← Chapters

အခန်း (၁၀၀၁-၁၀၀၅)

Vol. 53 Ch. 1001-1005

အခန်း (၁၀၀၁-၁၀၀၅)

Vol. 53 Ch. 1001-1005

အပိုင်း ၁၀၀၁

လုယွီက ထိုတစ္ဆေဗိုလ်ချုပ်ကို ဖိနှိပ်နေကြောင်း မြင်သောအခါ သူက ပို၍ အကြောက်အလန့် မဲ့လာသည်။ လုယွီက တစ္ဆေဗိုလ်ချုပ်ကို ဖိနှိပ်နိုင်လျှင် သူသည်လည်း လုပ်နိုင်လောက်သည်ဟု ထင်သည်။

"ငါ ကူမယ်"

ဝမ်မင်က ချက်ချင်းပြေးသွားသည်။

ဒါကိုမြင်သောအခါ လုယွီက အေးစက်စွာပြောသည်။

"အနားမလာနဲ့"

ထိုသူများအားလုံးက သူ၏ သတိပေးချက်ကို လစ်လျူရှုပြီး ဒီနေရာအထိ ရောက်လာကြ၏။

"ဟားဟား မင်း ကိုင်ထားရတာ ခက်ခဲနေတဲ့ပုံပဲ။ ငါလာပြီး ကူညီမှာပေါ့"

ဝမ်မင်က အော်ရယ်သည်။

ထိုအချိန်တွင် ရုတ်တရက် အမူအယာက ပြောင်းလဲသွား၏။

နဂိုက လုယွီ ထိန်းချုပ်ထားသော တစ္ဆေဗိုလ်ချုပ်က ရုတ်တရက် သွေးအပြည့် အန်ထုတ်လာပြီး တစ်ကိုယ်လုံးက ပေါက်ကွဲသွားသည်။ သွေးဖြူများက ရောက်လာသူများအားလုံးကို ပက်ဖြန်းသွား၏။

"အား"

စွဲဆောင်မှုပြင်းသော အမျိုးသမီးက အော်သည်။

"ရွှမ်မင် ငါတို့ပြန်တွေ့ကြမယ်"

ထိုအမျိုးသမီးက ရုတ်တရက် ရုန်းကန်ပြီးနောက် ပြုံးကာအပြင်သို့ ပြေးထွက်သွားသည်။

လုယွီက နှာခေါင်းရှုံ့ကာ လိုက်သည်။

"မင်း မသွားရဘူး၊ ငါတို့ဒီလိုအခြေအနေ ဖြစ်နေတာပဲ"

ဝမ်မင်က လုယွီကို ဒေါသတကြီး ပြေးသွား၍တားရန် ကြံစည်သည်။

"ထွက်သွားစမ်း"

လုယွီက အေးစက်စွာကြည့်လျက် ထွက်သွားသော အမျိုးသမီးနောက်သို့ လိုက်သည်။

ထိုအချိန်တွင် ထိုအမျိုးသမီး၏ ကိုယ်တွင် တစ္ဆေဗိုလ်ချုပ်၏ ဝိဉာဉ်က ကပ်ပါသွား၍အပြင်သို့ ထွက်လေသည်။ ဒါကို မြင်သောအခါလုယွီက အဖြူရောင်အလင်းကိုလွှတ်လျက် ထိုအမျိုးသမီးသို့ ပစ်သည်။

အဖြူရောင်အလင်းတန်းက သူတော်စင်စွမ်းအားများ တစ်စွန်းတစ်စ ပါဝင်နေခဲ့၏။ သရဲများအတွက် ထိုစွမ်းအားများက သဘာဝရန်သူဖြစ်သည်။ ထိမှန်သွားသည်နှင့် ချက်ချင်းလိုလို ‌ေမောင်းထုတ်ခံရမည် ဖြစ်၏။

ဝမ်ဖေးက ဒါကိုမြင်သောအခါ ဒေါသထွက်ပြီး တားသည်။

"မင်းငါ့ကို လစ်လျူရှုရဲတယ်"

သူက ဓားကို ထုတ်လျက် လုယွီကို ခုတ်ပိုင်းရန်ကြံစည်လေသည်။

အော်ဟစ်သံနှင့်အတူ ဝမ်မင်၏ ဓားဝိဉာဉ်က တိုက်ရိုက်ပင် အဖြူရောင်အလင်းတန်းကို ခုတ်ပိုင်းလိုက်၏။ သို့သော် လုယွီ၏ ဂါထာကို အနည်းငယ်မျှသာ တားမြစ်နိုင်သည်။

စွမ်းဆောင်မှုပြင်းသော အမျိုးသမီးက သိပ်မဝေးပေ။ သူမက ခက်ထန်စွာပြုံးလျက် မှော်လက်နက်ပေါ်သို့ တက်သည်။ထို့နောက် အဝေးသို့ အနက်ရောင်အငွေ့အဖြစ် ပြောင်းလျက် သဲလွန်စပင် မရှိပဲပျောက်ကွယ်သွားခဲ့၏။ သို့ရာတွင် တစ်ခဏခန့် ကြာပြီးနောက် အမျိုးသမီး၏ကိုယ်က အောက်သို့ ပြုတ်ကျလာသည်။ သူမက မေ့မျောသွားဟန်လည်း ရ၏။

" မင်း အဆင်ပြေရဲ့လား"

ဝမ်မင်က ချက်ချင်းလိုလို ပြေးသွားပြီး ထိုအမျိုးသမီးကို ထွေးပွေ့သည်။

ထိုအချိန်တွင် ထိုအမျိုးသမီးက အသိစိတ် မဲ့နေခဲ့သည့်အတွက် သူ ပြောသည်ကို မကြားပေ။

"ဒါတွေအားလုံးက ဒီကောင့်ကြောင့်ပဲ၊ သူ့ကိုမပြေးစေနဲ့"

