သတ်ရန်ကြိုးစားခြင်း
Vol. 7 Ch. 96
ချဲလ်မိသားစု ခေါင်းဆောင်သည် ပုတ်သင်ညိုနှင့် အတော်လေးတူ၏။ သူ၏ လက်မောင်းတွင် အကြေးခွံများ ရှိသောကြောင့် မွန်းစတားတစ်ကောင်နှင့် တူသော်ငြား ထိုကြေးခွံများမှာ သူ၏ အထူးစွမ်းရည် ဖြစ်လေသည်။
ထိုလူသည် ချောမောလှပသောသော သားဖြစ်သူ မဲလန်နှင့် မတူပေ။
အင်စလေသည် လူများအား သူတို့၏ သွင်ပြင်ပေါ် မူတည်၍ ခွဲခြားဆက်ဆံလေ မရှိပေ။ သို့သော် ချဲလ်မိသားစု ခေါင်းဆောင်၏ လေသံမှာ အတော်လေး ယုတ်မာကောက်ကျစ်သူဟု ခံစားရသည်။
ပုတ်သင်ညိုနှင့်တူသော သက်လတ်ပိုင်းအရွယ်လူအား ဆက်ဆံရချိန်တွင် အင်စလေ အားတင်းကာ ပြုံးပြလိုက်ရသည်။ ကလေးသည် ပါးစပ်ဖွင့်ကာ စကားပြောမည် ပြုစဉ်မှာပင် အဖိုးယိုဖန် ခေါင်းယမ်းပြလိုက်သည်။
“ချဲ.. မင်းက ဘာဖြစ်လို့ မိသားစုခေါင်းဆောင်ကို မေးတာလဲ.. သူမက အရမ်းငယ်သေးတယ်.. ဘာမှ မသိသေးဘူး..”
အဖိုးယိုဖန်သည် ချဲလ်မိသားစု ခေါင်းဆောင်ဖြစ်သူ ချဲ အား ကြိမ်းမောင်းလိုက်သည်။
သူ၏ နာမည်ကပင် “ချဲလ်” ဟူသော အမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။
ဖန်တီးနိုင်စွမ်း မရှိဘူး..
“မိသားစုခေါင်းဆောင်ကို သွားမရှုပ်နဲ့.. သူမက ဒီကိစ္စကို သိဖို့ မလိုအပ်ဘူး..”
အဖိုးယိုဖန် အသံမြှင့်ပြောလိုက်သည်။
သူ၏ စကားလုံးများသည် အင်စလေအား အထင်အမြင်သေးပုံ ပေါ်သည့်အပြင် သူမအား မိသားစုခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း မရှိဟုပင် ထင်မြင်သွားစေသည်။ သို့သော် အမှန်တရားမှာ ထိုသို့မဟုတ်ချေ။
ကံမကောင်းစွာဖြင့် အခြားသူများသည် အဖိုးယိုဖန်၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပါယ်အား နားမလည်ကြချေ။
“အာ.. တောင်းပန်ပါတယ် မဟာအကြီးအကဲ.. ကျုပ်တို့ မိသားစုခေါင်းဆောင်က အရမ်း ငယ်နေသေးတာကို မေ့သွားလို့ပါ..”
ချဲ သရော်ဟန်ဖြင့် ပြောလိုက်ပြီး အင်စလေအပေါ် အထင်သေးကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြပြီး ထပ်မပြောတော့ပေ။
အကြီးအကဲရဲ့ ‘အရမ်းငယ်သေးတယ်’ ဆိုတာက ဘာအဓိပ္ပါယ် ဖြစ်မှာလဲ.. သူမက ငယ်သေးလို့ မိသားစုခေါင်းဆောင် ဖြစ်ခွင့်မပြုဘူးလို့ ဆိုလိုတာလား..
