အခန်း (၁၃၁-၁၃၅)
Vol. 9 Ch. 131-135
Chapter 131
တံခါးသည် နောက်ဆုံး၌ ဖြည်းညှင်းစွာ ပွင့်သွားလေပြီ။
တစ်ချိန်တည်းမှာပင် မိန်းကလေးနှစ်ယောက်၏အာရုံကြောများ အဆုံးစွန်ဆုံးအဆင့်ထိ တင်းမာသွားသည်။
သို့ရာတွင် သူမတို့၏ရှေ့၌ ထွက်ပေါ်လာသည်မှာ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်နေပြီး သူ၏မျက်နှာပေါ်၌ နူးညံသိမ်မွေ့သောအပြုံးတစ်ခုရှိနေသည်။
သူ၏နောက်ကျော၌ ဝါးခြင်းတောင်းငယ်တစ်လုံးကို သယ်ပိုးထားကာ သူ၏လက်ဝဲဘက်လက်အတွင်း၌ တံစဥ်တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏လက်ယာဘက်လက်၏လက်ခလယ်၌ ကက်တီပေါင်းများစွာလေးလံသည့် လိပ်တစ်ကောင်ကို ချိတ်ဆွဲထားလေ၏။
"ရီဖုန်းလား...."
"ဘယ်လိုလုပ်ပြီးတော့ နင် ဖြစ်နေတာလဲ"
မိန်းကလေးနှစ်ယောက်သည် တပြိုင်နက်တည်းနီးပါး ပြောဆိုလိုက်ကြကာ ရီဖုန်းကို မယုံကြည်နိုင်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေကြပြီး တစ်ချိန်တည်းမှာပင် သူမတို့၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
"မတွေ့ရတာ ကြာပြီ"
ရီဖုန်းသည် ညင်သာသောအပြုံးနှင့်ပြောဆိုကာ မိန်းကလေးနှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
"ငါ တကယ်ကို တောင်းပန်ပါတယ်...ငါ မင်းတို့ကို ထပ်ပြီးတော့ အနှောက်အယှက်ပေးသလိုဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်"
"ဒါက မဖြစ်နိုင်ဘူး..နင်...နင်...နင်..."
မြောင်မြောင်သည် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလား ရီဖုန်းကို စူးစိုက်ကြည့်ကာ
"နင် ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရှာတွေ့တာလဲ"
"ငါ အရင်တစ်ခေါက်တုန်းက ဒီနေရာကို လာဖူးတယ်လေ....ဒါကြောင့် ငါ လမ်းလျှောက်ပြီးတော့ လာခဲ့ရုံပဲ"
ရီဖုန်းက သူ၏လက်နှစ်ဖက်ကိုဖြန့်ကားကာ ရှင်းပြလိုက်၏။
ထိုစကားကိုကြားချိန်တွင် မိန်းကလေးနှစ်ယောက်၏မျက်ခွံများ တုန်ရီသွားကာ သူမတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
လမ်းလျှောက်လာရုံဟု ဆိုသလော...
သူမတို့ ဤနေရာတွင် ခင်းကျင်းထားသော ဝင်္ကပါများသည် ဟန်ရေးပြရုံသက်သက်ဖြစ်နေသလောဟု သူမတို့နှစ်ယောက်လုံး အမှန်တကယ် တွေးတောလိုက်မိသည်။
မြောင်မြောင်သည် လက်လျှော့ရန် ဆန္ဒမရှိသေးဘဲ ထပ်မံ၍မေးမြန်းလိုသော်လည်း ပိုင်ဖျောင်ဖျောင်သည် သူမ၏မျက်လုံးနှင့် ညင်သာစွာအရိပ်အခြည်ပြကာ ရီဖုန်းကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"သခင်လေးရီ....နင် ဘာလို့ ဒီလိုတွေပြောနေတာလဲ...ငါတို့က မိတ်ဆွေဟောင်းတွေလေ...ဒါက အနှောက်အယှက်ပေးတာ မဟုတ်ပါဘူး"
"မိန်းကလေးပိုင်နဲ့မိန်းကလေးမြောင်တို့ကို ကျေးဇူးတင်ပါတယ်....မင်းတို့နှစ်ယောက်လုံးက တကယ့်ကို လူကောင်းတွေပါပဲ"
ရီဖုန်းက ကျေးဇူးတင်မှုများပြည့်နေသော မျက်နှာနှင့် ပြောဆိုသည်။
"သခင်လေးရီက အရမ်းယဥ်ကျေးလွန်းနေပြီ...နင် အချိန်အကြာကြီး ခရီးသွားလာနေတာ အရမ်းပင်ပန်းနေလောက်ပြီ"
ပိုင်ဖျောင်ဖျောင်က နူးညံသိမ်မွေ့စွာ ပြောဆိုလိုက်၏။
"မြောင်မြောင်...သခင်လေးရီကို အရင်တစ်ခေါက်လာတုန်းက သူ တည်းခဲ့တဲ့ အခန်းဆီကိုခေါ်သွားပြီးတော့ နေရာထိုင်ခင်း ပြင်ဆင်ပေးလိုက်ပါ"
"ကျေးဇူးတင်ပါတယ် မိန်းကလေးပိုင်"
ရီဖုန်းက အနည်းငယ် ဦးညွှတ်လိုက်သည်။
ပိုင်ဖျောင်ဖျောင်က တုံ့ပြန်၍ ပြုံးပြလေသည်။ အမှန်အားဖြင့် ရီဖုန်းသည် သေမျိုးတစ်ယောက်ဖြစ်သော်လည်း သူသည် တခြားသာမာန်သေမျိုးများနှင့် များစွာကွဲပြားခြားနားသည်။ သူ၏စိတ်နေစိတ်ထားဖြစ်စေ အပြုအမူများဖြစ်စေ သူနှင့်ဆက်ဆံရသူများသည် အလွန်စိတ်သက်တောင့်သက်သာရှိမှုကို ခံစားရပေမည်။
ထို့ကြောင့် ရီဖုန်း ရောက်ရှိလာမှုကို သူမ ငြင်းဆန်မည်မဟုတ်ချေ။
ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် အလျင်စလိုအော်ဟစ်လိုက်သည်။
"အော် ဒါနဲ့...သခင်လေးရီ...နင် အရင်တစ်ခေါက်တုန်းက တစ်ခုခုကျန်ခဲ့သေးလား"
"အမ်...."
ရီဖုန်းက ခေါင်းကုတ်ကာ အပြင်းအထန် စဥ်းစားတွေးတောလိုက်သော်လည်း မည်သည့်အရာဟု မမှတ်မိသဖြင့် သူက ရှက်ကိုးရှက်ကန်းနှင့် ပြောဆိုလိုက်၏။
"အင်း....ငါ ဘာကျန်ခဲ့တာလဲဆိုတာ ငါ တကယ်ကို မမှတ်မိတော့ဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကို တိုက်ရိုက်သာပြောပါ မိန်းကလေးပိုင်"
"သခင်လေးရီက တကယ့်ကို နမော်နမဲ့နိုင်တာပဲ"
ရီဖုန်း၏ဝေခွဲရခက်နေသော မျက်နှာကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်သည် မပြုံးဘဲမနေနိုင်တော့ကာ သူမ၏လက်ကို နောက်သို့ကမ်းလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် စင်ပေါ်ရှိ ခန်းဆောင်နီအိမ်မက်စာအုပ်ကို ကောက်ကိုင်ကာ လက်ကမ်းပေးလိုက်သည်။
"ဒီစာအုပ်က သခင်လေးရီအတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုပဲဖြစ်ရမယ်...ဟုတ်တယ်မလား"
"အော်..ဒါလား"
ရီဖုန်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။ သူသည် တခြားတစ်ခုခုဖြစ်မည်ဟု တွေးတောနေခြင်းပင်။ ယခုကြည့်ကြည့်တော့မှ ဤစာအုပ်စုတ်ဖြစ်နေသည်။ ထို့ကြောင့် သူက အပြုံးနှင့် ပြောဆိုသည်။
"အဲ့ဒီစာအုပ်က ဘာမှမဟုတ်ပါဘူး...တကယ်လို့ ဒါ ပျောက်သွားရင်လည်း ပျောက်သွားတာပဲပေါ့...တကယ်လို့ မိန်းကလေးပိုင် သဘောကျတယ်ဆိုရင် ငါ မင်းကို ဒီစာအုပ် လက်ဆောင်ပေးပါရစေ"
ထိုစကားကိုကြားချိန်တွင် ပိုင်ဖျောင်ဖျောင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲဖြစ်သော်လည်း သူမ၏မျက်ခုံးများ မသိမသာတွန့်ကွေးသွားသည်။
"သခင်လေးရီက ဘာလို့ ဒီစာအုပ်အပေါ် နည်းနည်းတောင် ဂရုမစိုက်တာလဲ"
ပိုင်ဖျောင်ဖျောင်က သူမ၏လှပသောမျက်နှာလေးကိုမော့၍ နူးညံသိမ်မွေ့စွာ ပြောဆိုသည်။
"ဒါက စာအုပ်တစ်အုပ်ပဲလေ...အရမ်းကြီး မြတ်နိုးယုယနေဖို့ မလိုအပ်ပါဘူး"