ဝမ်မင်က အော်သည်။

အခြားသူများကလည်း အခြေအနေကို မသေချာကြသော်လည်း ဝမ်မင်ပြောသည့်စကားကြောင့် လုယွီကို ဒေါသထွက်သွားကြ၏။

ဝမ်မင်က ပြောသည်။

"ကောင်လေး မင်းကိုယ်မင်း ဘာအဆင့်အတန်း ရှိတယ်ထင်နေလဲ၊ မင်း ဘာကောင်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး"

မြေပြင်တွင်လဲနေသော အမျိုးသမီး၏ နာမည်က ယွီဟန်ရှင်းဖြစ်ပြီး ေပ့ယွမ်ကလန်မှ ခေါင်းဆောင်၏ မြေးမဖြစ်သည်။ ေပ့ယွမ်ကလန်က အလွန်ကျော်ကြားသော ဂိုဏ်းကြီးဖြစ်၏။ လုယွီကသာ သူမကို ဒုက္ခရောက်စေသည်မှာမှန်လျှင် လုယွီကို ဘယ်သူကမှ လွှတ်ပေးတော့မည် မဟုတ်ပေ။

"အားလုံးပဲ သူ့ကို ကြိုးချည်ပြီး ပြန်ခေါ်သွားရအောင်၊ သူက ရေခဲနယ်မြေက သူလျှိုဖြစ်နိုင်တယ်"

ဝမ်မင်၏စကား မဆုံးသေးခင်မှာပင် လုယွီက အနက်ရောင်အရည်အဖြစ် ပြောင်းလျက် ရှေ့သို့ ထိုးတက်သွားသည်။

ခြေတစ်ချက်တည်းဖြင့် ဝမ်မင်ကို ကန်ထုတ်လိုက်သည်။ သူ မြေထဲသို့ ကျွံဝင်ကျသွား၏။

"ငါ မဝင်လာခဲ့နဲ့လို့ မပြောခဲ့ဘူးလား"

လုယွီ၏ အကြည့်က အေးစက်လာသည်။ သူက ထပ်ခါတလဲလဲ လက်သီးဖြင့်ထိုးလျက် ဝမ်မင်၏ ကိုယ်ကို ယောင်ကိုင်း ဖောင်းကားလာစေ၏။

"ကောင်လေး မင်း သေချင်နေတာပဲ"

သူက ဂုဏ်ယူစွာဖြင့် တစ်ဖက်ကို ပြန်ကန်ထုတ်လိုသော်လည်း သူ မထနိုင်ခင်မှာပင် လုယွီက သူ့ကိုတဖန် ကန်နင်းကာ ပြင်းထန်စွာဖြင့် ကန်ကျောက်ပြန်၏။

ဟိန်းဟောက်သံနှင့်အတူ မြေပြင်ကပင် အက်ကွဲရသည်။ ဝမ်မင်က မြေကြီးထဲသို့ ကျွံဝင်သွား၏။ လူတစ်ကိုယ်စာ မြေတွင်းရာကြီး ဖြစ်လာခဲ့သည်။

"ဒီကောင်က တကယ်သေချင်နေတာပဲ"

"မင်းရဲ့လူတွေကို ခေါ်သွားလိုက်တော့၊ မဟုတ်ရင် ငါမင်းကို သတ်ရလည်း ဆန္ဒမရှိဘူး၊ ဒီနေရာက ထွက်သွား"

လုယွီက ဝမ်မင်ကို ကန်ထုတ်ပြန်သည်။ သည်တစ်ကြိမ်တွင် ဝမ်မင်၏ တစ်ကိုယ်လုံးက စုတ်ပြတ်လာသည်။ အဝတ်များကလည်း စုတ်ပြဲနေပြီး ဒဏ်ရာများကလည်း အပြည့်ဖြစ်နေခဲ့၏။ သူ၏ ကိုယ်က သူတောင်းစားထက်ပင် အခြေအနေဆိုးနေခဲ့သည်။ သူ၏ နှလုံးသားကမူ ဒေါသများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။ သို့သော် လုယွီကို ကြည့်လိုက်ရုံဖြင့် ထိတ်လန့်မှုက ပြည့်နှက်လာသည်။

လုယွီ အသက်ရှူလိုက်တိုင်း သတ်ဖြတ်လိုစိတ်က ပြည့်နှက်နေ၏။ လက်ရှိအချိန်တွင် သူ့တွင်သာ အချိန်အနည်းငယ် ရှိမည်ဆိုလျှင် နောက်ကွယ်မှ လူကို သူ ရှာဖွေနိုင်ပေလိမ့်မည်။

သို့ရာတွင် ဝမ်မင်က နှောက်ယှက် လာသဖြင့် အရာအားလုံးက ပျက်စီးသွားခဲ့ရ၏။ ထိုတစ္ဆေဗိုလ်ချုပ်ပင် လွတ်သွားခဲ့သေးသည်။

"ကြည့်ရတာ နောက်ခံကို ဖုံးကွယ်ထားဖို့ မလိုတော့ဘူးပဲ"

ယခင်ကမူ လုယွီက သူ့နောက်ခံကိုသိရန်မလိုဟု ယူဆခဲ့၏။

"ကောင်စုတ်လေး မင်းကို ငါ ဆုံးမပေးမယ်"

"အစ်ကိုကြီးဝမ်မင်က လူတိုင်းကောင်းဖို့အတွက် လုပ်တာ၊ မင်းက ဘာကြောင့် ဒီလိုလုပ်ရတာလဲ"

မြောက်ပိုင်းနယ်မြေမှ ဘုန်းတော်ကြီးများ အားလုံးက လုယွီကို ပြင်းထန်စွာ အော်ဟစ်ဆဲဆို အပြစ်တင်ကြသည်။

အပိုင်း ၁၀၀၂

လုယွီက တိတ်ဆိတ်စွာပြောသည်။

“မင်းတို့ ဆန္ဒရှိရင် ရှေ့တက်လာလေ။”

