← Chapters

မကောင်းဆိုးဝါး

Vol. 7 Ch. 93

မကောင်းဆိုးဝါး

Vol. 7 Ch. 93

သူတွေ့ဖူးသည့် တခြားပိုင်ရှင်များ ဆိုလျှင် ထိုသူတို့၏ အိပ်ရာအား ကျူးကျော်မိလျှင် သူတို့သည် ဝမ်းမြောက်စွာပင် အိပ်ရာမှ ထွက်သွားပေးပြီး ထိုနေရာအား ကြောင်အတွက် သီးသန့်ထားသော နေရာတစ်ခုအဖြစ် သတ်မှတ်ကြလိမ့်မည်။

ကုတ် - စီ သည် အားအနည်းဆုံး အစောင့်အရှောက် ဖြစ်သည့်တိုင်အောင် ထိုသူများ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင် ဖြစ်နေဆဲပင်။

အစောပိုင်း၌ ထိုသို့သော ပြုမူပုံကို သဘောကျနှစ်ခြိုက်ခဲ့သည်။ သို့သော် အချိန်ကြာလာသည့်အခါတွင် ပျင်းရိငြီး‌ငွေ့ လာမိသည်။

ယခုအခါ သူ့အား သူ့အတိုင်း ဆက်ဆံမည့် ပိုင်ရှင်အား မြင်ချင်သည်။ စံအိမ်မှ ခေါ်ထုတ်ကာ ကမ္ဘာကြီးအား အတူတကွ စူးစမ်းလိုသောသူနှင့် ဆုံတွေ့လို၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဤကလေးနှင့် ဆုံတွေ့ခဲ့ရသည်။ သူ့အား ဈေးကြီးသည့် အိပ်ရာတစ်ခု ပေးကြသော အခြားပိုင်ရှင်များနှင့် မတူဘဲ ဤကလေးသည် သူ သဘောကျသည့် အရာအား သိလေသည်။

လောကဝတ်ပြုခြင်းလည်း ဖြစ်နိုင်၏။ ကလေးသည် သူ့အတွက် လူလုပ် ကြောင်ကုတင် မဟုတ်ဘဲ ကတ်ထူပုံး ပြင်ဆင်ပေးထားသည်။ အမှန်တကယ်ကို စဉ်းစားတတ်သော ကလေးဖြစ်သည်။ ဤကလေးအား အကြည့်တစ်ချက်နှင့်ပင် သဘောကျသွားခြင်း ဖြစ်သည်။ ကလေးမှာ ချစ်ဖို့ကောင်းသောကြောင့် ဖြစ်ရမည်။

ထိုသို့ဖြင့် ကလေး၏ ကြင်နာမှုအား ပြန်ပေးဆပ်ရန်နှင့် ကလေးအား စနောက်ကျီစယ်ရန် သူမ၏ အိပ်ရာအား အပိုင်စီးရန် ဆုံးဖြတ်လိုက်သည်။

ကဲ.. ခုတော့ဘာဆက်လုပ်မတုန်း..

ငိုမှာလား.. ပုခတ်ကို ထားသွားမှာလား.. ဘာလုပ်မှာလဲ..

ကုတ် - စီ အတော်လေး သိချင်မိသည်။ စိတ်ရှည်စွာဖြင့် သူမသည် ပိုင်ရှင်ကောင်း ဟုတ်၊ မဟုတ် နှင့် အင်စလေ၏ တုံ့ပြန်ပုံအား သိရရန် ကြိုးစားလိုက်သည်။

သူ၏ ပိုင်ရှင်သည် သူ့အား နတ်ဘုရားသဖွယ် ဆက်ဆံမည်ကို မလိုချင်ပေ။ သူ့အား ကြောက်ရွံ့နေမည်ကိုလည်း မကြိုက်ပါ။ သူ၏ ပိုင်ရှင်သည် သူ့အား သေဖော်ရှင်ဖက်သဖွယ် ဆက်ဆံမည်ကိုသာ လိုချင်၏။

