← Chapters

အခန်း (၁၁၁-၁၁၅)

Vol. 8 Ch. 111-115

အခန်း (၁၁၁-၁၁၅)

Vol. 8 Ch. 111-115

Chapter 111

"အား..."

"အား..."

အော်သံများထွက်ပေါ်လာကာ လင်းယုန်ဘုရင်၏ထက်ရှသောခြေသည်းများ လှစ်ခနဲကျရောက်လာခြင်းနှင့်အတူ လူငယ်နှစ်ယောက်၏ခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော နတ်ဆိုးသားရဲများသည် တောတောင်များအကြားမှ တိုးထွက်လာကာ ပတ်ဝန်းကျင်ရှိလူများကို ဝိုင်းရံလိုက်ကြ၏။

"ဘာဖြစ်တာလဲ"

"ဘာလို့ နတ်ဆိုးသားရဲတွေအများကြီး ရောက်လာတာလဲ"

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး လူများအားလုံး၏မျက်နှာများ ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်သွားသည်။ နတ်ဆိုးသားရဲများ အလွန်များပြားစွာ အစုလိုက်အပြုံလိုက်ရှိနေသည်ကိုကြည့်ပြီး သူတို့၏ဦးရေပြားများ ထုံကျင်သွားပေ၏။

မြေပြင်ပေါ်၌ထိုင်နေသော မိန်းကလေး၏မျက်နှာအမူအယာသည်လည်း ပျက်ယွင်းသွားသည်။ သူမ၏ဓားရှည် လှစ်ခနဲထွက်ပေါ်လာပြီးနောက် ဓားချီအလင်းတန်းတစ်တန်းနှင့်အတူ သိပ်သည်းသော ဓားအရှိန်အဝါက လင်းယုန်ဘုရင်ကို လွှမ်းခြုံသွားသည်။

ဘုန်း...

ဓားချီအလင်းတန်းသည် လင်းယုန်ဘုရင်၏ထက်ရှသောခြေသည်းများကို ရိုက်ခတ်မိသွားကာ ချက်ချင်းဆိုသလိုပင် တောက်ပသောမီးပွားများ ဖြာထွက်လာသည်။

"လူသားတွေ...မင်းတို့ သေရမယ်"

လင်းယုန်ဘုရင်သည် ခေါင်းမော့၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏တောင်ပံများသည် မိုးကောင်းကင်ယံသို့ လွှတ်တင်လိုက်သည့် မီးရှုးမီးပန်းများအလား ပြန့်ကားသွားသည်။ ထို့နောက် သူသည် အောက်သို့ထိုးဆင်းလာကာ တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဟုန်ဖြင့် မိန်းကလေးထံ တိုးဝင်လာပေ၏။

မိန်းကလေး၏လှပသောမျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။

သူမ၏ဓားရှည်ကို ဝှေ့ယမ်းကာ ထောင်နှင့်ချီသော ဓားချီများအဖြစ်ပြောင်းလဲပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားစေသည်။ အံ့အားသင့်တုန်လှုပ်ဖွယ် ဓားချီလှိုင်းတစ်ခုသည် လင်းယုန်ဘုရင်ထံဦးတည်၍ တန်းတန်းမတ်မတ် တိုးဝင်သွားလေ၏။

ရုတ်ချည်းဆိုသလိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားအရှိန်အဝါတစ်ရပ်က ကြီးကျယ်ခမ်းနားစွာ ထွက်ပေါ်လာသည်။

ဘုန်း...

အစွမ်းထက်သောအားလှိုင်းနှစ်ရပ် တိုက်မိသဖြင့် ချက်ချင်းဆိုသလိုပင် ကြီးမားသောတုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားသည်။ ကြီးမားသောလှုပ်ခတ်မှုအောက်တွင် သစ်ပင်အမြောက်အများ ခါးလယ်မှနေ၍ ပြတ်တောက်သွားတော့သည်။

မြေပြင်မှ ဖုန်မှုန့်များသည်လည်း အထက်သို့ ပျံ့လွင့်သွားသဖြင့် လေထုအတွင်း၌ ဖုန်တထောင်းထောင်းထနေသည်။

အွန့်...

ထိုဓားချီစွမ်းအားအောက်တွင် လင်းယုန်ဘုရင်ထံမှ ခပ်အုပ်အုပ်ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် နောက်သို့လွင့်ထွက်သွားပြီး ပေရာနှင့်ချီဝေးကွာသော နေရာသို့ရောက်မှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ သို့ရာတွင် သူ၏ခြေသည်းများသည် ထိုဓားချီကြောင့် ဒဏ်ရာရရှိသွားကာ ကြက်သွေးရောင်သွေးများက လေထုအတွင်းမှ ယိုစီးကျလာပေ၏။

"ရှပ်...ရှပ်...ရှပ်..."

တစ်ချိန်တည်းမှာပင် မိန်းကလေးသည်လည်း နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရကာ သူမ၏သေးသွယ်နူးညံသောခြေထောက်များဖြင့် မြေပြင်ပေါ်သို့ ထိတွေ့လိုက်ရသည်။

ဤတိုက်ခိုက်မှုတွင် သူမဘက်မှ အကြွင်းမဲ့အသာစီးရခဲ့သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် သူမ၏တောက်ပသောမျက်လုံးများအတွင်း၌ တည်ကြည်လေးနက်မှုများနှင့် ပြည့်နှက်နေသည်။ သူမသည် အသာစီးရနေသော်လည်း သူမနှင့်ဂိုဏ်းတူတပည့်များသည် နတ်ဆိုးသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက် လဲကျနေသည်။

အချိန်တခဏအတွင်းမှာပင် သူတို့အနက်မှတစ်ဝက်နီးပါး လဲကျသွားလေပြီ။

"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

မိန်းကလေးက မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။ သာမာန်အားဖြင့် ဤတောတောင်အတွင်းတွင် နတ်ဆိုးသားရဲအမြောက်အများရှိသော်လည်း သူတို့ကို ရှောင်တိမ်းနိုင်သရွေ့ မည်သည့်အခက်အခဲမျှမရှိချေ။ ဤကဲ့သို့ အလွန်များပြားသော နတ်ဆိုးသားရဲများစုဖွဲ့နေမှုမျိုး တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိချေ။

ထို့ပြင် သူမအား အစောပိုင်းက တိုက်ခိုက်ခဲ့သော လင်းယုန်သည် နတ်ဆိုးဘုရင်အဆင့်၌ရှိနေနိုင်သည်။

ဤကဲ့သို့ နတ်ဆိုးဘုရင်တစ်ကောင်သည် သာမာန်အားဖြင့် ထွက်ပေါ်လာလေ့မရှိပေ။

"ဝေါင်း.."

သူမ အတွေးများအတွင်း နစ်မြောနေစဥ်မှာပင် မြေပြင်တပြင်လုံးတုန်ခါသွားသော ဟိန်းဟောက်သံနှင့် အတူယှဥ်တွဲ၍ ကြီးကျယ်ခမ်းနားသောကျားသစ်တစ်ကောင်က သစ်ပင်များအကြားမှထွက်လာသည်။

ဝုန်း....ဝုန်း....

မြေပြင်သည် ထပ်မံ၍တုန်ခါသွားလေ၏။ ဝက်ဘုရင်သည် သူ၏ကြီးမားသောခြေလက်များဖြင့် မြေပြင်ပေါ်ဆောင့်နင်းကာ ရှေ့သို့တိုးဝင်လာသည်။

"နောက်ထပ် နတ်ဆိုးဘုရင်နှစ်ကောင်လား..."

မိန်းကလေးသည် မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ကာ ခေါင်းမော့ကြည့်လိုက်၏။ အစောပိုင်းက တိုက်ပွဲတွင် ဒဏ်ရာရထားသော လင်းယုန်ဘုရင်သည် မိုးကောင်းကင်ယံမှ အောက်သို့ တဖန်ပြန်၍ ထိုးသုတ်လာသည်ကို သူမ မြင်တွေ့မိသည်။

မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ နတ်ဆိုးဘုရင်သုံးကောင်သည် ပြင်းထန်သောတိုက်ခိုက်မှုများဖြင့် ထိုမိန်းကလေးကို စတင်၍တိုက်ခိုက်ကြတော့သည်။

မိန်းကလေးသည် အားနည်းမှုကိုပြသရန် ဆန္ဒမရှိချေ။

မိန်းကလေးတစ်ယောက်ဖြစ်သော်ငြားလည်း ဤအချိန်အခိုက်အတန့်တွင် သူမထံမှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှက်ထားသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထက်ရှသောဓားတစ်လက်အလား ပြောင်းလဲသွားကာ နတ်ဆိုးဘုရင်သုံးကောင်ကို တန်ပြန်တိုက်ခိုက်လိုက်၏။

"အား...."

"အား...."

"အား....ကယ်ကြပါ...."

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဂိုဏ်းတူတပည့်များ၏မချိမဆံ့အော်ဟစ်သံများက တစတစ ပို၍များပြားလာသည်။ မိန်းကလေးသည် သူတို့ကို ကယ်တင်လိုသော်လည်း နတ်ဆိုးဘုရင်သုံးကောင်၏တိုက်ခိုက်မှုအောက်မှ သူမ လွယ်လင့်တကူ ရုန်းမထွက်နိုင်ချေ။

နောက်ဆုံး၌ နောက်ဆုံးလက်ကျန်တပည့်တစ်ယောက် သူမရှေ့၌ လဲကျသွားကာ ထိုလူ၏မျက်နှာတပြင်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။

မြေပြင်ပေါ်၌ အလောင်းများ ပြန့်ကျဲနေလေ၏။

သွေးများကြောင့် မြေပြင်တပြင်လုံး နီမြန်းသွားကာ သွေးညှီနံက သစ်တောတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"သေစမ်း..."