မည်သူမျှ စကားမပြောကြတော့ပေ။ ယခုလေးတင် လုယွီက ဝမ်မင်ကို မည်သို့တိုက်ခိုက်လိုက်ကြောင်း သူတို့ မြင်လိုက်ရ၏။ လုယွီက ဝမ်မင်ထက်သာသည်။ သူတို့ကလည်း ထူးခြားလိမ့်မည်မဟုတ်ပေ။

လူတစ်ယောက်က အံကြိတ်လျက်ပြောသည်။

“ကျစ်လန်ဂိုဏ်းက ကလဲ့စားချေမှာကို မကြောက်ဘူးလား။”

“ချေပါစေ။”

လုယွီကလည်း ဂရုမစိုက်ပေ။

ထိုခေါင်းဆောင်ကိုယ်တိုင်လာလျှင်ပင် သူ့အား ဆရာသခင်ဟု တရိုတသေ ခေါ်ပေလိမ့်အုံးမည်။ ချူယွီယူက မျက်မှောင်ကြုတ်သည်။

“နင် အရမ်းကြီး မလွန်ကြူးပါနဲ့၊ အကြီးအကဲတွေကို ဒီအကြောင်း မသိခိုင်းရင်ကောင်းမယ်။”

“ဘာ ချူယွီယူက ဒီကောင့်အစား ပြောပေးနေတာလား။”

“မင်းတို့ ချူမိသားစုက သူ့ကို ကာကွယ်ထားလို့ ငါ ဘာမှ မလုပ်ရဲဘူးလို့ ထင်လား။”

ဝမ်မင်က မြေကြီးထဲမှ လက်ထောက်လျက် ကုန်းထလာပြီးအော်သည်။ သူ လက်မခံနိုင်တော့ပေ။ လုယွီက သူ့အား လူထုအရှေ့တွင် အရှက်ခွဲနေ၏။ သို့သော် သူကြိုက်သော ထိုမိန်းမကလည်း ထိုလူ့အစား ပြောပေးနေသေးသည်။ သူ မည်သို့မျှ သည်းမခံနိုင်တော့ပေ။

ရုတ်တရက် လူတိုင်း၏အမူအရာက ပြောင်းလဲသွားကြ၏။ ထိုကောင်လေး မောက်မာနေသည်မှာအံ့ဩစရာမရှိပေ။ ချူမိသားစုက သူ့အား ထောက်ပံ့ပေးထား၏။

“ချူယွီယူ မင်း သူ့ကို ကာကွယ်ပေးချင်တာလား၊ ဒီကောင်က မိန်းမတစ်ယောက်နောက်မှာ ထောင်လွှားရဲတဲ့အကောင်ပဲ။”

တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့သည်။

လူတိုင်းက စိတ်ထဲတွင် လှောင်ရယ်နေကြသော်လည်း အလွယ်တကူ ထုတ်မပြရဲကြပေ။ မည်သို့ပင်ဆိုစေ ချူမိသားစုမှ တိုက်ရိုက်မျိုးဆက်က သည်နေရာတွင် ရှိနေသေးသည်။

ထိုအခိုက် အဝေးမှ နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည်။

“ငါ အပြင်လေးခဏထွက်သွားလိုက်တာ၊ ကြွက်တွေ သောင်းကျန်းနေပြီပဲ။”

ရုတ်တရက် ပုံရိပ်အချို့ကောင်းကင်တွင် တစ်ချိန်တည်းပေါ်လာသည်။ ပထမဆုံး ပေါ်လာသူက ဆံပင်ဖြူပြီး အနက်ရောင်ဝတ်စုံဝတ်ထား၏။ အခြားသူများကလည်း တူညီစွာဝတ်ထားကြသည်။ သည်လူများအားလုံး ထိတ်လန့်သွားကြ၏။

“ရေခဲနယ်မြေက တပ်ကူတွေ သူတို့ ရောက်လာတာမြန်လိုက်တာ။”

ဝမ်မင်က ချက်ချင်းထပြီး အံကြိတ်သည်။

လုယွီ၏ကိစ္စကို နောက်မှရှင်းနိုင်သည်။ သို့သော် ရေခဲနယ်မြေကိစ္စကမူ ပြဿနာမသေးပေ။

“ငါ့ကို သတ်ချင်တဲ့လူက ပြေးတော့မှာတဲ့လား။”

ဆံပင်ဖြူနှင့်လူကြီးက နှာခေါင်းရှုံ့လျက် လေထုကို ဖမ်းဆွဲလိုက်ဟန်ပြု၏။ ထိုအခါ တစ်စုံတစ်ယောက်က လက်ထဲတွင် ဖမ်းမိသွားပြီးအော်တော့သည်။

“ကယ်ကြပါ။”

အခြားလူများကမူ ကိုယ့်ကိုယ်ကိုသာ မနည်းဂရုစိုက်နေရလေရာ မည်သူ့ကိုမျှ ကယ်နိုင်ခြေမရှိပေ။ အခြားလူ၏ သေခြင်းရှင်ခြင်းက သူတို့နှင့် မသက်ဆိုင်တော့ချေ။

ဆံပင်ဖြူနှင့်ထိုလူအိုကြီးက သူဖမ်းဆုပ်ထားသော လူ၏ခေါင်းကို လက်တစ်ဖက်တည်းနှင့် ဆွဲဖြုတ်လိုက်၏။

“ရေခဲနယ်မြေက ဒီလိုသေမျိုးပုရွတ်ဆိတ်အုပ်ကို အသာအယာသတ်လို့ရတယ်၊ ငါ သံတမန်ကို သွားတွေ့လိုက်မယ်။”

ဆံပင်ဖြူနှင့်လူအိုကြီးက ထိုသို့ပြောလျက် ဂူထဲသို့ဝင်ရန်ကြံစည်သည်။

ထိုတစ်ခဏတွင် အနက်ရောင်ဝတ်စုံနှင့်လူတိုင်းက ခုန်ဝင်လာကြသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲ၊ သူတို့နဲ့တိုက်ခိုက်ကြတာပေါ့။”

