အခန်း (၁၅၆-၁၆၀)
Vol. 11 Ch. 156-160
Chapter 156
ထိုအကြောင်းကို သူမ တွေးတောနေစဥ်မှာပင် နောက်ထပ်ခြေကန်ချက်တစ်ချက်က သူမထံသို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။
"ဂါး....."
အောင်းချင်းချိန်သည် ချက်ချင်းဆိုသလိုပင် သူမ၏နတ်ဆိုးဝံပုလွေအစွယ်များကိုဖြဲဟကာ သူမ၏စူးရှရှမျက်လုံးအကြည့်သည် အနက်ရောင်ဝတ်စုံဝတ်လူထံတွင်သာ အခိုင်အမာကျရောက်နေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြာထွက်နေလေ၏။
"မင်းက ငါ့ကို စိုက်ကြည့်နေဝံ့တုန်းပဲလား"
နောက်ထပ်ကန်ချက်တစ်ချက်က သူမ၏တင်ပါးပေါ်သို့ ကျရောက်လာသည်။
ကြီးမားသောဒေါသတရားနှင့် အရှက်ခွဲခံရခြင်းတို့ကြောင့် အောင်းချင်းချိန်၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရီသွားစေသည်။ ယခုလက်ရှိချိန်တွင် သူမသည် တုံ့ပြန်မတိုက်ခိုက်နိုင်ရုံသာမက စကားပြောဆိုနိုင်ရန်ပင် လွန်စွာခက်ခဲနေသည်။
"ဟမ့်"
အနက်ရောင်ဝတ်စုံဝတ်လူထံမှနေ၍ မောက်မာဝံ့ကြွားသော နှာမှုတ်သံတစ်သံထွက်ပေါ်လာကာ သူ၏ညှင်းပန်းနှိပ်စက်မှုကို ရပ်တန့်မည့်အရိပ်အယောင်မရှိချေ။ သူတို့ကို ထပ်ခါတလဲလဲကန်ကျောက်ကာ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော ကြာပွတ်တစ်လက်ဖြင့် သူတို့အား ရိုက်နှက်နေသဖြင့် သူတို့သည် ခန်းမ၏နေရာအနှံ့အပြားသို့ လွင့်စင်သွားကာ နာကျင်မှုကြောင့် တကိန်ကိန်အော်ဟစ်နေရသည်။
ဒါက အရမ်းပျော်စရာ ကောင်းတာပဲ...
"ဘာတွေဖြစ်နေကြတာလဲ"
ရီဖုန်းသည် နောက်မှီကုလားထိုင်ပေါ်၌ အိပ်မောကျနေရာမှ တကိန်ကိန်အော်သံများကြောင့် ရုတ်တရက် လန့်နိုးလာခဲ့သည်။ သူသည် ဆတ်ခနဲထထိုင်ကာ အိပ်ချင်မူးတူးဖြင့် အရှေ့ခန်းမထံသို့ လျှောက်လှမ်းသွားလိုက်၏။
ခြေလှမ်းသံများကိုကြားချိန်တွင် အနက်ရောင်ဝတ်စုံဝတ်လူသည် သူ့ကိုယ်သူ ဝံပုလွေနတ်ဆိုးများကြားသို့ ပစ်လှဲချလိုက်သည်။ သူ၏ခြေတစ်ဖက်နှင့်လက်တစ်ဖက်ကို ဝံပုလွေနှစ်ကောင်၏ပါးစပ်များအတွင်းသို့ထည့်သွင်းကာ တခြားဝံပုလွေတစ်ကောင်ကို သူ၏ရင်ဘတ်နှင့်ကပ်ထားသည်။
ထို့နောက် အနက်ရောင်ဝတ်စုံဝတ်လူသည် ရုန်းကန်နေကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အူး...အူး...အူး.."
"ငါ့ကို မကိုက်ပါနဲ့..အား...အား...."
"အီး....ကယ်ပါ...ကယ်ကြပါအုံး...."
အရှေ့ခန်းမသို့ထွက်လာသော ရီဖုန်းသည် ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏အိပ်ချင်မူးတူးအရိပ်အယောင်များ လွင့်ပြယ်သွားသည်။ သူသည် ပျဥ်ပြားတစ်ချောင်းကို ဆုပ်ကုန်ကာ တဟုန်ထိုး အပြေးသွားလိုက်သည်။
"ဘယ်ခွေးလေခွေးလွင့်တွေက ငါ့ရဲ့သိုင်းပညာခန်းမထဲကလူတွေကို ကိုက်ရဲတာလဲ"
ရီဖုန်း၏စိတ်နှလုံးသားအတွင်း၌ ဒေါသများ လောင်ကျွမ်းနေသဖြင့် သူသည် ပျဥ်ပြားကိုလွှဲယမ်းကာ ဆိုးသွမ်းသောခွေးများကို အညှာအတာကင်းမဲ့စွာ ရိုက်နှက်လိုက်၏။ ကြီးမားစွာအင်အားစိုက်ထုတ်ပြီးနောက် သူသည် နောက်ဆုံး၌ ခွေးများအားလုံးကို လုံးလုံးလျားလျား အမောဆို့သွားစေသည်အထိရိုက်နှက်ကာ အရိုးစုကို ကယ်တင်နိုင်ခဲ့သည်။
"အူး....အူး..."
အရိုးစုသည် ထိတ်လန့်ကြောက်ရွံစွာဖြင့် ရီဖုန်း၏နောက်သို့ပြေးဝင်၍ ပုန်းအောင်းနေလေသည်။
"ထွက်သွားစမ်း...ငါ့ရဲ့မျက်လုံးတွေကို အပြစ်မပြုမိအောင် ငါ့ရှေ့မှာလာပြီးတော့ မင်း မတ်တတ်ရပ်မနေစမ်းနဲ့....မင်း ကြိုက်တဲ့တခြားနေရာမှာ သွားနေစမ်း"
ရီဖုန်းသည် အရိုးစုကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ့အား အဝေးသို့တွန်းထုတ်လိုက်၏။ ထို့နောက် သူသည် အမောဆို့နေသောခွေးလေခွေးလွင့်များကိုကြည့်ကာ သူတို့အား မည်ကဲ့သို့ဖြေရှင်းရမည်ကို စဥ်းစားတွေးတောလိုက်သည်။
ထိုအချိန်မှာပင် အောင်းချင်က ထိတ်လန့်တကြား အပြေးရောက်လာသည်။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေများကိုကြည့်ပြီး သူ တောင့်တင်းသွားကာ သူ၏မျက်လုံးများ ကျွတ်ထွက်တော့လုမတက်ပင်။ အထူးသဖြင့် နာကျည်းမုန်းတီးမှုအငွေ့အသက်များ ပြည့်နှက်နေသော အဖြူရောင်ဝံပုလွေနတ်ဆိုးကို မြင်တွေ့ချိန်တွင် အောင်းချင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့ရာတွင် ထိုထိတ်လန့်တုန်လှုပ်မှုအကြားမှနေ၍ သူသည် အလွန်အမင်းစိတ်လှုပ်ရှားမှုကို ခံစားရကာ သူ၏စိတ်နှလုံးသားအတွင်း၌ မောက်မာဝံကြွားမှုများ မြင့်တက်လာသည်။
မျှော်လင့်ထားသကဲ့သို့ပင်....
အရှင်သခင်၏အိမ်မွေးတိရစ္ဆာန် အရိုးစုအကိုကြီး၏လက်အောက်ငယ်သားဖြစ်သော သူသည် အနိုင်ကျင့်ခံရမည်မဟုတ်ချေ။
သေးငယ်သော ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်၏ မြင့်မြတ်သောသူတော်စင်မဟု ခေါ်ဆိုခံရသူမှာလည်း အရေးမပါတော့ချေ။
ရီဖုန်းသည် ခွေးထွက်လာသည်ကိုကြည့်ပြီ ဤခွေးလေခွေးလွင့်များသည် သူ၏ခွေးဝမ်ချိုင်နှင့် မျိုးစပ်ရန်ရောက်လာခြင်းဖြစ်မည်ဟု သူ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
သူ၏မျက်လုံးများ တောက်ပသွားပေ၏။
သူသည် ဤကိစ္စနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်နေခဲ့ရကာ ယခုချိန်တွင် ဖြေရှင်းနိုင်မည့်နည်းလမ်းသည် အလိုအလျောက် ရောက်ရှိလာခဲ့သည်။ သူ ထပ်မံ၍ ဝမ်ချိုင်ကို ချုပ်တည်းထားရန် မလိုအပ်တော့ချေ။
ထို့ကြောင့် သူသည် ခွေးများအနက်မှတစ်ကောင်ကိုဖမ်းဆုပ်ကာ အထက်သို့ကိုင်မြှောက်ပြီး သူ၏ခေါင်းကိုငုံ၍ကြည့်လိုက်သည်။
သူ ထိုခွေးကို အကြိမ်အနည်းငယ်ခန့် ဖျစ်ညှစ်၍ ကြည့်လိုက်၏။
"အထီးလား..."
ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းကာ ထိုခွေးထီးကို ပြင်ပသို့လွှင့်ပစ်လိုက်သည်။
ထို့နောက် သူသည် တခြားတစ်ကောင်ကို ဖမ်းဆုပ်လေသည်။
အထီးဖြစ်နေဆဲပင်။
သူ ထိုခွေးကိုလည်း ပြင်ပသို့လွှင့်ပစ်လိုက်သည်။
ရီဖုန်းသည် အမူမထားချေ။ ဤမျှများပြားသောခွေးများအကြားတွင် ခွေးမတစ်ကောင်မှရှိမနေနိုင်ဟု သူ ယုံကြည်လက်ခံရန်ကို ငြင်းပယ်သည်။
သူသည် ထပ်မံ၍ကြိမ်ဖန်များစွာ ကြိုးစားလိုက် လွှင့်ပစ်လိုက်ပြုလုပ်ပြီးနောက် နောက်ဆုံးကျန်ရှိသော ခွေးဖြူတစ်ကောင်ကို ကောက်ယူလိုက်၏။ သူ၏မျက်လုံးများ ရုတ်တရက် တောက်ပသွားကာ သူ၏ပေါင်ကိုရိုက်ပုတ်ပြီး အော်ဟစ်လေသည်။
"ဒါပဲလေ"
တံခါးကိုပိတ်ကာ သူသည် ထိုခွေးဖြူကို အောင်းချင်ထံသို့ သယ်ဆောင်သွားပြီး ပြောဆိုသည်။
"ကောင်လေး....မင်းရဲ့နွေဦးရာသီရောက်လာပြီ...သူနဲ့ ဒချိလိုက်တော့"
ထိုစကားနှင့်အတူ သူသည် ခွေးဖြူကို အောင်းချင်၏ရှေ့သို့ ပစ်ချလိုက်သည်။
ရီဖုန်း၏စကားများသည် အောင်းချင်၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ သူသည် ကူကယ်ရာမဲ့စွာဖြင့် အောင်းချင်းချိန်ကိုကြည့်ကာ သူ၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်နေသောပင်လယ်ပြင်ကြီးအလား တဝုန်းဝုန်းလှုပ်ခတ်နေသည်။
အရှင်သခင် ဖြစ်စေလိုသည်မှာ....
သူ ဝါးမျိုရမည်လော......
"မင်း ဘာလို့ခုထိ ချီတုံချတုံဖြစ်နေတာလဲ...ဒါက မင်း တလျှောက်လုံး ဆန္ဒရှိနေတဲ့အရာမဟုတ်လား"
ရီဖုန်းက တိုက်တွန်းလိုက်၏။
အောင်းချင်၏ခန္ဓာကိုယ် မသိမသာတုန်ရီသွားကာ သူသည် ကြည်ညိုလေးစားစွာဖြင့် ရီဖုန်းကို ကြည့်လိုက်သည်။
သူ၏အရှင်သခင်သည် သူ၏တိတ်တခိုးဆန္ဒကိုပင် သိရှိနေကာ ဖြည့်ဆည်းပေးလိုနေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်ခဲ့ဖူးခြင်းမရှိချေ။
ဤသည်မှာ အမှန်ပင်။
ဤကိစ္စတွင် အမှားအယွင်းမရှိချေ။
အောင်းချင်သည် အစဥ်အမြဲ အောင်းချင်းချိန်နှင့် ပြီးမြောက်လိုသည်မှာ အတိတ်ကာလများကတည်းကဖြစ်ပြီး ယခုချိန်တွင် ပို၍ဆန္ဒပြင်းပြနေသည်။
သူ၏အမြင်အရ သူ့အား ထောင်ချောက်ဆင်ကာ ထိခိုက်နာကျင်စေခဲ့သော အောင်းချင်းချိန်ကို သတ်လိုက်ရုံဖြင့် လက်စားချေရာကျမည်မဟုတ်ချေ။ သူမကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခြင်းဖြင့်သာ သူ၏အမုန်းတရားများကို ပုံချနိုင်ပေမည်။
ကိစ္စသည် ဤသို့ဖြစ်လာသောကြောင့်....
သူ အံ့တင်းတင်းကြိတ်ကာ သူ၏အကြည့်ကို အောင်းချင်းချိန်ထံသို့ လှည့်လိုက်၏။
"နင်...နင်..."
အောင်းချင်းချိန်သည် တဟင့်ဟင့်ငိုရှိုက်နေရုံမှအပ အော်ဟစ်ငိုယိုနိုင်ခြင်းမရှိချေ။ ဤလူသားသည် အောင်းချင်အား သူမကို မည်သို့ပြုလုပ်စေလိုသည် သို့မဟုတ် သူ့စကားများ၏အဓိပ္ပါယ်ကို သူမ နားမလည်ချေ။
သူမ ခန့်မှန်းထားသည့်အတိုင်းပင် အောင်းချင်သည် ရုတ်တရက် သူမထံသို့ တိုးဝင်လာသည်။
"အူးးး..."
အဖြူရောင်ဝံပုလွေနတ်ဆိုးထံမှနေ၍ စိတ်မချမ်းမြေ့ဖွယ်အူသံတစ်သံ ထွက်ပေါ်လာသည်။ သူမ၏မျက်လုံးများသည် အလွန်အမင်းမယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားကာ သူမ၏အသိစိတ် ချက်ချင်းဆိုသလိုပင် ဗလာဟင်းလင်းဖြစ်သွားတော့သည်။
သူမသည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်၏ မြင့်မြတ်သောသူတော်စင်မိန်းမပျိုပင်။
သူမသည် မြောက်မြားစွာသော နတ်ဆိုးသားရဲမျိုးနွယ်စုများ ကြည်ညိုလေးစားရသော တည်ရှိမှုကြီးပင်။
သူမသည် အနီရောင်နေမင်းမျိုးနွယ်စု၏မျှော်လင့်ချက်ဖြစ်ကာ အနာဂတ်မျိုးနွယ်စုခေါင်းဆောင်ပင်။
ထိုကဲ့သို့အရည်အချင်းများရှိသည့် သူမသည် အမှိုက်ကောင်အောင်းချင်၏ ဗလက္ကာရပြုကျင့်ခြင်းကို အမှန်တကယ်ခံခဲ့ရသလော......
Chapter 157
ဤအမှိုက်ကောင်ကြောင့် အောင်းချင်းချိန်သည် အမှန်တကယ် ညစ်နွမ်းသွားလေပြီ။
ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း....
မည်သည်ကြောင့် ဤသို့ဖြစ်ပျက်သွားခဲ့သနည်း....
ဤသည်မှာ သူမ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးယဥ်ကြည့်ဖူးခြင်းမရှိသော ကိစ္စတစ်ရပ်ပင်။
ဤအချိန်အခိုက်အတန့်တွင် မလိုလားခြင်းမျက်ရည်များက သူမ၏မျက်လုံးတစ်စုံအတွင်းမှ ယိုစီးကျလာသည်။ သူမ၏နီမြန်းနေသော မျက်လုံးများအတွင်းတွင် ပြင်းထန်သောနာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေပေ၏။
ထိုလူသားနှစ်ယောက်....
အမှိုက်ကောင်အောင်းချင်...
သူတို့အားလုံး သေရပေမည်...သူတို့အားလုံး သေချာပေါက် သေရပေမည်....
တံခါး၏ပြင်ပတွင် ရီဖုန်း၏လွှင့်ပစ်ခြင်းကို ခံလိုက်ရသော အနက်ရောင်ဝတ်စုံဝတ်လူများသည် နောက်ဆုံး၌ သူတို့၏ကျင့်ကြံမှုအခြေခံများကို ပြန်လည်ရရှိသွားလေပြီ။ မြင့်မြတ်သောသူတော်စင်မသည် မကြာမီတွင် ထွက်လာမည်ဟု သူတို့တွေးထင်ခဲ့ကြသော်လည်း ထိုအစား အတွင်းမှနေ၍ သူမ၏မချိမဆံ့အော်သံများ ထွက်ပေါ်လာသည်ကို သူတို့ ကြားလိုက်ရသည်။
သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။ သူတို့၏ပုံရိပ်များ ဖျတ်ခနဲရွေ့လျားသွားကာ သူတို့သည် သေရေးရှင်ရေးကိုပင် ဂရုမစိုက်တော့ဘဲ တံခါးထံသို့ တဟုန်ထိုးပြေးဝင်လိုက်ကြ၏။
သို့ရာတွင် သူတို့သည် မည်မျှထိများပြားသောစွမ်းအားများကို ထုတ်ဖော်အသုံးပြုနေပါစေ တံခါးကို တွန်းဖွင့်နိုင်ခြင်းမရှိချေ။ သူတို့သည် တံခါးဟရာမှတဆင့် စိုးရိမ်ပူပန်တကြီး ချောင်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
အကယ်၍ သူတို့မကြည့်မိပါက အရေးကြီးမည်မဟုတ်ချေ။
သို့ရာတွင် သူတို့ ကြည့်လိုက်မိချိန်၌ သူတို့၏စိတ်များအတွင်း၌ မိုးကြိုးတစ်စင်းပေါက်ကွဲသွားသည့်အလား သူတို့၏ဦးနှောက်များ ဗလာကျင်းသွားသည်။
သူတော်စင် မိန်းမပျို...
သူတော်စင် မိန်းမပျို...
သူတော်စင်မိန်းမပျိုသည် အမှန်တကယ်ကိုပင် အောင်းချင်၏ဗလက္ကာရပြုခြင်းကို ခံနေရလေ၏။
ရုတ်ချည်းဆိုသလိုပင် သူတို့သည် မိုးကောင်းကင်ယံအမြင့်မှ ပြုတ်ကျလာသည့်အလား ခံစားလိုက်ရသည်။
အကယ်၍ ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်သာ ဤသတင်းကို သိရှိသွားပါက.....
အကယ်၍ အနီရောင်နေမင်းမျိုးနွယ်စုသာ ဤသတင်းကို သိရှိသွားပါက....