မိန်းကလေး၏မျက်နှာ ရေခဲတမျှအေးစက်သွားကာ သူမ၏စိတ်နှလုံးသား တုန်ရီသွားသည်။ ထိုလူများအားလုံးသည် သူမ၏ဂိုဏ်းမှ လက်ရွေးစင်တပည့်များပင်။

"ဟမ့်....မင်းက ငါတို့နဲ့တိုက်ခိုက်နေချိန်မှာတောင် အာရုံပျံ့လွင့်ရဲသေးတာလား"

ထိုအချိန်မှာပင် ကျားသစ်ဘုရင်က အေးစက်စက်ရယ်မောလိုက်၏။ သူ၏ကြီးမားသောလက်ဝါးများတွင် သတ်ဖြတ်လိုခြင်းအရှိန်အဝါများနှင့်ပြည့်နှက်နေကာ ရှေ့သို့တဟုန်ထိုးပြေးလာသည်။

မိန်းကလေး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သူမသည် ဓားကိုမြှောက်ကာ ပိတ်ဆို့ဟန့်တားလိုက်သော်လည်း အလွန်နောက်ကျသွားလေပြီ။ သူမ၏ဝမ်းဗိုက်အောက်ပိုင်းတွင် ထိတ်လန့်ဖွယ်ဒဏ်ရာတစ်ခုရရှိပြီး ကွဲထွက်သွားကာ သွေးများက သူမ၏အဖြူရောင်ဝတ်စုံကို စွန်းထင်းသွားတော့သည်။

သူမသည် အလျင်စလို နောက်သို့ပြန်ဆုတ်ကာ မြေပြင်ပေါ်ရှိအလောင်းများကို လက်မခံလိုပုံဖြင့် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမ၏နီမြန်းသောနုတ်ခမ်းကို ဖိကိုက်ကာ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အသည်းအသန် ထွက်ပြေးခဲ့တော့သည်။

"သူ့ကို လိုက်ဖမ်းကြစမ်း"

နတ်ဆိုးဘုရင်သုံးပါးသည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ သူမ၏လှပမှုကြောင့် သူမအားအလွတ်ပေးရန် ရည်ရွယ်မထားသည်မှာ သိသာထင်ရှားလှ၏။

ထိုမိန်းကလေး၏အရှိန်သည် နတ်ဆိုးဘုရင်သုံးပါးထက် ပို၍လျှင်မြန်နေဆဲပင်။ အချိန်တခဏခန့် လိုက်ဖမ်းခံပြီးနောက် သူမသည် သူတို့အား ယာယီမျက်ခြေဖြတ်ထားနိုင်ခဲ့သည်။

သို့ရာတွင် သူမ၏အခြေအနေသည် မကောင်းလှချေ။

သွေးထွက်လွန်နေခဲ့ခြင်းကြောင့် သူမ၏လှပသောမျက်နှာလေးသည် သေလူတစ်ယောက်အလား ဖြူဖပ်ဖြူရော်ဖြစ်နေလေပြီ။ သူမသည် ပျံသန်းနေစဥ်တလျှောက်တွင် သူမ၏ဒဏ်ရာရရှိထားသောခန္ဓာကိုယ်ကြောင့် ယိမ်းယိုင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ပြေပြစ်သောမျက်ခုံးများကို စုကျုံထားသည်မှာလည်း ပြေပြစ်သွားခြင်းမရှိချေ။

သူမ၏လမ်းကြောင်းတလျှောက်တွင် တောတောင်အနှံ့၌ နတ်ဆိုးသားရဲအမြောက်အများကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ပြင် သူမသည် တခြားနတ်ဆိုးဘုရင်များ ဖြတ်သန်းသွားသောအရိပ်အယောင်များကိုလည်း အာရုံခံမိလေ၏။

"အခု ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"

သူမ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့ကိစ္စမျိုးသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိချေ။

အနီးမှဖြတ်သွားသော နတ်ဆိုးငယ်လေးတစ်ကောင်ကို မြင်တွေ့ချိန်တွင် သူမသည် အမှန်တရားကိုရှာဖွေရန်ရည်ရွယ်၍ သူ၏ခေါင်းပေါ်သို့ သူမ၏လက်ဖြင့်အုပ်မိုးလိုက်၏။

စိတ်ဝိညာဥ်ရှာဖွေခြင်း.....

နတ်ဆိုးငယ်လေးထံမှ မှတ်ဥာဏ်များ သူမ၏စိတ်အတွင်းသို့ မျောလွင့်သွားသည်။ သူမ၏လှပသောမျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားကာ သူမ၏အနီရောင်နုတ်ခမ်းနှစ်လွှာသည် ကျယ်လောင်စွာပွင့်ဟနေသည်။ နောက်ဆုံး၌ သူမသည် တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်၏။

"ဘယ်လိုလုပ်ပြီးတော့...."

"ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ ဒီလောက်ထိအစွမ်းထက်တဲ့လူမျိုး ရှိနေတာလဲ...."

Chapter 112

သူမ အံ့အားသင့်နေစဥ်မှာပင် ပြင်းထန်သောအန္တရာယ်အငွေ့အသက်များက သူမထံသို့ တိုးဝင်လာသည်။

ထို့နောက် အဘက်ဘက်ရှိလမ်းကြောင်းများမှနေ၍ ရှေ့သို့တိုးဝင်လာသော အနှောက်အယှက်ဖြစ်ဖွယ်အသံများကို သူမ ကြားလိုက်မိသည်။

သူမအား လိုက်လံရှာဖွေသူများ ရောက်ရှိလာသည်မှာ သိသာထင်ရှားလှ၏။

မိန်းကလေး၏မျက်ခုံးများ ချက်ချင်းစုကြုံသွားသည်။ သူမ၏လှပသောမျက်လုံးတစ်စုံနှင့် သူမနောက်ရှိ ချောက်ကမ်းပါးကိုကြည့်ကာ သူမ၏နုတ်ခမ်းကို ဖိကိုက်၍ မဝံ့မရဲဖြင့် အောက်သို့ခုန်ချလိုက်တော့သည်။

....

"နောက်ဆုံးတော့ ဒီဆိုးရွားတဲ့နေရာကြီးကနေ ထွက်လာနိုင်ခဲ့ပြီ"

ရီဖုန်းသည် သူ၏လက်အတွင်း၌ လိပ်တစ်ကောင်ကိုကိုင်ထားပြီး ပျင်းရိငြီးငွေ့စွာဖြင့် လမ်းလျှောက်နေသည်။

ဤတောတောင်အတွင်း၌ အပူချိန်မြင့်မားခြင်းမရှိသော်လည်း သူ တရကြမ်းပြေးလွှားခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့်ရွှဲနစ်နေပေ၏။

"အမ်....ရှေ့မှာ ရေအိုင်တစ်အိုင် ရှိနေတာပါလား"

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ရှေ့သို့လျှောက်လှမ်းသွားကာ ထိုရေ၏အပူချိန်ကို စမ်းသပ်လိုက်သည်။ ထိုရေသည် အလွန်အေးမြခြင်းမရှိသည်ကို သိလိုက်ရချိန်တွင် သူ၏အဝတ်အစားများကိုချွတ်ကာ ကိုယ်တုံးလုံးနှင့် ရေအတွင်းသို့ ခုန်ဆင်းလိုက်၏။

"ဒါက ခံစားရတော်တော်ကောင်းတာပဲ"

ရီဖုန်းသည် သူ့ကိုယ်သူ ဆေးကြောသန့်စင်လိုက်သည်။ သူမတ်တတ်ရပ်လိုက်စဥ်တွင် ရေမျက်နှာပြင်သည် သူ၏ခါးလယ်ခန့်သာရှိသည်။ သူသည် တောတောင်များကိုဖြတ်သန်းလာသည့် တောက်ပသောနေရောင်ခြည်နှင့် ထိတွေ့မိချိန်တွင် သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်သောအပြုံး ထင်ဟပ်လာသည်။

ဗွမ်း...

ထိုအချိန်မှာပင် အရိပ်တစ်ရိပ်က ရုတ်တရက် မိုးကောင်းကင်ယံမှ ပြုတ်ကျလာသဖြင့် ရေများ မီတာတော်တော်များများထိ မြောက်တက်သွားသည်။

ဖြာကျလာသောရေများသည် ရီဖုန်း၏မျက်နှာပေါ်သို့ စင်လာသောကြောင့် သူ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်တော့ချေ။ ရေမျက်နှာပြင် ပြန်လည်တည်ငြိမ်သွားစဥ်တွင် သူ လှည့်ပတ်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ပေ။

"ဒါက ဘာသောက်ကျိုးနည်း အရာကြီးလဲ"

ရီဖုန်းသည် ရေအတွင်း၌ မတ်တတ်ရပ်ကာ စူးစမ်းရှာဖွေနေဆဲပင်။ ရေမျက်နှာပြင်သည် လုံးလုံးလျားလျား တည်ငြိမ်သွားသည့်တိုင် သူ မည်သည့်အရာကိုမျှ ရှာမတွေ့ချေ။

"ကျောက်တုံးတစ်တုံး ပြုတ်ကျလာတာများ ဖြစ်နေမလား"

သူက တွေးတောလိုက်၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် တစ်စုံတစ်ခုက ရေအောက်မှနေ၍ သူ၏ခြေထောက်များထံဦးတည်၍ ကူးခတ်လာသည်ကို သူ ခံစားမိသည်။

"မြွေတစ်ကောင်တော့ မဟုတ်လောက်ပါဘူးနော်...ဟုတ်တယ်မလား"

ရီဖုန်း၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလေ၏။

ဤအရာသည် သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို တိုက်ခိုက်မည့်ပုံရသည်။ ရီဖုန်းသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် နောက်သို့ဆုတ်လိုက်သည်။ ရုတ်တရက် သူ၏ခါးရှေ့တွင် ခေါင်းတစ်လုံး ထွက်ပေါ်လာသည်။

သူမ၏မျက်နှာအား ရေမျက်နှာပြင်အထက်သို့ တိုးထွက်လိုက်စဥ်မှာပင် ပြူးကျယ်နေသောမျပ်လုံးတစ်စုံဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။

'ဒါကိုကြည့်ရတာ...မိန်းကလေးတစ်ယောက်လား...'

ရီဖုန်းသည် ခေါင်းငုံ၍ ထိုမျက်နှာကိုအနီးကပ်ကြည့်လိုက်သည်။ သူ အချိန်တခဏခန့် ကြက်သေသေသွားသည်။

ဤှအချိန်အခိုက်အတန့်တွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ် စူးစိုက်၍ကြည့်နေကြ၏။

"နင်...လူယုတ်မာ....."