လူငယ်တစ်ယောက်က အော်သည်။

အဝိုင်းခံရကြောင်းမြင်သောအခါ အခြားသူများကလည်း ပြန်တိုက်ခိုက်ကြ တော့၏။ သို့ရာတွင် နှစ်ဖက်တိုက်ခိုက်သည်နှင့် သူတို့ စိတ်ပျက်အားငယ်သွားရပြန်သည်။ ခွန်အားချင်းက ကွာခြားလွန်းလှ၏။ ထိုလူများက သူတို့ထက်သာသည်။

အားအနည်းဆုံးလူကပင် ရှန်းကျင်းအထက်တွင်ရှိ၏။

မြောက်ပိုင်းနယ်မြေ၏ လူငယ်မျိုးဆက်များတွင် သူတို့က စွမ်းအားကြီးမားသော်လည်း သူတို့က လူငယ်မျိုးဆက် ဖြစ်နေသေးသည်။ အစစ်အမှန်စွမ်းအားကြီးသူများနှင့် တွေ့သောအခါ သေရမည်သာဖြစ်၏။

ဝမ်မင်က ခန္ဓာကိုယ်မှ ပြင်ပသို့ စွမ်းအင်လွှတ်ထုတ်နိုင်သောအဆင့်ဖြစ်သည်။ သူက အနက်ရောင်ဝတ်စုံလူတစ်ယောက်နှင့် တိုက်ခိုက်နေသည်။ သို့သော် ခြေလှမ်းများစွာ ဆုတ်နေရ၏။

“ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ခြင်း နှောင်းပိုင်းအဆင့်”

ဝမ်မင်၏ဆံပင်များက ထောင်တက်သွားပြီး စိတ်ပျက်အားငယ်မှုများက ပျံ့လွင့်သွားသည်။ သူက စွမ်းအားအကုန်သုံးကာ တိုက်ခိုက်နေသော်လည်း အဆုံးသတ်ဖြစ်နေမည်မှန်း နားလည်နေခဲ့၏။ မည်သို့ပင်ဆိုစေ သူ မနိုင်နိုင်ပေ။

ရုတ်တရက် ဝမ်မင်က ဒူးထောက်ကျသွားပြီးအော်သည်။

“ငါ့ကို မသတ်ပါနဲ့၊ ငါ့ရဲ့အဖေက ကျစ်လန်ဂိုဏ်းရဲ့ခေါင်းဆောင်ပါ၊ ငါ့ကို ချမ်းသာပေးမယ်ဆိုရင် ငါ့အဖေက ဆုပြန်ပေးပါလိမ့်မယ်။”

ဆံပင်ဖြူနှင့်လူအိုကြီးက လက်ရမ်းပြလိုက်သည့်အခါ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ဝမ်မင်ထံသို့ ချက်ချင်းခုန်ဝင်သွားသည်။

“ဟား ဟား ဟား ဒီနေရာမှာ ငါးကြီးရှိမှန်း ငါ သိနေတယ်၊ မမျှော်လင့်ထားဘဲ ငါ ဖမ်းမိသွားပြီ။”

ဆံပင်ဖြူနှင့်လူအိုကြီးက ရယ်လျက် ဝမ်မင်ကိုဆံပင်မှ ဆောင့်ဆွဲထူသည်။

“ကောင်းပြီ၊ မင်းကို အရှင်ထားပေးမယ်။”

အပိုင်း ၁၀၀၃

လူအိုကြီး၏စကားကို ကြားသောအခါ ဝမ်မင် မြေပြင်တွင် ပျော့ခွေလျက် ကျသွားတော့သည်။ မည်သို့ပင်ဆိုစေ သူ့မျက်နှာတွင် ပျော်ရွှင်မှုကို မြင်နိုင်လေသည်။ အနည်းဆုံး အသက်ရှင်နိုင်တော့မည်ဖြစ်၏။ သူ အသက်ရှင်နေသမျှကာလပတ်လုံး ရေခဲနယ်မြေသို့ သွားရလျှင်ပင် ပြဿနာမရှိပေ။

“ငါ့အဖေက ထိုက်ကျွင်းဂိတ်က ဆရာသခင်ပါ။”

“ငါ့အဖေက လျှိုရှန်းဓါးဂိုဏ်းရဲ့အကြီးအကဲပါ။”

စသည်ဖြင့် အားလုံးက တောင်းပန်ကြတော့သည်။ သူတို့အားလုံးကလည်း အသက်ရှင်လိုကြ၏။

အနည်းငယ်အံ့ဩသွားသောဆံပင်ဖြူနှင့်လူအိုကြီးက ပြောသည်။

“ကောင်းပြီ ကောင်းပြီ အားလုံးရှင်ကြ ရှင်ကြ၊ ဘေးမှာ ထွက်ရပ်နေကြ။”

ဝမ်မင်တို့အားလုံးက ရိုးသားသောအမူအရာမျိုးဖြင့် ထိုလူအိုကြီး၏အနောက်တွင် သွားရပ်ကြသည်။

ရုတ်တရက် လုယွီနှင့်ချူယွီယူတို့ အပါအဝင် လူအနည်းငယ်သာလျှင် ကျန်ရစ်တော့သည်။

ဆံပင်ဖြူနှင့်လူအိုကြီးက လုယွီတို့ကို ကြည့်လျက်ပြောသည်။

“ဒီလူတွေက အသုံးမကျဘူး သတ်လိုက်တော့။”

“နေပါအုံး၊ "

ဝမ်မင်က ချူယွီယူကို လက်ညှိုးထိုးသည်။

“ဆရာ သူက ချူမိသားစုက မြေးမပါပဲ၊ သူ့ကို ချန်ထားသင့်တယ်။”

