အခန်း (၁၅၁-၁၅၅)
Vol. 11 Ch. 151-155
Chapter 151
"ဟား ဟား ဟား..."
သို့ရာတွင် သူမ မျှော်လင့်မထားမိသောအရာမှာ အောင်းချင်သည် ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ခြင်းပင်။
ဤရယ်မောသံအတွင်းတွင် ပြင်းထန်သော လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေသည်။
ဤသည်မှာ သူမ မမျှော်လင့်ထားသောကိစ္စဖြစ်သည်။
မည်သို့ ဖြစ်ပျက်သွားသနည်း။
ယောင်ဘုရင်ဆေးလုံးကဲ့သို့ တစ်စုံတစ်ခုနှင့် ရင်ဆိုင်တွေ့ရချိန်တွင် အောင်းချင်သည် သူမ၏တောင်းဆိုချက်များကို သဘောတူညီသင့်သည်မဟုတ်လော..
အောင်းချင်းချိန်က မျက်မှောင်ကြုတ်ကာ သူမ၏မျက်နှာ ရေခဲတမျှ အေးစက်တင်းမာသွားပြီး သူမက အောင်းချင်ကိုကြည့်၍ မေးမြန်းလိုက်၏။
"နင် ဘာရယ်တာလဲ"
"ငါရယ်တာက....မင်းက နိမ့်ကျတဲ့ယောင်ဘုရင်ဆေးလုံးလေးတစ်လုံးနဲ့ ငါ့ကိုလှုပ်ရှားအောင်လုပ်နိုင်မယ်လို့ မင်း ထင်နေတာကိုပဲ"
အောင်းချင်က ဗြောင်ကျကျ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် အောင်းချင်းချိန်၏မျက်နှာသည် ဆီးနှင်းများလွှမ်းခြုံသွားသည့်အလား အေးစက်တင်းမာသွားသည်။ သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တလိမ့်လိမ့်ထွက်ပေါ်လာကာ သူမ၏အေးစက်စက်မျက်လုံးတစ်စုံဖြင့် အောင်းချင်ကိုစူးစိုက်ကြည့်ပြီး ပြောဆိုသည်။
"နင့်ရဲ့လောဘက နည်းနည်းမကြီးလွန်းဘူးလား ...မျိုးနွယ်ထဲကသူတွေ ဘယ်လောက်များများက ယောင်ဘုရင်ဆေးလုံးကိုရဖို့ အိမ်မက်မက်နေကြတယ်ဆိုတာ နင် သိလား...နင့်လိုမျိုး မျိုးနွယ်ကနေ ထုတ်ပယ်ခံထားရတဲ့ အမှိုက်ကောင်တစ်ကောင်ဆိုရင် ထည့်ပြောနေဖို့တောင် မလိုတော့ဘူး"
"ဟမ့်...မောက်မာလိုက်တာ"
အောင်းချင်က အထင်အမြင်သေးစွာ နှာတစ်ချက်မှုတ်လိုက်၏။
"နင်....."
အောင်းချင်းချိန်၏မျက်လုံးများ အေးစက်တင်းမာနေကာ သူမ၏ဒေါသများ ပေါက်ကွဲလုဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် ထိုအချိန်မှာပင် အစွမ်းထက်သောအရှိန်အဝါလှုပ်ခတ်မှုတစ်ရပ်က အောင်းချင်၏မထီမဲ့မြင်အမူအယာရှိသော မျက်နှာမှနေ၍ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် သူ၏ရှေ့လက်ဖဝါးကို အလွန်ကြီးမားသော ခွန်အားဖြင့် အောက်သို့ရိုက်နှက်လိုက်ရာ မြေပြင်အက်ကွဲသွားလေ၏။
ခရက်...
အောင်းချင်၏လက်ဖဝါးအောက်ရှိမြေပြင် ချက်ချင်းပြိုကွဲသွားကာ မရေမတွက်နိုင်သောအက်ကွဲကြောင်းများသည် ပင့်ကူအိမ်တစ်ခုအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"ဒါ...."
"ဒီအရှိန်အဝါက..."
အောင်းချင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါလှုပ်ခတ်မှုများနှင့် သူ၏လက်ဖဝါးရိုက်ချက်မှစွမ်းအားကို ခံစားမိချိန်တွင် အောင်းချင်းချိန်၏အေးစက်စက်မျက်နှာအမူအယာ နောက်ဆုံး၌ ပျက်ယွင်းသွားသည်။ သူမသည် မယုံကြည်နိုင်သော မျက်နှာအမူအယာဖြင့် ထိတ်လန့်တုန်လှုပ်စွာ အောင်းချင်ကိုကြည့်လိုက်၏။
"နင်က တကယ်တော့...."
"ဒါက အမှန်ပဲ....ငါ နတ်ဆိုးဘုရင်နယ်ပယ်ကိုရောက်တာ အချိန်အတော်ကြာနေပြီ"
အောင်းချင်သည် မောက်မာဝံ့ကြွားသောအကြည့်ဖြင့် အောင်းချင်းချိန်ကိုကြည့်ကာ သရော်တော်တော်ပြောဆိုသည်။
"ဒါကြောင့် ယောင်ဘုရင်ဆေးလုံးလို အဆင့်နိမ့်တဲ့အရာတွေက ငါ့အတွက် အရေးမပါဘူး"
"နင်...."
အောင်းချင်းချိန်သည် အလွန်ဒေါသထွက်သွားကာ သူမ၏လှပသောမျက်နှာလေး နီမြန်းသွားကာ သူမ၏ရင်ဘတ် ကဆုန်စိုင်းခုန်နေသည်။
အမှန်အားဖြင့် သူမ ပို၍ဒေါသထွက်နေရသောအချက်မှာ အောင်းချင်၏နတ်ဆိုးဘုရင်နယ်ပယ်ကြောင့် သူမ တည်ငြိမ်စွာနေနိုင်စွမ်း မရှိတော့သောကြောင့်ပင်။
မျိုးနွယ်မှထုတ်ပယ်ခံထားရသည့် ပါရမီအရည်အချင်းမရှိသော အမှိုက်ကောင်တစ်ကောင်သည် မည်သည်ကြောင့် အသက်ဆက်ရှင်သန်နေသည့်အပြင် နတ်ဆိုးဘုရင်နယ်ပယ်သို့ပင် ရောက်ရှိနေသနည်း။
အချိန်အတော်ကြာပြီးနောက် သူမက အောင်းချင်ကို နောက်တစ်ဖန် ထပ်မံ၍ကြည့်ကာ ပြောဆိုသည်။
"နင်က ငါ အထင်ကြီးအောင် လုပ်နိုင်ခဲ့လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ဒါပေမယ့် အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လာမှာမလို့လဲ"
အောင်းချင်းချိန်သည် သူမ၏မာနထောင်လွှားသောမျက်လုံးတစ်စုံဖြင့် အောင်းချင်ကို ငုံကြည့်ကာ ပြောဆိုလိုက်၏။
"နတ်ဆိုးဧကရာဇ်နယ်ပယ်ကိုရောက်နေတဲ့ ငါ့ရဲ့မျက်လုံးထဲမှတော့ နင်က ပုရွက်ဆိတ်တစ်ကောင် သက်သက်ပဲ....ငါ ပြောထားပြီးသားစကားပေမယ့် ယောင်ဘုရင်ဆေးလုံးက နင့်ကိုလှုပ်ရှားလာအောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ စကားကတော့ အမှန်ပဲ"
ထိုစကားကိုပြောရင်း သူမ၏နူးညံသေးသွယ်သောလက်ကိုဝှေ့ယမ်းကာ ယောင်ဘုရင်ဆေးလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။
"ဒါဆိုရင်...ငါ နင့်ကို နောက်ထပ်ကတိတစ်ခုပေးမယ်"
အောင်းချင်းချိန်က နောက်ထပ်မက်လုံးတစ်ခု ပစ်သွင်းလေသည်။
"နင်က ငါနဲ့အတူ မျိုးနွယ်ဆီကို ပြန်လိုက်ခဲ့ပြီးတော့ လျှို့ဝှက်နယ်မြေကိုဖွင့်ပေးဖို့ ဆန္ဒရှိမယ်ဆိုရင်...ငါ နတ်ဆိုးဧကရာဇ်နယ်ပယ်ကနေ နတ်ဆိုးဘိုးဘေးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်တာနဲ့...ငါက မျိုးနွယ်ရဲ့အရင်းအမြစ်တွေကို စုစည်းပြီးတော့...နင် နတ်ဆိုးဧကရာဇ်နယ်ပယ်ကို တက်လှမ်းနိုင်အောင် ငါကိုယ်တိုင်ကူညီပေးမယ်...မျိုးနွယ်ထဲမှာ ငါ့ရဲ့ပါရမီအရည်အချင်းနဲ့အဆင့်အတန်းက ဘာလဲဆိုတာ နင် သိမှာပါ...ဆယ်နှစ်အတွင်းမှာ ငါ ဒါကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်မယ်ဆိုတာ စိတ်ကူးယဥ်သက်သက်မဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် အောင်းချင်းချိန်သည် ယုံကြည်ချက်များပြည့်နှက်နေသောအကြည့်ဖြင့် အောင်းချင်ကို ကြည့်လိုက်သည်။
မျိုးနွယ်၏အမှိုက်ကောင်တစ်ကောင်ဖြစ်သော အောင်းချင်သည် မည်သည့်တမူထူးခြားသောကံကောင်းမှုကြီးကြောင့် နတ်ဆိုးဘုရင်နယ်ပယ်သို့ ရောက်ရှိသွားသည်ကို သူမ မသိရှိချေ။ သို့ရာတွင် နတ်ဆိုးဧကရာဇ်ဖြစ်လာမည်ဟူသော သွေးဆောင်မှုနှင့် ရင်ဆိုင်ရချိန်တွင် အောင်းချင် မလှုပ်ရှားဘဲနေနိုင်အုံးမည်ဟု သူမ မယုံကြည်ချေ။
သို့ရာတွင် မမျှော်လင့်ဘဲ အောင်းချင်သည် သဘောမတူညီသည့်အပြင် အထင်အမြင်သေးသောအသံတစ်သံပင် ထွက်ပေါ်လာခဲ့သည်။
"ဆယ်နှစ်လား..."