ရုတ်တရက် သေးသွယ်သောလက်လေးတစ်ဖက် ရေမျက်နှာပြင်အထက်သို့ ထွက်ပေါ်လာကာ ရီဖုန်းအား ပါးဖြတ်ရိုက်လိုက်၏။

"သောက်ချေးပဲ"

ပါးရိုက်ခံရပြီးနောက် ရီဖုန်းသည် အချိန်တခဏခန့် ကြက်သေသေသွားသည်။ မည်သည့်စကားမျှ ရှည်ရှည်ဝေးဝေးမပြောရသေးဘဲ သူသည် ပါးရိုက်ခံရခြင်းကြောင့် နောက်သို့ဆုတ်ကာ ဆဲဆိုလိုက်၏။

"မင်းက သောက်ကျိုးနည်းထွက်လာပြီးတော့ ငါ့ကိုလည်း ခြောက်လှန့်သေးတယ်...ပြီးတော့ ငါ့ကိုလည်း ရိုက်သေးတာလား"

ဤပါးရိုက်ချက်သည် မိန်းကလေးကိုလည်း ကြက်သေသေသွားစေသည်။

သူမ၏အေးစက်စက်မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များနှင့် ပြည့်နှက်သွားတော့သည်။ သူမသည် ဓားရှည်ကိုထုတ်ယူပြီးနောက် သူမ၏စိုရွှဲနေသောခန္ဓာကိုယ်သည် ရေအတွင်းမှခုန်ထွက်လာကာ ရီဖုန်းထံဦးတည်၍ ထိုးစိုက်လိုက်၏။

သို့ရာတွင် သူမ၏ခွန်အားများကို စုဆောင်းနေစဥ်အတောအတွင်းတွင် သူမ၏အတွင်းအားများ မလုံလောက်ကြောင်း သူမ ရှာဖွေတွေ့ရှိမိသည်။ သူမ၏ခန္ဓာကိုယ်ယိမ်းယိုင်လာပြီး ရီဖုန်း၏ခေါင်းပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ဒီခွေးမ......."

ရီဖုန်း၏ဆဲဆိုသံနှင့်အတူ သူတို့နှစ်ယောက်လုံးထွေးကာ ရေအတွင်းသို့ စိုက်ကျသွားလေ၏။

...

လေပြည်လေညင်းများ ညင်သာစွာတိုက်ခတ်လာပြီးနောက် တောအုပ်အတွင်း၌ သစ်ရွက်များက ပေါ့ပါးစွာ မျောလွင့်နေသည်။

နေဝင်ရီတရောအချိန်သို့ နီးကပ်နေသဖြင့် မိုးကောင်းကင်ယံ၏အနားသတ်တလျှောက် နီမြန်းနေပြီး မှိန်ပျပျတောက်ပနေလေရာ ဤနေရာတွင် မီးဖိုမှအလင်းရောင်ကြောင့်ဖြစ်စေ ညနေဆည်းဆာချိန်တောက်ပမှုကြောင့်ဖြစ်စေ လှပနေသည်။

မိန်းကလေးက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ၏ရေခဲတမျှ အေးစက်နေသောခန္ဓာကိုယ်သည် မီးဖိုမှအပူရှိန်ကြောင့် အနည်းငယ်သက်သာသွားပုံရသည်။

ထို့နောက် အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် သူ၏လက်ဝဲဘက်လက်အတွင်း၌ လိပ်တစ်ကောင်ကိုကိုင်ထားကာ သူ့နောက်ကျော၌ ဝါးခြင်းတောင်းတစ်လုံးကိုလွယ်ထားပြီး သူမထံသို့ လျှောက်လှမ်းလာသည်။

သူမက မျက်မှောင်ကြုတ်လိုက်ကာ ရုတ်တရက် သူမ၏မျက်နှာပေါ်၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ဒါက နင်လား"

ဤလူငယ်သည် တောင်ပေါ်၌ သူမ တွေ့ဆုံခဲ့ရသည့် သေမျိုးဖြစ်ကြောင်း သူမ မှတ်မိသွားသည်။

"အမှန်ပဲ...အဲ့ဒါက ငါပဲ"

ရီဖုန်းသည် လိပ်ကို သစ်ပင်တစ်ပင်ပေါ်၌ ချိတ်ဆွဲကာ ဝါးခြင်းတောင်းကိုအောက်သို့ချပြီး မကျေမချမ်း ပြောဆိုလိုက်၏။

"မင်း ခုဏက ငါ့ကို ဘယ်လောက်ထိဆိုးဆိုးရွားရွား ထိတ်လန့်သွားစေတယ်ဆိုတာ မင်း သိလား"

ထိုစကားကိုကြားချိန်တွင် မိန်းကလေး၏မျက်နှာ နီမြန်းသွားသည်။

သူမ လှုပ်ရှားမှုတစ်ခုမျှ မပြုလုပ်ရသေးမီမှာပင် ထိုလူငယ်သည် သူမအား အရင်ဦးအောင် အပြစ်တင်စကားပြောဆိုမည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် သူမသည် ကျိုးကြောင်းမဆီလျော်သူတစ်ယောက် မဟုတ်ချေ။ သူမသည် အစပထမ၌ အခိုက်အတန့်မျှ ဒေါသထွက်သွားသော်လည်း ယခုချိန်၌ သူမပြန်လည်တွေးတောမိချိန်တွင် သူမသည် ရီဖုန်းကို အပြစ်တင်၍မရချေ။ အမှန်အားဖြင့် ရေအိုင်အတွင်းမှ မြင်ကွင်းအကြောင်းကို ပြန်လည်တွေးတောမိစဥ်တွင် သူမ၏မျက်နှာပေါ်၌ ရှက်သွေးဖြာနေဆဲပင်။

ဤမြင်ကွင်းသည် အမှန်တကယ်ကို သူမအား ဆွံအသွားစေသည်။

အထူးသဖြင့် ဤသေမျိုးကို သူမ အမှန်တကယ် ပါးဖြတ်ရိုက်ခဲ့မိသည်။ ဤသည်မှာ အမှန်တကယ်ကိုပင်.....

သို့ရာတွင် သူမ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော အဝတ်အစားများကိုကြည့်ပြီးချိန်၌ ထိုလူငယ်ထံတွင် မကောင်းသောရည်ရွယ်ချက်မျိုး ရှိပုံမရချေ။ ထို့ကြောင့် သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ပြန်လည်မျိုသိပ်လိုက်၏။

"ဒီကိုလာလေ...မင်းရဲ့ခွန်အားတွေ နည်းနည်းပြန်ရလာအောင် ငါးလေးစားလိုက်ပါအုံး"

ရီဖုန်းက ငါးကင်ကို လက်ကမ်းပေးလေသည်။

မိန်းကလေးက မျက်မှောင်ကြုတ်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါက ကျင့်ကြံသူတစ်ယောက်ဆိုတာ နင် သိတယ်မလား"

"အဲ့ဒါက ဘာဖြစ်လဲ"

ရီဖုန်းက သူမထံသို့ စောင်းငဲ့ကြည့်ကာ ပြောဆိုလိုက်၏။

"မင်းက အစားစားဖို့ မလိုအပ်တော့ဘူးလား"

မိန်းကလေး၏ပြေပြစ်သောမျက်ခုံးများ အထက်သို့ပင့်တက်သွားသည်။ သူမ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့သွားကာ သူမက ပြောဆိုသည်။

"အဲ့ဒီလိုအစားအစာတွေက ငါ့အတွက် အသုံးမဝင်ဘူး"

ရီဖုန်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူက မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်၏။

"ငါးက မင်းအတွက် အသုံးမဝင်ဘူး....ဒါဆိုရင် မင်းက ငါ့ရဲ့လိပ်ကို မျက်စေ့ကျနေတာလား...ဟုတ်တယ်မလား"

ရီဖုန်းသည် ထိုစကားပြောဆိုနေစဥ်တွင် တွန့်တိုမှုများက သူ၏မျက်နှာပေါ်၌ အထင်းသားထင်ဟပ်နေသည်။

"ဒီလိပ်အိုကြီးက အရမ်းအာဟာရကြွယ်ဝပေမယ့်....ငါက ဒါကို ငါ့ရဲ့တပည့်လေးကျုံးချင် စားဖို့အတွက် ယူသွားရမယ်"

ထိုစကားကိုကြားချိန်တွင် မိန်းကလေး၏မျက်နှာအမူအယာ ပြေလျော့သွားသည်။ သူမသည် ရှေ့ရှိသေမျိုးလူငယ်ကိုကြည့်ပြီး ရယ်ရမည်လော ငိုရမည်လောကို မသိတော့ချေ။ သူမကဲ့သို့ မြင့်မြတ်သောကျင့်ကြံသူတစ်ယောက်သည် လိပ်တစ်ကောင်ကို တောင့်တနေရမည်လော။ မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသောကိစ္စ ဖြစ်သနည်း။

လွတ်လပ်ပေါ့ပါးနေသောရီဖုန်းကိုကြည့်ပြီး မူလက အထင်အမြင်သေးစွာ စကားပြောဆိုနေခဲ့သော မိန်းကလေးသည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"နင်က သေမျိုးတစ်ယောက်လေ...ဒီတောတောင်တွေထဲကို နင်က တစ်ယောက်တည်း လာရဲတယ်နော်...နင် မကြောက်ဘူးလား"

"ဒီနေရာမှာ ဘာကြောက်စရာရှိလို့လဲ"

ရီဖုန်းသည် ငါးရိုးကိုဆွဲထုတ်ရင်း ဇဝေဇဝါနှင့် တုံ့ပြန်မေးမြန်းလိုက်သည်။

မိန်းကလေးက အံ့အားသင့်သွားသည်။ သို့ရာတွင် သူမ ပြန်လည်စဥ်းစားမိချိန်တွင် သေမျိုးများ၏အတွေးများသည် အကန့်အသတ်ရှိပေ၏။ သူတို့သည် ကိစ္စများစွာကို လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်စွမ်းမရှိချေ။ သူနှင့်စကားပြောခြင်းသည် နားမကြားသည်ကို တရားသွားဟောခြင်းနှင့် တူညီနေပေမည်။ သို့ရာတွင် သူမအား ခြုံလွှမ်းပေးထားသော အဝတ်အစားများကိုကြည့်ပြီး သူမက အတိုချုပ်၍ ပြောဆိုလိုက်သည်။

"နင် စားပြီးတာနဲ့...ဒီတောတောင်တွေကနေ လမ်းတစ်လမ်းရှာပြီးတော့ အမြန်ထွက်သွားတော့"

"အမ်"

ရီဖုန်းက ခေါင်းမော့၍ကြည့်လိုက်သည်။

"ဘာလို့လဲဆိုတော့ နင် ဒီတောတောင်တွေထဲကနေ ထွက်မသွားရင် နင် သေရလိမ့်မယ်"

