← Chapters

ရုတ်တရက်ကျူးကျော်မှု

Vol. 7 Ch. 91

ရုတ်တရက်ကျူးကျော်မှု

Vol. 7 Ch. 91

အင်စလေထံမှ မြင့်မြတ် အစောင့်အရှောက်အား ခိုးယူရန် ကြိုးစားနေသူမှာ ဒိုဘာမိသားစု တစ်ခုတည်းသာ မဟုတ်ချေ။ မိသားစုခွဲ ၆ ခု လုံး၌ တူညီသော အတွေးများ ရှိကြသည်။

ရာအောစ့်မိသားစုနှင့် အဲလီမိသားစုသာလျှင် သူတို့၏ ဆန္ဒအား ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အရည်အသွေးမြင့် ထောက်လှမ်းရေးသမားများ ရှိသည့် မိသားစု ဖြစ်သောကြောင့် သူတို့သည် ကျန်မိသားစုများထက် ပို၍ သတိရှိသည်။ ရာအောစ့်မိသားစုသည် မိသားစုခွဲများထဲ၌ သစ္စာအရှိဆုံး မိသားစုဖြစ်ကြောင်း ထည့်မပြောရသေးပေ။

အဲလီနှင့် ချဲလ်မိသားစုသည်လည်း အခြားမိသားစုများကဲ့သို့ ပင်မမိသားစုအား ဆန့်ကျင်နိုင်သည့် စွမ်းအား မရှိသောကြောင့် သတင်းအချက်အလက်များ စုဆောင်းခြင်းမှလွဲ၍ မလုပ်ကြချေ။

ပင်မ မိသားစုထံမှ မြင့်မြတ် အစောင့်အရှောက်အား ပွင့်ပွင့်လင်းလင်း ဖြစ်စေ၊ ခိုးကြောင်ခိုးဝှက် ဖြစ်စေ ခိုးယူရန် ကြိုးစားခြင်းမှာ ပုန်ကန်မှုလည်း ဖြစ်သောကြောင့် အဆုံးသတ်ကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် မိသားစုခွဲများသည် အင်အားမသုံးခင် လှည့်စားဖြားယောင်းမည့် ဗျူဟာများသုံးရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

အင်အားသုံးရမည် ဆိုလျှင် သူတို့သည် စလိုအန်မိသားစု၏ အမျက်သင့်မည့်ဘေးမှ မိသားစုများအား ကယ်တင်ရန် အသေခံနယ်ရုပ်များကို အသုံးပြုကာ ထိုနယ်ရုပ်များကိုသာ အပြစ်ပုံချကြမည် ဖြစ်သည်။

ထိုသို့သော ဖြစ်ရပ်မျိုးမှာ မာဖီးယားမိသားစုများတွင် တွေ့မြင်နေကြဖြစ်ပြီး စလိုအန်မိသားစု တစ်ခုတည်း၌ ရှိနေခြင်းမျိုး မဟုတ်ပေ။ ဝေါ်လ်တာမိသားစုမှာပင် ထိုသို့သော အကြံအစည်များသည့် မိသားစုခွဲများ ရှိလေသည်။ သို့သော် ထိုမိသားစုခွဲများအား ဖိနှိပ်ရန် မဖြစ်နိုင်ချေ။ ယင်းသည် မိသားစု၏ စွမ်းအားများအား အဘက်ဘက်မှ အားနည်းသွားစေလိမ့်မည်။

ထက်မြက်သော မိသားစုခေါင်းဆောင် ဟူသည်မှာ ထိုမိသားစုခွဲများအား လက်အောက်သို့ သိမ်းသွင်းပြီး အန္တရာယ်အများစုအား ဖယ်ထုတ်ရှင်းလင်းရမည် ဖြစ်သည်။ အင်စလေ၏ ဖခင်ကဲ့သို့သော အရည်အချင်း မပြည့်မီသည့် ခေါင်းဆောင်များအတွက်မူ...