ရီဖုန်းက ရယ်မောကာ စိတ်မဝင်စားသောလေသံဖြင့် ပြောဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ဤစာအုပ်ကို သူ ရေးသားထားခြင်းဖြစ်သဖြင့် သူ၏အိမ်တွင် မရောင်းချရသေးသော စာအုပ်တစ်အုပ် ကျန်ရှိနေဆဲပင်။ သူသည် ထိုစာအုပ်များကို သူ၏အိပ်ယာအား ထောက်ကန်ရန် သို့မဟုတ် သူ၏ခေါင်းအုံးအောက်၌ခုအိပ်ရန် အသုံးပြုလေ့ရှိသည်။
"ကြည့်ရတာတော့ ငါ နားလည်မှုလွဲသွားတဲ့ပုံပဲ"
ပိုင်ဖျောင်ဖျောင်၏မျက်လုံးအတွင်း၌ စိတ်ပျက်သွားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
ရီဖုန်းသည် ယခင်က ဤစာအုပ်ကျန်ခဲ့သည်ကို သူမ မြင်တွေ့ချိန်ခဲ့ရသည်။ ထို့ကြောင့် ရီဖုန်းသည် စာပေချစ်သူတစ်ယောက်ဖြစ်ကာ ဤစာအုပ်၏အမာခံပရိတ်သတ်တစ်ယောက်ဖြစ်မည်ဟု သူမက တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုကြည့်ရသလောက် ကိစ္စသည် ထိုသို့ဖြစ်ပုံမရချေ။
ထိုသို့မဟုတ်ပါက သူသည် ဤစာအုပ်ကို ရတနာတစ်ခုကဲ့သို့ဆက်ဆံမည်မှာ သေချာပေါက်ပင်။
"သခင်လေးရီ...ကျေးဇူးပြုပြီးတော့ အရင်ဆုံး အနားသွားယူလိုက်ပါအုံး"
ပိုင်ဖျောင်ဖျောင်က နူးညံသိမ်မွေ့စွာ ပြောဆိုသည်။
"ဒါဆိုရင်လည်း ငါ အရင်သွားတော့မယ်"
ရီဖုန်းသည် ခေါင်းညိတ်ပြကာ သူ တည်းခိုရမည့်အခန်းသို့ မြောင်မြောင်၏နောက်မှ လိုက်ပါသွားခဲ့တော့သည်။
နေရာထိုင်ခင်း ပြင်ဆင်ပေးပြီးနောက် မြောင်မြောင်သည် ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။ သို့ရာတွင် သူမက မမေးမြန်းဘဲ မနေနိုင်တော့သဖြင့် နောက်သို့ပြန်လှည့်လိုက်သည်။
"နင် တကယ်ပဲ ဒီအတိုင်းလမ်းလျှောက်ပြီးတော့ ဝင်လာတာလား"
"မိန်းကလေး မင်း ဘာတွေပြောနေတာလဲ....ငါမှ မပျံသန်းနိုင်တာ...ငါက ဘယ်လိုလုပ်ပြီး လာရမှာလဲ"
ရီဖုန်းက ဇဝေဇဝါနှင့် သူမကို ကြည့်လေသည်။
မြောင်မြောင်သည် ခေါင်းကုတ်ကာ သံသယဝင်သောအကြည့်နှင့် ရီဖုန်းကိုတစ်ချက်ထပ်ကြည့်ပြီး အခန်း၏ပြင်ပသို့ ထွက်ပြေးသွားတော့သည်။
"သခင်မလေး....ငါ သူ့ကို နေရာချထားပေးပြီးပြီ"
မြောင်မြောင်က ပြန်လာပြီးနောက် သတင်းပို့သည်။
"အင်း..."
ပိုင်ဖျောင်ဖျောင်က ခေါင်းညိတ်ပြကာ ညည်းတွားလိုက်သည်။
"ဖြစ်နိုင်တာတော့ ငါတို့ရဲ့ဝင်္ကပါတွေမှာ အမှားအယွင်းတစ်ခုခု ရှိနေတာများလား"
"ဒါက ငါလည်း စဥ်းစားနေတဲ့ ကိစ္စပဲ"
မြောင်မြောင်က ထောက်ခံလေသည်။
"မဟုတ်ရင်...ဝင်္ကပါတွေကို အသက်သွင်းပြီးတာနဲ့ သိုင်းဧကရာဇ်တစ်ယောက်တောင် ငါတို့ရဲ့နေရာကို ရှာတွေ့နိုင်မှာမဟုတ်ဘူး...သူ့လိုသေမျိုးတစ်ယောက်က ဒီနေရာကိုရှာတွေ့တယ်ဆိုတာ တကယ်ကြီးမယုံနိုင်စရာပဲ"
"ဒီလိုဆိုမှတော့....နင် မြန်မြန်သွားပြီးတော့ စစ်ဆေးကြည့်လိုက်အုံး"
ပိုင်ဖျောင်ဖျောင်က အမိန့်ပေးလိုက်၏။
"တကယ်လို့ ဒီဝင်္ကပါတွေနဲ့ပတ်သတ်ပြီးတော့ ပြဿနာတစ်ခုရှိနေမယ်ဆိုရင် အမြန်ဆုံးပြန်ပြုပြင်ရမယ်"
"ဟုတ်ကဲ့ပါ သခင်မလေး"
မြောင်မြောင်၏ခန္ဓာကိုယ် လှစ်ခနဲပျံသန်းသွားကာ ခြံဝန်းအတွင်းသို့ ရောက်ရှိသွားတော့သည်။
သို့ရာတွင် သူမ ထွက်သွားသည်မှာ အချိန်အတော်ကြာပြီးနောက် ထိတ်လန့်တကြားအော်ဟစ်၍ အိမ်အတွင်းသို့ ပြန်လည်ပြေးဝင်လာခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်က မျက်မှောင်ကြုတ်ကာ အလျှင်အမြန် မေးမြန်းလိုက်၏။
"မြောင်မြောင်...ဘာတွေဖြစ်လာတာလဲ"
Chapter 132
"သခင်မလေး...သခင်မလေး..."
မြောင်မြောင်သည် အမောတကောပြေးလာကာ သူမ၏ရင်ဘတ်ငယ်လေးကိုဖိပြီး ပြောဆိုသည်။
"ငါတို့ရဲ့ ဝင်္ကပါတွေက ပုံမှန်အတိုင်းလည်ပတ်နေတယ်...ဘာ ပြဿနာမှမရှိဘူး"
"ဘာ...."
ထိုစကားကိုကြားချိန်တွင် ယခင်ကထိုင်နေသော ပိုင်ဖျောင်ဖျောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မတ်တတ်ထရပ်လိုက်၏။ သူမ၏အနီရောင်နှုတ်ခမ်းနှစ်လွှာသည် အနည်းငယ်ပွင့်ဟနေကာ သူမ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။
"သခင်မလေး..ဘာတွေဖြစ်နေတယ်ဆိုတာ မြန်မြန်လေး စစ်ဆေးကြည့်ပါအုံး"
မြောင်မြောင်က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ဒါက ဝင်္ကပါတွေမှာ ဘာပြဿနာမှမရှိတာ အသိသာကြီးလေ...ဘယ်လိုလုပ်ပြီးတော့ သာမာန်လူတစ်ယောက်က အထဲကိုဝင်လာနိုင်တာလဲ"
ပိုင်ဖျောင်ဖျောင်၏မျက်ခုံးများ တွန့်ကွေးနေကာ အချိန်အတော်ကြာသည့်တိုင် သူမသည် ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်တစ်ခုတစ်လေကိုမျှ ရှာမတွေ့ချေ။
"သခင်မလေး...ငါ အဲ့ဒီသေမျိုးကို ဖမ်းဆီးပြီးတော့ သူ့ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ပြီး ရှင်းပြခိုင်းရမလား"
မြောင်မြောင်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"မရိုင်းပျစမ်းနဲ့"
ပိုင်ဖျောင်ဖျောင်က အလျှင်အမြန် အော်ငေါက်လိုက်၏။
"ရီဖုန်းက ငါတို့နဲ့ သူစိမ်းတွေမဟုတ်ဘူး...သူက လူလိမ်တစ်ယောက် မဖြစ်နိုင်ဘူး"
"ဒါဆိုရင် ဘယ်လိုဖြစ်သွားတာလဲ"
မြောင်မြောင်က ဝေခွဲရခက်နေပုံဖြင့် မေးမြန်းသည်။
ပိုင်ဖျောင်ဖျောင်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူမသည်လည်း ထိုကိစ္စကို ရှင်းပြနိုင်ခြင်းမရှိဘဲ အလွန်ဇဝေဇဝါဖြစ်နေဆဲပင်။
အခန်းအတွင်း၌...
နေရာထိုင်ခင်းပြင်ဆင်ပြီးနောက် ရီဖုန်းသည် ရေတစ်ပုံးခပ်၍ အတွင်းသို့ ဆေးမှုန့်တစ်ထုပ်ကို လောင်းထည့်လိုက်သည်။ ဤဆေးမှုန့်တွင် အာနိသင်များစွာ မပါရှိသော်လည်း သန့်ရှင်းစင်ကြယ်စေသော အာနိသင်မျိုးရှိကာ အနည်းငယ်မွှေးပျံ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် မိန်းကလေးနှစ်ယောက်၏အိမ်တွင် တည်းခိုနေခြင်းဖြစ်သဖြင့် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ပို၍စဥ်းစားချင့်ချိန်ရပေမည်။
သူ၏ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပြီးနောက် သူ၏ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ဖြင့် လေးဖင့်စွာ အိပ်ယာပေါ်သို့တက်ပြီးနောက် သူ အိပ်မောကျသွားတော့သည်။
ဆောင်းဦးရာသီ၏ တောတောင်နက်ကြီးအတွင်း၌...