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်တစ်ခုလုံး ဖရိုဖရဲဖြစ်တော့မည်ကို ကြိုတင်၍မြင်ယောင်နေလေပြီ။
အကြောင်းအရင်းမှာ အောင်းချင်းချိန်သည် ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်၏ လူငယ်မျိုးဆက်သစ်အတွက် မျှော်လင့်ချက်ဖြစ်ကာ အနီရောင်နေမင်းမျိုးနွယ်စုအတွက် ထောက်တိုင်ကြီးပင်။ ကျင့်ကြံခြင်းဆိုင်ရာလိုအပ်ချက်ကြောင့် သူမကို အထိအတွေ့မရှိစေရဟု နတ်ဆိုးဘိုးဘေးမှအမိန့်ပေးထားခဲ့သည်။
သူမသည် နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ဤအချက်ကို စောင့်ထိန်းနိုင်ခဲ့သည်။
မျိုးနွယ်စုမှနေ၍ အောင်းချင်းချိန်သည် နတ်ဆိုးမျိုးနွယ်၏လျှို့ဝှက်နယ်မြေကိုဖွင့်ပြီးသည်နှင့် နတ်ဆိုးဘိုးဘေးနယ်ပယ်သို့ တိုက်ရိုက်ခြေချနိုင်ကာ တားဆီးချုပ်နှောင်မှုများမှလွတ်မြောက်ပြီး ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ကို ဂုဏ်ကျက်သရေအသစ်မျိုးရရှိစေရန် ဦးဆောင်ပေးနိုင်မည်ဟု မျှော်လင့်ထားကြ၏။
သို့ရာတွင် ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်မျိုးတွင် သူမသည် အောင်းချင်၏ဖျက်ဆီးခြင်းကို ခံလိုက်ရမည်ဟု မည်သူက တွေးထင်မိမည်နည်း....
"အား..."
အောင်းချင်းချိန်ကို မြင့်မြတ်သောသူတော်စင်မဟု ရှုမြင်ထားကြသော အနက်ရောင်ဝတ်ရုံဝတ်လူများသည် ဒေါသတကြီးအော်ဟစ်ကာ တံခါးကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်ကြသည်။
သို့ရာတွင် တံခါးသည် မလှုပ်မယှက် တည်ရှိနေဆဲပင်။
သူတို့၏သူတော်စင်မကို တခြားတစ်ယောက်မှ သိမ်းပိုက်နေသည်အား သူတို့ ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာတက်နိုင်ခဲ့သည်။
အဖြူရောင်ကောင်းကင်ဝါးမျိုဝံပုလွေသည် နောက်ဆုံး၌ ပြင်ပသို့လွှင့်ပစ်ခံလိုက်ရသည်အထိ အချိန်မည်မျှကြာညောင်းခဲ့ကြောင်း မည်သူမျှမသိရှိတော့ချေ။ သူမသည် မြေပြင်ပေါ်၌ မလှုပ်မယှက်လဲလျောင်းနေကာ သူမ၏မျက်လုံးအတွင်းမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး သွေးများနှင့်မျက်ရည်များက သူမ၏မျက်နှာပေါ်တွင် ယိုစီးကျနေသည်။
"သူတော်စင် မိန်းမပျို..."
"သူတော်စင် မိန်းမပျို..."
အနက်ရောင်ဝတ်စုံဝတ်လူများအားလုံး အော်ဟစ်ကာ သူမထံသို့ အပြေးရောက်လာသည်။ သူမ၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး သူတို့ကအံ့တင်းတင်းကြိတ်ကာ လက်စားချေရန်အတွက် သိုင်းပညာခန်းမကိုဖျက်ဆီးရန် ပြင်ဆင်လိုက်ကြ၏။
"အဲ့ဒီနေရာမှာ ရပ်လိုက်ကြစမ်း"
သို့ရာတွင် သူတို့ ရှေ့သို့တိုးဝင်မသွားမီမှာပင် လဲလျောင်းနေသော အောင်းချင်းချိန်က အော်ဟစ်လိုက်သည်။
သူတို့အားလုံးသည် သူတို့၏ခြေလှမ်းများကိုရပ်တန့်ကာ သူမထံသို့ ကြည့်လိုက်ကြသည်။
"ငါ့ကို ပြန်ခေါ်သွားပေးကြစမ်း"
သူမသည် လုံးစေ့ပတ်စေ့ပြောဆိုကာ သူမ၏မျက်နှာကိုကြည့်ရသည်မှာ သူမ၏အသက်စွမ်းအားသည် အချိန်မရွေး ကုန်ဆုံးသွားတော့မည့်အလားပင်။
ထိုစကားကိုကြားချိန်တွင် လူတိုင်းသည် ဆန္ဒမရှိစွာဖြင့် အံ့တင်းတင်းကြိတ်ကာ အောင်းချင်းချိန်ကို ဤနေရာမှနေ၍အဝေးသို့ အလျှင်အမြန်သယ်ဆောင်သွားကြတော့သည်။
"ငါ...ငါက အောင်းချင်းချိန်ရဲ့အပြစ်ကင်းစင်မှုကို တကယ်ကြီးယူနိုင်ခဲ့တာလား"
သိုင်းပညာခန်းမအတွင်း၌ အချိန်အတော်ကြာသည့်တိုင် အောင်းချင်သည် အစောပိုင်းက ဖြစ်ပျက်သွားခဲ့သမျှ ကိစ္စရပ်များကို မယုံကြည်နိုင်သေးချေ။
သူ အောင်းချင်သည် အမှန်တကယ်ကိုပင် အောင်းချင်းချိန်ကို သိမ်းပိုက်နိုင်ခဲ့သလော...
အကယ်၍ ဤကိစ္စသာ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်သို့ သတင်းပြန်လည်ပျံ့နှံ့သွားပါက မည်မျှထိကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးဖြစ်လာမည်ကို သူ အမှန်တကယ် မသိရှိချေ။
အမှန်အားဖြင့် သူ နားလည်သဘောပေါက်သည်မှာ...
ဤအခွင့်အရေးများနှင့်ကောင်းချီးပေးမှုများအားလုံးသည် သူ၏ရှေ့ရှိ နောက်မှီကုလားထိုင်ပေါ်တွင်လဲလျောင်းနေသောလူမှ သူ့အား ချီးမြှင့်ပေးသနားခဲ့ခြင်းပင်။
"ချင်...မင်းက အရမ်းအားနည်းတယ်"
ထိုအချိန်မှာပင် အရိုးစုသည် အောင်းချင်ကိုဖျစ်ညှစ်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် တီးတိုးပြောဆိုသည်။
"ခုဏက အချိန်နည်းနည်းပဲရှိသေးတာလေ...မင်းက လုပ်ပြီးသွားပြီတဲ့လား...အထင်ကြီးစရာကို မရှိဘူး"
"ဟီး ဟီး...ငါက အကိုကြီးနဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဥ်နိုင်မှာလဲ"
အောင်းချင်က ပေါကြောင်ကြောင်ရယ်မောကာ ပြောဆိုသည်။
"ဒါပေမယ့် အကိုကြီးကို ပြောပြစမ်း....ခုဏက မင်း ခံစားလို့ကောင်းလား...မြန်မြန်လေး...ဒီခံစားချက်က ဘာနဲ့တူလဲဆိုတာ ငါ့ကို ပြောပြစမ်းပါ"
အရိုးစုသည် ရီဖုန်းကို တစ်ချက်ကြည့်ကာ သူ၏မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေသောအမူအယာမျိုး ထင်ဟပ်လာပြီး တိုးညှင်းစွာမေးမြန်းသည်။
"အမ်..."
"ကြာရှည်ခံတဲ့ တဒင်္ဂအရသာမျိုးလား..."
...
နန်ရှားလွင်ပြင်အတွင်း၌ အခြေချနေထိုင်သည့် အစွမ်းထက်သော ကောင်းကင်ဝါးမျိုဝံပုလွေမျိုးနွယ်....
သာမာန်အားဖြင့် ဤနေရာသို့ ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်များမှလွဲ၍ မည်သူမျှ မချဥ်းကပ်ဝံ့ချေ။
အောင်းချင်းချိန်သည် သူမ၏လက်အောက်ငယ်သားများနှင့်အတူ ပြန်လည်ရောက်ရှိသွားစဥ်တွင် အနီရောင်နေမင်းမျိုးနွယ်စု၏ပင်မခန်းမအတွင်း၌ နက်ရှိုင်းသောအရှိန်အဝါများရှိသည့် အစွမ်းထက်သောပုံရိပ်အမြောက်အများရှိနေသည့်အပြင် မျိုးနွယ်စုဝင်အားလုံးလည်းရှိနေသည်။
"ချင်းချိန်...မင်း ဘာလို့ အမှိုက်ကောင်အောင်းချင်ကို ပြန်ခေါ်မလာတာလဲ"
အကြီးအကဲများအနက်မှတစ်ယောက်က မေးမြန်းသည်။
ထိုမေးခွန်းကိုကြားချိန်တွင် အောင်းချင်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူမ၏မျက်နှာအမူအယာ ရေခဲတမျှအေးစက်သွားသည်။ သူမ၏ ဆီးနှင်းများဖုံးလွှမ်းနေသည့်အလား အေးစက်စက်မျက်နှာပေါ်တွင် နာကျည်းမုန်းတီးမှုများနှင့်ပြည့်နှက်နေသော်လည်း သူမသည် စကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိချေ။
"ဘာတွေ ဖြစ်ခဲ့တာလဲ"
အကြီးအကဲသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံခံမိသဖြင့် ထပ်မံ၍မေးမြန်းလိုက်၏။
အောင်းချင်းချိန်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားကာ သူမ၏နုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး အချိန်အတော်ကြာသည့်တိုင် သူမသည် စကားပြောဆိုရန် ဆန္ဒမရှိချေ။ သူမ၏ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ယိုစိမ့်ထွက်လာကာ တစတစပို၍ပို၍ ပြင်းထန်လာသည်။
"ဒါက ဘာဖြစ်နေတာလဲ"
"ဖြစ်နိုင်တာတော့ သူက အောင်းချင်ကို ပြန်ခေါ်မလာနိုင်လို့များလား"
ဤအချိန်တွင် သံသယဝင်နေသောအသံများက ခန်းမအတွင်း၌ ထွက်ပေါ်စပြုလာပေ၏။
ထိုအချိန်မှာပင် အစောပိုင်းက စကားပြောဆိုလိုက်သော အကြီးအကဲသည် အောင်းချင်းချိန်၏အနီးသို့ချဥ်းကပ်ကာ နူးညံညင်သာစွာမေးမြန်းသည်။
"ချင်းချိန်....အခုချိန်မှာ အမှိုက်ကောင်အောင်းချင်ကို ပြန်ခေါ်မလာနိုင်ရင်လည်း ဘာမှစိုးရိမ်စရာမရှိဘူး...အရေးကြီးဆုံးက ငါတို့အနီရောင်နေမင်းမျိုးနွယ်စုတစ်ခုလုံးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ မင်းပဲ...မင်း ဘာမှဖြစ်လို့မရဘူး...ငါ့ကို ပြောပြစမ်းပါ..ဘာတွေဖြစ်ခဲ့လို့ မင်း ဒီလောက်ထိ...."