"ချီး...."
ထိုသို့ပြောဆိုပြီးနောက် အောင်းချင်သည် သူ၏ခေါင်းကို တစ်ဖက်သို့လှည့်လိုက်၏။
"နင်...."
အောင်းချင်သည် သွေးဆောင်မှုကို ဆက်လက်၍ တောင့်ခံနိုင်မည်ဟု အောင်းချင်းချိန် အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။ သို့ရာတွင် လျှို့ဝှက်နယ်မြေ၏အရေးကြီးပုံကို တွေးတောကာ သူမ သည်းခံရုံသာရှိတော့သဖြင့် ဆက်လက်၍ ညှိနှိုင်းလိုက်သည်။
"ကောင်းပြီလေ...ဒါဆိုရင်လည်း ငါ ကတိတစ်ခု ထပ်ပေးမယ်....လျှို့ဝှက်နယ်မြေကို ဖွင့်ပြီးတာနဲ့ နင့်ရဲ့ကိုယ်ပိုင်လက်နက်အနေနဲ့ သူတော်စင်အဆင့်နားကို နီးကပ်နေတဲ့နတ်ဘုရားလက်နက်တစ်ခု ငါ နင့်ကို ရွေးချယ်ခွင့်ပြုမယ်"
ထိုသို့ပြောဆိုပြီးနောက် အောင်းချင်းချိန်သည် မောက်မာဝံ့ကြွားသောအကြည့်ဖြင့် အောင်းချင်ကို ဆက်လက်၍စိုက်ကြည့်လေသည်။
အောင်းချင်သည် စိတ်မပြောင်းလဲဘဲနေမည်ဟု သူမ မယုံကြည်ချေ။
သို့ရာတွင် သူမ ဒေါသူပုန်ထသွားရသည်မှာ အောင်းချင်၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအမူအယာ တဖန်ထပ်၍ ထင်ဟပ်လာခြင်းကြောင့်ပင်။
အကယ်၍ သူသည် အောင်းချင်းချိန်အပေါ် နက်ရှိုင်းစွာ သဘောကျမိခဲ့ခြင်းမျိုး မရှိခဲ့ပါက သူ ကျယ်လောင်စွာအော်ဟစ်၍ ရယ်မောမိပေမည်။ သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူသည် အတွင်းဒဏ်ရာများ ရရှိလုနီးပါးအခြေအနေထိ သူ၏စိတ်အတွင်း၌ကျိတ်၍ လှောင်ပြောင်ရယ်မောနေခဲ့သည်။
"နင်က ဘာသဘောလဲ..ငါ နင့်ကို ပေးမှာက သူတော်စင်အဆင့်နီးပါးကိုရောက်နေတဲ့ နတ်ဘုရားလက်နက်နော်...ဒီလိုအစွမ်းထက်တဲ့လက်နက်မျိုးကို နင့်ရဲ့ဘဝမှာ မြင်တောင်မြင်ဖူးမှာမဟုတ်ဘူး"
အောင်းချင်းချိန်၏ခန္ဓာကိုယ်မှ အေးစိမ့်မှုများ ဖြာထွက်နေကာ သူမက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဖူး...."
အောင်းချင်းချိန်၏စကားများကြောင့် နောက်ဆုံး၌ အောင်းချင်သည် သူ့ကိုယ်သူ ထိန်းချုပ်မထားနိုင်တော့ချေ။ 'ဖူး'ခနဲအသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
Chapter 152
"သေချင်နေတာလား"
ထိုအခြင်းအရာကိုကြည့်ပြီး အောင်းချင်းချိန်၏နံဘေးရှိ အနက်ရောင်ဝတ်ရုံဝတ်လူများသည်
ထပ်မံ၍သည်းမခံနိုင်ကြတော့ချေ။ အောင်းချင်သည် ဤမျှထိ အရှက်မဲ့မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိပေ။ ရုတ်ချည်းဆိုသလိုပင် သူတို့က ရှေ့သို့ထွက်ကာ အောင်းချင်ကို တိုက်ခိုက်ရန်အတွက် ဟန်ပြင်လိုက်ကြသည်။
"ရပ်လိုက်စမ်း"
အောင်းချင်းချိန်က အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်၏။
ထိုအသံကိုကြားချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူများသည် စိတ်အလိုမကျသဖြင့် အံ့တင်းတင်းကြိတ်လိုက်သော်လည်း သူတို့သည် အောင်းချင်းချိန်၏အမိန့်အောက်တွင် နောက်သို့ဆုတ်လိုက်ကြသည်။
အနောက်ရောင်ဝတ်စုံဝတ်လူများ နောက်ဆုတ်သွားပြီးနောက် အောင်းချင်းချိန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများကို ဖိနှိပ်လိုက်သည်။ သူမက အောင်းချင်ကို တဖန်ပြန်၍ ကြည့်လေသည်။
"နင်က အရင်က ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သတ်ပြီးတော့ သတိကြီးကြီးထားနေတုန်းပဲဆိုတာ ငါ သိတယ်....ငါ နင့်ကို ထိခိုက်နာကျင်အောင်လုပ်မှာကို နင် ကြောက်နေတယ်...ငါ ဒါကို နားလည်တယ်"
"ဒီလိုလုပ်ကြစို့...ငါ နင့်ကို အရင်က ကတိပေးထားတာတွေအပြင်...ငါ ချွင်းချက်တစ်ခုထားပြီးတော့ နင့်ကို ငါ့ရဲ့အနီရောင်နေမင်းမျိုးနွယ်စုထဲကို ဝင်ခွင့်ပြုမယ်"
အောင်းချင်းချိန်သည် အကျိုးအမြတ်များပေး၍ အောင်းချင်ကို ဆက်လက်၍သွေးဆောင်ဖြားယောင်းသည်။
"နင်က ဘိုးဘေးရဲ့မျိုးနွယ်စုထဲက ဆိုပေမယ့်...မျိုးနွယ်ထဲမှာ အားအကောင်းဆုံးက ငါ့ရဲ့အနီရောင်နေမင်းမျိုးနွယ်စုထဲကဆိုတာ နင် နားလည်ပါတယ်...မျိုးနွယ်ထဲမှာ အစွမ်းထက်ဆုံးလူတွေက ငါ့ရဲ့အနီရောင်နေမင်းမျိုးနွယ်စုကပဲ...နင်က ငါ့ရဲ့အနီရောင်နေမင်းမျိုးနွယ်စုထဲကို ဝင်ပြီးတာနဲ့...နင် အောင်းချင်မှာ ကြီးမားတဲ့နောက်ခံရသွားတာနဲ့ အတူတူပဲ...အဲ့ဒီလိုဖြစ်လာတာနဲ့ အမြဲတမ်း အထင်သေးခံရတဲ့ နင်က မျိုးနွယ်ထဲမှာ နင်ရဲ့အနာဂတ်က သာလွန်မြင့်မားသွားလိမ့်မယ်"
"ဒါက ငါ့ရဲ့နောက်ဆုံးလိုက်လျောချက်ပဲ...နင် ဒါကို ထပ်ပြီးမငြင်းဆန်သင့်ဘူး"
အောင်းချင် မျှော်လင့်ထားမိမည်ဟုတ်သော အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုကို ပြောဆိုပြီးနောက် အောင်းချင်၏မျက်နှာပေါ်တွင် ယုံကြည်ချက်ခိုင်မာသောအပြုံးမျိုး တဖန်ပြန်၍ ထွက်ပေါ်လာသည်။
အနီရောင်နေမင်းမျိုးနွယ်စုသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်အတွင်းတွင် မြင့်မားသောအဆင့်အတန်းရှိရုံသာမက နတ်ဆိုးသားရဲမျိုးနွယ်များအားလုံးအတွင်း၌လည်း နာမည်ကျော်ကြားသည်။ ဤမျိုးနွယ်စုအတွင်းသို့ ဝင်ရောက်နိုင်သော မည်သူမဆို မျိုးနွယ်၏ပထမတန်းစားအစွမ်းထက်ကျင့်ကြံသူများနှင့် ပါရမီရှင်များဖြစ်သည်။
ထိုနောက်ခံနှင့်အတူ အောင်းချင်သည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်တစ်ခုလုံးအတွင်း၌ မောက်မာဝံ့ကြွားစွာ နေနိုင်ပေမည်။
အောင်းချင်သည် ဤသွေးဆောင်မှုကိုလည်း တောင့်ခံနိုင်အုံးမည်ဟု သူမ မယုံကြည်ချေ။
သို့ရာတွင် အောင်းချင်၏အပြုအမူများသည် သူမ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသဖြင့် သူမ အံ့အားသင့်သွားသည်။ သူသည် သူမကို မျက်စောင်းပင်ထိုးနေလေ၏။
"အောင်းချင်းချိန်....နင် အလကားသက်သက် အင်အားစိုက်ထုတ်မနေနဲ့တော့...ငါ နင့်ရဲ့တောင်းဆိုချက်တွေကို သဘောတူမှာမဟုတ်ဘူး"
"နောက်ခံအတွက်လား...."