“ချူရှောင်းရဲ့မြေးမလား။”

ဆံပင်ဖြူနှင့်လူအိုကြီး၏မျက်ဝန်းက တောက်ပသွားပြီး ချူယွီယူကိုကြည့်သည်။ လက်ရှိချူမိသားစုဝင်ကိုသာ သူက ခေါ် သွားနိုင်မည်ဆိုလျှင် ဒါက သူ၏အားသာချက်ဖြစ်သည်။

“ကောင်းတယ်၊ မင်း ငါနဲ့လိုက်ခဲ့။”

ထိုအဖိုးကြီးက စိတ်လှုပ်ရှားစွာပြောသည်။

ချူယွီယူက မျက်မှောင်ကြုတ်လျက် အေးစက်စွာပြောသည်။

“နင် တွေးတောင်မတွေးနဲ့ ငါ မြောက်ပိုင်းနယ်မြေကို သစ္စာဖောက်မှာမဟုတ်ဘူး၊ သစ္စာဖောက်ဖြစ်ဖို့ဆိုရင် ပိုတောင်ဆိုးပါသေးတယ်။”

“ဘာကိုသစ္စာဖောက်လဲ။”

ဝမ်မင်က ခြေဆောင့်လျက်ပြောသည်။

“ငါတို့အားလုံးက လက်ရှိအခြေအနေကို ဖြေရှင်းလိုက်တာပဲ၊ မင်း ဘာမှ နားမလည်ဘူးလား၊ ပေါက်ကရတွေမပြောနဲ့။”

ချူယွီယူက နှာခေါင်းရှုံ့သည်။

“နင့်အဖေက သူရဲကောင်းမျိုးဆက်ကပဲ၊ ဒါပေမယ့် နင်ကတော့ သစ္စာဖောက်သားဖြစ်နေတယ်၊ သူသာသိရင် ရှက်လို့သေလောက်တယ်။”

ဝမ်မင်က ပြတ်သားစွာပြောသည်။

“ဒီလိုဆိုမှတော့ မတတ်နိုင်တော့ဘူးပဲ။”

ရုတ်တရက် သူက ဒူးထောက်လျက်ပြောသည်။

“ဆရာသခင် ကျွန်တော် ဂိုဏ်းကနေထွက်ပြီး ရေခဲနယ်မြေကို ခိုလှုံပါ့မယ်၊ ကျေးဇူးပြုပြီး ဒီအမျိုးသမီးကို ကျွန်တော့်ကိုပေးပါ။”

ဆံပင်ဖြူနှင့်လူက ပြောသည်။

“ကိစ္စမရှိဘူး။”

သူ လိုချင်သမျှက ချူယွီယူသာဖြစ်သည်။ ချူယွီယူ၏ ရုပ်ရည်အခြေအနေကမူ သူ ဂရုမစိုက်ပေ။

ဝမ်မင်က စိတ်လှုပ်ရှားသွားပြီး ချူယွီယူကိုကြည့်၏။ သူ၏အကြည့်က ပို၍ ဆိုးရွားလာသည်။

“အရှက်မရှိဘူး၊ ငါ သေရမယ်ဆိုရင်တောင်မှ နင့်လို သစ္စာဖောက် မဖြစ်မခံနိုင်ဘူး။”

“အတော်လျှာထက်တဲ့ မိန်းကလေးပဲ။”

ထိုဆံပင်ဖြူနှင့်လူအိုကြီးက လက်ကိုရမ်းလိုက်ပြီးနောက် သံချိန်းကြိုးတစ်ခုက ချူယွီယူထံ တိုးဝင်သွားသည်။ သံချိန်းကြိုးက ချူယွီယူ၏ လည်ပင်းနား ကျဆင်းလာတော့မတတ် ဖြစ်လာခဲ့၏။

ခရက်

ရုတ်တရက် လေထဲတွင်ပင် ထိုအရာက ေပာက်ကွဲသွားသည်။

လုယွီက သက်တောင့်သက်သာအမူအရာမျိုးဖြင့် ရှေ့တက်လာသည်။

“မင်းတို့ ရေခဲနယ်မြေကို သင်ခန်းစာပေးတာ မလုံလောက်သေးဘူးပဲ။”

ဆံပင်ဖြူနှင့်လူအိုကြီးက အံ့ဩသွားသည်။

ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကို မြင်ရချိန်တွင် သူ၏သတိက ပြန်လျော့သွား၏။

“မင်းက ဘာလဲ။”

ဆံပင်ဖြူနှင့်လူအိုကြီးက ဂါထာတစ်ပုဒ်ကို ဆင့်ခေါ်လိုက်ကာ အနက်ရောင်သဲများ ထွက်ပေါ်လာလျက် လုယွီကို ဖမ်းဆုပ်ရန်ကြံစည်သည်။ သို့သော် ထိုအချိန်တွင်ပင် သူ၏နဖူးတွင် အစင်းကြောင်းနှစ်ကြောင်းက လင်းလက်လာသည်။ ဒါက သင်္ကေတထွင်းထုခြင်း အဆင့်ဖြစ်၏။

လုယွီအမူအရာက မပြောင်းလဲပေ။ သူက လက်ကိုမြှောက်လိုက်လျက် ထိုလက်သည်းကို ရိုက်ချလိုက်ကာ အစိတ်စိတ်အပိုင်းပိုင်းဖြစ်သွားစေခဲ့၏။ လုယွီက တစ်ခုချင်းစီကို ဖျက်ဆီးလျက် ရှေ့တိုးလာသည်။

ဝုန်း ဝုန်း ဝုန်း

လက်သီးသုံးလုံးလုံး ဆက်တိုက်ပြိုကွဲသွားသောအခါ ထိုလူအိုကြီးက သွေးသုံးလုတ် အန်လိုက်ရသည်။ သူ၏မျက်ဝန်းအတွင်း ထိတ်လန့်မှုကိုမြင်နိုင်၏။