ရံဖန်ရံခါကြားရသော လေတိုက်ခတ်သံများမှလွဲ၍ ကြောက်မက်ဖွယ်ကောင်းသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။
တစ်ည ကုန်လွန်သွားလေပြီ။
အနီရောင်နေလုံးကြီး မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်ကို ကြည့်ရသည်မှာ အလွန်လှပပေ၏။
သူ စောစီးစွာ အိပ်စက်ခဲ့သောကြောင့် ရီဖုန်းသည် ဤအချိန်၌ နိုးထလားခဲ့သည်။ သူသည် ပျင်းရိငြီးငွေ့စွာ အကြောဆန့်လိုက်ရာ လန်းဆန်းတက်ကြွမှုကို ခံစားလိုက်ရသည်။
သူ၏တပည့်ဖြစ်သူကို တွေးတောရင်း သူ တောင်အောက်သို့ ချက်ချင်းပြန်ဆင်းလိုသော်လည်း ယခုထိတိုင် မိုးစင်စင်မလင်းသေးချေ။ သူသည် ငုတ်တုတ်ထိုင်ကာ မိုးကုတ်စက်ဝိုင်း၌ နေလုံးကြီးမြင့်တက်လာသည်ကို စောင့်ကြည့်ရုံသာ တက်နိုင်တော့သည်။
စနစ်၏တာဝန်ကို ရုတ်တရက် အမှတ်ရသွားသဖြင့် ရီဖုန်းက သူ၏ဇီသာကို ထုတ်ယူလိုက်၏။
"အချိန်ရတုန်း ငါ ခဏလောက် လေ့ကျင့်ပြီးတော့ မိုးလင်းတာနဲ့ တောင်အောက်ကိုဆင်းလို့ရပြီ"
ဇီသာကြိုးများကိုညှိပြီးနောက် သူက မျက်လုံးစုံမှိတ်လိုက်သည်။
ကြိုးများကိုတီးခတ်ကာ ညင်သာစွာသီချင်းညည်း၍
'အချစ်၏တန်ဖိုး'သီချင်းကို သူ ဖြည်းညှင်းစွာသီကျူးလေသည်။
ရေကန်နံဘေး၌....
ပိုင်ဖျောင်ဖျောင်သည် ဇီသာ၏နောက်၌ ပလ္လင်ခွေထိုင်နေကာ သူမ၏သွယ်လျလျလက်ချောင်းလေးများဖြင့် ဇီသာကြိုးများကိုတီးခတ်ကာ သူမက မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားလေ၏။
ယခုလတ်တလောအချိန်တွင် အတားအဆီးတစ်ခု၌ တစ်ဆို့နေသဖြင့် သူမသည် အဆင့်ချိုးဖျက်နိုင်ရန်အတွက် တေးသွားတစ်ပုဒ်ကို အသည်းအသန် လိုအပ်နေခဲ့သည်။ သို့ရာတွင် အမှုမဲ့အမှတ်မဲ့ဖြင့် နောက်ထပ်တစ်ည ကုန်ဆုံးသွားသည့်တိုင် သူမသည် မည်သည့်အကျိုးအမြတ်ကိုမျှ မရရှိခဲ့ချေ။
ထိုအချိန်မှာပင် ထူးခြားသောတေးသွားတစ်ပုဒ်က သူမ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ဒါက ဘာလဲ"
ပိုင်ဖျောင်ဖျောင်၏နွမ်းလျနေသောစိတ်သည် ရုတ်တရက် ထိတ်လန့်သွားပေ၏။ သူမသည် သူမ၏ဝတ်စုံရှည်ကြီးကိုမကာ အသံကြားရာနေရာသို့ ကြည့်လိုက်သည်။
"ဒါက ရီဖုန်းရဲ့အခန်းက မဟုတ်လား"
သူမ၏အနီရောင်နုတ်ခမ်းများ အနည်းငယ်ပွင့်ဟသွားကာ မသိစိတ်မှနေ၍ အသံထွက်ပေါ်လာရာနေရာသို့ လျှောက်လှမ်း၍ သွားလိုက်မိသည်။
လှေကားထစ်များပေါ်၌...
အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ဇီသာအသေးစားလေးကို လွယ်ထားကာ မျက်လုံးစုံမှိတ်၍ တေးသွားတစ်ပုဒ်ကို တီးခတ်နေသောမြင်ကွင်းက သူမ၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည်။
တည်ငြိမ်ခြင်း...ချောမောခန့်ညားခြင်း...ငြိမ်းချမ်းခြင်း...
ဤသည်မှာ မတူကွဲပြားသော အလှတရားများ ရှိနေပုံပင်။
အမှုမဲ့အမှတ်မဲ့ဖြင့် ပိုင်ဖျောင်ဖျောင်သည် ထိုမြင်ကွင်းကို မိန်းမောတွေဝေစွာ စူးစိုက်၍ကြည့်လိုက်မိသည်။ မည်သည့်အချိန်ကစခဲ့မှန်း မသိရဘဲ သူမသည် မျက်လုံးစုံမှိတ်ကာ ထိုတေးသွားအတွင်းသို့ နစ်မြောသွားတော့သည်။
ထိုတေးသွား၏လွှမ်းခြုံမှုအောက်တွင် သူမထံ၌ စိတ်ခံစားချက်မျိုးစုံ ထွက်ပေါ်လာသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် သူမ၏မျက်လုံးတစ်စုံအတွင်းမှ မျက်ရည်စီးကြောင်းနှစ်ကြောင်း ယိုစီးကျလာပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူမ အချိန်အတော်ကြာ တစ်ဆို့နေခဲ့သော အတားအဆီးနှင့်ပတ်သတ်၍ ဥာဏ်အလင်းပွင့်သွားကာ ချိုးဖျက်နိုင်ခဲ့သည်။
သို့ရာတွင် အဆင့်ချိုးဖျက်နိုင်သဖြင့် ပျော်ရွှင်ရသည့်တိုင် သူမ၏စိတ်ခံစားချက်များသည် ဤသီချင်းအတွင်းမှ ရုန်းမထွက်နိုင်သေးချေ။
အချိန် အလွန့်အလွန် ကြာပြီးနောက်...
"မိန်းကလေးဖျောင်ဖျောင်လား...."
နူးညံညင်သောသောအသံကို ကြားလိုက်ရသဖြင့် ပိုင်ဖျောင်ဖျောင်သည် ရုတ်တရက် အသိစိတ်ပြန်ဝင်သွားလေ၏။
သူမသည် မျက်ရည်များကို အလျှင်အမြန်သုတ်ကာ ရီဖုန်းထံ ဦးညွှတ်ပြီး ပျာပျာသလဲပြောဆိုလိုက်သည်။
"ငါ တောင်းပန်ပါတယ်...ငါက သခင်လေးရီရဲ့သီချင်းသံမှာ မတော်တဆ နစ်မြောသွားတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို မရယ်ပါနဲ့"
"မိန်းကလေးဖျောင်ဖျောင်က ယဥ်ကျေးလွန်းနေပြီ...တောင်းပန်သင့်တဲ့လူက ငါပါ"
ရီဖုန်းသည် သူ၏ဇီသာကို အောက်သို့ချကာ တောင်းပန်စကား ပြောဆိုသည်။
"ငါ မင်း အနားယူနေတာကို နိုးအောင်လုပ်မိသွားတယ်"
"မဟုတ်ဘူး....မဟုတ်ပါဘူး...သခင်လေးရီရဲ့သီချင်းကို နားထောင်ခွင့်ရတာ ငါ့ရဲ့အတိတ်ဘဝက ကောင်းချီးပေးမှုကြောင့်ပါပဲ"
ပိုင်ဖျောင်ဖျောင်က ပျာပျာသလဲ ပြောဆိုလေ၏။
"ပြောရမယ်ဆိုရင် ဖျောင်ဖျောင်က သခင်လေးရီရဲ့သီချင်းကို နားထောင်လို့တောင်မဝဘူး"
"မင်းက ငါ့ကို မြှောက်ပင့်နေတာပဲ"
ရီဖုန်းက ရယ်မောက အနည်းငယ်ရှက်ရွံသကဲ့သို့ ခံစားမိသည်။
"ဒါက ဘာဂီတတူရိယာလဲဆိုတာ ငါ မေးလို့ရမလား"
ပိုင်ဖျောင်ဖျောင်သည် ရီဖုန်း၏ဂီတာပုံစံ ဇီသာကိုကြည့်ကာ မမေးမြန်းဘဲမနေနိုင်တော့ချေ။
"ဒါက ငါကိုယ်တိုင်လုပ်ထားတဲ့ ဇီသာအသေးစားလေးပါ"
ရီဖုန်းက အပြုံးနှင့်ရှင်းပြသည်။
"ဒါကို နင်ကိုယ်တိုင် လုပ်ထားတာလား"
ပိုင်ဖျောင်ဖျောင်သည် ထိုအဖြေကြောင့် အံ့အားသင့်သွားလေ၏။ သူမသည် မချီးကျူးဘဲ မနေနိုင်တော့ချေ။
"သခင်လေးရီက တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ"
"မင်းက ငါ့ကို အရမ်းချီးမွမ်းနေတာပဲ...ငါက ဒါနဲ့မထိုက်တန်ပါဘူး"
ရီဖုန်းက ရယ်မောပြီးနောက် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက ဖျောင်ဖျောင်ကိုကြည့်ကာ ပြောဆိုသည်။
"မိန်းကလေး ဖျောင်ဖျောင်...အခုက မိုးလင်းသွားပြီ...ငါ ပြန်တော့မယ်"
"သခင်လေးရီက အလောတကြီး ပြန်တော့မလို့လား"
ပိုင်ဖျောင်ဖျောင်သည် အနည်းငယ်စိတ်ပျက်သွားသကဲ့လို့ ခံစားမိကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"သခင်လေးရီ...နင် ဘာလို့....."