သို့ရာတွင် သူ၏စကား အဆုံးမသတ်သေးမီမှာပင် ထိုအကြီးအကဲ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သွားသည်။
စူးရှသောအကြည့်သည် အောင်းချင်းချိန်ပေါ်သို့ ပြင်းထန်စွာကျရောက်လာကာ သူမ၏အရှိန်အဝါ ယခင်နှင့်ကွဲပြားခြားနားသွားသည်ကို အာရုံခံမိသွားသည်။ ထိုအကြီးအကဲ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားလေ၏။
"မင်း...မင်း...မင်း တကယ်ကို...."
Chapter 158
"မင်းက ပြီးပြည့်စုံတဲ့ သူတော်စင်မိန်းမပျိုမဟုတ်တော့ဘူး"
အကြီးအကဲသည် အောင်းချင်းချိန်ကိုစူးစိုက်ကြည့်ကာ သူ၏စကားတစ်လုံးစီတိုင်းကို ဖြည်းညှင်းစွာပြောဆိုနေစဥ်တွင် သူ၏ခန္ဓာကိုယ်တုန်ရီနေသည်။
သူ၏အသံ တဖြည်းဖြည်းတိမ်ဝင်သွားခြင်းနှင့်အတူ သူ၏ရင်ဘတ်အတွင်းမှ စူးရှရှနာကျင်မှုကို သူ ခံစားမိလေ၏။ သူသည် ချောင်းတစ်ချက်ဆိုးကာ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
ဘာ...
ထိုအကြီးအကဲ၏စကားလုံးများသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်မှာ မိုးခြိမ်းသံတစ်သံအလားပင်။ ရုတ်ချည်းဆိုသလိုပင် ခန်းမအတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ခန်းမအတွင်း၌ရှိနေသော အစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏ခြေထောက်များကို ဖြည်းညှင်းစွာမြှောက်ကာ အပ်များကဲ့သို့ ထက်ရှသော စူးစူးဝါးဝါးအကြည့်မျိုးဖြင့် အောင်းချင်းချိန်ကို စူးစိုက်ကြည့်ပြီးနောက် သူတို့၏မျက်နှာအမူအယာများ တင်းမာခက်ထန်သွားသည်။
မျှော်လင့်ထားသကဲ့သို့ပင် အောင်းချင်းချိန်၏အရှိန်အဝါသည် ယခင်နှင့်လုံးလုံးလျားလျား ကွဲပြားခြားနားနေလေပြီ။
ပြီးပြည့်စုံမှု....
သူမထံတွင် မရှိတော့ချေ။
"ဒါကဘယ်လိုဖြစ်တာလဲ"
"ဒါက အမှန်ပဲ...သူက အပြင်ကိုထွက်သွားတာ ဘာမှမကြာသေးဘူး...ဘာလို့ ခုလိုဖြစ်ရတာလဲ"
"သူက အောင်းချင်ကို သွားရှာမယ်လို့ ပြောသွားခဲ့တာ.. ဘာတွေ ဖြစ်ခဲ့ကြတာလဲမသိဘူး"
ပြင်းထန်သော လေးလေးနက်နက်ပြောဆိုနေသံများ မြည်ဟီးလာသည်။ သူတို့သည် ဤအဖြစ်မှန်ကို လက်ခံနိုင်စွမ်းမရှိသည်မှာ သိသာထင်ရှားလှ၏။
အကြောင်းအရင်းမှာ အောင်းချင်းချိန်သည် သူတို့အားလုံး၏မျှော်လင့်ချက်များကို ကိုယ်စားပြုထားသူပင်။ ဤနှစ်များအတွင်းတွင် သူမကို မြေတောင်မြှောက်ပေးရန် အရင်းအမြစ် မည်မျှထိများများ အသုံးပြုခဲ့ရသည်ကို သူတို့ မသိရှိတော့ချေ။
သို့ရာတွင် သူတို့သည် ဆုလာဘ်များကို ရိတ်သိမ်းလုဆဲဆဲအချိန်တွင် ဤကိစ္စ ဖြစ်ပွားသွားခဲ့လေ၏။
"ချင်းချိန် စကားပြောအုံး....တစ်ခုခု ပြောပါအုံး"
အကြီးအကဲသည် သွေးတစ်လုတ်အန်ထုတ်ပြီးနောက် အောင်းချင်းချိန်ကို အလောတကြီး တိုက်တွန်းနှိုးဆော်လိုက်သည်။
သို့ရာတွင် အောင်းချင်းချိန်သည် ကြောင်စီစီဖြင့် ရှေ့သို့သာ ငေးစိုက်၍ကြည့်နေပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။ သူမသည် ကြွက်သားတစ်ခုကိုပင် လှုပ်ရှားခြင်းမပြုချေ။
"မင်း..."
အဖိုးအိုသည် တုန်ရီနေသောလက်ဖြင့် အောင်းချင်းချိန်ကို လက်ညှိုးညွှန်လိုက်၏။ သူ အလွန်ဒေါသထွက်နေသောကြောင့် စကားတစ်ခွန်းကိုပင် ပြောမထွက်တော့ချေ။ ကူကယ်ရာမဲ့စွာဖြင့် သူ၏အကြည့်ကို အောင်းချင်းချိန်၏လက်အောက်ငယ်သားများထံသို့ ရွှေ့ပြောင်းလိုက်သည်။
"ပြောစမ်း..."
သူသည် သူတို့အနက်မှတစ်ယောက်ကို တောင်းဆိုလေသည်။
"အ...အရှင်ပိုင်ဖုန်း...ကျွန်တော်...ကျွန်တော်...."
ထိုလက်အောက်ငယ်သား၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ချွေးများဖြင့် ရွှဲနစ်သွားကာအထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး သူသည် စကားတစ်ခွန်းမျှ ပြောမထွက်နိုင်တော့ချေ။
"ဟမ့်...."
အောင်းပိုင်ဖုန်းသည် ထိုလူကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်သည်။ ထို့နောက် သူသည် တခြားလက်အောက်ငယ်သားတစ်ယောက်ကို ဖမ်းဆီးကာ ခြိမ်းခြောက်လေသည်။
"ပြောမှာလား ဒါမှမဟုတ် အသေခံမှာလား"
"ကျွန်တော်...ကျွန်တော် ပြောပါ့မယ်....ကျွန်တော်က အရာအားလုံးကို ပြောပြပါ့မယ်...."
အောင်းပိုင်ဖုန်း၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါအောက်တွင် ထိုလက်အောက်ငယ်သားသည် ထိန်ချန်မထားဝံ့တော့သဖြင့် အမှန်အတိုင်းပြောဆိုလိုက်သည်။
"ဘာ..."
သူ၏စကားလုံးများ ကျရောက်သွားချိန်တွင် ခန်းမအတွင်း၌ မုန်တိုင်းတစ်ခုတိုက်ခတ်သည့်အလား ထပ်မံ၍ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
လူတိုင်းသည် သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်နေကြ၏။
သူတို့သည် ဖြစ်နိုင်ချေအမျိုးမျိုးကို ခန့်မှန်းခဲ့ကြသော်လည်း ဤသည်မှာ အမှိုက်ကောင်အောင်းချင် ပြုလုပ်ခဲ့ခြင်းဖြစ်မည်ဟု သူတို့ တစိုးတစိမျှ တွေးထင်ထားမိခြင်းမရှိချေ။
အောင်းချင်သည် မျိုးနွယ်မှနှင်ထုတ်ခြင်းခံထားရသော အပြစ်သားတစ်ယောက်ပင်။ သူသည် မည်သည့်နည်းဖြင့် ကောင်းကင်ဝါးမျို နတ်ဆိုးဝံပုလွေမျိုးနွယ်၏ သူတော်စင်မိန်းမပျိုဖြစ်သော အောင်းချင်းချိန်ကို ညစ်နွမ်းအောင် ပြုလုပ်နိုင်ခဲ့သနည်း။
သူသည် သူမကို မူစကူဒူးခဲ့သလော....