မိန်းကလေးက အလေးအနက်ထား၍ ပြောဆိုသည်။ ရီဖုန်း မေးမြန်းမည်ကိုစောင့်ဆိုင်းခြင်းမပြုဘဲ သူမက ဆက်လက်၍

"နင်တို့သေမျိုးတွေ တွေးကြည့်ဖူးမှာတောင်မဟုတ်တဲ့ ကိစ္စကြီးတစ်ခုက ဒီတောတောင်တွေထဲမှာ ဖြစ်ပွားနေတယ်"

ထိုစကားကိုပြောဆိုရင်း သူမက ခေါင်းအနည်းငယ် မော့လိုက်သည်။

သူမ၏စိတ်အတွင်း၌ နတ်ဆိုးငယ်၏စိတ်ဝိညာဥ်ကို သူမ ရှာဖွေခဲ့စဥ်အချိန်မှ မှတ်ဥာဏ်များကို အမှတ်မထင် ပြန်လည်အမှတ်ရသွားသည်။

Chapter 113

"တောင်အောက်ကိုဆင်းဖို့က ခုချိန်မှာတော့ မဖြစ်နိုင်သေးဘူး...ငါက ဆေးပင်တွေ ဆက်ပြီးစုဆောင်းရအုံးမယ်"

ရီဖုန်းသည် ခေါင်းခါပြပြီးနောက် အပြုံးနှင့်ပြောဆိုသည်။

"ဒါပေမယ့် ဘာတွေဖြစ်နေတာလဲဆိုတာတော့ ငါ အတိအကျ သိချင်မိတယ်"

"ဆေးပင်တွေ စုဆောင်းနေတာလား"

မိန်းကလေးသည် အံ့အားသင့်စွာဖြင့် ရီဖုန်းကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"နင် တကယ်ကို သေမှာမကြောက်ဘူးလား"

"ကောင်းပြီလေ...."

မိန်းကလေးသည် မတ်တတ်ထရပ်ကာ ရီဖုန်းကို လေးလေးနက်နက် စူးစိုက်ကြည့်လေသည်။

"ဒီလောကကြီးရဲ့ မိုးကောင်းကင် ဘယ်လောက်ထိမြင့်ပြီး မြေပြင် ဘယ်လောက်ထိ နက်ရှိုင်းတယ်ဆိုတာ နင် သိအောင် ငါ ပြောပြလိုက်မယ်...အဲ့ဒါမှပဲ နင် မအူမလည်နဲ့ ဆက်သွားနေပြီးတော့ နင်ရဲ့အသက်ဆုံးရှုံးရမယ့်ဘေးက ကာကွယ်နိုင်လိမ့်မယ်"

"ဒီလောကကြီးထဲမှာ နတ်ဆိုးသားရဲတွေရှိတယ်...နင် ကြားဖူးလား"

မိန်းကလေးက မေးမြန်းသည်။

"ငါ အဲ့ဒါကို ကြားဖူးတယ်"

ရီဖုန်းက ခေါင်းညိတ်ပြလိုက်၏။

"ဒီတောတောင်တွေကြားမှာ နတ်ဆိုးသားရဲတွေ အများကြီးရှိနေတယ်....အားအကောင်းဆုံးနတ်ဆိုးသားရဲတချို့က နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်နေပြီ"

မိန်းကလေးက ရှင်းပြလေသည်။

"နတ်ဆိုးဧကရာဇ်နယ်ပယ်ကို ရောက်သွားတဲ့ သူတွေက နတ်ဆိုးလောကရဲ့ အရှင်သခင်တွေပဲ....ပြီးတော့ ခုလိုဖြစ်ပျက်သွားတာက မိုင်တစ်ထောင်ပတ်လည်ရှိတဲ့နယ်မြေရဲ့ အုပ်ချုပ်သူဖြစ်တဲ့ နတ်ဆိုးဧကရာဇ်ပိုကူနဲ့ သက်ဆိုင်နေတယ်"

"နတ်ဆိုးဧကရာဇ်ပိုကူက လိပ်တစ်ကောင်ကနေ ဆင့်ကဲပြောင်းလဲလာတာဆိုပေမယ့်...သူ့ရဲ့သက်တမ်းရှည်ကြာမှုကြောင့် သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းနက်နဲသိမ်မွေ့တယ်"

"အင်း..."

ရီဖုန်းက ဂရုတစိုက် နားထောင်လိုက်သည်။ သူသည် နတ်ဆိုးဧကရာဇ်ဟူသော အခန်းကဏ္ဏကိုနားမလည်သော်လည်း ထိုအသံကိုကြားရရုံဖြင့် အလွန်ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းနေသည်။

"ဒါပေမယ့် အဲ့ဒီလိုမျိုး ထောင်သောင်းချီတဲ့နတ်ဆိုးတွေရဲ့ အရှင်သခင်က ရုတ်တရက်ကြီး တစ်ယောက်ယောက်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရတယ်"

မိန်းကလေးက ဆက်လက်ပြောဆိုသည်။

"အဖမ်းခံရတာလား"

ရီဖုန်းက အံ့အားတသင့် မေးမြန်းလိုက်၏။

"အမှန်ပဲ"

မိန်းကလေးက ခေါင်းညိတ်ပြကာ သူမ၏လေသံသည် ပို၍တည်ကြည်လေးနက်စပြုလာပြီး ဆက်လက်ပြောဆိုသည်။

"အဲ့ဒါက လူသားတစ်ယောက်ပဲ...အရမ်းသန်မာအားကောင်းတဲ့ လူတစ်ယောက်...."

ထိုစကားကိုပြောဆိုချိန်တွင် သူမ၏မျက်နှာပေါ်တွင် လေးစားခြင်းများ ထင်ဟပ်နေကာ သူမ၏မျက်လုံးအတွင်း၌ တောင့်တမှုအရိပ်အယောင်များ ရှိနေသည်။

"အဲ့ဒီလူရဲ့ခွန်အားက အရမ်းလွှမ်းမိုးနိုင်တယ်...သူက နတ်ဆိုးဧကရာဇ်ပိုကူရဲ့ဂူထဲကို တစ်ယောက်တည်း ဝင်သွားပြီးတော့....ပိုကူရဲ့ရတနာတွေကို ယူသွားရုံတင်မကဘူး...သူက ပိုကူကို အရှင်လတ်လတ်ဖမ်းသွားပြီးတော့ သူ ပြောသွားတာက သူ လုပ်ချင်နေတာ....."

"သူက ဘာလုပ်ချင်တာလဲ"

ရီဖုန်းသည်လည်း သိချင်စိတ်ပြင်းပြသွားသည်။

မိန်းကလေးသည် ကူကယ်ရာမဲ့ဖြစ်နေသော်လည်း ထိတ်လန့်တုန်လှုပ်နေသောလေသံနှင့် ပြောဆိုသည်။

"သူက အဲ့ဒီနတ်ဆိုးဧကရာဇ်ပိုကူကို အိမ်ပြန်သယ်သွားပြီးတော့ စွပ်ပြုတ်လုပ်သောက်ချင်နေတယ်လို့ ပြောခဲ့တယ်"

"စွပ်ပြုတ်လုပ်သောက်ချင်တာလား"

ရီဖုန်းသည် အံ့အားသင့်သွားသောကြောင့် သူ၏ပါးစပ်အဟောင်းသားဖြစ်သွားကာ အမှုမဲ့အမှတ်မဲ့ဖြင့် သစ်ပင်တွင်ချိတ်ဆွဲထားသော လိပ်အိုကြီးကို ကြည့်လိုက်မိသည်။ ဤအစွမ်းထက်ကျင့်ကြံသူ၏ဝါသနာသည် သူနှင့်အလွန်တူညီနေမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒီကိစ္စကြောင့် မူတောင်တစ်တောင်လုံးမှာရှိတဲ့ နတ်ဆိုးသားရဲတွေအားလုံး ဒေါသထွက်နေကြတယ်"

မိန်းကလေးက ထိတ်လန့်ကြောက်ရွံစွာဖြင့် ဆက်လက်၍ပြောဆိုသည်။

"တခြားနတ်ဆိုးဧကရာဇ်တွေရဲ့ ပူးပေါင်းမှုအောက်မှာ မူတောင်တစ်တောင်လုံးမှာရှိတဲ့ နတ်ဆိုးတွေအားလုံး အဲ့ဒီ လူသားအရှင်သခင်ကိုသတ်ဖြတ်ဖို့အမိန့်ကို ထုတ်ပြန်ခဲ့တယ်...ဒါပေမယ့် သူတို့က အဲ့ဒီလူသားကို ရှာမတွေ့ခဲ့ဘူး...ငါ့ရဲ့နတ်ဘုရားဓားဂိုဏ်းက အပြစ်မရှိတဲ့ဂိုဏ်းတူတပည့်တွေကတော့ မဆီမဆိုင် အသတ်ခံလိုက်ရတယ်"

"ဒါပေမယ့် အဲ့ဒီနတ်ဆိုးဧကရာဇ်ပိုကူက မကောင်းမှုမျိုးစုံကို နှစ်တွေအကြာကြီးကြာအောင် ကျူးလွန်ခဲ့တဲ့သူပဲ...ငါ့ရဲ့နတ်ဘုရားဓားဂိုဏ်းက ဂိုဏ်းတူတပည့်တချို့ သေသွားပေမယ့် အဲ့ဒီအန္တရာယ်ကောင်ကို ရှင်းထုတ်နိုင်တာတစ်ခုတည်းနဲ့ ထိုက်တန်တယ်လို့ ယူဆလို့ရတယ်"

"ဒါကြောင့် သာမာန်အချိန်တွေမှာဆို တကယ်လို့ နင် ကံကောင်းနေရင် အသက်ရှင်နိုင်လိမ့်မယ်...ဒါပေမယ့် အခုကတော့....."

မိန်းကလေး၏အသံ ရပ်တန့်သွားသည်။

သူမသည် ခေါင်းခါယမ်းကာ တည်ကြည်လေးနက်စွာဖြင့် ရီဖုန်းကိုကြည့်လိုက်၏။

"နင့်ကို နတ်ဆိုးသားရဲတွေ ရှာတွေ့သွားတာနဲ့ နင် အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး....အထူးသဖြင့် နင်က သာမာန်သေမျိုးတစ်ယောက်လေ....."

"ဒါကြောင့် နင် တက်နိုင်သမျှ အမြန်ဆုံး တောင်အောက်ကိုဆင်းသွားတာ ပိုကောင်းလိမ့်မယ်"

"အမ်..."