သို့ရာတွင် သူမ တွေဝေတုံ့ဆိုင်းနေမိသည်။
"ငါ အမြန်ပြန်မှရမယ်...အိမ်မှာ လုပ်စရာကိစ္စတွေ ရှိနေသေးတယ်...နှုတ်ဆက်ပါတယ်...တစ်နေ့နေ့ကျရင် မင်းနဲ့ထပ်တွေ့နိုင်ဖို့ ငါ မျှော်လင့်မိတယ်"
ရီဖုန်းက အပြုံးနှင့် တောင်းပန်စကားပြောဆိုကာ သူ၏ဇီသာကိုကောက်ယူ၍ သူ၏ဝါးခြင်းတောင်းအတွင်း၌ ထည့်ကာ လိပ်အိုကြီးကိုလည်း ယူဆောင်လိုက်သည်။ သူသည် ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်တော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင် ပို၍စိုးရိမ်ပူပန်သွားသည်။ အချိန်တခဏကြာခန့် သူမ၏နုတ်ခမ်းကိုကိုက်၍ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
"ဖျောင်ဖျောင်က သခင်လေးရီကို နောက်ထပ်နှစ်ရက်လောက်ထပ်နေဖို့ ဖိတ်ခေါ်ချင်တယ်....ရနိုင်မလား"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ဖျောင်ဖျောင်သည် မျှော်လင့်စောင့်စားနေမှုများ ပြည့်နှက်နေသောမျက်နှာဖြင့် ရီဖုန်းကိုကြည့်ကာ သူမ၏လှပသောမျက်နှာလေးပေါ်တွင် ရှက်သွေးဖြာသွားသည်။
ဤသည်မှာ သူမ ပထမဆုံးအကြိမ် ယောက်ျားသားတစ်ယောက်ကို ဖိတ်ခေါ်ခြင်းပင်။
"ဒါက မဖြစ်နိုင်မှာကို ငါ စိုးရိမ်မိတယ်"
သို့ရာတွင် ရီဖုန်းက သူမ၏ဖိတ်ခေါ်မှုကို ဗြောင်ကျကျ ငြင်းဆန်လေသည်။
ထိုစကားဆုံးသည်နှင့် ရီဖုန်းသည် တောင်းပန်လိုသောအကြည့်ဖြင့် ပိုင်ဖျောင်ဖျောင်ကိုတစ်ချက်ကြည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် တောင်အောက်သို့ ဆင်းခဲ့တော့သည်။ သူ၏အတွေးများအတွင်း၌ ကျုံးချင်၏ဒဏ်ရာသာ ရှိနေသည်။
ပိုင်ဖျောင်ဖျောင်သည် နေရာမှာပင် ကြက်သေသေနေလေ၏။
ဤအတိုင်း....
ငြင်းဆန်ခံလိုက်ရသလော.....
Chapter 133
ရီဖုန်း၏ထွက်ခွာသွားသောနောက်ကျောပြင်ကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်က သူ့ကို အချိန်အတော်ကြာသည်အထိ စူးစိုက်၍ကြည့်နေသည်။
သူမ၏မျက်လုံးအတွင်း၌ ခါးသီးသောခံစားချက်များ ရစ်ဝဲနေကာ လွယ်လင့်တကူ ပျက်ပြယ်သွားခြင်းမရှိချေ။
သူမသည် ပထမဆုံးအကြိမ် ယောက်ျားသားတစ်ယောက်ကို ဖိတ်ခေါ်ခြင်းသည် အဆုံးသတ်၌ ဤကဲ့သို့ရှုံးနိမ့်သွားရမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မစဥ်းစားခဲ့ဖူးချေ။
ဤခံစားချက်သည် အမှန်တကယ်ကို မကောင်းလှချေ။
"ဒါပေမယ့် သခင်လေးရီ...နင်က..."
သို့ရာတွင် ပိုင်ဖျောင်ဖျောင်၏မျက်နှာပေါ်၌ ရုတ်တရက် အပြုံးတစ်ခုထင်ဟပ်လာကာ တီးတိုးရေရွတ်လိုက်သည်။
"နင်က တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်"
ရီဖုန်းသည် သူမ၏မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားပြီးနောက် ပိုင်ဖျောင်ဖျောင်သည် နောက်သို့ပြန်လှည့်ကာ သူမနောက်ရှိ အခန်းအတွင်းသို့ဝင်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ မြောင်မြောင်သည် အနားယူအိပ်စက်နေဆဲပင်။ သူမ ဤနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သောကြောင့် အခန်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သူမ လုပ်ဆောင်ရပေမည်။
အခန်းတစ်ခန်းလုံး အလွန်သပ်ရပ်သန့်ရှင်းနေသည်။
ရီဖုန်း ဤနေရာ၌ မနေထိုင်မီအချိန်ကထက်ပင် ပို၍သပ်ရပ်သန့်ရှင်းနေသည်။
အထူးသဖြင့် အိပ်ယာများကို လေးထောင့်ကျကျခေါက်ထားပြီး အစွန်းများနှင့်ထောင့်များပေါ်နေသည်အထိ ခေါက်ချိုးကျသည်။ ဤသည်က ပိုင်ဖျောင်ဖျောင်၏မျက်လုံးများကို ထူးဆန်းသောအရောင်အသွေးများဖြင့် တောက်ပသွားစေသည်။
"ရီဖုန်း....အော် ရီဖုန်း...နင်က သာမာန်သေမျိုးတစ်ယောက်ပေမယ့်...နင်နဲ့ပတ်သတ်တဲ့အရာရာတိုင်းက ထူးခြားနေတယ်"
ပိုင်ဖျောင်ဖျောင်သည် သပ်ရပ်ပြန့်ပြူးနေသော အိပ်ယာကိုစောင်းငဲ့ကြည့်ကာ သူမက နက်နဲစွာတွေးတောကာ တီးတိုးရေရွတ်လိုက်၏။
"သန့်စင်ပြီးတော့ ကြော့ရှင်းရည်မွန်တယ်...သာလွန်ထူးကဲတဲ့ စိတ်နေစိတ်ထား...မိုးကောင်းကင်ကိုတောင် အံ့အားသင့်စေနိုင်တဲ့ ကဗျာ...ငါ့ရဲ့အတားအဆီးကိုတောင် ချိုးဖျက်စေနိုင်ခဲ့တဲ့ တေးသွား...ငါရဲ့အကာအကွယ်ဝင်္ကပါတွေကလည်း နင် ရောက်လာတဲ့အချိန်မှာ ပွင့်သွားခဲ့တယ်..."
"နင်က ဘယ်သူလဲ..."
အချိန်အလွန့်အလွန်ကြာသည်အထိ ငေးငိုင်နေပြီးနောက် ပိုင်ဖျောင်ဖျောင်သည် အိပ်ယာခင်းနေရာတွင် တခြားအိပ်ယာခင်းတစ်ခုနှင့်အစားထိုးရန်ရည်ရွယ်၍ ကောက်ကိုင်လိုက်သည်။
သို့ရာတွင် သူမ ထိုအရာကို မလိုက်ချိန်တွင် သူမ၏မျက်လုံးအကြည့် အနည်းငယ် ရွှေ့ပြောင်းသွားသည်။ သူမ၏အသက်ဝင်သောအကြည့်သည် သူမလက်အတွင်းရှိ အိပ်ယာခင်းထံသို့ ရောက်ရှိသွားလေ၏။
ကြည့်ရသည်မှာ...
ထိုအရာမှနေ၍ မွှေးရနံ့တစ်ခု ထွက်ပေါ်နေသလော....
ပိုင်ဖျောင်ဖျောင်သည် သတိကြီးစွာထားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ မည်သူမျှ ပတ်ဝန်းကျင်တွင်မရှိသည်ကိုကြည့်ပြီး သူမသည် တောင့်မခံနိုင်တော့သဖြင့် သူမ၏နူးညံသောနှာခေါင်းဖြင့် အိပ်ယာခင်းကို ညင်သာစွာဖိကပ်လိုက်၏။
ပေါ့ပါးညင်သာပြီး သန့်ရှင်းသော မွှေးရနံ့တစ်ခုက သူမ၏နှာခေါင်းပေါက်များအတွင်းသို့ တိုးဝင်လာကာ သူမအား တမူထူးခြားပြီးစွဲဆောင်နိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
"ဒါက သူ့ရဲ့အနံ့လား..."
သူမသည် သတိမပြုမိဘဲ သူမ၏လက်အတွင်းရှိ အိပ်ယာခင်းကို ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။ သူမ၏စိတ်နှလုံးသားအတွင်း၌ တွေဝေတုံ့ဆိုင်းသော ခံစားချက်များ မြင့်တက်လာသည်။ သူမ ဤအိပ်ယာခင်းကို အမှန်တကယ် လဲသင့်သလော...