"မင်းက အသုံးမကျတဲ့ အမှိုက်ကောင်အောင်းချင်အကြောင်းကို ပြောနေတာလား....ငါ နားကြားများ မှားနေတာလား...ဒါမှမဟုတ် မင်းက ပေါက်ကရစကားတွေ ပြောနေတာများလား"
အောင်းပိုင်ဖုန်းသည် ထိုလက်အောက်ငယ်သား၏လည်ပင်းကိုညှစ်ကာ မကျေမနပ်လေသံဖြင့် မေးမြန်းလိုက်၏။
"ဘာတွေ အတိအကျဖြစ်ခဲ့တာလဲဆိုတာ....အခုချက်ချင်း ငါ့ကိုပြောစမ်း"
"အရှင်...ကျွန်တော် မလိမ်ပါဘူး...ဒါက တကယ့်ကိုပဲ အောင်းချင် လုပ်ခဲ့တာပါ"
အောင်းပိုင်ဖုန်း၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါအောက်တွင် ထိုလက်အောက်ငယ်သားသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့ချေ။ ရှေးဦးစွာ သူသည် ကိစ္စများ၏အကြမ်းဖျဥ်းကို ခြုံငုံသုံးသပ်ပြပြီးနောက် သိုင်းပညာခန်းမတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ကျကျ ဖော်ပြလိုက်သည်။
"နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံ....ဘယ်လိုလုပ်ပြီးတော့ အဲ့ဒီနေရာမှာ နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံ ရှိနေတာလဲ...အဲ့ဒါကို ဘယ်လိုလုပ်ပြီးတော့ သေမျိုးနှစ်ယောက်က ပိုင်ဆိုင်ထားတာလဲ"
အံ့အားသင့်မှုအရိပ်အယောင်များက အောင်းပိုင်ဖုန်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။ သူသည် ဖမ်းဆုပ်ထားသော လက်အောက်ငယ်သားကို စူးစိုက်၍ကြည့်ကာ မေးမြန်းလိုက်၏။
"ငါ မင်းကို ထပ်မေးမယ်...အဲ့ဒီလူနှစ်ယောက်က ကျင့်ကြံဆင့်မရှိတဲ့လူတွေဆိုတာ သေချာလား"
"လုံးဝ သေချာတယ်"
ထိုလက်အောက်ငယ်သားက ပျာပျာသလဲ ဖြည့်စွက်ပြောဆိုသည်။
"တကယ်လို့ အရှင်က ကျွန်တော်ကို မယုံဘူးဆိုရင် သူတို့ကို မေးလို့ရတယ်"
ထိုအခြင်းအရာကိုကြည့်ပြီး တခြားလက်အောက်ငယ်သားများသည်လည်း ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ကြသည်။
ထိုစကားကိုကြားပြီးနောက် အောင်းပိုင်ဖုန်းသည် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ သူ၏ခန္ဓာကိုယ်အတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။
"အောင်းချင်...သေမျိုးတွေ...ငါ မင်းတို့ကို သတ်မယ်...."
အောင်းပိုင်ဖုန်း၏အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သော နာကျည်းမုန်းတီးသည့်စကားများက ခန်းမတစ်ခုလုံးကို တုန်ခါသွားစေသည်။ ထို့နောက် သူက အမိန့်အသစ်များကို ပေးလိုက်၏။
"နတ်ဆိုးဘိုးဘေး ဖူတာအိုနဲ့ရှို့လော်တို့ ဘယ်မှာလဲ"
"ဒီမှာပါ"
သူ၏အမိန့်နှင့်အတူ အစွမ်းထက်သောအရှိန်အဝါများရှိသည့် လူနှစ်ယောက်က ရှေ့သို့ထွက်လာသည်။
"မင်းတို့နှစ်ယောက်...အဲ့ဒီသိုင်းပညာခန်းမကို မြန်မြန်သွားကြစမ်း..အောင်းချင်ကို ပြန်ခေါ်လာပြီးတော့ အဲ့ဒီခန်းမကို လုံးလုံးလျားလျား ဖြိုပစ်ရမယ်...အဲ့ဒီလူနှစ်ယောက်က သေမျိုးတွေ ဟုတ် မဟုတ်ဆိုတာ ငါ ဂရုမစိုက်ဘူး...သူတို့ရဲ့ခေါင်းတွေကို ယူလာခဲ့စမ်း"
အောင်းပိုင်ဖုန်း၏ရေခဲတမျှအေးစက်စက်အသံက ခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။ ထို့နောက် သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အနက်ရောင်ထီးတစ်လက် ထွက်ပေါ်လာသည်။
"မှတ်ထားကြ...မင်းတို့ မိုးကောင်းကင်ပိတ်ဆို့ခြင်းထီးကို ယူသွားရမယ်...ဒီပစ္စည်းပါနေရင် မင်းတို့ကို နတ်ဆိုးဖိနှိပ်ခြင်းကြေးမုံက ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး"
"ဟုတ်ကဲ့"
ထီးကိုယူဆောင်ပြီးနောက် မြင့်မြတ်သောနတ်ဆိုးဘိုးဘေး ဖူတာအိုနှင့်ရှို့လော်တို့သည် ချက်ချင်းထွက်ခွာသွားကြ၏။
အရာအားလုံးကို စီစဥ်ပြီးနောက် အောင်းပိုင်ဖုန်း၏အကြည့်က အောင်းချင်းချိန်ထံသို့ တဖန်ပြန်၍ ကျရောက်လာသည်။ အမှိုက်ကောင်အောင်းချင်သည် သူ နှစ်ပေါင်းများစွာ အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့မှုများအားလုံးကို ဖျက်ဆီးခဲ့သည်အား တွေးတောရင်း အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"ကျန်တဲ့မင်းတို့တွေက...ငါနဲ့အတူ ကောင်းကင်ဝါးမျိုခန်းမကို လိုက်ခဲ့ကြစမ်း"
"ဟုတ်ကဲ့"
ကျယ်လောင်သောအသံများဖြင့် တုံ့ပြန်လိုက်ကြပြီးနောက် မြောက်မြားစွာသော ပုံရိပ်များ အရှိန်ဖြင့် ထွက်ခွာခဲ့ကြတော့သည်။
....
ကောင်းကင်ဝါးမျိုခန်းမ...
ဤနေရာသည် ကောင်းကင်ဝါးမျိုဧကရာဇ်အောင်းကျုံး နတ်ဆိုးဝံပုလွေမျိုးနွယ်၏အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်အပြင် သူ၏ကိုယ်လုပ်တော်များကို ခေါ်ဆောင်သွားလေ့ရှိသော နေရာလည်းဖြစ်သည်။
"အချစ်လေး...ငါတို့ရဲ့သားသုံးယောက်က ဘာကောင်းကျိုးမှမပေးတဲ့ကောင်တွေပဲ....တခြားတစ်ယောက်ဖြစ်လာအောင် ထပ်လုပ်ကြမလား"
အောင်းကျုံးက အပြုံးနှင့် သူ့ရှေ့ရှိအလှလေးကို ကြည့်လိုက်၏။
"ဟွန့်...."
သို့ရာတွင် သူမသည် သူ့အားတွန်းထုတ်ကာ မကျေမနပ်ဖြင့် ဆောင့်အောင့်၍ပြောဆိုသည်။
"ရှင့်မှာ သားသုံးယောက်ရှိတယ်...ဒါပေမယ့် ကျွန်မမှာတော့ ကျွန်မရဲ့အဖိုးတန်လေး ချင်တစ်ယောက်ပဲရှိတာ....သူ ထောင်ချောက်ဆင်ခံရတယ်ဆိုတာ ရှင် သိသိကြီးနဲ့ အပြစ်ပေးခဲ့ပြီးတော့ သူ့ကို မောင်းတောင်ထုတ်လိုက်တယ်...တကယ်လို့ အပြင်မှာ သူ တစ်ခုခုဖြစ်သွားမယ်ဆိုရင် ကျွန်မ ရှင့်ကို ခွင့်မလွှတ်ဘူး"
"ငါ့ရဲ့အချစ်လေး...ငါ တောင်းပန်ပါတယ်...ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာမရှိခဲ့ဘူး...အနီရောင်နေမင်းမျိုးနွယ်စုက ငါတို့ကိုတိုက်ခိုက်ဖို့ အကြောင်းပြချက်ရှာနေတယ်ဆိုတာ မင်းလည်း သိတာပဲလေ...ဒါကြောင့် ငါက ဒီခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရတယ်"
အောင်းကျုံးက ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အောင်းချင်က အမြဲတမ်း စိတ်တက်ကြွမှုမရှိဘူး...သူက ခက်ခဲမှုကိုလည်း ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဘူး...ငါက ဒီအခွင့်အရေးကိုယူပြီးတော့ သူ့ကိုထိန်းညှိပြုပြင်ရုံသက်သက်ပဲ"
"ဟွန့်..."