မှက်ချက် မပေးလို။

အမှောင်ထဲရှိ လျှို့ဝှက်အကြံအစည်များအား မသိရှာသော အင်စလေသည် ဖင်းလီနှင့် ဆော့ကစားပြီးနောက် သူမအခန်းသို့ ပြန်သွားသည်။ တစ်ရေးအိပ်ပြီးနောက် ညစာစားလေသည်။ ထို့နောက် သူမအခန်းထဲတွင် အိပ်နေသော မြင့်မြတ် အစောင့်အရှောက်နှင့် ရင်ဆိုင်ရတော့သည်။

“ဖူးးး”

အင်စလေ မှောင်မဲနေသည့် အိပ်ခန်းအတွင်း ခြေချပြီးနောက် တုန်ယင်သွားသည်။ အယ်လီယာနာသည် သူမအား ကာကွယ်ပေးရန် ရှိနေဆဲဖြစ်သည်။

လုံခြုံစိတ်ချမှုအား ခံစားရပြီးနောက် အင်စလေသည် အနီးအနားရှိ ဖြတ်သွားဖြတ်လာ အိမ်အကူများ၏ အကူအညီဖြင့် မီးဖွင့်လိုက်သည်။ အခန်းအတွင်း မီးလင်းလာသည်နှင့် အင်စလေ၏ မျက်လုံးများသည် တောက်ပသည့် မီးရောင်အား ကျင့်သားရအောင် ချိန်ညှိလိုက်သည်။

ပထမဆုံး လုပ်ဆောင်သည်မှာ မြင့်မြတ် အစောင့်အရှောက် ရှိ၊ မရှိအား သိရရန် အခန်းပတ်လည်း စစ်ဆေးခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် ကြောင်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

အင်စလေ စိတ်မကောင်းဖြစ်စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။

‘သွားဆော့နေတာပဲ ဖြစ်မှာပါ.. သူက သန်မာတယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပါ.. ငါ စိုးရိမ်နေဖို့ မလိုပါဘူး..’

ကြောင်နှင့် ပတ်သက်၍ စိုးရိမ်ခြင်း မရှိတော့ဘဲ ကလေးသည် သူမ၏ ပုခတ်ရှိရာသို့ ပျော်ရွှင်စွာ လျှောက်လှမ်းသွားလိုက်သည်။ ပင်ပန်းသော နေ့တာရှည်ကြီးပြီးနောက် အိပ်ချင်နေပြီ ဖြစ်သည်။

ကလေးသည် သစ်သားပုခတ်ပေါ်သို့ တက်မည် ပြုစဉ်မှာပင် ပုံမှန်မဟုတ်သည့် တစ်ခုခုအား သတိပြုမိလိုက်သည်။ ပုခတ်မှာ အလွတ်ဖြစ်နေသင့်သော်ငြား မသိနိုင်သည့် အကြောင်းအရင်းကြောင့် ပုခတ်ပေါ်၌ တစ်စုံတစ်ခု ရှိနေကြောင်း မြင်နေရသည်။

ပုခတ်၏ အနောက်ဘက်ရှိ တစ်ခုတည်းသော ပြတင်းပေါက်ထံမှ ဖျော့တော့သော လရောင် ဖြာကျလျက်ရှိပြီး ပုခတ်ပေါ်ရှိ အရာအား မီးဆိုင်း၏ အလင်းရောင်ထက်ပင် ပိုမိုရှင်းလင်းစွာ မြင်နိုင်စေသည်။

မီးဆိုင်းအလင်းနှင့် လရောင်တို့ ပေါင်းစပ်မှုအောက်တွင် ပုခတ်ပေါ်ရှိ ပုံရိပ်သည် မြင့်မြတ်သော နတ်ဘုရားအလား ထင်မှတ်ရလေသည်။