အောင်းချင်၏အေးစက်စက်လေသံ ထွက်ပေါ်လာသည်။ နောက်ခံအကြောင်းပြောဆိုချိန်တွင် သူက အထင်အမြင်သေးသောအမူအယာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် သူက ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။
"ရပ်လိုက်စမ်း"
သို့ရာတွင် သူ ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးသောအချိန်မှာပင် အောင်းချင်ချိန်၏နတ်ဆိုးဧကရာဇ်နယ််ပယ် ကျင့်ကြံမှုစွမ်းအားများက နောက်ဆုံး၌ထွက်ပေါ်လာသည်။ အောင်းချင်၏အဆက်မပြတ် အထင်အမြင်သေးသော အကြည့်များအောက်တွင် သူသည် မည်သို့ပင် ကောင်းမွန်စွာကျင့်ကြံထားပါစေ အပြစ်ပေးခံရပေမည်။
"တကယ်လို့ နင်က ဝိုင်ခွက်ကမ်းတာကို မသောက်ချင်ဘူးဆိုမှတော့ နင် အပြစ်ပေးခံရမယ်"
အောင်းချင်းချိန်က အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ စိုးရိမ်ပူပန်ခြင်းနှင့်ဒေါသထွက်ခြင်းတို့ ရောယှက်နေသောအသံနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က အောင်းချင်ထံသို့ တိုးဝင်လာသည်။
"နင့်လို မျိုးနွယ်ကနေမောင်းထုတ်ခံရတဲ့ကောင်က....ငါ ကတိပေးထားတဲ့ အကျိုးအမြတ်တွေကို အထင်သေးနိုင်တဲ့အထိ နင်က ဘာတွေထူးချွန်နေလို့လဲ..သူတော်စင်အဆင့်တစ်ဝက်ရတနာကို အထင်အမြင်သေးဖို့ နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ...ငါ့ရဲ့အနီရောင်နေမင်းမျိုးနွယ်စုကို ပူးပေါင်းဖို့ကိုတောင် မထီမဲ့မြင်ပြုနိုင်တဲ့အထိ နင်က ဘယ်လောက်တော်နေလို့လဲ"
"နင့်လို အသုံးမကျတဲ့ကောင်တစ်ကောင်က ငါ့ရဲ့ကတိစကားကိုကြားတဲ့အချိန်မှာ မြေပြင်ပေါ်မှာဝပ်တွားပြီးတော့ ကျေးဇူးတင်ကြောင်း ပြသသင့်တယ်မဟုတ်လား...ဒါပေမယ့် နင် လှည့်စားပြီးတော့ မာယာများနေဖို့ နင့်မှာ ဘာအခွင့်အရေးရှိလို့လဲ"
အောင်းချင်၏ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားသည်။
"လှည့်စားပြီး ဟန်ဆောင်တာတဲ့လား"
"ဟက်...."
အောင်းချင်က အေးစက်စက်ရယ်မောကာ နောက်သို့ပြန်လှည့်ပြီး အောင်းချင်းချိန်ကို ကြည့်လိုက်၏။
"အောင်းချင်းချိန်...မင်း အတွေးလွန်နေပြီ...ငါက နင်ရဲ့ကတိတွေကို တကယ်ကြီး အထင်သေးနေတာပဲ"
"ငါ ဘာလို့ အထင်သေးတာလဲဆိုတာ ငါ မင်းကို ကောင်းကောင်းကြီး ပြောပြနိုင်တယ်"
"ဒါက ဘာလို့လဲဆိုတော့...."
"ငါက အစွမ်းထက်တဲ့လူသားတစ်ယောက်ကို ငါ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုပြီးပြီမလို့ပဲ"
ထိုစကားသို့အရောက်တွင် အောင်းချင်၏မျက်လုံးအတွင်းရှိ မောက်မာဝံ့ကြွားမှုများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူ၏စကားများအတွင်းရှိ ထိုလူသားအပေါ် လေးစားကြည်ညိုမှုသည် သူ့နှလုံးသားအောက်ခြေမှလာခြင်းဖြစ်သည်။
"သူ့နောက်ကိုလိုက်ရင် ဆယ်နှစ်မပြောနဲ့....တစ်နှစ်ခွဲအချိန်အတွင်းမှာတောင် မင်း ပြောတဲ့ နတ်ဆိုးဧကရာဇ်နယ်ပယ်ကို ဝင်ရောက်နိုင်ဖို့ ငါ့အတွက် လုံလောက်တယ်...ဒါကြောင့် မင်းရဲ့ကတိက ငါ့အတွက် ရယ်စရာကောင်းမနေဘူးလား"
"မင်းပြောတဲ့ သူတော်စင်အဆင့်တစ်ဝက်အမှိုက်တွေကို မပြောစမ်းနဲ့...တကယ်လို့ အစစ်အမှန် သူတော်စင်အဆင့် ဒါမှမဟုတ် အင်ပါယာအဆင့်ရတနာတွေကိုတောင် ငါက နေ့တိုင်း ပွေ့ဖက်ပြီးတော့ အိပ်နိုင်တယ်...ဒါကြောင့် ငါက မင်းရဲ့အသုံးမဝင်တဲ့ အတိုအစပစ္စည်းကို ဘာလို့ လိုချင်ရမှာလဲ"
"မင်း နောက်ဆုံးပြောသွားတဲ့ နောက်ခံအတွက်ကတော့...ဟား...ဟား...ဟား...."
ထိုအချက်သို့အရောက်တွင် အောင်းချင်က အေးစက်စက် ရယ်မောလိုက်သည်။
"ငါ့ရဲ့နောက်ခံအနေနဲ့ ငါ့ရဲ့သခင်ရှိနေတာကို အသာထားလိုက်အုံး...ငါ့သခင်ရဲ့လက်အောက်က အရိုးစုအကိုကြီး ငါ့ကိုကာကွယ်ပေးထားတာနဲ့တင်...ငါက နန်ရှားနယ်မြေရဲ့နတ်ဆိုးဘိုးဘေးစုန့်ခယ်ကိုတောင် ငါ့ရဲ့ခြေထောက်အောက်မှာ နင်းထားနိုင်တယ်...ဘယ်ကောင်မှ အီးတစ်ချက်တောင်ပေါက်ဝံ့မှာမဟုတ်ဘူး"
အောင်းချင်၏ရဲတင်းပြီးအစွမ်းထက်သောအသံက ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပဲ့တင်ထပ်နေသည်။
"ဒါကြောင့် မင်းရဲ့သုံးစားမရတဲ့ ကတိတွေက ငါ့ရဲ့ရှေ့မှာပေါ်လာဖို့ မထိုက်တန်ဘူး...မင်း အောင်းချင်ချိန်လည်း ထပ်တူထပ်မျှပဲ..ငါ့ရှေ့မှာမြင်နေရဖို့ မထိုက်တန်ဘူး"
"ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ဆိုရင်တောင် ငါ့အတွက် ဘာမှအရေးမပါတော့ဘူး"
"သခင်ရဲ့နောက်ကိုလိုက်တာက....ငါ့အတွက် ပိုပြီးကြီးမားတဲ့အောင်မြင်မှုတွေ ရလာလိမ့်မယ်"
"ငါ အောင်းချင်က ပိုပြီးမြင့်မားတဲ့အဆင့်ကို ခြေချနိုင်ပြီးတော့ အောင်မြင်မှုတွေရလာတာနဲ့ မင်းဆိုတဲ့အောင်းချင်းချိန်ကို နောက်ကောက်ချထားနိုင်လိမ့်မယ်"
Chapter 153
"နင်...နင် နင်...နင်..."