ဤသည်မှာ ရီဖုန်းကို အမှန်တကယ်ကို ကျဥ်းထဲကျပ်ထဲသို့ ကျရောက်သွားစေသည်။

"လမ်းခွဲကြစို့"

မိန်းကလေးက မတ်တတ်ထရပ်ကာ ပြောဆိုသည်။

"နတ်ဆိုးဘုရင်တချို့က ငါ့နောက်ကို ခြေရာခံပြီးတော့လိုက်နေတယ်...တကယ်လို့ နင် ငါ့နောက်ကိုလိုက်လာမယ်ဆိုရင် ငါ့မှာ နင်ကိုစောင့်ရှောက်ဖို့အတွက် အချိန်ရမှာမဟုတ်ဘူး"

ထို့နောက် မိန်းကလေးသည် သူမ၏ဓားကိုကိုင်၍ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

"ခဏနေပါဦး"

ရီဖုန်းက အော်ဟစ်လိုက်သည်။

"အမ်..."

မိန်းကလေးက ရပ်တန့်ကာ သူမ၏ခေါင်းကို ပြန်လှည့်ကြည့်လေ၏။

"မင်း ဒဏ်ရာရထားတယ်...ဆေးနည်းနည်းလောက် လိမ်းလိုက်ပါလား"

ရီဖုန်းက ပြောဆိုသည်။

"ငါ့မှာ ဆေးပင်တချို့ ပါလာတယ်"

"နင့်ရဲ့ကြင်နာမှုကို ငါ အသိအမှတ်ပြုပါတယ်...ဒါပေမယ့်...."

မိန်းကလေးက ပွင့်ပွင့်လင်းလင်း ငြင်းဆန်လေသည်။

"နင်တို့လိုသေမျိုးတွေဆီက ပစ္စည်းတွေက ငါ့အတွက် အသုံးမဝင်ဘူး"

ထိုသို့ပြောဆိုပြီးနောက် မိန်းကလေး၏ခန္ဓာကိုယ် လှစ်ခနဲပျံသန်းသွားကာ သစ်ပင်များအကြား၌ ပျောက်ကွယ်သွားတော့သည်။

မိန်းကလေးထွက်ခွာသွားပြီးနောက် ရီဖုန်းသည်လည်း စိုးရိမ်ပူပန်နေခဲ့သည်။ သို့ရာတွင် သူ ဂရုတစိုက် စဥ်းစားတွေးတောပြီးချိန်တွင် ဤတောတောင်များသည် ကြောက်မက်ဖွယ်မကောင်းတော့ချေ။ မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် သူသည် မည်သည့်အန္တရာယ်ကိုမျှ ကြုံတွေ့ခဲ့ခြင်းမရှိချေ။

အကယ်၍ တစ်စုံတစ်ခု အန္တရာယ်ရှိသည်ဆိုလျှင် လွန်ခဲ့သောရက်အနည်းငယ်ခန့်က သူ့အား ဝံပုလွေတစ်ကောင် တိုက်ခိုက်ခဲ့သည့်အချိန်ဖြစ်ပေမည်။ အနည်းဆုံးအနေဖြင့် ရီဖုန်းသည် သိုင်းပညာတချို့ကို တတ်မြောက်ထားခြင်းကြောင့် တူရွင်းတစ်ချက်တည်းဖြင့် ထိုဝံပုလွေကို လွယ်လင့်တကူ ရိုက်သတ်နိုင်ခဲ့သည်။

ထို့ပြင် သူသည် ကျုံးချင်အတွက် ဆေးပင်ကိုဆက်လက်ရှာဖွေရန် လိုအပ်နေဆဲပင်။

အကယ်၍ သူသည် ဆေးပင်ကို ရှာမတွေ့ပါက ယခင်ကုသမှုများကြောင့် ကျုံးချင်၏အသက်အန္တရာယ် မရှိနိုင်သော်လည်း ကြီးမားသောနောက်ဆက်တွဲဆိုးကျိုးတချို့ ဖြစ်လာနိုင်သည်။ သူသည် သူ၏တပည့်ကို ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်တွင် မည်သည့်ရောဂါအမြစ်စွဲခြင်းမျှ မဖြစ်စေလိုချေ။

အချိန်တခဏအတွင်းမှာပင် အချိန်သုံးရက် ကုန်ဆုံးသွားလေပြီ။

တောအုပ်အတွင်း၌ ဓားကိုင်ထားသောမိန်းကလေးတစ်ယောက်၏မျက်နှာသည် တည်ကြည်လေးနက်နေကာ သူမ၏နုတ်ခမ်းထောင့်တွင် သွေးစသွေးနများရှိနေသည်။

အစောပိုင်းက သူမသည် နောက်ထပ်တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရကာ နတ်ဆိုးဘုရင်နှစ်ပါးကြောင့် ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ပူပန်စရာအကောင်းဆုံးအချက် မဟုတ်ချေ။ ထို့ထက်ပို၍ စိုးရိမ်ပူပန်ဖွယ်အကောင်းဆုံးအချက်မှာ တောင်တောင်တစ်ခုလုံးကို နတ်ဆိုးသားရဲများက ပိတ်ဆို့ဟန့်တားထားကာ ထွက်လမ်းမရှိခြင်းပင်။

သူမ၏ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ကို တရွတ်တိုင်ဆွဲကာ မည်ကဲ့သို့ထွက်ပြေးရမည်ကို စဥ်းစားတွေးတောလိုက်၏။ သူမသည် လွန်ခဲ့သောသုံးရက်ခန့်က သူမနှင့်ဆုံတွေ့ခဲ့သော လူငယ်အကြောင်းကို အမှတ်တမဲ့ ပြန်လည်တွေးတောမိသွားသည်။

သူမသည် ကူကယ်ရာမဲ့စွာဖြင့် ခါးသည်းစွာပြုံးလိုက်သည်။

သူမထံတွင် သိုင်းဘုရင်တစ်ယောက်၏ခွန်အားမျိုး ရှိနေသည့်တိုင် မလွတ်မြောက်နိုင်လေရာ ထိုလူငယ်ဆိုလျှင် စဥ်းစားတွေးတောရန်ပင် မလိုတော့ချေ။

ယနေ့တွင် တောတောင်များအတွင်း၌ နတ်ဆိုးသားရဲများ ထကြွသောင်းကျန်းနေလေရာ ထိုလူငယ်သည် ညတစ်ညပင် အသက်ရှင်သန်နိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သေမျိုးတစ်ယောက်၏ခန္ဓာကိုယ်ဖြင့် အကယ်၍ သူသည် နတ်ဆိုးငယ်တစ်ကောင်နှင့် ရင်ဆိုင်တွေ့ရလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ချေ။

ထို့ပြင် ယခုချိန်၌ တောတောင်ပရဝုဏ်အတွင်းတွင် မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိရသော လျှို့ဝှက်ဆန်းကြယ်သည့်ထိပ်သီးကျင့်ကြံသူနှင့်သူမသာ အသက်ရှင်ကျန်ရစ်သူများ ဖြစ်နိုင်သည်။

သူမ စိတ်မကောင်းဖြစ်မိသော်လည်း ထိုလူနှင့်သူမသည် အမှတ်မထင် ယာယီတွေ့ဆုံခဲ့ခြင်းသာဖြစ်သည်။

ဤကိစ္စများအတွက် သူမထံတွင်လည်း အစွမ်းအစကင်းမဲ့နေသည်။

သူမသည် နောင်တကြီးစွာဖြင့် သက်ပြင်းရှိုက်နေရုံသာ တတ်နိုင်တော့လေ၏။

"အမ်..."

ထိုအချိန်မှာပင် သူမသည် ရှေ့မှလှုပ်ရှားမှုတချို့ကို ကြားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ် လှစ်ခနဲပျံသန်းသွားသည်။ ရုတ်တရက် သူမသည် မယုံကြည်နိုင်မှုကြောင့် သူမ၏မျက်လုံးအပြူးသားဖြစ်သွားလေ၏။

ဤအစိမ်းရောင်ဝတ်စုံ....

လိပ်တစ်ကောင်ကိုကိုင်ထားကာ ဝါးခြင်းတောင်းငယ်တစ်လုံးကိုလွယ်ထားသော ရင်းနှီးကျွမ်းဝင်နေသည့် နောက်ကျောပြင်သည်.....

ကြည့်ရသည်မှာ....

သူသည် တေးသွားတစ်ပုဒ်ကိုပင် လေချွန်နေသလော.....

Chapter 114

မိန်းကလေး၏လှပသောမျက်နှာပေါ်တွင် အလွန်အံ့အားသင့်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

လွန်ခဲ့သောသုံးရက်အတွင်းတွင် သူမသည် ဂရုတစိုက်လမ်းကြောင်းရှာဖွေကာ သွားလာခဲ့သည့်တိုင် နတ်ဆိုးသားရဲအမြောက်အများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရဆဲပင်။ သူမသည် သေဘေးမှနေ၍ အကြိမ်ကြိမ်ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်။ အဆုံးသတ်တွင် သူမ၏ကိုယ်ပိုင်အစွမ်းအစနှင့် ကံကောင်းမှုတချို့ကြောင့် သူမ အသက်ရှင်သန်နိုင်ခဲ့လေ၏။

သို့ရာတွင် လိပ်တစ်ကောင်ကိုသယ်ဆောင်ထားသော သေမျိုးတစ်ယောက်သည် အပြည့်အဝအဆင်ပြေနေပုံရကာ သူ၏ရိုးရှင်းသောအစိမ်းရောင်ဝတ်စုံပေါ်တွင် အစွန်းအထင်းပင်ရှိမနေခဲ့ချေ။

ဤတောတောင်အတွင်းရှိ နတ်ဆိုးသားရဲများ၏အာရုံခံနိုင်မှုများ ပျောက်ဆုံးသွားသလော သို့မဟုတ် သူတို့၏မျက်လုံးများ ကန်းသွားကြသလော.....

ထို့သို့မဟုတ်ပါက ဤသေမျိုးသည် အလွန်ကံကောင်းနေသလော....

သူမတစ်ယောက်တည်းသာ ကံဆိုးမိုးမှောင် ကျနေသလော....