အင်စလေ ချက်ချင်းပင် ပုခတ်ပေါ်ရှိ အိပ်ရာအား တဘုတ်ဘုတ် ရိုက်နေသော ရေပန်းကဲ့သို့ ဖြာနေသည့် အမြီးအား သတိပြုမိလိုက်သည်။ တောက်ပသော မီးဆိုင်းအလင်းရောင်သည် လေထဲ၌ လွင့်နေသော ကြောင်အမွေးများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေစေသည်။ အလင်းရောင်သည် ၎င်း၏ အမွေးဖွားဖွား ခန္ဓာကိုယ်နှင့်အတူ ငြိမ်းချမ်းစွာ အိပ်မောကျနေသည့် မျက်နှာအား ထင်ရှားရှင်းလင်းစွာ မြင်နိုင်စေသည်။

ကြောင်၏ ပန်းရောင်နှုတ်ခမ်းလေးမှာ ပြုံးယောင်သမ်းကာ ကွေးကွေးလေး ဖြစ်နေသည်။ ယင်းသည် အမှန်တကယ် ပျော်ရွှင်ချမ်းမြေ့နေပုံရပြီး အထက်အောက် ပုံမှန်လှုပ်ရှားနေသော ခန္ဓာကိုယ်အရ ပုံမှန်အသက်ရှူနေသည်ကို သိနိုင်သည်။

ထိုအခြင်းအရာအား မြင်ပြီးနောက် အင်စလေ၏ မျက်နှာတစ်ခုလုံး မဲမှောင်သွားလေသည်။ အင်စလေမှာ ကျိန်စာသင့်ကာ ကျောက်ရုပ်တစ်ခု ဖြစ်သွားသည့်အလား နေရာမှာတင် တောင့်ခဲနေလေသည်။

အာ.. မြင့်မြတ် အစောင့်အရှောက်လား.. ဘာလို့.. ဒီမှာ ရှိနေတာလဲ.. ငါ့အိပ်ရာမှာတောင် အိပ်နေလိုက်သေးတယ်..

အင်စလေ ခေါင်းကိုက်လာတော့သည်။ ဤအခြေအနေမှာ အန္တရာယ်များလေသည်။ အိပ်ပျော်နေသည့်ကြောင်အား နှိုးလိုက်မိပါက စိတ်ဆိုးဒေါသထွက်သွားလျှင် မည်သို့လုပ်ရမည်နည်း။ ဤကြောင်မှာ ပုံမှန်ကြောင် မဟုတချေ။ ဂါးးးး

သူအိပ်ဖို့ ကတ်ထူပုံးတစ်ခု ပေးလိုက်ရမလား..

အင်စလေသည် ကြမ်းပြင်ပေါ်၌ စွန့်ပစ်ခံထားရသော ကတ်ထူပုံးအား တစ်ချက်ကြည့်လိုက်သည်။ ဗလာဖြစ်နေ၏။ မြင့်မြတ် အစောင့်အရှောက်သည် ကတ်ထူပုံအား ငြီးငွေ့သွားသောကြောင့် သူမ၏ အိပ်ရာအား ကျူးကျော်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပုံရ၏။

အင်စလေ၏ ပုခတ်မှာ သေတ္တာနှင့် တူသဖြင့် ကြောင်သည် ယင်းအား အတော်လေး သဘောကျပုံရသည်။

အင်စလေ ငိုမိတော့မလိုပင်။ ကောင်မလေးသည် ခြေဖျားလေးထောက်ကာ သူမ၏ အိပ်ရာအား အပိုင်စီးထားသည့် ကြောင်ကို ကြည့်လိုက်ပြီး နောက်တစ်ကြိမ် အနိုင်ကျင့်ခံရသလို ခံစားမိလေ၏။

နင်က ဘာကိစ္စနဲ့ ငါ့အိပ်ရာမှာ လာအိပ်နေတာလဲ.. ငါ့မှာ အိပ်ရာတစ်ခုတည်း ရှိတာဟဲ့.. ငါက ဆင်းရဲတဲ့ ကလေးလေးပါ.. အဲဒီ လူဆိုးတွေက ငါ့ကို အိပ်ရာကျယ်ကျယ် ပေးထားတာ မဟုတ်ဘူးဟဲ့..