အောင်းချင်၏စကားများကြောင့် အောင်းချင်းချိန်သည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပေ၏။
သူမသည် ထိတ်လန့်တုန်လှုပ်ရာမှ ဒေါသထွက်သွားကာ သူမ၏မျက်နှာ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။
"ဟန်ဆောင်မနေစမ်းနဲ့...နင်က မြင့်မြတ်တဲ့ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေ...လူသားတစ်ယောက်ကို နင်က သခင်အဖြစ် အသိအမှတ်ပြုထားတယ်လို့ နင် ပြောခဲ့တယ်...ဒါက နင် ကြွားလုံးထုတ်ပြီးတော့ ချဲ့ကားပြောနေတာမဟုတ်ဘူးလား"
အောင်းချင်းချိန်သည် ဒေါသကြောင့် အောင်းချင်ကို ပြန်လည်တိုက်ခိုက်သည့်အနေဖြင့် ဟော့ဟော့ဒိုင်းဒိုင်း တုံ့ပြန်ပြောဆိုသည်။
"နတ်ဆိုးဘုရင်နယ်ပယ်ကနေ နတ်ဆိုးဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲတယ်...တစ်နှစ်ခွဲအချိန်အတွင်းမှာ နတ်ဆိုးဧကရာဇ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်မယ်ဆိုတာ...နင့်လိုအမှိုက်ကောင်တစ်ကောင် ပြောသလိုမျိုး ဖြစ်နိုင်တဲ့ကိစ္စလား"
"ပြီးတော့ သူတော်စင်အဆင့်ရတနာတွေက အလွယ်တကူရနိုင်မယ့် ပစ္စည်းတွေလို့ နင် ထင်နေတာလား...ကျေးဇူးပြုပြီးတော့ နင်ရဲ့ကြွားဝါတဲ့စကားလုံးတွေကို သေချာလေး စဥ်းစားထားစမ်းပါ"
"နင့်ရဲ့ သခင်လို့ခေါ်နေတဲ့လူသားနဲ့အရိုးစု ဆိုတာတွေကတော့...သူတို့ကလည်း နင့်လိုပဲ အမှိုက်ကောင်တွေဖြစ်နေမယ်လို့ ငါ ထင်တယ်...နင်က နတ်ဆိုးဘိုးဘေးစုန့်ခယ်ကို မလေးမစားပြုတဲ့အထိတောင် အရမ်းလေကြွားလွန်းတယ်"
အောင်းချင် မည်သည့်စကားမျှ မပြောဆိုသည်ကိုကြည့်ပြီး အောင်းချင်းချိန်သည် သူ့ကို ထွင်းဖောက်မြင်နိုင်သည့်အလား သူမ၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအမူအယာမျိုးရှိနေသည်။ သူမ၏နုတ်ခမ်းထောင့်များ အထက်သို့မြင့်တက်သွားကာ တိုက်ခိုက်သည့်စကားကို ဆက်လက်၍ပြောဆိုလေ၏။
"နင့်ရဲ့အလိမ်အညာတွေ ပေါ်ထွက်သွားတဲ့ချိန်မှာ နင် ဘယ်လိုခံစားရလဲ...တကယ်လို့ အဲ့ဒါတွေက အလိမ်အညာတွေမဟုတ်ဘူးဆိုရင် နင့်ရဲ့သခင်ဆိုတဲ့ကောင်နဲ့အရိုးစုကိုခေါ်ပြီးတော့ ငါ့ရဲ့အနီရောင်နေမင်းမျိုးနွယ်စုကို တစ်ချက်လာကြည့်လှည့်စမ်း"
ထိုသို့ပြောဆိုပြီးနောက် သူမ၏လှပသောမျက်လုံးတစ်စုံဖြင့် အောင်းချင်းချိန်ကို စူးစိုက်၍ကြည့်လိုက်သည်။
အောင်းချင်သည် အလိမ်အညာများကို ဖော်ထုတ်ခံရပြီးနောက် ပျာယာခတ်ပြီး ထိတ်လန့်ကြောက်ရွံစွာဖြင့် သူမ၏စကားများကို ကျိုးနွံစွာနာခံမည်ကို သူမ မြင်တွေ့လိုသည်။
သို့ရာတွင် မမျှော်လင့်ဘဲ အောင်းချင်သည် ထိတ်ထိတ်ပျာပျာဖြစ်မသွားသည့်အပြင် ထိုအစား သူ၏ခေါင်းကိုခါယမ်းကာ သူမကို စောင်းငဲ့၍ကြည့်နေလေ၏။
သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုအရိပ်အယောင်များသာ ရှိနေသည်။
"ထားလိုက်တော့....ငါ မင်းနဲ့ငြင်းခုံဖို့ကို အရမ်းပျင်းတယ်...မင်းနဲ့ငါက အဆင့်မတူတော့ဘူး"
အောင်းချင်က အလွန်ပျင်းရိငြီးငွေ့စွာ ပြောဆိုသည်။
ဤအချိန်အခိုက်အတန့်တွင် အောင်းချင်းချိန်ဖြစ်နေလျှင်ပင် သူ ငြင်းခုံရန် စိတ်ဝင်စားမှုမရှိတော့ချေ။ မည်သို့ပင်ဆိုစေကာမူ ရေတွင်းအောက်ခြေမှ ဖားသူငယ်တစ်ကောင်သည် မိုးကောင်းကင်ယံ မည်မျှထိကြီးမားကျယ်ပြန့်သည်ကို မည်သည့်နည်းဖြင့် သိနိုင်မည်နည်း။
သူ၏သခင်နှင့်အရိုးစုအကိုကြီးတို့ကို အနီရောင်နေမင်းမျိုးနွယ်စုထံသို့ တစ်ချက်သွားကြည့်ပေးရန် တောင်းဆိုရန်မူ အလွန်ရယ်ရွှင်ဖွယ်ကောင်းသည်ဟု သူ ခံစားမိလေ၏။ သူတို့သည် အနီရောင်နေမင်းမျိုးနွယ်စုလေးကို အထင်အမြင်သေးနေကြပေမည်။ ထိုသို့မဟုတ်ဘဲ အကယ်၍ သူတို့သာ အမှန်တကယ်သွားခဲ့ပါက လေတစ်ချက်လည်ရုံဖြင့်ပင် ထိုမျိုးနွယ်စုသည် လွင့်မျောသွားသောပြာမှုန်များအဖြစ် ပျောက်ကွယ်သွားပေမည်။
တခြားစကားတစ်ခွန်းမျှ ထပ်မပြောလိုတော့သဖြင့် အောင်းချင်သည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာခဲ့တော့သည်။
အောင်းချင်၏ထွက်ခွာသွားသော နောက်ကျောပြင်ကိုကြည့်ပြီး အောင်းချင်းချိန်သည် နေရာမှာပင် ကြက်သေသေနေလေ၏။ မြို့များ တိုင်းပြည်များကိုပင် ပျက်သုဥ်းစေနိုင်သော သူမ၏ပြိုင်ဘက်ကင်းအလှမျက်နှာလေးသည် ယခုချိန်တွင် ရှုံမဲ့ပြီးသုန်မှုန်နေသည်။
သူမ အစဥ်အမြဲ အထင်အမြင်သေးခဲ့ကာ နှိမ့်ချဆက်ဆံခဲ့သော အမှိုက်ကောင်သည် ဤအချိန်တွင် သူမကဲ့သို့ မောက်မာဝံ့ကြွားသော မိုးကောင်းကင်၏သမီးပျိုတစ်ယောက်ကို မထီမဲ့မြင် ပြုသွားခဲ့သည်။
သူ မည်သည်ကြောင့် လုပ်ဝံ့သနည်း...
မည်သည်ကြောင့် ဤသို့ ဖြစ်လာရသနည်း...
"အဲ့ဒီနေရာမှာ ရပ်လိုက်စမ်း"
သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့ရာတွင် အောင်းချင်သည် သူမကို လျစ်လျှူရှုထားလေ၏။
"ငါ နင့်ကို သတ်ပစ်မှာကို နင် မကြောက်ဘူးလား"
သူမသည် ဒေါသတကြီးဖြင့် အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ကာ အောင်းချင်ကို လွှမ်းခြုံလိုက်သည်။
သို့ရာတွင် အောင်းချင်သည် သူမကို လျစ်လျှူရှုထားဆဲပင်။ ပထမဆုံးအနေဖြင့် အောင်းချင်းချိန်သည် လျှို့ဝှက်နယ်မြေကိစ္စကြောင့် သူ့အား ဆန့်ကျင်၍တိုက်ခိုက်မည်မဟုတ်ဟု သူ မျှော်လင့်ထားသည်။ ဒုတိယအချက်မှာ အောင်းချင်းချိန်သည် သူ့အားသတ်ဖြတ်နိုင်မည်ဟု သူ မယုံကြည်ချေ။ အကယ်၍ တိုက်ခိုက်ပါက သူမသည် သူ့အား အနိုင်ယူကောင်းယူသွားနိုင်သော်လည်း သူ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု အခိုင်အမာယုံကြည်ချက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သခင်နောက်သို့လိုက်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူ့ထံတွင် မည်သည့်ဝှက်ဖဲမျိုးမျှမရှိဟု သူမ အမှန်တကယ် တွေးထင်နေသလော....