သူမ မည်သို့ပင်တွေးတောကြည့်ပါစေ ရီဖုန်းထံတွင် ယခုကဲ့သို့ ဒဏ်ရာအနာတရကင်းမဲ့နေသည်ကို သူမ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။ အကြောင်းအရင်းမှာ သူမ၏အမြင်အရ ဤတောတောင်အတွင်းတွင် သာမာန်သေမျိုးတစ်ယောက် မဆိုထားနှင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင် သေခြင်းတရားနှင့်ရင်ဆိုင်ရမည်မှာ သေချာသလောက်နီးပါးပင်။

ကြီးမားသောသံသယအပြည့်နှင့် သူမ၏ခန္ဓာကိုယ် လှစ်ခနဲပြေးထွက်သွားကာ ရီဖုန်း၏နောက်သို့ ရောက်ရှိသွားသည်။

"မင်းလား..."

သူမ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် ရီဖုန်းက အံ့အားသင့်စွာဖြင့် ပြုံးပြလေ၏။

သို့ရာတွင် မိန်းကလေးသည် စကားမပြောနိုင်သေးဘဲ သူမ၏တောက်ပသောမျက်လုံးများဖြင့် ရီဖုန်းကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

သူမ ပို၍ပင်အံ့အားသင့်သွားရသည်မှာ ရီဖုန်းသည် လုံးလုံးလျားလျား တည်ငြိမ်နေခြင်းကြောင့်ပင်။

အချိန်အတော်ကြာပြီးနောက် သူမက နောက်ဆုံး၌ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်သည်။

"မမျှော်လင့်ဘဲ နင့်လိုသေမျိုးတစ်ယောက်က အသက်ရှင်နေသေးတာပါလား"

"မင်း ဘာပြောတာလဲ"

ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။ ဤသည်မှာ သူ့အား သေဆုံးသွားရန် ကျိန်ဆဲနေခြင်း မဟုတ်လော။

"တောင်းပန်ပါတယ်...ငါ ဒါကို တခြားဘာအဓိပ္ပါယ်နဲ့မှ ပြောလိုက်တာမဟုတ်ဘူး....ငါ အ မ်းအံ့အားသင့်သွားလို့ပါ"

မိန်းကလေးက ပျာပျာသလဲ ရှင်းပြလိုက်သော်လည်း သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေဆဲပင်။

"ကောင်းပြီလေ"

ရီဖုန်းက အမူအယာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

သူတို့နှစ်ယောက်သည် စကားစမြည်အနည်းငယ် ပြောဆိုပြီးနောက် မိန်းကလေးသည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်တော့သည်။ မခွဲခွာမီအချိန်တွင် သူမက စိတ်ရှုပ်ထွေးသောလေသံနှင့် ပြောဆိုသည်။

"အနာဂတ်မှာလည်း နင် ဆက်ပြီးကံကောင်းနေဖို့ ငါ မျှော်လင့်ပါတယ်"

ရီဖုန်းက ကူကယ်ရာမဲ့စွာ မဲ့ပြုံးပြုံးလိုက်သည်။

မိန်းကလေးသည် အမှန်တကယ်ကို စိတ်မမှန်ပုံရသည်။ သူမ ပြောဆိုသွားသကဲ့သို့ ဤတောတောင်အတွင်းတွင် မည်သည့်အန္တရာယ်မျှ ရှိမနေချေ။ ရက်များစွာကြာမြင့်လာသည့်တိုင် သူသည် မည်သည့်အန္တရာယ်နှင့်မျှ ပက်ပင်းတိုးမိခြင်းမရှိချေ။

သို့ရာတွင် ထိုမိန်းကလေးသည် လူကောင်းတစ်ယောက် ဖြစ်ပေ၏။ သူ လမ်းမေးစဥ်အချိန်၌ ထိုမိန်းကလေးသည် သူ့အား တောင်အောက်သို့ပို့ဆောင်ရန်အတွက် တစ်စုံတစ်ယောက်ကို စေခိုင်းခဲ့သည်။ ထို့ကြောင့် သူသည် အိတ်ငယ်တစ်အိတ်ကို ထုတ်ယူကာ ပြောဆိုလိုက်သည်။

"ငါ့ဆီမှာ ဆေးပင်တွေနဲ့ ငါကိုယ်တိုင်လုပ်ထားတဲ့ ခြင်ပြေးဆေးအိတ်လေးရှိတယ်...မင်း ဒါကို လိုချင်လား"

မိန်းကလေးသည် ခြင်ဆေးအိတ်ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့အထင်တော့ နင်က ငါ့ထက်ပိုပြီး လိုအပ်လိမ့်မယ်"

"မင်းက ပိုပြီးလိုအပ်မှာပါ"

ရီဖုန်းက ရယ်မော၍ အေးအေးလူလူ ပြောဆိုသည်။

"ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက ငါ့အတွက် အရေးမကြီးပါဘူး"

ရီဖုန်းသည် စကားမှား၍ ပြောဆိုလိုက်ခြင်းမဟုတ်ချေ။

သူ၏အမြင်အရ ဤမိန်းကလေးသည် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူမသည် မြွေများ ပိုးမွှားများနှင့် ပုရွက်ဆိတ်များကို နှစ်မြို့မည်မဟုတ်ချေ။ နှိုင်းယှဥ်ကြည့်ပါက သူသည် ယောက်ျားတစ်ယောက်ဖြစ်သဖြင့် ဤအရာများအပေါ် သူ၏ခံနိုင်ရည်စွမ်းသည် သူမထက် ပိုကောင်းပေမည်။

"ငါက ဒါကို ပိုပြီးလိုအပ်တာလား"

မိန်းကလေးသည် အနည်းငယ် ရယ်ချင်သွားပေ၏။

ရိုးရိုးသားသား ပြောဆိုရလျှင် ဤကဲ့သို့သေမျိုးအသုံးအဆောင်ပစ္စည်းများသည် သူမကဲ့သို့ ကျင့်ကြံသူတစ်ယောက်အပေါ် အကျိုးသက်ရောက်မှုမရှိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သို့ရာတွင် ရီဖုန်း၏ပြုံးရွှင်နေသောမျက်နှာကိုကြည့်ပြီး သူမသည် ထိုခြင်ဆေးအိတ်ကို လက်ခံကာ သူမ၏ခါး၌ သာမာန်ကာလျှံကာ ချိတ်ဆွဲလိုက်သည်။

ထိုလူငယ်သည် ယခုချိန်၌ ကံကောင်းနေသော်လည်း ဤကံကောင်းမှုသည် အမြဲတစေ တည်မြဲခြင်းမရှိနိုင်ပေ။

သူ သေဆုံးသွားနိုင်ချေမှာ ပို၍မြင့်မားသည်။

ဤသည်ကို သူ့အတွက် နောက်ဆုံးနှစ်သိမ့်အားပေးမှုဟု ယူဆနိုင်သည်။

ထိုသို့ပြောဆိုပြီးနောက် မိန်းကလေးသည် ရီဖုန်းကို တစ်ချက်ကြည့်ကာ သူမ၏ပုံရိပ် လှစ်ခနဲတုန်ခါသွားခြင်းနှင့်အတူ တောအုပ်အတွင်း၌ ပျောက်ကွယ်သွားတော့သည်။

နေမင်းကြီး တဖန်ပြန်၍ ဝင်သွားလေပြီ။

မှောင်မည်းနေသော တောင်ကြားတစ်ခုအတွင်း၌ လင်းယုန်ဘုရင်သည် ကျောက်တုံးများပေါ်သို့ ဆင်းသက်ကာ နားလိုက်သည်။

သူ၏နောက်တွင် ယုတ်မာကောက်ကျစ်သောမျက်လုံးတစ်စုံရှိကာ သူ၏လျှာကို ဆန့်ထုတ်ထားသော မြွေဘုရင်ရှိနေသည်။ မြွေဘုရင်က မေးမြန်းလိုက်၏။

"လင်းယုန်ဘုရင်...ဘယ်လိုအခြေအနေရှိလဲ"

"အခုထိ နတ်ဆိုးဧကရာဇ်ရဲ့အရိပ်အယောင်ကို ရှာမတွေ့သေးဘူး"

လင်းယုန်ဘုရင်က မျက်မှောင်ကြုတ်ကာ ဆက်လက်၍ပြောဆိုသည်။

"သတ်မိန့်အောက်မှာ...လူသားသိုင်းဘုရင်တစ်ယောက် အသက်လုပြီး ပြေးနေတာကလွဲလို့ တခြားလူသားတွေအားလုံးကို အပြတ်ရှင်းပြီးပြီ...ဒါပေမယ့် အခုလတ်တလောရထားတဲ့ နတ်ဆိုးလေးတွေရဲ့သတင်းပို့မှုအရဆိုရင် တခြားလူသားလူငယ်တစ်ယောက်ကို ရှာတွေ့ထားတယ်..မတော်တဆမှုတွေကနေ ကာကွယ်နိုင်အောင် မြွေဘုရင် ကျေးဇူးပြုပြီးတော့ မင်း ငါနဲ့အတူ လိုက်ခဲ့ပါလား"

"မဟာနတ်ဆိုးဘုရင်ကို ကယ်တင်ဖို့အတွက်ပဲ...ငါ လိုက်ရမှာပေါ့"

ထိုအသံ ကျရောက်သွားပြီးနောက် နတ်ဆိုးဘုရင်နှစ်ကောင်သည် အလင်းတန်းများအဖြစ်ပြောင်းလဲကာ နတ်ဆိုးသားရဲတစ်စုကိုဦးဆောင်၍ တောင်တန်းတစ်နေရာသို့ ထွက်ခွာသွားတော့သည်။

"အမ်...."