ချဲသည် စိတ်ထဲ၌ မကျေမနပ် ညည်းညူနေသော်ငြား မျက်နှာပေါ်တွင် ဖော်ပြခြင်း မရှိချေ။ အခြားမိသားစု ခေါင်းဆောင်များသည်လည်း ချဲနှင့် အတွေးတူကြသည်။
မိသားစုခေါင်းဆောင်မှာ ဉာဏ်ကြီးရှင် ကလေးတစ်ဦး ဖြစ်နေမည် ဆိုလျှင် သူတို့သည် စလိုအန်မိသားစုအား ပြိုလဲမသွားစေရန်အတွက် သူမ၏ နေရာအား ဤကဲ့သို့ အရှက်မရှိ ငမ်းငမ်းတက် လိုချင်မိလိမ့်မည် မဟုတ်ပေ။
သို့သော် အားနည်းထိခိုက်လွယ်သော ကလေးတစ်ဦးအား မြင်တွေ့ပြီးနောက် မိသားစုခွဲများသည် အင်စလေအား အထင်သေးစွာ ဆက်ဆံကြသည်။
ယင်းသည် အဖိုးယိုဖန်၏ အမှားသေးသေးလေး တစ်ခုသာဖြစ်သည်။ အဖိုးယိုဖန်သည် အင်စလေအား ကောက်ကျစ်သည့် မြေခွေးတစ်သိုက်၏ အာဏာလုပွဲမှ ဖယ်ထုတ်လိုခဲ့ခြင်းသာ ဖြစ်သည်။
ဘာကို အာဏာလုတာလဲ..
သူ အသက်ရှင်နေသရွေ့ အင်စလေ၏ မိသားစုခေါင်းဆောင် ရာထူးမှာ တည်မြဲနေမည် ဖြစ်သည်။
သူမက အရမ်းငယ်နေလို့ မိသားစုကို ဦးဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာက ဘာကိုပြောတာလဲ.. အင်စလေက ဉာဏ်ကြီးရှင် ဆိုတာထက် ပိုသေးတယ်.. သူမက ဂေါ့ဖားသားနဲ့တောင် ယှဉ်လို့ရတယ်..
မဟုတ်ဘူး.. ဂေါ့ဖားသားကတောင် သူမကို ထောက်ပံ့ပေးနေတာ..
အဖိုးယိုဖန် လျှာတောက်ပြီး အခြားမိသားစု ခေါင်းဆောင်များအား သတိပေးသည့် အကြည့်နှင့် ကြည့်လိုက်သည်။
မိသားစုခေါင်းဆောင်ကို ဆွဲမထည့်နဲ့.. သူမကို အေးအေးဆေးဆေး မနက်စာ စားခွင့်ပေးလိုက်..
သတိပေးသည့် အကြည့်အား မြင်သည့်အခါ ကျန်မိသားစု ခေါင်းဆောင်များသည်လည်း အင်စလေအား မေးခွန်းမထုတ်တော့ဘဲ ချဲ၏ နည်းလမ်းအတိုင်း လိုက်ကာ အဖိုးယိုဖန်ကိုသာ ပစ်မှတ်ထားလိုက်ကြသည်။
ဘယ်ဘက်လက်မောင်း၌ ကျား၏ ခန္ဓာကိုယ်ရှိ အစင်းအစင်းများအား တက်တူးထိုးထားသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် အဖိုးယိုဖန်အား ဖော်ရွှေရင်းနှင်းစွဦ ပြုံးပြပြီးနောက် သိမ်မွေ့သည့် လေသံဖြင့် ပြောသည်။
“မဟာအကြီးအကဲ.. မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူက မြင့်မြတ် အစောင့်အရှောက်ကို ခေါ်ထုတ်လာနိုင်ခဲ့တယ် ဆိုတော့ ကျုပ်တို့က မြင့်မြတ်အစောင့်အရှောက်ကို သေချာကိုင်တွယ်နိုင်မယ်လို့ မထင်ဘူးလား..”
လီဂါဟု အမည်ရသည့် သက်လတ်ပိုင်းအရွယ်လူသည် မရေမရာ စကားဆိုလိုက်သည်။
လီဂါသည် ရီဂါမိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး ကျားမိသားစုခွဲဖြစ်သည်။ ဦးလေးရော်ဂျာသည် အင်စလေ၏ အုပ်ထိန်းသူ ဖြစ်လာရန် ကျရှုံးပြီးနောက် သူ၏ နေရာမှာသာ နေထိုင်ရန် ရွေးချယ်လိုက်ခြင်းမှာ စိတ်မကောင်းစရာပင်။
ဦးလေးရော်ဂျာရေ.. တာ့တာနော်..
