က ထိုအကောင်၏ ခေါင်းကို ကိုင်ထားသည်။
တစ်စုံတစ်ရာရုန်းကန်နေဟန် ရ၏။
"ကောင်လေး ဒီကောင်လေး တော်တော်ကြိုးစားထားတာပဲ"
ဝမ်မင်၏ မျက်လုံးက တောက်ပသွားပြီး လောဘကြီးလာ၏။