သူ့ထံတွင် အိမ်မွေးကြောင်များ၏ သွေးပါနေဆဲဖြစ်သည်။ ဆိုလိုသည်မှာ လူသားများ၏ ထွေးပွေ့ယုယခြင်းအား ခံယူလိုသည်။ မွေးဖွားလာကတည်းက အချစ်မခံဖူးသောကြောင့် လူသားများ၏ ချစ်ခြင်းမေတ္တာအား လိုချင်မိသည်။

သို့သော် ယခင်ပိုင်ရှင်များသည် သူချဉ်းကပ်ရန် ကြိုးစားချိန်တိုင်းတွင် ကြောက်ရွံ့ကာ ထွက်ပြေးသွားတတ်ကြသည်။ သူတို့သည် အလွန်အမင်း သတိထားကာ ဆက်ဆံကြသည်။

ဖန်ရန်သွေးမျိုးဆက် နိုးထခြင်း ကျဆုံးသည့် အကျိုးဆက်ကြောင့် ဒေါသပုန်ထ ရန်လိုလာချိန်တွင် ပိုင်ရှင်များသည် သူ့အား ကြောက်မက်ဖွယ် ရောဂါဆိုးကဲ့သို့ စွန့်ပစ်ကာ မြက်ခင်းပြင်သို့ ကန်ထုတ်ကြလေသည်။

ဒေါသပုန်ထ ရန်လိုခြင်းမှာ သူ၏ အမှားလား။ မဟုတ်ပါ။ လူသားများ၏ လောဘတရားမှ ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်သည်။ သန့်စင်သော နှလုံးသား မရှိဘဲနှင့် သူ၏ သွေးမျိုးဆက်အား အပြည့်အဝ နိုးထစေလိမ့်မည် မဟုတ်ပေ။

ဆိုလိုသည်မှာ သူ၏ ပိုင်ရှင်ဖြစ်ရန် ထိုက်တန်သူ မရှိချေ။

ယခုထိ ဖြစ်သည်။

ကုတ် - စီ သည် ပြဿနာတက်နေပုံရသည့် အင်စလေအား တိတ်တဆိတ် လေ့လာနေသည်။ ကလေးသည် သူမထံတွင် မကျေမနပ်ဖြင့် ဆန္ဒထုတ်ဖော်ရန် များစွာ ရှိနေပုံ ပေါ်သည့်တိုင်အောင် ချစ်စဖွယ် ကောင်းနေဆဲ ဖြစ်သည်။

ကုတ် - စီ သည် လူကြီးများနှင့်စာလျှင် ကလေးများနှင့် ပိုမိုရင်းနှီးသည်ဟု ခံစားရသည်။ လူကြီးများမှာ အမြဲလိုလို ကောက်ကျစ်စဉ်းလဲပြီး မကောင်းဆိုးဝါးဆန်သည်။ ကလေးများမှာမူ ဆိုးသွမ်းသည့် ကလေးများမှအပ များသောအားဖြင့် အိန်ဂျယ်များလိုပင်။

ကုတ် - စီ ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးကာ ကလေး၏ အိပ်ရာအား အမြီးဖြင့် ပုတ်ပြီး အင်စလေအား သတိပေးရန် ကြိုးစားနေသည်။ သူမအား တစ်ခုခုလုပ်ရန် တိုက်တွန်းလိုသည်။ ကလေးမှာ အိပ်ငိုက်နေပြီဖြစ်ကြောင်း သူသိထားသည်။ ယခုအချိန်သည် ကလေးတစ်ဦး အိပ်ရမည့်အချိန်လည်း ဖြစ်သည်။

ယင်းအား အခွင့်ကောင်းယူပြီး ကုတ် - စီ သည် အင်စလေအား ဖိအားပေးလိုက်ပြီး ကလေးအား ဆုံးဖြတ်ချက် ချစေသည်။

အင်စလေသည် အရှက်မဲ့သည့် ကြောင်အား နောက်တစ်ကြိမ် ကြည့်လိုက်သည်။

‘ကြောင်ကို ပုခတ်မှာအိပ်ဖို့ ပေးလိုက်ရမလား ဒါမှမဟုတ် ပုခတ်ထဲကထုတ်ပြီး ကတ်ထူပုံးထဲ ရွှေ့လိုက်ရမလား.. အဲဒါက ပိုကောင်းမယ်ထင်တယ်.. စိတ်မဆိုးပါစေနဲ့..’