“မင်းက အဲဒီချူမိသားစုက အဆင့်အလွန်အဆင့်ဆိုတဲ့ ဝမ်ချန်းပဲ။”

ဆံပင်ဖြူနှင့်လူအိုကြီးက ထိတ်လန့်စွာပြောသည်။

အပိုင်း ၁၀၀၄

ချူမိသားစုမှ ထိုလူ့အကြောင်း သတင်းအချက်များစွာ ရထားသည်။ ထို့ကြောင့် ချူမိသားစုထံသို့ မချဉ်းကပ်ရဲခြင်းဖြစ်၏။ သို့ရာတွင် သည်နေရာတွင် တွေ့ရမည်ဟု မထင်ထားမိပေ။

“သံတမန် ကျွန်တော့်ကိုကယ်ပါ။”

ဆံပင်ဖြူနှင့်လူအိုကြီးက ဂူထဲသို့ဝင်ပြေးသည်။

သို့သော် သူ ခြေစလှမ်းလိုက်သည်နှင့် ခေါင်းက ကိုယ်မှ ကွဲထွက်သွားသည်။

“မင်းကိုဘယ်သူမှ မကယ်နိုင်ဘူး။”

လုယွီက အင်္ကျီလက်ကို တစ်ချက်ခါပြီး အေးစက်စွာပြောသည်။

“ပြေးကြတော့။”

အခြားသူများအားလုံးကလည်း လူစုခွဲပြေးရန် ပြင်ဆင်ကြသည်။

ဆံပင်ဖြူနှင့်လူအိုကြီးက သည်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်၏။ သူကပင် သည်လိုသေသွားလျှင် ကျန်သောလူများဆိုလျှင် မျက်လုံးဖြင့်ကြည့်ရုံဖြင့်ပင် သေနိုင်၏။

“ဘယ်သူမှ မသွားနိုင်ရဘူး။”

လက်ကိုရမ်းလိုက်သော လုယွီ၏ခွန်အားများက လေထဲတွင် ပေါက်ထွက်လာသည်။

တဘုန်းဘုန်းမြည်သံများက ထွက်ပေါ်လာ၏။ ထိုအနက်ရောင်ဝတ်စုံနှင့် တစ်အုပ်လုံးက လေထဲတွင်ပင် ပေါက်ကွဲသွားကြသည်။ အချို့ကဆိုလျှင် မြေပြင်သို့ ရိုက်ချခံရ၏။ လေထဲတွင် သွေးမြူများက ပြည့်နှက်လာပြီး အောက်သို့ လိမ့်ကျလာတော့၏။

ဝမ်မင်နှင့်အခြားသူများ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့ရှေ့ရှိ ထိုလူငယ်က ဘုန်းတော်ကြီးတစ်ပါးဟု သူတို့ မထင်ထားမိပေ။ ထို့အပြင် ထိုဆံပင်ဖြူနှင့်လူအိုကြီး၏စကားအရ အဆင့်လွန်အဆင့်ပင်ဖြစ်နိုင်နေသေး၏။

ရုတ်တရက် ဝမ်မင် တစ်စုံတစ်ရာကို တွေးမိသွားသည်။ သူ၏ကိုယ်ကို မိုးကြိုးပစ်လိုက်သကဲ့သို့ ထိတ်လန့်သွားတော့၏။ ရုတ်တရက် သူ မှတ်မိသွားသည်။

ချူမိသားစုတွင် ကျော်ကြားသော လူငယ်အဆင့်လွန်တစ်ယောက်ရှိနေ၏။

ရှေးဟောင်းဆေးကို ဖော်စပ်နိုင်သည့်အပြင် ဒဏ္ဍာရီတွင်သော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ အဆင့်လွန်အဆင့်များကိုပင် ဖုန်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသူလည်းဖြစ်၏။ ပြောကြသည်မှာ ဝမ်ချန်း၏ အဆင့်က မြင့်သော်လည်း အသက် ၃၀ ပင် မရှိသေးဟုဆိုသည်။

ဝမ်မင် နှာခေါင်းရှုံ့မိသွား၏။ ထိုအချိန်က သူ မယုံခဲ့ပေ။ မည်သို့ပင်ဆိုစေ သက်တူရွယ်တူတွင် သူ့လောက်ရောက်နေခြင်းရှိလျှင်ပင် အလွန်တော်သည်ဟု ဆိုရမည်ဖြစ်သည်။

“မင်း မင်းက အဲဒီဝမ်ချန်းပဲ။”

ဝမ်မင် တုန်ယင်သွားသည်။

ကောလဟာလက မှန်နေ၏။ သူ တစ်ချိန်လုံး လှောင်ခဲ့သော သူက အဆင့်လွန်အဆင့်တစ်ယောက်ဖြစ်နေသည်။

လုယွီက တိတ်ဆိတ်စွာပြောသည်။

“မင်း ငါနဲ့ကိစ္စဖြေရှင်းချင်နေတယ် မဟုတ်လား၊ ဘာလို့ အခုမပြောလဲ။”

ဝမ်မင်က နောက်ဆုတ်သွားသည်။ သူ အလွန် ထိတ်လန့်သွား၏။

“မင်း ငါ့ကိုသတ်လို့မရဘူး၊ ငါ့အဖေက ကျစ်လန်ဂိုဏ်းကပဲ၊ ငါက …”

ဝမ်မင်၏စကားဆုံးအောင်ပင် မစောင့်ဘဲ လုယွီက ဝမ်မင်၏ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ဝမ်မင်၏တစ်ကိုယ်လုံးက မိုးကြိုးပစ်ခံရသကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်တွင် တွန့်လိမ်ကောက်ကွေးသွား၏။ အချိန်တစ်ခုကြာပြီးနောက် တစ်ကိုယ်လုံးက တုန်ယင်သွားကာ ခေါင်းမော့လျက် အော်တော့သည်။

“မင်း ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးလိုက်ပြီ။”