သူ၏ဇနီးသည်ယွင်ဝမ်ချင်းသည် သူ့အားမလိုလားသည်မှာ သိသာထင်ရှားသည်။
"ငါ ကျိန်ဆိုတယ်...မျိုးနွယ်ထဲက အခြေအနေတွေ တည်ငြိမ်သွားတာနဲ့ ငါ ချင်ကို ပြန်ခေါ်ပေးမယ်"
အောင်းချင်က သူ၏လက်ဝါးတစ်ဖက်ကိုမြှောက်ကာ အပြုံးနှင့်ပြောဆိုသည်။
"မင်း ချင်အတွက် အမြွှာပူးလေးတွေ ထပ်ပြီးမမွေးပေးချင်ဘူးလား"
ယွင်ဝမ်ချင်းသည် မကျေမနပ်ဖြင့် အောင်းကျုံးကို မျက်စောင်းထိုးလိုက်သော်လည်း သူ့အား ထပ်မံ၍ငြင်းပယ်ခြင်းမပြုတော့ချေ။
အောင်းကျုံး၏မျက်နှာ ပျော်ရွှင်မှုကြောင့် လင်းလက်တောက်ပသွားကာ သူက စတင်၍ လှုပ်ရှားလိုက်၏။
သို့ရာတွင် သူ၏ဘောင်းဘီကို စတင်ချွတ်နေသောအချိန်မှာပင် ပြင်ပမှနေ၍ ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ကောင်းကင်ဝါးမျိုဧကရာဇ်...အခုချက်ချင်း ဒီနေရာကို ထွက်လာခဲ့စမ်း"
ထိုအသံကိုကြားချိန်တွင် အောင်းကျုံး၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"သောက်ချေးအနီရောင်နေမင်းမျိုးနွယ်စု...ငါ့ရဲ့ချင်ကို နှင်ထုတ်ပေးပြီးတာတောင် စိတ်မကျေနပ်သေးဘူး...အခု ငါ့ရဲ့တော်ဝင်မျိုးနွယ်ကို လာပြီးဖိနှိပ်ဖို့ ကြိုးစားနေကြပြန်ပြီ...ငါ မင်းတို့ကို အောင်မြင်ခွင့်မပြုနိုင်ဘူး"
သူ့ဇနီးသည်၏မကျေမနပ်အကြည့်ကိုမြင်သော အောင်းကျုံးသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ၏အရှိန်အဝါကိုထုတ်ဖော်ကာ အောင်းပိုင်ဖုန်းတို့လူစုကိုရင်ဆိုင်ရန် ပြေးထွက်ခဲ့တော့သည်။
Chapter 159
သူသည် ကောင်းကင်ဝါးမျိုဧကရာဇ်ဟု ခေါ်ဆိုခံရသော်လည်း အောင်းကျုံး၏အစစ်အမှန်ခွန်အားသည် နတ်ဆိုးဧကရာဇ်နယ်ပယ်ထက်ကျော်လွန်ကာ နတ်ဆိုးဘိုးဘေးနယ်ပယ်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် အောင်းပိုင်ဖုန်းတို့အစွမ်းထက်ကျင့်ကြံသူတစ်စုကို ရင်ဆိုင်ရသည့်တိုင် သူသည် ထိတ်လန့်ကြောက်ရွံမှုကို အနည်းငယ်မျှပင် မခံစားရချေ။ သူ၏မမြင်နိုင်သော အရှိန်အဝါတစ်ရပ်ဖြင့် အောင်းပိုင်ဖုန်းတို့လူစုပေါ်သို့ ဖိနှိပ်လိုက်၏။
"နတ်ဆိုးဘိုးဘေးပိုင်ဖုန်း....ဒီဧကရာဇ်က မျိုးနွယ်ရဲ့အရေးကြီးတဲ့ကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတယ်...မင်းက နေရင်းထိုင်ရင်း လူတွေအများကြီးကိုခေါ်လာပြီးတော့ ငါ့ကို ဘာလို့လာနှောက်ယှက်တာလဲ"
အောင်းကျုံးက အသံနက်ကြီးဖြင့် ပြောဆိုသည်။
"ဟမ့်"
အောင်းပိုင်ဖုန်း၏မျက်နှာသည်လည်း အေးစက်တင်းမာနေကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အခု ငါတို့ မင်းကို လာရှာတဲ့ကိစ္စထက် ပိုပြီးအရေးကြီးတဲ့ကိစ္စ ရှိမှာမဟုတ်ဘူး"
"မင်း ဘာကို ဆိုလိုချင်တာလဲ"
အောင်းကျုံးက မျက်မှောင်ကြုတ်လိုက်သည်။
"ငါ ဘာကိုဆိုလိုတာလဲဆိုတာ မေးနေတုန်းပဲလား...မင်းရဲ့သားအောင်းချင်လုပ်ခဲ့တဲ့ မိုက်ရိုင်းစော်ကားပြီးတော့ အတင့်ရဲတဲ့ကိစ္စကို မင်း မသိဘူးလား"
အောင်းပိုင်ဖုန်းက အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
"ငါ့ရဲ့သား အောင်းချင်လား"
အောင်းကျုံးက အေးစက်စက်တစ်ချက်ရယ်မောကာ ပြောဆိုလိုက်၏။
"အောင်းပိုင်ဖုန်း....မင်း ပျင်းနေလို့ ဒီနေရာကိုပြဿနာလာရှာတာလို့ ငါ သံသယဝင်မိတယ်....ငါ့ရဲ့သားက မျိုးနွယ်ကနေ မောင်းထုတ်ခံထားရတာ ကြာလှနေပြီဆိုတာ လူတိုင်းသိတယ်...တကယ်လို့ မင်းတို့ ပြဿနာရှာချင်တယ်ဆိုရင်လည်း ပိုပြီးကောင်းတဲ့အကြောင်းပြချက်ကို ရှာခဲ့ကြစမ်း...အဆင်ပြေလား"
"မင်းတို့အားလုံး ထွက်သွားကြတော့...ဒီဧကရာဇ်မှာ မင်းတို့နဲ့ငြင်းခုံနေဖို့ အချိန်မရှိဘူး"
ထို့နောက် အောင်းကျုံးသည် အထင်အမြင်သေးစွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြကာ သူ၏မျက်နှာပေါ်၌ စိတ်မရှည်မှုများနှင့်ပြည့်နှက်နေပြီး သူက ထွက်ခွာသွားရန်အတွက် ဟန်ပြင်လေသည်။
"ဟမ့်...ငါ့ဆီမှာ မင်းနဲ့ရယ်စရာပြောနိုင်တဲ့ စိတ်မျိုးရှိမနေဘူး"
အောင်းပိုင်ဖုန်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းရဲ့သားသမီးဝတ်မကျေတဲ့သားက ငါတို့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ် သူတော်စင်မအောင်းချင်းချိန်ရဲ့ ပြီးပြည့်စုံတဲ့ဖြူစင်မှုကို ဖျက်ဆီးခဲ့တယ်"
ထိုစကားလုံးများ ကျရောက်လာချိန်တွင် ထွက်ခွာရန်ဟန်ပြင်နေသော အောင်းကျုံးသည် လေထုအတွင်းမှ ပြုတ်ကျလာလုနီးပါးပင်။
"မင်းက အောင်းချင်းချိန်နဲ့ပတ်သတ်ပြီးတော့ ပြောနေတာလား"
အောင်းကျုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းသည်။
"အမှန်ပဲ"
အောင်းပိုင်ဖုန်း၏ပါးစပ်မှနေ၍ ရေခဲတမျှအေးစက်စက်အသံ ထွက်ပေါ်လာသည်။
"ဟား...ဟား...ဟား...."
သို့ရာတွင် အောင်းကျုံးသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ သရော်တော်တော်ပြောဆိုသည်။
"အောင်းပိုင်ဖုန်း...မင်းတို့အနီရောင်နေမင်းမျိုးနွယ်စုရဲ့ ကောက်ကျစ်တဲ့ရည်ရွယ်ချက်ကို လူတိုင်းသိတယ်...မင်းတို့က ငါတို့တော်ဝင်မျိုးနွယ်ရဲ့နေရာကို အမြဲတမ်းမျက်စေ့ကျနေပြီးတော့ နေ့တိုင်း ငါတို့ကိုဆန့်ကျင်ဖို့ ဘယ်လိုအကွက်ချကြံစည်ရမယ်ဆိုတာ စဥ်းစားနေကြတယ်...ဒါပေမယ့် မင်း ဒီထက်နည်းနည်းပိုပြီးတော့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ကို မရှာနိုင်ဘူးလား"
"ငါ့ရဲ့အမှိုက်ကောင် တတိယသားက အောင်းချင်းချိန်ကို ကျူးလွန်ခဲ့တယ်ဆိုတာ နည်းနည်းလေးတောင် သောက်အဓိပ္ပါယ်မရှိတဲ့စကားပဲ...ဒီကိစ္စကို ယုံကြည်တဲ့လူရှိမယ်လို့ မင်း ထင်နေတာလား"
ထိုသို့ပြောဆိုပြီးနောက် အောင်းကျုံးသည် စိတ်မရှည်စွာဖြင့် သူတို့လူစုကို မျက်စောင်းထိုးလိုက်၏။ ဤအချိန်တွင် သူ၏ဇနီး စိတ်မကျေမနပ်ဖြစ်နေမည်ကိုသာ သူ တွေးတောနေမိသည်။ ဤသေးသိမ်စွာပြဿနာရှာနေသူများနှင့် အငြင်းပွားနေသည်ထက်စာလျှင် သူ၏ဇနီးကို ချော့မော့နေသည်က ပို၍ကောင်းမွန်ပေမည်။
"ငါ မင်းနဲ့ ရယ်စရာပြောနေတာမဟုတ်ဘူး"
အောင်းပိုင်ဖုန်းသည် အက်ကွဲသံများထွက်လာသည်အထိ အံ့တင်းတင်းကြိတ်ထားကာ ဤတစ်ကြိမ်တွင် အေးစက်စက်လေသံဖြင့် စကားတစ်လုံးချင်း ပြောဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏နောက်ရှိလူစုသည် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် အောင်းကျုံးကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အောင်းကျုံး၏စိတ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
အောင်းပိုင်ဖုန်းတို့လူစုသည် ပြူးကျယ်နေသောမျက်လုံးများဖြင့် သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်ကိုကြည့်ပြီး သူက မယုံကြည်နိုင်သောအမူအယာဖြင့် မေးမြန်းလိုက်၏။
"မင်းတို့ပြောတာ အမှန်ပဲလား...ငါ့ရဲ့သားက တကယ်ကြီး အောင်းချင်းချိန်ကို ကျူးလွန်ခဲ့တာလား"
အောင်းပိုင်ဖုန်းတို့လူစု၏အဖြေကို စောင့်ဆိုင်းခြင်းမပြုဘဲ သူတို့၏မျက်နှာအမူအယာကိုကြည့်ပြီး အောင်းကျုံးသည် ဤကိစ္စ၏အမှန်တရားကို အတည်ပြုနိုင်ခဲ့သည်။
ထိုကိစ္စကို ထိန်းချုပ်မထားနိုင်တော့သဖြင့် အောင်းကျုံးထံမှ 'ခွီ'ခနဲ ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။
ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဟား...."
"ဟား....ဟား....ဟား...ဟား...."
"လေးစားစရာပဲ...ငါ့ရဲ့သားက အရမ်းလေးစားဖို့ကောင်းတယ်...သူက ဒီဧကရာဇ်ရဲ့အရည်အချင်းတွေကို တကယ်ကြီးအမွေဆက်ခံနိုင်တယ်...ငါ့ရဲ့သားအောင်းချင်လို့ မပြောရဘူး...ဟား ဟား ဟား...."