တိကျသေချာစွာပင် အောင်းချင်းချိန်သည် ဒေါသများဖြင့် တုန်ရီနေသော်လည်း အောင်းချင်၏ပုံရိပ် သူမ၏မြင်ကွင်းမှ ပျောက်သွားသည့်တိုင် သူမ လှုပ်ရှားခြင်းမရှိချေ။
ထိုအစား သူမ၏ရင်ဘတ် မြင့်ချည်နိမ့်ချည်ဖြစ်နေကာ အလွန်ကြီးမားသောဒေါသကြောင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။
ဤပြင်းထန်သော ဒေါသနှင့်ဖိအားအောက်တွင် အနက်ရောင်ဝတ်ရုံဝတ်လူတစ်စုမှလွဲ၍ ပေတစ်ရာပတ်ဝန်းကျင်ရှိ အရာအားလုံး လေဟာနယ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဘုန်း..ဘုန်း...ဘုန်း..."
ကျယ်လောင်သောပေါက်ကွဲသံများ ဆက်လက်၌ထွက်ပေါ်လာကာ သူမ၏ဒေါသကို ဖြေဖျောက်နိုင်ရန်အတွက် ကြီးမားသောကျောက်တုံးကြီး အမြောက်အများ ကြေမွှပျက်စီးသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက်...
သူမသည် နောက်ဆုံး၌ စိတ်အနည်းငယ် တည်ငြိမ်သွားလေ၏။
ထိုအခြင်းအရာကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က သတိကြီးစွာထား၍ ရှေ့သို့တိုးလာကာ မေးမြန်းသည်။
"သူတော်စင်မက သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား"
"ဟမ့်...ငါက ဘာလို့လွှတ်ပေးရမှာလဲ"
အောင်းချင်းချိန်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ငါက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ငါတို့အနီရောင်နေမင်းမျိုးနွယ်စုရဲ့ အထူးသီးသန့်ခြေရာခံနည်းစနစ်ကို အသုံးပြုထားပြီးပြီ...ငါက သူ့နောက်ကိုလိုက်ပြီးတော့ သူ့ရဲ့လူသားအရှင်သခင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ ကြည့််ချင်တယ်"
"သူ့ရှေ့မှာ သူ့ရဲ့လူသားအရှင်သခင်ဆိုတဲ့ကောင်ကို ငါ့ခြေထောက်နဲ့နင်းထားတဲ့အချိန်မှာ သူ ဆက်ပြီးမောက်မာနိုင်အုံးမှာလားဆိုတာကိုလည်း ငါ ကြည့်ချင်တယ်"
"သူ့ရဲ့စိတ်နှလုံးသားထဲက အားကိုးရာကြီး ပြိုလဲသွားတဲ့ အချိန်ကျရင်...သူက ငါ့ရဲ့ဘေးမှာဒူးထောက်ပြီးတော့ ငါ့ရဲ့ခြေဖဝါးကိုလျက်ပြီး သူ့ကိုအသုံးပြုပေးဖို့ ငါ့ကိုတောင်းပန်ရမယ့်အချိန်ပဲ"
"သူတော်စင်မက ဥာဏ်ပညာကြီးမားပါပေတယ်"
အနက်ရောင်ဝတ်ရုံဝတ်လူများသည် သူမကို ကြည်ညိုလေးစားစွာကြည့်ကာ ရိုသေလေးစားသောအသံများဖြင့် အော်ဟစ်လိုက်ကြ၏။
ကြည့်ရသည်မှာ အောင်းချင်သည် သူတော်စင်မ၏ရှေ့၌ ခယဝပ်တွားနေသည်ကို သူတို့သည် ကြိုတင်မြင်ယောင်နေသည့်အလားပင်။
Chapter 154
အောင်းချင်သည် သိုင်းပညာခန်းမထံသို့ တဟုန်ထိုး အပြေးပြန်ခဲ့လေ၏။
သိုင်းပညာခန်းမ၏နံဘေးပတ်လည်၌ လှည့်ပတ်ရှာဖွေပြီးနောက် သူ အထင်ကြီးလေးစားရသော အရိုးစုအကိုကြီးသည် ခန်းမ၏နောက်၌ရှိနေသည်ကို သူ တွေ့မြင်မိသည်။
ရီဖုန်း၏ဖမ်းချုပ်မှုအောက်မှ လွတ်မြောက်လာပြီးနောက် အရိုးစုသည် ဤနေရာသို့ ရောက်ရှိနေခဲ့သည်။ အရိုးစုသည် နောက်မှီကုလားထိုင်တစ်လုံးကို မည်သည့်နေရာမှရရှိလာသည်ကို မသိနိုင်သော်လည်း သူသည် ထိုအရာပေါ်၌လဲလျောင်းကာ ယပ်တောင်တစ်ချောင်းကိုဝှေ့ယမ်း၍ လက်ဟန်ခြေဟန်ဖြင့် လူအများကို အမိန့်ပေးနေသည်။
သူ၏ခန္ဓာကိုယ်မှ ရံဖန်ရံခါထွက်ပေါ်လာသော အရှိန်အဝါကြောင့် ဝူယုံဟုန်တို့လူစုသည် အသက်ပင်ပြင်းပြင်းမရှုဝံ့သဖြင့် လုံ့လစိုက်ထုတ်ကာ ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ကိုင်နေကြ၏။
အရိုးစု၏လက်အတွင်း၌ အကြိမ်များစွာခံစားခဲ့ရသော လုသရှန်းသည် ပို၍ပင်ထိတ်လန့်ကြောက်ရွံနေသည်။ သူသည် မိလ္လာပုံးများကို အလျှင်အမြန်သယ်ဆောင်နေကာ အကယ်၍ သူ့အား အရိုးစုမှဖမ်းမိသွားပါက ထပ်မံ၍ရိုက်နှက်မည်ကို သူ စိုးရိမ်ထိတ်လန့်နေပေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းချင်က စိတ်မရှည်စွာ ရှေ့သို့အပြေးသွားလိုက်သည်။
"အကိုကြီး...ငါ့ရဲ့ချစ်လှစွာသော ချောမောခန့်ညားတဲ့အရိုးစုအကိုကြီးက ဒီနေရာကို ရောက်နေတာပဲ"
အောင်းချင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
ထိုစကားကိုကြားချိန်တွင် အရိုးစုသည် မသိမသာဖြင့် သူ၏ရင်ဘတ်ကိုကော့ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"အိုး...ညီလေးချင် ရောက်လာတာလား....ငါ့ရဲ့ညီငယ်လေးက ဘာကိစ္စရှိလို့ ဒီနေရာထိ ငါ့ကိုလာရှာတာလဲ"
"အကိုကြီး...ငါ့ကို တစ်ပတ်ရိုက်ဖို့ကြိုးစားနေတဲ့သူတွေ ရှိနေတယ်...ကျေးဇူးပြုပြီးတော့ ညီငယ်လေးကို ကူညီပေးပါအုံး"
အောင်းချင်သည် အလျင်စလိုပြေးသွားပြီး အရိုးစု၏နံဘေး၌ ကပ်ဖားရပ်ဖားလုပ်ကာ သူ၏ပေါင်ကို ညင်သာစွာဆုပ်နယ်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် အောင်းချင်းချိန်နှင့်ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အကျဥ်းချုပ်၍ ရှင်းပြလိုက်သည်။
"အော်...အသေးအမွှားအမှိုက်ကောင်တွေလား"
အရိုးစုက အမူမထားသည့်လေသံဖြင့် ပြောဆိုသည်။
"ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ မင်း ဘာမှစိုးရိမ်စရာမလိုဘူး....ငါတို့ရဲ့သခင်က အဲ့ဒီအသေးအမွှားအမှိုက်ကောင်တွေကို အလွယ်လေးဖြေရှင်းနိုင်တယ်...မင်းက တံခါးမှာပဲ ပြန်ပြီးစောင့်ကြပ်နေတော့...ငါ ဒီနေရာမှာ အလုပ်များနေတယ်"
"ဟုတ်ကဲ့"
အောင်းချင်သည် ချက်ချင်းဆိုသလိုပင် သိုင်းပညာခန်းမအတွင်းသို့ အပြေးပြန်ခဲ့တော့သည်။
အောင်းချင် ထွက်ခွာသွားပြီးနောက် အရိုးစုသည် နောက်မှီကုလားထိုင်ပေါ်မှ မတ်တတ်ထရပ်ကာ သူ၏လက်ကိုနောက်ပစ်၍ မိလ္လာကျင်းထံသို့ဦးတည်ကာ လျှောက်လှမ်းသွားလိုက်၏။ ရုတ်တရက် သူသည် လုသရှန်းကို လက်ညှိုးညွှန်ကာ စတင်၍ဆူပူကြိမ်းမောင်းလေသည်။
"မင်း....ညာဘက်ကပုံးထဲမှာ မပြည့်သေးတာ အသိသာကြီးလေ....မင်းက ငါ့ရှေ့မှာတောင် လှည့်စားဖို့ ကြိုးစားဝံ့တာလား...မင်း သေသင့်တယ်"
သူ၏အသံ ကျရောက်သွားခြင်းနှင့်အတူ အရိုးစုက လုသရှန်းကို တစ်ချက်ရိုက်နှက်လိုက်သည်။ ထို့နောက် သူသည် လုသရှန်းကို ချီးတွင်းအတွင်းသို့ကန်ချကာ မည်သည့်အရာမျှမဖြစ်ခဲ့သည့်အလား သူ၏လက်ကိုနောက်ပစ်၍ အေးဆေးတည်ငြိမ်စွာ နောက်မှီကုလားထိုင်ထံသို့ ပြန်လည်၍လျှောက်လှမ်းလာသည်။
မြေကွက်လပ်အတွင်း၌ တူးဆွပေါင်းသင်နေသော ဝူယုံဟုန်တို့အဖိုးအိုသုံးယောက်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏ခန္ဓာကိုယ်များ တုန်ရီနေသည်။ သူတို့၏နောက်ကျောများ၌ အေးစက်စက်ချွေးများဖြင့် ရွှဲနစ်သွားလေ၏။ သူတို့သည် ရိုသေလေးစားစွာနှင့်ထိတ်လန့်ကြောက်ရွံစွာ အရိုးစုကို ကြည့်လိုက်ကြသည်။
"စိတ်မပူကြပါနဲ့.. ဘာမှ စိတ်မပူကြပါနဲ့...အလုပ်သာ ကြိုးကြိုးစားစား လုပ်ကြပါ...ငါက အရမ်းကျိုးကြောင်းဆီလျော်တဲ့သူတစ်ယောက်ပါ"
အရိုးစုသည် နောက်မှီကုလားထိုင်ပေါ်၌ ပြန်ထိုင်ကာ သူ တည်ငြိမ်အေးဆေးသူဖြစ်ကြောင်း ညွှန်းဆိုရန်အတွက် ဝူယုံဟုန်တို့ကိုကြည့်ကာ သူ၏လက်ကို ဝှေ့ယမ်းပြလေသည်။
"သောက်ချေး ခွေးသူတောင်းစား...ပြဿနာ ထပ်ရှာပြန်ပြီလား"
ရုတ်တရက် အော်ငေါက်သံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာသည်။ ခြေထောက်တစ်ဖက် ပျံ့လွင့်လာကာ အရိုးစုကို ကန်ကျောက်လိုက်၏။
"အာ့ဘား...အာ့ဘား..."