ဝမ်မင် နှစ်ပေါင်းများစွာ ခါးသီးစွာကျင့်ကြံခဲ့ရသမျှက ပျက်စီးသွားလေပြီ။ မျက်တောင်တစ်ခတ်အချိန်အတွင်းတွင် သူ စိတ်ပျက်အားငယ်သွားတော့၏။

လုယွီက တည်ငြိမ်စွာပြောသည်။

“မင်းအဖေမျက်နှာကြောင့် မင်းအသက်ကို ချန်ထားပေးမယ်၊ ထွက်သွား”

ဝမ်မင်၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုက ပြည့်နှက်နေသည်။ သူ အလျင်စလိုထပြီးပြေးတော့၏။

ဒုတိယမျိုးဆက်များအားလုံး ထွက်သွားပြီးနောက် လုယွီ၏အနားတွင် လူအနည်းငယ်သာ ကျန်ရစ်တော့သည်။ ထိုသူများအားလုံးက ဘုန်းတော်ကြီး များ၏ ဆက်ခံသူများဖြစ်ကြ၏။

သူတို့၏နောက်တွင် ကြီးမားသော နောက်ခံများ မရှိကြသည့်အတွက် မတိုင်မီက အသနားခံရန်မဖြစ်ခဲ့ချေ။

“ကူညီပေးတဲ့ ကျေးဇူးအများကြီးတင်ပါတယ်။”

ထို့နောက် သူတို့က လုယွီ၏နာမည်ကိုပြောလျက် အကြီးအကဲတစ်ယောက်ကဲ့သို့ ဂါဝရပြုကြသည်။ လုယွီက သူတို့ထက် ငယ်ကောင်းငယ်နိုင်သည်။ သို့သော် ကျင့်ကြံခြင်းအဆင့်အရမူ သူတို့ထက်သာ၏။ သူတို့ကပင် မယှဉ်နိုင်ပေ။

လုယွီက မေးသည်။

“မင်းတို့လည်း ဒီတာဝန်ကို ယူထားကြတာလား။”

ထိုလူများက ဖြေကြသည်။

“ဟုတ်ပါတယ်၊ ဒီတာဝန်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပေးခဲ့တာပါ၊ ဒီတော့ ရွေးချယ်စရာဘဲ ဂိုဏ်းတိုင်းက လာကိုလာရပါတယ်။”

သူတို့၏နောက်ခံက မကြီးမားပေ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရခဲ့ခြင်းကပင် သူတို့အတွက် ဂုဏ်ယူစရာဖြစ်နေခဲ့ချေပြီ။ သူတို့ကသာ သည်တာဝန်ကို ငြင်းလိုက်လျှင် သူတို့အတွက် နေစရာရှိတော့မည် မဟုတ်ပေ။ ဒါက မိသားစုအတွက်ပင် သက်ရောက်မှုရှိနိုင်၏။

လုယွီက မျက်မှောင်ကြုတ်သည်။ သည်တာဝန်ကို ကိုင်တွယ်သူများက သာမန်မဟုတ်တော့ပေ။ သည်တာဝန်က အလွန်ကြီးလေရာ သည်မျိုးဆက်များကို စေလွှတ်ခြင်းက အားလုံးကို အသေခံခိုင်းသကဲ့သို့ဖြစ်နေ၏။

“မြောက်ပိုင်းမဟာမိတ်နေရာက ဘယ်မှာလဲ။”

လုယွီက မေးသည်။

တည်နေရာကို မေးမြန်းပြီးနောက် လုယွီနှင့်ချူယွီယူတို့က အခြားသူများကို နှုတ်ဆက်စကားပြောလျက် ထိုနေရာသို့ ထွက်ခွာလာခဲ့ကြသည်။

မအောင်မြင်နိုင်သော တာဝန်ကို ပေးကတည်းက ထိုနေရာတွင် တစ်စုံတစ်ရာ ပြဿနာရှိနေနိုင်လောက်သည်။

အပိုင်း ၁၀၀၅

ပေ့ယွမ်ဂိုဏ်း....

သည်နေရာတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ယာယီအခြေစိုက်စခန်းရှိသည်။

မြောက်ပိုင်းနယ်မြေ၏ ကျော်ကြားပြီး အလွန်ကြီးမားသော အဖွဲ့အစည်းကြီး ဖြစ်သည့်အလျောက် ပေ့ယွမ်ဂိုဏ်းက နယ်မြေကျယ်ကို ပိုင်ဆိုင်ထားရုံသာမကလေဘဲ ကျွမ်းကျင်ပညာရှင်များကိုလည်း ပိုင်ဆိုင်ထားလေသည်။

ထိုအချိန်တွင် မြောက်ပိုင်းနယ်မြေတစ်ခုလုံးက စစ်အတွက် ပြင်ဆင်နေကြသည့်အတွက် လူပေါင်းများစွာက သည်ပေ့ယွမ်ဂိတ်ဝင်ပေါက်တွင် စောင့်ကြပ်နေကြ၏။

“ရပ်စမ်း။”

အစောင့်ဘုန်းတော်ကြီးတစ်ပါးက လုယွီအား တားသည်။

လုယွီက ထိုလူအား ကြည့်ကာပြော၏။

“ငါက ဝမ်ချန်းပဲ၊ ငါ ပေ့ယွမ်ဂိုဏ်းက ခေါင်းဆောင်နဲ့တွေ့ချင်တယ်။”

ထိုသို့ဖြင့် သူက အထဲသို့ဝင်သည်။

“ရပ်စမ်း။”

လူဆယ်ယောက်ကျော်က ချက်ချင်းခုန်ဝင်လာလျက် လုယွီအား ဝိုင်းလိုက်ကြသည်။

“ကောင်လေး ဒီနေရာက မင်း လာဆော့ရမယ့်နေရာမဟုတ်ဘူး၊ အခုချက်ချင်း ထွက်သွား။”