ထို့ထက်ပို၍ အံ့အားသင့်စရာကောင်းသည်မှာ သူမသည် ဤအိပ်ယာခင်းကို ပွေ့ဖက်၍ လှဲချကာ ထိုအရာပေါ်၌ တစ်ရေးတစ်မောအိပ်ရန် ဆန္ဒရှိနေခြင်းပင်။
သူမ၏နုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်၏။
အဆုံးသတ်၌ သူမသည် ထိုပြင်းပြသောဆန္ဒကို လုပ်ဆောင်ချက်အဖြစ်သို့ ပြောင်းလဲလိုက်တော့သည်။
သူမသည် ညင်သာစွာလှဲချလိုက်ပြီးနောက် သူမကိုယ်သူမ ထိုအိပ်ယာခင်းဖြင့် လွှမ်းခြုံလိုက်ရာ ပေါ့ပါးညင်သာသောရနံ့က သူမကို ဘက်ပေါင်းစုံမှနေ၍ ဝိုင်းရံသွားသည်။ ပိုင်ဖျောင်ဖျောင်သည် မကြုံစဖူး စိတ်သက်တောင့်သက်သာမှုမျိုးကို ခံစားရကာ အနည်းငယ်ငိုက်မျဥ်းစပြုလာသည်။ သူမ၏ခန္ဓာကိုယ်မှအကြောအခြင်များ လုံးလုံးလျားလျားပြေလျော့သွားသဖြင့် သူမ၏မျက်လုံးများကို မမှိတ်ဘဲမနေနိုင်တော့ချေ။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားလေပြီ။
အချိန်အတော်ကြာပြီးနောက် ပိုင်ဖျောင်ဖျောင်သည် နောက်ဆုံး၌ အေးအေးလူလူဖြင့် နိုးထလာသည်။ သူမ၏ခန္ဓာကိုယ်သည် ယခင်ကထက် များစွာပို၍ သက်တောင့်သက်သာဖြစ်သွားသကဲ့သို့ ခံစားမိသည်။ ဤတစ်ရေးတစ်မောအိပ်စက်ခြင်းသည် သူမ၏ပင်ပန်းနွမ်းနယ်မှုများကို လုံးလုံးလျားလျား ပြေပျောက်သွားစေခဲ့သည်။
သူမသည် အိပ်ယာခင်း၏အောက်မှနေ၍ သူမ၏လက်များကို ညင်သာစွာဆန့်ထုတ်လိုက်၏။ သူမသည် အိပ်ယာခင်းအစွန်းကိုကိုင်ကာ သူမ၏နှာခေါင်းထံသို့ ထပ်မံ၍ဆွဲယူလိုက်သည်။ သူမသည် ထိုရနံ့ကိုထပ်မံ၍ရှုရှိုက်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။
သို့ရာတွင် သူမ ဝမ်းသာပီတိဖြစ်နေစဥ်၌ တစ်ယောက်ယောက်က သူမကို စောင့်ကြည့်နေကြောင်း သတိပြုမိသွားသည်။
သူမ၏ခေါင်းကို လှည့်ကြည့်လိုက်သည်။
တိကျသေချာစွာပင် မယုံကြည်နိုင်သော မျက်လုံးဝိုင်းကြီးတစ်စုံသည် သူမအား စူးစိုက်ကြည့်နေလေ၏။ ကြည့်ရသည်မှာ ထိုမျက်လုံးတစ်စုံ၏ပိုင်ရှင်သည် ဤနေရာသို့ ရောက်ရှိနေသည်မှာ အချိန်တချို့ကြာမြင့်နေပုံရကာ ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အား...သခင်မလေး...နင် တကယ်ပဲ...."
ပိုင်ဖျောင်ဖျောင်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူမ၏ခန္ဓာကိုယ် လှစ်ခနဲလှုပ်ရှားသွားကာ အိပ်ယာပေါ်မှပြေးဆင်းပြီးနောက် ချက်ချင်းဆိုသလိုပင် မြောင်မြောင်၏နံဘေး၌ ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏သွယ်လျလျလက်လေးဖြင့် မြောင်မြောင်၏ပါးစပ်ကို ဖုံးအုပ်လိုက်၏။
"သခင်မလေး...ငါ့ကို လွှတ်ပေးပါအုံး"
မြောင်မြောင်သည်ရုန်းကန်ကာ အနီးရှိသစ်သားကုတင်ကို လက်ညှိုးညွှန်ကာ အဆက်မပြတ်အော်ဟစ်လေသည်။
"သခင်မလေးက တကယ့်ကိုပဲ ရီဖုန်းအိပ်ခဲ့တဲ့အိပ်ယာမှာ အိပ်ခဲ့တာလား....."
"ငါ မအိပ်ပါဘူး"
ပိုင်ဖျောင်ဖျောင်၏မျက်နှာ နီမြန်းနေကာ သူမက အလျင်စလိုငြင်းဆန်လိုက်သည်။ ဤကဲ့သို့ ရှက်ရွံဖွယ်ကိစ္စတစ်ခုကို တစ်စုံတစ်ယောက်မှ သတိပြုမိသွားမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
"သခင်မလေးက မဟုတ်ဘူးလို့ ပြောနေတုန်းပဲလား...ကျွန်မ ခုဏက အရာရာတိုင်းကို မြင်ပြီးပြီ"
သို့ရာတွင် မြောင်မြောင်သည် အယုံအကြည်မရှိဆဲဖြစ်ကာ သူမ၏ပါးစပ်ကို ဖုံးအုပ်ခံထားရသည့်တိုင် ဆက်လက်၍အော်ဟစ်နေဆဲပင်။
"နင်...."
ပိုင်ဖျောင်ဖျောင်၏မျက်နှာ သုန်မှုန်သွားကာ သူမက ညင်သာစွာ ဆူပူကြိမ်းမောင်းလိုက်သည်။
"ပြောနေတာကို ရပ်လိုက်စမ်း"
"မဟုတ်ဘူး....ငါ ဒါကို ပြောမှရမယ်....နင် ခုဏက ရီဖုန်းရဲ့အိပ်ယာမှာ အိပ်နေတာကို ငါ မြင်တယ်...ဒါကို နင် ငြင်းလို့မရဘူး"
မြောင်မြောင်သည် ခေါင်းမာစွာဖြင့် အခိုင်အမာပြောဆိုလိုက်၏။
"နင်...."
ပိုင်ဖျောင်ဖျောင်သည် အလွန်ရှက်ရွံသွားကာ မြေကြီးအတွင်းသို့ သူမ ကျွံဝင်သွားရန်ပင် ဆုတောင်းနေမိသည်။ ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ချက်နှင့်အတူ သူမသည် မြောင်မြောင်၏လည်ပင်းနောက်ကိုရိုက်လိုက်ရာ ချက်ချင်းဆိုသလိုပင် သတိလစ်မေ့မျောသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပိုင်ဖျောင်ဖျောင်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ပြန်ထိုင်ချလိုက်၏။
သူမ၏ပူနွေးနေသော ပါးပြင်များကို သူမ ပြန်ထိတွေ့ကြည့်မိရာ သူမ၏လည်ပင်းထိတလျှောက်လုံး နီမြန်းနေသည်ကို တွေ့မြင်မိသည်။ ဤကိုးရိုးကားရားဆန်သောကိစ္စကို ပြန်တွေးမိချိန်တွင် သူမ အလွန်အမင်း ရှက်ရွံသွားသည်။
...
ရီဖုန်းသည် ကျုံးချင်၏ဒဏ်ရာများအတွက် စိုးရိမ်ပူပန်သဖြင့် တောင်ပေါ်မှနေ၍ အလျင်စလို ပြန်ဆင်းခဲ့သည်။
သခင်ဖြစ်သူ မရှိသဖြင့် ယခင်က သက်ဝင်လှုပ်ရှားနေသော သိုင်းပညာခန်းမသည် ယခုချိန်၌ ပို၍တိတ်ဆိတ်ငြိမ်သက်ပြီး အေးစက်နေသည်။
ခွေးလေးအောင်းချင်သည် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေကာ ပျင်းရိငြီးငွေ့စွာဖြင့် သမ်းဝေလိုက်၏။
"ရွှီ..."
"ခွေးပေါက်လေး....ဒီနေရာကို လာခဲ့စမ်း"
ရုတ်တရက် တိုးညှင်းသော လေချွန်သံတစ်သံသည် ပျော်ရွှင်မြူးထူးနေသောအသံတစ်သံနှင့်အတူ သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် အောင်းချင်၏အမွှေးများ အဆုံးထိထောင်မတ်သွားသည်။ သူ၏ဝပ်နေသောခန္ဓာကိုယ် မြောက်တက်သွားကာ ခြေလက်များ အထိန်းအကွပ်မဲ့စွာ တုန်ရီနေပြီး သူ၏နှလုံးသည် သူ၏လည်ချောင်းအတွင်းမှ ခုန်ထွက်တော့လုမတတ်ပင်။
ထိတ်လန့်တုန်လှုပ်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်သွားသည်။ သူသည် သူ၏နောက်ရှိ ရေဆိုးမြောင်းအဖုံးထံသို့ ဖြည်းညှင်းစွာ ကြည့်လိုက်သည်။
"အ...အရိုးစုသခင်....ဘာကိစ္စရှိလို့ ငါ့ကို ခေါ်တာလဲ"
အောင်းချင်က အထစ်ထစ်အငေါ့ငေါ့နှင့် မေးမြန်းသည်။
Chapter 134
"အရိုးစုအကိုကြီး မဟုတ်ဘူးလား"
"ဟမ့်..."
ဒေါသတကြီးအသံတစ်သံက ရေဆိုးမြောင်းအဖုံး၏အောက်မှ ထွက်ပေါ်လာသည်။
ထိုစကားကိုကြားချိန်တွင် အောင်းချင်က သူ၏စကားကို အလျှင်အမြန် ပြောင်းလဲလိုက်သည်။
"အကိုကြီး...အကိုကြီး...အရိုးစုအကိုကြီး...မင်းက အရမ်းချောမောခန့်ညားပြီးတော့ လွတ်လပ်ပေါ့ပါးတဲ့သူပါ...ငါ ခုဏက စကားပြောမှားသွားတယ်...ငါ မကောင်းတာပါ"
"အင်း...."
"မင်းလို့ ခွေးတစ်ကောင်က ဒီလောက်ထိလိမ္မာပါးနပ်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
စိတ်ကျေနပ်မှုရသွားသော အသံတစ်သံက ရေဆိုးမြောင်းအဖုံးအောက်မှ ထွက်ပေါ်လာသည်။
သူသည် အရိုးစုအကိုကြီးနှင့် မည်ကဲ့သို့ဆက်ဆံရမည်ကို သိရှိသွားသဖြင့် အောင်းချင်၏မျက်လုံးများ တောက်ပသွားသည်။ သူက ဆက်လက်၍ ဖော်လန်ဖားလိုက်၏။
"အရိုးစုအကိုကြီး...မင်းက ငါ့ကို ချီးမွမ်းနေတာပဲ...ငါ့မှာ လိမ္မာပါးနပ်မှုမရှိပါဘူး....ငါက အရှိကိုအရှိအတိုင်း ပြောလိုက်ရုံပဲ"
"တကယ်တော့ မင်း အပြင်ကို ထွက်မလာခင်ကတည်းက...မင်းရဲ့ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါတွေနဲ့ ငါ့ကို ဆွဲဆောင်နိုင်ခဲ့တာပါ"
"အော်..."