အရိုးစုက ခေါင်းမော့ကာ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
"ခွေးသူတောင်းစား...မင်းက ဘာပြန်ပြောနိုင်လို့လဲ...ငါ့ကို ဟောင်နေတာလား"
ရီဖုန်းသည် ရုန့်ရင်းကြမ်းတမ်းစွာ ကျိန်ဆဲကာ ထပ်မံ၍ကန်ကျောက်လေသည်။ အရိုးစုသည် ရီဖုန်း၏တင်ပါးအောက်မှ လျှောထွက်သွားကာ သူ၏အနက်ရောင်ဝတ်ရုံကို တရွတ်တိုက်ဆွဲ၍ ထွက်ပြေးခဲ့တော့သည်။
ဒေါသထွက်နေသောရီဖုန်းသည် မြေပြင်ပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ထွက်ပြေးသွားသောအရိုးစုထံ ပစ်ပေါက်လိုက်၏။ အရိုးစုသည် စူးခနဲအော်ဟစ်ကာ ခြေဖျားထောက်၍ ပိုမိုလျှင်မြန်စွာထွက်ပြေးပြီး ဖျတ်ခနဲပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းသည် သူတို့၏နဖူးများပေါ်မှ အေးစက်စက်ချွေးများကို သုတ်နေသော ဝူယုံဟုန်တို့သုံးယောက်ကို ကြက်သေသေသွားစေသည်။
"ဆက်ပြီး အလုပ်လုပ်ကြ....ဆက်ပြီး အလုပ်လုပ်ကြပါ"
ရီဖုန်းသည် သုန်မှုန်နေသောမျက်နှာဖြင့် ပြောဆိုသည်။ ထို့နောက် သူ၏မျက်လုံးအကြည့်သည် စိတ်ထိခိုက်နေသောမျက်နှာနှင့် ချီးတွင်းအတွင်းမှ တွားသွားတက်လာသော လုသရှန်းထံသို့ အလျှင်အမြန် ရောက်ရှိသွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရီဖုန်းသည် လေအေးတစ်ချက်ရှိုက်သွင်းကာ သူ၏နုတ်ခမ်းမဲ့ရွဲ့သွားသည်။
အိုး ဘုရားရေ...
ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ....
မစင်တွေနဲ့ဖုံးနေတာများ သူ လူနဲ့တောင် မတူတော့ဘူး....
ဟူး...
ရီဖုန်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။ နောက်ပိုင်းကျလျှင် သူသည် လုသရှန်းကို အပိုအဖြစ်ရွှေပြားနှစ်ဆယ် ထပ်ပေးရပေမည်။ သူ၏နှာခေါင်းကိုပိတ်ပြီး သူသည် သိုင်းပညာခန်းမအတွင်းသို့ အလျှင်အမြန် ပြန်ဝင်လိုက်တော့သည်။
ထို့နောက် သူသည် အမဲသားခေါက်ဆွဲတစ်ပန်းကန်မှာကာ နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် အောင်းချင်သည် ရီဖုန်း၏နောက်၌ ကုန်းကွကွလုပ်နေပြီး တစ်ခါတစ်ရံ ငုတ်ထိုင်ထိုင်ပြီး တစ်ခါတစ်ရံ လဲလျောင်းနေကာ အလွန်စိတ်ဂနာမငြိမ်ဖြစ်နေသည်။
သူသည် အောင်းချင်းချိန်နှင့်ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ရီဖုန်းထံသတင်းပို့သင့် မပို့သင့် တွေဝေစဥ်းစားနေခြင်းဖြစ်သည်။
သို့ရာတွင် သူ မပြောဝံ့ချေ။
သူ ရီဖုန်း၏နောက်သို့ လိုက်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ မည်သည်ကြောင့် ရီဖုန်းသည် သာမာန်သေမျိုးတစ်ယောက်၏ဘဝကို အတွေ့အကြုံယူနေသည့် စိတ်သဘောထားကို သူ မည်သည်ကြောင့် မသိရှိဘဲနေမည်နည်း။
ရီဖုန်းသည် သူ့အား ခွေးတစ်ကောင်အဖြစ် သဘောထားသဖြင့် သူသည် ခွေးတစ်ကောင်ကဲ့သို့ ပြုမူနေထိုင်ရပေမည်။ အကယ်၍ သူသည် ရုတ်တရက် လူသားတစ်ယောက်ကဲ့သို့ စကားပြောဆိုလိုက်ပါက သူ စည်းမျဥ်းကိုချိုးဖောက်ရာကျမည်မဟုတ်လော။
ထို့ပြင် အရိုးစုအကိုကြီး ပြောဆိုသည့်အတိုင်းဆိုပါက အရှင်သခင်၏မြင့်မားသောကျင့်ကြံဆင့်ဖြင့် ဤကိစ္စများကို သိရှိပြီးဖြစ်မည်မဟုတ်လော။
သခင်သည် သူ့အားကူညီ၍ ဤကိစ္စများကို ဖြေရှင်းပေးမည် မဟုတ်လော....