ထိုအစောင့်က အော်၏။

လုယွီက မျက်မှောင်ကြုတ်သည်။

“ဒါဆိုလည်း ငါ့ကိုပြောစမ်း။”

လုယွီ၏တည်ငြိမ်မှုကြောင့် ထိုအစောင့်များပင် အံ့ဩသွားကြ၏။ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က လုယွီ၏နောက်ခံကို သတိထားမိသွားသည်။

“မင်းက ချူမိသားစုက အဂ္ဂိရက်ပညာရှင်ဝမ်ချန်းဆိုတာလား။”

ထိုအစောင့်က သတိထားကာပြောသည်။

လုယွီက ခေါင်းငြိမ့်၏။ ထိုအစောင့်က လေအေးများကို ရှူရှိုက်လိုက်ပြီး လုယွီအား ထပ်ကြည့်သည်။

“ခဏစောင့်ပါ လူကြီးမင်း ကျွန်တော် အခုချက်ချင်း သတင်းသွားပို့လိုက်ပါ့မယ်။”

အခြားသော အစောင့်များက သူ့အားမတားရဲကြတော့ပေ။ လက်ရှိအချိန်တွင် သည်လူက စွမ်းအားအကြီးဆုံးလူဖြစ်မှန်း သူတို့ နားလည်သွားကြသည့်အတွက် မတားရဲကြပေ။ သိပ်မကြာခင်မှာပင် အစောင့်က ပြန်ထွက်လာသည်။

“ဆရာသခင်ဝမ်ချန်း ဒုခေါင်းဆောင်က အပြင်ထွက်သွားပါတယ်။”

အထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်နေဟန်ရ၏။

လုယွီက ဖျော့တော့စွာပြောသည်။

“သူ ငါ့ကို မတွေ့နိုင်ရင် ငါ သွားတွေ့လို့ရတယ်။”

ထိုသို့ပြောပြီးသည်နှင့် လုယွီက ပေ့ယွမ်ဂိုဏ်းမှ အကာအကွယ်လွှာအတွင်းသို့ ဝင်ရောက်လာ၏။

ပေ့ယွမ်ဂိုဏ်းမှ ချခင်းထားသော အကာအကွယ်လွှာ အခင်းအကျင်းတောင်တန်းက လုယွီ၏အရှေ့တွင် ဟာသပြကွက်ဖြစ်နေ၏။

အစောင့်များက အချင်းချင်း ကြည့်လိုက်ကြကာ မတားရဲကြတော့ပေ။

လုယွီက အထဲသို့ဝင်သွားပြီး အချိန်အတန်ကြာမှသာ အစောင့်များက အသိပြန်ဝင်ကြသည်။ တစ်စုံတစ်ယောက်က အံကြိတ်လျက်ပြော၏။

“မြန်မြန် အကြီးအကဲတွေနဲ့အရှင်သခင်တွေကို သတင်းပို့လိုက်တော့။”

ပေ့ယွမ်ဂိုဏ်း၊ ဒုခေါင်းဆောင်အိမ်တော်...

လုယွီက တံခါးအရှေ့သို့ရောက်လာပြီး ခြေထောက်နှင့် ကန်ထုတ်လိုက်၏။ သည်စံအိမ်တစ်ခုလုံး၏ ဂိတ်တံခါးပေါက်က ပွင့်ထွက်သွားသည်။

“ဘယ်ကောင်လဲ ဘယ်ကောင် လာဒုက္ခပေးရဲတာလဲ။”

“မင်းက ဘယ်ဂိုဏ်းက တပည့်ဂိုဏ်းသားလဲ၊ သေချင်နေတာလား။”

ဒုခေါင်းဆောင်၏တပည့်ဂိုဏ်းသားများအားလုံးက ထွက်လာလျက် လုယွီကို လက်ညှိုးထိုးကြသည်။ သို့ရာတွင် သူတို့၏ဓါးများက သူ့ထံနီးကပ်လာသည်နှင့် ဖုန်မှုန့်လေပြင်းများအဖြစ် ပြောင်းလဲပျက်စီးသွားခဲ့ရ၏။ လူများကလည်း လွင့်ထွက်သွားရသည်။

“ဒီနေရာက ထွက်သွားစမ်း။”

လုယွီက ထိုလူများကိုကြည့်လျက် ပြောသည်။

“ယွီလဲ့ ထွက်လာခဲ့။”

ယွီလဲ့ဆိုသည်မှာ ပေ့ယွမ်ဂိုဏ်းမှ ဒုခေါင်းဆောင်၏အမည်ဖြစ်သည်။ သူ ပေ့ယွမ်ဂိုဏ်းသို့ အလကားလာခဲ့ခြင်းမဟုတ်ပေ။ လျှိုထုံတစ္ဆေဗိုလ်ချုပ်၏မှတ်ဉာဏ်အရ ယွီလဲ့ကို မကြာခဏတွေ့ခဲ့ရ၏။ ယွီလဲ့က ရေခဲနယ်မြေမှ သစ္စာဖောက်ဖြစ်နိုင်သည်။

လုယွီက ထိုအကောင်ကိုဖမ်းနိုင်လျှင် ထိုလျှိုထုံတစ္ဆေဗိုလ်ချုပ်အကြောင်း မေးနိုင်လောက်၏။

“ဘယ်ကောင်က လာခေါင်းမာနေတာလဲ၊ သူ့ပုံစံကြည့်ရတာ တပည့်ဂိုဏ်းသား အသစ်လား။”

“ဘယ်လိုတပည့်ဂိုဏ်းသားက ဒီလောက်စွမ်းအားကြီးနေမှာလဲ၊ သူက တော်တော်လေးလည်း ငယ်သေးတယ်၊ သူ ဘယ်သူမှန်းတော့ ငါ မသိဘူး။”

“နေအုံး အကြီးအကဲတွေ လာနေပြီ။”

Thank For Reading.

All Chapters