အင်စလေ ခါးသီးစွာဖြင့် နှုတ်ခမ်းကိုက်လိုက်သည်။ ကြောင်အား နှိုးသင့်သည်ဟု မထင်ပေ။ သို့သော် သူမထံတွင် အိပ်ရာ တစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဤပုခတ်လေးပင် ဖြစ်သည်။ သူမ ကြီးပြင်းလာမှသာ အိပ်ရာ ပြောင်းနိုင်မည် ဖြစ်သည်။

“ဟားးး”

အင်စလေ အိပ်ပျော်နေသည့် ကြောင်အား ကြည့်ကာ ဒေါသတကြီး သက်ပြင်းချလိုက်သည်။ ဤကြောင်မှာ မှော်သားရဲတစ်ကောင်ဟု ပြောထားခြင်း မရှိလျှင် သာမန် ပါရှန်း - ဟိမဝန္တာ ကြောင်တစ်ကောင်ဟုပင် မြင်မိမည် ဖြစ်သည်။

ယင်း၏ ခန္ဓာကိုယ်မှာ များစွာ ကြီးနေခြင်း မဟုတ်သော်ငြား သေးငယ်နေသည်လည်း မဟုတ်ချေ။ အလယ်အလတ် အရွယ်အစားရှိ Poodle မျိုးနွယ် ခွေးတစ်ကောင်နှင့် မှားနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဤကြောင်မှာ အော်သံမှစ၍ ကြောင်တစ်ကောင်၏ အပြုအမူမျိုး မရှိချေ။ ကြောင်တစ်ကောင်၏ သွင်ပြင်မျိုး ဝတ်ဆင်ထားသော ခွေးတစ်ကောင်နှင့် ပိုတူ၏။

အင်စလေသည် သူမ၏ လက်ကလေးများအား ပုခတ်ခြင်းကြားမှ ထည့်လိုက်ပြီး အိပ်ရာပေါ်တွင် လှဲအိ်တနေသည့် ကြောင်အား စိတ်ကြည့်နေမိသည်။ သူမသည် စိတ်လက်ပေါ့ပါးစွာ အိပ်စက်နေသည့် ကြောင်အား စိတ်ရှည်လက်ရှည် လေ့လာနေခြင်းဖြစ်သည်။

ကြောင်သည် စူပါမန်းကဲ့သို့ ခြေလက်များအား ဆန့်ကာ ဝမ်းဗိုက်အား လှစ်ဟထားသောကြောင့် သက်သောင့်သက်သာ ဖြစ်နေသည်ဟု ဆိုလိုသည်။ ယင်းသည် ခန္ဓာကိုယ်အား အကြောမဆန့်မီ ရံဖန်ရံခါ တွန့်လိမ်သွားတတ်သည်။

အူးးးးး ချစ်စရာလေးး

အင်စလေ ဆွဲဆောင်ခံလိုက်ရသည်။ သို့သော် ကလေးသည် ဤအနေအထားနှင့် အချိန်ကြာမြင့်စွာ မနေနိုင်မှန်း သိသည်။ သူမသည်လည်း အိပ်စက်ရန် လိုအပ်သေးသည်။ ည ၉ နာရီ ရှိနေပြီ ဖြစ်သောကြောင့် ကလေးတစ်ဦး အိပ်ရမည့်အချိန် ရောက်ပြီ ဖြစ်သည်။

ဂါးးး အိပ်ချိန်ရောက်တာ ကြာနေပြီလို့..

အင်စလေ အိပ်ပျော်နေသည့် ချစ်စရာလေးအား ဒေါသထွက်စေခြင်း မရှိဘဲ မည်သို့ နှိုးရမည်ကို စဉ်းစားနေမိတော့သည်။

အယ်လီယာနာကို အရှိန်စွမ်းရည်သုံးပြီး ဖမ်းခိုင်းလိုက်ရမလား.. အဲဒီလိုဆို မဟုတ်လောက်သေးဘူးနော်.. ဗိုက်ကလေးကို ပုတ်လိုက်ရမလား.. သူသာ လှည့်လာရင် ခြစ်မိသွားနိုင်တယ်..

ဒါဆို ဘာဆက်လုပ်ရမလဲ..

All Chapters