သို့ရာတွင် နေမထိထိုင်မသာဖြစ်နေသော ခွေးကိုကြည့်ပြီး ရီဖုန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
"ဟူး...ဒါက မင်းအတွက် အခက်တွေ့စရာဖြစ်နေမှာပဲ"
အောင်းချင်၏ဂနာမငြိမ်ဖြစ်နေမှုမှတဆင့် ရီဖုန်းသည် သူ၏ခွေး မည်သည့်အရာအား လိုအပ်နေသည်ကို သူ ချက်ချင်းခန့်မှန်းနိုင်ခဲ့သည်။ သူသည် ခွေး၏ခေါင်းကိုပုတ်ကာ နူးညံညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။
"ဒါပေမယ့် မင်းက ငါ့ရဲ့ခွေးလေးဖြစ်နေမှတော့ ငါက သခင်တစ်ယောက်ရဲ့တာဝန်ကို သေချာပေါက်ဖြည့်ဆည်းပေးမယ်...ငါ မင်းကို ကူညီပြီးဖြေရှင်းနိုင်တဲ့ ဘယ်ပြဿနာကိုမဆို ငါ ဖြေရှင်းပေးမယ်...ဘာမှ စိတ်မပူနဲ့"
ထိုစကားကိုကြားချိန်တွင် အောင်းချင်၏မျက်လုံးများ တောက်ပသွားသည်။
သူ၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလိုပင် ကျေးဇူးတင်သောအမူအယာမျိုး ထင်ဟပ်လာသည်။
သူ မျှော်လင့်ထားသကဲ့သို့ပင် အရှင်သခင်၏မြင့်မားသောကျင့်ကြံဆင့်ဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရှိပြီးဖြစ်သည်။ ထို့ပြင် သူသည် ဤကိစ္စကို ဖြေရှင်းပေးမည်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုပြီးဖြစ်သည်။
အောင်းချင်သည် စိတ်သက်သာရာရသွားကာ ရီဖုန်း၏ခြေထောက်အနီး၌ နာခံရို့ကျိုးစွာ လဲလျောင်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် တစ္စေကဲ့သို့ပုံရိပ်ယောင်အမြောက်အများသည် သိုင်းပညာခန်းမနှင့် မလှမ်းမကမ်းနေရာရှိ အကွယ်နေရာတစ်နေရာသို့ ဆင်းသက်လိုက်သည်။ ဦးဆောင်လာသော အမျိုးသမီးသည် သူမ၏မေးကို အနည်းငယ်မော့လိုက်သဖြင့် တိုင်းပြည်များပြိုလဲစေသည့် သူမ၏ဆွဲဆောင်မှုရှိသည့်အလှမျက်နှာလေး ပေါ်လွင်လာသည်။
သူမသည် အောင်းချင်၏နောက်သို့ ခြေရာခံလိုက်လာသော အောင်းချင်းချိန်ဖြစ်သည်။
"အောင်းချင်က ဒီလူသားတွေရဲ့သိုင်းပညာခန်းမငယ်လေးမှာ ရှိနေတာပဲ"
အောင်းချင်၏နုတ်ခမ်းထောင့် အနည်းငယ်မြင့်တက်သွားကာ သူမ၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။
Chapter 155
"ဒီအသုံးမဝင်တဲ့ အမှိုက်ကောင်က ကံကြမ္မာကောင်းတချို့ရပြီးတော့ အရမ်းအစွမ်းထက်တဲ့အရှင်သခင်တစ်ယောက်ကို အသိအမှတ်ပြုထားတယ်လို့ ငါ ထင်ခဲ့တာ...ဒါပေမယ့် အခုကြည့်ရသလောက်တော့ ငါ အတွေးလွန်သွားခဲ့ပုံပဲ"
"ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...ငါ့နဲ့နောက်ကိုလိုက်ပြီးတော့ အဲ့ဒီသိုင်းပညာခန်းမကို ဖျက်ဆီးရမယ်...အဲ့ဒီအသုံးမဝင်တဲ့အမှိုက်ကောင်ကလွဲပြီးတော့ တခြားဘယ်သူ့ကိုမှ အရှင်မထားနဲ့"
အောင်းချင်းချိန်၏ရေခဲတမျှ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏ သွယ်လျရှည်လျားသောခြေထောက်ကိုမြှောက်ကာ ခြေလှမ်းကျဲကြီးများဖြင့် သိုင်းပညာခန်းမထံသို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွားလိုက်၏။
"ဟုတ်ကဲ့"
သူမ၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူများသည် အလျှင်အမြန် လှုပ်ရှားလိုက်ကာ အောင်းချင်းချိန်၏နောက်သို့ ထပ်ချပ်မကွာလိုက်ပါသွားလေသည်။
ထိုအချိန်မှာပင် နောက်ထပ်အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် သူတို့၏နောက်သို့ ကြွက်တစ်ကောင်အလား ပုန်းလျှိုးကွယ်လျှိုး ရောက်ရှိလာကာ သူတို့အုပ်စုနှင့် ပူးပေါင်းလိုပုံရသည်။
"မင်းက..."
ထိုပုံရိပ်၏ပုံပန်းသွင်ပြင်အား အုပ်စုအတွင်းရှိနောက်ဆုံးလူသည် တွေ့မြင်သွားသဖြင့် သူ့အား မေးမြန်းရန်အတွက် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သို့ရာတွင် သူ၏အသံ ထွက်မလာသေးမီမှာပင် ပါးရိုက်ခံလိုက်ရသဖြင့် လေထုအတွင်းသို့ မြောက်တက်သွားပြီး မိုးကုတ်စက်ဝိုင်းအတွင်း၌ ပျောက်ကွယ်သွားတော့သည်။
ထိုလူကို ဖြေရှင်းပြီးနောက် အနက်ရောင်ဝတ်ရုံဝတ်လူသည် ထိုလူအုပ်စုနှင့် အဆင်ပြေချောမွေ့စွာ ပူးပေါင်းသွားနိုင်ခဲ့သည်။ သူ၏ရင်ဘတ်ကိုဖြောင့်ဖြောင့်ထားကာ ဖြောင့်မတ်မှန်ကန်သောအမူအယာဖြင့် သူတို့နှင့်အတူ ရှေ့သို့လျှောက်လှမ်းသွားလိုက်၏။
သို့ရာတွင် အုပ်စုအတွင်း၌ ဤကဲ့သို့ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်သွားသည့်တိုင် အောင်းချင်းချိန်တို့သည် အနည်းငယ်မျှပင် သတိမပြုမိချေ။ သူတို့၏မျက်နှာများပေါ်တွင် ယုံကြည်ချက်ရှိသောအပြုံးမျိုး ရှိနေဆဲပင်။
မကြာမီမှာပင် သူတို့သည် သိုင်းပညာခန်းမ၏ဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
အောင်းချင်းချိန်သည် သူမ၏ခြေလှမ်းများကိုရပ်တန့်ကာ သူမ၏သေးသွယ်သောလက်ကို ဝှေ့ယမ်းပြီး ထက်ရှသောအကြည့်ဖြင့် သိုင်းပညာခန်းမ၏ပတ်ဝန်းကျင်နေရာအနှံ့ကို ဝေ့ဝိုက်၍ အကဲခတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ သူမသည် သတိလက်လွတ်လုပ်ဆောင်ခြင်းမပြုချေ။ သူမတို့သည် သိုင်းပညာခန်းမ၏ဝင်ပေါက်သို့ ရောက်နေသည့်တိုင် အရာအားလုံး သာမာန်ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးရန် သူမ မေ့လျော့ခြင်းမရှိပေ။
သူမ၏အကြည့် ဆိုင်းဘုတ်ပေါ်သို့ ကျရောက်သွားချိန်တွင် အုပ်စုအတွင်းရှိနောက်ဆုံးလူက သူ၏ခေါင်းကို လှုပ်လိုက်သည်။
"အာ့ဘားဘား..."
ထိုအသံ ထွက်ပေါ်လာသည်နှင့် ဆိုင်းဘုတ်ပေါ်ရှိ ဝူအက္ခရာစာလုံးမှ အစွမ်းထက်သောအရှိန်အဝါများ ချက်ချင်းလွင့်ပြယ်သွားတော့သည်။ ထို့ပြင် နတ်ဘုရားလက်နက်များ၏ပန်းချီကားစာလိပ်ဆယ့်ရှစ်လိပ်မှ အကျိုးသက်ရောက်မှုများသည်လည်း ဆုံးရှုံးသွားလေ၏။
အမှန်တကယ်ကိုပင်....
သာမာန်မထင်မရှားဆိုင်းဘုတ်သည် အောင်းချင်းချိန်၏အကြည့်ကို အချိန်တခဏပင် ဖမ်းစားမထားနိုင်ခဲ့ချေ။ အလွန်လျှင်မြန်စွာဖြင့် သူမသည် ပတ်ဝန်းကျင်ကို စုံစမ်းစစ်ဆေးပြီးဖြစ်ကာ မည်သည့်ထူးခြားချက် တစ်ခုတစ်လေမျှ ရှာမတွေ့ပေ။
"အောင်းချင်...အောင်းချင်...နင့်ရဲ့ရှေ့မှာ နင့်ရဲ့အလိမ်အညာတွေကို ငါ ဖော်ထုတ်ပြီးရင် နင် ဆက်ပြီးမောက်မာနေနိုင်အုံးမလားဆိုတာ ငါ ကြည့်ကြည့်အုံးမယ်"
သူမက အထင်အမြင်သေးသောအမူအယာဖြင့် သူမ၏နုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
ဤသိုင်းပညာခန်းမလေးအတွင်း၌ မည်သည့်အစွမ်းထက်ကျင့်ကြံသူမျှ ရှိမနေကြောင်း ယခုချိန်၌ သူမ ပို၍သေချာစွာ သိရှိသွားလေပြီ။
ထို့ကြောင့် သူမ၏နောက်ရှိ လက်အောက်ငယ်သားများကို လက်ယပ်ခေါ်ပြီးနောက် ရှေ့သို့ခြေတစ်လှမ်းတက်ကာ သိုင်းပညာခန်းမအတွင်းသို့ ဝင်လိုက်သည်။
အရှေ့ခန်းမအတွင်း၌ ကျယ်ဝန်းပြီး ဗလာဟင်းလင်းဖြစ်နေသည်။
ခန်းမ၏ဘေးတစ်ဖက်တစ်ချက်၌ ပန်းချီကားစာလိပ်ဆယ့်ရှစ်လိပ်ကို ချိတ်ဆွဲထားသဖြင့် အောင်းချင်းချိန်သည် ထိုအရာများကို စောင်းငဲ့၍ကြည့်လိုက်သော်လည်း မူမမှန်သည့်အရာတစ်ခုတစ်လေကိုမျှ သူမ သတိမပြုမိချေ။
ဤအရှေ့ခန်းမသည်လည်း သူမ၏စိတ်ဝင်စားမှုကို ကြာရှည်စွာ ဆွဲဆောင်နိုင်ခြင်းမရှိပေ။
"အောင်းချင်က အထဲမှာရှိနေတယ်...အဲ့ဒီနေရာမှာ လူသားတစ်ယောက်ရဲ့အငွေ့အသက်လည်းရှိတယ်...နင်တို့ အဲ့ဒီလူသားကိုသတ်လိုက်...ငါက အောင်းချင်ကို ထိန်းချုပ်ထားမယ်"
အောင်းချင်းချိန်က အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်၏။
သူမသည် အခြေအနေအားလုံးကို ဖော်ထုတ်နိုင်ပြီးဖြစ်သဖြင့် အောင်းချင်နှင့်ဆက်လက်၍ ကစားနေရန် သူမ စိတ်မဝင်စားတော့ချေ။
"ဟုတ်ကဲ့"
လူတိုင်းက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ အောင်းချင်၏အမိန့်အောက်တွင် ထိုလူတစ်စုသည် အနောက်ဘက်ခန်းမထံဦးတည်၍ လျှင်မြန်စွာ ပြေးဝင်လိုက်ကြ၏။
"ဟီး ဟီး ဟီး..."