သို့ရာတွင် အောင်းကျုံး၏ရယ်မောသံကြီးကြောင့် အောင်းပိုင်ဖုန်းတို့လူစု၏မျက်နှာများ ပို၍သုန်မှုန်သွားကာ သူတို့၏ခန္ဓာကိုယ်များမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။
"အောင်းကျုံး...မင်းက ရယ်နိုင်တုန်းပဲလား...ဒါက မင်း ဘာကိုဆိုလိုတာလဲ"
"မင်းရဲ့မသိတတ်တဲ့သားက ချင်းချိန်ရဲ့ဖြူစင်မှုကိုဖျက်ဆီးခဲ့တာ ငါတို့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်တစ်စုလုံးကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ...အခု မင်းက ငါတို့ကို ဖြေရှင်းချက်မပေးရုံတင်မကဘူး...မင်းက ရယ်မောနေခဲ့တယ်...မင်းက ဘယ်လိုဧကရာဇ်မျိုးလဲ"
"ဒါကအမှန်ပဲ...ချင်းချိန်က ငါတို့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့သူတော်စင်မဖြစ်ပြီးတော့....ငါတို့မျိုးနွယ်ဝင်တွေအားလုံးရဲ့ အနာဂတ်ကို ထမ်းပိုးထားတဲ့သူဆိုတာ မင်း သိသင့်တယ်"
ဤအချိန်တွင် အောင်းပိုင်ဖုန်းတို့လူစုသည် ဒေါသတကြီးဖြင့် အောင်းကျုံးကို အော်ငေါက်လိုက်ကြသည်။
"ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့ အနာဂတ်လား"
ထိုစကားကိုကြားချိန်တွင် အောင်းကျုံးသည် ရယ်မောနေခြင်းကိုရပ်တန့်ကာ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...ဒီဧကရာဇ်က ခုထိမသေသေးဘူး...ဒါကို ဘာလို့ အနာဂတ်အကြောင်းတွေ ပြောနေတာလဲ... အောင်းချင်းချိန်ရဲ့မျက်နှာမှာ ရွှေတွေကပ်ထားလို့ အဲ့ဒီလောက်ထိ အဖိုးတန်နေတာလား...တကယ်လို့ အဲ့ဒီကိစ္စကိုပြောမယ်ဆိုရင် သူက မင်းတို့အနီရောင်နေမင်းမျိုးနွယ်စုရဲ့အနာဂတ်ပဲဖြစ်မယ်...ဟုတ်တယ်မလား"
"မင်း ဘာကိုဆိုလိုချင်တာလဲ"
အောင်းပိုင်ဖုန်းက အသံနက်ကြီးဖြင့် အော်ဟစ်သည်။
"ဘာကိုမှ ဆိုလိုတာမဟုတ်ဘူး...မင်းတို့က အောင်းချင်းချိန်ကို မှီခိုပြီးတော့...အနီရောင်နေမင်းမျိုးနွယ်စုကို တော်ဝင်မျိုးနွယ်ဖြစ်အောင် ပြောင်းလဲချင်နေတယ်ဆိုတာ မသိတဲ့သူရှိလို့လား"
အောင်းကျုံးသည် ယဥ်ကျေးနေခြင်းမရှိဘဲ တုံ့ပြန်၍ အော်ဟစ်လိုက်၏။
"ဟမ့်..."
အောင်းပိုင်ဖုန်းသည် အောင်းကျုံး၏ထုတ်ဖော်ပြောဆိုခြင်းကို ခံလိုက်ရသော်လည်း သူ၏မျက်နှာပေါ်၌ မည်သည့်ရှက်ရွံမှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။ ထိုအစား သူက ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုသည်။
"ရှေးဟောင်းအချိန်ကာလမှာကတည်းက ကောင်းကင်ဝါးမျိုဧကရာဇ်နေရာကို အရည်အချင်းအရှိဆုံးသူက ပိုင်ဆိုင်ခဲ့တာပဲ...ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်ဖြစ်တဲ့ အောင်းချင်းချိန်က တစ်နေ့မှာ ငါတို့အနီရောင်နေမင်းမျိုးနွယ်စုကို ဧကရာဇ်မျိုးနွယ်ဖြစ်လာအောင် ဦးဆောင်ပေးနိုင်မှာက သဘာဝကျတဲ့ကိစ္စပဲ"
"ဟမ့်...ဒါဆိုရင်လည်း ဒီဧကရာဇ် သေတဲ့အထိစောင့်ကြလေ...ပြီးတော့မှ မင်းတို့ ဆက်ပြောကြပေါ့"
အောင်းကျုံးက ဒေါသတကြီးဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။
"အောင်းကျုံး...ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ငါတို့က မင်းနဲ့ အငြင်းအခုံမလုပ်ချင်ဘူး...အောင်းချင်ရဲ့ကိစ္စအတွက် ဒီနေ့ မင်း ငါတို့ကို ဖြေရှင်းချက်တစ်ခု ပေးကိုပေးရမယ်"
အောင်းပိုင်ဖုန်းက အသံနက်ကြီးဖြင့် အော်ဟစ်ပြောဆိုသည်။
"ဒါက အမှန်ပဲ...မင်းက ကောင်းကင်ဝါးမျိုဧကရာဇ်ဖြစ်နေရင်တောင် ငါတို့ ဂရုမစိုက်ဘူး...မင်းရဲ့သားက ခုလိုမျိုး ရိုင်းစိုင်းတဲ့လုပ်ရပ်ကို ကျုးလွန်ခဲ့တာကြောင့် မင်း ငါတို့ကို ဖြေရှင်းချက်ပေးရမယ်"
ဤအချိန်အခိုက်အတန့်တွင် အောင်းပိုင်ဖုန်း၏နောက်လိုက်များကလည်း အောင်းကျုံးကို စတင်၍ဖိအားပေးလိုက်ကြသည်။
"ဖြေရှင်းချက်တစ်ခုလား"
အောင်းကျုံးက အေးစက်စက် တစ်ချက်ရယ်ျမာလိုက်သည်။
"ငါက မင်းတို့အားလုံးကို ဖြေရှင်းချက်တစ်ခု ပြန်တောင်းသင့်တာ မဟုတ်လား...ငါ့ရဲ့အပြစ်မဲ့တဲ့သားလေးအောင်းချင်က အောင်းချင်းချိန်ရဲ့သွေးဆောင်ဖြားယောင်းတာကို ခံလိုက်ရတာဟုတ်မဟုတ် ဘယ်သူက သိနိုင်မှာလဲ"
"မင်း..."
အောင်းကျုံး၏စကားများသည် အောင်းပိုင်ဖုန်းကို အလွန်ဒေါသထွက်သွားစေကာ သူသည် သွေးအန်လုနီးပါးပင်။
ဤကဲ့သို့ အရှက်မဲ့သောစကားများကို သူ အမှန်တကယ် ပြောထွက်ခဲ့သလော...
Chapter 160
"အောင်းကျုံး...ဒီလိုကိစ္စမျိုးကို မင်း ဘယ်လိုမျက်နှာမျိုးနဲ့ ပြောထွက်တာလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး"
အောင်းပိုင်ဖုန်းက မကျေမနပ်လေသံဖြင့် ပြောဆိုသည်။
"အောင်းချင်းချိန်က ငါ့ဆီကနေ အနီရောင်နေမင်းမျိုးနွယ်စုရဲ့အမွေအနှစ်ကို ဆက်ခံထားတယ်...သူ နတ်ဆိုးဘိုးဘေးမဖြစ်ခင်မှာ သူ့ရဲ့ခန္ဓာကိုယ်ညစ်နွမ်းသွားရင် သူ့ရဲ့အရင်အောင်မြင်မှုတွေအားလုံးကို စွန့်လွှတ်ရမယ်ဆိုတာ သူ ကောင်းကောင်းသိထားတယ်....ဘယ်လိုလုပ်ပြီး သူက ဒီလိုရူးသွပ်မိုက်မဲတဲ့ကိစ္စမျိုးကို လုပ်မှာလဲ"
"ပြီးတော့ သူက လူငယ်မျိုးဆက်သစ်တွေရဲ့နံပါတ်တစ်ဖြစ်ပြီးတော့ ခွန်အား ရုပ်ရည်သွင်ပြင်နဲ့ပါရမီအရည်အချင်းတွေမှာ ပြိုင်ဘက်ကင်းတယ်...သူက မျိုးနွယ်ထဲမှာရှိတဲ့ ထူးချွန်တဲ့လူငယ်ပါရမီရှင်တွေကိုတောင် တစ်ချက်လှည့်မကြည့်ခဲ့တာ...မင်းရဲ့သားလို အမှိုက်ကောင်မျိုးကို သူ သဘောကျဖို့ဆိုတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
"ဟမ့်....ဘယ်သူက အတိအကျသိနိုင်မှာလဲ...ငါ့သားအောင်းချင်ရဲ့ ခွန်အားနဲ့ပါရမီအရည်အချင်းက သာမာန်ပဲဆိုပေမယ့်...သူ ငါ့ဆီကနေအမွေရထားတဲ့ သူ့ရဲ့ရုပ်ရည်က ပြိုင််ဘက်ကင်းတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး"
အောင်းကျုံးက မရှက်မကြောက် ပြောဆိုသည်။
"မင်းတို့ရဲ့အောင်းချင်းချိန်က ငါ့သားအောင်းချင်ရဲ့ ပြိုင်ဘက်ကင်းချောမောခန့်ညားမှုကြီးကို သဘောကျသွားတာလားဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"
"မင်း....မင်း..."