ရီဖုန်းနှင့်ခွဲခွာခဲ့သည်မှာ မကြာသေးသော မိန်းကလေးသည် ရီဖုန်းရှိနေရာသို့ ဦးတည်သွားနေသော အစွမ်းထက်သည့်လှိုင်းဂယက်များကို ခံစားမိသည်။ အမှောင်ထုအကြား၌ ပုန်းအောင်းနေသော သူမ၏လှပသောမျက်လုံးများ ကျဥ်းမြောင်းသွားလေ၏။

"သူ့ကို ရှာတွေ့သွားကြတာလား"

မိန်းကလေးသည် အံ့တင်းတင်းကြိတ်ကာ သူမသည် ရီဖုန်းကို ပြန်ကယ်ရမည် မကယ်ရမည်ကို တွေဝေနေမိသည်။

သို့ရာတွင် ထိုနတ်ဆိုးဘုရင်နှစ်ကောင်၏အရှိန်အဝါများကို အာရုံခံမိစဥ်တွင် သူမက ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ အကြောင်းအရင်းမှာ သူမ၏ယခုလက်ရှိ ဒဏ်ရာအပြင်းအထန်ရရှိထားသော အခြေအနေနှင့် ထိုနတ်ဆိုးဘုရင်နှစ်ကောင်၏ပြိုင်ဘက်မဖြစ်နိုင်သောကြောင့်ပင်။

အကယ်၍ သူမ ပြန်သွားပါက သူမ၏သေလမ်းကို သွားရောက်ရှာဖွေခြင်းသာဖြစ်ပေမည်။

"နင် နောက်ဘဝကျရင် ဒီလိုအန္တရာယ်များတဲ့နေရာမျိုးကို မဆင်မခြင် ဝင်မလာမိစေဖို့ ငါ မျှော်လင့်တယ်"

သူမက လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူမ စိတ်မကောင်းဖြစ်မိသော်လည်း သူမထံတွင် အစွမ်းအစမဲ့နေသည်။ သူမ၏ခန္ဓာကိုယ် လှစ်ခနဲလှုပ်ခတ်သွားခြင်းနှင့်အတူ တောအုပ်အတွင်း၌ ပျောက်ကွယ်သွားတော့သည်။

Chapter 115

"သောက်ချေးပဲ....ဟိုမိန်းကလေး ပြောသလိုမျိုး နတ်ဆိုးသားရဲတွေမရှိပေမယ့်....ခုတလော ပတ်ဝန်းကျင်မှာ တောရိုင်းတိရစ္ဆာန်တွေ တော်တော်များတာပဲ"

ရီဖုန်း၏ဆဲဆိုသံ ထွက်ပေါ်လာသည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် မြောက်မြားစွာသော မြွေများ ဝက်ဝံရိုင်းများ ကျီးကန်းများနှင့် တခြားသတ္တဝါများသည် သူ့အားအရူးအမူးမိတ်လိုက်လိုသည့်အလား သူ့ထံတိုးဝင်လာကြကာ သူ့ကို အဆုံးမရှိအနှောက်အယှက်ပေးနေကြ၏။

ပြောရမည်ဆိုလျှင် ယခုလတ်တလောအချိန်၌ သူ ညတစ်ညပင် ကောင်းစွာမအိပ်စက်ရချေ။

မိုးကောင်းကင်ယံကို မော့ကြည့်ပြီးနောက် သူ ယနေ့ခရီးဆက်သွား၍ မရတော့သည်ကို သူ သိရှိလိုက်သည်။ ရီဖုန်းသည် ညအိပ်ရန်အတွက် စခန်းချရန်ကိုသာ ပြင်ဆင်လိုက်တော့သည်။

သို့ရာတွင် သူ ထိုတိရစ္ဆာန်များ မြိုင်ထနေမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို အရင်ဆုံးရှာဖွေရပေမည်။

ထိုအကြောင်းကိုတွေးတောရင်း ရီဖုန်းသည် သူ၏ဝါးခြင်းတောင်းလေးအတွင်းမှ ဆေးပုလင်းငယ်တစ်လုံးကို ထုတ်ယူလိုက်၏။ ထို့နောက် အတွင်းရှိဆေးမှုန့်များကို သူ စခန်းချရာနေရာတဝိုက်တွင် ဖြူးလိုက်သည်။ ဤသည်မှာ ရီဖုန်း အထူးသီးသန့် ကြိုတင်ပြင်ဆင်ထားသော ဆေးမှုန့်ဖြစ်ပြီး ကန့်မှုန့်နှင့် တူညီသောအသုံးဝင်မှုမျိုးရှိသည်။

ထိုဆေးမှုန့်သည် တောဝက်သိုးကဲ့သို့ ကြီးမားသောတောရိုင်းတိရစ္ဆာန်များကို တားဆီးကာကွယ်နိုင်ခြင်းမရှိသော်လည်း ပိုးမွှားများနှင့်ပုရွက်ဆိတ်များကို မောင်းထုတ်ရန်လုံလောက်သည်။

ထိုသို့ပြုလုပ်ပြီးနောက် ရီဖုန်းသည် သမ်းဝေကာ သူ ပင်ပန်းနွမ်းနယ်နေသဖြင့် ကျောက်တုံးကြီးတစ်တုံးကိုမှီပြီး အိပ်ပျော်သွားလေ၏။

တောင်ထိပ်တစ်ခုပေါ်သို့ လင်းယုန်ဘုရင်နှင့်မြွေဘုရင်ဦးဆောင်၍ မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ ဆင်းသက်လာသည်။

"အားလုံးပဲ...မင်းတို့ အဲ့ဒီလူသားကို ရှာရမယ်...သူက ငါတို့ရှာနေတဲ့လူ ဟုတ်ဟုတ်မဟုတ် ဟုတ် ဘာမှညှာတာမနေဘဲ သူ့ကိုချက်ချင်းသတ်လိုက်ကြစမ်း"

လင်းယုန်ဘုရင်က တဖျတ်ဖျတ်တောက်ပနေသော မျက်လုံးတစ်စုံနှင့်ကြည့်ကာ ပြောဆိုသည်။

"ဟုတ်ကဲ့"

သူ၏အမိန့်ကိုရသည်နှင့် နတ်ဆိုးသားရဲများသည် အရပ်မျက်နှာအဘက်ဘက်သို့ သွားရောက်၍ ရှာဖွေကြလေ၏။

"ငါတို့က ဒီနေရာမှာနေပြီးတော့ သတင်းကိုစောင့်ကြရအောင်"

လင်းယုန်ဘုရင်က ပြောဆိုသည်။

"အင်း.."

မြွေဘုရင်က ခေါင်းညိတ်လိုက်သည်။ သူ၏စိတ် တည်ငြိမ်စေရန်အတွက် သူ၏မျက်လုံးကို စုံမှိတ်လိုက်သောအချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် အံ့အားတသင့် ရေရတ်လိုက်၏။

"ဒါက ညလေညှင်းကင်းခြေမျှား မဟုတ်လား"

ထိုစကားကိုကြားချိန်တွင် လင်းယုန်ဘုရင်ကလည်း ထိုနေရာသို့လှမ်းကြည့်ကာ မျက်မှောင်ကြုတ်လေသည်။

"ညလေညှင်းကင်းခြေမျှားက လှိုဏ်ဂူထဲမှာ သူ့ရဲ့ဒဏ်ရာတွေကို ကုသနေတာမဟုတ်ဘူးလား...ဘာလို့ သူက ဒီနေရာကိုရောက်လာတာလဲ"

ထိုသို့ပြောဆိုးပြီးနောက် လင်းယုန်ဘုရင်သည် လှစ်ခနဲပျံသန်းသွားကာ သူ၏ထက်ရှသောခြေသည်းများဖြင့် ညလေညှင်းကင်းခြေမျှားကို ဖမ်းကုပ်လိုက်သည်။

"အား....လင်း...လင်းယုန်ဘုရင်...မင်းတို့ ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"

ညလေညှင်းကင်းခြေမျှားက ပြူးကျယ်သောမျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်ကာ ထိတ်လန့်တကြား မေးမြန်းလေ၏။ နတ်ဆိုးဧှကရာဇ်၏ကျေးကျွန်တစ်ယောက်ဖြစ်သော သူသည် ဤနေရာ၌ အကြီးအကျယ်အားသစ်လောင်းပေးနိုင်သောစွမ်းအားရှိသည့် စိတ်ဝိညာဥ်ပုလဲကို ဤနေရာ၌ဝှက်ထားသည်အား သူ သိရှိသည်။ သူသည် စိတ်ဝိညာဥ်ပုလဲကိုယူဆောင်ကာ ထွက်ပြေးလိုခဲ့သည်။ သို့ရာတွင် ထိုအရာကို သူ၏လက်အတွင်း၌ ရရှိပြီးချိန်မှာပင် လင်းယုန်ဘုရင်နှင့် ပက်ပင်းတိုးမိမည်ဟု သူ မျှော်လင့်မထားမိချေ။

"မင်း ဘာလို့ဒီနေရာကို ရောက်နေတာလဲဆိုတာ ငါက မေးသင့်တာလေ"

လင်းယုန်ဘုရင်က ညလေညှင်းကင်းခြေမျှားကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"မင်းက လှိုဏ်ဂူထဲမှာ မင်းရဲ့ဒဏ်ရာတွေကို ကုသနေတာ မဟုတ်ဘူးလား"

"ငါ....ငါ...ငါ...."

ညလေညှင်းကင်းခြေမျှားသည် သူ၏နောက်တွင် စိတ်ဝိညာဥ်ပုလဲကို အလျှင်အမြန်ဝှက်ကာ သူ၏မျက်လုံးငယ်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ စဥ်းစားတွေးတောပြီးနောက် ပျာယာခတ်နေသောအသံဖြင့် အဖြေပေးလိုက်၏။

"နတ်ဆိုးဧကရာဇ် ဖမ်းခံထားရမှတော့....ငါက ဘယ်လိုလုပ်ပြီး လှိုဏ်ဂူထဲမှာ နေနိုင်မှာလဲ...အဲ့ဒီလူသားရဲ့သဲလွန်စတစ်ခုတစ်လေများ တွေ့မလားလို့ ငါ အပြင်ထွက်ပြီး ရှာကြည့်တာပါ"

ထိုစကားကိုကြားချိန်တွင် လင်းယုန်ဘုရင်၏မျက်နှာအမူအယာ အနည်းငယ်ပျော့ပြောင်းသွားသည်။

သူက ထပ်မံ၍မေးမြန်းသည်။

"ဒါဆိုရင် ညှလေညှင်း...မင်း တစ်ခုခုကို ရှာတွေ့ထားသေးလား"

"တစ်ခုခုကို ရှာတွေ့တာလား"

"ငါ တစ်ခုခုကို ရှာတွေ့ထားလား ဆိုတာက..."