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ်လူများအနက်မှတစ်ယောက်ထံမှနေ၍ သရော်တော်တော်ရယ်မောသံကြီး ထွက်ပေါ်လာသည်။
အောင်းချင်းချိန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူမသည် ထိုအသံ မည်သူဆီမှ ထွက်ပေါ်လာသည်ကို မရှာဖွေနိုင်သေးမီမှာပင် ရုတ်တရက် ပူပြင်းတောက်ပသော အလင်းတန်းတစ်တန်းက သူမထံသို့ဖြာကျလာသည်ကို သူမ ခံစားမိသည်။
သူမ၏အကြည့်ကို ထိုနေရာသို့ အလျှင်အမြန်ရွှေ့ပြောင်းလိုက်ရာ သူမတို့ခေါင်းများ၏အထက်တွင် ကြေးမုံတစ်ချပ်အား ချိတ်ဆွဲထားသည်ကို တွေ့မြင်မိလေ၏။
"နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံလား..."
"ဒီနေရာမှာ ဘယ်လိုလုပ်ပြီးတော့ နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံရှိနေတာလဲ...ပြီးတော့ ဒါက သူတော်စင်အဆင့်ရတနာတစ်ခုပဲ"
ထိုကြေးမုံကိုကြည့်ပြီး အောင်းချင်းချိန်၏မျက်နှာအမူအယာ အလွန်အမင်းပျက်ယွင်းသွားသည်။ သူမ၏ခေါင်းကို အလျှင်အမြန်တိမ်းစောင်းလိုက်ကာ ကြေးမုံမှန်မှ တောက်ပသောအလင်းတန်းများကို စေ့စေ့မကြည့်ဝံ့ချေ။
အကြောင်းအရင်းမှာ နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံထံတွင် သူမတို့ကဲ့သို့ နတ်ဆိုးသားရဲများကို အကြွင်းမဲ့ဖိနှိပ်နိုင်သောသက်ရောက်မှုမျိုး ရှိနေသောကြောင့်ပင်။
သို့ရာတွင်....
သူမသည် ဤကြေးမုံ၏စွမ်းအားကို လျှော့တွက်ခဲ့မိသည်။
"အာ့ဝူး...အာ့ဝူး...အာ့ဝူး..."
ထိုအလင်းတန်းဖြာကျလာမှုအောက်တွင် အသက်ရှုချိန်တစ်ကြိမ်စာ မပြည့်မီမှာပင် သူမ၏လက်အောက်ငယ်သားများဖြစ်သည့် အနက်ရောင်ဝတ်ရုံဝတ်လူများအားလုံးသည် သူတို့၏အစစ်အမှန်ပုံစံအဖြစ်သို့ ဖိနှိပ်ခြင်းခံလိုက်ရသည်။ သူတို့သည် မချိတင်ကဲဝေဒနာခံစားနေရပြီး အော်ဟစ်ညည်းတွားနေကြကာ ပတ်ဝန်းကျင်၌ အရူးအမူးလှည့်ပတ်ပြေးလွှားနေကြ၏။
"ဘာ...."
အောင်းချင်း၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။ သို့ရာတွင် သူမ ထွက်မပြေးနိုင်သေးမီမှာပင် သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းများအောက်၌ ဖရိုဖရဲဖြစ်စပြုလာသည်ကို သူမ ခံစားမိလေ၏။ နောက်ထပ်အသက်ရှုချိန်တစ်ကြိမ်စာခန့်သာ တောင့်ခံနိုင်ပြီးနောက် သူမသည်လည်း လူသားပုံစံကို ထိန်းသိမ်းမထားနိုင်တော့ဘဲ အဖြူဆွတ်ဆွတ်ဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားကာ နာကျင်မှုကိုခံစားရပြီး မြေပြင်ပေါ်၌ရုန်းကန်နေရသည်။
"ဒီလောက်တောင် အစွမ်းထက်တဲ့ စွမ်းအားမျိုး..."
အောင်းချင်းချိန်သည် အလွန်အမင်း စိုးရိမ်ပူပန်နေကာ သူမ၏ခန္ဓာကိုယ်မှနေ၍ အေးစက်စက်ချွေးများ ယိုစီးကျလာသည်။ ဤဖိနှိပ်ချုပ်ကိုင်မှုစွမ်းအားသည် သူမအား မတ်တတ်ထရပ်ရန် ခက်ခဲစေရုံသာမက သူမ၏လက်အောက်ငယ်သားများကို အမိန့်ပေးရန်အတွက် သူမ၏ပါးစပ်ကိုပင် မဟနိုင်တော့ချေ။
"အာ့ဝူး...အာ့ဝူး...အာ့ဝူး..."
"ဟား ဟား ဟား ဟား..."
အောင်းချင်းချိန်နှင့်တခြားသူများသည် နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံ၏စွမ်းအားကို ပြင်းပြင်းထန်ထန် ခုခံနေစဥ်တွင် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်သည် ခွေးခြေတစ်လုံးပေါ်၌ မတ်တတ်ရပ်နေသည်။ ထိုလူသည် သူ၏ဗိုက်ကို ဖိနှိပ်ထားကာ သူတို့ကို လက်ညှိုးညွှန်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေလေ၏။
ဤလူ၏ပုံပန်းသွင်ပြင်သည် ချက်ချင်းဆိုသလိုပင် လက်ရှိနေရာတွင် ရှိနေသူများအားလုံး၏ မုန်းတီးသောအကြည့်ကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
ဤလူသေးသေးလေးသည် မည်သည့်သတ္တိဖြင့် သူတို့ကဲ့သို့ မြင့်မြတ်သော အနီရောင်နေမင်းဝံပုလွေမျိုးနွယ်စုဝင်များကို လှောင်ပြောင်သရော်ဝံ့သနည်း။ အကယ်၍ ယခုလက်ရှိချိန်တွင် နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံအောက်၌ သူတို့သည် မည်သည့်စွမ်းအားကိုမျှ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိသည့် အချက်ကြောင့်သာမဟုတ်ပါက ထိုလူ၏အသွေးအသားများကို ဝါးမျိုပြီးဖြစ်မည်မှာ သေချာပေါက်ပင်။
သူသည် သူတို့လူစုအနက်မှတစ်ယောက်မဟုတ်ချေ။
ထိုလူသည် မည်သူဖြစ်သနည်း....
မည်သည့်အချိန်မှစ၍ သူ ဤနေရာသို့ ရောက်ရှိနေသနည်း....
အောင်းချင်းချိန်သည် ထိုအနက်ရောင်ဝတ်စုံဝတ်လူကို စူးစိုက်၍ကြည့်လိုက်၏။ သူမ၏ မုန်းတီးမှုများပြည့်နှက်နေသောအကြည့်ဖြင့် ထိုလူ၏မူရင်းဇစ်မြစ်ကို ခွဲခြားသိမြင်နိုင်ရန် ရှာဖွေနေမိလေ၏။
သို့ရာတွင် သူမသည် ထိုလူထံမှနေ၍ မည်သည့်စွမ်းအားလှုပ်ခတ်မှုမျိုးကိုမျှ အာရုံခံမိခြင်းမရှိချေ။
"ဟား ဟား ဟား...အမှိုက်တစ်သိုက်ကများ ငါ့ကို စိုက်ကြည့်ဝံ့သေးတယ်"
ခွေးခြေခုံပေါ်၌ မတ်တတ်ရပ်နေသော အနက်ရောင်ဝတ်စုံဝတ်လူသည် စော်ကားမော်ကားစကားများကို သံကုန်အော်ဟစ်၍ ပြောဆိုသည်။ ထို့နောက် သူသည် ခွေးခြေခုံပေါ်မှခုန်ဆင်းပြီး သူတို့၏တင်ပါးများကို ပြင်းပြင်းထန်ထန်ကန်ကျောက်ကာ အောင်းချင်းချိန်ပေါ်သို့ကျရောက်လာသောကန်ချက်သည် အပြင်းထန်ဆုံးပင်။
ထိုကန်ချက်သည် အောင်းချင်းချိန်ကို အကြီးအကျယ်အရှက်ခွဲခံရသကဲ့သို့ ခံစားမိလေ၏။
မည်သည်ကြောင့် နိမ့်ပါးသောလူသားတစ်ယောက်သည် သူမကို ယခုကဲ့သို့ ကန်ကျောက်ဝံ့သနည်း။
သူ မည်သည့်သတ္တိမျိုးဖြင့် လုပ်ဝံ့သနည်း။