လီဂါ၏ မရေမရာ စကားကြောင့် ပါးတွင် အမာရွတ်ရှိသော လီယွန်နယ်မိသားစုခေါင်းဆောင် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
“လီဂါပြောတာ မှန်ပါတယ်.. မြင့်မြတ် အစောင့်အရှောက်ကို မထင်မရှား လူတစ်ယောက်ဆီ မပေးနိုင်ဘူး.. မြင့်မြတ် အစောင့်အရှောက်က လမ်းလျှောက်နေတဲ့ ဗုံးတစ်လုံးလိုပဲ.. မိသားစုခေါင်းဆောင်ကို ထိခိုက်စေနိုင်တယ်..”
လော်ရန်၏ ဖခင်ဖြစ်သူ လီယွန်သည် အကြံပြုစကားဆိုရင်း လက်နှစ်ဖက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
အဖေတူသား ဖြစ်ရမည်။ အင်စလေ၏ ညှို့ဓာတ်စွမ်းရည်နှင့် ဆွဲဆောင်ခံလိုက်ရသော လော်ရန်သည် ဤလူနှင့် အတော်လေး ဆင်တူသည်။ သို့သော် ဤကြမ်းတမ်းသည့် လူကြီးမှာ သူ၏ သားကဲ့သို့ အင်စလေ၏ ညှို့ဓာတ်စွမ်းရည် သက်ရောက်ခံရပုံ မပေါ်ချေ။
အဖိုးယိုဖန်သည် လီယွန်၏ စကားများကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာကို ဆိုလိုတာလဲ.. မြင့်မြတ် အစောင့်အရှောက်ကို နေရာရွေ့ချင်လို့လား..”
အဖိုးယိုဖန်သည် ထိုသူများ၏ ရည်ရွယ်ချက်အား အလျင်အမြန် ရိပ်မိသွားသည်။
ဤမိသားစုခွဲ ခေါင်းဆောင်များ စုဝေးလာရသည့် အကြောင်းအရင်း ရှိနေလေသည်။
“မဟုတ်ပါဘူး.. ရွှေ့ဖို့ မဟုတ်ပါဘူး.. ဒါပေမဲ့ မဟာအကြီးအကဲက မြင့်မြတ် အစောင့်အရှောက်ကို ကျုပ်တို့ မိသားစုခွဲတွေထဲက တစ်ခုကို လွှဲပေးဖို့ အကြံပေး...”
လီယွန် စကားမဆုံးမီမှာပင် အဖိုးယိုဖန်၏ နှာမှုတ်သံ ထွက်ပေါ်လာသည်။
“ဒီတော့ မင်းပြောချင်တာက ပင်မ မိသားစုထက် မင်းတို့ရဲ့ မိသားစုခွဲတွေထဲက တစ်ခုက မြင့်မြတ် အစောင့်အရှောက်ကို စောင့်ရှောက်သင့်တယ်ပေါ့..”
လီယွန်နှင့် အခြားသူများ ချက်ချင်းပင် တောင့်ခဲသွားကြသည်။ သူတို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ခပ်တိုးတိုး ရယ်လိုက်ကြသည်။
“မဟာအကြီးအကဲကတော့ ပညာရှိပဲဗျာ.. ကျုပ်တို့က မြင့်မြတ် အစောင့်အရှောက်ကို ခိုးယူချင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ သားရဲက အန္တရာယ်များတော့..”
လီယွန် ထပ်ပေါင်းပြောသည်။
“အမှန်ပါပဲ မဟာအကြီးအကဲ.. မြင့်မြတ်သားရဲက ထိန်းချုပ်မှု လွတ်သွားမယ်ဆိုရင် လူပေါင်းများစွာကို သတ်ဖြတ်ပစ်နိုင်ပါတယ်.. သားရဲက မိသားစုခေါင်းဆောင်အတွက် မမြင်နိုင်တဲ့ ဘေးဒုက္ခတွေလည်း ယူလာနိုင်မလားဆိုတာ ကျုပ်တို့ မသိနိုင်ပါဘူး..”