မျှော်လင့်ထားသကဲ့သို့ပင် စကားလုံးအနည်းငယ်ဖြင့် အောင်းချင်သည် အရိုးစု၏စိတ်ဝင်စားမှုကို ရရှိသွားခဲ့သည်။ အရိုးစုက စိတ်အားထက်သန်စွာဖြင့် ပြောဆိုသည်။
"ဆက်ပြောစမ်း...ငါ မင်းကို ဘယ်လိုဆွဲဆောင်နိုင်ခဲ့တာလဲဆိုတာ မင်း ငါ့ကို ပြောပြစမ်း"
အောင်းချင်သည် ပြုံးဖြဲနေသည်မှာ သူ၏ပါးစပ် နားရွက်သို့ တက်ချိတ်တော့လုမတတ်ပင်။ သူ၏မျက်လုံးကို ကျဥ်းမြောင်းကာ ရွှန်းရွှန်းဝေအောင် ပြောဆိုလိုက်၏။
"ပြန်တွေးကြည့်ရင် ဒီလိုကြီးကျယ်ခမ်းနားတဲ့အရှိန်အဝါမျိုးရှိနေတာ ဘယ်လိုပြိုင်ဘက်ကင်းမွန်းစတားလဲဆိုတာ ငါ သိချင်နေခဲ့မိတယ်...မင်း ထွက်လာတဲ့အချိန်ကျမှ...'အဝေးကနေ မြင်ရတဲ့ခံစားချက်က အနီးကပ်မြင်ရတာနဲ့ နှိုင်းယှဥ်လို့မရဘူး'ဆိုတဲ့ ဆိုရိုးစကားကို...နောက်ဆုံးမှာ ငါ နားလည်သဘောပေါက်သွားတော့တယ်"
"အထူးသဖြင့် မင်းရဲ့ထူးခြားတဲ့ စိတ်နေစိတ်ထားနဲ့ လိုက်လျောညီထွေနေတက်တဲ့သဘောထားပဲ...ဒါက ငါရဲ့မျက်လုံးတွေကို ကျိန်းစပ်သွားစေခဲ့တယ်"
"အဲ့ဒီနေ့ကနေစပြီးတော...."
အောင်းချင်၏မျက်နှာအမူအယာသည် အပြစ်ကင်းစင်မှုသို့ ပြောင်းလဲသွားကာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"အဲ့ဒီနေ့ကနေစပြီးတော့...ငါက အရိုးစုအကိုကြီးလိုမျိုး ဖြစ်အောင်လုပ်မယ်လို့ ကျိန်ဆိုခဲ့တယ်"
"ပြောတာ ကောင်းတယ်...ဘယ်သူကမှ ငါ့ကို မင်းထက်ပိုပြီး နားလည်နိုင်မှာမဟုတ်ဘူး"
အရိုးစု၏စိတ်လှုပ်ရှားနေသောအသံက အောက်မှထပ်မံ၍ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ချီးမွမ်းပြောဆိုလိုက်၏။
"အခုချိန်ကနေစပြီးတော့ မင်းနဲ့ငါက သွေးသောက်ညီအကိုတွေ ဖြစ်သွားပြီ...တကယ်လို့ မင်း တစ်ခုခုလိုအပ်တာရှိရင် ငါ့ကို အသိပေးပါ...ငါ မင်းကို ကြည့်ရှုစောင်မမယ်"
"သေချာတာပေါ့...ကျေးဇူးတင်ပါတယ် အကိုကြီး"
အောင်းချင်က စိတ်အားထက်သန်စွာဖြင့် သူ၏အမြှီးကို ဝှေ့ယမ်းလိုက်သည်။
"ထက်မြက်တဲ့ ကောင်လေး...မြန်မြန်လေး...ငါ့ကိုကူညီပြီးတော့ ရေဆိုးမြောင်းအဖုံးကို ရွှေ့ပေးစမ်း...တစ်ယောက်ယောက်က ဒီနေရာကိုလာပြီးတော့ ဟန်ရေးပြသွားခဲ့တယ်....သခင်မရှိတဲ့အချိန်မှာ ငါက ပြဿနာတချို့ရှာဖို့ မင်းကို ခေါ်သွားမယ်"
မျှော်လင့်စောင့်စားနေသော အသံတစ်သံက အောက်မှနေ၍ ထပ်မံပြီးထွက်ပေါ်လာသည်။
"ခုချက်ချင်း လုပ်ပေးပါ့မယ် အကိုကြီး"
အောင်းချင်သည် တုံ့ဆိုင်းမနေဝံ့ချေ။ သူသည် ရေဆိုးမြောင်းအဖုံးကို အလျှင်အမြန်ရွှေ့လိုက်၏။ အရိုးစု၏ခေါင်း ပြင်ပသို့ပြူထွက်လာသည်။
ထိုဦးခေါင်းခွံ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ အခန်းများမှနေ၍ အရိုးများပျံသန်းလာကာ ပြီးပြည့်စုံသော အရိုးစုကိုယ်ထည်အဖြစ် စုဝေးသွားသည်။
သို့ရာတွင် စုဝေး၍ပြီးဆုံးခါနီးဆဲဆဲ၌ ထိုအရိုးများ တစစီပြုတ်ကျသွားကာ မြေပြင်နေရာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။
"သောက်ချေးပဲ...ငါ့ရဲ့ကျောရိုးက ဘယ်နေရာမှာလဲ"
မြေပြင်ပေါ်ရှိ ဦးခေါင်းခွံက ကျယ်လောင်စွာဆဲဆိုလိုက်သည်။
"အကိုကြီး...ကြည့်ရတာတော့ သခင်က မင်းရဲ့ကျောရိုးကို အဝတ်လှမ်းတဲ့တန်းအနေနဲ့သုံးဖို့ ယူသွားပုံရတယ်...ခဏတောင့်ထားအုံး...ငါ မင်းအတွက် သွားယူပေးမယ်"
အောင်းချင်သည် သူ၏အမြှီးကိုဝှေ့ယမ်း၍ တံခါးမှနေ၍ ခုန်ပေါက်ပြေးထွက်သွားကာ ကျောရိုးကို ပြန်လည်ယူဆောင်လာခဲ့သည်။
"ကောင်းကောင်း လုပ်နိုင်သားပဲ...မင်းဆီမှာ အလားအလာကောင်းတွေရှိနေတာကို ငါ မြင်မိတယ်"
အရိုးစု၏လေသံတွင် ချီးမွမ်းမှုများဖြင့် ပြည့်နှက်နေသည်။ ကျောရိုးကို နေရာတကျထားပြီးနောက် အရိုးစုတစ်ခုလုံးကို ပြန်လည်တပ်ဆင်ပြီးဖြစ်ကာ သူ၏အနက်ရောင်ဝတ်ရုံကိုပင် သတိတရ ပြန်လည်ဝတ်ဆင်ခဲ့သည်။
"ကျွတ်...ကျွတ်..."
"ဒီလိုစိတ်နေစိတ်ထားမျိုး...ဒီလိုခန့်ညားတဲ့အပြုအမူမျိုး...ငါ အထီးတစ်ကောင်မဟုတ်ဖို့ ဆုတောင်းမိတယ်...မဟုတ်ရင် ဒီအနက်ရောင်ဝတ်စုံဝတ်ထားတဲ့မင်းကို မျက်စေ့ကျမိမှာ သေချာတယ်...အကိုကြီး"
ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းချင်သည် နောက်တစ်ကြိမ်ထပ်မံ၍ ဖော်လန်ဖားကာ အရိုးစုကို အလွန်အမင်း မြှောက်ပင့်ချီးမွမ်းလိုက်၏။
အရိုးစုသည် သူ၏ခေါင်းကိုမြင့်မားစွာမော့ထားကာ အောင်းချင်၏စကားများကြောင့် စိတ်အားတက်ကြွနေပုံရသည်။ အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ အဖြူရောင်လက်သည်းတစ်ချောင်းထွက်လာကာ အောင်းချင်ကို ဖမ်းဆုပ်လိုက်၏။
အောင်းချင်သည် ချက်ချင်းဆိုသလိုပင် ယက်ကန်ယက်ကန်ဖြစ်သွားသည်။ သူ အသိဝင်လာချိန်တွင် သူသည် ပင်ကျင်းမြို့၏ပြင်ပသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
လှုပ်ရှားမှုတစ်ခုတည်းဖြင့်....