အောင်းပိုင်ဖုန်းသည် ဒေါသကြောင့်တုန်ရီနေကာ သူသည် အောင်းကျုံးကို လက်ညှိုးညွှန်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဒါဆိုရင် မင်းက ဒီကိစ္စကို မရေမရာနဲ့အဆုံးသတ်လိုက်မယ်လို့ ဆိုလိုချင်တာလား"
"ငါက မင်းတို့အနီရောင်နေမင်းမျိုးနွယ်စုကို သဘောမကျပေမယ့်....ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ငါတို့ကောင်းကင်ဝါးမျိုနတ်ဆိုးဝံပုလွေမျမျိုးနွယ်ရဲ့ အမာခံကျောရိုးတစ်ခုပဲလေ....ငါက ဒီကိစ္စကို ဖိဖိစီးစီး ဆောင်ရွက်မပေးဘဲ နေပါ့မလား"
အောင်းကျုံးက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါတို့မျိုးနွယ်တွေ စည်းလုံးညီညွတ်ဖို့ကို ရှေးရှုပြီးတော့ တကယ်လို့ ငါ့ရဲ့သားလေး အနစ်နာခံခဲ့ရတယ်ဆိုရင်တောင် ငါ ဒီကိစ္စကို ဆက်ပြီးမစုံစမ်းတော့ဖို့ ရွေးချယ်လိုက်ပြီ"
"မင်း...."
အောင်းပိုင်ဖုန်းသည် နောက်ဆုံး၌ အောင်းကျုံး၏စကားများကို ဆက်၍သည်းမခံနိုင်တော့ချေ။ သူ၏ရင်ဘတ်တင်းကြပ်လာကာ သူ၏ပါးစပ်ထံသို့ သွေးများတလိမ့်လိမ့်တက်လာသည်။
"ကောင်းပြီလေ...ကောင်းကင်ဝါးမျိုဧကရာဇ်က ဒီနေ့ ငါတို့အနီရောင်နေမင်းမျိုးနွယ်စုအပေါ် ဆက်ဆံခဲ့တဲ့အရာရာတိုင်းကို ငါ မှတ်ထားရလိမ့်မယ်"
အောင်းပိုင်ဖုန်းသည် သူ၏ပါးစပ်အတွင်းရှိသွေးများကို အတင်းအကြပ် ပြန်မျိုချကာ သူ၏သုန်မှုန်နေသောမျက်လုံးတစ်စုံဖြင့် အောင်းကျုံးကိုစူးစိုက်ကြည့်ကာ မကျေမချမ်း ပြောဆိုလိုက်၏။
သူသည် လှုပ်ရှားမှုတစ်ခုကို အမှန်တကယ် ပြုလုပ်လိုသည်။ သို့ရာတွင် သူ ထိုသို့ပြုလုပ်လိုက်ပါက အောင်းကျုံးသည် ဧကရာဇ်အား သူတို့ ရန်စစော်ကားသည်ဟူသော လက်ဆုပ်လက်ကိုင်ပြစရာ ဆင်ခြေတစ်ခုရရှိသွားပေမည်။ ဤသည်က သူတို့၏မဟာအကြံအစည်ကြီးအတွက် အလွန်အမင်း ထိခိုက်နစ်နာစေသောအကြောင်းရင်း ဖြစ်သွားစေနိုင်သည်။
သူသည် ဒေါသများကိုမျိုသိပ်ထားရုံသာ တတ်နိုင်တော့သဖြင့် မှုန်ကုပ်ကုပ်ဖြင့် အောင်းကျုံးကို စူးစူးဝါးဝါးစိုက်ကြည့်ကာ သူ၏လူများနှင့်အတူ မကျေမချမ်းဖြင့် ထွက်ခွာသွားတော့သည်။
"ဟား ဟား ဟား...."
အောင်းပိုင်ဖုန်းတို့လူစု စိတ်ပျက်လက်ပျက်ထွက်ခွာသွားသည်ကိုကြည့်ပြီး အောင်းကျုံးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ တက်ကြွရွှင်မြူးအားရစွာဖြင့် ပြောဆိုလိုက်၏။
"ငါ့ရဲ့အသုံးမဝင်ဆုံးသားက...ငါ အောင်းကျုံးတောင်လေးစားရတဲ့ ကိစ္စတစ်ခုကို လုပ်နိုင်ခဲ့မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားမိဘူး"
"အောင်းချင်းချိန်ကို တကယ်ကြီး ဒချိခဲ့တယ်ဆိုတာက....အထင်ကြီးလေးစားစရာပဲ"
"ဒါက အနီရောင်နေမင်းမျိုးနွယ်စုရဲ့အကြံအစည်ကို တိုက်ရိုက်ပျက်စီးသွားစေပြီးတော့...သူတို့ရဲ့ယုတ်မာကောက်ကျစ်တဲ့ အစီအစဥ်တွေအားလုံး အလိုအလျောက် တစ်စစီပြိုကွဲသွားပြီ...သူက တကယ့်ကို ငါတို့တော်ဝင်မျိုးနွယ်ရဲ့သူရဲကောင်းပဲ"
အထိန်းအကွပ်မဲ့သောရယ်မောသံကြီးနှင့် အတူယှဥ်တွဲ၍ သူသည် ကောင်းကင်ဝါးမျိုနန်းတော်သို့ အလျင်စလို ပြန်ဝင်လာခဲ့တော်သည်။ ခြေလှမ်းအနည်းငယ်ခန့်လျှောက်လှမ်းပြီးနောက် သူသည် ဆွဲဆောင်မှုရှိသည့်ဝံပုလွေမနှစ်ကောင်ကို ပွေ့ဖက်ထားသော လူငယ်တစ်ယောက်ကို မြင်တွေ့မိသည်။ ထိုလူငယ်သည် သူ၏ဒုတိယသား အောင်းထျဲပင်။ အောင်းကျုံး၏မျက်နှာအမူအယာ ချက်ချင်းသုန်မှုန်သွားသည်။
"ခမည်းတော်ဧကရာဇ်..."
အောင်းကျုံးကိုမြင်တွေ့ချိန်တွင် အောင်းထျဲက ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ဟမ့်..."
"အသုံးကိုမကျဘူး..."
အောင်းကျုံးသည် အောင်းထျဲ၏ဘေးတစ်ဖက်တစ်ချက်ရှိ ဝံပုလွေမနှစ်ကောင်ကို တစ်ချက်ကြည့်ကာ ဆူပူကြိမ်းမောင်းလေသည်။
ထိုစကားကိုကြားချိန်တွင် အောင်းထျဲ၏မျက်နှာအမူအယာချက်ချင်း ပျက်ယွင်းသွားကာ လက်မခံလိုသော လေသံဖြင့်ပြောဆိုသည်။
"အဖေ...ဘာလို့ ဒီလိုမျိုး ပြောရတာလဲ...ကျွန်တော်က အောင်းချင်းချိန်လောက် မထူးချွန်ဘူးဆိုပေမယ့်...ကျွန်တော်က အဖေရဲ့သားသုံးယောက်ထဲမှာ အထူးချွန်ဆုံးပဲလေ...ဟုတ်တယ်မလား"
"အထူးချွန်ဆုံး ဟုတ်လား...မင်း ဒီစကားနဲ့တန်လို့လား"
အောင်းကျုံးက ပြောင်ပြောင်ဘွင်းဘွင်း ပြောဆိုလိုက်၏။
"မင်းက မင်းရဲ့ညီလေးဆီကနေ ပိုပြီးသင်ယူသင့်တယ်"
"ကျွန်တော်ရဲ့ညီလေး...အောင်းချင်လား"
အောင်းထျဲသည် မယုံကြည်နိုင်သောအကြည့်ဖြင့် အောင်းကျုံးကိုကြည့်ကာ ပြောဆိုသည်။
"ခမည်းတော်ဧကရာဇ်....ကြည့်ရတာတော့ အောင်းချင်ဆီမှာ ကျွန်တော်သင်ယူဖို့ ထိုက်တန်တဲ့အရာ ဘာမှမရှိလောက်ဘူး...ပါရမီအရပဲဖြစ်ဖြစ် ကျင့်ကြံခြင်းအခြေခံ ဒါမှမဟုတ် အကွက်ချကြံစည်တာမှာပဲဖြစ်ဖြစ်...ကျွန်တော်က အကိုကြီးတစ်ယောက်အနေနဲ့ သူ့ရှေ့ကနေ ဦးဆောင်ထားနိုင်တယ်...ပြီးတော့ သူ့လို မျိုးနွယ်ကနေ မောင်းထုတ်ခံထားရတဲ့ အမှိုက်ကောင်တစ်ကောင်က ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်နဲ့ ယှဥ်ပြိုင်နိုင်မှာလဲ"
"ပါးစပ်ပိတ်ထားစမ်း"
အောင်းကျုံးသည် သူ၏အရှိန်အဝါကိုဖော်ထုတ်ကာ အောင်းထျဲ၏မျက်နှာကို ပါးဖြတ်ရိုက်ပြီး အော်ငေါက်လိုက်သည်။
"တကယ်လို့ မင်းရဲ့ညီလေးက အသုံးမကျဘူးဆိုရင်...မင်းက ပိုပြီးတောင် သောက်သုံးမကျတဲ့အမှိုက်ကောင်ပဲ...တကယ်လို့ မင်း သူနဲ့ယှဥ်ပြိုင်ချင်တယ်ဆိုရင်...မင်း စကားထပ်မပြောခင် အရင်ဆုံး အောင်းချင်းချိန်ကိုသွားပြီး ဒချိလိုက်လေ"
အောင်းထျဲသည် ပါးရိုက်ခံရသဖြင့် သူ၏မျက်နှာပေါ်ရှိ လက်မခံလိုသောအရိပ်အယောင်များ ပို၍ပြင်းထန်လာသည်။ သူ ပြန်လည်ချေပရန် ဟန်ပြင်လိုက်စဥ်မှာပင် သူသည် ရုတ်တရက် အောင်းကျုံး၏စကားများကို ကြားမိလေ၏။
သူ မယုံကြည်နိုင်မှုကြောင့် အံ့အားသင့်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
"အဖေ ပြောတာက....အောင်းချင်က အောင်းချင်းချိန်ကို ဒချိလိုက်တယ်လို့ အဖေ ပြောလိုက်တာလား"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"
ဤှသတင်းသည် အောင်းထျဲကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေကာ သူ၏မျက်လုံးများ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေပြီး အချိန်အတော်ကြာသည်အထိ သူ ကြက်သေသေနေသည်။