စပ်စပ်စုစုနှင့် ဦးလေးဒိုဘာသည်လည်း စကားဝိုင်းထဲသို့ ဝင်ရောက်လာသည်။
“မိသားစုခေါင်းဆောင်က ငယ်ပါသေးတယ်.. ဒါပေမဲ့ သူမနောက်မှ ထပ်ကြပ်မခွာ လိုက်ပါနေတဲ့ အုပ်ထိန်းသူက အန္တရာယ်ရှိတဲ့ သားရဲကို အတူတကွ ခေါ်ဆောင်ပြီး သွားလာနေတတ်တော့ အဲဒါက မိသားစုခေါင်းဆောင်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပါတယ်..”
“မှန်တယ်.. မှန်တယ်.. သားရဲကို တခြားစံအိမ်တစ်ခုမှာ စောင့်ရှောက်ထားပြီး မိသားစုခေါင်းဆောင် ပိုသန်မာလာပြီး အရွယ်ရောက်လာမှ ပြန်ပေးတာ ပိုကောင်းတယ်..”
လီယွန်သည် ဦးလေးဒိုဘာအား ချက်ချင်း ထောက်ခံစကား ပြောလိုက်သည်။
“မြင့်မြတ် အစောင့်အရှောက်ကို အခု မရွှေ့ဘူးဆိုရင် နောက်ပိုင်းကျ မတော်တဆမှုတွေ ဒါမှမဟုတ် မိသာစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူက သစ္စာဖောက်တာတွေ ဖြစ်လာနိုင်တယ်.. အဲဒီအချိန်ကျ အရမ်းနောက်ကျသွားလိမ့်မယ်..”
ချဲသည် အင်စလေ၏ ထိုင်ခုံနောက်ရှိ အယ်လီယာနာအား လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်သည်။
သူ၏ လေသံမှာ ဖော်ရွေမှု မရှိရုံတင် မကဘဲ နားထောင်နေသည့် လူများကိုပင် ရိုက်ချင်စိတ် ပေါ်လာစေသည်။ အထူးသဖြင့် အင်စလေ ဖြစ်သည်။ ကလေးသည် သူမ၏ လက်သီးအား တင်းတင်းဆုပ်ကာ ပုန်းလျှိုးကွယ်လျှိုး လုပ်နေသည့် မကောင်းဆိုးဝါးအား ကြည့်လိုက်သည်။
သစ္စာဖောက်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ.. နင်က အဲဒီလိုပြောပြီး အယ် ကိုပါ ကြည့်လိုက်သေးတယ်.. သူမက မြင့်မြတ် အစောင့်အရှောက်ကို အသုံးချပြီး ငါ့ကို သစ္စာဖောက် တိုက်ခိုက်မယ်လို့ ပြောချင်တာလား.. အဓိပ္ပါယ်မရှိတာတွေ.. မြင့်မြတ် အစောင့်အရှောက်ကို ခေါ်ထုတ်လာတာ ငါလေ.. အယ် မဟုတ်ဘူး..
အင်စလေသည် ထိုလူများ၏ သဘောထားများအား အမှန်ပြင်ပေးလိုက်သည်။ သို့သော် သူမ မပြောနိုင်မီမှာပင် အဖိုးယိုဖန်သည် သူမအား စကားမပြောရန် အကြည့်တစ်ချက် ပေးလိုက်သည်။
အင်.. မပြောနဲ့.. မြင့်မြတ် အစောင့်အရှောက်ကို ခေါ်ထုတ်လာတာက သမီးဆိုတဲ့အကြောင်း ဒီမြေခွေးတွေ သိသွားမယ်ဆိုရင် သူတို့က မကောင်းတဲ့ အကြံအစည်တွေ ကြံလာနိုင်တယ်..
သမီးကို သတ်ဖို့တောင် ကြိုးစားကြနိုင်တယ်..