အောင်းချင်၏မေးရိုး အောက်သို့ပြုတ်ကျသွားသည်။
ပင်ကျင်းမြို့သည် အလွန်မကြီးမားသော်လည်း ချင်ရှန်းတောင်အောက်တွင် တည်ရှိသဖြင့် လီတစ်ထောင်ကျော်ခန့် အကျယ်အဝန်းရှိသည်။
သို့ရာတွင် သူတို့သည် လီတစ်ထောင်ကျော်ကို ဖျတ်ခနဲ ခုန်ကူးနိုင်ခဲ့လေပြီ။
ဤသည်မှာ ဒဏ္ဍာရီလာဆိုရိုးစကားဖြစ်သော
'မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာ ကမ္ဘာတစ်ခုဝေးကွာလာတယ်'နှင့် တူညီနေသည်။
အောင်းချင်သည် ပို၍ဖော်လန်ဖားကာ အဆက်မပြတ် မြှောက်ပင့်ချီးမွမ်းလေသည်။
"အကိုကြီးရဲ့ကျွမ်းကျင်မှုကတော့ တကယ့်ကို မယုံနိုင်စရာပဲ...မင်းက ငါတို့မျိုးဆက်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်သွားပြီ"
"ဟား ဟား ဟား..ဒါက လှည့်ကွက်ငယ်လေးတွေပါ...လှည့်ကွက်ငယ်လေးတစ်ခုပဲ"
အရိုးစုက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူ၏လက်ဝါးကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ပါးလွှာသောလေထုအတွင်း၌ နောက်မှီကုလားထိုင်တစ်လုံး ထွက်ပေါ်လာသည်။ သူသည် လမ်းဘေးတစ်နေရာ၌ ထိုင်ခုံကိုချထားကာ မှီထိုင်လိုက်၏။
အရိုးစုသည် ခြေချိတ်ထိုင်ကာ ပျင်းရိငြီးငွေ့စွာဖြင့် ပြောဆိုသည်။
"ငြင်းလို့မရဘူး...သခင်က ဘဝကို ပျော်ရွှင်အောင် ဘယ်လိုနေရမလဲဆိုတာ သေချာသိနေတာပဲ"
"ဟုတ်တာပေါ့...ဒါက အမှန်ပဲ...မင်းနဲ့သခင်နှစ်ယောက်စလုံးက ငါတို့မျိုးဆက်ရဲ့စံပြပုဂ္ဂိုလ်တွေပဲ"
အောင်းချင်သည် သူ၏မျက်လုံးများကို မှေးထားကာ သူ၏နှာခေါင်းကို တရှုံရှုံလုပ်နေသည်။ အရိုးစု၏ခြေထောက်နံဘေးတွင်ဝပ်တွား၍ ပေါင်များကို သူ၏ရှေ့လက်ဖဝါးများဖြင့် နှိပ်နယ်ပေးလိုက်၏။
"ယဲ့ပေ...စက်ဆုပ်ဖို့ကောင်းတဲ့ လူလိမ်ကောင်...မင်းက ငါ့ရဲ့အာသီသကို အကျိုးရှိရှိအသုံးချပြီးတော့ ငါ့ကိုရောင်းစားဖို့ ကြိုးစားနေတာပဲ...ငါ မင်းကို ဒီအတိုင်း အလွတ်မပေးနိုင်ဘူး"
အလွန်မဝေးကွာလှသော မိုးကောင်းကင်ယံအတွင်းတွင် ပုံရိပ်အမြောက်အများသည်လလေထုကိုဖြတ်သန်း၍ ပျံသန်းလာသည်။ ထိုလူများအကြားတွင် မြည်ဟီးနေသည်မှာ လုချင်ရှန်း၏ဆဲဆိုသံများပင်။
"အမ်...အကိုချင်ရှန်း...မင်း နားလည်မှုလွဲနေပြီ....ကျူးလေးနဲ့ယိုလေးတို့က တံခါးပိတ်ကျင့်ကြံနေတာပါ...သူတို့ ပြန်ထွက်လာတာနဲ့...အဆင်ပြေသွားမှာပဲလေ"
ယဲ့ပေက ပြေရာပြေကြောင်းပြောဆိုကာ လုချင်ရှန်း၏ပခုံးကို ပုတ်လိုက်သည်။
"ဟမ့်...မင်းရဲ့လျှို့ဝှက်အကြံအစည်တွေကို ငါ မသိဘူးလို့ မင်း ထင်မနေနဲ့...မင်းရဲ့အသက်ကိုကာကွယ်နိုင်တာက မင်းကိုယ်တိုင်ပဲ...ဘယ်လိုပဲဖြစ်ဖြစ် စီနီယာကသာ မင်းကို သေစေချင်ရင်...ဘယ်သူမှ မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး"
လုချင်ရှန်းက ဒေါသတကြီး အော်ဟစ်လေသည်။
"အကိုချင်ရှန်း မင်း ဘယ်လိုပြောလိုက်တာလဲ...မင်းက စီနီယာရဲ့ရှေ့မှာ ငါ့အတွက် စကားကောင်းလေးတွေ ပြောပေးရုံနဲ့...အရာအားလုံး အဆင်ပြေသွားမှာပါ"
ယဲ့ပေက ခခယယအပြုံးတစ်ခုနှင့် ပြောဆိုသည်။
သို့ရာတွင် သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် နိမိတ်မကောင်းသောအငွေ့အသက်တစ်ခုက သူ့ထံချဥ်းကပ်လာသည်ကို သူ ခံစားမိလေ၏။
ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားကာ မုန်တိုင်းအတွင်းမှ လှေငယ်လေးတစ်စီးအလား ကူကယ်ရာမဲ့ဖြစ်သွားတော့သည်။
Chapter 135
တစ်ချိန်တည်းမှာပင် စွမ်းအားလှိုင်းတစ်ရပ်က သူ့ကို မြေပြင်ထံသို့ ဆွဲချသွားသည်။
ယဲ့ပေ၏မျက်နှာ သိသိသာသာ ပျက်ယွင်းသွားပေ၏။
သူ အသိပြန်မဝင်သေးမီမှာပင် ဘုန်းခနဲမြည်သံနှင့်အတူ သူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သူ ရုန်းကန်၍ မတ်တတ်ထရပ်လိုက်ချိန်တွင် ရုတ်တရက် အနီးရှိလမ်းနံဘေးမှ နောက်မှီကုလားထိုင်တစ်လုံးကို သတိပြုလိုက်မိသည်။
ထိုကုလားထိုင်ပေါ်၌ အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ခပ်တည်တည်ဖြင့် ခြေချိတ်ထိုင်နေသည်။ သူ၏ဘေးတွင် မောက်မာဝံ့ကြွားပုံရသည့် ခွေးတစ်ကောင်...မဟုတ်သေး...သားကောင်ကိုချောင်းမြောင်းနေသော အောင်းချင် ထိုင်နေလေ၏။
"မင်းက ဘယ်သူလဲ"
သူ၏ရင်ဘတ်ကိုဖိကာ ယဲ့ပေသည် အနက်ရောင်ဝတ်ရုံဝတ်လူကို ကြည့်လိုက်သော်လည်း သူသည် မည်သို့မျှ ဝေဖန်ပိုင်းခြား၍မရချေ။
အနက်ရောင်ဝတ်ရုံဝတ်လူသည် သူ့အား လုံးလုံးလျားလျား လျစ်လျှူရှုထားကာ နေပူဆာလှုံနေသည့်အလား နောက်မှီကုလားထိုင်ပေါ်တွင် ဆက်လက်၍မှီနေကာ သူ့အား တစ်ချက်မျှပင် စောင်းငဲ့ကြည့်ခြင်းမပြုချေ။
"ငါ မင်းကို မေးနေတယ်လေ...မင်းက ဘယ်သူလဲ"
သူ ထွင်းဖောက်မမြင်ရသော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း ယခင်တိုက်ခိုက်ခံရမှုနှင့် ယခုလက်ရှိမထီမဲ့မြင်ပြုခံရခြင်းတို့ ပေါင်းစပ်ကာ ယဲ့ပေထံတွင် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့ကြောင့် သူသည် အနက်ရောင်ဝတ်ရုံဝတ်လူကိုကြည့်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့ရာတွင် ယဲ့ပေ စကားပြောဆိုလိုက်သည်နှင့် နောက်မှီကုလားထိုင်ပေါ်တွင်ထိုင်နေသော အနောက်ရောင်ဝတ်ရုံဝတ်လူသည် ဆတ်ခနဲ မတ်တတ်ထရပ်လိုက်၏။
သူ၏လက်ဝါး ဖြည်းညှင်းစွာ ဆန့်ထွက်လာသည်။
ထို့နောက် ရုတ်တရက် အောက်သို့ ဖိချလိုက်သည်။
ခရက်....
အား....
ယဲ့ပေ၏ခြေထောက်နှစ်ဖက်မှ အရိုးများအားလုံး ကျိုးပဲ့သွားကာ စူးရှနာကျင်စွာ အော်ဟစ်သံနှင့်အတူ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဘုန်း...
ခြေထောက်ရိုးများ ကျိုးပဲ့သွားသဖြင့် ယခုမှရုန်းကန်၍မတ်တတ်ရပ်ထားသော ယဲ့ပေသည် မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ပြန်ပြုတ်ကျသွားတော့သည်။ ယခုချိန်တွင် သူ၏မျက်လုံးများအတွင်း၌ ပြင်းထန်သော ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေကာ သူ့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်လူထံတွင်သာ စူးစိုက်၍ကြည့်နေမိသည်။
"မင်းရဲ့အမှားကို ခုထိ ဝန်မခံသေးဘူးလား"
နောက်ဆုံး၌ အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
ယဲ့ပေက အံ့တင်းတင်းကြိတ်ကာ ခေါင်းမာနေပြီး သူ၏မျက်နှာပေါ်တွင် မလိုလားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ ပြင်းထန်သောနာကျင်မှုကြောင့် သူ၏နဖူးမှနေ၍ ချွေးသီးချွေးပေါက်များ ယိုစီးကျနေသည်။
သို့ရာတွင် သူ တွေဝေတုံ့ဆိုင်းနေသောအချိန်အခိုက်အတန့်မှာပင် အနက်ရောင်ဝတ်ရုံဝတ်လူသည် နေရာမှပျောက်ကွယ်သွားလေ၏။ ယဲ့ပေ အသိစိတ်ပြန်ဝင်လာချိန်တွင် ထိုလူသည် သူ့ရှေ့၌ ရောက်ရှိနေလေပြီ။
လက်တစ်ဖက်သည် ယဲ့ပေ၏လည်ပင်းပေါ်သို့ ကျရောက်လာကာ သူ့အား အထက်သို့မြှောက်တင်လိုက်သည်။
"ငါ မင်းကို ထပ်မေးမယ်....မင်းရဲ့အမှားကို ဝန်ခံမှာလား"
အနက်ရောင်ဝတ်ရုံ၏အောက်မှနေ၍ အေးစက်စက်အသံက တဖန်ထပ်၍ ထွက်ပေါ်လာသည်။
"ငါ...ငါ့ရဲ့အမှားကို ဝန်ခံပါတယ်..."