အင်စလေ အန္တရာယ် မယူလိုပေ။ ထို့ကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ ကြောင်နှင့်အတူ အိပ်ပြီး အတတ်နိုင်ဆုံး အနှောင့်အယှက် မပေးမိစေရန် ကြိုးစားရမည် ဖြစ်သည်။

အင်စလေမှာ အစကတည်းက အရှက်မဲ့သည့် မိန်းကလေးပင်။ ထို့ကြောင့် ကြောင်နှင့် ပုခတ်ပေါ်၌ အတူတူအိပ်ရန် တွေးမိချိန်မှစ၍ ထိုသို့သော နည်းလမ်းကောင်းမျိုး စဉ်းစားမိသည့် သူမကိုယ်သူမ ဂုဏ်ယူမိသည်။

ကြောင်အား မတော်တဆ ရိုက်မိလျှင် သူမအား အပြစ်မတင်နိုင်တော့ပေ။ မှောင်နေသောကြောင့် မမြင်မိဟု ပြောနိုင်သည်။ သူမသည်လည်း ကလေးတစ်ဦးပင် ဖြစ်၏။

ဘယ်လိုတောင် ပြည့်စုံတဲ့ အကြံအစည်လဲ..

ထပ်မံ စောင့်ဆိုင်းမနေတော့ဘဲ အင်စလေ မျက်လုံးတောက်တောက်လေးများဖြင့် ပုခတ်ပေါ်သို့ တက်လိုက်သည်။ ကလေးသည် ပုခတ်ထဲရှိ အိပ်ရာပေါ်သို့ ရောက်ရန် စက္ကန့်အနည်းငယ်သာ လိုသည်။ နူးညံ့သည့် အိပ်ရာပေါ်သို့ ခေါင်းတင်လိုက်သည်နှင့် ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး ပစ်လှဲလိုက်တော့သည်။

ကလေးသည် ရဲရင့်စွာဖြင့် ကြောင်အား နူးညံ့ညင်သာစွာ ပုခတ်ထောင့်သို့ တွန်းပို့လိုက်သည်။ ထို့နောက် စောင်ခြုံလိုက်သည်။ ထိုသို့ဖြင့် သူမ၏ဘေး၌ အရှက်မဲ့သည့် ကြောင်တစ်ကောင် ရှိနေစဉ်မှာပင် ကောင်းမွန်စွာ အိပ်စက်နိုင်မည် ဖြစ်သည်။

ကျေနပ်ဖွယ်ကောင်းသော အကြံဉာဏ်ကြောင့် အင်စလေ များမကြာမီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။ ဟောက်သံများ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ လေထဲသို့ ကန်ကြောက်နေတတ်သဖြင့် ကြောင်အား သူမ၏ ခြေထောက်လေးများဖြင့် မလွဲမသွေ ကန်မိတော့သည်။

အင်စလေ၏ ခြေထောက်ပျံများအား ရှောက်တိမ်းရင်း ကုတ် - စီ ၏ နှုတ်ခမ်းများ မဲ့ကျလာသည်။ ရုတ်တရက် ကလေးအား စနောက်ကျီစယ်ရန် ကြိုးစားမိခြင်းကိုပင် နောင်တရလာသည်။

ဒီကလေးက အိန်ဂျယ်မဟုတ်ဘူး.. မကောင်းဆိုးဝါးလေး..

အင်စလေ၏ ဆိုးဝါးသော အိပ်စက်ပုံသည် ကုတ် - စီ အား ကြောက်လန့်သွားစေသည်။ အစောပိုင်းတွင် အင်စလေအား ဖဝါးလေးဖြင့် ရိုက်ချင်ခဲ့မိသည်။ သို့သော် အေးအေးချမ်းချမ်း အိပ်ပျော်နေသည့် မျက်နှာလေးအား မြင်ချိန်တွင် တုံ့ဆိုင်းသွားလေသည်။