ညလေညှင်းကင်းခြေမျှားသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် ဦးနှောက်ခြောက်လုမတက်စဥ်းစားကာ သူက အံ့တင်းတင်းကြိတ်၍ ပြောဆိုလိုက်သည်။

"တကယ်တော့ ငါ သဲလွန်စတချို့ကို ရှာတွေ့ထားတယ်...ပြီးတော့ အဲ့ဒီလူသားက ဒီအနီးအနားမှာရှိနေမယ်လို့ ငါ သံသယဝင်မိတယ်"

ထိုသို့ပြောဆိုပြီးနောက် ညလေညှင်းကင်းခြေမျှားသည် မလုံမလဲစိတ်ကြောင့် ခေါင်းငုံထားကာ လင်းယုန်ဘုရင်နှင့် အကြည့်ချင်းမဆိုင်ဝံ့ချေ။

သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ လင်းယုန်ဘုရင်သည် အသိအမှတ်ပြုပုံဖြင့် ခေါင်းညိတ်ပြပြီး ချီးမွမ်းလိုက်သောကြောင့်ပင်။

"ညလေညှင်းကင်းခြေမျှား....မင်း လုပ်တာကောင်းတယ်...နတ်ဆိုးဧကရာဇ်ဆီမှာ အမှုထမ်းနေတဲ့သူလို့ မပြောရဘူး...မင်းပြောတာ အမှန်ပဲ....ယုံကြည်စိတ်ချလို့ရတဲ့ သတင်းအချက်အလက်တွေကို အခြေခံကြည့်ရင် ဒီနေရာတဝိုက်မှာ လူသားတစ်ယောက်ရှိနေတယ်...သူက အဲ့ဒီလူသားဟုတ်မဟုတ် အတည်ပြုဖို့ပဲ ကျန်တော့တယ်"

"ဒါကြောင့် ညလေညှင်း...စုံစမ်းဖို့အတွက် ငါရယ် မြွေဘုရင်နဲ့အတူ လိုက်ခဲ့ပါလား"

"အင်း...အမ်...."

ညလေညှင်းကင်းခြေမျှားသည် မှင်သက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အသိပြန်ဝင်လာချိန်တွင် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာလဲ....ညလေညှင်းက နတ်ဆိုးဧကရာဇ်ကိုကယ်ဖို့ ဆန္ဒမရှိတာလား"

လင်းယုန်ဘုရင်က မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

"မဟုတ်ဘူး...မဟုတ်ဘူး...အဲ့ဒီလိုမဟုတ်ပါဘူး...ငါက နတ်ဆိုးဧကရာဇ်အတွက် ငါ့ရဲ့အသက်ကို ပေးပြီးသားပါ"

ညလေညှင်းကင်းခြေမျှားက အလျှင်အမြန် အတည်ပြုလိုက်၏။ သို့ရာတွင် သူသည် ထွက်ပြေးနိုင်ရန် တခြားအခွင့်အရေးတစ်ခုကို ရှာနေသည့်အလား သူ၏မျက်လုံးအကြည့်က နံဘေးပတ်ဝန်းကျင်သို့ အဆက်မပြတ်ရွေ့လျားနေသည်။

မကြာမီမှာပင် နတ်ဆိုးငယ်လေးများသည် ရီဖုန်းရှိနေသောနေရာကို ရှာဖွေတွေ့ရှိသွားသဖြင့် သတင်းလာပို့သည်။

"မြွေဘုရင်နဲ့ညလေညှင်း....သွားကြစို့"

လင်းယုန်ဘုရင်က ပြောဆိုသည်။

"ကောင်းပြီ....ကောင်းပြီလေ"

ညလေညှင်းကင်းခြေမျှားက သူ၏ချွေးများကိုသုတ်လိုက်၏။ နတ်ဆိုးဘုရင်နှစ်ပါးသည် သူ့အား စောင့်ကြည့်နေသဖြင့် သူ့ထံ၌ ရွေးချယ်စရာမရှိတော့ဘဲ နောက်သို့လိုက်ပါသွားရတော့သည်။

သူတို့၏ပစ်မှတ်အနီးသို့ ချဥ်းကပ်မိချိန်တွင် လင်းယုန်ဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ ဒီနေရာမှာ လူသားတစ်ယောက်ရဲ့အငွေ့အသက်ရှိနေတယ်....ဒါပေမယ့် ဘာကြီးကြီးကျယ်ကျယ် လှုပ်ခတ်မှုမျိုးမှမရှိဘူး....ငါ့ရဲ့အမိန့်ကို စောင့်ကြစမ်း....အဲ့ဒီလူကို သေချာဝိုင်းထားရမယ်...ငါ့အမိန့်ပေးမှ သူ့ကို အတူတူဝိုင်းပြီးတော့ ဖမ်းကြရမယ်"

လင်းယုန်ဘုရင်က ချက်ချင်းဆိုသလိုပင် အမိန့်ထုတ်ပြန်လိုက်၏။ သူသည် နတ်ဘုရားဓားဂိုဏ်းမှ သိုင်းဘုရင်အဆင့်ကျင့်ကြံသူအား ယခုထိတိုင် ဖမ်းမမိသေးသည့်အဖြစ်မျိုး ထပ်မံ၍ဖြစ်ပွားမည်ကို မလိုလားသည်မှာ သိသာထင်ရှားသည်။

သူတို့သည် လူသား၏တည်နေရာနှင့်ပတ်သတ်သော သဲလွန်စများကိုလည်း ရရှိထားပြီးလေပြီ။

နတ်ဆိုးသားရဲများသည် အလွန်လျှင်မြန်စွာဖြင့် ရီဖုန်းကို ဝိုင်းထားကြကာ အေးစက်စက်မျက်လုံးများဖြင့် သူ့အား စူးစိုက်၍ကြည့်နေကြသည်။

သို့ရာတွင် ရီဖုန်းသည် ထိုအရာများကို သတိမပြုမိဘဲ ကျောက်တုံးကိုမှီ၍ အိပ်မောကျနေဆဲပင်။

"တိုက်ခိုက်စမ်း"

လင်းယုန်ဘုရင်၏အမိန့်အရ ပတ်ဝန်းကျင်ရှိနတ်ဆိုးများအားလုံးသည် အလင်းတန်းများအသွင်သို့ပြောင်းလဲကာ ရီဖုန်းကို လွှမ်းခြုံလိုက်ကြ၏။

အချိန်တခဏအကြာမှာပင် သူတို့အားလုံး ရီဖုန်း၏အနီးသို့ ရောက်ရှိသွားသည်။

သို့သော် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုနတ်ဆိုးသားရဲများအားလုံး ရုတ်တရက် ဒယိမ်းဒယိုင်ဖြစ်သွားကာ သူတို့၏ခန္ဓာကိုယ်အားနည်းသွားကာ သူတို့၏အမြင်အာရုံများ မှောင်မည်းသွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ"

နတ်ဆိုးသားရဲများထံတွင် ထိတ်လန့်ကြောက်ရွံနေသောအမူအယာမျိုး ထင်ဟပ်နေသည်။ အားနည်းသူတချို့သည် သူတို့၏အစစ်အမှန်ပုံစံသို့ ပြန်ရောက်သွားပြီး မြေပြင်ပေါ်သို့လဲကျကာ သေဆုံးသွားသည်။ အားကောင်းသောနတ်ဆိုးသားရဲများသည် သူတို့ကိုယ်သူတို့ ထိန်းထားနိုင်ရုံမျှသာရှိပြီး ရှေ့သို့တစ်လက်မမျှပင် မရွေ့လျားနိုင်တော့ချေ။

"ဘာတွေ ဖြစ်နေတာလဲ"

လင်းယုန်ဘုရင်က သတိကြီးစွာထား၍ မေးမြန်းလိုက်၏။

"အရှင့်ကို သတင်းပို့ပါတယ်...အဆိပ်ပါ...အဲ့ဒီလူသားက ဒီနေရာပတ်ဝန်းကျင်တဝိုက်မှာ အဆိပ်တွေဖြူးထားတယ်"

နတ်ဆိုးသားရဲတစ်ကောင်က အလေးအနက်ထား၍ ပြောဆိုသည်။

"အဆိပ်လား..."

လင်းယုန်ဘုရင်၏အကြည့်သည် မြေပြင်ပေါ်တွင်ဖြူးထားသော အဆိပ်မှုန့်များပေါ်သို့ ရောက်ရှိသွားသည်။ သို့ရာတွင် ဤသည်ကြောင့် သူ နောက်ဆုတ်သွားမည် မဟုတ်ချေ။ အကြောင်းအရင်းမှာ သူ၏အမြင်အရ သူ၏လက်အောက်ငယ်သားများပင်လျှင် ခံနိုင်ရည်ရှိလေရာ ထိုအဆိပ်၏အာနိသင်သည် အကန့်အသတ်ရှိပေမည်။

"မြွေဘုရင်....ကြည့်ရတာတော့ မင်းကိုယ်တိုင် လှုပ်ရှားရမယ့်ပုံပဲ"

လင်းယုန်ဘုရင်က မြွေဘုရင်ကို ပြောဆိုလိုက်၏။

မြွေဘုရင်က ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးအကြည့်သည် ညလေညှင်းကင်းခြေမျှားထံ ရွှေ့ပြောင်းသွားကာ ပြောဆိုသည်။

"ညလေညှင်း...မင်းက နတ်ဆိုးဧကရာဇ်ဆီမှာ အချိန်အကြာကြီး တာဝန်ထမ်းခဲ့မှတော့ မင်းရဲ့ခွန်အားက သာမာန်မဟုတ်မှာသေချာတယ်...ငါတို့ အတူတူတိုက်ခိုက်ကြရအောင်"

စကားပြောဆိုနေရင်း လင်းယုန်ဘုရင်နှင့်မြွေဘုရင်တို့သည် ကြိုတင်ကာကွယ်သည့်အနေဖြင့် သူတို့၏အားအကောင်းဆုံး သားရဲပုံစံကိုယူကာ အောက်သို့ထိုးဆင်းလိုက်သည်။

"ကောင်းပြီလေ"

ညလေညှင်းကင်းခြေမျှားသည် တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်လေသည်။ ဤလူသားထံတွင် မည်သည့်စွမ်းအားလှုပ်ခတ်မှုမျိုး မရှိသည်ကို တွေးတောမိချိန်တွင် ထိုနေရာ၌ အန္တရာယ်များစွာမရှိနိုင်ချေ။ သူသည်လည်း သူ၏အစစ်အမှန်ပုံစံသို့ပြောင်း၍ နောက်မှလိုက်သွားခဲ့တော့သည်။

သူတို့ လှုပ်ရှားရန် ဟန်ပြင်နေစဥ်မှာပင် ကျောက်တုံးပေါ်၌ မှီ၍အိပ်နေသော ရီဖုန်းသည် ဘေးသို့စောင်းလိုက်သဖြင့် သူ၏နံဘေးဘက် ရုပ်ရည်သွင်ပြင်ထွက်ပေါ်လာသည်။

ဤနံဘေးဘက်မြင်ကွင်းသည် ညလေညှင်းကင်းခြေမျှား၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည်။

All Chapters