ဤတစ်ကြိမ်တွင် ယဲ့ပေသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဝံ့ဘဲ သူ၏လည်ချောင်းမှ စကားများကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုလိုက်၏။
ဘုန်း...
ယဲ့ပေ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားသည်။ သို့ရာတွင် သူ၏ခေါင်းကို မော့ကြည့်လိုက်စဥ်တွင် အနက်ရောင်ဝတ်ရုံဝတ်လူသည် နောက်မှီကုလားထိုင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သူ မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းသည် ယဲ့ပေကို သူ၏ရင်ဘတ်အတွင်းမှနှလုံးသား ခုန်ထွက်သွားလုမတတ် အလွန်ထိတ်လန့်ကြောက်ရွံသွားစေသည်။
ထိုအနက်ရောင်ဝတ်ရုံဝတ်လူ၏စွမ်းအားကြောင့် သူ လုံးလုံးလျားလျား မျှော်လင့်ချက်မဲ့ခြင်းကို ခံစားမိလေ၏။ သူသည် သိုင်းဧကရာဇ်တစ်ယောက်ဖြစ်သည့်တိုင် ဤလူ၏ပုံရိပ်ကိုပင် ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။
ထိုလူသည် မည်သူဖြစ်သနည်း.....
ထိုလူသည် မည်သည်ကြောင့် သူ၏လမ်းကြောင်းကို ဤနေရာ၌ ပိတ်ဆို့ဟန့်တားထားသနည်း...
သူ၏ကိုယ်နေဟန်ထားကို မသိမသာ နှိမ့်ချကာ ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်သည်။
"စီနီယာ...ငါ အတင့်ရဲစွာနဲ့ မေးပါရစေ...ငါက မင်းကို မရည်ရွယ်ဘဲနဲ့ အပြစ်ပြုမိတာ တစ်ခုခုရှိလို့ စီနီယာက ငါ့ရဲ့လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားတာလား"
"မင်းက ငါ့ကို အပြစ်ပြုထားတာ မဟုတ်ဘူး"
အနက်ရောင်ဝတ်ရုံဝတ်လူက ပြောဆိုသည်။
ဤသည်မှာ ယဲ့ပေကို နားဝေတိမ်တောင်ဖြစ်သွားစေသော်လည်း သူ စကားမပြောနိုင်သေးမီမှာပင် အနက်ရောင်ဝတ်ရုံဝတ်လူသည် အသံနက်ကြီးဖြင့် ဖြည့်စွက်၍ပြောဆိုလေ၏။
"ဒါပေမယ့်....မင်းက ငါ့ရဲ့သခင်ကို အပြစ်ပြုထားတယ်"
"မင်းရဲ့သခင်ကိုလား"
အနက်ရောင်ဝတ်ရုံဝတ်လူ၏စကားကြောင့် ယဲ့ပေ ကြက်သေသေသွားသည်။
အနက်ရောင်ဝတ်ရုံဝတ်လူကဲ့သို့ တည်ရှိမှုကြီးတစ်ခုကို သူ ထိတွေ့ဆက်ဆံနိုင်ရန်မှာ အလွန်ခက်ခဲသည်။ ဤလူထက် အဆများစွာ ပို၍အစွမ်းထက်နေနိုင်သော သူ၏သခင်ဆိုပါက ထည့်သွင်းပြောရန်ပင် မလိုတော့ချေ။ ထိုကဲ့သို့လူစားမျိုးကို ယခင်က သူ မြင်တွေ့ခဲ့ဖူးခြင်းပင် ရှိမည်မဟုတ်ချေ။
"စီနီယာ....ဖြစ်နိုင်တာတော့ မင်း အမှားတစ်ခုခု လုပ်မိတာများလား"
ယဲ့ပေက မဝံ့မရဲ မေးမြန်းလေသည်။
သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် သူ တဖြည်းဖြည်းသဘောပေါက်သွားကာ ကြက်သီးမွေးညှင်းထသွားသည်။
"မင်း....မင်း...မင်းက သိုင်းပညာခန်းမကလား"
အနက်ရောင်ဝတ်ရုံဝတ်လူသည် စကားပြောဆိုခြင်းမရှိသော်လည်း သူ့ကိုကြည့်ရသည်မှာ ခေါင်းညိတ်လိုက်ပုံရသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ယဲ့ပေသည် တံတွေးကို ခက်ခက်ခဲခဲမျိုချကာ သူ၏နဖူးပေါ်၌ အေးစက်စက်ချွေးများဖြင့် စိုရွှဲသွားတော့သည်။
ဤကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ဝတ်ရုံဝတ်လူသည် သိုင်းပညာခန်းမမှဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။ ထို့ပြင် ထိုလူ၏စကားများအရ ရီဖုန်း၏အစေခံဖြစ်ပုံရသည်။
အကယ်၍ အစေခံတစ်ယောက်ထံတွင်ပင် သူ နားမလည်နိုင်သော စွမ်းရည်များ ရှိနေပါက ရီဖုန်းသည် မည်မျှထိ အစွမ်းထက်နေသနည်း။
ဂလု...
သူ ထပ်မံ၍ တံတွေးမျိုချလိုက်ကာ သူ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။
ထိုအချိန်မှာပင် ယဲ့ပေနှင့်အတူ သွားလာနေသော လုချင်ရှန်းနှင့်တခြားသူများသည် ဤနေရာသို့ အပြေးရောက်လာကြ၏။ သူတို့နှစ်ယောက်ကြားရှိ စကားပြောဆိုနေမှုကို ကြားချိန်တွင် ထိုလူတစ်စုလုံး ထ၍ခုန်ပေါက်မိလုမတတ် ထိတ်လန့်ကြောက်ရွံသွားသည်။
သခင်...
မည်သည့်အချိန်ကစ၍ ရီဖုန်းထံတွင် ဤကဲ့သို့အစွမ်းထက်သောအစေခံမျိုး ရှိသွားသနည်း...
သို့ရာတွင် လုချင်ရှန်းသည် အနက်ရောင်ဝတ်ရုံဝတ်လူ၏နံဘေးရှိ အောင်းချင်ကို မြင်တွေ့ချိန်တွင် ဤလူသည် သိုင်းပညာခန်းမမှဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤခွေး....ဝံပုလွေသည် သူ ဆရာကြီးထံ ဧည့်သည်အဖြစ်သွားခဲ့စဥ်က အသတ်ခံရလုနီးပါးသားရဲတစ်ကောင် ဖြစ်ခဲ့သည့်အချက်ကို သူ မေ့လျော့မည်မဟုတ်ချေ။
တခြားစကားတစ်ခွန်းမျှမဆိုဘဲ လုချင်ရှန်းသည် လူတိုင်းကိုဦးဆောင်၍ မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။ သူသည် မည်သည့်စကားကိုမျှ မပြောဆိုဝံ့ချေ။
"မင်း အရင်တစ်ခေါက် သိုင်းပညာခန်းမမှာ ပြဿနာလာရှာတုန်းက လုပ်ရပ်တွေက သခင်ကို အကြီးအကျယ် စိတ်မကျေမနပ်ဖြစ်သွားစေခဲ့တယ်ဆိုတာ မင်းသိလား"
အနက်ရောင်ဝတ်ရုံဝတ်လူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် ယဲ့ပေ တုန်ရီသွားသည်။
သူသည် အလျှင်အမြန်ဦးညွှတ်အရိုအသေပြုကာ သူ၏ခေါင်းကို မြေပြင်နှင့်တိုက်၍ အထစ်ထစ်အငေါ့ငေါ့နှင့် ရှင်းပြလိုက်၏။
"စီနီယာ...အဲ့ဒီအချိန်တုန်းက ငါ ကြောင်းကျိုးမစဥ်းစားဘဲနဲ့ မဆင်မခြင်လုပ်ခဲ့မိတယ်...ငါ ယဲ့ပေက အဆင်အခြင်မဲ့သွားတာပါ...စီနီယာက ငါ့ရဲ့အသက်ကိုချမ်းသာပေးဖို့ ငါ အနူးအညွတ်တောင်းပန်ပါတယ်"
ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်ရင်း ယဲ့ပေသည် သူ၏မျက်လုံးဖြင့် လုချင်ရှန်းကို အချက်ပြလိုက်သည်။
သို့ရာတွင် လုရှင်ရှန်းသည် မောက်မာဝံ့ကြွားစွာဖြင့် သူ၏ခေါင်းကို တစ်ဖက်သို့လှည့်ထားကာ ယဲ့ပေကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။
ဟမ့်...
ကောင်စုတ်လေး....
'မင်းက ငါ့ကို အရင်ဦးအောင် ပြဿနာထဲ ဆွဲသွင်းခဲ့တယ်...အခု စီနီယာရဲ့ဒေါသကို ခံရတော့မှ မင်းအတွက် ငါ့ကို တောင်းပန်ပေးစေချင်တာလား....အိမ်မက်မက်နေလိုက်စမ်း'
"ဆရာ...ဘာလို့ သူ့ရဲ့ကိုယ်စား တစ်ခုခုပြောမပေးတာလဲ...ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ သူက ကျွန်တော်ရဲ့ယောက်ဖလေ"
သူ၏နံဘေးရှိ ကျူးယွမ်က သတိကြီးစွာထားကာ တီးတိုးပြောဆိုလေ၏။
"မင်းပါ ငရဲကို အတူလိုက်သွားပါလား"
ချင်ရှန်းဘိုးဘေးက ကျူးယွမ်ကို ပါးဖြတ်ရိုက်လိုက်သည်။