မီးဆိုင်းသည် တောက်ပစွာ ထွန်းလင်းနေဆဲ ဖြစ်သည်။ အင်စလေ မီးမမှိတ်ခဲ့သောကြောင့် ကုတ် - စီ သည် စေတနာ့ဝန်ထမ်းလုပ်ကာ မီးမှိတ်ပေးရတော့မည်။ ပုခတ်ပေါ်မှာ ကျော့ရှင်းတင့်တယ်သည့် လှုပ်ရှားမှုဖြင့် ညင်သာစွာ ခုန်ဆင်းလိုက်သည်။ ကြမ်းပြင်ပေါ်သို့ ဆင်းလာပြီးနောက် မီးခလုတ်ပိတ်ရန် ခြေဖျားထောက်လိုက်သည်။

ကြမ်းပြင်အား ခပ်ဖွဖွ ကန်ပြီးနောက် ကုတ် - စီ ၏ ပေါ့ပါးဖျတ်လတ်သော ခန္ဓာကိုယ်သည် လေထဲသို့ ပျံတက်သွားပြီး ဖဝါးလေးအား လှုပ်ယမ်းလိုက်ချိန်တွင် လှပသည့် စက်ဝိုင်းကွေးတစ်ခု ပေါ်လာသည်။ ဖဝါး၏ အောက်ဖက်ရှိ ပဲစေ့လေးများဖြင့် မီးခလုတ်အား ထိလိုက်ချိန်တွင် ညင်သာသည့် ကန်ချက်သည် မီးခလုတ်အား ‘ပိတ်မည်’ သို့ ပြောင်းသွားစေသည်။

အခန်းတစ်ခုလုံး မှောင်ကျသွားတော့သည်။

ကုတ် - စီ ၏ နက်မှောင်သော မျက်လုံးတစ်စုံသည် အပြာရောင်တောက်နေပြီး အမှောင်ထဲတွင် အပြာရောင် အလင်းတန်းများနှင့် တူ၏။ ထိုသည်အား တစ်စုံတစ်ယောက်မှ မြင်သွားမည်ဆိုလျှင် အခန်းထဲ၌ မိစ္ဆာတစ်ကောင် ရှိနေသည်ဟု ထင်မှတ်ကာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ထွက်ပြေးကြလိမ့်မည် ဖြစ်သည်။

ကုတ် - စီ သည် ကြမ်းပြင်ပေါ်သို့ အသာအယာ ဆင်းသက်ပြီးနောက် ကတ်ထူပုံးရှိရာသို့ ပြန်သွားသည်။ ကြောင်သည် ကတ်ထူပုံးအတွင်းသို့ ကျော့ရှင်းစွာ ဝင်ရောက်နောက် လေမတိုးနိုင်အောင် ခွေလိုက်သည်။

အင်စလေ၏ အိပ်ရာသို့ နောက်တစ်ခေါက် ကျူးကျော်ရန် ရည်ရွယ်ချက် မရှိတော့ချေ။

ထိုမကောင်းဆိုးဝါးလေးမှာ ယခင်ပိုင်ရှင်များထက် ပိုအန္တရာယ်များသည်။ သူမသည် ပိုင်ရှင်၏ အိပ်ရာအတွင်းသို့ ခိုးဝင်ရခြင်းအား ကြိုက်နှစ်သက်သည့် အိမ်မွေးတိရစ္ဆာန်များအတွက် ကပ်ဘေးတစ်ခုပင် ဖြစ်သည်။

ကုတ် - စီ သည် သူတို့၏ ခေါင်းဆောင်ဖြစ်သည့် အခြားသူများ၏ အိပ်ရာများအား ခိုးယူရခြင်းကို ကြိုက်နှစ်သက်သည့် ကုတ် - အယ်လ် အား သတိရမိသည်။ စလိုအန်မိသားစု၏ ပထမမျိုးဆက်သာလျှင် ကုတ် - အယ်လ်အား မြက်ခင်းပြင်မှ ခေါ်ထုတ်နိုင်ခဲ့သည်ဟု ကြားဖူးသည်။

သူမအား သိမ်းသွင်းကာ သွေးမျိုးဆက် နိုးထစေနိုင်သူဟူ၍ မရှိခဲ့ချေ။ သူမသည် ထိုစဉ်က စလိုအန်မိသားစု တစ်စုလုံးအား သတ်ဖြတ်လုနီးနီး ဖြစ်ခဲ့သည်။

All Chapters